Wednesday, July 22, 2020

Haunted (Part Three)

Haunted (Part Three)


အချစ်နဲ့တွေ့ဆုံချိန် မိန့်မူးနေသမျှ ကာလကုန်လို့ အမြင်တွေပြန်ရှင်းလာရင်တော့ အလန့်တကြားဖြစ်ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ‘အချစ်မှာ မိန့်မူးသာယာရတာလောက် ကျေနပ်ပျော်ရွှင်ရခြင်းမရှိ’လို့ပြောရမလားဘဲ။

*** 03. Return to reality.
သူကတိပေးထားတဲ့အတိုင်း နောက်တစ်နေ့မှာတော့ သူ့ကို ကျွန်တော် ထိုးသွင်းပြီးလိင်ဆက်ဆံခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ လှေထားရုံကိုပြန်သွားခဲ့ပြီး ကိုယ်ခန္ဓာနဲ့ စိတ်အစဉ်တိုက်ပွဲနွှဲခဲ့ကြတာပါ။ အိမ်ထောင်ကျကာစလူနှစ်ဦးလိုပဲ အခန်းတံခါးကိုပိတ်လိုက်တာနဲ့ နှစ်ယောက်သားရဲ့ စိတ်တွေလှုပ်ရှားလာကြပြီး နှိုးဆွစရာမလို မြွေဟောက်တွေက အလိုလိုခေါင်းထောင်ထနေတယ်။

သူ့ခြေတံနှစ်ဖက် ခပ်ကားကား အနေအထားပြောင်းပေးရင်း ကျွန်တော့်စိတ်ကြိုက်လုပ်ဖို့သူပြောတာကြောင့် ခရေဝလေးကို လျှာမုန်တိုင်းမွှေပေးဖြစ်တယ် ဗျ။ လက်ချောင်းလေးတွေနဲ့ ခရေဝအနားတဝိုက်ပွတ်သပ်ရင်း အတွင်းထဲကို အသာဖိဖိထည့်ကာကလိမိတယ်။ မိနစ်အနည်းငယ်အကြာ မှာတော့ သူ့ခြေထောက်နှစ်ဖက်ကို ရင်ဘတ်ဆီကိုကွေးတင် လက်နှစ်ဖက်နဲ့ပိုက်ထားပေးပါရော။
‘မင်း -ီးကို ငါ့-င်ထဲထိုးထည့်လေကွာ…..လုပ်တော့…အာ…..ငါ…ငါ မစောင့်နိုင်တော့ဘူး’ အလောတကြီး သူတောင်းဆိုပါတယ်။

‘ငါ မင်းကို မနာစေချင်လို့ပါ….’ ကျွန်တော်ခပ်ရွံ့ရွံ့ပြန်ပြောမိပါရဲ့။
‘လုပ်ပါ…..ခပ်ကြမ်းကြမ်းလေး….မုဒိမ်းကျင့်သလို ငါ့ကို-ိုးကွာ….မြန်မြန်….အဲ့လိုလုပ်တာငါကြိုက်တယ်’ သူ့တောင်းဆိုမှုကအဆန်း။

ကျွန်တော်လည်း အချိန်မဆိုင်းဘဲ သူပြောသလိုလုပ်ဖို့ပြင်ဆင်ရတာပေါ့။ အရည်ကြည်စို့နေတဲ့ ကျွန်တော့်ငပဲခေါင်းလေးကို အသာပွတ်သပ်၊ သူ့ငပဲထိပ်ကအရည်ကြည်တွေကိုလက်နဲ့ပွတ်ယူပြီး သူ့ခရေဝမှာချောဆီသဘောပွတ်လိမ်းပေးရင်း တင်ပါးနှစ်ဖက်ကို ဖြဲကိုင်လိုက်တယ်။ စိုစွတ်နေတဲ့ ကျွန်တော့်ငပဲကို သူ့ခရေဝထဲ ခပ်မြန်မြန်ပဲ ဖိပြီးထိုးသွင်းချလိုက်တာ အရင်းထိပဲပေါ့။ သူ့ပေါင်တံနှစ်ဖက် အားလက်နဲ့ထိန်းကိုင်လိုက်ပြီး ခါးမှာမော်တာတပ်ထားသလို ကျွန်တော်စတင်လှုပ်ရှားလိုက်ပါတယ်။

‘အေး….အ…အ…ခပ်ကြမ်းကြမ်းလေး…ဆောင့်….ကြမ်းကြမ်းလေး….ဆောင့်…အ’ သူ့တောင်းဆိုသံက တုန်ခါနေရော။

ပုဝါမကူရေမရှူစတမ်း ကျွန်တော်သူ့ကိုလုပ်နေချိန် သူ့ငပဲသူလက်နဲ့ဆုပ်ကိုင်ကာ တူထုပါတော့တယ်။ မိနစ်အနည်းငယ်အကြာမှာတော့ သူ့တင်ပါးတွေကို ပင့်မြောက်ကာ ကျွန်တော့်ငပဲကိုအဆုံးထိဖိသွင်းစေပြီး သူ့သုက်ရည်တွေကို လေထဲပစ်လွှတ်ပါတယ် သူ့ရင်အုပ်တွေ၊ မျက်နှာတွေပေါ်ရောက်တဲ့အထိပေါ့။ ကျွန်တော်သည်လည်း မထိန်းနိုင်စွာ သူ့ခရေဝထဲငပဲအတင်းဖိသွင်းပြီး သုက်ရည်တွေကို ပန်းထည့် ပစ်လိုက်တယ်။ သူပြောတာမှန်တယ် ကျွန်တော့်ဘဝမှာ ရင်အခုန်ရဆုံးသော လိင်ဆက်ဆံမှုတစ်ခုဖြစ်ခဲ့ချိန်ပဲ။

ရက်သတ္တပါတ် တစ်ပတ်နဲ့ တစ်ဝက်လောက် ကျွန်တော်တို့အဲသည့်အတိုင်းကုန်ဆုံးခဲ့ကြပါတယ်။ နှစ်ယောက်သား နေ့တိုင်းတွေ့ဆုံရင်း လှေထားရုံကိုသွားရင်သွား၊ လှေတစ်စင်းကိုယူပြီး ကန်ကြီးထဲကိုလှော်ထွက်ကာ တွေ့မိထားတဲ့ကျွန်းငယ်လေးတစ်ခုဆီသွားလိုသွားပေါ့။ လှေထားရုံထဲမယ် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်-ိုးကြသလို ကျွန်းငယ်လေးပေါ်က သဲသောင်ခုံပေါ်နေ့ခင်းကြောင်တောင် လုပ်ချင်လည်းလုပ်ကြတာပါ။ သစ်တောထဲက အကိုင်းအခက်ခပ်အုပ်အုပ်နဲ့ သစ်ပင်ကြီးအောက် အပြန်အလှန်ပုလွေပေးကြသလို အခွင့်အလမ်းသိပ်မရှိတောင် ဘောင်းဘီထဲလက်ထည့်နှိုက်ပြီး လက်ကစားပေးကြတယ်။ တစ်ယောက်ခန္ဓာကိုယ်ကို အခြားတစ်ယောက် ကမထိမကိုင်တဲ့နေ့ရက်မရှိသလို ကွဲပြားခြားနားတဲ့ အနေအထားပုံစံနဲ့ နည်းစနစ်တွေကိုစမ်းသပ်ဆက်ဆံကြတာများ Pro တွေအတိုင်းပါ။ နှစ်ဦးသား လိင်ဆက်ဆံနေချိန် သို့မဟုတ် အတူအာသာဖြေနေချိန်များမယ် တစ်ယောက်အကြောင်းကို တစ်ယောက်ပိုပိုသိဖို့ကြိုးစားရှာ ဖွေဖြစ်ကြပါတယ်။

မိသားစုနှစ်စုအတွက်လိုအပ်တာတွေကို မြို့တက်ဝယ်စဉ်ခဏ ကားနောက်ခန်းမှာတင် အပြန်အလှန်အာသာဖြေပေးမိကြတယ်ဆို ယုံကြမလားဘဲ။ ကျွန်တော့်အဖေက ကားမောင်း၊ သူ့ဖခင်က ဘေးထိုင်ခုံမှာထိုင်ရင်း ဘောလုံးပွဲနဲ့ rugby ပွဲတွေအကြောင်းထဲထဲဝင်ဝင် ပြောဆိုဆွေးနွေးနေကြတယ်။ ရုတ်တရက်ဆိုသလို သူ့လက်ဟာ ကျွန်တော့်ပေါင်ခွဆုံကိုရောက်လာတာကြောင့် ငုံ့ကြည့်မိတာပေါ့။ ကျွန်တော့်ဘောင်းဘီက ဇစ်ကိုဆွဲဖြုတ်ပြီး ငပဲကိုအသာလေးသူဆွဲထုတ်တယ်။ ကျွန်တော့်ကျောပိုးအိတ်ကို ဗိုက်ပေါ်တင်လိုက်ချိန် သူ့လက်တွေဟာ ကျွန်တော့်ငပဲကိုစတီးချောင်းလိုဖြစ်အောင်ပွတ်သပ်ရော။ သူ့ကျောပိုးအိတ်ကိုလည်း ပေါင်နှစ်ဖက်ပေါ်တင်ရင်း ကျွန်တော့်ကို ခေါင်းဆတ်ပြတာကြောင့် အိတ်အောက်နားကနေ လက်လျှိုလိုက်ကာ သူ့ငပဲကိုစမ်းတော့ အပြင်ကိုထုတ်ပြီးသား မာတောင့်ပြီး သွေးကြောတွေတောင်ဖောင်းနေပြီ။

ခပ်ဖြေးဖြေး တိုးတိုးကျိတ်အပြန်အလှန် အာသာဖြေလက်ကစားပေးရင်း အထွဋ်အထိပ်ဆီရောက်အောင်ကြိုးစားကြပါတယ်။ သူ ခေါင်းတစ်ချက်ဆတ်ပြရင်းမှ တင်ပါးတွေကို အသာကြွကာ ကိစ္စပြီးမြောက်ပါပြီ။ ကျွန်တော်လည်း လက်ဖဝါးအစုံနဲ့ဖမ်းယူလိုက်ရင်း အတော်များများ သူပန်းထုတ်ပြီးချိန်မှာတော့ လက်ကိုအသာနောက်ဆုတ်ကာ ပါးစပ်အနီးယူလျက် သုက်ရည်တွေကို လျာနဲ့လျက်ပြု ပါတယ်။ ကျွန်တော် သူ့မျက်ဝန်းကိုအကြည့်ခြင်းဆုံအောင် တစ်ချက်ကြည့်လိုက်ကာ ဦးခေါင်းကို ခပ်သွက်သွက်ငြိမ့်ပြလိုက်ပါတယ် ပြီးကာနီးပြီလေ။ ကျွန်တော့်ငပဲအဆုံးကို သူ့လက်ဖဝါးတွေနဲ့ အုပ်ကိုင်ထားချိန်မတော့ ထိန်းထားတဲ့စိတ်ကိုလွှတ်လိုက်တာ တင်ပါးတွေ တဆတ်ဆတ်တုန်ရင်း သုက်ရည်တွေပန်းထုတ်မိပါတယ်။ သူသည်လည်း လက်နဲ့သေချာဖမ်းယူထားပြီး ကျွန်တော်လုပ်သလိုပြန်ပြုလုပ် တယ်လေ။ ခဏအကြာမှာတော့ ဘောင်းဘီဇစ်တွေကိုပြန်လည်ဆွဲတင်ဝတ်ကာ အနေအထားမယွင်းအောင်နေကြပါတယ်။ ကျွန်တော်တို့ဖခင်တွေကတော့ သူတို့ပြောလက်စအကြောင်းအရာတွေပေါ်မှာပဲ အာရုံမပျက်ငြင်းခုန်နေကြတုန်း။ ဒိုဒို ကျွန်တော့်ကိုကြည့် ပြီး သွားဖြဲရယ်ပြတယ်၊ နောက်တော့ သူ့လက်ညိုးကို ဟန်ပါပါနဲ့ လျက်ပြပြန်ရင်း စကားလုံးတွေအသံမဲ့ပြောနေပါတယ်။ That was hot! ကျွန်တော်တို့နေထိုင်ရာ Cabin တွေပြန်ရောက်ချိန်မှာတော့ နှစ်ယောက်သားရဲ့ ခွဆုံတွေဟာ စိုစွတ်နေကြတာအကွက်ကြီးတွေဖြစ်လို့။

အရှက်အကြောက်ကင်းတဲ့ လိင်မှုကိစ္စရယ် တက်မက်မှုမီးတွေတောက်လောင်ရင်း နေ့ရက်တွေကို ကျွန်တော်တို့ဖြတ်သန်းကြပါတယ်။ ကျွန်တော် သူ့ကိုယ်ခန္ဓာပုံရိပ်ကို သဘောကျရုံမက သူ့အပေါ် နှစ်နှစ်ကာကာချစ်မြတ်နိုးမိပါတယ်။ ဒါပေမဲ့ သူ့အရည်အချင်းတွေကြောင့် ပိုမိုစွဲမက်ရတယ်လို့ ဝန်ခံပါရစေ။ သူက ရယ်စရာကောင်းတယ်၊ ရုပ်ရည်ချောမောပြေပျစ်တယ်၊ ပြီးတော့ လုံးလုံးလျားလျားကို တကိုယ်ကောင်းဆန်စိတ်မရှိ၊ စိတ်ဝင်စားဖို့ကောင်းတယ်၊ ထောက်ထားကြင်နာစိတ်ရှိတယ်….အား အလွန့်ကို sexy ဖြစ်တဲ့ကောင်လေးပဲ။ သူသည်လည်း ကျွန်တော့်အပေါ်ခံစားချက်အတူတူရှိနေဖို့ အသည်းအသန်မျှော်လင့်မိပါတယ်။ နှစ်ဦးသား မျောလွင့်နေကြတဲ့ ကမ္ဘာငယ် ဟာ မကြာခင်သောကာလမှာတော့ ဆပ်ပြာပူဖောင်းပေါက်သလို ဖြစ်ပျက်လာတယ်။

တစ်ရက်သော နံနက်ခင်းစောစော ကျွန်တော်အိပ်နေသောအခန်းရဲ့ ပြတင်းမှန်ကိုတစ်စုံတစ်ခုရိုက်ခတ်သံကြားရတာကြောင့် နိုးထလာ ပါတယ်။ လှမ်းကြည့်လိုက်တော့ ဒိုဒိုရယ် အပြင်မှာမတ်တပ်ရပ်နေရဲ့။ လက်ကိုဝှေ့ယမ်းပြပြီး ကျွန်တေ်ာ့ကိုအပြင်ဘက်ထွက်လာဖို့ ခေါ် တယ်။ ခုတင်ဘေးက အဝတ်စင်ပေါ်မှ ဂျင်းဘောင်းဘီတစ်ထည်ရယ် တီရှပ်တစ်ထည်ရယ်ဆွဲဝတ်ပြီး အပြင်ကိုပြေးထွက်လာလိုက်တယ်။

‘ငါတို့စကားနည်းနည်းပြောရအောင်…လာကွာ’ စကားတိုပြတ်စွာသူပြောတယ်။

Cabin ကနေလှမ်းကြည့်လို့မမြင်နိုင်သောနေရာဖြစ်တဲ့ ရေကန်ဘက်ကို သူဦးဆောင်သွားခြင်းကြောင့် ကျွန်တော်လိုက်သွားတာ ရေကန်အနားသတ်ကမ်းစပ်တလျောက် အတော်လှမ်းလှမ်းရောက်သွားပါတယ်။

ကျောက်ဆောင်တစ်ခုပေါ် သူသက်ပြင်းလေးလေးပင်ပင်ချရင်း ထိုင်တယ်။ ကျွန်တော်လည်း နံဘေးမှာထိုင်ရင်း သူ့လက်ကိုဖျစ်ညှစ် လိုက်ပါတယ်။

‘ဘာပြောချင်တာလဲ? ဘာတွေအမှားအယွင်းဖြစ်ပြန်ပြီလဲ?’ ကျွန်တော် ခပ်တိုးတိုးမေးတာပေါ့။

‘ငါ့အဒေါ်ဆုံးသွားလို့။ အသိဦးလေးနှစ်ယောက်က အဖေ့ကိုအကြောင်းကြားလာတယ်လေ’ သူကလည်း စကားတိုးတိုးပြောရင်း ကျွန်တော့်လက်ချောင်းတွေကိုပြန်ဆုပ်ကိုင်တယ်။

‘အို….ငါစိတ်မကောင်းပါဘူးကွာ’ ကျွန်တော်စကားခွန်းတုန့်ဆိုလိုက်တယ်။ နက်မှောင်သော မှန်းဆရခက်သော သူ့မျက်ဝန်းတွေနဲ့ ကျွန်တေ်ာ့ကို အတန်ကြာစိုက်ကြည့်ပါတယ်။

‘အဲအဒေါ်ကို ငါသိပ်မသိပါဘူးကွာ…’ ကျွန်တော့်လက်ကို သူ့နှာခေါင်းဆီမယူပြီး ကျွန်တော့်လက်ချောင်းတွေကို ငြင်ငြင်သာသာ နမ်းရှိုက်တယ်။

‘အိုး….တကယ်’ ကျွန်တော်လေသံလေးလို တီးတိုးရေရွတ်မိရော။

‘ငါပြောတာကိုသဘောပေါက်လားဟင်? သဘောပေါက်လား’ သူကထပ်မေးတယ်။

‘ဘာကိုသဘောပေါက်? မင်း အန်တီဆုံးသွားတယ်ဆို ငါတကယ်စိတ်မကောင်းဖြစ်မိတယ်၊ မင်းမိသားစုတော့ ဝမ်းနည်းပူဆွေးနေတော့မှာ’ လို့ကျွန်တော်ပြန်ပြောလိုက်တယ်။

‘အတော်အလုပ်ရှု့ပ်တဲ့ ငါ့အမျိုးတွေ…..ငါပြောမယ် သူနဲ့သိကိုမသိဖူးဘူး’ လေသံပြင်းပြင်း မာန်ပါပါနဲ့သူပြောတဲ့လေသံကြောင့် ကျွန်တော် အံ့သြသွားမိပါတယ်။

‘ဒိုဒို….မင်းပြောတာကလည်းကွာ နားဝင်ဆိုးလိုက်တာ’

သူ ကျွန်တော့်ဘက်ကိုလှည့်လာပြီး ဆုပ်ကိုင်ထားတဲ့ လက်ကိုလွှတ်ကာ ကျွန်တော့်ပခုံးတွေကို ဖျစ်ညှစ်ပါတယ်။

‘သော်ဇင်…ငါဘာကြောင့်ပြောဆိုနေတာလဲ မင်းအခုထိအဓိပ္ပာယ်မပေါက်သေးဘူး? ငါ့အဖေက အခုအားလပ်ရက်ခရီးစဉ်ကိုရပ်ပြီး မြို့ကို ပြန်တော့မှာ နောက်တစ်နာရီအတွင်း’

‘အိုး….ပြဿနာပဲကွာ’ ကျွန်တော့်ရင်ဘတ်ထဲ နင့်ကနဲဖြစ်သွားရတယ်။

‘တကယ့်ပြဿနာပဲလေ….ငါမပြန်ချင်ဘူး…..ငါသည်မှာမင်းနဲ့အတူနေချင်….သော်ဇင် ငါတို့ဘာလုပ်ကြမလဲ’ သူ ခါးခါးသီးသီးတုန့်ပြန် ပါတယ်။ ပြောနေရင်းမှ ရပ်တန့်လိုက်ပြီး ကူကယ်ရာမဲ့ ကျွန်တော့်ကိုကြည့်နေရော။

‘ငါတို့ဘာလုပ်နိုင်မလဲ…..ငါ့အသည်းတွေကြေကွဲရပါပြီ….ငါ…ငါ..မင်းကို ကြိုက်…’ ကျွန်တော် စကားတွေကိုပီပီသသတောင် မပြောနိုင်ခဲ့ဘူး။

‘ကြိုက်…..ကြိုက်တယ်?’ ကျွန်တော်ပြောနေတဲ့စကားကို လေသံခပ်တိုးတိုးနဲ့ သူကြားဖြတ်ပစ်တယ်။

‘ဟုတ်တယ်……မင်းကို ငါ အရမ်းကြိုက်တယ်’

သူ ကျွန်တော့်ဘက်ကိုကျောခိုင်းသွားရင်း သက်ပြင်းမောကြီးကို လေးလေးပင်ပင်ချပါတယ်။ နောက်တော့ ကျွန်တော့်ဘက်ကို ပြန်လှည့် လာတယ်။ သူ့မျက်နက်ဝန်းတွေဟာ ဒေါသရောင်ကြောင့် တောက်ပြောင်နေတယ်ဗျ။

‘အာ…ငါ့ကိုခွင့်လွှတ်ကွာ….မင်းကတကယ့်ကို ငါ့အပေါ်ခံစားချက်..’ စကားပြောတာ မပြီးသေးခင်မှာပဲ သူ ရုတ်တရက်ထရပ်ပါတယ်။ ‘မင်း ဘာသိတာလဲ? ငါကအရူးတစ်ယောက်လိုပဲ….အိုကေ….ငါအဆင်ပြေပါတယ်။ အဲသလိုပဲနေနိုင်ရမှာပေါ့။ ယောက်ျားလေးနှစ်ယောက် ဆက်ဆံရေးအပေါ် မျှော်လင့်ချက်ထားမိတာကိုကမှားတာပဲ။ ငါတို့အကြောင်းကိုပြောတာ’

‘မင်းဘာပြောနေမှန်းကို ငါမသိတာ’ ကျွန်တော်စကားပြန်ပြောရင်း သူနဲ့မျက်နှာချင်းဆိုင်ထရပ်လိုက်တယ်။ ‘ဟုတ်ပြီ….မင်းမကြာခင် သည်ကထွက်သွားတော့မယ်ဆိုလို့ ငါစိတ်မကောင်းဖြစ်နေတယ်။ အဲသည့်ကိစ္စအတွက် ငါဘာအပြစ်မှမလုပ်မိဘာပဲနဲ့ ဘာလို့မင်း စိတ်ဆိုး စိတ်တိုသွားတာလဲ’

‘အမှန်ပဲ….မင်းက အဲသလိုလေးပဲဆက်စဉ်းစားပါ ဟုတ်ပြီလား’ သူ တဘက်ကိုလှည့်ကာ အဝေးကိုလျှောက်လှမ်းသွားပါတယ်။

‘ဒိုဒို….’ ကျွန်တော် အော်ခေါ်လိုက်တယ်။ ‘မင်း….ငါ့ကိုမျက်နှာခြင်းဆိုင်ပြီး ငါ့ဆီကဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ပြောမှ ငါက ဝမ်းပမ်းတသာလုပ်ပေးစရာရှိတာလုပ်ပေးမှာပေါ့။ သည်လိုပြောပြီးထွက်မသွားနဲ့’ သူရပ်လိုက်ကာ ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ဖို့ ပြန်လာပါတယ်။

‘ကောင်းပြီ’ သူအော်ဟစ်ပါတယ်။ ‘ငါပြောမယ်၊ ငါရခဲ့တယ် ပိုင်ဆိုင်ခဲ့ပြီလို့တွေးမိခဲ့ပေမဲ့ ငါမရခဲ့ဘူးပဲ’ သူစကားပြောတာ ခဏရပ်တယ်။ နောက်တော့ ဒေါသသံနဲ့ဆက်ပြောပါရော။ ‘မင်းပြတဲ့ အရိပ်အခြည်လေးတွေ လက္ခဏာလေးတွေအပေါ် ငါကမသိတတ်စွာ နည်းနည်းပို မျှော်လင့်မိနေတာပဲ၊ ငါ့ကို တကယ် ဂရုစိုက်နေတယ်ပေါ့။ ဒါပေမဲ့ သိသိသာသာပါ ငါအရူးတစ်ယောက်ဖြစ်ခဲ့တာ။’ သူနောက်ပြန် လှည့်သွား ပြီး ကျွန်တော်နဲ့ဝေးရာကိုခြေလှမ်းသွားပါတယ်။

ကျွန်တော် သူ့နောက်ကိုပြေးလိုက်သွားပြီး သူ့လက်မောင်းကိုဆွဲကိုင်ကာ ရပ်တန့်စေတယ်။ သူခဏရပ်လိုက်ပြီး ဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်ကို ခပ်ကြမ်းကြမ်းဆွဲဖယ်ကာ အဝေးကိုဆက်လျှောက်သွားခဲ့ပါတယ်။

‘သော်ဇင်….အိမ်ပြန်တော့’ သူ့နှုတ်ကပြောတာ။

‘ဒိုဒို….ငါ့ကိုသေချာပြောကွာ….please’ ကျွန်တော် သူ့ကိုတောင်းပန်တိုးလျှိုးတယ်။

‘ငါတို့ပြောပြီးပြီလို့ထင်တယ်၊ မင်းပျော်ရွှင်ပါစေကွာ၊ Have a good life’ ဟိန်းသံတောင်ထွက်တယ် သူပြန်ပြောသံက။

ကမ်းခြေကို မုန်တိုင်းဆင်ပြီးသူထွက်သွားတာ ကျွန်တော့်မှာ မျှော်လင့်ချက်မဲ့စွာ မတ်တပ်ရပ်ကျန်ခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို ခေါင်းထဲ တဖြည်းဖြည်းရှင်းလင်းလာတယ်။

‘စောင့်ဦး’ ကျွန်တော်အော်ပြောလိုက်တယ်။ သူ ကျွန်တော့်ဆီပြန်လှည့်လာတယ်။

‘မင်း အခုဘာလိုချင်တာတာလဲ’ သူ ဒေါသတကြီးအော်ပြောပါတယ်။

‘ငါ့ကိုအော်နေတာရပ်ပြီး နားထောင်ဦး’ ကျွန်တော်သူ့အနားတိုးကပ်သွားရင်း ပြောလိုက်တယ်။

‘ဘာကြောင့် ငါအော်ပြောတာကိုရပ်သင့်ပါလိမ့်? ငါအော်ပြောတာကိုသဘောကျတယ်။ ချုပ်တည်းထားတာမဟုတ်ဘူးကွ လွတ်လွတ်လပ်လပ်ပဲ’ သူအော်ပြီးပြန်ပြောတယ်။

‘ကောင်းပြီ…..မင်းငါ့ကိုအော်ပြောရင် ငါလည်းအော်ပြောမယ်’ ကျွန်တော်သူ့မျက်နှာအနား တိုးကပ်ပြီး ေအော်ပစ်လိုက်တယ်။

‘ကောင်းတယ်…..အခု မင်းဘာလုပ်ချင်တာလဲ’ ကျွန်တော့်မျက်လုံးတွေကို အနီးကပ်ပြန်စိုက်ကြည့်ရင်း သူအော်ပြန်ရော။

‘မင်းပြောသလိုပဲလေ မင်းတွေးထင်ထားတာထက်ပိုပြီး ငါကမင်းကိုဂရုစိုက်ခဲ့တယ်’ တစ်ယောက်မျက်နှာနဲ့တစ်ယောက် တစ်လက်မ လောက်ကွာတဲ့အနေအထားမှာပဲ ကျွန်တော်အော်ပြောမိတာပါ။

‘မင်းက ငါ့ကိုဂရုစိုက်ပေးခဲ့တယ်၊ အဲဒါကောင်းပါတယ်၊ တကယ့်ကို ချီးမွမ်းဖို့ကောင်းတာ’ သူ နှာခေါင်းရှုံ့ မျက်နှာမဲ့ရွဲ့ကာ သရော်သလိုလိုပြန်ပြောတယ်။

သူနောက်ပြန်လှည့်ပြီး အဝေးကိုစတင်ထွက်ခွာသွားတယ်ဗျ။

‘ဒိုဒို….စောင့်ဦး….ငါက သည်ထက်ပိုပြီး ဘာပြောနိုင်မှာလဲ?’ ကျွန်တော်အော်ခေါ်ရင်း စကားလှမ်းပြောပါတယ်။

နောက်တဖန် ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ကာ ‘တစ်ခုခုပေါ့….ဂရုစိုက်ပါတယ်ဆိုတာထက် ပိုတဲ့စကားမျိုး။ စိတ်မပါလဲ လိမ်တာပဲဖြစ်ဖြစ်’  သူ့လေသံကပြင်းထန်နေတုန်းပါပဲ။

‘ဟုတ်ပြီလေ….မင်းပြောသလို ငါလိမ်ပြောမယ်…..မင်းကိုအလိုမရှိဘူး ဘာကြောင့်လဲဆိုတော့ မင်းကိုမချစ်လို့ကွာ’ ကျွန်တော်ကတော့ လေသံမလျှော့နိုင်စွာ သူ့ကို အော်ပြောလိုက်တယ်။

သူ ကျွန်တော့်ကို စက္ကန့်အတော်ကြာ အတွေးတွေနဲ့စိုက်ကြည့်တယ်။
‘ကောင်းတယ်….ငါလည်း မင်းကိုမချစ်ဘူးကွာ’ သူပြန်အော်ရော။

‘ကောင်းတာပေါ့….ငါ မင်းကိုမခေါ်တော့ဘူး’ ကျွန်တော်လည်းပြန်အော်ပေါ့။

‘အဲဒါဆိုလည်း နောက်ဆိုမခေါ်နဲ့ပေါ့ကွာ’ သူ့နှုတ်ဖျားက အော်ပြောပေမယ့် ကျွန်တော့်မျက်နှာအနားတိုးကပ်ရင်း အနမ်းကြမ်းကြမ်း တစ်ချက်ပေးကာ အဝေးကိုလှမ်းထွက်သွားပါတော့တယ်။

‘မင်းအော်ပြောလို့ပြီးပြီလား အခု’ ကျွန်တော်သူ့နောက်ကနေ ေခေါ်လိုက်အော်လိုက်ပြောမိတယ်။

‘ပြီးပြီ’ သူအော်ဟစ်နိုင်သမျှအော်ပြောရင်းမှ ကျယ်လောင်စွာရယ်မောပါတော့တယ်။ သူ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး ကျွန်တော့်ဘက်ကို မျက်နှာမူကာ ပါးချိုင့်အကြီးကြီးတွေပေါ်တဲ့အထိ ြပြုံးတယ်ဗျ။

‘မင်း မြို့ကိုပြန်ရောက်တဲ့အချိန် ငါ့ကိုဖုန်းခေါ်ကွာ…နော်’ လို့သူပြောလာတယ်။

‘ငါခေါ်ပါ့မယ်…ကတိပေးတယ်။ ငါ…ငါ မင်းကိုလွမ်းနေမှာ….Bye’ လို့လေသံမတုန်ခါအောင်သတိထားပြီး ကျွန်တော်ပြန်ဖြေတယ်။

‘ငါလည်းမင်းကိုလွမ်းနေမှာ။ ပြီးတော့ မင်းဖုန်းမခေါ်ဘူးဆိုရင် ငါအရမ်းစိတ်ဆိုးမှာနော် မယုံမရှိနဲ့။ Bye’ သူ့လက်တစ်ဖက်ကို မြောက်ပြီး ကျွန်တေ်ာ့ကိုဝေ့ယမ်းပြကာ တဖက်ကိုလှည့်ရင်း ရေကန်ကမ်းစပ်တလျှောက်ပြေးထွက်သွားပါတော့တယ်။ မျက်စိတဆုံး ကျွန်တော့် မျက်လုံးထဲကမပျောက်သေးသရွေ့ သူ့ကိုငေးကြည့်နေပြီးမှ Cabin ကိုဖြေးဖြေးလျှောက်ရင်းပြန်လာခဲ့ပါတယ်။

ကျွန်တော့်အသည်းနှလုံးတစ်စုံဟာ ကိုယ်ခန္ဓာထဲကနေပြုတ်ကျသွားပြီလို့ ခံစားရပါတယ်။ ရက်အတော်ကြာအခန်းအောင်းနေပြီးနောက်မှ သူ့ကို မကြာခင်တွေ့ရတော့မယ်ဆိုတာသေချာကြောင်း ကိုယ့်ဘာသာကိုယ် မာန်တင်းဖြေသိမ့်မိလေရဲ့။

*** 04. Loneliness.

ကျွန်တော် မတ်တပ်ထအရပ်မှာ ရုတ်တရက်ဆိုသလို ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်ပေါက်တွေလှိမ့်ဆင်းသွားပါတယ်။ ခပ်သွက်သွက် လေး လက်ဖမိုးနဲ့သုတ်ကာ ထရပ်ခဲ့ပြီး အသစ်ရလာတဲ့စာအုပ်ထုပ်တွေကိုဖြေရင်း စာအုပ်စင်ပေါ် ကျွန်တော်နေရာချလိုက်တယ်။ တောက်!!! သည်လိုလုပ်နေမိတာတွေကို ရပ်တန့်လိုက်ဖို့ကောင်းတယ်။ ကာလအတန်ကြာ နွေဦးအားလပ်ရက်အကြောင်းစီ အတွေးတွေ ပြန်ရောက်သွားတိုင်း ဘာရယ်မသိ စာအုပ်တွေကို အွန်လိုင်းကနေအများအပြားမှာယူနေမိတော့တာ။ အတွေးတွေကိုရောပေါ့။

မြို့ကိုကျွန်တော်ပြန်ရောက်ချိန်မှာ ဒိုဒိုပေးခဲ့သောဖုန်းနံပါတ်တွေကို အဆက်မပြတ်ခေါ်ခဲ့ပါတယ်။ အသံသွင်းထားတဲ့ စကားသံက သည်ဖုန်းနံပါတ်ကို ဆက်သွယ်လို့မရနိုင်ပါတဲ့။ တယ်လီဖုန်းလမ်းညွှန်ကို ဆက်သွယ်စုံစမ်းပြန်တော့ ဒိုဒို သို့မဟုတ် သူ့မိသားစုရဲ့ ဖုန်းနံပါတ်စာရင်းမရှိကြောင်းဖြေပါတယ်။ သည့်နောက်မှာတော့ သူ့စီကဖုန်းအဆက်အသွယ်ကို ကျွန်တော်စောင့်နေမိတယ်။ ရက်ပေါင်းအတော်ကြာသည်အထိ ဖုန်းမလာခဲ့ပါ။ တစ်နေ့နေ့တော့ ကျွန်တော်မျှော်လင့်ထားသည့်အတိုင်း ဖုန်းခေါ်သံကြားရပြီး တိုးငြင်းငြင်သာတဲ့ သူ့အသံကိုကြားနိုင်လိမ့်မယ်လို့ ဆန္ဒပြုမိပါတယ်။

နေ့ရက်အချိန်တွေခုန်ပေါက်ပြေးလွှားသွားခဲ့တဲ့နောက် ကျွန်တော့်မျှော်လင့်ချက်တွေဟာ တဖြေးဖြေးမှိန်ဖျော့ပြီး ဒေါသအမျက် အဖြစ်ပြောင်းလဲသွားပါတယ်။ အဆုံးသတ်ကတော့ ဒေါသကနေ ဝမ်းနည်းပူဆွေးမှုစီကူးပြောင်းတာပေါ့လေ။ နောက်ဆုံးမှာ မျှော်လင့်သမျှ သဲထဲရေသွန်ဖြစ်ပြီး နောက်တစ်ကြိမ်သူ့ကိုပြန်မတွေ့နိုင်တော့ကြောင်း လက်တွေ့သိလာရပါတယ်။ ကိုယ့်ဘာကိုယ် ဘယ်လိုညာညာ ကိုယ့်ဘာသာကိုယ် ဘယ်လောက်ကြိုးစားပြောင်းလဲပြောင်းလဲ သူ့ကို ကျွန်တော်ချစ်နေစဲပါ။ ယခုကော နောက်ကော သူ့ကိုချစ်နေဦးမှာ ကျွန်တော်သိတယ်။ ဆယ်စုနှစ်ကြာချိန်မှာ အဲဒီအချစ်ဟာ ပျင်းစရာကိစ္စအသွင်ဆောင်လာပေမယ့် ကျွန်တော့်ရင်ဘတ်ထဲမှာ ကိုက်ခဲနေစဲ ပါပဲ။

ဘဝသစ်တစ်ခု မစတင်ခင်နဲ့ ဖြတ်သန်းခဲ့တဲ့ တကိုယ်ရေဘဝစပ်ကြားကာလတစ်ခုမှာ တစ်ခါတော့အဖေပြောဖူးတယ် ‘ကိုယ့်ကိုယ်ကိုယ် သော့ခတ်မထားနဲ့ ၊ အိပ်မက်တွေကို မသေဆုံးပါစေနဲ့’တဲ့လေ။ ကျွန်တော့်မိဘနှစ်ပါးစလုံးသေဆုံးချိန်မှာတော့ မက်ဖူးခဲ့တဲ့အိပ်မက် အကောင်အထည်ဖော်ဖို့ မုချဖြစ်လာပါတယ်။ အာမခံမူဝါဒများအရ ကျွန်တော်တွေ့ရှိခဲ့တာ မရွှေ့ပြောင်းနိုင်သော၊ ရွှေ့ပြောင်းနိုင်သော ဥစ္စာပစ္စည်းများရဲ့ ပမာဏနဲ့ ကာလတန်ဖိုးများကိုပေါ့။ ကျွန်တော် အဆောက်အဦးတစ်ခုဝယ်ယူနိုင်ခဲ့ပြီး ကိုယ်ပိုင်စာအုပ်ဆိုင်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အလုပ်ပြီးချိန်တွေဟာ စာရေးခြင်းဖြင့် အချိန်ကုန်သလို ကိုယ်ပိုင်ထုတ်ဝေဖို့အတွေးကိုတော့ မတွေးမိသေးပါ။ ရေးထားတဲ့ ဝတ္ထုတိုနှစ်ပုဒ်ကို ထုတ်ဝေသူကိုပြကြည့်တော့ စိတ်ဝင်စားဟန်ပြတယ်ဗျ။ ကဗျာစာစုတစ်ခုပြုစုရေးသားဖို့ ညွှန်းဆိုချက်တွေ ပါလာတာပေါ့။ ကျွန်တော်လည်း စိတ်ပိုင်းဖြတ်လိုက်ကာ သေချာလေးအာရုံနှစ်အလုပ်လုပ်တာကြောင့် နှစ်သက်လောက်သည်အထိ ရလာဒ်တွေထွက်လာပြီး ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။

ထူးတော့ထူးဆန်းတယ် လတ်တလောကာလအတွင်း သူစိမ်းယောက်ျားအချို့နောက်ယောင်ခံလိုက်တာကြုံလာရပါတယ်။ ကျွန်တော့် စာအုပ်ထုတ်ဝေပြီး မကြာခင်မှာပဲ တစ်စုံတစ်ယောက်က စောင့်ကြည့်နေတဲ့ခံစားမှုမျိုး စတင်ခံစားခဲ့ရတာပါ။ သည်ကိစ္စကို ဆိုင်ထိုင်တဲ့ တစ်ရက်မှာ အသေအချာသိခဲ့ပါတယ်။ စာအုပ်လာဝယ်သူတွေ ထိုင်ဖတ်လို့ရအောင်ပြင်ဆင်ပေးထားသော စားပွဲခုံတွေထဲကတစ်ခုမှာ ကျွန်တော်ထိုင်နေတုန်း ပြတင်းပေါက်ရဲ့ မျက်စောင်းထိုးအနေအထားလောက်ကနေ မျက်ဝန်းနက်နက်နဲ့စိုက်ကြည့်နေသော သူစိမ်းတစ် ယောက်ကို ရုတ်တရက်မြင်လိုက်ရတာပါ။ အလင်းရောင်သိပ်မများတာကြောင့် သူ့မျက်နှာကိုသေချာစိုက်ကြည့်လိုက်ချိန်မှာတော့ သူ့မျက်နှာကို ခပ်မြန်မြန်လှည့်ပစ်ရင်း အဝေးကိုအမြန်နှုန်းနဲ့လျှောက်သွားပါတော့တယ်။

ကျွန်တော် ခပ်သွက်သွက်ထရပ်လိုက်ပြီး တံခါးမကြီးစီပြေး အပြင်ထွက်ကာ တံခါးသော့ခတ်လိုက်ပါတယ်။ ကျွန်တော်မြင်ကွင်းကနေ မပျောက်သေးတာကြောင့် သူ့ကိုအနည်းငယ်တော့မြင်ရသေးတယ်ဗျ။ ကျွန်တော်တွေးထင်ထားတဲ့ပုံသဏ္ဌာန်နဲ့ ယခုမြင်ရတာက အနည်းငယ်ကွဲပြားပါတယ်။ မျက်နှာမှာ ပါးသိုင်းမွှေးအပြည့်၊ ဆံပင်ကလည်းရှည်လျားကာ နောက်ကျောဘက်မယ် pony tail စီးထားတဲ့ ပုံစံပါ။ ဘေ့စ်ဘောဦးထုပ်ကို မျက်နှာမမြင်ရအောင် ခပ်ငိုက်ငိုက်ဆောင်းထားတာကြောင့် မျက်လုံးများအား သိပ်မမြင်နိုင် မှောင်ရိပ်ကျ နေတာပါပဲ။

အဲသလိုကြုံပြီး နောက်နှစ်လအကြာ ဒုတိယပတ်ရဲ့ ညတစ်ညမှာ ဆိုင်ပြတင်းပေါက်ကနေတစ်ဆင့် ဖျက်ကနဲသူ့ကိုမြင်လိုက်ရပါတယ်။ လမ်းရဲ့တစ်ဖက်ကနေ ကျွန်တော့်ကို မတ်တပ်ရပ်ပြီးစိုက်ကြည့်နေတာလေ။ ကျွန်တော် တက္ကစီငှားနေကြ ဒါမှမဟုတ် ကားယူလာရင် ကွေ့မောင်းသွားနေကြ ထောင့်ချိုးနားမှာ သူရပ်တာဗျ။ ပါးသိုင်းမွှေးအပြည့်မျက်နှာသွင်ပြင်နဲ့သူ့ကို မကြာခင်မှာပဲ အနှောင့်အယှက် မဖြစ်တော့ဘဲ အသားကျသွားပါတယ်။ အန္တရာယ်လည်းမပေး ပြောလိုက်ရင်လည်း အလိုက်သိစွာထွက်သွားမယ့်သူတစ်ယောက် ကျွန်တော့်ကိုစောင့်ကြည့်နေတာလေ။ ကျွန်တော်နဲ့ သိပ်မဝေးခပ်လှမ်းလှမ်းအကွာအဝေးကနေကြည့်တာပေါ့ဗျာ။ ပြီးတော့ လွတ်လပ်တဲ့ တိုင်းပြည်မှာနေကြတဲ့လူတွေပဲ။

ကျွန်တော့်ဘဝဟာ တစ်ကိုယ်ရေအဖြစ်ဆက်လက်ဖြတ်သန်းဖြစ်တယ်ဗျ။ တစ်ယောက်ယောက်နဲ့ RS ချိတ်ဖို့ကြိုးစားခဲ့ပေမယ့် ဘယ်တော့မှ အလုပ်မဖြစ်ပါဘူး။ ဒိုဒိုရဲ့ အရိပ်တစ္ဆေက အမြဲခြောက်လှန့်နေသလို သူ့အပေါ်ထားတဲ့ ကျွန်တော့်အချစ်စိတ်ကြောင့် ချိန်းဆိုတွေ့ဆုံတဲ့ကိစ္စများကို ရပ်ပစ်လိုက်တာချည်းပါပဲ။

Alex Aung ( 14 July 2020)

To be continued …


(Zawgyi) 

Haunted (Part Three)




အခ်စ္နဲ႔ေတြ႕ဆံုခ်ိန္ မိန္႔မူးေနသမွ် ကာလကုန္လို႔ အျမင္ေတြျပန္ရွင္းလာရင္ေတာ့ အလန္႔တၾကားျဖစ္ၾကရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ‘အခ်စ္မွာ မိန္႔မူးသာယာရတာေလာက္ ေက်နပ္ေပ်ာ္ရႊင္ရျခင္းမရွိ’လို႔ေျပာရမလားဘဲ။

*** 03. Return to reality.
သူကတိေပးထားတဲ့အတိုင္း ေနာက္တစ္ေန႔မွာေတာ့ သူ႕ကို ကၽြန္ေတာ္ ထိုးသြင္းျပီးလိင္ဆက္ဆံခြင့္ရခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ေလွထားရံုကိုျပန္သြားခဲ့ျပီး ကိုယ္ခႏၶာနဲ႔ စိတ္အစဥ္တိုက္ပြဲႏႊဲခဲ့ၾကတာပါ။ အိမ္ေထာင္က်ကာစလူႏွစ္ဦးလိုပဲ အခန္းတံခါးကိုပိတ္လိုက္တာနဲ႔ ႏွစ္ေယာက္သားရဲ႕ စိတ္ေတြလႈပ္ရွားလာၾကျပီး ႏႈိးဆြစရာမလို ေျမြေဟာက္ေတြက အလိုလိုေခါင္းေထာင္ထေနတယ္။

သူ႕ေျခတံႏွစ္ဖက္ ခပ္ကားကား အေနအထားေျပာင္းေပးရင္း ကၽြန္ေတာ့္စိတ္ၾကိဳက္လုပ္ဖို႔သူေျပာတာေၾကာင့္ ခေရ၀ေလးကို လွ်ာမုန္တိုင္းေမႊေပးျဖစ္တယ္ ဗ်။ လက္ေခ်ာင္းေလးေတြနဲ႔ ခေရ၀အနားတ၀ိုက္ပြတ္သပ္ရင္း အတြင္းထဲကို အသာဖိဖိထည့္ကာကလိမိတယ္။ မိနစ္အနည္းငယ္အၾကာ မွာေတာ့ သူ႕ေျခေထာက္ႏွစ္ဖက္ကို ရင္ဘတ္ဆီကိုေကြးတင္ လက္ႏွစ္ဖက္နဲ႔ပိုက္ထားေပးပါေရာ။
‘မင္း -ီးကို ငါ့-င္ထဲထိုးထည့္ေလကြာ…..လုပ္ေတာ့…အာ…..ငါ…ငါ မေစာင့္ႏိုင္ေတာ့ဘူး’ အေလာတၾကီး သူေတာင္းဆိုပါတယ္။

‘ငါ မင္းကို မနာေစခ်င္လို႔ပါ….’ ကၽြန္ေတာ္ခပ္ရြံ႕ရြံ႕ျပန္ေျပာမိပါရဲ႕။
‘လုပ္ပါ…..ခပ္ၾကမ္းၾကမ္းေလး….မုဒိမ္းက်င့္သလို ငါ့ကို-ိုးကြာ….ျမန္ျမန္….အဲ့လိုလုပ္တာငါၾကိဳက္တယ္’ သူ႔ေတာင္းဆိုမႈကအဆန္း။

ကၽြန္ေတာ္လည္း အခ်ိန္မဆိုင္းဘဲ သူေျပာသလိုလုပ္ဖို႔ျပင္ဆင္ရတာေပါ့။ အရည္ၾကည္စို႕ေနတဲ့ ကၽြန္ေတာ့္ငပဲေခါင္းေလးကို အသာပြတ္သပ္၊ သူ႕ငပဲထိပ္ကအရည္ၾကည္ေတြကိုလက္နဲ႔ပြတ္ယူျပီး သူ႕ခေရ၀မွာေခ်ာဆီသေဘာပြတ္လိမ္းေပးရင္း တင္ပါးႏွစ္ဖက္ကို ျဖဲကိုင္လိုက္တယ္။ စိုစြတ္ေနတဲ့ ကၽြန္ေတာ့္ငပဲကို သူ႕ခေရ၀ထဲ ခပ္ျမန္ျမန္ပဲ ဖိျပီးထိုးသြင္းခ်လိုက္တာ အရင္းထိပဲေပါ့။ သူ႕ေပါင္တံႏွစ္ဖက္ အားလက္နဲ႔ထိန္းကိုင္လိုက္ျပီး ခါးမွာေမာ္တာတပ္ထားသလို ကၽြန္ေတာ္စတင္လႈပ္ရွားလိုက္ပါတယ္။

‘ေအး….အ…အ…ခပ္ၾကမ္းၾကမ္းေလး…ေဆာင့္….ၾကမ္းၾကမ္းေလး….ေဆာင့္…အ’ သူ႕ေတာင္းဆိုသံက တုန္ခါေနေရာ။

ပု၀ါမကူေရမရွဴစတမ္း ကၽြန္ေတာ္သူ႕ကိုလုပ္ေနခ်ိန္ သူ႕ငပဲသူလက္နဲ႔ဆုပ္ကိုင္ကာ တူထုပါေတာ့တယ္။ မိနစ္အနည္းငယ္အၾကာမွာေတာ့ သူ႕တင္ပါးေတြကို ပင့္ေျမာက္ကာ ကၽြန္ေတာ့္ငပဲကိုအဆံုးထိဖိသြင္းေစျပီး သူ႕သုက္ရည္ေတြကို ေလထဲပစ္လႊတ္ပါတယ္ သူ႕ရင္အုပ္ေတြ၊ မ်က္ႏွာေတြေပၚေရာက္တဲ့အထိေပါ့။ ကၽြန္ေတာ္သည္လည္း မထိန္းႏိုင္စြာ သူ႕ခေရ၀ထဲငပဲအတင္းဖိသြင္းျပီး သုက္ရည္ေတြကို ပန္းထည့္ ပစ္လိုက္တယ္။ သူေျပာတာမွန္တယ္ ကၽြန္ေတာ့္ဘ၀မွာ ရင္အခုန္ရဆံုးေသာ လိင္ဆက္ဆံမႈတစ္ခုျဖစ္ခဲ့ခ်ိန္ပဲ။

ရက္သတၱပါတ္ တစ္ပတ္နဲ႔ တစ္၀က္ေလာက္ ကၽြန္ေတာ္တို႔အဲသည့္အတိုင္းကုန္ဆံုးခဲ့ၾကပါတယ္။ ႏွစ္ေယာက္သား ေန႔တိုင္းေတြ႕ဆံုရင္း ေလွထားရံုကိုသြားရင္သြား၊ ေလွတစ္စင္းကိုယူျပီး ကန္ၾကီးထဲကိုေလွာ္ထြက္ကာ ေတြ႕မိထားတဲ့ကၽြန္းငယ္ေလးတစ္ခုဆီသြားလိုသြားေပါ့။ ေလွထားရံုထဲမယ္ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္-ိုးၾကသလို ကၽြန္းငယ္ေလးေပၚက သဲေသာင္ခံုေပၚေန႔ခင္းေၾကာင္ေတာင္ လုပ္ခ်င္လည္းလုပ္ၾကတာပါ။ သစ္ေတာထဲက အကိုင္းအခက္ခပ္အုပ္အုပ္နဲ႔ သစ္ပင္ၾကီးေအာက္ အျပန္အလွန္ပုေလြေပးၾကသလို အခြင့္အလမ္းသိပ္မရွိေတာင္ ေဘာင္းဘီထဲလက္ထည့္ႏႈိက္ျပီး လက္ကစားေပးၾကတယ္။ တစ္ေယာက္ခႏၶာကိုယ္ကို အျခားတစ္ေယာက္ ကမထိမကိုင္တဲ့ေန႕ရက္မရွိသလို ကြဲျပားျခားနားတဲ့ အေနအထားပံုစံနဲ႔ နည္းစနစ္ေတြကိုစမ္းသပ္ဆက္ဆံၾကတာမ်ား Pro ေတြအတိုင္းပါ။ ႏွစ္ဦးသား လိင္ဆက္ဆံေနခ်ိန္ သို႔မဟုတ္ အတူအာသာေျဖေနခ်ိန္မ်ားမယ္ တစ္ေယာက္အေၾကာင္းကို တစ္ေယာက္ပိုပိုသိဖို႔ၾကိဳးစားရွာ ေဖြျဖစ္ၾကပါတယ္။

မိသားစုႏွစ္စုအတြက္လိုအပ္တာေတြကို ျမိဳ႕တက္၀ယ္စဥ္ခဏ ကားေနာက္ခန္းမွာတင္ အျပန္အလွန္အာသာေျဖေပးမိၾကတယ္ဆို ယံုၾကမလားဘဲ။ ကၽြန္ေတာ့္အေဖက ကားေမာင္း၊ သူ႕ဖခင္က ေဘးထိုင္ခံုမွာထိုင္ရင္း ေဘာလံုးပြဲနဲ႔ rugby ပြဲေတြအေၾကာင္းထဲထဲ၀င္၀င္ ေျပာဆိုေဆြးေႏြးေနၾကတယ္။ ရုတ္တရက္ဆိုသလို သူ႕လက္ဟာ ကၽြန္ေတာ့္ေပါင္ခြဆံုကိုေရာက္လာတာေၾကာင့္ ငံု႔ၾကည့္မိတာေပါ့။ ကၽြန္ေတာ့္ေဘာင္းဘီက ဇစ္ကိုဆြဲျဖဳတ္ျပီး ငပဲကိုအသာေလးသူဆြဲထုတ္တယ္။ ကၽြန္ေတာ့္ေက်ာပိုးအိတ္ကို ဗိုက္ေပၚတင္လိုက္ခ်ိန္ သူ႕လက္ေတြဟာ ကၽြန္ေတာ့္ငပဲကိုစတီးေခ်ာင္းလိုျဖစ္ေအာင္ပြတ္သပ္ေရာ။ သူ႕ေက်ာပိုးအိတ္ကိုလည္း ေပါင္ႏွစ္ဖက္ေပၚတင္ရင္း ကၽြန္ေတာ့္ကို ေခါင္းဆတ္ျပတာေၾကာင့္ အိတ္ေအာက္နားကေန လက္လွ်ိဳလိုက္ကာ သူ႕ငပဲကိုစမ္းေတာ့ အျပင္ကိုထုတ္ျပီးသား မာေတာင့္ျပီး ေသြးေၾကာေတြေတာင္ေဖာင္းေနျပီ။

ခပ္ေျဖးေျဖး တိုးတိုးက်ိတ္အျပန္အလွန္ အာသာေျဖလက္ကစားေပးရင္း အထြဋ္အထိပ္ဆီေရာက္ေအာင္ၾကိဳးစားၾကပါတယ္။ သူ ေခါင္းတစ္ခ်က္ဆတ္ျပရင္းမွ တင္ပါးေတြကို အသာၾကြကာ ကိစၥျပီးေျမာက္ပါျပီ။ ကၽြန္ေတာ္လည္း လက္ဖ၀ါးအစံုနဲ႔ဖမ္းယူလိုက္ရင္း အေတာ္မ်ားမ်ား သူပန္းထုတ္ျပီးခ်ိန္မွာေတာ့ လက္ကိုအသာေနာက္ဆုတ္ကာ ပါးစပ္အနီးယူလ်က္ သုက္ရည္ေတြကို လ်ာနဲ႔လ်က္ျပဳ ပါတယ္။ ကၽြန္ေတာ္ သူ႕မ်က္၀န္းကိုအၾကည့္ျခင္းဆံုေအာင္ တစ္ခ်က္ၾကည့္လိုက္ကာ ဦးေခါင္းကို ခပ္သြက္သြက္ျငိမ့္ျပလိုက္ပါတယ္ ျပီးကာနီးျပီေလ။ ကၽြန္ေတာ့္ငပဲအဆံုးကို သူ႕လက္ဖ၀ါးေတြနဲ႔ အုပ္ကိုင္ထားခ်ိန္မေတာ့ ထိန္းထားတဲ့စိတ္ကိုလႊတ္လိုက္တာ တင္ပါးေတြ တဆတ္ဆတ္တုန္ရင္း သုက္ရည္ေတြပန္းထုတ္မိပါတယ္။ သူသည္လည္း လက္နဲ႔ေသခ်ာဖမ္းယူထားျပီး ကၽြန္ေတာ္လုပ္သလိုျပန္ျပဳလုပ္ တယ္ေလ။ ခဏအၾကာမွာေတာ့ ေဘာင္းဘီဇစ္ေတြကိုျပန္လည္ဆြဲတင္၀တ္ကာ အေနအထားမယြင္းေအာင္ေနၾကပါတယ္။ ကၽြန္ေတာ္တို႔ဖခင္ေတြကေတာ့ သူတို႔ေျပာလက္စအေၾကာင္းအရာေတြေပၚမွာပဲ အာရံုမပ်က္ျငင္းခုန္ေနၾကတုန္း။ ဒိုဒို ကၽြန္ေတာ့္ကိုၾကည့္ ျပီး သြားျဖဲရယ္ျပတယ္၊ ေနာက္ေတာ့ သူ႕လက္ညိဳးကို ဟန္ပါပါနဲ႔ လ်က္ျပျပန္ရင္း စကားလံုးေတြအသံမဲ့ေျပာေနပါတယ္။ That was hot! ကၽြန္ေတာ္တို႔ေနထိုင္ရာ Cabin ေတြျပန္ေရာက္ခ်ိန္မွာေတာ့ ႏွစ္ေယာက္သားရဲ႕ ခြဆံုေတြဟာ စိုစြတ္ေနၾကတာအကြက္ၾကီးေတြျဖစ္လို႔။

အရွက္အေၾကာက္ကင္းတဲ့ လိင္မႈကိစၥရယ္ တက္မက္မႈမီးေတြေတာက္ေလာင္ရင္း ေန႔ရက္ေတြကို ကၽြန္ေတာ္တို႔ျဖတ္သန္းၾကပါတယ္။ ကၽြန္ေတာ္ သူ႕ကိုယ္ခႏၶာပံုရိပ္ကို သေဘာက်ရံုမက သူ႕အေပၚ ႏွစ္ႏွစ္ကာကာခ်စ္ျမတ္ႏိုးမိပါတယ္။ ဒါေပမဲ့ သူ႕အရည္အခ်င္းေတြေၾကာင့္ ပိုမိုစြဲမက္ရတယ္လို႔ ၀န္ခံပါရေစ။ သူက ရယ္စရာေကာင္းတယ္၊ ရုပ္ရည္ေခ်ာေမာေျပပ်စ္တယ္၊ ျပီးေတာ့ လံုးလံုးလ်ားလ်ားကို တကိုယ္ေကာင္းဆန္စိတ္မရွိ၊ စိတ္၀င္စားဖို႔ေကာင္းတယ္၊ ေထာက္ထားၾကင္နာစိတ္ရွိတယ္….အား အလြန္႔ကို sexy ျဖစ္တဲ့ေကာင္ေလးပဲ။ သူသည္လည္း ကၽြန္ေတာ့္အေပၚခံစားခ်က္အတူတူရွိေနဖို႔ အသည္းအသန္ေမွ်ာ္လင့္မိပါတယ္။ ႏွစ္ဦးသား ေမ်ာလြင့္ေနၾကတဲ့ ကမၻာငယ္ ဟာ မၾကာခင္ေသာကာလမွာေတာ့ ဆပ္ျပာပူေဖာင္းေပါက္သလို ျဖစ္ပ်က္လာတယ္။

တစ္ရက္ေသာ နံနက္ခင္းေစာေစာ ကၽြန္ေတာ္အိပ္ေနေသာအခန္းရဲ႕ ျပတင္းမွန္ကိုတစ္စံုတစ္ခုရိုက္ခတ္သံၾကားရတာေၾကာင့္ ႏိုးထလာ ပါတယ္။ လွမ္းၾကည့္လိုက္ေတာ့ ဒိုဒိုရယ္ အျပင္မွာမတ္တပ္ရပ္ေနရဲ႕။ လက္ကိုေ၀ွ႔ယမ္းျပျပီး ကၽြန္ေတ္ာ့ကိုအျပင္ဘက္ထြက္လာဖို႔ ေခၚ တယ္။ ခုတင္ေဘးက အ၀တ္စင္ေပၚမွ ဂ်င္းေဘာင္းဘီတစ္ထည္ရယ္ တီရွပ္တစ္ထည္ရယ္ဆြဲ၀တ္ျပီး အျပင္ကိုေျပးထြက္လာလိုက္တယ္။

‘ငါတို႔စကားနည္းနည္းေျပာရေအာင္…လာကြာ’ စကားတိုျပတ္စြာသူေျပာတယ္။

Cabin ကေနလွမ္းၾကည့္လို႔မျမင္ႏိုင္ေသာေနရာျဖစ္တဲ့ ေရကန္ဘက္ကို သူဦးေဆာင္သြားျခင္းေၾကာင့္ ကၽြန္ေတာ္လိုက္သြားတာ ေရကန္အနားသတ္ကမ္းစပ္တေလ်ာက္ အေတာ္လွမ္းလွမ္းေရာက္သြားပါတယ္။

ေက်ာက္ေဆာင္တစ္ခုေပၚ သူသက္ျပင္းေလးေလးပင္ပင္ခ်ရင္း ထိုင္တယ္။ ကၽြန္ေတာ္လည္း နံေဘးမွာထိုင္ရင္း သူ႕လက္ကိုဖ်စ္ညွစ္ လိုက္ပါတယ္။

‘ဘာေျပာခ်င္တာလဲ? ဘာေတြအမွားအယြင္းျဖစ္ျပန္ျပီလဲ?’ ကၽြန္ေတာ္ ခပ္တိုးတိုးေမးတာေပါ့။

‘ငါ့အေဒၚဆံုးသြားလို႔။ အသိဦးေလးႏွစ္ေယာက္က အေဖ့ကိုအေၾကာင္းၾကားလာတယ္ေလ’ သူကလည္း စကားတိုးတိုးေျပာရင္း ကၽြန္ေတာ့္လက္ေခ်ာင္းေတြကိုျပန္ဆုပ္ကိုင္တယ္။

‘အို….ငါစိတ္မေကာင္းပါဘူးကြာ’ ကၽြန္ေတာ္စကားခြန္းတုန္႔ဆိုလိုက္တယ္။ နက္ေမွာင္ေသာ မွန္းဆရခက္ေသာ သူ႕မ်က္၀န္းေတြနဲ႔ ကၽြန္ေတ္ာ့ကို အတန္ၾကာစိုက္ၾကည့္ပါတယ္။

‘အဲအေဒၚကို ငါသိပ္မသိပါဘူးကြာ…’ ကၽြန္ေတာ့္လက္ကို သူ႕ႏွာေခါင္းဆီမယူျပီး ကၽြန္ေတာ့္လက္ေခ်ာင္းေတြကို ျငင္ျငင္သာသာ နမ္းရႈိက္တယ္။

‘အိုး….တကယ္’ ကၽြန္ေတာ္ေလသံေလးလို တီးတိုးေရရြတ္မိေရာ။

‘ငါေျပာတာကိုသေဘာေပါက္လားဟင္? သေဘာေပါက္လား’ သူကထပ္ေမးတယ္။

‘ဘာကိုသေဘာေပါက္? မင္း အန္တီဆံုးသြားတယ္ဆို ငါတကယ္စိတ္မေကာင္းျဖစ္မိတယ္၊ မင္းမိသားစုေတာ့ ၀မ္းနည္းပူေဆြးေနေတာ့မွာ’ လို႔ကၽြန္ေတာ္ျပန္ေျပာလိုက္တယ္။

‘အေတာ္အလုပ္ရႈ႔ပ္တဲ့ ငါ့အမ်ိဳးေတြ…..ငါေျပာမယ္ သူနဲ႔သိကိုမသိဖူးဘူး’ ေလသံျပင္းျပင္း မာန္ပါပါနဲ႔သူေျပာတဲ့ေလသံေၾကာင့္ ကၽြန္ေတာ္ အံ့ၾသသြားမိပါတယ္။

‘ဒိုဒို….မင္းေျပာတာကလည္းကြာ နား၀င္ဆိုးလိုက္တာ’

သူ ကၽြန္ေတာ့္ဘက္ကိုလွည့္လာျပီး ဆုပ္ကိုင္ထားတဲ့ လက္ကိုလႊတ္ကာ ကၽြန္ေတာ့္ပခံုးေတြကို ဖ်စ္ညွစ္ပါတယ္။

‘ေသာ္ဇင္…ငါဘာေၾကာင့္ေျပာဆိုေနတာလဲ မင္းအခုထိအဓိပၸာယ္မေပါက္ေသးဘူး? ငါ့အေဖက အခုအားလပ္ရက္ခရီးစဥ္ကိုရပ္ျပီး ျမိဳ႕ကို ျပန္ေတာ့မွာ ေနာက္တစ္နာရီအတြင္း’

‘အိုး….ျပႆနာပဲကြာ’ ကၽြန္ေတာ့္ရင္ဘတ္ထဲ နင့္ကနဲျဖစ္သြားရတယ္။

‘တကယ့္ျပႆနာပဲေလ….ငါမျပန္ခ်င္ဘူး…..ငါသည္မွာမင္းနဲ႔အတူေနခ်င္….ေသာ္ဇင္ ငါတို႔ဘာလုပ္ၾကမလဲ’ သူ ခါးခါးသီးသီးတုန္႔ျပန္ ပါတယ္။ ေျပာေနရင္းမွ ရပ္တန္႔လိုက္ျပီး ကူကယ္ရာမဲ့ ကၽြန္ေတာ့္ကိုၾကည့္ေနေရာ။

‘ငါတို႔ဘာလုပ္ႏိုင္မလဲ…..ငါ့အသည္းေတြေၾကကြဲရပါျပီ….ငါ…ငါ..မင္းကို ၾကိဳက္…’ ကၽြန္ေတာ္ စကားေတြကိုပီပီသသေတာင္ မေျပာႏိုင္ခဲ့ဘူး။

‘ၾကိဳက္…..ၾကိဳက္တယ္?’ ကၽြန္ေတာ္ေျပာေနတဲ့စကားကို ေလသံခပ္တိုးတိုးနဲ႔ သူၾကားျဖတ္ပစ္တယ္။

‘ဟုတ္တယ္……မင္းကို ငါ အရမ္းၾကိဳက္တယ္’

သူ ကၽြန္ေတာ့္ဘက္ကိုေက်ာခိုင္းသြားရင္း သက္ျပင္းေမာၾကီးကို ေလးေလးပင္ပင္ခ်ပါတယ္။ ေနာက္ေတာ့ ကၽြန္ေတာ့္ဘက္ကို ျပန္လွည့္ လာတယ္။ သူ႕မ်က္နက္၀န္းေတြဟာ ေဒါသေရာင္ေၾကာင့္ ေတာက္ေျပာင္ေနတယ္ဗ်။

‘အာ…ငါ့ကိုခြင့္လႊတ္ကြာ….မင္းကတကယ့္ကို ငါ့အေပၚခံစားခ်က္..’ စကားေျပာတာ မျပီးေသးခင္မွာပဲ သူ ရုတ္တရက္ထရပ္ပါတယ္။ ‘မင္း ဘာသိတာလဲ? ငါကအရူးတစ္ေယာက္လိုပဲ….အိုေက….ငါအဆင္ေျပပါတယ္။ အဲသလိုပဲေနႏိုင္ရမွာေပါ့။ ေယာက္်ားေလးႏွစ္ေယာက္ ဆက္ဆံေရးအေပၚ ေမွ်ာ္လင့္ခ်က္ထားမိတာကိုကမွားတာပဲ။ ငါတို႔အေၾကာင္းကိုေျပာတာ’

‘မင္းဘာေျပာေနမွန္းကို ငါမသိတာ’ ကၽြန္ေတာ္စကားျပန္ေျပာရင္း သူနဲ႔မ်က္ႏွာခ်င္းဆိုင္ထရပ္လိုက္တယ္။ ‘ဟုတ္ျပီ….မင္းမၾကာခင္ သည္ကထြက္သြားေတာ့မယ္ဆိုလို႔ ငါစိတ္မေကာင္းျဖစ္ေနတယ္။ အဲသည့္ကိစၥအတြက္ ငါဘာအျပစ္မွမလုပ္မိဘာပဲနဲ႔ ဘာလို႔မင္း စိတ္ဆိုး စိတ္တိုသြားတာလဲ’

‘အမွန္ပဲ….မင္းက အဲသလိုေလးပဲဆက္စဥ္းစားပါ ဟုတ္ျပီလား’ သူ တဘက္ကိုလွည့္ကာ အေ၀းကိုေလွ်ာက္လွမ္းသြားပါတယ္။

‘ဒိုဒို….’ ကၽြန္ေတာ္ ေအာ္ေခၚလိုက္တယ္။ ‘မင္း….ငါ့ကိုမ်က္ႏွာျခင္းဆိုင္ျပီး ငါ့ဆီကဘာလိုခ်င္တယ္ ဘာျဖစ္ခ်င္တယ္ေျပာမွ ငါက ၀မ္းပမ္းတသာလုပ္ေပးစရာရွိတာလုပ္ေပးမွာေပါ့။ သည္လိုေျပာျပီးထြက္မသြားနဲ႔’ သူရပ္လိုက္ကာ ကၽြန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ဖို႔ ျပန္လာပါတယ္။

‘ေကာင္းျပီ’ သူေအာ္ဟစ္ပါတယ္။ ‘ငါေျပာမယ္၊ ငါရခဲ့တယ္ ပိုင္ဆိုင္ခဲ့ျပီလို႔ေတြးမိခဲ့ေပမဲ့ ငါမရခဲ့ဘူးပဲ’ သူစကားေျပာတာ ခဏရပ္တယ္။ ေနာက္ေတာ့ ေဒါသသံနဲ႔ဆက္ေျပာပါေရာ။ ‘မင္းျပတဲ့ အရိပ္အျခည္ေလးေတြ လကၡဏာေလးေတြအေပၚ ငါကမသိတတ္စြာ နည္းနည္းပို ေမွ်ာ္လင့္မိေနတာပဲ၊ ငါ့ကို တကယ္ ဂရုစိုက္ေနတယ္ေပါ့။ ဒါေပမဲ့ သိသိသာသာပါ ငါအရူးတစ္ေယာက္ျဖစ္ခဲ့တာ။’ သူေနာက္ျပန္ လွည့္သြား ျပီး ကၽြန္ေတာ္နဲ႔ေ၀းရာကိုေျခလွမ္းသြားပါတယ္။

ကၽြန္ေတာ္ သူ႕ေနာက္ကိုေျပးလိုက္သြားျပီး သူ႕လက္ေမာင္းကိုဆြဲကိုင္ကာ ရပ္တန္႔ေစတယ္။ သူခဏရပ္လိုက္ျပီး ဆုပ္ကိုင္ထားတဲ့ ကၽြန္ေတာ့္လက္ကို ခပ္ၾကမ္းၾကမ္းဆြဲဖယ္ကာ အေ၀းကိုဆက္ေလွ်ာက္သြားခဲ့ပါတယ္။

‘ေသာ္ဇင္….အိမ္ျပန္ေတာ့’ သူ႕ႏႈတ္ကေျပာတာ။

‘ဒိုဒို….ငါ့ကိုေသခ်ာေျပာကြာ….please’ ကၽြန္ေတာ္ သူ႕ကိုေတာင္းပန္တိုးလွ်ိဳးတယ္။

‘ငါတို႔ေျပာျပီးျပီလို႔ထင္တယ္၊ မင္းေပ်ာ္ရႊင္ပါေစကြာ၊ Have a good life’ ဟိန္းသံေတာင္ထြက္တယ္ သူျပန္ေျပာသံက။

ကမ္းေျခကို မုန္တိုင္းဆင္ျပီးသူထြက္သြားတာ ကၽြန္ေတာ့္မွာ ေမွ်ာ္လင့္ခ်က္မဲ့စြာ မတ္တပ္ရပ္က်န္ခဲ့ပါတယ္။ ရုတ္တရက္ဆိုသလို ေခါင္းထဲ တျဖည္းျဖည္းရွင္းလင္းလာတယ္။

‘ေစာင့္ဦး’ ကၽြန္ေတာ္ေအာ္ေျပာလိုက္တယ္။ သူ ကၽြန္ေတာ့္ဆီျပန္လွည့္လာတယ္။

‘မင္း အခုဘာလိုခ်င္တာတာလဲ’ သူ ေဒါသတၾကီးေအာ္ေျပာပါတယ္။

‘ငါ့ကိုေအာ္ေနတာရပ္ျပီး နားေထာင္ဦး’ ကၽြန္ေတာ္သူ႕အနားတိုးကပ္သြားရင္း ေျပာလိုက္တယ္။

‘ဘာေၾကာင့္ ငါေအာ္ေျပာတာကိုရပ္သင့္ပါလိမ့္? ငါေအာ္ေျပာတာကိုသေဘာက်တယ္။ ခ်ဳပ္တည္းထားတာမဟုတ္ဘူးကြ လြတ္လြတ္လပ္လပ္ပဲ’ သူေအာ္ျပီးျပန္ေျပာတယ္။

‘ေကာင္းျပီ…..မင္းငါ့ကိုေအာ္ေျပာရင္ ငါလည္းေအာ္ေျပာမယ္’ ကၽြန္ေတာ္သူ႕မ်က္ႏွာအနား တိုးကပ္ျပီး ေေအာ္ပစ္လိုက္တယ္။

‘ေကာင္းတယ္…..အခု မင္းဘာလုပ္ခ်င္တာလဲ’ ကၽြန္ေတာ့္မ်က္လံုးေတြကို အနီးကပ္ျပန္စိုက္ၾကည့္ရင္း သူေအာ္ျပန္ေရာ။

‘မင္းေျပာသလိုပဲေလ မင္းေတြးထင္ထားတာထက္ပိုျပီး ငါကမင္းကိုဂရုစိုက္ခဲ့တယ္’ တစ္ေယာက္မ်က္ႏွာနဲ႔တစ္ေယာက္ တစ္လက္မ ေလာက္ကြာတဲ့အေနအထားမွာပဲ ကၽြန္ေတာ္ေအာ္ေျပာမိတာပါ။

‘မင္းက ငါ့ကိုဂရုစိုက္ေပးခဲ့တယ္၊ အဲဒါေကာင္းပါတယ္၊ တကယ့္ကို ခ်ီးမြမ္းဖို႔ေကာင္းတာ’ သူ ႏွာေခါင္းရႈံ႕ မ်က္ႏွာမဲ့ရြဲ႕ကာ သေရာ္သလိုလိုျပန္ေျပာတယ္။

သူေနာက္ျပန္လွည့္ျပီး အေ၀းကိုစတင္ထြက္ခြာသြားတယ္ဗ်။

‘ဒိုဒို….ေစာင့္ဦး….ငါက သည္ထက္ပိုျပီး ဘာေျပာႏိုင္မွာလဲ?’ ကၽြန္ေတာ္ေအာ္ေခၚရင္း စကားလွမ္းေျပာပါတယ္။

ေနာက္တဖန္ ကၽြန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ကာ ‘တစ္ခုခုေပါ့….ဂရုစိုက္ပါတယ္ဆိုတာထက္ ပိုတဲ့စကားမ်ိဳး။ စိတ္မပါလဲ လိမ္တာပဲျဖစ္ျဖစ္’  သူ႕ေလသံကျပင္းထန္ေနတုန္းပါပဲ။

‘ဟုတ္ျပီေလ….မင္းေျပာသလို ငါလိမ္ေျပာမယ္…..မင္းကိုအလိုမရွိဘူး ဘာေၾကာင့္လဲဆိုေတာ့ မင္းကိုမခ်စ္လို႔ကြာ’ ကၽြန္ေတာ္ကေတာ့ ေလသံမေလွ်ာ့ႏိုင္စြာ သူ႕ကို ေအာ္ေျပာလိုက္တယ္။

သူ ကၽြန္ေတာ့္ကို စကၠန္႔အေတာ္ၾကာ အေတြးေတြနဲ႔စိုက္ၾကည့္တယ္။
‘ေကာင္းတယ္….ငါလည္း မင္းကိုမခ်စ္ဘူးကြာ’ သူျပန္ေအာ္ေရာ။

‘ေကာင္းတာေပါ့….ငါ မင္းကိုမေခၚေတာ့ဘူး’ ကၽြန္ေတာ္လည္းျပန္ေအာ္ေပါ့။

‘အဲဒါဆိုလည္း ေနာက္ဆိုမေခၚနဲ႔ေပါ့ကြာ’ သူ႕ႏႈတ္ဖ်ားက ေအာ္ေျပာေပမယ့္ ကၽြန္ေတာ့္မ်က္ႏွာအနားတိုးကပ္ရင္း အနမ္းၾကမ္းၾကမ္း တစ္ခ်က္ေပးကာ အေ၀းကိုလွမ္းထြက္သြားပါေတာ့တယ္။

‘မင္းေအာ္ေျပာလို႕ျပီးျပီလား အခု’ ကၽြန္ေတာ္သူ႕ေနာက္ကေန ေေခၚလိုက္ေအာ္လုိက္ေျပာမိတယ္။

‘ျပီးျပီ’ သူေအာ္ဟစ္ႏိုင္သမွ်ေအာ္ေျပာရင္းမွ က်ယ္ေလာင္စြာရယ္ေမာပါေတာ့တယ္။ သူ႕ေျခလွမ္းေတြကိုရပ္လိုက္ျပီး ကၽြန္ေတာ့္ဘက္ကို မ်က္ႏွာမူကာ ပါးခ်ိဳင့္အၾကီးၾကီးေတြေပၚတဲ့အထိ ျျပံဳးတယ္ဗ်။

‘မင္း ျမိဳ႕ကိုျပန္ေရာက္တဲ့အခ်ိန္ ငါ့ကိုဖုန္းေခၚကြာ…ေနာ္’ လို႔သူေျပာလာတယ္။

‘ငါေခၚပါ့မယ္…ကတိေပးတယ္။ ငါ…ငါ မင္းကိုလြမ္းေနမွာ….Bye’ လို႔ေလသံမတုန္ခါေအာင္သတိထားျပီး ကၽြန္ေတာ္ျပန္ေျဖတယ္။

‘ငါလည္းမင္းကိုလြမ္းေနမွာ။ ျပီးေတာ့ မင္းဖုန္းမေခၚဘူးဆိုရင္ ငါအရမ္းစိတ္ဆိုးမွာေနာ္ မယံုမရွိနဲ႔။ Bye’ သူ႕လက္တစ္ဖက္ကို ေျမာက္ျပီး ကၽြန္ေတ္ာ့ကိုေ၀့ယမ္းျပကာ တဖက္ကိုလွည့္ရင္း ေရကန္ကမ္းစပ္တေလွ်ာက္ေျပးထြက္သြားပါေတာ့တယ္။ မ်က္စိတဆံုး ကၽြန္ေတာ့္ မ်က္လံုးထဲကမေပ်ာက္ေသးသေရြ႕ သူ႕ကိုေငးၾကည့္ေနျပီးမွ Cabin ကိုေျဖးေျဖးေလွ်ာက္ရင္းျပန္လာခဲ့ပါတယ္။

ကၽြန္ေတာ့္အသည္းႏွလံုးတစ္စံုဟာ ကိုယ္ခႏၶာထဲကေနျပဳတ္က်သြားျပီလို႔ ခံစားရပါတယ္။ ရက္အေတာ္ၾကာအခန္းေအာင္းေနျပီးေနာက္မွ သူ႕ကို မၾကာခင္ေတြ႕ရေတာ့မယ္ဆိုတာေသခ်ာေၾကာင္း ကိုယ့္ဘာသာကိုယ္ မာန္တင္းေျဖသိမ့္မိေလရဲ႕။

*** 04. Loneliness.

ကၽြန္ေတာ္ မတ္တပ္ထအရပ္မွာ ရုတ္တရက္ဆိုသလို ကၽြန္ေတာ့္ပါးျပင္ေပၚ မ်က္ရည္ေပါက္ေတြလွိမ့္ဆင္းသြားပါတယ္။ ခပ္သြက္သြက္ ေလး လက္ဖမိုးနဲ႔သုတ္ကာ ထရပ္ခဲ့ျပီး အသစ္ရလာတဲ့စာအုပ္ထုပ္ေတြကိုေျဖရင္း စာအုပ္စင္ေပၚ ကၽြန္ေတာ္ေနရာခ်လိုက္တယ္။ ေတာက္!!! သည္လိုလုပ္ေနမိတာေတြကို ရပ္တန္႔လိုက္ဖို႔ေကာင္းတယ္။ ကာလအတန္ၾကာ ေႏြဦးအားလပ္ရက္အေၾကာင္းစီ အေတြးေတြ ျပန္ေရာက္သြားတိုင္း ဘာရယ္မသိ စာအုပ္ေတြကို အြန္လိုင္းကေနအမ်ားအျပားမွာယူေနမိေတာ့တာ။ အေတြးေတြကိုေရာေပါ့။

ျမိဳ႕ကိုကၽြန္ေတာ္ျပန္ေရာက္ခ်ိန္မွာ ဒိုဒိုေပးခဲ့ေသာဖုန္းနံပါတ္ေတြကို အဆက္မျပတ္ေခၚခဲ့ပါတယ္။ အသံသြင္းထားတဲ့ စကားသံက သည္ဖုန္းနံပါတ္ကို ဆက္သြယ္လို႔မရႏိုင္ပါတဲ့။ တယ္လီဖုန္းလမ္းညႊန္ကို ဆက္သြယ္စံုစမ္းျပန္ေတာ့ ဒိုဒို သို႕မဟုတ္ သူ႕မိသားစုရဲ႕ ဖုန္းနံပါတ္စာရင္းမရွိေၾကာင္းေျဖပါတယ္။ သည့္ေနာက္မွာေတာ့ သူ႕စီကဖုန္းအဆက္အသြယ္ကို ကၽြန္ေတာ္ေစာင့္ေနမိတယ္။ ရက္ေပါင္းအေတာ္ၾကာသည္အထိ ဖုန္းမလာခဲ့ပါ။ တစ္ေန႔ေန႕ေတာ့ ကၽြန္ေတာ္ေမွ်ာ္လင့္ထားသည့္အတိုင္း ဖုန္းေခၚသံၾကားရျပီး တိုးျငင္းျငင္သာတဲ့ သူ႕အသံကိုၾကားႏိုင္လိမ့္မယ္လို႔ ဆႏၵျပဳမိပါတယ္။

ေန႔ရက္အခ်ိန္ေတြခုန္ေပါက္ေျပးလႊားသြားခဲ့တဲ့ေနာက္ ကၽြန္ေတာ့္ေမွ်ာ္လင့္ခ်က္ေတြဟာ တေျဖးေျဖးမွိန္ေဖ်ာ့ျပီး ေဒါသအမ်က္ အျဖစ္ေျပာင္းလဲသြားပါတယ္။ အဆံုးသတ္ကေတာ့ ေဒါသကေန ၀မ္းနည္းပူေဆြးမႈစီကူးေျပာင္းတာေပါ့ေလ။ ေနာက္ဆံုးမွာ ေမွ်ာ္လင့္သမွ် သဲထဲေရသြန္ျဖစ္ျပီး ေနာက္တစ္ၾကိမ္သူ႕ကိုျပန္မေတြ႕ႏိုင္ေတာ့ေၾကာင္း လက္ေတြ႕သိလာရပါတယ္။ ကိုယ့္ဘာကိုယ္ ဘယ္လိုညာညာ ကိုယ့္ဘာသာကိုယ္ ဘယ္ေလာက္ၾကိဳးစားေျပာင္းလဲေျပာင္းလဲ သူ႕ကို ကၽြန္ေတာ္ခ်စ္ေနစဲပါ။ ယခုေကာ ေနာက္ေကာ သူ႕ကိုခ်စ္ေနဦးမွာ ကၽြန္ေတာ္သိတယ္။ ဆယ္စုႏွစ္ၾကာခ်ိန္မွာ အဲဒီအခ်စ္ဟာ ပ်င္းစရာကိစၥအသြင္ေဆာင္လာေပမယ့္ ကၽြန္ေတာ့္ရင္ဘတ္ထဲမွာ ကိုက္ခဲေနစဲ ပါပဲ။

ဘ၀သစ္တစ္ခု မစတင္ခင္နဲ႔ ျဖတ္သန္းခဲ့တဲ့ တကိုယ္ေရဘ၀စပ္ၾကားကာလတစ္ခုမွာ တစ္ခါေတာ့အေဖေျပာဖူးတယ္ ‘ကိုယ့္ကိုယ္ကိုယ္ ေသာ့ခတ္မထားနဲ႔ ၊ အိပ္မက္ေတြကို မေသဆံုးပါေစနဲ႔’တဲ့ေလ။ ကၽြန္ေတာ့္မိဘႏွစ္ပါးစလံုးေသဆံုးခ်ိန္မွာေတာ့ မက္ဖူးခဲ့တဲ့အိပ္မက္ အေကာင္အထည္ေဖာ္ဖို႔ မုခ်ျဖစ္လာပါတယ္။ အာမခံမူ၀ါဒမ်ားအရ ကၽြန္ေတာ္ေတြ႕ရွိခဲ့တာ မေရႊ႕ေျပာင္းႏိုင္ေသာ၊ ေရႊ႕ေျပာင္းႏိုင္ေသာ ဥစၥာပစၥည္းမ်ားရဲ႕ ပမာဏနဲ႔ ကာလတန္ဖိုးမ်ားကိုေပါ့။ ကၽြန္ေတာ္ အေဆာက္အဦးတစ္ခု၀ယ္ယူႏိုင္ခဲ့ျပီး ကိုယ္ပိုင္စာအုပ္ဆိုင္တစ္ခု ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ အလုပ္ျပီးခ်ိန္ေတြဟာ စာေရးျခင္းျဖင့္ အခ်ိန္ကုန္သလို ကိုယ္ပိုင္ထုတ္ေ၀ဖို႔အေတြးကိုေတာ့ မေတြးမိေသးပါ။ ေရးထားတဲ့ ၀တၳဳတိုႏွစ္ပုဒ္ကို ထုတ္ေ၀သူကိုျပၾကည့္ေတာ့ စိတ္၀င္စားဟန္ျပတယ္ဗ်။ ကဗ်ာစာစုတစ္ခုျပဳစုေရးသားဖို႔ ညႊန္းဆိုခ်က္ေတြ ပါလာတာေပါ့။ ကၽြန္ေတာ္လည္း စိတ္ပိုင္းျဖတ္လိုက္ကာ ေသခ်ာေလးအာရံုႏွစ္အလုပ္လုပ္တာေၾကာင့္ ႏွစ္သက္ေလာက္သည္အထိ ရလာဒ္ေတြထြက္လာျပီး ပံုႏွိပ္ထုတ္ေ၀ႏိုင္ခဲ့ပါတယ္။

ထူးေတာ့ထူးဆန္းတယ္ လတ္တေလာကာလအတြင္း သူစိမ္းေယာက္်ားအခ်ိဳ႕ေနာက္ေယာင္ခံလိုက္တာၾကံဳလာရပါတယ္။ ကၽြန္ေတာ့္ စာအုပ္ထုတ္ေ၀ျပီး မၾကာခင္မွာပဲ တစ္စံုတစ္ေယာက္က ေစာင့္ၾကည့္ေနတဲ့ခံစားမႈမ်ိဳး စတင္ခံစားခဲ့ရတာပါ။ သည္ကိစၥကို ဆိုင္ထိုင္တဲ့ တစ္ရက္မွာ အေသအခ်ာသိခဲ့ပါတယ္။ စာအုပ္လာ၀ယ္သူေတြ ထိုင္ဖတ္လို႔ရေအာင္ျပင္ဆင္ေပးထားေသာ စားပြဲခံုေတြထဲကတစ္ခုမွာ ကၽြန္ေတာ္ထိုင္ေနတုန္း ျပတင္းေပါက္ရဲ႕ မ်က္ေစာင္းထိုးအေနအထားေလာက္ကေန မ်က္၀န္းနက္နက္နဲ႔စိုက္ၾကည့္ေနေသာ သူစိမ္းတစ္ ေယာက္ကို ရုတ္တရက္ျမင္လိုက္ရတာပါ။ အလင္းေရာင္သိပ္မမ်ားတာေၾကာင့္ သူ႕မ်က္ႏွာကိုေသခ်ာစိုက္ၾကည့္လိုက္ခ်ိန္မွာေတာ့ သူ႕မ်က္ႏွာကို ခပ္ျမန္ျမန္လွည့္ပစ္ရင္း အေ၀းကိုအျမန္ႏႈန္းနဲ႔ေလွ်ာက္သြားပါေတာ့တယ္။

ကၽြန္ေတာ္ ခပ္သြက္သြက္ထရပ္လိုက္ျပီး တံခါးမၾကီးစီေျပး အျပင္ထြက္ကာ တံခါးေသာ့ခတ္လိုက္ပါတယ္။ ကၽြန္ေတာ္ျမင္ကြင္းကေန မေပ်ာက္ေသးတာေၾကာင့္ သူ႕ကိုအနည္းငယ္ေတာ့ျမင္ရေသးတယ္ဗ်။ ကၽြန္ေတာ္ေတြးထင္ထားတဲ့ပုံသဏၭာန္နဲ႔ ယခုျမင္ရတာက အနည္းငယ္ကြဲျပားပါတယ္။ မ်က္ႏွာမွာ ပါးသိုင္းေမႊးအျပည့္၊ ဆံပင္ကလည္းရွည္လ်ားကာ ေနာက္ေက်ာဘက္မယ္ pony tail စီးထားတဲ့ ပံုစံပါ။ ေဘ့စ္ေဘာဦးထုပ္ကို မ်က္ႏွာမျမင္ရေအာင္ ခပ္ငိုက္ငိုက္ေဆာင္းထားတာေၾကာင့္ မ်က္လံုးမ်ားအား သိပ္မျမင္ႏိုင္ ေမွာင္ရိပ္က် ေနတာပါပဲ။

အဲသလိုၾကံဳျပီး ေနာက္ႏွစ္လအၾကာ ဒုတိယပတ္ရဲ႕ ညတစ္ညမွာ ဆိုင္ျပတင္းေပါက္ကေနတစ္ဆင့္ ဖ်က္ကနဲသူ႕ကိုျမင္လိုက္ရပါတယ္။ လမ္းရဲ႕တစ္ဖက္ကေန ကၽြန္ေတာ့္ကို မတ္တပ္ရပ္ျပီးစိုက္ၾကည့္ေနတာေလ။ ကၽြန္ေတာ္ တကၠစီငွားေနၾက ဒါမွမဟုတ္ ကားယူလာရင္ ေကြ႕ေမာင္းသြားေနၾက ေထာင့္ခ်ိဳးနားမွာ သူရပ္တာဗ်။ ပါးသိုင္းေမႊးအျပည့္မ်က္ႏွာသြင္ျပင္နဲ႔သူ႕ကို မၾကာခင္မွာပဲ အေႏွာင့္အယွက္ မျဖစ္ေတာ့ဘဲ အသားက်သြားပါတယ္။ အႏၱရာယ္လည္းမေပး ေျပာလိုက္ရင္လည္း အလိုက္သိစြာထြက္သြားမယ့္သူတစ္ေယာက္ ကၽြန္ေတာ့္ကိုေစာင့္ၾကည့္ေနတာေလ။ ကၽြန္ေတာ္နဲ႔ သိပ္မေ၀းခပ္လွမ္းလွမ္းအကြာအေ၀းကေနၾကည့္တာေပါ့ဗ်ာ။ ျပီးေတာ့ လြတ္လပ္တဲ့ တိုင္းျပည္မွာေနၾကတဲ့လူေတြပဲ။

ကၽြန္ေတာ့္ဘ၀ဟာ တစ္ကိုယ္ေရအျဖစ္ဆက္လက္ျဖတ္သန္းျဖစ္တယ္ဗ်။ တစ္ေယာက္ေယာက္နဲ႔ RS ခ်ိတ္ဖို႔ၾကိဳးစားခဲ့ေပမယ့္ ဘယ္ေတာ့မွ အလုပ္မျဖစ္ပါဘူး။ ဒိုဒိုရဲ႕ အရိပ္တေစၧက အျမဲေျခာက္လွန္႔ေနသလို သူ႕အေပၚထားတဲ့ ကၽြန္ေတာ့္အခ်စ္စိတ္ေၾကာင့္ ခ်ိန္းဆိုေတြ႕ဆံုတဲ့ကိစၥမ်ားကို ရပ္ပစ္လိုက္တာခ်ည္းပါပဲ။

Alex Aung ( 14 July 2020)

To be continued …

Friday, July 17, 2020

ဝေခွဲရခက်နေမလား အိပ်မက်စို ?

>>>>>👉🏻👉🏻👉🏻Men's Health   ဖြစ်တဲ့ အတွက် မိန်းကလေးတွေ မဖတ်ချင်ရင် မဖတ်လို့ရအောင် ကြိုတင် remind လုပ်ပါတယ်။ ဖတ်ရင်လည်း ဗဟုသုတဖြစ်ဖွယ်ကလွဲလို့  ဖတ်လို့ သိပ်အဆင်မပြေမဲ့ အရာတွေ မရေးထားပါဘူးလို့ ထင်ပါတယ်။  :)

အမျိုးသားဆရာဝန်ဖြစ်တဲ့ အတွက် ညီလေးတွေ အစ်ကိုတွေ အမေးများဆုံး ပြဿနာ တစ်ခုပါ။ ရေးထားတာ တစ်နှစ်ကျော်ပြီ ဖြစ်တဲ့ အတွက် reference link တွေကို တော့ မမှတ်မိတော့ပါဘူး ။ ဒါပေမဲ့ ကျွန်တော့်ကို မေးတဲ့ မေးခွန်းတွေကိုပဲ ပြန်ပြီး ရေးထားပါတယ်။ လိုအပ်တဲ့ အချက်တွေကိုပဲ လိုက်ရှာထားပြီး ဒီနိုင်ငံနဲ့ အဆင်ပြေတာမျိုးကို arrangeလုပ်ပြီး  ရေးထားတာပါ။

~~~~ ဝေခွဲရခက်နေမလား အိပ်မက်စို ?~~~~~


          အမျိုးသားတွေ လူပျိုဖော်ဝင်ကာစအသက် ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ်လောက်က စတင်ပြီး  မနက်မိုးလင်းလာတဲ့အခါ လုံခြည်စိုနေတတ်တာကို သတိထားမိကြခဲ့မှာပါ။ ဒါမှမဟုတ်လည်း အဲ့ဒီလို လုံချည်စိုပြီး နိုးလာခဲ့တဲ့ အချိန်တွေလည်း ရှိပါလိမ့်မယ် ။ အဲဲ့ဒါကို အိပ်မက်စို (အိပ်နေစဉ် သုတ်လွှတ်ခြင်း )လို့ခေါ်ပါတယ်။ အိပ်နေစဉ်သုတ်လွှတ်ခြင်း ဆိုတာက အိပ်မက်ထဲမှာ လိင်မှုဆိုင်ရာ ပုံရိပ်တစ်ချို့ကို လိင်ဆက်ဆံနေတယ်ဆိုတဲဲ့ ပုံရိပ်မျိုးကို ခံစားရပြီး သုတ်ထုတ်လွှတ်ခြငိးဖြစ်ပါတယ် ။

#အဲ့ဒီ အိပ်မက်စိုတွေဘယ်က စတာလဲ??

     လူပျိုဖော်ဝင်စမှာ တက်စတိုစတီရုန်းဟော်မုန်း (ကျားဟော်မုန်း ) ရဲ့ လွှမ်းမိုးမှု အောက်မှာ သုတ်ရည် သုတ်ပိုးထုတ်လုပ်မှုတွေများလာတဲ့အခါ အိပ်မက်စိုတွေ စတင်ပြီး မက်တတ်ပါတယ် ။ နိုးလာတဲ့အခါ အဲ့ဒီ ကိုလူပျိုတွေဟာ ရှက်တာ ဒါမှမဟုတ် အပြစ်ရှိသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ လူပျိုဖော် ဝင်ပြီးနောက်ပိုင်း အိပ်မက်စို မက်လေ့မက်ထ နည်းသွားတတ်ပေမဲ့ တစ်ချို့ အရွယ်ရောက်ပြီး အမျိုးသားတစ်ချို့ဟာ ဘဝတလျှောက်မှာ အိပ်မက်စိုကို မကြာခဏ မြင်မက်ကြတာမျိုးလည်းရှိပါတယ်။ တစ်ချို့ အမျိုးသားတွေဟာ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်အထိ မက်လေ့ရှိသလို တစ်ချို့အမျိုးသားတွေဟာ ဘဝသက်တမ်းတစ်လျှောက်မှာ အိပ်မက်စို ၂ခါလောက်ပဲ မက်ခဲ့တာမျိုးလည်း ရှိပါတယ်။

#အိပ်မက်စို မက်တာဟာ ချို့ယွင်းချက်တစ်ခုလား ?

အိပ်မက်စို မမက်ရင်လည်း ချို့ယွင်းချက်ရှိနေတယ်လို့ပြောလို့ မရသလို အိပ်မက်စို မက်တာကို လည်း ရောဂါတစ်ခုလို့ပြောလို့မရပါဘူး။

#မိန်းကလေးတွေရော အိပ်မက်စို မက်တတ်သလား?

ယောက်ျားလေးတွေလောက် ဖြစ်လေ့ ဖြစ်ထမရှိပေမဲ့
မိန်းကလေးတွေလည်း အိပ်မက်စိုမက်တတ်ပါတယ်။  ယောကျ်ားလေးတွေလို သုတ် မလွှတ်ထုတ်ပေမဲ့ အင်္ဂါ စိုစွတ်လာတာမျိုးပါ။


       
#အိပ်နေစဉ် ဘယ်လိုအချိန်တွေမှာ ဖြစ်ပွားပါသလဲ??

အိပ်စက်ခြင်းရဲ့ rapid Eye movement ( REM ) stage မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှုပြင်းထန်းလာပြီး ဖြစ်ပွားတာဖြစ်ပါတယ်။

ဘယ်လိုအရွယ်တွေမှာ အိပ်မက်စို အမက်အများဆုံးလဲ ??

           လိင်ပိုင်းဆိုင်ရာ တက်ကြွတဲ့ လူပျိုဖော်ဝင်ကာစ အရွယ်မှာ အလွယ်တကူ လိင်စိတ် နိုးကြားနိုင်ပါတယ်။  သုတ်ရည်သုတ်ပိုးကို ဝှေးစေ့မှ ထုတ်ပေးတဲ့ ဖြစ်စဉ်တွေကလည်း လှုပ်ရှားလွန်းနေပါတယ်။ TV ကြည့်နေရင်း ရေချိုးနေရင်း ပြီးတော့ အခုပြောတဲ့ အိပ်မက်စိုဟာ အိပ်နေရင်းနဲ့ လိင်တံထောင်မတ်လာတာမျိုးကနေ သုတ်လွှတ်ထုတ်ခြင်းဖြစ်စေတာ ဖြစ်ပါတယ်။

ဝေခွဲရမဲ့ အချက်များ ???

#အိပ်မက်စိုဟာ ရှက်စရာ အခြေအနေလား ?

မဟုတ်ပါဘူး ။ အဲဒါဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်ပါ။  လိင်စိတ်နိုးကြွတာကို ခန္ဓာကိုယ်က (မိမိစိတ်ထိန်းချုပ်မှု မပါဘဲ အလိုအလျောက် ) ဖြေလျော့ပေးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ် ။ တစ်ခါတစ်လေဆို လိင်တံထောင်မတ်ခြင်းတောင် မရှိဘဲ သုတ်လွှတ်ထုတ်တတ်တာ ဖြစ်ပါတယ်။

#လိင်ဆက်ဆံမှုနည်းတဲ့ လိင်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတဲ့ သူတွေမှာ ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား ?

အဲ့ဒီလို ကောက်ချက်ချကြပေမဲ့ အိပ်မက်စို မဖြစ်အောင် လိင်အပျော်အပါးလိုက်စားရမယ်လို့ တော့ မဆိုလိုပါဘူး

#အိပ်မက်စိုဟာ ယောကျ်ားစွမ်းရည်မပြည့်ဝလို့ ယောက်ျားအားအင် နည်းလို့ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား ?

မဟုတ်ပါဘူး။

#အိပ်မက်စိုမက်လို့ သုတ်ရည်သုတ်ပိုး အရေအတွက် လျော့နည်းသွားမယ် မျိုးအောင်နိုင်စွမ်းလျော့နည်းသွားမယ်ဆိုတာ ဟုတ်ပါသလား ?

မဟုတ်ပါဘူး ။

#မိမိဘာသာ အာသာဆန္ဒဖြေဖျောက်ခြင်း ( masturbation ) လုပ်ပေးခြင်းဖြင့် အိပ်မက်စို မက်တာကို မဖြစ်အောင်လုပ်ပေးတယ်ဆိုတာ ဟုတ်ပါသလား။ ?

တချို့ပညာရှင်တွေက ဟုတ်ပါတယ်လို့ ပြောပေမဲ့ တချို့ပညာရှင်တွေကတော့ ပိုနေတဲ့ သုတ်ရည်သုတ်ပိုးကို ခန္ဓာကိုယ်က ပြန်လည် အသုံးချတဲ့အတွက် masturbation လုပ်မှ ဆိုတာ မဟုတ်ပါဘူးလို့ပြောပါတယ်။

ဒါဟာ  masturbation လုပ်ဖို့ကို တားဆီးထားတဲ့ ဘာသာတရားကိုးကွယ်သူတွေအတွက်တော့ စိတ်သက်သာရာ ရစေတာပဲ ဖြစ်ပါတယ်။

#ဘာသာရေးအမြင်

ဘယ်ကိုးကွယ်တဲ့ ဘာသာတရားကမှ အိပ်မက်စိုမက်တာကို အပြစ်လို့ မသတ်မှတ်ပါဘူး
အပြစ်လည်း မဟုတ်ပါဘူးတဲ့။ ရဟန်းပြုတဲ့အခါ မတော်တဆ အိပ်မက်စိုမက်မိတဲ့သူတွေ စိတ်သက်သာရာရစေနိုင်အောင်ပါ။

#တွေးထားရမှာနဲ့ လုပ်ပေးနိုင်တာတွေ

               အိပ်နေတဲ့အခါမှာ တစ်ခါတစ်ရံ သုတ်ထုတ်လွှတ်ခြင်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အိပ်နေတဲ့ အနေအထား ဝတ်ထားတဲ့ ခပ်ကျပ်ကျပ်အဝတ်အစားများက လိင်စိတ်ကို လှုံ့ဆော်ပေးသလိုဖြစ်ရင်လည်းဖြစ်တတ်ပါတယ်။

         သင်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ၊လိင်ဆက်ဆံမှုနည်းပါးသည်ဖြစ်စေ မနည်းပါးသည်ဖြစ်စေ ၊တကိုယ်ရေအာသာဖြေမှုလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ၊ခန္ဓာကိုယ်က သုတ်ရည် သုတ်ပိုး ထုတ်နေတာပါပဲ။ အဲ့ဒီအတွက် အိပ်မက်စိုဟာလည်း မက်နိုင်တာပါပဲ။

      လူပျိုဖော်ဝင်ကာစကနေ အိပ်မက်စို မက်နိုင်ပါတယ်။၈၀%သော အမျိုးသားတွေ ကြုံတွေ့နိုင်ပါတယ်။ တစ်ချို့က တဖြည်းဖြည်း မက်တဲ့အရေအတွက်နည်းသွားမယ်။ တစ်ချို့က ဘဝတစ်လျှှောက်လုံး မက်ချင်လည်း မက်နေမှာပါပဲ။ အိပ်မက်စို လုံးဝမမက်တဲ့သူလည်း ရှိပါတယ်။

           အိပ်မက်စိုမက်တာဟာ သင့်ရဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းမှာ လွဲချော်မှုတစ်ခုမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ပုံမမှန်မှုလည်း မဟုတ်ပါဘူး။  ဒါဟာရောဂါမဟုတ်ပါဘူး။ သုတ်ရည်သုတ်ပိုး အရေအတွက် အရည်အသွေး အားနည်းသွားမယ် ဆိုတာလည်း မဟုတ်ပါဘူး ။

            ပုံမှန်အာသာဖြေရမယ် (ဒါမှ ရှိနေတဲ့ သုတ်အဟောင်းတွေထွက်သွားပြီး အသစ်ပြန်လည်တည်ဆောက်ဖို့ ) ပုံမှန်လိင်ဆက်ဆံရမယ် ဆိုတာတွေဟာ မဟုတ်ပါဘူူး။ အသုံးမပြုတဲ့ သုတ်ပိုးကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူပါတယ်။ လိင်ဆက်ဆံမှုနဲ့ အိပ်မက်စိုနဲ့ ဆက်နွယ်တဲ့ သိသာထင်ရှားတဲ့ သိပ္ပံ အကြောင်းပြချက်မရှိပါဘူး။

                 အိပ်မက်စို မက်တာဟာ သင့်အမှားမဟုတ်ပါဘူး။  သင့်ခန္ဓာကိုယ်က သူလုပ်စရာရှိတာ သူလုပ်နေတာပဲ ဖြစ်ပါတယ်။ ရှက်ဖို့လည်း မလိုသလို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့လည်း မလိုပါဘူး။ အိပ်မက်စိုမက်လို့ နိုးလာတဲ့အခါ စိုနေတဲ့ အင်္ဂါ နေရာတဝိုက်ကို ဆပ်ပြာနဲ့ ရေနွေးနွေး သို့ ရေအေး နှစ်သက်ရာနဲ့ ဆေးကြောပါ။ အဝတ်အစားအိပ်ရာခင်း(ပေကျံခဲဲ့ရင် ) တွေ လဲလှယ်ပြီး ပြန်လည်အိပ်စက်နိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်ကို ညကအိပ်မက်စိုမက်တယ်လို့ ရယ်ရယ်မောမော ဖွင့်ပြောလိုက်ပါ။ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်။
     
               အနားယူပါ။ စိတ်ဖိစီးမှုများလာတဲ့အချိန်မှာ အိပ်မက်စို ပိုမက်တတ်ပါတယ်။ လုံလောက်တဲ့ အိပ်ရေးဝမှု ရှိပါစေ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ အလုပ်များတဲ့ သင့်အချိန်ဇယားတွေကနေ အနားယူဖို့  ဝါသနာပါတဲ့ အလုပ်လေးတွေ ပျော်စရာလေးတွေ လုပ်ဆောင်ဖို့ အချိန်ကို ဆွဲထုတ်လိုက်ပါ။

                  ပေါ့ပါးပြီး ချောင်ချိတဲ့ အကျင်္ ီတွေ ဝတ်ပြီး အိပ်စက်ခြင်း ( အနောက်နိုင်ငံတွေမှာတော့ ကိုယ်လုံးတီး naked အိပ်စက်ခြင်း ) က အဝတ်အစားတွေက သင့်ကို လှုံ့ဆော်ပြီး အလိုအလျောက် သုတ်လွှတ်စေမှုကို လျှော့ချပေးနိုင်ပါတယ်။

                      သိပ်စပ်လွန်းတဲ့အစားအစာတွေ ခရမ်းသီး စတဲ့ အစာတွေကို ရှောင်သင့်တယ်လို့ တစ်ချို့သော ဓလေ့အယူအဆတွေမှာ တွေ့ရပါတယ်။ ကဖင်းပါတဲ့ drink တွေ (ကော်ဖီလိုမျိုး) ကို ညမအိပ်ခင်သောက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

            အိပ်မက်စိုတွေနဲ့ ရုန်းကန်နေရတယ်ဆိုရင်တော့ အစားအသောက်ကို နည်းနည်းချင်းခွဲစားပါ။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် နေထိုင်ပေးပါ။  ကိုယ်လက်လှုပ်ရှား အားကစားတွေကို ပြုလုပ်ပေးပါ။
           
                 လိင်စိတ်ကြွစေတဲ့ အပြာဝတ္ထု အပြာရုပ်ရှင်တွေ ကြည့်တာ တခြား မီဒီယာတွေထဲက လိင်ပိုင်းဆိုင်ရာအသားပေးတဲ့ အစီအစဉ်တွေ ရုပ်ပုံတွေကြည့်တာကို လျှော့ချပေးပါ။ စိတ်ဓာတ်တက်ကြွစေမဲ့ ညဏ်အင်အားပြည့်စေမဲ့ လုပ်ဆောင်မှုတွေ(ဥပမာ ဗဟုသုကြွယ်စေမဲဲ့ စာတွေဖတ်တာ puzzle တွေဆော့တာ ) နဲ့ အစားထိုးပါ။
           
             တကယ်လို့ သင်ဟာ အိမ်ထောင်ရှိတယ်ဆိုရင် အိမ်ထောင်ဘက်နှင့် ပုံမှန်နေထိုင်ခြင်းကလည်း  ခန္ဓာကိုယ်ကို လိင်စိတ်လှုံ့ဆော်မှု လျှော့ချပေးတဲ့အတွက် အိပ်မက်စို မက်တာကို ပြေပျောက်စေမှာပါ။ မိမိဘာသာ အာသာဖြေခြင်းကမှ အိပ်မက်စို မက်တာကို သက်သာစေတယ်လို့ စိတ်က စွဲမှတ်နေတဲ့အခါမှာတော့ အာသာဖြေခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
         
                 တရားထိုင်တာ ၊ယောဂကျင့်စဉ်တွေကလည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဘာသာအသီးသီး  သာသနာဘောင်အတွင်းက ပုဂ္ဂိုလ်များဟာ ညဘက် ဒါမှ မဟုတ် တရေးနိုးအချိန်မှာ သင့်တော်တဲ့ ဆိုင်ရာတရား ကမ္မဋ္ဌာန်း စီးဖြန်းကြပါတယ်။
             
               ဆေးမြစ်ဆေးရွက်များကိုပြုတ်သောက်ကြတာလည်း ရှိပါတယ်တဲ့။ (ဥပမာ နွယ်ချိုအမြစ်ကို ပြုတ်သောက်တာ မျိုး )တကူးတကလုပ်ရမှာ ဖြစ်လို့ မသောက်ဖြစ်ကြတာများပါတယ်။

                 အိပ်ခါနီး ရေချိုးရင် ရေအေးနဲ့ အစား ရေနွေးနဲ့ ချိုးပေးတာ ပိုကောင်းပါတယ်။ ရေအေးနဲ့ချိုးတဲ့အခါ လိင်ပိုင်းကိစ္စစိတ်ဆန္ဒကို စိတ်လျော့နည်းစေတယ်လို့ထင်မြင်ကြပေမဲ့  အေးသောအခြေအနေက သုတ်ရည် သုတ်ပိုးကို ပိုမိုပွားစေတာကြောင့်ပါ။

              သင့်ရဲ့စိတ်ကို လန်းဆန်းစေမဲ့ အရာတွေလည်း ရှိပါသေးတယ်။ နူးညံ့တဲ့ ဂီတသံစဉ်လေးတွေ စီးမျောလိုက်ပါခံစားလို့ရပါတယ်။ စာကောင်းပေမွန်တွေဖတ်ပြီး စိတ်အာဟာရမြင့်တက်လို့ရပါတယ်။ လက်ဖက်ရည်နဲ့ ကော်ဖီကို ခေတ္တလောက်ပဲဖြစ်ဖြစ် ရှောင်လိုက်ပါ။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ ရေများများသောက်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်း ယောဂလေ့ကျင့်ခြင်းတွေနဲ့ စိတ်ရဲ့ဖိအား ကိုယ်ခန္ဓာရဲ့ ဖိအားတွေကို လျှော့ချထားလိုက်ပါ။

         အိပ်မက်စိုဟာရှက်စရာမဟုတ်ပါဘူး..................
   


#HealthGuide magazine
ကျန်းသုခမဂ္ဂဇင်း
September issue,2016

(Zawgyi)

~~~~ ေဝခြဲရခက္ေနမလား အိပ္မက္စို ?~~~~~


          အမ်ိဳးသားေတြ လူပ်ိဳေဖာ္ဝင္ကာစအသက္ ဆယ့္ေလးႏွစ္ ဆယ့္ငါးႏွစ္အရြယ္ေလာက္က စတင္ၿပီး  မနက္မိုးလင္းလာတဲ႕အခါ လံုျခည္စိုေနတတ္တာကို သတိထားမိၾကခဲ႕မွာပါ။ ဒါမွမဟုတ္လည္း အဲ႕ဒီလို လံုခ်ည္စိုျပီး ႏိုးလာခဲ႕တဲ႕ အခ်ိန္ေတြလည္း ရွိပါလိမ့္မယ္ ။ အဲဲ့ဒါကို အိပ္မက္စို (အိပ္ေနစဥ္ သုတ္လႊတ္ျခင္း )လို႕ေခၚပါတယ္။ အိပ္ေနစဥ္သုတ္လႊတ္ျခင္း ဆိုတာက အိပ္မက္ထဲမွာ လိင္မွဳဆိုင္ရာ ပံုရိပ္တစ္ခ်ိဳ႕ကို လိင္ဆက္ဆံေနတယ္ဆိုတဲဲ့ ပံုရိပ္မ်ိဳးကို ခံစားရျပီး သုတ္ထုတ္လႊတ္ျခငိးျဖစ္ပါတယ္ ။

#အဲ႕ဒီ အိပ္မက္စိုေတြဘယ္က စတာလဲ??

     လူပ်ိဳေဖာ္ဝင္စမွာ တက္စတိုစတီရုန္းေဟာ္မုန္း (က်ားေဟာ္မုန္း ) ရဲ႕ လႊမ္းမိုးမွဳ ေအာက္မွာ သုတ္ရည္ သုတ္ပိုးထုတ္လုပ္မွဳေတြမ်ားလာတဲ႕အခါ အိပ္မက္စိုေတြ စတင္ျပီး မက္တတ္ပါတယ္ ။ ႏိုးလာတဲ႕အခါ အဲ႕ဒီ ကိုလူပ်ိဳေတြဟာ ရွက္တာ ဒါမွမဟုတ္ အျပစ္ရွိသလို ခံစားရတာမ်ိဳး ျဖစ္တတ္ပါတယ္။ လူပ်ိဳေဖာ္ ဝင္ျပီးေနာက္ပိုင္း အိပ္မက္စို မက္ေလ့မက္ထ နည္းသြားတတ္ေပမဲ႕ တစ္ခ်ိဳ႕ အရြယ္ေရာက္ျပီး အမ်ိဳးသားတစ္ခ်ိဳ႕ဟာ ဘဝတေလွ်ာက္မွာ အိပ္မက္စိုကို မၾကာခဏ ျမင္မက္ၾကတာမ်ိဳးလည္းရွိပါတယ္။ တစ္ခ်ိဳ႕ အမ်ိဳးသားေတြဟာ တစ္ပတ္ကို ႏွစ္ၾကိမ္ သံုးၾကိမ္အထိ မက္ေလ့ရွိသလို တစ္ခ်ိဳ႕အမ်ိဳးသားေတြဟာ ဘဝသက္တမ္းတစ္ေလွ်ာက္မွာ အိပ္မက္စို ၂ခါေလာက္ပဲ မက္ခဲ႕တာမ်ိဳးလည္း ရွိပါတယ္။

#အိပ္မက္စို မက္တာဟာ ခ်ိဳ႕ယြင္းခ်က္တစ္ခုလား ?

အိပ္မက္စို မမက္ရင္လည္း ခ်ိဳ႕ယြင္းခ်က္ရွိေနတယ္လို့ေျပာလို႕ မရသလို အိပ္မက္စို မက္တာကို လည္း ေရာဂါတစ္ခုလို႕ေျပာလို႕မရပါဘူး။

#မိန္းကေလးေတြေရာ အိပ္မက္စို မက္တတ္သလား?

ေယာက္်ားေလးေတြေလာက္ ျဖစ္ေလ့ ျဖစ္ထမရွိေပမဲ႕
မိန္းကေလးေတြလည္း အိပ္မက္စိုမက္တတ္ပါတယ္။  ေယာက်္ားေလးေတြလို သုတ္ မလႊတ္ထုတ္ေပမဲ႕ အဂၤါ စိုစြတ္လာတာမ်ိဳးပါ။

       
#အိပ္ေနစဥ္ ဘယ္လိုအခ်ိန္ေတြမွာ ျဖစ္ပြားပါသလဲ??

အိပ္စက္ျခင္းရဲ႕ rapid Eye movement ( REM ) stage မွာ ဦးေႏွာက္ရဲ႕ လွံဳ႕ေဆာ္မွဳျပင္းထန္းလာျပီး ျဖစ္ပြားတာျဖစ္ပါတယ္။

ဘယ္လိုအရြယ္ေတြမွာ အိပ္မက္စို အမက္အမ်ားဆံုးလဲ ??

           လိင္ပိုင္းဆိုင္ရာ တက္ၾကြတဲ႕ လူပ်ိဳေဖာ္ဝင္ကာစ အရြယ္မွာ အလြယ္တကူ လိင္စိတ္ ႏိုးၾကားႏိုင္ပါတယ္။  သုတ္ရည္သုတ္ပိုးကို ေဝွးေစ့မွ ထုတ္ေပးတဲ႕ ျဖစ္စဥ္ေတြကလည္း လွဳပ္ရွားလြန္းေနပါတယ္။ TV ၾကည့္ေနရင္း ေရခ်ိဳးေနရင္း ျပီးေတာ့ အခုေျပာတဲ႕ အိပ္မက္စိုဟာ အိပ္ေနရင္းနဲ႕ လိင္တံေထာင္မတ္လာတာမ်ိဳးကေန သုတ္လႊတ္ထုတ္ျခင္းျဖစ္ေစတာ ျဖစ္ပါတယ္။

ေဝခြဲရမဲ႕ အခ်က္မ်ား ???

#အိပ္မက္စိုဟာ ရွက္စရာ အေျခအေနလား ?

မဟုတ္ပါဘူး ။ အဲဒါဟာ သဘာဝျဖစ္ရိုးျဖစ္စဥ္ပါ။  လိင္စိတ္ႏိုးၾကြတာကို ခႏၶာကိုယ္က (မိမိစိတ္ထိန္းခ်ဳပ္မွဳ မပါဘဲ အလိုအေလ်ာက္ ) ေျဖေလ်ာ့ေပးတဲ႕ ျဖစ္စဥ္ျဖစ္ပါတယ္ ။ တစ္ခါတစ္ေလဆို လိင္တံေထာင္မတ္ျခင္းေတာင္ မရွိဘဲ သုတ္လႊတ္ထုတ္တတ္တာ ျဖစ္ပါတယ္။

#လိင္ဆက္ဆံမွဳနည္းတဲ႕ လိင္ပိုင္းဆိုင္ရာ တက္ၾကြမွဳ မရွိတဲ႕ သူေတြမွာ ျဖစ္တယ္ဆိုတာ ဟုတ္ပါသလား ?

အဲ႕ဒီလို ေကာက္ခ်က္ခ်ၾကေပမဲ႕ အိပ္မက္စို မျဖစ္ေအာင္ လိင္အေပ်ာ္အပါးလိုက္စားရမယ္လို႕ ေတာ့ မဆိုလိုပါဘူး

#အိပ္မက္စိုဟာ ေယာက်္ားစြမ္းရည္မျပည့္ဝလို႕ ေယာက္်ားအားအင္ နည္းလို႕ျဖစ္တယ္ဆိုတာ ဟုတ္ပါသလား ?

မဟုတ္ပါဘူး။

#အိပ္မက္စိုမက္လို႕ သုတ္ရည္သုတ္ပိုး အေရအတြက္ ေလ်ာ့နည္းသြားမယ္ မိ်ဳးေအာင္ႏိုင္စြမ္းေလ်ာ့နည္းသြားမယ္ဆိုတာ ဟုတ္ပါသလား ?

မဟုတ္ပါဘူး ။

#မိမိဘာသာ အာသာဆႏၵေျဖေဖ်ာက္ျခင္း ( masturbation ) လုပ္ေပးျခင္းျဖင့္ အိပ္မက္စို မက္တာကို မျဖစ္ေအာင္လုပ္ေပးတယ္ဆိုတာ ဟုတ္ပါသလား။ ?

တခ်ိဳ႕ပညာရွင္ေတြက ဟုတ္ပါတယ္လို႕ ေျပာေပမဲ႕ တခ်ိဳ႕ပညာရွင္ေတြကေတာ့ ပိုေနတဲ႕ သုတ္ရည္သုတ္ပိုးကို ခႏၶာကိုယ္က ျပန္လည္ အသံုးခ်တဲ႕အတြက္ masturbation လုပ္မွ ဆိုတာ မဟုတ္ပါဘူးလို႕ေျပာပါတယ္။

ဒါဟာ  masturbation လုပ္ဖို႕ကို တားဆီးထားတဲ႕ ဘာသာတရားကိုးကြယ္သူေတြအတြက္ေတာ့ စိတ္သက္သာရာ ရေစတာပဲ ျဖစ္ပါတယ္။

#ဘာသာေရးအျမင္

ဘယ္ကိုးကြယ္တဲ႕ ဘာသာတရားကမွ အိပ္မက္စိုမက္တာကို အျပစ္လို႕ မသတ္မွတ္ပါဘူး
အျပစ္လည္း မဟုတ္ပါဘူးတဲ႕။ ရဟန္းျပဳတဲ႕အခါ မေတာ္တဆ အိပ္မက္စိုမက္မိတဲ႕သူေတြ စိတ္သက္သာရာရေစႏိုင္ေအာင္ပါ။

#ေတြးထားရမွာနဲ႕ လုပ္ေပးႏိုင္တာေတြ

               အိပ္ေနတဲ႔အခါမွာ တစ္ခါတစ္ရံ သုတ္ထုတ္လႊတ္ျခင္းျဖစ္ႏိုင္ပါတယ္။ သင့္ရဲ႕ အိပ္ေနတဲ႕ အေနအထား ဝတ္ထားတဲ႕ ခပ္က်ပ္က်ပ္အဝတ္အစားမ်ားက လိင္စိတ္ကို လွံဳ႕ေဆာ္ေပးသလိုျဖစ္ရင္လည္းျဖစ္တတ္ပါတယ္။

         သင္ႏွစ္သက္သည္ျဖစ္ေစ မႏွစ္သက္သည္ျဖစ္ေစ ၊လိင္ဆက္ဆံမွဳနည္းပါးသည္ျဖစ္ေစ မနည္းပါးသည္ျဖစ္ေစ ၊တကိုယ္ေရအာသာေျဖမွဳလုပ္သည္ျဖစ္ေစ မလုပ္သည္ျဖစ္ေစ ၊ခႏၶာကိုယ္က သုတ္ရည္ သုတ္ပိုး ထုတ္ေနတာပါပဲ။ အဲ႕ဒီအတြက္ အိပ္မက္စိုဟာလည္း မက္ႏိုင္တာပါပဲ။

      လူပ်ိဳေဖာ္ဝင္ကာစကေန အိပ္မက္စို မက္ႏိုင္ပါတယ္။၈၀%ေသာ အမ်ိဳးသားေတြ ၾကံဳေတြ႕ႏိုင္ပါတယ္။ တစ္ခ်ိဳ႕က တျဖည္းျဖည္း မက္တဲ႕အေရအတြက္နည္းသြားမယ္။ တစ္ခ်ိဳ႕က ဘဝတစ္ေလွွ်ာက္လံုး မက္ခ်င္လည္း မက္ေနမွာပါပဲ။ အိပ္မက္စို လံုးဝမမက္တဲ႕သူလည္း ရွိပါတယ္။

           အိပ္မက္စိုမက္တာဟာ သင့္ရဲ႕ ဇီဝရုပ္ျဖစ္ပ်က္ျခင္းမွာ လြဲေခ်ာ္မွဳတစ္ခုမဟုတ္ပါဘူး။ စိတ္ပိုင္းဆိုင္ရာ ပံုမမွန္မွဳလည္း မဟုတ္ပါဘူး။  ဒါဟာေရာဂါမဟုတ္ပါဘူး။ သုတ္ရည္သုတ္ပိုး အေရအတြက္ အရည္အေသြး အားနည္းသြားမယ္ ဆိုတာလည္း မဟုတ္ပါဘူး ။

            ပံုမွန္အာသာေျဖရမယ္ (ဒါမွ ရွိေနတဲ႕ သုတ္အေဟာင္းေတြထြက္သြားၿပီး အသစ္ျပန္လည္တည္ေဆာက္ဖို႕ ) ပံုမွန္လိင္ဆက္ဆံရမယ္ ဆိုတာေတြဟာ မဟုတ္ပါဘူူး။ အသံုးမျပဳတဲ႕ သုတ္ပိုးကို ခႏၶာကိုယ္က ျပန္လည္စုပ္ယူပါတယ္။ လိင္ဆက္ဆံမွဳနဲ႕ အိပ္မက္စိုနဲ႕ ဆက္ႏြယ္တဲ႕ သိသာထင္ရွားတဲ႕ သိပၸံ အေၾကာင္းျပခ်က္မရွိပါဘူး။

                 အိပ္မက္စို မက္တာဟာ သင့္အမွားမဟုတ္ပါဘူး။  သင့္ခႏၶာကိုယ္က သူလုပ္စရာရွိတာ သူလုပ္ေနတာပဲ ျဖစ္ပါတယ္။ ရွက္ဖို႕လည္း မလိုသလို ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ဖို႕လည္း မလိုပါဘူး။ အိပ္မက္စိုမက္လို႕ ႏိုးလာတဲ႕အခါ စိုေနတဲ႕ အဂၤါ ေနရာတဝိုက္ကို ဆပ္ျပာနဲ႕ ေရေႏြးေႏြး သို႔ ေရေအး ႏွစ္သက္ရာနဲ႕ ေဆးေၾကာပါ။ အဝတ္အစားအိပ္ရာခင္း(ေပက်ံခဲဲ့ရင္ ) ေတြ လဲလွယ္ၿပီး ျပန္လည္အိပ္စက္ႏိုင္ပါတယ္။ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို ညကအိပ္မက္စိုမက္တယ္လို႕ ရယ္ရယ္ေမာေမာ ဖြင့္ေျပာလိုက္ပါ။ စိတ္လက္ေပါ့ပါးသြားပါလိမ့္မယ္။
     
               အနားယူပါ။ စိတ္ဖိစီးမွဳမ်ားလာတဲ႕အခ်ိန္မွာ အိပ္မက္စို ပိုမက္တတ္ပါတယ္။ လံုေလာက္တဲ႕ အိပ္ေရးဝမွဳ ရွိပါေစ။ စိတ္ဖိစီးမွဳကို ေလွ်ာ့ခ်ပါ။ အလုပ္မ်ားတဲ႕ သင့္အခ်ိန္ဇယားေတြကေန အနားယူဖို႕  ဝါသနာပါတဲ႕ အလုပ္ေလးေတြ ေပ်ာ္စရာေလးေတြ လုပ္ေဆာင္ဖို႕ အခ်ိန္ကို ဆြဲထုတ္လိုက္ပါ။

                  ေပါ့ပါးျပီး ေခ်ာင္ခ်ိတဲ႕ အက်ၤ ီေတြ ဝတ္ျပီး အိပ္စက္ျခင္း ( အေနာက္ႏိုင္ငံေတြမွာေတာ့ ကိုယ္လံုးတီး naked အိပ္စက္ျခင္း ) က အဝတ္အစားေတြက သင့္ကို လွံဳ႕ေဆာ္ျပီး အလိုအေလ်ာက္ သုတ္လႊတ္ေစမွဳကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

                      သိပ္စပ္လြန္းတဲ႕အစားအစာေတြ ခရမ္းသီး စတဲ႕ အစာေတြကို ေရွာင္သင့္တယ္လို႕ တစ္ခ်ိဳ႕ေသာ ဓေလ့အယူအဆေတြမွာ ေတြ႕ရပါတယ္။ ကဖင္းပါတဲ႕ drink ေတြ (ေကာ္ဖီလိုမ်ိဳး) ကို ညမအိပ္ခင္ေသာက္တာမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။

            အိပ္မက္စိုေတြနဲ႕ ႐ုန္းကန္ေနရတယ္ဆိုရင္ေတာ့ အစားအေသာက္ကို နည္းနည္းခ်င္းခြဲစားပါ။ ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ဝေအာင္ ေနထိုင္ေပးပါ။  ကိုယ္လက္လွဳပ္ရွား အားကစားေတြကို ျပဳလုပ္ေပးပါ။
           
                 လိင္စိတ္ႂကြေစတဲ႕ အျပာဝတၳဳ အျပာ႐ုပ္ရွင္ေတြ ၾကည့္တာ တျခား မီဒီယာေတြထဲက လိင္ပိုင္းဆိုင္ရာအသားေပးတဲ႕ အစီအစဥ္ေတြ ႐ုပ္ပံုေတြၾကည့္တာကို ေလွ်ာ့ခ်ေပးပါ။ စိတ္ဓာတ္တက္ႂကြေစမဲ႕ ညဏ္အင္အားျပည့္ေစမဲ႕ လုပ္ေဆာင္မွဳေတြ(ဥပမာ ဗဟုသုႂကြယ္ေစမဲဲ႕ စာေတြဖတ္တာ puzzle ေတြေဆာ့တာ ) နဲ႕ အစားထိုးပါ။
           
             တကယ္လို႕ သင္ဟာ အိမ္ေထာင္ရွိတယ္ဆိုရင္ အိမ္ေထာင္ဘက္ႏွင့္ ပံုမွန္ေနထိုင္ျခင္းကလည္း  ခႏၶာကိုယ္ကို လိင္စိတ္လွံဳ႕ေဆာ္မွဳ ေလွ်ာ့ခ်ေပးတဲ႕အတြက္ အိပ္မက္စို မက္တာကို ေျပေပ်ာက္ေစမွာပါ။ မိမိဘာသာ အာသာေျဖျခင္းကမွ အိပ္မက္စို မက္တာကို သက္သာေစတယ္လို႕ စိတ္က စြဲမွတ္ေနတဲ႕အခါမွာေတာ့ အာသာေျဖျခင္းကိုလည္း ျပဳလုပ္ေပးႏိုင္ပါတယ္။
         
                 တရားထိုင္တာ ၊ေယာဂက်င့္စဥ္ေတြကလည္း အေထာက္အကူျပဳတယ္လို႕ ဆိုပါတယ္။ ဘာသာအသီးသီး  သာသနာေဘာင္အတြင္းက ပုဂၢိဳလ္မ်ားဟာ ညဘက္ ဒါမွ မဟုတ္ တေရးႏိုးအခ်ိန္မွာ သင့္ေတာ္တဲ႕ ဆိုင္ရာတရား ကမၼ႒ာန္း စီးျဖန္းၾကပါတယ္။
             
               ေဆးျမစ္ေဆးရြက္မ်ားကိုျပဳတ္ေသာက္ၾကတာလည္း ရွိပါတယ္တဲ႕။ (ဥပမာ ႏြယ္ခ်ိဳအျမစ္ကို ျပဳတ္ေသာက္တာ မ်ိဳး )တကူးတကလုပ္ရမွာ ျဖစ္လို႕ မေသာက္ျဖစ္ၾကတာမ်ားပါတယ္။

                 အိပ္ခါနီး ေရခ်ိဳးရင္ ေရေအးနဲ႕ အစား ေရေႏြးနဲ႕ ခ်ိဳးေပးတာ ပိုေကာင္းပါတယ္။ ေရေအးနဲ႕ခ်ိဳးတဲ႕အခါ လိင္ပိုင္းကိစၥစိတ္ဆႏၵကို စိတ္ေလ်ာ့နည္းေစတယ္လို႕ထင္ျမင္ၾကေပမဲ႕  ေအးေသာအေျခအေနက သုတ္ရည္ သုတ္ပိုးကို ပိုမိုပြားေစတာေၾကာင့္ပါ။

              သင့္ရဲ႕စိတ္ကို လန္းဆန္းေစမဲ႕ အရာေတြလည္း ရွိပါေသးတယ္။ ႏူးညံ႕တဲ႕ ဂီတသံစဥ္ေလးေတြ စီးေမ်ာလိုက္ပါခံစားလို႕ရပါတယ္။ စာေကာင္းေပမြန္ေတြဖတ္ၿပီး စိတ္အာဟာရျမင့္တက္လို႕ရပါတယ္။ လက္ဖက္ရည္နဲ႕ ေကာ္ဖီကို ေခတၱေလာက္ပဲျဖစ္ျဖစ္ ေရွာင္လိုက္ပါ။ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြ ဖယ္ရွားႏိုင္ဖို႕ ေရမ်ားမ်ားေသာက္ပါ။ ေလ့က်င့္ခန္းလုပ္ျခင္း ေယာဂေလ့က်င့္ျခင္းေတြနဲ႕ စိတ္ရဲ႕ဖိအား ကိုယ္ခႏၶာရဲ႕ ဖိအားေတြကို ေလွ်ာ့ခ်ထားလိုက္ပါ။

         အိပ္မက္စိုဟာရွက္စရာမဟုတ္ပါဘူး..................

   


#HealthGuide magazine
က်န္းသုခမဂၢဇင္း
September issue,2016

Monday, July 13, 2020

အဘယ့်ကြောင့်များ…?

အဘယ့်ကြောင့်များ…?


နေမောင်ကို မွေးခဲ့တုန်းက ဖေဖေတော်တော်ပျော်ခဲ့သည်တဲ့။ နေမောင်ရှေ့တွင် သမီးချည်းပဲကို သုံးယောက်တိတိတောင် မွေးထားခဲ့သည်ဖြစ်ရာ သားတစ်ယောက်လိုချင်လွန်းလှသော ဖေဖေသည် ဘယ်တုန်းအခါကမှ မယုံခဲ့သည့် ဗေဒင်များ၊ယတြာများကိုပင် လျှင် အတော်ကြီးယုံခဲ့သည်ဟုဆိုသည်။ ဘုရားတွင်လည်း အကြိမ်ကြိမ်ဆုတောင်းခဲ့ရသည်ဟု မေမေကပြောပါသည်။ ထို့နောက်တွင် နေမောင့်ကိုမွေးသည်။ ဖေဖေကား ေပျော်မဆုံးပြီတည်း…။

သားတစ်ယောက်မွေးရခြင်းနှင့် သမီးတစ်ယောက်မွေးရခြင်းသည် အလွန်တရာကိုမှ ကွာခြားလွန်းလှသည်ဟု ဖေဖေက ခံယူသူပင်..။ သမီးဆိုသည့်အမျိုးက အချိန်တန်လျှင် အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါ ယောက္ခမအိမ်သွားရမည့်သူ၊ မွေးသောမိဘများ မပိုင်ရ။ အားကလည်းကိုးလို့မရ။ တစ်နည်းအားဖြင့် သမီးတစ်ယောက်ရလာခြင်းသည် ဘာကိုမှ ကြီးကြီးမားမား မျှော်မှန်း၍မရ..။ သားဆိုသည့် အမျိုးကတော့ ထိုသို့မဟုတ် မွေးကတည်းက သက်ဆိုင်းတိုင် မိဘဖြစ်သူတွေနှင့်အတူတူနေပေးမည့်သူဟု ဖေဖေကခံယူသည်။ ကိုယ်က ပိုင်ဆိုင်ခွင့်ရသည်…ဒီကြားထဲ အချိန်တန်လျှင် လိမ္မာသော ချွေးမလေးတစ်ယောက်ကိုလည်း အိမ်ပေါ်သယ်ဆောင်လာပေးဦးမည်။

ယောက်ျားလေးဖြစ်သောကြောင့်လည်း တစ်နေ့တွင် ဖအေ့ခြေရာနင်း၊ ဖအေရုန်းခဲ့သမျှ အလုပ်တွေ ဆက်ခံလုပ်ကိုင်ပေးမည့်သူ၊ မိဘကို သက်ဆုံးတိုင် လုပ်ကျွေးမည့် သူ….စသဖြင့် စသဖြင့်သော ခံယူချက် မျှော်မှန်းချက်တွေနှင့် ေဖေဖေပါတည်း။

သို့သော်…..

x x x

နေမောင် သုံးနှစ်ခွဲအရွယ် လေးနှစ်သားလောက်တွင် ခုန်ခုန်ပေါက်ပေါက် အင်မတန်ဆော့ချင်သည်။ သို့သော် ပြောစရာအချက်တစ်ချက် မှာ ဘေးပတ်ဝန်းကျင် အနီးအနား အိမ်များ၌ နေမောင်နှင့် အရွယ်တူ အခြားကလေးများ တစ်ယောက်မကရှိနေသော်ငြားလည်း နေမောင် သည် သူ့ထက် သုံးလေးနှစ်ခန့်မျှသာကြီးမည်ဖြစ်သော အစ်မသုံးယောက်နှင့်သာ အတူတူဆော့ရသည်ကို နှစ်သက်သဘောကျသည်။ အရွယ်တူ ကလေးများဆော့ကစားပုံမှာ အလွန်ကြမ်းတမ်းလှသည်ဟု သူထင်သည်။ သစ်ပင်ပေါ်သို့ တက်သည်။ ငှက်ကလေးများ၊ ပုရွက်ဆိတ်ကလေးများ မြင်လျှင် ရိုက်နှက်ပစ်ခတ် နင်းခြေတတ်သေးသည်။ နေမောင်ကတော့ ညင်သာစွာပင် သွားလာကစားချင်သည်။ ပြီးတော့ နေမောင်အနည်းငယ်လည်း ကြောက်တတ်သေးသည်။ ထို့ကြောင့် အစ်မကြီး သုံးယောက်ထံသာ အသာချဉ်းကပ် ကစားလေ့ရှိ သည်။

ပထမဆုံး နေမောင်ဆော့ဖူးသည့် ကစားနည်းမှာ ရုပ်ရှင်ရိုက်တမ်းလို့ပဲခေါ်ရမလား၊ သရုပ်ဆောင်တမ်းလို့ပဲ ခေါ်ရမလားမသိ။ ထိုစဉ်တုန်းကတော့ စင်ဒရဲလားဇာတ်လမ်းဆော့ကြသည်။ အစ်မကြီးနှင့် အစ်မလတ်တို့က မိထွေး၏ အကျင့်ပုပ်သော သမီးနှစ်ယောက် နေရာကဝင်ကြကာ အစ်မငယ်ကတော့ စင်ဒရဲလားနေရာက သရုပ်ဆောင်သည်။ အံမယ်….အပြင်အဆင်တွေကလည်း ခေတ်မီသည်။ တကယ့် စင်ဒရဲလားကာတွန်းတွေထဲကလို ဂါဝန်ဖောင်းဖောင်းတွေဖြစ်စေရန် ဖေဖေ၏ပုဆိုးများကို ခါးတွင်ဖြစ်သလို စည်းနှောင်ကာ ခပ်ပွပွလုပ်ထားကြသည်။ မိထွေးသမီးများဖြစ်သူ အစ်မလတ်နှင့် အစ်မကြီးတို့ကတော့ ပုဆိုးကောင်းများ ဝတ်ခွင့်ရကြသော်လည်း စင်ဒရဲလားဖြစ်သူ အစ်မငယ်ကတော့ ပုဆိုးစုတ် နွမ်းနွမ်းတစ်ခုကိုသာ ချည်နှောင်ခွင့်ရလေသည်။

အဲ….နေမောင်ကတော့ (ဇာတ်လမ်းထဲတွင် မပါသော်လည်း ကိုယ့်ဖာသာကိုယ်ဖန်တီးကာ) စင်ဒရဲလား၏ ညီမငယ် စင်ဒရီလိုအဖြစ် သရုပ်ဆောင်ခိုင်းပါသည်။ စဆော့ပြီဆိုတာနှင့် အစ်မကြီးနှင့် အစ်မလတ်တို့က ခေါင်းမော့ရင်ကော့ကာ ပုဆိုးများမရင်း အစ်မငယ်ထံ သို့ချီတက်လာကြလေပြီ။

``ဟင်..ကောင်မ ညည်းဘာတွေလုပ်နေလို့ အခုထိ အဝတ်လျှော် မပြီးတာတုန်းဟဲ့…ကဲဟယ်´´
``အား….ကျွန်မ….ကျွန်မ´´
``ကြည့်စမ်း..ကြည့်စမ်း…ထမင်းလည်းမကျက်သေးပါလား။ သေစမ်း ကောင်မ´´
``အမယ်လေး´´

ထိုအခါမျိုးတွင် အစ်မငယ်သည် နှိပ်စက်သမျှခံရပြီး မြေတွင် ပစ်လဲဟန်ပြုကာ ငိုရတတ်သည်။ ထိုမြင်ကွင်းများ၊ အပြုအမူများနှင့် အစ်မတို့၏ ပြောဟန်များသည် ဆော့ဖန်များလာသောအခါ နေမောင့်ကို သဘောကျစေခဲ့လေပြီ။

ဒုတိယကစားနည်းကတော့ အိုးမုတ်ခွတ်များနှင့် ဟင်းချက်ကြတမ်းပင်။ ဒီတစ်ခါတွင်တော့ နေမောင်နှင့် အစ်မကြီးတို့က ဟင်းချက်သူ များလုပ်ကြကာ အစ်မလတ်နှင့် အစ်မငယ်တို့ကလာရောက်စားသုံးသူများ လုပ်ကြသည်။

``ဟဲ့…ထမင်းစားမယ်….ဟင်းမှာမယ်´´ဟု အော်ကာဟစ်ကာနှင့် အစ်မလတ် အစ်မငယ်တို့နှစ်ယောက် ခပ်တည်တည်နှင့် ဖျာပေါ်ဝင်ထိုင်လိုက်ကြလေလျှင် အစ်မကြီးသည် အလုပ်ရှုပ်နေရာမှာ မီးဖိုခန်းထဲကနေ ပျာပျာသလဲထွက်လာရဟန်ပြုကာ…

``သြော် အစ်မတို့ဘာများ သုံးဆောင်မလဲရှင်´´ဟု မေးလေ့ရှိသည်။ ဤသည်ကို နေမောင်သဘောကျမဆုံးတော့။ သို့သော် နောက်တစ်ခါဆော့ကြသောအခါတွင်တော့ နေမောင်သည် ဧည့်ခံပေးသူနေရာက ဝင်ဆော့နေနိုင်လေပြီ။ အစ်မလတ်နှင့် အစ်မငယ် ဖျာပေါ်ထိုင်ချလိုက်လျှင်ပင်…

``လာ အစ်မတို့ ဘာများသုံးဆောင်မလဲ ရှင်´´ဟု အစ်မကြီးကဲ့သို့ ချိုသာစွာလိုက်လံတုပလျက် ပြောတတ်ခဲ့လေပြီ..။

တတိယ နေမောင် ဆော့ခဲ့ရသည်ကတော့ အရုပ်ကတ်လေးများပင်တည်း။ ကတ်ထူးပြားပေါ်တွင် အရုပ်မလေးပုံတစ်ခုကို ကိုယ့်စိတ်ကြိုက်ဆွဲ။ ကတ်ကြေးနှင့် ညှပ်ကိုက်ပြီးပြီဆိုလျှင် သင်သည် ထိုအရုပ်မလေး၏ပိုင်ရှင်ဖြစ်လေပြီ။ အရုပ်မလေးအတွက် သင်ကြိုက်သလို အကျႌပုံများကို ကိုယ်တိုင်းနှင့် ကြိုက်သလောက်ချုပ်ပေးလို့ရသည်။ ပြီးလျှင် တစ်ယောက်အရုပ်နှင့် တစ်ယောက်အရုပ် ဘယ်သူ့အဝတ်တွေက ပိုလှ ပိုဆန်းသစ်သလဲ ပြိုင်ကြရသည်။ နေမောင့်ကို ပန်းချီဆွဲတော်သော အစ်မလတ်က ဆွဲပေးကာ အကျႌများလည်းချုပ်ပေးတတ်သည်။ နေမောင်တွင် အရုပ်မလေးနှစ်ယောက်တောင် ရှိလေသည်။

ဒီလိုနှင့် နေမောင့်ကလေးဘဝက ကစားမှုများသည် တခြားသော ယောက်ျားကလေးများ၏ ကစားမှုများနှင့် မတူတော့ပဲ အခြားနားကြီး ခြားနားလာခဲ့ရတော့၏။ နေမောင် ဆော့ရန်ရည်ရွယ်၍ ဖေဖေဝယ်ထားပေးခဲ့သော ဘောလုံးလေးသည် ယခုအခါတွင်တော့ ဖုန်တို့အလိမ်းလိမ်း လူးကပ်နေပြီး တလောက ဝယ်လာပေးခဲ့သော စစ်သေနတ်လေးကတော့ ဘယ်ချောင်တွင်ရောက်လို့ ဘယ်ပေါက်နေပြီ မသိရတော့ပြီတည်း။

တခြားယောက်ျားကလေးများ ဘောလုံးကန် ကစားနေချိန်တွင် နေမောင်ကား အစ်မများနှင့် မော်ဒယ်ရှိုးလျှောက်တမ်းကစားနေခဲ့သည်။

တခြားယောက်ျားကလေးများ သေနတ်ပစ်တမ်း ကစားနေချိန်တွင် နေမောင်သည် စင်ဒရဲလား ဖြစ်နေခဲ့သည််။

တခြားယောက်ျားကလေးများ စွန်လွှတ်နေချိန်တွင် နေမောင်သည် ငါးပေါင်တင်လျှင် ငါးပေါင်လုံး ခုတ်ချနိုင်လောက်အောင် ဇယ်တောက်ရာ၌ ကျွမ်းကျင် နေခဲ့လေပြီ။

ဖေဖေကား တစ်နေကုန် ရုံးတွင်သာ အချိန်ကုန်နေရသူမို့ နေမောင်ဘာ ကစားနည်းတွေကို ဘယ်လိုဆော့နေလဲဆိုတာ မသိခဲ့ရှာပေ။ မေမေကတော့ အိမ်ခြံမြေပွဲစားတစ်ယောက်မို့ အိမ်တွင်ရှိတဲ့အခါရှိလိုက်…တနေကုန်နီးပါး အပြင်မှာ ရောက်နေလိုက်နှင့် နေမောင့်ကိုဂရုမစိုက်နိုင်အားခဲ့ကြချေ။ နေမောင်ကား အစ်မများနှင့် ကောင်းကောင်း အဖော်ပြုလျှက်ပင်တည်း..။

x x x


နေမောင် သူငယ်တန်းကျောင်းစတက်ရသောအခါတွင်မူကား နေမောင်၏ တခြားယောက်ျားလေးများနှင့် မတူသောပြောင်းလဲမှုတွေက ထင်ရှားလို့လာခဲ့ပြီဖြစ်သည်။ ကျောင်းစိမ်းဘောင်းဘီအစား အစ်မများလို စကတ်ဖားဖားသာ ဝတ်ချင်သည်ဟု ပူဆာလာချေပြီကော။ မေမေကား ဖေဖေမသိအောင် တိုးတိုးတိတ်တိတ် ချော့တစ်ခါ ခြောက်တစ်လှည့်နှင့် နေမောင့်ကို ဘောင်းဘီ မရရအောင်ဝတ်ပေးရ၏။ နေမောင့်အဖို့တော့ စင်ဒရဲလားလုပ်တိုင်း စကတ်ဝတ်နေကျလိုမို့ အဆန်းရယ်လို့ပင် မဟုတ်ချင်တော့ပြီ။ ဂါဝန်ဆိုသည်မှာ ခန္ဓာကိုယ်ကို အတန်ငယ် လှုပ်ရှားလိုက်ရုံမ၊ျှဖြင့် လေထဲ ဝေ့ဝဲသွားတတ်သည်။ နောက်ပြီး မိမိက ပြေးလိုက်လျှင်လည်း ကိုယ့်နောက်တွင် တလူလူ လွင့်ပါလိုက်လာနေတတ်သည်မှာ ဘယ်လောက်များ သဘောကျစရာ ကောင်းလိုက်လေသလဲကွယ်။ ဘောင်းဘီလိုလည်း မဟုတ်..။

သနပ်ခါးကတော့ မေမေကိုယ်တိုင်သဘောကျစွာ လိမ်းပေးသည်မို့ အထူးပြောစရာမလို။ တစ်ခုပဲရှိသည်။ နေမောင်၏ ဆံပင်များသည် အစ်မတွေလို ဖဲကြိုးလေးတွေနှင့် စည်းထားရလောက်အောင် မရှည်။ ဤသည်ကိုတော့ နေမောင် စိတ်ပျက်လှ၏။

ကျောင်းတွင်လည်း နေမောင်သည် ယောက်ျားလေး သူငယ်ချင်းများနှင့် အတူတူသာထိုင်နေရသော်လည်း သိပ်ပြီးမတည့်လှ။ သူတို့ ကစားသော အရာမှာ ဘောလုံးဖြစ်သည်။ နေမောင်လို ကြိုးလည်းမခုန်တတ်ကြ၊ နောက်ပြီး နေမောင့်မှာလို အရုပ်ကတ်တွေလည်း မရှိကြပြန်။ သူတို့မှာရှိသည်က သေနတ်များသာ။ ပြောနေကြသည့် အကြောင်းတွေကိုလည်း ကြည့်ပါဦး ပါ၀ါရိန်းဂျားတဲ့… ကားကျည်စိုး တဲ့…နှံကောင် ကျည်စိုးတဲ့။ နေမောင် သိလည်းမသိ ကြည့်လည်းမကြည့်ဘူး။ နေမောင် ကြည့်ဖူးသိဖူးတာတွေက စင်ဒရဲလား…စနှိုးဝှိုက် နှင့် စလစ်ပင်းဗျူတီတို့သာ။

ထိုအခါ နေမောင်သည် မိမိနှင့်ဆော့ကစားရာတွင်လည်း တူ၊ စကားပြောသော အကြောင်းအရာုတွေလည်းတူ…အရုပ်ကပ်ရှိတာခြင်း လည်းတူသော စာသင်ခန်းတစ်ဖက်ခြမ်းက မိန်းကလေးတွေနှင့် သွားရောက်ပေါင်းမိသည်။

ဘာကြောင့်မှန်းတော့မသိ မိန်းကလေးများနှင့်ပေါင်းသင်းရသည်မှာ အဆင်လည်းပြေသည်။ နေမောင်လည်း စိတ်ချမ်းသာသည်။ ယောက်ျားလေးတွေလို ကြမ်းကြမ်းတမ်းတမ်းတွေလည်း မဆော့ကြဘူး အနိုင်လည်းမကျင့်ကြဘူး။ တစ်ခါတွင် နေမောင်သည် အတန်းပိုင်ဆရာမ အပြင်သွားခိုက် မနေ့ညက အစ်မလတ်ချုပ်ပေးထားသော အကျႌအသစ်ကိုကြွားချင်ဇောဖြင့် မိန်းကလေးတွေဖက် ကူးလူးကာ အရုပ်ကတ်သွားဆော့သည်။ ပျော်ရွှင်စွာဆော့နေဆဲ…(…အထက်ကနှင့်အဆင်မပြေဖြစ်လာဟန်ရှိသော) အတန်းပိုင်ဆရာမ သည်စိတ်တိုတိုနှင့် အခန်းထဲပန်ဝင်လာရာ မိန်းကလေး ခုံတွေဖက် လာဆော့နေသော နေမောင့်ကို မျက်စိစပါးမွှေးစူးသွားပါသည်။

``ဟဲ့….ဟို အခြောက်ကလေး ကိုယ့်နေရာ ကိုယ်ပြန်သွားစမ်း..´´
အော်ဟစ်လိုက်သော ဆရာမ၏ အသံအဆုံးတွင် တစ်ဖက်ခြမ်းက ယောက်ျားလေးတော်တော်များများက နေမောင်အား လက်ညှိုးထိုးကာ တဝါးဝါးနှင့် ရယ်ကြပါတော့သည်။ နေမောင်ကတော့ ဆရာမ သူတို့ဘာပြောမှန်းပင် မသိလိုက်။

``အခြောက်ကလေး´´ဟူသော ဝေါဟာရကို သူမသိရှာ။ သို့သော် အတန်းပိုင်ဆရာမကတော့ တခြားကလေးတွေအား နေမောင့်ကို ခေါ်ရန် စကားလုံးတစ်လုံး အသစ်သင်ပေးလိုက်ပါသည်။ ယင်းမှာ အခြောက်ဟူသောစကားလုံးပင်တည်း။ ဟုတ်ပါသည် ထိုနေ့မှစ၍ တခြားကလေးတွေသ်ည နေမောင့်ကို အခြောက်လို့သာ ခေါ်ကြတော့သည်။

x x x

အခြောက်ဟူသော ဝေါဟာရကို မသိရှာသော နေမောင်သည် အိမ်သို့ရောက်လေလျှင် အခြောက်ဆိုတာ ဘာလဲမေးရန်အတွက် အိမ်ရှေ့ ခန်းတွင် အသင့်ထိုင်နေသော အဖေ့ကိုတွေ့ပါသည်။

`ဖေဖေ…ဆရာမက သားကို အခြောက်လို့ပြောတယ်။ အခြောက်ဆိုတာ ဘာလဲဟင်´

`ဘာကွ´

အရင်လိုပင် စိတ်ရှည်လက်ရှည် ကြင်နာစွာ သူနားမလည်လည်အောင် ရှင်းပြမည်ဟူသော မျှော်လင့်ချက်ဖြင့်စောင့်နေခဲ့ရသော ဖေ့ဖေ့ထံမှ ပေါက်ကွဲသံသည် နေမောင့်ကို ဆတ်ကနဲ တုန်သွားအောင်အပြည့်အဝ ကြောက်လန့်သွားစေသည်။ ဘာပြန်ပြောရမည် မသိစွာ နေမောင် ကြောင်အနေဆဲ။ ဖေဖေသည် ကုလားထိုင်မှ ဝုန်းကနဲထလိုက်ပါသည်။ ဖေဖေ့ပေါင်ပေါ်တွင် တင်ထားသော သတင်းစာမှာ ဖျတ်ကနဲ အောက်သို့ပြုတ်ကျပြီး စာရွက်များ တစ်စစီပြန့်ကျဲထွက်လာကုန်သည်။

`ဘယ်လို….မင်း အတန်းပိုင်ဆရာမက မင်းကို ဘယ်လိုခေါ်လိုက်တာ။ အခြောက် ဟုတ်လား…´

နေမောင် ပြန်ဖြေရမလား မသိချေ။ ဟုတ်တယ်လို့ပြောရင် ဖေဖေစိတ်ဆိုးမှာလားမသိ။ မဟုတ်ဘူးလို့ညာရင်ကောင်းမည်။ သို့သော် နေမောင် ညာတာကို ဖေဖေက ကြိုသိတတ်သည်။

`ဟုတ်တယ်….ဖေဖေ´

နေမောင့်ရင်ထဲမှ အကြောက်တရားများသည် ရင်ဘတ်ကို အတင်းဖိနှိပ်ဆုပ်ချေနေကာ လည်ပင်း၌ တစ်ဆို့ဆို့ကြီးဖြစ်လာစေ၏။ အဲဒီ အခြောက်ဆိုသော စကားလုံးက ဘာကြောင့် အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။
မျက်ထောင့်ကြီးများနီကာ တစ်ကိုယ်လုံး တုန်ယင်နေသော ဖေဖေသည် နေမောင့်ကို ဒေါသတကြီး အော်ငေါက်ပစ်လိုက်သောအခါ နေမောင် မျက်ရည်များကျလာရတော့၏။

`မင်း ငါ့ရှေ့ကထွက်သွားစမ်း….ခွေးမသား´

နေမောင် ဘာလုပ်ရမှန်းမသိအောင်ကြောက်လန့်နေပြီး နေရပ်မှာပင် ရပ်မြဲရပ်လျက် ငိုနေသောအခါ ဖေဖေသည် မသနားလာသည့် အပြင် ပိုတောင် ဒေါသထွက်လာသေးသည်။

` မင်း ငါ့ရှေ့မှာ လာငိုပြမနေနဲ့။ အေပေးလေး….မင်း အဲလို ငိုနေလို့လည်း မင်းကို အခြောက်လို့ပြောတာ။ ဘယ်လို အတန်းပိုင်ဆရာမ တုန်းကွာ။ တောက်….မင်း တိတ်စမ်း အသံမထွက်နဲ့´

နေမောင်သည် ငိုနေရာမှ အတင်းပင်မငိုအောင် ချုပ်တည်းထားရသောအခါ လည်ချောင်းကပြည့်လာပြီး အင့်ကနဲ အင့်ကနဲ တစ်ချက် တစ်ချက် လွတ်ထွက်ချင်သည်။ အတင်းပင် လက်သီးကိုဆုပ်ပြီး အသံတစ်ချက်မှ မထွက်ရအောင်နေသော်လည်း မအောင်မြင်ချေ။ အင့်ကနဲ အင့်ကနဲထွက်ချင်သည်။ ဒါကိုပင် ဖေဖေက စိတ်မကျေနပ်နိုင်။

``တိတ်ပါဆိုနေမှ မတိတ်နိုင်သေးဘူး။ ငါ မင်းကို လက်နဲ့ထိသေးလား ဟမ်..လက်နဲ့ထိသေးလို့လား….။ ငိုမနေနဲ့….ငိုတာ အခြောက်အလုပ်။ ပြောတာ မရသေးဘူးလား´´

ဖေဖေသည် ပြောရင်း စိတ်ပိုတိုလာဟန်ဖြင့် နေမောင်အား လက်ဖြင့်ရွယ်လိုက်သောအခါ ကြောက်ရွံ့စိတ်နှင့် နေမောင်သည် ထိန်းထားသမျှ လွှတ်ထွက်ကုန်ကာ အော်ပြီး ငိုမိလိုက်တော့သည်။

တက်ခေါက်သံပြင်းပြင်း တစ်ချက်ခေါက်ရင်း ဖေဖေ နေမောင်ရှေ့မှ ထွက်သွားသောအခါ သတင်းစာများ လေထဲတွင် ပြန့်ကျဲကုန်လေသည်။ ထိုအချိန်မှစကာ ဖေဖေသည် နေမောင့်ကို မျက်စိဒေါက်ထောက်ကြည့်ပါတော့သည်။ မေမေကတော့ နေမောင့် အိပ်ကာနီးတွင် တိုးတိုးလေး လာမှာရှာ၏။

``သား…..နောက်နေ့ကစပြီး သားမမတွေနဲ့ မဆော့နဲ့တော့နော်။ ကိုယ့်ဟာကိုယ်ဆော့ ကြားလား၊ မဟုတ်ရင် သားဖေဖေရိုက်လိမ့်မယ်´´

သို့သော် ဘယ်လောက်ပင် အစ်မတွေနှင့် မဆော့ဖို့ ထိန်းထားထိန်းထား တစ်ခါ တစ်ခါတွင်တော့ နေမောင်သည် ဖေဖေ မရှိဘူး အထင်နှင့် အစ်မများနဲ့ သွားဆော့တတ်သည်။

နေမောင်၏ အရုတ်ကဒ်အကျႌလေးများမှာ လှပဆန်းသစ်သောကြောင့် အစ်မများက ချီးကျူးပြီး ဆော့နေခိုက်မှာပင် ရုတ်တရက်ဆိုသလို နေမောင် ဆောင့်ဆွဲလွဲခေါ်ခြင်းကို ခံလိုက်ရတော့၏။

`ဟယ်….ဖေဖေ´ ဟူသော အစ်မများ၏ အသံများနှင့်အတူ နေမောင်၏ ခြေထောက်ပေါ် ကျလာသည်က ခပ်စပ်စပ် နာကျင်မှုတစ်ခု..။

``အဲ့ဒီ အရုပ်ကဒ်တွေနဲ့ မဆော့ပါနဲ့လို့ ငါမင်းကို ပြောထားတာ မရဘူးလား´´

`ရွှမ်း´

ဖေဖေ တစ်ခါပြောပြီးတိုင်း ကြိမ်လုံးက နေမောင့်ခြေထောက်ပေါ် တစ်ခါကျသည်။

`နောက်တစ်ခါ ကစားဦးမလား၊ ပြောစမ်း…..နောက်တစ်ခါ ကစားဦးမလား´

`ရွှမ်း..´

`မကစားတော့ပါဘူး….အီးဟီးဟီး….မကစားတော့ပါဘူး´

ထိုစဉ်ကတည်းကပင် နေမောင်၏ တီထွင်ဖန်တီးမှု ဉာဏ်များသည် ရိုက်ချိုးခြင်းခံခဲ့ရလေသည်။

ဖေဖေ့ရှေ့တွင်ဆိုလျှင် အစ်မများကစားသလို ကြိုးခုန်တမ်းဆော့ချင်ပါသော်လည်း ဘောလုံးကန်ပြရသည်။ အိုးမုတ်ခွက်တမ်း ကစားချင်သော်လည်း သေနတ်များနှင့် အလုပ်ရှုပ်ဟန်ပြုပြရသည်။ ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်သည် မိမိပြုလုပ်ချင်သော အရာများကို မလုပ်ရဘဲ ဟန်ဆောင်ကာ စိတ်မပါသော အလုပ်များကို လုပ်နေရသည်မှာ စိတ်ထဲ နာလွန်းလှပါသည်။
သို့သော် နေမောင် မည်မျှပင် ဖေဖေရှေ့ ကျောင်းကတခြားယောက်ျားလေးတွေလို နေပြနေပြ ဖေဖေကတော့ အပြစ်ရှာရန်အသင့် ဖြစ်နေတတ်သည်။

`မင်းလမ်းလျှောက်တာ ဖင်လှုပ်ပြီးလျှောက်မနေနဲ့ ခွေးမသား..´´ဟုဆိုကာ နေမောင့်ကို ခြေထောက်နှင့် လှမ်းကန်တတ်သည်။

`စကားပြောတာကိုက အခြောက်လိုလို ဂန်ဒူးလိုလိုနဲ့…ပြန်ပြင်ပြောစမ်း ဟေ့ကောင်´ဟုဆိုကာ သူစိတ်ကျေနပ်မှု မရမခြင်း နေမောင့်ကို အတင်းခပ်မာမာ စကားဆိုခိုင်းတတ်သည်။

အိမ်တွင် နေမောင် လုံးဝမပျော်တော့ပါ။ ဟုတ်ကဲ့… ကျောင်းတွင်ရော နေမောင် ပျော်ရသည်လား..။

အလယ်တန်းကျောင်းတွင် သူသည် နေမောင် မဟုတ်တော့ပြီ။ အခြောက်သာဖြစ်သည်။ ဘယ်ယောက်ျားလေးကမှ သူ့ကို စကားကောင်းကောင်း မပြောသလို တစ်ခုခု ရယ်စရာဖြစ်လာလျှင်လည်း သူ့ကိုသာ ၀ိုင်းရယ်ကြသည်။ နေမောင်သည် ယောက်ျားလေးများဝိုင်းတွင် အခုထိ ဝင်မဆံ့။ ကျောင်းတွင် သူအနိုင်ကျင့်ခံရသည်။ သူဘာလုပ်လုပ် ပြောစရာက ဖြစ်ကိုဖြစ်နေသည်။ ဥပမာ…ကျောင်းတွင် အတန်းထဲ၌ သင်္ချာတစ်ပုဒ်တွက်ခိုင်းသည်ဆိုပါစို့…ပြီးသူ အရင်လာပြဆိုတော့ နေမောင် အရင်ပြီးသည်မို့ သွားပြသည်။ ဤသည်ကို ယောက်ျားလေးဘက်က အော်၏။

`သောက်ခြောက်….ပြီးပြီဆိုပြီး မာန်တက်ပြမနေနဲ့။ အခြောက်က အခြောက်ပဲ…ယောက်ျားစစ်စစ်ဖြစ်လာမှာ မဟုတ်ဘူး´တဲ့။

ဆရာမကလည်း ဘာမှပြန်မပြော။ ရယ်ချင်သလိုလိုနဲ့ နေမောင့်ကိုသာကြည့်နေခဲ့ပါသည်။

x x x

အဘယ့်ကြောင့်မှန်းတော့ မသိ…နေမောင်သည် ဉာဏ်ကောင်းလှသည်။ အတန်းထဲတွင် အမြဲလိုလို ပထမရသည်။ သို့သော် မည်သူကမျှ သူ့ကို အထင်မကြီး၊ သူ့ဉာဏ်ကောင်းမှုအတွက်လည်း သူ မကျော်ကြားချေ။ အလွန်စာညံ့သော ယောက်ျားလေးတစ်ယောက်ဆိုလျှင်ပင်…

`ငါတို့က စာတော့မတော်ဘူး။ ဒါပေမယ့် ယောက်ျားစစ်တယ်။ လောကမှာ ယောက်ျားစစ်ဖို့လိုတယ်´ဟုပင် ပေါ်တင်ကြီးလာပြေသည်။ နေမောင် မခံချင်စွာ ပြန်ပြောမိသည်။

`အေး….ငါလို အခြောက်တောင်တော်နေတာ နင်တို့တွေက ယောက်ျားစစ်စစ်ဖြစ်ပြီး ငါ့လောက်တောင် မတော်ဘူးမဟုတ်လား´

`ဟား ဟား….ငါတို့က တော်ချင်တော် မတော်ချင်နေ…နင့်လို မျိုးမစစ် နှစ်ပိုင်းတစ်ပိုင်း မဖြစ်တော့ရင် ပြီးတာပဲ´ဟု ထိုသူက အနိုင်ပိုင်းကာ ထွက်သွားပါသည်။ ထိုနေ့က နေမောင် မျက်ရည်ကျမိ၏။

ဖေဖေသည် သူ အဆင့်တစ်ရသည့်အတွက် ဘယ်တုန်းအခါကမှ မချီးကျူးခဲ့သော်လည်း တစ်လမ်းကျော်မှ ယောက်ျားပီသလှကာ မိန်းကလေးတွေကို တစ်ယောက်ပြီး တစ်ယောက်တွဲတတ်သော အောင်အောင်ဆိုသည့်ကောင်လေးကိုတော့ အင်မတန် ချီးကျူးလှသည်။

``ကောင်လေးက လူကြီးလည်း သိတတ်တယ်။ အပေါင်းအသင်းလည်း အဆင်ပြေတယ်´´

ဒါပေမယ့် သူ ကျောင်းမှာ စာမေးပွဲကျတာ ဖေဖေဘာမှမပြောဘူး။

တလောက မိဘပိုက်ဆံ ပြန်ခိုးတာဖေဖေဘာမှမပြောဘူး။

တလောက ရန်ဖြစ်လို့ အချုပ်မှာ တစ်ညအိပ်လိုက်ရတာ ဖေဖေဘာမှမပြောဘူး။

ဘယ်တော့မဆို တစ်ယောက်ယောက်နှင့်တွေ့လျှင် ကိုယ့်ကိုနှိမ်မှာပါပဲ အခြောက်ဆိုပြီး ပြောမှာပါပဲဟု အတတ်တွက်ထားသော နေမောင်သည် ဘယ်သူနှင့်မှ အပေါင်းအသင်းသိပ်မလုပ်တော့သလို အလိုလိုနေရင်း ကိုယ့်ကိုယ်ကို ငါဟာ ယုတ်ညံ့သောသူ ….ငါဟာ ရွံရှာဖွယ် အခြောက်ကြီးဟူသော အားငယ်စိတ်များ ဝင်နေတတ်ကာ လူတောလည်း မတိုးတော့ချေ။

နေမောင် ဆယ်တန်းရောက်တော့ မေမေဆုံးသည်။ မေမေ….တစ်လောကလုံးတွင် မေမေသည် သူ့ကို ဘာမှ အပြစ်မဆိုခဲ့ဆုံးလူ တစ်ယောက်ဖြစ်သည်။ နေမောင် ဘာဖြစ်နေဖြစ်နေ မေမေ့အပြုံးက အရင်ကလို နွေးထွေးမြဲ။ နေမောင့်ကို သားတစ်ယောက်အပြင် ဘာမှထပ်ပြီး ပိုမစဉ်းစားခဲ့။ နေမောင်သည် မေမေ၏ ထာဝစဉ်သော သားတစ်ယောက်ဖြစ်သည်။ အခုတော့ မေမေလည်း မရှိတော့ပြီ..။ မေမေဆုံးသွားကတည်းက ဖေဖေသည် နေမောင့်ကို စကားမပြောတော့ချေ။

နေမောင်သည် ငယ်စဉ်ကတည်းကပင် အကျႌဒီဇိုင်းများထွင်ရာ၌  ပါရမီပါသောသူတစ်ယောက် ဖြစ်သောကြောင့်လားမသိ အေမီဟူသော ဒီဇိုင်နာအခြောက်မတစ်ယောက်နှင့်တွေ့ကာ နေမောင် သင်တန်းများတက်ဖြစ်သည်။ ဖေဖေ့ကိုတော့ အသိမပေးခဲ့။

သင်တန်းဆင်းတော့ နေမောင်အထည်ဆိုင်တစ်ဆိုင် အေမီနှင့်ပေါင်းပြီး လုပ်ဖြစ်ပါသည်။ နေမောင်၏လက်ရာများကာ ဆန်းသစ်ကာ လှပ သောကြောင့် နာမည်ရသည်။ ဝင်ငွေများ ရလာသည်။ နောက်တော့ ဘယ်လိုက ဘယ်လိုသိသွားသည်မသိဘဲ ဖေဖေသည် နေမောင် ဒီဇိုင်နာလုပ်နေတယ်ဆိုတာသိသွား၏။ ထိုနေ့ညက နေမောင် သူ၏ ပထမဆုံးသော ဝင်ငွေဖြင့် ဖေဖေ့ကို ကန်တော့ခဲ့သည်။

``မင်း ကန်တော့တာ ငါလက်မခံဘူး။ မင်းရဲ့ မဟုတ်တရုတ် လမ်းကိုမင်းပဲရွေးခဲ့တာ။ မင်းဘဝ မင်းရွေးတာ။ ငါ့မှာ သားဆိုတာ မရှိဘူး´´
ဟု ဖေဖေက ခပ်ပြတ်ပြတ်ပင်ဆိုခဲ့သည်။ နေမောင် ဘာမှ ပြန်မပြောခဲ့ပါ။ အပြန်တွင်တော့ မျက်ရည်များ ကျမိတော့၏။

ကျွန်တော်က ကျွန်တော့်ဘာသာရွေးလို့ ဒီလိုအခြောက်ဖြစ်လာတာလို့ ဖေဖေဆိုလိုက်တာလား။

နေမောင် ရယ်လိုက်စဉ်မှာပင်…..
မျက်ရည်များက ပါးပြင်ပေါ် လှိမ့်ဆင်းပြန်သည်။

x x x

နေမောင်ရှေ့တွင် အလွန်လှပသော ညနေခင်း ပါတီတက် မိန်းကလေးဂါဝန်ဝတ်စုံတစ်ထည်က အိပ်ယာပေါ်တွင် ဖြန့်ခင်းလျက်ရှိနေပါသည်။ နေမောင်သည် အချိန်အတော်ယူကာ စဉ်းစားဆုံးဖြတ်ခဲ့ပြီးပြီ။

အရင်လို အရယ်အပြုံးများနှင့် လောကကြီးက ဘာပြောပြော ဘာမှမဖြစ်သလို ပြန်လည်တုံ့ပြန်နိုင်ဖို့ဆိုတာ…နေမောင် ဒီဝတ်စုံကို ဝတ်မှရမည်။

နေမောင်သည် ပထမအဆင့်အနေဖြင့် ဂါဝန်ကို စွပ်ချလိုက်၏။ ချက်ချင်းဆိုသလို ဖေဖေနှင့် နေမောင် ဝေးကွာသွားသလို ခံစားလိုက်ရပါသည်။

သူ ဒီအချိန်ကစပြီး မိန်းကလေးလိုဝတ်တော့မည်။ ငယ်စဉ်ကတည်းက သူဝတ်ချင်နေခဲ့သော ဝတ်စုံ။ တစ်နည်းဆိုရလျှင် ခုနှစ်နှစ်သားကတည်းက ဝတ်ချင်ခဲ့သော ဝတ်စုံကို နောက် ၁၅နှစ်ကြာတော့မှ သူဝတ်ခွင့်ရသည်။

ကြိုးများကို လက်လျှိုစွပ်ကာ ဝင်လိုက်သောအခါတွင် ဖေဖေနှင့် ပိုဝေးသွားသလို ခံစားရပြန်သည်။ လောကကြီး သူ့ကိုဘယ်လိုတုံ့ပြန် တုံ့ပြန် ဘယ်လိုဝေဖန်ဝေဖန် အပြုံးမပျက် ခံနိုင်ရည်ရှိဖို့ သတ္တိလိုသည်။

ယောက်ျားလေးတစ်ယောက်သည် သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်ဟု အသွင်ပြောင်းလဲပစ်ရန်အတွက် သတ္တိများစွာရှိရန်လိုအပ်သည်။ သို့သော် သူဘာဆိုတာ တလောကလုံး ပြပြီးနောက်တွင်တော့ သတ္တိများအလိုလိုရလာလေသည်။
သူ ဒီလို ဝတ်ခြင်းသည် ယောက်ျားလေးများကို မြှူဆွယ်ရန် သို့မဟုတ် လောကကြီးကို အရွဲ့တိုက်ရန်မဟုတ်။ သတ္တိိရှိချင်သော ကြောင့်သာ။ ပြောင်းလဲမှုတစ်ခုကို လောကကြီးအား ချပြနိုင်ဖို့ သတ္တိလိုသည်။

နေမောင်တို့အဖို့မှာတော့ လောကကြီးကို မျက်နှာဖုံးဖြင့် မည်မျှ ကာကွယ်ထားနိုင်မည်နည်း။ လောကကြီးကို လှည့်စားနိုင်ပေမယ့်လည်း မိမိတို့၏ နှလုံးသားကို ဘယ်လိုမှ မလှည့်စားနိုင်သည်ကိုတော့ နေမောင် လက်ခံနိုင်သည်။
အခုတော့ ထိုသတ္တိကို သူဝတ်ဆင်လိုက်လေပြီ။

ဖေဖေပြောသော စကားတစ်ခွန်းကို သူ ရယ်မောချင်ပါသေးသည်။

``မင်းရွေးလိုက်တဲ့ လမ်းပဲလေ´´တဲ့။

ဟုတ်ကဲ့….အခြောက်ဟူသည် ငယ်စဉ်ကတည်းကပင် ပက်စက်လှသော ကံတရား၏ အကွက်ကျကျ အစီအစဉ်များကြောင့်သာ ရွေးချယ်ခွင့်မရှိပဲ ဖြစ်လာရသူပင်တည်း။

အဘယ်ကြောင့်များ…….သူငယ်စဉ်ကတည်းက အစ်မတွေကြား နေချင်တဲ့စိတ်တွေရှိလာရသလဲ။ သူ အစ်မတွေကိုလည်း အပြစ်မပြောပါ။ သို့သော် အကြောင်းတစ်ခုခုသည် ဖန်တီးထားပြီးသားပင်။

အဘယ်ကြောင့်များ ယောက်ျားလေးဖြစ်လျက်နှင့် ယောက်ျားလေးများပြုလုပ်လေ့ရှိသည်ဟု ပတ်ဝန်းကျင်က ပုံသေသတ်မှတ်ထားသည့် အရာများကို နေမောင် မကြိုက်ခဲ့သနည်း။ ပတ်ဝန်းကျင်ဆိုတာကိုလည်း နေမောင် အပြစ်မပြောလိုပါ။ သေချာသည်ကတော့ လူတွေ မုန်းသည့်အရာကို ဘယ်လူကောင်း တစ်ဦးတစ်ယောက်ကမှ ရွေးချယ်လိမ့်မည် မဟုတ်ပေ။ ရွေးချယ်နိုင်သည့်အရာလည်း မဟုတ်ပါ။
ရွေးချယ်ခွင့်လည်း မရှိပါ။

ဟင့်အင်…..သူတို့မှာ ရွေးချယ်ခွင့်မရှိပါ။

ဘဝတစ်ခုကို ရွေးချယ်ခွင့်မရှိဘဲ ရလာတော့ ထိုဘဝတွင် ပျော်အောင်နေဖို့ကလွဲပြီး လူတစ်ယောက်သည် ဘာများ တတ်နိုင်ဦးမည်နည်း…။

အဘယ်ကြောင့်များ………

ရွှမ်းရွှမ်းသွေး

Credit: www.colorsrainbow.com 

(Zawgyi) 

အဘယ့္ေၾကာင့္မ်ား…?



ေနေမာင္ကို ေမြးခဲ့တုန္းက ေဖေဖေတာ္ေတာ္ေပ်ာ္ခဲ့သည္တဲ့။ ေနေမာင္ေရွ႕တြင္ သမီးခ်ည္းပဲကို သံုးေယာက္တိတိေတာင္ ေမြးထားခဲ့သည္ျဖစ္ရာ သားတစ္ေယာက္လိုခ်င္လြန္းလွေသာ ေဖေဖသည္ ဘယ္တုန္းအခါကမွ မယံုခဲ့သည့္ ေဗဒင္မ်ား၊ယၾတာမ်ားကိုပင္ လွ်င္ အေတာ္ၾကီးယံုခဲ့သည္ဟုဆိုသည္။ ဘုရားတြင္လည္း အၾကိမ္ၾကိမ္ဆုေတာင္းခဲ့ရသည္ဟု ေမေမကေျပာပါသည္။ ထို႕ေနာက္တြင္ ေနေမာင့္ကိုေမြးသည္။ ေဖေဖကား ေေပ်ာ္မဆံုးျပီတည္း…။

သားတစ္ေယာက္ေမြးရျခင္းႏွင့္ သမီးတစ္ေယာက္ေမြးရျခင္းသည္ အလြန္တရာကိုမွ ကြာျခားလြန္းလွသည္ဟု ေဖေဖက ခံယူသူပင္..။ သမီးဆိုသည့္အမ်ိဳးက အခ်ိန္တန္လွ်င္ အိမ္ေထာင္က်ျပီး ေသွ်ာင္ေနာက္ဆံထံုးပါ ေယာကၡမအိမ္သြားရမည့္သူ၊ ေမြးေသာမိဘမ်ား မပိုင္ရ။ အားကလည္းကိုးလို႕မရ။ တစ္နည္းအားျဖင့္ သမီးတစ္ေယာက္ရလာျခင္းသည္ ဘာကိုမွ ၾကီးၾကီးမားမား ေမွ်ာ္မွန္း၍မရ..။ သားဆိုသည့္ အမ်ိဳးကေတာ့ ထိုသို႕မဟုတ္ ေမြးကတည္းက သက္ဆိုင္းတိုင္ မိဘျဖစ္သူေတြႏွင့္အတူတူေနေပးမည့္သူဟု ေဖေဖကခံယူသည္။ ကိုယ္က ပိုင္ဆိုင္ခြင့္ရသည္…ဒီၾကားထဲ အခ်ိန္တန္လွ်င္ လိမၼာေသာ ေခၽြးမေလးတစ္ေယာက္ကိုလည္း အိမ္ေပၚသယ္ေဆာင္လာေပးဦးမည္။

ေယာက္်ားေလးျဖစ္ေသာေၾကာင့္လည္း တစ္ေန႕တြင္ ဖေအ့ေျခရာနင္း၊ ဖေအရုန္းခဲ့သမွ် အလုပ္ေတြ ဆက္ခံလုပ္ကိုင္ေပးမည့္သူ၊ မိဘကို သက္ဆံုးတိုင္ လုပ္ေကၽြးမည့္ သူ….စသျဖင့္ စသျဖင့္ေသာ ခံယူခ်က္ ေမွ်ာ္မွန္းခ်က္ေတြႏွင့္ ေေဖေဖပါတည္း။

သို႕ေသာ္…..

x x x

ေနေမာင္ သံုးႏွစ္ခြဲအရြယ္ ေလးႏွစ္သားေလာက္တြင္ ခုန္ခုန္ေပါက္ေပါက္ အင္မတန္ေဆာ့ခ်င္သည္။ သို႕ေသာ္ ေျပာစရာအခ်က္တစ္ခ်က္ မွာ ေဘးပတ္၀န္းက်င္ အနီးအနား အိမ္မ်ား၌ ေနေမာင္ႏွင့္ အရြယ္တူ အျခားကေလးမ်ား တစ္ေယာက္မကရွိေနေသာ္ျငားလည္း ေနေမာင္ သည္ သူ႕ထက္ သံုးေလးႏွစ္ခန္႕မွ်သာၾကီးမည္ျဖစ္ေသာ အစ္မသံုးေယာက္ႏွင့္သာ အတူတူေဆာ့ရသည္ကို ႏွစ္သက္သေဘာက်သည္။ အရြယ္တူ ကေလးမ်ားေဆာ့ကစားပံုမွာ အလြန္ၾကမ္းတမ္းလွသည္ဟု သူထင္သည္။ သစ္ပင္ေပၚသို႕ တက္သည္။ ငွက္ကေလးမ်ား၊ ပုရြက္ဆိတ္ကေလးမ်ား ျမင္လွ်င္ ရိုက္ႏွက္ပစ္ခတ္ နင္းေျခတတ္ေသးသည္။ ေနေမာင္ကေတာ့ ညင္သာစြာပင္ သြားလာကစားခ်င္သည္။ ျပီးေတာ့ ေနေမာင္အနည္းငယ္လည္း ေၾကာက္တတ္ေသးသည္။ ထို႕ေၾကာင့္ အစ္မၾကီး သံုးေယာက္ထံသာ အသာခ်ဥ္းကပ္ ကစားေလ့ရွိ သည္။

ပထမဆံုး ေနေမာင္ေဆာ့ဖူးသည့္ ကစားနည္းမွာ ရုပ္ရွင္ရိုက္တမ္းလို႕ပဲေခၚရမလား၊ သရုပ္ေဆာင္တမ္းလို႕ပဲ ေခၚရမလားမသိ။ ထိုစဥ္တုန္းကေတာ့ စင္ဒရဲလားဇာတ္လမ္းေဆာ့ၾကသည္။ အစ္မၾကီးႏွင့္ အစ္မလတ္တို႕က မိေထြး၏ အက်င့္ပုပ္ေသာ သမီးႏွစ္ေယာက္ ေနရာက၀င္ၾကကာ အစ္မငယ္ကေတာ့ စင္ဒရဲလားေနရာက သရုပ္ေဆာင္သည္။ အံမယ္….အျပင္အဆင္ေတြကလည္း ေခတ္မီသည္။ တကယ့္ စင္ဒရဲလားကာတြန္းေတြထဲကလို ဂါ၀န္ေဖာင္းေဖာင္းေတြျဖစ္ေစရန္ ေဖေဖ၏ပုဆိုးမ်ားကို ခါးတြင္ျဖစ္သလို စည္းေႏွာင္ကာ ခပ္ပြပြလုပ္ထားၾကသည္။ မိေထြးသမီးမ်ားျဖစ္သူ အစ္မလတ္ႏွင့္ အစ္မၾကီးတို႕ကေတာ့ ပုဆိုးေကာင္းမ်ား ၀တ္ခြင့္ရၾကေသာ္လည္း စင္ဒရဲလားျဖစ္သူ အစ္မငယ္ကေတာ့ ပုဆိုးစုတ္ ႏြမ္းႏြမ္းတစ္ခုကိုသာ ခ်ည္ေႏွာင္ခြင့္ရေလသည္။

အဲ….ေနေမာင္ကေတာ့ (ဇာတ္လမ္းထဲတြင္ မပါေသာ္လည္း ကိုယ့္ဖာသာကိုယ္ဖန္တီးကာ) စင္ဒရဲလား၏ ညီမငယ္ စင္ဒရီလိုအျဖစ္ သရုပ္ေဆာင္ခိုင္းပါသည္။ စေဆာ့ျပီဆိုတာႏွင့္ အစ္မၾကီးႏွင့္ အစ္မလတ္တို႕က ေခါင္းေမာ့ရင္ေကာ့ကာ ပုဆိုးမ်ားမရင္း အစ္မငယ္ထံ သို႕ခ်ီတက္လာၾကေလျပီ။

``ဟင္..ေကာင္မ ညည္းဘာေတြလုပ္ေနလို႕ အခုထိ အ၀တ္ေလွ်ာ္ မျပီးတာတုန္းဟဲ့…ကဲဟယ္´´
``အား….ကၽြန္မ….ကၽြန္မ´´
``ၾကည့္စမ္း..ၾကည့္စမ္း…ထမင္းလည္းမက်က္ေသးပါလား။ ေသစမ္း ေကာင္မ´´
``အမယ္ေလး´´

ထိုအခါမ်ိဳးတြင္ အစ္မငယ္သည္ ႏွိပ္စက္သမွ်ခံရျပီး ေျမတြင္ ပစ္လဲဟန္ျပဳကာ ငိုရတတ္သည္။ ထိုျမင္ကြင္းမ်ား၊ အျပဳအမူမ်ားႏွင့္ အစ္မတို႕၏ ေျပာဟန္မ်ားသည္ ေဆာ့ဖန္မ်ားလာေသာအခါ ေနေမာင့္ကို သေဘာက်ေစခဲ့ေလျပီ။

ဒုတိယကစားနည္းကေတာ့ အိုးမုတ္ခြတ္မ်ားႏွင့္ ဟင္းခ်က္ၾကတမ္းပင္။ ဒီတစ္ခါတြင္ေတာ့ ေနေမာင္ႏွင့္ အစ္မၾကီးတို႕က ဟင္းခ်က္သူ မ်ားလုပ္ၾကကာ အစ္မလတ္ႏွင့္ အစ္မငယ္တို႕ကလာေရာက္စားသံုးသူမ်ား လုပ္ၾကသည္။

``ဟဲ့…ထမင္းစားမယ္….ဟင္းမွာမယ္´´ဟု ေအာ္ကာဟစ္ကာႏွင့္ အစ္မလတ္ အစ္မငယ္တို႕ႏွစ္ေယာက္ ခပ္တည္တည္ႏွင့္ ဖ်ာေပၚ၀င္ထိုင္လိုက္ၾကေလလွ်င္ အစ္မၾကီးသည္ အလုပ္ရႈပ္ေနရာမွာ မီးဖိုခန္းထဲကေန ပ်ာပ်ာသလဲထြက္လာရဟန္ျပဳကာ…

``ေၾသာ္ အစ္မတို႕ဘာမ်ား သံုးေဆာင္မလဲရွင္´´ဟု ေမးေလ့ရွိသည္။ ဤသည္ကို ေနေမာင္သေဘာက်မဆံုးေတာ့။ သို႕ေသာ္ ေနာက္တစ္ခါေဆာ့ၾကေသာအခါတြင္ေတာ့ ေနေမာင္သည္ ဧည့္ခံေပးသူေနရာက ၀င္ေဆာ့ေနႏိုင္ေလျပီ။ အစ္မလတ္ႏွင့္ အစ္မငယ္ ဖ်ာေပၚထိုင္ခ်လိုက္လွ်င္ပင္…

``လာ အစ္မတို႕ ဘာမ်ားသံုးေဆာင္မလဲ ရွင္´´ဟု အစ္မၾကီးကဲ့သို႕ ခ်ိဳသာစြာလိုက္လံတုပလ်က္ ေျပာတတ္ခဲ့ေလျပီ..။

တတိယ ေနေမာင္ ေဆာ့ခဲ့ရသည္ကေတာ့ အရုပ္ကတ္ေလးမ်ားပင္တည္း။ ကတ္ထူးျပားေပၚတြင္ အရုပ္မေလးပံုတစ္ခုကို ကိုယ့္စိတ္ၾကိဳက္ဆြဲ။ ကတ္ေၾကးႏွင့္ ညွပ္ကိုက္ျပီးျပီဆိုလွ်င္ သင္သည္ ထိုအရုပ္မေလး၏ပိုင္ရွင္ျဖစ္ေလျပီ။ အရုပ္မေလးအတြက္ သင္ၾကိဳက္သလို အက်ႌပံုမ်ားကို ကိုယ္တိုင္းႏွင့္ ၾကိဳက္သေလာက္ခ်ဳပ္ေပးလို႕ရသည္။ ျပီးလွ်င္ တစ္ေယာက္အရုပ္ႏွင့္ တစ္ေယာက္အရုပ္ ဘယ္သူ႕အ၀တ္ေတြက ပိုလွ ပိုဆန္းသစ္သလဲ ျပိဳင္ၾကရသည္။ ေနေမာင့္ကို ပန္းခ်ီဆြဲေတာ္ေသာ အစ္မလတ္က ဆြဲေပးကာ အက်ႌမ်ားလည္းခ်ဳပ္ေပးတတ္သည္။ ေနေမာင္တြင္ အရုပ္မေလးႏွစ္ေယာက္ေတာင္ ရွိေလသည္။

ဒီလုိႏွင့္ ေနေမာင့္ကေလးဘ၀က ကစားမႈမ်ားသည္ တျခားေသာ ေယာက္်ားကေလးမ်ား၏ ကစားမႈမ်ားႏွင့္ မတူေတာ့ပဲ အျခားနားၾကီး ျခားနားလာခဲ့ရေတာ့၏။ ေနေမာင္ ေဆာ့ရန္ရည္ရြယ္၍ ေဖေဖ၀ယ္ထားေပးခဲ့ေသာ ေဘာလံုးေလးသည္ ယခုအခါတြင္ေတာ့ ဖုန္တို႕အလိမ္းလိမ္း လူးကပ္ေနျပီး တေလာက ၀ယ္လာေပးခဲ့ေသာ စစ္ေသနတ္ေလးကေတာ့ ဘယ္ေခ်ာင္တြင္ေရာက္လို႕ ဘယ္ေပါက္ေနျပီ မသိရေတာ့ျပီတည္း။

တျခားေယာက္်ားကေလးမ်ား ေဘာလံုးကန္ ကစားေနခ်ိန္တြင္ ေနေမာင္ကား အစ္မမ်ားႏွင့္ ေမာ္ဒယ္ရႈိးေလွ်ာက္တမ္းကစားေနခဲ့သည္။

တျခားေယာက္်ားကေလးမ်ား ေသနတ္ပစ္တမ္း ကစားေနခ်ိန္တြင္ ေနေမာင္သည္ စင္ဒရဲလား ျဖစ္ေနခဲ့သည္္။

တျခားေယာက္်ားကေလးမ်ား စြန္လႊတ္ေနခ်ိန္တြင္ ေနေမာင္သည္ ငါးေပါင္တင္လွ်င္ ငါးေပါင္လံုး ခုတ္ခ်ႏိုင္ေလာက္ေအာင္ ဇယ္ေတာက္ရာ၌ ကၽြမ္းက်င္ ေနခဲ့ေလျပီ။

ေဖေဖကား တစ္ေနကုန္ ရုံးတြင္သာ အခ်ိန္ကုန္ေနရသူမို႕ ေနေမာင္ဘာ ကစားနည္းေတြကို ဘယ္လိုေဆာ့ေနလဲဆိုတာ မသိခဲ့ရွာေပ။ ေမေမကေတာ့ အိမ္ျခံေျမပြဲစားတစ္ေယာက္မို႕ အိမ္တြင္ရွိတဲ့အခါရွိလိုက္…တေနကုန္နီးပါး အျပင္မွာ ေရာက္ေနလိုက္ႏွင့္ ေနေမာင့္ကိုဂရုမစိုက္ႏိုင္အားခဲ့ၾကေခ်။ ေနေမာင္ကား အစ္မမ်ားႏွင့္ ေကာင္းေကာင္း အေဖာ္ျပဳလွ်က္ပင္တည္း..။

x x x


ေနေမာင္ သူငယ္တန္းေက်ာင္းစတက္ရေသာအခါတြင္မူကား ေနေမာင္၏ တျခားေယာက္်ားေလးမ်ားႏွင့္ မတူေသာေျပာင္းလဲမႈေတြက ထင္ရွားလို႕လာခဲ့ျပီျဖစ္သည္။ ေက်ာင္းစိမ္းေဘာင္းဘီအစား အစ္မမ်ားလို စကတ္ဖားဖားသာ ၀တ္ခ်င္သည္ဟု ပူဆာလာေခ်ျပီေကာ။ ေမေမကား ေဖေဖမသိေအာင္ တိုးတိုးတိတ္တိတ္ ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္ႏွင့္ ေနေမာင့္ကို ေဘာင္းဘီ မရရေအာင္၀တ္ေပးရ၏။ ေနေမာင့္အဖို႕ေတာ့ စင္ဒရဲလားလုပ္တိုင္း စကတ္၀တ္ေနက်လိုမို႕ အဆန္းရယ္လို႕ပင္ မဟုတ္ခ်င္ေတာ့ျပီ။ ဂါ၀န္ဆိုသည္မွာ ခႏၶာကိုယ္ကို အတန္ငယ္ လႈပ္ရွားလိုက္ရံုမ၊ွ်ျဖင့္ ေလထဲ ေ၀့၀ဲသြားတတ္သည္။ ေနာက္ျပီး မိမိက ေျပးလိုက္လွ်င္လည္း ကိုယ့္ေနာက္တြင္ တလူလူ လြင့္ပါလိုက္လာေနတတ္သည္မွာ ဘယ္ေလာက္မ်ား သေဘာက်စရာ ေကာင္းလိုက္ေလသလဲကြယ္။ ေဘာင္းဘီလိုလည္း မဟုတ္..။

သနပ္ခါးကေတာ့ ေမေမကိုယ္တိုင္သေဘာက်စြာ လိမ္းေပးသည္မို႕ အထူးေျပာစရာမလို။ တစ္ခုပဲရွိသည္။ ေနေမာင္၏ ဆံပင္မ်ားသည္ အစ္မေတြလို ဖဲၾကိဳးေလးေတြႏွင့္ စည္းထားရေလာက္ေအာင္ မရွည္။ ဤသည္ကိုေတာ့ ေနေမာင္ စိတ္ပ်က္လွ၏။

ေက်ာင္းတြင္လည္း ေနေမာင္သည္ ေယာက္်ားေလး သူငယ္ခ်င္းမ်ားႏွင့္ အတူတူသာထိုင္ေနရေသာ္လည္း သိပ္ျပီးမတည့္လွ။ သူတို႕ ကစားေသာ အရာမွာ ေဘာလံုးျဖစ္သည္။ ေနေမာင္လို ၾကိဳးလည္းမခုန္တတ္ၾက၊ ေနာက္ျပီး ေနေမာင့္မွာလို အရုပ္ကတ္ေတြလည္း မရွိၾကျပန္။ သူတို႕မွာရွိသည္က ေသနတ္မ်ားသာ။ ေျပာေနၾကသည့္ အေၾကာင္းေတြကိုလည္း ၾကည့္ပါဦး ပါ၀ါရိန္းဂ်ားတဲ့… ကားက်ည္စိုး တဲ့…ႏွံေကာင္ က်ည္စိုးတဲ့။ ေနေမာင္ သိလည္းမသိ ၾကည့္လည္းမၾကည့္ဘူး။ ေနေမာင္ ၾကည့္ဖူးသိဖူးတာေတြက စင္ဒရဲလား…စႏႈိး၀ိႈက္ ႏွင့္ စလစ္ပင္းဗ်ဴတီတို႕သာ။

ထိုအခါ ေနေမာင္သည္ မိမိႏွင့္ေဆာ့ကစားရာတြင္လည္း တူ၊ စကားေျပာေသာ အေၾကာင္းအရာုေတြလည္းတူ…အရုပ္ကပ္ရွိတာျခင္း လည္းတူေသာ စာသင္ခန္းတစ္ဖက္ျခမ္းက မိန္းကေလးေတြႏွင့္ သြားေရာက္ေပါင္းမိသည္။

ဘာေၾကာင့္မွန္းေတာ့မသိ မိန္းကေလးမ်ားႏွင့္ေပါင္းသင္းရသည္မွာ အဆင္လည္းေျပသည္။ ေနေမာင္လည္း စိတ္ခ်မ္းသာသည္။ ေယာက္်ားေလးေတြလို ၾကမ္းၾကမ္းတမ္းတမ္းေတြလည္း မေဆာ့ၾကဘူး အႏိုင္လည္းမက်င့္ၾကဘူး။ တစ္ခါတြင္ ေနေမာင္သည္ အတန္းပိုင္ဆရာမ အျပင္သြားခိုက္ မေန႕ညက အစ္မလတ္ခ်ဳပ္ေပးထားေသာ အက်ႌအသစ္ကိုၾကြားခ်င္ေဇာျဖင့္ မိန္းကေလးေတြဖက္ ကူးလူးကာ အရုပ္ကတ္သြားေဆာ့သည္။ ေပ်ာ္ရႊင္စြာေဆာ့ေနဆဲ…(…အထက္ကႏွင့္အဆင္မေျပျဖစ္လာဟန္ရွိေသာ) အတန္းပိုင္ဆရာမ သည္စိတ္တိုတိုႏွင့္ အခန္းထဲပန္၀င္လာရာ မိန္းကေလး ခုံေတြဖက္ လာေဆာ့ေနေသာ ေနေမာင့္ကို မ်က္စိစပါးေမႊးစူးသြားပါသည္။

``ဟဲ့….ဟို အေျခာက္ကေလး ကိုယ့္ေနရာ ကိုယ္ျပန္သြားစမ္း..´´
ေအာ္ဟစ္လိုက္ေသာ ဆရာမ၏ အသံအဆံုးတြင္ တစ္ဖက္ျခမ္းက ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားက ေနေမာင္အား လက္ညွိဳးထိုးကာ တ၀ါး၀ါးႏွင့္ ရယ္ၾကပါေတာ့သည္။ ေနေမာင္ကေတာ့ ဆရာမ သူတို႕ဘာေျပာမွန္းပင္ မသိလိုက္။

``အေျခာက္ကေလး´´ဟူေသာ ေ၀ါဟာရကို သူမသိရွာ။ သို႕ေသာ္ အတန္းပိုင္ဆရာမကေတာ့ တျခားကေလးေတြအား ေနေမာင့္ကို ေခၚရန္ စကားလံုးတစ္လံုး အသစ္သင္ေပးလိုက္ပါသည္။ ယင္းမွာ အေျခာက္ဟူေသာစကားလံုးပင္တည္း။ ဟုတ္ပါသည္ ထိုေန႕မွစ၍ တျခားကေလးေတြသ္ည ေနေမာင့္ကို အေျခာက္လို႕သာ ေခၚၾကေတာ့သည္။

x x x

အေျခာက္ဟူေသာ ေ၀ါဟာရကို မသိရွာေသာ ေနေမာင္သည္ အိမ္သို႕ေရာက္ေလလွ်င္ အေျခာက္ဆိုတာ ဘာလဲေမးရန္အတြက္ အိမ္ေရွ႕ ခန္းတြင္ အသင့္ထိုင္ေနေသာ အေဖ့ကိုေတြ႕ပါသည္။

`ေဖေဖ…ဆရာမက သားကို အေျခာက္လို႕ေျပာတယ္။ အေျခာက္ဆိုတာ ဘာလဲဟင္´

`ဘာကြ´

အရင္လိုပင္ စိတ္ရွည္လက္ရွည္ ၾကင္နာစြာ သူနားမလည္လည္ေအာင္ ရွင္းျပမည္ဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ေစာင့္ေနခဲ့ရေသာ ေဖ့ေဖ့ထံမွ ေပါက္ကြဲသံသည္ ေနေမာင့္ကို ဆတ္ကနဲ တုန္သြားေအာင္အျပည့္အ၀ ေၾကာက္လန္႕သြားေစသည္။ ဘာျပန္ေျပာရမည္ မသိစြာ ေနေမာင္ ေၾကာင္အေနဆဲ။ ေဖေဖသည္ ကုလားထိုင္မွ ၀ုန္းကနဲထလိုက္ပါသည္။ ေဖေဖ့ေပါင္ေပၚတြင္ တင္ထားေသာ သတင္းစာမွာ ဖ်တ္ကနဲ ေအာက္သို႕ျပဳတ္က်ျပီး စာရြက္မ်ား တစ္စစီျပန္႕က်ဲထြက္လာကုန္သည္။

`ဘယ္လို….မင္း အတန္းပိုင္ဆရာမက မင္းကို ဘယ္လိုေခၚလိုက္တာ။ အေျခာက္ ဟုတ္လား…´

ေနေမာင္ ျပန္ေျဖရမလား မသိေခ်။ ဟုတ္တယ္လို႕ေျပာရင္ ေဖေဖစိတ္ဆိုးမွာလားမသိ။ မဟုတ္ဘူးလို႕ညာရင္ေကာင္းမည္။ သို႕ေသာ္ ေနေမာင္ ညာတာကို ေဖေဖက ၾကိဳသိတတ္သည္။

`ဟုတ္တယ္….ေဖေဖ´

ေနေမာင့္ရင္ထဲမွ အေၾကာက္တရားမ်ားသည္ ရင္ဘတ္ကို အတင္းဖိႏွိပ္ဆုပ္ေခ်ေနကာ လည္ပင္း၌ တစ္ဆို႕ဆို႕ၾကီးျဖစ္လာေစ၏။ အဲဒီ အေျခာက္ဆိုေသာ စကားလံုးက ဘာေၾကာင့္ အဲ့ေလာက္ေတာင္ ေၾကာက္ဖို႕ေကာင္းေနရတာလဲ။
မ်က္ေထာင့္ၾကီးမ်ားနီကာ တစ္ကိုယ္လံုး တုန္ယင္ေနေသာ ေဖေဖသည္ ေနေမာင့္ကို ေဒါသတၾကီး ေအာ္ေငါက္ပစ္လိုက္ေသာအခါ ေနေမာင္ မ်က္ရည္မ်ားက်လာရေတာ့၏။

`မင္း ငါ့ေရွ႕ကထြက္သြားစမ္း….ေခြးမသား´

ေနေမာင္ ဘာလုပ္ရမွန္းမသိေအာင္ေၾကာက္လန္႕ေနျပီး ေနရပ္မွာပင္ ရပ္ျမဲရပ္လ်က္ ငိုေနေသာအခါ ေဖေဖသည္ မသနားလာသည့္ အျပင္ ပိုေတာင္ ေဒါသထြက္လာေသးသည္။

` မင္း ငါ့ေရွ႕မွာ လာငိုျပမေနနဲ႕။ ေအေပးေလး….မင္း အဲလို ငိုေနလို႕လည္း မင္းကို အေျခာက္လို႕ေျပာတာ။ ဘယ္လို အတန္းပိုင္ဆရာမ တုန္းကြာ။ ေတာက္….မင္း တိတ္စမ္း အသံမထြက္နဲ႕´

ေနေမာင္သည္ ငိုေနရာမွ အတင္းပင္မငိုေအာင္ ခ်ဳပ္တည္းထားရေသာအခါ လည္ေခ်ာင္းကျပည့္လာျပီး အင့္ကနဲ အင့္ကနဲ တစ္ခ်က္ တစ္ခ်က္ လြတ္ထြက္ခ်င္သည္။ အတင္းပင္ လက္သီးကိုဆုပ္ျပီး အသံတစ္ခ်က္မွ မထြက္ရေအာင္ေနေသာ္လည္း မေအာင္ျမင္ေခ်။ အင့္ကနဲ အင့္ကနဲထြက္ခ်င္သည္။ ဒါကိုပင္ ေဖေဖက စိတ္မေက်နပ္ႏိုင္။

``တိတ္ပါဆိုေနမွ မတိတ္ႏိုင္ေသးဘူး။ ငါ မင္းကို လက္နဲ႕ထိေသးလား ဟမ္..လက္နဲ႕ထိေသးလို႕လား….။ ငိုမေနနဲ႕….ငိုတာ အေျခာက္အလုပ္။ ေျပာတာ မရေသးဘူးလား´´

ေဖေဖသည္ ေျပာရင္း စိတ္ပိုတိုလာဟန္ျဖင့္ ေနေမာင္အား လက္ျဖင့္ရြယ္လိုက္ေသာအခါ ေၾကာက္ရြံ႕စိတ္ႏွင့္ ေနေမာင္သည္ ထိန္းထားသမွ် လႊတ္ထြက္ကုန္ကာ ေအာ္ျပီး ငိုမိလိုက္ေတာ့သည္။

တက္ေခါက္သံျပင္းျပင္း တစ္ခ်က္ေခါက္ရင္း ေဖေဖ ေနေမာင္ေရွ႕မွ ထြက္သြားေသာအခါ သတင္းစာမ်ား ေလထဲတြင္ ျပန္႕က်ဲကုန္ေလသည္။ ထိုအခ်ိန္မွစကာ ေဖေဖသည္ ေနေမာင့္ကို မ်က္စိေဒါက္ေထာက္ၾကည့္ပါေတာ့သည္။ ေမေမကေတာ့ ေနေမာင့္ အိပ္ကာနီးတြင္ တိုးတိုးေလး လာမွာရွာ၏။

``သား…..ေနာက္ေန႕ကစျပီး သားမမေတြနဲ႕ မေဆာ့နဲ႕ေတာ့ေနာ္။ ကိုယ့္ဟာကိုယ္ေဆာ့ ၾကားလား၊ မဟုတ္ရင္ သားေဖေဖရိုက္လိမ့္မယ္´´

သို႕ေသာ္ ဘယ္ေလာက္ပင္ အစ္မေတြႏွင့္ မေဆာ့ဖို႕ ထိန္းထားထိန္းထား တစ္ခါ တစ္ခါတြင္ေတာ့ ေနေမာင္သည္ ေဖေဖ မရွိဘူး အထင္ႏွင့္ အစ္မမ်ားနဲ႕ သြားေဆာ့တတ္သည္။

ေနေမာင္၏ အရုတ္ကဒ္အက်ႌေလးမ်ားမွာ လွပဆန္းသစ္ေသာေၾကာင့္ အစ္မမ်ားက ခ်ီးက်ဴးျပီး ေဆာ့ေနခိုက္မွာပင္ ရုတ္တရက္ဆိုသလို ေနေမာင္ ေဆာင့္ဆြဲလြဲေခၚျခင္းကို ခံလိုက္ရေတာ့၏။

`ဟယ္….ေဖေဖ´ ဟူေသာ အစ္မမ်ား၏ အသံမ်ားႏွင့္အတူ ေနေမာင္၏ ေျခေထာက္ေပၚ က်လာသည္က ခပ္စပ္စပ္ နာက်င္မႈတစ္ခု..။

``အဲ့ဒီ အရုပ္ကဒ္ေတြနဲ႕ မေဆာ့ပါနဲ႕လို႕ ငါမင္းကို ေျပာထားတာ မရဘူးလား´´

`ရႊမ္း´

ေဖေဖ တစ္ခါေျပာျပီးတိုင္း ၾကိမ္လံုးက ေနေမာင့္ေျခေထာက္ေပၚ တစ္ခါက်သည္။

`ေနာက္တစ္ခါ ကစားဦးမလား၊ ေျပာစမ္း…..ေနာက္တစ္ခါ ကစားဦးမလား´

`ရႊမ္း..´

`မကစားေတာ့ပါဘူး….အီးဟီးဟီး….မကစားေတာ့ပါဘူး´

ထိုစဥ္ကတည္းကပင္ ေနေမာင္၏ တီထြင္ဖန္တီးမႈ ဥာဏ္မ်ားသည္ ရိုက္ခ်ိဳးျခင္းခံခဲ့ရေလသည္။

ေဖေဖ့ေရွ႕တြင္ဆိုလွ်င္ အစ္မမ်ားကစားသလို ၾကိဳးခုန္တမ္းေဆာ့ခ်င္ပါေသာ္လည္း ေဘာလံုးကန္ျပရသည္။ အိုးမုတ္ခြက္တမ္း ကစားခ်င္ေသာ္လည္း ေသနတ္မ်ားႏွင့္ အလုပ္ရႈပ္ဟန္ျပဳျပရသည္။ ခုႏွစ္ႏွစ္အရြယ္ကေလးတစ္ေယာက္သည္ မိမိျပဳလုပ္ခ်င္ေသာ အရာမ်ားကို မလုပ္ရဘဲ ဟန္ေဆာင္ကာ စိတ္မပါေသာ အလုပ္မ်ားကို လုပ္ေနရသည္မွာ စိတ္ထဲ နာလြန္းလွပါသည္။
သို႕ေသာ္ ေနေမာင္ မည္မွ်ပင္ ေဖေဖေရွ႕ ေက်ာင္းကတျခားေယာက္်ားေလးေတြလို ေနျပေနျပ ေဖေဖကေတာ့ အျပစ္ရွာရန္အသင့္ ျဖစ္ေနတတ္သည္။

`မင္းလမ္းေလွ်ာက္တာ ဖင္လႈပ္ျပီးေလွ်ာက္မေနနဲ႕ ေခြးမသား..´´ဟုဆိုကာ ေနေမာင့္ကို ေျခေထာက္ႏွင့္ လွမ္းကန္တတ္သည္။

`စကားေျပာတာကိုက အေျခာက္လိုလို ဂန္ဒူးလိုလိုနဲ႕…ျပန္ျပင္ေျပာစမ္း ေဟ့ေကာင္´ဟုဆိုကာ သူစိတ္ေက်နပ္မႈ မရမျခင္း ေနေမာင့္ကို အတင္းခပ္မာမာ စကားဆိုခိုင္းတတ္သည္။

အိမ္တြင္ ေနေမာင္ လံုး၀မေပ်ာ္ေတာ့ပါ။ ဟုတ္ကဲ့… ေက်ာင္းတြင္ေရာ ေနေမာင္ ေပ်ာ္ရသည္လား..။

အလယ္တန္းေက်ာင္းတြင္ သူသည္ ေနေမာင္ မဟုတ္ေတာ့ျပီ။ အေျခာက္သာျဖစ္သည္။ ဘယ္ေယာက္်ားေလးကမွ သူ႕ကို စကားေကာင္းေကာင္း မေျပာသလို တစ္ခုခု ရယ္စရာျဖစ္လာလွ်င္လည္း သူ႕ကိုသာ ၀ိုင္းရယ္ၾကသည္။ ေနေမာင္သည္ ေယာက္်ားေလးမ်ား၀ိုင္းတြင္ အခုထိ ၀င္မဆံ့။ ေက်ာင္းတြင္ သူအႏိုင္က်င့္ခံရသည္။ သူဘာလုပ္လုပ္ ေျပာစရာက ျဖစ္ကိုျဖစ္ေနသည္။ ဥပမာ…ေက်ာင္းတြင္ အတန္းထဲ၌ သခၤ်ာတစ္ပုဒ္တြက္ခုိင္းသည္ဆိုပါစို႕…ျပီးသူ အရင္လာျပဆိုေတာ့ ေနေမာင္ အရင္ျပီးသည္မို႕ သြားျပသည္။ ဤသည္ကို ေယာက္်ားေလးဘက္က ေအာ္၏။

`ေသာက္ေျခာက္….ျပီးျပီဆိုျပီး မာန္တက္ျပမေနနဲ႕။ အေျခာက္က အေျခာက္ပဲ…ေယာက္်ားစစ္စစ္ျဖစ္လာမွာ မဟုတ္ဘူး´တဲ့။

ဆရာမကလည္း ဘာမွျပန္မေျပာ။ ရယ္ခ်င္သလိုလိုနဲ႕ ေနေမာင့္ကိုသာၾကည့္ေနခဲ့ပါသည္။

x x x

အဘယ့္ေၾကာင့္မွန္းေတာ့ မသိ…ေနေမာင္သည္ ဥာဏ္ေကာင္းလွသည္။ အတန္းထဲတြင္ အျမဲလိုလို ပထမရသည္။ သို႕ေသာ္ မည္သူကမွ် သူ႕ကို အထင္မၾကီး၊ သူ႕ဥာဏ္ေကာင္းမႈအတြက္လည္း သူ မေက်ာ္ၾကားေခ်။ အလြန္စာညံ့ေသာ ေယာက္်ားေလးတစ္ေယာက္ဆိုလွ်င္ပင္…

`ငါတို႕က စာေတာ့မေတာ္ဘူး။ ဒါေပမယ့္ ေယာက္်ားစစ္တယ္။ ေလာကမွာ ေယာက္်ားစစ္ဖို႕လိုတယ္´ဟုပင္ ေပၚတင္ၾကီးလာေျပသည္။ ေနေမာင္ မခံခ်င္စြာ ျပန္ေျပာမိသည္။

`ေအး….ငါလို အေျခာက္ေတာင္ေတာ္ေနတာ နင္တို႕ေတြက ေယာက္်ားစစ္စစ္ျဖစ္ျပီး ငါ့ေလာက္ေတာင္ မေတာ္ဘူးမဟုတ္လား´

`ဟား ဟား….ငါတို႕က ေတာ္ခ်င္ေတာ္ မေတာ္ခ်င္ေန…နင့္လို မ်ိဳးမစစ္ ႏွစ္ပိုင္းတစ္ပိုင္း မျဖစ္ေတာ့ရင္ ျပီးတာပဲ´ဟု ထိုသူက အႏိုင္ပိုင္းကာ ထြက္သြားပါသည္။ ထိုေန႕က ေနေမာင္ မ်က္ရည္က်မိ၏။

ေဖေဖသည္ သူ အဆင့္တစ္ရသည့္အတြက္ ဘယ္တုန္းအခါကမွ မခ်ီးက်ဴးခဲ့ေသာ္လည္း တစ္လမ္းေက်ာ္မွ ေယာက္်ားပီသလွကာ မိန္းကေလးေတြကို တစ္ေယာက္ျပီး တစ္ေယာက္တြဲတတ္ေသာ ေအာင္ေအာင္ဆိုသည့္ေကာင္ေလးကိုေတာ့ အင္မတန္ ခ်ီးက်ဴးလွသည္။

``ေကာင္ေလးက လူၾကီးလည္း သိတတ္တယ္။ အေပါင္းအသင္းလည္း အဆင္ေျပတယ္´´

ဒါေပမယ့္ သူ ေက်ာင္းမွာ စာေမးပြဲက်တာ ေဖေဖဘာမွမေျပာဘူး။

တေလာက မိဘပိုက္ဆံ ျပန္ခိုးတာေဖေဖဘာမွမေျပာဘူး။

တေလာက ရန္ျဖစ္လို႕ အခ်ဳပ္မွာ တစ္ညအိပ္လိုက္ရတာ ေဖေဖဘာမွမေျပာဘူး။

ဘယ္ေတာ့မဆို တစ္ေယာက္ေယာက္ႏွင့္ေတြ႕လွ်င္ ကိုယ့္ကိုႏွိမ္မွာပါပဲ အေျခာက္ဆိုျပီး ေျပာမွာပါပဲဟု အတတ္တြက္ထားေသာ ေနေမာင္သည္ ဘယ္သူႏွင့္မွ အေပါင္းအသင္းသိပ္မလုပ္ေတာ့သလို အလိုလိုေနရင္း ကိုယ့္ကိုယ္ကို ငါဟာ ယုတ္ညံ့ေသာသူ ….ငါဟာ ရြံရွာဖြယ္ အေျခာက္ၾကီးဟူေသာ အားငယ္စိတ္မ်ား ၀င္ေနတတ္ကာ လူေတာလည္း မတိုးေတာ့ေခ်။

ေနေမာင္ ဆယ္တန္းေရာက္ေတာ့ ေမေမဆံုးသည္။ ေမေမ….တစ္ေလာကလံုးတြင္ ေမေမသည္ သူ႕ကို ဘာမွ အျပစ္မဆိုခဲ့ဆံုးလူ တစ္ေယာက္ျဖစ္သည္။ ေနေမာင္ ဘာျဖစ္ေနျဖစ္ေန ေမေမ့အျပံဳးက အရင္ကလို ေႏြးေထြးျမဲ။ ေနေမာင့္ကို သားတစ္ေယာက္အျပင္ ဘာမွထပ္ျပီး ပိုမစဥ္းစားခဲ့။ ေနေမာင္သည္ ေမေမ၏ ထာ၀စဥ္ေသာ သားတစ္ေယာက္ျဖစ္သည္။ အခုေတာ့ ေမေမလည္း မရွိေတာ့ျပီ..။ ေမေမဆံုးသြားကတည္းက ေဖေဖသည္ ေနေမာင့္ကို စကားမေျပာေတာ့ေခ်။

ေနေမာင္သည္ ငယ္စဥ္ကတည္းကပင္ အက်ႌဒီဇိုင္းမ်ားထြင္ရာ၌  ပါရမီပါေသာသူတစ္ေယာက္ ျဖစ္ေသာေၾကာင့္လားမသိ ေအမီဟူေသာ ဒီဇိုင္နာအေျခာက္မတစ္ေယာက္ႏွင့္ေတြ႕ကာ ေနေမာင္ သင္တန္းမ်ားတက္ျဖစ္သည္။ ေဖေဖ့ကိုေတာ့ အသိမေပးခဲ့။

သင္တန္းဆင္းေတာ့ ေနေမာင္အထည္ဆိုင္တစ္ဆိုင္ ေအမီႏွင့္ေပါင္းျပီး လုပ္ျဖစ္ပါသည္။ ေနေမာင္၏လက္ရာမ်ားကာ ဆန္းသစ္ကာ လွပ ေသာေၾကာင့္ နာမည္ရသည္။ ၀င္ေငြမ်ား ရလာသည္။ ေနာက္ေတာ့ ဘယ္လိုက ဘယ္လိုသိသြားသည္မသိဘဲ ေဖေဖသည္ ေနေမာင္ ဒီဇိုင္နာလုပ္ေနတယ္ဆိုတာသိသြား၏။ ထိုေန႕ညက ေနေမာင္ သူ၏ ပထမဆံုးေသာ ၀င္ေငြျဖင့္ ေဖေဖ့ကို ကန္ေတာ့ခဲ့သည္။

``မင္း ကန္ေတာ့တာ ငါလက္မခံဘူး။ မင္းရဲ႕ မဟုတ္တရုတ္ လမ္းကိုမင္းပဲေရြးခဲ့တာ။ မင္းဘ၀ မင္းေရြးတာ။ ငါ့မွာ သားဆိုတာ မရွိဘူး´´
ဟု ေဖေဖက ခပ္ျပတ္ျပတ္ပင္ဆိုခဲ့သည္။ ေနေမာင္ ဘာမွ ျပန္မေျပာခဲ့ပါ။ အျပန္တြင္ေတာ့ မ်က္ရည္မ်ား က်မိေတာ့၏။

ကၽြန္ေတာ္က ကၽြန္ေတာ့္ဘာသာေရြးလို႕ ဒီလိုအေျခာက္ျဖစ္လာတာလို႕ ေဖေဖဆိုလိုက္တာလား။

ေနေမာင္ ရယ္လိုက္စဥ္မွာပင္…..
မ်က္ရည္မ်ားက ပါးျပင္ေပၚ လွိမ့္ဆင္းျပန္သည္။

x x x

ေနေမာင္ေရွ႕တြင္ အလြန္လွပေသာ ညေနခင္း ပါတီတက္ မိန္းကေလးဂါ၀န္၀တ္စံုတစ္ထည္က အိပ္ယာေပၚတြင္ ျဖန္႕ခင္းလ်က္ရွိေနပါသည္။ ေနေမာင္သည္ အခ်ိန္အေတာ္ယူကာ စဥ္းစားဆံုးျဖတ္ခဲ့ျပီးျပီ။

အရင္လို အရယ္အျပံဳးမ်ားႏွင့္ ေလာကၾကီးက ဘာေျပာေျပာ ဘာမွမျဖစ္သလို ျပန္လည္တံု႕ျပန္ႏိုင္ဖို႕ဆိုတာ…ေနေမာင္ ဒီ၀တ္စံုကို ၀တ္မွရမည္။

ေနေမာင္သည္ ပထမအဆင့္အေနျဖင့္ ဂါ၀န္ကို စြပ္ခ်လိုက္၏။ ခ်က္ခ်င္းဆိုသလို ေဖေဖႏွင့္ ေနေမာင္ ေ၀းကြာသြားသလို ခံစားလိုက္ရပါသည္။

သူ ဒီအခ်ိန္ကစျပီး မိန္းကေလးလို၀တ္ေတာ့မည္။ ငယ္စဥ္ကတည္းက သူ၀တ္ခ်င္ေနခဲ့ေသာ ၀တ္စံု။ တစ္နည္းဆိုရလွ်င္ ခုႏွစ္ႏွစ္သားကတည္းက ၀တ္ခ်င္ခဲ့ေသာ ၀တ္စံုကို ေနာက္ ၁၅ႏွစ္ၾကာေတာ့မွ သူ၀တ္ခြင့္ရသည္။

ၾကိဳးမ်ားကို လက္လွ်ိဳစြပ္ကာ ၀င္လိုက္ေသာအခါတြင္ ေဖေဖႏွင့္ ပိုေ၀းသြားသလို ခံစားရျပန္သည္။ ေလာကၾကီး သူ႕ကိုဘယ္လိုတံု႕ျပန္ တံု႕ျပန္ ဘယ္လိုေ၀ဖန္ေ၀ဖန္ အျပံဳးမပ်က္ ခံႏုိင္ရည္ရွိဖို႕ သတၱိလိုသည္။

ေယာက္်ားေလးတစ္ေယာက္သည္ သူ႕ကိုယ္သူ မိန္းကေလးတစ္ေယာက္ဟု အသြင္ေျပာင္းလဲပစ္ရန္အတြက္ သတိၱမ်ားစြာရွိရန္လိုအပ္သည္။ သို႕ေသာ္ သူဘာဆိုတာ တေလာကလံုး ျပျပီးေနာက္တြင္ေတာ့ သတိၱမ်ားအလိုလိုရလာေလသည္။
သူ ဒီလို ၀တ္ျခင္းသည္ ေယာက္်ားေလးမ်ားကို ျမွဴဆြယ္ရန္ သို႕မဟုတ္ ေလာကၾကီးကို အရြဲ႕တိုက္ရန္မဟုတ္။ သတိၱိရွိခ်င္ေသာ ေၾကာင့္သာ။ ေျပာင္းလဲမႈတစ္ခုကို ေလာကၾကီးအား ခ်ျပႏိုင္ဖို႕ သတိၱလိုသည္။

ေနေမာင္တို႕အဖို႕မွာေတာ့ ေလာကၾကီးကို မ်က္ႏွာဖံုးျဖင့္ မည္မွ် ကာကြယ္ထားႏိုင္မည္နည္း။ ေလာကၾကီးကို လွည့္စားႏိုင္ေပမယ့္လည္း မိမိတို႕၏ ႏွလံုးသားကို ဘယ္လိုမွ မလွည့္စားႏိုင္သည္ကိုေတာ့ ေနေမာင္ လက္ခံႏိုင္သည္။
အခုေတာ့ ထိုသတၱိကို သူ၀တ္ဆင္လိုက္ေလျပီ။

ေဖေဖေျပာေသာ စကားတစ္ခြန္းကို သူ ရယ္ေမာခ်င္ပါေသးသည္။

``မင္းေရြးလိုက္တဲ့ လမ္းပဲေလ´´တဲ့။

ဟုတ္ကဲ့….အေျခာက္ဟူသည္ ငယ္စဥ္ကတည္းကပင္ ပက္စက္လွေသာ ကံတရား၏ အကြက္က်က် အစီအစဥ္မ်ားေၾကာင့္သာ ေရြးခ်ယ္ခြင့္မရွိပဲ ျဖစ္လာရသူပင္တည္း။

အဘယ္ေၾကာင့္မ်ား…….သူငယ္စဥ္ကတည္းက အစ္မေတြၾကား ေနခ်င္တဲ့စိတ္ေတြရွိလာရသလဲ။ သူ အစ္မေတြကိုလည္း အျပစ္မေျပာပါ။ သို႕ေသာ္ အေၾကာင္းတစ္ခုခုသည္ ဖန္တီးထားျပီးသားပင္။

အဘယ္ေၾကာင့္မ်ား ေယာက္်ားေလးျဖစ္လ်က္ႏွင့္ ေယာက္်ားေလးမ်ားျပဳလုပ္ေလ့ရွိသည္ဟု ပတ္၀န္းက်င္က ပံုေသသတ္မွတ္ထားသည့္ အရာမ်ားကို ေနေမာင္ မၾကိဳက္ခဲ့သနည္း။ ပတ္၀န္းက်င္ဆိုတာကိုလည္း ေနေမာင္ အျပစ္မေျပာလိုပါ။ ေသခ်ာသည္ကေတာ့ လူေတြ မုန္းသည့္အရာကို ဘယ္လူေကာင္း တစ္ဦးတစ္ေယာက္ကမွ ေရြးခ်ယ္လိမ့္မည္ မဟုတ္ေပ။ ေရြးခ်ယ္ႏိုင္သည့္အရာလည္း မဟုတ္ပါ။
ေရြးခ်ယ္ခြင့္လည္း မရွိပါ။

ဟင့္အင္…..သူတို႕မွာ ေရြးခ်ယ္ခြင့္မရွိပါ။

ဘ၀တစ္ခုကို ေရြးခ်ယ္ခြင့္မရွိဘဲ ရလာေတာ့ ထိုဘ၀တြင္ ေပ်ာ္ေအာင္ေနဖို႕ကလြဲျပီး လူတစ္ေယာက္သည္ ဘာမ်ား တတ္ႏိုင္ဦးမည္နည္း…။

အဘယ္ေၾကာင့္မ်ား………

ရႊမ္းရႊမ္းေသြး

Credit: www.colorsrainbow.com