#အာဒမ်နှစ်ယောက်
#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း
#BL_Story
#ဒုတိယပိုင်း
(၁)
"သားအခြေအနေက ဘယ်လိုလဲ တီချယ်"
ကိုတာရာက နေ့ကလေးထိမ်းကျောင်းမှ ဆရာမကို ယိုးဒယားဘာသာစကားဖြင့်ေမေးလိုက်သည်။
"သားလေးက သိပ်မရွှင်လန်းဘူး၊ တခြားကလေးတွေလောက် Active မဖြစ်ဘူး ဆရာ"
"ဆရာမ ဘယ်လိုယူဆသလဲဟင်"
"အသက်တစ်နှစ်ဆိုတာ ကလေးက သိပ်ငယ်သေးတယ်လေ။ ဒီအရွယ်က အမေ့ရင်ခွင်မှာ ခိုလှုံသင့်တဲ့အရွယ်ပါ ဆရာ။ ကလေးကို အမေနဲ့အတူ ရှိစေချင်ပါတယ်"
ဆရာမပြောတဲ့စကားက ယုတ္တိရှိတာကို ကိုတာရာနားလည်ပါသည်။
သားလေးကို ကလေးထိန်းကျောင်းကြပြန်ခေါ်လာခဲ့သည်။
အခန်းပြန်ရောက်တော့ ထုံးစံအတိုင်း သားအဖနှစ်ယောက်တည်းရှိတဲ့အခန်းက ခြောက်ကပ်ကပ်။ တစ်နှစ်အရွယ်သားလေးကလည်း စကားတီတီတာတာ မဆိုတတ်သေးပါ။ ကိုတာရာသည် ညစာအတွက် ချက်ပြုတ်ရင်းက အတွေးထဲမှာေမျောနေမိသည်။
ဘဝကို ဒီအတိုင်းပဲ ဆက်သွားမလား။ မြန်မာပြည်ပြန်ရမလား။ မေမေကတော့ မန္တလေးကို အမြန်ဆုံး ပြန်လာပါတော့လို့ တစာစာ ဖုန်းဆက်လို့မှာနေသည်။
ကိုတာရာကိုယ်တိုင်လည်း ဘန်ကောက်မှာ တစ်နှစ်အရွယ်သားငယ်လေးနဲ့ မရေမရာ နေထိုင်နေရခြင်းကို အဓိပ္ပါယ်မဲ့သလို ခံစားနေရပါပြီ။ ပတ်ဝန်းကျင်က ကိုတာရာ့ကို ဇနီးဖြစ်သူ ဥရောပနိုင်ငံတခုကို ပညာတော်သင်သွားနေလို့ ကလေးတယောက်နဲ့ ကျန်နေတဲ့ မြန်မာလူမျိုးတယောက်အဖြစ် သိထားကြသည်။ ကိုတာရာ့ဇနီးဖြစ်သူ မကြာခင်ပြန်လာပြီး မိသားစုနှင့် ပေါင်းစည်းလိမ့် မည်ဟု ထင်နေကြပါသည်။
ဘဝဆိုတာ မရေရာမှု၊ ရှေ့ကို ကြိုတင်မျှော်တွေးလို့ မရတဲ့အရာတွေနဲ့ြပြည့်နေတာပါလား။
ကိုတာရာ့ဘဝမှာ နှစ်ဘဝဆက်ပြီး မမျှော်လင့်တဲ့အဖြစ်တွေ ကြုံခဲ့ရသည့်တိုင် ရင်ဆိုင်ကြုံဆုံလာရသမျှတွေက ကိုတာရာ့ အတွက် ဆန်းသစ်နေမြဲဖြစ်ပါသည်။
သားတယောက်နဲ့ ဘဝကို ဘယ်လိုဆက်ပြီး ရုန်းကန်ရဦးမှာပါလိမ့်။
+++++
(၂)
ဝါဝါက သူ့ဘဝသူ ဖန်တီးသွားသည့်အတွက် တာရာသည် ဖခင်၏စီမံချက်မှ လွတ်မြောက်သွားခဲ့သည်။ စိုးနဲ့လည်း ဘဝခြားပြီးမှ ပြန်လည်ဆုံဆည်းရသည့်အတွက် ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ ယူဆထားခဲ့ပါသည်။
သို့တိုင်အောင် ဖေဖေ့ရဲ့စိတ်အလိုမကျမှုအန္တရာယ်ကြေပြေးမလွတ်ခဲ့ပါချေ။
တာရာ့ကို စိုးရာဇာနဲ့ တတွဲတွဲဖြစ်နေသည့်အတွက် ဖေဖေ့မျက်လုံးထဲမှာ အနှောက်အယှက်ဖြစ်ခဲ့ရဟန်တူသည်။ ဖေဖေနဲ့ တာရာ တကျက်ကျက်ဖြစ်နေခဲ့ရပါသည်။ တာရာတို့ကလည်း နည်းနည်းတော့ လွန်ကဲမိသည်။ ရန်ကုန်မှာနေတဲ့ စိုးရာဇာက မန္တလေးကို မကြာမကြာရောက်လာတတ်သလို တာရာကလည်း စိုးရှိရာ ရန်ကုန်ကိုသွားချင်တိုင်း အလုပ်တခုမဟုတ် တခုကို အကြောင်းပြကာ ဆင်းသွားတတ်ခြင်းက ဖေဖေ့ဒေါသကို ဆွပေးသလိုဖြစ်ခဲ့ပါသည်။
ဖေဖေ့လောင်းရိပ်အောက်က လွတ်အောင်လုပ်ဖို့ ဘန်ကောက်က အင်စတီကျုတခုမှာ ဒီဇိုင်နာသင်တန်းသွားတက်ရန် အကြံရခဲ့သည်။ စတင်ကြံစည်စဉ်က စိုးရာဇာကလည်း အလုပ်ကိစ္စနဲ့ မကြာခဏ ဘန်ကောက်ကိုသွားရတတ်သည်မို့ ဟိုမှာ လွတ်လွတ်လပ်လပ် နေနိုင်မယ်ဆိုတဲ့အကြံနဲ့ ကြံစည်မိခြင်းပင်။
တကယ်လည်း တာရာ ဘန်ကောက်ကို ရောက်ခဲ့ရပါသည်။ သို့သော်….
ကံကြမ္မာသည် ယခုဘဝတိုင်အောင် စိုးနဲ့တာရာတို့အချစ်ကြားမှာ ဟန့်တားနှောက်ယှက်နေဆဲပါလား…
"ဒက်ဒီနဲ့မာမီ့ကျေးဇူးက ငါ့အပေါ်မှာ ဆပ်မကုန်နိုင်အောင်ကြီးမားတယ်ဆိုတာ မင်းနားလည်ပါတယ်နော်"
"သိပါတယ်စိုးရယ်၊ မင်းပြောပြလို့ အားလုံးသဘောပေါက်နေတာပဲ၊ ဘာဖြစ်လို့လဲစိုး"
"ငါ ဒက်ဒီတို့ကျေးဇူးကို ပြန်ဆပ်ရတော့မယ်၊ ငါ့အလှည့်ရောက်လာပြီ"
"အင်းလေ.. ဒါ ဝမ်းသာစရာမဟုတ်ဘူးလား"
"မင်းနဲ့ပြန်မဆုံခဲ့ရရင်တော့ ဒီကိစ္စဟာ ဘာမှပြောစရာမရှိဘူးပေါ့"
"ခု ဘာဖြစ်လို့လဲ၊ ပွင့်ပွင့်လင်းလင်းပြောစမ်းပါစိုး"
"ဒက်ဒီတို့က ငါ့ကိုမွေးစားထားတာဆိုတော့ ညီမလေးဟာ ငါ့ညီမအရင်းမဟုတ်ဘူး၊ ငါနဲ့ သွေးသားမတော်စပ်ဘူးဆိုတာ နားလည်တယ်နော်"
"ဟင်.. အဲဒီတော့…"
"တကယ်တော့ ဒီလိုစီစဉ်မယ်ဆိုတာ ငါ စကတည်းက သိပြီးသားပါ။ အခု ဒက်ဒီနေမကောင်းဖြစ်နေတော့ မတော်တဆ သူ တိမ်းပါးသွားရင်ဆိုပြီး ဒက်ဒီက ငါ့ကိုတိုက်တွန်းလာပြီတာရာ"
"စိုး…"
"ဟုတ်တယ်။ ဒက်ဒီနဲ့မာမီက ငါ့ကို ညီမလေး သော်မော်နဲ့ နေရာချပေးဖို့ လုပ်နေကြတယ်"
"စိုးရယ်…"
"ငါ ဘယ်လိုငြင်းလို့ရမှာလဲ၊ ငြင်းလိုက်ရင် ငါ ကျေးဇူးကန်းရာ ကျသွားမှာပေါ့။ ညီမလေးကို ငါ့ညီမအရင်းလို စိတ်ထဲမှာ ရှိပါတယ်၊ ဒါပေမယ့်.. ဒက်ဒီဆန္ဒကို ငါငြင်းဆန်လို့ မဖြစ်ဘူးလေ။ အဲဒါကို မင်း နားလည်ပေးပါ တာရာ"
"နားလည်ပေးရမယ်။ ဟုတ်လား။ နားလည်ဖို့ အဆင်သင့်ဖြစ်ပြီးသားပါစိုးရယ်။ ဒါပေမယ့် ဒီလိုအဖြစ်မျိုးနဲ့တော့ မဟုတ်ဘူး။ ဒါလောက်မြန်လိမ့်မယ်လို့လည်း ထင်မထားဘူး စိုး"
"ငါ့ကိုခွင့်လွှတ်ပါ"
"မင်းမှာ ဘာအပြစ်မှ မရှိပါဘူး စိုး။ ငါတို့နှစ်ယောက်ကံကိုက ဆိုးတာပါ"
"ဘာပဲဖြစ်ဖြစ် ငါ မင်းကိုချစ်တယ်ဆိုတာတော့ ယုံစေချင်တယ်၊ ညီမလေးနဲ့ အိမ်ထောင်ဖက်အဖြစ် လက်တွဲပေမယ့် ငါ့ နှလုံးသားထဲမှာ မင်းပဲ ရှိနေမှာပါ"
သည်လိုနဲ့ ဘန်ကောက်ကို ရောက်လာရသော်လည်း ကြိုတင်စိတ်ကူးယဉ်သလို နှစ်ယောက်သား ပျော်ဖို့ မဟုတ်ခဲ့တော့ပါ။ ဖေဖေ့အတွက်တော့ စိုးရာဇာ မိန်းမရသွားခြင်းက ကောင်းသောသတင်းဖြစ်ခဲ့သည်။ ဦးကျော်စွာက စိုးရာဇာ အိမ်ထောင် ကျသွားတာကို ကျေနပ်နေခဲ့ပါသည်။ စိုးအိမ်ထောင်ကျသွားခြင်းကြောင့် စိုးနဲ့တာရာ ဇာတ်လမ်း ပြီးဆုံးပြီလို့ ဖေဖေက ယူဆနေခဲ့သည်။
တကယ်တော့….
+++++
(၃)
တာရာသည် စိုးရာဇာမင်္ဂလာပွဲကို အကောင်းဆုံးဖြစ်အောင် ကူညီပေးခဲ့သည်။
သတို့သား သတို့သမီး ဝတ်စုံများကို တာရာ့ လက်ရာဖြင့် အလှဆင်ပေးခဲ့သည်။ စိုးရာဇာမင်္ဂလာဆောင်မှာ ပျော်ရွှင် နေသောသူငယ်ချင်းတယောက်အဖြစ် သရုပ်ဆောင်နိုင်ခဲ့ပါသည်။
ထိုအဖြစ်က စိုးရာဇာအတွက် တာရာ့ကို အသနားပိုစရာဖြစ်စေခဲ့သလို၊ အချစ်တွေလည်း ပိုလာခဲ့ပါလေသည်။
စိုးရာဇာမိဘများနှင့် သော်သော်မော်တို့ကတော့ စိုးနဲ့တာရာတို့အဖြစ်ကို မသိကြ။ ရိပ်ပင်မရိပ်မိခဲ့ကြပါ။
+++++
စိုးရော တာရာရော လူမှုရေးက တကဏ္ဍ၊ အချစ်ရေးက တကဏ္ဍထားကာ နားလည်မှုနှင့် ဆက်ချစ်ခဲ့ကြပါသည်။
တာရာ စီစဉ်ထားတဲ့အတိုင်း ဘန်ကောက်မှာ ဒီဇိုင်နာသင်တန်းလာတက်သည်။ မိဘများကလည်း လျှောလျှောလျှူလျှူခွင့်ပြုခဲ့သည်။
တကယ့်အလုပ်ကိစ္စနဲ့ရော၊ အလုပ်ကိစ္စကို အကြောင်းပြပြီးတော့ရော စိုး မကြာမကြာ ဘန်ကောက်ကို ရောက်လာသည့်အတွက် တာရာ ပျော်ခဲ့ရသည်။ ဘန်ကောက်မှာဆုံစဉ်အချိန်တိုင်း လွတ်လွတ်လပ်လပ် နေခွင့်ရရုံဖြင့်ပင် နှစ်ယောက်စလုံး ကျေနပ်ခဲ့ရပါ သည်။
"မင်းလည်း မိန်းကလေးချစ်သူတယောက်ရှာပြီး အိမ်ထောင်ပြုလိုက်ပါလား တာရာ"
စိုးရဲ့စကားကိုကြားလိုက်တော့ တာရာ အတော်တုန်လှုပ်သွားခဲ့သည်။
"ဘာရယ်။ ငါက မိန်းမယူရမယ်။ ဘာလဲ။ မင်း ငါ့ကို ငြီးငွေ့လို့လား စိုး"
"ဘာမှ မဆိုင်ဘူးလေ။ မင်းကိုချစ်လို့ပဲ ငါ့မှာ မိန်းမရှီရက်နဲ့ မင်းကို ခုလို ခိုးချောင်ခိုးဝှက်လာတွေ့နေတာပေါ့တာရာ။ ဒါတွေ မင်းနားလည်သားနဲ့ကွာ"
"နားလည်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်စိုးရယ်။ ဒါပေမယ့် ဘာလို့ ဒီလိုတိုက်တွန်းရတာလဲ"
"တို့နှစ်ယောက်ချစ်တာက ချစ်တာပဲ။ တို့နှစ်ယောက်ချစ်တာက ခုလိုပဲ နှစ်ယောက်သား နားလည်မှုနဲ့ တိုးတိုးတိတ်တိတ် ချစ်နေလို့ ရတာပဲ။ မင်းကို ငါက သာမန်ယောက်ျားတယောက်လို မြင်ချင်လို့ပါ တာရာ"
"ငါ့အတွင်းစိတ်ကို မသိတဲ့အသိုင်းအဝိုင်းမှာ ငါဟာ သာမန်ယောက်ျားတယောက်ပါပဲ စိုးရာ"
"ဟုတ်ပါတယ် ဒါဖြင့်လည်း မတိုက်တွန်းတော့ပါဘူးကွာ"
"ငါ မင်းကိုပဲချစ်တယ်။ မင်းနဲ့ပဲ တသက်လုံး နေသွားမယ်။ မင်းစိတ်တွေ ငါ့ဆီမှာ ရှိနေသရွေ့ ငါကျေနပ်နေမှာပါ စိုးရယ်"
+++++
(၄)
သည်လိုနေလာကြရင်းမှ….
စိုးရာဇာနဲ့သော်သော်မော်တို့ အိမ်ထောင်သက် ၆လအကြာတွင် သော်သော်မော် ကိုယ်ဝန်ဆောင်ခဲ့သည်။
သော်သော်မော့်မှာ ကိုယ်ဝန်ရှိနေကြောင်း စိုးဖွင့်ပြောတော့ ဘာကြောင့်ရယ်မှန်းမသိ တာရာ ငိုချလိုက်မိသည်။
"မင်း သိပ်ဝမ်းနည်းသွားသလား တာရာ"
"တကယ်တော့ ဒါဟာ သဘာဝပါ။ မင်းကို ငါ ခွင့်လွှတ်နားလည်ထားပြီးမှ ဘာလို့မျက်ရည်ကျရတာလဲ ကိုယ့်ကိုယ့်ကို နားမလည်နိုင်ဘူး စိုး၊ ဆောရီး စိုးရယ်.."
"ငါ့မှာ သံယောဇဉ်တွယ်စရာ နောက်တယောက်ထပ်တိုးတော့မှာကို တွေးပြီး မင်းမသိစိတ်က မနာလိုဖြစ်တာပဲပေါ့ တာရာ"
"အဲဒီလို မဖြစ်အောင် ငါ ကြိုးစားပါ့မယ်။ သော်မော့်ကို ငါ့ညီမလေးလို့ သတ်မှတ်သလို မင်းရလာမယ့်ကလေးလေးကိုလည်း ငါ့တူလေး တူမလေးလို သဘောထားပြီး ချစ်နိုင်အောင် လုပ်ပါ့မယ် စိုး"
"တာရာရာ… ငါ မင်းကို ချစ်လိုက်တာ… သနားလည်း သနားလိုက်တာ အချစ်ရာ…"
ထိုအဖြစ်က သူတို့နှစ်ယောက်ကြားမှာ ရူးမိုက်သောစိတ်ကူးတစ်ခုကို ဖြစ်ပေါ်စေခဲ့ခြင်းပဲ ဖြစ်ပါသည်။
ထိုစိတ်ကူးကို စတင်ခဲ့သူမှာ စိုးရာဇာဖြစ်သည်။
"မင်းရော ငါနဲ့ ကလေးလေးတယောက် မယူချင်ဘူးလား တာရာ"
"မဖြစ်နိုင်တာ စိုးရယ်"
"ဖြစ်တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်ပါတယ် တာရာ"
"ဟင်…"
+++++
(၅)
သူတို့နှစ်ယောက် ဘန်ကောက်က နာမည်ကြီးဆေးရုံကြီး၏ ဖန်ပြွန်သန္ဓေသားဌာနကိုေရောက်သွားခဲ့ကြပါသည်။
တာဝန်ခံဆရာဝန်ကြီးနှင့် ဆွေးနွေးခွင့်ရခဲ့သည်။
ဆရာဝန်ကြီးက အတွေ့အကြုံရင့်ကျက်ပြီးသားမို့ သူတို့ဆန္ဒကို နားလည်မှုရှိခဲ့သည်။ လိုအပ်သောအကြံဉာဏ်ကို ဆရာဝန်ကြီး ကပဲေပေးခဲ့ပါသည်။
"ခင်ဗျားတို့လို စုံတွဲအတွက် ကျနော့်မှာ စိတ်ကူးတခုရှိတယ်။ တခါမှတော့ လက်တွေ့မစမ်းသပ်ဖူးသေးဘူး။ ပထမအရေးကြီးတာက ခင်ဗျားတို့ကိုယ်ဝန်ကို အငှားဆောင်ပေးမယ့် မိန်းမတယောက်ကို ရှာဖို့ပဲ။ ခင်ဗျားတို့ အမေဖြစ်စေချင်တဲ့ မိန်းမရဲ့ ပုံစံ အနေအထားကို ကျနော့်ကို ပြောပြပါဦး"
ပထမအကြိမ် တွေ့ဆုံဆွေးနွေးအပြီးမှာ ဆရာဝန်ကြီးက တပတ်ခွာ၍ ချိန်းဆိုလိုက်သည်။
တပတ်ပြည့်လို့ ပြန်သွားချိန်မှာတော့… ဆရာဝန်ကြီးမှာ အငှားကိုယ်ဝန်ဆောင်မည့် အမျိုးသမီးတယောက်ကို ရှာထားပြီးြဖြစ်နေပါသည်။
သူတို့ စိတ်ကူးတင်ပြခဲ့တဲ့ အမျိုးသမီးနဲ့ အနီးစပ်ဆုံးတူတဲ့ အမျိုးသမီးတယောက်ရဲ့ ဓာတ်ပုံကို ကိုယ်ရေးအချက်အလက်များနဲ့ တကွ ဆရာဝန်ကြီးက ထုတ်ပြသည်။
အမည်- စင်သီယာ
အသက်- ၂၁နှစ်
ဆံပင်အရောင်- အနက်
မျက်လုံး- အနက်
အရပ်အမောင်း- ၅ပေ၅လက်မ
အသားအရောင်- ဖြူ
ကိုးကွယ်သည့်ဘာသာ- ဗုဒ္ဓဘာသာ
ပညာအရည်အချင်း- ဘွဲ့ရပြီး
ဓာတ်ပုံထဲတွင် ချောမောလှပသော အရှေ့တိုင်းသူ အမျိုးသမီးတယောက်ပုံကို လှပကျော့ရှင်းစွာေတွေ့ရသည်။
ဆရာဝန်ကြီး ရွေးချယ်ထားတဲ့ စင်သီယာကိုပဲ သူတို့အတွက် ကလေးမွေးဖွားပေးမည့် အငှားကိုယ်ဝန်ဆောင်အဖြစ် ရွေးချယ်လိုက်ပါသည်။ ကျသင့်သည့် ဆောင်ရွက်ခများအတွက်လည်း သဘောတူညီမှုရလိုက်သည်။
နောက်တနေ့မှာ သူတို့နှင့်ဆေးရုံ၊ ဆေးရုံနှင့်စင်သီယာတို့ ကြားမှာ စာချုပ်ချုပ်ကြသည်။
ထိုအချိန်အထိ စင်သီယာကို သူတို့ မမြင်ဖူးခဲ့ပါ။ မြင်ဖူးစရာလည်း မလို။ စင်သီယာကလည်း သူတို့ကို မြင်ဖူးဖို့ မလိုအပ်ပါ။ ကြားမှာ တာဝန်ခံဆောင်ရွက်ပေးမည့် သိက္ခာရှိသောဆေးရုံနှင့် ဆရာဝန်ကြီးရှိနေသည်။
စာချုပ်ချုပ်ပြီးမှ ဆရာဝန်ကြီးက သူစီစဉ်ထားသော အစီအစဉ်ကို သူတို့အား ပြောပြခဲ့သည်။
(Zawgyi)
#ဒုတိယပိုင္း
(၁)
"သားအေျခအေနက ဘယ္လိုလဲ တီခ်ယ္"
ကိုတာရာက ေန႔ကေလးထိမ္းေက်ာင္းမွ ဆရာမကို ယိုးဒယားဘာသာစကားျဖင့္ ေမးလိုက္သည္။
"သားေလးက သိပ္မရႊင္လန္းဘူး၊ တျခားကေလးေတြေလာက္ Active မျဖစ္ဘူး ဆရာ"
"ဆရာမ ဘယ္လိုယူဆသလဲဟင္"
"အသက္တစ္ႏွစ္ဆိုတာ ကေလးက သိပ္ငယ္ေသးတယ္ေလ။ ဒီအရြယ္က အေမ့ရင္ခြင္မွာ ခိုလွုံသင့္တဲ့အရြယ္ပါ ဆရာ။ ကေလးကို အေမနဲ႔အတူ ရွိေစခ်င္ပါတယ္"
ဆရာမေျပာတဲ့စကားက ယုတၱိရွိတာကို ကိုတာရာနားလည္ပါသည္။
သားေလးကို ကေလးထိန္းေက်ာင္းက ျပန္ေခၚလာခဲ့သည္။
အခန္းျပန္ေရာက္ေတာ့ ထုံးစံအတိုင္း သားအဖႏွစ္ေယာက္တည္းရွိတဲ့အခန္းက ေျခာက္ကပ္ကပ္။ တစ္ႏွစ္အရြယ္သားေလးကလည္း စကားတီတီတာတာ မဆိုတတ္ေသးပါ။ ကိုတာရာသည္ ညစာအတြက္ ခ်က္ျပဳတ္ရင္းက အေတြးထဲမွာ ေမ်ာေနမိသည္။
ဘဝကို ဒီအတိုင္းပဲ ဆက္သြားမလား။ ျမန္မာျပည္ျပန္ရမလား။ ေမေမကေတာ့ မႏၲေလးကို အျမန္ဆုံး ျပန္လာပါေတာ့လို့ တစာစာ ဖုန္းဆက္လို့မွာေနသည္။
ကိုတာရာကိုယ္တိုင္လည္း ဘန္ေကာက္မွာ တစ္ႏွစ္အရြယ္သားငယ္ေလးနဲ႔ မေရမရာ ေနထိုင္ေနရျခင္းကို အဓိပၸါယ္မဲ့သလို ခံစားေနရပါၿပီ။ ပတ္ဝန္းက်င္က ကိုတာရာ့ကို ဇနီးျဖစ္သူ ဥေရာပနိုင္ငံတခုကို ပညာေတာ္သင္သြားေနလို့ ကေလးတေယာက္နဲ႔ က်န္ေနတဲ့ ျမန္မာလူမ်ိဳးတေယာက္အျဖစ္ သိထားၾကသည္။ ကိုတာရာ့ဇနီးျဖစ္သူ မၾကာခင္ျပန္လာၿပီး မိသားစုႏွင့္ ေပါင္းစည္းလိမ့္ မည္ဟု ထင္ေနၾကပါသည္။
ဘဝဆိုတာ မေရရာမွု၊ ေရွ႕ကို ႀကိဳတင္ေမၽွာ္ေတြးလို့ မရတဲ့အရာေတြနဲ႔ ျပည့္ေနတာပါလား။
ကိုတာရာ့ဘဝမွာ ႏွစ္ဘဝဆက္ၿပီး မေမၽွာ္လင့္တဲ့အျဖစ္ေတြ ၾကဳံခဲ့ရသည့္တိုင္ ရင္ဆိုင္ၾကဳံဆုံလာရသမၽွေတြက ကိုတာရာ့ အတြက္ ဆန္းသစ္ေနျမဲျဖစ္ပါသည္။
သားတေယာက္နဲ႔ ဘဝကို ဘယ္လိုဆက္ၿပီး ႐ုန္းကန္ရဦးမွာပါလိမ့္။
+++++
(၂)
ဝါဝါက သူ႔ဘဝသူ ဖန္တီးသြားသည့္အတြက္ တာရာသည္ ဖခင္၏စီမံခ်က္မွ လြတ္ေျမာက္သြားခဲ့သည္။ စိုးနဲ႔လည္း ဘ၀ျခားၿပီးမွ ျပန္လည္ဆုံဆည္းရသည့္အတြက္ ကိုယ့္ကိုယ္ကို ကံေကာင္းတယ္လို့ ယူဆထားခဲ့ပါသည္။
သို့တိုင္ေအာင္ ေဖေဖ့ရဲ့စိတ္အလိုမက်မွုအႏၲရာယ္က ေျပးမလြတ္ခဲ့ပါေခ်။
တာရာ့ကို စိုးရာဇာနဲ႔ တတြဲတြဲျဖစ္ေနသည့္အတြက္ ေဖေဖ့မ်က္လုံးထဲမွာ အေႏွာက္အယွက္ျဖစ္ခဲ့ရဟန္တူသည္။ ေဖေဖနဲ႔ တာရာ တက်က္က်က္ျဖစ္ေနခဲ့ရပါသည္။ တာရာတို့ကလည္း နည္းနည္းေတာ့ လြန္ကဲမိသည္။ ရန္ကုန္မွာေနတဲ့ စိုးရာဇာက မႏၲေလးကို မၾကာမၾကာေရာက္လာတတ္သလို တာရာကလည္း စိုးရွိရာ ရန္ကုန္ကိုသြားခ်င္တိုင္း အလုပ္တခုမဟုတ္ တခုကို အေၾကာင္းျပကာ ဆင္းသြားတတ္ျခင္းက ေဖေဖ့ေဒါသကို ဆြေပးသလိုျဖစ္ခဲ့ပါသည္။
ေဖေဖ့ေလာင္းရိပ္ေအာက္က လြတ္ေအာင္လုပ္ဖို့ ဘန္ေကာက္က အင္စတီက်ဳတခုမွာ ဒီဇိုင္နာသင္တန္းသြားတက္ရန္ အႀကံရခဲ့သည္။ စတင္ႀကံစည္စဥ္က စိုးရာဇာကလည္း အလုပ္ကိစၥနဲ႔ မၾကာခဏ ဘန္ေကာက္ကိုသြားရတတ္သည္မို့ ဟိုမွာ လြတ္လြတ္လပ္လပ္ ေနနိုင္မယ္ဆိုတဲ့အႀကံနဲ႔ ႀကံစည္မိျခင္းပင္။
တကယ္လည္း တာရာ ဘန္ေကာက္ကို ေရာက္ခဲ့ရပါသည္။ သို့ေသာ္….
ကံၾကမၼာသည္ ယခုဘဝတိုင္ေအာင္ စိုးနဲ႔တာရာတို့အခ်စ္ၾကားမွာ ဟန႔္တားေႏွာက္ယွက္ေနဆဲပါလား…
"ဒက္ဒီနဲ႔မာမီ့ေက်းဇူးက ငါ့အေပၚမွာ ဆပ္မကုန္နိုင္ေအာင္ႀကီးမားတယ္ဆိုတာ မင္းနားလည္ပါတယ္ေနာ္"
"သိပါတယ္စိုးရယ္၊ မင္းေျပာျပလို့ အားလုံးသေဘာေပါက္ေနတာပဲ၊ ဘာျဖစ္လို့လဲစိုး"
"ငါ ဒက္ဒီတို့ေက်းဇူးကို ျပန္ဆပ္ရေတာ့မယ္၊ ငါ့အလွည့္ေရာက္လာၿပီ"
"အင္းေလ.. ဒါ ဝမ္းသာစရာမဟုတ္ဘူးလား"
"မင္းနဲ႔ျပန္မဆုံခဲ့ရရင္ေတာ့ ဒီကိစၥဟာ ဘာမွေျပာစရာမရွိဘူးေပါ့"
"ခု ဘာျဖစ္လို့လဲ၊ ပြင့္ပြင့္လင္းလင္းေျပာစမ္းပါစိုး"
"ဒက္ဒီတို့က ငါ့ကိုေမြးစားထားတာဆိုေတာ့ ညီမေလးဟာ ငါ့ညီမအရင္းမဟုတ္ဘူး၊ ငါနဲ႔ ေသြးသားမေတာ္စပ္ဘူးဆိုတာ နားလည္တယ္ေနာ္"
"ဟင္.. အဲဒီေတာ့…"
"တကယ္ေတာ့ ဒီလိုစီစဥ္မယ္ဆိုတာ ငါ စကတည္းက သိၿပီးသားပါ။ အခု ဒက္ဒီေနမေကာင္းျဖစ္ေနေတာ့ မေတာ္တဆ သူ တိမ္းပါးသြားရင္ဆိုၿပီး ဒက္ဒီက ငါ့ကိုတိုက္တြန္းလာၿပီတာရာ"
"စိုး…"
"ဟုတ္တယ္။ ဒက္ဒီနဲ႔မာမီက ငါ့ကို ညီမေလး ေသာ္ေမာ္နဲ႔ ေနရာခ်ေပးဖို့ လုပ္ေနၾကတယ္"
"စိုးရယ္…"
"ငါ ဘယ္လိုျငင္းလို့ရမွာလဲ၊ ျငင္းလိုက္ရင္ ငါ ေက်းဇူးကန္းရာ က်သြားမွာေပါ့။ ညီမေလးကို ငါ့ညီမအရင္းလို စိတ္ထဲမွာ ရွိပါတယ္၊ ဒါေပမယ့္.. ဒက္ဒီဆႏၵကို ငါျငင္းဆန္လို့ မျဖစ္ဘူးေလ။ အဲဒါကို မင္း နားလည္ေပးပါ တာရာ"
"နားလည္ေပးရမယ္။ ဟုတ္လား။ နားလည္ဖို့ အဆင္သင့္ျဖစ္ၿပီးသားပါစိုးရယ္။ ဒါေပမယ့္ ဒီလိုအျဖစ္မ်ိဳးနဲ႔ေတာ့ မဟုတ္ဘူး။ ဒါေလာက္ျမန္လိမ့္မယ္လို့လည္း ထင္မထားဘူး စိုး"
"ငါ့ကိုခြင့္လႊတ္ပါ"
"မင္းမွာ ဘာအျပစ္မွ မရွိပါဘူး စိုး။ ငါတို့ႏွစ္ေယာက္ကံကိုက ဆိုးတာပါ"
"ဘာပဲျဖစ္ျဖစ္ ငါ မင္းကိုခ်စ္တယ္ဆိုတာေတာ့ ယုံေစခ်င္တယ္၊ ညီမေလးနဲ႔ အိမ္ေထာင္ဖက္အျဖစ္ လက္တြဲေပမယ့္ ငါ့ ႏွလုံးသားထဲမွာ မင္းပဲ ရွိေနမွာပါ"
သည္လိုနဲ႔ ဘန္ေကာက္ကို ေရာက္လာရေသာ္လည္း ႀကိဳတင္စိတ္ကူးယဥ္သလို ႏွစ္ေယာက္သား ေပ်ာ္ဖို့ မဟုတ္ခဲ့ေတာ့ပါ။ ေဖေဖ့အတြက္ေတာ့ စိုးရာဇာ မိန္းမရသြားျခင္းက ေကာင္းေသာသတင္းျဖစ္ခဲ့သည္။ ဦးေက်ာ္စြာက စိုးရာဇာ အိမ္ေထာင္ က်သြားတာကို ေက်နပ္ေနခဲ့ပါသည္။ စိုးအိမ္ေထာင္က်သြားျခင္းေၾကာင့္ စိုးနဲ႔တာရာ ဇာတ္လမ္း ၿပီးဆုံးၿပီလို့ ေဖေဖက ယူဆေနခဲ့သည္။
တကယ္ေတာ့….
+++++
(၃)
တာရာသည္ စိုးရာဇာမဂၤလာပြဲကို အေကာင္းဆုံးျဖစ္ေအာင္ ကူညီေပးခဲ့သည္။
သတို့သား သတို့သမီး ဝတ္စုံမ်ားကို တာရာ့ လက္ရာျဖင့္ အလွဆင္ေပးခဲ့သည္။ စိုးရာဇာမဂၤလာေဆာင္မွာ ေပ်ာ္ရႊင္ ေနေသာသူငယ္ခ်င္းတေယာက္အျဖစ္ သ႐ုပ္ေဆာင္နိုင္ခဲ့ပါသည္။
ထိုအျဖစ္က စိုးရာဇာအတြက္ တာရာ့ကို အသနားပိုစရာျဖစ္ေစခဲ့သလို၊ အခ်စ္ေတြလည္း ပိုလာခဲ့ပါေလသည္။
စိုးရာဇာမိဘမ်ားႏွင့္ ေသာ္ေသာ္ေမာ္တို့ကေတာ့ စိုးနဲ႔တာရာတို့အျဖစ္ကို မသိၾက။ ရိပ္ပင္မရိပ္မိခဲ့ၾကပါ။
+++++
စိုးေရာ တာရာေရာ လူမွုေရးက တက႑၊ အခ်စ္ေရးက တက႑ထားကာ နားလည္မွုႏွင့္ ဆက္ခ်စ္ခဲ့ၾကပါသည္။
တာရာ စီစဥ္ထားတဲ့အတိုင္း ဘန္ေကာက္မွာ ဒီဇိုင္နာသင္တန္းလာတက္သည္။ မိဘမ်ားကလည္း ေလၽွာေလၽွာလၽွူလၽွူခြင့္ျပဳခဲ့သည္။
တကယ့္အလုပ္ကိစၥနဲ႔ေရာ၊ အလုပ္ကိစၥကို အေၾကာင္းျပၿပီးေတာ့ေရာ စိုး မၾကာမၾကာ ဘန္ေကာက္ကို ေရာက္လာသည့္အတြက္ တာရာ ေပ်ာ္ခဲ့ရသည္။ ဘန္ေကာက္မွာဆုံစဥ္အခ်ိန္တိုင္း လြတ္လြတ္လပ္လပ္ ေနခြင့္ရ႐ုံျဖင့္ပင္ ႏွစ္ေယာက္စလုံး ေက်နပ္ခဲ့ရပါ သည္။
"မင္းလည္း မိန္းကေလးခ်စ္သူတေယာက္ရွာၿပီး အိမ္ေထာင္ျပဳလိုက္ပါလား တာရာ"
စိုးရဲ့စကားကိုၾကားလိုက္ေတာ့ တာရာ အေတာ္တုန္လွုပ္သြားခဲ့သည္။
"ဘာရယ္။ ငါက မိန္းမယူရမယ္။ ဘာလဲ။ မင္း ငါ့ကို ၿငီးေငြ႕လို့လား စိုး"
"ဘာမွ မဆိုင္ဘူးေလ။ မင္းကိုခ်စ္လို့ပဲ ငါ့မွာ မိန္းမရွီရက္နဲ႔ မင္းကို ခုလို ခိုးေခ်ာင္ခိုးဝွက္လာေတြ႕ေနတာေပါ့တာရာ။ ဒါေတြ မင္းနားလည္သားနဲ႔ကြာ"
"နားလည္ပါတယ္။ ေက်းဇူးလည္းတင္ပါတယ္စိုးရယ္။ ဒါေပမယ့္ ဘာလို့ ဒီလိုတိုက္တြန္းရတာလဲ"
"တို့ႏွစ္ေယာက္ခ်စ္တာက ခ်စ္တာပဲ။ တို့ႏွစ္ေယာက္ခ်စ္တာက ခုလိုပဲ ႏွစ္ေယာက္သား နားလည္မွုနဲ႔ တိုးတိုးတိတ္တိတ္ ခ်စ္ေနလို့ ရတာပဲ။ မင္းကို ငါက သာမန္ေယာက္်ားတေယာက္လို ျမင္ခ်င္လို့ပါ တာရာ"
"ငါ့အတြင္းစိတ္ကို မသိတဲ့အသိုင္းအဝိုင္းမွာ ငါဟာ သာမန္ေယာက္်ားတေယာက္ပါပဲ စိုးရာ"
"ဟုတ္ပါတယ္ ဒါျဖင့္လည္း မတိုက္တြန္းေတာ့ပါဘူးကြာ"
"ငါ မင္းကိုပဲခ်စ္တယ္။ မင္းနဲ႔ပဲ တသက္လုံး ေနသြားမယ္။ မင္းစိတ္ေတြ ငါ့ဆီမွာ ရွိေနသေရြ႕ ငါေက်နပ္ေနမွာပါ စိုးရယ္"
+++++
(၄)
သည္လိုေနလာၾကရင္းမွ….
စိုးရာဇာနဲ႔ေသာ္ေသာ္ေမာ္တို့ အိမ္ေထာင္သက္ ၆လအၾကာတြင္ ေသာ္ေသာ္ေမာ္ ကိုယ္ဝန္ေဆာင္ခဲ့သည္။
ေသာ္ေသာ္ေမာ့္မွာ ကိုယ္ဝန္ရွိေနေၾကာင္း စိုးဖြင့္ေျပာေတာ့ ဘာေၾကာင့္ရယ္မွန္းမသိ တာရာ ငိုခ်လိုက္မိသည္။
"မင္း သိပ္ဝမ္းနည္းသြားသလား တာရာ"
"တကယ္ေတာ့ ဒါဟာ သဘာဝပါ။ မင္းကို ငါ ခြင့္လႊတ္နားလည္ထားၿပီးမွ ဘာလို့မ်က္ရည္က်ရတာလဲ ကိုယ့္ကိုယ့္ကို နားမလည္နိုင္ဘူး စိုး၊ ေဆာရီး စိုးရယ္.."
"ငါ့မွာ သံေယာဇဥ္တြယ္စရာ ေနာက္တေယာက္ထပ္တိုးေတာ့မွာကို ေတြးၿပီး မင္းမသိစိတ္က မနာလိုျဖစ္တာပဲေပါ့ တာရာ"
"အဲဒီလို မျဖစ္ေအာင္ ငါ ႀကိဳးစားပါ့မယ္။ ေသာ္ေမာ့္ကို ငါ့ညီမေလးလို့ သတ္မွတ္သလို မင္းရလာမယ့္ကေလးေလးကိုလည္း ငါ့တူေလး တူမေလးလို သေဘာထားၿပီး ခ်စ္နိုင္ေအာင္ လုပ္ပါ့မယ္ စိုး"
"တာရာရာ… ငါ မင္းကို ခ်စ္လိုက္တာ… သနားလည္း သနားလိုက္တာ အခ်စ္ရာ…"
ထိုအျဖစ္က သူတို့ႏွစ္ေယာက္ၾကားမွာ ႐ူးမိုက္ေသာစိတ္ကူးတစ္ခုကို ျဖစ္ေပၚေစခဲ့ျခင္းပဲ ျဖစ္ပါသည္။
ထိုစိတ္ကူးကို စတင္ခဲ့သူမွာ စိုးရာဇာျဖစ္သည္။
"မင္းေရာ ငါနဲ႔ ကေလးေလးတေယာက္ မယူခ်င္ဘူးလား တာရာ"
"မျဖစ္နိုင္တာ စိုးရယ္"
"ျဖစ္ေတာ့ မျဖစ္နိုင္ဘူး။ ဒါေပမယ့္ ျဖစ္ေအာင္လုပ္ရင္ ျဖစ္နိုင္ပါတယ္ တာရာ"
"ဟင္…"
+++++
(၅)
သူတို့ႏွစ္ေယာက္ ဘန္ေကာက္က နာမည္ႀကီးေဆး႐ုံႀကီး၏ ဖန္ႁပြန္သေႏၶသားဌာနကို ေရာက္သြားခဲ့ၾကပါသည္။
တာဝန္ခံဆရာဝန္ႀကီးႏွင့္ ေဆြးေႏြးခြင့္ရခဲ့သည္။
ဆရာဝန္ႀကီးက အေတြ႕အၾကဳံရင့္က်က္ၿပီးသားမို့ သူတို့ဆႏၵကို နားလည္မွုရွိခဲ့သည္။ လိုအပ္ေသာအႀကံဉာဏ္ကို ဆရာဝန္ႀကီး ကပဲ ေပးခဲ့ပါသည္။
"ခင္ဗ်ားတို့လို စုံတြဲအတြက္ က်ေနာ့္မွာ စိတ္ကူးတခုရွိတယ္။ တခါမွေတာ့ လက္ေတြ႕မစမ္းသပ္ဖူးေသးဘူး။ ပထမအေရးႀကီးတာက ခင္ဗ်ားတို့ကိုယ္ဝန္ကို အငွားေဆာင္ေပးမယ့္ မိန္းမတေယာက္ကို ရွာဖို့ပဲ။ ခင္ဗ်ားတို့ အေမျဖစ္ေစခ်င္တဲ့ မိန္းမရဲ့ ပုံစံ အေနအထားကို က်ေနာ့္ကို ေျပာျပပါဦး"
ပထမအႀကိမ္ ေတြ႕ဆုံေဆြးေႏြးအၿပီးမွာ ဆရာဝန္ႀကီးက တပတ္ခြာ၍ ခ်ိန္းဆိုလိုက္သည္။
တပတ္ျပည့္လို့ ျပန္သြားခ်ိန္မွာေတာ့… ဆရာဝန္ႀကီးမွာ အငွားကိုယ္ဝန္ေဆာင္မည့္ အမ်ိဳးသမီးတေယာက္ကို ရွာထားၿပီး ျဖစ္ေနပါသည္။
သူတို့ စိတ္ကူးတင္ျပခဲ့တဲ့ အမ်ိဳးသမီးနဲ႔ အနီးစပ္ဆုံးတူတဲ့ အမ်ိဳးသမီးတေယာက္ရဲ့ ဓာတ္ပုံကို ကိုယ္ေရးအခ်က္အလက္မ်ားနဲ႔ တကြ ဆရာဝန္ႀကီးက ထုတ္ျပသည္။
အမည္- စင္သီယာ
အသက္- ၂၁ႏွစ္
ဆံပင္အေရာင္- အနက္
မ်က္လုံး- အနက္
အရပ္အေမာင္း- ၅ေပ၅လက္မ
အသားအေရာင္- ျဖဴ
ကိုးကြယ္သည့္ဘာသာ- ဗုဒၶဘာသာ
ပညာအရည္အခ်င္း- ဘြဲ႕ရၿပီး
ဓာတ္ပုံထဲတြင္ ေခ်ာေမာလွပေသာ အေရွ႕တိုင္းသူ အမ်ိဳးသမီးတေယာက္ပုံကို လွပေက်ာ့ရွင္းစြာ ေတြ႕ရသည္။
ဆရာဝန္ႀကီး ေရြးခ်ယ္ထားတဲ့ စင္သီယာကိုပဲ သူတို့အတြက္ ကေလးေမြးဖြားေပးမည့္ အငွားကိုယ္ဝန္ေဆာင္အျဖစ္ ေရြးခ်ယ္လိုက္ပါသည္။ က်သင့္သည့္ ေဆာင္ရြက္ခမ်ားအတြက္လည္း သေဘာတူညီမွုရလိုက္သည္။
ေနာက္တေန႔မွာ သူတို့ႏွင့္ေဆး႐ုံ၊ ေဆး႐ုံႏွင့္စင္သီယာတို့ ၾကားမွာ စာခ်ဳပ္ခ်ဳပ္ၾကသည္။
ထိုအခ်ိန္အထိ စင္သီယာကို သူတို့ မျမင္ဖူးခဲ့ပါ။ ျမင္ဖူးစရာလည္း မလို။ စင္သီယာကလည္း သူတို့ကို ျမင္ဖူးဖို့ မလိုအပ္ပါ။ ၾကားမွာ တာဝန္ခံေဆာင္ရြက္ေပးမည့္ သိကၡာရွိေသာေဆး႐ုံႏွင့္ ဆရာဝန္ႀကီးရွိေနသည္။
စာခ်ဳပ္ခ်ဳပ္ၿပီးမွ ဆရာဝန္ႀကီးက သူစီစဥ္ထားေသာ အစီအစဥ္ကို သူတို့အား ေျပာျပခဲ့သည္။
No comments:
Post a Comment