Thursday, December 15, 2022

လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ

(ပန်းသေပန်းညှိုးရောဂါ)



#Sexual_Health

#ပန်းသေပန်းညှိုးရောဂါ

#အမျိုးသားဘဝ 


(စာရေးသူ Ye Zon Aung မှ ရေးသားသည်။ Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။)


အမျိုးသားတွေရဲ့ ဘဝမှာ လိင်အင်္ဂါ ကျန်းမာသန်စွမ်းနေဖို့က ဘယ်လောက် အရေးပါတယ်လို့ ထင်ပါသလဲ။ ၁၀% လား ၁၀၀% လား။


သေချာတာကတော့ အမျိုးသားထုကြီးဟာ ဖွားဖက်တော် သန်စွမ်းမာကျောနေစေဖို့ တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ အသုံးပြုနေကြတယ်ဆိုတာပါပဲ။ Viagra၊ Cialis၊ Levitra စတဲ့ ဆေးဝါးတွေကို ကုန်ကျစရိတ်ကို မကြည့်ဘဲ အင်တိုက်အားတိုက် ဝယ်ယူသုံးစွဲနေကြတာပါ။


ဒါပေမယ့် …. ဟုတ်ပါတယ် ဒါပေမယ့်ဆိုတဲ့ ချွင်းချက်က ရှိနေပါသေးတယ်။ ဒီဆေးဝါးတွေဟာ ကိုကိုတွေ၊ ဦးဦးတွေရဲ့ လိင်အင်္ဂါကို အမြဲတမ်း သန်စွမ်းထောင်မတ်နေစေနိုင်မှာမဟုတ်သလို၊ သုံးမိသူတိုင်းကိုလည်း အစွမ်းထက်စေမှာ မဟုတ်တာကို သိထားဖို့ လိုပါမယ်။


စစ်တမ်းတွေအဆိုရင် လိင်တံတောင်မတ်ဖို့ ဆေးသုံးစွဲကြတဲ့ အမျိုးသားထုကြီးရဲ့ ၃၀% ကနေ ၄၀% သောလူတွေဟာ အဲ့ဒီဆေးတွေကို မှီဝဲပေမယ့်လည်း အစွမ်းမထက်လာကြတာကို ကြုံဆုံရလေ့ရှိပါတယ်။


#လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ

ဒီလိုဆိုရင်တော့ Erectile Dysfunction လို့ခေါ်တဲ့ ပန်းသေခြင်း၊ ပန်းညှိုးခြင်း အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရတဲ့ သဘောမျိုးဖြစ်နိုင်သလို ဆေးမတိုးတာလည်းဖြစ်နိုင်ပါတယ်။ ပန်းသေ၊ ပန်းညှိုးတယ်ဆိုတာကတော့ အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးဟာ လိင်ဆက်ဆံမှုပြုရန် လိင်အင်္ဂါအား ထောင်မတ်စေဖို့ မပြုနိုင်တာ (သို့မဟုတ်) ထောင်မတ်နေမှုကို ထိန်းမထားနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုတာဖြစ်ပါတယ်။


#ဆေးသုံးပေမယ့် မစွမ်းတော့တဲ့အခါ

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ လိင်အင်္ဂါကို နိုးထစေတဲ့ ဆေးဝါးတွေဟာ လူတိုင်းဆီမှာ အာနိသင်ပြစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ထီထိုးသလိုပါပဲ။ ကံထူးသူအများစုထဲမှာ ကိုယ်ပါသွားနိုင်သလို ကံဆိုးသူမောင်ရှင်အုပ်စုဝင် အနည်းငယ်ထဲမှာလည်း ကိုယ်ရောက်နေနိုင်ပါတယ်။


လိင်အင်္ဂါမတောင်မတ်တာနဲ့ ပန်းသေ၊ ပန်းညှိုးဆိုပြီး စိတ်ဓာတ်ကျဆင်းပြီး နေကြရတော့မှာလား။ ဒီလိုလည်းမဟုတ်ပါဘူး။ တခြားဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေရှိနေပါသေးတယ်။


#ကိုယ့်သဘောနဲ့ကိုယ် ဆေးဝါးတွေ သုံးတာကို ရပ်တန့်ပါ။

တကယ်လို့ ကိုယ့်သဘောနဲ့ ကိုယ်ဆေးဝါးတွေ မှီဝဲနေပေမယ့် ကိုယ့်ရဲ့ လိင်အင်္ဂါက အစွမ်းမပြလာဘူးဆိုရင် ဆက်မသုံးပဲ ရပ်တန့်လိုက်သင့်ပါတယ်။ ဟိုဆေးဒီဆေး စမ်းသပ်သုံးစွဲတာဟာ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ပိုဖြစ်စေပါတယ်။ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် သုံးတာထက် ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးတာက ပိုပြီး စိတ်ချရပါတယ်။


#Testosterone Therapy လုပ်မယ်ဆို သတိထားပါ။

Testosterone Therapy ဟာ Testosterone ချို့တဲ့မှုအတွက် အရေးပါတဲ့ ကုထုံးဖြစ်ပါတယ်။ Testosterone ဟိုမုန်းဟာ ဖွားဖက်တော်ရဲ့ စွမ်းဆောင်ရည်အတွက် အဓိကအကျဆုံး အရာဖြစ်ပါတယ်။ Testosterone Therapy ဟာ ကုသမှုစတင်ပြီး ၃-၄ လအကြာမှာမှ အစွမ်းပြနိုင်ပြီးတော့ ဘေးထွက်ဆိုးကျိုး တချို့လည်းရှိတယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။


#Penis Pump က ကွဲပြားမှုတချို့ကို ပေးနိုင်ပါတယ်။

Penis Pump ဟာ ယာယီ လိင်အင်္ဂါကြီးစေဖို့၊ ထောင်မတ်စေဖို့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခန်းလုပ်ပေးနိုင်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ဒီအရာက လိင်မထောင်မတ်မှုကို ကွဲပြားတဲ့နည်းလမ်းတစ်ခုနဲ့ ပြန်လည် အဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် Penis Pump ကြောင့် ထိခိုက်ရှနာဖြစ်တာနဲ့ စိတ်မသက်သာစရာခံစားချက်မျိုးရတာတွေဖြစ်နိုင်တာကို သတိထားဖို့လိုပါတယ်။


#ဆေးထိုးတဲ့နည်းကိုလည်း စဉ်းစားသင့်ပါတယ်။

လိင်တံကို Erectile dysfunction (ED) drugs တွေ ထိုးထည့်တာဖြစ်ပါတယ်။ နည်းနည်းတော့ စိတ်လှုပ်ရှားစရာ ကိစ္စကြီးပါ။ ဒါပေမယ့် အကျိုးရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပေးထားပါတယ်။


#Penis implants က အဖြေဖြစ်နိုင်ပါတယ်။

Penis implants ဟာ လိင်တံထဲကို တစ်ရှူးစထည့်သွင်းကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆေးဝါးတွေ မကူနိုင်တဲ့အခါ စဉ်းစားသင့်တဲ့ နည်းလမ်းတစ်ခုပါ။ ရလဒ်တွေလည်း ကောင်းပါတယ်။ ဒါပေမယ့် လိင်အင်္ဂါခွဲစိတ်မှု တစ်ခုဖြစ်တယ်ဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။


#သဘာဝနည်းလမ်းတွေ

ဒါ့အပြင် စဉ်းစားသင့်တာတစ်ခုရှိပါတယ်။ ဒါကတော့ မဖြစ်ခင်ကကြိုတင်ကာကွယ်တဲ့ ကိစ္စပါ။ ကိုယ်က လိင်မှုကိုစ္စမှာ စွမ်းဆောင်ရည်ကောင်းချင်တယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး အစောကတည်းက ဖွားဖက်တော်ကျန်းမာစေဖို့ ပြင်ဆင်ထားသင့်ပါတယ်။


အာဟာရပြည့်ဝစွာ စားသုံးဖို့

ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချဖို့

လေ့ကျင့်ခန်းပြုလုပ်ဖို့

အရက်သေစာ သောက်စားမှုကို လျှော့ချဖို့

မူးယစ်ဆေးဝါသုံးစွဲနေရင် ရပ်တန့်ဖို့

လိင်ဆက်ဆံမှုမရှိတာကြောင့် စွမ်းဆောင်ရည်မဲ့သွားတာမျိုး မဖြစ်စေဖို့ တစ်ပတ်တစ်ကြိမ်လောက် အာသာဖြေမှုပြုလုပ်ဖို့

သွေးဖိအားမများအောင် ဂရုစိုက်ဖို့

စိတ်ဖိစီးမှုတွေကို လျှော့ချဖို့

အိပ်နေစဉ် အသက်ရှူရပ်သွားတတ်တဲ့ Sleep Apnea ဝေဒနာ ရှိနေရင် ကုသဖို့

သွေးကြောနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေရင်ကုသပေးဖို့တို့ပါပဲ။

ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် ဆေးဝါးဓာတ်စာတွေ မှီဝဲစရာမလိုပဲ သင့်ရဲ့ ငယ်ပါက သန်စွမ်းနေမှာပါ။


ဒီလိုသာ ကျန်းမာရေးနဲ့ အညီနေထိုင်သွားမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်တွေမှာတောင် လိင်တံထောင်မတ်မှုကို ထိန်းထားစေနိုင်ပြီး ပုံမှန် အလုပ်လုပ်စေနိုင်မှာဖြစ်ပါတယ်။


“Couch Potato” ဆိုတဲ့ ထိုင်ရာကမထ ပျင်းရိလေးတွဲစွာနေထိုင်တဲ့ ဘဝနေထိုင်မှုပုံစံမျိုးနဲ့ နေထိုင်မယ်ဆိုရင်တော့ အသက်မကြီးခင်ကတည်းက လိင်တံထောင်မတ်ဖို့ ကိစ္စမှာ ပြဿနာ ဖြစ်လာနိုင်ပြီး ဆေးဝါးတွေလည်း အမြဲကူနေနိုင်မှာမဟုတ်ပါဘူး။




ဒီလိုဖြစ်ပြီဆိုရင် သင့်ကို စိတ်ဖိစီးမှုတွေပေးလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေမှာမို့ အိမ်ထောင်ရေးပြဿနာတွေလည်း ကြုံရနိုင်တာမို့ သတိထားသင့်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

Wednesday, December 7, 2022

"တစ်ခွန်းတည်းသောစကား....."

 "တစ်ခွန်းတည်းသောစကား....."




#ခံစားချက်စာစု


#သုတလုင်


#၀ဿန်_LGBTs_၀တ္ထုတိုဆုရ


(အချစ်ဆိုတဲ့ စကားလုံးဟာလေ ခပ်တိုတိုဆိုပေမယ့် လူသားနှစ်ယောက်အကြားမှာ ရိုက်ခတ်မှုအတော်ပြင်းထန်ပါတယ်။ လိင်စိတ် တိမ်းညွှတ်မှုတွေ သေချာမဆန်းစစ်သော်လည်းဘဲ တစ်ခါတလေ မျိုးတူအချင်းချင်းကို ချစ်မိကြတာတွေရှိနေတတ်တာတွေ့နိုင်တယ်ဗျ။ ကိုသုတလုလင် ရေးသားတဲ့ သည်ခံစားချက်စာစုကို ပြန်လည်ဖတ်ကြည့်ကြစေဖို့ ကျွန်တော်ကတစ်ဆင့်ပြန်ဝေငှလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။)


ဘ၀မှာ အချစ်ဆိုတာကို ခံစားတတ်ခဲ့ဖို့ အတော်ကြိုးစားခဲ့ဘူးပါတယ်။ ခံစားတတ်လာပြန်တော့လည်း ပျက်သုဉ်းသွားခဲ့တယ်။ စကားလုံး နှစ်လုံးတည်းသော အချစ်ဆိုတာကြောင့် ကျွန်တော့်အတွက် သွေးစက်တွေ တစ်စက်ခြင်းကျ ကြေမွသွားခဲ့ရဖူးတယ်ဆိုရင် ယုံမလားဗျာ။ 


ကျွန်တော် ရန်ကုန်မြေကို ခြေမချတာ ခြောက်နှစ်ရှိပြီ။ အဟောင်းတွေအသစ်ဖြစ်ပြီးခံစားရမှာကြောက်လို့ပါ။ 


လူတစ်ယောက်ဟာ တစ်သက်မှာတစ်ယောက်တော့ချစ်ခဲ့ဖူးမှာအသေအချာပဲ။ အဲ့လိုချစ်ခဲ့ဖူးတဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။


အစဦး ပထမအချစ်က သိပ်လေးနက်တယ်လို့ ခံစားရတယ်ဗျ။ ခံစားရတယ်၊ ကြေကွဲရတတ်တယ်ဆိုတာကို ဝထ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာပဲ ကြားခဲ့ဘူးတဲ့ကျွန်တော် လက်တွေ့ခံစားလာရတော့ ကြားဘူးထားတာတွေထက် ပြင်းထန်လွန်းပါလားလို့တွေးမိတယ်။ တွေးမိတိုင်းလည်း မျက်ရည်ဝဲတယ်။


အဲ့တာ သူ့ကို စကားလုံးနှစ်လုံးထဲရဲ့ လေးနက်တဲ့ခံစားချက်ကြောင့်ဆိုတာသိလိုက်လို့ပါ။


အခု ရန်ကုန်ဆိုတာကိုခြေစချချခြင်း အတိတ်ရဲ့အရိပ်တွေက ကပ်ပါလာပြန်ပြီ။ အမှတ် (၃) လိုင်းကားစပါယ်ယာက ‘တောင်ဘက်မုဒ်ပါ တယ်ဆရာရေ’ ဆိုတော့ငိုက်မြည်းလာတဲ့ကျွန်တော် အစွန်ဆုံးနေရာကတစ်ဆင့်  အပြင်ကိုကြည့်လိုက်မိတယ်။


စပါယ်ယာခုန်ဆင်းလိုက်မှ ဘွားကနဲ မြင်လိုက်တဲ့ ရွှေတိဂုံစေတီကြီးကို လက်စုံမိုးရှိခိုးဦးညွှတ်လိုက်ရင်းမှ ကားပြန်ထွက်တော့လည်း


သူ့အရိပ်တစ်ချို့ မြင်ယောင်လာပါတယ်။ စိတ်ကိုလျော့ချပြီး လမ်းမဘက်မျက်နှာမူထားလိုက်ပါရဲ့… လေတွေ… တိုးပါစေ။


စပါယ်ယာက ‘ဆောက်လုပ်ရေးပါလား’တဲ့ ‘ပါတယ်’ လို့ပြောလိုက်တယ်။ 


ဒီမှတ်တိုင်လေးက ရန်ကုန်စရောက်ရောက်ခြင်းဆင်းတဲ့မှတ်တိုင်မို့ပေါ့။ အခုလည်း ဒီမှတ်တိုင်ဆင်းမိပြန်ပြီ။ လမ်းလျောက်လာရင်း ဦးတည်ချက်က ဗိုလ်တစ်ထောင်ကမေမေ့ညီမ အဒေါ်အိမ်မှာနေပြီး၊ အဒေါ်ပြောထားပေးသော ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖို့။ ဘွဲ့ရသူတစ်ယောက်အတွက် အလုပ်ကောင်းကောင်း တစ်ခုခုတော့ ရနိုင်ပါရဲ့။


ဗိုလ်ချုပ်ဈေးသစ်ဘက် တန်းတန်းလျောက်လာတော့ မီးပွိုင့်လမ်းစုံမှာ အနီရောင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးအားလှမ်းတွေ့လိုက်တော့ ကျွန်တော့်ရင်အစုံကို ယောင်ရမ်းဖိနှိပ်လိုက်မိတယ်ဗျာ။ တွဲခိုလာတဲ့မျက်ရည်တွေကိုလည်း ခေါင်းငုံ့ပြီး ကျခြင်ကျသွားပါစေတော့ရယ်လို့ တင်းမထားနိုင်တော့ပါဘူး။


လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ရန်ကုန့်မြို့နှင့် အခုအခြေအနေက အတော်ကွာခြားတယ်ထင်ရပေမယ့် ဒီဆေးရုံကြီးက ကျွန်တော့်အတွက် ဘယ်တော့မှ ကွာခြားခြင်းမရှိမဲ့ အမြဲတမ်းနေရာဖြစ်ခဲ့ဘူးတယ်။


ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီဆေးရုံကြီးထဲက နှလုံးကုသဆောင်ဘက်ကို ကျွန်တော်မျက်စိမှိတ်သွားတောင် မလွဲမချော် သွားတတ်ခဲ့ဘူးတယ်။


ဆေးရုံအပေါက်စောင့်တွေနဲ့ ရင်းနှီးအောင်နေပြီး မိုးချုပ်အလုပ်ကအပြန်ဝင်လို့ရအောင် ကျွန်တော်ကြိုးစားထားခဲ့ဘူးတယ်ဗျ။


ကျွန်တော်အတွေးစဖြတ်လိုက်တယ်။


သည်လိုတွေကြောင့် ရန်ကုန်ကိုမလာချင်ဘူး အဟောင်းက အသစ်ဖြစ်မှာဆိုးလို့ပါ။


သိမ်ကြီးဈေးဂုံးတံတားကြီးတောင် ဆေးအသစ်တွေသုတ်ထားပြီ။ အဆောက်အဦးအသစ်တွေ Shopping Mall အသစ်တွေနဲ့ အတော်ပြောင်းလဲနေပြီပဲ။ ဂုံးတံတာပေါ်တက်ပြီးခဏ ရပ်လိုက်မိတယ်။ အပြိုင်မောင်းနေတဲ့ကားတွေကြည့်ပြီး သူနဲ့ ဘယ်ကားက ဘယ်ရောက်တာ၊ ဘယ်ကားက ဘယ်မှာဂိတ်ဆုံးတာငြင်းခုန်ဘူးခဲ့သေးတာရယ်၊ သူ့အလုပ်ပြီးဆုံးချိန်ကို ဒီအပေါ်ကနေ ရပ်စောင့်နေပြီး အတူပြန်နေကြဆိုတဲ့အကြောင်းတွေ ကျွန်တော်အတွေးထဲက ဖျောက်နေရင်းနဲ့ပဲ အတိတ်ဖြစ်ရပ်တွေ တရေးရေးပေါ်လာခဲ့ပါတယ်။


x x x


ကျွန်တော်က ပုသိမ်ကနေ သုံးမိုင်လောက်သွားရတဲ့ ပန်တောင်းရွာသားပါ။ နာမည်က ရဲရင့်နောင်၊ အိမ်နာမည်နောင်နောင်။ ဆယ်တန်းကျတော့ ကျောင်းပြန်မတက်ချင်လို့ ရန်ကုန်ထွက်လာပြီးအလုပ်လုပ်တာဗျ။


ပုသိမ်ကနေကားစီးလာတာ ဘေးခုံက မိန်းကလေးမဟုတ်ဘဲ ရွယ်တူယောက်ျားလေးဆိုတော့ အနေအထိုင်လွတ်လပ်တော့ စိတ်ကျေနပ်မိတာတော့အမှန်။


သူ စမိတ်ဆက်တာပါ။ သူ့နာမည်က သက်ထက်အောင်တဲ့။


ပုသိမ်ကမ်းနားလမ်းမှာနေပြီး အမေ မရှိတော့ဘူး။ အဖေကနောက်အိမ်ထောင်နဲ့။ မိထွေးဖြစ်သူနဲ့အဆင်မပြေလို့ အသိတစ်ယောက်က သရက်တောကျောင်းတိုက်မှာတည်းပြီး အလုပ်ရှာဆိုလို့ အရဲစွန့်ထွက်လာတာတဲ့။


ကျွန်တော်နဲ့ သူ့ဘဝ အလုပ်ရှာထွက်လာတာခြင်းတူပေမယ့် ဘဝကုသိုလ်ကံတော့မတူဘူးထင်ပါတယ်။ သူက အသားဖြူဖြူ အရပ် ၅ပေ ၆ လောက်ရှိမယ်။ ကျွန်တော်ကတော့ သူ့ထက်အရပ်မြင့်နိုင်တယ်။ အသားညိုတာတော့သိတယ်။


သူနဲ့ပဲအတူတူ အဝေးပြေးဘတ်စ်ကားကနေ မြို့တွင်းလိုင်းကားစီး၊  မြေနီကုန်းကနေ အမှတ် (၃) ကားစီးပြီး ဆောက်လုပ်ရေးမှတ်တိုင် အတူဆင်း လမ်းလျောက်၊ သူက မီးပွိုင့်ကနေ ညာဘက်လမ်းချိုးရင်း သရက်တောကျောင်းတိုက်ကိုသွားသလို ကျွန်တော်က ဗိုလ်တစ်ထောင်ရှိ အမေ့ညီမအိမ်သွားဖို့ သိမ်ကြီးဈေးရှေ့နား အမှတ်(၄၆) ဘတ်စ်ကားစီးပြီးလမ်းခွဲခဲ့တာလေ။


မေ့မေ့ပျောက်ပျောက် ရက်သတ္တပါတ် တစ်ပတ်ကျော်သည်ထိ အလုပ်မရသေးပါဘူး။ ‘ဘွဲ့ရမဟုတ်တော့ရှာရခက်တာပေါ့’ လို့ဆိုတဲ့ အဒေါ့်ယောက်ကျားစကားက ကျွန်တော့်ကိုခွန်အားမဲ့စေပါတယ်။ 


တစ်လနီးပါးလောက်မှာ မြို့ထဲအလုပ်ရှာထွက်လာရင်း သက်ထက်အောင်ဆိုတဲ့ ရန်ကုန်အတူလာတဲ့ သူ့ကိုသတိရလိုက်တယ်။ ကျွန်တော် သူ့ကိုသွားတွေ့ဖို့ သရက်တောကျောင်းတိုက်ကို မနက် ၁၁ နာရီကျော်ကျော်လောက် ဦးဆုံးရောက်သွားပါတယ်။


လူရွယ်တစ်ယောက် ကျောင်းရဲ့ အုတ်ကန်ဘေးမှာ ပန်းကန်တွေ ဆေးကြောနေတယ်ဗျ။ ကျွန်တော်က အဲလူရွယ်ကိုမေးလိုက်တယ် ‘ပုသိမ်က သက်ထက်အောင် ဆိုတာရှိလား’လို့။ လူရွယ်က ‘ကိုထက်ရေ ဧည့်သည်’ ဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလားလို့တွေးမိသေးတယ်။


ဟုတ်ပါတယ် သက်ထက်အောင်ပြေးထွက်လာတာတွေ့လိုက်တယ်။


"ဟာ မင်းလာလည်တာလားငါ့စီ ..."


"အေးကွ......"


"ငါ မထင်ထားဘူး။ မကြာမကြာလာပေါ့ကွ ပုသိမ်သားအချင်းချင်းပဲ။ ဒါနဲ့ ထမင်းစားပြီးပြီလား...."


"မစားသေးပါဘူးကွာ..."


"ဟာ တစ်ခါထဲစားသွားဟေ့ကောင်။ ဒီမှာက ထမင်းဟင်းက အလျှံပယ်ဟေ့ကောင်ရေ။ တော်သေးတယ် ငါ့အလုပ်နားရက်နဲ့ဆုံလို့၊ မဟုတ်ရင် မင်းရွာလည်ဦးမှာ"


ကျွန်တော်က အလုပ်ရှာတုန်း သူကအလုပ်တောင်ရနေတော့ ကျွန်တော် သူ့ကိုချက်ခြင်းမေးလိုက်ပါတယ်။


"ဟာ မင်းက အလုပ်ရနေပြီလား..."


"အေးလေ ရွှေတိုက်နာရီဆိုင်မှာကွ ရန်ကုန်ရောက်ပြီးတစ်ပတ်လောက်နေမှရတာ။သည်က အကိုတွေသွင်းပေးတာ"


"အော်..."


ကျွန်တော် ‘အော်’တစ်လုံးသာပြောနိုင်လိုက်သည်။


"လာ ဟေ့ကောင် ထမင်းစားတော့မယ်..."


ဗိုက်ကတော့ဆာတာအမှန်ပဲ၊ ပါလာတဲ့ပိုက်ဆံကလည်းနည်းနေတော့ ချွေတာနေရတာလေ။ ဟန်မဆောင်ချင်တော့တာမို့ သူ့နောက်လိုက်လာလိုက်တယ်။


သူ့အပြောအရ ဒီသရက်တောကျောင်းတိုက်မှာ နယ်က ဆေးလာကုသူတွေ လာတည်းကြတယ်။ အလုပ်ရှာသူတွေက ဘုန်းကြီးကျောင်း ဝေယျာဝစ္စလုပ်ပြီး ကျောင်းရှိသံဃာတွေ ဆွမ်းဘုန်းပြီးရင် ထမင်းစားခွင့်ရှိတယ်။ အဆင်မပြေခင်ထိနေ၊ အဆင်ပြေရင်ပြောင်းလို့ရတယ်လို့ အကြမ်းဖျင်းသိလိုက်ရပါတယ်။


သူ့ကို သရက်တောကျောင်းမှာ ကိုထက်လို့ အများကခေါ်ကြတယ်။


အဲ့ဒီနေ့ ဟင်းပေါင်းနှင့် ထမင်းနှစ်ဇလုံးစားပြီး သရက်တောကျောင်းဘေးက လက်ဖက်ရည်ဆိုင်မှာထိုင်ခဲ့ကြတယ်။ ကိုထက်က တရင်းတနီးဆက်ဆံတာကြောင့် ကျွန်တော့်စိတ်ထဲ သူ့ကို ခင်မင်သွားခဲ့မိပါတယ်။


"ငါတော့ အလုပ်ရှာတုန်းပါကွာ...."


"ငါတို့ဆိုင်ကတော့ လုပ်ဖို့လူမလိုသေးဘူးကွ။ ဆိုင်ဘေးက လျှပ်စစ်ပစ္စည်းဆိုင်တော့လူလိုတယ်ကြားတယ်။ မင်းလုပ်မယ်ဆို မနက်ဖြန်ငါမေးပေးရမလား..."


"အေး လုပ်မယ်ကွာ မေးထားလိုက် "


"အေး ဒါဆို မင်းမနက်ဖြန် နေ့လယ် ထမင်းစားနားချိန်လောက်လာခဲ့။ ၂၇ လမ်းထိပ်နားက ရွှေတိုက်နာရီဆိုင်နော်။ မင်းရှာတတ်တယ် မဟုတ်လား.."


"အေးပါကွာ...."


ကံကောင်းတယ်လို့ဆိုရမယ်။ လူလိုနေတဲ့ လျပ်စစ်ပစ္စည်းဆိုင်က မနက်ဖြန်စဆင်း၊ လစာ ရှစ်သောင်းကျပ်၊ ရက်မှန်ကြေးနဲ့ တစ်ပတ်ကို တစ်ရက်နားလို့ဆိုတယ်။ စနေ တနင်္ဂနွေမှလွဲရင် ကြိုက်တဲ့နေ့နားဆိုတော့ ကိုထက်က သူနဲ့ တူအောင် ဗုဒ္ဓဟူးနေ့ နားဟု ကပ်ပြော၍ အဲ့နေ့ကိုရွေးလိုက်ပါတယ်။


အလုပ်ရလို့ပျော်တယ်ဗျ။ကိုထက်ကိုလည်း ကျေးဇူးတင်တယ်။ အဲဒီနေ့ ကိုထက်က ကားမှတ်တိုင်လိုက်ပို့ရင်း ဗလာစာအုပ်တစ်အုပ် ခါးကြားထိုးထားတာတွေ့တာကြောင့် မနေနိုင်စွာမေးမိပါတယ်။


"ခါးကြားက စာအုပ်ကဘာလုပ်တာလဲ”


"ဟဲ ဟဲ ဒိုင်ယာရီရေးမလို့လေကွာ...."


"ဟွန်း မင်းကလည်း ငရူး..."


အလုပ်ဆင်းတော့ အခက်အခဲတစ်ခုရှိလာတယ်။ ဗိုလ်တစ်ထောင်ကနေကားစီးလာပြီး ကမ်းနားလမ်းမှတ်တိုင်မှာဆင်း လမ်းလျောက်ရ တယ်လေ။ အလိုလိုမှ အအိမ်မက်သည့် ကျွန်တော်က နံနက်စောစောထရသေးတယ်။ သည်တော့ အလုပ်မှာ ကျွန်တော်စောရောက် နေတာ ရှားပါတယ်။ လစမရသေးခင် ကျွန်တော့်အတွက် ထမင်းချိုင့်ကို ကိုထက်ပဲ ပိုပိုထည့်လာတယ်။ ပြန်ချိန်တော့ ကျွန်တော်ကစော တယ်ဗျ။ ကျွန်တော် ဆိုင်သိမ်းသော်လည်းပဲ သူက အသစ်ရောက်လာသောနာရီများကို အမျိုးအစားခွဲ၊ ပြုပြင်ရတာတွေရှိတတ်လို့ အချိန်ပို ဆင်းရပါတယ်။


ကျွန်တော်က မီးသီး၊ မီးချောင်း၊ မီးဆိုင်း နဲ့ မီးကြိုးတွေကို နေရာချရ၊ သယ်ရ၊ ဝယ်သူလိုအပ်သလောက်ဖြတ်ပေးရ၊ မီးခုံ မီးပလပ်ကအစ အကုန်မှတ်ပြီးရောင်းရသူဖြစ်ပါတယ်။ ကိုထက်ကို ပြန်ချိန်ရောက်တိုင်း နှုတ်မဆက်ဘဲပြန်တာကျွန်တော့်အကျင့်ဖြစ်သလို တစ်ခါတစ်ရံ ကိုထက်က သူပြန်တာစောရင် မုန့်အတူစားဖို့အတွက် သိမ်ကြီးဈေးဂုံးတံတားပေါ်မှာ စောင့်နေတတ်တယ်။


"ငါ့အဒေါ်အိမ်မှာ မနေချင်တော့ဘူး ကိုထက်ရာ..."


"အဆင်မပြေဘူးလား။ ငါ့ကျောင်းမှာနေမလား။ ငါ ဆရာတော်ကိုလျောက်ပေးမယ်လေ..."


"အေးလျောက်ပေးကွာ ရရင်ငါနေမယ်..."


အဒေါ်နဲ့အဆင်ပြေပေမယ့် အဒေါ့်ယောက်ျားနဲ့အဆင်မပြေပါ။ ဒါကြောင့်ပဲ ကိုထက် ကြိုးစားမှုနဲ့ သရက်တောကျောင်းတိုက်မှာ နေခွင့်ရခဲ့ပြန်တယ်။ ဒုတိယအကြိမ် ကိုထက်ကိုကျေးဇူးတင်မိပါတယ်။


သရက်တောကျောင်းတိုက်မှာ နေရတာအဆင်ပြေပေမယ့် မနက် ၃ နာရီခွဲ ထရတာကြောင့် ကျွန်တော့်အတွက် အခက်တွေ့ရပြန်တယ်။ ကျွန်တော်အိပ်ချင်သေးတယ်လေ။


ကိုထက်က ကျွန်တော့်ကို သူ့နံဘေးမှာပဲနေရာပေးလို့ ညညဆို စကားပြောရင်းမိုးချုပ်ခဲ့တာလဲရှိပါတယ်။ ဘယ်လောက်မိုးချုပ်ချုပ် ကိုထက်က နံနက် သုံးနာရီခွဲဆိုထ၊ သံဃာ့ဝေယျာဝစ္စအလုပ်တွေရယ် အရုဏ်ဆွမ်းအတွက်ရယ်ပြင်ဆင်၊ ရေစက်မောင်း၊ ဆေးကြော စရာရှိတာဆေးကြောပေါ့။ တာဝန်ကိုယ်စီလုပ်ရတဲ့ ဘုန်းကြီးကျောင်းတိုက်နေ ကျောင်းသားတွေအလုပ်လေ။ 


သည်အထဲ ကျွန်တော်က တစ်ရက်တစ်လေသာပါပါတယ်။ ကိုထက်တစ်ယောက် ကျွန်တော့်ကို မနှိုးပါဘူး။ နိုးမှာစိုးလို့တောင် ဖွဖွလေး ထတာ ကျွန်တော်သိတယ်။


တစ်ခါတလေ စောင်လေးတောင်ခြုံပေးသွားတတ်တယ်။ ကျောင်းရှိ ဘုန်းကြီး၊သံဃာတွေ အရုဏ်ဆွမ်းစားပြီးနောက် ကျွန်တော့် နံနက်စာ အတွက်ချန်ထားတတ်သလို အလုပ်သွားခါနီးမှ ရေမိုးချိုးဖို့နှိုးတတ်ပါတယ်။


အလုပ်နားတဲ့နေ့ဆို ကျွန်တော့်ရဲ့အဝတ်အစားတွေကို မမေးမမြန်း ဆပ်ပြာရေစိမ်ကာ ဖွေးဥနေအောင် စိတ်ရှည်လက်ရှည် ကိုထက် လျော်ပေးတတ်တယ်။


ခေါင်းအုံးစွပ်တွေလျော်၊ စောင်တွေလှန်း၊ လေးပေလောက်နေရာလေးကို ကြမ်းကတိုက်ချွတ်သေးတယ်ဗျ။ ဒါပေမယ့် သူ ဘယ်တုန်းကမှ ပင်ပန်းတယ်လို့ ကျွန်တော့်ရှေ့မှာ မညည်းညူခဲ့ပါ။


တစ်နေ့သူအိပ်ယာထဲ လှဲရင်းစကားတစ်ခွန်းပြောတယ် ‘ငါ ရင်ဘတ်ကစူးပြီးအောင့်တယ်၊မောတယ်ကွာ’တဲ့။


ကျွန်တော်ကပြောလိုက်တယ် "အလုပ်နားတဲ့ရက် အနားယူပေါ့ကွာမင်းက အေးဆေးမနေဘူး ရှောက်လုပ်နေတာကိုး...ငါ့ဟာတွေ မလုပ်ပါနဲ့ ငါဘာသာလျော်ပါ့မယ်ကွ.."လို့။


"ဟေ့ကောင် မင်းဘာသာလျော်တာစောင့်နေရင် မှိုတက်သွားမှာပေါ့။ ငါက အခုလို မင်းကို လုပ်ပေးရတာပျော်ပါတယ်ကွာ..."


ဘာအဓိပ္ပာယ်မှန်းသေချာမသိပေမယ့် သူပြောပြီးကျွန်တော့်ကိုကြည့်လိုက်ချိန် ကျွန်တော် ရှက်သလိုလို ခံစားမိတယ်။


သူက ချက်ချင်းပဲ 


"ညနေ ဘုရားတက်ရအောင်ကွာ..."


"အေး ဟုတ်တယ် တက်မယ်လေ...."


ကျွန်တော် တောင်ဘက်မုခ်လှေကားထစ်တွေပေါ်ပြေးတက်တော့ အနောက်က သူလိုက်ပြေးပြီးတက်တယ်။ စောင်းတန်း အလယ်နား ရောက်တော့ သူပြတ်ကျန်ခဲ့ပါတယ်။ သူ့ကို ရပ်စောင့်ရင်း အနားရောက်လာတော့


"မင်းကလဲ ယောက်ျားမဟုတ်တာကျနေတာဘဲ..."


"ဟ ငါအရမ်းမောတယ်ကွ။ မင်းတက်နှင့်လေ..."


အလိုက်မသိတဲ့ကျွန်တော်သူ့ကိုတွဲမခေါ်မိပါဘူး။ အပေါ်ရောက်သည်ထိ ဆက်တက်မိလိုက်တယ်။ ဘုရားမှာ ကျွန်တော်က ဦးသုံးကြိမ်ချ ကန်တော့ပြီးပေမယ့် ကိုထက်က ရိုရိုကျိုးကျိုးလေး ထိုင်ရှိခိုးနေတာ မိနစ် ၂၀ ခန့်ကြာပါတယ်။


အဲသည်နေ့က ည ၈ နာရီထိုးခါနီးမှ ဘုရားပေါ်ကဆင်း သရက်တောကျောင်းတိုက်နံဘေးရှိ ထမင်းကြော်ဆိုင်မှာ စားဖြစ်ကြတယ်။ ကျွန်တော်က ပုဇွန်ဆီပြန်ဟင်းမှာလိုက်တော့ သူက ကြက်သားဟင်း။


ကျွန်တော်က ရုတ်တရက်ပြောလိုက်မိတယ်။


"ဟာ ပုဇွန်တွေက အခွံလည်းချွတ်မထားဘူး..."


သူ ပုဇွန်တစ်ကောင်ယူပြီး အခွံချွတ်လိုက်ကာ ကျွန်တော့်ပန်ကန်ထဲ ထည့်လိုက်ပါတယ်။


"နေပါ ကိုထက်ရာ မင်းကလည်း ကိုယ့်ဘာသာစားပါ..."


အလိုက်မသိပြောလိုက်တော့ သူ့မျက်နှာညှိးသွားတာသတိထားမိတယ်ဗျ။


ကျောင်းပြန်ရောက်တော့ ဆရာတော်က ခေါ်တယ်ဆိုတာကြောင့် ကျွန်တော်သွားတွေ့ရပါတယ်။


ဆရာတော်က ကျွန်တော် ‘နံနက်ဆိုမထကြောင်း၊ ကျောင်းဝေယျာဝစ္စတွေမလုပ်ကြောင်းသိရတယ်’ဟုပြောတယ်ဗျ။ ဒါလည်း တစ်ယောက်ယောက်ကပြောလို့ဖြစ်မယ်။ ‘ကျောင်းမှာနေလျှင် ကုသိုလ်လည်းရအောင် အားလုံးလည်းကြည်ဖြူအောင် လုပ်ရမယ်၊ မလုပ်လျှင် အဆင်မပြေနိုင်ကြောင်း’ပြောလာသည့်အတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ တကယ်လည်းကျွန်တော် မလုပ်ခဲ့ပါ။


"တယောက်ယောက်တိုင်တယ်ထင်တယ်ကွ ..." ကိုထက်ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်နေပါတယ်။


"အေးပါ ထားလိုက်။ ငါ့ကို မနက်ကြနှိုးနော် ကိုထက်။ မနှိုးဘဲမနေနဲ့။ အများနဲ့ဆိုတော့ ထရမှာပေါ့..."


နံနက် ၃ နာရီကျော်တော့ အိပ်မပျော်တပျော်နဲ့ ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ကိုထက် ဝမ်းလျားမှောက်ပြီး စာရေးနေတာ တွေ့ရပါတယ်။ သူမအိပ်ဘူးလား၊ ဘာတွေရေးနေတာလဲ၊ သူ့အိမ်ကိုလား၊ တွေးရင်း မျက်လုံးကပြန်မှေးစင်းသွားပါတယ်။ အရိပ်လိုလို အုပ်မိုးလာတာကြောင့် မျက်လုံးလေးအသာ အားယူဖွင့်မိရော။ 


တိုးထွက်လာသောလေနွေးနွေးနဲ့အတူ နှာသီးဖျားတစ်ခုက ကျွန်တော့်ပါးကို တိုးကပ်လာတယ်။


"ဟေ့ကောင် ဘာလုပ်မလို့လဲ..." တုန်လှုပ်သွားသလို နောက်ပြန်ဆုတ်လိုက်သည့်ကိုထက်အား ကျွန်တော်မေးလိုက်တာပါ။


"မ မလုပ်ပါဘူး ခြင်ကိုက်နေသလားလို့..." ပြောရင်းသူ ထသွားတယ်။ ကျွန်တော်လည်းလိုက်ထလိုက်တာပေါ့။


အလုပ်ရောက်တော့ ဆိုင်ရှိဘဝတူအလုပ်သမားတစ်ယောက်က သံဈေးအနောက်လမ်း သူနေတဲ့အဆောင်မှာ လူလိုတယ်နေမလား တစ်လ နှစ်သောင်းဆိုတော့ မနက်ဖြန် အကြောင်းပြန်မယ်ပြောလိုက်တယ်။


"ကိုထက် ငါအဆောင်မှာဘဲနေတော့မယ်၊ ဆိုင်က အစ်ကိုတစ်ယောက်ရဲ့အဆောင်မှာ လူလိုနေတယ်တဲ့..." ကိုထက် ချက်ချင်းဘဲ မျက်စိမျက်နှာပျက်ကာ မျက်နှာလွှဲသွားပါတယ်။


"ငါ့ကို ဆိုင်ရှင်က လကုန်ကျရင် လစာတိုးပေးမယ်ပြောတယ်။ အတော်ပဲပေါ့ကွာ အဆောင်လစာရတာပေါ့ ...."


"အေးပါ မင်းအဆောင်နေတော့ အိပ်ရေးဝဝ အိပ်ရတာပေါ့။ အဆင်ပြေမယ်ဆိုလည်းနေပေါ့..."


ဆရာတော်ကို အဆောင်ပြောင်းမည့်အကြောင်းလျောက်ပြီး ပြန်လာတော့ ကိုထက် အိပ်မပျော်တာ ကျွန်တော်သတိထားမိတယ်။


သူ သက်ပြင်းခဏခဏချတာ သိတယ်ဗျာ။ ညည့်နက်နက်ရောက်မှ အိပ်ပျော်သွားခဲ့တယ်လေ။ 


လေးပင်သောအထိအတွေ့ကြောင့်နိုးသွားချိန် ကျွန်တော့်ရင်ဘတ်နားကို ထွေးဖက်ထားတဲ့ ကိုထက်တစ်ယောက် အနားကို တိုးကပ်အိပ် နေတာတွေ့ရတယ်။ ကျွန်တော် သူ့လက်ကိုဖြေးဖြေးလေးမ ဖယ်လိုက်ပြီး သူ့ကိုကျောပေးကာ လှည့်အိပ်နေလိုက်ပါတယ်။


နာရီနှိုးစက်သံမြည်တော့ သူ ပိတ်လိုက်တယ်။


ကျွန်တော် ပက်လက်လှန်ရင်းမျက်လုံးဖွင့်လိုက်စဉ်မှာ ကျွန်တော့်ကို သူစိုက်ကြည့်နေတာတွေ့ရရော။


"ဟေ့ကောင် ဘာကြည့်နေတာလဲငါ့ကို...ဟာ မင်းငိုနေတာလား..."


"ဟာ ဘာကိုငိုရမှာလဲ ငါ ထပြီ အရုဏ်ဆွမ်းဝိုင်းပြင်လိုက်အုန်းမယ်...."


သူအလုပ်သွားပြီးမှ ကျွန်တော် ကိုယ်ပိုင်တဲ့အဝတ်အစားလေးတွေ ထုပ်ပိုးထည့်ပြုပြီး တစ်ခါတည်းအလုပ်တန်းသွားပါတယ်။ သည်ည အဆောင်မှာ စအိပ်မယ်လေ။


x x x


အဆောင်ပြောင်းတဲ့နေ့ကစပြီး ဆယ်ရက်ကျော်သည်ထိ ကိုထက်နဲ့ကျွန်တော်မတွေ့ဖြစ်ပါ။ အလုပ်ပိတ်ရက်တူသော်လည်း အဆောင်မှာ နေဖင်ထိုးသည်ထိအိပ်ရင်း အချိန်ကုန်ခဲ့ပါတယ်။ 


လကုန်ခါနီးတစ်ရက် ကိုထက် ဆိုင်လာတယ်။ ဒီနေ့ အလုပ်ပြန် ဂုံးတံတားကစောင့်နေမယ်တဲ့။ မီးကြိုးတွေတိုင်းနေရင်း ခေါင်းညိတ်ပြ လိုက်တာပေါ့။ ညနေ ကျွန်တော်ဆိုင်ပိတ် ဂုံးပေါ်တက်သွားတော့မှ ကိုထက်ကို သတိထားမိတယ်ဗျ။


"ကိုထက်နေမကောင်းဘူးလား ပိန်သွားတယ်..."


"ဟုတ်လား မင်းထင်လို့ပါ...ဒါနဲ့ မင်းအဆင်ပြေရဲ့လား..."


"အေး…ပြေပါတယ် တခုခုစားရအောင် ငါကျွေးမယ်..."


တံတားအောက်ဘက် လမ်းကြားက အသုပ်ဆိုင်မှာထိုင်လိုက်ကြတယ်။


"ကိုထက်မင်းနေကောင်းရဲ့လား..."


"အေးကွာ ငါ အခုတလော အသက်ရူမဝဘူး မောလည်းမောတယ်။ အလုပ်ကလည်း အချိန်ပိုဆင်းနေရတယ် ပိုက်ဆံရပေမယ့် တခါတလေ အချိန်ပို မဆင်းချင်ဘူး။ အခုလဲ ငါမင်းကိုတွေ့ချင်လို့ အလုပ်ချိန်စောပြန်လာတာ..."


"အော် အေးပါ။ ငါလဲ မင်းနဲ့တွေ့မယ် တွေ့မယ်နဲ့ အလုပ်နားရက်ဆို အိပ်ပျော်ပျော်သွားတာ...."


"သိပါတယ် မင်းအအိပ်ကြီးတာ အဝတ်တွေလည်းပုံမှန်လျော်နော်။ မလျော်အားရင် ငါ့ ဆီလာပေးထား.."


"ဟား ဟား ကိုထက်ရာ ပြောတော့မောနေတယ်ဆို၊ အသက်ရူမဝဘူးဆို။ ငါ့အဝတ်တွေတောင်လျော်ပေးအုန်းမယ်ဆိုတော့ အသက်လဲထွက်သွားမှ ငါ့အမှုပတ်နေပါဦးမယ်ကွာ...."


နောက်နောက်ပြောင်ပြောင်ပြောလိုက်ပေမယ့် ကိုထက်က အားငယ်သလိုလေးဖြစ်သွားပါတယ်။


အဲသည့်နေ့က နန်းကြီးသုပ်နှစ်ပွဲနဲ့ ကော်ဖီနှစ်ခွက်ဖိုး ကိုထက်ကပဲ ရှင်းလိုက်သည့်အတွက် နောက်အပတ်နားရက် ကျွန်တော်ကျွေး မယ်လို့ပြောပြီးလမ်းခွဲပြန်ခဲ့တယ်။


နောက်တစ်ပတ် ကျွန်တော့် နားရက်မရောက်ခင် သူ့ဆိုင်သွားခဲ့ပါတယ်။ သူ့အဖေဆုံး၍ ခွင့်ယူကာ ပုသိမ်ပြန်သွားကြောင်း သိလိုက်ရ တယ်။ ဘာလို့ကျွန်တော့်ကို အသိမပေးဘဲပြန်သွားရတာပါလိမ့်။ ဒါဆို သူ့မိထွေးသာကျန်ခဲ့တော့ သူ ရန်ကုန်ပြန်လာပါဦးမလားလို့ လည်းတွေးမိလိုက်တယ်။


နောက်နှစ်ပတ်အကြာမှာ ကိုထက် ဆိုင်ရောက်လာတယ်။ သူအလုပ်ပြန်ဆင်းနေပြီဟုပြောတော့ ကျွန်တော်က သူ့အဖေဆုံးတာ စိတ်မကောင်းကြောင်းပြောပြီး အသိမပေးဘဲပြန်လို့ သူ့ကိုအပြစ်တင်တော့ ဘာမှ မဖြေဘဲပြုံးနေပါတယ်။


အလုပ်ပိတ်ရက်ကျရင် သရက်တောကျောင်းလာခေါ်မယ်လို့ ကိုထက်ကိုမှာမိတယ်။


အလုပ်ပိတ်ရက်နေ့လယ် ကျွန်တော်သွားတော့ ကိုထက်နဲ့မတွေ့ပါ။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံတက်နေကြောင်းသိလိုက်ရတယ်ဗျ။


နှလုံးရောဂါတဲ့။ ထိတ်လန့်မိတာ တကယ်ပါပဲ။ ကျွန်တော် ဆေးရုံကြီး နှလုံးရောဂါကုသဆောင်ကို မေးမြန်းပြီးရှာတော့ ပြတင်းပေါက် ထောင့်စွန်းကကုတင်ပေါ်မှာ ကိုထက်ကိုတွေ့လိုက်ရတယ်။


တကယ့်ကို ရင်ထဲမှာစူးနင့်သွားတယ်။ ကုတင်ဘေးမှာ အောက်ဆီဂျင်အိုးကြီးကလည်း အဆင်သင့်ထားထားသလိုပါ။


"ကိုထက်..." မျက်လုံးတွေဖွင့်ကြည့်ပြီးပြုံးပြတယ်။


"ဘယ်လိုဖြစ်တာလဲကွာ..."


"မင်းအလုပ်နားတာလား..."


"အေး ဟုတ်တယ် ငါ့ကို ဘာလို့မပြောခိုင်းတာလဲ..."


"မင်းကအလုပ်တစ်ဖက်နဲ့လေ...."


"အစောင့်မရှိဘူးလား..."


"ကျောင်းက လူတွေ ထမင်းပို့တယ်အလှည့်ကျ စောင့်တော့မစောင့်နိုင်ကြဘူးလေ သူတို့လဲ အလုပ်တစ်ဘက်နဲ့ဆိုတော့ ...."


"ဘယ်နေ့ကတက်တာလဲ..."


"နှစ်ရက်ဘဲရှိသေးတယ်...နှလုံးသွေကြောကျယ်နေတာတဲ့ ကောင်းသွားမှာပါ..."


"အေးပါ ငါ မင်းအိမ်အကြောင်းကြားပေးရမလား..."


"မင်းကလည်း ငါ့မိထွေးက ငါနဲ့အဆင်မပြေဘူးကွ ပြောလဲမပြောခြင်ပါဘူးကွာ နေကောင်းမှာပေါ့ ..."


"မင်း ဘာစားချင်လဲ..."


"မစားချင်ပါဘူးကွာ..."


"အေးပါ လိုတာပြော အားမငယ်နဲ့နော် ကိုထက်..." 


စိတ်ထဲက စိတ်ရင်းအမှန်အားပေးလိုက်တာပါ သူ့ကျေးဇူးတွေရှိနေတယ်လေ။ ကိုထက်က ကျွန်တော့်ကို ကြည့်ပြီးပြုံးတယ်ဗျ။ သူ အတော်ပျော်သွားပုံရတယ်။ နောက်ပြီးမျက်နှာလွဲပြီးညှိးသွားပြန်ရော။ မိုးချုပ်တော့....


"မင်း ပြန်တော့လေ မနက် အလုပ်ဆင်းရဦးမှာ..."


"မင်းကိုစောင့်မယ့်လူရော...."


"မလိုပါဘူးကွာ နာစ့်မတွေပေါလို့... ပြန်တော့...." ကျွန်တော်ပြန်လာခဲ့တယ်။ 


နောက်နေ့ အလုပ်မှာ ပစ္စည်တွေရောက်လို့ ဂိုထောင်သွားပို့ရတော့ ည ၉ နာရီထိုးနေပြီ။ ဒါပေမယ့် ကိုထက်ကို ကျွန်တော်တွေ့ချင်တယ်။ သူအားငယ်နေမလား။


"ဘယ်သွားမှာလဲ..."


အပေါက်စောင့်ကမေးတော့ ဒုတိယထပ်ဆိုတော့ ဧည့်ချိန်မဟုတ်ဘူးတဲ့... ကျွန်တော် ငါးရာတန် တစ်ရွက် ထုတ်ပေးလိုက်တော့ တံခါးဖွင့်ပေးပါတယ်။


အပြေးအလွှားတက်သွားတော့ ကိုထက်အိပ်ပျော်နေတယ်။ စောင်လွတ်နေတဲ့ သူ့ခြေထောက်၊ ခြေဖမိုးလေးတွေက ဖောင်းနေတယ်ဗျ။ ကျွန်တော် စောင်လေးဆွဲခြုံပေးလိုက်တော့ ကိုထက်နိုးသွားပါတယ်။


ကျွန်တော်က အနားကပ်ပြီး "နေကောင်းလားကိုထက်...."


"မိုးအတော်ချုပ်နေပြီမဟုတ်လား..."


"အေးပါ ငါ ပစ္စည်းချနေလို့ကွ နောက်ကျသွားတာ ငါ ဒီည မင်းကိုစောင့်မယ်နော်..."


"ပြန်ပါကွာ မင်းအိပ်ရေးပျက်နေပါမယ်။ အလုပ်ကရှိသေးတယ်...."


"ရပါတယ်ကွာ..."


ကျွန်တော်ကုတင်ဘေးက ခုံလေးမှာထိုင်လိုက်တော့ သူ့လက်လေးတစ်ဖက်မြောက်လာတာကြောင့် လှမ်းကိုင်လိုက်ပါတယ်။ ကျွန်တော် သူ့လက်ကလေး ဆုပ်နယ်လိုက်တော့ ပြုံးနေလိုက်တာဗျာ သူ့အတွက်အပျော်ဆုံးများဖြစ်နေမလား...."


သူ့လက်ဖမိုးလေးက ဖောင်းအိနေပြန်တယ်။ ကျွန်တော် သူ့ကိုပြန်ပြုံးပြလိုက်တယ်။ မကြာခင်မှာပဲ သူ့မျက်လုံးတွေမှေးစင်းသွားရော။


ကျွန်တော်သူ့ကို ကြည့်ရင်းတစ်ခုတွေးမိတယ်ဗျ။


သူ ကျွန်တော့်ကို အတော်ခင်တယ်။ 


သူ ကျွန်တော့်ကို ချစ်ကြိုက်နေတာလား။ သူအမူအယာ၊ သူ ကျွန်တော့်အပေါ် ဟိုးအရင်ကတည်းက ဆက်ဆံနေထိုင်ပုံတွေရိုးသားရဲ့ လား။ သူ ခိုးနမ်းဖို့လုပ်တာလည်း ကျွန်တော်ရိပ်မိပါတယ်။ အိပ်ခြင်ယောင်ဆောင် ဖက်ထားတာလဲသိတယ်လေ။ 


နှစ်ရက် သုံးရက်ခန့်အထိ အလုပ်ပြန်တိုင်း ကိုထက်စီ ဝင်ပြီးမှ ကျွန်တော်အဆောင်ပြန်တယ်။ မိုးချုပ်မှ လာတတ်သော ကျွန်တော့်ကို အပေါက်စောင့်က သိနေပြီ။ ကျွန်တော်ရောက်တိုင်း ဘေးကုတင်က လူနာစောင့်အမကြီး သေသေခြာခြာ လှမ်းကြည့်နေတတ်ပါတယ်။ ဘာကြောင့်လဲ။ တစ်ရက်တော့ အဲ့အမကြီးက ကျွန်တော့်ကိုမေးတယ်ဗျ။


"အလုပ်က ခွင့်ယူလို့မရဘူးလား"တဲ့။


ကျွန်တော်က ‘ပြောကြည့်ဦးမယ်အမ’ လို့သာပြောလိုက်တယ် သူက ဘာပြောချင်နေပါလိမ့်။


"ဒီမှာ လူနာရှင်လား..."


သူနာပြု (Nurse) ဆရာမတစ်ယောက်အနားရောက်လာတာကြောင့် ကျွန်တော့်အတွေးပြတ်သွားတယ်။


"အော် ဟုတ်ကဲ့ဗျ..."


"ခဏ လိုက်ခဲ့ဦး..."


ကျွန်တော်ထလိုက်သွားပါတယ်။


"လူနာက နှလုံးရောဂါဆိုတာသိတယ်နော်။ သူ့မှာ မိဘတွေ အုပ်ထိန်းသူတွေမရှိဘူးလား။ ရှင်က သူနဲ့ ဘာတော်လဲ။ မနက်ကလည်း အမောဖောက်တယ်။ညနေစောင်းကလည်း အမောဖောက်တယ်။ ထမင်းလာပို့သူတွေကလည်း စောင့်မနေနိုင်ဘူးတဲ့ ကြာရင်မကောင်း ဘူး...."


"ဗျာ..."


နာစ့်မ ပြောစကားက ကျွန်တော် ဘာမှ မသိတာ သိအောင်လာပြောမှန်းသိပါတယ်။ ကိုထက်မိသားစုအကြောင်းလေးပြောပြလိုက်တော့ လိပ်စာလေးတစ်ခုပေးလာတာကြောင့် ဆရာမပေးတဲ့ လိပ်စာကူးယူလိုက်ပြီးမှ ကိုထက်အနားပြန်သွားလိုက်တယ်။


ကျွန်တော် မှေးကနဲ အိပ်ပျော်သွားချိန်ခဏ ပြင်းလွန်းသောအသက်ရှူသံနှင့်အတူ ရုန်းကန်နေသောအသံကြောင့်နိုးသွားပါတယ်။


"ကိုထက် ကိုထက် ...ဆရာမ ဆရာမ...."ကျွန်တော် အော်လိုက်မိတယ်။ ဆရာမ အမြန်ရောက်လာပြီး ကိုထက်ကို အောက်ဆီဂျင် အသက်ရှူပိုက်တပ်လိုက်သလို ဆေးတစ်လုံးလည်းထိုးပေးတယ်လေ။ 


မျက်စိရှေ့မှာမြင်လိုက်ရတဲ့ ကိုထက်အဖြစ်ကို တွေ့ရသည်မို့ ကျွန်တော်ရင်ထဲ မချိအောင် ခံစားရပါတယ်။ ကိုထက်ခဏငြိမ်သွားတော့ သူမမြင်အောင် အဆောင်ကူးစင်္ကြံလမ်းဘက်ထွက်ပြီးငိုမိလိုက်ပါရော။ 


ဘာ့ကြောင့်ငိုမိတာပါလိမ့်....မိုးလင်းသည်ထိ ကျွန်တော်မအိပ်ပါ။


ပုလင်းမဟုတ်သော ဟောလစ်အထုတ်သေးတစ်ခုဖောက်ပြီး ဓာတ်ဘူးအဟောင်းလေးထဲက ရေနွေးနှင့်ဖျော်လိုက်ပါတယ်။ ကိုထက် နိုးရင်တိုက်မယ်။


ကိုထက်နိုးတော့ ဟောလစ်လေးတိုက်လိုက်တယ်။ ကိုထက်က အားအင်ချိနဲ့နေသလို ပြုံးရုံပဲပြုံးပြတယ်။


နာစ့်မ ပေးထားတဲ့ ဆေးတစ်ခွက်ယူတိုက်တော့ ကိုထက် စကားတစ်ခွန်းပြောပါတယ်။


"အလုပ်သွားတော့လေ"တဲ့...


ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ်။ အလုပ်သွားမယ်၊ ခွင့်တစ်ပတ်ယူမယ်၊ လိုအပ်ရင်ထပ်ယူမယ်၊ ကိုထက်နားမှာနေမယ်၊ လစာ စုထားတာလေးတွေ ကုန်ချင်ကုန်ပါစေ။


ပထမဆုံး ရွာကသူငယ်ချင်းတစ်ယောက်ကို ကိုထက်လိပ်စာပြောပြ၊ အကျိုးအကြောင်းရှင်းပြပြီး သူ့ မိသားစုထံအသိပေးမယ်။ အလုပ်ရှင်ထံခွင့်တောင်းတော့ အဆင်ပြေပါတယ်။


ကျွန်တော်ဆေးရုံပြန်ပြေးပါတယ်။ ကိုထက်အမောဖောက်နေမလား......ဟင်။ 


ကိုထက်ကို ထမင်းလာပို့သောသရက်တောကျောင်းတိုက်မှ ကောင်လေးနှင့်အတူ ဆရာတော်ပါ ပါလာတယ်ဗျ။ ဆရာတော်က ဒီလိုဖြစ်နေမှန်းမသိကြောင်းပြောပြီး ကိုထက်ကို တရားဟောပြောပါသေးတယ်။


အဲသည့်နေ့က ကိုထက် သုံးခါတိတိ မိုးပြန်လင်းသည်အထိ အမောဖောက်တယ်။ သူအမောဖောက်ပြီးတိုင်း ကျွန်တော်ငိုမိပါတယ်။ 


သူ့လက်ကလေးကိုင်ရင် သူပြုံးနေတာကျွန်တော်သိတယ်။ ကျွန်တော့်ကို ဘေးကုတင်လူနာရဲ့ လူနာစောင့်အမကြီးက မျက်ရည်တွေဝဲပြီး ခိုးခိုးကြည့်တာလဲသိတယ်။


ရွာက သူငယ်ချင်း ကိုထက်အိမ် ဆိုင်ကယ်နှင့်သွားပြောပြီးကြောင်းလည်းသိရပါပြီ။


"ကိုထက် ငါထမင်းသွားစားဦးမယ် မင်းဘာစားချင်လဲ" လို့မေးတာကို ခေါင်းခါပြတယ်ဗျ။


ယောင်နေတဲ့ သူ့လက်ဖမိုးလေးကိုကိုင်ပြီး အမှတ်မထင်ကျွန်တော်နမ်းမိလိုက်တော့ ….ပြုံးတယ်… သူနှစ်နှစ်ခြိုက်ခြိုက်ပြုံးတယ်။


နံဘေးက အမကြီးကြည့်နေတာကြောင့် အပြင်ကိုအသာထထွက်လာခဲ့ပါတယ်။


ဆေးရုံဝင်းထဲက ထမင်းဆိုင်မှာ ထမင်းစားပြီး ကိုထက်ဖို့ လိမ္မော်သီးဝယ်လိုက်တယ်။ အချိန်တစ်နာရီနီးပါးကြာလိမ့်မယ်ထင်ရဲ့။ 


ဆေးရုံပေါ်ပြန်တက်သွားတော့ ကိုထက်ကုတင်နံဘေးမှာ လူတွေအုံနေတယ်လေ။ ကိုင်ထားတဲ့ ကျွန်တော့်လက်က လိမ္မော်သီးထုတ်ပြုတ် ကျသွားတဲ့အထိ ယောင်နနဖြစ်သွားပါတယ်။


"ကိုထက် ကိုထက် ဘာဖြစ်လို့လဲ..."


ကိုထက်ကို စက်ကြီးနှင့် ရင်ဘတ်ကိုဖိဖိပြီး ဆရာဝန်တွေ နာစ့်မတွေကုနေကြတယ်။ 


"ဆုံးသွားပြီ...."


"ဆုံးသွားပြီ...."


"ဆုံးသွားပြီ...."


နားစည်ထဲ ပဲ့တင်ထပ်သွားသောစကားအဆုံး အားရှိသလောက် ကျွန်တော်အော်ခေါ်လိုက်မိတယ်။


"ကိုထက်......."


ကျွန်တော် ကိုထက်ကို ဖက်ထားတယ်။ သူဖက်တုန်းက တွန်းဖယ်ခဲ့ဘူးတယ်လေ။ သူမနမ်းပေမယ့် အခုအချိန် အရှက်တရားမဲ့စွာသူ့ကို ကျွန်တော်နမ်းလိုက်တယ်။


ပြုံးစမ်းပါ ကိုထက်ရ ပြုံးပါကွ။


ရင်ထဲကပြုံးခိုင်းတာ သူ့အပြုံးကိုနောက်ဆုံးမြင်ချင်သေးတာလေ။


"ရော့ ငါ့မောင် မင်းသူငယ်ချင်းက မင်းကိုပေးခိုင်းထားတာ..."


နံဘေးကုတင်က အမကြီးပေးတဲ့ ဗလာစာအုပ်ခပ်နွမ်းနွမ်းလေးကိုလှမ်းယူလိုက်တော့ အဲ့ဒီအမကြီးကရော ငိုနေပါပေါ့လား။


စာအုပ် အလယ်နားလောက်ကိုဖွင့်လိုက်တော့ စာကြောင်းတစ်ကြောင်းဖတ်မိလိုက်ပါတယ်။


"ငါ မင်းကို အရမ်းချစ်တယ် ရဲရင့်နောင် မင်းနဲ့အတူနေရတာပျော်တယ်....."


စာအုပ်ကိုပိတ်လိုက်တယ်။


ကိုထက်ရေးတဲ့ ဒိုင်ယာရီဆိုတာ ငါ့ကိုချစ်တဲ့အကြောင်းတွေလားလို့တွေးရင်းငိုချလိုက်ပါတယ်။


ကိုထက်ရဲ့ မိထွေးဆိုသူလည်းရောက်လာတာကြောင့် သဂြုင်္ိဟ်ဖို့ပြင်ဆင်ပြီးမှ ကျွန်တော်အဆောင်ပြန်ခဲ့တယ်ဗျာ။ 


ကိုထက်က ဗလာစာအုပ်စာမျက်နှာစစခြင်းမှာ ကျွန်တော်နှင့်စတွေ့တဲ့ရက်စွဲမှအစ အလုပ်ရှာပေးပုံ၊ အတူနေဖြစ်ပုံ၊ အဝတ်လျော်ပေး ရတာစိတ်ကြည်နူးကြောင်း၊ ဘုရားအတူတက်ဖူးတုန်းက အရမ်းပျော်ကြောင်း၊ ခိုးနမ်းဖို့ကြိုးစားတာ ကျွန်တော်မိသွားကြောင်း၊ ဖက်ပြီးအိပ် တဲ့နေ့က အိမ်မက်ထဲအတူရှိနေကြောင်း၊ အသုပ်ဆိုင်လေးမှာထိုင်တဲ့နေ့က ဖွင့်ပြောဖို့စဉ်းစားပေမယ့် သူ့ကိုမုန်းသွားမှာစိုးရိမ်တာကြောင့် ဖွင့်မပြောဖြစ်ကြောင်း၊ ဆေးရုံတက်တော့အနားမှာလာနေပေးလို့ ကျေးဇူးတင်ကြောင်း စာမရေးနိုင်ပေမယ့် နောက်ဆုံးစာကြောင်းလေး နံဘေးကုတင်ကအမကြီးကို အကူညီတောင်းရေးခိုင်းလိုက်ကြောင်း ရေးထားပါတယ်။


စာအုပ်ကလေးကို ရင်ခွင်ထဲဖက်ထားလိုက်တယ်။ 


သတိရတိုင်းကျွန်တော်ဖတ်မယ်၊ ဖတ်တိုင်းလည်ကျွန်တော်ငိုဦးမယ်။ 


x x x


စာအုပ်ကလေးထဲက စာတွေကို ဖတ်မိတိုင်း ကျွန်တော်ဘာလို့ငိုမှာလည်း သိလားခင်ဗျာ။ 


ကိုထက်ကို ကျွန်တော်ကိုယ်တိုင်မပြောလိုက်ရတဲ့ ရင်ထဲကလာတဲ့ တစ်ခွန်းတည်းသောစကား မပြောလိုက်ရသောကြောင့်ပါ။


"ကိုထက် မင်းမသိနိုင်ပေမယ့် မင်းကို ငါ….. သိပ်ချစ်ပါတယ်.........."


ချစ်သူတိုင်းပေါင်းရပါစေ.....


ရေးသားသူ - သုတလုလင်

Thursday, December 1, 2022

ဒုတိယမြောက် ပန်းသီးတစ်လုံး

 


သူ့ရဲ့ဘဝတွင် ပထမတစ်ခါ အချစ်ကိုနမ်းရှိုက်ခဲ့ပြီးနောက် အချစ်ရဲ့ ခါးသီးတဲ့အဆိပ်တွေ၊ အချစ်ကြောင့် ရရှိခဲ့တဲ့ နာကျင်မှုဝေဒနာ တွေက အချစ်ဆိုတဲ့အရာကြီးနဲ့ သူ့ကို ကင်းကွာသွားစေခဲ့ပါသည်။ အချစ်ဆိုတာ သူ့အတွက် မကောင်းဆိုးဝါးတစ်ကောင်လို အမြဲတမ်း ဆိုးကျိုးတွေ ပေးနေတတ်တာ။ ရှင်းရှင်းပြောရရင် သူအချစ်ကိုကြောက်နေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အချစ်နဲ့မပက်သက်ရဲခဲ့သလို အချစ်နဲ့မပက်သက်အောင်လဲ သူအမြဲကြိုးစားနေခဲ့သည်။ အချစ်ဟာ တကယ်တော့ သူ့အတွက် အသုံးမဝင်တဲ့အမှိုက်ထုပ်ကြီးလိုပါပဲ။ သူဥပေက္ခာပြု စွင့်ပစ်ထားခဲ့တာ ယခုဆိုလို့ရှိရင် အဲ့ဒီအချစ်တွေက ပုပ်သိုးဆွေးမြေ့နေလောက်ရောပေါ့။


ဥပမာပြောရရင် သူက သံလိုက်တုံးလေးတစ်ခုနဲ့တူသည်။ သံလိုက်တုံးရှိရာကို သံတိုသံစလေးတွေက လာကပ်စမြဲဖြစ်သလို သူ့ဆီကို တွယ်တာကပ်ညိလာတဲ့ အနှောင်အဖွဲ့ တွေ ပင့်ကူမျှင်တွေလိုရှုပ်ထွေးနေတဲ့ အချစ်အတုအယောင်တွေကို သူရှောင်တိန်းနိုင်သမျှ ရှောင်တိမ်းခဲ့ပါသည်။ ဒါပေမယ့် ဆိုရိုးစကားလို့ဆိုရမလားပဲ အချစ်ဆိုတာ လူသားအားလုံးနဲ့ မကင်းဘူးတဲ့။ အချစ်ဟာ နှလုံးသားရှိတဲ့ လူသားအားလုံးနဲ့ သက်ဆိုင်နေသည်တဲ့။ သူကရော နှလုံးသားနဲ့တည်ဆေက် ထားတဲ့လူသားတစ်ယောက်ပဲမဟုတ်လား။ နှလုံးသား ဆိုတာ ချစ်ဖို့ ခံစားဖို့အတွက်ပဲလေ၊ သူဘယ်လောက်ပဲ ဥပဒေတွေထုတ်ပြီး တားမြစ်ပိတ်ပင်ထားခဲ့ပေမယ့် သူနှလုံးသားလေးဟာ တစ်ကြိမ်တစ်ခါသော အချိန်မှာတော့ သူ့ဥပဒေတွေကို ချိုးဖောက်ပြီး အချစ်ဆိုတဲ့နတ်ဆိုးရဲ့ရှေ့မှာ ဒူးထောက်လို့ အရှုံးပေးအခစားဝင် သွားခဲ့ပါသည်။ အင်းလေ.......... သူကိုယ်တိုင်ကလဲ ဘာသားနဲ့ထုထားတာမိုလို့လဲ.................။



                                             *             *             *



ညမီးရောင်စုံအောက်ရှိ လမ်းမကြီးထက်တွင် ကားများဆိုင်ကယ်များ ရှုပ်ထွေးများပြားစွာ ပြေးလွှားလျှက်ရှိသည်။ သူ့လက်မှ လက်ပတ် နာရီလေးကို တစ်ချက်ကြည့်ရင်း ရင်ခုန်စွာ လမ်းမကြီးထက်သို့ မော့လိုက်၏။ မကြာမီ ညနေခြောက်နာရီထိုးတော့မည်။ စက္ကန့်တံတွေ ရွေ့ရှားနေသမျှ သူ့ရင်ခုန်သံတွေပါ လိုက်လံခုန်ပေါက်နေသလို၊ သူတော်တော်လေးကို ထူးခြားနေခဲ့သည်။ သူ့ရဲ့အမူအရာတွေက တစ်ခုခုကို စိတ်လှုပ်ရှားနေမှန်းသိသာနေသည်။ ဂနာမငြိမ်ဖြစ်နေသည့် သူ့ခြေထောက်တွေက အနားတွင်ဒေါက်ထောက်ပြီး ရပ်ထား သည့် ဆိုင်ကယ်လေးကို မကြာခဏဆိုသလို ခပ်ဖွဖွလေးကန်နေမိသည်။ သူဘာကိုမှ မရည်ရွယ်ပဲ တစ်ချက်ပြုံးလိုက်မိသည်။ ထိုအခိုက် ညလေနုအေးလေးတွေက ဆောင်းအငွေ့အသက်လေးတွေနဲ့ ရောထွေးလျှက် သူ့ပါးပြင်းပေါ်သို့ ပွတ်သပ်တိုးဝှေ့သွားသည်။ 


............တီတီ................တီတီ........................


နှစ်ခါဆက်တိုက်ဆက်မြည်လာသော ဖုန်းမှ SMS Ringtone သံကြောင့် သူဖုန်းကို ကပျာကယာကောက်ကိုင်မိသည်။ ထို့နောက် Lock screen ကိုဖွင့်လိုက်ပြီး text massage လေးကို ဖောက်ဖတ်လိုက်သည်။ 


ထို့နောက် ဖုန်းကလေးကို အင်္ကျီအိတ်ထဲပြန်ထည့်ထားလိုက်၏။  သူရင်ခုန်စွာစောင့်ကြိုနေသော လူသားတစ်ဦး မကြာမီသူ့ရှေ့ကို ရောက်ရှိလာတော့မည်။ အပြင်မှာတစ်ခါမှမမြင်ဖူးသည့် online ပေါ်မှလူတစ်ယောက်ကို တွေ့ဖို့ဆိုတော့ သူအနည်းငယ် စိုးရွံ့မိသလို လိုတော့ရှိသည်။ သို့သော် ဘာကြောင့်မှန်းမသိ သူရင်ထဲ တွန်းအားတစ်ခုက တွန်းကန်ပေးထားသလို အရှေ့ကိုဆက်တိုးဖို့ သတ္တိတွေရှိ နေသည်။ ကွမ်းတရာညက်ခန့်အချိန်သို့ရောက်သော် ခပ်လှမ်းလှမ်းမှ တအိအိမောင်းနှင် လာသော Heno အဝေးပြေး Express ကားကြီး ကိုတွေ့လိုက်ရသည်။ ကားကြီးသည် သူ့အရှေ့တည့်တည့် မျက်နှာချင်းဆိုင် လမ်းမကြီးတစ်ဖက်တွင်ရှိသည့် KBZ Bank အရှေ့သို့ ရောက်သော် ရပ်တန့်သွားသည်။ ထို့နောက် ကားမှန်တခါးကြီးပွင့်လာကာ အထဲမှ ခရီးသည်များဆင်းလာကြသည်။


သူအလျင်စလိုပဲ ထိုကားအနားသို့ပြေးသွားကာ တစ်စုံတစ်ခုကို ရှာဖွေနေမိသည်။ ခရီးသည်များသည် ညဖြစ်သောကြောင့် လူလုံးသူလုံး မကွဲဘဲရှိနေသည်။ အဝေးမှကြည့်လျှင် မည်သူမည်ဝါမှန်း ရုတ်တရက်ခွဲခြား၍ မရသောကြောင့် သူသေချာဂရုစိုက်ပြီးရှာဖွေသည်။ ကား အနောက်ပိုင်းတွင် ခရီးသည် တစ်ချို့ရပ်တန့်နေပြီး ကားဝမ်းဗိုက်ထဲမှ ခရီးဆောင်အိတ်များထုတ်ပေးနေသည်ကို စောင့်ယူနေသည်။ ထိုအနားသို့သူသွားကပ်ကြည့်လိုက်သည်။ ထိုအခိုက် သူ့ကိုကျောပေးပြီး တစ်စုံတစ်ခုကိုရှာဖွေနေဟန်ရှိသော လူရွယ်တစ်ဦးက သူ့ဖက် သို့လှည့်လာသည်။ ရုတ်တရက် ထိုသူ၏ မျက်နှာကို မြင်လိုက်ရသောအခါ ဝမ်းသာမှုနှင့်အတူ သူ့ခန္ဓာကိုယ်ကြီး အေးစက်တောင့်တင်း သွား၏။  ထို့နောက် သူ့နှုတ်တွေကိုပါ အာစေးထည့်ထားသလို စကားပြောထွက်ဖို့ ဆွံ့အနေမိသည်။


ထိုလူရွယ်က သူ့ကို မျက်မှောင်ကုတ်ပြီး တစ်ချက်မျှ စိုက်ကြည့်သည်။ ထို့နောက် အချိုးအစားပြေပြစ်လှသော လူရွယ်၏မျက်နှာ လေးထောင့်စပ်ကျကျမေးရိုးထောင့်မှသည် ယောကျာ်းပီသသော အပြုံးတစ်ခုကိုဖန်တီးလေသည်။ သူလဲဘာရယ်မဟုတ် လိုက်ပြုံးလိုက်သည်။ 


“အောင်လား.............အောင်ဟုတ်တယ်မဟုတ်လား”


သူခေါင်းငြိမ့်ပြလိုက်သည်။ 


“နေလား”


“အင်း.......”


နေ့ကိုအပြင်မှာတွေ့တော့ သူအံ့သြမိသည်။ နေက ဓာတ်ပုံထဲနှင့်မျက်နှာပေါက်ခြင်းမကွဲပြားသော်လဲ ခန္ဓာကိုယ်အချိုးအစားမှာမူ သူထင်ထားသည်ထက် ပိုမိုထွားကြိုင်းလျှက်ရှိသည်။ စစ်စိမ်းရောင်ပြောက်ကျား အနွေးထည်ကြီးကိုဝတ်ဆင်ထားသောကြောင့် ရုတ်တရက်ကြည့်သော် သူမမှတ်မိခြင်းဖြစ်တာမျိုးဖြစ်မည်။ နေက သူမှန်းသိသောအခါ အနားသို့လာကာ သူ့ပခုံးကို ရင်းရင်းနီးနီး လာဖက်သည်။ 


“အထုပ်အပိုးတွေပေးလေ အောင်ကူဆွဲပေးမယ်”


“ရပါတယ် အထုပ်အပိုးက နှစ်ထုပ်တည်းပါတာ။ မလေးပါဘူး နေ့ချစ်သူလေးပင်ပန်းနေဦးမယ်”


“အဲ့ဒါဆိုလဲ သေးတဲ့အထုပ်ပေး။ အောင့်မှာဆိုင်ကယ်ပါတယ်.. ဟိုနားမှာရပ်ထားတယ်”


လမ်းတစ်ဖက်တွင်ရှိသော သူ့ဆိုင်ကယ်ကို လက်ညိုးထိုးပြရင်း သူ နေ့ဆီမှ အထုတ်တစ်ထုပ်ကို လှမ်းဆွဲလိုက်၏။ ထို့နောက် နှစ်ယောက်သား ဆိုင်ကယ်အနားသို့လျှေက်လာခဲ့သည်။ အနားသို့ရောက်သော် ဆိုင်ကယ်ပေါ်သို့သူတက်လိုက်သည်။ အနောက်မှ နေကလဲ ဆိုင်ကယ်ကို ကားယားခွကာတက်ထိုင်သည်။ လက်ကလဲအငြိမ်မနေပဲ သူ့ခါးကိုတစ်ခါတည်းလာဖက်သည်။ သူချွေးပျံချင်သလိုလို စိတ်ထဲတင်းကြပ်နေမိတာအမှန်။ 


“ဟိုခပ်လှမ်းလှမ်းနားမှာ ဟိုတယ်တစ်ခုတော့ရှိတယ်နေ။ တည်းလို့အဆင်ပြေမယ်ထင်တယ် အဲ့ကိုသွားမလား”


“အင်း.........သွားမယ်လေ”


အနောက်က နေမှ စကားပြန်ဖြေသည်နှင့် သူဆိုင်ကယ်ကိုစက်နှိုးကာ မောင်းနှင်လာခဲ့သည်။ ဟိုတယ်သို့ရောက်သောအခါ နှစ်ယောက်ခန်းတစ်ခန်းယူလိုက်ပြီး ဆိုင်ကယ်ကို ဟိုတယ် အောက်ထပ်တွင်ထားခဲ့၏။ ထို့နောက်သူတို့အခန်းရှိရာ ဟိုတယ်တတိယ အထပ်သို့ တက်လာခဲ့သည်။ နေကတော့ သူနောက်မှထပ်ကြပ်မကွာပါပင်။ အခန်းဝသို့ရောက်သောအခါ ဟိုတယ်ဝန်းထမ်းလေးက ကူသယ်လာသော အထုပ်များကို ချပေးခဲ့ပြီး အခန်းသော့ဖွင့်ပေးကာ အောက်ထပ်သို့ပြန်ဆင်းသွားသည်။ သူအခန်းတံခါးဘုကို လှည့်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။ အခန်းက နှစ်ယောက်အိပ်ကုတင်ဖြင့်မဟုတ်ပဲ တစ်ယောက်အိပ်ကုတင်နှစ်လုံးကို အပြိုင်ခင်းထားသည်။ တီဗွီနှင့်အဲယားကွန်းကတော့ ဝင်လိုက်သည်နှင့်မြင်လိုက်ပြီးပြီဖြစ်သည်။ အနောက်ဖက်တွင် ရေချိုးခန်းနှင့် အိမ်သာရှိမည်ထင်သည်။ 


နေက အခန်းထဲသို့ရောက်သည်နှင့် အခန်းတံခါးကို ပိတ်ကာသူ့ကိုခါးမှ သိုင်းဖက်လိုက်ပြီး ကုတင်ပေါ်သို့ဆွဲလှဲလိုက်၏။ နေကြောင့် သူကခန္ဓာကိုယ်လေး ကုတင်ပေါ်သို့သိမ့်ကနဲ့ ရောက်သွားသည်။ နေကသူ့ကို ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်၏။ ယောကျာ်းတစ်ယောက်၏ ရင်ခွင်ထဲသို့ရောက်သွားသောအခါ ထိုယောကျာ်းတစ်ယောက်၏ စွဲမက်စရာကောင်းသည့် ကိုယ့်သင်းနံ့တစ်မျိုးက သူ့ကိုရုန်းမရအောင် ယစ်မူးသွားစေသည်။ ယောကျာ်းလေးတော်တော်များများ နှစ်သက်စွာအသုံးပြုလေ့ရှိသည့် NEVIA Body Spray ကိုနေသုံးထားသည်။ ထိုရနံ့က သူ့ကိုပိုပြီး ဆွဲဆောင်လျှက်ရှိ၏။ သူနေ့ရင်ခွင်ထဲတွင် စကားတစ်လုံးမှမပြောတော့ဘဲ အသာမျက်စိမှိတ်ထားကာ ငြိမ်သက် နေမိသည်။ 


နေကသူ့ကိုတင်းကြပ်စွာဖက်ထားသည်။ သူတို့နှစ်ဦးသား ခဏတာမျှဆိတ်ငြိမ်သွားသည်။ သူ့မျက်လုံးမှိတ်ထားသော်လည်း သူ့နှလုံးသားက အငြိမ်မနေဘဲ ရင်ခုန်သံတွေဆူပွက်လျှက် မြူးတူးခုန်ပေါက်လျှက်ရှိသည်။ ခဏကြာသော် နွေးနေသော လက်ဖဝါးနုနုလေးက သူ့ဗိုက်သားပြင်ပေါ်သို့ ထိကပ်လာ၏။ သူတစ်ချက်တော့တွန့်ကနဲဖြစ်သွားသည်။ ထိုလက်ဖဝါးနုနုလေးသည် သူ့ဗိုက်သားပြင်တစ်လျှောက် ညင်သာစွာပွတ်သပ်နေသည်။ သူတံတွေးတစ်ချက် မျိုချလိုက်သည်။ 


ထိုအခိုက် သူ့နှာခေါင်းဝသို့ အသက်ရှုလေတစ်ချို့လာရောက်တိုးဝှေ့သွားသည်။ သူမျက်လုံးမှိတ်ထားသော်လည်း နေ့မျက်နှာက သူ့မျက်နှာနှင့်တဖြေးဖြေးနီးကပ်လာပြီဆိုတာ သူရိပ်စားမိသည်။ သူ ဒုတိယအကြိမ် တံတွေးမျိုချလိုက်ပြန်သည်။ နေ့ရဲ့ နူးညံ့နေသည့် နှုတ်ခမ်းပါးလေးက သူ့နှုတ်ခမ်းဆီသို့ စတင်ချည်းကပ်လာပြီဖြစ်သည်။ နှုတ်ခမ်းခြင်းထိတွေ့ လိုက်သောအခါ သူ့ခန္ဓာထဲသို့ ရမ္မက်၏ လျှပ်စစ်စီးအားတွေ စီးဝင်လာသည်။ သူအလိုက်သင့် နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးပြန်ဟပ်နမ်းလိုက်၏။ နေကလဲသူ့ကို အလိုက်သင့်လေး တုန့်ပြန်သည်။ စီးချက်ညီနေသော သူတို့နှစ်ဦး၏ အနမ်းသံစဉ်လေးက ချိုမြိန်သောတေးသွားတစ်ပုဒ်ကို ကခုန်ရင်း လောကကြီးကိုမေ့မြောသွားစေသည်။ 


နေကတစ်ဖြေးဖြေးသူ့အင်္ကျီကြယ်သီးတွေကို လာဖြုတ်သည်။ ထို့နောက်သူ့ဂျင်းဘောင်းဘီမှ ခါးပတ်ခေါင်းကိုပါဖြုတ်ကာ ဘောင်းဘီကိုအောက်သို့လျှောချလိုက်၏။ ထို့နောက် မာကျောတိုးထွက်နေသော သူ့ငယ်ပါကို အားရပါးရဆုပ်ကိုင်နေ၏။


“အောင်ဟာလေးက ဘယ်လိုလေးလဲ”


“ဘာဖြစ်လို့လဲနေ”


“သြော် ဒစ်မပြုတ်သေးဘူးလားလို့မေးတာ”


“အင်း”


သူ့စကားကြောင့်နေက တစ်ချက်ရယ်သည်။ နေရယ်သည်က သူ့ကိုလှောင်သလိုလိုဖြစ်နေသည်။


“ဘာရယ်တာလဲနေ”


“ဘာမှမဟုတ်ပါဘူး။ အောင်က အခုအသက်နှစ်ဆယ်ရှိပြီမဟုတ်လား အခုချိန်ထိဒစ်မပြုတ်သေးဘူးဆိုတော့ တစ်ခါမှမလုပ်ဖူးဘူးလား “


သူခေါင်းခါလိုက်၏။


“ဒါဆိုရင် အောင်ကနေ့ကိုonline ပေါ်မှာဘာလို့ top လို့ပြောတာလဲ။ အောင်ပဲ တစ်ခါမှမလုပ်ဖူးဘူးဆို”


“ဟို...............အဲ့....အဲ့ဒါကတော့ ဒီလိုပဲပြောလိုက်တာပါ top ဆိုရင်ကောင်းမယ်ထင်လို့ နောက်ပြီးတော့..................”


“နောက်ပြီးတော့.............နောက်ပြီးတော့ ဆက်ပြောလေ”


“ဟို.....အောင် bottom နေရမှာကိုကြောက်လို့ပါ”


“ဟား..........ဟား............ဖြစ်မှဖြစ်ရလေအောင်ရယ်။ အဲ့ဒါက အစပိုင်းပါနောက်ပိုင်းကျရင် သူ့ဟာနဲ့သူအဆင်ပြေသွားမှာပါအောင် မကြောက်ပါနဲ့”


နေကပွင့်လင်းလွန်းသည်ဟု သူထင်သည်။ သူ့ကိုမေးသည့်မေးခွန်းတွေရော သူ့အပေါ်ဆက်ဆံသည့် အမူအရာတွေကပါ လက်ရဲဇက်ရဲနိုင်သည်ဟု ထင်သည်။ ထိုအကြောင်းအရာကိစ္စတွေကို သူနှင့် online ပေါ်တွင် မကြာခဏဆိုသလိုပြောဖြစ်ခဲ့ပေမယ့် လက်တွေ့အပြင်ဖက်တွင်တော့ တစ်ခါမှသူနှင့် တွေ့ဆုံခဲ့ ဖူးသေးခြင်းမရှိသည့်အတွက် နေ့ကိုသူထိုမျှလက်သွက်လိမ့်မည်ဟု မျှော်လင့်မထားပါ။ သူနေ့ကို ယုံရမှာလား............။


နေကသူ့စကားကိုဖျက်လိုက်ပြီး သူ့နှုတ်ခမ်းကိုဆက်နမ်းသည်။ ထို့နောက်သူ့ငယ်ပါကိုကိုင်ကာ အရေပြားကို အောက်သို့ဆွဲလိုက်၏။


“အား..................”


“အရမ်းနာသွားလား အောင်”


သူရုတ်တရက်စကားပင်မပြောနိုင်တော့။ သူ့ငယ်ပါဘာဖြစ်သွားပြီလဲမသိပါ ပူစပ်ပူလောင်နာကျင်မှုကိုသာ ခံစားနေရသည်။ နေက သူ့ငယ်ပါကို ဆက်လာကိုင်သည်။ သူနေ့လက်တွေကို ဖမ်းဆုပ်လိုက်ပြီး.........


“မကိုင်နဲ့တော့နေ အရမ်းနာနေပြီ။ “


“အဲ့ဒါအောင့်ကို ဒစ်ဖြုတ်ပေးလိုက်တာလေအောင်။ နို့မိုဆိုရင် တော်တော်နဲ့မပြုတ်ပဲနေဦးမယ်။ အောင့်အသက်က ၂၀ ရှိနေပြီ ဒီအချိန်ထိ ဒစ်မပြုတ်သေးဘူးဆိုတာ မဖြစ်သင့်ဘူးလေ။ “


“တော်တော်နာတာပဲနေရာ...........”


“ဆောရီးပါအောင်ရာ စေတနာနဲ့လုပ်ပေးလိုက်တာပါ”


သူနေ့ကိုဘာမှမပြောနိုင်တော့ပါ။ သူနာကျင်နေသည်သာသိသည်။ သေချာတာတစ်ခုက သူ့အရှေ့ပိုင်းက တော်တော်နှင့်အလုပ်လုပ်နိုင် တော့မည် မထင်ပါ။ နေက သူ့နဖူးတွေကို နမ်းရှိုက်သည်။ ထို့နောက်သူ့နှုတ်ခမ်းတွေကို နမ်းသည်။ ထို့နောက် သူ့ကို အခြားတစ်ဖက် သို့ လှည့်စေလိုက်၏။ နေဘာလုပ်တော့မည်ဆိုတာ သူသိသည်။ လောကမှာ သူအကြောက်ဆုံးအရာကို ဦးတည်နေပြီဖြစ်သည်။  သူချွေးတွေ ပျံလာသည်။  သူဘာလုပ်ရမည်နည်း။ သူရုန်းကန်ပြီး ငြင်းဆန်သင့်သလား သို့မဟုတ် သည်းခံပြီးလိုက်လျောလိုက် သင့်သလား။ ထိုသို့လိုက်လျောလိုက်သော် သူ့မှာ ခံနိုင်ရည်အားလုံလောက်ပါ့မလား။ ငြင်းဆန်လိုက်သော် နေနှင့်သူ့အကြား ချစ်သူနှစ်ဦး၏ ဆက်ဆံရေးမှာမည်သို့မည်ပုံပြောင်းလဲသွားနိုင်ပါသနည်း။ သူ့ခေါင်းထဲဝင်လာသော အတွေးပေါင်းသောင်း ခြောက်ထောင်က သူ့ကိုစဉ်းစားရကြပ်စေသည်။ 


နေက သူ့ဘောင်းဘီကိုခြေထောက်မှကျွတ်အောင် ဆွဲချွတ်လိုက်ပြီဖြစ်သည်။ ထို့နောက် သူ့ဂျာကင်နှင့် အတွင်းရှိ shirt အင်္ကျီကိုပါ ချွတ်လိုက်၏။ ယခုသူ့ခန္ဓာ အဝတ်စားမဲ့ကာ ဗလာကျင်းနေပြီဖြစ်သည်။ သူ့ကိုချွတ်ပေးပြီးသောအခါ နေကသူ့ခန္ဓာပေါ်ရှိ အဝတ်အစား တွေကိုပါ ချွတ်ပြီး ကုတင်ခြေရင်းသို့ပုံထားလိုက်၏။ သူမျက်လုံးတွေကိုမှိတ်ထားလိုက်သည်။ ငယ်ထိပ်သို့ရောက်နေသော ကြောက်စိတ် များကြောင့် သူအနည်းငယ်တုန်ရီနေသလိုရှိသည်။ 


နေက သူ့လက်ဖမိုးပေါ်သို့ လက်ကလေးဖြင့်လာရောက်ပွတ်သပ်သည်။ ထို့နောက် သူ့ကျောပြင်တစ်လျှောက်နှင့် ခန္ဓာကိုယ်အနှံ့ကို လိုက်လံနမ်းရှိုက်လေသည်။ သူ့ကိုခါးမှနေပြီး ဆွဲမကာ ခန္ဓာကိုယ်အနေအထား position ကိုအနည်းငယ်ကုန်းစေကာ သူလိုချင်သလို ညှိယူသည်။ သူ့စိတ်ထဲ အလိုလိုအားငယ်စိတ်တို့က စိုးမိုးဝင်ရောက်လျှက်ရှိသည်။ ထို့နောက်ပူနွေးနေသော ကျားလိင်တံက သူ့တင်ပါးနားကပ်လာ၏။ သူကြက်သီးတွေထသွားသည်။ ထို့နောက် သူတင်ပါးအတွင်းသို့ တဖြေးဖြေး တိုးဝင်လာသည်။ အစပိုင်းတွင်ဖြစ်သောကြောင့်မဝင်ပဲ ကြပ်နေသည်။ 


“အောင် စိတ်တွေကိုတင်းမထားနဲ့။ စိတ်လျှော့ထားလေအောင် ဘာမှမဖြစ်ပါဘူးအောင်ရယ် အရမ်းမကြောက်ပါနဲ့ စိတ်ကိုလျှော့ထား နော်”


နေကသူ့ကို စကားတွေတတွတ်တွတ်ပြောရင်းသူလိုချင်သည့် ပုံစံရအောင်ဆွဲသွင်းလျှက်ရှိသည်။ သူတင်းခံထားသော စိတ်တွေကို အသာဖြေလျော့လိုက်၏။ ခပ်ငွေ့ငွေ့ချလိုက်သော သူ့သက်ပြင်းတွေက တုန်ရီလျှက်ရှိပါသည်။ နေက သူ့ကိုယ်ပေါ်မှထသွားပြီး မှန်တင်ခုံရှေ့တွင် ချထားသည့် သူ့အိတ်အတွင်းမှ ခေါင်းလိမ်းဆီတစ်ချို့ကို ယူကာသူ့လိင်တံကို ပွတ်သပ်လိုက်သည်။  ထို့နောက် သူ့အနားသို့ပြန်လာသည်။ သူ့တင်းပါးအတွင်းသို့ ဒုတိယအကြိမ်သွင်းဖို့ ကြိုးစားချင်းဖြစ်သည်။ သူရင်မောမိတာတော့ အမှန်ပင်။ သူအသက်ကို မှန်မှန်ရှုရင်း မျက်လုံးမှိတ်ထား လိုက်သည်။ နေကထုံးစံအတိုင်းနောက်ကနေ သူ့ကိုရက်စက်ဖို့ကြိုးစားတော့မည်။


နေကအနောက်ကနေ သူ့တင်းပါးတွေကို ဆုပ်ညစ်ကာ တဖြေးဖြေး သူ့အပေါ်အုပ်မိုးလိုက်သည်။ သူ့အား ကုတင်ပေါ်တွင် အားယားမှောက်နေစေပြီး သူ့လည်ဂုတ်တွေကို အငမ်းမရ နမ်းရှိုက်လျှက်ရှိသည်။ ထို့နောက် နေကသူ့ငယ်ပါကို တင်းပါးအထဲသို့ စသွင်းလေသည်။ သူ့ရင်တွေပူကာ သွေးတွေဆူလာ၏။ နေ့လိင်တံက အစပိုင်းတွင်မဝင်ပဲကြပ်နေသည် သို့သော် နေက ဇွဲမလျော့ပဲ အားထည့်ကာ အတင်းသွင်းလိုက်သောအခါ သူ့စအိုအတွင်းသို့ အနည်းငယ် ဝင်စပြုလာသည်။ စအိုအတွင်းပိုင်းသို့ လိင်တံဝင်လာသည်နှင့်အမျှ စပ်ဖျဉ်းဖျဉ်းအရသာက သူ့ကို ပိုမိုညှင်းပန်းလျှက်ရှိသည်။ သူညည်းသံသဲ့သဲ့လေး ညည်းမိသည်။


ယခုတစ်ခေါက်တွင်တော့ ဆီပါ၍လားမသိ ပထမတစ်ခေါက်ကလို အရမ်းကြပ်နေခြင်းမျိုးတော့ မရှိတော့ပါ။ သို့ပေမယ့် သူ့စိတ်ထဲမှာ တော့ နေမတတ်ထိုင်မတတ်ဖြစ်နေမိသည်။ ရေပဲငတ်သလိုလို ပူစပ်ပူလောင်ဖြင့် အတော်ခံရခက်သည်ကိစ္စပါပင်။ နေကအနောက်ကနေ သူ့ဆံပင်တွေကို ပွတ်သပ်လိုက်ပြီး တစ်ချက်အားနှင့်ဆောင့်ထည့်လိုက်၏။


“အား.......................”


ဖျင်းကနဲ တက်လာသည့် နာကျင်မှုက သူ့ကိုတီကောင်ကိုဆားဖြင့်တို့လိုက်သလိုဖြစ်သွားစေသည်။ သူချက်ချင်းရုန်းကာ ထပစ်လိုက်သည်။ နေ့ကိုလဲ သူ့ကိုယ်ပေါ်မှ တွန်းချပစ်လိုက်၏။ ထို့နောက် နေ့ကိုမကြည့်ပဲ သူခေါင်းငုံ့ထားမိသည်။ 


“အရမ်းနာသွားလားအောင် “


“ဟုတ်တယ်နေ အရမ်းနာတယ်။ အောင်ဗိုက်အောင့်လာသလိုပဲ ဆက်မလုပ်ပါနဲ့တော့ နောက်မှပဲ အဆင်ပြေသလိုညှိယူကြတာပေါ့နေ”


“အင်း အောင်နာတယ်ဆိုရင်တော့ မလုပ်တော့ပါဘူး။ “


“အဲ့ဒါဆိုရင် နေရေချိုးလိုက်ဦးလေ။ ခဏနေကျရင် အပြင်သွားပြီး ထမင်းစားမယ် ပြီးရင်နေ့ကို တောင်ပေါ်က ဘုရားကိုလိုက်ပို့ပေးမယ်”


နေကသူ့ကို ခေါင်းညိတ်ပြကာ ခရီးဆောင်အိတ်ထဲမှ ရေချိုးသဘတ်ကို ယူကာ အနောက်ဖက်ထဲကို ဝင်သွားသည်။ သူကတော့ ညနေကမှအိမ်ကချိုးလာသည်မို့ ရေချိုးရန်စိတ်မကူးတော့ပါ။ ရာသီဥတုက အနည်းငယ်အေးသည့်အချိန်ကို ရောက်လာပြီမို့ ချမ်းစိမ့်စိမ့်ဖြစ်ချင်နေသည်ကလည်းပါသည်။ ရေချိုးခန်းထဲဝင်သွားသည့် နေ့ကျောပြင်ကိုကြည့်ရင်း သူသက်ပြင်းတစ်ခု လေထဲသို့မှုတ်ထုတ်လိုက်၏။ ကုတင်ပေါ်တွင် ပြန့်ကျဲနေသော သူ့အဝတ်အစားတွေကို လိုက်ကောက်ကာ ပြန်ဝတ်ထားလိုက်သည်။ 


နေရေချိုး၍ ပြီးသောအခါ နှစ်ယောက်သား ဟိုတယ်ပေါ်မှဆင်းလာကြသည်။ နေက သူနေသည့်မြို့ကို ပထမဦးဆုံးစရောက်ဖူးခြင်းဖြစ် သဖြင့် လည်ဖို့ပတ်ဖို့ကိစ္စ သူ့မှာတာဝန်ရှိသည်ပေါ့။ လူချင်းမတွေ့ခင် အွန်လိုင်းပေါ်မှာကတည်းက သူကနေ့ရဲ့ travel guide လုပ်မည်ဟု ပြောထားဖူးသည်။ သူတို့နှစ်ယောက် ဟိုတယ် reception သို့ရောက်သောအခါ နေက အခန်းသော့ကို သွားအပ်နေသည်။ တကယ်တော့သော့က ယူသွားလျှင်လဲရနိုင်သည်။ နေ့ကိုလျှာရှည်သည်ဟု  သူတွေးနေမိသည်။ 


“သော့ခဏထားခဲ့မယ်နော် အပြင်ခဏသွားလိုက်ဦးမယ် “


“ဟုတ်ကဲ့ရပါတယ်”


ဝန်ထမ်းကောင်လေးကို သော့ပေးလိုက်ပြီး နေကသူ့ဖက်ကိုလှည့်လာသည်။ ထို့နောက် တစ်ချက်ပြုံးကာ အနောက်ကိုပြန်လှည့်သွား ပြန်သည်။ 


“အကိုရေ ဒီမှာ အကောင်းဆုံးတွေဘာရှိလဲ”


“ခင်ဗျာ..........”


နေ့မေးခွန်းကြောင့် ဟိုတယ် ဝန်ထမ်းကကြောင်သွားပြီး နားမလည်သလိုကြည့်သည်။ နေကတော့ ရယ်ကြဲကြဲလုပ်နေသည်။ ဟိုတယ်ဝန်ထမ်းက နေ့ပုံစံကိုမြင်မှ တစ်ခုခုကိုသဘောပေါက်သွားဟန်ဖြင့် 


“အကိုတို့ ကောင်မလေးတွေခေါ်ချင်လို့လား ခေါ်ချင်ရင်ပြောနော် ခေါ်ပေးမယ်”


ဟိုတယ်ဝန်ထမ်းစကားဆုံးသောအခါ နေရောသူရော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အသံထွက်အောင်ရယ်မိကြသည်။ 


“ရပါတယ်ဗျာ မလိုပါဘူး ကျွန်တော်ပြောတဲ့အကောင်းဆုံးဆိုတာ အစားအသောက်တို့ဘာတို့ကိုပြောတာပါ။ ဟီးဟီး သွားတော့ မယ်နော်”


နေရောသူရော ဟိုတယ်ထဲမှ ပြုံးစိစိဖြင့်ထွက်လာခဲ့ကြသည်။ ဟိုတယ်ဝန်ထမ်းမျက်နှာကတော့ မည်သို့မည်ပုံဖြစ်ပြီး ကျန်ခဲ့သည်မသိပါ။ 


*             *             *


သူရေကန်ထဲသို့ရောက်သောအခါ နေကသူ့ကိုအရှေ့ဖက်သို့လှည့်စေပြီး အနောက်မှနေ၍ သူ့လက်နှစ်ဖက်ကို ကိုင်ကာ ထိုင်လိုက်စေ သည်။ သူထိုင်လိုက်တော့ ရေကန်ထဲတွင်ရှိသည့် နေ့ပေါင်ပေါ်သို့ ထိုင်မိသွားသည်။ နေကအတွင်းခံဘောင်းဘီဝတ်ဆင်ထားသေးသဖြင့် သူထိုင်လိုက်တော့ နေ့ပစ္စည်းခုလုခုလု လေးပေါ်တွင် ထိုင်ရခက်သလိုဖြစ်နေသည်။ နေကသူ့ဝမ်းဗိုက်တွေကို သိုင်းဖက်လိုက်ပြီး အနောက်သို့ ဆွဲလှဲလိုက်၏။  သူထိုင်ရတာ နည်းနည်းတော့ အဆင်မပြေသလိုရှိသည်။ သို့ပေမယ့် စိတ်ထဲကတော့ ကျေနပ်နေသည်။ 


နေကတဖြည်းဖြည်းဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သိုင်းဖက်ထားသည်။ ရေခိုးရေငွေ့တွေ လှိုင်နေသော ရေချိုးကန်ထဲတွင် နေနှင့် သူနှစ်ယောက်သား ကြည်နူးနေမိသည်။ နေ့အသားအရေတွေနှင့် သူထိတွေ့နေရသည်ကပင် သူ့ကိုကျေနပ်နှစ်သိမ့်မှုတွေ များစွာဖန်တီး ပေးလျှက်ရှိ၏။ နေ့ရင်ခွင်ထဲတွင် အသာသူမှေးနေလိုက်သည်။ နေကတော့ သူ့ကိုအသာအယာလေး ပွတ်သပ်ပေးနေသည်။ တဖြေးဖြေးဖြင့် နေ့လက်တွေက သူ့ပေါင်ရင်းနားသို့ရောက်လာကာ သူ့ပေါင်သလုံးသားတွေကို ဆုတ်နယ်နေ၏။ နေ၏ အပြုအမူ အောက်တွင် သူယစ်မူးရင်း သာယာလှိုက်မောနေမိကာ လောကကြီးတစ်ခုလုံးကို မေ့ချင်သွားသည်။ 



တဖြေးဖြေးဖြင့်သူ့စိတ်ထဲ ရမ္မက်စိတ်တို့က ပြန်လည်ထကြွကာ သူ့ညီဘွားလေးက ပြန်လည်ထောင်မတ်လာ၏။ ခန္ဓာကိုယ်အသွေး အသားတို့၏ တောင့်တမှုက အထွဋ်အထိပ်သို့ ရောက်လာသလို သူ့နှုတ်ခမ်းဖျားမှလဲ အနမ်းတွေကို တမ်းတလျှက်ရှိသည်။ သူ့တကိုယ်လုံး ဂီတသံစဉ် တစ်ခုတွင် စီးမျောနေသလို ယိမ်းလိုက်နွဲ့လိုက်ဖြင့် အလိုက်သင့်လေး ငြိမ်နေမိသည်။ နေက သူ့နားရွက် အောက်နားရှိ လည်တိုင်တလျှောက်ကို နမ်းလေ၏။ နေ့နှုတ်ခမ်းမှ ပူနွေးငွှေ့လေးနှင့်အတူ သူအလိုလို သက်ပြင်းပူလေးဖြင့် ညည်းမိသွား သည်။ သူ့ခံစားချက်တွေ ထိပ်ဆုံးသို့ရောက်လာမှန်း နေရိပ်စားမိသွား လောက်ချေပြီ။


“အောင်..... နေတို့ပြန်စကြရအောင်”


“........................”


သူနှုတ်ခမ်းမှ တစ်ခုခုကိုဆိုလိုက်သည်။ သို့ပေမယ့် သူသဘောတူလိုက်ခြင်းလဲမဟုတ် သဘောမတူခြင်းလဲ မဟုတ်ပါ။ သူ့နှုတ်ခမ်းမှ အဓိပ္ပါယ်မဲ့သော အသံတစ်ခုကို အဆိုပြုလိုက်ခြင်းသာ။ သို့သော် နေကတော့ သူလိုရာအတိုင်း လုပ်ဆောင်ရန် အသင့်ပြင်နေလေသည်။ သည်တစ်ခေါက်တွင်တော့ သူနေ့ကိုမတားမြစ်မိတော့။ နေ့ပြုသမျှကို သူ၏ မသိစိတ်ထဲက တမ်းတမက်မောစွာလိုချင်နေသည်။ သို့ပေမယ့် တစ်ဖက်တွင်လည်း သိစိတ်ကနေ နာကျင်မှုကိုခံစားရမှာကြောက်နေသေးသည်။ သူ့စိတ်က အရူးတစ်ယောက်ပမာ ယောက်ယက်ခတ်လျှက် တောင်ရောက်မြောက်ရောက်ဖြစ်နေသည်။ နောက်ဆုံးတော့ သူဘာမှမပြောတော့ပဲ ငြိမ်နေလိုက်ဖို့ ဆုံးဖြတ် လိုက်သည်။ နာကျင်သည်ဆိုလျှင်တော့ ထိုနာကျင်မှုကို သူခံစားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ မည်မျှနာကျင်နိုင်ပါဦးမည်နည်း။ သေချာသည်က သူအသက်တော့ မသေလောက်ဟု ယူဆသည်။ ထို့အပြင် မကြုံဖူးသေးသော အတွေ့အကြုံသစ်တစ်ခုကို ရရှိဖို့ရန် သူ့စိတ်ထဲတွင် အားသန်နေမိသည်။ နေ၏ ဆော်သြမှုကလဲ အဓိကပါမည်ထင်သည်။


“အောင် မျက်လုံးမိတ်ထားလိုက်နော် နေ့ကိုမကြည့်နဲ့တော့”


“အင်း..........”


နေကသူ့ကို မျက်လုံးမှိတ်စေလိုက်ပြီး ရေချိုးကန်ဘောင်ပေါ်တွင် ခေါင်းအုံးအိပ်စေသည်။ ရေချိုးခန်းရှိ ဆပ်ပြာနံ့လေးသင်းသင်းက သူ့နှာခေါင်းတစ်ဝှိက်တွင် မွှေးပြန့်လျှက်ရှိပြီး သူ့စိတ်ကူးတွေကို နုပျိုလတ်ဆတ်နေစေ၏။ သူဘာကိုမှ မကြောက်တော့သလို သူရင်ထဲ ဘယ်ကဝင်လာမှန်းမသိသော ခွန်အားတွေ အလိုလိုရှိလာသည်။ နေက သူ့နို့သီးခေါင်းတွေကို လက်ဖြင့် အသာပွတ်သပ်လိုက်ပြီး နှုတ်သီးလေးဖြင့် အသာဖွဖွလေးကိုက်လိုက်၊ စို့လိုက်လုပ်နေသည်။ တစ်ခါတစ်ခါတွင် သူမခံရပ်နိုင်လောက်အောင်ပင် စိတ်တွေ ကြွလာ သလိုရှိသည်။ ထိုမှတစ်ဆင့်နေသည် တဖြေးဖြေးအောက်သို့လျှောသွားပြီး သူ့ဝမ်းဗိုက်သားတွေကို ပါးစပ်ဖြင့် ဟပ်ကာ လျှာဖြင့်ထိုး ကလိသည်။ သူ့ကိုမြူစွယ်နေသော ကာမအခိုးတွေက သူ့ကိုလွှမ်းခြုံရစ်သိုင်းလျှက် ရမ္မက်ဆန်သော ညည်းညူသံတို့နှင့်အတူ သူအံတွေ ကို ကြိတ်ထားမိသည်။ ထို့အပြင် သူ့လက်တွေကလည်း နေ့ဦးခေါင်းရှိ ဆံပင်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း အားတင်းထား သည်။


ထို့နောက်နေက သူ့ပေါင်တံတွေကို အသာကိုင်မြှောက်ကာ နမ်းရှိုက်သည်။ ရေချိုးကန်ထဲရှိ အစို့ကိုဖယ်ရှားလိုက်ပြီး ရေတွေကို လျော့ကျသွားစေသည်။ ထို့နောက် သူ့ကို အနောက်သို့လှည့်ပေးရန် အချက်ပြသည်။ သူအသာအယာပဲ လှည့်ပေးလိုက်၏။ နေက သူ့ခွေနေသော ဒူးခေါင်းကို အသာလက်ဖြင့် မကာ မတ်မတ်လေးနေရန်ပြောသည်။ ထို့နောက် သူ့ကို အနည်းငယ်ကုန်းစေပြန်သည်။ သည်တခါတော့ သူ့ဘဝပျက်ဖို့ ကြိမ်းသေလောက်ပြီ။ 


 နေက ရေချိုးကန်နားရှိ ဆပ်ပြာရည်ဘူးကိုလှမ်းယူလိုက်ပြီး အထဲမှဆပ်ပြာရည်အချို့ကို သူ့စအိုဝတွင် သုတ်လိမ်းလိုက်၏။ ထို့အပြင် သူ့လိင်တံကိုလဲ သုတ်လိမ်းနေသည်။ ပြီးနောက် သူ့အနားသို့ တဖြေးဖြေး ကပ်လာပြီး အနောက်မှနေ၍ သူ့ခါးကိုဖက်ကာ လိင်တံထိပ်ဖျားလေးဖြင့်အသာ သူ့စအိုဝသို့ လာတိုးကပ်သည်။ ဆပ်ပြာအရည်တွေ ရွှဲနေသဖြင့် သည်တစ်ခေါက်တွင်တော့ အထိ အတွေ့က တမျိုးဖြစ်နေ၏။ ချော်ကျိကျိ ပျစ်ချွဲချွဲအရည်တွေအပြင် တင်းမာနေသော နေ၏လိင်တံတို့ဖြင့် ထိတွေ့မှုတွေက သူ့ကို ဆန်းသစ်မှုတွေနှင့်အတူ ဘာနှင့်မှမတူသော အရသာတစ်မျိုးကိုခံစားစေပါသည်။ နေက သူ့လိင်တံခေါင်းကို တည့်မတ်လိုက်ပြီး စအိုထဲ အသာတိုးဝင်စေသည်။


“အာ့....................”


“နာလား အောင်..........”


“အင်း........ဖြေးဖြေးချင်းလုပ်နော် နေ”


“အင်းပါအောင် စိတ်တွေကိုလျော့ထားနော် တင်းမထားနဲ့”


“ဟုတ်......”


နေက စအိုအစပိုင်းသို့ဝင်လုနီးပါးဖြစ်နေပြီ ဖြစ်သော သူ၏လိင်တံကို အသာအားထည့်ကာ ထိုးထည့်လေ၏။ လိင်တံက တဖြေးဖြေး ခေါင်းမြုပ်လုနီးပါး ဝင်လာပြီဖြစ်သည်။ ထို့အတူ နာကျင်မှုတို့က လည်းတရိပ်ရိပ်တက်လာ၏။ သူ့ရင်ထဲမွန်းကြပ်နေသလိုလို ရေငတ် သလိုလို အသက်ရှူရခက်သလိုလိုရှိနေသည်။ ထို့အပြင် သူ့စအိုဝအတွင်းတွင် တစ်ဆို့နေသော နေ့လိင်တံကြောင့် ဝမ်းသွားချင်သလို လိုလည်း ရှိနေသည်။ စအိုတစ်ခုလုံးတင်းကြပ်နေကာ နေရထိုင်ရခက်လှသည်။ နာကျင်မှုကလဲ သူ့ကို တစ်မျိုးတစ်မည် ညှဉ်းပန်းနှိပ်စက်နေပြန်သည်။ နေက အနောက်မှနေ၍ အသာဖြေးဖြေးချင်း ဆောင့်လိုက်ဟန်တူသည်။


“အာ့..........အာ့...............နေ ဖြေးဖြေး...............အာ့”


“ရတော့မယ်အောင် ခဏလေး......”


“အာ့............”


နောက်ဆုံးတစ်ခေါက်ဆောင့်သည့်အခါမှာတော့ နေကမနားတော့ပဲ အဆုံးထိဆောင့်သွင်းလိုက်၏။ နေ့၏ လိင်တံတစ်ခုလုံး သူ့စအိုတွင်း၌ပြည့်ကြပ်လျှက်ရှိပြီး သူ့ကိုရင်သပ်ရှုမောနေစေသည်။ နေလည်း အနည်းငယ် မောသွားဟန်ရှိပြီး ရေကန်ဘောင်ပေါ် သို့ထောက်ထားသော သူ့လက်ကိုနေရာရွှေ့ကာ သူ့ပခုံးပေါ်သို့ အသာမေးလေးလာတင်သည်။ ထို့နောက် နေ့လက်တွေကသူ့ ခါးတွေကို ပြန်ကိုင်ကာ စအိုအတွင်း၌ဝင်နေသော သူ့လိင်တံကိုအသာထုတ်လိုက်သွင်းလိုက် ဖြေးဖြေးချင်းလုပ်လေသည်။ 


“အင်း...............အား....................”


“အာ့................”


“ဟင်း...........”


“အောင် အော်တာမိုက်တယ်နော်အောင်။ Porn movie တွေထဲကအသံတွေအတိုင်းပဲ”


သူအနည်းငယ်တော့ ရယ်ချင်သွားသည်။ နာရသည့်ကြားထဲ နေကတစ်မှောက်။


“အောင်........နာသေးလား”


“အင်း နည်းနည်းပဲနာတော့တယ်။ သိပ်မနာတော့ဘူး ဒါပေမယ့် အရမ်းကြီးလုပ်ဖို့ မစဉ်းစားနဲ့ဦး”


“အင်းပါ ဖြေးဖြေးပဲလုပ်နေတာပါ။ ဒီလိုလေးလုပ်ရတာပဲ မိုက်ပါတယ်”


“အင်း..................”


“အာ့.........အာ့................အာ့.............”


“အာ့.........အာ့................အာ့.............”


“အာ့.........အာ့................အာ့.............”


နေ့၏ဆောင့်ချက်တွေက တဖြေးဖြေးဖြင့် စည်းချက်မှန်လာသည်။ ထို့အတူ သူ့စအိုကလဲ ကြိမ်းသထက်ကြိမ်းလာသည်။ သူနှင့်နေ တွေ့စက သူနေ့ကို Top ဟုပြောသောအခါ နေကထိုအသံကြားလျှင် ဖင်ကြိမ်းသည်ဟုပြောတာသူမှတ်မိသေးသည်။ ယခုတော့ တကယ်တမ်းကြိမ်းရသူက သူကိုယ်တိုင်ဖြစ်နေသည်။ ထို့အပြင် သူ့လိင်တံကလဲ အရေခွံလှန်ထားခံရသည်မို တော်ရုံတန်ရုံနှင့်တော့ အလုပ်လုပ်နိုင်ဦးမည်မထင်ပါ။ သည်တော့ သည်အခြေအနေမှာ သူ Bottom အနေအထားတွင်ဖြစ်သွားရသည်မှာ မဆန်းတော့ပါ။ Bott တွေ ဘာကြောင့် Bott လုပ်ရသည်ကို ကြိုက်မှန်းသူနားမလည်ပါ။ ဤမျှနာကျင်လှသော အထိအတွေ့တွင်မည်သည့်နေရာက သာယာမှု များရရှိနိုင်ပါသနည်း။ သူ့အတွက်တော့ Bott ဘဝသည် ငရဲသာဖြစ်သည်။ သို့ပေမယ့် အကြိမ်ဖန်များလာ၍ ခံနိုင်ရည်ရှိလာလျှင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမလား မပြောတတ်ချေ။ လောလောဆယ်အခြေနေတွင်တော့ သူ့အတွက် Bott နေရာက feels ရှာမတွေ့ နိုင် အရသာမရှိနိုင် ဖြစ်နေသည်။ ခံရလဲဆိုးသည်ကိုး။



သူပြောထားသော်လဲ တဖြေးဖြေးဖြင့် နေ၏ဆောင့်ချက်တွေက ပြင်းထန်လာသည်။ မြန်လဲပိုမြန်လာသည်ဟု သူထင်သည်။ သို့သော် သူ့နာကျင်မှုက အရမ်းမပြင်းထန်လာသဖြင့် ဘာမှမပြောတော့ဘဲ အသာငြိမ်နေလိုက်၏။ နေ့ နှုတ်မှအနည်းငယ် ညည်းညူလာပြီး ခပ်မှန်မှန်လေးဆောင့်ကာ သူ့ကိုတင်းကြပ်စွာဖက်ထား၏။ သိပ်မကြာလိုက်ပါ နေ၏ ပူနွေးနေသော သုတ်ရည်တချို့က သူ့စအိုထဲ သို့ပန်းဝင်သွားလေသည်။ ထို့အတူ သူ့ကိုယ်ပေါ်မှ နေလည်း မောဟိုက်သွားဟန်ဖြင့် ပျော့ကျသွားသည်။


“ပြီးသွားပြီလားနေ.....”


“အင်း..အောင် ပြီးသွားပြီ.....ဟူး................”


“အထဲမှာ ပြီးသွားတာအောင်။အောင့်ကိုနေသန့်ရှင်းရေး ပြန်လုပ်ပေးမယ်”


နေက သူ့စအိုအတွင်းမှ လိင်တံကိုဆွဲထုတ်လိုက်သည်။ ထို့နောက် သူ့လိင်တံထိပ်တွင် ပေကျန်နေသော သုတ်ရည်အစအန တချို့ကို ရေဖြင့်ဆေးချလိုက်၏။ ထို့နောက်သူ့အနားသို့ ပြန်လာပြီး စက္ကူတစ်ချို့ယူလာက သူ့စအိုကိုသုတ်ပေးရန်ပြင်သည်။


“နေပါစေတော့နေ.....အောင်ကိုယ့်ဖာသာကိုယ်ပဲလုပ်လိုက်တော့မယ်။ နေသန့်ရှင်းလုပ်ပြီးရင် အပြင်ခဏထွက်ပေးနော်”


“အင်းအင်း......ရပါတယ်အောင် “


ထိုသို့ပြောပြီးသည်နှင့်နေက သူ့ကိစ္စပြီးသော် အခန်းအပြင်သို့ထွက်သွားသည်။ ခဏကြာတော့ ပြန်ဝင်လာပြီး ဟော်တယ်မှ ပေးသည့် ရေချိုးတဘတ်တစ်ထည်အခန်းဝတွင် လာထားသွားသည်။ သူရေပန်းကရားကို ဖွင့်ကာ အားရပါးရ ရေချိုးပစ်လိုက်သည်။ ထို့နောက် စအိုထဲတွင်ရှိနေသော နေ့သုတ်ရည်တွေကို ညှစ်ထုတ်ပစ်လိုက်ကာ အိမ်သာကြွေကမုတ်မှ ရေခလုပ်ကိုဆွဲချလိုက်၏။ ရေချိုးလို့ပြီးသောအခါ နေထားခဲ့သည့် တဘတ်ကိုခါးတွင်ပတ်ကာ အခန်းအပြင်ဖက်သို့ထွက်လာခဲ့သည်။ နေကကုတင်ပေါ်တွင် နောက်ထပ်တဘတ်တစ်ထည်ကိုကိုင်ပြီး သူ့ကိုစောင့်နေသည်။ သူလာတော့အနားသို့ခေါ်ကာ သူ့ခေါင်းမှ စိုနေသည့် ရေတွေကို အသာသုတ်ပေးသည်။ ထို့နောက်စောစောက သူချွတ်ထားသည့် အဝတ်အစားတွေကို ပြန်ဝတ်ပေးလေ၏။ 


 ခေါင်းမှရေတွေခြောက်သွားသောအခါ နေကသူ့ကိုလှမ်းဖက်ထားသည်။ သူနေ့ရင်ခွင်ထဲတွင် ဘာမှမပြောဘဲ ငြိမ်သက်နေမိသည်။ ယခုတော့သူသည် ယခင်ကလို ယောကျာ်းပျိုတစ်ယောက် မဟုတ်တော့ဟု စိတ်ထဲတွေးနေမိသည်။ စအိုဝရှိ စပ်ရှိန်းရှိန်းနာကျင်မှုကလဲ ရှိနေသေးသည်။ သူ့စိတ်ထဲ အလိုလိုအားငယ်နေမိ၏။ ယခုတော့ သူ့ဘဝကြီးက ယောကျာ်းစင်စစ်ဖြစ်လျက်နှင့် မိန်းမတွေလုပ်သည့် အလုပ်ကိုလုပ်ခဲ့မိလေပြီ။ သူ့ရင်ထဲ အတွေးပေါင်းများစွာ ဝင်လာကာ သက်ပြင်းတစ်ချက်နေမသိအောင်ချမိသည်။ 


“အောင် အိပ်ချင်နေပြီလား”


“အင်း..........နေကော မအိပ်သေးဘူးလား”


“အိပ်မယ်လေအောင်  ဟိုဖက်ကုတင်က စောင်နဲ့ခေါင်းအုံးကိုသွားယူလိုက်ဦးမယ်”


 နေကပြောပြောဆိုဆိုဖြင့် ထိုင်ရမှထကာ တစ်ဖက်ကုတင်ရှိ စောင်နှင့်ခေါင်းအုံးကိုသွားယူလာကာ သူရှိရာကုတင်သို့ပြန်လာသည်။ ထို့နောက် ခေါင်းအုံးကိုကုတင်ခေါင်းရင်းနားသို့ချလိုက်ပြီး စောင်ကိုပိုက်ကာ သူ့အနားသို့လာကပ်ထိုင်သည်။ 


“ကဲ......အောင် အိပ်ကြစို့”


“အင်း............”


နေ့ကိုသူပြန်ဖြေလိုက်ပြီးအခန်းမီးကိုမှိတ်လိုက်၏။ 


“ချောက်.............”


အခန်းတစ်ခုလုံးမှောင်မဲသွားပြီး တိတ်ဆိတ်သွားသည်။ နေကအရင်နေရာယူကာ ကုတင်ပေါ်သို့လှဲအိပ်လေ၏။ သူလဲအနားရှိ စောင်ကိုဆွဲကာ နေ့ဘေးနားဝင်အိပ်လိုက်သည်။ မီးမှိတ်လိုက်မှ ညကပိုတိတ်ဆိတ်သွားသလိုခံစားရသည်။ 

နေ့ဆီကလည်းအသံတိတ်သွားသည်။ ပြင်ပမှ တစ်ခါတစ်ရံ ဖြတ်သန်းသွားသော ကားသံ ဆိုင်ကယ်သံအချို့သာရှိတော့သည်။ ညကြီးက အဓိပ္ပါယ်ကင်းမဲ့သွားသလို သူ့စိတ်ထဲခံစားမိသည်။ 


 သိပ်မကြာလိုက်ပါ နေ့ဆီက အသက်ရှူသံခပ်ပြင်းပြင်းက စီးချက်မှန်မှန်ထွက်ပေါ်လာ၏။ ဒါဆိုရင် နေအိပ်ပျော်သွားလောက်ပြီပေါ့။ သူသက်ပြင်းတစ်ချက်ချမိပြန်သည်။ ဘာရယ်ကြောင့်မှန်းမသိ သူ့စိတ်ထဲ အလိုလိုလေးလံနေမိသည်။ တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေ သလိုလို အားငယ်ခံစားမိ၏။ သူ့ဘဝတွင် ယခုလိုဖြစ်ဖူးခြင်းသည် ပထမဦးဆုံးဖြစ်သည်။ မကြုံဖူးသော အတွေ့အကြုံတစ်ခုကြောင့် ထူးဆန်းသည့် ခံစားမှုတွေ ခံစားနေရခြင်းလားတော့မပြောတတ်ပါ။  ရှေ့ဆက်ပြီး သဟဇာတဖြစ်အောင် သူနေတတ်ပါ့မလား။ ချစ်သူရည်းစားတစ်ယောက်ထားရသည်မှာ အပြောလွယ်သလောက် လက်တွေ့က တိမ်နက်ခက်ခဲလွန်းသည်။ ပါးစပ်က ချစ်သည်ဟုတစ်ခွန်းပြောလိုက်ရုံဖြင့်ပြီးသွားသော်လည်း တကယ်တန်းကျတော့ နှစ်ဦးနှစ်ဖက်ပြေလည်အောင်ဆက်ဆံနိုင်ဖို့ အတော်ကြိုးစားယူရသည်။ နေ သူ့ကို ငြိုငြင်သွားမှာလဲ စိုးရိမ်မိသည်။


အခြားတစ်ဖက်တွင်လဲ သူမလိုချင်သည့် bottom ဆိုသည့်နေရာကြီးက သူ့ကိုဆီးကြိုနေပြန်သည်။ ကိုးလိုးကန့်လန့်နိုင်လှသည့် သည်Gayဘဝကြီးကို သူရရှိ ဖြစ်တည်ရခြင်းကိုသာလျှင် မကျေမနပ်ဖြစ်နေမိသည်။ သူသာ မိန်းကလေးတစ်ယောက် ကိုချစ်ကြိုက် လိုက်ပါက အခုလို ပြဿနာမျိုးသူကြုံရမည်မဟုတ်ချေ။ သို့သော် ခက်သည်ကလဲ သူကမိန်းကလေးဆိုလျှင် မည်မျှပင်ချောမောလှပနေ စေကာမူ လုံးဝရင်မခုန်တတ်။ ဤသည်ကပဲ သူ့အတွက် ငရဲကျစေဖို့ အစပင်။ ယခုတော့ သူဘယ်လိုလုပ်ရပါ့...........ဟင်း.......။



                                           X             X                 X


နံနက်မိုးစင်စင်လင်းချေပြီ............


နှင်းရည်စိုစွတ်နေသော ဓာတ်တိုင်တစ်တိုင်နှင့်တစ်တိုင် သွယ်တန်းထားသော ဓာတ်ကြိုးများပေါ်တွင် စာကလေးငှက်များက အော်မြည်လျှက်ရှိကာ နံနက်ခင်း၏ အစကိုနိဒါန်းပျိုးနေချေပြီ။ အရှေ့ဖက်မှ နေဝန်းရောင်က အနီရောင်ယှက်သန်းလျှက် မကြည်လင် သေးသည့်ကောင်းကင်ကြီးကို  စိုးမိုးရန် တက်လာချေပြီ။ အေးစိမ့်စိမ့်လေတစ်ချိုု့ကလည်း ပတ်ဝန်းကျင်ကို ရိုက်ခတ်လျှက်ရှိ၏။ 


“ဝါး............”


သူတစ်ချက်သန်းဝေလိုက်ပြီး အကြောဆန့်လိုက်ကာ စောင်ကိုဆွဲလှန်လိုက်၏။ စောင်ထဲတွင်နွေးနေသော သူ့မျက်နှာက စောင် အပြင်ဖက်သို့ရောက်လာသောအခါ ပြင်ပ၏အေးစက်မှုက ပါးတဝိုက်သို့ လာရောက်တိုးဝှေ့ ရိုက်ခတ်သွား၏။ သူ့မျက်လုံးတွေက အိပ်ချင်မူးတူးနိုင်နေဆဲပင်။ မျက်စိထဲမှာ မျက်နှာကျက်ကို သည်းသည်းကွဲကွဲမမြင်ရပဲ မှုန်ဝါးဝါးလေးသာမြင်ရသည်။ စောနေသေး ဟန်ရှိသည်။ သူပြန်အိပ်ဖို့စဉ်းစားလိုက်၏။ အခုမှသတိရသည် နေနှင့်အတူတူ သူအိပ်နေသည်မဟုတ်ပါလား။ နေ့ကိုဖက်ထားမည်။


သူ့လက်တွေကို နေရှိရာဖက်ဆီသို့ လှမ်းတင်လိုက်သည်။


“..............................................................................”


သူ့လက်က နေ့ရဲ့ကိုယ်လုံးကို မထိတွေ့လိုက်ရဘဲ လေဟာနယ်ထဲ၌သာ အေးကနဲဖြစ်သွားပြီး မွှေ့ယာပေါ်သို့ ပြန်ကျလာသည်။ နေဘယ်ရောက်သွားပါလိမ့်။ သူမျက်လုံးကို မဖွင့်သေးပဲ မွှေ့ယာ အနီးတစ်ဝိုက်ကို ဆက်စမ်းကြည့်သည်။ သို့သော် မည်သည့်အရာဝတ္ထု ကိုမှ ကိုင်တွယ်ရခြင်းမရှိဘဲ အချည်းနှီးသာ ဖြစ်နေသည်။ သူနည်းနည်းတွေဝေသွားသည်။ စောစောစီးစီးနေက သူ့ထက်အရင်နိုးနေ သည်လား။ သူ့အိပ်မှုန်စုံမွှားမျက်လုံးတွေကို အသာပွတ်သပ်ကာ အခန်းတွင်းသို့ အားယူပြီး ခေါင်းထောင်ကြည့်လိုက်၏။ အခန်းထဲတွင် အခြားကုတင်တစ်လုံးတွေ့သည်။ ပြင်ပတွင်နှင်းတွေဝေဝါးနေသော ပြတင်းပေါက်ကိုတွေ့သည်။  ထို့နောက် တီဗွီနှင့် သူ၏ ပြန့်ကျဲနေ သော အဝတ်အစားတစ်ချို့ကိုတွေ့သည်။ နေ့ကိုတော့ မတွေ့ရပါ။ နေပျောက်နေသည်။ နေဘယ်ရောက်နေပါလိမ့်။


သြော်..........သိပြီ။ နေအိမ်သာတက်နေတာပဲ ဖြစ်ရမည်။ သူထောင်ထားသော ခေါင်းကိုပြန်ချကာ ကြံကြံဖန်ဖန်စိတ်ပူနေမိသော ကိုယ့်ကိုယ်ကို ပြန်ပြုံးလိုက်မိသေးသည်။ ထို့နောက် စောင်ကိုခေါင်းမူး ပြန်ခြုံထားလိုက်သည်။ နေ့အသံကို သူနားစွင့်နေမိသည်။ နေအိမ်သာထဲတွင် စောစောစီးစီးဘာတွေလုပ်နေတာပါလိမ့်။ အတော်အတန်ကြသည်အထိ အိမ်သာထဲမှ မည်သည့်အသံမှ မကြားရပါ။ အခန်းလေးက တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏။ ဘုရား.....ဘုရား.......နေအိမ်သာထဲမှာများ အိပ်ပျော်နေပြီလားမသိပါ။ သို့မဟုတ် နေအိမ်သာတက်တာမဟုတ်ပဲ အပြင်များထွက်သွားပြီလား ။ သူအနည်းငယ် သံသယဝင်လာသည်။ 


“နေ....................”


“နေ....................”


ပြန်ထူးသံလုံးဝ ထွက်မလာချေ။ သူကုတင်ပေါ်မှထလိုက်သည်။ ထို့နောက် အိမ်သာရှိရာဖက်သို့သွားလိုက်၏။ အိမ်သာရှေ့ရောက် တော့ သူ့ပါးစပ်တွေ ဟောင်းလောင်းဖြစ်သွားသည်။ အိမ်သာတံခါးက ဖွင့်လျက်ချည်းသာ။ အထဲတွင် လူမပြောနှင့် ကြွက်တစ်ကောင် တောင်မှမရှိ။ ဒီလိုဆို နေဘယ်ရောက်နေလဲ..............။



သူအိမ်သာတံခါးကိုပြန်ဆွဲပိတ်လိုက်ပြီး ခေါင်းတစ်ချက်ကုတ်မိသည်။ ထို့နောက်အခန်းအရှေ့သို့ ပြန်ထွက်လာပြီး ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်ရင်းစဉ်းစားမိသည်။ အခန်းကိုတစ်ချက်ဝေ့ဝိုက်ကြည့်လိုက်မိပြန်သည်။ 

ဟင်.............နေ့..........နေ့.....အဝတ်အစားထုတ်တွေ နေ့အိတ်တွေ တစ်ခုမှမရှိတော့ပါလား.............။ ဒါဆိုနေ....... ....ဟာ..........။



        သူထိုင်ရာမှ ရုတ်တရက်ပြန်ထလိုက်မိသည်။ နေဘယ်ရောက်နေလဲ နေဘယ်ရောက်နေလဲ နေဘယ်ရောက်နေလဲ နေဘယ်ရောက်နေလဲ။ ထို့နောက် ပြန်ထိုင်လိုက်ပြန်၏။ ဟုတ်ပြီ.............ဖုန်း........ဖုန်းဆက်ကြည့်ရမည်......။


    သူ့အကြံအတိုင်း ဝမ်းသာသွားပြီး သူ့ညကချွတ်ထားသောဘောင်းဘီ အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ယူလိုက်သည်။ ဖုန်းကလေးကို လက်ဖြင့်အသာပွတ်ကြည့်လိုက်တော့ screen ပေါ်တွင် “1 new massage” ဟူသော စာသားလေးကိုတွေ့လိုက်ရသည်။ သူအလျင်စလို ဖောက်ဖတ်ကြည့်လိုက်သည်။


  Sorry baby! မင်းဆီကလိုချင်တာရပြီးသွားပြီ ငါ့ကိုထွက်သွားခွင့်ပြုပါ။ မင်းရဲ့ ပထမဦးဆုံးပေးဆပ်မှု အတွက် ငါမင်းကို ကျေးဇူးတင်ပါတယ်...။


သူခေါင်းတွေချာချာလည်အောင်မူးသွားသည်။ စာကနေ့ဆီက။ ဒါဆိုရင်...................။


သူ့လက်ထဲမှ ဖုန်းကိုနံရံသို့ ပစ်ပေါက်လိုက်၏။ ထို့နောက် သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ့ရင်ထဲတွင် အဆမတန်ပြင်းထန်တဲ့ ခံစားမှုတွေ ပြည့်ကြပ်လာ၏။ ထို့နောက် တုန်ရီနေသော သူ့ပါးပြင်ပေါ်သို့ မျက်ရည်ဥတွေ တွဲလွဲခိုကာ တဖြေးဖြေးချင်းလိမ့်ဆင်းလာသည်။ ပူနွေးနေသော သူ့ရင်ခုန်သံတွေက ကျယ်လောင်လျှက် အံကိုတင်းတင်းကြိတ်ထားမိသည်။ 



“တောက်.......................”



                                              ပြီးပါပြီ..................။


စာကြွင်း။ ။ ဤဇာတ်လမ်းနှင့်ပက်သက်၍ အနည်းငယ် တဖက်စောင်းနင်းနိုင်သွားခဲ့သည်ရှိသော် စာရေးဆရာတစ်ဦး၏ လွတ်လပ်စွာရေးသားပိုင်ခွင့်ဟု နားလည်ပေးစေလိုပါသည်။ ဤအဖြစ်ပျက်မျိုး ပြင်ပတွင် ဖြစ်လေ့ဖြစ်ထရှိပါသည်။ ဖတ်ရှုအားပေးမှု အတွက် ကျေးဇူးတင်ပါသည်။


                                                                               Written by

                                                                                                    (Lovealone)

                                                                                          boytheboy.sept@gmail.com