Saturday, May 2, 2020

လြတ္ေျမာက္ပါေတာ့ သူ႔နယ္ေျမ အပိုင္း (၂)


-------------------------------------------------------------------------------

အခန္း (၆)
ဒီလို ဆြဲလွန္ပစ္လိုက္ေတာ့ ရွိတဲ့နတ္႐ုပ္ေတြ အားလုံး ၾကမ္းျပင္ေပၚ က်ၿပီး အသံေပါင္းစုံ ထြက္လာတယ္။

"ဟယ္ ... ေကာင္မ၊ ညည္း ဘယ္လို လုပ္လိုက္တာလဲ။ ညည္း တစ္သက္လုံး ကိုယ္ေတာ္ေတြ ေကၽြးလို့၊ ကိုယ္ေတာ္ေတြ ေမြးလို့ လူတစ္လုံး သူတစ္လုံး ျဖစ္လာတာေလ"

သေျပမက ကၽြန္မကို ၾကည့္ၿပီး အံ့ဩဝမ္းနည္းစြာ ဆိုရင္း သူမ မ်က္ဝန္းက မ်က္ရည္ေတြ က်လာတယ္။

"ညည္းႏွယ္ေအ ...။ ကိုယ္ လင္မွု သားမွုနဲ႔ အဆင္မေျပတိုင္း ငါ့ကိုယ္ေတာ္ေတြကို ရန္မလုပ္ပါနဲ႔။ နင္ ေရႊဆိုေရႊ၊ နင္ ေငြဆိုေငြ၊ နင္ တိုင္တည္တိုင္း ကိုယ္ေတာ္ေတြဘက္က တာဝန္မေက်တာ ဘာရွိခဲ့လို့လဲ။ ညည္းေတာ့ လင္စိတ္ သားစိတ္ မႊန္ေနလို့ ဒါမ်ိဳးေတြ ျဖစ္လာတာ။ ထိန္းရမွာက ညည္းရဲ့ လင္တ႐ူးတဲ့ စိတ္ဟဲ့ ေကာင္မရဲ့ ..."

တစ္ခါမွ ကၽြန္မကို မာမာထန္ထန္ မေျပာခဲ့တဲ့ သေျပမက ကၽြန္မကို စိတ္ဆိုးမာန္ဆိုး ေျပာေနတယ္။ ငိုရင္းနဲ႔ ေျပာလိုက္တာ ရစရာကို တစ္ခုမွ မရွိေတာ့ဘူး။ ေနာက္ သေျပမက ကိုယ္ေတာ္ႀကီး ကိုယ္ေတာ္ေလး နတ္႐ုပ္ေတြ၊ ကိုႀကီးေက်ာ္ နတ္႐ုပ္ေတြကို သူ သတ္မွတ္ထားတဲ့ ေနရာေတြအတိုင္း ျပန္ထားရင္း

"ညည္းကိုေအ ငါ့မွာ အသိဉာဏ္ ႀကီးတဲ့သူ၊ ငါတို့ေတြထက္ ပညာတတ္တဲ့ ပညာရွိမႀကီးဆိုၿပီး နင္ဘာလုပ္လုပ္ အေကာင္း ျမင္ခဲ့တာပါေအ၊ ညည္းခုလို ငါ့ကိုယ္ေတာ္ ပုံေတြကို တြန္းခ်ပစ္တာ ငါ့ ရင္နာတယ္ေဟ့"

သေျပမက သူ႔ရင္ဘတ္ကို ထုထုၿပီး ေအာ္ႀကီးဟစ္က်ယ္ ေျပာေျပာ ငိုတယ္။ ကၽြန္မ ဘာေတြ လုပ္မိပါလိမ့္။ ရင္ထဲမွာ မခံစားနိုင္တဲ့ ေဝဒနာ တစ္ခုကို အရွင္ေတြအေပၚမွာ ယုံၾကည္ အားကိုးစိတ္နဲ႔ ေပါက္ကြဲ ထြက္ကုန္တာ ျဖစ္မယ္။

"ကိုးျပစ္ရွိရင္လည္း ေၾကပါ။ ဆယ္ျပစ္ရွိရင္လည္း ေၾကပါ။ ဒီ လင္တ႐ူး ကိုလည္း ခြင့္လႊတ္ေတာ္မူပါ"

အသံကို က်ယ္က်ယ္ေအာ္ၿပီး ငိုေနရင္း သေျပမက အရွင္ေတြကို ေတာင္းပန္ေနတယ္။

ကၽြန္မ အသိစိတ္ ကပ္လာတဲ့ အခ်ိန္မွာ ကၽြန္မလည္း မ်က္ရည္ေတြ ထြက္ေနၿပီ။ ဒီထက္ အဆိုးဝါးဆုံးက ကၽြန္မရဲ့ တိုက္ၾကက္ေလး ေခါင္းက်ိဳးသြားတယ္။ ဘုရားဘုရား ကိုႀကီးေက်ာ္ရဲ့ ေရႊ တိုက္ၾကက္ကေလး။ ကၽြန္မ ကေတာ္ ျဖစ္ခါစ ေဟာကိန္းေတြ၊ ေျပာကိန္းေတြ မွန္လို့ဆိုၿပီး ကၽြန္မရဲ့ နတ္ေဆြ နတ္မ်ိဳးေတြ ဆက္ထားတဲ့ ေခါင္းကို ေရႊငါးက်ပ္သားနဲ႔ လုပ္ထားတဲ့ တိုက္ၾကက္ေလး ...၊ သြားၿပီ။ ကၽြန္မ စိတ္ကို မထိန္းနိုင္တဲ့ ခဏမွာ ကၽြန္မ တန္ဖိုးထားတဲ့ အရာေလး က်ိဳးသြားၿပီ။

သေျပမကေတာ့ ကၽြန္မကို မ်က္ေစာင္း တထိုးထိုးနဲ႔ မေက်နပ္ နိုင္ေသးဘူး။

"ေအးပါ ေကာင္မရယ္။ ငါ မွားသြားပါတယ္။ ခုေတာ့ အဆင္ေျပ သလိုပဲ ထားခဲ့ေတာ့။ ေဖေဖ့ ရက္လည္ၿပီးမွ ေသခ်ာေလး ငါျပန္လုပ္ပါ့မယ္ေအ"
"ညည္း ေသခ်ာတယ္ေနာ္"

ကၽြန္မ အေျပာကို သေျပမက စိတ္မခ်စြာ ေမးရင္း ...

"ေျပာတဲ့အတိုင္း မလုပ္ရင္ အရွင္ႏွစ္ပါးရဲ့ လက္သုံးေတာ္ဓားနဲ႔ ဒီလင္တ႐ူးမကို ဖယ္ရွားေတာ္မူပါ ဘုရား။ စီးေတာ္က်ားနဲ႔ တိုက္ေတာ္မူပါ"

သေျပမက ေျပာလ်က္နဲ႔ ေတာင္ျပဳံး အရွင္ႏွစ္ပါးကို လွမ္းတိုင္တည္တယ္။ သေျပမ စကားသံ ၾကားလိုက္တဲ့အခ်ိန္ ကၽြန္မ အနည္းငယ္ ရင္ထိတ္သြားမိတယ္။ ဘုရား ... ဘုရား ... ေတာင္ၿပံဳး အရွင္ႏွစ္ပါးမွာ ကိုယ္ေတာ္ေလးက အျပစ္ရွိတဲ့ ဘယ္ကေတာ္ကိုမွ ခြင့္လႊတ္ေလ့ ခြင့္လႊတ္ထ မရွိဘူး။ ကၽြန္မ ၾကက္သီးေတြ တျဖန္းျဖန္း ထလာၿပီး ေမႊးညႇင္းေတြေတာင္ ေထာင္သြားတယ္။

"တပည့္ေတာ္မကို ခြင့္လႊတ္ေတာ္မူပါ ဘုရား"

ကၽြန္မ ႏွုတ္က ခပ္ဖြဖြ ရြတ္ၿပီး အရွင္ႏွစ္ပါးေရွ႕ ေခါင္းထိုး ဝင္လိုက္တယ္။ အရွင္ႏွစ္ပါးရဲ့ အၾကည့္ေတြက ကၽြန္မေပၚ စိမ္းသက္ေနသလို ခံစားေနရတယ္။ ကိုႀကီးေက်ာ္ရဲ့ ေရႊၾကက္ေလး လည္းပင္း က်ိဳးသြားသလို ဆက္ထားတဲ့ အရက္ပုလင္းေတြ ကလည္း ကြဲကုန္ၿပီ။

"ခုမွေတာ့ လုပ္မေနနဲ႔ေတာ့။ ညည္း အေဖ အသုဘက ျပန္လာမွ ပြဲေတြဘာေတြ ျပန္တင္ၿပီး ေတာင္းပန္ေတာ့။ ေနာက္က်ေနမယ္ သြားၾကစို့"

အထုပ္အပိုးေတြ သယ္လာရင္း သေျပမက ဆိုေတာ့ ကၽြန္မ ကိုယ္ေတာ္ေတြကို စိတ္မေကာင္းစြာ ေတာင္းပန္ရင္း ထားခဲ့ရေတာ့တယ္။ နယ္က ေမေမ့ အိမ္ေလးကို ေရာက္ေတာ့ ေဖေဖ့ အေလာင္းကို နယ္ထုံးစံအရ သုံးရက္ပဲ ထားၿပီး သၿဂိဳလ္ရမယ္တဲ့။ ပါလာတဲ့ ေငြေလးနည္းနည္း အေမ့ကို ေပးၿပီး ေဖေဖ့ နာေရးကို ေကာင္းေကာင္းမြန္မြန္ လုပ္ေပးမိတယ္။ ေမေမကေတာ့ ကၽြန္မ ျဖစ္အင္ေတြကို ဘာမွမသိဘဲ ေဖေဖဆုံးသြားလို့ စိတ္မေကာင္း မ်က္ႏွာမလွတာ ဟုပင္ ထင္ေနလိမ့္မယ္။ ကၽြန္မမွာသာ ကၽြန္မကို ခ်စ္ၿပီး ေစာင့္ေရွာက္တဲ့ နတ္ေတြကို ေစာ္ကားမိတဲ့ အျဖစ္ကို ထိတ္လန႔္ေနတယ္။

ညဆို အိမ္မက္ေတြက မေကာင္း။ ကၽြန္မ တစ္ေယာက္တည္း ေတာထဲမွာ က်ားေတြ ေတြ႕လိုေတြ႕၊ ေႁမြေတြ လိုက္လိုလိုက္နဲ႔။ ေမေမ့အိမ္မွာ အိပ္ေရးပ်က္ရတဲ့ ညေတြ မ်ားလာၿပီ။ ေဖေဖ့ ရက္လည္ ၿပီးတာေတာင္ မျပန္ဘဲ ေမေမနဲ႔ သူ႔ညီမေတြ အိမ္မွာ လိုက္အိပ္၊ လိုက္စား၊ လိုက္ေနတယ္။ သေျပမက ကၽြန္မ ဒီမွာ ေအးေဆး ေနလို့ရေအာင္ ေငြတခ်ိဳ့ကို လွမ္းပို့ေပးတယ္။ ေဖေဖ ရွိစဥ္ကေတာ့ ေဖေဖကို ေၾကာက္လို့ ဒီလို နတ္ကတဲ့ အလုပ္ေတြကို အသိုင္းအဝန္း တစ္ခုလုံးက မဆန႔္က်င္သလို ကန႔္လည္း မကန႔္ကြက္ခဲ့ၾကဘူး။ ကၽြန္မ ဘာလုပ္လုပ္ ဥေပကၡာ တရားနဲ႔သာ ဆက္ဆံၾကတယ္။

ေနာက္ နတ္ကလို့ရတဲ့ ေငြေၾကးေလးေတြကို အိမ္ကို ပို့ေပးတဲ့ အခ်ိန္ ေဖေဖက က်န္းမေရး ခ်ဴခ်ာတဲ့ အခ်ိန္ ကိုက္ေနလို့ ေျပာလို့ မရနိုင္တဲ့သူ ဆိုၿပီး ပစ္ထားလိုက္တာလည္း ျဖစ္နိုင္ပါတယ္။ ေဖေဖ ရွိစဥ္ကေတာ့ နယ္ျပန္ရင္ေတာင္ ေအးေအးေဆးေဆးပဲ ေနျဖစ္တယ္။ သိသာ သိေစ၊ မျမင္ေစနဲ႔ ဆိုတဲ့ သေဘာမ်ိဳးေပါ့။ ၿပီးေတာ့ နယ္မွာသိတဲ့ ကၽြန္မ နာမည္က ဖိုးေက်ာ္။ နာမည္ အရင္းကေတာ့ ေက်ာ္ေက်ာ္ ဆိုေတာ့ ဖိုးေက်ာ္လို့ပဲ တစ္ရြာလုံးက ေခၚၾကတယ္။

"ဖိုးေက်ာ္ ... မင္းအေဒၚက ဟိုဘက္ရြာက သူ႔အိမ္တစ္လုံး လယ္ဆယ္ဧက ေရာင္းရလို့ ကနားေပးမယ္တဲ့။ မင့္အေဖ ေနမေကာင္း ျဖစ္လို့ မင့္အေဒၚ ကနားေပးမယ့္ ကိစၥကို ခဏေနာက္ဆုတ္ထားတာ။ မင္းအေဖ ဆုံးသြားတာလည္း တစ္လေလာက္ ရွိၿပီဆိုေတာ့ အခု လုပ္ခ်င္တယ္တဲ့။ နယ္က နတ္ကေတာ္ေတြနဲ႔ တိုင္ပင္ၿပီး မင္းပဲ ဦးစီး လုပ္လိုက္။ မင္းအေဒၚ စိတ္ခ်မ္းသာရင္ ၿပီးတာပဲ"

ဒီလိုနဲ႔ အမ်ိဳးေတြရဲ့ကနား တစ္ခုမွာ ကေပးဖို့ အေၾကာင္း ဖန္လာတယ္။ ေဖေဖ့ ရက္လည္ ၿပီးၿပီးခ်င္း ဟိုမွာ က်န္ခဲ့တဲ့ အလုပ္ေတြလုပ္ဖို့ ျပန္သြားတဲ့ သေျပမကို နတ္႐ုတ္တခ်ိဳ့ ယူေစၿပီး ဒီမွာ ကနား လာကဖို့ အေၾကာင္းၾကားရင္း လိုအပ္တဲ့ ပစၥည္းေတြကို စုဝယ္ထား လိုက္တယ္။

သေျပမ ေရာက္လာတဲ့ အခ်ိန္မွာ ဒီမွာ နတ္ကနားအတြက္ လိုအပ္တဲ့ပစၥည္း စုံစုံလင္လင္နဲ႔ ျပင္ဆင္ထားေတာ့ အဲဒီ ေကာင္မ ယူလာတဲ့ နတ္႐ုပ္ေတြ ခင္းလိုက္တာနဲ႔ ကနားတစ္ခု စလို့ရၿပီ။

* * *

ႏွာေခါင္းထဲမွာ ထြန္းထားတဲ့ အေမႊးတိုင္ ရနံ့ေတြက ေမႊးပ်ံ႕ မေနဘဲ အနည္းငယ္ စိမ္းသက္ေနတယ္။ ေနာက္ ကိုယ္ေတာ္ေတြ ပုံရိပ္ကလည္း အနည္းငယ္ ခက္ထန္ေနသလို ခံစားေနမိတယ္။ အမွန္ေျပာရရင္ ကၽြန္မ ဒီပြဲအတြက္ အနည္းငယ္ စိုးရိမ္ေနတယ္။ ေက်းဇူးျပဳၿပီး အရွင္ေတြ ေက်းဇူးနဲ႔ အဆင္ေျပေျပ ၿပီးပါေစ။ ကိုယ့္နယ္မွာ လုပ္တဲ့ပြဲမို့ ပိုၿပီး အဆင္ေျပေျပ ျဖစ္ေစခ်င္ေနတယ္။ ငွက္ေပ်ာပြဲ အုန္းပြဲ အားလုံးကို သက္ဆိုင္ရာ ေနရာေတြမွာ အစီအရီ ထိုးၿပီး စံပယ္ပန္းေတြ ကိုလည္း ေဝေနေအာင္ လွူထားတယ္။ မနက္ ၉ နာရီ ေလာက္မွာေတာ့ ကနား အစကို သေျပမနဲ႔ တျခားနယ္က ကေတာ္ႏွစ္ေယာက္နဲ႔ ေပါင္းၿပီး အဖြင့္ကခိုင္း လိုက္တယ္။

"ျမန္မာအစ တေကာင္းကပါ ဘုရား။ အိမ္တြင္း အေဖႀကီး မင္းမဟာဂီရိ ကေန စတင္လို့ အႀကိဳေတာ္ ေထာက္ပါၿပီ ဘုရား"

သီခ်င္းသံနဲ႔အတူ နတ္ဆိုင္းသံက ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ တီးေနၿပီ။ သူတို့အဖြင့္ စၿပီးရင္ ကၽြန္မ ကိုႀကီးေက်ာ္ စေခ်ာ့ရေတာ့မယ္။ ဒါေၾကာင့္ ကၽြန္မ ကိုႀကီးေက်ာ္ နတ္႐ုပ္ရဲ့ ရင္ဘတ္ကို ပြတ္သတ္ၿပီး ကၽြန္မ နဖူးနဲ႔ ပါးကို ပြတ္လိုက္တယ္။

"ေက်းေတာ္မ်ိဳး ကၽြန္မ၊ ကၽြန္ေတာ္မ်ိဳး ကၽြန္မကို ခ်စ္စိတ္နဲ႔ ျဖစ္သမၽွကို ခြင့္လႊတ္ေပးပါ"

သေျပမကိုလည္း ကၽြန္မ နည္းနည္း စိတ္ပူေနတယ္ ဆိုတဲ့အေၾကာင္း ေျပာထားလို့ သေျပမက ကၽြန္မကို အရိပ္ တၾကည့္ၾကည့္ လုပ္ေနတယ္။ ေနာက္ စပါၿပီ။

"ကိုႀကီးေက်ာ္ ... ကိုႀကီးေက်ာ္ ... တို့ ကိုႀကီးေက်ာ္ ... ထူးလည္းထူးတယ္ ... မူးလည္းမူးတယ္ ... တို့ ကိုႀကီးေက်ာ္ အရက္သမား မွန္ရင္ေလ ယွဥ္ၿပိဳင္ကာ ေသာက္လိုက္ခ်င္တယ္ ... ၾကက္သမား မွန္ရင္ေလ ယွဥ္ၿပိဳင္ကာ တိုက္လိုက္ခ်င္တယ္"

ကၽြန္မ ေခ်ာ့ေနရင္းနဲ႔ အမ်ိဳးအမည္ မသိတဲ့ အရိပ္ေတြက ဖ်တ္ခနဲ ဖ်တ္ခနဲ။ ကၽြန္မစိတ္ထဲမွာ က်ားေတြက တစ္မ်ိဳး၊ ဓားေတြက တစ္မ်ိဳးနဲ႔ မူးေဝေနတယ္။ ဒါ့အျပင္ ဆိုးတာက ကၽြန္မ စိတ္ထဲမွာ ကိုႀကီးေက်ာ္ရဲ့ ေသာက္ေတာ္ဘူးကို မေသာက္ဘဲ နားခ်င္ေပမယ့္ ကၽြန္မလက္မွာ ကပ္ၿပီး တစ္စုံတစ္ေယာက္က အတင္းတိုက္ေနလို ခံစားေနရလို့ အဆတ္မျပတ္ ေသာက္ေနမိတယ္။

အဲဒီ အခ်ိန္မွာ ကၽြန္မရဲ့ လက္ဦးဆရာ မာမီႀကီးရဲ့ "ကေတာ္ေတြ အမွားတစ္ခုခု လုပ္ထားရင္ လူလယ္ေကာင္မွာ အရွက္ခြဲ ခံရတတ္တယ္ေနာ္။ အဲဒါ တစ္ခုကို ျမဲျမဲမွတ္ထား။ အထူးသျဖင့္ ကိုႀကီးေက်ာ္ ..." ဆိုတဲ့ စကားသံက ကၽြန္မ နားထဲကို သံရည္ပူနဲ႔ ေလာင္းခ်သလို ခံစားလိုက္ရတယ္။

* * *

အခန္း (၇)
ကိုႀကီးေက်ာ္ကို ေခ်ာ့ေနရင္းနဲ႔ ကၽြန္မ စိတ္ထဲမွာ မသိုးမသန႔္ ျဖစ္လာတယ္။ နယ္ကို မလာခင္က ကန္ေတာ့ပြဲေတြနဲ႔ အရွင္တို့ နတ္႐ုပ္ေတြကို ေဒါသတစ္ခုတည္းနဲ႔ ျပစ္မွားခဲ့မိလို့ ထင္တယ္။ ကၽြန္မ မ်က္ႏွာက မီးျပင္တစ္ခုလို ပူျပင္းၿပီး အေငြ႕ေတြ ထြက္ေနတယ္လို့ကို ထင္ေနမိတယ္။

အဲဒီ အခ်ိန္မွာ ကိုႀကီးေက်ာ္ကို ေခ်ာ့ေနတဲ့ နတ္တီးလုံးက တျဖည္းျဖည္း ေျပာင္းသြားၿပီး ကၽြန္မေဘးကို နတ္ကေတာ္ အဘြားႀကီး တစ္ေယာက္ ဝင္လာတယ္။ အေၾကာင္း တစ္ခုခုေၾကာင့္ သူ ဝင္ကူၿပီေလ။ အဘြားက အသက္ ၆၀ ေလာက္ ရွိတယ္။ ဒီနယ္မွာ ဩဇာအရွိဆုံး ကေတာ္အိုႀကီး တစ္ေယာက္လည္း ျဖစ္တယ္။ အဘြားရဲ့ လိပ္ျပာအစြဲက ကိုႀကီးေက်ာ္ပင္။ အမွန္ဆို ကိုႀကီးေက်ာ္ ေခ်ာ့ေနရင္ ေတာ္႐ုံလူ ဝင္လာတာမ်ိဳးႏွင့္ တျခားနတ္ တစ္ပါးပါး ဝင္ပူးလာတယ္ ဆိုတာမ်ိဳးကို ဘယ္ကေတာ္မွ လုပ္ေလ့လုပ္ထ မရွိ။

"ပြဲဦးမင္းပါ ဘုရား။ ပြဲလယ္မင္းပါ ဘုရား။ ပြဲသိမ္းမင္းပါ ဘုရား၊ အမွားအယြင္း တစ္စုံတစ္ရာ ရွိရင္ ခြင့္လႊတ္ ေပးေတာ္မူပါ ဘုရား"

အဘြားက ႏွုတ္မွ တဖြဖြ ရြတ္ရင္း နတ္သီခ်င္းကိုလည္း ေျပာင္းခိုင္းေနတယ္။ ဆိုင္းသမားကို လက္ေတြ ဘာေတြျပၿပီး အခ်က္ျပဖို့ ကိစၥကို ကၽြန္မ ဘယ္လိုမွ လုပ္လို့ မရဘူး။ ေနာက္ သီခ်င္း ေအးေအးေလးက ဆိုင္းသံနဲ႔ ၿငိမ့္ၿငိမ့္ေညာင္းေညာင္း ထြက္လာတယ္။ နတ္ေခ်ာ့ သီခ်င္းသံေတြက တစ္မ်ိဳးၿပီး တစ္မ်ိဳး ခ်ိန္းလို့ သြားသလို ကၽြန္မ ဘာေတြ လုပ္မိလို့ လုပ္မိမွန္း မသိေတာ့ပါဘူး။ အဘြားကေတာ့ ကၽြန္မတို့လို လွပေအာင္ ျခယ္သထားတာမ်ိဳး မဟုတ္ဘူး။ ရွင္မေတာင္ သနပ္ခါး ေရက်ဲေလး လိမ္းၿပီး ေခါင္းေပါင္း တစ္ခုကိုပဲ ဟန္က်ပန္က် ေပါင္းထားတယ္။ နယ္မွာေနတဲ့ ကေတာ္ျဖစ္လို့ အသက္ကလည္း ႀကီးေတာ့ ေမာ္ေမာ္ႂကြားႂကြား ဟန္မရွိ။ သမၻာရင့္ေနတဲ့ ကေတာ္အို ဆိုေတာ့ ကၽြန္မ ျဖစ္ေနတာကို ရိပ္စားမိေနပုံ ရတယ္။ ဒါေၾကာင့္ ပညာသား ပါပါနဲ႔ ေတာင္းပန္ၿပီး လာကူတာ။

"ဒိုး ... နန္းေတာ္ႀကီးက ဒိုး ေဟ့"

သမိုင္းႀကီးတဲ့ သခင္၊ စိတ္ဆတ္တဲ့ သခင္၊ ေက်းေတာ္မ်ိဳး ကၽြန္မ ကၽြန္ေတာ္မ်ိဳး ကၽြန္မကို ကိုးျပစ္ရွိရင္လည္း ခြင့္လႊတ္ပါ၊ ဆယ္ျပစ္ရွိရင္လည္း ခြင့္လႊတ္ပါလို့ ကၽြန္မ ဒိုးဆြဲရင္း တဖြဖြ ေတာင္းပန္ေနတယ္။ ကၽြန္မ ျမင္ကြင္းေတြ တျဖည္းျဖည္း ဝါးလာတယ္။ ေနာက္ဆုံး ဒိုးသံကို တစ္ခ်က္ခ်ၿပီး နတ္ပို့ သီခ်င္းသံကို တီးလိုက္တဲ့ အခ်ိန္မွာ အဘြားက ကၽြန္မ ေခါင္းေပါင္းကို ဆြဲခၽြတ္လိုက္တယ္။

* * *

"ညည္းကိုေအ စိတ္ပူလိုက္ရတာ ေကာင္မ။ ကေတာ္ေတြ အားလုံး နင့္ ဝိုင္းၾကည့္ ေနၾကတာ။ ေနာက္ အဘြား ေဒၚက်င္ေအးက တစ္ခုခုေတာ့ လြဲေနၿပီ ေရတစ္ခြက္ သြားယူေပး ငါ့ကို ဆိုၿပီး ကိုယ္ေတာ္ႀကီး နတ္႐ုပ္မွာ သြား တိုင္တည္တာဟ"

သေျပမ စကားသံ ၾကားလိုက္ရမွ ပိုၿပီး ထိတ္လန႔္ သြားသလိုပင္။

"ေအးဟယ္၊ ငါဘယ္လို ျဖစ္လို့ ျဖစ္သြားမွန္းကို မသိဘူး။ ေတာ္ေသးတယ္ အဘြား လာကူေပးလို့။ ငါမျပန္ခင္ေတာ့ သြားကန္ေတာ့ဦးမယ္"

ကၽြန္မ စကားကို သေျပမက ေထာက္ခံတယ္။

"အဘြား နတ္ပြဲေတြ သိပ္မကေတာ့ဘူးတဲ့။ အသက္လည္း ရလာေတာ့ အေသာက္အစားေတြက ဘုရားမႀကိဳက္လို့ ဆိုၿပီး ဘာသာေရး လုပ္ေနတာ မ်ားတယ္။ ဘုရားသြား ေက်ာင္းတက္နဲ႔ ေပ်ာ္ေမြ႕ေနတာ။ ဒီေန႔ေတာင္ နင့္အေဒၚက သြားၾကည့္ေပးပါဦး။ ကေလးေတြ အမွားအယြင္း ျဖစ္မွာစိုးလို့ ဆိုၿပီး အကူအညီေတာင္းလို့ လာတာတဲ့"

ကၽြန္မက "ဪ ..." ဆိုတဲ့ စကားအျပင္ တျခားစကား မေျပာနိုင္ဘူး။ တစ္သက္လုံး နတ္မွနတ္ အရိုးစြဲလာတဲ့ နတ္ကေတာ္ႀကီးေတြေတာင္ အသက္ႀကီးလာေတာ့ ေလာဘ၊ ေဒါသ၊ ေမာဟေတြကို ဘာသာေရး အသိနဲ႔ ထိန္းခ်ဳပ္သြားနိုင္ ၾကတာပဲလို့ ေတြးမိတယ္။

"နင့္ ကိစၥေတြ ၿပီးရင္ ျပန္ၾကစို့ေလ။ ဒီမွာက ဘာအလုပ္မွ မရွိဘူး။ ဟိုမွာ ငါတို့ အလုပ္ေတြ ပစ္ထားရတာ မ်ားေနၿပီ"

သေျပမ စကားကို နားေထာင္ရင္း ေနာက္ရက္ေတာ့ ျပန္မယ္လို့ ေျပာလိုက္တယ္။ ေနရာေဟာင္းကို ျပန္ရေတာ့မယ္ ဆိုေတာ့ အရိပ္ေဟာင္းက ပုံရိပ္ေလးေတြက တက္တက္လာ ျပန္တယ္။ ကၽြန္မ ဟိုမွာ မရွိတဲ့ အခ်ိန္မွာ ေမာင္ ဘယ္သူ႔ ရင္ခြင္ကို ေရာက္ေနမလဲ မသိဘူး။ တစ္ဖက္သတ္အခ်စ္ လို့ေတာ့ မေျပာၾကပါနဲ႔။ ဘယ္သူမွ မသိေအာင္ ေမာင္ ၾကည္ျဖဴထားတဲ့ အရာေလးေတြ ကၽြန္မ ရင္ထဲ အျပည့္ရွိတယ္။

ပတ္ဝန္းက်င္ရဲ့ အရိပ္ေတြ စြန္းထင္လာမွာ စိုးလို့ ေမာင္ ထုတ္မျပတာ ေနမွာပါ။ ေမာင္ ကၽြန္မအေပၚ ၾကင္နာခဲ့တာ ဘယ္သူမွ မသိေပမယ့္ ကၽြန္မ ႏွလုံးသားက ခံစားမိေနတယ္။ ေမာင့္ မ်က္လုံး၊ ေမာင့္ အသံ၊ ေမာင့္ ကိုယ္သင္းရနံ့ေလးေတြကို နာက်င္စိတ္နဲ႔ ဆိုရင္ေတာင္ အဆုံးသတ္က ပိုခ်စ္မိပါတယ္လို့ ကၽြန္မ ေျဖမိမယ္ ထင္တယ္။ ေယာက္်ား တစ္ေယာက္က ေယာက္်ား တစ္ေယာက္ကို ခ်စ္တာ အျပစ္လို့ မဆိုၾကပါနဲ႔ေတာ့။ အေတြးေတြက ေတာင္ေရာက္ ေျမာက္ေရာက္နဲ႔ ျဖစ္ေနလို့ အုန္းေမာင္းေတာင္ ဘယ္ႏွခါ ေခါက္သြားတယ္ မသိ။

"ထေတာ့ ...၊ မိုးေတာင္ ေတာ္ေတာ္ လင္းေနၿပီ။ လင္ေတာ္ေမာင္ အေၾကာင္း ေတြးၿပီး လြမ္းစိတ္နဲ႔ အိပ္မေပ်ာ္ဘူး မဟုတ္လား ေကာင္မ"

သေျပမက ေျပာလ်က္နဲ႔ ကၽြန္မေပါင္ကို ရိုက္ၿပီး ႏွိုးတယ္။ သူေျပာလိုက္မွ ကိုယ္ကပဲ အခ်စ္႐ူး စစ္စစ္ႀကီး ျဖစ္ေနသလို။

"မေသာ္ေမာ္ ... ေစာေစာစီးစီး အခ်င္းခ်င္းေတြ လာဝုန္းေနတယ္။ ေမာင့္ကို လြမ္းတယ္လို့ ေျပာမလို့ေတာင္ ေျပာမထြက္ေတာ့ဘူး"

မ်က္ေစာင္းႀကီးႀကီး ထိုးၿပီး ခပ္ရြဲ႕ရြဲ႕ ဆိုလိုက္ရင္ သေျပမက ...

"ညည္းကိုက မူယာပို ဆိုတဲ့အတိုင္း ပိုတာပါ။ ညည္းအေဖ ဆုံးေတာ့ ဘာမဆိုင္ ညာမဆိုင္ ငါ့ကိုယ္ေတာ္ေတြကို ပတ္ရမ္းၿပီး ဇြတ္မ်ား က်ားေတာ့ မလားလို့"
"ေကာင္မ ေစာေစာစီးစီး ကတ္တလီယာေဒ ပြင့္ေနပါလား။ ငါ မေျပာခ်င္ဘူးေနာ္။ ဘုန္းႀကီးလူထြက္ပဲ ရွိတယ္။ ေျခာက္လူထြက္လို့ ရွိလို့လား။ အခ်ိန္တန္ေတာ့လည္း ေမာင္မွ ေမာင္ပါပဲကြယ္။ ဒီက မူယာပို ဆိုတာ ေမာင့္အတြက္ သီးသန႔္ သိၿပီလား"

* * *

အခန္း (၈)
"အဘြားတို့တုန္း ကလည္း ဒါမ်ိဳး ၾကဳံဖူးတယ္ ဖိုးေက်ာ္၊ မင္းေလာက္ႀကီး မဟုတ္ေပမယ့္ မင္းေလာက္ နီးနီးပါပဲ။ အဲဒီတုန္းက အဘြားဆရာ ေယာက္်ား နတ္ကေတာ္ႀကီးက ေတာင္းေတာင္းပန္ပန္နဲ႔ တြဲေခ်ာ့လို့ အရွက္မကြဲတာ။ ေနာက္တစ္ခါဆို ဂ႐ုစိုက္ပါေအ။ ကိုယ္ေတြက ဒီအလုပ္နဲ႔ အသက္ေမြး ဝမ္းေက်ာင္း ျပဳေနတာ မဟုတ္လား။ သူတို့ကို ရိုေသမွ သူတို့ကလည္း ကိုယ့္ကို ျပန္ခ်စ္ေပမေပါ့"

အဘြား ေျပာျပတဲ့ အတိတ္အေၾကာင္း ၾကားမွပင္ ကၽြန္မ ကံေကာင္းသြားတာ ေသခ်ာသိလိုက္သည္။ မဟုတ္ရင္ မလြယ္။ မူယာပို ဆိုတဲ့ နတ္ကေတာ္ နတ္ကနားမွာ အရက္ေသာက္လြန္ၿပီး မူးလဲလို့ ဆိုရင္ ေက်ာ္မေကာင္း ၾကားမေကာင္း ျဖစ္ေတာ့မယ္။ ေနာက္ အဘြားက ဆက္ေျပာတယ္။

"ခု ပိုအဆင္ေျပ သြားတာ။ အဘြားက နတ္သိပ္မက ျဖစ္ေတာ့ဘူး။ ခုနက တစ္ခုခု မွားေနတယ္လို့ စိတ္ထဲထင္လို့ ဝင္ေခ်ာ့လိုက္တာ။ ေနာက္ အလွူအတန္းနဲ႔ ဘာသာေရး လုပ္ျဖစ္ရင္ အရွင္ေတြကို အမၽွအတန္း အျမဲေပးေဝတယ္။ ဒါေၾကာင့္လည္း အဘြားကို သူတို့ ခ်စ္ၾကတာ ျဖစ္မွာပါ။ နတ္က စားခဲ့တဲ့ သက္တမ္း တစ္ေလၽွာက္လုံးမွာ အခက္အခဲ ႀကီးႀကီးက်ယ္က်ယ္ မျဖစ္ခဲ့ဖူးဘူး"

အဘြားက ေမာပန္းသြားဟန္နဲ႔ ခဏနားတယ္။ စကားနည္းနည္း ထပ္ေျပာၿပီး အဘြားကို ကၽြန္မနဲ႔ သေျပမ ကန္ေတာ့ ႏွုတ္ဆက္ၿပီး ျပန္ခဲ့တယ္။ ကၽြန္မတို့ နတ္ေလာကမွာ ကၽြန္မတို့ထက္ ဝါရင့္ သမၻာရင့္တဲ့ ကေတာ္ႀကီးေတြရဲ့ ထူးျခားတဲ့ ျဖစ္အင္ေတြ မ်ားစြာ ရွိတယ္ ဆိုတာကို အျပန္လမ္းမွာ ကၽြန္မ အေသအခ်ာ စဥ္းစားမိတယ္။

* * *

ဟိုမွာ တစ္ေယာက္တည္း ဆိုရင္ ေဖေဖ့ကို လြမ္းတဲ့စိတ္နဲ႔ ေနရခက္မွာ စိုးလို့ ေမေမ့ကို နယ္ကေန ရန္ကုန္ ေခၚလာတယ္။ အေဖ ရွိတုန္းက ကၽြန္မရဲ့ အလုပ္ကို ေမေမ ေထာက္လည္း မေထာက္ခံခဲ့သလို ကန႔္လည္း မကန႔္ကြက္ခဲ့ဘူး။ ခုခ်ိန္ထိ ကၽြန္မ အိမ္ကိုလည္း ေဖေဖ သြားခြင့္မျပဳလို့ ေမေမ တစ္ခါမွ မေရာက္ခဲ့ဘူး။ ဒါ ပထမဆုံး အႀကိမ္ပဲ ျဖစ္တယ္။

မွတ္မွတ္ရရ ကၽြန္မတို့ မိသားစု အိမ္ေရာက္ၿပီး တစ္ပတ္ေလာက္ အၾကာမွာ ေမာင္ ေရာက္လာတယ္။ ကိုယ္ခႏၶာ အလွအပ အခ်ိဳးအဆစ္ ေပၚေအာင္ဆိုၿပီး အျမဲ အက်ႌအက်ပ္နဲ႔ ေဘာင္းဘီကို မခၽြတ္တမ္း ဝတ္တဲ့ ေမာင္က ဒီေန႔ေတာ့ ရွပ္အက်ႌ အျပာႏုနဲ႔ က်င္ပုဆိုး ကြက္က်ဲကို ဝတ္ထားတယ္။ ေနာက္ ေမာင္စီးထားတဲ့ ကတၱီပါဖိနပ္ အစိမ္းေရာင္က ေမာင့္ေျခေခ်ာင္း၊ ခပ္ေဖြးေဖြးေလးကို ပိုၿပီး ၾကည့္ေကာင္းေစတယ္။

ေမာင္ ေရာက္လာတာကို ကၽြန္မ ရိပ္ခနဲ ျမင္လိုက္ေပမယ့္ သြားမေတြ႕ဘူး။ ေမေမနဲ႔ပဲ စကားဆက္ေျပာ ေနလိုက္တယ္။ အရိပ္ေလး ျမင္လိုက္တာေတာင္မွ ဘာေတြ ဝတ္လာတယ္ ဆိုတာကို ေသခ်ာ ဂ႐ုစိုက္ ၾကည့္မိတဲ့ ကၽြန္မကိုယ္ ကၽြန္မ မုန္းမိတယ္။ စိတ္ထဲမွာ ဘယ္ေလာက္ သတိရၿပီး ခ်စ္ေနပါေစ ေမာင့္ေၾကာင့္ ေဖေဖ့အတြက္ တာဝန္ မေက်သလို ျဖစ္ခဲ့တာ စိတ္နာေနမိ ေသးတာလည္း အမွန္ပါ။

သေျပမနဲ႔ေမာင္ စကားေတြ ေျပာေနၾကတယ္။ သူတို့ စကားလုံး တခ်ိဳ့ေတာ့ မၾကားမခ်က္ ၾကားတစ္ခ်က္ နားထဲကို ဝင္ဝင္လာတယ္။ ကၽြန္မ ေမေမကေတာ့ ဧည့္သည္ ဆိုတဲ့ အသိက လြဲၿပီး က်န္တဲ့အေတြး ရွိနိုင္မယ္ မထင္။ သူမက ရိုးရိုးအအ ေတာသူမႀကီးကိုး။

"ဧည့္သည္ သားဆီကို လာတာဆို သြားေတြ႕ေလ"

ေမေမ ေျပာလာၿပီ ဆိုေတာ့ မျဖစ္မေန သြားေတြ႕ရေတာ့မယ္။ ကၽြန္မ စိတ္ေတြကို ထိန္းခ်ဳပ္ မရနိုင္ေသးဘူး။ စိတ္ေတြက ေတာင္ေရာက္ ေျမာက္ေရာက္နဲ႔ သေျပမတို့ စကားေျပာေနတဲ့ ေနရာကို လွမ္းလာလိုက္တယ္။

"မင္းခန႔္ေက်ာ္ မင္းျပန္ေတာ့။ ဒီမွာ နယ္က အေမ ပါလာတယ္။ သူ ရွိေနတဲ့ အခိုက္မွာ ဘာျပႆနာမွ ငါမျဖစ္ခ်င္ဘူး။ ေနနိုင္ရက္တဲ့ မင္းလို ေယာက္်ားကို သိပ္စိတ္နာတယ္"

ကၽြန္မ ႏွုတ္ဖ်ားမွ ေမာင္ မဟုတ္ဘဲ မင္းခန႔္ေက်ာ္လို့ သုံးတဲ့ စကားလုံးကို ေမာင္ အံ့ဩသြားတယ္။ ေမာင့္မ်က္ဝန္းေတြမွာ မယုံၾကည္ဟန္ေတြ အျပည့္။ အမွန္ေတာ့ ကၽြန္မလည္း ဒီလို စကားေတြ ဘယ္ေျပာခ်င္မလဲ။ ကၽြန္မကိုယ္ ကၽြန္မ သေဘာေပါက္ရ ေတာ့မယ္။ ကိုယ့္ဘဝကို နားလည္ရမယ့္ အခ်ိန္တန္ေနၿပီ။

ရွင္တို့ေကာ ကၽြန္မ ဒီ မင္းခန႔္ေက်ာ္ဆိုတဲ့ အမည္နာမကို ေျပာခ်င္လြန္းလို့ ေျပာေနတယ္ ထင္ၾကသလား။ အမွန္ဆို ကၽြန္မ အခုလို ေဖေဖဆုံးလို့ အားငယ္ေနတဲ့ အခိုက္မွာ ေမာင့္ရင္ခြင္ကို မွီၿပီး ေလာကဓံကို ရဲရဲႀကီး ရင္ဆိုင္လိုက္ခ်င္ တာေပါ့။ ေဖေဖ ဆုံးတာေတာင္ အိမ္ကို တစ္ခ်က္မလာတဲ့ ေမာင္။

"ဖုန္းေလး တစ္ခ်က္နဲ႔ေတာင္ အဆင္ေျပလား ေမးေဖာ္ မရတဲ့သူကို စြဲလမ္းေနတာ မျဖစ္သင့္ေတာ့ဘူး။ ထန္းပင္ ငုတ္တို ဆိုတာ ဘယ္ေလာက္ပဲ ေရေလာင္းေလာင္း အေညႇာင့္ မထြက္နိုင္ဘူး။ ကၽြန္မ ဘဝက ထန္းပင္ငုတ္တို စစ္စစ္ေလ။ ဘယ္ေလာက္ ေရေလာင္းေလာင္း ဘယ္ေတာ့မွ ထြက္လာမွာ မဟုတ္တဲ့ အေညႇာင့္ကို ကၽြန္မ မိုက္႐ူးရဲစြာ ေမၽွာ္လင့္ေနခဲ့မိတာ။

မိန္းမတစ္ေယာက္ မဟုတ္တဲ့ လူတစ္ေယာက္ရဲ့ ေယာက္်ား တစ္ေယာက္အေပၚ ထားတဲ့ အခ်စ္နဲ႔ ေမတၱာတရားကို ရွင္ ကိုယ္ခ်င္းမစာနိုင္ဘူး ဆိုတာ နားလည္ထားပါတယ္"

မိန္းမ စကားေတြ မရပ္မနား ေျပာလိုက္မိတယ္။ စကားနဲ႔ အၿပိဳင္ မ်က္ရည္မိုးက စိုလာ ျပန္တယ္။ ရင္ထဲမွာ နင့္ေနတဲ့ ခံစားခ်က္က အလြမ္းလား၊ အခ်စ္လား၊ ၾကင္နာျခင္းလား၊ နာက်င္ျခင္းလား ဆိုတာ ကၽြန္မ ေကာင္းေကာင္း အဓိပၸါယ္ မေဖာ္နိုင္ေသးဘူး။ ေမာင့္နည္းတူ သေျပမကလည္း ကၽြန္ကို အံ့ဩဟန္နဲ႔ ၾကည့္ေနတယ္။

မျဖစ္သင့္တာေတြ ျဖစ္ေနတဲ့ ေလာကႀကီးမွာ ျဖစ္သင့္ျဖစ္ထိုက္တာေတြ လုပ္ဖို့ ကၽြန္မ ဆုံးျဖတ္ခ်က္ေတြ ခိုင္မာမွ ျဖစ္မယ္။ ထိန္းခ်ဳပ္တယ္ ဆိုတဲ့ စကားလုံးေတြ သုံးၿပီး ကၽြန္မ ဘယ္ဘဝကိုမွ အဆုံးထိ မနာက်င္ေစေတာ့ဘူး။ လြတ္ေျမာက္ေအာင္ ႐ုန္းထြက္ သြားစရာလည္း မလိုပါဘူး ေမာင္ရယ္။ ကၽြန္မ ေမာင့္ကို ၾကည္ၾကည္ျဖဴျဖဴ ခြင့္ျပဳလိုက္ပါေတာ့မယ္။

ဘဝကို တစ္က ျပန္စၿပီးရင္ ေမာင့္အတြက္ ေမာင့္အတြက္ ဆိုတဲ့ ႐ူး႐ူးမူးမူး ျဖစ္ေနတဲ့ ကိစၥေတြ ဘယ္ေတာ့မွ ျပန္မျဖစ္ေစရေတာ့ဘူး။ ခ်စ္မိသူကေတာ့ အခ်စ္ႏြံထဲက လြတ္ေျမာက္သြားတဲ့ ကၽြန္မ မၾကဳံဖူးေသးဘူး။ ကၽြန္မ ရဲရင့္မွ ျဖစ္မယ္။

"အင္းပါ ... ခ်စ္၊ မင္း ေမာင့္ကို စိတ္နာေနမယ္ ဆိုတာ ေမာင္ နားလည္ပါတယ္။ ပတ္ဝန္းက်င္ အျမင္မွာေတာ့ ေမာင္က မင္းအေပၚ အရမ္းဆိုး၊ အရမ္းနိုင္စားတဲ့ လူဆိုးေလးေပါ့။ ဒါေပမယ့္ ေမာင္ ခ်စ္အေပၚ ေကာင္းခဲ့တာေတြကို ခံစားတတ္တဲ့ ခ်စ္ႏွလုံးသားက တစ္ခ်ိန္ခ်ိန္မွာ သိမွာပါ။ ခပ္ေဟာ့ေဟာ့ ေနတတ္လို့ ႏွလုံးသားမွာ ယုတ္ညံ့ျခင္းေတြ အျမဲကိန္းေအာင္းေနမယ္လို့ ခ်စ္ တရားသေဘာနဲ႔ တြက္ထားရင္ မွားလိမ့္မယ္။ ခ်စ္အျမင္မွာ ခ်စ္ကိုယ္ခ်စ္ ထန္းပင္ငုတ္တိုလို မျမင္ဘဲ ေရနဲ႔ထိတိုင္း အေညႇာင့္ေလးေတြ ထြက္ထြက္လာတဲ့ သေျပငုတ္ ျဖစ္လာမယ့္ေန႔မွာ ေမာင္ျပန္လာခဲ့မယ္"

ေမာင့္စကား အဆုံးမွာ ကၽြန္မကို ဖက္ၿပီး ပါးျပင္ကို ခပ္ဖြဖြ နမ္းေတာ့ က်ယ္ဝန္းလွတဲ့ ေမာင့္ရင္ခြင္ရဲ့ အေႏြးဓာတ္က ကၽြန္မကိုယ္ကို လႊမ္းျခဳံသြားေလရဲ့။

* * *

အခန္း (၉)
ေမာင့္ႏွုတ္ခမ္း ရဲရဲေလးက ကၽြန္မပါးကို ထိတယ္ ဆို႐ုံေလး နမ္းၿပီး ေမာင္ ကၽြန္မေရွ႕က လွည့္ထြက္သြားတယ္။ ေမာင့္အနမ္းေလး တစ္ပြင့္မွာတင္ ကၽြန္မ ႏွလုံးသား တစ္ခုလုံး ၿပိဳက် ပ်က္စီးသြားတယ္။ ေမာင္ ကၽြန္မနဲ႔ ဆန႔္က်င္ရာ အရပ္ကို ေျခလွမ္းတစ္လွမ္း လွမ္းလိုက္တိုင္း ကၽြန္မရဲ့ ခ်စ္တတ္တဲ့ ကမၻာမွာ ေနတစ္စင္း ထြက္ထြက္လာတယ္။ ေမာင္ ကၽြန္မကို ထာဝရ ထားသြားခဲ့ၿပီလား မသိ။ ကၽြန္မနဲ႔ ေမာင္ရဲ့ ျဖစ္စဥ္ကို သေျပမက ဘာမွမေျပာဘဲ ဆြံ့အေနတယ္။

ကၽြန္မ အသိစိတ္ ျပန္ဝင္လာတဲ့ အခ်ိန္ ေမာင္က ကၽြန္မနဲ႔ သေျပမတို့ရဲ့ အေဝးဆုံး တစ္ေနရာကို ေရာက္ေနၿပီ။ ေမာင္က ... ထန္းပင္ငုတ္ မဟုတ္ဘဲ ေရနဲ႔ ထိတိုင္း အေညႇာင့္ေလးေတြ ထြက္ထြက္လာတဲ့ သေျပငုတ္တို ျဖစ္မွ ျပန္လာမယ္ ဆိုေတာ့ ေမာင္ ကၽြန္မကို သံေယာဇဥ္ ရွိေနခဲ့တယ္ေပါ့။ ကၽြန္မ ေမၽွာ္ေနရမွာလား။ ေပ်ာ္ေနရမွာလားဟင္ ...။

"မူယာ ... မူယာ ... ေကာင္မ"

သေျပမက ကၽြန္မကို စိတ္ပူပန္စြာ ေခၚေနတယ္။

"မင္းခန႔္ေက်ာ္ တကယ္ ထြက္သြားၿပီလား မသိဘူးေနာ္။ ညည္းကို ငါ ဒီေလာက္ထိ ေျပာလိမ့္မယ္ ထင္မထားဘူးဟယ္။ အမွန္ကေလ ညည္းအေဖ အသုဘကို ငါက မလာခိုင္းလို့ သူမလာတာ။ ညည္းအေဖ ဆုံးတာ သိသိခ်င္း ငါတို့ နယ္လိုက္သြားတဲ့ေန႔ သူ လိုက္လာရမလား ေမးတယ္။ ညည္းက အိုက္တင္ေတြနဲ ငိုေနလို့ ငါက မလာေစခ်င္ဘူး ထင္မိလိုက္တာ"

သေျပမက ေျပာေနရင္း ကၽြန္မလက္ကို လာကိုင္တယ္။

"မွားကုန္ၿပီ ထင္တယ္ မူယာရယ္။ ေအးေအး ေဆးေဆးမွ ညည္းကို ေျပာမယ္ဆိုၿပီး ေနေနတာ"
သေျပမက မငိုဘဲ ရွု္က္ေနတယ္။ ကၽြန္မကို ေျပာမျပတဲ့ ဘယ္ အေၾကာင္းအရာေတြမ်ား သေျပမနဲ႔ ေမာင့္ၾကားမွာ ရွိေနေသးတာလဲ။

"ညည္းအေဖ နာေရးၿပီးေတာ့ ငါ ရန္ကုန္ကို ျပန္လာတယ္။ အဲဒီတုန္းက မင္းခန႔္ေက်ာ္ လာေတြ႕တယ္။ နာေရးနဲ႔ ေငြေရးေၾကးေရး ခက္ခဲေနမွာဆိုၿပီး နင္ဝယ္ေပးထားတဲ့ iPhone ကိုေရာင္းၿပီး ေငြေတြ ျပန္လာေပးတယ္။ နင္သိရင္ လက္မခံမွာ စိုးလို့ ငါ ဒီအတိုင္း ယူထားလိုက္တာ။ မင္းခန႔္ေက်ာ္ကလည္း အတင္း ကူညီတယ္။ ဒီလိုျဖစ္တာ စိတ္မေကာင္းဘူး ဆိုၿပီး ေတာင္းပန္တာေၾကာင့္လည္း ပါတာေပါ့ဟယ္"

ဒါဆို နာေရး အၿပီးမွာ ပြဲေတြ လက္ခံထားတယ္ ဆိုၿပီး သေျပမ ပိုလို့ ေမေမ့ကို ေပးခဲ့တဲ့ေငြေတြက ေမာင္ ကၽြန္မကို ျပန္ေပးတဲ့ ေငြေတြေပါ့။ ေျပာေျပာဆိုဆို သေျပမက အခန္းထဲ ဝင္သြားၿပီး အနီေရာင္ ဘူးေလးကို ယူလာတယ္။

"ဒီမွာ မင္းခန႔္ေက်ာ္ရဲ့ စိန္နားကပ္"

သေျပမက ဘူးကို ဖြင့္လိုက္တဲ့အခါ ေမာင့္နားရြက္ ပါးပါးရဲရဲေလး လွေနတဲ့ စိန္နားကပ္ေလးရဲ့အေရာင္က စူးစူးရွရွ။

"နင္ ေငြလိုရင္ ေရာင္းၿပီး သုံးရေအာင္တဲ့ေလ။ အားလုံး မွားကုန္ပါၿပီဟယ္"

သေျပမက စိန္နားကပ္ေလးကို ကိုင္ၿပီး ငိုေလၿပီ။ သေျပမ စကားအဆုံးမွာ ကၽြန္မ ဦးေခါင္း တစ္ခုလုံး ခ်ာခ်ာလည္ သြားတယ္။ ကၽြန္မ ရင္ထဲမွာ ေနဆယ္စင္း တစ္ၿပိဳင္တည္း ထြက္လာသလို ခံစားလိုက္ရတယ္။ အခ်ိန္တစ္ခုခုရဲ့ အျဖစ္အပ်က္ေတြကို ကၽြန္မ မသိဘဲ စိတ္ထင္ရာေတြ ေျပာလိုက္တာ သြားၿပီ။ ေမေမ ရွိေနလို့ စကားကိုလည္း က်ယ္က်ယ္ မေျပာနိုင္တဲ့ သူက ကၽြန္မပါ။

ဟုတ္ပါတယ္။ အိုး ... ကၽြန္မအေတြးေတြ မွားကုန္ၿပီရွင္။ ကၽြန္မ ကိုယ္တိုင္က ေငြနဲ႔ေပးၿပီး အေပ်ာ္ေတြ ရွာေနရတယ္လို့ ထင္ေနတာ အမွားေတြေပါ့။ ျဖစ္သမၽွ ျပန္စဥ္းစားၾကည့္ မိတယ္။ လူျမင္ကြင္းမွာ ေမာင္ ကၽြန္မကို သဲသဲလွုပ္ ဂ႐ုစိုက္မျပ တတ္ေပမယ့္ လူမျမင္နိုင္တဲ့ ေနရာေတြမွာ ဖိနပ္ကအစ ကိုင္ေပးခဲ့ဖူးတယ္။ ေမာင္မိုးေပးတဲ့ ထီးေတြကို ကၽြန္မ ေပ်ာ္ေပ်ာ္ပါးပါး ေဆာင္းခဲ့ဖူးသလို ေမာင္ ယုယုယယ တိုက္တဲ့ ေရေတြ ေသာက္ခဲ့ဖူးတယ္။

ကၽြန္မ ဘာလို့ ဒါေတြကို အခ်စ္တို့ သံေယာဇဥ္တို့လို မျမင္ဘဲ ငါက သူ႔ကို ေငြေၾကးေတြနဲ႔ ပံ့ပိုးေနလို့ ဒါေတြ လုပ္ေပးေနတာလို့ ထင္ေနမိတာလဲ။ ေမာင္မ်ား စိတ္နာၿပီး ကၽြန္မဆီ ျပန္မလာေတာ့ရင္ လြမ္းတဲ့စိတ္နဲ႔ ကၽြန္မ ေသမွာ။ ပြဲေတြ၊ ပန္းေတြ၊ ဆီမီးေတြ၊ အေမႊးတိုင္ ရနံ့ေတြနဲ႔ လွပေနတဲ့ ကၽြန္မရဲ့ နတ္ခန္းက ရနံ့ေတြက ကၽြန္မကို ေလွာင္ေျပာင္ ေနသလိုလို။

"လူႀကီးမင္း ေခၚဆိုေသာ ဖုန္းမွာ စက္ပိတ္ထားပါတယ္ ရွင္"

ေခၚလိုက္တဲ့ အခ်ိန္တိုင္း ၾကားရတဲ့ အသံေတြက နားဝကို မသက္သာပါလား။

"သေျပမ ... ေမာင္ေနတဲ့ တိုက္ခန္းကို ငါ့တို့ လိုက္သြားမလား"
"ျဖစ္ပါ့မလား ေကာင္မရယ္။ ေတာ္ၾကာ ငါတို့ပုံစံေတြကို မင္းခန႔္ေက်ာ္ သူငယ္ခ်င္းေတြ ေတြ႕သြားရင္ သိကၡာက်ေနပါဦးမယ္"

ကၽြန္မ အေမးကို သေျပမက စဥ္းစားရင္း ျဖည္းျဖည္း ေျဖတယ္။ ကၽြန္မ နည္းတူ သေျပမလည္း ေမာင့္အေပၚ ေစတနာ ရွိပါလား။ ေမာင့္ အသိုင္းအဝန္းမွာ ေမာင့္ကို အထင္ေသး ခံရမွာကို စိတ္ပူေနတယ္။

"တစ္ခုေတာ့ ရွိတယ္။ ငါတို့ ေယာက္်ားပုံစံ ဝတ္သြားမွ ျဖစ္မယ္။ ငါတို့ေၾကာင့္ သူ႔ကို အထင္ေသး မခံရေစခ်င္ဘူး။ နင္လည္း ေဆးဆိုးထားတဲ့ နင့္လက္သည္းေတြကို ဖ်က္ၿပီး ညႇပ္ပစ္လိုက္ဟာ။ ငါလည္း အရွည္ထားတဲ့ ဆံပင္ကို နည္းနည္း ၾကည့္ေကာင္းေအာင္ ညႇပ္လိုက္မယ္"

ကၽြန္မ တစ္ခါမွ ကၽြန္မဆံပင္ ညႇပ္ၿပီးမွ သြားေတြ႕မယ္လို့ မေတြးမိဘူး။ သေျပမကေတာ့ ေဘးကေန ကၽြန္မတို့ ျဖစ္ပုံကို အကုန္သိေနေတာ့ ပတ္ဝန္းက်င္နဲ႔ သဟဇာတ ျဖစ္မယ့္ပုံမ်ိဳးကို ေျပာင္းခိုင္းေနတယ္။

"ေအးပါ ေကာင္မရယ္။ သြားေတြ႕ရမွာက က်ဳပ္လင္ေနာ္။ ညည္းလင္ မဟုတ္ဘူး။ ပိုပိုေတြလုပ္ၿပီး ခ်ိဳးေၾကာ္၊ စနိုက္ေၾကာ္ေတာ့ လုပ္မယ္ မႀကံနဲ႔"
"မူးထာဟယ္။ မေထာ္မနန္းေတြ သူငယ္ခ်င္းလင္ကို ေၾကာင္ေတာင္ႏွိုက္စရာလား။ ဒီမွာၾကည့္၊ ခါးေလးလွုပ္ကာ လွမ္းသာ ေလၽွာက္လိုက္စမ္းပါ သူငယ္ေတြ၊ သူငယ္ေတြဆိုတာ သေျပမ ေနာက္မွာ တစ္ပုံႀကီး သေဘာေပါက္လား မေသာ္ေမာ္"

သေျပမက သူ႔ကိုယ္ခႏၶာ ခပ္ျပည့္ျပည့္ကို တစ္ပတ္လွည့္ၿပီး အိုက္တင္ေတြ လုပ္ျပလို့ စိတ္ညစ္ေနတဲ့ၾကားက စိတ္ေပ်ာ္သလို ျဖစ္သြားသည္။

အားလုံး အဆင္သင့္ ျဖစ္ေနၿပီ။ ေမာင့္ဆီ သြားဖို့ပဲ က်န္ေတာ့တယ္။ ကၽြန္မလည္း အႏွစ္ႏွစ္အလလ မဝတ္ဘဲထားတဲ့ ပုဆိုးႀကီး တကားကားနဲ႔ သေျပမကလည္း ေဘာင္းဘီအက်ပ္ကို ပုံက်ေအာင္ ဝတ္ထားတယ္။ ေျပာသာေျပာတယ္။ တစ္သက္လုံး က်ားက်ားလ်ားလ်ား ဝတ္တာ မေတြ႕ဖူးတဲ့ သေျပမပုံက ကၽြန္မ မ်က္စိထဲမွာ လယ္ေတာထဲက စာေျခာက္႐ုပ္ကို ေဘာင္းဘီစြပ္ထားတဲ့ အတိုင္း။ ကၽြန္မ ကြက္ၾကည့္ကြက္ၾကည့္ လုပ္ရင္း ျပဳံးေနလို့ သေျပမ ရွက္ကိုးရွက္ကန္း ျဖစ္ၿပီး သူ႔ေဘာင္းဘီကို ျပန္ျပန္ၾကည့္ေနတယ္။

"ဂြမ္းပါၿပီေတာ္။ ငါ့ရဲ့ လွပတဲ့ ငါ့ရွဉ့္ကိုယ္လုံးေလး မေပၚေတာ့ဘူး။ ဒီေယာက္ျပား ပုံႀကီးနဲ႔"

သေျပမ စကားေၾကာင့္ ကၽြန္မ ဟားတိုက္ ရယ္လိုက္တယ္။ ေတာ္ေသးတယ္၊ ေမေမမ်ား ကၽြန္မကို ဒီပုံျမင္ရင္ ဘယ္ေလာက္ ရယ္ခ်င္မယ္ မသိဘူး။ အိမ္မွာ ၃ ရက္ပဲ ေနၿပီး သူ မေနနိုင္ဘူး။ နယ္ကိုျပန္မယ္ ဆိုၿပီး ျပန္ပို့လိုက္လို့ ေတာ္ေသးတယ္။ မဟုတ္ရင္ မလြယ္။

"တပည့္ေတာ္မ ေမာင္နဲ႔ အဆင္ေျပပါေစ ဘုရား။ ကူညီေဆာင္မေပးပါ"

အစ္မေတာ္ မေငြေတာင္နဲ႔ အရွင္ေတြကို ဦးတိုက္လိုက္တယ္။ အိမ္က အထြက္မွာ သာယာလာတဲ့ ရာသီဥတုက တျဖည္းျဖည္း ေျပာင္းလာတယ္။ ေလျပည္ေလးေတြက ျဖည္းျဖည္းမွန္မွန္ တိုက္ေနရာမွာ နည္းနည္း ပိုၾကမ္းလာသလို ခံစားရတယ္။ ေလျပည္နဲ႔အတူ မိုးေရစက္ေလးေတြက တဖြားဖြား က်ေနတယ္။ တစ္ခါတစ္ခါ ၿခိမ္းလိုက္တဲ့ မိုးၿခိမ္းသံက ရင္ထဲကို ထိတ္ခနဲ ျဖစ္ေနေအာင္ က်ယ္လွတယ္။ ေမာင္ေနတဲ့ တိုက္ခန္းနားေရာက္မွ ရြာလို့ ေတာ္ေသးတယ္။ ဒီလိုမွ မဟုတ္ရင္ မလြယ္။

"ေဒါက္ ... ေဒါက္"

အခန္းတံခါးကို ေခါက္ေနတဲ့ အခ်ိန္ ရင္ခုန္သံေတြက မိုးၿခိမ္းသံေတြလို ဆူညံေနတယ္။ ေမာင့္ကိုျမင္ရင္ "ကၽြန္မ မွားပါတယ္ေမာင္" ဆိုၿပီး ေမာင့္ရင္ခြင္ထဲကို ဝင္လိုက္ရမလား။ ကၽြန္မနည္းတူ သေျပမလည္း ရင္ခုန္ေနမွာကို သိတယ္။

"ကလစ္ ..." ဆိုတဲ့ တံခါးေသာ့ကို လွည့္လိုက္တဲ့အသံၾကားၿပီး ေမာင့္အခန္းတံခါး ပြင့္လာတယ္။

* * *

အခန္း (၁၀)
"ဘယ္သူနဲ႔ ေတြ႕ခ်င္လို့လဲ မသိဘူး ခင္ဗ်"

အသက္ ႏွစ္ဆယ္ပတ္လည္ ေကာင္းေလး တစ္ေယာက္ လာေျဖတယ္။

"အစ္ကိုတို့က ကိုမင္းခန႔္ေက်ာ္ မိတ္ေဆြေတြပါ။ သူနဲ႔ေတြ႕ရေအာင္ လာတာ"

ေကာင္ေလးက ကၽြန္မတို့ကို ၾကည့္ၿပီး အံ့ဩဟန္နဲ႔ ...

"အစ္ကိုတို့က ကိုမင္းခန႔္ေက်ာ္ နိုင္ငံျခား ထြက္သြားတာ မသိဘူးလား။ ထိုင္းမွာ သူ႔သူငယ္ခ်င္းေတြ အကူအညီနဲ႔ အလုပ္လုပ္ဖို့ သြားတာ ၿပီးခဲ့တဲ့ သုံးရက္ကပဲ"

အိုး ... ဘုရားသခင္၊ ေမာင္ မရွိေတာ့ဘူးတဲ့။ ေမာင္ ျမန္မာနိုင္ငံမွာ မရွိေတာ့ဘူးတဲ့။ ကၽြန္မကို သေျပမက သတိေပးသလို တစ္ခ်က္ လာကိုင္ၿပီး ...

"ေက်းဇူးပဲ ညီ၊ ကိုယ္တို့ကို ခြင့္ျပဳပါဦး"

ေကာင္ေလးကို ႏွုတ္ဆက္ရင္း သေျပမက ကၽြန္မလက္ကို တြဲေခၚတယ္။ ဘာေၾကာင့္ နိုင္ငံျခားသြားမယ္ ဆိုတာ ေျပာမသြားတာလဲ ေမာင္ရယ္။ ခ်စ္ ေျပာလိုက္တဲ့ စကားေတြေၾကာင့္ ေမာင္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္မယ္ ဆိုၿပီး ႀကိဳးစားလိုက္တာေပါ့။ ေမာင္သာ ကၽြန္မနား ေနရင္ ဘာပဲ လုပ္ေပးရ လုပ္ေပးရ ပါကြယ္။ ေမာင္ ဒီလို လြတ္ေျမာက္ဖို့ ဘယ္အခ်ိန္ ကတည္းက ႀကိဳးပန္းေနမွန္း ကၽြန္မမွ မသိတာကိုး။

အလာတုန္းက ၿခိမ္း႐ုံၿခိမ္းတဲ့ မိုးႀကိဳးေတြက ကၽြန္မေခါင္းကို ပစ္ခ်လိုက္တယ္လို့ကို ထင္မိတယ္။ ရက္စက္လိုက္တာလို့ မေျပာခ်င္ေပမယ့္ ေမာင္ မၾကင္နာတာေတာ့ ေသခ်ာတယ္။

"ဘာတဲ့ ၊ သေျပငုတ္လို ေရနဲ႔ထိၿပီး အေညႇာင့္သစ္ေလးေတြ ျပန္ေပါက္မယ္လို့ ခံယူထားတဲ့ေန႔ ျပန္လာမယ္" ဆိုတာ ေမာင္ ရည္ရြယ္ခ်က္ တစ္ခုနဲ႔ ေျပာခဲ့တာေပါ့ေလ။ ျပန္ထြက္လာတဲ့ လမ္းတစ္ေလၽွာက္လုံး ကၽြန္မနဲ႔ သေျပမ မ်က္ရည္မိုးေတြ လမ္းထိလၽွံခဲ့တယ္။

* * *

လြမ္းဆြတ္တဲ့ဒဏ္ ဆိုတာ ခံရဖူးတဲ့သူမွ သိလိမ့္မယ္။ တစ္ရက္ တစ္ေန႔တည္းနဲ႔ ေျပေပ်ာက္သြားတယ္ ဆိုတာ အလြမ္းစစ္ မဟုတ္လို့ဘဲ ကၽြန္မကေတာ့ သတ္မွတ္တယ္။ ပိေတာက္ေတြေတာင္ အႀကိမ္ သုံးဆယ္ေလာက္ ပြင့္ခဲ့လို့ ခါေႏြဥဩရဲ့ တြန္က်ဴးသံေတြကိုလည္း လြမ္းေဆြးေဆြး ခံစားခဲ့တာ ႏွစ္ေပါင္း ၾကာေညာင္းေပါ့။ ေဖေဖေနာက္ကို ေမေမက မ်ားမၾကာတဲ့ ႏွစ္ပိုင္းအတြင္းမွာ လိုက္သြားတယ္။

ဒီႏွစ္ေတြမွာ လြမ္းတဲ့စိတ္နဲ႔ ကၽြန္မဘဝ တိုးတက္ ရွင္သန္ေအာင္ မနည္း ျပန္ပ်ိဳးေထာင္ခဲ့ရတယ္။ အမွန္ေတာ့ အခ်စ္ဟာ ကာရန္မညီတဲ့ ကဗ်ာတစ္ပုဒ္ပါပဲ။ ဘယ္ေလာက္ပဲ လိုခ်င္ တပ္မက္ေပမယ့္ အခ်ိန္တန္ေတာ့ ေမာင္က ကၽြန္မ ရင္ခြင္ကေန ပ်ံသန္းသြားတယ္။ ေမာင္ကေတာ့ လြတ္ေျမာက္သြားေပမယ့္ ကၽြန္မကေတာ့ ခ်စ္တတ္တဲ့ စိတ္တစ္ခုတည္းနဲ႔ ေမာင့္ထံပါးမွာ ဘယ္အခ်ိန္ ဘယ္အခါ ျဖစ္ျဖစ္ ခိုလွုံခ်င္ေသးတယ္ ေမာင္။

ခု ကၽြန္မက နတ္ေလာကမွာ တပည့္တပန္းေတြ ေတာ္ေတာ္မ်ားမ်ားရဲ့ မာမီမူယာ ျဖစ္ေနၿပီေလ။ အသည္းကို ကြဲေအာင္ ခမ္းစိမ္းစိမ္း ခြဲသြားတဲ့ ေမာင္ရယ္ ဒီရင္ခြင္ အိုေဟာင္းေဟာင္းကိုမ်ား လမ္းၾကဳံရင္ ဝင္နားေစခ်င္ေသးတယ္။ အမွန္ေတာ့ အေျခာက္ဘဝ ဆိုတာ ေရေလၽွာ္ၿပီး မေျခာက္လို့ ထိုင္းေနတဲ့ အဝတ္လိုပဲ။

အရမ္းေျခာက္သြားတဲ့ အဝတ္လိုလည္း တန္ဖိုးမရွိသလို အရမ္းစိုေနတဲ့ အဝတ္လိုလည္း အေရးတယူ မရွိတတ္ၾကဘူး။ ေလာကမွာ စိုတာေတြ၊ ေျခာက္တာေတြ ရွိေကာင္း ရွိနိုင္ေပမယ့္ ကၽြန္မတို့မွာ ရွိတဲ့ ခ်စ္ျခင္းေမတၱာေတြ ကိုေတာ့ အခ်စ္နဲ႔ ပတ္သက္ၿပီး ကၽြန္မတို့ကို ႐ူးတယ္လို့ ဆိုေကာင္း ဆိုလိမ့္မယ္။ မိခင္ဆန္တဲ့ စိတ္၊ ၾကင္နာတတ္တဲ့ ႏွလုံးသားနဲ႔ ျမင့္ျမတ္တဲ့ အေသြးအသားေတြ မရွိရင္ ကၽြန္မတို့ရဲ့ ေျမာက္ျမားစြာတဲ့ ေငြေတြကို တျခားသူေတြအတြက္ အသုံးခ်လိမ့္မယ္လို့ ရွင္တို့ ထင္ေနသလား။

အခ်စ္သစ္လည္း ထပ္မရွာသလို သိပ္ခ်စ္တတ္တဲ့ ႏွလုံးသားကိုလည္း ေမာင္ တစ္ေယာက္အတြက္ပဲ သီးသန႔္ေနရာလြတ္ ထားလိုက္ေတာ့ ကၽြန္မတို့ အသိုင္းအဝိုင္းမွာ ကၽြန္မကို ႐ူးသြပ္သူလို့ သမုတ္ၾကတယ္ေလ။ အခ်စ္စစ္ဆိုတာ တစ္ခါတည္းမွာ တစ္ဦးတစ္ေယာက္တည္းကို ခ်စ္ၿပီး ထာဝရ သူနဲ႔ အတူတူ ျမႇပ္ႏွံလိုက္လို့ မရဘူးဆိုတဲ့ သူနဲ႔ ကၽြန္မ ေတြ႕ခ်င္တယ္။

ေမာင္က အေသြးကို ယူတယ္၊ အသားကို ယူတယ္၊ အခြင့္အေရးကို ယူတယ္။ ဒါေပမယ့္ ေမာင့္ကို ကၽြန္မ ေမတၱာစစ္နဲ႔ ခ်စ္တယ္။ ေမာင္ကလြဲၿပီး ကၽြန္မ အသားကို၊ ကၽြန္မ အေသြးကို၊ ကၽြန္မ ႏွလုံးသားကို၊ ကၽြန္မ ပါးကို နမ္းေစခ်င္တဲ့ အျခားတစ္ေယာက္ မရွိဘူး။ ဒါေၾကာင့္ ကေတာ္ေလာကမွာ မူယာပိုက သိပ္ခ်စ္တတ္တဲ့လူလို့ ဆိုၾကတယ္။ တက္သစ္စ ကေတာ္ေပါက္စေလးေတြ သူတို့ သူငယ္ေလးေတြနဲ႔ ခ်စ္ခန္း၊ ႀကိဳက္ခန္းေလးေတြ နတ္နန္းမွာ ေဖာက္သည္လာခ်ရင္ သက္ျပင္းကို ခပ္မမ ခ်ၿပီး ...

"အမေလး သမီးေတြ၊ ဒီေလာက္နဲ႔ တက္မလာနဲ႔။ ညည္းတို့ထက္ က်ဳပ္က ပိုဆိုးခဲ့၊ ကဲခဲ့၊ သဲခဲ့တာပါေအ"

လို့ေျပာရင္ သက္တူရြယ္တူ အေပါင္းအသင္းေတြ ရယ္ၿပီး ...

"ကေလးေတြ ေရွ႕မွာ မေထာ္မနန္းေတြ ေျပာၿပီး ငယ္က်ိဳးငယ္နာေတြ မေဖာ္နဲ႔" လို့ ဆိုၾကျပန္တယ္။

* * *

ဒီေန႔မွ မွတ္မွတ္ရရ တစ္ေယာက္ေသာသူကို အရမ္း သတိရေန မိတယ္။ စိတ္ေျပလက္ေပ်ာက္ ဘယ္ဆီမ်ား ေရာက္ေနၿပီလဲ အခ်စ္ရယ္လို့ ညည္းလိုက္ခ်င္ေပမယ့္ အသက္အရြယ္အရ မျဖစ္သင့္ေတာ့ဘူး မဟုတ္လား။ ေမာင္နဲ႔ ကြဲသြားၿပီးတဲ့ ေနာက္ပိုင္း ကၽြန္မ ေလာဘ အားလုံးကို ေလၽွာ့ခ်လိုက္တယ္။

ရသမၽွ ေငြေၾကးဥစၥာ အားလုံးကို ေလးပုံပုံတယ္။ တစ္ပုံကို စုတယ္။ တစ္ပုံကို ဘုရားကိုလွူတယ္။ တစ္ပုံကို စားတယ္။ ေနာက္တစ္ပုံကိုေတာ့ သူေရာက္လာတဲ့ တစ္ေန႔အတြက္ သီးသန႔္ထားမိတယ္။

မာမီ မူယာပိုလို့ ဆိုလိုက္တာနဲ႔ အလွူအတန္း ရက္ေရာတဲ့သူ။ သမီးအေပၚ ဩဇာေညာင္းသူ၊ ခ်စ္ေရးခ်စ္ရာ အရွုပ္အရွင္း ကင္းသူရယ္လို့ နာမည္ ႀကီးခဲ့တာေတာင္ ႏွစ္ေပါင္း ၾကာခဲ့ၿပီ။ နာမည္ တစ္လုံးကို တန္ဖိုးထား ထိန္းသိမ္းရင္း ခ်စ္ခဲ့ဖူးတဲ့ ရင္ခြင္တစ္ခုကို သိုသိုသိပ္သိပ္ေလး လြမ္းေနရတယ္။ တစ္ခါတစ္ေလ သေျပမက ...

" မူယာရယ္ ... အခ်ိန္ေတြက ကုန္တာ ျမန္လိုက္တာ။ အခု ငါတို့က လွပတဲ့ ႐ုပ္ရည္ ဆိုတာလည္း မရွိေတာ့ဘူး။ ဆႏၵကို သိကၡာနဲ႔ ထိန္းထားလို့ အရွင္သခင္ေတြ ေက်းဇူးနဲ႔ စားဖို့ မပူ၊ ေသာက္ဖို့ မပူရ။ ေနဖို့ မပူရဘဲ လူလိုသူလိုေလး ေနရတာ။ ဒီလို အဟုတ္ဘဲ စိတ္အလိုလိုက္တဲ့ ကေတာ္ေတြ ေရာဂါေတြရ က်န္းမာေရးေတြ ဆိုးဝါးၿပီး ဘဝပ်က္သြားတဲ့ သူေတြ တစ္ပုံႀကီးေနာ္။ က်ဳပ္ေလ မင္းခန႔္ေက်ာ္ကိုလည္း ရွာႀကံၿပီး ေက်းဇူးတင္ပါတယ္။ သူ႔ေၾကာင့္သာ မဟုတ္ရင္ လမ္းေဘးမွာ ဘဝပ်က္ေနတဲ့ အေျခာက္မႀကီးေတြ ငါတို့ ျဖစ္မေနဘူးလို့ မေျပာနိုင္ဘူး။ ၿပီးေတာ့ နင့္ရဲ့ အခ်စ္ကို သိကၡာနဲ႔ ထိန္းထားနိုင္တာ ကိုလည္း က်ဳပ္ အားက်မိပါတယ္ ေအ။ အခ်စ္ေနာက္ကို လိုက္ရင္းနဲ႔ ညည္းမ်ား ေတြ႕ရာ အခ်စ္ေတြနဲ႔ ေပ်ာ္ေမြ႕ သြားမွာကို အဲဒီတုန္းက က်ဳပ္ စိတ္ပူလိုက္တာ"

သေျပမေတာင္ ဘာလိုလိုနဲ႔ ကၽြန္မနဲ႔တန္းတူ ေရႊတိုက္စာရင္းဝင္ နတ္ကေတာ္ႀကီး ျဖစ္ေနၿပီ။ ကၽြန္မ အေပၚမွာေတာ့ ရဲေဘာ္ရဲဘက္ တစ္ေယာက္လို ကၽြန္မအေပၚ ေကာင္းခဲ့တာ။ လူတစ္ခ်ိဳ့နဲ႔ ပတ္သက္ၿပီး တခ်ိဳ့ အသိုင္းအဝိုင္းက လူေတြက ကၽြန္မတို့ အခ်စ္နဲ႔ ကၽြန္မတို့ ေနထိုင္ခဲ့တဲ့ စရိုက္ေတြကို ရြံ့မုန္းတဲ့ လူေတြ ရွိေကာင္း ရွိလိမ့္မယ္။ ဒါေတြကို ကၽြန္မကေတာ့ အမ်ားႀကီး မအံ့ဩပါဘူး။

စကားေတြ ေျပာေနရင္း သေျပမကို ...

"ဟဲ့ ... လိုအပ္တာေတြ ရွိေနဦးမယ္။ ေသခ်ာေလး စစ္ဦးေနာ္။ က်န္ခဲ့တာေတြ၊ လိုခဲ့တာေတြ ရွိလို့ သခင္ေတြ ၿငိဳျငင္ဦးမယ္"

ကၽြန္မအိမ္ နတ္နန္းမွာ သမီးတစ္ေယာက္ အဆင္ေျပလို့ ေအာင္ပြဲအတြက္ ျပင္ဆင္ေနၾကတာ။ မနက္ ၁၀ နာရီေလာက္က စၿပီး တစ္ေန႔ခင္းလုံး ေခ်ာ့ၾက၊ ကၾကမွာ။ ကၽြန္မ ေမေမ ဆုံးသြားၿပီး ေနာက္ပိုင္း နယ္မွာရွိတဲ့ အိမ္ေတြ၊ ယာေတြ၊ လယ္ေတြ အားလုံး ေရာင္းလိုက္တယ္။ ေနာက္ ေရာင္းရတဲ့ ေငြေလးကို အတိုးေလး ဘာေလး ေပးထားၿပီး ကၽြန္မ အိမ္ကို အိမ္နန္းပုံစံ ျပင္ပစ္လိုက္တယ္။ ပြဲေတြ၊ ဘာေတြဆို ကၽြန္မ အိမ္တင္ ဆိုင္းသမားေတြ ေခၚၿပီး အမိုးအကာနဲ႔ လြတ္လြတ္လပ္လပ္ ကနားေတြ ေပးနိုင္ေအာင္ေပါ့။

ကၽြန္မရဲ့ ဇာတ္ညႊန္းေရး ဆရာမက သေျပမေလ။ သူ အႀကံေပးလို့ ဒီလို လုပ္ျဖစ္သြားတာ။ အခုပြဲမွာေတာ့ သေျပမက ဦးစီးဦးကိုင္ လုပ္ေနလို့ ကၽြန္မက ေတာင္ၾကည့္ ေျမာက္ၾကည့္ ေလာက္ပဲ။ လိုအပ္တဲ့ ပြဲေတြအားလုံး ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ျဖစ္ေနလို့ ဆိုင္းဆရာကေတာင္ နတ္ပင့္တီးလုံးကို အစပ်ိဳးေနၿပီ။ ခဏေနဆို သေျပမနဲ႔ သူ႔သမီးတစ္သိုက္ ကၾက ခုန္ၾက၊ ေပ်ာ္ၾက ပါးၾကမယ့္ နတ္ေခ်ာ့ပြဲႀကီး ကၾကေတာ့မယ္။ လုပ္ရိုးလုပ္စဥ္ေတြ အားလုံး လုပ္ၿပီး တခ်ိဳ့ နတ္ကေတာ္ေလးေတြ ေခ်ာ့ေနတဲ့အခ်ိန္ သေျပမက ...

"ေကာင္မ ...၊ ညည္းလည္း ေခ်ာ့ဦးေလ တစ္ခါေလာက္။ ဒါမွ အလွူရွင္ေတြလည္း ေက်နပ္မွာေပါ့"
"ေအးပါ ေခ်ာ့တာေပါ့"

သေျပမက ေျပာရင္းနဲ႔ ကၽြန္မအတြက္ ပဝါေတြ ယူလာတယ္။ ပဝါစကို ကၽြန္မ ကၽြမ္းက်င္က်င္က်င္ လွလွပပေလး ေပါင္းလိုက္ၿပီး ...

"ပုဆိုးေတြေတာ့ မဝတ္ေတာ့ပါဘူးဟယ္။ အသက္လည္း ႀကီးပါၿပီ။ ဒီအတိုင္း ရိုးရိုးေလးပဲ ေခ်ာ့တာေပါ့"

ကၽြန္မ အထဲကို ဝင္လိုက္ရင္ပဲ ဆိုင္းသမားက စတီးေနၿပီ။ ကၽြန္မ လက္အုပ္ခ်ီၿပီး ကိုယ္ေတာ္ႀကီး (ကိုႀကီးေက်ာ္) မ်က္ႏွာေတာ္ကို ေမာ္ဖူးလိုက္ေတာ့ ကိုယ္ေတာ္ႀကီး မ်က္ႏွာက ျပဳံးေနသလိုလို။ ကၽြန္မ မ်က္လုံးႏွစ္ဖက္ကို မွိတ္လိုက္တဲ့ အခါမွာ အုန္းပြဲ၊ ငွက္ေပ်ာပြဲက ရတဲ့ အနံ့ေတြနဲ႔ ဆန႔္က်င္တဲ့ ရနံ့တစ္ခုက ကၽြန္မ ႏွာေခါင္းထဲကို ဝင္လာတယ္။

"အို ... ေမာင္မ်ားလား"

အသက္ ၆၀ သာ ျပည့္မယ္။ ေမာင့္ရဲ့ ကိုယ္သင္းရနံ့ေလးကို ကၽြန္မ မွတ္မိေနေသးတယ္။ ေမာပန္းသမၽွ ေခါင္းဝင္ၿပီး ခၽြဲခဲ့၊ သဲခဲ့တဲ့ ရင္ခြင္ခပ္ေႏြးေႏြးကို သတိတရနဲ႔ ရင္ေတာင္ ခုန္သြားတယ္။ နတ္ပင့္ဆိုင္းလည္း တီးေနၿပီဆိုေတာ့

"ေမာင္လား"

ဆိုတဲ့ အၾကည့္နဲ႔ မၾကည့္နိုင္ဘူး။ ကၽြန္မ ကတယ္ ခုန္တယ္။ ေပ်ာ္တယ္။ ပါးတယ္၊ ေသာက္တယ္ စားတယ္။ ဒါေပမယ့္ စိတ္က ကိုယ္ေတာ္ေတြဆီမွာ ေရာက္မေနဘူး။ ဆိုင္းသံက ဒီေန႔မွာ ပိုျမဴးသလို ခံစားမိတယ္။

"သားေတြ သမီးေတြ စီးပြားတက္ၿပီး ထူးေအာင္ တေဘာင္ဆိုတာ ျပေဟ့"

ကၽြန္မ ေအာ္လိုက္တယ္ ဆိုရင္ပဲ ဆိုင္းသံက ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ တေဘာင္ကို စတီးတယ္။

"ေသာက္ေသာက္စားစား လူမင္းသားႀကီးပါ ဘုရား ေသာက္ပါ၊ မူးပါ၊ ထူးပါ ဘုရား"

သမီးတစ္ေယာက္ရဲ့ သီခ်င္းသံ စူးစူးကို ဆိုလိုက္တဲ့ အခ်ိန္မွာ ကၽြန္မနား အရိပ္ေလး တစ္ခု ကပ္လာတယ္။

ေသေသခ်ာခ်ာ ၾကည့္မွ ေမာင္ပါလား။ ေမာင့္ေခါင္းမွာ ပဝါအစိမ္းေလး တစ္ခုကို အခ်ိဳးမက်စြာ ေပါင္းထားတယ္။ ေမာင့္ေဘးမွာ သေျပမက ကၽြန္မနဲ႔ အတူတူ ဝင္ကေနၿပီ။ အိုး ... ကၽြန္မ ရင္ေတြ ခုန္လိုက္တာ။ ေမာင္ ကၽြန္မဆီ ျပန္လာတယ္။ ဆိုင္းသံေတြနဲ႔ ရင္ခုန္သံေတြ ေပါင္းလိုက္ရင္ ကၽြန္မ ႏွလုံးခုန္ႏွုန္းေတြ ရပ္သြားမလား မသိ။

ကၽြန္မ ေမာင့္ကို ႏွစ္ေပါင္းမ်ားစြာ လြမ္းဆြတ္စိတ္နဲ႔ ျမတ္ျမတ္နိုးနိုးၾကည့္ ကခုန္ေနသလို ကၽြန္မကိုလည္း အစ္မေတာ္ မေငြေတာင္က ...

"ဒီေကာင္မေတာ့ ခ်စ္သူ႔နယ္ေျမက ဘယ္ေတာ့မွ လြတ္ဖို့ မျမင္ဘူး" ဆိုၿပီး ခပ္ေထ့ေထ့ ျပဳံးေနမလား မသိ။

---------
ေဇာ္ညီညီ (ေနျပည္ေတာ္)

(Unicode)

လွတ်မြောက်ပါတော့ သူ့နယ်မြေ အပိုင်း (၂)
-------------------------------------------------------------------------------

အခန်း (၆)
ဒီလို ဆွဲလှန်ပစ်လိုက်တော့ ရှိတဲ့နတ်ရုပ်တွေ အားလုံး ကြမ်းပြင်ပေါ် ကျပြီး အသံပေါင်းစုံ ထွက်လာတယ်။

"ဟယ် ... ကောင်မ၊ ညည်း ဘယ်လို လုပ်လိုက်တာလဲ။ ညည်း တစ်သက်လုံး ကိုယ်တော်တွေ ကျွေးလို့၊ ကိုယ်တော်တွေ မွေးလို့ လူတစ်လုံး သူတစ်လုံး ဖြစ်လာတာလေ"

သပြေမက ကျွန်မကို ကြည့်ပြီး အံ့ဩဝမ်းနည်းစွာ ဆိုရင်း သူမ မျက်ဝန်းက မျက်ရည်တွေ ကျလာတယ်။

"ညည်းနှယ်အေ ...။ ကိုယ် လင်မှု သားမှုနဲ့ အဆင်မပြေတိုင်း ငါ့ကိုယ်တော်တွေကို ရန်မလုပ်ပါနဲ့။ နင် ရွှေဆိုရွှေ၊ နင် ငွေဆိုငွေ၊ နင် တိုင်တည်တိုင်း ကိုယ်တော်တွေဘက်က တာဝန်မကျေတာ ဘာရှိခဲ့လို့လဲ။ ညည်းတော့ လင်စိတ် သားစိတ် မွှန်နေလို့ ဒါမျိုးတွေ ဖြစ်လာတာ။ ထိန်းရမှာက ညည်းရဲ့ လင်တရူးတဲ့ စိတ်ဟဲ့ ကောင်မရဲ့ ..."

တစ်ခါမှ ကျွန်မကို မာမာထန်ထန် မပြောခဲ့တဲ့ သပြေမက ကျွန်မကို စိတ်ဆိုးမာန်ဆိုး ပြောနေတယ်။ ငိုရင်းနဲ့ ပြောလိုက်တာ ရစရာကို တစ်ခုမှ မရှိတော့ဘူး။ နောက် သပြေမက ကိုယ်တော်ကြီး ကိုယ်တော်လေး နတ်ရုပ်တွေ၊ ကိုကြီးကျော် နတ်ရုပ်တွေကို သူ သတ်မှတ်ထားတဲ့ နေရာတွေအတိုင်း ပြန်ထားရင်း

"ညည်းကိုအေ ငါ့မှာ အသိဉာဏ် ကြီးတဲ့သူ၊ ငါတို့တွေထက် ပညာတတ်တဲ့ ပညာရှိမကြီးဆိုပြီး နင်ဘာလုပ်လုပ် အကောင်း မြင်ခဲ့တာပါအေ၊ ညည်းခုလို ငါ့ကိုယ်တော် ပုံတွေကို တွန်းချပစ်တာ ငါ့ ရင်နာတယ်ဟေ့"

သပြေမက သူ့ရင်ဘတ်ကို ထုထုပြီး အော်ကြီးဟစ်ကျယ် ပြောပြော ငိုတယ်။ ကျွန်မ ဘာတွေ လုပ်မိပါလိမ့်။ ရင်ထဲမှာ မခံစားနိုင်တဲ့ ဝေဒနာ တစ်ခုကို အရှင်တွေအပေါ်မှာ ယုံကြည် အားကိုးစိတ်နဲ့ ပေါက်ကွဲ ထွက်ကုန်တာ ဖြစ်မယ်။

"ကိုးပြစ်ရှိရင်လည်း ကြေပါ။ ဆယ်ပြစ်ရှိရင်လည်း ကြေပါ။ ဒီ လင်တရူး ကိုလည်း ခွင့်လွှတ်တော်မူပါ"

အသံကို ကျယ်ကျယ်အော်ပြီး ငိုနေရင်း သပြေမက အရှင်တွေကို တောင်းပန်နေတယ်။

ကျွန်မ အသိစိတ် ကပ်လာတဲ့ အချိန်မှာ ကျွန်မလည်း မျက်ရည်တွေ ထွက်နေပြီ။ ဒီထက် အဆိုးဝါးဆုံးက ကျွန်မရဲ့ တိုက်ကြက်လေး ခေါင်းကျိုးသွားတယ်။ ဘုရားဘုရား ကိုကြီးကျော်ရဲ့ ရွှေ တိုက်ကြက်ကလေး။ ကျွန်မ ကတော် ဖြစ်ခါစ ဟောကိန်းတွေ၊ ပြောကိန်းတွေ မှန်လို့ဆိုပြီး ကျွန်မရဲ့ နတ်ဆွေ နတ်မျိုးတွေ ဆက်ထားတဲ့ ခေါင်းကို ရွှေငါးကျပ်သားနဲ့ လုပ်ထားတဲ့ တိုက်ကြက်လေး ...၊ သွားပြီ။ ကျွန်မ စိတ်ကို မထိန်းနိုင်တဲ့ ခဏမှာ ကျွန်မ တန်ဖိုးထားတဲ့ အရာလေး ကျိုးသွားပြီ။

သပြေမကတော့ ကျွန်မကို မျက်စောင်း တထိုးထိုးနဲ့ မကျေနပ် နိုင်သေးဘူး။

"အေးပါ ကောင်မရယ်။ ငါ မှားသွားပါတယ်။ ခုတော့ အဆင်ပြေ သလိုပဲ ထားခဲ့တော့။ ဖေဖေ့ ရက်လည်ပြီးမှ သေချာလေး ငါပြန်လုပ်ပါ့မယ်အေ"
"ညည်း သေချာတယ်နော်"

ကျွန်မ အပြောကို သပြေမက စိတ်မချစွာ မေးရင်း ...

"ပြောတဲ့အတိုင်း မလုပ်ရင် အရှင်နှစ်ပါးရဲ့ လက်သုံးတော်ဓားနဲ့ ဒီလင်တရူးမကို ဖယ်ရှားတော်မူပါ ဘုရား။ စီးတော်ကျားနဲ့ တိုက်တော်မူပါ"

သပြေမက ပြောလျက်နဲ့ တောင်ပြုံး အရှင်နှစ်ပါးကို လှမ်းတိုင်တည်တယ်။ သပြေမ စကားသံ ကြားလိုက်တဲ့အချိန် ကျွန်မ အနည်းငယ် ရင်ထိတ်သွားမိတယ်။ ဘုရား ... ဘုရား ... တောင်ပြုံး အရှင်နှစ်ပါးမှာ ကိုယ်တော်လေးက အပြစ်ရှိတဲ့ ဘယ်ကတော်ကိုမှ ခွင့်လွှတ်လေ့ ခွင့်လွှတ်ထ မရှိဘူး။ ကျွန်မ ကြက်သီးတွေ တဖြန်းဖြန်း ထလာပြီး မွှေးညှင်းတွေတောင် ထောင်သွားတယ်။

"တပည့်တော်မကို ခွင့်လွှတ်တော်မူပါ ဘုရား"

ကျွန်မ နှုတ်က ခပ်ဖွဖွ ရွတ်ပြီး အရှင်နှစ်ပါးရှေ့ ခေါင်းထိုး ဝင်လိုက်တယ်။ အရှင်နှစ်ပါးရဲ့ အကြည့်တွေက ကျွန်မပေါ် စိမ်းသက်နေသလို ခံစားနေရတယ်။ ကိုကြီးကျော်ရဲ့ ရွှေကြက်လေး လည်းပင်း ကျိုးသွားသလို ဆက်ထားတဲ့ အရက်ပုလင်းတွေ ကလည်း ကွဲကုန်ပြီ။

"ခုမှတော့ လုပ်မနေနဲ့တော့။ ညည်း အဖေ အသုဘက ပြန်လာမှ ပွဲတွေဘာတွေ ပြန်တင်ပြီး တောင်းပန်တော့။ နောက်ကျနေမယ် သွားကြစို့"

အထုပ်အပိုးတွေ သယ်လာရင်း သပြေမက ဆိုတော့ ကျွန်မ ကိုယ်တော်တွေကို စိတ်မကောင်းစွာ တောင်းပန်ရင်း ထားခဲ့ရတော့တယ်။ နယ်က မေမေ့ အိမ်လေးကို ရောက်တော့ ဖေဖေ့ အလောင်းကို နယ်ထုံးစံအရ သုံးရက်ပဲ ထားပြီး သဂြိုလ်ရမယ်တဲ့။ ပါလာတဲ့ ငွေလေးနည်းနည်း အမေ့ကို ပေးပြီး ဖေဖေ့ နာရေးကို ကောင်းကောင်းမွန်မွန် လုပ်ပေးမိတယ်။ မေမေကတော့ ကျွန်မ ဖြစ်အင်တွေကို ဘာမှမသိဘဲ ဖေဖေဆုံးသွားလို့ စိတ်မကောင်း မျက်နှာမလှတာ ဟုပင် ထင်နေလိမ့်မယ်။ ကျွန်မမှာသာ ကျွန်မကို ချစ်ပြီး စောင့်ရှောက်တဲ့ နတ်တွေကို စော်ကားမိတဲ့ အဖြစ်ကို ထိတ်လန့်နေတယ်။

ညဆို အိမ်မက်တွေက မကောင်း။ ကျွန်မ တစ်ယောက်တည်း တောထဲမှာ ကျားတွေ တွေ့လိုတွေ့၊ မြွေတွေ လိုက်လိုလိုက်နဲ့။ မေမေ့အိမ်မှာ အိပ်ရေးပျက်ရတဲ့ ညတွေ များလာပြီ။ ဖေဖေ့ ရက်လည် ပြီးတာတောင် မပြန်ဘဲ မေမေနဲ့ သူ့ညီမတွေ အိမ်မှာ လိုက်အိပ်၊ လိုက်စား၊ လိုက်နေတယ်။ သပြေမက ကျွန်မ ဒီမှာ အေးဆေး နေလို့ရအောင် ငွေတချို့ကို လှမ်းပို့ပေးတယ်။ ဖေဖေ ရှိစဉ်ကတော့ ဖေဖေကို ကြောက်လို့ ဒီလို နတ်ကတဲ့ အလုပ်တွေကို အသိုင်းအဝန်း တစ်ခုလုံးက မဆန့်ကျင်သလို ကန့်လည်း မကန့်ကွက်ခဲ့ကြဘူး။ ကျွန်မ ဘာလုပ်လုပ် ဥပေက္ခာ တရားနဲ့သာ ဆက်ဆံကြတယ်။

နောက် နတ်ကလို့ရတဲ့ ငွေကြေးလေးတွေကို အိမ်ကို ပို့ပေးတဲ့ အချိန် ဖေဖေက ကျန်းမရေး ချူချာတဲ့ အချိန် ကိုက်နေလို့ ပြောလို့ မရနိုင်တဲ့သူ ဆိုပြီး ပစ်ထားလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဖေဖေ ရှိစဉ်ကတော့ နယ်ပြန်ရင်တောင် အေးအေးဆေးဆေးပဲ နေဖြစ်တယ်။ သိသာ သိစေ၊ မမြင်စေနဲ့ ဆိုတဲ့ သဘောမျိုးပေါ့။ ပြီးတော့ နယ်မှာသိတဲ့ ကျွန်မ နာမည်က ဖိုးကျော်။ နာမည် အရင်းကတော့ ကျော်ကျော် ဆိုတော့ ဖိုးကျော်လို့ပဲ တစ်ရွာလုံးက ခေါ်ကြတယ်။

"ဖိုးကျော် ... မင်းအဒေါ်က ဟိုဘက်ရွာက သူ့အိမ်တစ်လုံး လယ်ဆယ်ဧက ရောင်းရလို့ ကနားပေးမယ်တဲ့။ မင့်အဖေ နေမကောင်း ဖြစ်လို့ မင့်အဒေါ် ကနားပေးမယ့် ကိစ္စကို ခဏနောက်ဆုတ်ထားတာ။ မင်းအဖေ ဆုံးသွားတာလည်း တစ်လလောက် ရှိပြီဆိုတော့ အခု လုပ်ချင်တယ်တဲ့။ နယ်က နတ်ကတော်တွေနဲ့ တိုင်ပင်ပြီး မင်းပဲ ဦးစီး လုပ်လိုက်။ မင်းအဒေါ် စိတ်ချမ်းသာရင် ပြီးတာပဲ"

ဒီလိုနဲ့ အမျိုးတွေရဲ့ကနား တစ်ခုမှာ ကပေးဖို့ အကြောင်း ဖန်လာတယ်။ ဖေဖေ့ ရက်လည် ပြီးပြီးချင်း ဟိုမှာ ကျန်ခဲ့တဲ့ အလုပ်တွေလုပ်ဖို့ ပြန်သွားတဲ့ သပြေမကို နတ်ရုတ်တချို့ ယူစေပြီး ဒီမှာ ကနား လာကဖို့ အကြောင်းကြားရင်း လိုအပ်တဲ့ ပစ္စည်းတွေကို စုဝယ်ထား လိုက်တယ်။

သပြေမ ရောက်လာတဲ့ အချိန်မှာ ဒီမှာ နတ်ကနားအတွက် လိုအပ်တဲ့ပစ္စည်း စုံစုံလင်လင်နဲ့ ပြင်ဆင်ထားတော့ အဲဒီ ကောင်မ ယူလာတဲ့ နတ်ရုပ်တွေ ခင်းလိုက်တာနဲ့ ကနားတစ်ခု စလို့ရပြီ။

* * *

နှာခေါင်းထဲမှာ ထွန်းထားတဲ့ အမွှေးတိုင် ရနံ့တွေက မွှေးပျံ့ မနေဘဲ အနည်းငယ် စိမ်းသက်နေတယ်။ နောက် ကိုယ်တော်တွေ ပုံရိပ်ကလည်း အနည်းငယ် ခက်ထန်နေသလို ခံစားနေမိတယ်။ အမှန်ပြောရရင် ကျွန်မ ဒီပွဲအတွက် အနည်းငယ် စိုးရိမ်နေတယ်။ ကျေးဇူးပြုပြီး အရှင်တွေ ကျေးဇူးနဲ့ အဆင်ပြေပြေ ပြီးပါစေ။ ကိုယ့်နယ်မှာ လုပ်တဲ့ပွဲမို့ ပိုပြီး အဆင်ပြေပြေ ဖြစ်စေချင်နေတယ်။ ငှက်ပျောပွဲ အုန်းပွဲ အားလုံးကို သက်ဆိုင်ရာ နေရာတွေမှာ အစီအရီ ထိုးပြီး စံပယ်ပန်းတွေ ကိုလည်း ဝေနေအောင် လှူထားတယ်။ မနက် ၉ နာရီ လောက်မှာတော့ ကနား အစကို သပြေမနဲ့ တခြားနယ်က ကတော်နှစ်ယောက်နဲ့ ပေါင်းပြီး အဖွင့်ကခိုင်း လိုက်တယ်။

"မြန်မာအစ တကောင်းကပါ ဘုရား။ အိမ်တွင်း အဖေကြီး မင်းမဟာဂီရိ ကနေ စတင်လို့ အကြိုတော် ထောက်ပါပြီ ဘုရား"

သီချင်းသံနဲ့အတူ နတ်ဆိုင်းသံက မြိုင်မြိုင်ဆိုင်ဆိုင် တီးနေပြီ။ သူတို့အဖွင့် စပြီးရင် ကျွန်မ ကိုကြီးကျော် စချော့ရတော့မယ်။ ဒါကြောင့် ကျွန်မ ကိုကြီးကျော် နတ်ရုပ်ရဲ့ ရင်ဘတ်ကို ပွတ်သတ်ပြီး ကျွန်မ နဖူးနဲ့ ပါးကို ပွတ်လိုက်တယ်။

"ကျေးတော်မျိုး ကျွန်မ၊ ကျွန်တော်မျိုး ကျွန်မကို ချစ်စိတ်နဲ့ ဖြစ်သမျှကို ခွင့်လွှတ်ပေးပါ"

သပြေမကိုလည်း ကျွန်မ နည်းနည်း စိတ်ပူနေတယ် ဆိုတဲ့အကြောင်း ပြောထားလို့ သပြေမက ကျွန်မကို အရိပ် တကြည့်ကြည့် လုပ်နေတယ်။ နောက် စပါပြီ။

"ကိုကြီးကျော် ... ကိုကြီးကျော် ... တို့ ကိုကြီးကျော် ... ထူးလည်းထူးတယ် ... မူးလည်းမူးတယ် ... တို့ ကိုကြီးကျော် အရက်သမား မှန်ရင်လေ ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ် ... ကြက်သမား မှန်ရင်လေ ယှဉ်ပြိုင်ကာ တိုက်လိုက်ချင်တယ်"

ကျွန်မ ချော့နေရင်းနဲ့ အမျိုးအမည် မသိတဲ့ အရိပ်တွေက ဖျတ်ခနဲ ဖျတ်ခနဲ။ ကျွန်မစိတ်ထဲမှာ ကျားတွေက တစ်မျိုး၊ ဓားတွေက တစ်မျိုးနဲ့ မူးဝေနေတယ်။ ဒါ့အပြင် ဆိုးတာက ကျွန်မ စိတ်ထဲမှာ ကိုကြီးကျော်ရဲ့ သောက်တော်ဘူးကို မသောက်ဘဲ နားချင်ပေမယ့် ကျွန်မလက်မှာ ကပ်ပြီး တစ်စုံတစ်ယောက်က အတင်းတိုက်နေလို ခံစားနေရလို့ အဆတ်မပြတ် သောက်နေမိတယ်။

အဲဒီ အချိန်မှာ ကျွန်မရဲ့ လက်ဦးဆရာ မာမီကြီးရဲ့ "ကတော်တွေ အမှားတစ်ခုခု လုပ်ထားရင် လူလယ်ကောင်မှာ အရှက်ခွဲ ခံရတတ်တယ်နော်။ အဲဒါ တစ်ခုကို မြဲမြဲမှတ်ထား။ အထူးသဖြင့် ကိုကြီးကျော် ..." ဆိုတဲ့ စကားသံက ကျွန်မ နားထဲကို သံရည်ပူနဲ့ လောင်းချသလို ခံစားလိုက်ရတယ်။

* * *

အခန်း (၇)
ကိုကြီးကျော်ကို ချော့နေရင်းနဲ့ ကျွန်မ စိတ်ထဲမှာ မသိုးမသန့် ဖြစ်လာတယ်။ နယ်ကို မလာခင်က ကန်တော့ပွဲတွေနဲ့ အရှင်တို့ နတ်ရုပ်တွေကို ဒေါသတစ်ခုတည်းနဲ့ ပြစ်မှားခဲ့မိလို့ ထင်တယ်။ ကျွန်မ မျက်နှာက မီးပြင်တစ်ခုလို ပူပြင်းပြီး အငွေ့တွေ ထွက်နေတယ်လို့ကို ထင်နေမိတယ်။

အဲဒီ အချိန်မှာ ကိုကြီးကျော်ကို ချော့နေတဲ့ နတ်တီးလုံးက တဖြည်းဖြည်း ပြောင်းသွားပြီး ကျွန်မဘေးကို နတ်ကတော် အဘွားကြီး တစ်ယောက် ဝင်လာတယ်။ အကြောင်း တစ်ခုခုကြောင့် သူ ဝင်ကူပြီလေ။ အဘွားက အသက် ၆၀ လောက် ရှိတယ်။ ဒီနယ်မှာ ဩဇာအရှိဆုံး ကတော်အိုကြီး တစ်ယောက်လည်း ဖြစ်တယ်။ အဘွားရဲ့ လိပ်ပြာအစွဲက ကိုကြီးကျော်ပင်။ အမှန်ဆို ကိုကြီးကျော် ချော့နေရင် တော်ရုံလူ ဝင်လာတာမျိုးနှင့် တခြားနတ် တစ်ပါးပါး ဝင်ပူးလာတယ် ဆိုတာမျိုးကို ဘယ်ကတော်မှ လုပ်လေ့လုပ်ထ မရှိ။

"ပွဲဦးမင်းပါ ဘုရား။ ပွဲလယ်မင်းပါ ဘုရား။ ပွဲသိမ်းမင်းပါ ဘုရား၊ အမှားအယွင်း တစ်စုံတစ်ရာ ရှိရင် ခွင့်လွှတ် ပေးတော်မူပါ ဘုရား"

အဘွားက နှုတ်မှ တဖွဖွ ရွတ်ရင်း နတ်သီချင်းကိုလည်း ပြောင်းခိုင်းနေတယ်။ ဆိုင်းသမားကို လက်တွေ ဘာတွေပြပြီး အချက်ပြဖို့ ကိစ္စကို ကျွန်မ ဘယ်လိုမှ လုပ်လို့ မရဘူး။ နောက် သီချင်း အေးအေးလေးက ဆိုင်းသံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်လာတယ်။ နတ်ချော့ သီချင်းသံတွေက တစ်မျိုးပြီး တစ်မျိုး ချိန်းလို့ သွားသလို ကျွန်မ ဘာတွေ လုပ်မိလို့ လုပ်မိမှန်း မသိတော့ပါဘူး။ အဘွားကတော့ ကျွန်မတို့လို လှပအောင် ခြယ်သထားတာမျိုး မဟုတ်ဘူး။ ရှင်မတောင် သနပ်ခါး ရေကျဲလေး လိမ်းပြီး ခေါင်းပေါင်း တစ်ခုကိုပဲ ဟန်ကျပန်ကျ ပေါင်းထားတယ်။ နယ်မှာနေတဲ့ ကတော်ဖြစ်လို့ အသက်ကလည်း ကြီးတော့ မော်မော်ကြွားကြွား ဟန်မရှိ။ သမ္ဘာရင့်နေတဲ့ ကတော်အို ဆိုတော့ ကျွန်မ ဖြစ်နေတာကို ရိပ်စားမိနေပုံ ရတယ်။ ဒါကြောင့် ပညာသား ပါပါနဲ့ တောင်းပန်ပြီး လာကူတာ။

"ဒိုး ... နန်းတော်ကြီးက ဒိုး ဟေ့"

သမိုင်းကြီးတဲ့ သခင်၊ စိတ်ဆတ်တဲ့ သခင်၊ ကျေးတော်မျိုး ကျွန်မ ကျွန်တော်မျိုး ကျွန်မကို ကိုးပြစ်ရှိရင်လည်း ခွင့်လွှတ်ပါ၊ ဆယ်ပြစ်ရှိရင်လည်း ခွင့်လွှတ်ပါလို့ ကျွန်မ ဒိုးဆွဲရင်း တဖွဖွ တောင်းပန်နေတယ်။ ကျွန်မ မြင်ကွင်းတွေ တဖြည်းဖြည်း ဝါးလာတယ်။ နောက်ဆုံး ဒိုးသံကို တစ်ချက်ချပြီး နတ်ပို့ သီချင်းသံကို တီးလိုက်တဲ့ အချိန်မှာ အဘွားက ကျွန်မ ခေါင်းပေါင်းကို ဆွဲချွတ်လိုက်တယ်။

* * *

"ညည်းကိုအေ စိတ်ပူလိုက်ရတာ ကောင်မ။ ကတော်တွေ အားလုံး နင့် ဝိုင်းကြည့် နေကြတာ။ နောက် အဘွား ဒေါ်ကျင်အေးက တစ်ခုခုတော့ လွဲနေပြီ ရေတစ်ခွက် သွားယူပေး ငါ့ကို ဆိုပြီး ကိုယ်တော်ကြီး နတ်ရုပ်မှာ သွား တိုင်တည်တာဟ"

သပြေမ စကားသံ ကြားလိုက်ရမှ ပိုပြီး ထိတ်လန့် သွားသလိုပင်။

"အေးဟယ်၊ ငါဘယ်လို ဖြစ်လို့ ဖြစ်သွားမှန်းကို မသိဘူး။ တော်သေးတယ် အဘွား လာကူပေးလို့။ ငါမပြန်ခင်တော့ သွားကန်တော့ဦးမယ်"

ကျွန်မ စကားကို သပြေမက ထောက်ခံတယ်။

"အဘွား နတ်ပွဲတွေ သိပ်မကတော့ဘူးတဲ့။ အသက်လည်း ရလာတော့ အသောက်အစားတွေက ဘုရားမကြိုက်လို့ ဆိုပြီး ဘာသာရေး လုပ်နေတာ များတယ်။ ဘုရားသွား ကျောင်းတက်နဲ့ ပျော်မွေ့နေတာ။ ဒီနေ့တောင် နင့်အဒေါ်က သွားကြည့်ပေးပါဦး။ ကလေးတွေ အမှားအယွင်း ဖြစ်မှာစိုးလို့ ဆိုပြီး အကူအညီတောင်းလို့ လာတာတဲ့"

ကျွန်မက "ဪ ..." ဆိုတဲ့ စကားအပြင် တခြားစကား မပြောနိုင်ဘူး။ တစ်သက်လုံး နတ်မှနတ် အရိုးစွဲလာတဲ့ နတ်ကတော်ကြီးတွေတောင် အသက်ကြီးလာတော့ လောဘ၊ ဒေါသ၊ မောဟတွေကို ဘာသာရေး အသိနဲ့ ထိန်းချုပ်သွားနိုင် ကြတာပဲလို့ တွေးမိတယ်။

"နင့် ကိစ္စတွေ ပြီးရင် ပြန်ကြစို့လေ။ ဒီမှာက ဘာအလုပ်မှ မရှိဘူး။ ဟိုမှာ ငါတို့ အလုပ်တွေ ပစ်ထားရတာ များနေပြီ"

သပြေမ စကားကို နားထောင်ရင်း နောက်ရက်တော့ ပြန်မယ်လို့ ပြောလိုက်တယ်။ နေရာဟောင်းကို ပြန်ရတော့မယ် ဆိုတော့ အရိပ်ဟောင်းက ပုံရိပ်လေးတွေက တက်တက်လာ ပြန်တယ်။ ကျွန်မ ဟိုမှာ မရှိတဲ့ အချိန်မှာ မောင် ဘယ်သူ့ ရင်ခွင်ကို ရောက်နေမလဲ မသိဘူး။ တစ်ဖက်သတ်အချစ် လို့တော့ မပြောကြပါနဲ့။ ဘယ်သူမှ မသိအောင် မောင် ကြည်ဖြူထားတဲ့ အရာလေးတွေ ကျွန်မ ရင်ထဲ အပြည့်ရှိတယ်။

ပတ်ဝန်းကျင်ရဲ့ အရိပ်တွေ စွန်းထင်လာမှာ စိုးလို့ မောင် ထုတ်မပြတာ နေမှာပါ။ မောင် ကျွန်မအပေါ် ကြင်နာခဲ့တာ ဘယ်သူမှ မသိပေမယ့် ကျွန်မ နှလုံးသားက ခံစားမိနေတယ်။ မောင့် မျက်လုံး၊ မောင့် အသံ၊ မောင့် ကိုယ်သင်းရနံ့လေးတွေကို နာကျင်စိတ်နဲ့ ဆိုရင်တောင် အဆုံးသတ်က ပိုချစ်မိပါတယ်လို့ ကျွန်မ ဖြေမိမယ် ထင်တယ်။ ယောက်ျား တစ်ယောက်က ယောက်ျား တစ်ယောက်ကို ချစ်တာ အပြစ်လို့ မဆိုကြပါနဲ့တော့။ အတွေးတွေက တောင်ရောက် မြောက်ရောက်နဲ့ ဖြစ်နေလို့ အုန်းမောင်းတောင် ဘယ်နှခါ ခေါက်သွားတယ် မသိ။

"ထတော့ ...၊ မိုးတောင် တော်တော် လင်းနေပြီ။ လင်တော်မောင် အကြောင်း တွေးပြီး လွမ်းစိတ်နဲ့ အိပ်မပျော်ဘူး မဟုတ်လား ကောင်မ"

သပြေမက ပြောလျက်နဲ့ ကျွန်မပေါင်ကို ရိုက်ပြီး နှိုးတယ်။ သူပြောလိုက်မှ ကိုယ်ကပဲ အချစ်ရူး စစ်စစ်ကြီး ဖြစ်နေသလို။

"မသော်မော် ... စောစောစီးစီး အချင်းချင်းတွေ လာဝုန်းနေတယ်။ မောင့်ကို လွမ်းတယ်လို့ ပြောမလို့တောင် ပြောမထွက်တော့ဘူး"

မျက်စောင်းကြီးကြီး ထိုးပြီး ခပ်ရွဲ့ရွဲ့ ဆိုလိုက်ရင် သပြေမက ...

"ညည်းကိုက မူယာပို ဆိုတဲ့အတိုင်း ပိုတာပါ။ ညည်းအဖေ ဆုံးတော့ ဘာမဆိုင် ညာမဆိုင် ငါ့ကိုယ်တော်တွေကို ပတ်ရမ်းပြီး ဇွတ်များ ကျားတော့ မလားလို့"
"ကောင်မ စောစောစီးစီး ကတ်တလီယာဒေ ပွင့်နေပါလား။ ငါ မပြောချင်ဘူးနော်။ ဘုန်းကြီးလူထွက်ပဲ ရှိတယ်။ ခြောက်လူထွက်လို့ ရှိလို့လား။ အချိန်တန်တော့လည်း မောင်မှ မောင်ပါပဲကွယ်။ ဒီက မူယာပို ဆိုတာ မောင့်အတွက် သီးသန့် သိပြီလား"

* * *

အခန်း (၈)
"အဘွားတို့တုန်း ကလည်း ဒါမျိုး ကြုံဖူးတယ် ဖိုးကျော်၊ မင်းလောက်ကြီး မဟုတ်ပေမယ့် မင်းလောက် နီးနီးပါပဲ။ အဲဒီတုန်းက အဘွားဆရာ ယောက်ျား နတ်ကတော်ကြီးက တောင်းတောင်းပန်ပန်နဲ့ တွဲချော့လို့ အရှက်မကွဲတာ။ နောက်တစ်ခါဆို ဂရုစိုက်ပါအေ။ ကိုယ်တွေက ဒီအလုပ်နဲ့ အသက်မွေး ဝမ်းကျောင်း ပြုနေတာ မဟုတ်လား။ သူတို့ကို ရိုသေမှ သူတို့ကလည်း ကိုယ့်ကို ပြန်ချစ်ပေမပေါ့"

အဘွား ပြောပြတဲ့ အတိတ်အကြောင်း ကြားမှပင် ကျွန်မ ကံကောင်းသွားတာ သေချာသိလိုက်သည်။ မဟုတ်ရင် မလွယ်။ မူယာပို ဆိုတဲ့ နတ်ကတော် နတ်ကနားမှာ အရက်သောက်လွန်ပြီး မူးလဲလို့ ဆိုရင် ကျော်မကောင်း ကြားမကောင်း ဖြစ်တော့မယ်။ နောက် အဘွားက ဆက်ပြောတယ်။

"ခု ပိုအဆင်ပြေ သွားတာ။ အဘွားက နတ်သိပ်မက ဖြစ်တော့ဘူး။ ခုနက တစ်ခုခု မှားနေတယ်လို့ စိတ်ထဲထင်လို့ ဝင်ချော့လိုက်တာ။ နောက် အလှူအတန်းနဲ့ ဘာသာရေး လုပ်ဖြစ်ရင် အရှင်တွေကို အမျှအတန်း အမြဲပေးဝေတယ်။ ဒါကြောင့်လည်း အဘွားကို သူတို့ ချစ်ကြတာ ဖြစ်မှာပါ။ နတ်က စားခဲ့တဲ့ သက်တမ်း တစ်လျှောက်လုံးမှာ အခက်အခဲ ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ဖူးဘူး"

အဘွားက မောပန်းသွားဟန်နဲ့ ခဏနားတယ်။ စကားနည်းနည်း ထပ်ပြောပြီး အဘွားကို ကျွန်မနဲ့ သပြေမ ကန်တော့ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ ကျွန်မတို့ နတ်လောကမှာ ကျွန်မတို့ထက် ဝါရင့် သမ္ဘာရင့်တဲ့ ကတော်ကြီးတွေရဲ့ ထူးခြားတဲ့ ဖြစ်အင်တွေ များစွာ ရှိတယ် ဆိုတာကို အပြန်လမ်းမှာ ကျွန်မ အသေအချာ စဉ်းစားမိတယ်။

* * *

ဟိုမှာ တစ်ယောက်တည်း ဆိုရင် ဖေဖေ့ကို လွမ်းတဲ့စိတ်နဲ့ နေရခက်မှာ စိုးလို့ မေမေ့ကို နယ်ကနေ ရန်ကုန် ခေါ်လာတယ်။ အဖေ ရှိတုန်းက ကျွန်မရဲ့ အလုပ်ကို မေမေ ထောက်လည်း မထောက်ခံခဲ့သလို ကန့်လည်း မကန့်ကွက်ခဲ့ဘူး။ ခုချိန်ထိ ကျွန်မ အိမ်ကိုလည်း ဖေဖေ သွားခွင့်မပြုလို့ မေမေ တစ်ခါမှ မရောက်ခဲ့ဘူး။ ဒါ ပထမဆုံး အကြိမ်ပဲ ဖြစ်တယ်။

မှတ်မှတ်ရရ ကျွန်မတို့ မိသားစု အိမ်ရောက်ပြီး တစ်ပတ်လောက် အကြာမှာ မောင် ရောက်လာတယ်။ ကိုယ်ခန္ဓာ အလှအပ အချိုးအဆစ် ပေါ်အောင်ဆိုပြီး အမြဲ အကျႌအကျပ်နဲ့ ဘောင်းဘီကို မချွတ်တမ်း ဝတ်တဲ့ မောင်က ဒီနေ့တော့ ရှပ်အကျႌ အပြာနုနဲ့ ကျင်ပုဆိုး ကွက်ကျဲကို ဝတ်ထားတယ်။ နောက် မောင်စီးထားတဲ့ ကတ္တီပါဖိနပ် အစိမ်းရောင်က မောင့်ခြေချောင်း၊ ခပ်ဖွေးဖွေးလေးကို ပိုပြီး ကြည့်ကောင်းစေတယ်။

မောင် ရောက်လာတာကို ကျွန်မ ရိပ်ခနဲ မြင်လိုက်ပေမယ့် သွားမတွေ့ဘူး။ မေမေနဲ့ပဲ စကားဆက်ပြော နေလိုက်တယ်။ အရိပ်လေး မြင်လိုက်တာတောင်မှ ဘာတွေ ဝတ်လာတယ် ဆိုတာကို သေချာ ဂရုစိုက် ကြည့်မိတဲ့ ကျွန်မကိုယ် ကျွန်မ မုန်းမိတယ်။ စိတ်ထဲမှာ ဘယ်လောက် သတိရပြီး ချစ်နေပါစေ မောင့်ကြောင့် ဖေဖေ့အတွက် တာဝန် မကျေသလို ဖြစ်ခဲ့တာ စိတ်နာနေမိ သေးတာလည်း အမှန်ပါ။

သပြေမနဲ့မောင် စကားတွေ ပြောနေကြတယ်။ သူတို့ စကားလုံး တချို့တော့ မကြားမချက် ကြားတစ်ချက် နားထဲကို ဝင်ဝင်လာတယ်။ ကျွန်မ မေမေကတော့ ဧည့်သည် ဆိုတဲ့ အသိက လွဲပြီး ကျန်တဲ့အတွေး ရှိနိုင်မယ် မထင်။ သူမက ရိုးရိုးအအ တောသူမကြီးကိုး။

"ဧည့်သည် သားဆီကို လာတာဆို သွားတွေ့လေ"

မေမေ ပြောလာပြီ ဆိုတော့ မဖြစ်မနေ သွားတွေ့ရတော့မယ်။ ကျွန်မ စိတ်တွေကို ထိန်းချုပ် မရနိုင်သေးဘူး။ စိတ်တွေက တောင်ရောက် မြောက်ရောက်နဲ့ သပြေမတို့ စကားပြောနေတဲ့ နေရာကို လှမ်းလာလိုက်တယ်။

"မင်းခန့်ကျော် မင်းပြန်တော့။ ဒီမှာ နယ်က အမေ ပါလာတယ်။ သူ ရှိနေတဲ့ အခိုက်မှာ ဘာပြဿနာမှ ငါမဖြစ်ချင်ဘူး။ နေနိုင်ရက်တဲ့ မင်းလို ယောက်ျားကို သိပ်စိတ်နာတယ်"

ကျွန်မ နှုတ်ဖျားမှ မောင် မဟုတ်ဘဲ မင်းခန့်ကျော်လို့ သုံးတဲ့ စကားလုံးကို မောင် အံ့ဩသွားတယ်။ မောင့်မျက်ဝန်းတွေမှာ မယုံကြည်ဟန်တွေ အပြည့်။ အမှန်တော့ ကျွန်မလည်း ဒီလို စကားတွေ ဘယ်ပြောချင်မလဲ။ ကျွန်မကိုယ် ကျွန်မ သဘောပေါက်ရ တော့မယ်။ ကိုယ့်ဘဝကို နားလည်ရမယ့် အချိန်တန်နေပြီ။

ရှင်တို့ကော ကျွန်မ ဒီ မင်းခန့်ကျော်ဆိုတဲ့ အမည်နာမကို ပြောချင်လွန်းလို့ ပြောနေတယ် ထင်ကြသလား။ အမှန်ဆို ကျွန်မ အခုလို ဖေဖေဆုံးလို့ အားငယ်နေတဲ့ အခိုက်မှာ မောင့်ရင်ခွင်ကို မှီပြီး လောကဓံကို ရဲရဲကြီး ရင်ဆိုင်လိုက်ချင် တာပေါ့။ ဖေဖေ ဆုံးတာတောင် အိမ်ကို တစ်ချက်မလာတဲ့ မောင်။

"ဖုန်းလေး တစ်ချက်နဲ့တောင် အဆင်ပြေလား မေးဖော် မရတဲ့သူကို စွဲလမ်းနေတာ မဖြစ်သင့်တော့ဘူး။ ထန်းပင် ငုတ်တို ဆိုတာ ဘယ်လောက်ပဲ ရေလောင်းလောင်း အညှောင့် မထွက်နိုင်ဘူး။ ကျွန်မ ဘဝက ထန်းပင်ငုတ်တို စစ်စစ်လေ။ ဘယ်လောက် ရေလောင်းလောင်း ဘယ်တော့မှ ထွက်လာမှာ မဟုတ်တဲ့ အညှောင့်ကို ကျွန်မ မိုက်ရူးရဲစွာ မျှော်လင့်နေခဲ့မိတာ။

မိန်းမတစ်ယောက် မဟုတ်တဲ့ လူတစ်ယောက်ရဲ့ ယောက်ျား တစ်ယောက်အပေါ် ထားတဲ့ အချစ်နဲ့ မေတ္တာတရားကို ရှင် ကိုယ်ချင်းမစာနိုင်ဘူး ဆိုတာ နားလည်ထားပါတယ်"

မိန်းမ စကားတွေ မရပ်မနား ပြောလိုက်မိတယ်။ စကားနဲ့ အပြိုင် မျက်ရည်မိုးက စိုလာ ပြန်တယ်။ ရင်ထဲမှာ နင့်နေတဲ့ ခံစားချက်က အလွမ်းလား၊ အချစ်လား၊ ကြင်နာခြင်းလား၊ နာကျင်ခြင်းလား ဆိုတာ ကျွန်မ ကောင်းကောင်း အဓိပ္ပါယ် မဖော်နိုင်သေးဘူး။ မောင့်နည်းတူ သပြေမကလည်း ကျွန်ကို အံ့ဩဟန်နဲ့ ကြည့်နေတယ်။

မဖြစ်သင့်တာတွေ ဖြစ်နေတဲ့ လောကကြီးမှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ လုပ်ဖို့ ကျွန်မ ဆုံးဖြတ်ချက်တွေ ခိုင်မာမှ ဖြစ်မယ်။ ထိန်းချုပ်တယ် ဆိုတဲ့ စကားလုံးတွေ သုံးပြီး ကျွန်မ ဘယ်ဘဝကိုမှ အဆုံးထိ မနာကျင်စေတော့ဘူး။ လွတ်မြောက်အောင် ရုန်းထွက် သွားစရာလည်း မလိုပါဘူး မောင်ရယ်။ ကျွန်မ မောင့်ကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုလိုက်ပါတော့မယ်။

ဘဝကို တစ်က ပြန်စပြီးရင် မောင့်အတွက် မောင့်အတွက် ဆိုတဲ့ ရူးရူးမူးမူး ဖြစ်နေတဲ့ ကိစ္စတွေ ဘယ်တော့မှ ပြန်မဖြစ်စေရတော့ဘူး။ ချစ်မိသူကတော့ အချစ်နွံထဲက လွတ်မြောက်သွားတဲ့ ကျွန်မ မကြုံဖူးသေးဘူး။ ကျွန်မ ရဲရင့်မှ ဖြစ်မယ်။

"အင်းပါ ... ချစ်၊ မင်း မောင့်ကို စိတ်နာနေမယ် ဆိုတာ မောင် နားလည်ပါတယ်။ ပတ်ဝန်းကျင် အမြင်မှာတော့ မောင်က မင်းအပေါ် အရမ်းဆိုး၊ အရမ်းနိုင်စားတဲ့ လူဆိုးလေးပေါ့။ ဒါပေမယ့် မောင် ချစ်အပေါ် ကောင်းခဲ့တာတွေကို ခံစားတတ်တဲ့ ချစ်နှလုံးသားက တစ်ချိန်ချိန်မှာ သိမှာပါ။ ခပ်ဟော့ဟော့ နေတတ်လို့ နှလုံးသားမှာ ယုတ်ညံ့ခြင်းတွေ အမြဲကိန်းအောင်းနေမယ်လို့ ချစ် တရားသဘောနဲ့ တွက်ထားရင် မှားလိမ့်မယ်။ ချစ်အမြင်မှာ ချစ်ကိုယ်ချစ် ထန်းပင်ငုတ်တိုလို မမြင်ဘဲ ရေနဲ့ထိတိုင်း အညှောင့်လေးတွေ ထွက်ထွက်လာတဲ့ သပြေငုတ် ဖြစ်လာမယ့်နေ့မှာ မောင်ပြန်လာခဲ့မယ်"

မောင့်စကား အဆုံးမှာ ကျွန်မကို ဖက်ပြီး ပါးပြင်ကို ခပ်ဖွဖွ နမ်းတော့ ကျယ်ဝန်းလှတဲ့ မောင့်ရင်ခွင်ရဲ့ အနွေးဓာတ်က ကျွန်မကိုယ်ကို လွှမ်းခြုံသွားလေရဲ့။

* * *

အခန်း (၉)
မောင့်နှုတ်ခမ်း ရဲရဲလေးက ကျွန်မပါးကို ထိတယ် ဆိုရုံလေး နမ်းပြီး မောင် ကျွန်မရှေ့က လှည့်ထွက်သွားတယ်။ မောင့်အနမ်းလေး တစ်ပွင့်မှာတင် ကျွန်မ နှလုံးသား တစ်ခုလုံး ပြိုကျ ပျက်စီးသွားတယ်။ မောင် ကျွန်မနဲ့ ဆန့်ကျင်ရာ အရပ်ကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကျွန်မရဲ့ ချစ်တတ်တဲ့ ကမ္ဘာမှာ နေတစ်စင်း ထွက်ထွက်လာတယ်။ မောင် ကျွန်မကို ထာဝရ ထားသွားခဲ့ပြီလား မသိ။ ကျွန်မနဲ့ မောင်ရဲ့ ဖြစ်စဉ်ကို သပြေမက ဘာမှမပြောဘဲ ဆွံ့အနေတယ်။

ကျွန်မ အသိစိတ် ပြန်ဝင်လာတဲ့ အချိန် မောင်က ကျွန်မနဲ့ သပြေမတို့ရဲ့ အဝေးဆုံး တစ်နေရာကို ရောက်နေပြီ။ မောင်က ... ထန်းပင်ငုတ် မဟုတ်ဘဲ ရေနဲ့ ထိတိုင်း အညှောင့်လေးတွေ ထွက်ထွက်လာတဲ့ သပြေငုတ်တို ဖြစ်မှ ပြန်လာမယ် ဆိုတော့ မောင် ကျွန်မကို သံယောဇဉ် ရှိနေခဲ့တယ်ပေါ့။ ကျွန်မ မျှော်နေရမှာလား။ ပျော်နေရမှာလားဟင် ...။

"မူယာ ... မူယာ ... ကောင်မ"

သပြေမက ကျွန်မကို စိတ်ပူပန်စွာ ခေါ်နေတယ်။

"မင်းခန့်ကျော် တကယ် ထွက်သွားပြီလား မသိဘူးနော်။ ညည်းကို ငါ ဒီလောက်ထိ ပြောလိမ့်မယ် ထင်မထားဘူးဟယ်။ အမှန်ကလေ ညည်းအဖေ အသုဘကို ငါက မလာခိုင်းလို့ သူမလာတာ။ ညည်းအဖေ ဆုံးတာ သိသိချင်း ငါတို့ နယ်လိုက်သွားတဲ့နေ့ သူ လိုက်လာရမလား မေးတယ်။ ညည်းက အိုက်တင်တွေနဲ ငိုနေလို့ ငါက မလာစေချင်ဘူး ထင်မိလိုက်တာ"

သပြေမက ပြောနေရင်း ကျွန်မလက်ကို လာကိုင်တယ်။

"မှားကုန်ပြီ ထင်တယ် မူယာရယ်။ အေးအေး ဆေးဆေးမှ ညည်းကို ပြောမယ်ဆိုပြီး နေနေတာ"
သပြေမက မငိုဘဲ ရှု်က်နေတယ်။ ကျွန်မကို ပြောမပြတဲ့ ဘယ် အကြောင်းအရာတွေများ သပြေမနဲ့ မောင့်ကြားမှာ ရှိနေသေးတာလဲ။

"ညည်းအဖေ နာရေးပြီးတော့ ငါ ရန်ကုန်ကို ပြန်လာတယ်။ အဲဒီတုန်းက မင်းခန့်ကျော် လာတွေ့တယ်။ နာရေးနဲ့ ငွေရေးကြေးရေး ခက်ခဲနေမှာဆိုပြီး နင်ဝယ်ပေးထားတဲ့ iPhone ကိုရောင်းပြီး ငွေတွေ ပြန်လာပေးတယ်။ နင်သိရင် လက်မခံမှာ စိုးလို့ ငါ ဒီအတိုင်း ယူထားလိုက်တာ။ မင်းခန့်ကျော်ကလည်း အတင်း ကူညီတယ်။ ဒီလိုဖြစ်တာ စိတ်မကောင်းဘူး ဆိုပြီး တောင်းပန်တာကြောင့်လည်း ပါတာပေါ့ဟယ်"

ဒါဆို နာရေး အပြီးမှာ ပွဲတွေ လက်ခံထားတယ် ဆိုပြီး သပြေမ ပိုလို့ မေမေ့ကို ပေးခဲ့တဲ့ငွေတွေက မောင် ကျွန်မကို ပြန်ပေးတဲ့ ငွေတွေပေါ့။ ပြောပြောဆိုဆို သပြေမက အခန်းထဲ ဝင်သွားပြီး အနီရောင် ဘူးလေးကို ယူလာတယ်။

"ဒီမှာ မင်းခန့်ကျော်ရဲ့ စိန်နားကပ်"

သပြေမက ဘူးကို ဖွင့်လိုက်တဲ့အခါ မောင့်နားရွက် ပါးပါးရဲရဲလေး လှနေတဲ့ စိန်နားကပ်လေးရဲ့အရောင်က စူးစူးရှရှ။

"နင် ငွေလိုရင် ရောင်းပြီး သုံးရအောင်တဲ့လေ။ အားလုံး မှားကုန်ပါပြီဟယ်"

သပြေမက စိန်နားကပ်လေးကို ကိုင်ပြီး ငိုလေပြီ။ သပြေမ စကားအဆုံးမှာ ကျွန်မ ဦးခေါင်း တစ်ခုလုံး ချာချာလည် သွားတယ်။ ကျွန်မ ရင်ထဲမှာ နေဆယ်စင်း တစ်ပြိုင်တည်း ထွက်လာသလို ခံစားလိုက်ရတယ်။ အချိန်တစ်ခုခုရဲ့ အဖြစ်အပျက်တွေကို ကျွန်မ မသိဘဲ စိတ်ထင်ရာတွေ ပြောလိုက်တာ သွားပြီ။ မေမေ ရှိနေလို့ စကားကိုလည်း ကျယ်ကျယ် မပြောနိုင်တဲ့ သူက ကျွန်မပါ။

ဟုတ်ပါတယ်။ အိုး ... ကျွန်မအတွေးတွေ မှားကုန်ပြီရှင်။ ကျွန်မ ကိုယ်တိုင်က ငွေနဲ့ပေးပြီး အပျော်တွေ ရှာနေရတယ်လို့ ထင်နေတာ အမှားတွေပေါ့။ ဖြစ်သမျှ ပြန်စဉ်းစားကြည့် မိတယ်။ လူမြင်ကွင်းမှာ မောင် ကျွန်မကို သဲသဲလှုပ် ဂရုစိုက်မပြ တတ်ပေမယ့် လူမမြင်နိုင်တဲ့ နေရာတွေမှာ ဖိနပ်ကအစ ကိုင်ပေးခဲ့ဖူးတယ်။ မောင်မိုးပေးတဲ့ ထီးတွေကို ကျွန်မ ပျော်ပျော်ပါးပါး ဆောင်းခဲ့ဖူးသလို မောင် ယုယုယယ တိုက်တဲ့ ရေတွေ သောက်ခဲ့ဖူးတယ်။

ကျွန်မ ဘာလို့ ဒါတွေကို အချစ်တို့ သံယောဇဉ်တို့လို မမြင်ဘဲ ငါက သူ့ကို ငွေကြေးတွေနဲ့ ပံ့ပိုးနေလို့ ဒါတွေ လုပ်ပေးနေတာလို့ ထင်နေမိတာလဲ။ မောင်များ စိတ်နာပြီး ကျွန်မဆီ ပြန်မလာတော့ရင် လွမ်းတဲ့စိတ်နဲ့ ကျွန်မ သေမှာ။ ပွဲတွေ၊ ပန်းတွေ၊ ဆီမီးတွေ၊ အမွှေးတိုင် ရနံ့တွေနဲ့ လှပနေတဲ့ ကျွန်မရဲ့ နတ်ခန်းက ရနံ့တွေက ကျွန်မကို လှောင်ပြောင် နေသလိုလို။

"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ် ရှင်"

ခေါ်လိုက်တဲ့ အချိန်တိုင်း ကြားရတဲ့ အသံတွေက နားဝကို မသက်သာပါလား။

"သပြေမ ... မောင်နေတဲ့ တိုက်ခန်းကို ငါ့တို့ လိုက်သွားမလား"
"ဖြစ်ပါ့မလား ကောင်မရယ်။ တော်ကြာ ငါတို့ပုံစံတွေကို မင်းခန့်ကျော် သူငယ်ချင်းတွေ တွေ့သွားရင် သိက္ခာကျနေပါဦးမယ်"

ကျွန်မ အမေးကို သပြေမက စဉ်းစားရင်း ဖြည်းဖြည်း ဖြေတယ်။ ကျွန်မ နည်းတူ သပြေမလည်း မောင့်အပေါ် စေတနာ ရှိပါလား။ မောင့် အသိုင်းအဝန်းမှာ မောင့်ကို အထင်သေး ခံရမှာကို စိတ်ပူနေတယ်။

"တစ်ခုတော့ ရှိတယ်။ ငါတို့ ယောက်ျားပုံစံ ဝတ်သွားမှ ဖြစ်မယ်။ ငါတို့ကြောင့် သူ့ကို အထင်သေး မခံရစေချင်ဘူး။ နင်လည်း ဆေးဆိုးထားတဲ့ နင့်လက်သည်းတွေကို ဖျက်ပြီး ညှပ်ပစ်လိုက်ဟာ။ ငါလည်း အရှည်ထားတဲ့ ဆံပင်ကို နည်းနည်း ကြည့်ကောင်းအောင် ညှပ်လိုက်မယ်"

ကျွန်မ တစ်ခါမှ ကျွန်မဆံပင် ညှပ်ပြီးမှ သွားတွေ့မယ်လို့ မတွေးမိဘူး။ သပြေမကတော့ ဘေးကနေ ကျွန်မတို့ ဖြစ်ပုံကို အကုန်သိနေတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မယ့်ပုံမျိုးကို ပြောင်းခိုင်းနေတယ်။

"အေးပါ ကောင်မရယ်။ သွားတွေ့ရမှာက ကျုပ်လင်နော်။ ညည်းလင် မဟုတ်ဘူး။ ပိုပိုတွေလုပ်ပြီး ချိုးကြော်၊ စနိုက်ကြော်တော့ လုပ်မယ် မကြံနဲ့"
"မူးထာဟယ်။ မထော်မနန်းတွေ သူငယ်ချင်းလင်ကို ကြောင်တောင်နှိုက်စရာလား။ ဒီမှာကြည့်၊ ခါးလေးလှုပ်ကာ လှမ်းသာ လျှောက်လိုက်စမ်းပါ သူငယ်တွေ၊ သူငယ်တွေဆိုတာ သပြေမ နောက်မှာ တစ်ပုံကြီး သဘောပေါက်လား မသော်မော်"

သပြေမက သူ့ကိုယ်ခန္ဓာ ခပ်ပြည့်ပြည့်ကို တစ်ပတ်လှည့်ပြီး အိုက်တင်တွေ လုပ်ပြလို့ စိတ်ညစ်နေတဲ့ကြားက စိတ်ပျော်သလို ဖြစ်သွားသည်။

အားလုံး အဆင်သင့် ဖြစ်နေပြီ။ မောင့်ဆီ သွားဖို့ပဲ ကျန်တော့တယ်။ ကျွန်မလည်း အနှစ်နှစ်အလလ မဝတ်ဘဲထားတဲ့ ပုဆိုးကြီး တကားကားနဲ့ သပြေမကလည်း ဘောင်းဘီအကျပ်ကို ပုံကျအောင် ဝတ်ထားတယ်။ ပြောသာပြောတယ်။ တစ်သက်လုံး ကျားကျားလျားလျား ဝတ်တာ မတွေ့ဖူးတဲ့ သပြေမပုံက ကျွန်မ မျက်စိထဲမှာ လယ်တောထဲက စာခြောက်ရုပ်ကို ဘောင်းဘီစွပ်ထားတဲ့ အတိုင်း။ ကျွန်မ ကွက်ကြည့်ကွက်ကြည့် လုပ်ရင်း ပြုံးနေလို့ သပြေမ ရှက်ကိုးရှက်ကန်း ဖြစ်ပြီး သူ့ဘောင်းဘီကို ပြန်ပြန်ကြည့်နေတယ်။

"ဂွမ်းပါပြီတော်။ ငါ့ရဲ့ လှပတဲ့ ငါ့ရှဉ့်ကိုယ်လုံးလေး မပေါ်တော့ဘူး။ ဒီယောက်ပြား ပုံကြီးနဲ့"

သပြေမ စကားကြောင့် ကျွန်မ ဟားတိုက် ရယ်လိုက်တယ်။ တော်သေးတယ်၊ မေမေများ ကျွန်မကို ဒီပုံမြင်ရင် ဘယ်လောက် ရယ်ချင်မယ် မသိဘူး။ အိမ်မှာ ၃ ရက်ပဲ နေပြီး သူ မနေနိုင်ဘူး။ နယ်ကိုပြန်မယ် ဆိုပြီး ပြန်ပို့လိုက်လို့ တော်သေးတယ်။ မဟုတ်ရင် မလွယ်။

"တပည့်တော်မ မောင်နဲ့ အဆင်ပြေပါစေ ဘုရား။ ကူညီဆောင်မပေးပါ"

အစ်မတော် မငွေတောင်နဲ့ အရှင်တွေကို ဦးတိုက်လိုက်တယ်။ အိမ်က အထွက်မှာ သာယာလာတဲ့ ရာသီဥတုက တဖြည်းဖြည်း ပြောင်းလာတယ်။ လေပြည်လေးတွေက ဖြည်းဖြည်းမှန်မှန် တိုက်နေရာမှာ နည်းနည်း ပိုကြမ်းလာသလို ခံစားရတယ်။ လေပြည်နဲ့အတူ မိုးရေစက်လေးတွေက တဖွားဖွား ကျနေတယ်။ တစ်ခါတစ်ခါ ခြိမ်းလိုက်တဲ့ မိုးခြိမ်းသံက ရင်ထဲကို ထိတ်ခနဲ ဖြစ်နေအောင် ကျယ်လှတယ်။ မောင်နေတဲ့ တိုက်ခန်းနားရောက်မှ ရွာလို့ တော်သေးတယ်။ ဒီလိုမှ မဟုတ်ရင် မလွယ်။

"ဒေါက် ... ဒေါက်"

အခန်းတံခါးကို ခေါက်နေတဲ့ အချိန် ရင်ခုန်သံတွေက မိုးခြိမ်းသံတွေလို ဆူညံနေတယ်။ မောင့်ကိုမြင်ရင် "ကျွန်မ မှားပါတယ်မောင်" ဆိုပြီး မောင့်ရင်ခွင်ထဲကို ဝင်လိုက်ရမလား။ ကျွန်မနည်းတူ သပြေမလည်း ရင်ခုန်နေမှာကို သိတယ်။

"ကလစ် ..." ဆိုတဲ့ တံခါးသော့ကို လှည့်လိုက်တဲ့အသံကြားပြီး မောင့်အခန်းတံခါး ပွင့်လာတယ်။

* * *

အခန်း (၁၀)
"ဘယ်သူနဲ့ တွေ့ချင်လို့လဲ မသိဘူး ခင်ဗျ"

အသက် နှစ်ဆယ်ပတ်လည် ကောင်းလေး တစ်ယောက် လာဖြေတယ်။

"အစ်ကိုတို့က ကိုမင်းခန့်ကျော် မိတ်ဆွေတွေပါ။ သူနဲ့တွေ့ရအောင် လာတာ"

ကောင်လေးက ကျွန်မတို့ကို ကြည့်ပြီး အံ့ဩဟန်နဲ့ ...

"အစ်ကိုတို့က ကိုမင်းခန့်ကျော် နိုင်ငံခြား ထွက်သွားတာ မသိဘူးလား။ ထိုင်းမှာ သူ့သူငယ်ချင်းတွေ အကူအညီနဲ့ အလုပ်လုပ်ဖို့ သွားတာ ပြီးခဲ့တဲ့ သုံးရက်ကပဲ"

အိုး ... ဘုရားသခင်၊ မောင် မရှိတော့ဘူးတဲ့။ မောင် မြန်မာနိုင်ငံမှာ မရှိတော့ဘူးတဲ့။ ကျွန်မကို သပြေမက သတိပေးသလို တစ်ချက် လာကိုင်ပြီး ...

"ကျေးဇူးပဲ ညီ၊ ကိုယ်တို့ကို ခွင့်ပြုပါဦး"

ကောင်လေးကို နှုတ်ဆက်ရင်း သပြေမက ကျွန်မလက်ကို တွဲခေါ်တယ်။ ဘာကြောင့် နိုင်ငံခြားသွားမယ် ဆိုတာ ပြောမသွားတာလဲ မောင်ရယ်။ ချစ် ပြောလိုက်တဲ့ စကားတွေကြောင့် မောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ် ဆိုပြီး ကြိုးစားလိုက်တာပေါ့။ မောင်သာ ကျွန်မနား နေရင် ဘာပဲ လုပ်ပေးရ လုပ်ပေးရ ပါကွယ်။ မောင် ဒီလို လွတ်မြောက်ဖို့ ဘယ်အချိန် ကတည်းက ကြိုးပန်းနေမှန်း ကျွန်မမှ မသိတာကိုး။

အလာတုန်းက ခြိမ်းရုံခြိမ်းတဲ့ မိုးကြိုးတွေက ကျွန်မခေါင်းကို ပစ်ချလိုက်တယ်လို့ကို ထင်မိတယ်။ ရက်စက်လိုက်တာလို့ မပြောချင်ပေမယ့် မောင် မကြင်နာတာတော့ သေချာတယ်။

"ဘာတဲ့ ၊ သပြေငုတ်လို ရေနဲ့ထိပြီး အညှောင့်သစ်လေးတွေ ပြန်ပေါက်မယ်လို့ ခံယူထားတဲ့နေ့ ပြန်လာမယ်" ဆိုတာ မောင် ရည်ရွယ်ချက် တစ်ခုနဲ့ ပြောခဲ့တာပေါ့လေ။ ပြန်ထွက်လာတဲ့ လမ်းတစ်လျှောက်လုံး ကျွန်မနဲ့ သပြေမ မျက်ရည်မိုးတွေ လမ်းထိလျှံခဲ့တယ်။

* * *

လွမ်းဆွတ်တဲ့ဒဏ် ဆိုတာ ခံရဖူးတဲ့သူမှ သိလိမ့်မယ်။ တစ်ရက် တစ်နေ့တည်းနဲ့ ပြေပျောက်သွားတယ် ဆိုတာ အလွမ်းစစ် မဟုတ်လို့ဘဲ ကျွန်မကတော့ သတ်မှတ်တယ်။ ပိတောက်တွေတောင် အကြိမ် သုံးဆယ်လောက် ပွင့်ခဲ့လို့ ခါနွေဥဩရဲ့ တွန်ကျူးသံတွေကိုလည်း လွမ်းဆွေးဆွေး ခံစားခဲ့တာ နှစ်ပေါင်း ကြာညောင်းပေါ့။ ဖေဖေနောက်ကို မေမေက များမကြာတဲ့ နှစ်ပိုင်းအတွင်းမှာ လိုက်သွားတယ်။

ဒီနှစ်တွေမှာ လွမ်းတဲ့စိတ်နဲ့ ကျွန်မဘဝ တိုးတက် ရှင်သန်အောင် မနည်း ပြန်ပျိုးထောင်ခဲ့ရတယ်။ အမှန်တော့ အချစ်ဟာ ကာရန်မညီတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ဘယ်လောက်ပဲ လိုချင် တပ်မက်ပေမယ့် အချိန်တန်တော့ မောင်က ကျွန်မ ရင်ခွင်ကနေ ပျံသန်းသွားတယ်။ မောင်ကတော့ လွတ်မြောက်သွားပေမယ့် ကျွန်မကတော့ ချစ်တတ်တဲ့ စိတ်တစ်ခုတည်းနဲ့ မောင့်ထံပါးမှာ ဘယ်အချိန် ဘယ်အခါ ဖြစ်ဖြစ် ခိုလှုံချင်သေးတယ် မောင်။

ခု ကျွန်မက နတ်လောကမှာ တပည့်တပန်းတွေ တော်တော်များများရဲ့ မာမီမူယာ ဖြစ်နေပြီလေ။ အသည်းကို ကွဲအောင် ခမ်းစိမ်းစိမ်း ခွဲသွားတဲ့ မောင်ရယ် ဒီရင်ခွင် အိုဟောင်းဟောင်းကိုများ လမ်းကြုံရင် ဝင်နားစေချင်သေးတယ်။ အမှန်တော့ အခြောက်ဘဝ ဆိုတာ ရေလျှော်ပြီး မခြောက်လို့ ထိုင်းနေတဲ့ အဝတ်လိုပဲ။

အရမ်းခြောက်သွားတဲ့ အဝတ်လိုလည်း တန်ဖိုးမရှိသလို အရမ်းစိုနေတဲ့ အဝတ်လိုလည်း အရေးတယူ မရှိတတ်ကြဘူး။ လောကမှာ စိုတာတွေ၊ ခြောက်တာတွေ ရှိကောင်း ရှိနိုင်ပေမယ့် ကျွန်မတို့မှာ ရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ကိုတော့ အချစ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ကို ရူးတယ်လို့ ဆိုကောင်း ဆိုလိမ့်မယ်။ မိခင်ဆန်တဲ့ စိတ်၊ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ မြင့်မြတ်တဲ့ အသွေးအသားတွေ မရှိရင် ကျွန်မတို့ရဲ့ မြောက်မြားစွာတဲ့ ငွေတွေကို တခြားသူတွေအတွက် အသုံးချလိမ့်မယ်လို့ ရှင်တို့ ထင်နေသလား။

အချစ်သစ်လည်း ထပ်မရှာသလို သိပ်ချစ်တတ်တဲ့ နှလုံးသားကိုလည်း မောင် တစ်ယောက်အတွက်ပဲ သီးသန့်နေရာလွတ် ထားလိုက်တော့ ကျွန်မတို့ အသိုင်းအဝိုင်းမှာ ကျွန်မကို ရူးသွပ်သူလို့ သမုတ်ကြတယ်လေ။ အချစ်စစ်ဆိုတာ တစ်ခါတည်းမှာ တစ်ဦးတစ်ယောက်တည်းကို ချစ်ပြီး ထာဝရ သူနဲ့ အတူတူ မြှပ်နှံလိုက်လို့ မရဘူးဆိုတဲ့ သူနဲ့ ကျွန်မ တွေ့ချင်တယ်။

မောင်က အသွေးကို ယူတယ်၊ အသားကို ယူတယ်၊ အခွင့်အရေးကို ယူတယ်။ ဒါပေမယ့် မောင့်ကို ကျွန်မ မေတ္တာစစ်နဲ့ ချစ်တယ်။ မောင်ကလွဲပြီး ကျွန်မ အသားကို၊ ကျွန်မ အသွေးကို၊ ကျွန်မ နှလုံးသားကို၊ ကျွန်မ ပါးကို နမ်းစေချင်တဲ့ အခြားတစ်ယောက် မရှိဘူး။ ဒါကြောင့် ကတော်လောကမှာ မူယာပိုက သိပ်ချစ်တတ်တဲ့လူလို့ ဆိုကြတယ်။ တက်သစ်စ ကတော်ပေါက်စလေးတွေ သူတို့ သူငယ်လေးတွေနဲ့ ချစ်ခန်း၊ ကြိုက်ခန်းလေးတွေ နတ်နန်းမှာ ဖောက်သည်လာချရင် သက်ပြင်းကို ခပ်မမ ချပြီး ...

"အမလေး သမီးတွေ၊ ဒီလောက်နဲ့ တက်မလာနဲ့။ ညည်းတို့ထက် ကျုပ်က ပိုဆိုးခဲ့၊ ကဲခဲ့၊ သဲခဲ့တာပါအေ"

လို့ပြောရင် သက်တူရွယ်တူ အပေါင်းအသင်းတွေ ရယ်ပြီး ...

"ကလေးတွေ ရှေ့မှာ မထော်မနန်းတွေ ပြောပြီး ငယ်ကျိုးငယ်နာတွေ မဖော်နဲ့" လို့ ဆိုကြပြန်တယ်။

* * *

ဒီနေ့မှ မှတ်မှတ်ရရ တစ်ယောက်သောသူကို အရမ်း သတိရနေ မိတယ်။ စိတ်ပြေလက်ပျောက် ဘယ်ဆီများ ရောက်နေပြီလဲ အချစ်ရယ်လို့ ညည်းလိုက်ချင်ပေမယ့် အသက်အရွယ်အရ မဖြစ်သင့်တော့ဘူး မဟုတ်လား။ မောင်နဲ့ ကွဲသွားပြီးတဲ့ နောက်ပိုင်း ကျွန်မ လောဘ အားလုံးကို လျှော့ချလိုက်တယ်။

ရသမျှ ငွေကြေးဥစ္စာ အားလုံးကို လေးပုံပုံတယ်။ တစ်ပုံကို စုတယ်။ တစ်ပုံကို ဘုရားကိုလှူတယ်။ တစ်ပုံကို စားတယ်။ နောက်တစ်ပုံကိုတော့ သူရောက်လာတဲ့ တစ်နေ့အတွက် သီးသန့်ထားမိတယ်။

မာမီ မူယာပိုလို့ ဆိုလိုက်တာနဲ့ အလှူအတန်း ရက်ရောတဲ့သူ။ သမီးအပေါ် ဩဇာညောင်းသူ၊ ချစ်ရေးချစ်ရာ အရှုပ်အရှင်း ကင်းသူရယ်လို့ နာမည် ကြီးခဲ့တာတောင် နှစ်ပေါင်း ကြာခဲ့ပြီ။ နာမည် တစ်လုံးကို တန်ဖိုးထား ထိန်းသိမ်းရင်း ချစ်ခဲ့ဖူးတဲ့ ရင်ခွင်တစ်ခုကို သိုသိုသိပ်သိပ်လေး လွမ်းနေရတယ်။ တစ်ခါတစ်လေ သပြေမက ...

" မူယာရယ် ... အချိန်တွေက ကုန်တာ မြန်လိုက်တာ။ အခု ငါတို့က လှပတဲ့ ရုပ်ရည် ဆိုတာလည်း မရှိတော့ဘူး။ ဆန္ဒကို သိက္ခာနဲ့ ထိန်းထားလို့ အရှင်သခင်တွေ ကျေးဇူးနဲ့ စားဖို့ မပူ၊ သောက်ဖို့ မပူရ။ နေဖို့ မပူရဘဲ လူလိုသူလိုလေး နေရတာ။ ဒီလို အဟုတ်ဘဲ စိတ်အလိုလိုက်တဲ့ ကတော်တွေ ရောဂါတွေရ ကျန်းမာရေးတွေ ဆိုးဝါးပြီး ဘဝပျက်သွားတဲ့ သူတွေ တစ်ပုံကြီးနော်။ ကျုပ်လေ မင်းခန့်ကျော်ကိုလည်း ရှာကြံပြီး ကျေးဇူးတင်ပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် လမ်းဘေးမှာ ဘဝပျက်နေတဲ့ အခြောက်မကြီးတွေ ငါတို့ ဖြစ်မနေဘူးလို့ မပြောနိုင်ဘူး။ ပြီးတော့ နင့်ရဲ့ အချစ်ကို သိက္ခာနဲ့ ထိန်းထားနိုင်တာ ကိုလည်း ကျုပ် အားကျမိပါတယ် အေ။ အချစ်နောက်ကို လိုက်ရင်းနဲ့ ညည်းများ တွေ့ရာ အချစ်တွေနဲ့ ပျော်မွေ့ သွားမှာကို အဲဒီတုန်းက ကျုပ် စိတ်ပူလိုက်တာ"

သပြေမတောင် ဘာလိုလိုနဲ့ ကျွန်မနဲ့တန်းတူ ရွှေတိုက်စာရင်းဝင် နတ်ကတော်ကြီး ဖြစ်နေပြီ။ ကျွန်မ အပေါ်မှာတော့ ရဲဘော်ရဲဘက် တစ်ယောက်လို ကျွန်မအပေါ် ကောင်းခဲ့တာ။ လူတစ်ချို့နဲ့ ပတ်သက်ပြီး တချို့ အသိုင်းအဝိုင်းက လူတွေက ကျွန်မတို့ အချစ်နဲ့ ကျွန်မတို့ နေထိုင်ခဲ့တဲ့ စရိုက်တွေကို ရွံ့မုန်းတဲ့ လူတွေ ရှိကောင်း ရှိလိမ့်မယ်။ ဒါတွေကို ကျွန်မကတော့ အများကြီး မအံ့ဩပါဘူး။

စကားတွေ ပြောနေရင်း သပြေမကို ...

"ဟဲ့ ... လိုအပ်တာတွေ ရှိနေဦးမယ်။ သေချာလေး စစ်ဦးနော်။ ကျန်ခဲ့တာတွေ၊ လိုခဲ့တာတွေ ရှိလို့ သခင်တွေ ငြိုငြင်ဦးမယ်"

ကျွန်မအိမ် နတ်နန်းမှာ သမီးတစ်ယောက် အဆင်ပြေလို့ အောင်ပွဲအတွက် ပြင်ဆင်နေကြတာ။ မနက် ၁၀ နာရီလောက်က စပြီး တစ်နေ့ခင်းလုံး ချော့ကြ၊ ကကြမှာ။ ကျွန်မ မေမေ ဆုံးသွားပြီး နောက်ပိုင်း နယ်မှာရှိတဲ့ အိမ်တွေ၊ ယာတွေ၊ လယ်တွေ အားလုံး ရောင်းလိုက်တယ်။ နောက် ရောင်းရတဲ့ ငွေလေးကို အတိုးလေး ဘာလေး ပေးထားပြီး ကျွန်မ အိမ်ကို အိမ်နန်းပုံစံ ပြင်ပစ်လိုက်တယ်။ ပွဲတွေ၊ ဘာတွေဆို ကျွန်မ အိမ်တင် ဆိုင်းသမားတွေ ခေါ်ပြီး အမိုးအကာနဲ့ လွတ်လွတ်လပ်လပ် ကနားတွေ ပေးနိုင်အောင်ပေါ့။

ကျွန်မရဲ့ ဇာတ်ညွှန်းရေး ဆရာမက သပြေမလေ။ သူ အကြံပေးလို့ ဒီလို လုပ်ဖြစ်သွားတာ။ အခုပွဲမှာတော့ သပြေမက ဦးစီးဦးကိုင် လုပ်နေလို့ ကျွန်မက တောင်ကြည့် မြောက်ကြည့် လောက်ပဲ။ လိုအပ်တဲ့ ပွဲတွေအားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေလို့ ဆိုင်းဆရာကတောင် နတ်ပင့်တီးလုံးကို အစပျိုးနေပြီ။ ခဏနေဆို သပြေမနဲ့ သူ့သမီးတစ်သိုက် ကကြ ခုန်ကြ၊ ပျော်ကြ ပါးကြမယ့် နတ်ချော့ပွဲကြီး ကကြတော့မယ်။ လုပ်ရိုးလုပ်စဉ်တွေ အားလုံး လုပ်ပြီး တချို့ နတ်ကတော်လေးတွေ ချော့နေတဲ့အချိန် သပြေမက ...

"ကောင်မ ...၊ ညည်းလည်း ချော့ဦးလေ တစ်ခါလောက်။ ဒါမှ အလှူရှင်တွေလည်း ကျေနပ်မှာပေါ့"
"အေးပါ ချော့တာပေါ့"

သပြေမက ပြောရင်းနဲ့ ကျွန်မအတွက် ပဝါတွေ ယူလာတယ်။ ပဝါစကို ကျွန်မ ကျွမ်းကျင်ကျင်ကျင် လှလှပပလေး ပေါင်းလိုက်ပြီး ...

"ပုဆိုးတွေတော့ မဝတ်တော့ပါဘူးဟယ်။ အသက်လည်း ကြီးပါပြီ။ ဒီအတိုင်း ရိုးရိုးလေးပဲ ချော့တာပေါ့"

ကျွန်မ အထဲကို ဝင်လိုက်ရင်ပဲ ဆိုင်းသမားက စတီးနေပြီ။ ကျွန်မ လက်အုပ်ချီပြီး ကိုယ်တော်ကြီး (ကိုကြီးကျော်) မျက်နှာတော်ကို မော်ဖူးလိုက်တော့ ကိုယ်တော်ကြီး မျက်နှာက ပြုံးနေသလိုလို။ ကျွန်မ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်တဲ့ အခါမှာ အုန်းပွဲ၊ ငှက်ပျောပွဲက ရတဲ့ အနံ့တွေနဲ့ ဆန့်ကျင်တဲ့ ရနံ့တစ်ခုက ကျွန်မ နှာခေါင်းထဲကို ဝင်လာတယ်။

"အို ... မောင်များလား"

အသက် ၆၀ သာ ပြည့်မယ်။ မောင့်ရဲ့ ကိုယ်သင်းရနံ့လေးကို ကျွန်မ မှတ်မိနေသေးတယ်။ မောပန်းသမျှ ခေါင်းဝင်ပြီး ချွဲခဲ့၊ သဲခဲ့တဲ့ ရင်ခွင်ခပ်နွေးနွေးကို သတိတရနဲ့ ရင်တောင် ခုန်သွားတယ်။ နတ်ပင့်ဆိုင်းလည်း တီးနေပြီဆိုတော့

"မောင်လား"

ဆိုတဲ့ အကြည့်နဲ့ မကြည့်နိုင်ဘူး။ ကျွန်မ ကတယ် ခုန်တယ်။ ပျော်တယ်။ ပါးတယ်၊ သောက်တယ် စားတယ်။ ဒါပေမယ့် စိတ်က ကိုယ်တော်တွေဆီမှာ ရောက်မနေဘူး။ ဆိုင်းသံက ဒီနေ့မှာ ပိုမြူးသလို ခံစားမိတယ်။

"သားတွေ သမီးတွေ စီးပွားတက်ပြီး ထူးအောင် တဘောင်ဆိုတာ ပြဟေ့"

ကျွန်မ အော်လိုက်တယ် ဆိုရင်ပဲ ဆိုင်းသံက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တဘောင်ကို စတီးတယ်။

"သောက်သောက်စားစား လူမင်းသားကြီးပါ ဘုရား သောက်ပါ၊ မူးပါ၊ ထူးပါ ဘုရား"

သမီးတစ်ယောက်ရဲ့ သီချင်းသံ စူးစူးကို ဆိုလိုက်တဲ့ အချိန်မှာ ကျွန်မနား အရိပ်လေး တစ်ခု ကပ်လာတယ်။

သေသေချာချာ ကြည့်မှ မောင်ပါလား။ မောင့်ခေါင်းမှာ ပဝါအစိမ်းလေး တစ်ခုကို အချိုးမကျစွာ ပေါင်းထားတယ်။ မောင့်ဘေးမှာ သပြေမက ကျွန်မနဲ့ အတူတူ ဝင်ကနေပြီ။ အိုး ... ကျွန်မ ရင်တွေ ခုန်လိုက်တာ။ မောင် ကျွန်မဆီ ပြန်လာတယ်။ ဆိုင်းသံတွေနဲ့ ရင်ခုန်သံတွေ ပေါင်းလိုက်ရင် ကျွန်မ နှလုံးခုန်နှုန်းတွေ ရပ်သွားမလား မသိ။

ကျွန်မ မောင့်ကို နှစ်ပေါင်းများစွာ လွမ်းဆွတ်စိတ်နဲ့ မြတ်မြတ်နိုးနိုးကြည့် ကခုန်နေသလို ကျွန်မကိုလည်း အစ်မတော် မငွေတောင်က ...

"ဒီကောင်မတော့ ချစ်သူ့နယ်မြေက ဘယ်တော့မှ လွတ်ဖို့ မမြင်ဘူး" ဆိုပြီး ခပ်ထေ့ထေ့ ပြုံးနေမလား မသိ။

---------
ဇော်ညီညီ (နေပြည်တော်)

No comments: