ကလေးသူငယ်လိင်အကြမ်းဖက်သူများအကြောင်းလေ့လာမှုများရှိသော်လည်းကလေးသူငယ်ကိုအခြားကလေးသူငယ်က လိင်အကြမ်းဖက်မှု(ကလေးသူငယ်ချင်းလိင်အကြမ်းဖက်မှု)အကြောင်းလက်ရှိအချိန်ထိ သိရှိထားသမျှသည် အမျိုးသားလိင်အကြမ်းဖက်သူများကိုလေ့လာခြင်းမှသိရှိထားခြင်းဖြစ်သည်။
အရွယ်မရောက်သေးသည့်ကလေးမလေးက အခြားကလေးတစ်ယောက်အပေါ်လိင်အကြမ်းဖက်မှုနှင့်ပတ်သက်၍ထုတ်ဖော်ပြောကြားမှုများ၊သတင်းအချက်အလက်များရှားပါးသလိုလေ့လာမှုလည်းအလွန်နည်းပါသည်။
ကလေး၊ သို့မဟုတ် မြီးကောင်ပေါက်အရွယ်လိင်အကြမ်းဖက်သူများ၏အပြုအမူများကို ဆိုးရွားပြင်းထန်သည့်အပြုအမူများဟု လူ့အဖွဲ့အစည်းကရှုမြင်လေ့မရှိပါ။
ကျွမ်းကျင်သူပရော်ဖက်ရှင်နယ်များ၊မိဘများနှင့်သက်ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်များကတောင်လိင်အကြမ်းဖက်မှုကျူးလွန်သည့်ကလေးငယ်များကို`ကလေးသူငယ်ကိုအကြမ်းမဖက်ဘဲ လိင်ဆက်ဆံလိုသူများ(Child Molesters)´၊သို့မဟုတ် `လိင်နှင့်ပတ်သက်သည့်ပြစ်မှုကျူးလွန်သူများ´ဟုတံဆိပ်ကပ်သတ်မှတ်ရန် တွန့်ဆုတ်တတ်ကြသည်။
သို့သော် မကြာသေးခင်ကလေ့လာမှုများအရ ကလေးသူငယ်ချင်းလိင်အကြမ်းဖက်သူများသည် ဆယ်ကျော်သက်အရွယ်၊သို့မဟုတ် ပိုပြီးငယ်ရွယ်သည့်အရွယ်ကတည်းက လိင်အကြမ်းဖက်မှုကိုစတင်လုပ်ဆောင်တတ်ကြောင်းတွေ့ရသည်။ ကလေးသူငယ်ချင်းလိင်အကြမ်းဖက်သူများထဲကတစ်ဝက်လောက်သည် သူတို့၁၈နှစ်အရွယ်လောက်ကတည်းက လိင်အကြမ်းဖက်မှုကိုကျူးလွန်
တတ်ကြပြီး အများစုကတော့ ရှစ်နှစ်၊ကိုးနှစ်အရွယ်လောက်ကတည်းက စတင်ကျူးလွန်တတ်ကြသည်။ကလေးသူငယ်၏ လိင်အကြမ်းဖက်မှုသည် သူငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာနှင့်အပြုအမူပိုင်းဆိုင်ရာပြင်းထန်သည့်ပြဿနာများရှိခဲ့ကြောင်းပြသနေသလို
သူလူကြီးဘဝရောက်သည်အထိ ထိုပြဿနာများသည် ဆက်လက်ကြီးထွားပြီးပါသွားတတ်သည်။
သို့သော် အခြားကလေးသူငယ်ကို လိင်အကြမ်းဖက်မှုကျူးလွန်သည့်ကလေးသူငယ်အများစုသည် လူကြီးဖြစ်လာသည့်အခါ လိင်အကြမ်းမှုကိုဆက်မလုပ်တော့ချေ။သို့သော် မည်သူတွေကဆက်လက်ကျူးလွန်ပြီး မည်သူတွေကဆက်မလုပ်တော့ဘူးလဲ ဆိုသည်ကိုတော့ သေချာမသိရသေးချေ။
တစ်ကြိမ်မကလိင်အကြမ်းဖက်မှုကျူးလွန်ဖူးသူများ၊အခြားသူကို ပြင်းပြင်းထန်ထန်လိင်အကြမ်းဖက်ဖူးသူများ၊ဆယ်ကျော်သက်အရွယ်ရောက်မှလိင်အကြမ်းဖက်ဖူးသူများကတော့ လူကြီးဖြစ်လာပြီးနောက်ပိုင်းမှာလည်း ကလေးသူငယ် လိင်အကြမ်းဖက်မှုကို
ဆက်လက်ကျူးလွန်ရန်အလားအလာပိုများသည်။
လေ့လာမှုများအရ ကလေးတစ်ယောက်က အခြားကလေးတစ်ယောက်ကိုလိင်အကြမ်းဖက်ရသည့် အကြောင်းရင်းအများကြီးရှိသလို အကြမ်းဖက်မှုဆီဦးတည်သွားစေသည့်လမ်းကြောင်းတွေလည်းအများကြီးရှိပါသည်။
လိင်အကြမ်းဖက်မှုကျူးလွန်သည့်ကလေးအားလုံးမှာ တွေ့ရသည့် အကြောင်းရင်းတစ်ခု၊ပုံစံတစ်ခုတည်းပြောပါဆိုမည်သူမမျှမပြောနိုင်ချေ။
လိင်အကြမ်းဖက်မှုကျုးလွန်သည့်ကောင်လေးတွေကို ခွဲခြားနိုင်သည့် စနစ်အမြောက်အမြားကိုပညာရှင်တွေကအကြုံပုထားပြီးဖြစ်ပါသည်။ အမေရိကန်စိတ်ပညာရှင်များဖြစ်သည့် Michael O'Brienနှင့် Walter Beraတို့ဖော်ထုတ်ထားသည့် လိင်အကြမ်းဖက်မှုကျူးလွန်သည့်ကလေးသူငယ်အမျိုးအစား ၇မျိုး သည်
အသုံးဝင်ပါသည်။
မြီးကောင်ပေါက်အရွယ်လိင်အကြမ်းဖက်သူတိုင်းအတွက်ကျင့်သုံးနိုင်မည့် နည်းလမ်းတစ်ခုကိုမည်သူမျှမရှင်းပြနိုင်ပါဘူးဟု Michael O'Brienနှင့် Walter Bera တို့ကအလေးအနက်ပြောထားပါသည်။
သူတို့ဖော်ထုတ်ခဲ့သည့် လိင်အကြမ်းဖက်မှုကျူးလွန်သည့်ကလေးသူငယ်အမျိုးအစား ၇မျိုး တွင် လိင်အကြမ်းဖက်မှုကျူးလွန်သူအမျိုးမျိုး၏ အစောပိုင်းဖွံ့ဖြိုးမှုပုံစံကိုတွေ့နိုင်သည်။
အတွေ့အကြုံမရှိသေးသည့် လက်တွေ့စမ်းသပ်သူ
+++++++++++++++++++++
လိင်အကြမ်းဖက်မှုကျူးလွန်သည့်ကလေးသူငယ်အမျိုးအစား ၇မျိုး တွင်ပထမတစ်မျိုးမှာ အတွေ့အကြုံမရှိသေးသည့် လက်တွေ့စမ်းသပ်သူဖြစ်သည်။
ထိုကလေးများသည် အသက်၁၁နှစ်မှ၁၄နှစ်ကြားရှိတတ်ပြီး ငယ်စဉ်ကပြဿနာရှိခဲ့သည့်နောက်ကြောင်းရာဇဝင်ရှိခဲ့သည်။သူသည် မြီးကောင်ပေါက်အရွယ်များနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သော်လည်းလိင်ပိုင်းဆိုင်ရာအရ အတွေ့အကြုံမရှိသေးသည့် အဖြူထည်လေးဖြစ်သည်။သူသည် ခြိမ်းခြောက်ခြင်း၊အင်အားသုံးခြင်းမရှိဘဲအခြားကလေးငယ်နှင့် လိင်ပိုင်းဆိုင်ရာစူးစမ်းသည့်အပြုအမူအချို့ကို လုပ်တတ်သည်။သူ့ကိုလိင်အကြမ်းဖက်မှုကျူးလွန်အောင်စေ့ဆော်သည့်အရာမှာ အသစ်ဖွံ့ဖြိုးလာသည့် လိင်ပိုင်းဆိုင်ရာခံစားချက်များကြောင့် လေ့လာစူးစမ်းပြီးလက်တွေ့စမ်းသပ်လိုစိတ်ဖြစ်ပုံရသည်။
အဖော်မမင်ဘဲ နိုင်ထက်စီးနင်းလုပ်သူ
+++++++++++++++++++++
လိင်အကြမ်းဖက်မှုကျူးလွန်သည့်ကလေးသူငယ် ဒုတိယတစ်မျိုးမှာ အဖော်မမင်ဘဲ နိုင်ထက်စီးနင်းလုပ်သူဖြစ်သည်။သူသည် များသောအားဖြင့်တစ်ယောက်တည်း၊ သို့မဟုတ် သူ့ကိုအသိအမှတ်ပြုလေးစားလက်ခံသည့်ကလေးများနှင့်သာကစားတတ်သည်။
သူ့အရွယ်သက်တူရွယ်တူတွေနှင့်ယှဉ်လျှင် သူ့ကိုယ်သူမလုံခြုံသလိုလို၊ မပြည့်စုံသလိုလိုခံစားနေတတ်သည်။သူ့မိသားစုကိုကြည့်လျှင်လည်းအကဲပိုလွန်းသည့်အမေနှင့်အေးတိအေးစက်နှင့်
အဝေးရောက်နေတတ်သည့်အဖေမျိုးရှိတတ်သည်။
လိင်အကြမ်းဖက်မှုကျူးလွန်ဖြစ်အောင် သူ့ကိုစေ့ဆော်သည့်အရာမှာ များသောအားဖြင့်ရင်းနှီးကျွမ်းဝင်မှုရရှိလိုမှုနှင့် သူ့ကိုယ်သူ
အရေးပါအရောက်သူလိုအထင်ခံလိုမှုတို့ဖြစ်သည်။
အဖော်မမင်ဘဲ နိုင်ထက်စီးနင်းလုပ်သူတစ်ဦး၏ပြောပြချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်တော့်ညီငယ်၊သူ့သူငယ်ချင်းနှစ်ယောက်နဲ့ကျွန်တော်တို့ အဖွဲ့တစ်ခုဖွဲ့တယ်။ကျွန်တော်ကခေါင်းဆောင်လုပ်ပြီး စည်းကမ်းတွေချမှတ်ရတယ်။ကျွန်တော်ပြောသမျှသူတို့လုပ်တာပေါ့။အဲဒီတော့အရမ်းမိုက်တာပေါ့။
ကျွန်တော်တို့အိမ်နောက်က တောအုပ်ရှေ့မှာအဲဒီကစားနည်းကိုကျွန်တော်တို့အချိန်အတော်ကြာကစားခဲ့တယ်။နေ့တိုင်းနီးပါးကျွန်တော်တို့ရဲ့လျှို့ဝှက်ကိစ္စတစ်ခုကိုလုပ်ကြတယ်။ ကျွန်တော်တို့ကစားဖို့လုပ်ထားတဲ့ခံတပ်နောက်ကိုသွားပြီး သေးပန်းတယ်၊ပြီးတော့သူတို့ကို တစ်ယောက်တန်ဆာ တစ်ယောက်အပြန်အလှန်ကိုင်ဆော့ခိုင်းတယ်။ကျွန်တော်ကတော့ သူတို့ဟာတွေကိုဘယ်တော့မထိသလို သူတို့ကိုလည်းကျွန်တော့်ဟာကိုလာမထိခိုင်းဘူး။သူတို့အချင်းချင်းကိုပဲကျွန်တော်ကလုပ်ခိုင်းတာပါ၊သူတို့ကလည်းကျွန်တော်ပြောသမျှ ဘာမဆိုလုပ်ခဲ့တာပဲ။
အဖော်မင်ဟန်ဆောင်ထားသည့် နိုင်ထက်စီးနင်းလုပ်သူ
+++++++++++++++++++++++++++
လိင်အကြမ်းဖက်မှုကျူးလွန်သည့်ကလေးသူငယ်တတိယတစ်မျိုးမှာ အဖော်မင်ဟန်ဆောင်ထားသည့်နိုင်ထက်စီးနင်းလုပ်သူဖြစ်သည်။သူသည် သက်တူရွယ်တူများနှင့်ပေါင်းသင်းဆက်ဆံရာမှာမကြောက်သလိုယုံကြည်မှုရှိသလိုထင်ရသည်။သူသည်များသောအားဖြင့်ပေါင်းသင်းဆက်ဆံရေးကောင်းသည့်မြီးကောင်ပေါက်အရွယ်ဖြစ်သလို ပြဿနာဖြစ်ဖူးသည့်နောက်ကြောင်းရာဇဝင်လည်းမရှိပေ။သူသည်သွက်သွက်လက်လက်ထက်ထက်မြက်မြက်နှင့် လုပ်ချင်ကိုင်ချင်စိတ်ရှိသူဖြစ်သည်။
သူသည် အစောပိုင်းကလေးဘဝတုန်းကလိင်အကြမ်းဖက်ခံသားကောင်ဖြစ်ခဲ့ဖူးနိုင်သလို သေချာပြုစုပျိုးထောင်ခြင်းမခံခဲ့ရသူဖြစ်တတ်သည်။သူ၏ ရန်လိုသည့်အပြုအမူသည်အချိန်အတော်ကြာဆက်ရှိနေတတ်သည်။သူ့အပြုအမူကိုသူအကျွမ်းတဝင်ရှိပြီး
နိုင်ထက်စီးနင်းမရှိဟုမြင်ပြီးအခြားကလေးတွေကလည်း
လိုလိုလားလားရှိသည်ဟုယူဆသည်။
သူ့အပြုအမူသည် အကျိုးသင့်အကြောင်းသင့်ဖြစ်သည်ဟုယူဆပြီး အပြစ်ရှိသလို၊ နောင်တရသလိုခံစားရခြင်းသိပ်မရှိပေ။လိင်အကြမ်းဖက်မှုကျူးလွန်ဖြစ်အောင် သူ့ကိုစေ့ဆော်သည့်အရာမှာ သူ့လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှုအတွက်အပြစ်ကင်းစင်သည့်ကလေးငယ်ကို
နိုင်ထက်စီးနင်းလုပ်ပြီးအတ္တကိုရှေ့တန်းတင်လိုခြင်းဖြစ်သည်။
အဖော်မင်ဟန်ဆောင်ထားသည့်နိုင်ထက်စီးနင်းလုပ်သူတစ်ဦး၏ပြောပြချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်တော်အဲဒီကိစ္စကိုညတိုင်းတော့မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့အချိန်အကြာကြီးယူရတာရယ်၊ကျွန်တော်အိပ်ဖို့လိုတာရယ်ကြောင့်ပါ။ ကျွန်တော်လုပ်တာကိုကျွန်တော့်ညီမဘယ်တော့မှမသိခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လုပ်တာကသူ့ကိုနာကျင်ထိခိုက်စေပုံမရဘူး၊သူဘယ်တော့မှလည်းမနိုးဘူး၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကအချိန်ယူပြီး သေချာဂရုတစိုက်လုပ်တာကိုး၊လူတိုင်းအိပ်မောကျပြီဆိုတာနဲ့ ကျွန်တော်သူ့အခန်းထဲကိုဝင်သွားပြီး သူ့အိပ်ရာဘေးမှာထိုင်တယ်။ဖြေးဖြေးချင်း ကျွန်တော့်လက်ကို အိပ်ယာခင်းအောက်ကနေလျှိုသွင်းတယ်။ပြီးတော့သူ့ညဝတ်အကျီအောက်ကနေလက်ကိုသွင်းပြီး သူ့ရဲ့ကိုယ်ကိုထိုးလိုက်တယ်။နည်းနည်းလေးပါပဲ။အဲဒီလိုလုပ်ရတာ တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကျွန်တော်ကိစ္စမပြီးခင် သူ့အခန်းထဲကနေပြန်လစ်ထွက်ပြီး ကျွန်တော့်အခန်းထဲကို
ပြန်သွားရတာခက်ပါတယ်။
လိင်ပိုင်းဆိုင်ရာကြမ်းတမ်းခက်ထန်သူ
++++++++++++++++++++
သူငယ်ချင်းအပေါင်းအသင်းခင်မင်ပြီး ရောနှောနေတတ်သည့်ကလေးမျိုးဖြစ်သည်။ဖရိုဖရဲနှင့်စရိုက်ကြမ်းသည့်မိသားစုမှဆင်းသက်လာတတ်ပြီးခိုက်ရန်ဖြစ်ပွားခြင်း၊အများပိုင်ပစ္စည်းဖျက်လိုဖျက်ဆီးလုပ်ခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်းလို လူ့အဖွဲ့အစည်းနှင့်ဆန့်ကျင်သည့်အမူအကျင့်တွေရှိသည့် နောက်ကြောင်းရာဇဝင်ရှိတတ်သည်။အလိုမတူဘဲလိင်ပိုင်းဆိုင်ရာပြုမူမှုတွေလုပ်နိုင်ရန် အကြမ်းဖက်၊ခြိမ်းခြောက်မှုများကိုလုပ်ဆောင်တတ်သည်။လိင်အကြမ်းဖက်ခြင်းအားဖြင့်သားကောင်အပေါ်လွှမ်းမိုးနိုင်မှုကနေ သူ့ကိုယ်သူပါဝါရှိသလိုခံစားရခြင်း၊ ဒေါသကိုဖော်ပြနိုင်ခြင်း၊သားကောင်ကိုလွှမ်းမိုးပြီးဂုဏ်သိက္ခာကျဆင်းအောင်လုပ်နိုင်ခြင်းတို့ကသူ့စိတ်ကိုတက်ကြွစေပါသည်။သူတို့သည် တစ်ခါတစ်ရံ အကြမ်းဖက်မှုကိုပြုမှသာလိင်စိတ်နှိုးကြွတတ်ခြင်းမျိုးလည်းရှိတတ်သည်။
လိင်ပိုင်းဆိုင်ရာစိတ်စွဲမလုပ်မနေနိုင်သူ
++++++++++++++++++++
စိတ်စွဲမလုပ်မနေနိုင်သူသည် လူရှေ့မှာ ကိုယ့်အင်္ဂါကိုလှစ်ပြခြင်း၊ပြတင်းပေါက်မှခြောင်းကြည့်ခြင်း၊ဖုန်းခေါ်ပြီးညစ်ညမ်းစွာပြောခြင်းလို လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို မကြာခဏမလုပ်မနေနိုင်လုပ်တတ်သည်။ထိုအပြုအမူတွေလုပ်ပြီဆိုလျှင်လည်းသေချာအစီအစဉ်ချပြီးမှတစ်ကိုယ်တော်လုပ်တတ်သည်။ထိုသို့လုပ်ခြင်းအားဖြင့် စိုးရိမ်စိတ်နှင့်တင်းကျပ်မှုကိုဖြေလျှော့နိုင်ပြီး နေလို့ထိုင်လို့ကောင်းသွားတတ်သည်။သူတို့သည်များသောအားဖြင့် နွေးနွေးထွေးထွေးနှင့်အကျွမ်းတဝင်မရှိသည့် စိတ်ခံစားမှုဆိုင်ရာပြဿနာရှိသည့်မိသားစုမှဆင်းသက်လာတတ်သည်။
လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို စိတ်စွဲမလုပ်မနေနိုင်ထပ်ခါတလဲလဲလုပ်ခြင်းအားဖြင့် သူ၏တင်းကျပ်နေသည့်စိတ်ခံစားချက်တွေလျော့ပါးသက်သာပြီးစိတ်ကိုတက်ကြွလာစေပါသည်။
လိင်ပိုင်းဆိုင်ရာစိတ်စွဲမလုပ်မနေနိုင်သူတစ်ဦး၏ပြောပြချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်တော့်အသက် ၁၅နှစ်လောက်မှာ မမျှော်လင့်ဘဲပထမဆုံးအကြိမ်စလုပ်ခဲ့ပြီး အဲဒီအချိန်ကစပြီးနှစ်ပေါင်းအတော်ကြာထပ်ခါတလဲလဲလုပ်ခဲ့တယ်။အနီးအနားဝန်းကျင်လျှောက်သွားပြီ ညဘက်ဆိုပြတင်းပေါက်တွေကနေခြောင်းကြည့်တယ်။ကျွန်တော်ဘယ်နေရာမှာလည်းဆိုတာအမေဘယ်တော့မှသတိမထားမိတဲ့အတွက် ကျွန်တော့်အတွက်လစ်ထွက်ရတာလွယ်လွယ်လေးပဲ။
အမျိုးသမီးကြီးတွေနဲ့ကောင်မလေးတွေကိုပဲခြောင်းကြည့်တာပါ။တစ်ခါတလေတော့ သူတို့အဝတ်အစားဝတ်တာ၊ချွတ်တာလို တစ်ခုခုလုပ်ကိုင်နေတာကိုကြည့်ရုံနဲ့လုံလောက်ပါတယ်။တစ်ခါတလေတော့သူတို့ကိုခြောင်းကြည့်နေရင်းနဲ့ ကျွန်တော့်
ဘာသာလက်နဲ့တစ်ကိုယ်ရည်အာသာဖြေတယ်။ အတွင်းခံဘောင်းဘီ၊ပါးပါးလျလျအကျီင်္လေးနဲ့အဝတ်အစားမလုံ့တစ်လုံဝတ်ပြီး သူတို့လျှောက်သွားလုပ်ကိုင်နေတာကိုကြည့်ရတာအကြိုက်ဆုံးပဲ။
ဝတ်လျစ်စားလစ်ထက် မလုံ့တလုံမပေါ့တပေါ်လေးကပိုကောင်းတယ်။
မမျှော်လင့်ဘဲရုတ်တရက်ထလုပ်သူ
+++++++++++++++++
မမျှော်လင့်ဘဲရုတ်တရက်ထလုပ်တတ်သူသည်များသောအားဖြင့် ပြင်းထန်သည့်စိတ်ပိုင်းဆိုင်ရာနှင့်စိတ်ခံစားမှုဆိုင်ရာအခက်အခဲတွေရှိနေတတ်သည်။
များသောအားဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုရုတ်တရက်မမျော်လင့်ဘဲ၊ကြိုတင်ခန့်မှန်းလို့မရဘဲထလုပ်တတ်ပြီး ထူးထူးဆန်းဆန်းလိင်ပိုင်းဆိုင်ရာအပြုအမူတွေကိုကလေးတွေ၊သူငယ်ချင်းတွေနှင့်လူကြီးတွေအပေါ်ပြုမူတတ်သည်။
မမျှော်လင့်ဘဲရုတ်တရက်ထလုပ်သူတစ်ဦး၏ပြောပြချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျောင်းပြီးရင် နေ့တိုင်းကျွန်တော်တို့အတူတူဘတ်စ်ကားစီးတယ်။တစ်ခါတလေတော့သူ(မ)က ကျွန်တော့်ကိုနှစ်သက်သဘောကျသလိုပုံစံမျိုးနဲ့စကားပြောတယ်။
ကျွန်တော်သူ့အပေါ်လုပ်နိုင်တာအားလုံးကိုအတော်လေးစဉ်းစားခဲ့တယ်။တစ်ညတော့သူ့ကိုပါတီတစ်ခုမှာတွေ့တယ်။သူမူးနေတယ်။ကျွန်တော်သူ့ကိုခေါ်ထုတ်ခဲ့တယ်၊ပုလင်းတစ်လုံးကိုလှမ်းဆွဲလိုက်ပြီးပုလင်းလည်ပင်းကိုချိုးလိုက်တယ်။ ပြီးတော့အဲဒီပုလင်းနဲ့သူ့ကိုမုဒိမ်းကျင့်တယ်။ သူကုန်းအော်တယ်။သွေးတွေကနေရာအနှံ့ပဲ။ အရမ်းမိုက်တာပဲ။သူတို့ရဲတွေခေါ်လိုက်တယ်၊ကျွန်တော်ဂရုမစိုက်ပါဘူး။
အုပ်စုလွှမ်းမိုးမှုကြောင့် လိင်အကြမ်းဖက်သူ
+++++++++++++++++++++
များသောအားဖြင့် ဆယ်ကျော်သက်အရွယ်ဖြစ်တတ်ပြီးပြဿနာဖြစ်ခဲ့ဖူးသည့် နောက်ကြောင်းရာဇဝင်လည်းရှိခဲပါသည်။လိင်အကြမ်းဖက်မှုကို သူငယ်ချင်းအပေါင်းအဖော်တွေနှင့်အုပ်စုလိုက်ကျမှလုပ်ခြင်းဖြစ်သည်။အကြမ်းဖက်သူသည် သူ့လုပ်ရပ်ကိုသားကောင်အပေါ်ပုံချတတ်သလို အုပ်စုမှာပါဝင်သည့်သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်လည်းလွှဲချတတ်သည်။
သူငယ်ချင်းတွေနှင့်အုပ်စုလိုက်လိင်အကြမ်းဖက်မှုကိုစိတ်တူကိုယ်တူလိုက်လုပ်လျှင် သူငယ်ချင်းများ၏အာရုံစိုက်၊အသိအမှတ်ပြုခံရမှုကိုရမည်ဟုမျော်လင့်သည့်အတွက် သူ့ကိုလိင်အကြမ်းဖက်အောင်စေ့ဆော်မှုသည် သူငယ်ချင်းတွေ၏ဖိအားပေးမှုကလာခြင်းဖြစ်သည်။
VIDEO
#######
ကလေးသူငယ်လိင်အကြမ်းဖက်သူအများစုသည်သူတို့၏ပထမဆုံးလိင်အကြမ်းမှုကို သူတို့ကိုယ်တိုင်ကလေးအရွယ်ရှိစဉ်ကပင်
လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူကြီးလိင်အကြမ်းဖက်သူများလိုပင် ကလေးသူငယ်ချင်းလိင်အကြမ်းဖက်သူများတွင်လည်းအကြမ်းဖက်မှုပုံစံများနှင့်အကြမ်းဖက်အောင်လှုံ့ဆော်သည့်အရာများသည်
တစ်ဦးနှင့်တစ်ဦးအတော်လေးကွဲပြားခြားနားပါသည်။
{စိတ်၏သားကောင်များစာအုပ်မှထုတ်နှုတ်ဖော်ပြသည်}