မကြာခင်တုန်းက အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရတဲ့ လူနာနှစ်ယောက်မှာ ရောဂါပိုး လုံးဝကင်းစင်သွားတာကို တွေ့လိုက်တဲ့အတွက် ဆေးပညာရှင်တွေ လက်လျှော့ထားတဲ့ အိဒ်စ်ရောဂါ အမြစ်ပြတ်ကုသရေး အလားအလာတွေ ပေါ်ထွက် လာပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ အိဒ်စ်ရောဂါသည်တယောက်ကို ကုသပေးတဲ့အခါ အိပ်ချအိုင်ဗီပိုး လုံးဝရှင်းလင်းသွားတာတွေ့ခဲ့ပြီ
အေအာရ်တီဆေးတွေကြောင့် အိဒ်စ်ရောဂါဟာ ကျိန်းသေပေါက်သေမယ့် ရောဂါအဖြစ်ကနေ နာတာရှည်ရောဂါအဖြစ် ပြောင်းလဲသွားခဲ့ပေမယ့် ဒီဆေးတွေကို လူတိုင်း လက်မှမ်းမမီသလို ရောဂါကိုလည်း အမြစ်ပြတ်မဖယ်ရှားနိုင်ပါဘူး။ ဒါအပြင် အေအာရ်တီဆေးတွေကို တသက်လုံးစားရပါတယ်။
ဘာလင်မြို့က အသက် ၄၅ နှစ်အရွယ် မစ္စတာဘရောင်းဟာ လူကီးမီးယားလို့ ခေါ်တဲ့ သွေးကင်ဆာနဲ့ အိဒ်စ်ရောဂါတို့ကို တပြိုင်တည်း ခံစားနေရပြီ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်မှာ သွေးကင်ဆာကုသရေးအတွက် ရိုးတွင်းခြင်ဆီနှစ်ခါ အစားထိုး ခဲ့ပါတယ်။ ရိုးတွင်းခြင်ဆီ အလှူရှင်ကတော့ မြောက်ဥရောပသား ဖြစ်ပါတယ်။ ပြောက်ဥရောမသားတွေရဲ့ ၁ ရာခိုင်နှုန်းမှာ CCR5 ဆိုတဲ့ ပရိုတင်းတမျိုး ချို့တဲ့နေတဲ့ အတွက် အိပ်ခ်ျအိုင်ဗီပိုးကို သဘာဝအလျောက် ခုခံနိုင်စွမ်း ရှိနေပါတယ်။ ဒီလိုလူမျိုးဆီက ရတဲ့ ရိုးတွင်းခြင်ဆီနဲ့ အစားထိုးပြီး အခုထိ လေးနှစ်တိုင်တိုင် သွေးထဲမှာ ရောဂါပိုး လုံးဝမတွေ့ရတော့ ပါဘူး။
တဖက်မှာ ပြဿနာကတော့ ရိုးတွင်းခြင်ဆီ အစားထိုးတာဟာ အင်မတန်ဈေးကြီးပြီး အန္တရာယ်လည်းများ၊ ကရိကထလည်းများပါတယ်။ ကိုယ်ခံစွမ်းရည် ဓာတ်တည့်တဲ့ အလှူရှင်တွေ့ဖို့ ခက်သလို အဲဒီအလှူရှင်မှာလည်း CCR5 ဗီဇ ချို့တဲ့တဲ့လူ ဖြစ်ဖို့လိုပါသေးတယ်။
ထရင်တန်မြို့က လူနာကိုတော့ သွေးဖြူဥတွေ ထုတ်ယူ၊ CCR5 မျိုးဗီဇ ပျက်အောင်ပြုပြင်ပြီး ဒီသွေးဖြူဥတွေကို ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးပါတယ်။ တလအကြာမှာ ဒီလူနာကို အေအာရ်တီဆေးသောက်တာ သုံးလကြာ ရပ်ခိုင်းခဲ့ ပါတယ်။ ပထမပိုင်းမှာ သွေးထဲက ပိုးအရေအတွက် တိုးတက်လာပေမဲ့ ၃ လပြည့်ခါနီးမှာ ပိုးမရှိတော့သလောက် အထိ ကျဆင်းသွားခဲ့ပြီး တချိန်ထဲမှာ ခုခံအားဆဲလ်တွေ တိုးပွားလာခဲ့ပါတယ်။
ဒါပေမယ့် ဒီမျိုးဗီဇပြင်ကုထုံးကို တခြားလူနာ ၅ ယောက်မှာ စမ်းတာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အောင်မြင်တဲ့ လူနာမှာ CD4 ကလပ်စည်း ၁၃ ရာခိုင်နှုန်း ပိုးကင်းစင်သွားတာတွေ့ရပြီး ကျန်လူနာ ၅ ယောက်မှာတော့ အဲသလောက်တောင် ပိုးမကင်းစင်လို့ ရောဂါဆက်ဖြစ်နေတာလို့ သုတေသီတွေက ယူဆကြပါတယ်။ ဒါကြောင့် သော့ချက်က CCR5 ချို့တဲ့ကလပ်စည်းပမာဏကို မြှင့်ဖို့ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။
နိုက်တင်ဂေးဂျာနယ် - အိဒ်စ်ရောဂါ ကုသရေး မျှော်လင့်ချက်သစ်
ဆေးမတိုးတဲ့ ကာလသားရောဂါ
လိင်ကတဆင့် ကူးစက်တဲ့ ( အရင်အခေါ် ကာလသား) ရောဂါတမျိုးဖြစ်တဲ့ ဂနိုရီးယားခေါ် ဆီးပူညောင်းကျရောဂါဟာ လက်ရှိကုထုံးတွေကို ခံနိုင်ရည်ရှိနေပြီလို့ ဗြိတိသျှဆရာဝန်တွေက သတိပေးလိုက်ပါတယ်။ ဒါကြောင့် လက်ရှိ အဓိက သုံးနေတဲ့ စက်ဖစ်ဆီးမ် Cefixime စားဆေးကို မသုံးတောပဲ အဇီသရိုမိုင်စင် ၁ ဂရမ် Ceftriaxone အသားထိုးဆေး တွဲသုံး သို့မဟုတ် စပက်တင်နိုမိုင်စင် Spectinomycin ထိုးဆေးကို ပြောင်းသုံးဖို့ပြောနေပါတယ်။ (ဒီဆေးတွေကို တကြိမ်တည်း စား/ထိုး ရမှာဖြစ်ပါတယ်။)
ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေ အရ ၂၀၁၀ ခနှစ်မှာ စက်ဖစ်ဆီးမ် ဆေးမတိုးတဲ့ ဂနိုပိုး ၂၀ ရာခိုင်နှုန်းရှိနေပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ ၁၀ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။ ၂၀၀၅ ခုနှစ် တုန်းကတော့ ဆေးမတိုးတာ လုံးဝမတွေ့ခဲ့ပါဘူး။
ဂနိုရီးယားရောဂါဟာ တချိန်တုန်းကတော့ ပင်နီစလင်နဲ့တင် ပျောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ မတိုးတော့ပါဘူး။ အလားတူပဲ အစပိုင်းမှာ အောင်ပွဲတွေ ရခဲ့တဲ့ တက်ထရာဆိုင်ကလင်း၊ ဂျင်တာမိုင်စင်၊ စီပရို ဖလော်ဆာစင် ဆေးတွေလည်း နှစ်နည်းနည်းကြာလာတဲ့ အခါ တခုပြီး တခု ကျဆုံးခဲ့ကြပြီး အခုနောက်ဆုံးတော့ စက်ဖစ်ဆီးမ် အလှည့်ရောက်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း ပထမ အဆင့်သုံး ပဋိဇီဝဆေး first-line antibiotic ဟာ လူနာ ၅ ရာခိုင်နှုန်းမှာ မစွမ်းတော့ဘူးဆိုရင် ပြောင်းပစ်ဖို့သက်မှတ် တိုက်တွန်းလိုက်ပါတယ်။
ဂနိုပိုးရဲ့ သမိုင်းကိုကြည့်ရင် ဆေးခံနိုင်ရည်ရှိလာအောင် မျိုးဗီဇကို ပြုပြင်နိုင်စွမ်းရှိတာတွေ့တဲ့
လိင်အင်္ဂါ အဖြူဆင်းရောဂါ Chlamydiasis ပြီးရင် ဂနိုရီးယားရောဂါဟာ အဖြစ်များဆုံး လိင်မှ တဆင့် ကူးစက်တဲ့ ရောဂါ Sexually Transmitted Disease (STD) ဖြစ်ပါတယ်။
နိုက်တင်ဂေး ဂျာနယ် - ဆေးမတိုးတဲ့ ကာလသားရောဂါ
No comments:
Post a Comment