(အခန်း-၅)
“ငါ့ကိုဟယ် အဲဒီ့ တိရိစ္ဆာန်ကောင်တွေ တပြုံလုံး ဝိုင်းဝုန်းလိုက်ကြတာပါဟယ်”
လက်မောင်းမှာ မြှားတန်းလန်းနဲ့ ဒဿငြီးတော့ ဆေးထည့်ပေးနေတဲ့ ဘိဘိမက စိတ်မကောင်းစွာနဲ့ ကြည့်ပါသည်။ ဒီလိုဆိုတော့လည်း ဘိဘိမက သူ့ အစ်မတော်ကို ဂရုစိုက်ရှာသည်။ စစ်ရေးလေ့ကျင့်တာတွေ သွားချောင်းမကြည့်တော့ပဲ ေဆေးလာထည့်ပေးနေတာဖြစ်သည်။
“ငါလေ အဲဒီ့ သီတာဒေဝီဆိုတဲ့ ဟာမရဲ့ ကြင်ယာရွေးပွဲထဲမှာလေ.. ငါ့ကိုလေ ဘီလူးကောင်ကြီး ဘီလူးကောင်ကြီး အရူးဘီလူးကြီးလို့ ဝိုင်းအော်ပြီး ခဲတွေ သဲတွေနဲ့ ဝိုင်းဝုန်းကြတာဟဲ့။ ကလေးလေးတစ်ယောက်ဆို ငါ့ကို ရှူရှူးတွေနဲ့တောင် ကော့ပန်းသွားသေးတယ် အီးဟီးဟီးဟီး……….”
“ဖြစ်ရမယ်ဟယ်။ နင်လည်းလေ ဘာလို့ ဆံပင်ဖားလျားကြီးချသွားရတာလည်းဟဲ့။ ငါပြောပါတယ်။ ဆံပင်စည်းသွားပါ။ မျက်နှာခြေလေးလိမ်းသွားပါဆိုတာ။ အခုတော့ ဆံပင်ဖားလျားကြီးနဲ့၊ ခရီးပန်းလာတဲ့ ရုပ်အိုကြီးနဲ့၊ အဆီပြန်နေတဲ့မျက်နှာပေါ် လမ်းတစ်လျောက်ကသဲနီတွေ ကပ်နေတဲ့ မျက်နှာအနီကြီးနဲ့၊ စဉ်းစားကြည့်လေ။ အစောထဲက နင့်ပုံက အခြောက်ဓားပြကြီးလိုလို ဘီလူးခြောက်ကြီးလိုလိုနဲ့ ကို၊ အခုတော့ ဘယ်လောက်တောင် ကြောက်စရာကောင်းနေလိုက်မလည်း။ ငါသာ အဲဒီ့ကလေးလေးနေရာမှာဆို ရှူးနဲ့တောင် ပန်းမနေဘူး။ ကြောက်သေးပါပြီး တစ်ခါထဲ နေရာမှာတင် ဂေါက်ကနဲ လဲသေချလိုက်မယ်။ မှန်းကြည့်မိတာတောင် ငါ့မှာ ကြက်သီးထတယ် ဒက်ဒက်..”
အားပေးပါတယ်။ ဘိဘိမတို့က သူ့ကျတော့လှတယ်ဆိုတော့ သူများတကာကို အခုလို အားပေးပါတယ်။ ဟွန်း မျောက်လိုလို စုတ်ချွန်းချွန်းရုပ်နဲ့ မျောက်ခြောက်မက အကြီးအကျယ်ကို ဝုန်းပြစ်တာတော့..။ ဒါဏ်ရာကို ဂရုစိုက်ပေးနေလို့ ြပြန်မပြောတာမှတ်ပါ။
“ပင်ပန်းရတဲ့ကြားထဲဟယ်… ဖြစ်ပြီးတာတွေ မပြောပါနဲ့ ဘိဘိရယ်”
“ဟုတ်ပါပြီ။ နင်ဒါနဲ့ သူတို့ သတ်မှတ်ထားတဲ့ လေးကြီးကို မ..မ နိုင်ခဲ့ဘူးဆိုတော့ နင်အရှက်တွေကွဲတာပေါ့”
“ဟဲ့ မရှက်တာ..။ ငါ့မှာ သေသေချာချာ ရှက်စနိုးဖြစ်တဲ့ပုံစံလေးတောင် လုပ်ပြချိန်မရလိုက်တာ။ ငါ့မှာခြောက်ဖို့ ရွဖို့ သီးသန့်သွားတာဆိုတော့ လေးကို ဘယ်အာရုံစိုက်နိုင်ပါ့မလည်း။ လာကြည့်တဲ့မင်းသားတွေကလည်း အမိုက်စားလေးတွေပဲဆိုတော့ ရင်တွေဘာတွေ တုန်ပြီး ဗလတွေတောင် ကျုံ့ကုန်တယ်။ ဒါနဲ့ ငါလည်း မနိုင်တာနဲ့ လွှတ်ချလိုက်တာ။ ပြီးတော့ ပရိတ်သတ်ဘက်ကိုလှည့်ပြီး သွားလေးဖြီးပြီး ရှက်ရယ်ရယ်ပြလိုက်တာကို အဲဒီ့ကျမှ အားလုံးက ဘီလူးကြီးဆိုပြီး ဝုန်းကြတော့တာ။ နင်ကြည့်ပါဦးဟယ်။ ငါရယ်တာ ဘီလူးနဲ့မှ မတူတာကို။”
ပြောပြောဆိုဆိုနဲ့ ဒဿက ရယ်ပြတော့ ဘိဘိမက ရုတ်တရက်လန့်ပြီး မေ့လဲသွားမည့်ပုံစံ ပြန်လုပ်ပြသည်။ ဒဿ ဘိဘိမကို ပြစ်ပြစ်နှစ်နှစ်ပဲ ဆဲချလိုက်ပါသည်။ ဘိဘိမက ရယ်ရင်း………
“ဟဲ့ အမသော်.. ဒါနဲ့ နင့်ကို ဒီမြှားနဲ့ပြစ်သဲ့ကောင်ကို မှတ်မိတေးလား။ မှတ်မိရင် ပါးတွားရိုက်မယ်။ ရှစ်စိတ်ကွဲအောင် ရိုက်ပေးမှ ဂလိုအကောင်မျိုးက နောက်နောင်မလုပ်ရဲမှာ ဟွန်း”
“ပြောရမယ်ဆိုရင် အဲကောင်လေးက ချောရှာသားဟဲ့။ အကျီအစိမ်း ဘောင်းဘီအစိမ်းလေးနဲ့ဟယ်..။ အသားအရေလေးကလည်း စိန်းဖန့်ဖန့်နဲ့ ချောလိုက်တာ ဝက်ဝက်ကွဲပဲ။ အရပ်ကြီးကလည်း အရှည်ကြီးပဲ။ ပေါင်တံလေးတွေများ ခပ်သွယ်သွယ်လေး။ နင့်လို တုတ်တုတ်ပွပွကြီးမဟုတ်ဘူး။ ရှယ်လေးဟဲ့ ရှယ်လေး…….”
“အံမယ်လေး ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကသို့ရဲ့။ ကိုယ့်ကိုမြှားနဲ့ပြစ်လိုက်တဲ့တူကို ချစ်စရာလေးပါသဲ့သော့…။ ဆေးထည့်ပေးနေသဲ့ ကျွန်မကိုတော့ ပေါင်တုတ်မကြီးပါသဲ့ သော့……….”
“ဟဲ့ ဟဲ့.. အို။ အခြောက်သံကြီးနဲ့ လျှောက်အော်မနေနဲ့လေ မျောက်ခြောက်မရဲ့။ တခြားသူတွေ ကြားကုန်မှဖြင့်။ ဟဲ့.. စိတ်အေးအေးထားပါ။ နင့်အတွက်လည်း ငါတွေ့ခဲ့ပါတယ်။ သူ့ဘေးနားမှာ သူ့ညီလား ဘာလားတော့မသိဘူးပေါ့ဟယ်။ အပေါ်အောက် အဝါရောင်နဲ့ အသားကလည်း ဝါဝင်းစိုပြေနေတာပဲ။ နင့်အကြိုက် ဗလတောင့်တောင်နဲ့ပဲဟဲ့….။ ငါအစိမ်းလေးနဲ့ ညက်သွားရင် နင့်ကို အဝါလေးရအောင် ဖန်ပေးမှာပေါ့ဟယ်။ ဒီမှာကြည့်လိုက်စမ်း.. ၊ ငါဟာ နင့်အမပါ။ နင့်ကို ဘယ်တော့မှ မမေ့ထားပါဘူးဟဲ့……”
“ဟယ် ကျေနပ်သယ်..။ ဒီလိုဆိုရင်သော့ ဘိဘိတို့က ကျေနပ်သယ်။ လက်ဝါးခြင်းရိုက်လိုက်ပါဦးရှန်..”
“ဖြန်း!!!!!!!!!!!!!!!!!!!!!”
“ဟိဟိ….လာ ဆက်ဆွေးနွေးဖို့အတွက် အစည်းအဝေးခန်းမဆောင်ထဲသွားကြစို့…”
* * * *
“အင်း ဆွေးနွေးတင်ပြချက်များ အရဆိုရင်တော့ ပစ်မှတ်နှစ်ခုမှာ အတားအဆီးက တစ်ခုရှိနေတယ်”
မသိရင် အလုပ်ကြီး အကိုင်ကြီးများ သေချာတိုင်ပင်နေသလားအောက်မေ့ရအောင် နှစ်ယောက်သား ဟိတ်ဟန်အပြည့်နဲ့ အစည်းအဝေးခန်းထဲမှာ တိုင်ပင်နေကြတာဖြစ်သည်။ တကယ်တော့ သူငယ်ရဖို့အရေး တို့အရေးဆိုပြီး တိုင်ပင်နေတာ ဒဿနဲ့ဘိဘိမတို့ နှစ်ယောက်ပဲ သိပါသည်။ တခြားသူကြားရင် အခြောက်ဘဝတွေ လူမိကုန်မှာစိုးတာနဲ့ စကားဝှက်တွေနဲ့ပြောခြင်းဖြစ်သည်။ ဘိဘိမက ယောက်ျားကြီးနှယ် ရင်ကိုကော့ပြီးပြောပါသည်
“အသားအဆီးက တီသာဒေဝီပဲ အမသော် အဲ .. အကိုသော်”
“ဟုတ်တယ် သီတာဒေဝီပဲ။ သီတာဒေဝီဆိုတဲ့ ရွစိဟာဆိုရင် ငါတို့ရဲ့ ပစ်မှတ်နှစ်ခုကို မြှားနှစ်ချောင်းနဲ့ တစ်ပြိုင်နက်ချိန်နေတဲ့ ရန်သူပဲ။ နင့်ပစ်မှတ်လိုလို ငါ့ပစ်မှတ်လိုလိုနဲ့ နှစ်ယောက်စလုံးကို ပလူးနေတာဖြစ်တယ်။”
“ဒီတော့ ရန်သူကိုရှင်းရမယ်။ ပစ်မှတ်ကို ရအောင်ယူရမှာဖြစ်သယ်”
နှစ်ယောက်သား လက်သီးလက်မောင်းတန်းပြီး ကြွေးကျော်နေကြချိန်မှာတင် အနောက်ဘက်မှ ရုတ်တရက် အသံခပ်သြသြကြီးတစ်ခု ထွက်ချလာလေသည်။
“ပစ်မှတ်ရော ရန်သူရော မှော်ရုံဟေဝန်မှာ အခု စခန်းချနေပါတယ် အကိုတော်တို့”
“ဟဲ့.. ဟဲ့ သြော် ဂမ္ဘီရယ်။ မပြောမဆိုနဲ့ ဝင်ချလာလိုက်တာ အလန့်တကြားဖြစ်စေလိုက်တာ။ ကလူ.. ကလူ..”
“အေးလေဟယ်။ လန့်လိုက်သာ အတည်းကိုသုန်ရောရှန်.. အဲလေ အတည်းသွေသုန်လို့ပါဗျာ”
ဒဿတို့ အခြောက်ညီအစ်မနှစ်ယောက် တကယ်ကြီးလန့်ဖျန့်သွားတာကို ကြည့်ပြီး ဂမ္ဘီက အသည်းယားတဲ့ပုံနဲ့ကြည့်ပါသည်။ ဂမ္ဘီကအဲလိုပဲဖြစ်သည်။ သူ့အစ်ကိုတွေက သူပျော်အောင် တမင်နွဲ့ပြတယ်ထင်ပြီး အသည်းယားလေ့ရှိပါသည်။ ခြောက်နေတယ်လို့ လုံးဝမထင်တာဖြစ်သည်။ ဝန်ခံရင်တောင် ယုံမယ့်ပုံမပေါ်..
“လန့်မနေပါနဲ့ အစ်ကို့တို့ရ။ အစ်ကိုတို့ တိုင်ပင်နေတာကို နှမတော် နည်းနည်းတော့ကြားလိုက်ပါတယ်။ သီတာဒေဝီနဲ့ အစိမ်းရောင်လူ ရာမ၊ အဝါရောင်လူ လက္ခဏတို့ အကြောင်းမဟုတ်လား။ မနက်ကလေးတင်ပဲ နှမလေး မှော်ရုံဟေဝန်ဘက်မှာတွေ့လိုက်လို့ အစိမ်းနဲ့အဝါပုံစံတွေက ထူးဆန်းနေတာနဲ့ စုံစမ်းလာခဲ့တာ အတော်ပဲ”
ဟယ်… အစိမ်းလေးနံမည်က ရာမတဲ့လား။ ထင်ပါတယ်။ အဲလိုကောင်ချောလေးမှာ နံမည်လေးကလည်း အခုလို လှလှလေးရှိလိမ့်မယ်လို့။ ငါ ဒဿဂီရိမဖြစ်ခင်ကနံမည် ရာဝဏနဲ့ အရှေ့ဆုံးတစ်လုံးတောင် တူလိုက်သေး အဟေးဟေး။ လူဇိုးကောင်လေး.. သွား… ရင်တွေ သိပ်ဖိုအောင် ပြုစားရက်လွန်းတယ်..။ ဒီကလူကို မညှာဘူး… ဟွန်း
ရာမရဲ့ နံမည်ကိုသိလိုက်ရတဲ့ ဒဿက စိတ်ထဲမှာ ပြစ်ပြစ်နှစ်နှစ်နွဲ့ချလိုက်ရင်း အတွေးနဲ့ ချွဲလိုက်သော်ငြားလည်း လက်တွေ့မှာတော့ အသံကြီးကို ခပ်သြသြလုပ်ကာ ဂမ္ဘီဘက်လှည့်ပြီး..
“အေး.. အဲဒီ့သီတာဒေဝီဆိုတာ လူရှေ့မှာ ပျော့ချင်ယောင်ဆောင်နေတဲ့ အလွန်ကြောက်မက်ဖွယ် စစ်ဘုရင်မ တစ်ဦးပေပဲ။ သူဟာ တစ်ချိန်မှာ ဒြာဝိဒိယန်လူမျိုးတွေကို ကြီးစိုးဖို့ကြိုးစားလိမ့်မယ်လို့ ဘိဘိသေနက အခုပဲ ဟောကိန်းထုတ်ခဲ့တယ် နှမတော်..။ ဒီတော့ အကိုတော်တို့ ဒီမိန်းမကို ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက် မေးမြန်းရပေမယ်။”
တကယ်တမ်း ဟုတ်မဟုတ်မသိပါ။ ဒီသီတာဒေဝီမက အစိမ်းလေးတို့ အဝါလေးတို့နားမှာ အမြဲတစေမြင်နေရလို့ အမြင်ကပ်ကပ်နဲ့ ရမ်းတုတ်လိုက်ခြင်းဖြစ်သည်။ အဓိကက ဂမ္ဘီ..ကူညီဖို့…….
“ဒီအတွက် မပူပါနဲ့ အစ်ကိုတို့ရာ။ နှမတော်ရဲ့တာဝန်ထားစမ်းပါ။ နှမတော်မှာ အစီအစဉ်ရှိတယ်။ အဲဒီ့အစီအစဉ်ထဲ နှမတော်တစ်ယောက်ထဲတင်မဟုတ်ပဲ၊ အစ်ကိုတို့နှစ်ယောက်လည်း ပါရမယ် အစ်ကိုတော်တို့ရဲ့။”
“ဟာ ဟုတ်ပြီ နှမငယ်..။ ကြားရတာ ပျော်စရာကြီးပေပဲ။ ကဲ အချိန်မလင့်ခင် စလိုက်ကြစို့ နှမတော်ရေး…….”
* * * *
(အခန်း-၆)
“အချိန်တော်တော်လင့်နေပြီနော် နှမတော်။ ဘာမှလည်း မလှုပ်ရှားသေးပါလား”
“နေပါဦး အကိုတော်ရယ် နှမတော် အထူးလေ့ကျင့်ထားတဲ့ ရွှေသမင်လွှတ်ထားပါတယ်။ ဘယ်နားသွားနေလည်း မသိဘူး။ နေဦး နှမတော်သွားရှာလာခဲ့မယ်….”
အချိန်က ညနေစောင်းဖြစ်နေပြီး တော်တော်လင့်နေကာမှ အရေးထဲ ရွှေသမင်က ပျောက်နေပြန်သေးသည်။ တောက်… ဒီရွှေသမင်စုတ်.. ဘယ်နားသွားပြီး မိတ်လိုက်နေလည်း မသိဘူး…
“ဟင်.. တောက်ခွေးကြီး… ဂန့်ဂန့်”
တကယ်တော့ရွှေသမင်က ဘယ်နားမှသွားပြီး မိတ်လိုက်မနေပါ။ ဒဿရဲ့ တင်ပါးကို အနောက်မှ လာနမ်းနေခြင်းဖြစ်သည်။ ဟင်.. ဘုရား.. ဘုရား… ဒီရွှေသမင်က မုန်ယိုနေတာများ ငါ့ကိုတောင် အလွတ်မပေးချင်တော့ပါလား။
“ဟဲ့ခွေး.. အဲ… ဟဲ့ တမင်စုတ် ရှလူး.. ရှူး.. တွားတွား။ တွားလေ.. တွားလေ..”
ဒဿနည်းတူနောက်လှည့်ကြည့်မိတဲ့ ဘိဘိမကလည်း တွေ့သွားပြီး ယောက်ယက်ခတ်စွာ ထအော်ပါသည်။ ဘိဘိမရဲ့ ပြဲလန်နေတဲ့ အော်သံကိုကြားတော့မှ မုန်ယိုပြီး နှာဘူးလာကျနေတဲ့ ရွှေသမင်ကြီးက လန့်ဖြန့်ကာ ဒဿတို့ပုန်းနေတဲ့ ခြုံပုတ်ထဲမှ ခုန်ထွက်သွားပြီး စမ်းချောင်းထဲကို စည်းမဲ့ကမ်းမဲ့နဲ့ စားကြွင်းစားကျန်အမှိုက်တွေ လွှင့်ပြစ်နေတဲ့ သီတာဒေဝီရဲ့ တင်ပါးကို ဝင်ဆောင့်မိသည်။
“ဒရှိ……..”
“အံမယ်ငှီး…………. နာတယ်ရှန့်”
သီတာဒေဝီလည်း ရုတ်တရက်လန့်သွားပြီး အရှေ့ကို ပြစ်လဲသွားရာ ဆင် မစင်ပုံကြီးတစ်ခုပေါ်သို့ မျက်နှာအပ်သွားပါသည်။ သီတာဒေဝီတော့မသိ..၊ ချောင်းကြည့်နေတဲ့ ဒဿနဲ့ ဘိဘိမတို့ကတော့ ရွံ့လွန်းသဖြင့် ရှုံ့မဲ့သွားကြသည်။ သီတာဒေဝီက မစင်ပုံထဲက လူးလဲထပြီး ထွက်ပြေးသွားသော ရွှေသမင်ကို လက်ညှိုးညွှန်ကာ..
“ဟင် သမင်စုတ်။ သမင်အပျက်ကောင်။ အံမယ်လေး ငါ့ကို ဝင်တိုက်ရလား။ နင့်အစိကွယ်နေလား။ ရာမ.. ဟဲ့ ရာမ… လာလိုက်စမ်း။ ဒီသမင်ကို လိုက်ဖမ်းပေးစမ်းပါအေ။ ဒီနေ့ ဒီသမင်ကို ငါကိုယ်တိုင် အမဲဖျက်ပြီး အကောင်လိုက်ကင်စားရမှ ကျေနပ်မယ်…။ ကျေနပ်မယ်ဟဲ့…”
သီတာဒေဝီက စွေ့စွေ့ခုန်အော်ဟစ်တော့ ရာမတစ်ယောက် ကြောက်ကြောက်နှင့် သမင်နောက်လိုက်သွားသည်။ ခိုင်းရက်လိုက်တာ မိစ္ဆာမရယ်..။ ငါ့ကောင်လေး အစိမ်းလေးကိုမှ ခိုင်းရက်လိုက်တာ။ ခမျာမှာ သနားပါတယ်။ နားရှာပါစေ။ ဟွန်း။ တွေ့မယ် နင့်ကို ဖမ်းမိတော့မှ အသားကုန် နှိပ်စက်ပြမယ်။ မိစ္ဆာမ…….
ဒဿက ပြစ်ပြစ်နှစ်နှစ် စိတ်ထဲက ကျိန်ဆဲနေချိန်မှာတင် တစ်ချိန်လုံး လက္ခဏကို အဝေးကကြည့်ပြီး သာယာနေသော ဘိဘိမဆီမှ တောက်ခေါက်သံထွက်လာသည်။
“ကြည့်…... မိစ္ဆာရူးမက ငါ့အဝါလေးကိုပါ ထပ်ခိုင်းလိုက်ပြန်ပြီ။ ကြည့်စမ်းပါဦး။ ကောင်လေးဟာဖြင့် ဗလလေးတာ သောင့်ရှာတာ။ နုနယ်မယ့်ပုံလေးကိုဟယ်..။ ငါတိပါသယ်။ ဒီဟာမကိုက ကောက်ကျစ်နေလို့ တူသို့ကြောက်ရသာ။ ခိုင်းသိုင်း လုပ်ချင်ရှာသာ မဟုတ်ဘူး။ တနားစရာပါဟယ်…………….”
“ကဲ ဘိဘိမရေ။ အော်ဟစ်မနေနဲ့တော့။ ဒီမိစ္ဆာမကို ကလဲ့စားချေဖို့ ဖမ်းလိုက်ကြစို့ ညီမငယ်ရေ”
“တင့်မြတ်လှကြောင်းပါရှန့်………။ ဟိ”
* * * *
“အခုတော့ တင့်မြတ်သဲ့ ကိစ္စသွေက မတင့်သော်သဲ့ ကိစ္စသွေကို တယ်ဆောင်လာရှာပြီ”
ပြောတုန်းကတော့ သူပဲ သင့်မြတ်လှကြောင်းပါ ဆိုပြီး၊ အခု ရာမတို့ဘက်က သီတာဒေဝီအတွက် စစ်ချီတက် လာကြတယ်ဆိုတော့မှ မသင့်တော်တဲ့ ကိစ္စတွေဆိုပြီး ချက်ခြင်း ဖြစ်သွားတယ်။ ဗလောင်းဗလဲနဲ့ မျောက်ခြောက်မကိုက..
“ကဲ ငြီးမနေနဲ့တော့။ အခုဘာဆက်လုပ်ရမယ်ဆိုတာပဲ စဉ်းစား။ အစီအစဉ်ရှိတယ်ဆိုတဲ့ ဂမ္ဘီလည်း သမင်ရှာဖို့ တောထဲဝင်သွားလိုက်တာ အခုထိကို ပြန်ပေါ်မလာတော့ဘူး။ ငါခေါင်းတွေတောင် ခြောက်ပါတယ်ဟယ်..”
“ကဲပါ ခြောက်မနေပါနဲ့သော့။ ခံသပ်ကို အခုပဲ သွားဖို့ပြင်”
“ခံတပ်..?? ဟုတ်လား။ ဘာကြီးဒုန်း”
“ရာဝဏ ခံသပ်လေ။ ဟိုးသလောသုန်းက ဘိဘိ အတစ်ဆောက်ထားခဲ့သာလေ။ ဒီလို စစ်မက်အရေးသွေ ကြိုမြင်လို့ကို ဘိဘိမှာ သွက်ချက်ပြီးဆောက်ထားရသာ”
ကြည့်စမ်း..။ ဒီမျောက်ခြောက်မ ငါမသိပဲ ခိုးလုပ်ထားတာတွေ တစ်ပုံကြီးပဲ။ အခုမှ သိရတယ်။
“အင်းထားပါတော့။ ဒါနဲ့ နံမည်ကြီးကဟယ် ရာဝဏခံတပ်တဲ့။ တစ်မျိုးကြီးပဲဟယ်။ ရင်ဖိုစရာ.. ခစ်ခစ်……..”
“အံမယ်လေး.. အခုမှ လာပြီး အတည်းနုပြနေသယ်။ ဟွန်း။ မျက်စိနောက်လာရင် ဘိဘိမ ခံသပ်လို့ နံမည်ပြောင်းချလိုက်မှာနော်……….”
“အံမယ်လေး ပြောင်းတော့ မပြောင်းပါနဲ့။ ရာဝဏခံတပ်လေးပဲ ထားပါဟယ်။ ဒါမှ မောင်တော်ရာမ မင်းသားချောလေး ရောက်လာရင် ရာဝဏခံတပ်.. ဆိုတဲ့ ဆိုင်းဘုတ်လေးအောက်က ရှက်စနိုးပုံစံလေးလုပ်ပြလို့ရမှာ။ ဆိုင်းဘုတ်လေးကိုကြည့်လိုက်..၊ ရှက်ပြလိုက်နဲ့ ဟောသလို.. ဟောသလို………. ခစ်ခစ်ခစ်ခစ်ခစ်………..”
“ဟွန်း နိုင်ကို မနိုင်ဘူး။ အဘွားကြီး။ အေးအေး.. နင်အဲလိုလုပ်နေတဲ့အချိန် ငါလည်း ဘေးနားမှာ ဘိဘိမလည်း ခံသပ်ပါသည်။ အဲ.. အဲလေ ခံသပ်မှာရှိပါတည်ဆိုပြီး ဆိုင်းဘုတ်အတေးလေးနဲ့ မြူဆွယ်နေမှာ။ ငါ့ကောင်လေး အဝါလေးကို။ ခိ..”
ဘိဘိမကလည်း မလျှော့ပါ။ ဆိုင်းဘုတ်အသေးလေးနဲ့တောင် မြူဆွယ်မယ်ဆိုပါလား။ ဒီမျောက်မက တခါတခါ ပိုရွသေး။ သီတာဒေဝီဆိုတဲ့ မိစ္ဆာမထက်တောင် ယောက်ယက်ခတ်သေး။ ဟင်.. ဒါနဲ့.. သီတာဒေဝီဆိုမှ…
ဒဿနဲ့ ဘိဘိတို့ နှစ်ယောက် စကားများနေကြရင်း ရုတ်တရက် သီတာဒေဝီကို သတိရသွားမိသည်။ တကယ်တော့ နှစ်ယောက်သားက သီတာဒေဝီကို ဖမ်းချုပ်ထားသည့် လှောင်အိမ်နားမှာ သတိလက်လွတ်နဲ့ အခြောက်ကြီးခြောက်ပြနေတာ မဟုတ်လား။ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် မျက်ခုံးပင့်ကြည့်ရင်း သီတာဒေဝီဘက်လှည့်ကြည့်တော့.. သီတာဒေဝီက သူတို့နှစ်ယောက်ကို လှောင်အိမ်သံတိုင်များကြားက ကြက်သေသေကာ ကြောင်ကြည့်နေပါသည်။ အင်း.. မထူးတော့ပါဘူးဟယ်။ ပွင့်လိုက်ပါတော့မယ်…..
“ဟဲ့ ဘာကြည့်တာတုန်း မိစ္ဆာမရဲ့..။ ယောက်ျားလေးတွေ အခုလို နုရွစွာ လှပကျော့ရှင်းနေတာ၊ သိမ်မွေ့ငြင်သာစွာ စကားပြောကြတာ မမြင်ဖူးဘူးလား.. ဟွန်း”
ဒဿက နှုတ်ခမ်းတစ်လှန် ပန်းတစ်လှန်နဲ့ ပြန်ပြောတာကို သီတာဒေဝီက ဘာမှ ပြန်မပြောပါ။ လှောင်အိမ်သံတိုင်များကြားမှ မျက်လုံးနှစ်လုံးကို အစွမ်းကုန်ပြူးကာ ကြောင်ပြီး ကြည့်နေဆဲဖြစ်သည်။ ဒဿ မင်္သကာလို့ အနားကိုကပ်ပြီး သွားကြည့်တော့မှ.. ဘယ်ဟုတ်မလည်း သီတာဒေဝီတစ်ယောက် ရုတ်တရက်ရှော့ခ်ဖြစ်ပြီး မတ်တတ်ကြီး သတိလစ်နေတာဖြစ်သည်။
သြော်.. ဖြစ်ရမယ် သီတာဒေဝီရယ်။ နင့်ကိုဖမ်းခေါ်လာတုန်းက ဘီလူးကြီးနဲ့ မျောက်ကြီး၊ ဘီလူးကြီးနဲ့ မျောက်ကြီးပါလို့ ကြောက်ပြီး အော်ဟစ်ခဲ့ရတဲ့ ငါတို့ဟာ အခုလို နင့်ရှေ့မှာ တစ်ကိုယ်လုံးခါတွန့်ပြီး ဝက်ဝက်ကွဲ ခြောက်ပြလိုက်တော့ နင့်ခမျာ အခုလို မယုံနိုင်တဲ့ မျက်လုံးပြူးတွေနဲ့ သတိတောင်လစ်သွားရတာပေါ့..။ စိတ်မကောင်းပါဘူးဟယ်…….
“ကဲ.. ဘိဘိမရေ။ သမားတော် မုလိန္ဒကိုသာ ခေါ်ပြီး ကုပေးလိုက်ပေတော့…………”
“သြော် တမားသော် ခေါ်မနေပါနဲ့။ ဒီလောက်ကသော့ ဘိဘိပဲ ကုပေးလိုက်ပါ့မယ်။ စိတ်ချလိုက်စမ်းပါ။”
“အေး နင့် မို့လို့ ငါက စိတ်မချတာ မျောက်ခြောက်မရေ..။ ကဲပါ.. သေချာကုပေးလိုက်။ သီတာဒေဝီကို မလွတ်သွားစေနဲ့ ကြားလား………”
* * * *
(အခန်း-၇)
“ဘာ……….. ဘိဘိသေနနဲ့ သီတာဒေဝီ လွတ်သွားတယ် ဟုတ်လား……။ တောက်!!!!!!!!”
သတင်းလာပေးတဲ့ သားတော်မေဃနာဒကို စိတ်ဆိုးဆိုးနဲ့ နားပန်ကြီးပဲ ခြောက်ချက်တိတိ ကျင်းချလိုက်သည်။ မေဃနာဒက ဘုမသိဘမသိ နားပန်ကျင်းခံလိုက်ရသဖြင့် မျက်လုံးလေးကလည်ကလည်ဖြစ်ကာ မျက်ရည်များဝဲပြီး ကတုန်ကယင်ဖြစ်လာသည်။ ဟင်.. ဒီကောင်လေးကြည့်ရတာ နုလိုက်တာ။ သိပ်မကြာခင် ငါ့လိုပဲ ဝက်ဝက်ကွဲ ခြောက်သွားဖို့ အလားအလာရှိတယ်။ ငါ့သွေးမဟုတ်ပေမယ့် ငါ့စတိုင်တော့ ဝင်သားဟဲ့။ အို မုန်းနေပါပြီ မုန်းနေပါပြီ အဲလို လိုက်ခြောက်တဲ့ဟာတွေ မုန်းပါပြီ။ ငါ့စတိုင်လိုက်ခိုးတဲ့ ဘိဘိမလည်း အခုသစ္စာဖောက်သွားတာပဲ မဟုတ်လား..
“ဟို.. ဟို…. ဘထွေးတော် ဘိဘိသေနတစ်ယောက်ပဲ လွတ်သွားတာပါ။ သီတာဒေဝီက ရှိပါသေးတယ် ဖခမည်းတော်.. ဟင့်.. ဟင့်..”
“သြော် ဟုတ်လား။ အေးအေး.. ဘွားတေးကွယ် ဘွာတေး။ သေချာမကြားမိလို့ရိုက်မိတာ ဥုံဖွ..”
မေဃနာဒက ငိုချလိုက်တော့မယ့်ပုံနဲ့ ဆက်ပြောတော့မှ ဒဿလည်း ခြောက်မအချင်းချင်း အားပေးတဲ့အနေနဲ့ အမြန်ချော့လိုက်ရပါသည်။ သို့သော် ချော့လိုက်မှပိုဆိုးသွားသည်။ မေဃနာဒက အော်ကြီးဟစ်ကျယ်ရှိုက်ငိုရင်း ဆံပင်ဂုတ်ဝဲလေးကို မျက်နှာပေါ်အုပ်တဲ့အထိ ခေါင်းကိုငုံ့လျှက် တင်ပါးများကို ပျော့ပျောင်းစွာရမ်းခါကာ အတွင်းဆောင်သို့ ပြေးဝင်သွားပါသည်။ သြော် ဝမ်းနည်းသွားတာ ဒီလိုပုံစံပေါ့လေ..။ အင်းပါ လုပ်ပါ။ နင်တို့ခေတ်ပဲ ခြောက်ကြ.. ခြောက်ကြ။ အစွမ်းကုန်ခြောက်ကြဟဲ့……..
ဒါနဲ့ ဘိဘိမက သီတာဒေဝီကို ချန်ခဲ့ပြီး တစ်ယောက်ထဲ ကိုယ်လွတ်ရုန်းထွက်ပြေးသွားတာ ဘာသဘောကြီးလည်းဟဲ့။ သီတာဒေဝီကို ခိုးပြီး သူ့လင်ကို ပဏ္ဍာလုပ်တာမျိုးဆိုလည်း မိစ္ဆာမကို အပါခေါ်ရမှာပေါ့။ ကြည့်ရတာ ဒီမျောက်ခြောက်မက ငါ့ကို သစ္စာဖောက်တာတော့လည်း မဖြစ်နိုင်ပေဘူး။ အင်း သားတော်မေဃနာဒ ပေးသွားတဲ့ ဘိဘိမချန်ခဲ့တယ်ဆိုတဲ့ ပုရပိုဒ်လေးကို ဖတ်ကြည့်ဦးမှပဲ။
ပုရပိုဒ်ကို အမြန်ဖွင့်ဖတ်လိုက်တော့ အထဲမှာ ဘိဘိမရဲ့ မျောက်တွေလျှောက်ခြစ်ထားသလို လက်ရေးများဖြင့်
“အစ်မတော်။ ဟိ။ ညီမလေး လင်နောက်လိုက်သွားပါပြီ။ ညီမလေးကိုခွင့်လွှတ်ပါ။ မနေ့ညကပဲ ညီမလေးရဲ့ ကိုကို အဝါရောင်လေး လက္ခဏဆီက စာပို့ခိုလေးရောက်လို့ ညီမလေး ညတွင်းချင်းပဲ အရေးပေါ်လိုက်သွားပါတယ်။ တမြန်နေ့က သီတာဒေဝီကို ဖမ်းမိမိခြင်း ညီမလေး သူ့ကို တောထဲမှာ အကိုမသိအောင် သွားခိုးတွေ့သေးတယ်။ အဲဒီ့မှာ သူက ညီမလေးရဲ့ မျောက်ဆန်တဲ့ ချစ်စရာပုံစံလေးကို အရူးအမူးစွဲလန်းသွားပြီး အခုလို စာပို့ပြီး ခေါ်တာဖြစ်လို့ အရေးပေါ်ပဲ ညီမလေး အမြန်ဆုံးနည်းနဲ့ လိုက်သွားပါတယ်ရှန်။
မှတ်ချက် - သီတာဒေဝီကို လမ်းတစ်ဝက်ထိခေါ်သွားတာက ကိုကို့အကြောင်းလေးတွေ နည်းနည်းမေးစရာရှိလို့က တစ်ကြောင်း၊ မျိုးနွယ်စုတွေကြားမှာ သီတာဒေဝီကို ခိုးသွားပေးတယ်ဆိုပြီး လင်နောက်လိုက်တာကို မရိပ်မိအောင် လှည့်စားချင်တာက တစ်ကြောင်းကြောင့်ပါ။ သီတာဒေဝီကို ပြန်ထားခဲ့တယ်နော်၊ အစီအစဉ်အတိုင်းဆက်လုပ်ဖို့ မမေ့နေနဲ့ဦး။ တာ့တာနော် အမတော်… ခစ်ခစ်ခစ် ခိခိ ခွိခွိ”
တဲ့……..။ ဟွန်း။ ဖြစ်ရတယ် လင်တရူးမ။ စာရေးတာတောင် ရယ်သံကပါလိုက်သေးတယ်။ ဘယ်လောက်ပျော်နေမှန်းမှ မသိတာ။ အေးဟယ်။ နင်က သာယာပါတယ်။ နင့်ကိုကိုဝါလေးက နင့်အပေါ်မှာ ကောင်းရှာပါတယ်။ စာတွေဘာတွေပို့ပြီး ခေါ်ရှာတယ်။ ငါ့ကိုကိုစိမ်းလေးကတော့ စိမ်းကားရက်လေခြင်းဟယ်။ ကြည့်လေ အခုလည်း ငါတို့လင်္ကာဒီပကို စစ်ချီလာပြီတဲ့။ ငါနဲ့ ဓားချင်းယှဉ်ခုတ်တော့မှာတဲ့။ ငါလေ.. ငါ….. ဘယ်လိုလုပ် ဒီကောင်လေးကို ဓါးနဲ့ ခုတ်ရက်ပါ့မလည်း။ နင်ပဲ စဉ်းစားကြည့်။ အဟင့်..
အေးလေ.. မနက်ဖြန် စစ်ပွဲဖြစ်ခါနီးမှပဲ ဗြန်းဆိုပြီး သီတာဒေဝီကို ထုတ်ပြ၊ သူတို့လက်ထဲ ပြန်အပ်၊ ချစ်ကြည်ရေးယူပြီး သင့်မြတ်ချလိုက်မယ်။ ပြီးတော့မှ ခရီးပန်းလာတဲ့ ကောင်လေးကို ခံတပ်ထဲခေါ် ပြုစုကြင်နာ။ ရာဝဏခံတပ်ထဲမှာ ကောင်စိမ်းလေးနဲ့ ငါနဲ့ ခိခိ….။ အို…… ကြံစည်ထားတဲ့အတိုင်း ဖြစ်စေသတည်း အဟီးဟီး…
ကိုယ့်အတွေးနဲ့ကိုယ် ဒဿပျော်နေတုန်းမှာပဲ လင်္ကာဒီပနန်းဆောင်အပေါ်ထပ်မှာ လှောင်အိမ်နဲ့ ချုပ်ထားတဲ့ သီတာဒေဝီဆီမှ စူးစူးဝါးဝါးထအော်တဲ့ အသံကိုကြားလိုက်ရပါတယ်။
“မနက်ဖြန်စစ်ဖြစ်ရင် ဘီလူးအခြောက်ကြီးသေပါစေ ဘီလူးခြောက်ကြီး သေပါစေတော့…….”
* * * *
“ဟင် ဘီလူးခြောက်ကြီး ဘီလူးခြောက်ကြီး!!!!!!!”
စစ်ပွဲဖြစ်ကာနီး ရာဝဏခံတပ်ရှေ့မှာ ရာမတို့ရဲ့စစ်တပ် စုဝေးရောက်ရှိနေတုန်း ခံတပ်ပေါက်ဝမှ ပန်းဆီရောင် ဝတ်ရုံရှည်ကြီးဖြင့် ဒဿဂီရိတစ်ယောက်ထွက်ချလာလိုက်တာနဲ့ ရာမတို့ စစ်တပ်ထဲမှ အော်ဟစ်ကြသံများ ဆူညံပွက်လောရိုက်သွားပါသည်။
ဘာ……. ဘီလူးခြောက်ကြီး ဟုတ်လား။ တောက်…။ ပန်းဆီရောင် ဝတ်ရုံရှည်ဝတ်တာနဲ့ ခြောက်စရာလား။ ဟွန်း။ မျက်နှာချေလေးနည်းနည်းများသွားတိုင်း အခြောက်လို့ခေါ်စရာလားလို့…။ စစ်သည်ကောင်လေးတွေနော်။ တိုင်းတပါးက ကောင်လေးတွေမို့ ခွင့်လွှတ်လိုက်မယ် မှတ်ပါ….။
“ဟဲ့ တောက်ပုတ်ဒုတ်.. ကုလားဂွေးသီးစုတ်”
ရာဝဏခံတပ်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ပန်းဆီရောင် ဂါဝန်ရှည်ကြီးနဲ့ ဒဿဂီရိ တစ်ယောက် ခါးနှစ်ဖက်ကို ကောက်နေအောင်ထောက်ပြီး တင်ကိုအစွမ်းကုန်ကော့ပျံနေအောင်စွင့်ထားကာ မြူဆွယ်ဖျားယောင်းတဲ့ ပုံစံတွေ လုပ်ပြနေတုန်း အနောက်ကနေပြီး သားတော်မေဃနာဒက ခါးလာတို့သဖြင့် ယောင်သွားခြင်းဖြစ်ပါသည်။
မေဃနာဒက ဒဿနားကပ်ပြီး အသံတိုးတိုးဖြင့် ‘သီတာဒေဝီကိုခေါ်လာခဲ့ပြီ ဖခမည်းတော်’ ဟု သူ့ဟာသူကြားအောင် ပြောပါသည်။ ထို့နောက် ရှက်စနိုးပုံစံဖြင့် တိုင်းတပါးစစ်သည်ကောင်လေးတွေဘက် မျက်စောင်းတစ်ချက်ပြစ်ထိုးကာ တင်ကို အစွမ်းကုန်ခါလျှက် ခံတပ်ပေါက်ဝထဲ ပြန်ပြေးဝင်သွားသည်။ အေးပေါ့လေ.. အပျိုဖျန်းအခြောက်လေးဆိုတော့ နင်က ရှက်ပြသေးတာပေါ့လေ။ ငါခြောက်ဖို့လည်းထားပါဦး အံမယ်လေးလေး….
ဒဿက မေဃနာဒဘက်လှည့်ကာ မာန်မဲတဲ့ပုံဖြင့် ရှုံ့တွလိုက်ပြီး လက်ပြန်ကြိုးတုပ်ထားသော သီတာဒေဝီကို သူ့ဘက်ဆောင့်ဆွဲလိုက်ပါသည်။ ထို့နောက်မျက်လုံးကို မှေးထားလိုက်ပြီး အလွန်ဆွဲဆောင်မှုရှိသည်ဟု ဘိဘိမမြှောက်ပေးထားသော ပုံစံဖြင့် ရာမဘက်လှည့်ကာ ပြောလိုက်သည်..
“သီတာဒေဝီကို ပြန်အပ်တယ်။ စစ်ပြေငြိမ်းကြရအောင် ကွယ်……”
ဒဿက သေချာမကြားမှာစိုးလို့ရော၊ ဆွဲဆောင်မှုရှိအောင်ရော စကားကို တစ်လုံးချင်းပြောလိုက်တာ ဖြစ်သည်။ စကားဆုံးသည်နှင့် ရာမကတဟားဟားနဲ့ အော်ရယ်ပြီး ခါးကိုကောက်ကွေးနေအောင် ထောက်လိုက်သည်။
“ဟားဟား။ ဟိ။ ဘီလူးခြောက်မက ပြောရဲလိုက်တာတော့။ ဘာတဲ့ စစ်ပြေငြိမ်းရအောင် ဟုတ်လား။ ဟိဟိ။ သီတာဒေဝီကြောင့် စစ်ချီလာတယ်များ ထင်နေလား။ အံမယ်လေး အံ့သြစရာကြီးပါဟယ်။ သီတာမနဲ့က လူကြီးချင်း သဘောတူထားလို့ မကောင်းတတ်လို့သာအပြင်တူတူတွဲထွက်နေတာ။ မေးကြည့်လိုက်ဦး။ ငါတို့က လက်ဖဝါးချင်း ရိုက်ထားပြီး ညီအစ်မတော်ထားတာဟဲ့။ အခုက နင်တို့ လင်္ကာဒီပကို ငါက သိမ်းချင်လို့ လာတာ..။ လာသိမ်းတာဟဲ့ ခင်သန္တာမရဲ့.. ခိခိခိ….”
ဘုရား ဘုရား။ ခြောက်ချက်က ကမ်းကုန်လိုက်တာ အစိမ်းလေးရယ်။ စကားပြောရင် လက်ကို လွှဲလွှဲပြီးပြောတာများ ငါ့မှာကြည့်ရင်း ကိုယ့်ကိုယ်ကို စိတ်နာလိုက်တာ။ ငါ့မှာတော့ နင့်ကို ယောက်ျားထင်ပြီး အစီအစဉ်တွေ တမုန်းချ၊ သီတာဒေဝီကို ထမင်းဝအောင်ကျွေးပြီး စောင့်နေလိုက်ရတာ။ အခုတော့ နင်က ငါ့ထက်တောင် ခြောက်နေပါရောလား.. ဟင်..။ ငါတောင် ငါ့စစ်တပ်ရှေ့မှာ အဲလိုတွေ မပွင့်ရဲ၊ မခြောက်ရဲပါဘူးဟယ်။ အခုလို ပန်းဆီရောင်ဂါဝန်ကြီးဝတ်တာတောင် ဒါပထမဦးဆုံးပါပဲ။ အခုတော့နင်က ငါ့ထက်သာအောင် ခြောက်ပြလိုက်တာပေါ့လေ။ ငါအရှုံးပေးပါပြီ ရာရာမရဲ့………….. အီးဟီး။
ဒဿတစ်ယောက် စိတ်ညစ်ပြီး သေချင်စော်နံရတဲ့ကြားထဲ သီတာဒေဝီက ဘေးကနေထရယ်သေးသည်။
“ဟိဟိ။ ရယ်ရပါတယ် အခြောက်မတွေရယ်။ ငါဒီနေ့ကို စောင့်နေတာကြာပြီ။ နင်တို့ အခြောက်မချင်းချင်း ရန်ဖြစ်တာကို ငါက ကြည့်ပြီး ရယ်ချင်နေခဲ့တာ။ အခု ငါထင်ထားတာထက်တောင် အဖြစ်အပျက်က ပိုရယ်ရသေးတယ်တော့။ အံမယ်လေး ရယ်ရလွန်းလို့ သေးထွက်တော့မယ် အရပ်ကတို့ရဲ့…… အာဟ.. အာဟ…..”
“ဖြန်းးးးးးး”
“အံမယ်ငှီး…………. နာတယ်ရှန့်”
ဒဿက.. စိတ်ညစ်နေရတဲ့အထဲ အနားမှာလာပြီး ဟီလာထနေတဲ့ သီတာဒေဝီကို စိတ်မရှည်စွာနဲ့ နားပန်ကျင်းချလိုက်သည်။ ထို့နောက် နှုတ်ခမ်းကို တုန်ယင်စွာကိုက်ထားကာ တောက်တစ်ချက်ခေါက်လျှက် ခံတပ်ပေါ်က လင်္ကာဒီပစစ်သည်များဘက်ကို ခက်ထန်စွာလှည့်လိုက်ပြီး တစ်ခွန်းထဲ အော်ချလိုက်သည်။
“ဝုန်းကြဟေ့………………….!!!!!!!!!!!!!!”
“ယားးးးးးးးးးးးး”
“အားလား………အားယားယား။ နာလိုက်တာ အား။”
“အိစ်.. အုစ်.. အား.. အမ်း……။ ဂွမ်း ဖြန်း ဖတ်!!!”
“ဒက်ကလုတ် ဒက်ကလုတ်။ ဒန့်.. ဒန့်.. ဒရှိ ဒရှိ”
“ခြေထောက်ကို တက်နင်းထားတယ် အား.. အား.. အား…….”
တိုက်ပွဲက အလွန်ပင်ပြင်းထန်ပါသည်။ စစ်သည်များက ဓားနဲ့ခုတ်သူက ခုတ်၊ ကုန်းကိုက်သူက ကိုက်၊ ဗြောင်နောင်နောင်ဗေ့ဗေ့ဂျိကို ဓားနဲ့တစ်ချက်ထိုးတမ်း ကစားသူက ကစားဖြင့် တိုက်ပွဲတစ်ခုလုံး ရှုပ်ရှက်ခတ်နေသည်။
တိုက်ပွဲကြားမှာ ဒဿနဲ့ ရာမတို့ကတော့ တည်ငြိမ်စွာရပ်နေကာ တစ်ဦးနဲ့တစ်ဦး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ မြင်းပေါ်မှ ရာမရဲ့ အစိမ်းရောင်ဝတ်ရုံက တလူလူလွင့်ပျံနေသလို ဒဿရဲ့ ပန်းဆီရောင်ဝတ်ရုံရှည်ကြီးကလည်း လေထဲမှာ ဆွဲဆောင်မှုရှိစွာလွင့်ပျံနေသည်။ ရုတ်တရက် ဒဿက ပန်းဆီရောင်ဝတ်ရုံရှည်ကြီးကို ဆွဲချွတ်လိုက်တော့ အထဲမှာ အဝါဖျော့ရောင်ဂန္ဓမာပန်းပွင့်ပုံများ ရေးဆွဲထားသော အသည်းကွဲရောင် ပိုးဝတ်ရုံတစ်ထပ်ပေါ်လာသည်။ ဟင်းဟင်း ဒဿပဲလေ ဘယ်ရမလည်း တိုက်ပွဲထဲမှာ အသည်းကွဲရောင်နဲ့ ပေါ်ကို ပေါ်လွင်နေစေရမယ်…
ဒဿက ကိုယ့်ကိုယ်ကို ကျေနပ်နေတုန်းမှာပဲ ရာမကလည်း အားကျမခံ သူ့ရဲ့ အစိမ်းရောင် ဝတ်ရုံကို ချွတ်လိုက်ပါသည်။ အထဲမှာ ပေါ်လာသည်က.. လားလား.. ရွှေရောင်ပိတ်ထည်ပျော့အပေါ် ဒေါင်းမြီးစိမ်းများဖြင့် အလှဆင်ထားသော ခေတ်ပေါ်အကျီဖြစ်ပါသည်။ ရာမက အကျီမှဒေါင်းမြီးတစ်ချောင်းကို ဆွဲဖြုတ်လိုက်ပြီး သူ့ပါးစပ်ထဲထိုးထည့်ကာ ကိုက်ဖဲ့ စုတ်ယူပြလိုက်သည်။ နင်နိုင်တယ် ဆိုတဲ့ အထာပေါ့လေ…….။ ဟွန်း တွေ့မယ်…..
ဒဿလည်း အရှုံးမပေးပါ။ ထုံးထားတဲ့ ဆံပင်ကို ဖြန့်ချလိုက်ပြီး ဆံပင်တွေကိုမျက်နှာပေါ်ရစ်ဝဲစေကာ သူ့ရဲ့ အသည်းကွဲရောင် ဝတ်ရုံရှည်ကြီးကို ချွတ်လိုက်ပြန်ပါသည်။ အထဲမှာ.. သားမွှေးများဖြင့် ချုပ်ထားသော ညအိပ်အတွင်းခံအကျီပေါ်လာတော့သည်။ သားမွှေးအနက်ကို သားမွှေးဖြူဖြင့် ယက်သွယ်ချုပ်လုပ်ထားသည့်အပြင် သားမွှေးများကြားတွင် လက်သန်းလုံးလောက်ရှိသည့် စိန်ကြီးများပါကြဲဖြန့်စီထားသဖြင့် ဝတ်ရုံမှာ တော်ဝင်ဆန်စွာ တလက်လက်တောက်ပနေလေသည်။ ဒဿက ခပ်ဖျော့ဖျော့ကျနေသော နေရောင်ထဲတွင် ဝတ်ရုံကို လှည့်ပတ်ခါရမ်းပြလိုက်သည်။
ဝတ်ရုံမှ အရည်အသွေးကောင်းသော စိန်များ၏ လင်းလက်မှုကြောင့် ရာမ မျက်လုံးကျိန်းသွားပြီး မြင်းပေါ်မှ ပြုတ်ကျသွားလေသည်။ ပြုတ်ကျတဲ့အရှိန်ဖြင့် ဒေါင်းတောင်မွှေးများလည်း ကျွတ်ထွက်ကုန်သည်။ ဒါကိုကြည့်ပြီး ဒဿက တင်ပါးကို တဒက်ဒက်ခါကာ ‘နည်းတောင်နည်းသေးတယ်ဟေ့.. နည်းတောင် နည်းသေးတယ်။ အို.. ဘာတဲ့ ဟာဟ၊ ကရော် ကရော်’ ဆိုပြီး လှည့်ပါတ်ကနေလိုက်သည်။
ကနေတဲ့ ဒဿကိုကြည့်ကာ ရာမက တောက်တစ်ချက်ခေါက်လိုက်သည်။ ထို့နောက် အနီးအနားတွင်တွေ့ကရာ ပုလင်းအလွတ်တစ်လုံး (ရသေ့ကြီး စည်းကမ်းမဲ့လွှင့်ပြစ်ထားသော အရက်ပုလင်း)ကို ဆွဲယူပြီး ဒဿကို ပြစ်ပေါက်လိုက်ပါသည်။
“ခလွမ်းးးးးးးးး”
“အံမယ်လေး ပုလင်းကွဲရှတယ်တော့…….”
ပုလင်းအလွတ်မှာ ဒဿနဲ့ထိကာ ကွဲသွားပြီး ထိုပုလင်းကွဲများအပေါ်ကို ကနေသော ဒဿက တက်နင်းမိကာ ပုလင်းကွဲများရှကုန်ပါသည်။ ခြေထောက်အလှပေါ်လွင်အောင်ဆိုပြီး ခေါင်းမာကာ ရွှေခြေနင်းကို မဝတ်ချင်သော ဒဿ တစ်ယောက် အခုတော့ ပုလင်းကွဲရှချေပြီ…….
ပုလင်းကွဲရှကာ ယောက်ယက်ခတ်နေသော ဒဿအနားသို့ ရာမက အော်ဟစ်ရယ်မောပြီး လက်ခုပ်လက်ဝါးတီးကာ ရောက်လာပါသည်။ ထိုအချိန်တွင် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားသည်။ ဒဿအနားရောက်လာသောရာမမှာ ဒဿချွတ်ထားသည့် အသည်းကွဲရောင်ပိုးဝတ်စုံကြီးကို တက်နင်းမိပြီး မတော်တဆ ချော်လဲကာ သူ့ခေါင်းနှင့် ဒဿရဲ့ပေါင်ကြားကို ပြေးဆောင့်ပါသည်။
“အား.. နာတယ်.. နာတယ်တော့။ ငါတကယ်ကြီးနာသွားပြီ.. အ အာ အားးးးးးးး”
ဒဿ အသည်းခိုက်အောင် နာသွားပါသည်။ ရာမက ပေါင်ကြားထဲမှ ကုန်းကက်ထပြီး မျက်နှာငယ်လေးဖြင့်..
“ဟယ်.. ဥုံဖွပါဟယ် ဥုံဖွပါ။ ငါမတော်တဆ ဖြစ်သွားတာပါဟယ်။ ငါ.. ငါ ဘာလုပ်ပေးရမလည်းဟင်”
“သွား အခုမှ..လာပြီး။ သွားပါ ဘာမှလာမလုပ်နဲ့။ ဟဲ့.. ဟဲ့ ဘယ်နေရာတွေ လာကိုင်ကြည့်နေတာတုန်း။ အို..။ ဘာမှ လုပ်မပေးပါနဲ့ဆိုကာမှ.. သွား…….”
ရာမက ပေါင်ကြားထဲအတင်းပြန်တိုးဝင်တော့ ဒဿက အတင်းမောင်းထုတ်ရသည်။ ရာမကို မောင်းထုတ်နေရင်း ဒဿပေါင်ကြားထဲ မတော်တဆ စမ်းကြည့်မိရာ..၊ ရာမခေါင်းတွင်ထိုးထားသော ဆံထိုးသုံးချောင်းက ဒဿပေါင်ကြားထဲတွင် အဆုံးထိစိုက်နေကြလေသည်။
“ဟယ်.. ငါသေပြီ။ ငါသေနေ့စေ့ပြီဟဲ့ ဂန့်…….”
ဆံထိုးသုံးချောင်းကို စမ်းမိတာနှင့် လန့်ပြီး နေရာမှာတင် ဒဿ လဲကျသွားပါသည်။ ဒဿဂီရိ တစ်ယောက်လဲကျသွားတာနဲ့ စစ်ဖြစ်နေကြသူများအားလုံး ရပ်တန့်သွားသည်။ ခဏကြာတော့မှ ရာမဘက်က စစ်သည်များက ‘ဝေးဟေးဟေး အောင်ပြီဟေ့’ ဆိုပြီး အောင်ပွဲခံကြတော့သည်။ သီတာဒေဝီဆိုလျှင် ‘ဘီလူးခြောက်ကြီး လျှောသွားပြီရှန့် လျှောသွားရှာပြီ အိုဘယ့်.. လျှောသွားရှာပါပေါ့လား ဟိဟိ’ ဆိုပြီး ခုန်ပေါက်ကနေကာ နှစ်ပါတ်ဂျွမ်း သုံးပါတ်ဂျွမ်းများပင် ထိုးနေလိုက်သေးသည်။
ဒဿဘက်က စစ်သည်များကတော့ ခေါင်းစိုက်ငိုက်ချကာ တစ်ချို့ကတော့ ဒဿအတွက် စိတ်မကောင်းသဖြင့် ငိုကျွေးကြပါသည်။ လောင်းကစားဒိုင်ဆီတွင် ရာမဘက်က လောင်းထားသူများကလည်း တကယ်တမ်း သူတို့ခေါင်းဆောင်ကြီး ဒဿလဲကျသွားတော့ မျက်ရည်များဝဲကာ ငွေသွားထုတ်ကြသည်။
သူ့နည်းသူ့ဟန်ဖြင့် ဝမ်းနည်းနေကြသည့် စစ်သည်တွေအားလုံးကြားထဲတွင် ယောက်ယတ်ခတ် ပြေးလွှားလာသူက ဘိဘိသေနပင်ဖြစ်သည်။ ဘိဘိသေနက ဒဿလဲကျနေသည့်နားအရောက်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး.. ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။
“အမသော်.. အံမယ်ငှီး အမသော်ကြီးရဲ့။ ဘီလူးခြောက်မကြီးရဲ့။ အခြောက်ဓားပြမကြီးရဲ့။ လိင်သူကိုမှ ကြိုက်ပါသယ်ဆိုတဲ့ အရူးခြောက်ကြီးရဲ့။ အခုတော့ ညီမသော်ကို ထားခဲ့ပြီပေါ့လေ။ ညီမသော် ကိုကိုဝါရဲ့ ရင်ခွင်ထဲမှာ အမသော်မရှိပဲ ဘယ်လိုလုပ်ပြီး ရာနှုန်းပြည့် ပျော်ရွှင်စွာ ရွနိုင်သော့မှာလည်း အခြောက်သရဲမကြီးရဲ့ အီးဟီး…….”
“ဘိဘိ.. ငါ.. မသေ.. ခင်.. ပြော.. စ.. ရာ..”
“မပြောပါနဲ့သော့။ အံမယ်လေး မပြောပါနဲ့သော့ အမသော်ရဲ့။ ဘိဘိကို ခွင့်လွှတ်ပါသယ်လို့ပြောမလို့ မဟုတ်လား။ အံမယ်လေး ကျေးဇူးကြီးလိုက်တဲ့ အခြောက်ကြီး။ ညီမသော်အပေါ် စေတနာရှိတဲ့ အခြောက်ကြီး။ ဘိဘိအမှားတွေ အကုန်လုံး ခွင့်လွှတ်ပါသယ် ပြောမလို့ မဟုတ်လား……”
“မ.. မ…. ဟုတ်…။ ငါ… ငါ………နာ.. နာ…….”
“အံမယ်လေး စကားသွေတောင် တေချာ မပြောနိုင်သော့ပါဘူး။ ကြည့်ကြစမ်းပါဦး။ ဟိုးသုန်းက ဆံပင်ဖားလျားကြီးနဲ့ မျက်နှာပြဲပြဲအဆီပြန်ကြီးနဲ့ ဘီလူးလိုခြောက်တဲ့ အခြောက်မကြီးလေ။ အခုသော့ အားအင်ကုန်ခမ်းပြီး ဂန့်ရှောကြီး ဖြစ်သော့မှာပါလား။ အစ်မသော်ရဲ့ အဲ့ဟဲ့ဟဲ့။ မျောက်ခြောက်မလို့ ထခေါ်ပါဦး အစ်မသော်ရဲ့.. ဟင်.. ဟင်.. ဟင်……….. အီးဟီးဟီး”
ဘိဘိမက ယူကျုံးမရဖြစ်ကာ ငိုရှိုက်နေချိန်မှာပင် ဒဿက သူ့ပေါင်ကြားထဲမှ စီးကျလာသော သွေးများဖြင့် ဘေးနားက မြေသလင်းပေါ်တွင် လက်ညိုးဖြင့်စာရေးကာ ဇက်ကျိုးကျပြီး နေရာမှာတင် သေဆုံးသွားပါတော့သည်။
ဒဿနောက်ဆုံး ရေးသွားခဲ့တာက….
“ဘိဘိမ.. မျောက်မ.. နင်ငါ့ပေါင်ပေါ်မှာ ခြေသလုံးကြီးနဲ့ ဖိထားတာ အရမ်း နာတာပဲဟယ်……”
တဲ့…………။
* * * *
(နိဂုံး)
ဒဿဂီရိ ဆုံးသွားတော့ ဘိဘိသေနရဲ့ ပြောကြားချက်အရ ဓမ္မိက တောင်သေလာခြေရင်းက စမ်းချောင်းနားမှာပဲ မြှုပ်နှံလိုက်ကြသည်။ ဘိဘိသေနကတော့ ဒဿဂီရိမသေခင်က အဲဒီ့မှာ မြှုပ်နှံဖို့ မှာသွားတယ်လို့ ပြောပါသည်။ ဟုတ်မဟုတ်တော့ ဘယ်သူမှ မသိပေ။ သေတဲ့သူက သေသွားပေပြီကိုး။
ဘိဘိသေနကတော့ လူရှေ့မှာ ခပ်တည်တည်နဲ့ မျက်ရည်ကို တစ်ပေါက်နှစ်ပေါက်သာကျပြသော်လည်း လူရှင်းသွားသည့်အခါ ဒဿရဲ့ အုတ်ဂူကို ဖက်ပြီး တရှုံ့ရှုံ့ငိုရှာပါသည်။
“အစ်မသော်ရယ်။ ကျွန်မ ပုလင်းကွဲမရှပါရစေနဲ့ သော့…………. လို့ပြောခဲ့တုန်းက အစ်မသော် ရယ်မောခဲ့တယ်နော်။ အခုတော့ အစ်မသော်ရဲ့ ခြေဖဝါးမှာ ပုလင်းကွဲသွေ အပြည့်ရှပြီး ရုတ်ပျက်ဆင်းပျက် တေခဲ့ရသာပါလား အမသော်ရယ်။ ဟင်..။ ကိုယ့်ရုပ်ကိုယ် မှန်ထောင်ပြလို့မှ မကောင်းအောင် အစောကြီးထဲက ရုပ်ဆိုးရတဲ့အထဲ အခုသော့ အမာရွတ်သွေ ဗရပွနဲ့ တရဲအရူးမကြီးဘဝနဲ့ ဂန့်သွားရှာပြီပေါ့လေ.. ဟင့်ဟင့်…..”
ဘိဘိသေနက အုတ်ဂူကိုဖက်ကာငိုနေရင်း နှပ်ချေးများကို ညှစ်ပြီးပြစ်ထလိုက်ရာ သူ့ဘေးနားမှာ လာစောင့်ပြီး ရပ်ပေးနေသော လက္ခဏရဲ့ မျက်နှာကို ဘတ်ကနဲ တက်စင်သွားပါသည်။ ဘိဘိမက လက္ခဏဘက်ကို ပြာယာခတ်စွာ လှည့်ကြည့်ရင်း ‘ဘွာတေးနော် ကိုကို။ မတော်တဆထိသွားတာ။ ဒါက ခဏဆို ပြီးပါပြီ။ ဟိုနားမှာ သွားစောင့်နေ သွား…’ ဆိုပြီး ညုလိုက်သေးသည်။ ထို့နောက်မှ အုတ်ဂူကို ပြန်ဖက်ကာ……
“အစ်မသော်ရယ်။ အစ်မသော်ချစ်တဲ့၊ ညညဆို ထထပြီး ခိုးခိုးကြည့်ရတဲ့ အစ်မသော်ရဲ့ စစ်တည်တွေက အမသော်ကို စစ်နိုင်အောင် စွမ်းစွမ်းသမံ သိုက်ထုတ်ပေးကြပါတယ် အမသော်။ ဒါပေမယ့်ပေါ့လေ အမသော် ကိုယ့်ဟာကိုယ်ရွပြီး အတက်ထွက်တွားသာသော့ တူသို့လည်း မကယ်နိုင်ကြတော့ဘူး အမသော်ရယ်။ အီးရွှတ်…”
“ဘာပဲပြောပြော…။ လင်္ကာဒီပက ကောင်လေးသွေကိုချစ်တဲ့၊ လင်္ကာဒီပက တုန့်ပန်းသွေ ကျေးကျွန်သွေကို အခန်းထဲ ခေါ်ခေါ်သွားလေ့ရှိတဲ့၊ စစ်တည်လေးသွေကို ချစ်စနိုးနဲ့ ခိုးခိုးကြည့်သတ်တဲ့ အမသော်အသွက် နှမသော် နံမည်လေးသစ်ခုပေးလိုက်ပါ့မယ်…”
“အဲ.. နံမည်လေးကသော့ လင်္ကာဒီပမှာ အရမ်းခြောက်တဲ့သူ။ လင်္ကာဒီပခြောက်သူပါတဲ့ အမသော်ရယ်.. အီးရွှတ် ရွှတ်.. လာ…… ကိုကို တွားစို့ ပြီးပြီ………………”
ပြောပြီးတာနဲ့ ဘိဘိသေနသည် လက္ခဏကို လက်တွဲကာ ကောက်ကောက် ကောက်ကောက်နှင့် ခြောက်ပြကာ ထွက်ခွာသွားပါတော့သည်။ နှပ်ချေးများ ပြစ်ခဲစွာ ပေကျံနေသော ဒဿဂီရိရဲ့ အုတ်ဂူလေး ပေါ်မှာတော့ ‘လင်္ကာဒီပခြောက်သူ’ ဆိုတဲ့ စာလုံးထွင်းထားသောအရာက ခြောက်ကပ် နင့်နဲစွာ……….. ထင်ကျန်… လျှက် ။ ။
……………………………………………
မှိုင်းညို့မိုးစက်
(mr.cappuccino13@gmail.com)
(ဝန်ခံချက် - စာရေးဆရာ ချစ်ဦးညို၏ လင်္ကာဒီပချစ်သူ ဝတ္ထုမှ အချက်အလက်များကို အသုံးပြုကာ ဟာသဝတ္ထုတိုအဖြစ် ပြန်လည်ရေးဖွဲ့တာဖြစ်ပါသည်။ ဝတ္ထုတိုတစ်ပုဒ်အနေဖြင့် ချုံ့ပြီး ရေးဖွဲ့ရသောကြောင့် တစ်ချို့သော ဇာတ်ကောင်များနှင့် တစ်ချို့သော ဇာတ်အိမ်များကို ဖြုတ်ချပြီး လိုအပ်သော အချက်အလက်များကိုသာ ယူသုံးထားခြင်းဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုသော ဆန္ဒဖြင့်မဟုတ်ပဲ ဟာသသပ်သပ်ရေးဖွဲ့ထားခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်။)