Chapter One:
ဇေယျာလင်းကို မမြင် မတွေ့ မဆုံဖြစ်တာ တစ်ဆယ့်ရှစ်နှစ်လို့ပြောရင်ယုံကြည်ကြပါ့မလား။ ၉၀ ခုနှစ်များစီက ပေါ်ပြူလာအတော်ဖြစ် ခဲ့တဲ့ dance club တစ်ခုရဲ့ The Twilight Zone မှာ တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာပါ။ အဲ….ကလပ်ရှိတဲ့ အဆောက်အဦးကြီး ရဲ့ စာအုပ်အရောင်းဆိုင်တစ်ခုမှာ management ဝန်ထမ်းအဖြစ် ကျွန်တော်အလုပ်လုပ်နေတုန်း ဆိုင်ကို ပုံမှန်လာနေကျ customer တစ် ယောက်ဖြစ်ကြောင်း မျက်မှန်းတန်းမိနေတာကြာပြီလို့တော့ဝန်ခံပါတယ်။ မကြာခဏဆိုသလို Sci-Fi Fiction တွေအကြောင်း ၊ ပြီးတော့ သူအထူးတလည်စိတ်ဝင်စားတဲ့ Star Trek ကိစ္စတွေကို စကားလက်ဆုံကျမိတတ်တယ်ပေါ့။ ညပိုင်း Club မှာတွေ့ကြရင် တစ်ယောက်နဲ့ တစ်ယောက် hi လုပ် ၊ တစ်ချက်ပွေ့ဖက်နှုတ်ဆက် စကားအနည်းငယ်ပြောပြီး ကိုယ်လုပ်လက်စအလုပ်ကို ဆက်လုပ်ကြတယ် သည် လောက်ပေါ့။ မြူးကြွတဲ့ ဂီတသံစဉ်တွေကြား ကပွဲကြမ်းပြင်ပေါ် တစ်ခါတလေ တွန်းတိုက်မိတာလည်းရှိတယ်။ စာအုပ်ဆိုင်ကိုလာတိုင်း အပြင်ကို လေညှင်းခံထွက်ဖို့ နှစ်ကြိမ်လောက်သူ့ကို ကျွန်တော်ဖိတ်ခေါ်မိလုလု ဖြစ်ဖူးတယ် ပြောရမယ်။
နှစ်ကြိမ်စလုံး စကားလုံးတွေ နှုတ်ဖျားမှာပျောက်ရှကုန်တာပါပဲ။ ဘာကြောင့်ဆို အငြင်းခံရမှာကို ကျွန်တော်ကြောက်လန့်နေခဲ့လို့ပါ။ ဇေယျာလင်းက အတော်ချောသည့်အပြင် ချစ်စရာသွင်ပြင်လည်းရှိတာမို့ ကျွန်တော့်လိုအသွင်အပြင်ရှိသူတစ်ယောက်ကို ကြိုက်နှစ်သက် ဖို့ဆိုတာ ဝေးပါတယ်။ အဲသလိုပြောလို့ ကျွန်တော်က ရုပ်ဆိုးသူတစ်ယောက်တော့မဟုတ်ပါဘူး။ တွေ့ကြုံဆုံကြဘူးသူ မိတ်ဆွေအများ စုက ကျွန်တော်ဟာ ရုပ်ရည်ချောမောသူ စာရင်းထဲမပါပေမယ့် cute ဖြစ်လွန်းတယ်လို့ မပြောဘူးသူမရှိသလောက်ဘဲ။ ကျင်လည်ဖူးတဲ့ သိုင်းလောကထဲမှ Homosexuals အများစုက ကျွန်တော့်ဆို ငြင်းဆန်တဲ့လူ ရှားပါတယ်။ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်၊ မြောက် ပင့်လွန်းတယ်လို့ ဆိုချင်ဆို ဇာတ်လမ်းတွဲ သရုပ်ဆောင်မင်းသား စည်သူရဲထွဋ် (Sithu Ye Htut) လိုရုပ်ရည်ပိုင်ရှင်များပင် ကော်ဖီ date ဖို့အကြောင်းပြတောင်းဆိုတာတွေ မကြာခဏခံရသူပါပဲ။ သည်လိုနဲ့ အရွယ်ရောက်ပြီးနှစ်ကာလတွေကို complain တက်ခံရသူ မဟုတ် ဘဲ ကျော်ဖြတ်လာတာ ကြာပြီဆိုပါတော့။ ငယ်စဉ်ကတော့ အရည်ရှည်ရှည် ပိန်ပိန်သွယ်သွယ် သွားစွယ်တွေနဲ့ ကောင်ကလေးဟာ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နေလာခဲ့တာ။ ဒါပေမယ့် အထက်တန်းကျောင်းပြီးလို့ ဆယ်နှစ်သော အချိန်ကာလအရောက်မှာတော့ အလွန့် အလွန်ဆွဲဆောင်မှုရှိတဲ့ ငနဲအချို့နဲ့ပတ်သက်ဖူးတဲ့ မှတ်တမ်းအချို့ရှိနေပါပြီ။ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းရှုကောင်းတဲ့ အမျိုးသားတစ် ယောက်အဖြစ် ယုံကြည်ဖို့ခက်ခဲနေဆဲ ဒါမှမဟုတ် ကပွဲကြမ်းပြင်ပေါ် အတူတွဲကဖို့ ဖိတ်ခေါ်ခံ ရလောက်သူအဖြစ် မထင်မှတ်ရဲသေးသူ ပါ။ ဆိုတော့ ခရီးတော့ထွက်တာကြာပြီ အဝေးကြီးရောက်ဖို့လိုသေးတယ်လို့ပြောနိုင်ပါတယ်။
အချိန်ကာလ အနည်းငယ်ဖြတ်သန်းပြီးနောက် ဇေယျာက ဟိန်းမင်းသူဆိုတဲ့ သူ့ဘော်ဒါတစ်ပွေနဲ့အတူ New York ကိုပြောင်းရွှေ့သွား သလို ကျွန်တော်သည်လည်း သူရိန်ဦးဆိုတဲ့ သူငယ်ချင်းနဲ့ ပေါင်းသင်းရင်းနီးခဲ့ပါတယ်။ အဲသည်ကတည်းက ဇေယျာနဲ့ ကျွန်တော် တစ် ယောက်နဲ့တစ်ယောက် ထပ်မတွေ့ဖြစ်ကြတော့ပါဘူး။ ဘယ်သူတွေရဲ့ ဘယ်လိုဆက်ဆံရေးက ဘယ်လောက်တည်မြဲမယ်ဆိုတာ ဘယ် သိနိုင်မှာလဲလေ။ ဟိန်းမင်းသူက ဇိုးငနဲလေးမို့ အသောက်အစားကိစ္စနဲ့ပြဿနာမကင်းသလို သူရိန်ဦးကလည်း ကျွန်တော့်ငွေကြေး များကို အလွှတ်မဲ့သုံးစွဲတတ်သူဖြစ်တာကြောင့် ခွာပြဲသွားကြတဲ့အဖြစ်ကို နောက်ပိုင်း စကားဆက်စပ်မိမှ ပြောကြတာ အမှတ်ရတယ်။ ဖြတ်သန်းခဲ့ကြတဲ့ ကြားကာလ ခြောက်နှစ်သောအချိန်တွေကို သက်ဆိုင်ရာ ရင်းနှီးပတ်သက်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကိစ္စ၊ ကိုယ့်ပါတနာတွေရဲ့ ပြဿနာပေါင်းစုံဖြေရှင်းရတဲ့ကိစ္စအပြင် ကိုယ်တွေနဲ့မသက်ဆိုင်စွာ မိသားစုအရေးအရာတွေပါ ခေါင်းထဲထည့် ဖြေရှင်းရင်း ကုန်ဆုံးခဲ့တယ်ပြောရမယ်။
ကျွန်တော့်ကိစ္စကိုပဲ ပြောရရင် သူရိန်ဦးနဲ့ဇာတ်လမ်းက သိပ်မကြာလိုက်ဘဲ ကွဲပြဲသွားခဲ့ပြီး အံ့အားသင့်စရာကောင်းလောက်အောင် ပြီးပြည့်စုံတဲ့ မျိုးကျော်ဆိုတဲ့ကောင်လေးကို စတင်ချိန်းဆိုတွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေကို ချစ်တယ်လို့ပါးစပ်ကပြောနေသော် ငြား အတွင်းစိတ်အစဉ်ကတော့ ဇေယျာစီကိုပဲ တဝဲလည်လည်ရယ်ပါ။ ကျွန်တော် မကြာခဏဆိုသလို ပြီးပြည့်စုံသူလေး မျိုးကျော်နဲ့ ချိန်းတွေ့ရင် ဘာတွေဆက်ဖြစ်မလဲ သိချင်စိတ်တော့ရှိတာပေါ့။ သို့သော် သူသည် အခြားသောအကြောင်းအရာတရပ်လို့ပဲ ခံစားရ တယ်။ ဇေယျာမဟုတ်တဲ့ အခြားသူတွေများစွာနဲ့ ချစ်ဇာတ်လမ်းခင်းခဲ့သော်လည်း ‘ex’ စာရင်းတွေသာများသထက်များလာပါတယ်။ သြော် သူတို့တွေနဲ့ ပြဿနာအရှုပ်အရှင်းမဖြစ်ဘဲ အမုန်းမပွားဘဲ လမ်းခွဲခဲ့ကြတာပါ။ ဘယ်လိုပြောမလဲ စီနီယာကြီးတွေပြောသလို စားဘဲကြီးများ ဖြစ်နေပြီလားလို့ ကိုယ့်ဘာသာကိုယ်တွေးမိတဲ့အခါလည်းရှိတယ်။
လက်ရှိစာရေးနေတဲ့အချိန်က ၂၀၁၀ခုနှစ်ပါ။ Facebook စာမျက်နှာမှာ “remembering the nightclub Twilight Zone” ဆိုပြီး မင်မိုရီ ပြန်တက်လာတော့ ဇေယျာလင်းက အဲ့အချိန်မှာဖွင့်ခဲ့ကြိုက်ခဲ့ ကခဲ့သော သီချင်းအမည်ရယ်၊ သတိရကြောင်းရယ် မှတ်ချက်ပြုရေးသားခဲ့ တာပါ။ အစတုန်းက ကျွန်တော် အမှန်တကယ်သိခဲ့ရသော ဇေယျာလင်း ဟုတ်မဟုတ်မသေချာခဲ့ဘူး။ မျက်နှာချင်းဆိုင်တွေ့ကြတော့မှ ကြားကာလ ၁၈နှစ်ကြာဝေးကွာခဲ့ရသော သူဖြစ်နေမှန်းသိရတယ်။ Facebook က သူ့ profile ပုံကလည်း မထင်မရှားခပ်သေးသေးလေး တင်ထားတာကိုး။ ဒါပေမယ့် Friend add လိုက်ကြ တစ်ယောက်နဲ့တစ်ယောက် စကားစပြောလိုက်ကြနဲ့ တဖြည်းဖြည်းပြန်ပြီး ရင်းနီးလာ ပါတယ်။ ဟိုတုန်းက ဘယ်လိုပြောခဲ့ကြတာ၊ သည်လိုကိစ္စကို ဘယ်သူတွေနဲ့ကြုံတွေ့ခဲ့ရတာလေ စသဖြင့် အတိတ်ကာလအကြောင်း တွေ ဆက်စပ်စကားပြောဖြစ်တယ်။ ကြာလာတော့ ဘယ်တုန်းကမှ မခွဲခွာဖူးခဲ့ကြသူတွေလို တစ်ယောက်အကြောင်း တစ်ယောက်သိလာ ကြတယ်ပေါ့။
ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူးတဲ့ ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်ခဲ့သောဘဝတွေ၊ အတွေးအခေါ်တွေနဲ့ ခံစားချက်တွေကို အကုန် ဝေမျှကြပါတယ်။ ပြီးတော့ တလျှောက်လုံးလိုလို တစ်ယောက်ကိုတစ်ယောက် စွဲလမ်းမှု နှစ်သက်မှုတွေ ရှိခဲ့ကြောင်း အခြင်းခြင်းထုတ်မေး လုနည်းပါး ဝန်ခံပြောဆိုခဲ့ကြတယ်။ ဇေယျာကတော့ ပြောခဲ့သမျှစကားတွေကို ပြန်ရုတ်သိမ်းတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးသား ကြားဆက်ဆံရေး အမြန်ဆုံး နီးကပ်သွားမှာကို သူကြောက်လန့်လာလို့ပါ။ ကျွန်တော်တို့တွေ သူငယ်ချင်းအဖြစ် အရင်ဆုံး ဆက်ဆံ သင့်ပြီး တဖြည်းဖြည်းနဲ့ အဆင့်တက်ဖို့လိုလားပုံပြတယ်။ အမှားအယွင်းတစ်စုံတရာကြောင့် တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရှုံးသွားရမှာ သူ ကြောက်လန့်လို့ထင်ပါရဲ့။
E-mails အပြန်အလှန်ပို့ကြတဲ့အခါ သူက ‘မင်းက ရုပ်ရည်ချောမောနေတုန်းပဲ၊ ချစ်စရာကောင်းတယ်၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်း တယ်၊ ဟာသဉာဏ်ရွှင်တယ်၊ ပြီးတော့ ပျော်တတ်တယ်။ မင်းနဲ့လိုက်တဲ့ တစ်ယောက်ယောက်ကို အရယူနိုင်မှာ သေချာတယ်’ စသဖြင့် ရေးသားလာတဲ့အခါ ကျွန်တော်က ဟာသမြောက်အရေးအသားတစ်ခုခုနဲ့ သူ့ရဲ့လေးနက်မှုကို ဖော့ပစ်ပါတယ်။ သူက နောက်တစ်ဖန် ‘မင်းက ချိုသာယဉ်ကျေးတယ်၊ တကယ့်ကို ရုပ်ရည်ချောမောသူပဲ၊ ပြီးတော့ မင်းကိုယ်မင်း ချစ်စရာကောင်းတယ်လို့ မထင်ဘူးလား’ စကားစလာရင် ကျွန်တော်က အကြောင်းအရာတစ်ရပ်ရပ်ကို လှီးလွှဲပြောဆို ပြောင်းလဲပစ်တာမျိုး ကောင်းကောင်းလုပ်ရတာပေါ့။ နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စာပို့ ဒါမှမဟုတ် ဖုန်းဆက်ပြောဆိုကြတာ ရက်သတ္တပါတ် နှစ်ပတ်လောက်အကြာမှာ လူချင်းအပြင်မှာ မျက်နှာချင်းဆိုင်တွေ့ဖို့ စာအုပ်ဆိုင်တစ်ဆိုင်မှာ စီစဉ်လိုက်ပါတယ်။
ကျွန်တော်နည်းနည်းကြောက်လန့်နေခဲ့တာတော့အမှန်ပါ။ ကိုယ်စီ ကိုယ်စီ Facebook စာမျက်နှာရှိ ဓာတ်ပုံအယ်လ်ဘမ်တွေကို မြင်ဖူးပြီး သားဆိုပေမယ့် တကယ့်ဘဝမှာ မြင်ရမယ့်မျက်နှာနဲ့ထပ်တူ မတူနိုင်ဘူးမဟုတ်လား။ အသက်အရွယ် ၄ ထိပ်စီးပြောင်းစမို့ လူငယ် မဟုတ်တော့တာသေချာတယ်။ သည်အသက်အရွယ်ထိ ဂရုတစိုက်နေထိုင်ခဲ့တာမို့ ကျွန်တော့်ရဲ့ အမှတ်သင်္ကေတ “boyish-cuteness” လေး ပိုင်ဆိုင်သေးတာက တကယ့်ဘုရားကျေးဇူးတော်ပါပဲ။ ဖြောင့်စင်းနေတဲ့ အညိုရင့်ရောင် ဆံနွယ်တွေဟာလည်း ကြာဆံမွှေးကြိုကြား ရောယှက်စမို့ အရောင်ဖျော့စပြုပါပြီ။ အလံဖြူ အများအပြားမစိုက်သေးတဲ့အချိန်ဆိုတော့ ကံကောင်းတယ်လို့လည်းဆိုနိုင်ပါတယ်။ နဂို ကတည်းက ဆံသားပါးသူမို့ မပြောသာသော်လည်း ဆံပင်မကျွတ် ထိပ်မပြောင်တာကို ကြံဖန်သဘောကျရပါရဲ့။ ဟိုးယခင်အချိန် ငယ်ရွယ်စဉ်က ကျွန်တော့်ရုပ်ရည်ကို မမြင်ဖူးသူဆိုရင်တော့ သိပ်သတိပြုမိမယ်မထင်ပါဘူး။
အရပ်အမြင့် ၆ပေ ၂လက်မမှာ မဆိုစလောက် ခါးဆိုဒ်လေးအနည်းငယ်ပြောင်းတယ်ဆိုပေမယ့် လက်မောင်းတို့ ရင်အုံတို့ ပေါင်တံတို့ တောင့်တင်းကြံ့ခိုင်ဆဲပါ။ ထွားကျိုင်းသန်မာသူတစ်ယောက် မဖြစ်ခဲ့သလို ပိန်သွယ်သူတစ်ယောက်လည်း မဟုတ်ခဲ့တော့ ကိုယ်ပုံရိပ်နဲ့ ကိုယ် သက်သောင့်သက်သာဖြစ်စွာ နေထိုင်ခဲ့တာပဲ ကြာကြာလှပေါ့နော်။
စာအုပ်ဆိုင်ထဲကို ဇေယျာဝင်လာကတည်းက ကျွန်တော်မှတ်မိခဲ့သလို သူငယ်ချင်း နှစ်ယောက်သား တစ်ဖန်ပြန်တွေ့ရတဲ့အခိုက် ထွေး ဖက်မ၀ ဝမ်းသာအယ်လဲဖြစ်ရပါတယ်။ သူရောကိုယ်ရော တစ်ချိန်တည်းပြောလုနည်းပါးစကားက ‘မင်း ဦးခေါင်းကဆံပင်တွေ ပါးသွား တယ်နော်’ လို့ ပါးစပ်ကထွက်လာကြပြီး တစ်ယောက်ရဲ့သွင်ပြင်ကို တစ်ယောက် ရယ်ပွဲဖွဲ့မိကြတယ်။ ဇေယျာရဲ့ အညိုရင့်ရောင် ဆံပင် တွေကတော့ အရင်လို အုံထူထူမဟုတ်ဘဲ ထိပ်ပိုင်းအနည်းငယ်ပါးသယောင်ဆိုပေမယ့် ခိုင်မာတောင့်တင်းတဲ့ မျက်နှာသွင်ပြင်နဲ့ ပနံရ လှပါတယ်။ အတော်ကြည့်ကောင်းတယ်။ တနည်းပြောရရင် ကျွန်တော့်စိတ်ကူးထဲမှာ အမြဲမြင်ယောင်နေတဲ့ ပိန်သွယ်ပြီး အရပ်မြင့်မြင့် ရုပ်ရည်ချောမောသူ ဆိုတဲ့ပုံရိပ်အတိုင်းမယိုယွင်းသေးပါဘူး။ မေးရိုးနဲ့ နှာတံက ထင်းနေတာဆိုပေမယ့် ချစ်စရာကောင်းတဲ့ နှုတ်ခမ်းပုံစံနဲ့ ပြာလဲ့လဲ့မျက်ဝန်းများက ငယ်စဉ် ကျွန်တော့်အသည်းနှလုံးထဲမှာ တောက်ပခဲ့သော ကြယ်ပွင့်အတိုင်း လင်းလက်နေဆဲပါ။
ကြာဆံမွှေးအနည်းငယ်တော့ ကြိုကြားတွေ့ရသလိုပဲ။ ကိုယ်ခန္ဓာတောင့်တင်းဖြောင့်စင်းမှုကိုတော့ ဝတ်ထားတဲ့ ရှပ်အကျီ ကြယ်သီးဖြုတ် ထားတာရယ် အောက်ခံဝတ်ထားတဲ့ တီရှပ်အကျီ ခပ်ပါးပါးတို့ကြောင့် ရမှတ်ကောင်းပါတယ်။ ဟူး….အသက် လေးဆယ်တန်းမှာကိုပဲ သူဟာ အတော်ကြည့်ကောင်းလွန်းလှသူပါ။ နှစ်ဦးသားပွေ့ဖက်နှုတ်ဆက်ကြတော့ သန်မာတဲ့ ကျောပြင်ကို ကျွန်တော့်လက်ချောင်းများနဲ့ စမ်းသပ်မိရသလို မို့မောက်ပြည့်တင်းတဲ့ ရင်အုပ်များကလည်း အထိအတွေ့နဲ့တင် ကျွန်တော့်ကိုရင်ခုန်စိတ်လှုပ်ရှားစေပါတယ်။ ‘ဟေး…. ငါတို့နှစ်ယောက်က သူငယ်ချင်းတွေနော်….ဟိုဟိုသည်သည်မဟုတ်တာတွေ လျှောက်မတွေးနဲ့’လို့ ကိုယ့်ဘာသာကိုယ် သတိပေးရ တဲ့အဖြစ်ပါ။
နှစ်ယောက်သား ဖတ်ဖြစ်ကြတဲ့ စာအုပ်တွေအကြောင်း၊ လုပ်ကိုင်နေတဲ့ အလုပ် သို့မဟုတ် စီးပွားရေးအကြောင်း အပြန်အလှန်ပြောဆို ကြရင်း နောက်တစ်နာရီလောက်ကြာသွားတယ်။ လျှပ်ပျက်သလို ခံစားမှုတွေပေးခဲ့တဲ့ Star Trek series နဲ့ အခြားသော ရုပ်ရှင်များ အကြောင်း စကားဆက်လိုက်ကြတာ အီစီကလီထုဖို့အချိန်ကိုမရဘူးရယ်။နောက်ဆုံး နှစ်ယောက်စလုံး ဗိုက်ဆာလာကြမှ နေ့လယ်စာကို Chilli’s မှာသွားစားဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ကားထဲ သူဝင်ထိုင်လိုက်တာမို့ မမေးတော့ဘဲ မောင်းထွက်လာရင်း ဇေယျာနဲ့ ပြန်ရင်းနီးရတာ ပျော်မိကြောင်း ပြောမိတယ်။ သူ့စီက ရယ်သံလွင်လွင်ထွက်လာပုံအရ အဲ့စကားမှန်ကြောင်း သဘောတူတဲ့ပုံပါ။
နေ့လယ်စာအချိန်ဖြတ်သန်းပြီးနောက် ပြောကြဆိုကြတဲ့အကြောင်းအရာအချက်အလက်တွေဟာ ပိုမိုလေးနက်လာသလို နှစ်ယောက် သားရင်ထဲမယ် စွဲထင်ကျန်နေဆဲ ယခင်ကြုံဆုံဖူးခဲ့တဲ့ ဆိုးရွားတဲ့ RS တွေအကြောင်းဆွေးနွေးပြောဆိုကြရင်း ၉၀ခုနှစ်များစီက တစ် ယောက်ကိုတစ်ယောက် ငြိတွယ်ခဲ့တာရယ်၊ နှစ်ဦးသားကြား ဆက်ဆံရေး ဘယ်လိုအကြောင်းကြောင့် အေးဆက်ပြတ်တောက်ခဲ့ရ တယ် ဆိုတာရယ် သုံးသပ်ပြောဆို အဆုံးသတ်လိုက်ကြတယ်။ ကျွန်တော်နဲ့ ဇေယျာတို့နှစ်ယောက်ကြား ဘဝအဘိဓမ္မာခံယူချက်တွေက တော် တော့်ကိုတူနေတယ်။ နောင်တရမယ့်အလုပ်တွေကို မလုပ်သလို လုပ်ခဲ့တဲ့အလုပ်တွေအပေါ်လည်း နောင်တမရတတ်ဘူး။ ဘဝဆိုတာ ပုံသေကားချပ်ဆွဲလို့မရသလို သင်ခန်းစာတွေကနေသင်ယူရမှာ အသေအချာပဲ။ အခက်အခဲတွေ ရှုံးနိမ့်မှုတွေကို ကျွန်တော်ရော ဇေယျာ ရော ဆင်ခြေမပေးဘဲ ပိုကောင်းသည်ထက်ကောင်းအောင် ကြိုးစားလုပ်ကိုင်ရင်း ဖြတ်သန်းလာကြတာ ဟိန်းမင်းသူတို့ သူရိန်ဦးတို့လို လူတွေနဲ့ Relationship တည်ဆောက်ခဲ့မိခြင်းကတော့ ချွင်းချက်ပေါ့။ သူတို့ဟာ ကျွန်တော်နဲ့ ဇေယျာအတွက် လက်တွဲဖော်ကောင်း မဟုတ်ခဲ့ကြဘူး။ အရင်ကပြောခဲ့ဘူးသလို အရသာအသစ်အဆန်းကို မတော်တဆမြည်းစမ်းဖြစ်ကြတဲ့အခြေအနေမျိုးလိုပါပဲ။ ကျွန်တော် နဲ့ ဇေယျာ မျက်ဝန်းခြင်းအကြည့်ဆုံကာ တစ်ယောက်ကိုတစ်ယောက် နှစ်လိုစွာပြုံးပြမိသလို စားပွဲပေါ်တင်ထားတဲ့ လက်အစုံဟာလည်း မထိခလုပ်ထိခလုပ် တွန်းတိုက်မိကြတယ်။
ဇေယျာ သူ့တိုက်ခန်းကိုပြန်တဲ့အချိန် ကျွန်တော်ဘာကိုမျှော်လင့်ပြီး လိုက်သွားမိမှန်း ကိုယ့်ကိုယ်ကိုယ်တကယ်မသိဘူးရယ်။ Chilli’s မှာ ထိုင်မိတဲ့ အချိန်အခိုက်အတန့်လေးမှာပဲ စကားအပေါက်အလမ်းတည့်ပြီး DVD collections လုပ်တဲ့အကြောင်းအရာတွေအထိ ပြောဖြစ် ကြတယ်။ သူ့တိုက်ခန်းကိုပြန်တော့ စုသိမ်းထားတဲ့ “Clue” ဂိမ်းရဲ့ ဟိုးယခင်က vintage editions အချို့ကိုလိုက်ကြည့်ဖို့ဖိတ်ခေါ်တယ် လေ။ ဇေယျာ့လို board game collector တစ်ယောက်က အခြားအကြောင်းပြချက် မရှိဘူးဆိုတာ ကျွန်တော်ယုံကြည်မိတာ လည်းပါ တယ်။ ကျွန်တော်တို့နှစ်ဦးသား ဘာရယ်မဟုတ် ပျော်ရွှင်ရယ်မောခဲ့ကြတယ်။ Bookstore ရဲ့ကားပါကင်ဘက်မှာ သူ့ကိုချပေး ခဲ့ပြီး မြို့ရဲ့ဘယ်အစိတ်အပိုင်း ဘယ်ရပ်ကွက်မှာနေတယ်ဆိုတာ ကြားခဲ့ရတာမို့ အဲသည့်လမ်းဘက်ကို ကျွန်တော့်ကားကို ဦးတည်ထား လိုက်တယ်။ ဇေယျာကားထွက်လာမှ သူ့နောက်ပါးကနေ မျက်ခြေမပြတ်အောင်လိုက်မောင်းသွားတယ်ပေါ့။
ကျွန်တော့်နှလုံးခုန်သံတွေဟာ လမ်းမနံဘေးက နီယွန်လမ်းမီးတိုင်များကြောင့်ရော၊ သူ့ကားနောက်ကြည့်မှန်လေးကတစ်ဆင့် ကျွန်တော့် ကို ပြန်ကြည့်လိုက် လက်ဝှေ့ယမ်းပြလိုက်လုပ်တာကြောင့်ရော ပိုမိုခုန်ပေါက်လာခဲ့ပါတယ်။ ကျွန်တော်လည်း လက်ကို အသာပြန်ဝှေ့ ယမ်းပြမိရင်းက လက်ရှိအခြေအနေ အမူအယာ ခံစားချက်တွေက ဘာကိုဆိုလိုမှန်း ပိုမိသိချင်လာရော။ ကျွန်တော်တို့ နှစ်ယောက်စလုံး သည် လိင်တူချစ်သူများဖြစ်ကြသလို စကားပြောဆိုဆက်ဆံ အမူအယာတွေက မကြာခင်အချိန်မှာ အိပ်ရာအခန်းထဲ အတူဝင်ကြတော့ မယ်လို့ အလိုအလျောက်အဓိပ္ပာယ် မရောက်သွားလောက်ပါဘူးနော်။ ‘ငါတို့တစ်ယောက်ရဲ့ စရိုက်သဘာဝကို အခြားတစ်ယောက်က နှစ်သက်ကြ ကြိုက်ကြတယ်….အခြားပေါက်တတ်ကရတွေ မစဉ်းစားစမ်းနဲ့’ လို့ ကျွန်တော် ကိုယ့်ဘာသာကိုယ် ပြောခဲ့မိတယ်။
ဘာတွေဖြစ် ဘယ်လိုတွေရှေ့ဆက်ဖြစ်ကြမှာပါလိမ့်။ ကျွန်တော့်ဘဝမှာ ဇေယျာ့ကို နောက်တစ်ကြိမ်ပြန်ဆုံတွေ့ရခြင်းဟာ အတော်ဝမ်း မြောက်စရာကိစ္စတစ်ခုဖြစ်ကြောင်းကိုတော့ သူ့ကိုပြောပြခဲ့ချိန်က ရင်ခုန်နေခဲ့တာသတိထားမိတယ်။ ဇေယျာနဲ့ ကျွန်တော်တို့ နှစ်ယောက်သားမှာ ကိစ္စအတော်များများကြုံဆုံဖြေရှင်းခဲ့တာတွေ၊ ဘဝနေထိုင်မှှုဟန်ပန်တွေ၊ အကျင့်စရိုက်တွေက ဆင်တူနေတာ ကြောင့် အသစ်တစ်ဖန်စတင်တဲ့ ခင်မင်မှုကို သာမန်ကြုံဆုံဖြစ်သောလူတွေထက်ပိုပြီးကျွန်တော်တန်ဖိုးထားပါတယ်။
ဇေယျာရဲ့ Apartment က ကျွန်တော်တွေးထင်ထားတဲ့အတိုင်းပါပဲ။ သုံးဖို့လိုအပ်သလောက် အိမ်ထောင်ပရိဘောဂတွေနဲ့သာ အခန်း တွေကို ဖွဲ့စည်းထားတယ်။ စဉ်တွေပေါ်ရှိနေတဲ့ စာအုပ်တွေ၊ DVDs နဲ့ Toys တွေအတော်များများက sci-fi ရုပ်ရှင်ရယ် တီဗီစီးရီးတွေ ရယ်ကနေဆင့်ပွား စုစည်းထားပုံရတယ်။ အိမ်အခန်းဖွဲ့စည်းပုံလေးက သူ့လိုပဲ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့နေရာလေးပါ။ သူ့ရဲ့ board game collectionကို ဂုဏ်ယူဝင့်ကြွားစွာ ဒီဇိုင်းဆင် ပြသထားပုံက တကယ်အထင်ကြီးစရာပဲ။ “Clue” ဆိုတဲ့ ဂိမ်းရဲ့ နှစ်ကာလအလိုက် ဆင့်ကဲပြောင်းလဲပုံကို ကြည့်ရတာကိုက ခေတ်ရေစီးရဲ့လိုအပ်ချက်ကို ရောင်ပြန်ဟပ်နေသလိုထင်ရတယ်။ ဘယ်လိုဖြစ်ဖြစ်ပါ ကျွန်တော့် နံဘေးမလှမ်းမကမ်းမှာ ရပ်နေတဲ့ သူ့ဆီက ကိုယ်ငွေ့နွေးနွေးကြောင့် အိမ်ရဲ့အခြားသော အခန်းတွေ ဘက်ကို စပ်စုချင်စိတ်က ဝင်ဝင် လာတယ်။ သူပြောပြနေတဲ့ စကားရဲ့အကြောင်းအရာကို အာရုံစိုက်ဖို့ ကိုယ့်ဘာသာကိုယ် တွန်းအားပေး ရတဲ့အဖြစ်လို့ဆိုနိုင်ပါတယ်။
နောက်တော့ သူ New York မှာ နေခဲ့စဉ်ကမှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံတွေထည့်ထားသော photo album ဆွဲထုတ်လာပြီး ဆိုဖာရှည် ပေါ်ထိုင်ချလိုက်ကာ သူ့နံဘေးမှာ ကျွန်တော့်ကိုထိုင်ကာကြည့်စေပါတယ်။ ကျွန်တော်ဝန်ခံပါတယ် ကြုံဆုံနေရသော ပတ်ဝန်းကျင်ရယ်၊ အချိန်ရယ်၊ အခြေအနေတွေရယ်က ဇေယျာဆိုသောသူ့အပေါ် ပုံမှန်တွေ့နေကြသူငယ်ချင်းများထက် အမြတ်ထုတ်ဖို့ဖြစ်လာတယ်။
9/11 terrorist attacks ကြောင့် ဖြစ်ပျက်သွားတာကို သူမှတ်တမ်းတင်မိခဲ့တဲ့ ဓာတ်ပုံကို လက်ညှိုးထိုးပြမှ ဝမ်းနည်းစာနာစိတ်ဝင်မိပြီး အာရုံပြန်ကပ်တယ်။ ကျွန်တော်သာဆို အဲသည့်အချိန် အဲသည့်နေရာမှာ ဘယ်လိုနေထိုင်လုပ်ကိုင်ရပါ့မလဲလို့ တွေးလို့ကိုမရဘူး။ သည်အတွေး သည်လိုခံစားချက်မျိုုးက ဇေယျာ့ကို အနှောင့်အယှက်ခံစားချက်မျိုးပေးနေတုန်းထင်ပါတယ်။ သူ့လက်ဖဝါးအစုံကို ကျွန်တော် ဆုပ်ကိုင်ပြီး နှစ်သိမ့်လိုက်ရတယ်ဗျာ။
သည်လိုပြုမူလိုက်ခြင်းက တမင်လုပ်လိုက်ခြင်းမဟုတ်ဘဲ သဘာဝအရ စိတ်ထဲကခံစားချက်ကို ခန္ဓာကိုယ်ကလိုက်လံနာခံခြင်းဖြစ်ပါတယ်။ သူ့စိတ်ခံစားချက်ဘာဖြစ်သွားတယ်ဆိုတာအလိုလို ကျွန်တော်သိလိုက်ပြီး လက်ကိုဖျစ်ညှစ်ခြင်းက မင်းဘာကိုခံစားရတယ်ဆိုတာ နားလည်တယ် အသိအမှတ်ပြုတယ်ပေါ့ဗျာ။ ကြိုတင်ကြံစည်ထားတာ ကြံရွယ်ထားတာမဟုတ်ဘဲ ဆုပ်ကိုင်ထားမိတဲ့ သူ့လက်ကို မလိုက် ပြီး ကျွန်တော့်နှုတ်ခမ်းအစုံနဲ့ နုနုညံ့ညံ့နမ်းရှိုက်ခဲ့ပါတယ်။ ဖယောင်းတိုင်တွေလို စီရရီညီပြီးတုတ်ခိုင်တဲ့ သူ့လက်ချောင်းတွေကိုစေ့ငု ကြည့်မိ သည်သာမက ကျွန်တော့်နှုတ်ခမ်းသားတွေနဲ့ပွတ်တိုက်မိတဲ့ သူ့လက်ခုံက အမွှေးနုအနည်းငယ်ရဲ့အထိအတွေ့ကိုပါ အာရုံ နှစ်မျိုးခံစားလိုက်ရတယ်။ လက်ချောင်းလေးတွေ အရွယ်ညီပြီး သန်မာအားကောင်းတဲ့ လက်အစုံကို အစကတည်းက တပ်မက်တတ်တဲ့ ကျွန်တော့်အတွက် ဇေယျာရဲ့လက်တွေဟာ လိင်စိတ်ကြွလာစေတယ်လေ။ ဟုတ်တယ်…အသားအရေက နုညံ့တယ် ဒါပေမဲ့ ယောက်ျား ပီပီသသ တုတ်ခိုင် သန်မာတဲ့ လက်အစုံပါ။
ဇေယျာရဲ့ မျက်နှာကို မော့ကြည့်လိုက်တော့ ကြည်လင်တောက်ပတဲ့ သူ့မျက်လုံးအစုံဟာ ကျွန်တော့်ကို အုပ်မိုးစိုက်ကြည့်နေခဲ့ပါတယ်။ ဆုပ်ကိုင်ထားတဲ့ လက်အစုံကို လွှတ်လိုက်ပြီး ကျွန်တော့်လက်တွေကို သူ့ပါးပြင်နှစ်ဖက်စီ နေရာရွှေ့စေတယ်။ အစကနဦးတော့ နုညံ့တဲ့ ပါးပြင်ပေါ်က အမွှေးငုတ်စိလေးတွေကို တို့ထိခံစားမိပြီးနောက် သူ့မျက်နှာကို ကျွန်တော့်မျက်နှာစီ ဆွဲယူတိုးကပ်ပစ်မိရော။ တုန့်ပြန် ရုန်းကန်မှုမရှိ အလိုက်သင့်အလျားသင့်ပါပဲ။ နှစ်ဦးသားရဲ့ နှုတ်ခမ်းအစုံဟာ သွေးတိုးစမ်းသလို နုနုညံ့ညံ့တို့ထိနမ်းရှိုက်ကြပြီး ဇေယျာ ဘက်က ပါးစပ် အနည်းငယ်ဟကာ ကျွန်တော့်နှုတ်ခမ်းအစုံကို ဆာလောမွတ်သိပ်စွာ စတင်သွေးတိုးစမ်း နမ်းလာတယ်။ တစ်ယောက်ရဲ့ လျှာဟာ အခြားတစ်ယောက်ရဲ့ အာခံတွင်းထဲက အစိတ်အပိုင်းတွေကို စူးစမ်းရှာဖွေ စတင်စမ်းသပ်ကြတယ်။ ဇေယျာလည်း သူ့လက် အစုံကို ပင့်မြောက်ကာ ကျွန်တော့်မျက်နှာကို အသာအယာထိန်းကိုင်တာမို့ နှစ်ယောက်သားရဲ့အနမ်းစစ်ပွဲက အသက်ရှူငွေ့တွေပါ အနံ့ခံမိသလိုလို။ ငါ့လူရေ….သည်ကောင်ဟာ အနမ်းတော်တော်ကျွမ်းကျင်တဲ့သူဟ။
ဇာတ်ရှိန်သေသွားမှ အနမ်းစစ်ပွဲကိုရပ်တန့်လိုက်ကြရင်း လေ၀၀ရှူကြပါတယ်။ ဆိုဖာခုံရှည်ေ့ပါ် အသာအယာထိုင် တစ်ယောက်မျက်နှာ တစ်ယောက် ကိုင်ရင်း ရင်ထဲအသည်းထဲက ပျော်ရွှင်မှုတွေ တလှိုက်လှိုက်ခံစားရင်း ပြုံးမိကြပါတယ်။
“I love you,” လို့ ကျွန်တော် ဇေယျာကိုပြောခဲ့တယ်။
‘သည်ရက်ပိုင်းအတွင်း တွေ့ကြုံခံစားရတာတွေက ငါ့ဘဝမှာ တစ်ခါမှ မကြုံဆုံ မခံစားဖူးတဲ့ ခံစားချက်တွေပဲကွာ။ အချိန်အကြာကြီး အခုလိုအခိုက်အတန့်ကို စောင့်နေခဲ့ရသလိုမျိုး။’
ဇေယျာလည်း ချောင်းတစ်ချက်ဟန့် လည်ချောင်းရှင်းလိုက်ရင်း ခပ်တိုးတိုးလေသံနဲ့ “I love you too. တစ်ခါတလေ မင်းပြောတဲ့စကား တွေ ရေးတဲ့စာတွေက မသေချာသလိုမို့ ငါ့ဘက်က မျှော်လင့်ချက် မထားချင်ခဲ့တာ’
ကြည့်ရတာ ကျွန်တော်တို့နှစ်ဦးသားအတွက် အချိန်အခိုက်အတန့်လေးတစ်ခုကို ဘုရားသခင်က စီမံလိုက်ပုံပဲ။ ဒါမှမဟုတ် ဘဝရဲ့ ပုံသေကားချပ်ဖြစ်စဉ်တွေထဲက တစ်ခုသောအဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်နိုင်ပါတယ်။
ဒုတိယအကြိမ်ပေးတဲ့ ကံကြမ္မာရဲ့ အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်မလားဘဲ။
To be continued…
No comments:
Post a Comment