ရာဇဝင်ထဲက ပုဂံ (အခန်း ၂)
တံတားပေါ် မကြာခဏာ လာတတ်သူတစ်ယောက်ရှိပါတယ်။
ကိုဝင်းစိုးတဲ့ ။
သူက တွံတေးဘက်မှာ ကွမ်းစိုက်တဲ့သူပါ။ သိရိမင်္ဂလာဈေးကိုကွမ်းပို့ ၊ ပြီးရင် တံတားပေါ် အလျှမ်းထွက်သူ ဆိုပါတော့။ အရပ်မြင့်မြင့် အသားညိုပေမယ့် တောသားရုပ်ဖြောင့်လို့ပြောရပါမယ်။ သူ တံတားပေါ်တက်လာရင် အချိန်စောပါတယ်။ ညေန ငါးနာရီ ခြောက်နာရီ လောက် အတက်များတယ်။ ည ရှစ်နာရီလောက်ထိတောင်မနေပါဘူး။
သူက အမြဲတမ်း ရွှေဆွဲကြိုးကြီး ဆွဲထားတတ်ပါတယ်။လက်မှာလည်း လက်စွပ်တွေ သုံးကွင်းလောက်ဝတ်ထားတတ်ပေမယ့် က်ားက်ား လ်ားလ်ား ယောက်ျားဆန်လှပါတယ်။ များသောအားဖြင့် ကြိုသူ မဟုတ် ပို့ သူ ဟုသာ ပြောတဲ့သူဖြစ်ပါတယ်။ ကျွန်တော်တော့ သူ ဘာနဲ့ ပို့သလဲ အကြားအမြင်မရပါဘူး။
နေဝင်ကာစအချိန် ရောက်သွားမိတဲ့ တစ်နေ့မှာ သူ့ကို လူရွယ်တစ်ယောက်နဲ့ စကားပြောနေတာတွေ့ပါတယ်။ အဲသည့် လူရွယ်ကလည်း တံတားပေါ် အမြဲလာတတ်သူမဟုတ်သလို လာတဲ့အခါလည်း ခပ်ကြာကြာနေတဲ့သူ မဟုတ်တော့ သူဘာလဲ ကိုယ္မသိပါဘူး။
တံတားကို တစ်ပတ်ပတ်ပြီး အစဉ်အလာမပျက် ပူဇော်ပသလိုက်တယ်ပေါ့နော်။ ပြီးတော့ သူတို့ နဲ့ ဆယ်ပေ အကွာလောက်မှာ ရပ်နေ လိုက်တယ်။
မင်းမင်းတို့ မျိုးနိုင်ဦးတို့က ဈေးသမားတွေဆိုတော့ ဈေးသိမ်း၊ အိမ်ပြန်၊ ရေမိုးချိုး အလှပြင်ပြီးမှ တက်လာကြတာလေ။
မကြာဘူး ကိုဝင်းစိုးက အနားလာပြီး ခုချိန်သွားလို့ ဘယ်နားအဆင်ပြေမလဲ လို့မေးတော့ ဈေးလဲပိတ်ပြီ၊ ရုပ်ရှင်ရုံကလဲ ၈ နာရီမွ၊ အခုက ကြားချိန်ဆိုတော့ အပေါ်ထပ်တက်တဲ့ ဓာတ်လှေခါးကလည်း ရုပ်ရှင်ရုံရှိတဲ့ ငါးထပ်ထိပဲမို့ ခြေလျှင်တက်ရတဲ့ ခြောက်လွှာကိုသာတက် အေးဆေးပဲ လို့ပြောလိုက်တာ တံတား တစ်ပတ် ပတ်ပြီး နှစ်ယောက်သား ဆင်းသွားကြတယ်။
တံတားပေါ်ကတစ်ဆင့် ကျွန်တော်မြင်နေရတာများ ရုပ်ရှင်ရုံအောက်ဆုံးထပ်လှေကားမှ အပေါ်တက်သွားကြတာ ကိုယ်ပြောတဲ့နေရာ သွားတယ်ထင်တာပေါ့နော်။ နာရီဝက်ကျော်ကျော်လောက်မှာ ကိုဝင်းစိုး တံတားပေါ်ပြေးတက်လာတယ်။ ခြေတွေ လက်တွေလည်း တုန်လို့။ မေးလိုက်တော့....ဆွဲကြိုး ပါသွားပြီ ဆိုပြီး ငိုပါလေရော။
ငါဘာလုပ်ရမလဲ ကူညီပါဦးဆိုတော့ သူ့ခေါ်ပြီး အတက်အဆင်းလှေကားတ၀ိုက်လိုက်ရှာကြည့်ကြတာ အရိပ်တောင်မမြင်ရပါဘူး။ အဲဒါနဲ့ ရဲစခန်းသွားတိုင်မယ် လာ ဆိုတော့ မေးရင် ဘယ်လိုပြောမလဲ ဆိုပြန်တယ်။
ဒါနဲ့ပဲ စာစစ်ရုံးနားက လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်။ သူကငို ကျွန်တော်ကဘာလုပ်ရမှန်းမသိ ဆိုပါတော့။ သူ့ကို အကြောင်းစုံ မေးကြည့်တော့.... ကျွန်တော်ပြောတဲ့ အထပ်မဟုတ်ဘဲ လေးထပ် သွားဆေးခန်းရှိတဲ့ လှေကားရင်းမှာဖြစ်ကြတာတဲ့။ သူ့ကိုနှုတ်ခမ်းတွေ နမ်း၊ လည်ပင်းတွေနမ်း၊ နားတွေစုတ်ပေးနေရင်း ဖြစ်ကြမယ်ဆိုတော့ အဲ့သည့်လူရွယ်က နေပါဦး အကိုရာဆိုပြီး နားနဲ့ လည်ပင်းကို အနမ်းတွေချည်ဆက်တိုက်ပေးတော့ မျက်လုံးတွေမှေးစင်းဇိမ်ယူနေတုန်း ဟာ အကို လူ လူ ကြည့်နေတယ် ဆင်းဆင်း ဆိုပြီး သူ့ကို လှေကားကဆင်းဖို့ပြောတော့ ကြောက်ကြောက်နဲ့ ပြေးဆင်းလိုက်တာ ဒုတိယအထပ်လောက်ထိ ဆင်းလိုက်မလာလို့ ငါးမိနစ်ကျော် လောက်ထိ ရပ်စောင့်နေခဲ့တာတဲ့။
ခြေသံမကြားလို့ တတိယထပ်ကိုတက်ရင်း မသင်္ကာ လို့ လည်ပင်းစမ်းကြည့်မှ ဆွဲကြိုးပါသွားမှန်းသိတာတဲ့လေ။ ဒါနဲ့ သူနဲ့ နှစ်ပါးသွားတဲ့ အထပ္ထိ ပြေးတက်ကြည့်တော့ သွားဆေးခန်းနဲ့ ရုပ်ရှင်ရုံကားပါကင်ပဲတွေ့တယ်တဲ့။ဓာတ်လှေကားလည်းရှိလို့ ဘယ္က ဘယ္လို ဆင်းသွားလည်း မသိဘူးတဲ့။ သတိထားမိတာက ကျိ ဆိုတဲ့ သွားကြိတ်သံကြားလိုက်ပေမယ့် မထင်မိလိုက်တာ ဆိုပဲ။ ခန့်မှန်းရသလောက် သွားနဲ့ ကိုက်ဖြတ်သွားတယ်ထင်ပါတယ်။ ဒါတောင် ဆွဲကြိုးက အတော်ကြီးတာပါ။ ကွမ်းစိုက်ပြီး ကြိုးစားရှာထား ရတဲ့ ရွှေ ဆိုတော့ ဘာမွ မဘာရဘဲ ခဏတာသာယာတုန်း ဝုန်းဆို ကုန်သွားတော့ နှမြောမှာပေါ့လေ။ နောက်ဆုံး လက်လျော့ပြီး အငို နဲ့ပဲ နှစ်သိမ့်ကာ အိမ်ပြန်သွားလေရဲ့။
နောက်ရက်တွေ တံတားပေါ်ကိုရာက်တော့ သူငယ်ချင်းတွေပြောပြဖြစ်ပါသေးတယ်။ ဒါပေမယ့် ကိုဝင်းစိုးကြီးရော ဆွဲကြိုးဖြတ်သွားတဲ့ သူရော အတော်ကြာကြာ မတွေ့ရတော့ပါဘူး။ ဒီကြားထဲမှာပဲ ကျွန်တော့်အမေခမျာ အရိုးကင်ဆာနဲ့ ဆုံးသွားပါတယ်။ မွန္လုံ ဘက်မရောက်သလို တံတားပေါ်လည်း ခြေဦး အတော်ကြာကြာ မလှည့်နိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်း ကြုံကြိုက်လို့ တံတားပေါ် ရောက်လို့ မေးကြည့်ရင်တော့ သုံးလေးလ တစ်ခါလောက်တော့ ကိုဝင်းစိုးကြီးကိုတွေ့တယ်လို့ သိရပါတယ်။
တံတားပေါ် ညဘက်တွေရောက်ရင် ကျွန်တော်တို့တွေ အုပ္စုက နေရာသစ်ကိုခြေဆန့်တတ်ကြပါတယ်။ ပြည်လမ်းဘက် အင်းယား ကန်ဘောင်၊ ကြည့်မြင်တိုင်ဘက် ငှက်ပျောကမ်နားဆိပ် နဲ့ သိရိမင်္ဂလာဈေးဘက်တွေပေါ့။ လမ်းတွေလျှောက် တွေ့သမျှ ရရ မရရ သူငယ်ထောင်၊ အခွီတွေပြော အမွှေအနှောက်တွေလုပ် မောရမှန်းမသိ ပန်းရမှန်းမသိ မိုးထိန်ထိန်လင်းမှ အိမ်ပြန်ကြတာ။
တနေ့မှာ အိမ်ကခိုင်းတဲ့ ကိစ္စတခုနဲ့ မနက် ဆယ်နာရီကျော်လောက် မြို့ထဲရောက်တော့ အပုန်းမစိတ်က တောင်ရောက် မြောက်ရောက် လေ သိတယ္မဟုတ္လား။ အုပ်စိုးလေးသတိရသလိုရှိတော့ ကုန်တိုက်ထဲ ဝင်သွားလိုက်တာ အခြောက်မ သုံးယောက်လောက် အုပ္စိုး နားပွစိထိုးနေကြလို့ မေးလိုက်တော့ လေဟာပြင်ဈေးရှေ့မြေအောက်အိမ်သာမှာ ရဲကအသွင်ယူဖမ်းသွားတာ ကိုသက်ပါသွားတယ်တဲ့။ ကိုသက္ဆိုတာက ကျွန်တော်နဲ့ သိပ်ခင်တဲ့ တံတားပေါ်၊ ပလက်ဖောင်းပေါ် ဆေးမြစ်စုံလေးတွေ ဝါတာဘလူးလေးတွေ ခင်းကျင်းပြီး ရောင်းတဲ့ အပုန်းမပေါ့။ သူ့ကို ကျွန်တော်က ဆေးမြစ်စုံ လို့ ချစ်စနိုးခေါ်တာပါ။
ကြားရတော့ စိတ်မကောင်းလိုက်တာ။ ရဲက အသွင်ယူဖမ်းတာ ဘယ်လိုမျိုးလဲဆိုတာလည်း သိချင်မိတယ်။ မြေအောက်ထဲလည်း မဆင်းရဲတော့ဘူး ကြောက်လို့။
တစ်ဘက်ကားမှတ်တိုင်ကနေ မြေအောက်အိမ်သာထဲ အတက်အဆင်းတွေကို ကြည့်နေလိုက်တယ်။ မတော်လို့ ကိုယ်ဆင်းမှ ဝင်ဖမ်းရင် သောက်ရှက်ကွဲရချည်ရဲ့။
အိမ်ပြန်လာတဲ့ထိ ကျွန်တော့်စိတ်က ဆေးမြစ်စုံ အဖမ်းခံရတာ စိတ်မကောင်းဖြစ်တုန်းပါ။ အဲ့တော့ ကိုယ့် သူငယ်ချင်းတွေ သတင်းပေးမှ ရမယ်လေ မဖြစ်သေးပါဘူးဆိုပြီး နာရီကြည့်တော့ ညေန သုံးနာရီ။ ဆူးလေပြေး မှန်လုံဝင် ကိုယ္သိသမွ် အပုန်းခြောက်တွေ သတင်းပို့၊ မှောင်ရီဖြိုးဖျ သိမ်ကြီးဈေး တံတားဘက် လမ်းလျှောက်လာပြီး လှေကားတက်မယ်လုပ်တော့ ကော့ကော့ ကော့ကော့ နဲ့ ကိုသက်ကိုတွေ့ လိုက်ရတာပါပဲ။
ဟယ် ဒီကောင်မ လွတ်လာပြီလား မနက္က ဖမ်းခံရတယ်ဆိုတာ ဟုတ်ရဲ့ လား သတင်းက ဖြန့်ပီးပြီ ကောလ ဟာလ ဆို သေပြီ။ ကပြာကယာလှမ်းခေါ် မနက္က ကြားတဲ့သတင်း သူ့ မေးတော့ ကောင်မ ရယ် အလျှောက်ကောင်း အထောင်းသက်သာ ဆိုပါတော့ဟယ် တဲ့။ နားမလည်ဘူး ပြောစမ်းပါ ရဲကအသွင်ယူဖမ်းတာဆို ဆိုတော့ လာ ငါပြောပြမယ်ဆိုပြီး ၂၆ လမ်းကြားထဲက လက်ဖက်ရည်ဆိုင်မှာ ဖြစ်ကြောင်းကုန်စင်ပြောပြမှ ရီရမလို ငိုရမလို ဖြစ်ရပါသေးတယ်။
"ကောင်မရယ် ငါ အောက်ကိုဆင်းသွားတော့ အဲ့မသာက အတက်အေ့....."
"ဘာအတက်လဲဟဲ့.. .."
"အော် ငါကအဆင်း သူက ပြန်အတက် ပြောတာပါဟဲ့....."
"အဲ့ဒါနဲ့ ဆက်ပြောပါဦး...."
"ငါကိုက မနေနိုင်မထိုင်နိုင် သူ့ကို ရဲ မှန်းလဲ မသိပါဘူးအေ၊ အသက်ကလည်း သိပ်မှ မကြီးတာ။ လှေကားမှာ ပခုံးတိုက်ပြီး စော်ကုပ် ချင်တယ်လို့ပြောချလိုက်တာ....."
"ဟယ် နင်ကလဲ သူက ရဲဝတ်စုံကြီးနဲ့ မဟုတ္ဘူးလား...."
"ကောင်မရယ် ရဲဝတ္စုံ နဲ့ဆို ငါက ပြောမလားဟဲ့.....ဂျင်းဘောင်ဘီနဲ့ တီရှပ်နဲ့အေ့....."
"ဟယ် ပြောလိုက်တော့ နင့်ကိုလာဖမ်းရောလား....."
"ဟယ် နင်ကလဲ သူက အပေါ်မတက်ဘဲ ပြန်ဆင်းလာတာ ဒါနဲ့ ငါလည်း ပွတာပဲဆိုပြီး၊ နောက်ဆုံးရေချိုးခန်းရှေ့နား ရပ်ရင်း မျက်စပစ်ခေါ်လိုက်တာ သေးပေါက်သလိုလိုန့ဲ သူ့လော်ကီး အပြင်ထုတ်ပြီး ရပ်နေပါလေရော အေ။..... အဲ့တော့မှ ငါက အထုအထောင်းလေး နဲ့ ကော်ကီးချ လိုက္တာ...."
"ဟယ် ပြီးမှ ဖမ်းတာပေါ့.... "
"မပြီးဘူးဟေ့ ငါက ကော်ကီးနေတာ တစ္ဖက္က အပုန်းမက ပြူးပြဲ ကြည့်၊ နောက်တစ်ယောက်က အိမ်သာထဲကကြည့်ဆိုတော့ သူက ခဏထဦးဆိုပြီး ခါးကြားက လက်ထိပ်ထုတ်ခတ်တော့မှ ရဲမှန်းသိတာတော့... "
"အမေလး .....နင် နင် အခု ဘယ္လို လွတ်လာတာလဲဟင်....." သိချင်တာမေးရပြီ။
"ပထမေတာ့ ငါ လဲကြောက်တာပေါ့အေ ရင်တွေလဲ တုန် လိုက္တာ သူက မပြေးနဲ့နော် ပြေးရင် သေမယ်မှတ်ဆိုတော့ ဟုတ်ကဲ့ပါဆိုပြီး လိုက္သြားရတာ တစ်လမ်းလုံး လဲ လူတွေကကြည့် ငါ့ကို သူက လက်ထိပ်ခတ်ပြီး ပုခုံးဖက်ခေါ်သွားတာ လသာ စခန်းထိအေ့....."
"ဟယ် ......"
"ဟိုရောက်တော့ ငါလည်းကြောက်လွန်းလို့ ငိုတာပေါ့။ ရဲတစ်ယောက်က ငါ့ကိုမေးပြီး စာရွက်နဲ့လိုက်ရေးတယ်၊ငါ့ရဲ့ လိပ်စာ၊နေရပ်၊ အိမ္နံပါတ္ကအစေပါ့။ အိမ်နားဖုန်းရှိလား၊ ဆက်လို့ရလား မေးတာအစုံပဲဟဲ့.....။ သူမေနေတုန်းလဲ ငါက ငိုလိုက်ဖြေလိုက်ပေါ့။ အဲ့ဒီ အချိန် စခန်းမှူးလားမသိဘူး၊ အပြင်က ပြန်လာရင်း ငါငိုနေတာကြည့်ပြီး ဘာအမှုလဲ မေးတော့ ငါက အသံကုန်အော်ငိုပြီး စခန်းမှူးကြီးရယ် ကူညီပါဦး၊ သားက သူ့ကို ရဲမှန်းမသိလို့ လုပ္မိတာပါ လို့ ငိုပြောလိုက်တော့ ဘာလုပ်လို့လဲလို့ ငါ့ကိုဖမ်းတဲ့ ရဲကိုလှမ်းမေးတယ်။ ငါက သူမဖြေခင် သတိစွဲနေတုန်း သားကို သူက အိမ္သာထဲ ဘေးနားလာ လော်ကီးထုတ် ထု ပြတော့ သားက အခြောက်ဆိုတော့ ဘယ်လိုလုပ်နေနိုင်မှာလဲ ကိုင်လိုက်မိတာပေါ့။ သူက စော်ကုပ်ပေးဆိုလို့ စော်ကုပ်လိုက်တာ သားကို ဖမ်းလိုက်တာ လို့ ပြောလည်းပြော ငို လည်းငိုချလိုက်တာ... .စခန်းမှူးကြီးက ငါ့ဖမ်းတဲ့ ရဲကို မင်းတို့ကလဲ စောက်လုပ်ရှုပ်ရတဲ့အထဲ ပေါက်ကရတွေ လုပ်လုပ်လာတယ်။စီမံချက်ထဲပါတာမလုပ်ဘူး။ခံဝန်လုပ်လိုက်လို့ပြောပြီး အခန်းလေးထဲဝင်သွားတော့မှ ငါ့ကို နောက် အဲ့နေရာတွေမှာ အဲ့လိုမလုပ်ပါဘူး ခံဝန်ထိုးခိုင်းပြီး လွှတ်ပေးလိုက်တာအေ့.. .."
ကျွန်တော်သာဆိုရင်......။
တံတားပေါ်ကို အရောက်ကျဲလာပြီးမှ တစ်ခါရောက်ရင် မိတ်ဆွေသစ် သူငယ်ချင်းအသစ်တွေက ထမ်မံရပါတယ်။
ကိုလင်း ဆိုတဲ့ သာကေတ မှာနေတဲ့ တစ်ယောက်ကို ကိုသက်က မိတ်ဆက်ပေးလို့ ခင်လိုက်ရတယ်....။ ကိုသက်ရယ်၊ ကိုလင်းရယ်၊ ကျွန်တော်ရယ် စကားပြောနေတုန်း လူတစ်ယောက်တက်လာပါတယ်။ ကန်တော်လေးမှာနေတဲ့ အကိုကြီးတစ်ယောက်ဆိုပါတော့။ ဗြီဒီယို ထုတ်လုပ်ရေးတစ်ခုလုပ်တယ်။ကျွန်တော်တို့ကတော့ ဦးစောနိုင် လို့ခေါ်တယ်။.....စကားပြောပြတ်သားသလို ခင်ဖို့လည်းသိပ်ကောင်း တယ်။ ဦးစောနိုင်က အကြောင်းမဲ့ အပျင်းပြေ အခွီအနှောက်သက်သက်အတွက်တော့ တံတားပေါ်ကို ဘယ်တော့မှတက်မယ့်သူမျိုး မဟုတ်ပါဘူး။ သူတက်လာရင် သူငယ်ဆာလို့ တက်ရှာ၊ ရတဲ့လူ အပါခေါ်တာပါပဲ။ လူပျိုကြီးလည်းဖြစ်၊ တူလေး တစ်ယောက်နဲ့အတူနေ တာမို့ သူ့တူမရှိချိန်တွေ အမိအရခေါ်စားရတဲ့လူပေါ့။
စကားဆက်ရရင် သူက တံတားပေါ်လူတက်ရှာတာ အချိန်ကလဲသိပ်မရ။ အဲ့တာသိနေတဲ့ ကိုသက္က ကိုလင်းကို ခေါ်မလားလို့ ပြဲစား လုပ်ပြီး ကိုလင်းကိုလည်း လိုက္သြား အဖွားကြီးက သဘောကောင်းတယ် မုန့်ဖိုးလေးဘာလေးလဲပေးတယ်ဆိုပြီး ထိုးထည့်ပါလေရော။ နောက်တော့ ကိုလင်းက ယက်ကန် ယက်ကန် နဲ့ ပါသွားပါတယ်။
နောက်တစ်ရက် တံတားပေါ် ကိုလင်းနဲ့ တွေ့လို့ ဟိုနေ့ကအဆင်ပြေလားဆိုတော့ ပြေပါတယ်အေ သူကလဲ အချိန်မရ ကမန်းကတန်း ငါကလဲ အိမ်ပြန်မိုးချုပ်မှာဆိုးလို့ မြန်မြန်၊ မပြောချင်ပါဘူးဟယ် အိမ်ရောက်တော့ အေမက တီဗွီကြည့်ရင်း ငါ့ခေါင်းပဲ လှမ်းလှမ်းကြည့် နေတာရယ်။ပြီးတော့မှ ငလင်း ခေါင်းလည်း အုန်းဆီလိမ်းထားတာ မတွေ့ပါဘူး၊ နင့်ကိုယ်က အုန်းဆီနံ့တွေ မွှန်နေတာဘဲ ရေနတာ လို့ ပြောပါလေရော။အဲ့တော့မှ ငါလဲမယောင်မလည်နဲ့ အိမ်သာထဲပြေး ကလေးဆံပင်တွေ ကာဘော်လစ်နဲ့ လျော်ချရတာအေတဲ့။
အကြောင်းက ဦးစောနိုင်က အုန်းဆီသုံးတာတဲ့။ အဲ့ဒီအချိန်က အခုခေတ်လို Gel တွေ ဘာတွေ လဲ မပေါ်သေးတော့ သက်တောင့်သက် သာဖြစ်ရအောင် အုန်းဆီပုလင်းဆောင်ကြတာ၊ ခပ်မြန်မြန် အုန်းဆီဆွတ်တာ လက်လွန်သွားတယ်ထင်ပါရဲ့.....အဲ့လိုဖြစ်ရတာ။
မကြာခင်ရက်များမှာတော့ တံတားအောက် အနွှဲမျိုးစုံ နဲ့ အပုန်းတစ်သိုက် စခွီထနေတုန်း ဦးစောနိုင်ရောက်လာတယ်။ နေ့လယ်လောက် က သူစားခဲ့တဲ့ သူငယ်အတောင့်အဖြောင့်အကြောင်း ခြေဟန်လက်ဟန်နဲ့ ကိုလင်းတစ်ယောက် မာန်ပါပါပြောနေတာ ဦးစောနိုင်မြင်တယ် ထင်ပါရဲ့။ ဟဲ့ မနေ့ကတော့ ယောက်ျားကြီးပေါ့ ခုတော့ခြောက်လိုက်တာအေ ကန္တာရတောင် ညည်းလောက်ခြောက်တဲ့နေရာ မရွိ လောက်ဘူးဆိုပြီး ပြောရင်းဆိုရင်း ခုံဆွဲထိုင်ချလိုက်ပါတယ်။
ဘယ်ခြောက်မှာတုန်း အဖွားကြီး၊ အုန်းဆီတွေက အိမ်ရောက်တော့ ပုဆိုးမွာ ဟိုနားကွက် ဒီနားကွက်၊ အေမကအစ အုန်းဆီနံ့ရလို့ တဗျစ်တောက်တောက်ရှာနေတာကြောင့် မနားရဘူး ရေးပြေးချိုးလိုက်ရပါရောလား လို့ ကိုလင်းပြန်ပြောလိုက်တာ ဝါးကနဲ ပြဲက်သြား ရတယ်လေ။
တစ်ရက်မှာ မှန်လုံဘက်ရောက်လို့ ဝင်လိုက်တော့ ကိုကောင်းဇော်တို့ အဖွဲ့ တွေ့ပါလေရော။
"ဟဲ့ မိုးပြည့်ပြည့်မောင် ညည်း မနေ့က ကြည်လွင်နဲ့ ဘယ္သြားလဲ မှန်မှန်ပြောစမ်း..."
"ဟယ် တွေ့လိုက်တာလား မြေပဒေသာကျွန်းနေဝင်းတို့ဆီသွားတာပါ ဟီ ဟီ...ဟာ ဟား...."
"နေဝင်းဆီသွားတာရီစရာလား ကောင်မတွေ၊ ပြောစမ်း ဘာလဲ သူငယ်ရလို့လား....."
ကိုကြည်လွင်နဲ့ မြို့ထဲတွေ့တော့ နေဝင်းဆီသွားမလို့ နေလည်းသိပ်မကောင်းလို့ မလျှမ်းချင်ဘူး၊ နေကလည်းပူတယ် လိုက်မလား လို့ခေါ်တာနဲ့ မရောက်တာကြာပြီဖြစ်တဲ့ မြေပဒေသာကျွန်းထဲက ပျိုးပင် ပျိုးစေ့ရောင်းတဲ့ နေဝင်းဆီ အလည်လိုက်သွားတာပေါ့။ မြေပဒေသာကျွန်းအဝင်မှာ အမျိုးသားရေကူးကန်လည်းရှိတော့ အဝင်ဂိတ်ရှေ့နား လက်ဖက်သုတ်၊ ဂျင်းသုတ် ၊ ကော်ဖီရောင်းတဲ့ ဆိုင်လေးမှာ ရေကူးပြီး အပန်ဖြေ၊ အမောဖြေတဲ့ လူငယ်တွေထိုင်တာများပါတယ်။ စဝင်လာကတည်းက မျက်စိလျှင်တဲ့ ကိုကြည်လွင်က ကျွန်တော့်ကို သူငယ်အစင်နှစ်ယောက်ကို ပြပါတယ်။
ဟုတ်ပါရဲ့ အစင်....
သူငယ်ရှေ့များဆို သင်တန်းဆင်းလက်မှတ်ရထားတဲ့ အခြောက်မ၊အပုန်းမလို အနွှဲပေါင်းစုံမသင်ရဘဲတတ်ကြတာလေ။ မျက်စပစ်လိုက် တဲ့ကိုကြည်လွင်ကို ကျွန်တော်က ....ကိုကြည်လွင်နော် ကြည့်လဲလုပ် အခွပ်ခံနေရအုန်းမယ်။ပြောတော့နေမကောင်းဘူးဆိုပြီးလို့ သတိပေးတာ နောက်ကျသွားတာများ သူငယ်နှစ်ကောင်က ထလိုက်လာတယ်။
ဟဲ့ အဆင်ပြေလောက်တယ် လို့သုံးသပ်ရင်း နေဝင်းဆီခြေလှမ်းမရောက်ဘဲ အတွင်းဘက် ရေကန်အစပ်နားက ရေစက်ရုံနားထိ လမ်းကြောင်းက ပြောင်းသွားတာပေါ့။
ဟိတ် ရွှတ် ရွှတ် ဆိုတော့ ခပ်ပြိုပြိုလေး လှည့်ကြည့်ရင်း ဘာလဲ လို့မေးလိုက်တော့ အနားရောက်လာတာကြောင့် အီစကလီကေန အဆင်ပြေတယ်ဆိုပါတော့။
ရေစက်ရုံကိုကွယ် နံဘေးမှာ ဝါးရုံပင်ကလည်းရှိတော့ သူတစ်ယောက် ကိုယ်တစ်ယောက် ကော်ကီးကြတာ....ကြားမှာတော့ ဗုဒ္ဓံသရဏံ အပင်တွေကာထားသလိုလည်းရှိတော့ ဟိုဘက်ခန်းဒီဘက်ခန်းလိုပေါ့နော်။
ခဏေနေတာ့ ကိုကြည်လွင်က...."ဟယ် မရဘူး မလုပ်ပါနဲ့ အဆင်မပြေဘူး မလုပ်ပါနဲ့ ....." လို့ အကြောက်အကန် ငြင်းနေသံကြားနေရတယ်။
စိတ်ထဲက အောင်မလေး ကိုကြည်လွင်တို့များ အတင်းကာရောငြင်းနေလိုက်တာများ.....ကြည့်ရတာ အပ်တယ်နဲ့ တူတယ်လို့ အတွေးရောက်တာပေါ့။ ခဏပဲအသံက ငြိမ်သွားတိတ်သွားပြီး....ဟာ....အီးတွေ အီးတွေ အကုန်ပေကုန်ပြီ ဆိုတဲ့ အသံနဲ့ အတူ ကန္စပ္ကို သူ့သူငယ်ကပြေးပြီး ရေတွေကို လက်ခုပ်နဲ့ခပ်၊ ဗိုက္က ပေနေတဲ့ အီးတွေ ဆေးပါလေရော။
"အမေလး ကိုကြည်လွင် ဒုက္ခပါဘဲ.. ဂွမ်းပြီ ရှင်ကလဲ.... " လို့ စိတ္ဆိုးမန္ဆိုးထ ပြောလိုက်တာ.
"ဟဲ့ မသာမ ရဲ့ ငါ့အကြောင်း ငါသိလို့ မရဘူး အဆင်မပြေဘူး မလုပ်ပါနဲ့ဆိုတာ အတင်းမုဒိန်းကျင့်သလိုလုပ်တော့ ငါလဲ အောင့်ထား ရင်း အောင့်ထားရင်း လွတ်ထွက်သွားတာအေ့။ အစထဲက ငါနေမကောင်းဘူး နင့်ပြောတယ်လေ၊ ငါ မနက်ကတည်းက ဝမ်းသွားနေတာ" ဆိုတော့....ရှက်ကလဲရှက် စိတ္ကလဲတို ခပ်သုတ်သုတ် ရေစက်အနောက်ကထွက် နေဝင်းဆိုင် ပြေးခဲ့ရပါတယ်။
အဲ့ဒီအကြောင်းကို မွန္လုံမွာ ကိုကောင်းဇော်တို့အဖွဲ့ကို ပြောပြလိုက်တာ တဝါးဝါး တဟားဟား ပွဲကျပါရောလား။
ရေးသားသူ - သုတလုလင်
To be continued
ရာဇဝင်ထဲက ပုဂံ (အခန်း ၂)
ကိုဝင်းစိုးတဲ့ ။
မကြာဘူး ကိုဝင်းစိုးက အနားလာပြီး ‘ခုချိန်သွားလို့ ဘယ်နားအဆင်ပြေမလဲ’ လို့မေးတော့ ‘ဈေးလဲပိတ်ပြီ၊ ရုပ်ရှင်ရုံကလဲ ၈ နာရီမှ၊ အခုက ကြားချိန်ဆိုတော့ အပေါ်ထပ်တက်တဲ့ ဓာတ်လှေခါးကလည်း ရုပ်ရှင်ရုံရှိတဲ့ ငါးထပ်ထိပဲမို့ ခြေလျှင်တက်ရတဲ့ ခြောက်လွှာကိုသာတက် အေးဆေးပဲ’ လို့ပြောလိုက်တာ တံတား တစ်ပတ် ပတ်ပြီး နှစ်ယောက်သား ဆင်းသွားကြတယ်။
"ဘာအတက်လဲဟဲ့.. .."
"အဲ့ဒါနဲ့ ဆက်ပြောပါဦး...."
"ဟယ် နင်ကလဲ သူက ရဲဝတ်စုံကြီးနဲ့ မဟုတ်ဘူးလား...."
"ကောင်မရယ် ရဲဝတ်စုံ နဲ့ဆို ငါက ပြောမလားဟဲ့.....ဂျင်းဘောင်ဘီနဲ့ တီရှပ်နဲ့အေ့....."
"ဟယ် နင်ကလဲ သူက အပေါ်မတက်ဘဲ ပြန်ဆင်းလာတာ ဒါနဲ့ ငါလည်း ပွတာပဲဆိုပြီး၊ နောက်ဆုံးရေချိုးခန်းရှေ့နား ရပ်ရင်း မျက်စပစ်ခေါ်လိုက်တာ သေးပေါက်သလိုလိုနဲ့ သူ့လော်ကီး အပြင်ထုတ်ပြီး ရပ်နေပါလေရော အေ။..... အဲ့တော့မှ ငါက အထုအထောင်းလေး နဲ့ ကော်ကီးချ လိုက်တာ...."
"ဟယ် ပြီးမှ ဖမ်းတာပေါ့.... "
"မပြီးဘူးဟေ့ ငါက ကော်ကီးနေတာ တစ်ဖက်က အပုန်းမက ပြူးပြဲ ကြည့်၊ နောက်တစ်ယောက်က အိမ်သာထဲကကြည့်ဆိုတော့ သူက ခဏထဦးဆိုပြီး ခါးကြားက လက်ထိပ်ထုတ်ခတ်တော့မှ ရဲမှန်းသိတာတော့... "
"အမလေး .....နင် နင် အခု ဘယ်လို လွတ်လာတာလဲဟင်....." သိချင်တာမေးရပြီ။
"ပထမတော့ ငါ လဲကြောက်တာပေါ့အေ ရင်တွေလဲ တုန် လိုက်တာ သူက မပြေးနဲ့နော် ပြေးရင် သေမယ်မှတ်ဆိုတော့ ဟုတ်ကဲ့ပါဆိုပြီး လိုက်သွားရတာ တစ်လမ်းလုံး လဲ လူတွေကကြည့် ငါ့ကို သူက လက်ထိပ်ခတ်ပြီး ပုခုံးဖက်ခေါ်သွားတာ လသာ စခန်းထိအေ့....."
"ဟယ် ......"
ကျွန်တော်သာဆိုရင်......။
‘ဘယ်ခြောက်မှာတုန်း အဖွားကြီး၊ အုန်းဆီတွေက အိမ်ရောက်တော့ ပုဆိုးမှာ ဟိုနားကွက် ဒီနားကွက်၊ အမေကအစ အုန်းဆီနံ့ရလို့ တဗျစ်တောက်တောက်ရှာနေတာကြောင့် မနားရဘူး ရေးပြေးချိုးလိုက်ရပါရောလား’ လို့ ကိုလင်းပြန်ပြောလိုက်တာ ဝါးကနဲ ပွဲကျသွား ရတယ်လေ။
"ဟဲ့ မိုးပြည့်ပြည့်မောင် ညည်း မနေ့က ကြည်လွင်နဲ့ ဘယ်သွားလဲ မှန်မှန်ပြောစမ်း..."
ဟုတ်ပါရဲ့ အစင်....
‘ဟိတ် ရွှတ် ရွှတ်’ ဆိုတော့ ခပ်ပြိုပြိုလေး လှည့်ကြည့်ရင်း ‘ဘာလဲ’ လို့မေးလိုက်တော့ အနားရောက်လာတာကြောင့် အီစကလီကနေ အဆင်ပြေတယ်ဆိုပါတော့။
ခဏနေတော့ ကိုကြည်လွင်က...."ဟယ် မရဘူး မလုပ်ပါနဲ့ အဆင်မပြေဘူး မလုပ်ပါနဲ့ ....." လို့ အကြောက်အကန် ငြင်းနေသံကြားနေရတယ်။
"အမလေး ကိုကြည်လွင် ဒုက္ခပါဘဲ.. ဂွမ်းပြီ ရှင်ကလဲ.... " လို့ စိတ်ဆိုးမန်ဆိုးထ ပြောလိုက်တာ….
အဲ့ဒီအကြောင်းကို မှန်လုံမှာ ကိုကောင်းဇော်တို့အဖွဲ့ကို ပြောပြလိုက်တာ တဝါးဝါး တဟားဟား ပွဲကျပါရောလား။
ရေးသားသူ - သုတလုလင်
To be continued……
No comments:
Post a Comment