Tuesday, August 25, 2020

Two Adam (Part I)

အာဒမ် နှစ်ယောက် (Two Adam) – Part I

 

(၁)

 "မင်းက အခြောက်လားကွ"
 "ဖေဖေ၊ ဖေဖေ့စကားက ရင့်သီးလွန်းပါတယ်" 
"ငါ့စကားက ရင့်သီးတာလား၊ ငါ ဒီလိုစွပ်စွဲလို့ရအောင် မင်း လုပ်ရပ်တွေက ဗရမ်းပတာဖြစ်နေတာလား၊ ပြောစမ်း တာရာ"
 "သား ဘာလုပ်နေလို့လဲ ဖေဖေ၊ သား ဘာအမှား ကျူးလွန်မိလို့လဲ" 
"လူတယောက်အတွက် လုပ်သင့်လုပ်ထိုက်တာကို မလုပ်တာလည်း အမှားကို ကျူးလွန်နေတာပဲ တာရာ" 
"လုပ်သင့်လုပ်ထိုက်တာဆိုတာ ဘာကိုဆိုလိုတာလဲ ဖေဖေ" "မင်း မသိချင်ယောင်ဆောင်မနေနဲ့၊ မင်းကို ဝါဝါနဲ့သွားတွေ့ပါ၊ ရင်းရင်းနှီးနှီးနေပါလို့ ပြောတာ ဘယ်နှခါရှိပြီလဲ၊ ဝါဝါဆိုတာ တချိန်မှာ မင်း ယူရမယ့်မိန်းကလေးဆိုတာ မင်းကို ပြောထားပြီးသား၊ မင်းက ငါ စီစဉ်တာကို မနာခံချင်ပဲ ကပ်တီးကပ်ဖဲ့လုပ်နေတော့…"
 "သားမှ ဝါဝါ့ကို စိတ်မဝင်စားတာ ဖေဖေ"
 "တော်စမ်း၊ မင်းစိတ်ဝင်စားတာ ဘာလဲ၊ မင်း ဘာကို စိတ်ဝင်စားတာလဲ၊ မင်းက ယောက်ျားချင်းကို စိတ်ဝင်စားနေတာ မှုတ်လား၊ ဟင်- အခြောက်" 
"ဖေဖေ- သားကို အဲ့လိုမပြောနဲ့" 
"ဟင်း- လုပ်တဲ့အလုပ်ကိုက အခြောက်အလုပ်၊ ငါ့ဆောက်လုပ်ရေးလုပ်ငန်းထဲ ဝင်လုပ်ပါဆိုတော့ မလုပ်ဘူး၊ ဘာလဲ- ဒီဇိုင်နာ Designer ဒါ ယောက်ျားလုပ်ရမယ့်အလုပ်လားကွ"
 "သားအလုပ်ကို မနှိမ့်ချပါနဲ့ ဖေဖေ" "မနှိမ်စေချင်ရင် မင်း ယောက်ျားပီပီနေလေ"
 "တော်ကြပါတော့၊ ကိုကိုလည်း တော်ပါ ကိုကို၊ သားလည်း ဖေဖေ့ကို ပြန်မပြောနဲ့နော် တာရာ"
 "မာလာ- မင်း ဒီလို ကာဆီးကာဆီးလုပ်နေလို့ ဒီကောင် ပိုဆိုးနေတာ"
 "ကိုကိုရယ်- သားက ဘာဖြစ်နေလို့လဲ၊ မာလာတို့ကို ဘာများ ဒုက္ခပေးနေလို့လဲ၊ သူ့ဘာသာ နေပါစေ ကိုကိုရယ်"
 "မင်း ပြောလိုက်ရင် ဒါပဲ မာလာ၊ ငါတော့ မင်းတို့သားအမိကို စိတ်ကုန်တာကြာပြီ၊ ဟေ့ကောင်-တာရာ၊ ငါ မင်းကို နောက်ဆုံးပြောလိုက်မယ်၊ မင်းအချိုးကို ပြင်ပါ၊ မင်းအသက်မငယ်တော့ဘူး၊ ဘွဲ့လည်း ရပြီးပြီ၊ ငါ့လုပ်ငန်းတွေအကုန်လုံး မင်းကို လွှဲချင်ပြီ၊ မင်း ဝါဝါ့ကိုလက်ထပ်ဖို့ စဉ်းစားပါ၊ ဒါပဲ" တာရာ့ကို ဝအောင်ဆူပြောပြီး အိမ်ထဲကထွက်သွားတဲ့ ဖေဖေ့ ကို တာရာနှင့်မေမေ ငေးကြည့်ရင်း ကျန်ရစ်ခဲ့ရသည်။ ပြီးတော့ တာရာနှင့်ဒေါ်မာလာတို့ တယောက်မျက်နှာ တယောက်ကြည့်ရင်း သက်ပြင်းချမိလိုက်ကြသည်။  

+++++

 (၂) 

"ဒါ ဘယ်သွားမလို့လဲ သား" အပြင်သွားဖို့ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းနေတဲ့ တာရာ့ကို ဒေါ်မာလာက မေးလိုက်သည်။

 "ဟိုဖက်ကမ်းကို ကူးဦးမလို့လား သား၊ မသွားပါနဲ့သားရယ်၊ ခုလို စိတ်ရှုပ်ထွေးနေချိန်မှာ သားကို မသွားစေချင်ဘူး" 

"သား သွားပါရစေမေမေ၊ စစ်ကိုင်းသွာတာ ဘာများဆန်းလို့လဲ မေမေရယ်"

 "သားအတွက် အဟောင်းတွေက အသစ်ပြန်ဖြစ်ဦးမှာ စိုးလို့ပါ သားရယ်"

 "အဟောင်းတွေ အသစ်မဖြစ်ပါဘူး မေမေ၊ သားက ရာဇဝင်အဟောင်းထဲမှာပဲ အမြဲနေထိုင်နေတဲ့လူတယောက်ပါ၊ မေမေ သိသားနဲ့"

 "သားရယ်၊ တားမရလို့ သွားမယ်ဆိုရင်လည်း ဆိုင်ကယ်နဲ့ မသွားပါနဲ့၊ ကားယူသွားပါသားရယ်" 

"ဟင့်အင်း၊ ကားနဲ့သွားရတာ လွတ်လပ်တယ်လို့ မခံစားရဘူး၊ သား လွတ်လွတ်လပ်လပ်သွားချင်တယ်" ဒေါ်မာလာ သက်ပြင်းချရပြန်ပြီ။ "ဒီလိုဆိုလည်း သတိနဲ့မောင်းနော် သား၊ မေမေ ဘွားသုခ အတွက် ဝတ္ထုကပ်လိုက်ဦးမယ်"

 "သားမှာ ပါပါတယ် မေမေ၊ သားကပ်လိုက်ပါမယ်" 

"အေး-အေး- ဝတ္ထုငွေ တစ်သောင်း ဘွားသုခကို ကပ်ခဲ့ပါကွယ်၊ ဆေးတွေဘာတွေလိုတာရှိလည်း မှာပါလို့ လျှောက်နော် သား" 

"ဟုတ်ကဲ့ပါမေမေ၊ သားသွားမယ်နော်" ဆိုင်ကယ်မောင်းထွက်သွားသည့် သားတာရာကို မျက်စိတဆုံး ကြည့်ရင်း ဒေါ်မာလာ သက်ပြင်းချရင်း ကျန်ရစ်ခဲ့သည်။ သားလေးတာရာကို သူ့အဖေနဲ့ ပဋိပက္ခဖြစ်အောင်လုပ်မိတာ သူမကိုယ်တိုင်များဖြစ်နေပြီလားလို့ အကြိမ်များစွာ တွေးခဲ့ဖူး တဲ့အတွေးအတိုင်း တွေးမိပြန်သည်။ 

+++++  

(၃) 

စစ်ကိုင်းကနေ မန္တလေးကို ကားမောင်းပြန်လာရင်း စိုးရာဇာ စိတ်တွေ ထွေနေသည်။ အတွေးတွေက အတိတ်မှာ တဝဲလည်လည် လှည့်နေသည်။ အဖြစ်အပျက်တွေ ခေတ်စနစ်တွေ လျင်မြန်စွာ ပြောင်းလဲနေသော်လည်း မပြောင်းမလဲပဲ အတိတ်ကအတိုင်း ကျန်ရစ်နေ တဲ့အရာတွေ ရှိနေပါသေးလား။ ဟုတ်တယ်။ ပြောင်းတဲ့အရာတွေ ပြောင်းလဲသွားပြီ။ ဒါပေမယ့် မပြောင်းလဲတဲ့အရာတွေလည်း ရှိနေတုန်းပဲ။ မယ်သုခ။ ရသေ့မကြီး မယ်သုခ။ အရင်က "မယ်မယ်"လို့ သူခေါ်ခဲ့တဲ့ ရသေ့မကြီး မယ်သုခကို ယခင်သီတင်းသုံးသည့်နေရာမှာပင် ပြန်လည်တွေ့ခဲ့ရသည်။ သို့သော်- ရသေ့မကြီးမယ်သုခသည် ယခင်က အသက်အရွယ်မျိုးတော့ မဟုတ်တော့ပါ။ အိုမင်းရင့်ရော်လှပေပြီ။ မယ်သုခသီတင်းသုံး သည့် တဲကျောင်းလေးမှာလည်း အိုမင်းဟောင်းနွမ်းယိုင်နဲ့နေပေပြီ။ 

"မယ်မယ်၊ မယ်မယ်ရဲ့ကျောင်းလေးကို ကျွန်တော် ပြုပြင်ပေးပါရစေ" သူ့စကားကိုနားထောင်ပြီး ရသေ့မကြီးမယ်သုခက ပြုံးသည်။ 

"သားမောင်- သားမောင်နဲ့အဘွားရဲ့အရွယ်ဟာ မယ်မယ်လို့ ခေါ်ရမယ့်အရွယ် မဟုတ်တော့ပါဘူး၊ အများခေါ်သလို အဘွားကို ဘွားသုခလို့ပဲ ခေါ်ကွဲ့" ဘွားသုခက သတိပေးသည်။

 "ဟုတ်ကဲ့၊ ဘွားသုခရဲ့ကျောင်းလေးကို ကျနော် ပြုပြင်ပေးပါရစေ" "အဘွား ကြာကြာမနေရတော့ပါဘူး၊ နေရလှ ငါးနှစ်ပါပဲ သားမောင်၊ အဘွားအတွက် ကျောတခင်းစာ အဆင်ပြေနေရင် ရပါပြီ သားမောင်ရယ်၊ အဘွားမရှိတော့ရင် ဒီနေရာမှာ သီတင်းသုံးမယ့်သူလည်း မရှိတော့ပါဘူး၊ ဘာလို့ ပြုပြင်နေမှာလဲကွယ်၊ ထားလိုက်ပါ" ရသေ့မကြီးဘွားသုခက ပြောသည်။

 "သားမောင်" ရသေ့မကြီးက သူ့မျက်နှာကို စေ့စေ့ကြည့်၍ ခေါ်လိုက်သည်။

 "မိန့်ပါ အဘွား" "ဒီနေရာကို နောက်တခါ မလာနဲ့တော့" ဘွားသုခက ပြတ်ပြတ်သားသား မိန့်ကြားလိုက်သည်။

 "ဗျာ-" 

"မလာနဲ့တော့၊ ဘယ်တော့မှ မလာနဲ့တော့၊ အားလုံးဟာ ပြီးခဲ့ပြီ၊ အတိတ်တွေဟာ အတိတ်မှာပဲ ကျန်ရစ်ခဲ့ပြီ၊ ဘာကိုမှလည်း တမ်းတမနေနဲ့၊ စုံစမ်းလည်း စုံစမ်းမနေနဲ့၊ မေ့လိုက်တော့" ဘွားသုခက ပြတ်ပြတ်သားသားမိန့်ကြားရင်း ကျောင်းသင်္ခန်းလေးထဲ လှည့်ဝင်သွားတော့ စိုးရာဇာမှာ ကြောင်တက်တက် ကျန်ခဲ့ရသည်။ 

 +++++

 စိုးရာဇာသည် သူကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံသစ်များအတွက် ရင်မှာ လှိုင်းထန်နေခဲ့သည်။ ဘွားသုခ သူ့ကိုမိန့်လိုက်တဲ့စကားဟာ ဘာကို ဆိုလိုပါလိမ့်။ ဘွားသုခက မစုံစမ်းပါနဲ့ ဆိုသော်လည်း သူက ဘွားသုခရဲ့ ကျောင်းသင်္ခန်းလေးကို မလာမီမှာပင် စုံစမ်းခဲ့ပြီးဖြစ်ပါသည်။ စစ်ကိုင်းမြို့ထဲက ယခင်နေရာဟောင်းတွေမှာ လိုက်လံစုံစမ်းလို့ သိသင့်သလောက် သိခဲ့ရပြီးပါပြီ။ ဒါတွေကို ဘွားသုခအား မေးလျှောက်ဖို့ စိတ်ကူးသေးသော်လည်း ဘွားသုခက ကျောင်းသင်္ခမ်းထဲဝင်သွားလို့ မမေးလျှောက်ခဲ့ရပါ။ စိုးရာဇာသည် မြစ်ကမ်းနဖူးက လွမ်းစေတီလေးကို ဖူးမျှော်ပြီး၊ အတန်ကြာကြာ မြစ်ထဲကို ငေးကြည့်နေမိသေးသည်။ ပြန်ခါနီးမှာ ဘွားသုခများ ကျောင်းသင်္ခမ်းထဲက ထွက်လာမလားလို့ မျှော်လင့်မိသော်လည်း ဘွားသုခက ထွက်မလာခဲ့ပါ။ သူသည် တောင်ကုန်းခြေရင်းမှာ ရပ်ထားသည့် ကားဆီပြန်လာကာ ကားမောင်းပြီး မန္တလေးဘက်ကို ပြန်လာခဲ့သည်။

 သူ့တစ်သက်လုံး မျှော်လင့်တောင့်တလာတဲ့ မျှော်လင့်ချက်တွေကို လက်လွှတ်ဆုံးရှုံးခံရတော့မှာလား။ ကားမောင်းရင်း စိုးရာဇာ မရေမရာ တွေးမိသည်။ ကားက စစ်ကိုင်းတံတားသစ်ကြီးကို ကျော်ဖြတ်လာသည်။ ညာဘက်မှာ ထင်းထင်းကြီးမြင်နေရတဲ့ တံတားဟောင်းကို လှည့်ကြည့်မိသေးသည်။ စစ်ကိုင်းဧရိယာကို ကျော်လွန်၊ အမရပူရနယ်မြေထဲအရောက်မှာ ကားကို ဖြည်းညင်းစွာမောင်းလာတဲ့ သူ့အမြင်အာရုံထဲသို့ တစုံတခု ဝင်ရောက်လာသည်။ လူငယ်တယောက်၊ ပိုးထည်ဆိုင်တခုထဲက ထွက်လာသည်။ ထိုသူကို မြင်မြင်ချင်း စိုးရာဇာရင်မှာ လှိုင်းထန်သွားသည်။ ထိုသူကို သူ တခါမှ မမြင်ဖူးပါ။ 

မန္တလေးစစ်ကိုင်းကို နှစ်ပေါင်း၂ဝအတွင်း သည်တကြိမ်သာ လာဖူးသည့် သူ့အတွက် ဤနယ်မြေက လူတွေကို ရင်းနှီးစရာ အကြောင်းလည်း မရှိပါ။ ဒါပေမယ့် ဒီလူကို မြင်လိုက်တာနဲ့ သူ့ရင်တွေ ဘာလို့ ခုန်သွားတာပါလိမ့်။ ထိုသူက ဆိုင်ထဲကထွက်လာပြီး ဆိုင်ရှေ့မှာ ရပ်ထားသည့် ဆိုင်ကယ်ရှေ့တွင်ရပ်သည်။ ဆိုင်ကယ်ရှေ့မှာချိတ်ထားတဲ့ ဦးထုတ်ကို ဆောင်းလိုက်သည်။ နေကာမှန်ကို ချလိုက်သည့်အတွက် ထိုသူ့မျက်နှာ ကွယ်သွားပါသည်။ 

စိုးရာဇာသည် ထိုသူကိုအမြင်တွင် ကားအရှိန်ကိုနှေးလိုက်မိသည့်အတွက် နောက်မှကားက ဟွန်းတီးသတိပေးမှ သတိပြန် ဝင်လာသည်။ စိုးရာဇာက ကားကိုအရှိန်မြှင့်ကာ နောက်ကားကို လမ်းဖယ်ပေးလိုက်သည်။ ထိုသူကတော့ ဆိုင်ကယ်ကိုမောင်းကာ သူနှင့်ဆန့်ကျင်ဖက် အရပ်သို့ မောင်းသွားပါပြီ။ စိုးရာဇာမျက်စိထဲမှာတော့ ထိုသူ့ကိုသာ စွဲကျန်ရစ်သည်။ သူဆုံးဖြတ်ချက်ချလိုက်သည်။

 ကားကို လမ်းအလယ်ကြောကပ်၊ ဘယ်ဘက်ကို ပြန်လှည့်ချိုးလိုက်သည်။ ကားအရှိန်ကိုမြှင့်ရင်း ထိုသူမောင်းသွားသည့် ဆိုင်ကယ်နောက်ကို လိုက်လာခဲ့သည်။ သို့သော်- ဘီးခွန်ဂိတ်အထိ ထိုသူ့ဆိုင်ကယ်ကို မတွေ့ရတော့ပါ။ သူ သက်ပြင်းချလိုက်သည်။ ကားကို နောက်ပြန်လှည့်၊ မန္တလေးက တည်းခိုရာဟိုတယ်ကို ပြန်လာခဲ့လိုက်သည်။ 

+++++  

(၄) 

ဘွားသုခကိုကြည့်ရတာ တစ်စုံတစ်ခု ထူးခြားနေတယ်လို့ တာရာ့စိတ်ထဲမှာ ထင်သည်။ ဘယ်လိုထူးခြားတယ်ဆိုတာတော့ တာရာ တိတိကျကျ မဖတ်တတ်။ မေမေလှူခိုင်းတဲ့ ငွေတစ်သောင်းနဲ့ ဘွားသုခကို ကန်တော့တော့ ဘွားသုခက ဆုပေးရင်း စကားကို ဆက်သည်။ 

"မောင်တာရာ တခုခုများ ဖြစ်လာသလား" ဘွားသုခအမေးကြောင့် တာရာ သက်ပြင်းချလိုက်သည်။ 

"ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး အဘွားရယ်၊ ဖေဖေနဲ့ ထုံးစံအတိုင်း ကတောက်ကဆဖြစ်တာပါ"

 "မောင်တာရာ့အဖေက ဘာများပြောလို့လဲ"

 "အိမ်ထောင်ပြုစေချင်တယ်တဲ့အဘွား" 

"ဒါလည်း ဟုတ်တာပဲ၊ ပြောသင့်တဲ့စကားပဲ မောင်တာရာ" 

"ဟာ- အဘွားကလဲ" တာရာ ရှက်စနိုးမျက်နှာဖြင့် ငြင်းဆန်မိသည်။ တာရာ့ဘဝဇာတ်ကြောင်းတခုလုံးကို ဘွားသုခ သိထားပါသည်။  

"ဟုတ်တယ်မောင်တာရာ၊ ဖခင်တယောက်အနေနဲ့ ဒီစကားကို ပြောမှာပဲပေါ့၊ မောင်တာရာက ဘွဲ့ရပြီးပြီ။ အခုဆို အောင်မြင် တဲ့လုပ်ငန်းရှင်တယောက်လည်း ဖြစ်နေပြီကိုး" 

"ဒါပေမယ့် ကျနော် အိမ်ထောင်မပြုချင်သေးပါဘူးအဘွားရယ်၊ ကျနော့်အကြောင်း အဘွားသိသားနဲ့"

 "ဒီမယ် မောင်တာရာ" ဘွားသုခက လေးလေးနက်နက်ဟန်ဖြင့် မျက်မှောင်ကြုပ်ကာ တာရာကို ခပ်တင်းတင်းကြည့်ရင်းခေါ်လိုက်သည်။

 "အဘွား" "အတိတ်ဘဝက ပြီးခဲ့ပြီကွဲ့၊ မေ့လိုက်တော့" 

"ဗျာ-" 

"မင်းလည်း ခေတ်ပညာတတ်တယောက်ပဲ၊ ဒါတွေဟာ ဘယ်တော့မှ ပြန်ဖြစ်လာတော့မှာ မဟုတ်ဘူး၊ ပြီးတော့ မင်းက ယောက်ျားလေး၊ မိန်းကလေးမဟုတ်ဘူးဆိုတာလည်း သတိထားဦး၊ ဘာကြောင့် အတိတ်ကို လွမ်းမောနေမှာလဲ၊ မေ့လိုက်ပါကွယ်၊ မေ့လိုက်ပါ"

 "အဘွားရယ်…" 

"အရင်ဘဝကို မေ့လိုက်ပါတော့ မောင်တာရာရယ်၊ ဒီနေရာကိုလည်း ဘယ်တော့မှ မလာပါနဲ့တော့၊ ဒီနေရာက မင်းအတွက် နိမိတ်ဆိုးတွေနဲ့နေရာပါ၊ ဒီနေရာလာတိုင်း မကောင်းတဲ့အရိပ်တွေက မင်းကို လွှမ်းမိုးနေလိမ့်မယ်၊ အတိတ်ဘဝကိုလည်း မေ့၊ ဒီနေရာ ကိုလည်း မေ့ပစ်လိုက်ပြီး ဘဝသစ်တခု စလိုက်ပါတော့ သားရယ်" ဘွားသုခက စကားအရှည်ကြီးမိန့်ကြားပြီး နောက်ကိုလှည့်ကာ တဲကျောင်းလေးထဲ ဝင်သွားလေသည်။ 

+++++

 ဘွားသုခ မိန့်လိုက်တဲ့စကားတွေက ဒီနေ့မှ ထူးထူးခြားခြားဖြစ်နေသည်။ ယခင်က သူလာလျှင် အပြုံးနဲ့ကြိုနေကျ ဘွားသုခ ဒီနေ့ ထူးခြားနေတယ်လို့ တာရာ ထင်မိသည်။ တာရာသည် ကျောင်းသင်္ခန်းလေးရှေ့မှထွက်ခဲ့ကာ လွမ်းစေတီရှိရာ တောင်ကုန်းလေးအထက်သို့ တက်လာခဲ့သည်။ တောင်ကုန်းလေးထိပ်မှာ ရပ်ရင်း ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို ဆီးမျှော်ကြည့်လိုက်သည်။ 

ဧရာဝတီမြစ်ကြီးကတော့ စီဆင်းနေမြဲပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း၃ဝကလည်း ခုလို စီးဆင်းနေခဲ့တာပါပဲ။ မြစ်ရှုခင်းဟာ အရင်တုန်းကအတိုင်းပါပဲ။ 

အဲ- ပြောင်းလဲတာဆိုလို့ ဒီနေရာကကြည့်ရင် ယခင်က မြစ်ကူးတံတားကြီး တစ်စင်းတည်းကိုသာ မြင်ရသည်။ ယခုတော့ တံတားကြီးနှစ်စင်းကို ယှဉ်၍မြင်နေရပါ သည်။ 

"စိုး- စိုးရေ၊ စိုးကို တာရာ့ဘေးမှာ ရှိနေစေချင်လိုက်တာ စိုးရယ်၊ စိုး ဘယ်ဆီရောက်နေသလဲကွယ်" ရင်ထဲက တမ်းတရေရွတ်နေမိသည်။ စိုး ဘယ်ကိုများ ရောက်နေသလဲ။


To be continued….


(Zawgyi) 

အာဒမ္ ႏွစ္ေယာက္ (Two Adam) – Part I

 (၁)

"မင္းက အေျခာက္လားကြ"

"ေဖေဖ၊ ေဖေဖ့စကားက ရင့္သီးလြန္းပါတယ္"

"ငါ့စကားက ရင့္သီးတာလား၊ ငါ ဒီလိုစြပ္စြဲလို့ရေအာင္ မင္း လုပ္ရပ္ေတြက ဗရမ္းပတာျဖစ္ေနတာလား၊ ေျပာစမ္း တာရာ"

"သား ဘာလုပ္ေနလို့လဲ ေဖေဖ၊ သား ဘာအမွား က်ဴးလြန္မိလို့လဲ"

"လူတေယာက္အတြက္ လုပ္သင့္လုပ္ထိုက္တာကို မလုပ္တာလည္း အမွားကို က်ဴးလြန္ေနတာပဲ တာရာ"

"လုပ္သင့္လုပ္ထိုက္တာဆိုတာ ဘာကိုဆိုလိုတာလဲ ေဖေဖ"

"မင္း မသိခ်င္ေယာင္ေဆာင္မေနနဲ႔၊ မင္းကို ဝါဝါနဲ႔သြားေတြ႕ပါ၊ ရင္းရင္းႏွီးႏွီးေနပါလို့ ေျပာတာ ဘယ္ႏွခါရွိၿပီလဲ၊ ဝါဝါဆိုတာ တခ်ိန္မွာ မင္း ယူရမယ့္မိန္းကေလးဆိုတာ မင္းကို ေျပာထားၿပီးသား၊ မင္းက ငါ စီစဥ္တာကို မနာခံခ်င္ပဲ ကပ္တီးကပ္ဖဲ့လုပ္ေနေတာ့…"

"သားမွ ဝါဝါ့ကို စိတ္မဝင္စားတာ ေဖေဖ"

"ေတာ္စမ္း၊ မင္းစိတ္ဝင္စားတာ ဘာလဲ၊ မင္း ဘာကို စိတ္ဝင္စားတာလဲ၊ မင္းက ေယာက္်ားခ်င္းကို စိတ္ဝင္စားေနတာ မွုတ္လား၊ ဟင္- အေျခာက္"

"ေဖေဖ- သားကို အဲ့လိုမေျပာနဲ႔"

"ဟင္း- လုပ္တဲ့အလုပ္ကိုက အေျခာက္အလုပ္၊ ငါ့ေဆာက္လုပ္ေရးလုပ္ငန္းထဲ ဝင္လုပ္ပါဆိုေတာ့ မလုပ္ဘူး၊ ဘာလဲ- ဒီဇိုင္နာ Designer ဒါ ေယာက္်ားလုပ္ရမယ့္အလုပ္လားကြ"

"သားအလုပ္ကို မႏွိမ့္ခ်ပါနဲ႔ ေဖေဖ"

"မႏွိမ္ေစခ်င္ရင္ မင္း ေယာက္်ားပီပီေနေလ"

"ေတာ္ၾကပါေတာ့၊ ကိုကိုလည္း ေတာ္ပါ ကိုကို၊ သားလည္း ေဖေဖ့ကို ျပန္မေျပာနဲ႔ေနာ္ တာရာ"

"မာလာ- မင္း ဒီလို ကာဆီးကာဆီးလုပ္ေနလို့ ဒီေကာင္ ပိုဆိုးေနတာ"

"ကိုကိုရယ္- သားက ဘာျဖစ္ေနလို့လဲ၊ မာလာတို့ကို ဘာမ်ား ဒုကၡေပးေနလို့လဲ၊ သူ႔ဘာသာ ေနပါေစ ကိုကိုရယ္"

"မင္း ေျပာလိုက္ရင္ ဒါပဲ မာလာ၊ ငါေတာ့ မင္းတို့သားအမိကို စိတ္ကုန္တာၾကာၿပီ၊ ေဟ့ေကာင္-တာရာ၊ ငါ မင္းကို ေနာက္ဆုံးေျပာလိုက္မယ္၊ မင္းအခ်ိဳးကို ျပင္ပါ၊ မင္းအသက္မငယ္ေတာ့ဘူး၊ ဘြဲ႕လည္း ရၿပီးၿပီ၊ ငါ့လုပ္ငန္းေတြအကုန္လုံး မင္းကို လႊဲခ်င္ၿပီ၊ မင္း ဝါဝါ့ကိုလက္ထပ္ဖို့ စဥ္းစားပါ၊ ဒါပဲ"

တာရာ့ကို ၀ေအာင္ဆူေျပာၿပီး အိမ္ထဲကထြက္သြားတဲ့ ေဖေဖ့ ကို တာရာႏွင့္ေမေမ ေငးၾကည့္ရင္း က်န္ရစ္ခဲ့ရသည္။

ၿပီးေတာ့ တာရာႏွင့္ေဒၚမာလာတို့ တေယာက္မ်က္ႏွာ တေယာက္ၾကည့္ရင္း သက္ျပင္းခ်မိလိုက္ၾကသည္။ 

+++++

(၂)

"ဒါ ဘယ္သြားမလို့လဲ သား"

အျပင္သြားဖို့ ဆိုင္ကယ္ဦးထုပ္ကိုေဆာင္းေနတဲ့ တာရာ့ကို ေဒၚမာလာက ေမးလိုက္သည္။ 

"ဟိုဖက္ကမ္းကို ကူးဦးမလို့လား သား၊ မသြားပါနဲ႔သားရယ္၊ ခုလို စိတ္ရွုပ္ေထြးေနခ်ိန္မွာ သားကို မသြားေစခ်င္ဘူး"

"သား သြားပါရေစေမေမ၊ စစ္ကိုင္းသြာတာ ဘာမ်ားဆန္းလို့လဲ ေမေမရယ္"

"သားအတြက္ အေဟာင္းေတြက အသစ္ျပန္ျဖစ္ဦးမွာ စိုးလို့ပါ သားရယ္"

"အေဟာင္းေတြ အသစ္မျဖစ္ပါဘူး ေမေမ၊ သားက ရာဇဝင္အေဟာင္းထဲမွာပဲ အျမဲေနထိုင္ေနတဲ့လူတေယာက္ပါ၊ ေမေမ သိသားနဲ႔"

"သားရယ္၊ တားမရလို့ သြားမယ္ဆိုရင္လည္း ဆိုင္ကယ္နဲ႔ မသြားပါနဲ႔၊ ကားယူသြားပါသားရယ္"

"ဟင့္အင္း၊ ကားနဲ႔သြားရတာ လြတ္လပ္တယ္လို့ မခံစားရဘူး၊ သား လြတ္လြတ္လပ္လပ္သြားခ်င္တယ္"

ေဒၚမာလာ သက္ျပင္းခ်ရျပန္ၿပီ။

"ဒီလိုဆိုလည္း သတိနဲ႔ေမာင္းေနာ္ သား၊ ေမေမ ဘြားသုခ အတြက္ ဝတၳဳကပ္လိုက္ဦးမယ္"

"သားမွာ ပါပါတယ္ ေမေမ၊ သားကပ္လိုက္ပါမယ္"

"ေအး-ေအး- ဝတၳဳေငြ တစ္ေသာင္း ဘြားသုခကို ကပ္ခဲ့ပါကြယ္၊ ေဆးေတြဘာေတြလိုတာရွိလည္း မွာပါလို့ ေလၽွာက္ေနာ္ သား"

"ဟုတ္ကဲ့ပါေမေမ၊ သားသြားမယ္ေနာ္"

ဆိုင္ကယ္ေမာင္းထြက္သြားသည့္ သားတာရာကို မ်က္စိတဆုံး ၾကည့္ရင္း ေဒၚမာလာ သက္ျပင္းခ်ရင္း က်န္ရစ္ခဲ့သည္။

သားေလးတာရာကို သူ႔အေဖနဲ႔ ပဋိပကၡျဖစ္ေအာင္လုပ္မိတာ သူမကိုယ္တိုင္မ်ားျဖစ္ေနၿပီလားလို့ အႀကိမ္မ်ားစြာ ေတြးခဲ့ဖူး တဲ့အေတြးအတိုင္း ေတြးမိျပန္သည္။

+++++


(၃)

စစ္ကိုင္းကေန မႏၲေလးကို ကားေမာင္းျပန္လာရင္း စိုးရာဇာ စိတ္ေတြ ေထြေနသည္။ 

အေတြးေတြက အတိတ္မွာ တဝဲလည္လည္ လွည့္ေနသည္။

အျဖစ္အပ်က္ေတြ ေခတ္စနစ္ေတြ လ်င္ျမန္စြာ ေျပာင္းလဲေနေသာ္လည္း မေျပာင္းမလဲပဲ အတိတ္ကအတိုင္း က်န္ရစ္ေန တဲ့အရာေတြ ရွိေနပါေသးလား။ 

ဟုတ္တယ္။ ေျပာင္းတဲ့အရာေတြ ေျပာင္းလဲသြားၿပီ။

ဒါေပမယ့္ မေျပာင္းလဲတဲ့အရာေတြလည္း ရွိေနတုန္းပဲ။

မယ္သုခ။ ရေသ့မႀကီး မယ္သုခ။

အရင္က "မယ္မယ္"လို့ သူေခၚခဲ့တဲ့ ရေသ့မႀကီး မယ္သုခကို ယခင္သီတင္းသုံးသည့္ေနရာမွာပင္ ျပန္လည္ေတြ႕ခဲ့ရသည္။ သို့ေသာ္- ရေသ့မႀကီးမယ္သုခသည္ ယခင္က အသက္အရြယ္မ်ိဳးေတာ့ မဟုတ္ေတာ့ပါ။ အိုမင္းရင့္ေရာ္လွေပၿပီ။ မယ္သုခသီတင္းသုံး သည့္ တဲေက်ာင္းေလးမွာလည္း အိုမင္းေဟာင္းႏြမ္းယိုင္နဲ႔ေနေပၿပီ။

"မယ္မယ္၊ မယ္မယ္ရဲ့ေက်ာင္းေလးကို ကၽြန္ေတာ္ ျပဳျပင္ေပးပါရေစ"

သူ႔စကားကိုနားေထာင္ၿပီး ရေသ့မႀကီးမယ္သုခက ျပဳံးသည္။

"သားေမာင္- သားေမာင္နဲ႔အဘြားရဲ့အရြယ္ဟာ မယ္မယ္လို့ ေခၚရမယ့္အရြယ္ မဟုတ္ေတာ့ပါဘူး၊ အမ်ားေခၚသလို အဘြားကို ဘြားသုခလို့ပဲ ေခၚကြဲ႕"

ဘြားသုခက သတိေပးသည္။ 

"ဟုတ္ကဲ့၊ ဘြားသုခရဲ့ေက်ာင္းေလးကို က်ေနာ္ ျပဳျပင္ေပးပါရေစ"

"အဘြား ၾကာၾကာမေနရေတာ့ပါဘူး၊ ေနရလွ ငါးႏွစ္ပါပဲ သားေမာင္၊ အဘြားအတြက္ ေက်ာတခင္းစာ အဆင္ေျပေနရင္ ရပါၿပီ သားေမာင္ရယ္၊ အဘြားမရွိေတာ့ရင္ ဒီေနရာမွာ သီတင္းသုံးမယ့္သူလည္း မရွိေတာ့ပါဘူး၊ ဘာလို့ ျပဳျပင္ေနမွာလဲကြယ္၊ ထားလိုက္ပါ"

ရေသ့မႀကီးဘြားသုခက ေျပာသည္။

"သားေမာင္"

ရေသ့မႀကီးက သူ႔မ်က္ႏွာကို ေစ့ေစ့ၾကည့္၍ ေခၚလိုက္သည္။

"မိန႔္ပါ အဘြား"

"ဒီေနရာကို ေနာက္တခါ မလာနဲ႔ေတာ့"

ဘြားသုခက ျပတ္ျပတ္သားသား မိန႔္ၾကားလိုက္သည္။

"ဗ်ာ-"

"မလာနဲ႔ေတာ့၊ ဘယ္ေတာ့မွ မလာနဲ႔ေတာ့၊ အားလုံးဟာ ၿပီးခဲ့ၿပီ၊ အတိတ္ေတြဟာ အတိတ္မွာပဲ က်န္ရစ္ခဲ့ၿပီ၊ ဘာကိုမွလည္း တမ္းတမေနနဲ႔၊ စုံစမ္းလည္း စုံစမ္းမေနနဲ႔၊ ေမ့လိုက္ေတာ့"

ဘြားသုခက ျပတ္ျပတ္သားသားမိန႔္ၾကားရင္း ေက်ာင္းသခၤန္းေလးထဲ လွည့္ဝင္သြားေတာ့ စိုးရာဇာမွာ ေၾကာင္တက္တက္ က်န္ခဲ့ရသည္။ 

+++++


စိုးရာဇာသည္ သူၾကဳံဆုံခဲ့ရတဲ့ အေတြ႕အၾကဳံသစ္မ်ားအတြက္ ရင္မွာ လွိုင္းထန္ေနခဲ့သည္။ 

ဘြားသုခ သူ႔ကိုမိန႔္လိုက္တဲ့စကားဟာ ဘာကို ဆိုလိုပါလိမ့္။

ဘြားသုခက မစုံစမ္းပါနဲ႔ ဆိုေသာ္လည္း သူက ဘြားသုခရဲ့ ေက်ာင္းသခၤန္းေလးကို မလာမီမွာပင္ စုံစမ္းခဲ့ၿပီးျဖစ္ပါသည္။ စစ္ကိုင္းၿမိဳ့ထဲက ယခင္ေနရာေဟာင္းေတြမွာ လိုက္လံစုံစမ္းလို့ သိသင့္သေလာက္ သိခဲ့ရၿပီးပါၿပီ။ ဒါေတြကို ဘြားသုခအား ေမးေလၽွာက္ဖို့ စိတ္ကူးေသးေသာ္လည္း ဘြားသုခက ေက်ာင္းသခၤမ္းထဲဝင္သြားလို့ မေမးေလၽွာက္ခဲ့ရပါ။

စိုးရာဇာသည္ ျမစ္ကမ္းနဖူးက လြမ္းေစတီေလးကို ဖူးေမၽွာ္ၿပီး၊ အတန္ၾကာၾကာ ျမစ္ထဲကို ေငးၾကည့္ေနမိေသးသည္။

ျပန္ခါနီးမွာ ဘြားသုခမ်ား ေက်ာင္းသခၤမ္းထဲက ထြက္လာမလားလို့ ေမၽွာ္လင့္မိေသာ္လည္း ဘြားသုခက ထြက္မလာခဲ့ပါ။ 

သူသည္ ေတာင္ကုန္းေျခရင္းမွာ ရပ္ထားသည့္ ကားဆီျပန္လာကာ ကားေမာင္းၿပီး မႏၲေလးဘက္ကို ျပန္လာခဲ့သည္။

သူ႔တစ္သက္လုံး ေမၽွာ္လင့္ေတာင့္တလာတဲ့ ေမၽွာ္လင့္ခ်က္ေတြကို လက္လႊတ္ဆုံးရွုံးခံရေတာ့မွာလား။ ကားေမာင္းရင္း စိုးရာဇာ မေရမရာ ေတြးမိသည္။

ကားက စစ္ကိုင္းတံတားသစ္ႀကီးကို ေက်ာ္ျဖတ္လာသည္။ ညာဘက္မွာ ထင္းထင္းႀကီးျမင္ေနရတဲ့ တံတားေဟာင္းကို လွည့္ၾကည့္မိေသးသည္။ 

စစ္ကိုင္းဧရိယာကို ေက်ာ္လြန္၊ အမရပူရနယ္ေျမထဲအေရာက္မွာ ကားကို ျဖည္းညင္းစြာေမာင္းလာတဲ့ သူ႔အျမင္အာ႐ုံထဲသို့ တစုံတခု ဝင္ေရာက္လာသည္။ 

လူငယ္တေယာက္၊ ပိုးထည္ဆိုင္တခုထဲက ထြက္လာသည္။ ထိုသူကို ျမင္ျမင္ခ်င္း စိုးရာဇာရင္မွာ လွိုင္းထန္သြားသည္။ ထိုသူကို သူ တခါမွ မျမင္ဖူးပါ။ မႏၲေလးစစ္ကိုင္းကို ႏွစ္ေပါင္း၂ဝအတြင္း သည္တႀကိမ္သာ လာဖူးသည့္ သူ႔အတြက္ ဤနယ္ေျမက လူေတြကို ရင္းႏွီးစရာ အေၾကာင္းလည္း မရွိပါ။ 

ဒါေပမယ့္ ဒီလူကို ျမင္လိုက္တာနဲ႔ သူ႔ရင္ေတြ ဘာလို့ ခုန္သြားတာပါလိမ့္။

ထိုသူက ဆိုင္ထဲကထြက္လာၿပီး ဆိုင္ေရွ႕မွာ ရပ္ထားသည့္ ဆိုင္ကယ္ေရွ႕တြင္ရပ္သည္။ ဆိုင္ကယ္ေရွ႕မွာခ်ိတ္ထားတဲ့ ဦးထုတ္ကို ေဆာင္းလိုက္သည္။ ေနကာမွန္ကို ခ်လိုက္သည့္အတြက္ ထိုသူ႔မ်က္ႏွာ ကြယ္သြားပါသည္။

စိုးရာဇာသည္ ထိုသူကိုအျမင္တြင္ ကားအရွိန္ကိုေႏွးလိုက္မိသည့္အတြက္ ေနာက္မွကားက ဟြန္းတီးသတိေပးမွ သတိျပန္ ဝင္လာသည္။ 

စိုးရာဇာက ကားကိုအရွိန္ျမႇင့္ကာ ေနာက္ကားကို လမ္းဖယ္ေပးလိုက္သည္။ 

ထိုသူကေတာ့ ဆိုင္ကယ္ကိုေမာင္းကာ သူႏွင့္ဆန႔္က်င္ဖက္ အရပ္သို့ ေမာင္းသြားပါၿပီ။ 

စိုးရာဇာမ်က္စိထဲမွာေတာ့ ထိုသူ႔ကိုသာ စြဲက်န္ရစ္သည္။ 

သူဆုံးျဖတ္ခ်က္ခ်လိုက္သည္။ 

ကားကို လမ္းအလယ္ေၾကာကပ္၊ ဘယ္ဘက္ကို ျပန္လွည့္ခ်ိဳးလိုက္သည္။ ကားအရွိန္ကိုျမႇင့္ရင္း ထိုသူေမာင္းသြားသည့္ ဆိုင္ကယ္ေနာက္ကို လိုက္လာခဲ့သည္။

သို့ေသာ္- ဘီးခြန္ဂိတ္အထိ ထိုသူ႔ဆိုင္ကယ္ကို မေတြ႕ရေတာ့ပါ။ သူ သက္ျပင္းခ်လိုက္သည္။

ကားကို ေနာက္ျပန္လွည့္၊ မႏၲေလးက တည္းခိုရာဟိုတယ္ကို ျပန္လာခဲ့လိုက္သည္။

+++++


(၄)

ဘြားသုခကိုၾကည့္ရတာ တစ္စုံတစ္ခု ထူးျခားေနတယ္လို့ တာရာ့စိတ္ထဲမွာ ထင္သည္။ ဘယ္လိုထူးျခားတယ္ဆိုတာေတာ့ တာရာ တိတိက်က် မဖတ္တတ္။

ေမေမလွူခိုင္းတဲ့ ေငြတစ္ေသာင္းနဲ႔ ဘြားသုခကို ကန္ေတာ့ေတာ့ ဘြားသုခက ဆုေပးရင္း စကားကို ဆက္သည္။

"ေမာင္တာရာ တခုခုမ်ား ျဖစ္လာသလား"

ဘြားသုခအေမးေၾကာင့္ တာရာ သက္ျပင္းခ်လိုက္သည္။

"ႀကီးႀကီးက်ယ္က်ယ္ေတာ့ မဟုတ္ပါဘူး အဘြားရယ္၊ ေဖေဖနဲ႔ ထုံးစံအတိုင္း ကေတာက္ကဆျဖစ္တာပါ"

"ေမာင္တာရာ့အေဖက ဘာမ်ားေျပာလို့လဲ"

"အိမ္ေထာင္ျပဳေစခ်င္တယ္တဲ့အဘြား"

"ဒါလည္း ဟုတ္တာပဲ၊ ေျပာသင့္တဲ့စကားပဲ ေမာင္တာရာ"

"ဟာ- အဘြားကလဲ"

တာရာ ရွက္စနိုးမ်က္ႏွာျဖင့္ ျငင္းဆန္မိသည္။ တာရာ့ဘဝဇာတ္ေၾကာင္းတခုလုံးကို ဘြားသုခ သိထားပါသည္။ 

"ဟုတ္တယ္ေမာင္တာရာ၊ ဖခင္တေယာက္အေနနဲ႔ ဒီစကားကို ေျပာမွာပဲေပါ့၊ ေမာင္တာရာက ဘြဲ႕ရၿပီးၿပီ။ အခုဆို ေအာင္ျမင္ တဲ့လုပ္ငန္းရွင္တေယာက္လည္း ျဖစ္ေနၿပီကိုး"

"ဒါေပမယ့္ က်ေနာ္ အိမ္ေထာင္မျပဳခ်င္ေသးပါဘူးအဘြားရယ္၊ က်ေနာ့္အေၾကာင္း အဘြားသိသားနဲ႔"

"ဒီမယ္ ေမာင္တာရာ"

ဘြားသုခက ေလးေလးနက္နက္ဟန္ျဖင့္ မ်က္ေမွာင္ၾကဳပ္ကာ တာရာကို ခပ္တင္းတင္းၾကည့္ရင္းေခၚလိုက္သည္။

"အဘြား"

"အတိတ္ဘဝက ၿပီးခဲ့ၿပီကြဲ႕၊ ေမ့လိုက္ေတာ့"

"ဗ်ာ-"

"မင္းလည္း ေခတ္ပညာတတ္တေယာက္ပဲ၊ ဒါေတြဟာ ဘယ္ေတာ့မွ ျပန္ျဖစ္လာေတာ့မွာ မဟုတ္ဘူး၊ ၿပီးေတာ့ မင္းက ေယာက္်ားေလး၊ မိန္းကေလးမဟုတ္ဘူးဆိုတာလည္း သတိထားဦး၊ ဘာေၾကာင့္ အတိတ္ကို လြမ္းေမာေနမွာလဲ၊ ေမ့လိုက္ပါကြယ္၊ ေမ့လိုက္ပါ"

"အဘြားရယ္…"

"အရင္ဘဝကို ေမ့လိုက္ပါေတာ့ ေမာင္တာရာရယ္၊ ဒီေနရာကိုလည္း ဘယ္ေတာ့မွ မလာပါနဲ႔ေတာ့၊ ဒီေနရာက မင္းအတြက္ နိမိတ္ဆိုးေတြနဲ႔ေနရာပါ၊ ဒီေနရာလာတိုင္း မေကာင္းတဲ့အရိပ္ေတြက မင္းကို လႊမ္းမိုးေနလိမ့္မယ္၊ အတိတ္ဘဝကိုလည္း ေမ့၊ ဒီေနရာ ကိုလည္း ေမ့ပစ္လိုက္ၿပီး ဘဝသစ္တခု စလိုက္ပါေတာ့ သားရယ္"

ဘြားသုခက စကားအရွည္ႀကီးမိန႔္ၾကားၿပီး ေနာက္ကိုလွည့္ကာ တဲေက်ာင္းေလးထဲ ဝင္သြားေလသည္။

+++++


ဘြားသုခ မိန႔္လိုက္တဲ့စကားေတြက ဒီေန႔မွ ထူးထူးျခားျခားျဖစ္ေနသည္။ ယခင္က သူလာလၽွင္ အျပဳံးနဲ႔ႀကိဳေနက် ဘြားသုခ ဒီေန႔ ထူးျခားေနတယ္လို့ တာရာ ထင္မိသည္။

တာရာသည္ ေက်ာင္းသခၤန္းေလးေရွ႕မွထြက္ခဲ့ကာ လြမ္းေစတီရွိရာ ေတာင္ကုန္းေလးအထက္သို့ တက္လာခဲ့သည္။

ေတာင္ကုန္းေလးထိပ္မွာ ရပ္ရင္း ဧရာဝတီျမစ္ျပင္က်ယ္ႀကီးကို ဆီးေမၽွာ္ၾကည့္လိုက္သည္။

ဧရာဝတီျမစ္ႀကီးကေတာ့ စီဆင္းေနျမဲပါပဲ။ 

လြန္ခဲ့တဲ့ႏွစ္ေပါင္း၃ဝကလည္း ခုလို စီးဆင္းေနခဲ့တာပါပဲ။

ျမစ္ရွုခင္းဟာ အရင္တုန္းကအတိုင္းပါပဲ။ အဲ- ေျပာင္းလဲတာဆိုလို့ ဒီေနရာကၾကည့္ရင္ ယခင္က ျမစ္ကူးတံတားႀကီး တစ္စင္းတည္းကိုသာ ျမင္ရသည္။ ယခုေတာ့ တံတားႀကီးႏွစ္စင္းကို ယွဥ္၍ျမင္ေနရပါ သည္။

"စိုး- စိုးေရ၊ စိုးကို တာရာ့ေဘးမွာ ရွိေနေစခ်င္လိုက္တာ စိုးရယ္၊ စိုး ဘယ္ဆီေရာက္ေနသလဲကြယ္"

ရင္ထဲက တမ္းတေရရြတ္ေနမိသည္။ 

စိုး ဘယ္ကိုမ်ား ေရာက္ေနသလဲ။  


Written by ေဆာင္းလုလင္

To be continued….

No comments: