ကျွန်တော့် ကို နိုင်ငံခြားသားတော်တော် များများက လင်း (LIN) လို့ပဲခေါ်ကြပါတယ်။ ကျွန်တော့် နာမည်အရင်းက လင်းသွေးသစ် ပါ။ နာမည်ကို ကြားဖူးသလိုလို ရှိကောင်းရှိပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကျွန်တော် ဖိုးဒင်တို့ရွာကို ၃ လကြာ စာသွားသင်ပေးခဲ့တဲ့ `လင်းသွေးသစ်´ ပါ။ ကျွန်တော် ဒီနှစ်ဆို အသက် ၂၈ နှစ်ပါ။ ကျွန်တော် ဟာ နာမည်ရ တိုးဂိုက် တယောက်မဟုတ်ပါ။ နိုင်ငံခြားမှာ ဘွဲ့ယူ ပြန်လာပြီး ကျွန်တော် သူ နဲ့ ခင်မင်ခွင့်ရရှိခဲ့ပါတယ်။ သူ ဆိုတာ ကျွန်တော့်ထက် အသက် ၇ နှစ်လောက်ကြီးတဲ့ သက်ဦးမောင် ပါ။ အသက်က ကျွန်တော့်ထက် ကြီးပေမယ့် သူ့ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ခေါ်တဲ့ အတိုင်း မောင် လို့ တလုံးတည်း ခေါ်ခိုင်းပါတယ်။ ဒီနာမည်လေးကို သူ ကြိုက်ပုံရတယ်။ မောင် က ဂေး မဟုတ်သလို Bisexual လည်း မဟုတ်ပါဘူး။ မောင် က ပွင့်လင်းတယ်။ (ဒါကြောင့် အပုန်းလည်း မဟုတ်ပါဘူး…xxx မဆိုင်သလိုပဲxxx) သဘောထားပြည့်ဝတယ်။
ကျွန်တော့်ကို တကယ့် ညီအရင်း တယောက်လို ဆုံးမတယ်။ ဂိုက် လုပ်သက်ကြာ နေပြီဖြစ်တဲ့အတွက် တခြား သူတွေလို ဆရာစား မချန် ဘဲ အကုန် သင်ပေးတယ်။ မောင် ပြောနေကျ စကားတခွန်းလိုပဲ… `ဒီလောက ဆိုတာ ပင်လယ်ရေလိုပဲ...တယောက်တည်း သောက် လို့ လည်း ကုန်မှမကုန်တာ…´ ။ မောင် ပြောတာလားဟုတ်သလိုလိုနဲ့ မဟုတ်ဘူး။ ပင်လယ်ရေကို ဘယ်သူကသောက်မှာလဲ။ ဒီလောက် တောင် ငန်ကျွတ်နေတာ။ နောက်တခုက တကယ်သောက်ရင်လည်း ကုန်မှာမဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာကြီးက ပူနွေး လာလို့ ရေခဲတောင်တွေ အရေပျော်နေတာ ပင်လယ်ရေတွေ ဒီ့ထက်တောင် မြင့်တက်လာနိုင်သေးတယ်။ ထားပါတော့ ပင်လယ်ရေ။ ဒီနေ့မနက်ပဲ မောင် ဖုန်းဆက်လာတယ်။ လာမယ့် SUNDAY မှာ ဧည့်သည်နှစ်ယောက်ကို ကျွန်တော် ဂိုက်လုပ်ပေးရ မယ်တဲ့။ ထူးဆန်းတာက အရင်လို အဖွဲ့တွေနဲ့ မလာဘဲ နှစ်ယောက်တည်းကို ဂိုက် တယောက်သီးသန့်ခေါ်တယ်။
မောင် က ဖုန်းထဲမှာဆိုရင် စကားကို လိုရင်းတိုရှင်းပဲပြောတယ်။ အလုပ်ကိစ္စတောင် ကြာကြာမပြောဘူး။ ကံကောင်းတာက မောင်နဲ့ ကျွန်တော့်အိမ်က ဘတ်စ်ကား ၁မှတ်တိုင်စာလောက်ပဲဝေးတယ်။ မောင် ပြောစရာရှိရင် ညကြီးမိုးချုပ်လည်း ဖုန်းဆက်ပြီး ကျွန်တော့်ကို ထွက်လာခိုင်းတယ်။ မိုးလင်းပေါက်ဖွင့်တဲ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ပြီး စကားတွေအကြာကြီးပြောပြီးမှ ပြန်ကြတယ်။ တခါတလေ မိုးလင်းတဲ့ အထိပဲ။ မောင်က သောကြာသားလို့ မပြောရဘူး။ စကား အရမ်းပြောနိုင်တယ်။ သူ စာအုပ်ထဲမှာ တွေ့တဲ့ စကားလုံး အသစ် အစမ်းတွေ၊ သူ ဂိုက်လုပ်တဲ့အခါ ဘိုမ တွေရဲ့ လုံးပြီး အိနေတဲ့ နို့ကြီးတွေကို သူဘယ်လောက် ထိ ကိုင်ချင်တဲ့အကြောင်း။ စုံနေတာပါပဲ။ ဒီညလည်း မောင်နဲ့ တွေ့ဖို့ရှိတယ်။ လက်ဖက်ရည် ဆိုင်ကို မောင် ထက်စောစော ကျွန်တော်ရောက်နေတတ်တယ်။ လက်ဖက်ရည်ဆိုင် ရောက်တော့ လူတွေက အပြည့်။ ၉နာရီတောင် ထိုးနေပြီ တချို့ ကောင်မလေးတွေလည်း ခုထိ မပြန်သေးဘူး။ မီးမလာတဲ့ ရန်ကုန်ရဲ့ ပူအိုက်နေတဲ့ ညတွေမှာ လက်ဖက်ရည်ဆိုင်တွေက တခုတည်းသော အပန်းဖြေရာနေရာတစ်ခု။
ဒီလက်ဖက်ရည်ဆိုင်လေးက လမ်းမကျယ်ကျယ်ကြီးရဲ့ ဒေါင့်နားမှဖွင့်ထားတော့ မိုးချုပ်လေ လေက တဟူးဟူး တိုက်လေ။ ဒီဆိုင်ရဲ့ ထူးခြားတာ တခုက စားပွဲထိုးလေးတွေက ကလေးအလုပ်သမား မဟုတ်ဘဲ ၁၇ …၁၈ အရွယ်ကောင်လေးတွေ။ ဆိုင်ရှင်ကိုမေးတော့ ကလေးအလုပ် သမားတွေကို သူတို့လို လုပ်ငန်းရှင်တွေက အလုပ်ခန့်နေသရွေ့ သူတို့တွေ စာမဖတ်ရတော့ဘဲ အလုပ်သမား တစ်သက် လုံးဖြစ်သွားမယ်တဲ့။ ဆိုင်ရှင်ပြောတာကို ကျွန်တော် ငြင်းချင်ပေမယ့် မငြင်းတော့ဘူး။ သူတို့ရဲ့ အခြေအနေက စာတတ်ရေး မတတ်ရေး က ၀မ်းစာက အရေးကြီးတယ်။ အလုပ်လည်းမရှိ၊ ကျောင်းလည်း မတတ်ရရင် သူတို့ဘ၀က ပိုပြီး လေလွင့်သွားမယ်လို့ ကျွန်တော်ထင် တယ်။ ဒါပေမယ့် လခနည်းနည်းပဲ ပေးရတဲ့ ကလေးအလုပ်သမားထက် အရွယ်ရောက် လူငယ်တွေကို ဆိုင်ရှင်ကခေါ်ထားတာတော့ ကျွန်တော်လေးစားတယ်။ သူ့ဝင်ငွေ ထက် သူခံယူထားတဲ့ ခံယူချက်ကို သူအကောင်အထည်ဖော်တယ်။ ဆိုင်က ကောင်လေးတွေ သူတို့ဝတ်ထားတဲ့ အစိမ်းရောင် တီရှပ်တွေက သန့်သန့်ရှင်းရှင်း။ ကျွန်တော်လာတိုင်း ပြေးလာတတ်တဲ့ ကောင်လေးက သူ့ထုံးစံအတိုင်း သနပ်ခါးကို တစ်ဖက်တည်း လေးထောင့်ကျကျ ခပ်သွယ်သွယ်လေး လိမ်းထားတယ်။ ကျွန်တော် မေးကြည့်ပါသေးတယ်။ သနပ်ခါးကို တစ်ဖက်တည်း လိမ်းထားတာ တစ်ဖက်သက် အချစ်တဲ့။ သူ့မှာ တစ်ဖက်သက်ချစ်နေတဲ့ သူရှိကြောင်းကို ဖော်ပြထားပုံပဲ။ ဆိုင်ရှင်ခေါ်နေတဲ့အတိုင်း `ငရဲ´ လို့ သူ့ကိုမခေါ်ဘဲ..ကျွန်တော်က `ရဲ´ လို့တလုံးထဲခေါ်တယ်။ ဖိုးဒင် နီးပါမြင့်တဲ့ ရဲ ရဲ့ လက်ဖျံတွေက လူငယ်တယောက်နဲ့မလိုက်အောင် တုတ်တုတ်ခိုင်ခိုင်။
`ကိုသွေး….ဒီနေ့.... မောင်လေး မလာသေးဘူးလား….´ မောင်နဲ့လည်း ရင်းနှီးနေပြီဖြစ်တဲ့ ရဲ က မောင့် ကို မောင်လေး လို့ ခေါ်တယ်။ မောင် ရှိနေရင်တော့ မခေါ်ရဲပါဘူး။
` အေး…မိတ်ကပ်လိမ်း နှုတ်ခမ်းနီ ဆိုးနေရလို့နေမှာပေါ့.´
` ဟား....ကိုသွေး က ရီရတယ်…´ ဟောဗျာ။ ကျွန်တော်က ရီရတယ်တဲ့။ ဆိုင်ရှင်ရှိတဲ့အတွက် ခါတိုင်းလို ကျွန်တော့် ပုခုံးတွေကို အနောက်ကနေလာမနှိပ်ပေးတော့ဘူး။ ရီပြီးတာနဲ့ ကျွန်တော့်အနားက ထွက်သွားတယ်။ မောင် က ဘောင်းဘီတိုနဲ့ စွပ်ကျယ်လက်ပျက်နဲ့။ ကျွန်တော့်ထက် အသက်ကြီးပေမယ့် ခုလိုယှဉ်လိုက်ရင် မောင် က တကယ့်ကလေးလေး။
` ရောက်နေတာကြာပြီလား´
` ခုမှရောက်တာ´ မောင် က ကျွဲကော်ကိုင်း (ဘောင်အမည်းနဲ့ လေးထောင့်ကျကျ မျက်မှန်ကိုင်း) တပ်ရင် ပိုကြည့်ကောင်းတယ်။ မျက်မှန်မတပ်ထားရင် မျက်လုံးကြီးက ပြူးနေသလိုပဲ။
` ဒီနေ့ ပိုပူသလိုပဲ…´ နဂိုက မှ ဒူးအပေါ်မှာပဲရှိတဲ့ ဘောင်းဘီတိုကို လေ၀င်အောင် လက်နဲ့ ဟစိဟစိ လုပ်လိုက်တယ်။ မောင့် ရဲ့ မဲကျုပ်ကျုပ် ညီလေးကို တပိုင်းတစ မြင်လိုက်ရတယ်။ မောင် က အခုလို အနေအထိုင်မတတ်ပေမယ့် တခါမှ မောင့် ညီငယ်လေးကို ကောင်းကောင်း မမြင်ဖူးပါဘူး။
` အင်း…ဟုတ်တယ်…´
` ငါလည်း မီးလာတဲ့နိုင်ငံမှာပြောင်းနေမှထင်တယ်…မီးကလည်းမလာ…ရာသီဥတုက ပူအိုက်…မီးစက်သံက တဒုန်းဒုန်း… Shit! ပဲ´ မောင် ပြောမှမဟုတ်ပါ။ ရန်ကုန်ရဲ့ မီးမလာတဲ့ည တွေက တကယ့်ကို သေလောက်အောင် ကြောက်ဖို့ကောင်းပါတယ်။ ပိုက်ဆံတတ်နိုင်သူတွေရဲ့ မီးစက်ကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကလည်း ကြောက်ခမန်းလိလိ။
` ဘိုမ တယောက်ကို အပိုင်ကိုင်ပြီး လိုက်သွားလေဗျာ…´ ဘိုမ ဆိုတာနဲ့ မောင့် မျက်လုံးတွေ က လင်းလာသလိုပဲ။ ဘေးနားက စားပွဲထိုးလေးကို မောင် သောက်နေကျ ကော်ဖီမှုန့်ရယ် သကြားရယ် သံပုရာတစ်စိပ်ညှစ်ထားတဲ့ မည်းတူးနေတဲ့ ကော်ဖီကို မှာလိုက်တယ်။
` thanks…လင်း….´
` my pleasure…ဒါနဲ့ ကျွန်တော် ဘယ်နေ့ဟိုနှစ်ယောက်ကို သွားကြိုပေးရမလဲ´
မောင် က ဘာမှမဆိုင်ဘဲ သူ့ညီငယ်ကို တချက်ခပ်ဖော့ဖော့ ညစ်လိုက်သည်။
` လာမယ့် သောကြာ…ဒီမှာ…သူတို့နာမည်တွေ….´ မောင်က သူ့ဘောင်းဘီတိုထဲက စာရွက် အပိုင်းလေးတခုကို ထုတ်ပေးတယ်။ ကျွန်တော်ယူကြည့်လိုက်တော့ Harry Louis နဲ့ Christian Alexander ။ မောင်က
` သူတို့က ဓာတ်ပုံဆရာတွေ…ပုဂံ ကို အဓိကသွားမှာ…နောက်…ပြန်ခါနီး ကမ်းခြေတခုခု သွားမယ်တဲ့…´
` အတော်ပဲဗျာ… ကျွန်တော် ပုဂံကို အရမ်းသွားချင်နေတာ…´
` မင်းမို့ သွားချင်တယ်…ခုဆို ဟိုမှာ ပူခြစ်တောက်နေမှာ… လူ…အငွေ့မပျံသွားရင် ကံကောင်း´ စားပွဲထိုးလေး လာချပေးသွားတဲ့ ကော်ဖီထဲကို မောင်က သံပုရာသီးစိပ်လေး ညစ်ထည့်လိုက်တယ်။
` ညတွေဆိုအေးပါတယ်ဗျ´ အေးတယ်လို့ ပြောနေတုန်း လေပွေရိုင်းလေးသေးသေး လေးတခုက ကျွန်တော်တို့ တ၀ိုင်းကျော်က စည်းကမ်းမရှိ ပစ်ထားတဲ့ တစ်ရှုးတွေကို ဝှေ့ပြီးသယ်သွားတယ်။
` ဒါနဲ့ မင်း…ပုဂံရာဇ၀င်တွေ ပြန်ကျက်ထားအုံး…´
` မောင် ကလည်း…သူတို့က ဓာတ်ပုံလာရိုက်မှာ သပ်သပ်ပဲကို´
` အော်…မေးရင် ဖြေလို့ရအောင်ပါကွ… ငါတို့ ဂိုက်တွေက ပုဂံက ကလေးလေးတွေလို တောင် တတွတ်တွတ် မပြောနိုင်ရင် သိက္ခာကျတာပေါ့ကွ..´ ဟုတ်လည်းဟုတ်သည်။ ဒီလို ကျောင်းမတတ်ပဲ တတွတ်တွတ် မတတ်တခေါက် တတ်တခေါက် လိုက်ရှင်းပြပြီး မုန့်ဖိုးတောင်းတဲ့ ကလေးတွေကော ကလေး အလုပ်သမားထဲမှာ မပါဘူးလား။
` ကျွန်တော် ကျက်ထားပါတယ်ဗျ…ခုနှစ်တွေနည်းနည်းပါးပါး ပြန်နွေးရုံပဲ… နဂိုက ပုဂံ ကို စိတ်ဝင်စားတော့ ကျွန်တော့်အတွက်.. ပိစိညှောင့်တောက်ကိတ် လေးပါ။ ´ a piece of cake ကို ကျွန်တော်တို့ တွေ ဒီလိုပဲ မြန်မာမှုပြုပြီး ပြောတတ်တယ်။ မောင် က စကားကသာ ဒီမှာပြောနေတာ မောင့် မျက်လုံးတွေက ထိုင်ခုံက ထသွားတဲ့ ကောင်မလေးရဲ့ အနောက်ပိုင်း အလှ ဆီ။
` မောင်… မျက်လုံးကို အနားမပေးသေးဘူးလား…´
` ဟေ…´ ခုမှ ပြန်သတိရလာတဲ့ လူမမာ မျက်လုံးမျိုးနဲ့ ကျွန်တော့်ကိုကြည့်တယ်။ ဘာလို့ ယောကျာ်း(စစ်စစ်)တွေ က ရင်သားကြီးကြီး တင်ကြီးကြီး မိန်းမတွေမြင်ရင် စားမယ် ၀ါးမယ် မျက်လုံးတွေနဲ့ မျက်လုံးကို အစာကျွေးရတာလဲ။ ကျွန်တော်ကိုယ်တိုင်က ဂေး ဖြစ်နေပေမယ့် ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့် ယောကျာ်းတိုင်းကိုတော့ စားမယ် ၀ါးမယ် မျက်လုံးနဲ့ မကြည့်ဖြစ်ပါဘူး။ (ခိုးခိုးပြီးတော့ပဲကြည့်တာပါ…)။
` ဒါကြောင့် ကျွန်တော်ပြောတာပေါ့….ဘိုမ တယောက်ကို ဆွဲထားလိုက်ပါလို့..´ မောင်က သူ့ရှေ့က ကော်ဖီကို တချက် ပါရုံလေး သောက်လိုက်တယ်။
` ဟိုဟာမတွေက ငါတို့ အေးရှားသားတွေ သွားလုပ်ရင်…သွားကြားထိုးတံ ထိုးသလိုပဲ..အားယားယား…ယားတယ်..ယားတယ် လို့အော်မှပေါ့ကွ´ အားရပါးရ ရီချင်ပေမယ့် ဘေးချင်းကပ် ၀ိုင်းက လင်မယားက လှမ်းကြည့်တယ်။
` မောင် ကလည်း သွားကြားထိုးတံနဲ့ မဆိုင်ပါဘူး… ပညာက အဓိကပါ…´
` သိပါတယ်ကွ… သဘောပြောပြတာ..´ မောင်က ဒီလောက်ထိ ထန် ပေမယ့် ရည်းစားခုထိ မရှိသေးဘူး။
` ဟုတ်ပါတယ် လိင်ဂုရုကြီးရာ…´ မောင်နဲ့ ကျွန်တော် ဒီလိုပဲ ညတွေကို ပေါက်တတ်ကရတွေ ပြောပြီး အချိန်ဖြုန်းတတ်ပါတယ်။ ရေနွေး အိုးကုန်သွားလို့ စားပွဲထိုးလေးကို ခေါ်မယ်လုပ်တုန်း ရဲ က ချက်ချင်းပဲ ရေနွေးအိုးလာလဲပေးတယ်။ ဒီဆိုင်ရဲ့ ၀န်ဆောင်မှုလေးက ချစ်ဖို့ကောင်းတယ်။ အထူးသဖြင့် သွားတတ်လေးပေါ်အောင် ပြုံးပြတဲ့ သနပ်ခါးတဖက်တည်း လိမ်းထားတဲ့ ရဲ က ပိုချစ်ဖို့ကောင်းတယ်။ ရဲ ပြောတဲ့ တဖက်သက် အချစ်ဆိုတာ….။
` ဒါနဲ့… ဟို ဘိုနှစ်ယောက်က ရန်ကုန်မှာ မအိပ်ဘူး…။ တစ်ခါတည်း ပုဂံအရင်လစ်မှာကွ..´
` လောလှချည်လား..လက်မှတ်က ဘယ်လိုဝယ်မလဲ´ မောင် က မထီတထီ ပြုံးပြတယ်။ မင်း ဒါတောင် မသိဘူးလား လို့ ဆိုနေသလိုမျိုး။
` ကားစင်းလုံးငှားပြီးသား…ဟိုကတည်းက အားလုံး အဆင်သင့်လုပ်ပြီးသား…´ ကျွန်တော်သိ သလောက် တော်ရုံတန်ရုံ ဘိုတွေက ပိုက်ဆံကို ချွေနိုင်သမျှချွေကြတယ်။
` လန်း လှချည်လား´
` ဓာတ်ပုံပြိုင်ပွဲဝင်မလို့ လာရိုက်တာဆိုလားပဲ…´ ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့ သုံးလေးဝိုင်း လောက်သာကျန်တော့သည်။ ကောင်မလေး တွေမရှိတော့။ ကျွန်တော် အလုပ်ချိန်က လွဲရင် နာရီမပတ်တတ်တော့ ဘယ်နှစ်နာရီထိုးမှန်းမသိ။
` ဒါဆို ကျွန်တော်က သူတို့ကို ကြိုပြီးတာနဲ့ ပုဂံကို လိုက်သွားရမှာပေါ့´ မေးစရာမလိုတဲ့ မေးခွန်းကို မောင်ကလည်း ဖြေစရာလိုတယ်လို့ ထင်ပုံမပေါ်။
` ခရီးကရက်ရှည်မှာဆိုတော့ မင်း အ၀တ်ထုပ်ကြီး လေးပြီပေါ့´ ကျွန်တော်က အ၀တ်အစားတွေထက် နေရောင်ကာ ခရင်တွေကိုသာ များများစားစား သယ်သွားတတ်တယ်။ အ၀တ်အစားကလည်း ပုဆိုးနဲ့ ကော်လံကတုံးဆိုတော့ ပေါ့ပေါ့ပါးပါး ပါ။ ကျွန်တော်လည်း မောင် ပြောတဲ့ စကားကို ပြန်မဖြေတော့ဘူး။
` မောင် ကော… အစီအစဉ်က..´ မောင်က ခွက်ထဲက အကျန်ကို ကော်ဖီ အနည်တွေ ပါမှကြောက်လို့ ဖြေးဖြေးလေး မော့သောက်တယ်။
` လောလောဆယ်တော့ ရှိသေးဘူး… ဒီနှစ်ယောက်က မိန်းမတွေဆို မင်းကိုတောင် မပေးဘူး´
` သိပါတယ်ဗျာ… ယောကျာ်း ဆိုလို့ မောင် ပေါင်းလို့ရတာ ကျွန်တော် တယောက်တည်းရှိသာပဲဟာ…´ မောင် က နှုတ်ခမ်းကိုစေ့ပြီး ခေါင်းကို တညိတ်ညိတ်။ မောင် ဒီလောက် အနားမှာ အမြဲတမ်းရှိနေပေမယ့် မောင့် ကို ကျွန်တော် မချစ်မိဘူး။ တချို့တွေ ပြောသလို ဂေး ဆိုတာ ယောကျာ်းမြင်ရင် မနေနိုင်ဘူး ဆိုတဲ့ ဂေး တွေထဲမှာ ကျွန်တော်မပါဘူး။ လူတွေက ခက်တယ်။ ဂေး ဆိုတာနဲ့ သိက္ခာကင်းမဲ့ပြီး သောက်ရှက်မရှိတဲ့ သတ္တ၀ါလို့ထင်နေကြတာ။ ရွံစရာ သတ္တ၀ါ လို့ထင်နေကြတာ။ ဂေး ဆိုတာလည်း အသည်းနှလုံးနဲ့ပါ။
xxx
ကျွန်တော် မလုပ်ချင်ဆုံးအလုပ်ထဲမှာ လူတစ်ယောက်ကို စောင့် နေရတာကိုပါ။ လေယာဉ်ကွင်းကို မိနစ် ၄၀ လောက် သာမောင်းရပေမယ့် ကျွန်တော့်ကို ခုထိ လာမကြိုသေး။ နောက် ၅ မိနစ် ဆိုရောက်မယ်လို့ပြောပေမယ့် ၁၅ မိနစ်ရှိနေပြီ။ ကျွန်တော့် ဒေါသတွေကို မြိုသိပ်ရင်း လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေကို ပြန်စစ်နေလိုက်တယ်။ တိုးဂိုက် အလုပ်ကို ကျွန်တော်အရင်က ထင်ခဲ့တာ သက်သာလိမ့်မယ်။ ဘာသာလေးပြန်ပေးရုံပဲ။ တကယ်တမ်း တိုးဂိုက် ဆိုတဲ့အလုပ်က တကယ့်ကို ပင်ပန်းပါတယ်။ သူတို့သွားရာ တကောက်ကောက်လိုက်ရရုံတင်မက ပါးစပ်ကလည်း တတွတ်တွတ်နဲ့ မေးသမျှကို အကောင်းဆုံးဖြစ်အောင် ဖြေပေးရ တယ်။ ကျွန်တော့်ကို လာမကြိုခင် ကျွန်တော့်အကျင့်အတိုင်း ပစ္စည်းတွေကို ပြန်စစ်နေလိုက်သည်။
`သား… လာထွက်ကြည့်အုံး…ဟိုလူလားမသိဘူး….အပေါ်မော့မော့ကြည့်နေတယ်´
အမေက ကျွန်တော် အခု အသက်အရွယ်အထိ အခုလို စိတ်ပူပေးတတ်တယ်။ ခုလည်း ၀ရံတာက နေ ကျွန်တော့်အစား ထွက်ကြည့် နေတယ်။ ကျွန်တော့်ကိုလာကြိုမယ့်သူဟာ ဘယ်သူ ဘယ်ဝါမှန်းမသိပေမယ့် အမေ့ကို ဟုတ်တယ် လို့ပြောပြီး ကျွန်တော် အိမ်အောက် ဆင်းလိုက်တယ်။ ဒီနွေပူပူက ရေချိုးပြီးစ လူတယောက်ကို နောက်တခါ ရေထပ်ချိုးချင်လောက်ရအောင် ပူတယ်။ အမေ ပြောတာ မှန် တယ်။ ကျွန်တော့် ဆီကို ကျွန်တော့်ထက် အရပ်မတိမ်းမရိမ်း လူတယောက်ရောက်လာတယ်။
` လင်း ဆိုတာလား မသိဘူး´
` ဟုတ်ပါတယ်…´ အသက်ကတော့ ၄၀ ၀န်းကျင်လောက်ရှိပုံရတယ်။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေက ပြုတ်ထွက်လုနီးပါး တင်းကျပ်နေတယ်။ ကာယာဗလမောင်တွေ အသက်ကြီးလို့ ထပ်ပြီးမလေ့ကျင့်တော့တဲ့အခါ အဆီတွေတက်လာတဲ့ရင်အုပ်ကားကားသူ့တွင်ရှိနေတယ် ။ အသားက ညိုတာထက် မည်းသည် ဟုပြောလို့ရတယ်။ မျက်ခုံးထူထူရယ် မေးရိုးကားကားရယ်က တခါမြင်ရုံနဲ့မှတ်မိစေတယ်။ ကျွန်တော့်ကို ရီပြတဲ့အခါ ကွမ်းတွေစားထားလို့ နီနေတဲ့ နှုတ်ခမ်းတွေထဲမှာ ၀ါကျင်ကျင် သွားတွေက အစီအရီ။
` ကျွန်တော့်ကို အထုပ်ပေး…´
`ဟာ…ရတယ်…ကျွန်တော် နိုင်ပါတယ်´
` ရပါတယ်ကွ…အကို့ကို အားနာစရာမလိုဘူး…´ သူ့ကိုယ်ပေါ်က ချွေးနံ့ခပ်ပြင်းပြင်းနဲ့ ကွမ်းယာနံ့ တွေက တော်ရုံလူဆိုရင် မူးမေ့သွားစေလောက်တယ်။
`ကိစ္စမရှိဘူးအကို…အကိုရှေ့ကသွား…´
` အေး…ကားက ဒီဘက်မှာရပ်ထားတယ်…´ သူ ရှေ့က ထွက်သွားတော့ တင်းကျပ်နေအောင် ၀တ်ထားတဲ့ သူ့ပုဆိုးအောက်မှာ တလှုပ်လှုပ် ဖင်လုံးကြီးများက အတွင်းခံဘောင်းဘီ ရဲ့ အထိန်းအကွပ်မဲ့မရှိဘဲ ပရမ်းပတာ လှုပ်နေတယ်။ ကျွန်တော် GYM မှာသွားကစားတုန်းက ဆရာတွေအမြဲပြောတယ်။ နောက် မအားလို့ မကစားဖြစ်ရင် အစားလျော့စားရမယ်တဲ့။ မဟုတ်ရင် အဆီတွေ တက်လာလိမ့်မယ်။ ဒီလူ့ကြည့်ရတာလည်း ကစားလိုက် နားလိုက် ပုံစံမျိုး။ ကျွန်တော် ကို ရှေ့ခန်းမှာထိုင်ခိုင်းတယ်။ ဒါပေမယ့် ကျွန်တော် ကားစီးရင် နောက်ခန်းမှာထိုင်ရတာ ကိုပိုကြိုက်တယ်။ သူပြောတဲ့အတိုင်းပဲ ကျွန်တော် ရှေ့ခန်းမှာထိုင်လိုက်တယ်။
`ညီလေး နာမည်က… လင်း တလုံးတည်းလား´ ကျွန်တော့်ကို ညီလေး လို့ခေါ်တာထက် ညီ လို့တလုံးထဲ ခေါ်တာ ပိုပြီးနွေးထွေးတယ်လို့ခံစားရတယ်။
` မဟုတ်ပါဘူး…လင်းသွေးသစ် ပါ… ဘိုတွေတော်တော်များများ ခေါ်လို့လွယ်အောင် လင်း ဆိုပြီးပဲ ပေးထားတာပါ´
` အော်…´
` အကို့ ကို ကျွန်တော် ဘယ်လို ခေါ်ရမလဲဗျ´
` ငါ့ကို သားကြီး လို့ပဲခေါ်´ သားကြီး ဆိုလို့ ရုပ်ရှင်မင်းသားဒွေးကို သတိရသွားတယ်။ သူ့အသက်အရွယ်ကို ကျွန်တော်က သားကြီး လို့ခေါ်ရတာ တမျိုးကြီးပဲ။
` ဟုတ်…ကိုသားကြီး…´ လေးစားသောအနေနဲ့ ကို တပ်ခေါ်လိုက်တယ်။
` သားကြီးပဲခေါ်စမ်းပါကွ…. ကိုသားကြီး ဆိုလို့ငါ့ကိုခေါ်တာ ငါ့မိန်းမပဲရှိတယ်..´ သူမိန်းမရှိတဲ့ ဆိုတာ တခါတည်း ကြေငြာထားတယ်။ ကျွန်တော်ကလည်း ဘာလို့များ လူပျိုလူလွတ်ထက် အိမ်ထောင်ရှိတဲ့ ယောကျာ်းတွေကို ပိုပြီး နှစ်သက်နေရတာလဲ။ သားကြီးကိုယ်ပေါ်ကို ဖြတ်တိုက်လာတဲ့ လေထဲမှာ ကွမ်းနံ့က ကျွန်တော့်ကို မူးယစ်စေတယ်။ ကျွန်တော့်စိတ်တွေ မရိုးမရွဖြစ်လာတယ်။ သားကြီးရဲ့ ပေါင်နှစ်လုံးကြားက ညီငယ် ကိုမသိမသာ လှမ်းကြည့်လိုက်တယ်။ သားကြီး ၀တ်ထားတဲ့ ပုဆိုးက ကွင်းကျဉ်းပုံရတယ်။ ပုဆိုးကို ပေါင်တ၀က်လောက်ထိရောက်အောင် တင်ထားတယ်။ ပေါင်ကြားထဲ မှာ သားကြီးရဲ့ ညီငယ်က သိသိသာသာဖောင်းကားနေတယ်။ အတွင်းခံဘောင်းဘီမ၀တ်ထားလို့လားမသိ လိင်တံတခုလုံး ပုဆိုးနဲ့ကပ်နေတာကို အထင်းသားမြင်နေရတယ်။ ပုဆိုးနဲ့လုံးနေလို့လား…ဒါမှမဟုတ် သားကြီးရဲ့ လီးကြီးကပဲ ဦးတုတ်ကြီး အတိုင်း ခပ်တုတ်တုတ်ရှိတာလား။ ဝေခွဲလို့မရအောင် ကျွန်တော့် ရင်တွေ တုန်ရီနေတယ်။ ရန်ကုန်နွေရဲ့ အပူရှိန်က ကားထဲမှာ ထိုင်နေတဲ့လူအဖို့ oven ထဲထည့်ထားသလိုပဲ။ Air Con မဖွင့်ဘူးလား လို့မေးချင်ပေမယ့် ကျွန်တော် မမေးတော့ဘူး။ ကားတံခါးက မှန်ကိုဖွင့်ထားလို့တော်သေတယ်။
`ဒီမှာတောင် ဒီလောက်ပူနေရင် ပုဂံ ဆိုရင်တော့ ပိုဆိုးပြီ ထင်တယ်´ ကိုသားကြီးက
`အင်း ´ လို့တလုံးတည်းပြန်ဖြေပြီး ကားဒတ်ခ်ဘုတ် ထဲက ကွမ်းဘူးလေးကို လက်တဖက်တည်း နဲ့လှမ်းယူလိုက်တယ်။ ကွမ်းဘူး လေးကို ပေါင်နှစ်လုံကြားမှာ ညှပ်လိုက်ပြီး အဖုံးကို ဖွင့်လိုက်တယ်။ဖြစ်ချင်တော့ ကွမ်းဘူး လေးက ပေါင်ကြားကနေ အောက်ကို လျောကျသွားတယ်။
` စောက်ရေးထဲ…´ ကိုသားကြီးရဲ့ စောက် ဆိုတဲ့ အသံက တော်တော့်ကို ကျယ်တယ်။ သူ့လက်ထဲက ဘူးခွံကိုလည်း လက်ထဲက နေ အောက်ကိုပစ်ချလိုက်တယ်။ တော်တော့်ကို စိတ်မရှည်တဲ့ လူပါလား။
` အောက်က ပြုတ်ကျသေးတယ်… ဒီတဗူးတောင် မနည်းဝယ်ထားရတာ´ ကားမောင်းတဲ့ သူတွေ ကွမ်းယာ စားတဲ့သူက ကွမ်းစား။ ဆေးလိပ်သောက်တတ်တဲ့ သူက သောက်ပြီး ကားမောင်းရင်း အိပ်မပျော်အောင် သူတို့ အာရုံတွေကို ခဏတာ ပြောင်းထားတတ်ကြသည်မဟုတ်လား။
` ကျွန်တော် ကောက်ပေးမယ်လေ´
` ရပါတယ် ညီလေးရာ… အကိုက အောက်ကျသွားတဲ့ အစားအသောက်ကို ပြန်ပြီး ကောက် မစားတတ်ဘူး´ လူပုံစံက ညစ်တီးညစ်ပတ်လို့ထင်ရပေမယ့် ဒါကျတော့။ အသန့်ကြိုက်တယ်လို့ ပြောရမလား။ ဇီဇာကြောင်တယ်လို့ပြောရမလား။
` ကွမ်းယာက ဘူးထဲမှာပဲလေဗျာ´ ကျွန်တော့် လေသံက မာသွားတယ်ထင်တယ်။
` အဲလို သဘောမျိုးမဟုတ်ပါဘူး။ ညီလေးကို ကောက်ခိုင်းရမှာက…´ ကိုသားကြီးက စကားကို ဆက်မပြောတော့။ ကျွန်တော်ကြည့်လိုက်တော့ ကွမ်းဘူးက ထိုင်ခုံအောက်ဘက်နားမှာ ကပ်နေတယ်။
` ရပါတယ်…ဗျ…ဒီလူနဲ့ဒီလူ…´ ကျွန်တော် ခါးကို အနည်းငယ်သူ့ဖက်ကို ယိမ်းလိုက်ပြီး ကောက်ပေမယ့် မမီဘူး။ စတီယာတိုင်ကို ရှောင်ပြီး သူ့ ပေါင်ကြားထဲကို ကျွန်တော့်မျက်နှာအပ် လုနီးပါး ဖြစ်တဲ့ အထိ ဖြစ်သွားတယ်။ နဂိုက မှ ပုဆိုးကို ပေါင်တ၀က်ထိ တင်ထားတော့ ကျွန်တော့် မျက်လုံးတွေက မကြည့်ဘဲ မနေနိုင်အောင်ကြည့်ဖြစ်တယ်။ မည်းတူးပြီး အမွေးတွေ နဲ့ ဂွေးဥကြီးကိုသာမြင်လိုက်ရတယ်။ ပုဆိုးက ချွေးနဲ့ ကပ်နေပုံရတယ်။
`ရပြီ…အကို´ ကျွန်တော့် အသံတွေတုန်နေမှာသေချာတယ်။ ဖိုးဒင်တို့ရွာကနေ ရန်ကုန်ပြန် ရောက်ကတည်းက တကိုယ်တည်း ဖြေသိမ့်ခဲ့ရတဲ့ နေ့ရက်တွေ မနည်းတော့ဘူး။
` အေး… ငါ့ကို တရာ ယူပေး…´ ခုနက ပဲ မစားဘူး ဆိုတဲ့ လူက။ ကွမ်းဘူးထဲကို ကြည့်လိုက်တော့ ကွမ်း တွေက တခုမှ မရော့။ ကွမ်းတရာကို ယူပြီးပေးလိုက်တော့…
` အာ…´ ဆိုပြီး ပါးစပ်ကို ဟပေးတယ်။ ကျွန်တော် ကောင်းကောင်းမွန်မွန်ပဲ ပါးစပ်ထဲ ထည့်ပေးလိုက်ပါတယ်။ ကျွန်တော့်အတွက် ခရီးစဉ်တောင်မစရသေး။ ရင်ဘတ်တွေတုန်ယုံတင်မကဘူး။ ဒူးတွေတောင် ချောင်လာသလိုပဲ။
xxx
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအထဲ ၀င်ဝင်ခြင်း မြင်တွေ့လိုက်ရသည် က များပြား လှတဲ့ လူ တွေ။ ဖြစ်နိုင်ခြေ အရှိဆုံးက စင်္ကာပူလေယာဉ် သို့ မလေး လေယာဉ် အချိန်နှင့် သွားတိုက်တာဖြစ် နိုင်တယ်။ မြန်မာနိုင်ငံက လူငယ်တွေအားလုံး စလုံး တို့ မလေး တို့ကို အစုလိုက် အပြုံလိုက် သွားနေကြပါလား။
ကျွန်တော့် ဧည့်သည်နှစ်ယောက်က ထိုင်း လေယာဉ်နှင့်ပါလာမည်။ နာရီကိုကြည့်လိုက်တော့ ၁၀ မိနစ်လောက် လိုနေသေးသည်။ ကျွန်တော့် အိတ်ထဲကနေ သူတို့ နှစ်ယောက် နာမည်ပါတဲ့ စာရွက်လေးကို ထုတ်လိုက်တယ်။
` ညီလေး… အကို… သေးသွားပေါက်လိုက်အုံးမယ်…´ ကိုသားကြီးရဲ့ စကားလုံး အသုံးအနှုန်း ကြောင့် ကျွန်တော့်ဘေးနားမှာ ရပ်နေတဲ့ ကောင်မလေးက ကိုသားကြီးကို တချက်ကြည့်လိုက်တယ်။ ပြီးတော့ ကျွန်တော်နဲ့ သူမ နဲ့ မျက်လုံးချင်းဆုံသွားတယ်။ ကောင်မလေးက အလွန်ဆုံးရှိ အသက် ၂၀ ပေါ့။ အသားအရေက မြို့ပြရဲ့ ကောင်မလေး တယောက်နဲ့ မတူ။ သဘာဝ အတိုင်း ရှည်လျားကော့ဆင်းနေတဲ့ မျက်တောင်က ခပ်သွယ်သွယ် မျက်လုံးကို ပိုပြီး သွယ်သွားစေတယ်။ သွေးနုရောင်သန်း နေတဲ့ နှုတ်ခမ်းတွေက ဆေးတွေ ထိုးထားတဲ့ ဟောလိဝုဒ် မင်းသမီးတွေ လို မဟုတ်ဘဲ သဘာဝ အတိုင်း ဖောင်းဖောင်းအိအိလေး။ ကျွန်တော့် အကြည့်ကြောင့် ကောင်မလေး မျက်လွာချသွားပြီး မှန်ကနေတဆင့် ဓာတ်လှေကားက နေဆင်းလာမယ့် သူကို လှမ်းကြည့်လိုက်တယ်။ ကျွန်တော် ရင်ခုန်သွားတာလား။ သေချာတာကတော့ ကျွန်တော့် နှလုံးခုန်သံ ပိုမြန်သွားတယ်။ ဂေး တယောက်လို့ လုံးဝ ခံယူထားပေမယ့် အခု လို ကောင်မလေး မျိုးနဲ့တွေ့ရင် ရင်တော့ ခုန်မိသား။ ဒါပေမယ့် အဲ့ဒီ့ ရင်ခုန်သံ ဟာ မိနစ်ပိုင်းလောက်သာ ကြာတယ်။ ဓာတ်လှေကား ကနေ ဆင်းလာတဲ့ လူတွေကို ကျွန်တော် ခုနက ကောင်မလေး နဲ့ အတူငေးနေမိတယ်။ ကောင် မလေး နားက နေ သနပ်ခါး နံ သင်းသင်းလေးက ကျွန်တော့် စိတ်တွေကို ပိုပြီး နူးညံ့သွားစေတယ်။ သနပ်ခါး မ လေးရယ်… နောင်ဘ၀ ဆိုတာရှိခဲ့ရင် မင်းနဲ့ ကိုယ် ချစ်သူ ဖြစ်ပါစေ။ ကျွန်တော် အခုလို ပေါကြောင်ကြောင် ဆုတောင်း လိုက်တယ်။ ကောင်မလေးက ရုတ်တရက် ကျွန်တော်ကို လှည့်ကြည့်တယ်။ ကျွန်တော် ဆုတောင်း တာ ကြားများကြားသွားလား။ ဒီလေယာဉ်မှာ ဘိုတွေ တော်တော်များများပါတယ်။ ကင်မရာ လွယ်ထားတဲ့ ဘို ကို ကျွန်တော်လိုက်ရှာတယ်။ မတွေ့ဘူး။ ဓာတ်လှေခါး ပေါ်က ဆင်းလာတဲ့ လူတွေ ကုန်သလောက် တောင် ရှိနေပြီ။ ဘယ်မှာလဲ ဟိုနှစ်ယောက်။
` ညီလေး… ဟိုမှာ တွေ့လား…အဲ့နှစ်ယောက်ဖြစ်မယ်…´ ဘယ်ကနေ ဘယ်လို အနောက်က နေ ကိုသားကြီး ရောက်နေမှန်းမသိ။ ကိုယ့်အာရုံနဲ့ ကိုယ်ဆိုတော့ ကျွန်တော် လန့် သွားတယ်။
` ဘယ်မှာလဲ…´ ကိုသားကြီးက စကားကို ဒီတိုင်းမပြောဘဲ ကျွန်တော့် နောက်ကနေ သူ့ကိုယ်ကြီးနဲ့ အတင်းဖိကပ်ပြီးပြောတယ်။ ပူနွေးနေတဲ့ အသားချောင်းကြီးက ကျွန်တော့် တင်ပါးတွေကိုလာ ကပ်ထားတယ်။ ခုနက ကောင်မလေး ကို ခုန်မိတဲ့ ရင်ခုန်သံတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။
` ဘောင်းဘီ တို အစိမ်းရောင်နဲ့လေကွာ…သူ့ဘေးနားမှာတွေ့လား….မျက်မှန်နဲ့… အဘိုးကြီး….´ ကျွန်တော် ကြည့်လိုက်တော့ အသက် ၃၀ ၀န်းကျင် တယောက်ရယ်။ သူ့ဘေးနားက ကိုသားကြီး အသက်နဲ့ မတိမ်းမယိမ်း သာရှိမယ်။ ဘိုတွေက သာမာန်အသက်အရွယ်ထက် ပိုပြီး အသက် ကြီး တယ်လို့ ထင်ရတယ်။ ကျွန်တော့် လက်ပေါ်က စာရွက်လေးကို သူတို့ နှစ်ယောက်မြင်သာအောင် ခပ်မြင့်မြင့်လေး ကိုင်ပြီး လှုပ်ပြလိုက်တယ်။ လူငယ်က တွေ့သွားပြီး ကျွန်တော့်ကို လက်ဝှေ့ယမ်းပြပြီး တချက် ပြုံးပြတယ်။ ဘုရားရေ… ။ ဒီလို ဆွဲဆောင်မှု ရှိတဲ့ အပြုံးမျိုးကို ကျွန်တော် ဘယ်လိုလုပ်ပြီး ခံနိုင်ရည်စွမ်း ရှိပါ့မလဲ။ ဘယ်ဘက် နှုတ်ခါး ပါးပါးကြားက သွားတက်လေး ပေါ်သွားအောင် ပြုံးလိုက်တဲ့ အပြုံးကို ဖြစ်နိုင်ရင် ကျွန်တော် အပိုင် ၀ယ်ပြီး သိမ်းထားချင်တယ်။ တီရှပ် အစိမ်းရောင် ကျပ်ကျပ်လေးက သူ့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေကို ထုတ်ကြွားနေသယောင်။ ဒူးနားထိသာ တိုတဲ့ အ၀ါနုရောင် ဘောင်းဘီ နဲ့ လိုက်ဖက်လွန်းနေ တယ်။ သူ့ကိုကြည့်ရသည်မှာ ကမ်းခြေ တခုခုက ပြန်လာတဲ့ ခရီးသွားသူ နှင့်တူနေတော့တယ်။
လူကို သာခဏလေး မြင်ရပြီး ကျွန်တော် နဲ့ ကိုသားကြီး တော်တော်လေး စောင့်လိုက်ရတယ်။ ကျွန်တော့်ဘေးနား က ကောင်မလေးက ကျွန်တော် ထင်သလို သူ့ရည်းစားကို လာကြိုသာ မဟုတ်ဘဲ ယောကျာ်းပုံစံ ခပ်မိုက်မိုက် လေး ၀တ်ထားတဲ့ ဂျင်း ဘောင်းဘီ ကျပ်ကျပ်နဲ့ ကောင်မလေးကို လာကြိုခြင်းဖြစ်သည်။ ကျွန်တော် သေချာကြည့်လိုက် တော့ ယောက်ျားလျာမလေး က တော့်တော့်ကို ချောနေတယ်။ မိန်းမလို ကျကျနန မျက်နှာကို ချယ်လိုက်ပါက ဘေးနားက သနပ်ခါး မလေး ရှုံးသွားလောက်တယ် ။ ဘာလို့များ ယောကျာ်းလျာမလေး တွေ ဒီလောက်တောင် ချောနေရပါလိမ့်။ သူတို့ နှစ်ယောက်ရဲ့ မျက်ဝန်း တွေကို ကြည့်ရင် သေချာပါတယ်… သူတို့ နှစ်ယောက် မိန်းမချင်း ချစ်သူ တွေဆိုတာ။
ဆက်ရန်....
စာကြွင်း။ ။ သိုးငယ်ရဲ့ ဒီတိုးဂိုက်ဝတ္ထုအသစ်ကို သူ့စီကတောင်းပြီး တင်ပေးလိုက်ပါတယ်။ သူရေးပြီးသမျှပါတဲ့။ အချိန်ရရင် ရသ လောက်ဆက်ရေးသွားမှာပါတဲ့လေ။ အိမ်နီးနားချင်း ဇာတ်လမ်းက သူဆက်ရေးဖြစ်ဖို့ဆိုတာ သိပ်မသေချာပါဘူးတဲ့။ သိုးငယ်စာကိုဖတ်ဖို့ စောင့်နေသူများအတွက် တဆင့်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။