(Zawgyi)
<3 p="">
လြတ္ေျမာက္ပါေတာ့ သူ႔နယ္ေျမ အပိုင္း (၁)
(ေဇာ္ညီညီ(ေနျပည္ေတာ္))
-------------------------------------------------------------------------------
အခန္း (၁)
"ဟယ္ … ေကာင္မ၊ ညည္းဟာက မမ်ားလြန္းဘူးလား"
သေျပမက စကားေျပာရင္းက ကၽြန္မကို ထေအာ္တယ္။ ကၽြန္မ ေငြယူ မ်ားေနတာကို သိတယ္။ ဒါေပမယ့္ ကၽြန္မ ခုခ်ိန္မွာ ေငြကို အေရးတႀကီး လိုအပ္ေနတယ္။ ဘာေၾကာင့္ လိုအပ္ေနတယ္ ဆိုတာကို မေမးနဲ႔။ ကၽြန္မ မ်က္လုံးထဲမွာလည္း ေငြမွေငြ ျဖစ္ေနတယ္။ ေငြမရလို့ မျဖစ္ဘူး။ ေငြမရရင္ ေမာင့္အခ်စ္၊ ေမာင့္အၾကင္နာနဲ႔ ကၽြန္မ ေဝးလိမ့္မယ္။ ကၽြန္မ ေမာင္နဲ႔ေဝးၿပီး မေနနိုင္ဘူး။
"ေကာင္မရယ္ ... နည္းနည္းေလး မ်ားတာပါ။ နင့္ မိတ္ေဆြေတြ ကလည္း သူေဌးေတြပါဟာ။ ဒီတစ္ခါေတာ့ ငါ့ကို ကူညီေပးပါ။ ငါ ေငြအရမ္း လိုအပ္ေနလို့ပါ"
ကၽြန္မစကားအဆုံးမွာ သေျပမက မဲ့ကာရြဲ႕ကာျဖင့္ ...
"နင့္အေကာင္ အတြက္ပဲ မလား။ နင္ကိုက ဝဋ္ႀကီး လြန္းပါတယ္ေအ။ အဝတ္အစား ဆိုရင္လည္း အဝတ္အစား။ ေငြဆို ေငြ၊ ေရႊဆို ေရႊ ဒီေလာက္ ေပးေနတာေတာင္ သူ႔လိုဘေတြက မျပည့္နိုင္ေသးဘူး တဲ့လား။ ေကာင္မ ၾကည့္က်က္လုပ္။ ဟိုက ရတာေတြ မ ၿပီး ညည္းကို ပလစ္သြားမွ အသံျပဲႀကီးနဲ႔ မငိုနဲ႔"
ေျပာၿပီး ေဆာင့္ေဆာင့္ ေအာင့္ေအာင့္နဲ႔ ကၽြန္မအိမ္က ထြက္သြားတယ္။ ကၽြန္မကိုယ္ ကၽြန္မ ဒီေလာကမွာ ကံအေကာင္းဆုံးလို့ မွတ္ယူထားတယ္။ ကၽြန္မ ေမာင္ရဲ့ အသားအေရက ျဖဴေဖြးၿပီး၊ ႏွုတ္ခမ္းေမႊး ရဲရဲေလးနဲ႔ သိပ္ခ်စ္ဖို့ေကာင္းတာ။ ကၽြန္မ ဆင္ထားတဲ့ အဝတ္အစား အေကာင္းေတြနဲ႔ဆို တကယ္ မင္းသား တက္လုပ္လို့ ရတယ္။
ပုဆိုးဝတ္ၿပီ ဆိုလည္း ေသသပ္ၿပီး ဘယ္ေနရာမွာမွ ေမာင္က ႁခြင္းခ်က္ မရွိဘူး။ တစ္ခါတစ္ခါ စိတ္လိုလက္ရ ျပဳံးလိုက္ရင္ တစ္စြန္းတစ္စ ေပၚလာတဲ့ သြားတက္ကေလးကိုက ခ်စ္စရာ ေကာင္းလြန္းလွတယ္။ ဒါေပမယ့္ ေမာင္က နည္းနည္း ျမာေပြခ်င္တယ္။ ႐ုပ္ရည္ကေလး ကလည္းရွိ အသုံးအေဆာင္ေလးေတြ ကလည္း ေခတ္မီဆိုေတာ့ ေမာင့္ေဘးမွာ ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ေနတယ္။
ေမာင္နဲ႔ ပတ္သက္မိတဲ့ ေနာက္ပိုင္း ကၽြန္မ ေငြကို အရင္ကထက္ ပိုရွာတတ္လာတယ္။ သေျပမက ေျပာသာ ေျပာတယ္။ ကၽြန္မရဲ့ အခ်စ္ဆုံးလည္း ဟုတ္။ သူငယ္ခ်င္းလည္း ဟုတ္။ ညီအစ္မလည္း ဟုတ္တယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ကၽြန္မေျပာလိုက္တဲ့ ေငြတခ်ိဳ့နဲ႔ ကနားတစ္ပြဲေတာ့ ျဖစ္ၿပီ။
ဒိုး ...
"နန္းေတာ္ႀကီးက ဒိုးေဟ့"
ကၽြန္မ အသံကို ခပ္က်ယ္က်ယ္ ေအာ္ၿပီး မင္နဲ႔ေမာင္းနဲ႔ ကတယ္။ ဒီကနားပြဲကို ကၽြန္မ သိပ္စိတ္မပါဘူး။ ဘာလို့လဲဆိုေတာ့ ဒီပြဲၿပီးရင္ ေမာင္နဲ႔ ခ်ိန္းထားတယ္။ ခုေခတ္စားေနတဲ့ ေခတ္ေပၚပစၥည္း တစ္ခုကို ေမာင့္ကို ေပးခ်င္ေနတယ္။ ေမာင့္ဘက္က မဆြတ္ခင္ကပဲ ကၽြန္မက ညြတ္ၿပီး ပံ့ပိုးေပးခ်င္ေနတာ။
ကၽြန္မ ကနားမွာ တစ္ေန႔လုံး ပ်ာယာခတ္ ေနပုံကို သေျပမက မ်က္ေစာင္း တထိုးထိုးနဲ႔ ရန္လုပ္တယ္။ ေနာက္ဆုံး မယ္ေတာ္ေလးပါး စားေတာ္တိုက္ၿပီး ခ်ိန္မွာ ကၽြန္မစိတ္ေတြ ေပါ့ပါးသြားတယ္။ ကၽြန္မ တာဝန္ယူထားတဲ့ ပြဲတစ္ခု ၿပီးသြားၿပီ။ ဒီပြဲေက်းဇူးနဲ႔ ကၽြန္မ အေရးတႀကီး လိုအပ္ေနတဲ့ ေငြတခ်ိဳ့လည္း ျပည့္ၿပီေလ။ အေမဂ်မ္း ပင့္တုန္း သေျပမကို အျမင္ကပ္ကပ္နဲ႔ တစ္ခ်က္၊ ႏွစ္ခ်က္ေလာက္ ခပ္ၾကမ္းၾကမ္းေလး ကေလာ္ တုပ္ေပးလိုက္တယ္။ ဒါမွ ဒီေကာင္မကို တရားဝင္ ဩဇာသီး ေရာင္းခြင့္ရတာ။ ဟိုလိုဆို တစ္ေယာက္အေၾကာင္း တစ္ေယာက္ အူမေခ်းခါးမက်န္ သိေနတာဆိုေတာ့ ေျပာရမယ္ဆိုတာ မလြယ္။
ကနားပြဲ တစ္ခုလုံး ၿပီးၿပီမို့ ကၽြန္မ အိမ္ကို ေစာေစာ ျပန္လာခဲ့တယ္။ ေနာက္ပိုင္း က်န္တာေတြကို သေျပမနဲ႔ သူ႔တပည့္ေလးေတြ ၾကည့္လုပ္လိမ့္မယ္။ အေအးေလးေသာက္၊ ေရေလးခ်ိဳးၿပီး ေမာင္ ဖုန္းေခၚမယ့္ အသံေလးကို ရင္ခုန္စြာနဲ႔ ေစာင့္ေနမိတယ္။
"မဆုံနိုင္တဲ့ အေၾကာင္းေလး ရွိခဲ့ၾကေတာ့ တစ္ေန႔ေန႔ အသင့္ျဖစ္ေအာင္ ျပင္ဆင္ပါ့မယ္"
ကၽြန္မ ေမၽွာ္လင့္ေနတဲ့ အခ်ိန္မွာ ဖုန္းသံက ခပ္တိုးတိုးေလး ျမည္လာတယ္။ ကၽြန္မ ရင္ခုန္စြာ ေကာက္ကိုင္လိုက္ေတာ့ ...
"ခ်စ္ ... ေမာေနၿပီလား၊ ေမာင္က စိတ္ပူေနတာ၊ အာဘြား ..."
ေမာင္က ေျပာရင္း "ႁပြတ္" ဆိုတဲ့ အသံတခ်ိဳ့နဲ႔ ဖုန္းထဲကေန အၾကင္နာ အနမ္းေလး ေပးတယ္။ အျပင္မွာ အနမ္းတစ္ပြင့္ ရလိုက္သလိုမ်ိဳး ကၽြန္မမ်က္ႏွာေလး ရဲရဲနီသြားတယ္။ "ခ်စ္လိုက္တာ ေမာင္ရယ္" လို့ အေျပာမွာ ေမာင္က ...
"ခ်စ္ကို ေမာင္ ခု လာႀကိဳမယ္" ဆိုၿပီး ဖုန္းခ်သြားတယ္။
နာရီဝက္ေလာက္ အၾကာမွာ ေမာင္ ကၽြန္မအိမ္ကို ေရာက္လာတယ္။ ေဘာင္းဘီအက်ပ္ အနက္ကေလးနဲ႔ ကိုယ္ၾကပ္အက်ႌ အညိဳေလးက ေမာင့္ရဲ့ ကိုယ္ဟန္အလွကို ေပၚလြင္ေနေစတယ္။ တစ္ခ်က္တစ္ခ်က္ ကိုယ္ဟန္ လွုပ္ရွားလိုက္တိုင္း ဖ်တ္ခနဲ ဖ်တ္ခနဲ ေပၚေပၚလာတဲ့ စိန္နားကပ္ ေသးေသးေလးရဲ့ အလင္းေရာင္ တခ်ိဳ့က ကၽြန္မအတြက္ ပီတိကို ျဖစ္ေနေစတယ္။
ကၽြန္မ ေမာင့္ကို ခ်စ္လြန္းလို့ ေမာင့္အတြက္ လိုအပ္တာ မရွိရေအာင္ ႀကိဳးစားေပးထားတာ။ ဒါဟာ အခ်စ္မဟုတ္ရင္ ဘာမ်ားျဖစ္နိုင္မလဲ ေမာင္။ တက္ႂကြေနတဲ့ ေမာင့္ပုံေလးကို ျမင္လိုက္ေတာ့ ကၽြန္မ တစ္ေန႔လုံး ကခုန္ေသာက္စား ထားၿပီး ေငြရွာရလို့ ေမာေနတဲ့ စိတ္ေလးေတာင္ ေပ်ာက္သြားတယ္။
"ကဲ ... ေမာင္ သြားမယ္ေလ။ ေမာင္ၾကည့္ထားတာ ဘယ္ဆိုင္လဲ"
ကၽြန္မ အေျပာကို ေမာင္က ေခါင္းညိတ္ျပရင္း ကၽြန္မေဘးကို လာထိုင္တယ္။ ဘယ္အခ်ိန္ပဲ ျဖစ္ျဖစ္ ေမာင္ ကၽြန္မနား ကပ္လာရင္ ကၽြန္မ ရင္ခုန္သံေတြ ဝုန္းဒိုင္းက်ဲေနၾက။
* * *
အခန္း (၂)
ေမာင့္ပါး ေဖြးေဖြးေလးကို ကၽြန္မ အၾကင္နာ အနမ္းေလး ေပးမို့ ေရွ႕ကို တိုးလိုက္ခ်ိန္မွာ ေမာင္က ေဘးကို ေရွာင္တိမ္းသြားေတာ့ ကၽြန္မရင္ထဲ အနည္းငယ္ နာက်င္သြားတယ္။
ေယာက္်ား တစ္ေယာက္ရဲ့ အခ်စ္ကို ဘာနဲ႔ ထိန္းခ်ဳပ္လို့ ရမယ္ဆိုတာ ကၽြန္မ ေသခ်ာ မသိေပမယ့္ ဓနဆိုတဲ့ ႀကိဳးတစ္ခုကေတာ့ ကၽြန္မတို့လို လူတန္းစားအတြက္ မရွိမျဖစ္ လက္နက္တစ္ခု ျဖစ္ေနမွာ ေသခ်ာပါတယ္။ ဒီလိုေခ်ာေမာတဲ့ အမ်ိဳးသား တစ္ေယာက္ကေကာ ဘာအတြက္ေၾကာင့္မ်ား ကၽြန္မတို့ကို ခ်စ္ပါတယ္။ ျမတ္နိုးပါလို့ ေျပာပါလိမ့္မယ္။
တစ္ခါတစ္ခါ အခ်စ္ဆိုတာ ပုံေသနည္း မရွိတဲ့ ကဗ်ာတစ္ပုဒ္ ျဖစ္ေကာင္း ျဖစ္နိုင္ေပမယ့္ ကၽြန္မကေတာ့ ေပးဆပ္လို့ ခ်စ္တဲ့ အခ်စ္ကိုပဲ တန္ဖိုးထားမိတယ္။ ေမာင္ဆိုတဲ့ အသိတစ္ခုနဲ႔ ခ်စ္ေနခြင့္ ရေနသမၽွေတာ့ ေမာင္ ဘယ္လိုပဲ ျပဳမူျပဳမူ ေက်နပ္သာယာ ေနမွာပါ။
ကၽြန္မ အေတြးေတြ တသီႀကီးနဲ႔ ေမာင္ ပစၥည္းၾကည့္ထားတယ္ ဆိုတဲ့ ဆိုင္ကို ေရာက္လာတယ္။ အလုပ္လုပ္၊ ေငြရွာရလို့ လူပင္ပန္းတယ္ ဆိုတာ ေမာင့္ကို အေၾကာင္း တစ္ခုခုနဲ႔ ဆုံးရွုံးရမယ္ဆိုတဲ့ အသိတစ္ခု ဝင္လာလို့ စိတ္ပင္ပန္း ရတာနဲ႔ ႏွိုင္းယွဥ္ရင္ အမ်ားႀကီး ကြာတယ္။ ေယာက္်ား တစ္ေယာက္ကို ခ်စ္မိလို့ ပင္ပန္းတာမ်ိဳး မဟုတ္ဘူး။ ေမာင္ဆိုတဲ့ ေသြးသားတစ္ခုကို ခ်စ္မိလို့ ၾကားသမၽွ ျမင္သမၽွ အရာအားလုံးကို အခ်စ္ဆိုတဲ့ အသိတစ္ခုနဲ႔ ဥေပကၡာ ျပဳထားခဲ့တယ္ ဆိုရင္ ရွင္တို့ ယုံနိုင္ပါ့မလား။
ကၽြန္မတို့ အသိုင္းအဝန္းထဲမွာ ကၽြန္မလိုလူ လက္ခ်ိဳးေရတြက္လို့ ရတယ္။ အခ်စ္နဲ႔ ေပးဆပ္ျခင္း၊ ေပးဆပ္ျခင္းနဲ႔ ရယူျခင္း၊ အတၱနဲ႔ အခ်စ္ကို အခ်ိဳးညီညီ မခ်နိုင္တဲ့ အသိုင္းအဝန္း ထဲမွာ ဘာျဖစ္ျဖစ္ ေမာင္ စိတ္ခ်မ္းသာရင္ ၿပီးတာပါပဲ ဆိုတဲ့ အခ်စ္သမႀကီးေတြ ရွိနိုင္ေပမယ့္ အရမ္းကို နည္းတယ္။
"ေကာင္မ ... ငါ့ခ်စ္သူကို လာမထိနဲ႔၊ မီးပြင့္သြားမယ္။ စနိုက္ လာမေၾကာ္နဲ႔" ဆိုတဲ့ သူက ပိုမ်ားတယ္။ ေမာင့္အခ်စ္ကို ပိုင္ဆိုင္ရလို့ စိတ္ခ်မ္းသာမယ့္ အေရးထက္ ေမာင့္ဘဝေလး ေအးခ်မ္းၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ မေတာင့္မတ မေၾကာင့္မက်တဲ့ ဘဝေလးကို ေပးဆပ္ရင္း ခ်စ္ေနတာေကာ အခ်စ္စစ္ မဟုတ္နိုင္ဘူးတဲ့လား။ ကၽြန္မ အေပါင္းအသင္းေတြက ကၽြန္မကို ေျပာၾကတယ္။ မူယာပို ညည္းက ႏွာေခါင္း မပါဘူးတဲ့။ ကိုယ့္ခ်စ္သူ "အစစ္မ" ေတြနဲ႔ သာယာေနလည္း နင္ၾကည့္ေနနိုင္တာ အံ့ဩတယ္တဲ့။ သူတို့အေျပာကို ကၽြန္မ မျငင္းပါဘူး။ ဘယ္သူက ကိုယ့္ခ်စ္သူ တစ္ပါးသူနဲ႔ ခ်စ္ပြဲေတြ ဝင္ေနတာကို ေပ်ာ္ေနမယ္လဲ။
ဒါေပမယ့္ ကၽြန္မတို့က ကၽြန္မတို့ေလ။ သူမ်ားဘဝနဲ႔ မတူဘူး။ ခ်စ္လို့ ရတယ္။ ျမတ္နိုးလို့ ရတယ္။ တြယ္တာလို့ ရတယ္။ ၾကည္ျဖဴရင္ ဘာကိုပဲ ျဖစ္ျဖစ္ ေမာင့္စိတ္တိုင္းက် ဆိုၿပီး အဆုံးသတ္မ်ဥ္းေတြ ဆြဲပစ္လိုက္လို့ ရတယ္။ ဒါေပမယ့္ လက္ထပ္ျခင္းဆိုတဲ့ ပန္းတိုင္ကို ဘယ္ေတာ့မွ ေရာက္လာနိုင္မွာ မဟုတ္ဘူး။ ပတ္ဝန္းက်င္မွာ ကၽြန္မခ်စ္သူ မ်က္ႏွာမငယ္ရဖို့၊ လူဝင္ဆံ့ဖို့ တခ်ိဳ့ေသာ နာက်င္ျခင္းေတြက ဥေပကၡာတရားေတြကို ကၽြန္မ စည္းတားထားမွ ျဖစ္မယ္။
ဒါေၾကာင့္ ကၽြန္မ ေမာင္နဲ႔ အျပင္သြားရင္ေတာင္ အျမဲ ေယာက္်ားပုံပဲ ဝတ္တယ္။ ကၽြန္မရဲ့ ပုံရိပ္ေၾကာင့္ ေမာင့္ကို တစ္ပါးသူေတြ အလယ္မွာ မ်က္ႏွာ မငယ္ေစရဘူး။ ဒါဟာ ေမာင့္အေပၚထားတဲ့ အခ်စ္ထက္ပိုတဲ့ ေမတၱာစစ္စစ္ပါ။ ပင္ပန္းလွတဲ့ ဟန္ေဆာင္ျခင္းေတြ ၾကားမွာ အသားက်ေနေပမယ့္ ေမာင့္လက္ကို တြဲၿပီး ကမၻာတစ္ပတ္ေတာင္ ျဖစ္နိုင္ရင္ ပတ္လိုက္ခ်င္တယ္။ ေမာင့္လက္ဖ်ားေလးနဲ႔ ကၽြန္မပုခုံးေလး ဒါမွမဟုတ္ ပါးေလးကို လာထိရင္ကို ရင္ခုန္သံေတြက တဒိန္းဒိန္း ခုန္ေနတတ္တာ သာယာမွု တစ္ခုထက္ ပိုပါတယ္။
"ညီမေလး ... ကိုယ့္ကို iphone 6 ေလး တစ္ခ်က္ ျပေပးပါ"
ကၽြန္မနဲ႔ ဆန႔္က်င္ရာ တစ္ဖက္မွာ ေမာင္က တျခားတံဆိပ္ ဖုန္းေတြ ၾကည့္ေနတုန္း အေရာင္း စာေရးမေလးကို ကၽြန္မ ေဈးေမးလိုက္ပါတယ္။ လွလိုက္တာ iPhone 6 ေရႊေရာင္ေလးနဲ႔ ေငြေရာင္ေလး။ ကၽြန္မေတာင္ ဒီေလာက္ ေဈးမ်ားတဲ့ ပစၥည္းေတြ မသုံးဘူး။ ဒါေပမယ့္ ေမာင့္အတြက္ေတာ့ လိုအပ္တယ္။ သူ႔႐ုပ္ရည္နဲ႔ ဒီေလာက္ေတာ့ ကိုင္မွ ျဖစ္မယ္။ မဟုတ္ရင္ အေပါင္းအသင္းေတြ ၾကားမွာ မ်က္ႏွာ ငယ္ေနလိမ့္မယ္။
ကိုယ့္ပါးစပ္ကေန "ညီမေလး ... ကိုယ့္ကို" ဆိုတဲ့ စကားကို မနည္း ေျပာယူရတယ္။ ဒါက ေမာင္နဲ႔ အတူတူသြားတဲ့ ေန႔ေလးမွာပဲ ေျပာေလ့ေျပာထ ရွိတဲ့ စကားလုံး။ ကၽြန္မတို့ အေပါင္းအသင္း တစ္သိုက္နဲ႔ ဆိုရင္ ဒီဖုန္းဆိုင္မွာ "အစစ္မ"ေတြ ကၽြန္တို့ရဲ့ ေခ်လုံးေတြ၊ ဝုန္းလုံးေတြနဲ႔ ဝက္ဝက္ကြဲသြားမယ္။ "ထိန္းခ်ဳပ္စမ္း၊ မူယာပို၊ နင္ေမာင့္ကို ခ်စ္တာ သူမ်ား အထင္ေသးမွုေတြ မလိုခ်င္ဘူး မဟုတ္လား" လို့ ကိုယ့္ဘာသာကိုယ္ သတိေပးေနရတယ္။
"ေရႊေရာင္ေလး ယူရင္ ဆယ္သိန္းေက်ာ္ေလာက္ က်မယ္ အစ္ကို"
အေရာင္း စာေရးမေလးက ကၽြန္မကို ၾကည့္ၿပီး အစ္ကိုလို့ ေခၚေတာ့ နည္းနည္းေတာင္ ေနရ ခက္သြားတယ္။
"ဟုတ္လား .. ကိုယ့္ညီကို ျပလိုက္ဦးမယ္။ ကိုယ္က သူ႔အတြက္ လာၾကည့္တာ"
ဘယ္ေလာက္ပဲ ဟန္ေဆာင္ရင္း ထိန္းခ်ဳပ္ထားပါေစ ဗီဇကေလးကေတာ့ ေပၚေပၚလာတယ္။ ကၽြန္မ ေျပာလိုက္တဲ့ ေလသံကို အေျခာက္မအေပါင္း သူေတာ္ေကာင္းတို့ ၾကားရင္ ခပ္ေခ်ေခ်မိုးျမင့္ ဆိုၿပီး ေျပာၾကမွာ ေသခ်ာပါတယ္။
ဒီ အိုင္ဖုန္းေလး ဝယ္ဖို့ ကနား ေလးငါးခုေလာက္ ကၽြန္မ တစ္ဆက္တည္း ကရေအာင္ ေၾကာ္ရေလွာ္ရ ၿခိမ္းေျခာက္ရနဲ႔ ေတာ္ေတာ္ပင္ပန္း လိုက္ေသးတယ္။ လက္ထဲက ေငြက ဆယ္ဂဏန္း မျပည့္ရင္ေတာ့ ကိုယ္ေတာ္ႀကီး(ကိုႀကီးေက်ာ္) ရဲ့ တိုက္ၾကက္ေလးကိုပဲ သေျပမကို သြားထားခိုင္းရမယ္လို့ ေနာက္ဆုံး ေတြးထားရတယ္။ မတတ္နိုင္ဘူးေလ။ ေတာ္ၾကာ သူလိုခ်င္တဲ့ပစၥည္း ကၽြန္မ မေပးနိုင္လို့ ကၽြန္မဆီ မလာေတာ့ရင္ ရင္ကြဲရမွာက ကၽြန္မ မဟုတ္လား။
"ညီေလး မင္းခန႔္ေက်ာ္ ... ဒီမွာ လာၾကည့္ေလ။ ကိုယ္ယူမယ့္ ပစၥည္းကို မၾကည့္ဘဲ ဘာေတြ သြားၾကည့္ေနတာလဲ"
ကၽြန္မ စကားသံကိုၾကားေတာ့ ေမာင္က ကၽြန္မကို ဟန္ပါပါတစ္ခ်က္ ၾကည့္ၿပီး ...
"ဟုတ္ အစ္ကို၊ ဒီမွာ ကြန္ျပဴတာေလးေတြ လွလို့ ၾကည့္ေနတာ"
ေမာင္ေျပာလိုက္တဲ့ အသံနဲ႔ စကားအဆုံးမွာ ကၽြန္မရင္ထဲ ထိတ္ခနဲ ျဖစ္သြားတယ္။ iPhone 6 ၿပီးေတာ့ ေမာင္ အသစ္ထြက္တဲ့ ကြန္ပ်ဴတာေလးမ်ား လိုခ်င္ေနျပန္ၿပီလား။ အျမဲ ဒီလို လုပ္တတ္တဲ့ ေမာင့္ဗီဇေလးကို သိထားေတာ့ ကၽြန္မ ရင္ထိတ္သြားတာေတာ့ အမွန္။ ကၽြန္မလည္း ေမာင့္ကို ခ်စ္လြန္းလို့သာ အမ္း (ပံ့ပိုးေနရ) ေနရတာ။ အလုပ္က ခုတေလာ သိပ္မျဖစ္။
အခ်စ္နဲ႔ ဓနကို အခ်ိဳးမခ်ရဘူးလို့ ဆရာသမားေတြက သြန္သင္ခဲ့ၾကဖူးတယ္။ ဒါေပမယ့္ ကၽြန္မ ေမာင့္ကို ခ်စ္ခြင့္ရဖို့က ဓနဆိုတဲ့ ႀကိဳးတစ္ခုကလြဲၿပီး က်န္တာေတြ မရွိဘူး။ အခ်စ္ကို ခ်ည္ေႏွာင္တာ မဟုတ္ေပမယ့္ ခ်ည္ေႏွာင္နိုင္တဲ့ အင္အားတစ္ခုကိုေတာ့ ကၽြန္မ ဖန္တီးမွ ျဖစ္မယ္။ ေမာင္ေပ်ာ္မယ္ဆို အေသြးကို ယူပါ။ အသားကိုလည္း ယူပါ။
ေမာင့္ရဲ့ ခ်စ္တတ္တဲ့ အသည္း တစ္ေနရာမွာေတာ့ မူယာပိုဆိုတဲ့ အမည္နာမ တစ္ခုကို ရွိေနခြင့္ေလး ေပးထားရင္ ေတာ္ၿပီ။ ေမာင္တို့ ေယာက္်ားေတြ ဆိုတာ ကမၻာမွာ အျမင့္ျမတ္ဆုံးလို့ ကိုယ့္ကိုယ္ကိုယ္ ခံယူထားတဲ့ အမ်ိဳးမို့လား။
* * *
အခန္း (၃)
လူေတြက ကၽြန္မကို ေျပာၾကတယ္။ မိန္းမ သိပ္မဆန္ဘူးေနာ္တဲ့။ မိန္းမဆန္ေနရင္ မိန္းမမဟုတ္တဲ့ ကၽြန္မက ေမာင္နဲ႔ ဘယ္လို အဆင္ေျပပါ့မယ္လဲ။ ကၽြန္မရဲ့ ပါရမီကိုက ေမာင့္အတြက္ သီးသန႔္မို့ပါ။ ရိုးရိုးေလး ေမၽွာ္လင့္ခ်က္မဲ့ေအာင္ ခ်စ္ခဲ့တယ္။ ဒီအတြက္ ေမာင္ ဘာကိုပဲ ေပးေပး လက္ခံနိုင္တဲ့ ရင္ခြင္တစ္ခုနဲ႔ ႏွလုံးသားကို ျမင့္ျမင့္ျမတ္ျမတ္ ဖန္တီးထားတယ္။
* * *
လက္ထဲက ေငြနဲ႔ဆို ေမာင္လိုခ်င္တဲ့ ကြန္ပ်ဴတာအသစ္ တစ္လုံးကိုလည္း ဝယ္ေပးလို့ ရနိုင္ေသးတယ္။ ေနာင္ကိုလည္း ဝယ္ေပးရမယ့္ အတူတူ မထူးပါဘူးဆိုၿပီး ေမာင္လိုခ်င္တာေတြ အားလုံး ဝယ္ေပးလိုက္တယ္။ ေမာင့္မ်က္ႏွာေပၚမွာ အျပဳံးလွလွပပေလး ဖူးပြင့္ဖို့အတြက္ ခင္းလိုက္ရတဲ့ေငြ၊ ကမ္းလိုက္ရတဲ့ေငြ။ ေလာကမွာ ေငြသာအခရာ၊ ေငြကသာ အၾကင္နာေတြကို ဖန္တီးထားနိုင္တယ္လို့ ကၽြန္မေျပာရင္ မွားမလား။
"ခ်စ္ ... ေမာင္ အျပန္ လိုက္မပို့ေတာ့ဘူးေနာ္။ တကၠစီငွားၿပီး ျပန္လိုက္ေတာ့။ ေမာင္ ေဘာ္ဒါေတြနဲ႔ ခ်ိန္းထားလို့"
ေမာင့္စကားေၾကာင့္ ကၽြန္မ စကားသံ တစ္ခြန္းမွ ထြက္မနိုင္ေအာင္ ရင္ထဲ နင့္သြားတယ္။ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ပါလား ေမာင္ရယ္။ ကၽြန္မ ထင္ေနတာက ဒီတစ္ေန႔ေတာ့ ေမာင္ ကၽြန္မအတြက္ အခ်ိန္ေပးလိမ့္မယ္ ေမၽွာ္လင့္ထားတာ။ ေမာင္က အျဖဴဆို ကၽြန္မ ဘယ္တုန္းကမွ အနက္လို့ မလုပ္ခဲ့ဖူးေလေတာ့ ေမာင့္သေဘာေပါ့။
"အိုေက ... ေမာင္၊ ေမာင္လည္း ပင္ပန္းေနၿပီ။ ေစာေစာေတြ႕၊ ေစာေစာျပန္ေနာ္။ သိပ္မိုးခ်ဳပ္ေအာင္ မေနနဲ႔ေနာ္"
"အင္းပါ ... ခ်စ္ရဲ့"
ေမာင္ကေျပာရင္း ကၽြန္မ လက္ကေလးကို ခပ္ဖြဖြေလး ကိုင္လာတယ္။ ရၿပီ။ ဒီေလာက္ဆို ကၽြန္မ ေက်နပ္ၿပီ။ ေလာကမွာ ေမာင့္အတြက္ ေပးဆပ္တဲ့ ခ်စ္ျခင္းေမတၱာတရားနဲ႔ ရွင္သန္ခြင့္ေပးတဲ့ အေျခအေနကိုပဲ ကၽြန္မ ျမတ္ျမတ္နိုးနိုး ေက်းဇူးတင္ေနမိတယ္။
ေမာင္ ကၽြန္မကို အငွားကား တစ္စီးေပၚ တင္ေပးၿပီး သူ႔သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဖို့ဆိုၿပီး ထြက္သြားတယ္။ ေမာင့္ေက်ာျပင္ေလးကို ၾကည့္ရင္း စမတ္က်လွတဲ့ ေမာင့္ကို ပိုပိုၿပီး ျမတ္နိုးေနမိတယ္။ ကၽြန္မ စိတ္ကူးထဲမွာ ေမာင္ဆိုတဲ့ အသိ ဝင္လာတာနဲ႔ တစ္ၿပိဳင္နက္ သာယာျခင္းေတြ၊ ၾကည္ႏူးျခင္းေတြ တရိပ္ရိပ္ တက္လာလို့ ျပဳံးလိုက္တယ္။
ကားေမာင္းတဲ့ တကၠစီ ဒရိုင္ဘာက ကၽြန္မအျပဳံးကို ေနာက္ၾကည့္မွန္ကေန ျမင္သြားပုံရတယ္။
"ဟဲဟဲ .. ေခ်ာတယ္ေနာ္။ အားရင္ ကိုယ့္အိမ္ကို လာလည္ပါလား"
ေမာင့္ေၾကာင့္ ၾကည္လင္ေနတဲ့ စိတ္က ခ်က္ခ်င္းေပ်ာက္ၿပီး ေဒါသေတြ ထြက္လာတယ္။ လူကို ေစာ္ကားလိုက္တာ။ ပုံစံက ႏြဲ႕တဲ့တဲ့ ဆိုၿပီး လူႀကီးတန္မဲ့ ေသြးတိုးစမ္းလိုက္တာ။
"ရွင့္႐ုပ္ ရွင္လည္း ျပန္ၾကည့္ပါဦး။ တစ္ေနကုန္ ထိုင္ၾကည့္လို့ ငါျပားမတန္တဲ့ ႐ုပ္နဲ႔ လူကို ဘာမွတ္ေနတလဲ။ ဒါမ်ိဳး မေၾကာက္လို့ တစ္ေယာက္တည္း သြားေနတာ။ ပါးခ်ည္းပဲ ဘယ္ျပန္ညာျပန္ ခ်လိုက္လို့ ထမင္းမစားနိုင္ဘဲ ျဖစ္သြားမယ္။ ဟြန္း ..."
ကၽြန္မ ေျပာေနရင္းနဲ႔ မ်က္ေစာင္းတစ္ခ်က္ ထပ္ထိုးလိုက္တယ္။
"ရၿပီ။ ဒီမွာပဲ ရပ္ေတာ့။ ေရာ့ ... ပိုက္ဆံ"
ေရွ႕လမ္းၾကားဆို ကၽြန္မ ေနတဲ့အိမ္ ေရာက္ေတာ့မွာမို့ လမ္းၾကားမွာတင္ ဆင္းလိုက္တယ္။ ပိုက္ဆံကို ကားအေရွ႕ခန္းထဲ ေပါက္ေပးလိုက္ၿပီး ...
"ေမ်ာက္အိုႀကီး သံပရာသီး ကိုက္ထားတဲ့ ႐ုပ္နဲ႔ ၾကည့္လည္းလုပ္၊ ေအကိုက္ေနမယ္"
ပုံမွန္ဆို ဒီေလာက္ထိ စိတ္တိုမွာ မဟုတ္ေပမယ့္ ေမာင္နဲ႔ ၾကည္ႏူးေနတဲ့ အေတြးေတြ ေပ်ာက္ကုန္လို့ တမင္ ဝုန္းပစ္လိုက္တာ။ ကၽြန္မကို သိပ္စြာတဲ့ သူဆိုၿပီး ေနာက္ကေန ၾကည့္ေနတယ္ ဆိုတာ သိေနေတာ့ တမင္ တင္ပါးႏွစ္ဖက္ကို စိၿပီး ေကာ့ေတာ့ေကာ့ေတာ့ ေလၽွာက္ေပးလိုက္တယ္။ စြဲမက္ေပေတာ့ အဖိုးအို။
ကၽြန္မတို့ လမ္းၾကားေလးက နည္းနည္းေလး ေမွာင္တယ္။ ဒီလို ညမေရာက္တေရာက္ အခ်ိန္ေလးေတြဆို ေမာင္ ကၽြန္မလက္ကို ဆြဲၿပီး လိုက္ပို့ ေပးတတ္တယ္။ ဒီေန႔ေတာ့ သူလိုခ်င္တာေလးေတြ ရလို့ သူငယ္ခ်င္းေတြနဲ႔ ဆိုင္တစ္ဆိုင္မွာ ဒါမွမဟုတ္ ေကတီဗီမွာ ကဲေနလိမ့္မယ္။ ဒီလို အေတြး ဝင္လာျပန္ေတာ့ အမ်ိဳးသမီး တစ္ေယာက္ မဟုတ္ တစ္ေယာက္ ေမာင့္အနား ရွိေနေတာ့မယ္ ဆိုတဲ့ အေတြးက တန္းဝင္လာတယ္။
"ဟဲ့ ... သေျပ၊၊ ေကာင္မ တံခါးလာဖြင့္ေပးဦး"
"လာပါၿပီေတာ္၊ လာပါၿပီ။ မယ္မင္းႀကီးမ ေမာင္ေတာ္နဲ႔ ေျပာရင္ ပ်ားရည္နဲ႔ ထန္းလ်က္ကို ေခြးရက္ေနတဲ့ အသံနဲ႔ က်ဳပ္ကိုမ်ား ေအာ္လိုက္တာ"
ထဘီလို ဝတ္ထားတဲ့ ပုဆိုးစြန္ေတာင္ကို ဆြဲရင္း အေျပးေလး လာဖြင့္တယ္။ ကၽြန္မ ပါးစပ္က ခပ္ၾကမ္းၾကမ္းေတြကို သေျပမ ေကာင္းေကာင္း သိတယ္ေလ။ အသက္ ဆယ့္ခုႏွစ္ႏွစ္၊ ဆယ့္ရွစ္ႏွစ္ ကတည္းက အတူတူ ေနလာတဲ့ သူေတြပဲ။ ဒီေလာက္ေတာ့ အေပ်ာ့။ အိမ္ထဲေရာက္ရင္ ေရတစ္ခြက္ကို ကၽြန္မအတြက္ ယူလာရင္း သေျပမက ...
"ေကာင္မ နင့္ကို ငါေမးဦးမယ္။ အမွန္အတိုင္း ေျဖေနာ္"
သေျပမ စကားေၾကာင့္ ကၽြန္မ ေသာက္လက္စ ေရေတာင္ နင္သြားသလို။
"ကဲ ... ေျပာမွာသာ ေျပာစမ္းပါေအ။ စကားပလႅင္ေတြ ခံမေနနဲ႔။ က်န္တာေတြလည္း မခံနဲ႔"
"ဟယ္ ... မေသာ္ေမာ္၊ အေကာင္း ေျပာေနတာကို ေနာက္ေနတယ္"
သေျပမက ခပ္ၾကမ္းၾကမ္း စကားတစ္ခြန္း ေျပာရင္း ကၽြန္မကို စကား ဆက္ေျပာတယ္။
"နင္ ဘယ္ေလာက္ ကုန္သြားလဲ။ ရွိတဲ့ေငြ အကုန္ ယူသြားတယ္ မဟုတ္လား"
သေျပမကိုေတာ့ ဘာမွ ကြယ္ဝွက္စရာ မလိုဘူး။ ဒိုးတူေပါင္းဖက္ လုပ္စားၿပီး ႐ုန္းကန္ၾကရတာလဲ အတူတူပဲ။ ေလာကဓံကို စရင္ဆိုင္ရ ကတည္းက ပုဆိုးကို ထဘီပုံစံဝတ္ၿပီး ဆိုးတူတူ ေကာင္းတိုင္ပင္နဲ႔ ႐ုန္းကန္လာရတာ ။ ႏွစ္ေယာက္သား မႏၲေလး ေရာက္တုန္း အေတြ႕အၾကဳံ ရေအာင္ဆိုၿပီး က်ဳံးေဘး လမ္းသလားလို့ ေခြးေျပးဝက္ေျပး ေျပးခဲ့ရတာမ်ိဳးလည္း ႀကံဳခဲ့ဖူးေပါ့။
* * *
အခန္း (၄)
ကၽြန္မတို့ကိုက ကိုယ္ေတြ ေျခာက္ေနတယ္ ဆိုရင္ မႏၲေလး က်ဳံးေဘးမွာ ဇာတ္လမ္းေလးေတြ ရွိမွ သမိုင္းဝင္သလိုမ်ိဳး ထင္မိၾကတာ။ ငယ္စိတ္နဲ႔ဆိုေတာ့ ရဲေတြနဲ႔ ဝိုင္းႀကီးပတ္ပတ္ ဒူေဝေဝေပါ့။ ခုေတာ့ မရွိေလာက္ေတာ့ပါဘူး။
"အင္း ... ဆယ့္ရွစ္ပုံးေလာက္ အမ္းလိုက္ရတယ္။ နည္းနည္း မ်ားသြားသလား"
" ဟယ္ .. မူယာရယ္၊ နင့္ဟာက မမ်ားလြန္းဘူးလား။ ဒါဆို ဒီလအတြက္ နင့္အေဖ ေဆးဖိုးနဲ႔ နယ္ကို ပို့မယ္ဆိုတဲ့ ေငြက ဘယ္လို လုပ္မွာလဲ"
သေျပမက အခ်က္က်က် ေမးလာၿပီ။ နင္ေျဖစမ္း မူယာပို။ သေျပမ ေျပာတာ မွန္တယ္။ အမွန္ဆို ဒီလ ကၽြန္မ နယ္က မိဘေတြကို ေငြပို့ရမွာ။ အေဖက က်န္းမာေရး မေကာင္းလို့ တစ္လမွာ ရက္ႏွစ္ဆယ္ေလာက္ ေဆးခန္း ေျပးေျပးေနရတာ။ ေမာင္နဲ႔ မေတြ႕ခင္က အိမ္ကို အလၽွံပယ္ ေပးနိုင္သေလာက္ ေမာင္နဲ႔ေတြ႕ၿပီး ေနာက္ပိုင္း ကၽြန္မကိုယ္တိုင္ေတာင္ ဟိုအတန္း မေရာက္ေတာ့တာ ကံေကာင္း။
ကုန္လိုက္တဲ့ ေငြကလည္း ေဟာခနဲ ေဟာခနဲ၊ ကိုယ္က ေယာက္်ား တစ္ေယာက္ကို ခ်စ္မိထားတဲ့ ေယာက္်ား တစ္ေယာက္ ဆိုတဲ့ အေတြးနဲ႔ ေမာင္ ၾကည္ျဖဴေအာင္၊ ေမာင္ သာယာေအာင္၊ ေမာင္ ကၽြန္မထံ ယစ္မူးေအာင္ ဆိုၿပီး သုံးလိုက္ရ၊ ေပးလိုက္ရတဲ့ ေငြေတြ မနည္းမေနာပါလား။
"အင္း ... ဒီတစ္လေတာ့ ေမေမ့ကို ဖုန္းဆက္ၿပီး အဆင္ေျပေအာင္ ၾကည့္လုပ္ဖို့ပဲ ေျပာရေတာ့မယ္ေပါ့။ ငါလည္း ဘာေတြျဖစ္မွန္း မသိေတာ့ပါဘူး သေျပမရယ္"
သေျပမက ကၽြန္မကို အျပစ္တင္တဲ့ မ်က္လုံးမ်ိဳးနဲ႔ ၾကည့္ေပမယ့္ ဘာမွတ္ခ်က္မွ မေပးဘူး။ သူကိုယ္တိုင္ကလည္း တခ်ိဳ့ေသာ အေၾကာင္း ကိစၥေလးေတြ ကၽြန္မနဲ႔ အတူတူ ၾကဳံဖူးေလေတာ့ သူငယ္ခ်င္း စိတ္မေကာင္း ျဖစ္မွာစိုးလို့ တိတ္သြားတာလဲ ျဖစ္နိုင္တယ္။
ေမာင့္ကို ဝယ္ေပးလိုက္တဲ့ ဆယ္သိန္းေက်ာ္ဆို အေဖ့ေဆးခန္း ႏွစ္လစာ ရွိတယ္။ သေျပမက အိမ္ဆိုမွ ကၽြန္မ အိမ္ကို သတိရသြားတယ္။ ခြင့္လႊတ္ပါ ေဖေဖနဲ႔ ေမေမ။ သမီးက ႀကီးမွမိုက္တဲ့ ႀကီးမိုက္ပါ။ အကုသိုလ္ေတြမွန္း သိေပမယ့္ ဘဝေပးကံ ဆိုၿပီး ေပ်ာ္ေပ်ာ္ပါးပါး ရွာလိုက္ေဖြလိုက္။ ေပးလိုက္ကမ္းလိုက္နဲ႔ မစင္တြင္းထဲမွာ ေပ်ာ္ရႊင္ေနတဲ့သူပါ။ ေဖေဖ က်န္းမာေရး ေကာင္းေကာင္းနဲ႔ ကၽြန္မနားမွာ ရွိရင္ ကၽြန္မျဖစ္အင္ကို ၾကည့္ၿပီး ဘယ္ေလာက္ ရင္နာလိုက္မလဲ။
ကၽြန္မ ငယ္ငယ္က လူပုံက ေပ်ာ့ဖတ္ဖတ္မို့ မိသားတစ္စုလုံး ပိုးေမြးသလို ေမြးခဲ့တာ မွတ္မိေသးတယ္။ အိမ္အလုပ္လည္း ဘာမွမခိုင္းသလို စာကလည္း ေတာ္သူမို့ ပိုၿပီး ပစားေပးတယ္။
"ငါ့သားကို က်ားက်ားလ်ားလ်ား ျဖစ္ေစခ်င္တယ္" ဆိုတဲ့ စကားလုံး ေအာက္မွာတင္ ကၽြန္မ ေျခာက္သြားတယ္။ ေနာက္ေတာ့ ေဖေဖ ကိုယ္တိုင္က ေမြးကတည္းက ပါလာတဲ့ ဗီဇနဲ႔ ေပးဆပ္ရမယ့္ ဝဋ္ေႂကြးလို့ သတ္မွတ္ထားလိုက္တယ္။ ေနာက္ ေက်ာင္းကို အေဝးသင္နဲ႔ ဘြဲ႕ရေအာင္ တက္တယ္။
လူဆိုတာ ျဖစ္ခ်ိန္တန္ ၾကဳံႀကိဳက္ရင္ ဘယ္သူမွ ေျပးလို့ မလြတ္သလို ဘယ္သူမွလည္း ထိန္းခ်ဳပ္လို့ မရနိုင္ဘူး။ မႏၲေလး အေဝးသင္တက္တဲ့ တစ္ေလၽွာက္လုံး မိဘစကားကို ေျမဝယ္မက် နားေထာင္ခဲ့ေပမယ့္ ေနာက္ဆုံးႏွစ္ ေရာက္ေတာ့ ကၽြန္မဘဝ အေျပာင္းအလဲ တစ္ခုနဲ႔ ႀကံဳလာတယ္။ အေဝးသင္ဟာ ဆယ္လပိုင္းမွာ ဖြင့္မွာဆိုေတာ့ ေမေမက သူ႔ညီမရွိတဲ့ မႏၲေလးမွာ သြားေနေတာ့ ဆိုၿပီး ေစာေစာ လႊတ္လိုက္တယ္။
ဆိုင္ကတယ္ တစ္စီးနဲ႔ ေတာင္ေတာင္ ေျမာက္ေျမာက္ သြားရတာ ကိုလည္း ေပ်ာ္တယ္။ သူမ်ားေတြ ေျပာေျပာေနတဲ့ စီဒိုးနားေထာင့္ ဆိုတာကို ကၽြန္မ ရိုးတိုးရိတ္တိတ္ ၾကားမိေပမယ့္ သြားေလ့လာဖို့ ႀကိဳးစား မၾကည့္ခဲ့မိဘူး။
မွတ္မွတ္ရရ တစ္ရက္ေပါ့။ မိုးေတြက ေဈးခ်ိဳေတာ္တစ္ဝိုက္မွာ ညႇို့ေနေအာင္ မွိုင္းေနတယ္။ အဲဒီ ေန႔က ပစၥည္းတစ္ခ်ိဳ့ ဝယ္စရာရွိလို့ ေဈးခ်ိဳ ေအာက္ထပ္ကို လာဝယ္တာ။
"ေတာင္ျပဳံးကို .. ေတာင္ၿပံဳးကို ..." ဆိုတဲ့ စပယ္ယာရဲ့ အသံနဲ႔ "ေရႊၿပံဳး ေငြၿပံဳး ပြဲရေတာင္ၿပံဳး ... ေပ်ာ္မဆုံးလွတဲ့ တို့အညာပြဲေတာ္ လာလည္ပါ ဖိတ္ေခၚ ... " ဆိုတဲ့ နတ္သီခ်င္းသံေတြ ေဈးခ်ိဳေတာ္ တစ္ဝိုက္မွာ ၿမိဳင္ၿမိဳင္ထိေနတယ္။ ဒီအခ်ိန္မွာ စိတ္ေတြ ထိန္းမရေတာ့ဘူး။ ဆိုင္ကယ္ကို ေဈးခ်ိဳေအာက္ထပ္မွာ ထားၿပီး ေတာင္ၿပံဳးသြားမယ္ ဆိုတဲ့ ကားနဲ႔ လိုက္သြားလိုက္တယ္။
မွတ္မွတ္ရရ ကၽြန္မ သြားတဲ့ေန႔က လူေတြ အရမ္းစည္ကား ေနတယ္။ အနယ္နယ္ အရပ္ရပ္က လာၾကတဲ့ ေရႊပြဲလာ ပရိသတ္ေတြက အျပည့္၊ လူတိုင္းရဲ့ လက္ထဲမွာလည္း သေျပပန္းေတြ အစီအရီကိုင္ၿပီး နန္းႀကီးကို ထိုးေနၾကတယ္။ ကၽြန္မ ေတာင္ေတာင္ ေျမာက္ေျမာက္ ၾကည့္ရင္း နန္းတစ္ခု ေရွ႕ကို ေရာက္တယ္။ မျမင္ဖူးတဲ့ အဝတ္အစား အဆန္းေတြနဲ႔ ကၽြန္မ နားမလည္တဲ့ (အဲဒီ အခ်ိန္က) စကားေတြေၾကာင့္ အ့ံ့ဩေနတယ္။ ဪ ... သူတို့မွာလည္း သူတို့ ယဥ္ေက်းမွုနဲ႔ ဘာသာစကားေတြ ရွိပါလား ဆိုၿပီး အထင္လည္း နည္းနည္း ႀကီးသြားတယ္။
"ဟယ္... သမီးေလး လာေလ၊ အထဲမွာ လာထိုင္"
စိတ္ထဲမွာ တစ္မ်ိဳး ခံစားလိုက္ရတယ္။ ေယာက္်ားေလး တစ္ေယာက္ကို သမီးေလးလို့ ေခၚေနတဲ့ အစိမ္းေရာင္ ထိုင္မသိမ္း ဝတ္ထားတဲ့ နတ္ကေတာ္ မာမီႀကီး တစ္ေယာက္က ကၽြန္မကို လွမ္းေခၚတယ္။ ရင္ခုန္သံေတြ ရင္ခုန္သံေတြ ဆိုတာ ေျပာမေနနဲ႔။ ျမန္သြားလိုက္၊ ေႏွးသြားလိုက္နဲ႔။
အမွန္ဆို သားေလးလို့ ေခၚရမွာေလ။ ဘာေၾကာင့္ သမီးေလးလို့ ေခၚတယ္ဆိုတာ ကၽြန္မ အဲဒီ အခ်ိန္က မေတြးမိဘူး။ ခုခ်ိန္မွာေတာ့ ကၽြန္မ ကိုယ္တိုင္က လူငယ္ တစ္ေယာက္ကို ျမင္လိုက္တာနဲ႔ သမီးေလးလား၊ သားေလးလား ဆိုတာ သိနိုင္တဲ့ မေနာအာ႐ုံ ရေနၿပီ။ ဘဝဆိုတာ ဆန္းၾကယ္လြန္းလို့ ေျပာျပရင္ ယုံနိုင္မယ္ မထင္ဘူး။
ကၽြန္မ အသားအေရ ျဖဴျဖဴေသးေသး လူဖလံေလး ဆိုေတာ့ သူတို့ မ်က္စိမွာ တန္းခန႔္မွန္း မိတာလည္း ျဖစ္နိုင္တယ္။ အဲဒီ အခ်ိန္တုန္းက ေခတ္စားေနတဲ့ ဆံပင္ရွည္ စတိုင္ကို ဆံကုပ္တစ္ခုနဲ႔ ပင့္တင္ထားတာကိုး။
နတ္ကေတာ္ မာမီႀကီးရဲ့ သမီးဆိုတဲ့ စကားတစ္ခြန္းက ကၽြန္မဘဝကို အႀကီးအက်ယ္ ေျပာင္းလဲသြားေစတယ္။ မာမီႀကီးက အေျခာက္တို့၊ တတ္သင့္ တတ္ထိုက္တဲ့ အတတ္ပညာ ဟူသမၽွကို လက္ထပ္ သင္ေပးရင္း တစ္ဖက္မွာလည္း မာယာမ်ားတဲ့ ခ်စ္ေရးခ်စ္ရာေတြကို ထဲထဲဝင္ဝင္ သင္ေပးခဲ့တယ္။
ေနာက္ဆုံး ကၽြန္မ ကိုယ့္ကိုယ္ကိုယ္ မာမီေလးလို့ လက္ခံလိုက္တဲ့ တစ္ေန႔က ေျပာတဲ့ စကားေတြကို ကၽြန္မ မေမ့ေသးဘူး။
"မာမီ ... ဒါဆို သမီး ... ထဘီေတြ၊ ဘာေတြ ဝတ္လို့ ရၿပီေပါ့ေနာ္"
ကၽြန္မ အေမးကို မာမီႀကီးေတြ၊ မာမီလတ္ေတြ၊ မာမီေလးေတြက ဝိုင္းၿပီး ရယ္ၾကတယ္။ မာမီႀကီး ဆိုရင္ "ေအးေပါ့ သမီးရယ္၊ ပြင့္ၿပီေပါ့။ သမီးေလးက မာမီတို့ရဲ့ မ်ိဳးဆက္သစ္ေလး ျဖစ္သြားၿပီ။ ေတာ္ေလးဝ ဝင္တဲ့ မဟာဆီ မဟာေသြးေပါ့။ ေလၽွာက္ရမယ့္ လမ္းကို ရဲရဲသာေလၽွာက္၊ မာမီတို့ေနာက္က လိုအပ္တာ ေထာက္ပံ့မယ္ သမီးေရ"
မာမီႀကီး စကားအဆုံးမွာ မာမီ အေပါင္းအပါ တစ္သင္းလုံးက လက္ဝါးခ်င္း ရိုက္လိုက္ၾကၿပီ။ "ဒီကေန႔ကစၿပီး မာမီတို့ နတ္ေလာကမွာ မူယာပိုလို့ အမည္နာမ ေခၚေစ" လို့ ဝိုင္းဝန္းၿပီး ဩဘာေပးလိုက္ ၾကေတာ့တယ္။
* * *
အခန္း (၅)
ပြဲေတာ္ အတြင္းမွာ ကၽြန္မ မႏၲေလးကို မျပန္ဘဲ မာမီႀကီးတို့ နတ္နန္းမွာပဲ ေနျဖစ္တယ္။ ဂိုဏ္းဝင္သြားတဲ့ သူမို့လားမသိဘူ၊ မာမီႀကီးေတြ၊ မာမီေလးေတြက သဲသဲလွုပ္ ခ်စ္ၾကတယ္။ ဒီလိုနဲ႔ပဲ နတ္ကေတာ္ ဘဝကို အခ်ိန္အနည္းငယ္ အတြင္း နတ္ရိုးရာဓေလ့ေတြ ေလ့လာရင္း ေရာက္လာတယ္။ မေငြေတာင္ အစြဲမို့ "နင္ေတာ့ လင္မွုနဲ႔ မ်က္ရည္ေဝရမယ္ သမီးေရ" လို့ ေျပာလိုက္တဲ့ မာမီႀကီး အသံက ကၽြန္မဘဝအတြက္ ဒီလို အျဖစ္အပ်က္ေတြကို ႀကိဳျမင္ေနလို့ ထင္ပါ့။
ကၽြန္မ နတ္ကေတာ္ ျဖစ္ၿပီး သုံးႏွစ္ေလာက္မွ မင္းခန႔္ေက်ာ္ ဆိုတဲ့ ေမာင္နဲ႔ စေတြ႕တာ။ စေတြ႕စက ေမာင္က ဒီလိုမ်ိဳး မဟုတ္ဘူး။ ဆိုင္တစ္ဆိုင္မွာ သူ ေငြမေလာက္လို့ ကူညီေပးရင္းကေန စလိုက္တဲ့ ဇာတ္လမ္းက သံသရာအထိ မဆုံး ျဖစ္သြားတာ။ သဒၶါလြန္လို့ တဏွာရဲ့ ကၽြန္စစ္စစ္ ဘဝကို ကၽြန္မ ေရာက္ခဲ့ရတာ။ ေန႔ေတြ ညေတြတိုင္းမွာ ခ်စ္သူနဲ႔ တိုက္ပြဲဝင္ဖို့ ႀကိဳးစားဟန္ ျပင္ေနမိတယ္။
ေနာက္ပိုင္းမွာ ေမာင္က တျခားသူေတြထက္ ပိုပိုၿပီး ပညာေတြ စုံလာတယ္။ ဘယ္သူ႔ကို ဘာစကားေျပာရင္ ဘယ္ေလာက္က်မယ္ ဆိုတာကအစ တျဖည္းျဖည္းနဲ႔ တြက္တတ္လာတယ္။ ဒီလို တြက္တတ္ ခ်က္တတ္၊ အကြက္ေရႊ႕တတ္၊ ဇယားေတြ ကပ္တတ္လာေအာင္လည္း ကၽြန္မတို့ အသိုင္းအဝိုင္းက သင္ေပးေနၾကတာကိုး။ တခ်ိဳ့သူေတြ သင္သင္ေပးရင္း ေမာင္က ပညာရွင္စစ္စစ္ ျဖစ္လာတယ္။ အဲဒီ အခ်ိန္မွာ ေမာင့္ကို ဘယ္သူမွ ထိန္းလို့ မရေတာ့ဘူး။
ကၽြန္မတို့ မဟုတ္ရင္လည္း တျခားသူေတြက ေမာင့္အတြက္ ဆိုရင္ ေရမီးအစုံ ျဖစ္ေနတတ္ၾကတာကိုး။
အေတြးေတြက ေတာင္ေရာက္ ေျမာက္ေရာက္နဲ႔ အိပ္စက္ျခင္းက ကၽြန္မထံ ေရာက္မလာ နိုင္ေသးပါဘူး။ သေျပမကေတာ့ အိပ္တာ ေဟာက္ေတာင္ ေနၿပီ။ ျမင္းၿခံက လာတဲ့ ခ်ည္ထည္ ေဘာင္းဘီတိုကို ဝတ္ၿပီး ကၽြန္မကို ေက်ာေပး ေဟာက္ေနတဲ့ သေျပမကို အျမင္ကပ္ကပ္နဲ႔ ဖင္ကို ႏွစ္ခ်က္ ရိုက္ေပးလိုက္တယ္။ ဟုတ္တယ္ေလ။ ကၽြန္မကေတာ့ အိမ္ကိုပို့မယ့္ ေငြကို ေမာင့္အတြက္ ပစၥည္း ဝယ္ေပးလိုက္မိတာ ေနာင္တ ရမဆုံးဘူး။
ေငြမျပည့္မစုံနဲ႔ အေဖ ေဆးခန္းသြား ေနာက္က်မွာကို ေတြးမိတိုင္း မိုက္လိုက္တဲ့ ငါလို့ ေတြးမိေပမယ့္ ေမာင့္မ်က္ႏွာ၊ ေမာင့္အျပဳံး ေအာက္မွာ ကၽြန္မ ႀကီးက်ယ္ ျမင့္ျမတ္လြန္းတဲ့ ေပးဆပ္သူႀကီးဆိုတဲ့ ဂုဏ္ပုဒ္ကို ဂုဏ္တက္ေနေစ ျပန္တယ္။ ေမာင္ တစ္ႏွစ္မွာ တစ္လ၊ တစ္လမွာ တစ္ပတ္၊ တစ္ပတ္မွာ တစ္ရက္ ကၽြန္မေနတဲ့ အိမ္ကို လာလာေနဖို့ ေပးလိုက္ရ ကမ္းလိုက္ရတာေတြ နည္းတာ မဟုတ္ဘူး။ လုပ္တတ္ ကိုင္တတ္ ရွာတတ္ေဖြတတ္တဲ့ အသိုင္းအဝန္းနဲ႔ မိတ္ေကာင္း ရွိေနလို့သာ ကၽြန္ ဟိုအတန္းကို မေရာက္တာ။ မဟုတ္ရင္ မလြယ္ဘူး။
* * *
"ဘာေျပာတယ္ သေျပမ။ ညည္း မေနာက္နဲ႔ေနာ္"
ကၽြန္မ စိတ္ဆိုးစြာ ေအာ္လိုက္တဲ့ အသံကို သေျပမက ေလေျပေအးနဲ႔
"ဟုတ္တယ္။ ညည္း စိတ္ေအးေအးထား။ ညည္းအေဖ ဆုံးၿပီတဲ့။ ညည္းေမေမ ဖုန္းဆက္တယ္။ ညည္းကို ဖုန္းေခၚတာ ဆက္သြယ္မွု ဧရိယာ ျပင္ပမို့တဲ့"
နတ္ကနားပြဲ တစ္ခုမွာ အေမဂ်မ္း ေခ်ာ့မလို့ ျပင္ေနတုန္း ၾကားလိုက္ရတဲ့ အသံက ကၽြန္မေခါင္းကို မိုးႀကိဳး၊ ဆယ္ခါ ပစ္လိုက္သလိုပင္။ ေဖေဖ ဆုံးၿပီတဲ့။ မျဖစ္နိုင္ဘူး။ လုံးဝမျဖစ္နိုင္ဘူး။ ေဖေဖက ဘာလို့ ဆုံးရမွာလဲ။ မျဖစ္ရဘူးေနာ္။ မျဖစ္ရဘူး။ ကၽြန္မ ေဖေဖရဲ့ ေက်းဇူးေႂကြးေတြ ေၾကေအာင္ မဆပ္ရေသးခင္ မေသရဘူးေနာ္။
"နယ္သြားရေအာင္ ညည္း အခု အိမ္ျပန္လာခဲ့"
သေျပမက ဖုန္းခ်သြားၿပီ။
ပြဲက ကေတာ့မယ့္ တန္းလန္းႀကီးမို့ တစ္ခ်ိဳးေလာက္ေတာ့ ကမွ ျဖစ္မယ္လို့ ေတြးရင္း ဆိုင္းဆရာကို လက္ျပလိုက္တယ္။ ဆိုင္းဆရာက အေမဂ်မ္း နတ္ခ်ိဳးကို ၿမိဳင္ဆိုင္ေနေအာင္ တီးတယ္။ ဝတ္ထားတဲ့ အနက္ေရာင္ ဝမ္းဆက္နဲ႔ လာဆက္တဲ့ လက္ဖက္ကို အရက္နဲ႔ ခပ္မ်ားမ်ား ေသာက္လိုက္တယ္။ ကၽြန္မ တစ္သက္မွာ ဒီတစ္ခါ အေမဂ်မ္း ေခ်ာ့တာ အၾကမ္းဆုံး ျဖစ္လိမ့္မယ္။ စိတ္ထဲမွာ ေဖ့ေဖ့အတြက္ မခံနိုင္တဲ့ စိတ္နဲ႔ ဒင္းေၾကာင့္ ငါ့ေဖေဖကို ေငြမပို့မိလို့ ခုလိုျဖစ္တာ ဆိုၿပီး ပါးစပ္က လွိမ့္လွိမ့္ၿပီး ဆဲမိတယ္။
ဒီတစ္ပြဲ ၿပီးရင္ေတာ့ အိမ္က ေဖေဖနဲ႔ ေမေမကို ထပ္ပို့ရင္း အရင္လက မပို့ျဖစ္တဲ့ ကိစၥကို ေတာင္းပန္မယ္လို့ ေတြးထားတာေတာ့ သြားၿပီ။
ကၽြန္မ ဒီေငြေတြကို အခု ဘာလုပ္ ရေတာ့မလဲဟင္။ ေဖေဖ ဆုံးသြားၿပီ ဆိုတဲ့အသံ ၾကားတာနဲ႔ စိတ္ထဲမွာ ေမာင္ဆိုတဲ့ ေကာင္ကို တန္းျမင္ေယာင္လာတယ္။ ဒင္းေၾကာင့္။ ဒင္းအျပဳံးေတြ၊ အျပဳအမူေတြ ေနာက္ကို တေကာက္ေကာက္ လိုက္ၿပီး ျဖည့္ဆည္းေပးရ လြန္းလို့။
ငိုတာ မဟုတ္ေပမယ့္ မ်က္ရည္ေတြက တဖြားဖြား က်ေနတယ္။ ရင္တစ္ခုလုံး ပူေလာင္ေနတဲ့ အျပင္ ကၽြန္မ ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုမွ ခြင့္မလႊတ္နိုင္ဘူး။ ကၽြန္မ တပည့္ေလး တစ္ေယာက္ကို ပြဲကို ဆက္ထိန္းဖို့ မွာထားၿပီး ကၽြန္မ ျပန္ခဲ့တယ္။
အိမ္ကို ေရာက္ေတာ့ သေျပမက အထုတ္အပိုးေတြနဲ႔ ကၽြန္မကို ေစာင့္ေနတယ္။ နာက်င္လြန္းတဲ့ စိတ္နဲ႔ ကၽြန္မကိုယ္ ကၽြန္မ ရြံမိတယ္။ ကၽြန္မ အတြက္နဲ႔ မိဘႏွစ္ပါးမွာ တစ္ေယာက္ ဆုံးပါးသြားလို့ ေက်းဇူးဆပ္ခြင့္ မရနိုင္ေတာ့ဘူး။ ကၽြန္မအိမ္မွာ အစီအရီ တင္ထားတဲ့ အုန္းပြဲ၊ ငွက္ေပ်ာပြဲနဲ႔ နတ္႐ုပ္ေတြက ကၽြန္မကို ေလွာင္ေျပာင္ေနၾက သလိုပဲ။
"အစ္မေတာ္ မေငြေတာင္ ပုံကဆိုရင္ လုပ္ေလ ေကာင္မ၊ ညည္း အခုေတာ့ သိၿပီမို့လား ဆိုတဲ့ အျပဳံးမ်ိဳးနဲ႔ ျပေနတယ္လို့ေတာင္ ထင္မိတယ္"
ပုဆိုးဝတ္ရင္ အျမဲတမ္း ျပားခ်ပ္ေနေအာင္ ထားတဲ့ ခါးပုံစကို ေျဖလိုက္တယ္။ ေနာက္ အုန္းပြဲ၊ ငွက္ေပ်ာပြဲနဲ႔ နတ္႐ုပ္ေတြကို မ်က္ေတာင္မခတ္ပဲ ၾကည့္တယ္။ ကၽြန္မ မ်က္လုံးမွာ ခ်စ္ျခင္းေမတၱာေတြ အစား အမုန္းတရား ဆိုတဲ့ အေငြ႕ေတြ တဖြားဖြား လြင့္လာတယ္။
"ေယာက္်ားတစ္ေယာက္ အတြက္နဲ႔ ရွင္တို့ကို အမွီျပဳၿပီး ေပးဆပ္ရတဲ့ ဘဝကုန္ၿပီ။ ဒီေန႔ဟာ ရွင္တို့နဲ႔ ကၽြန္မ ေရစက္ဆုံတဲ့ ေနာက္ဆုံးေန႔ပဲ" လို့ ေျပာၿပီး နတ္႐ုပ္ေတြ တင္ထားတဲ့ ပဝါအနီစကို ဆြဲလွန္ပစ္လိုက္တယ္။
* * *
--------
ဆက္ရန္
(Unicode)3>
<3 p=""><3 p="">
လွတ်မြောက်ပါတော့ သူ့နယ်မြေ အပိုင်း (၁)
(ဇော်ညီညီ(နေပြည်တော်))

အခန်း (၁)
"ဟယ် … ကောင်မ၊ ညည်းဟာက မများလွန်းဘူးလား"
သပြေမက စကားပြောရင်းက ကျွန်မကို ထအော်တယ်။ ကျွန်မ ငွေယူ များနေတာကို သိတယ်။ ဒါပေမယ့် ကျွန်မ ခုချိန်မှာ ငွေကို အရေးတကြီး လိုအပ်နေတယ်။ ဘာကြောင့် လိုအပ်နေတယ် ဆိုတာကို မမေးနဲ့။ ကျွန်မ မျက်လုံးထဲမှာလည်း ငွေမှငွေ ဖြစ်နေတယ်။ ငွေမရလို့ မဖြစ်ဘူး။ ငွေမရရင် မောင့်အချစ်၊ မောင့်အကြင်နာနဲ့ ကျွန်မ ဝေးလိမ့်မယ်။ ကျွန်မ မောင်နဲ့ဝေးပြီး မနေနိုင်ဘူး။
"ကောင်မရယ် ... နည်းနည်းလေး များတာပါ။ နင့် မိတ်ဆွေတွေ ကလည်း သူဌေးတွေပါဟာ။ ဒီတစ်ခါတော့ ငါ့ကို ကူညီပေးပါ။ ငါ ငွေအရမ်း လိုအပ်နေလို့ပါ"
ကျွန်မစကားအဆုံးမှာ သပြေမက မဲ့ကာရွဲ့ကာဖြင့် ...
"နင့်အကောင် အတွက်ပဲ မလား။ နင်ကိုက ဝဋ်ကြီး လွန်းပါတယ်အေ။ အဝတ်အစား ဆိုရင်လည်း အဝတ်အစား။ ငွေဆို ငွေ၊ ရွှေဆို ရွှေ ဒီလောက် ပေးနေတာတောင် သူ့လိုဘတွေက မပြည့်နိုင်သေးဘူး တဲ့လား။ ကောင်မ ကြည့်ကျက်လုပ်။ ဟိုက ရတာတွေ မ ပြီး ညည်းကို ပလစ်သွားမှ အသံပြဲကြီးနဲ့ မငိုနဲ့"
ပြောပြီး ဆောင့်ဆောင့် အောင့်အောင့်နဲ့ ကျွန်မအိမ်က ထွက်သွားတယ်။ ကျွန်မကိုယ် ကျွန်မ ဒီလောကမှာ ကံအကောင်းဆုံးလို့ မှတ်ယူထားတယ်။ ကျွန်မ မောင်ရဲ့ အသားအရေက ဖြူဖွေးပြီး၊ နှုတ်ခမ်းမွှေး ရဲရဲလေးနဲ့ သိပ်ချစ်ဖို့ကောင်းတာ။ ကျွန်မ ဆင်ထားတဲ့ အဝတ်အစား အကောင်းတွေနဲ့ဆို တကယ် မင်းသား တက်လုပ်လို့ ရတယ်။
ပုဆိုးဝတ်ပြီ ဆိုလည်း သေသပ်ပြီး ဘယ်နေရာမှာမှ မောင်က ခြွင်းချက် မရှိဘူး။ တစ်ခါတစ်ခါ စိတ်လိုလက်ရ ပြုံးလိုက်ရင် တစ်စွန်းတစ်စ ပေါ်လာတဲ့ သွားတက်ကလေးကိုက ချစ်စရာ ကောင်းလွန်းလှတယ်။ ဒါပေမယ့် မောင်က နည်းနည်း မြာပွေချင်တယ်။ ရုပ်ရည်ကလေး ကလည်းရှိ အသုံးအဆောင်လေးတွေ ကလည်း ခေတ်မီဆိုတော့ မောင့်ဘေးမှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတယ်။
မောင်နဲ့ ပတ်သက်မိတဲ့ နောက်ပိုင်း ကျွန်မ ငွေကို အရင်ကထက် ပိုရှာတတ်လာတယ်။ သပြေမက ပြောသာ ပြောတယ်။ ကျွန်မရဲ့ အချစ်ဆုံးလည်း ဟုတ်။ သူငယ်ချင်းလည်း ဟုတ်။ ညီအစ်မလည်း ဟုတ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မပြောလိုက်တဲ့ ငွေတချို့နဲ့ ကနားတစ်ပွဲတော့ ဖြစ်ပြီ။
ဒိုး ...
"နန်းတော်ကြီးက ဒိုးဟေ့"
ကျွန်မ အသံကို ခပ်ကျယ်ကျယ် အော်ပြီး မင်နဲ့မောင်းနဲ့ ကတယ်။ ဒီကနားပွဲကို ကျွန်မ သိပ်စိတ်မပါဘူး။ ဘာလို့လဲဆိုတော့ ဒီပွဲပြီးရင် မောင်နဲ့ ချိန်းထားတယ်။ ခုခေတ်စားနေတဲ့ ခေတ်ပေါ်ပစ္စည်း တစ်ခုကို မောင့်ကို ပေးချင်နေတယ်။ မောင့်ဘက်က မဆွတ်ခင်ကပဲ ကျွန်မက ညွတ်ပြီး ပံ့ပိုးပေးချင်နေတာ။
ကျွန်မ ကနားမှာ တစ်နေ့လုံး ပျာယာခတ် နေပုံကို သပြေမက မျက်စောင်း တထိုးထိုးနဲ့ ရန်လုပ်တယ်။ နောက်ဆုံး မယ်တော်လေးပါး စားတော်တိုက်ပြီး ချိန်မှာ ကျွန်မစိတ်တွေ ပေါ့ပါးသွားတယ်။ ကျွန်မ တာဝန်ယူထားတဲ့ ပွဲတစ်ခု ပြီးသွားပြီ။ ဒီပွဲကျေးဇူးနဲ့ ကျွန်မ အရေးတကြီး လိုအပ်နေတဲ့ ငွေတချို့လည်း ပြည့်ပြီလေ။ အမေဂျမ်း ပင့်တုန်း သပြေမကို အမြင်ကပ်ကပ်နဲ့ တစ်ချက်၊ နှစ်ချက်လောက် ခပ်ကြမ်းကြမ်းလေး ကလော် တုပ်ပေးလိုက်တယ်။ ဒါမှ ဒီကောင်မကို တရားဝင် ဩဇာသီး ရောင်းခွင့်ရတာ။ ဟိုလိုဆို တစ်ယောက်အကြောင်း တစ်ယောက် အူမချေးခါးမကျန် သိနေတာဆိုတော့ ပြောရမယ်ဆိုတာ မလွယ်။
ကနားပွဲ တစ်ခုလုံး ပြီးပြီမို့ ကျွန်မ အိမ်ကို စောစော ပြန်လာခဲ့တယ်။ နောက်ပိုင်း ကျန်တာတွေကို သပြေမနဲ့ သူ့တပည့်လေးတွေ ကြည့်လုပ်လိမ့်မယ်။ အအေးလေးသောက်၊ ရေလေးချိုးပြီး မောင် ဖုန်းခေါ်မယ့် အသံလေးကို ရင်ခုန်စွာနဲ့ စောင့်နေမိတယ်။
"မဆုံနိုင်တဲ့ အကြောင်းလေး ရှိခဲ့ကြတော့ တစ်နေ့နေ့ အသင့်ဖြစ်အောင် ပြင်ဆင်ပါ့မယ်"
ကျွန်မ မျှော်လင့်နေတဲ့ အချိန်မှာ ဖုန်းသံက ခပ်တိုးတိုးလေး မြည်လာတယ်။ ကျွန်မ ရင်ခုန်စွာ ကောက်ကိုင်လိုက်တော့ ...
"ချစ် ... မောနေပြီလား၊ မောင်က စိတ်ပူနေတာ၊ အာဘွား ..."
မောင်က ပြောရင်း "ပြွတ်" ဆိုတဲ့ အသံတချို့နဲ့ ဖုန်းထဲကနေ အကြင်နာ အနမ်းလေး ပေးတယ်။ အပြင်မှာ အနမ်းတစ်ပွင့် ရလိုက်သလိုမျိုး ကျွန်မမျက်နှာလေး ရဲရဲနီသွားတယ်။ "ချစ်လိုက်တာ မောင်ရယ်" လို့ အပြောမှာ မောင်က ...
"ချစ်ကို မောင် ခု လာကြိုမယ်" ဆိုပြီး ဖုန်းချသွားတယ်။
နာရီဝက်လောက် အကြာမှာ မောင် ကျွန်မအိမ်ကို ရောက်လာတယ်။ ဘောင်းဘီအကျပ် အနက်ကလေးနဲ့ ကိုယ်ကြပ်အကျႌ အညိုလေးက မောင့်ရဲ့ ကိုယ်ဟန်အလှကို ပေါ်လွင်နေစေတယ်။ တစ်ချက်တစ်ချက် ကိုယ်ဟန် လှုပ်ရှားလိုက်တိုင်း ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ပေါ်လာတဲ့ စိန်နားကပ် သေးသေးလေးရဲ့ အလင်းရောင် တချို့က ကျွန်မအတွက် ပီတိကို ဖြစ်နေစေတယ်။
ကျွန်မ မောင့်ကို ချစ်လွန်းလို့ မောင့်အတွက် လိုအပ်တာ မရှိရအောင် ကြိုးစားပေးထားတာ။ ဒါဟာ အချစ်မဟုတ်ရင် ဘာများဖြစ်နိုင်မလဲ မောင်။ တက်ကြွနေတဲ့ မောင့်ပုံလေးကို မြင်လိုက်တော့ ကျွန်မ တစ်နေ့လုံး ကခုန်သောက်စား ထားပြီး ငွေရှာရလို့ မောနေတဲ့ စိတ်လေးတောင် ပျောက်သွားတယ်။
"ကဲ ... မောင် သွားမယ်လေ။ မောင်ကြည့်ထားတာ ဘယ်ဆိုင်လဲ"
ကျွန်မ အပြောကို မောင်က ခေါင်းညိတ်ပြရင်း ကျွန်မဘေးကို လာထိုင်တယ်။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် မောင် ကျွန်မနား ကပ်လာရင် ကျွန်မ ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေကြ။
* * *
အခန်း (၂)
မောင့်ပါး ဖွေးဖွေးလေးကို ကျွန်မ အကြင်နာ အနမ်းလေး ပေးမို့ ရှေ့ကို တိုးလိုက်ချိန်မှာ မောင်က ဘေးကို ရှောင်တိမ်းသွားတော့ ကျွန်မရင်ထဲ အနည်းငယ် နာကျင်သွားတယ်။
ယောက်ျား တစ်ယောက်ရဲ့ အချစ်ကို ဘာနဲ့ ထိန်းချုပ်လို့ ရမယ်ဆိုတာ ကျွန်မ သေချာ မသိပေမယ့် ဓနဆိုတဲ့ ကြိုးတစ်ခုကတော့ ကျွန်မတို့လို လူတန်းစားအတွက် မရှိမဖြစ် လက်နက်တစ်ခု ဖြစ်နေမှာ သေချာပါတယ်။ ဒီလိုချောမောတဲ့ အမျိုးသား တစ်ယောက်ကကော ဘာအတွက်ကြောင့်များ ကျွန်မတို့ကို ချစ်ပါတယ်။ မြတ်နိုးပါလို့ ပြောပါလိမ့်မယ်။
တစ်ခါတစ်ခါ အချစ်ဆိုတာ ပုံသေနည်း မရှိတဲ့ ကဗျာတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကျွန်မကတော့ ပေးဆပ်လို့ ချစ်တဲ့ အချစ်ကိုပဲ တန်ဖိုးထားမိတယ်။ မောင်ဆိုတဲ့ အသိတစ်ခုနဲ့ ချစ်နေခွင့် ရနေသမျှတော့ မောင် ဘယ်လိုပဲ ပြုမူပြုမူ ကျေနပ်သာယာ နေမှာပါ။
ကျွန်မ အတွေးတွေ တသီကြီးနဲ့ မောင် ပစ္စည်းကြည့်ထားတယ် ဆိုတဲ့ ဆိုင်ကို ရောက်လာတယ်။ အလုပ်လုပ်၊ ငွေရှာရလို့ လူပင်ပန်းတယ် ဆိုတာ မောင့်ကို အကြောင်း တစ်ခုခုနဲ့ ဆုံးရှုံးရမယ်ဆိုတဲ့ အသိတစ်ခု ဝင်လာလို့ စိတ်ပင်ပန်း ရတာနဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာတယ်။ ယောက်ျား တစ်ယောက်ကို ချစ်မိလို့ ပင်ပန်းတာမျိုး မဟုတ်ဘူး။ မောင်ဆိုတဲ့ သွေးသားတစ်ခုကို ချစ်မိလို့ ကြားသမျှ မြင်သမျှ အရာအားလုံးကို အချစ်ဆိုတဲ့ အသိတစ်ခုနဲ့ ဥပေက္ခာ ပြုထားခဲ့တယ် ဆိုရင် ရှင်တို့ ယုံနိုင်ပါ့မလား။
ကျွန်မတို့ အသိုင်းအဝန်းထဲမှာ ကျွန်မလိုလူ လက်ချိုးရေတွက်လို့ ရတယ်။ အချစ်နဲ့ ပေးဆပ်ခြင်း၊ ပေးဆပ်ခြင်းနဲ့ ရယူခြင်း၊ အတ္တနဲ့ အချစ်ကို အချိုးညီညီ မချနိုင်တဲ့ အသိုင်းအဝန်း ထဲမှာ ဘာဖြစ်ဖြစ် မောင် စိတ်ချမ်းသာရင် ပြီးတာပါပဲ ဆိုတဲ့ အချစ်သမကြီးတွေ ရှိနိုင်ပေမယ့် အရမ်းကို နည်းတယ်။
"ကောင်မ ... ငါ့ချစ်သူကို လာမထိနဲ့၊ မီးပွင့်သွားမယ်။ စနိုက် လာမကြော်နဲ့" ဆိုတဲ့ သူက ပိုများတယ်။ မောင့်အချစ်ကို ပိုင်ဆိုင်ရလို့ စိတ်ချမ်းသာမယ့် အရေးထက် မောင့်ဘဝလေး အေးချမ်းပြီး ပျော်ပျော်ရွှင်ရွှင် မတောင့်မတ မကြောင့်မကျတဲ့ ဘဝလေးကို ပေးဆပ်ရင်း ချစ်နေတာကော အချစ်စစ် မဟုတ်နိုင်ဘူးတဲ့လား။ ကျွန်မ အပေါင်းအသင်းတွေက ကျွန်မကို ပြောကြတယ်။ မူယာပို ညည်းက နှာခေါင်း မပါဘူးတဲ့။ ကိုယ့်ချစ်သူ "အစစ်မ" တွေနဲ့ သာယာနေလည်း နင်ကြည့်နေနိုင်တာ အံ့ဩတယ်တဲ့။ သူတို့အပြောကို ကျွန်မ မငြင်းပါဘူး။ ဘယ်သူက ကိုယ့်ချစ်သူ တစ်ပါးသူနဲ့ ချစ်ပွဲတွေ ဝင်နေတာကို ပျော်နေမယ်လဲ။
ဒါပေမယ့် ကျွန်မတို့က ကျွန်မတို့လေ။ သူများဘဝနဲ့ မတူဘူး။ ချစ်လို့ ရတယ်။ မြတ်နိုးလို့ ရတယ်။ တွယ်တာလို့ ရတယ်။ ကြည်ဖြူရင် ဘာကိုပဲ ဖြစ်ဖြစ် မောင့်စိတ်တိုင်းကျ ဆိုပြီး အဆုံးသတ်မျဉ်းတွေ ဆွဲပစ်လိုက်လို့ ရတယ်။ ဒါပေမယ့် လက်ထပ်ခြင်းဆိုတဲ့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်လာနိုင်မှာ မဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ကျွန်မချစ်သူ မျက်နှာမငယ်ရဖို့၊ လူဝင်ဆံ့ဖို့ တချို့သော နာကျင်ခြင်းတွေက ဥပေက္ခာတရားတွေကို ကျွန်မ စည်းတားထားမှ ဖြစ်မယ်။
ဒါကြောင့် ကျွန်မ မောင်နဲ့ အပြင်သွားရင်တောင် အမြဲ ယောက်ျားပုံပဲ ဝတ်တယ်။ ကျွန်မရဲ့ ပုံရိပ်ကြောင့် မောင့်ကို တစ်ပါးသူတွေ အလယ်မှာ မျက်နှာ မငယ်စေရဘူး။ ဒါဟာ မောင့်အပေါ်ထားတဲ့ အချစ်ထက်ပိုတဲ့ မေတ္တာစစ်စစ်ပါ။ ပင်ပန်းလှတဲ့ ဟန်ဆောင်ခြင်းတွေ ကြားမှာ အသားကျနေပေမယ့် မောင့်လက်ကို တွဲပြီး ကမ္ဘာတစ်ပတ်တောင် ဖြစ်နိုင်ရင် ပတ်လိုက်ချင်တယ်။ မောင့်လက်ဖျားလေးနဲ့ ကျွန်မပုခုံးလေး ဒါမှမဟုတ် ပါးလေးကို လာထိရင်ကို ရင်ခုန်သံတွေက တဒိန်းဒိန်း ခုန်နေတတ်တာ သာယာမှု တစ်ခုထက် ပိုပါတယ်။
"ညီမလေး ... ကိုယ့်ကို iphone 6 လေး တစ်ချက် ပြပေးပါ"
ကျွန်မနဲ့ ဆန့်ကျင်ရာ တစ်ဖက်မှာ မောင်က တခြားတံဆိပ် ဖုန်းတွေ ကြည့်နေတုန်း အရောင်း စာရေးမလေးကို ကျွန်မ ဈေးမေးလိုက်ပါတယ်။ လှလိုက်တာ iPhone 6 ရွှေရောင်လေးနဲ့ ငွေရောင်လေး။ ကျွန်မတောင် ဒီလောက် ဈေးများတဲ့ ပစ္စည်းတွေ မသုံးဘူး။ ဒါပေမယ့် မောင့်အတွက်တော့ လိုအပ်တယ်။ သူ့ရုပ်ရည်နဲ့ ဒီလောက်တော့ ကိုင်မှ ဖြစ်မယ်။ မဟုတ်ရင် အပေါင်းအသင်းတွေ ကြားမှာ မျက်နှာ ငယ်နေလိမ့်မယ်။
ကိုယ့်ပါးစပ်ကနေ "ညီမလေး ... ကိုယ့်ကို" ဆိုတဲ့ စကားကို မနည်း ပြောယူရတယ်။ ဒါက မောင်နဲ့ အတူတူသွားတဲ့ နေ့လေးမှာပဲ ပြောလေ့ပြောထ ရှိတဲ့ စကားလုံး။ ကျွန်မတို့ အပေါင်းအသင်း တစ်သိုက်နဲ့ ဆိုရင် ဒီဖုန်းဆိုင်မှာ "အစစ်မ"တွေ ကျွန်တို့ရဲ့ ချေလုံးတွေ၊ ဝုန်းလုံးတွေနဲ့ ဝက်ဝက်ကွဲသွားမယ်။ "ထိန်းချုပ်စမ်း၊ မူယာပို၊ နင်မောင့်ကို ချစ်တာ သူများ အထင်သေးမှုတွေ မလိုချင်ဘူး မဟုတ်လား" လို့ ကိုယ့်ဘာသာကိုယ် သတိပေးနေရတယ်။
"ရွှေရောင်လေး ယူရင် ဆယ်သိန်းကျော်လောက် ကျမယ် အစ်ကို"
အရောင်း စာရေးမလေးက ကျွန်မကို ကြည့်ပြီး အစ်ကိုလို့ ခေါ်တော့ နည်းနည်းတောင် နေရ ခက်သွားတယ်။
"ဟုတ်လား .. ကိုယ့်ညီကို ပြလိုက်ဦးမယ်။ ကိုယ်က သူ့အတွက် လာကြည့်တာ"
ဘယ်လောက်ပဲ ဟန်ဆောင်ရင်း ထိန်းချုပ်ထားပါစေ ဗီဇကလေးကတော့ ပေါ်ပေါ်လာတယ်။ ကျွန်မ ပြောလိုက်တဲ့ လေသံကို အခြောက်မအပေါင်း သူတော်ကောင်းတို့ ကြားရင် ခပ်ချေချေမိုးမြင့် ဆိုပြီး ပြောကြမှာ သေချာပါတယ်။
ဒီ အိုင်ဖုန်းလေး ဝယ်ဖို့ ကနား လေးငါးခုလောက် ကျွန်မ တစ်ဆက်တည်း ကရအောင် ကြော်ရလှော်ရ ခြိမ်းခြောက်ရနဲ့ တော်တော်ပင်ပန်း လိုက်သေးတယ်။ လက်ထဲက ငွေက ဆယ်ဂဏန်း မပြည့်ရင်တော့ ကိုယ်တော်ကြီး(ကိုကြီးကျော်) ရဲ့ တိုက်ကြက်လေးကိုပဲ သပြေမကို သွားထားခိုင်းရမယ်လို့ နောက်ဆုံး တွေးထားရတယ်။ မတတ်နိုင်ဘူးလေ။ တော်ကြာ သူလိုချင်တဲ့ပစ္စည်း ကျွန်မ မပေးနိုင်လို့ ကျွန်မဆီ မလာတော့ရင် ရင်ကွဲရမှာက ကျွန်မ မဟုတ်လား။
"ညီလေး မင်းခန့်ကျော် ... ဒီမှာ လာကြည့်လေ။ ကိုယ်ယူမယ့် ပစ္စည်းကို မကြည့်ဘဲ ဘာတွေ သွားကြည့်နေတာလဲ"
ကျွန်မ စကားသံကိုကြားတော့ မောင်က ကျွန်မကို ဟန်ပါပါတစ်ချက် ကြည့်ပြီး ...
"ဟုတ် အစ်ကို၊ ဒီမှာ ကွန်ပြူတာလေးတွေ လှလို့ ကြည့်နေတာ"
မောင်ပြောလိုက်တဲ့ အသံနဲ့ စကားအဆုံးမှာ ကျွန်မရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ iPhone 6 ပြီးတော့ မောင် အသစ်ထွက်တဲ့ ကွန်ပျူတာလေးများ လိုချင်နေပြန်ပြီလား။ အမြဲ ဒီလို လုပ်တတ်တဲ့ မောင့်ဗီဇလေးကို သိထားတော့ ကျွန်မ ရင်ထိတ်သွားတာတော့ အမှန်။ ကျွန်မလည်း မောင့်ကို ချစ်လွန်းလို့သာ အမ်း (ပံ့ပိုးနေရ) နေရတာ။ အလုပ်က ခုတလော သိပ်မဖြစ်။
အချစ်နဲ့ ဓနကို အချိုးမချရဘူးလို့ ဆရာသမားတွေက သွန်သင်ခဲ့ကြဖူးတယ်။ ဒါပေမယ့် ကျွန်မ မောင့်ကို ချစ်ခွင့်ရဖို့က ဓနဆိုတဲ့ ကြိုးတစ်ခုကလွဲပြီး ကျန်တာတွေ မရှိဘူး။ အချစ်ကို ချည်နှောင်တာ မဟုတ်ပေမယ့် ချည်နှောင်နိုင်တဲ့ အင်အားတစ်ခုကိုတော့ ကျွန်မ ဖန်တီးမှ ဖြစ်မယ်။ မောင်ပျော်မယ်ဆို အသွေးကို ယူပါ။ အသားကိုလည်း ယူပါ။
မောင့်ရဲ့ ချစ်တတ်တဲ့ အသည်း တစ်နေရာမှာတော့ မူယာပိုဆိုတဲ့ အမည်နာမ တစ်ခုကို ရှိနေခွင့်လေး ပေးထားရင် တော်ပြီ။ မောင်တို့ ယောက်ျားတွေ ဆိုတာ ကမ္ဘာမှာ အမြင့်မြတ်ဆုံးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ အမျိုးမို့လား။
* * *
အခန်း (၃)
လူတွေက ကျွန်မကို ပြောကြတယ်။ မိန်းမ သိပ်မဆန်ဘူးနော်တဲ့။ မိန်းမဆန်နေရင် မိန်းမမဟုတ်တဲ့ ကျွန်မက မောင်နဲ့ ဘယ်လို အဆင်ပြေပါ့မယ်လဲ။ ကျွန်မရဲ့ ပါရမီကိုက မောင့်အတွက် သီးသန့်မို့ပါ။ ရိုးရိုးလေး မျှော်လင့်ချက်မဲ့အောင် ချစ်ခဲ့တယ်။ ဒီအတွက် မောင် ဘာကိုပဲ ပေးပေး လက်ခံနိုင်တဲ့ ရင်ခွင်တစ်ခုနဲ့ နှလုံးသားကို မြင့်မြင့်မြတ်မြတ် ဖန်တီးထားတယ်။
* * *
လက်ထဲက ငွေနဲ့ဆို မောင်လိုချင်တဲ့ ကွန်ပျူတာအသစ် တစ်လုံးကိုလည်း ဝယ်ပေးလို့ ရနိုင်သေးတယ်။ နောင်ကိုလည်း ဝယ်ပေးရမယ့် အတူတူ မထူးပါဘူးဆိုပြီး မောင်လိုချင်တာတွေ အားလုံး ဝယ်ပေးလိုက်တယ်။ မောင့်မျက်နှာပေါ်မှာ အပြုံးလှလှပပလေး ဖူးပွင့်ဖို့အတွက် ခင်းလိုက်ရတဲ့ငွေ၊ ကမ်းလိုက်ရတဲ့ငွေ။ လောကမှာ ငွေသာအခရာ၊ ငွေကသာ အကြင်နာတွေကို ဖန်တီးထားနိုင်တယ်လို့ ကျွန်မပြောရင် မှားမလား။
"ချစ် ... မောင် အပြန် လိုက်မပို့တော့ဘူးနော်။ တက္ကစီငှားပြီး ပြန်လိုက်တော့။ မောင် ဘော်ဒါတွေနဲ့ ချိန်းထားလို့"
မောင့်စကားကြောင့် ကျွန်မ စကားသံ တစ်ခွန်းမှ ထွက်မနိုင်အောင် ရင်ထဲ နင့်သွားတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါလား မောင်ရယ်။ ကျွန်မ ထင်နေတာက ဒီတစ်နေ့တော့ မောင် ကျွန်မအတွက် အချိန်ပေးလိမ့်မယ် မျှော်လင့်ထားတာ။ မောင်က အဖြူဆို ကျွန်မ ဘယ်တုန်းကမှ အနက်လို့ မလုပ်ခဲ့ဖူးလေတော့ မောင့်သဘောပေါ့။
"အိုကေ ... မောင်၊ မောင်လည်း ပင်ပန်းနေပြီ။ စောစောတွေ့၊ စောစောပြန်နော်။ သိပ်မိုးချုပ်အောင် မနေနဲ့နော်"
"အင်းပါ ... ချစ်ရဲ့"
မောင်ကပြောရင်း ကျွန်မ လက်ကလေးကို ခပ်ဖွဖွလေး ကိုင်လာတယ်။ ရပြီ။ ဒီလောက်ဆို ကျွန်မ ကျေနပ်ပြီ။ လောကမှာ မောင့်အတွက် ပေးဆပ်တဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ရှင်သန်ခွင့်ပေးတဲ့ အခြေအနေကိုပဲ ကျွန်မ မြတ်မြတ်နိုးနိုး ကျေးဇူးတင်နေမိတယ်။
မောင် ကျွန်မကို အငှားကား တစ်စီးပေါ် တင်ပေးပြီး သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ဆိုပြီး ထွက်သွားတယ်။ မောင့်ကျောပြင်လေးကို ကြည့်ရင်း စမတ်ကျလှတဲ့ မောင့်ကို ပိုပိုပြီး မြတ်နိုးနေမိတယ်။ ကျွန်မ စိတ်ကူးထဲမှာ မောင်ဆိုတဲ့ အသိ ဝင်လာတာနဲ့ တစ်ပြိုင်နက် သာယာခြင်းတွေ၊ ကြည်နူးခြင်းတွေ တရိပ်ရိပ် တက်လာလို့ ပြုံးလိုက်တယ်။
ကားမောင်းတဲ့ တက္ကစီ ဒရိုင်ဘာက ကျွန်မအပြုံးကို နောက်ကြည့်မှန်ကနေ မြင်သွားပုံရတယ်။
"ဟဲဟဲ .. ချောတယ်နော်။ အားရင် ကိုယ့်အိမ်ကို လာလည်ပါလား"
မောင့်ကြောင့် ကြည်လင်နေတဲ့ စိတ်က ချက်ချင်းပျောက်ပြီး ဒေါသတွေ ထွက်လာတယ်။ လူကို စော်ကားလိုက်တာ။ ပုံစံက နွဲ့တဲ့တဲ့ ဆိုပြီး လူကြီးတန်မဲ့ သွေးတိုးစမ်းလိုက်တာ။
"ရှင့်ရုပ် ရှင်လည်း ပြန်ကြည့်ပါဦး။ တစ်နေကုန် ထိုင်ကြည့်လို့ ငါပြားမတန်တဲ့ ရုပ်နဲ့ လူကို ဘာမှတ်နေတလဲ။ ဒါမျိုး မကြောက်လို့ တစ်ယောက်တည်း သွားနေတာ။ ပါးချည်းပဲ ဘယ်ပြန်ညာပြန် ချလိုက်လို့ ထမင်းမစားနိုင်ဘဲ ဖြစ်သွားမယ်။ ဟွန်း ..."
ကျွန်မ ပြောနေရင်းနဲ့ မျက်စောင်းတစ်ချက် ထပ်ထိုးလိုက်တယ်။
"ရပြီ။ ဒီမှာပဲ ရပ်တော့။ ရော့ ... ပိုက်ဆံ"
ရှေ့လမ်းကြားဆို ကျွန်မ နေတဲ့အိမ် ရောက်တော့မှာမို့ လမ်းကြားမှာတင် ဆင်းလိုက်တယ်။ ပိုက်ဆံကို ကားအရှေ့ခန်းထဲ ပေါက်ပေးလိုက်ပြီး ...
"မျောက်အိုကြီး သံပရာသီး ကိုက်ထားတဲ့ ရုပ်နဲ့ ကြည့်လည်းလုပ်၊ အေကိုက်နေမယ်"
ပုံမှန်ဆို ဒီလောက်ထိ စိတ်တိုမှာ မဟုတ်ပေမယ့် မောင်နဲ့ ကြည်နူးနေတဲ့ အတွေးတွေ ပျောက်ကုန်လို့ တမင် ဝုန်းပစ်လိုက်တာ။ ကျွန်မကို သိပ်စွာတဲ့ သူဆိုပြီး နောက်ကနေ ကြည့်နေတယ် ဆိုတာ သိနေတော့ တမင် တင်ပါးနှစ်ဖက်ကို စိပြီး ကော့တော့ကော့တော့ လျှောက်ပေးလိုက်တယ်။ စွဲမက်ပေတော့ အဖိုးအို။
ကျွန်မတို့ လမ်းကြားလေးက နည်းနည်းလေး မှောင်တယ်။ ဒီလို ညမရောက်တရောက် အချိန်လေးတွေဆို မောင် ကျွန်မလက်ကို ဆွဲပြီး လိုက်ပို့ ပေးတတ်တယ်။ ဒီနေ့တော့ သူလိုချင်တာလေးတွေ ရလို့ သူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင်မှာ ဒါမှမဟုတ် ကေတီဗီမှာ ကဲနေလိမ့်မယ်။ ဒီလို အတွေး ဝင်လာပြန်တော့ အမျိုးသမီး တစ်ယောက် မဟုတ် တစ်ယောက် မောင့်အနား ရှိနေတော့မယ် ဆိုတဲ့ အတွေးက တန်းဝင်လာတယ်။
"ဟဲ့ ... သပြေ၊၊ ကောင်မ တံခါးလာဖွင့်ပေးဦး"
"လာပါပြီတော်၊ လာပါပြီ။ မယ်မင်းကြီးမ မောင်တော်နဲ့ ပြောရင် ပျားရည်နဲ့ ထန်းလျက်ကို ခွေးရက်နေတဲ့ အသံနဲ့ ကျုပ်ကိုများ အော်လိုက်တာ"
ထဘီလို ဝတ်ထားတဲ့ ပုဆိုးစွန်တောင်ကို ဆွဲရင်း အပြေးလေး လာဖွင့်တယ်။ ကျွန်မ ပါးစပ်က ခပ်ကြမ်းကြမ်းတွေကို သပြေမ ကောင်းကောင်း သိတယ်လေ။ အသက် ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ် ကတည်းက အတူတူ နေလာတဲ့ သူတွေပဲ။ ဒီလောက်တော့ အပျော့။ အိမ်ထဲရောက်ရင် ရေတစ်ခွက်ကို ကျွန်မအတွက် ယူလာရင်း သပြေမက ...
"ကောင်မ နင့်ကို ငါမေးဦးမယ်။ အမှန်အတိုင်း ဖြေနော်"
သပြေမ စကားကြောင့် ကျွန်မ သောက်လက်စ ရေတောင် နင်သွားသလို။
"ကဲ ... ပြောမှာသာ ပြောစမ်းပါအေ။ စကားပလ္လင်တွေ ခံမနေနဲ့။ ကျန်တာတွေလည်း မခံနဲ့"
"ဟယ် ... မသော်မော်၊ အကောင်း ပြောနေတာကို နောက်နေတယ်"
သပြေမက ခပ်ကြမ်းကြမ်း စကားတစ်ခွန်း ပြောရင်း ကျွန်မကို စကား ဆက်ပြောတယ်။
"နင် ဘယ်လောက် ကုန်သွားလဲ။ ရှိတဲ့ငွေ အကုန် ယူသွားတယ် မဟုတ်လား"
သပြေမကိုတော့ ဘာမှ ကွယ်ဝှက်စရာ မလိုဘူး။ ဒိုးတူပေါင်းဖက် လုပ်စားပြီး ရုန်းကန်ကြရတာလဲ အတူတူပဲ။ လောကဓံကို စရင်ဆိုင်ရ ကတည်းက ပုဆိုးကို ထဘီပုံစံဝတ်ပြီး ဆိုးတူတူ ကောင်းတိုင်ပင်နဲ့ ရုန်းကန်လာရတာ ။ နှစ်ယောက်သား မန္တလေး ရောက်တုန်း အတွေ့အကြုံ ရအောင်ဆိုပြီး ကျုံးဘေး လမ်းသလားလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာမျိုးလည်း ကြုံခဲ့ဖူးပေါ့။
* * *
အခန်း (၄)
ကျွန်မတို့ကိုက ကိုယ်တွေ ခြောက်နေတယ် ဆိုရင် မန္တလေး ကျုံးဘေးမှာ ဇာတ်လမ်းလေးတွေ ရှိမှ သမိုင်းဝင်သလိုမျိုး ထင်မိကြတာ။ ငယ်စိတ်နဲ့ဆိုတော့ ရဲတွေနဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေပေါ့။ ခုတော့ မရှိလောက်တော့ပါဘူး။
"အင်း ... ဆယ့်ရှစ်ပုံးလောက် အမ်းလိုက်ရတယ်။ နည်းနည်း များသွားသလား"
" ဟယ် .. မူယာရယ်၊ နင့်ဟာက မများလွန်းဘူးလား။ ဒါဆို ဒီလအတွက် နင့်အဖေ ဆေးဖိုးနဲ့ နယ်ကို ပို့မယ်ဆိုတဲ့ ငွေက ဘယ်လို လုပ်မှာလဲ"
သပြေမက အချက်ကျကျ မေးလာပြီ။ နင်ဖြေစမ်း မူယာပို။ သပြေမ ပြောတာ မှန်တယ်။ အမှန်ဆို ဒီလ ကျွန်မ နယ်က မိဘတွေကို ငွေပို့ရမှာ။ အဖေက ကျန်းမာရေး မကောင်းလို့ တစ်လမှာ ရက်နှစ်ဆယ်လောက် ဆေးခန်း ပြေးပြေးနေရတာ။ မောင်နဲ့ မတွေ့ခင်က အိမ်ကို အလျှံပယ် ပေးနိုင်သလောက် မောင်နဲ့တွေ့ပြီး နောက်ပိုင်း ကျွန်မကိုယ်တိုင်တောင် ဟိုအတန်း မရောက်တော့တာ ကံကောင်း။
ကုန်လိုက်တဲ့ ငွေကလည်း ဟောခနဲ ဟောခနဲ၊ ကိုယ်က ယောက်ျား တစ်ယောက်ကို ချစ်မိထားတဲ့ ယောက်ျား တစ်ယောက် ဆိုတဲ့ အတွေးနဲ့ မောင် ကြည်ဖြူအောင်၊ မောင် သာယာအောင်၊ မောင် ကျွန်မထံ ယစ်မူးအောင် ဆိုပြီး သုံးလိုက်ရ၊ ပေးလိုက်ရတဲ့ ငွေတွေ မနည်းမနောပါလား။
"အင်း ... ဒီတစ်လတော့ မေမေ့ကို ဖုန်းဆက်ပြီး အဆင်ပြေအောင် ကြည့်လုပ်ဖို့ပဲ ပြောရတော့မယ်ပေါ့။ ငါလည်း ဘာတွေဖြစ်မှန်း မသိတော့ပါဘူး သပြေမရယ်"
သပြေမက ကျွန်မကို အပြစ်တင်တဲ့ မျက်လုံးမျိုးနဲ့ ကြည့်ပေမယ့် ဘာမှတ်ချက်မှ မပေးဘူး။ သူကိုယ်တိုင်ကလည်း တချို့သော အကြောင်း ကိစ္စလေးတွေ ကျွန်မနဲ့ အတူတူ ကြုံဖူးလေတော့ သူငယ်ချင်း စိတ်မကောင်း ဖြစ်မှာစိုးလို့ တိတ်သွားတာလဲ ဖြစ်နိုင်တယ်။
မောင့်ကို ဝယ်ပေးလိုက်တဲ့ ဆယ်သိန်းကျော်ဆို အဖေ့ဆေးခန်း နှစ်လစာ ရှိတယ်။ သပြေမက အိမ်ဆိုမှ ကျွန်မ အိမ်ကို သတိရသွားတယ်။ ခွင့်လွှတ်ပါ ဖေဖေနဲ့ မေမေ။ သမီးက ကြီးမှမိုက်တဲ့ ကြီးမိုက်ပါ။ အကုသိုလ်တွေမှန်း သိပေမယ့် ဘဝပေးကံ ဆိုပြီး ပျော်ပျော်ပါးပါး ရှာလိုက်ဖွေလိုက်။ ပေးလိုက်ကမ်းလိုက်နဲ့ မစင်တွင်းထဲမှာ ပျော်ရွှင်နေတဲ့သူပါ။ ဖေဖေ ကျန်းမာရေး ကောင်းကောင်းနဲ့ ကျွန်မနားမှာ ရှိရင် ကျွန်မဖြစ်အင်ကို ကြည့်ပြီး ဘယ်လောက် ရင်နာလိုက်မလဲ။
ကျွန်မ ငယ်ငယ်က လူပုံက ပျော့ဖတ်ဖတ်မို့ မိသားတစ်စုလုံး ပိုးမွေးသလို မွေးခဲ့တာ မှတ်မိသေးတယ်။ အိမ်အလုပ်လည်း ဘာမှမခိုင်းသလို စာကလည်း တော်သူမို့ ပိုပြီး ပစားပေးတယ်။
"ငါ့သားကို ကျားကျားလျားလျား ဖြစ်စေချင်တယ်" ဆိုတဲ့ စကားလုံး အောက်မှာတင် ကျွန်မ ခြောက်သွားတယ်။ နောက်တော့ ဖေဖေ ကိုယ်တိုင်က မွေးကတည်းက ပါလာတဲ့ ဗီဇနဲ့ ပေးဆပ်ရမယ့် ဝဋ်ကြွေးလို့ သတ်မှတ်ထားလိုက်တယ်။ နောက် ကျောင်းကို အဝေးသင်နဲ့ ဘွဲ့ရအောင် တက်တယ်။
လူဆိုတာ ဖြစ်ချိန်တန် ကြုံကြိုက်ရင် ဘယ်သူမှ ပြေးလို့ မလွတ်သလို ဘယ်သူမှလည်း ထိန်းချုပ်လို့ မရနိုင်ဘူး။ မန္တလေး အဝေးသင်တက်တဲ့ တစ်လျှောက်လုံး မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့ပေမယ့် နောက်ဆုံးနှစ် ရောက်တော့ ကျွန်မဘဝ အပြောင်းအလဲ တစ်ခုနဲ့ ကြုံလာတယ်။ အဝေးသင်ဟာ ဆယ်လပိုင်းမှာ ဖွင့်မှာဆိုတော့ မေမေက သူ့ညီမရှိတဲ့ မန္တလေးမှာ သွားနေတော့ ဆိုပြီး စောစော လွှတ်လိုက်တယ်။
ဆိုင်ကတယ် တစ်စီးနဲ့ တောင်တောင် မြောက်မြောက် သွားရတာ ကိုလည်း ပျော်တယ်။ သူများတွေ ပြောပြောနေတဲ့ စီဒိုးနားထောင့် ဆိုတာကို ကျွန်မ ရိုးတိုးရိတ်တိတ် ကြားမိပေမယ့် သွားလေ့လာဖို့ ကြိုးစား မကြည့်ခဲ့မိဘူး။
မှတ်မှတ်ရရ တစ်ရက်ပေါ့။ မိုးတွေက ဈေးချိုတော်တစ်ဝိုက်မှာ ညှို့နေအောင် မှိုင်းနေတယ်။ အဲဒီ နေ့က ပစ္စည်းတစ်ချို့ ဝယ်စရာရှိလို့ ဈေးချို အောက်ထပ်ကို လာဝယ်တာ။
"တောင်ပြုံးကို .. တောင်ပြုံးကို ..." ဆိုတဲ့ စပယ်ယာရဲ့ အသံနဲ့ "ရွှေပြုံး ငွေပြုံး ပွဲရတောင်ပြုံး ... ပျော်မဆုံးလှတဲ့ တို့အညာပွဲတော် လာလည်ပါ ဖိတ်ခေါ် ... " ဆိုတဲ့ နတ်သီချင်းသံတွေ ဈေးချိုတော် တစ်ဝိုက်မှာ မြိုင်မြိုင်ထိနေတယ်။ ဒီအချိန်မှာ စိတ်တွေ ထိန်းမရတော့ဘူး။ ဆိုင်ကယ်ကို ဈေးချိုအောက်ထပ်မှာ ထားပြီး တောင်ပြုံးသွားမယ် ဆိုတဲ့ ကားနဲ့ လိုက်သွားလိုက်တယ်။
မှတ်မှတ်ရရ ကျွန်မ သွားတဲ့နေ့က လူတွေ အရမ်းစည်ကား နေတယ်။ အနယ်နယ် အရပ်ရပ်က လာကြတဲ့ ရွှေပွဲလာ ပရိသတ်တွေက အပြည့်၊ လူတိုင်းရဲ့ လက်ထဲမှာလည်း သပြေပန်းတွေ အစီအရီကိုင်ပြီး နန်းကြီးကို ထိုးနေကြတယ်။ ကျွန်မ တောင်တောင် မြောက်မြောက် ကြည့်ရင်း နန်းတစ်ခု ရှေ့ကို ရောက်တယ်။ မမြင်ဖူးတဲ့ အဝတ်အစား အဆန်းတွေနဲ့ ကျွန်မ နားမလည်တဲ့ (အဲဒီ အချိန်က) စကားတွေကြောင့် အ့ံ့ဩနေတယ်။ ဪ ... သူတို့မှာလည်း သူတို့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ ရှိပါလား ဆိုပြီး အထင်လည်း နည်းနည်း ကြီးသွားတယ်။
"ဟယ်... သမီးလေး လာလေ၊ အထဲမှာ လာထိုင်"
စိတ်ထဲမှာ တစ်မျိုး ခံစားလိုက်ရတယ်။ ယောက်ျားလေး တစ်ယောက်ကို သမီးလေးလို့ ခေါ်နေတဲ့ အစိမ်းရောင် ထိုင်မသိမ်း ဝတ်ထားတဲ့ နတ်ကတော် မာမီကြီး တစ်ယောက်က ကျွန်မကို လှမ်းခေါ်တယ်။ ရင်ခုန်သံတွေ ရင်ခုန်သံတွေ ဆိုတာ ပြောမနေနဲ့။ မြန်သွားလိုက်၊ နှေးသွားလိုက်နဲ့။
အမှန်ဆို သားလေးလို့ ခေါ်ရမှာလေ။ ဘာကြောင့် သမီးလေးလို့ ခေါ်တယ်ဆိုတာ ကျွန်မ အဲဒီ အချိန်က မတွေးမိဘူး။ ခုချိန်မှာတော့ ကျွန်မ ကိုယ်တိုင်က လူငယ် တစ်ယောက်ကို မြင်လိုက်တာနဲ့ သမီးလေးလား၊ သားလေးလား ဆိုတာ သိနိုင်တဲ့ မနောအာရုံ ရနေပြီ။ ဘဝဆိုတာ ဆန်းကြယ်လွန်းလို့ ပြောပြရင် ယုံနိုင်မယ် မထင်ဘူး။
ကျွန်မ အသားအရေ ဖြူဖြူသေးသေး လူဖလံလေး ဆိုတော့ သူတို့ မျက်စိမှာ တန်းခန့်မှန်း မိတာလည်း ဖြစ်နိုင်တယ်။ အဲဒီ အချိန်တုန်းက ခေတ်စားနေတဲ့ ဆံပင်ရှည် စတိုင်ကို ဆံကုပ်တစ်ခုနဲ့ ပင့်တင်ထားတာကိုး။
နတ်ကတော် မာမီကြီးရဲ့ သမီးဆိုတဲ့ စကားတစ်ခွန်းက ကျွန်မဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေတယ်။ မာမီကြီးက အခြောက်တို့၊ တတ်သင့် တတ်ထိုက်တဲ့ အတတ်ပညာ ဟူသမျှကို လက်ထပ် သင်ပေးရင်း တစ်ဖက်မှာလည်း မာယာများတဲ့ ချစ်ရေးချစ်ရာတွေကို ထဲထဲဝင်ဝင် သင်ပေးခဲ့တယ်။
နောက်ဆုံး ကျွန်မ ကိုယ့်ကိုယ်ကိုယ် မာမီလေးလို့ လက်ခံလိုက်တဲ့ တစ်နေ့က ပြောတဲ့ စကားတွေကို ကျွန်မ မမေ့သေးဘူး။
"မာမီ ... ဒါဆို သမီး ... ထဘီတွေ၊ ဘာတွေ ဝတ်လို့ ရပြီပေါ့နော်"
ကျွန်မ အမေးကို မာမီကြီးတွေ၊ မာမီလတ်တွေ၊ မာမီလေးတွေက ဝိုင်းပြီး ရယ်ကြတယ်။ မာမီကြီး ဆိုရင် "အေးပေါ့ သမီးရယ်၊ ပွင့်ပြီပေါ့။ သမီးလေးက မာမီတို့ရဲ့ မျိုးဆက်သစ်လေး ဖြစ်သွားပြီ။ တော်လေးဝ ဝင်တဲ့ မဟာဆီ မဟာသွေးပေါ့။ လျှောက်ရမယ့် လမ်းကို ရဲရဲသာလျှောက်၊ မာမီတို့နောက်က လိုအပ်တာ ထောက်ပံ့မယ် သမီးရေ"
မာမီကြီး စကားအဆုံးမှာ မာမီ အပေါင်းအပါ တစ်သင်းလုံးက လက်ဝါးချင်း ရိုက်လိုက်ကြပြီ။ "ဒီကနေ့ကစပြီး မာမီတို့ နတ်လောကမှာ မူယာပိုလို့ အမည်နာမ ခေါ်စေ" လို့ ဝိုင်းဝန်းပြီး ဩဘာပေးလိုက် ကြတော့တယ်။
* * *
အခန်း (၅)
ပွဲတော် အတွင်းမှာ ကျွန်မ မန္တလေးကို မပြန်ဘဲ မာမီကြီးတို့ နတ်နန်းမှာပဲ နေဖြစ်တယ်။ ဂိုဏ်းဝင်သွားတဲ့ သူမို့လားမသိဘူ၊ မာမီကြီးတွေ၊ မာမီလေးတွေက သဲသဲလှုပ် ချစ်ကြတယ်။ ဒီလိုနဲ့ပဲ နတ်ကတော် ဘဝကို အချိန်အနည်းငယ် အတွင်း နတ်ရိုးရာဓလေ့တွေ လေ့လာရင်း ရောက်လာတယ်။ မငွေတောင် အစွဲမို့ "နင်တော့ လင်မှုနဲ့ မျက်ရည်ဝေရမယ် သမီးရေ" လို့ ပြောလိုက်တဲ့ မာမီကြီး အသံက ကျွန်မဘဝအတွက် ဒီလို အဖြစ်အပျက်တွေကို ကြိုမြင်နေလို့ ထင်ပါ့။
ကျွန်မ နတ်ကတော် ဖြစ်ပြီး သုံးနှစ်လောက်မှ မင်းခန့်ကျော် ဆိုတဲ့ မောင်နဲ့ စတွေ့တာ။ စတွေ့စက မောင်က ဒီလိုမျိုး မဟုတ်ဘူး။ ဆိုင်တစ်ဆိုင်မှာ သူ ငွေမလောက်လို့ ကူညီပေးရင်းကနေ စလိုက်တဲ့ ဇာတ်လမ်းက သံသရာအထိ မဆုံး ဖြစ်သွားတာ။ သဒ္ဓါလွန်လို့ တဏှာရဲ့ ကျွန်စစ်စစ် ဘဝကို ကျွန်မ ရောက်ခဲ့ရတာ။ နေ့တွေ ညတွေတိုင်းမှာ ချစ်သူနဲ့ တိုက်ပွဲဝင်ဖို့ ကြိုးစားဟန် ပြင်နေမိတယ်။
နောက်ပိုင်းမှာ မောင်က တခြားသူတွေထက် ပိုပိုပြီး ပညာတွေ စုံလာတယ်။ ဘယ်သူ့ကို ဘာစကားပြောရင် ဘယ်လောက်ကျမယ် ဆိုတာကအစ တဖြည်းဖြည်းနဲ့ တွက်တတ်လာတယ်။ ဒီလို တွက်တတ် ချက်တတ်၊ အကွက်ရွှေ့တတ်၊ ဇယားတွေ ကပ်တတ်လာအောင်လည်း ကျွန်မတို့ အသိုင်းအဝိုင်းက သင်ပေးနေကြတာကိုး။ တချို့သူတွေ သင်သင်ပေးရင်း မောင်က ပညာရှင်စစ်စစ် ဖြစ်လာတယ်။ အဲဒီ အချိန်မှာ မောင့်ကို ဘယ်သူမှ ထိန်းလို့ မရတော့ဘူး။
ကျွန်မတို့ မဟုတ်ရင်လည်း တခြားသူတွေက မောင့်အတွက် ဆိုရင် ရေမီးအစုံ ဖြစ်နေတတ်ကြတာကိုး။
အတွေးတွေက တောင်ရောက် မြောက်ရောက်နဲ့ အိပ်စက်ခြင်းက ကျွန်မထံ ရောက်မလာ နိုင်သေးပါဘူး။ သပြေမကတော့ အိပ်တာ ဟောက်တောင် နေပြီ။ မြင်းခြံက လာတဲ့ ချည်ထည် ဘောင်းဘီတိုကို ဝတ်ပြီး ကျွန်မကို ကျောပေး ဟောက်နေတဲ့ သပြေမကို အမြင်ကပ်ကပ်နဲ့ ဖင်ကို နှစ်ချက် ရိုက်ပေးလိုက်တယ်။ ဟုတ်တယ်လေ။ ကျွန်မကတော့ အိမ်ကိုပို့မယ့် ငွေကို မောင့်အတွက် ပစ္စည်း ဝယ်ပေးလိုက်မိတာ နောင်တ ရမဆုံးဘူး။
ငွေမပြည့်မစုံနဲ့ အဖေ ဆေးခန်းသွား နောက်ကျမှာကို တွေးမိတိုင်း မိုက်လိုက်တဲ့ ငါလို့ တွေးမိပေမယ့် မောင့်မျက်နှာ၊ မောင့်အပြုံး အောက်မှာ ကျွန်မ ကြီးကျယ် မြင့်မြတ်လွန်းတဲ့ ပေးဆပ်သူကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ဂုဏ်တက်နေစေ ပြန်တယ်။ မောင် တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ပတ်၊ တစ်ပတ်မှာ တစ်ရက် ကျွန်မနေတဲ့ အိမ်ကို လာလာနေဖို့ ပေးလိုက်ရ ကမ်းလိုက်ရတာတွေ နည်းတာ မဟုတ်ဘူး။ လုပ်တတ် ကိုင်တတ် ရှာတတ်ဖွေတတ်တဲ့ အသိုင်းအဝန်းနဲ့ မိတ်ကောင်း ရှိနေလို့သာ ကျွန် ဟိုအတန်းကို မရောက်တာ။ မဟုတ်ရင် မလွယ်ဘူး။
* * *
"ဘာပြောတယ် သပြေမ။ ညည်း မနောက်နဲ့နော်"
ကျွန်မ စိတ်ဆိုးစွာ အော်လိုက်တဲ့ အသံကို သပြေမက လေပြေအေးနဲ့
"ဟုတ်တယ်။ ညည်း စိတ်အေးအေးထား။ ညည်းအဖေ ဆုံးပြီတဲ့။ ညည်းမေမေ ဖုန်းဆက်တယ်။ ညည်းကို ဖုန်းခေါ်တာ ဆက်သွယ်မှု ဧရိယာ ပြင်ပမို့တဲ့"
နတ်ကနားပွဲ တစ်ခုမှာ အမေဂျမ်း ချော့မလို့ ပြင်နေတုန်း ကြားလိုက်ရတဲ့ အသံက ကျွန်မခေါင်းကို မိုးကြိုး၊ ဆယ်ခါ ပစ်လိုက်သလိုပင်။ ဖေဖေ ဆုံးပြီတဲ့။ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ ဖေဖေက ဘာလို့ ဆုံးရမှာလဲ။ မဖြစ်ရဘူးနော်။ မဖြစ်ရဘူး။ ကျွန်မ ဖေဖေရဲ့ ကျေးဇူးကြွေးတွေ ကြေအောင် မဆပ်ရသေးခင် မသေရဘူးနော်။
"နယ်သွားရအောင် ညည်း အခု အိမ်ပြန်လာခဲ့"
သပြေမက ဖုန်းချသွားပြီ။
ပွဲက ကတော့မယ့် တန်းလန်းကြီးမို့ တစ်ချိုးလောက်တော့ ကမှ ဖြစ်မယ်လို့ တွေးရင်း ဆိုင်းဆရာကို လက်ပြလိုက်တယ်။ ဆိုင်းဆရာက အမေဂျမ်း နတ်ချိုးကို မြိုင်ဆိုင်နေအောင် တီးတယ်။ ဝတ်ထားတဲ့ အနက်ရောင် ဝမ်းဆက်နဲ့ လာဆက်တဲ့ လက်ဖက်ကို အရက်နဲ့ ခပ်များများ သောက်လိုက်တယ်။ ကျွန်မ တစ်သက်မှာ ဒီတစ်ခါ အမေဂျမ်း ချော့တာ အကြမ်းဆုံး ဖြစ်လိမ့်မယ်။ စိတ်ထဲမှာ ဖေ့ဖေ့အတွက် မခံနိုင်တဲ့ စိတ်နဲ့ ဒင်းကြောင့် ငါ့ဖေဖေကို ငွေမပို့မိလို့ ခုလိုဖြစ်တာ ဆိုပြီး ပါးစပ်က လှိမ့်လှိမ့်ပြီး ဆဲမိတယ်။
ဒီတစ်ပွဲ ပြီးရင်တော့ အိမ်က ဖေဖေနဲ့ မေမေကို ထပ်ပို့ရင်း အရင်လက မပို့ဖြစ်တဲ့ ကိစ္စကို တောင်းပန်မယ်လို့ တွေးထားတာတော့ သွားပြီ။
ကျွန်မ ဒီငွေတွေကို အခု ဘာလုပ် ရတော့မလဲဟင်။ ဖေဖေ ဆုံးသွားပြီ ဆိုတဲ့အသံ ကြားတာနဲ့ စိတ်ထဲမှာ မောင်ဆိုတဲ့ ကောင်ကို တန်းမြင်ယောင်လာတယ်။ ဒင်းကြောင့်။ ဒင်းအပြုံးတွေ၊ အပြုအမူတွေ နောက်ကို တကောက်ကောက် လိုက်ပြီး ဖြည့်ဆည်းပေးရ လွန်းလို့။
ငိုတာ မဟုတ်ပေမယ့် မျက်ရည်တွေက တဖွားဖွား ကျနေတယ်။ ရင်တစ်ခုလုံး ပူလောင်နေတဲ့ အပြင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။ ကျွန်မ တပည့်လေး တစ်ယောက်ကို ပွဲကို ဆက်ထိန်းဖို့ မှာထားပြီး ကျွန်မ ပြန်ခဲ့တယ်။
အိမ်ကို ရောက်တော့ သပြေမက အထုတ်အပိုးတွေနဲ့ ကျွန်မကို စောင့်နေတယ်။ နာကျင်လွန်းတဲ့ စိတ်နဲ့ ကျွန်မကိုယ် ကျွန်မ ရွံမိတယ်။ ကျွန်မ အတွက်နဲ့ မိဘနှစ်ပါးမှာ တစ်ယောက် ဆုံးပါးသွားလို့ ကျေးဇူးဆပ်ခွင့် မရနိုင်တော့ဘူး။ ကျွန်မအိမ်မှာ အစီအရီ တင်ထားတဲ့ အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ နတ်ရုပ်တွေက ကျွန်မကို လှောင်ပြောင်နေကြ သလိုပဲ။
"အစ်မတော် မငွေတောင် ပုံကဆိုရင် လုပ်လေ ကောင်မ၊ ညည်း အခုတော့ သိပြီမို့လား ဆိုတဲ့ အပြုံးမျိုးနဲ့ ပြနေတယ်လို့တောင် ထင်မိတယ်"
ပုဆိုးဝတ်ရင် အမြဲတမ်း ပြားချပ်နေအောင် ထားတဲ့ ခါးပုံစကို ဖြေလိုက်တယ်။ နောက် အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ နတ်ရုပ်တွေကို မျက်တောင်မခတ်ပဲ ကြည့်တယ်။ ကျွန်မ မျက်လုံးမှာ ချစ်ခြင်းမေတ္တာတွေ အစား အမုန်းတရား ဆိုတဲ့ အငွေ့တွေ တဖွားဖွား လွင့်လာတယ်။
"ယောက်ျားတစ်ယောက် အတွက်နဲ့ ရှင်တို့ကို အမှီပြုပြီး ပေးဆပ်ရတဲ့ ဘဝကုန်ပြီ။ ဒီနေ့ဟာ ရှင်တို့နဲ့ ကျွန်မ ရေစက်ဆုံတဲ့ နောက်ဆုံးနေ့ပဲ" လို့ ပြောပြီး နတ်ရုပ်တွေ တင်ထားတဲ့ ပဝါအနီစကို ဆွဲလှန်ပစ်လိုက်တယ်။
* * *
--------
ဆက်ရန်3>3>

No comments:
Post a Comment