Friday, August 20, 2021

မိတ်ကပ်ခင်စန်းဝင်းနှင့် တွေ့ဆုံခြင်း (အပိုင်း နှစ်)

မြန်မာ့ မိတ်ကပ်အနုပညာရှင် မိတ်ကပ်ခင်စန်းဝင်းနှင့် တွေ့ဆုံခြင်း (အပိုင်း နှစ်)




#ခင်စန်းဝင်

#Makeup_Artists

#အင်တာဗျူးဆောင်းပါး


(၂၀၁၂ခုနှစ်လောက်က Colour Rainbow Magazine မှာပါရှိခဲ့တဲ့ အင်တာဗျူးဆောင်းပါးကို အပိုင်းနှစ်ပိုင်းခွဲပြီး ပြန်လည်ဝေမျှပါရစေ။ လူတစ်ယောက် အောင်မြင်ပြီး နေရာတစ်ခုရနေတယ်ဆိုရာလူချစ်လူခင်များဖို့ဆိုပါက တော်တန်ရုံတော့မဟုတ်ပါဘူး။ ဒါ့အပြင်  အနေအထိုင်တတ်ဖို့ လိုပါလိမ့်မယ်။ သိက္ခာရှိဖို့ပြောရင်တော့ နဂိုဗီဇအခံကလည်းကောင်းမှပေါ့နော်။)


#ကိုယ်က တပည့်အနေနဲ့ ဆရာတယောက်ဆီကနေ တပည့်ခံပြီး ပညာသင်ကြားခဲ့တုန်းက ခံစားချက်တွေကို အခုအချိန်မှာ ကိုယ်က တပည့်တွေကို ပြန်သင်ပေးတဲ့အခါ သူတို့ရဲ့ခံစားချက်တွေကို မကြီးစန်း ပိုပြီးနားလည်နိုင်တယ်လို့ ယုံကြည်ပါသလား။ 


တကယ်တော့ သူတို့ကို ပြောပြပါတယ်။ ပြောပြတယ်ဆိုတာက မကြီးစန်းတို့ ခေတ်တုန်းက ပညာတခုကို သင်ဖို့ဆိုတာ မလွယ်ဘူး။ မလွယ်ဘူးဆိုတာက နာမည်ကြီး မိတ်ကပ်ဆရာဆိုတာက လက်ချိုးရေလို့ ရတယ်။ တော်ရုံတန်ရုံ လူတွေကိုလည်း သူတို့ လက်မခံရဲကြဘူးပေါ့နော်။ ဘယ်သူဘယ်ဝါမှန်း မသိ၊ ဘယ်လို စာရိတ္တရှိမှန်းလည်း မသိဘူးပေါ့နော်။ အဲတော့ လက်ခံခဲ့တဲ့ ဆရာသမားကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်တခုက အဲဒီအခါတုန်းက ကိုယ်က အလုပ်လုပ်ချင်တာ တခုပဲပေါ့နော်။ ပညာသင်ဖို့ဆိုတာက သူတို့ဆီမှာ ပိုက်ဆံပေးပြီးတော့လည်း မသင်နိုင်ဘူး။ အဲတော့ အောက်ခြေသိမ်းကစပြီး လုပ်ပြီး သင်ရတယ်။ တံမြက်စည်းလှည်းလည်း ကိုယ်၊ ကြမ်းတိုက်လည်း ကိုယ်၊ အမှိုက်သွန်လည်း ကိုယ်၊ ပစ္စည်းလိုလို့ ပြေးဝယ်လည်း ကိုယ်၊ အဲလိုမျိုးစုံပေါ့ အောက်ခြေသိမ်း အလုပ်မျိုးစုံကို လုပ်ရတယ်။ ဒါပေမယ့် လုပ်ရလို့လည်း တခါမှ မောတယ်လို့ မခံစားရဘူး။ ဒါ ငါ အလုပ်လုပ်နေတယ်ပေါ့။ 


အခကြေးငွေ ကျလို့ရှိရင်လည်း မကြီးစန်းက မနက် ၂ နာရီ၊ ၃ နာရီလောက် လာတယ်။ မကြီးစန်းတို့ ငယ်ငယ်တုန်းကဆိုရင် မိတ်ကပ်လိမ်းတဲ့ မနက် ၂ နာရီ ၃ နာရီလည်း ထလိမ်းတာ။ အဲဒီအချိန်ကတည်းက ကိုယ်ရောက်ရတာပေါ့နော်။ ပြီးရင် တနေကုန်ဆိုရင်လည်း ကိုယ်ပဲ။ အခုနက ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေ အကုန်လုံးကို ပြေးကာလွှားကာနဲ့ ကိုယ်ပဲ။ လုပ်ပြီးတော့ ညဆိုရင်လည်း ဥပမာ- Customer မကုန်မချင်း ၈ နာရီ၊ ၉ နာရီထိလည်း ကိုယ်ပဲ။ ကိုယ်က တနေ့မှ ခုနှစ်ကျပ်ပဲ ရတယ်။ ခုနှစ်ကျပ်ဆိုတာက နှစ်ကျပ်တိုးပေးထားတာ။ ငါးကျပ်ပဲ ရတယ်။ တလမှာ ၁၅၀ လောက်ပဲ ရတယ်။ ဆိုတော့ ကိုယ့်မျှော်လင့်ချက်က ဘာလဲ။ 


ဒီဆရာသမားဆီမှာ နေဖို့ပဲ မျှော်လင့်ချက်ရှိတာဆိုတော့ တခါမှတော့ စိတ်မပျက်မိပါဘူး။ ရသလောက်လေးနဲ့ပဲ ငါးဆယ်ကို ကိုယ်သုံး၊ တရာကို မိဘကို ပေးပေါ့။ မိဘအနေနဲ့ကလည်း လောက်တယ်တော့ မဟုတ်ပါဘူး။ ကိုယ်ပေးတဲ့ ပိုက်ဆံလေးက အထောက်အကူ ဖြစ်ပေါ့။ အခုက ပြောသလိုပါပဲ။ မနက်အစောကြီး ထလာလို့ ဆရာက မနက်ကျရင် လက်ဖက်ရည်တခွက်သောက်ပေါ့။ တိုက်တယ်။ လက်ဖက်ရည်ဆိုတာက လက်ဖက်ရည် တခုတည်းပါပဲ။ ကျန်တာ ဘာမှ မပါဘူး။ လက်ဖက်ရည်တခွက်နဲ့ နေလိုက်တာ နေ့ခင်း ထမင်းစားချိန် အထိပဲ။ 


နေ့ခင်းထမင်းစားချိန်ကျတော့လည်း ကိုယ်က မိုးမလင်းခင်ကတည်းက လာတဲ့သူဆိုတော့ ထမင်းချိုင့် ဘယ်ပါမလဲ။ မပါဘူး။ အဲတော့ သင်တန်းတက်တဲ့သူတွေဆီက ဟိုလူ့ဆီက တဇွန်းစား၊ ဒီလူ့ဆီက တဇွန်းစား အဲလိုမျိုးနဲ့ နေခဲ့ရတယ်။ အဲတော့ ကိုယ့်ကလေးတွေ ကျလို့ရှိရင် အဲလိုမျိုး အနှိမ်ခံရတဲ့ဘဝ မဖြစ်စေချင်ဘူး။ အဲလိုမျိုး မဖြစ်စေရဘူးဆိုပြီး သူတို့ကို ကိုယ့်ဖက်က လိုလေသေး မရှိအောင် ထားပေးတယ်။


ဒါပေမယ့် တခါတခါကျတော့ အလုပ်တန်ဖိုးကို သူတို့တွေ နားမလည်ဘူးပေါ့နော်။ ဖြစ်နေတဲ့ ပြဿနာတခုက ဘာလဲဆိုတော့ မကြီးစန်းဆီမှာ အလုပ်လာတောင်းကြတယ်။ သနားပါတယ် ကဲ လက်ခံလိုက်ဆိုတော့ အလွယ်တကူ ဝင်လာတယ်။ အလွယ်တကူပဲ ပြန်ထွက်သွားကြတယ်။ လုပ်ငန်းတခုမှာ အလွယ်တကူ ဝင်၊ အလွယ်တကူ ထွက်သွားရတော့ သူတို့မှာ ဆုံးရှုံးတယ်လို့ မယူဆဘူး။ နောက်တဆိုင်ကို ရောက်သွားတယ်။ အဲဒီမှာလည်း နေလို့ထိုင်လို့ အဆင်မပြေရင် နောက်တဆိုင်ကို ရောက်သွားပြန်တယ်။ ဆိုတော့ ကလေးတွေမှာက ခိုင်မာတဲ့ဆုံးဖြတ်ချက် မရှိသလိုပဲ။ ပြီးတော့ ရှေ့ရေးကိုလည်း မပူတတ်ကြဘူး။ အမှန်အတိုင်းပြောရရင်တော့ ကိုယ့်ကိုယ်ကို မချစ်တတ်ကြဘူးပေါ့။ 


တကယ်က ကိုယ့်ကိုယ်ကို ချစ်ရမှာလေ။ ငါ ပညာတခုကို တတ်အောင် သင်ရမယ်။ သင်တဲ့အခါ အဆင်ပြေတာလည်း ရှိမယ်။ အဆင်မပြေတာလည်း ရှိမယ်။ ကိုယ့်ဖက်က အနစ်နာခံရတဲ့အခါလည်း ခံရမယ်။ သို့သော် တချိန်ကျရင် ငါ နေရာတခုကို ရရမယ်ဆိုတဲ့ ကြီးမားတဲ့မျှော်လင့်ချက်ပေါ့… ကိုယ့်ကိုယ်ကို တနေ့ကျရင် ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်လေးတော့ ရှိသင့်တယ်လို့ မကြီးစန်းထင်တယ်။ 


မကြီးစန်းဆီမှာ ပညာသင်တဲ့ ကလေးတွေကို ထမင်းကျွေးထားတယ်။ နောက်ပြီးတော့ ပညာသင်တဲ့အတွက် အခကြေးငွေလည်း ရတယ်။ ကိုယ်က သူတို့ကို မုန့်ဖိုးပြန်ပေးတယ်။ ဩော် သူတို့ သွားတဲ့လာတဲ့ စရိတ်ရှိမယ်။ Breakfast စားရင် ဗိုက်ဆာနေမှာပေါ့.. ဆိုပြီး စာနာပြီးတော့ ကိုယ့်ဖက်က ပေးတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးက အလွယ်တကူ ရနေတဲ့အခါကျတော့ သူတို့တွေက တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ အခုခေတ်ကလေးတွေနဲ့ ကွာတာမျိုးပေါ့နော်။ 


တခါတလေကျတော့လည်း သူတို့ကို နားလည်အောင် ပြောပြတယ်။ ဟဲ့… မိတ်ကပ်လိမ်းတယ်ဆိုတာလို့ ချမ်းသာအောင် လူတိုင်း လုပ်လို့ရတယ်။ ချမ်းသာတဲ့သူတွေ အများကြီး။ ဒါပေမယ့် အဲဒီ ချမ်းသာတယ်ဆိုတဲ့ သူတွေအားလုံးက နိုင်ငံတော် သမ္မတအိမ်တော်ကို ဝင်ချင်တဲ့အချိန် ဝင်လို့မရဘူး။ မိတ်ကပ်ဆရာတွေက အလွယ်တကူ ဝင်လို့ရတယ်။ နောက်ပြီးတော့ မိတ်ကပ်လိမ်းတယ်ဆိုတဲ့သူကို နေရာထိုင်ခင်းကအစ ကောင်းကောင်းမွန်မွန် နေရာမှာ ဧည့်ခံတာမျိုးတွေနဲ့ နေရာပေးခံရတယ်။ အဲဒါမျိုးပေါ့။ ဒီအလုပ်ဆိုတာ မွန်မြတ်ပါတယ်။ လူတွေကို လှဖို့၊ စိတ်ချမ်းသာစေဖို့ ကိုယ့်ရဲ့အတတ်ပညာနဲ့ ဖန်တီးပေးရတာ ဖြစ်တဲ့အတွက် မွန်မြတ်ပါတယ်ဆိုပြီး ဝါသနာပါတဲ့လူတွေ၊ ဆွဲခေါ်လို့ ရနိုင်မယ့်လူတွေကို ကိုယ့်ဖက်က ဆုံးမတာမျိုးတွေ ရှိပါတယ်။


#မကြီးစန်းတို့ ငယ်ငယ်တုန်းကတော့ မိန်းမလျာတွေဆိုတာ ရှားတယ်လို့ ပြောခဲ့တယ်။ အခုချိန်မှာကျတော့ ပေါလာပြီလို့ ပြောလို့ ရနိုင်ပါသလား။ ဒီဘက်ခေတ်နဲ့ မကြီးစန်းတို့ ငယ်ငယ်တုန်းက ခေတ်ကြားထဲမှာ ဘာတွေ ကွာခြားသွားပြီလဲဆိုတာကို သိချင်ပါတယ်။


ငယ်ငယ်တုန်းကဆိုရင် လမ်းထွက်လို့ရှိရင် အရမ်းအစအနောက် ခံရတယ်။ ပုံမကျပန်းမကျ ဖြစ်နေမှာပေါ့လေ။ အခုကလေးလေးတွေ၊ အငယ်လေးတွေ စကားပြောတာ၊ ဆိုတာ လက်ဟန်ခြေဟန် ပြာယာခတ်နေတာကို ကိုယ်တွေက ဟဲ့…. ကြည့်စမ်း ယောက်ယက်ကို ခတ်နေတာပဲ ဆိုသလိုမျိုးပေါ့။ ဆိုတော့ ကိုယ်တွေခေတ်တုန်းကလည်း ဒီလိုမျိုး ဖြစ်မှာပဲ။ အခုခေတ်မှာတော့ ပိုပြီးလည်း ဆိုးလာတယ်။ များလည်း များလာတယ်။ သူတို့အတွက် အခွင့်အရေးတွေကလည်း အများကြီးပေါ့နော်။ ဥပမာ-မိတ်ကပ်ပညာတွေဆိုရင် အင်တာနက်မှာ ကြည့်ပြီးတော့ လေ့လာလို့ ရတယ်။ 


မကြီးစန်းတို့ ခေတ်တုန်းက အင်တာနက်မပြောနဲ့ မဂ္ဂဇင်းတောင်မှ သပြေတို့၊ သွေးသောက်တို့လောက်ပဲ ထွက်တာလေ။ သုံးလေးအုပ်လောက်ပဲ။ ဒီထက်ပိုပြီး မထွက်ဘူး။ ဂျာနယ်လည်း မရှိဘူး။ နိုင်ငံခြားမဂ္ဂဇင်းဆိုတာကလည်း သူများသင်္ဘောသားတွေ နိုင်ငံခြားသွားပြီးတော့ ပါလာတဲ့စာအုပ်လောက်ပဲ မြင်ဖူးတယ်။ ဆိုတော့ တော်တော်ရှားရှားပါးပါး ခေတ်ကြီးထဲမှာ နိုင်ငံခြားရုပ်ရှင်ဆိုရင် အနီးစပ်ဆုံး အိန္ဒိယရုပ်ရှင်တွေ ရှိမယ်။ အဲဒီမှာ ဘယ်မင်းသမီး ဘယ်လို ဆံထုံးထုံးသလဲပေါ့… အဲလိုမျိုး ကိုယ် လက်လှမ်းမှီသလောက်လေးနဲ့ အတတ်ပညာကို လေ့လာရတာမျိုးပေါ့။ 


အခုခေတ်ကလေးတွေမှာကျတော့ ပိုပြီးတော့ သူတို့အတွက် အခွင့်အလမ်းတွေ များလာတယ်။ မကြီးစန်းတို့ ခေတ်ထက်ကို နေရထိုင်ရတာ ပိုပြီးတော့ အရမ်းကို ပေါ့ပေါ့ပါးပါးနဲ့ လူတွေရဲ့ တပြေးညီ ဆက်ဆံခြင်းကို ခံရတဲ့ အနေအထားမျိုးတွေ ရောက်လာတယ်။ မကြီးစန်းတို့ ခေတ်တုန်းက လူကြားထဲ ထွက်ဖို့ကို တော်တော် ကြောက်ရတယ်။ အစအနောက်ခံရတယ်။ ပြီးရင် မတူသလို မတန်သလိုမျိုး ဟို ဘယ်လိုပြောမလဲ… လူတွေနဲ့ ပေါင်းစပ်လို့ မရတဲ့ သတ္တဝါတကောင်လိုမျိုး သဘောထားကြတယ်။ အဓိက မကြီးစန်း ကြောက်တာက အဲဒါလေ။ 


မိန်းမလျာလူတန်းစားကို လူတွေ အထင်သေးမှာကို သိပ်ကြောက်တာပဲ။ နှိမ်မှာကိုလည်း အရမ်းကြောက်တယ်။ ကိုယ်တင် မဟုတ်ဘူး။ အားလုံးကိုပေါ့နော် နှိမ်မှာကို ကြောက်တယ်။ မကြိုက်ဘူး။ အားနည်းတဲ့ လူတယောက်လိုမျိုး၊ ရွံစရာ သတ္တဝါတကောင်လိုမျိုး၊ နောက် တန်ဖိုးမရှိတဲ့ လူတယောက်လိုမျိုး သတ်မှတ်တာ မကြိုက်ဘူး။ လူပဲ။ လူကို လူလိုပဲ အတူတူပဲ ဆက်ဆံစေချင်တယ်။ အဲဒီတော့ မကြီးစန်းရဲ့ အခုလက်ရှိ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဒီလောကကြီးတခုလုံးက ငါတို့တွေက အထင်သေးစရာ မဟုတ်ဘူး။ လူတန်းစေ့တယ်။ ငါတို့တွေကလည်း နင်တို့တွေလို ရင်ဘောင်တန်းနိုင်တယ် ဆိုတာ ပြချင်တယ်။


အခုခေတ် ကလေးတွေကတော့ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ရှင်သန်ရာ ဘဝတခုအတွက် သူတို့ရဲ့ Education နဲ့ ပတ်သက်လို့လည်း အရမ်းကို မကြီးစန်းတို့ထက် ပညာတော်တဲ့ ကလေးတွေ အများကြီး ရှိတယ်။ ချီးကျူးတယ်။ ဘာပဲဖြစ်ဖြစ် အတတ်ပညာပိုင်းဆိုင်ရာ ဆိုလို့ရှိရင်လည်း ဒီလိုမျိုး နည်းပညာတွေ တိုးတက်လာတဲ့အတွက်ကြောင့် လေ့လာသင်ယူနိုင်မှု အခွင့်အရေးတွေ အများကြီး ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လိုဘဝမျိုးပဲ ပိုင်ဆိုင်ပါစေ၊ မိန်းမလျာပဲဖြစ်ဖြစ်၊ ယောက်ျားလျာပဲဖြစ်ဖြစ်၊ အခြောက်ပဲဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်…တန်ဖိုးရှိတဲ့ လူတယောက်… တိုင်းပြည်က အားကိုးရတဲ့ လူတယောက် မဟုတ်ရင်တောင် ကိုယ့်မိဘ ညီအကိုမောင်နှမ၊ ကိုယ့်ပတ်ဝန်းကျင်က အားထားရတဲ့ လူတယောက် ဖြစ်စေချင်တယ်။ ကြိုးစားစေချင်တယ်။


#မကြီးစန်းလိုမျိုး မိန်းမပုံ ဝတ်စားဆင်ယင်တဲ့သူတွေကို ဘယ်လိုမျိုး အကြံပြုချင်ပါသလဲ။


ဘယ်လိုပဲ ဝတ်သည်ဖြစ်စေ ကိုယ့်ရဲ့ စိတ်ကြိုက်ပေ့ါနော်။ ဒါပေမယ့် တခုသတိပြုသင့်တာက သတိပြုသင့်တယ်ဆိုတာက တကူးတက လုပ်ခိုင်းတာတော့ မဟုတ်ပါဘူး။ မကြီးစန်းက ပင်ကိုယ်ကတည်းက အနေအေးတယ်။ ကျောင်းမှာလည်း အနေအေးတယ်။ ဒါပေမယ့် အေးတယ်ဆိုတာက ပျော့ညံ့တာတော့ မဟုတ်ဘူး။ အခွင့်အရေးကြုံလာရင်တော့ အသုံးချတတ်တဲ့ ခွန်အားတွေ ရှိတယ်။ 


ဒါပေမယ့် မိန်းမလျာဆိုတာက မိန်းမစိတ်ပေါက်တဲ့အတွက်ကို မိန်းမနဲ့တော့ သွင်ပြင်လက္ခဏာ မတူရင် နေပါစေ။ လှုပ်ရှားမှုလေးတော့ တူစေချင်တယ်။ စိတ်ထားလေးတော့ တူစေချင်တယ်ပေါ့နော်။ အခုခေတ် မကြီးစန်းရဲ့ ကလေးတွေကို ပြောဖြစ်တယ်။ နင်တို့တွေ မိန်းမလို ဝတ်ထားကြတာက မိန်းမစိတ်ပေါက်လို့ ဝတ်ထားတာ မဟုတ်ဘူး၊ အခြောက်စိတ်ပေါက်လို့ ဝတ်တာ။ မိန်းမစိတ်ပေါက်တယ်ဆိုတာက ဥပမာ- ချက်တယ် ပြုတ်တယ်ဆိုရင်လည်း ဝါသနာပါရမယ်။ သိမ်းတာဆည်းတာလည်း ဝါသနာပါရမယ်။ အရာရာ ကိုင်တာတွယ်တာ၊ သိမ်းတာဆည်းတာကအစ သိမ်သိမ်မွေ့မွေ့လေးနဲ့ စည်းကမ်းတကျလေး ရှိနေရမယ်ပေါ့နော်။ မကြီးစန်းတို့ မိန်းမစိတ်ပေါက်တာက မိန်းမဖြစ်ချင်ကြတာ။ 


ငါတို့ကိုယ် ငါတို့ အခြောက်လို့လည်း တခါမှ မယူဆဘူး။ မကြီးစန်း တပည့်ထဲမှာ မိန်းမလို ဝတ်တဲ့လူတွေ ရှိတယ်။ မိန်းမလိုပဲ ဝတ်ထားတယ်။ သို့သော် သူတို့ ဒီပစ္စည်းဆို ဒီနားမှာကို ဒီနားမှာချ။ ဒီပစ္စည်းကို ဒီနားမှာ သိမ်းမယ်ဆို မသိမ်းပဲ နှစ်ရက်လောက် မသိချင်ယောင်ဆောင်ပြီး မသိမ်းပဲထား။ အပြင်က ပြန်လာတယ်ဆို မသိမ်းပဲ တွေ့တဲ့နေရာမှာထားပြီး သူဖာသာသူ လက်လွတ်စပယ် နေကြတာဆိုတော့ မဟုတ်ဘူး။ မင်းတို့ မလုပ်ရဘူးလို့…။ လူဆိုတာ ဘာပဲဖြစ်ဖြစ် မိန်းမစိတ် ပေါက်ပြီ ဆိုကတည်းက မိန်းမရဲ့ Nature အတိုင်း ဖြစ်နေရမယ်ပေါ့နော်။ 


ဆိုတော့ အဲလိုမျိုး မိန်းမလို ဝတ်တယ်ဆိုကတည်းက ထိုနည်းလည်းကောင်းပေါ့နော်။ အခြောက်မို့လို့ မိန်းမပုံဝတ်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ ကိုယ်နေဟန်ထားနဲ့ လိုက်ဖက်ညီအောင် ဝတ်သင့်တယ်။ မကြီးစန်းကတော့ ထမိန်ဝတ်တယ်ဆိုတာ ကိုယ့်ရဲ့ကိုယ်ခန္ဓာက ထမိန်နဲ့မှ လိုက်တယ်။ ဘောင်းဘီနဲ့ဆို လုံးဝအဆင်မပြေဘူး။ ဘောင်းဘီနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို တခြား လူတွေကလည်း မကြိုက်ကြဘူး။ ဗမာလို ရင်ဖုံးအင်္ကျီ ဝတ်တာကို လူတွေက ပိုကြိုက်ကြတယ်။ 


ကိုယ်ကိုယ်တိုင်လည်း မြန်မာရင်ဖုံးအင်္ကျီကို ပိုကြိုက်တယ်။ မကြီးစန်းက ပုခုံးလျောတော့ ဗမာရင်ဖုံးအင်္ကျီနဲ့ ပိုလိုက်တယ်။ ဆိုတော့ အဓိကက မိန်းမလို ဝတ်ချင်တယ်ဆိုရင် မိန်းမလို သိမ်မွေ့တဲ့စိတ်ကလေး ထားပေါ့။ နောက်ပြီးတော့ မိန်းမစိတ်ပေါက်လို့ မိန်းမလို ဝတ်တာ။ တော်ရုံတန်ရုံ မိန်းမစိတ်မပေါက်ပဲနဲ့ မိန်းမလို ဝတ်ရဲတဲ့သတ္တိရှိဖို့ မလွယ်ဘူး။ အဲဒီတော့ ဝတ်ပြီးရင် မိန်းမဆန်တဲ့ အပြုအမူအနေအထိုင်လေး ရှိစေချင်တာပေါ့နော်။ အဲဒါလေး ပြောချင်ပါတယ်။ 


#မိန်းမလျာတယောက်ဟာ ချစ်သူအစစ် ရဖို့ဆိုတာ ခက်ခဲတယ်။ ရခဲ့ရင်လည်း ကိုယ့်ရဲ့စည်းစိမ် ဓနဥစ္စာတွေကို မက်မောလွန်းလို့ပေါ့နော်။ အဲဒီအပေါ်မှာရော မကြီးစန်း ဘယ်လို မြင်ပါသလဲ။ 


ဒါကတော့ အမျိုးမျိုးရှိပါလိမ့်မယ်။ မကြီးစန်း တွေ့ခဲ့တဲ့ ချစ်သူတွေက အဲလိုမျိုး မဟုတ်ပါဘူး။ သူတို့မကြီးစန်းကို တကယ့်ကို ချစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အကြောင်း တခုကြောင့်…ပေါ့။ 


အကြောင်း တခုကြောင့် ဆိုတာကတော့ မိန်းမမဟုတ်တဲ့အတွက် တချိန်ကျရင် အထားသွားခံရမယ်။ လူတယောက်ရဲ့ ဖီလင်က သူ ဟန်ဆောင်နေတာလား၊ တကယ်လားဆိုတာ အတူနေကြည့်ရင် သိပါတယ်။ ပစ္စည်းဥစ္စာကို မက်လို့လာတယ်ဆိုရင် အဲဒီလူဟာ Money boy ဖြစ်သွားမှာပေါ့။ ဝတ်ကျေးတန်းကျေပဲ ဖြစ်နေမှာပေါ့နော်။ ဆိုတော့ အဲလိုမျိုး လောကကြီးထဲမှာ ရှိပါလိမ့်မယ်။ ဒီလိုမျိုး မကြီးစန်းတို့လို လူမျိုးတွေအပေါ်မှာ လုပ်စားနေတဲ့ လူမျိုးတွေလည်း ရှိပါလိမ့်မယ်။ အဲဒါကတော့ လူတယောက်ရဲ့ ပင်ကိုယ်စိတ်ဓါတ်နဲ့ ဆိုင်မယ် ထင်ပါတယ်။ 


#မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ထဲ မိန်းမပုံဝတ်ပြီး အလုပ်လုပ်မယ်ဆိုရင် အခက်အခဲတွေ အများကြီး ရှိနိုင်သေးတယ်လို့ ထင်ပါတယ်။ အဲဒီအပေါ် မကြီးစန်းရဲ့ အမြင်လေးကို သိချင်ပါတယ်။ 


အဝတ်အစားကတော့ ရုံးမှာလုပ်တဲ့လူဆိုရင် ရုံးဝန်ထမ်းတဦးအနေနဲ့ပေါ့နော်… အစိုးရနဲ့ ပတ်သက်တဲ့ ဝန်ထမ်းဆိုရင်တော့ သူတို့ရဲ့ Rules အရ ကိုယ်က မိန်းမစိတ်ပေါက်ပေမယ့် မိန်းမလို ဝတ်တာကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဥပမာ- Shopping Center တခုမှာ Cosmetic ကောင်တာက ဝန်ထမ်းတွေဆိုရင်တော့ မိန်းမလိုဝတ်တာက သင့်တော်တယ်လေ။ သူတို့အတွက် ပြဿနာလည်း မရှိဘူး။ ပြောစရာလည်း မလိုဘူး။ ကုမ္ပဏီဝန်ထမ်း ဖြစ်စေဦး။ ကုမ္ပဏီက ဒါရိုက်တာ အိုကေတယ်၊ ကိုယ်လည်း အိုကေတယ်ဆိုရင် ဝတ်လို့ရတယ်။ 

ဘောင်ခတ်တယ် ဆိုတာကတော့ မဖြစ်သင့်တဲ့ ကိစ္စတခုလို့ ထင်တယ်။ လူတယောက်မှာ သူ့ရဲ့စိတ်ကြိုက် လွတ်လပ်ခွင့် ရှိတယ်။ ယူဆခွင့် ရှိတယ်။ ဝတ်ဆင်ခွင့် ရှိတယ်။ ဒါကတော့ လူတယောက်ရဲ့ Human Rights ပေါ့နော်။ 


ဘောင်ခတ်တယ်ဆိုတာမှာလည်း ဥပမာ- ကျောင်းဆရာတယောက် ဖြစ်နေတယ် ဆိုရင်တော့ နောက်တွဲဆံထုံးနဲ့ ဆွဲခြင်းနဲ့ သွားလို့တော့ မရဘူးပေါ့နော်။ ဒါကတော့ ဘာပဲဖြစ်ဖြစ် ကျောင်းဆရာဆိုတဲ့ ဂုဏ်နဲ့တော့ လည်ကတုံးနဲ့၊ တိုက်ပုံနဲ့၊ ပုဆိုးနဲ့တော့ ဝတ်ရမှာပေါ့။ အိမ်ရောက်လို့ရှိရင်တော့ ဘာပဲဖြစ်ဖြစ် ဝတ်….. ရတာပေါ့။ 


ထိုနည်းလည်းကောင်းပဲ။ အစိုးရရုံးတရုံးရဲ့ အရာရှိဖြစ်နေရင် အောက်ကဝန်ထမ်းတွေ လေးစားအောင် ကိုယ်က မည်သို့ပင် ဖြစ်နေပါစေ၊ မည်သည့်ဘဝကိုပဲ ပိုင်ဆိုင်နေပါစေ၊ သူ့လုပ်ငန်းခွင်ရဲ့ လေးစားမှု ရယူဖို့အတွက် သူဟာ သူ့ရာထူးနဲ့ ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှု ရှိသင့်တယ်လို့ မကြီးစန်း ထင်ပါတယ်။ ဘောင်ခတ်တယ်ဆိုတာထက် လုပ်ငန်းသဘောသဘာဝနဲ့ ပိုပြီးတော့ သက်ဆိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်။ 


#လိင်တူချစ်သူတွေ တော်တော်များများ ကြောက်လန့်ကြတဲ့ ပုဒ်မ ၃၇၇ နဲ့ပတ်သက်ပြီး မကြီးစန်းအနေနဲ့ ဘယ်လိုမြင်ပါသလဲဆိုတာ သိပါရစေ။


လူ့ဘောင် လူ့လောကမှာ ဒီလိုမျိုး မနေရဘူးလို့ သတ်မှတ်ထားသော်ငြားလည်း ( ပုဒ်မအရသာ တားမြစ်ထားသော်ငြားလည်း) ပွင့်ပွင့်လင်းလင်း (အတိအလင်း) နေနေကြတဲ့သူတွေ အများကြီး ရှိတယ်။ မကြီးစန်းတို့ ငယ်ငယ်တုန်းကလို သိပ်ပြီးတော့ တင်းတင်းကြပ်ကြပ် မဟုတ်တော့ဘူး။ သို့သော် အတိအလင်းပေါ့။ 


ဒါမျိုးကို ခွင့်ပြုတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ကမ္ဘာ့နိုင်ငံ အတော်များများမှာလည်း ဒါမျိုးကို ခွင့်ပြုနေကြပြီ ဆိုတော့…။ ဘာဖြစ်လို့လဲဆိုတော့ မချစ်ပဲလည်း နေကြမှာလည်း မဟုတ်ဘူး၊ မအိပ်ပဲလည်း နေကြမှာလည်း မဟုတ်ဘူး၊ မဆက်ဆံပဲလည်း နေကြမှာလည်း မဟုတ်ဘူးလေ။ ဆိုတော့ နားလည်မှုလေး ပေးလိုက်ရင်တော့ အကောင်းဆုံးပဲပေါ့နော်။ 

အခုချိန်မှာဆိုရင် မြန်မာပြည်ကြီးဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့လည်း တိုးတက်ထွန်းကားလာနေပြီ။ အဲဒီအခါမျိုးမှာ လိင်တူချစ်သူ အခွင့်အရေးဟာ မြန်မာနိုင်ငံနဲ့လည်း သင့်တော်တယ်လို့ ထင်ပါသလား။ 


ရှေးရိုးစွဲ လူတွေ နည်းသွားရင်တော့…..။ မကြီးစန်းတို့ Generation နဲ့ မဖြစ်နိုင်ဘူး ထင်တယ်။ Next Generation နှစ်ခုလောက်ဆိုရင်တော့ အိုကေမယ် ထင်ပါတယ်။ 


#ရိမ်းဘိုးမဂ္ဂဇင်း စာဖတ်သူတွေကို မကြီးစန်းအနေနဲ့ ဘာတွေများ ဖြည့်စွက်အကြံပေး ပြောဆိုလိုသလဲ။


အမှန်တော့ မကြီးစန်း ပြောထားခဲ့တဲ့ အထဲမှာလည်း ပါပြီးပါပြီ။ မိန်းမလျာဖြစ်လို့ လူတွေက နှိမ်တယ်၊ ရှုတ်ချတယ်၊ အပယ်ခံရတယ်ဆိုတာကို မကြီးစန်း လုံးဝမဖြစ်စေချင်ဘူး။ မကြိုက်ဘူးပေါ့နော်။ ကိုယ့်ကို လုပ်ရင်လည်း မကြိုက်ဘူး။ ကိုယ့်ကဲသို့ ဘဝတူတွေကိုလည်း အဲလို ဆက်ဆံရင် မကြိုက်ဘူး။ မည်သူပင်ဖြစ်စေ။ လူတယောက်ဟာ သူဟာ လူပဲ။ လူကို လူလိုပဲ သတ်မှတ်စေချင်တယ်။ သူသည် လောကထဲမှာ တန်ဖိုးရှိတဲ့သူတယောက် မဟုတ်ရင်တောင်မှ တဒေါင့်တနေရာမှာ အသုံးဝင်တဲ့သူလေး တယောက် ဖြစ်တယ်ဆိုပင် ဒီလူတယောက်ရဲ့ဘဝက ကျေနပ်စရာ ကောင်းနေပြီပေါ့နော်။ 


အဲတော့ မကြီးစန်းကဲ့သို့သော ဘဝတူ မိန်းမလျာတွေကိုပေါ့…။ လောကကြီးထဲမှာ ယောက်ျားလျာနဲ့ မိန်းမလျာမှာ ယောက်ျားလျာတွေကို လူတွေက သိပ်မပြောကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားစိတ် ပေါက်တာက မြင့်မြတ်တာပေါ့… ဗမာအယူအဆအရပေါ့။ မကြီးစန်းတို့ ငယ်ငယ်လေးတုန်းကလည်း ဒီလိုပြောခဲ့တယ်။ မင်းကွာ ယုတ်ညံ့တဲ့ မိန်းမစိတ်ပေါက်တယ်။ ယောက်ျားလေးဆိုတာ ဘုရားဆုပန်လို့ရတဲ့ အနေအထားတခုကို မင်းတို့က ယုတ်ညံ့တဲ့ဘဝကိုများ ဆင်းချင်တယ်။ 


ဟုတ်တယ်။ ယောက်ျားလေးဘဝက မြင့်မြတ်တယ်။ မိန်းမလျာတွေက ယုတ်ညံ့တယ်။ ယောက်ျားလေးဘဝက ဘုရားဆု ပန်လို့ရတယ်။ ဒါပေမယ့် အခု ဘုရားဖြစ်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ ဘုရားဖြစ်တဲ့သူ ဘယ်နှစ်ယောက်မှ မရှိဘူး။ ယောက်ျားတိုင်း ဘုရားမဖြစ်ဘူး။ နောက်တခုက ယောက်ျားလေးထဲမှာ မြင့်မြတ်တဲ့ ယောက်ျားလေး ဆိုတာကကော အများကြီး ရှိလို့လား။ စံထားလောက်တဲ့ ယောက်ျားဆိုတာ လက်ချိုးရေလို့ ရနေပါတယ်။ 


အဲတော့ အခြောက်ဖြစ်သည်ဖြစ်စေ၊ ယောက်ျားဖြစ်သည်ဖြစ်စေ သူသည် သူ့ဘဝမှာ အမဲစက် မဖြစ်ဖို့၊ ပတ်ဝန်းကျင်ကို ဒုက္ခမပေးဖို့၊ မိသားစုမှာ အနှောင့်အယှက် မပေးဘူးဆိုရင် သူသည် လောကမှာ ရှင်သန်ဖို့ သင့်တော်တဲ့သူ တယောက်ပဲ။ မကြီးစန်း အခုနက ပြောခဲ့သလိုပဲ။ ကိုယ်သည် အနှိမ်ခံဘဝ၊ အပယ်ခံဘဝ မဖြစ်အောင်ပေါ့နော် ကိုယ့်ရဲ့လောက၊ သဘာဝ၊ လူတွေကြားထဲမှာ တဒေါင့်တနေရာကနေ တန်ဖိုးရှိတဲ့ လူလေး ဖြစ်စေချင်တယ်။ ကိုယ့်လောကကြီးကို အမဲစက် မဖြစ်အောင်၊ မညစ်နွမ်းအောင် လုပ်တဲ့ လူတွေ ဖြစ်စေချင်တယ်။ နောက်တခုက တတ်နိုင်သလောက်ပေါ့.. ကိုယ့်မိသားစုဆို မိသားစုမှာ အားကိုးအားထား ပြုရတဲ့သူ ဖြစ်စေချင်တယ်။ 


ကိုယ့်ပတ်ဝန်းကျင်မှာဆိုရင်လည်း ကိုယ့်ပတ်ဝန်းကျင်က အားကိုးအားထား ပြုရတဲ့သူ ဖြစ်စေချင်တာပေါ့နော်။


[ခေတ်သစ်လူ စီစသ်တင်ဆက်သည်]


Color Rainbow Magazine Vol. 16 (2012 ခုနှစ်) စာမျက်နှာ ၃၈ တွင်ပါသော In & Out ကဏ္ဍ - မိန်းမလျာလူတန်းစားကို လူတွေ အထင်သေးနှိမ့်ချမှာ သိပ်ကိုစိုးရွံ့မိပါတယ်ဆိုတဲ့ မိတ်ကပ်ခင်စန်းဝင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း (ခေတ်သစ်လူ)


[Zawgyi]ျမန္မာ့ မိတ္ကပ္အႏုပညာရွင္ မိတ္ကပ္ခင္စန္းဝင္းႏွင့္ ေတြ့ဆံုျခင္း (အပိုင္း ႏွစ္)


#ခင္စန္းဝင္း

#Makeup_Artists

#အင္တာဗ်ူးေဆာင္းပါး


(၂၀၁၂ခုႏွစ္ေလာက္က Colour Rainbow Magazine မွာပါရိွခဲ့တဲ့ အင္တာဗ်ူးေဆာင္းပါးကို အပိုင္းႏွစ္ပိုင္းခြဲၿပီး ျပန္လည္ေဝမ်ွပါရေစ။ လူတစ္ေယာက္ ေအာင္ျမင္ၿပီး ေနရာတစ္ခုရေနတယ္ဆိုရာလူခ်စ္လူခင္မ်ားဖို႔ဆိုပါက ေတာ္တန္ရံုေတာ့မဟုတ္ပါဘူး။ ဒါ့အျပင္  အေနအထိုင္တတ္ဖို႔ လိုပါလိမ့္မယ္။ သိကၡာရိွဖို႔ေျပာရင္ေတာ့ နဂိုဗီဇအခံကလည္းေကာင္းမွေပါ့ေနာ္။)


#ကိုယ္က တပၫ့္အေနနဲ႔ ဆရာတေယာက္ဆီကေန တပၫ့္ခံၿပီး ပညာသင္ၾကားခဲ့တုန္းက ခံစားခ်က္ေတြကို အခုအခ်ိန္မွာ ကိုယ္က တပၫ့္ေတြကို ျပန္သင္ေပးတဲ့အခါ သူတို႔ရဲ့ခံစားခ်က္ေတြကို မႀကီးစန္း ပိုၿပီးနားလည္ႏိုင္တယ္လို႔ ယံုၾကည္ပါသလား။ 


တကယ္ေတာ့ သူတို႔ကို ေျပာျပပါတယ္။ ေျပာျပတယ္ဆိုတာက မႀကီးစန္းတို႔ ေခတ္တုန္းက ပညာတခုကို သင္ဖို႔ဆိုတာ မလြယ္ဘူး။ မလြယ္ဘူးဆိုတာက နာမည္ႀကီး မိတ္ကပ္ဆရာဆိုတာက လက္ခ်ိဳးေရလို႔ ရတယ္။ ေတာ္ရံုတန္ရံု လူေတြကိုလည္း သူတို႔ လက္မခံရဲၾကဘူးေပါ့ေနာ္။ ဘယ္သူဘယ္ဝါမွန္း မသိ၊ ဘယ္လို စာရိတၲရိွမွန္းလည္း မသိဘူးေပါ့ေနာ္။ အဲေတာ့ လက္ခံခဲ့တဲ့ ဆရာသမားကိုလည္း ေက်းဇူးတင္ပါတယ္။ ေနာက္တခုက အဲဒီအခါတုန္းက ကိုယ္က အလုပ္လုပ္ခ်င္တာ တခုပဲေပါ့ေနာ္။ ပညာသင္ဖို႔ဆိုတာက သူတို႔ဆီမွာ ပိုက္ဆံေပးၿပီးေတာ့လည္း မသင္ႏိုင္ဘူး။ အဲေတာ့ ေအာက္ေျခသိမ္းကစၿပီး လုပ္ၿပီး သင္ရတယ္။ တံျမက္စည္းလွည္းလည္း ကိုယ္၊ ၾကမ္းတိုက္လည္း ကိုယ္၊ အမိႈက္သြန္လည္း ကိုယ္၊ ပစၥည္းလိုလို႔ ေျပးဝယ္လည္း ကိုယ္၊ အဲလိုမ်ိဳးစံုေပါ့ ေအာက္ေျခသိမ္း အလုပ္မ်ိဳးစံုကို လုပ္ရတယ္။ ဒါေပမယ့္ လုပ္ရလို႔လည္း တခါမွ ေမာတယ္လို႔ မခံစားရဘူး။ ဒါ ငါ အလုပ္လုပ္ေနတယ္ေပါ့။ 


အခေၾကးေငြ က်လို႔ရိွရင္လည္း မႀကီးစန္းက မနက္ ၂ နာရီ၊ ၃ နာရီေလာက္ လာတယ္။ မႀကီးစန္းတို႔ ငယ္ငယ္တုန္းကဆိုရင္ မိတ္ကပ္လိမ္းတဲ့ မနက္ ၂ နာရီ ၃ နာရီလည္း ထလိမ္းတာ။ အဲဒီအခ်ိန္ကတည္းက ကိုယ္ေရာက္ရတာေပါ့ေနာ္။ ၿပီးရင္ တေနကုန္ဆိုရင္လည္း ကိုယ္ပဲ။ အခုနက ေျပာခဲ့တဲ့ လုပ္ငန္းစဉ္ေတြ အကုန္လံုးကို ေျပးကာလႊားကာနဲ႔ ကိုယ္ပဲ။ လုပ္ၿပီးေတာ့ ညဆိုရင္လည္း ဥပမာ- Customer မကုန္မခ်င္း ၈ နာရီ၊ ၉ နာရီထိလည္း ကိုယ္ပဲ။ ကိုယ္က တေန့မွ ခုႏွစ္က်ပ္ပဲ ရတယ္။ ခုႏွစ္က်ပ္ဆိုတာက ႏွစ္က်ပ္တိုးေပးထားတာ။ ငါးက်ပ္ပဲ ရတယ္။ တလမွာ ၁၅၀ ေလာက္ပဲ ရတယ္။ ဆိုေတာ့ ကိုယ့္ေမ်ွာ္လင့္ခ်က္က ဘာလဲ။ 


ဒီဆရာသမားဆီမွာ ေနဖို႔ပဲ ေမ်ွာ္လင့္ခ်က္ရိွတာဆိုေတာ့ တခါမွေတာ့ စိတ္မပ်က္မိပါဘူး။ ရသေလာက္ေလးနဲ႔ပဲ ငါးဆယ္ကို ကိုယ္သံုး၊ တရာကို မိဘကို ေပးေပါ့။ မိဘအေနနဲ႔ကလည္း ေလာက္တယ္ေတာ့ မဟုတ္ပါဘူး။ ကိုယ္ေပးတဲ့ ပိုက္ဆံေလးက အေထာက္အကူ ျဖစ္ေပါ့။ အခုက ေျပာသလိုပါပဲ။ မနက္အေစာႀကီး ထလာလို႔ ဆရာက မနက္က်ရင္ လက္ဖက္ရည္တခြက္ေသာက္ေပါ့။ တိုက္တယ္။ လက္ဖက္ရည္ဆိုတာက လက္ဖက္ရည္ တခုတည္းပါပဲ။ က်န္တာ ဘာမွ မပါဘူး။ လက္ဖက္ရည္တခြက္နဲ႔ ေနလိုက္တာ ေန့ခင္း ထမင္းစားခ်ိန္ အထိပဲ။ 


ေန့ခင္းထမင္းစားခ်ိန္က်ေတာ့လည္း ကိုယ္က မိုးမလင္းခင္ကတည္းက လာတဲ့သူဆိုေတာ့ ထမင္းခ်ိဳင့္ ဘယ္ပါမလဲ။ မပါဘူး။ အဲေတာ့ သင္တန္းတက္တဲ့သူေတြဆီက ဟိုလူ႔ဆီက တဇြန္းစား၊ ဒီလူ႔ဆီက တဇြန္းစား အဲလိုမ်ိဳးနဲ႔ ေနခဲ့ရတယ္။ အဲေတာ့ ကိုယ့္ကေလးေတြ က်လို႔ရိွရင္ အဲလိုမ်ိဳး အႏိွမ္ခံရတဲ့ဘဝ မျဖစ္ေစခ်င္ဘူး။ အဲလိုမ်ိဳး မျဖစ္ေစရဘူးဆိုၿပီး သူတို႔ကို ကိုယ့္ဖက္က လိုေလေသး မရိွေအာင္ ထားေပးတယ္။


ဒါေပမယ့္ တခါတခါက်ေတာ့ အလုပ္တန္ဖိုးကို သူတို႔ေတြ နားမလည္ဘူးေပါ့ေနာ္။ ျဖစ္ေနတဲ့ ျပႆနာတခုက ဘာလဲဆိုေတာ့ မႀကီးစန္းဆီမွာ အလုပ္လာေတာင္းၾကတယ္။ သနားပါတယ္ ကဲ လက္ခံလိုက္ဆိုေတာ့ အလြယ္တကူ ဝင္လာတယ္။ အလြယ္တကူပဲ ျပန္ထြက္သြားၾကတယ္။ လုပ္ငန္းတခုမွာ အလြယ္တကူ ဝင္၊ အလြယ္တကူ ထြက္သြားရေတာ့ သူတို႔မွာ ဆံုးရႈံးတယ္လို႔ မယူဆဘူး။ ေနာက္တဆိုင္ကို ေရာက္သြားတယ္။ အဲဒီမွာလည္း ေနလို႔ထိုင္လို႔ အဆင္မေျပရင္ ေနာက္တဆိုင္ကို ေရာက္သြားျပန္တယ္။ ဆိုေတာ့ ကေလးေတြမွာက ခိုင္မာတဲ့ဆံုးျဖတ္ခ်က္ မရိွသလိုပဲ။ ၿပီးေတာ့ ေရ႔ွေရးကိုလည္း မပူတတ္ၾကဘူး။ အမွန္အတိုင္းေျပာရရင္ေတာ့ ကိုယ့္ကိုယ္ကို မခ်စ္တတ္ၾကဘူးေပါ့။ 


တကယ္က ကိုယ့္ကိုယ္ကို ခ်စ္ရမွာေလ။ ငါ ပညာတခုကို တတ္ေအာင္ သင္ရမယ္။ သင္တဲ့အခါ အဆင္ေျပတာလည္း ရိွမယ္။ အဆင္မေျပတာလည္း ရိွမယ္။ ကိုယ့္ဖက္က အနစ္နာခံရတဲ့အခါလည္း ခံရမယ္။ သို႔ေသာ္ တခ်ိန္က်ရင္ ငါ ေနရာတခုကို ရရမယ္ဆိုတဲ့ ႀကီးမားတဲ့ေမ်ွာ္လင့္ခ်က္ေပါ့… ကိုယ့္ကိုယ္ကို တေန့က်ရင္ ဘာျဖစ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ေလးေတာ့ ရိွသင့္တယ္လို႔ မႀကီးစန္းထင္တယ္။ 


မႀကီးစန္းဆီမွာ ပညာသင္တဲ့ ကေလးေတြကို ထမင္းေကြၽးထားတယ္။ ေနာက္ၿပီးေတာ့ ပညာသင္တဲ့အတြက္ အခေၾကးေငြလည္း ရတယ္။ ကိုယ္က သူတို႔ကို မုန႔္ဖိုးျပန္ေပးတယ္။ ေဩာ္ သူတို႔ သြားတဲ့လာတဲ့ စရိတ္ရိွမယ္။ Breakfast စားရင္ ဗိုက္ဆာေနမွာေပါ့.. ဆိုၿပီး စာနာၿပီးေတာ့ ကိုယ့္ဖက္က ေပးတယ္။ ဒါေပမယ့္ အဲဒါေတြ အားလံုးက အလြယ္တကူ ရေနတဲ့အခါက်ေတာ့ သူတို႔ေတြက တန္ဖိုးထားရေကာင္းမွန္း မသိၾကဘူး။ အခုေခတ္ကေလးေတြနဲ႔ ကြာတာမ်ိဳးေပါ့ေနာ္။ 


တခါတေလက်ေတာ့လည္း သူတို႔ကို နားလည္ေအာင္ ေျပာျပတယ္။ ဟဲ့… မိတ္ကပ္လိမ္းတယ္ဆိုတာလို႔ ခ်မ္းသာေအာင္ လူတိုင္း လုပ္လို႔ရတယ္။ ခ်မ္းသာတဲ့သူေတြ အမ်ားႀကီး။ ဒါေပမယ့္ အဲဒီ ခ်မ္းသာတယ္ဆိုတဲ့ သူေတြအားလံုးက ႏိုင္ငံေတာ္ သမၼတအိမ္ေတာ္ကို ဝင္ခ်င္တဲ့အခ်ိန္ ဝင္လို႔မရဘူး။ မိတ္ကပ္ဆရာေတြက အလြယ္တကူ ဝင္လို႔ရတယ္။ ေနာက္ၿပီးေတာ့ မိတ္ကပ္လိမ္းတယ္ဆိုတဲ့သူကို ေနရာထိုင္ခင္းကအစ ေကာင္းေကာင္းမြန္မြန္ ေနရာမွာ ဧၫ့္ခံတာမ်ိဳးေတြနဲ႔ ေနရာေပးခံရတယ္။ အဲဒါမ်ိဳးေပါ့။ ဒီအလုပ္ဆိုတာ မြန္ျမတ္ပါတယ္။ လူေတြကို လွဖို႔၊ စိတ္ခ်မ္းသာေစဖို႔ ကိုယ့္ရဲ့အတတ္ပညာနဲ႔ ဖန္တီးေပးရတာ ျဖစ္တဲ့အတြက္ မြန္ျမတ္ပါတယ္ဆိုၿပီး ဝါသနာပါတဲ့လူေတြ၊ ဆြဲေခၚလို႔ ရႏိုင္မယ့္လူေတြကို ကိုယ့္ဖက္က ဆံုးမတာမ်ိဳးေတြ ရိွပါတယ္။


#မႀကီးစန္းတို႔ ငယ္ငယ္တုန္းကေတာ့ မိန္းမလ်ာေတြဆိုတာ ရွားတယ္လို႔ ေျပာခဲ့တယ္။ အခုခ်ိန္မွာက်ေတာ့ ေပါလာၿပီလို႔ ေျပာလို႔ ရႏိုင္ပါသလား။ ဒီဘက္ေခတ္နဲ႔ မႀကီးစန္းတို႔ ငယ္ငယ္တုန္းက ေခတ္ၾကားထဲမွာ ဘာေတြ ကြာျခားသြားၿပီလဲဆိုတာကို သိခ်င္ပါတယ္။


ငယ္ငယ္တုန္းကဆိုရင္ လမ္းထြက္လို႔ရိွရင္ အရမ္းအစအေနာက္ ခံရတယ္။ ပံုမက်ပန္းမက် ျဖစ္ေနမွာေပါ့ေလ။ အခုကေလးေလးေတြ၊ အငယ္ေလးေတြ စကားေျပာတာ၊ ဆိုတာ လက္ဟန္ေျခဟန္ ျပာယာခတ္ေနတာကို ကိုယ္ေတြက ဟဲ့…. ၾကၫ့္စမ္း ေယာက္ယက္ကို ခတ္ေနတာပဲ ဆိုသလိုမ်ိဳးေပါ့။ ဆိုေတာ့ ကိုယ္ေတြေခတ္တုန္းကလည္း ဒီလိုမ်ိဳး ျဖစ္မွာပဲ။ အခုေခတ္မွာေတာ့ ပိုၿပီးလည္း ဆိုးလာတယ္။ မ်ားလည္း မ်ားလာတယ္။ သူတို႔အတြက္ အခြင့္အေရးေတြကလည္း အမ်ားႀကီးေပါ့ေနာ္။ ဥပမာ-မိတ္ကပ္ပညာေတြဆိုရင္ အင္တာနက္မွာ ၾကၫ့္ၿပီးေတာ့ ေလ့လာလို႔ ရတယ္။ 


မႀကီးစန္းတို႔ ေခတ္တုန္းက အင္တာနက္မေျပာနဲ႔ မဂၢဇင္းေတာင္မွ သေျပတို႔၊ ေသြးေသာက္တို႔ေလာက္ပဲ ထြက္တာေလ။ သံုးေလးအုပ္ေလာက္ပဲ။ ဒီထက္ပိုၿပီး မထြက္ဘူး။ ဂ်ာနယ္လည္း မရိွဘူး။ ႏိုင္ငံျခားမဂၢဇင္းဆိုတာကလည္း သူမ်ားသေဘၤာသားေတြ ႏိုင္ငံျခားသြားၿပီးေတာ့ ပါလာတဲ့စာအုပ္ေလာက္ပဲ ျမင္ဖူးတယ္။ ဆိုေတာ့ ေတာ္ေတာ္ရွားရွားပါးပါး ေခတ္ႀကီးထဲမွာ ႏိုင္ငံျခားရုပ္ရွင္ဆိုရင္ အနီးစပ္ဆံုး အိႏၵိယရုပ္ရွင္ေတြ ရိွမယ္။ အဲဒီမွာ ဘယ္မင္းသမီး ဘယ္လို ဆံထံုးထံုးသလဲေပါ့… အဲလိုမ်ိဳး ကိုယ္ လက္လွမ္းမွီသေလာက္ေလးနဲ႔ အတတ္ပညာကို ေလ့လာရတာမ်ိဳးေပါ့။ 


အခုေခတ္ကေလးေတြမွာက်ေတာ့ ပိုၿပီးေတာ့ သူတို႔အတြက္ အခြင့္အလမ္းေတြ မ်ားလာတယ္။ မႀကီးစန္းတို႔ ေခတ္ထက္ကို ေနရထိုင္ရတာ ပိုၿပီးေတာ့ အရမ္းကို ေပါ့ေပါ့ပါးပါးနဲ႔ လူေတြရဲ့ တေျပးညီ ဆက္ဆံျခင္းကို ခံရတဲ့ အေနအထားမ်ိဳးေတြ ေရာက္လာတယ္။ မႀကီးစန္းတို႔ ေခတ္တုန္းက လူၾကားထဲ ထြက္ဖို႔ကို ေတာ္ေတာ္ ေၾကာက္ရတယ္။ အစအေနာက္ခံရတယ္။ ၿပီးရင္ မတူသလို မတန္သလိုမ်ိဳး ဟို ဘယ္လိုေျပာမလဲ… လူေတြနဲ႔ ေပါင္းစပ္လို႔ မရတဲ့ သတၲဝါတေကာင္လိုမ်ိဳး သေဘာထားၾကတယ္။ အဓိက မႀကီးစန္း ေၾကာက္တာက အဲဒါေလ။ 


မိန္းမလ်ာလူတန္းစားကို လူေတြ အထင္ေသးမွာကို သိပ္ေၾကာက္တာပဲ။ ႏိွမ္မွာကိုလည္း အရမ္းေၾကာက္တယ္။ ကိုယ္တင္ မဟုတ္ဘူး။ အားလံုးကိုေပါ့ေနာ္ ႏိွမ္မွာကို ေၾကာက္တယ္။ မႀကိဳက္ဘူး။ အားနည္းတဲ့ လူတေယာက္လိုမ်ိဳး၊ ရြံစရာ သတၲဝါတေကာင္လိုမ်ိဳး၊ ေနာက္ တန္ဖိုးမရိွတဲ့ လူတေယာက္လိုမ်ိဳး သတ္မွတ္တာ မႀကိဳက္ဘူး။ လူပဲ။ လူကို လူလိုပဲ အတူတူပဲ ဆက္ဆံေစခ်င္တယ္။ အဲဒီေတာ့ မႀကီးစန္းရဲ့ အခုလက္ရိွ ရည္ရြယ္ခ်က္က ဘာလဲဆိုေတာ့ ဒီေလာကႀကီးတခုလံုးက ငါတို႔ေတြက အထင္ေသးစရာ မဟုတ္ဘူး။ လူတန္းေစ့တယ္။ ငါတို႔ေတြကလည္း နင္တို႔ေတြလို ရင္ေဘာင္တန္းႏိုင္တယ္ ဆိုတာ ျပခ်င္တယ္။


အခုေခတ္ ကေလးေတြကေတာ့ ဘာပဲျဖစ္ျဖစ္ သူတို႔ရဲ့ ရွင္သန္ရာ ဘဝတခုအတြက္ သူတို႔ရဲ့ Education နဲ႔ ပတ္သက္လို႔လည္း အရမ္းကို မႀကီးစန္းတို႔ထက္ ပညာေတာ္တဲ့ ကေလးေတြ အမ်ားႀကီး ရိွတယ္။ ခ်ီးက်ူးတယ္။ ဘာပဲျဖစ္ျဖစ္ အတတ္ပညာပိုင္းဆိုင္ရာ ဆိုလို႔ရိွရင္လည္း ဒီလိုမ်ိဳး နည္းပညာေတြ တိုးတက္လာတဲ့အတြက္ေၾကာင့္ ေလ့လာသင္ယူႏိုင္မႈ အခြင့္အေရးေတြ အမ်ားႀကီး ရိွတယ္။ ဘာပဲျဖစ္ျဖစ္ ဘယ္လိုဘဝမ်ိဳးပဲ ပိုင္ဆိုင္ပါေစ၊ မိန္းမလ်ာပဲျဖစ္ျဖစ္၊ ေယာက္်ားလ်ာပဲျဖစ္ျဖစ္၊ အေျခာက္ပဲျဖစ္ျဖစ္၊ ေယာက္်ားပဲျဖစ္ျဖစ္၊ မိန္းမပဲျဖစ္ျဖစ္…တန္ဖိုးရိွတဲ့ လူတေယာက္… တိုင္းျပည္က အားကိုးရတဲ့ လူတေယာက္ မဟုတ္ရင္ေတာင္ ကိုယ့္မိဘ ညီအကိုေမာင္ႏွမ၊ ကိုယ့္ပတ္ဝန္းက်င္က အားထားရတဲ့ လူတေယာက္ ျဖစ္ေစခ်င္တယ္။ ႀကိဳးစားေစခ်င္တယ္။


#မႀကီးစန္းလိုမ်ိဳး မိန္းမပံု ဝတ္စားဆင္ယင္တဲ့သူေတြကို ဘယ္လိုမ်ိဳး အႀကံျပဳခ်င္ပါသလဲ။


ဘယ္လိုပဲ ဝတ္သည္ျဖစ္ေစ ကိုယ့္ရဲ့ စိတ္ႀကိဳက္ေပ့ါေနာ္။ ဒါေပမယ့္ တခုသတိျပဳသင့္တာက သတိျပဳသင့္တယ္ဆိုတာက တကူးတက လုပ္ခိုင္းတာေတာ့ မဟုတ္ပါဘူး။ မႀကီးစန္းက ပင္ကိုယ္ကတည္းက အေနေအးတယ္။ ေက်ာင္းမွာလည္း အေနေအးတယ္။ ဒါေပမယ့္ ေအးတယ္ဆိုတာက ေပ်ာ့ညံ့တာေတာ့ မဟုတ္ဘူး။ အခြင့္အေရးႀကံဳလာရင္ေတာ့ အသံုးခ်တတ္တဲ့ ခြန္အားေတြ ရိွတယ္။ 


ဒါေပမယ့္ မိန္းမလ်ာဆိုတာက မိန္းမစိတ္ေပါက္တဲ့အတြက္ကို မိန္းမနဲ႔ေတာ့ သြင္ျပင္လကၡဏာ မတူရင္ ေနပါေစ။ လႈပ္ရွားမႈေလးေတာ့ တူေစခ်င္တယ္။ စိတ္ထားေလးေတာ့ တူေစခ်င္တယ္ေပါ့ေနာ္။ အခုေခတ္ မႀကီးစန္းရဲ့ ကေလးေတြကို ေျပာျဖစ္တယ္။ နင္တို႔ေတြ မိန္းမလို ဝတ္ထားၾကတာက မိန္းမစိတ္ေပါက္လို႔ ဝတ္ထားတာ မဟုတ္ဘူး၊ အေျခာက္စိတ္ေပါက္လို႔ ဝတ္တာ။ မိန္းမစိတ္ေပါက္တယ္ဆိုတာက ဥပမာ- ခ်က္တယ္ ျပဳတ္တယ္ဆိုရင္လည္း ဝါသနာပါရမယ္။ သိမ္းတာဆည္းတာလည္း ဝါသနာပါရမယ္။ အရာရာ ကိုင္တာတြယ္တာ၊ သိမ္းတာဆည္းတာကအစ သိမ္သိမ္ေမြ့ေမြ့ေလးနဲ႔ စည္းကမ္းတက်ေလး ရိွေနရမယ္ေပါ့ေနာ္။ မႀကီးစန္းတို႔ မိန္းမစိတ္ေပါက္တာက မိန္းမျဖစ္ခ်င္ၾကတာ။ 


ငါတို႔ကိုယ္ ငါတို႔ အေျခာက္လို႔လည္း တခါမွ မယူဆဘူး။ မႀကီးစန္း တပၫ့္ထဲမွာ မိန္းမလို ဝတ္တဲ့လူေတြ ရိွတယ္။ မိန္းမလိုပဲ ဝတ္ထားတယ္။ သို႔ေသာ္ သူတို႔ ဒီပစၥည္းဆို ဒီနားမွာကို ဒီနားမွာခ်။ ဒီပစၥည္းကို ဒီနားမွာ သိမ္းမယ္ဆို မသိမ္းပဲ ႏွစ္ရက္ေလာက္ မသိခ်င္ေယာင္ေဆာင္ၿပီး မသိမ္းပဲထား။ အျပင္က ျပန္လာတယ္ဆို မသိမ္းပဲ ေတြ့တဲ့ေနရာမွာထားၿပီး သူဖာသာသူ လက္လြတ္စပယ္ ေနၾကတာဆိုေတာ့ မဟုတ္ဘူး။ မင္းတို႔ မလုပ္ရဘူးလို႔…။ လူဆိုတာ ဘာပဲျဖစ္ျဖစ္ မိန္းမစိတ္ ေပါက္ၿပီ ဆိုကတည္းက မိန္းမရဲ့ Nature အတိုင္း ျဖစ္ေနရမယ္ေပါ့ေနာ္။ 


ဆိုေတာ့ အဲလိုမ်ိဳး မိန္းမလို ဝတ္တယ္ဆိုကတည္းက ထိုနည္းလည္းေကာင္းေပါ့ေနာ္။ အေျခာက္မို႔လို႔ မိန္းမပံုဝတ္တယ္ဆိုေပမယ့္ ကိုယ့္ရဲ့ ကိုယ္ေနဟန္ထားနဲ႔ လိုက္ဖက္ညီေအာင္ ဝတ္သင့္တယ္။ မႀကီးစန္းကေတာ့ ထမိန္ဝတ္တယ္ဆိုတာ ကိုယ့္ရဲ့ကိုယ္ခႏၶာက ထမိန္နဲ႔မွ လိုက္တယ္။ ေဘာင္းဘီနဲ႔ဆို လံုးဝအဆင္မေျပဘူး။ ေဘာင္းဘီနဲ႔ ရိုက္ထားတဲ့ ဓါတ္ပံုေတြကို တျခား လူေတြကလည္း မႀကိဳက္ၾကဘူး။ ဗမာလို ရင္ဖံုးအက်ႌ ဝတ္တာကို လူေတြက ပိုႀကိဳက္ၾကတယ္။ 


ကိုယ္ကိုယ္တိုင္လည္း ျမန္မာရင္ဖံုးအက်ႌကို ပိုႀကိဳက္တယ္။ မႀကီးစန္းက ပုခံုးေလ်ာေတာ့ ဗမာရင္ဖံုးအက်ႌနဲ႔ ပိုလိုက္တယ္။ ဆိုေတာ့ အဓိကက မိန္းမလို ဝတ္ခ်င္တယ္ဆိုရင္ မိန္းမလို သိမ္ေမြ့တဲ့စိတ္ကေလး ထားေပါ့။ ေနာက္ၿပီးေတာ့ မိန္းမစိတ္ေပါက္လို႔ မိန္းမလို ဝတ္တာ။ ေတာ္ရံုတန္ရံု မိန္းမစိတ္မေပါက္ပဲနဲ႔ မိန္းမလို ဝတ္ရဲတဲ့သတၲိရိွဖို႔ မလြယ္ဘူး။ အဲဒီေတာ့ ဝတ္ၿပီးရင္ မိန္းမဆန္တဲ့ အျပဳအမူအေနအထိုင္ေလး ရိွေစခ်င္တာေပါ့ေနာ္။ အဲဒါေလး ေျပာခ်င္ပါတယ္။ 


#မိန္းမလ်ာတေယာက္ဟာ ခ်စ္သူအစစ္ ရဖို႔ဆိုတာ ခက္ခဲတယ္။ ရခဲ့ရင္လည္း ကိုယ့္ရဲ့စည္းစိမ္ ဓနဥစၥာေတြကို မက္ေမာလြန္းလို႔ေပါ့ေနာ္။ အဲဒီအေပၚမွာေရာ မႀကီးစန္း ဘယ္လို ျမင္ပါသလဲ။ 


ဒါကေတာ့ အမ်ိဳးမ်ိဳးရိွပါလိမ့္မယ္။ မႀကီးစန္း ေတြ့ခဲ့တဲ့ ခ်စ္သူေတြက အဲလိုမ်ိဳး မဟုတ္ပါဘူး။ သူတို႔မႀကီးစန္းကို တကယ့္ကို ခ်စ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အေၾကာင္း တခုေၾကာင့္…ေပါ့။ 


အေၾကာင္း တခုေၾကာင့္ ဆိုတာကေတာ့ မိန္းမမဟုတ္တဲ့အတြက္ တခ်ိန္က်ရင္ အထားသြားခံရမယ္။ လူတေယာက္ရဲ့ ဖီလင္က သူ ဟန္ေဆာင္ေနတာလား၊ တကယ္လားဆိုတာ အတူေနၾကၫ့္ရင္ သိပါတယ္။ ပစၥည္းဥစၥာကို မက္လို႔လာတယ္ဆိုရင္ အဲဒီလူဟာ Money boy ျဖစ္သြားမွာေပါ့။ ဝတ္ေက်းတန္းေက်ပဲ ျဖစ္ေနမွာေပါ့ေနာ္။ ဆိုေတာ့ အဲလိုမ်ိဳး ေလာကႀကီးထဲမွာ ရိွပါလိမ့္မယ္။ ဒီလိုမ်ိဳး မႀကီးစန္းတို႔လို လူမ်ိဳးေတြအေပၚမွာ လုပ္စားေနတဲ့ လူမ်ိဳးေတြလည္း ရိွပါလိမ့္မယ္။ အဲဒါကေတာ့ လူတေယာက္ရဲ့ ပင္ကိုယ္စိတ္ဓါတ္နဲ႔ ဆိုင္မယ္ ထင္ပါတယ္။ 


#ျမန္မာႏိုင္ငံမွာ လုပ္ငန္းခြင္ထဲ မိန္းမပံုဝတ္ၿပီး အလုပ္လုပ္မယ္ဆိုရင္ အခက္အခဲေတြ အမ်ားႀကီး ရိွႏိုင္ေသးတယ္လို႔ ထင္ပါတယ္။ အဲဒီအေပၚ မႀကီးစန္းရဲ့ အျမင္ေလးကို သိခ်င္ပါတယ္။ 


အဝတ္အစားကေတာ့ ရံုးမွာလုပ္တဲ့လူဆိုရင္ ရံုးဝန္ထမ္းတဦးအေနနဲ႔ေပါ့ေနာ္… အစိုးရနဲ႔ ပတ္သက္တဲ့ ဝန္ထမ္းဆိုရင္ေတာ့ သူတို႔ရဲ့ Rules အရ ကိုယ္က မိန္းမစိတ္ေပါက္ေပမယ့္ မိန္းမလို ဝတ္တာကေတာ့ မသင့္ေတာ္ဘူးလို႔ ထင္ပါတယ္။ ဥပမာ- Shopping Center တခုမွာ Cosmetic ေကာင္တာက ဝန္ထမ္းေတြဆိုရင္ေတာ့ မိန္းမလိုဝတ္တာက သင့္ေတာ္တယ္ေလ။ သူတို႔အတြက္ ျပႆနာလည္း မရိွဘူး။ ေျပာစရာလည္း မလိုဘူး။ ကုမၸဏီဝန္ထမ္း ျဖစ္ေစဦး။ ကုမၸဏီက ဒါရိုက္တာ အိုေကတယ္၊ ကိုယ္လည္း အိုေကတယ္ဆိုရင္ ဝတ္လို႔ရတယ္။ 

ေဘာင္ခတ္တယ္ ဆိုတာကေတာ့ မျဖစ္သင့္တဲ့ ကိစၥတခုလို႔ ထင္တယ္။ လူတေယာက္မွာ သူ႔ရဲ့စိတ္ႀကိဳက္ လြတ္လပ္ခြင့္ ရိွတယ္။ ယူဆခြင့္ ရိွတယ္။ ဝတ္ဆင္ခြင့္ ရိွတယ္။ ဒါကေတာ့ လူတေယာက္ရဲ့ Human Rights ေပါ့ေနာ္။ 


ေဘာင္ခတ္တယ္ဆိုတာမွာလည္း ဥပမာ- ေက်ာင္းဆရာတေယာက္ ျဖစ္ေနတယ္ ဆိုရင္ေတာ့ ေနာက္တြဲဆံထံုးနဲ႔ ဆြဲျခင္းနဲ႔ သြားလို႔ေတာ့ မရဘူးေပါ့ေနာ္။ ဒါကေတာ့ ဘာပဲျဖစ္ျဖစ္ ေက်ာင္းဆရာဆိုတဲ့ ဂုဏ္နဲ႔ေတာ့ လည္ကတံုးနဲ႔၊ တိုက္ပံုနဲ႔၊ ပုဆိုးနဲ႔ေတာ့ ဝတ္ရမွာေပါ့။ အိမ္ေရာက္လို႔ရိွရင္ေတာ့ ဘာပဲျဖစ္ျဖစ္ ဝတ္….. ရတာေပါ့။ 


ထိုနည္းလည္းေကာင္းပဲ။ အစိုးရရံုးတရံုးရဲ့ အရာရိျွဖစ္ေနရင္ ေအာက္ကဝန္ထမ္းေတြ ေလးစားေအာင္ ကိုယ္က မည္သို႔ပင္ ျဖစ္ေနပါေစ၊ မည္သၫ့္ဘဝကိုပဲ ပိုင္ဆိုင္ေနပါေစ၊ သူ႔လုပ္ငန္းခြင္ရဲ့ ေလးစားမႈ ရယူဖို႔အတြက္ သူဟာ သူ႔ရာထူးနဲ႔ ကိုက္ညီတဲ့ ဝတ္စားဆင္ယင္မႈ ရိွသင့္တယ္လို႔ မႀကီးစန္း ထင္ပါတယ္။ ေဘာင္ခတ္တယ္ဆိုတာထက္ လုပ္ငန္းသေဘာသဘာဝနဲ႔ ပိုၿပီးေတာ့ သက္ဆိုင္ပါလိမ့္မယ္လို႔ ထင္ပါတယ္။ 


#လိင္တူခ်စ္သူေတြ ေတာ္ေတာ္မ်ားမ်ား ေၾကာက္လန႔္ၾကတဲ့ ပုဒ္မ ၃၇၇ နဲ႔ပတ္သက္ၿပီး မႀကီးစန္းအေနနဲ႔ ဘယ္လိုျမင္ပါသလဲဆိုတာ သိပါရေစ။


လူ႔ေဘာင္ လူ႔ေလာကမွာ ဒီလိုမ်ိဳး မေနရဘူးလို႔ သတ္မွတ္ထားေသာ္ျငားလည္း ( ပုဒ္မအရသာ တားျမစ္ထားေသာ္ျငားလည္း) ပြင့္ပြင့္လင္းလင္း (အတိအလင္း) ေနေနၾကတဲ့သူေတြ အမ်ားႀကီး ရိွတယ္။ မႀကီးစန္းတို႔ ငယ္ငယ္တုန္းကလို သိပ္ၿပီးေတာ့ တင္းတင္းၾကပ္ၾကပ္ မဟုတ္ေတာ့ဘူး။ သို႔ေသာ္ အတိအလင္းေပါ့။ 


ဒါမ်ိဳးကို ခြင့္ျပဳတယ္ဆိုရင္ေတာ့ အေကာင္းဆံုးေပါ့။ ကမ႓ာ့ႏိုင္ငံ အေတာ္မ်ားမ်ားမွာလည္း ဒါမ်ိဳးကို ခြင့္ျပဳေနၾကၿပီ ဆိုေတာ့…။ ဘာျဖစ္လို႔လဲဆိုေတာ့ မခ်စ္ပဲလည္း ေနၾကမွာလည္း မဟုတ္ဘူး၊ မအိပ္ပဲလည္း ေနၾကမွာလည္း မဟုတ္ဘူး၊ မဆက္ဆံပဲလည္း ေနၾကမွာလည္း မဟုတ္ဘူးေလ။ ဆိုေတာ့ နားလည္မႈေလး ေပးလိုက္ရင္ေတာ့ အေကာင္းဆံုးပဲေပါ့ေနာ္။ 

အခုခ်ိန္မွာဆိုရင္ ျမန္မာျပည္ႀကီးဟာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔လည္း တိုးတက္ထြန္းကားလာေနၿပီ။ အဲဒီအခါမ်ိဳးမွာ လိင္တူခ်စ္သူ အခြင့္အေရးဟာ ျမန္မာႏိုင္ငံနဲ႔လည္း သင့္ေတာ္တယ္လို႔ ထင္ပါသလား။ 


ေရွးရိုးစြဲ လူေတြ နည္းသြားရင္ေတာ့…..။ မႀကီးစန္းတို႔ Generation နဲ႔ မျဖစ္ႏိုင္ဘူး ထင္တယ္။ Next Generation ႏွစ္ခုေလာက္ဆိုရင္ေတာ့ အိုေကမယ္ ထင္ပါတယ္။ 


#ရိမ္းဘိုးမဂၢဇင္း စာဖတ္သူေတြကို မႀကီးစန္းအေနနဲ႔ ဘာေတြမ်ား ျဖၫ့္စြက္အႀကံေပး ေျပာဆိုလိုသလဲ။


အမွန္ေတာ့ မႀကီးစန္း ေျပာထားခဲ့တဲ့ အထဲမွာလည္း ပါၿပီးပါၿပီ။ မိန္းမလ်ာျဖစ္လို႔ လူေတြက ႏိွမ္တယ္၊ ရႈတ္ခ်တယ္၊ အပယ္ခံရတယ္ဆိုတာကို မႀကီးစန္း လံုးဝမျဖစ္ေစခ်င္ဘူး။ မႀကိဳက္ဘူးေပါ့ေနာ္။ ကိုယ့္ကို လုပ္ရင္လည္း မႀကိဳက္ဘူး။ ကိုယ့္ကဲသို႔ ဘဝတူေတြကိုလည္း အဲလို ဆက္ဆံရင္ မႀကိဳက္ဘူး။ မည္သူပင္ျဖစ္ေစ။ လူတေယာက္ဟာ သူဟာ လူပဲ။ လူကို လူလိုပဲ သတ္မွတ္ေစခ်င္တယ္။ သူသည္ ေလာကထဲမွာ တန္ဖိုးရိွတဲ့သူတေယာက္ မဟုတ္ရင္ေတာင္မွ တေဒါင့္တေနရာမွာ အသံုးဝင္တဲ့သူေလး တေယာက္ ျဖစ္တယ္ဆိုပင္ ဒီလူတေယာက္ရဲ့ဘဝက ေက်နပ္စရာ ေကာင္းေနၿပီေပါ့ေနာ္။ 


အဲေတာ့ မႀကီးစန္းကဲ့သို႔ေသာ ဘဝတူ မိန္းမလ်ာေတြကိုေပါ့…။ ေလာကႀကီးထဲမွာ ေယာက္်ားလ်ာနဲ႔ မိန္းမလ်ာမွာ ေယာက္်ားလ်ာေတြကို လူေတြက သိပ္မေျပာၾကဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေယာက္်ားစိတ္ ေပါက္တာက ျမင့္ျမတ္တာေပါ့… ဗမာအယူအဆအရေပါ့။ မႀကီးစန္းတို႔ ငယ္ငယ္ေလးတုန္းကလည္း ဒီလိုေျပာခဲ့တယ္။ မင္းကြာ ယုတ္ညံ့တဲ့ မိန္းမစိတ္ေပါက္တယ္။ ေယာက္်ားေလးဆိုတာ ဘုရားဆုပန္လို႔ရတဲ့ အေနအထားတခုကို မင္းတို႔က ယုတ္ညံ့တဲ့ဘဝကိုမ်ား ဆင္းခ်င္တယ္။ 


ဟုတ္တယ္။ ေယာက္်ားေလးဘဝက ျမင့္ျမတ္တယ္။ မိန္းမလ်ာေတြက ယုတ္ညံ့တယ္။ ေယာက္်ားေလးဘဝက ဘုရားဆု ပန္လို႔ရတယ္။ ဒါေပမယ့္ အခု ဘုရားျဖစ္တဲ့သူ ဘယ္ႏွစ္ေယာက္ရိွလဲ။ ဘုရားျဖစ္တဲ့သူ ဘယ္ႏွစ္ေယာက္မွ မရိွဘူး။ ေယာက္်ားတိုင္း ဘုရားမျဖစ္ဘူး။ ေနာက္တခုက ေယာက္်ားေလးထဲမွာ ျမင့္ျမတ္တဲ့ ေယာက္်ားေလး ဆိုတာကေကာ အမ်ားႀကီး ရိွလို႔လား။ စံထားေလာက္တဲ့ ေယာက္်ားဆိုတာ လက္ခ်ိဳးေရလို႔ ရေနပါတယ္။ 


အဲေတာ့ အေျခာက္ျဖစ္သည္ျဖစ္ေစ၊ ေယာက္်ားျဖစ္သည္ျဖစ္ေစ သူသည္ သူ႔ဘဝမွာ အမဲစက္ မျဖစ္ဖို႔၊ ပတ္ဝန္းက်င္ကို ဒုကၡမေပးဖို႔၊ မိသားစုမွာ အေနွာင့္အယွက္ မေပးဘူးဆိုရင္ သူသည္ ေလာကမွာ ရွင္သန္ဖို႔ သင့္ေတာ္တဲ့သူ တေယာက္ပဲ။ မႀကီးစန္း အခုနက ေျပာခဲ့သလိုပဲ။ ကိုယ္သည္ အႏိွမ္ခံဘဝ၊ အပယ္ခံဘဝ မျဖစ္ေအာင္ေပါ့ေနာ္ ကိုယ့္ရဲ့ေလာက၊ သဘာဝ၊ လူေတြၾကားထဲမွာ တေဒါင့္တေနရာကေန တန္ဖိုးရိွတဲ့ လူေလး ျဖစ္ေစခ်င္တယ္။ ကိုယ့္ေလာကႀကီးကို အမဲစက္ မျဖစ္ေအာင္၊ မညစ္ႏြမ္းေအာင္ လုပ္တဲ့ လူေတြ ျဖစ္ေစခ်င္တယ္။ ေနာက္တခုက တတ္ႏိုင္သေလာက္ေပါ့.. ကိုယ့္မိသားစုဆို မိသားစုမွာ အားကိုးအားထား ျပဳရတဲ့သူ ျဖစ္ေစခ်င္တယ္။ 


ကိုယ့္ပတ္ဝန္းက်င္မွာဆိုရင္လည္း ကိုယ့္ပတ္ဝန္းက်င္က အားကိုးအားထား ျပဳရတဲ့သူ ျဖစ္ေစခ်င္တာေပါ့ေနာ္။


[ေခတ္သစ္လူ စီစဥ္တင္ဆက္သည္]


Color Rainbow Magazine Vol. 16 (2012 ခုႏွစ္) စာမ်က္ႏွာ ၃၈ တြင္ပါေသာ In & Out က႑ - မိန္းမလ်ာလူတန္းစားကို လူေတြ အထင္ေသးႏိွမ့္ခ်မွာ သိပ္ကိုစိုးရြံ႔မိပါတယ္ဆိုတဲ့ မိတ္ကပ္ခင္စန္းဝင္းနဲ႔ ေတြ့ဆံုေမးျမန္းျခင္း (ေခတ္သစ္လူ)

No comments: