Friday, October 14, 2011

နောင်တမရခဲ့ပါ (အပိုင်း နှစ်)

အချိန်တန်တောင် အိမ်ပြန်ချိန်လွန်ခဲ့တဲ့

နာရီတွေပျောက်တဲ့ ငှက်တို့ရယ်

ရင်ခွင်မှာ ဝေဒနာတွေဖွင့်မပြောရဲ

နာကျင်စရာတွေများလို့ ခက်လှတယ်

လေပြည်တွေသာတဲ့ အခိုက်မှာ

လေနှင်ရာသာ ရွက်လွင့်သွားတော့မယ်....။

စက်ရုံကအလုပ်ထွက်လာရတော့ အဦးဆုံးစဉ်းစားမိတဲ့ ကျော်ကျော်ပြောပေးသော ဘားမှာ နေ့ပိုင်းသွား အလုပ်လုပ် ဖြစ်ပါတယ်။ ဒါပေမဲ့နေ့ပိုင်းမန်နေဂျာနဲ့တွေ့ရတဲ့အခါ ဘ၀မှာ ဘယ်လိုမှမထင်မှတ်ထားတဲ့အလုပ်တွေကိုလုပ်ခဲ့ရပါတယ်။ ရောက်ရောက်ချင်း စားသောက်ခန်းမမှာ ကြမ်းတိုက်ပါတဲ့။ နောက်မင်းလို နုနုဖတ်ဖတ်ကောင် မီးဖိုချောင်နဲ့ တန်ပါသတဲ့ .....ပန်းကန်ဆေးခဲ့ရပါတယ်။ မျှော်လင့်ထားတာနဲ့ ရတာက မတန်ပါလား။

တစ်နေ့တော့ မိန်းမရွယ်တစ်ယောက်၊ လူရွယ် နှစ်ယောက်လာ စားသောက်ကြတယ်။ ပန်းကန်တွေက သန့်စင်မှုသိပ်မရှိ ကြောင်း စောဒကတက်တော့ စားဖိုဆောင် မန်နေဂျာ ဒီ ပန်းကန်လေးတောင်ပြောင်အောင် မဆေးတတ်ဘူးလား ဘယ် လိုအလုပ်လုပ်နေတာလဲတဲ့ လာပြီးအော်ဟစ် အပြစ်တင် အ ပြောခံရပါတယ်။ ကျွန်တော်ဆေးတဲ့ပန်းကန်ကို လုပ်ဖော် ကိုင်ဖက်တွေက ကြည့်တော့လည်း ကြွေရောင်တောက်လို့ပါ။ ဒါဟာ.... ကျွန်တော့်ဘ၀အပြောင်း အလဲတစ်ခုများဖြစ်ရော့ လား။

နောက်ဖက်ဆောင် ဟုတ်တယ်....ညနေခင်းတစ်ခုမှာ ညမွှေး ပန်းဘားကလပ်ရဲ့ အတွင်းခန်းတံခါးကိုဖွင့်ဝင်လာခဲ့ပါတယ်။ ညပိုင်း မန်နေဂျာကိုရှာဖို့ကိုလေ။ Reception ကောင်တာကိုအ ရောက် တိုက်တိုက်ဆိုင်ဆိုင်ဖုန်းလာပါတယ်။ ဘယ်သူများ လာ ကိုင်မှာပါလိမ့်....။ ဖုန်းရဲ့တီတီမြည်သံအဆုံးမှာ အတွင်းခန်း တစ်ခုမှာ လူတစ်ဦး ဟန်ပါပါလှမ်းလာရင်းဖုန်းကောက် ကိုင်ပြီး ဖောက်သည်ဆိုသူတစ်ယောက်နဲ့ အတန်ကြာစကားပြောနေပါ ရဲ့။ လူကိုဂရုမစိုက်တာလား ဒါမှမဟုတ် အလုပ်မှာ နေရာတစ် နေရာစာ ရထားသူများဟာ ဒီလိုပဲနေတတ်ကြ သလား။

"ဒီမှာ နုဖပ်နေတဲ့ကောင်တွေကို မခန့်ဘူး...မိန်းမဆန်တဲ့လူတွေ အလိုမရှိဘူးကွ"

"ပြီးတော့ ဧည့်သည်တွေကလည်း ယောက်ျားဆန်ဆန်တွေကိုပဲ သဘောကျကြမှာ။"

သူ့စကားကဘာလည်း အလိုရှိတာလား မလိုလားတာလားမသိ တစ်မျိုးမှ တကယ့်ကိုတစ်မျိုး။

"ကျော်ကျော်ကို မပြောပါနဲ့ဗျာ၊ကျွန်တော် ဒီမှာအလုပ်လုပ်တာ ကိုမသိစေချင်ဘူး။"

အစဦးပိုင်းကတော့ ကိုယ့်ကိုပဲ အလုပ်မခန့်ချင် သဘောမကျတဲ့ ပုံစံ အထာကိုင်တဲ့စကားတွေပြောနေပြီး နောက်ဆုံး သူကိုယ်တိုင်က လည်း ဂေးပါတဲ့။ သဘောမကျပေမဲ့ အလုပ်တစ်ခုရမှ ဖြစ်မယ်မဟုတ် လား။ ဖုန်းကလည်းပြောသေး ကျွန်တော့်ကိုယ် ခန္ဓာအစိတ် အ ပိုင်းတွေကိုလည်း မျက်လုံးနဲ့ စေငုလိုက်သေးတော့တာ။

ဆိုဖာဆက်တီပေါ်မှာထိုင်နေကြသောလူတစ်ချို့......တီးလုံးသံတွေ ကာရာအိုကေသီချင်းဆိုသံတွေ ဘာကိုသဘောကျ နေကြ မှန်းမသိ တဟီဟီတဟာဟာ အသံတွေလည်း လွင့်ပျံလို့ အခန်း ကျယ်တစ်ခုထဲမှာ ။ ကျွန်တော့်လိုဘားဝန်ထမ်းကောင်လေး တစ်ချို့ကတော့ ဧည့်သည်တွေရဲ့ဘေးမှာ အတွင်းခံဘောင်းဘီ တိုလေးတွေနှင့်။ သူတို့မှာ ရှက်ရွှံ့တဲ့အမူအရာ မရှိကြသလို ပျော်ရွှင်မှုရယ်သံတွေကြားမှာ မျောပါကြလို့။ ကျွန်တော့်မှာတော့ ကျားတွေအလယ် သားသမင်ရောက်နေသလို ရှက်ရွံ့ပြီး ခပ်တွန့်တွန့် ဖြစ်နေမိပါတယ်။ ကျွန်တော်.... ကျွန်တော် ဒီလို အလုပ်မျိုးကို စတင်ရတော့မှာပါလား။

အင်္ကျီက ကြယ်သီးလေးကို တစ်လုံးခြင်း တစ်လုံးခြင်း ဖြုတ် .....ရင်အုပ်ကြွက်သားတွေတဖြည်းဖြည်းပေါ်လာချိန် ရင်ထဲ အတိုင်းမသိရှက်ရွံ့ ပြီး ဆက်လုပ်ဖို့တုန့်ဆုတ်နေမိတဲ့ ကျွန် တော် ကာရာအိုကေသီချင်းဆိုပြရင်း ထိန်းနေတဲ့ စီနီယာတစ် ယောက်က တင်ပါးကိုစသလိုလိုနဲ့ ခပ်ဆတ်ဆတ်ရိုက်ရင်း ဆက်လုပ်ဖို့တွန်းအားပေးချိန်မှာတော့ သွားစမ်းကွာ.....အင်္ကျီ တွေ.....။

နောက်တော့ ဘယ်တုန်းကမှ လူအုပ်ထဲ မှာ ၀တ်လစ်စလစ် မနေဖူးတဲ့ကျွန်တော် အခုတော့ဂျင်းဘောင်းဘီကိုချွတ် ဘောင်း ဘီတိုအဖြူ ကောက်ကြောင်းအတိုင်းသားနဲ့ ဂီတသံနဲ့ အတူ ခန္ဓာကိုယ်ကို ယိမ်းနွဲ့...ယိမ်းနွဲ့ရင်း။

စားပွဲခုံပေါ်က ရမ်တခွက်ကို ရဲဆေးတင်တဲ့သဘော ကောက် သောက်ရင်း မသိမသာ လှုပ်ရှားမိနေစဉ်မှာ ခန္ဓာကိုယ်ဟာ ပူနွေးလာပြီး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်သွားခဲ့ရပေါ့။ သူတို့မျက်စိပသာဒဖြစ်ဖို့ ဖျော်ဖြေနေရတဲ့ အဖြစ်ဟာရင်ထဲ ဟာ လာလင်းနေအောင်ဖြစ်နေခံစား နေရတာ ဘယ်တုန်းကမှ မခံ စားဖူးသေးတဲ့ အတွေ့အကြုံသစ်ပေါ့ဗျာ။ သူတို့များတော့ ပိုက်ဆံတွေကိုသုံးပြီး မိမိစိတ်အပန်းဖြေသာယာဖို့ လက်ခုပ် လက်ဝါးတီးပြီးတော့တောင် သဘောများကျနေရဲ့လေ။

ကျွန်တော်ကရော ပိုက်ဆံအတွက်....။

ဟိုးတစ်ချိန်က အိမ်မှာနေရင်း ဗီဒီယိုကြည့်မိခဲ့စဉ်က ကောင်မ လေးတွေဒီလိုကလပ်မျိုးမှာ လူတွေရှေ့မှာ ခုနှစ်လွှာအကက ဖျော်ဖြေနေ တာကို သဘောများပင်ကျဖြစ်ခဲ့မိသေး။ သူတို့... သူတို့နေရာမှာ ဘယ်တုန်းကမှ ၀င်ရောက်မခံစားမိခဲ့ဖူးပါဘူး။ အခုတော့ ကျွန်တော် လူများစွာရဲ့ရှေ့မှာ စားပွဲခုံရှည်ပေါ်မှာ ခပ်ပါးပါးဘောင်းဘီတိုတစ်ထည်နဲ့ သူတို့လိုပဲ ခန္ဓာကိုယ်ကို လှုပ်ရှားရင်းဖျော်ဖြေနေရပါပေါ့လား။ ကစမ်း...ကလိုက်စမ်း ......ရမ်းစမ်းခါးတွေရမ်းလိုက်စမ်း....ခံစားနေလို့ရော ဘာတွေ ထူးလာမှာလည်း။

ဘေးကသာကြည့် နေရင် မျက်ရည်တွေခပ်ဝေ့ဝေ့ဖြစ်နေတဲ့ နည်းနည်းယိုင်တိုင်တိုင်ဖြစ်နေတဲ့ ကျွန်တော့်ကိုတွေ့ရမှာ အမှန်ပါ။ ဘ၀တစ်ခုကို ဆောက်တည်ဖို့ ကျွန်တော့် အတွက် ဒီလိုဖန်တီးထားပါသလား။ ဘောင်းဘီကြားထဲမှာတော့ ပိုက်ဆံ တွေကအများသား... အိုး.....လောကကြီးရယ်။

"ကျေးဇူးပါ....ကျွန်တော်ပြန်လာခဲ့ပါ့မယ်။"

ချွတ်ထားတဲ့ဘောင်းဘီရှည်ရော အတွင်းခံရော အင်္ကျီကိုရောစု ကိုင်ပြီး အခန်းတံခါးကို အသာပိတ်ထွက်လာခဲ့ပါတယ်။ ဖျော် ဖြေမှုအလှည့် ပြီးဆုံးခဲ့ပြီလေ.....အခန်းထဲမှာတော့ ပျော်ပွဲပြင် ဆင်နေတဲ့အသံတွေမဆုံးနိုင်သေးပါဘူး။ အ၀တ်တွေလဲလှယ် အိမ်ကိုပြန်ခဲ့ချိန်ဟာ မနက် ခင်း ဝေလီဝေလင်းအချိန်လေးပါ။ နီယွန်မီးတွေထိန်ထိန်ညီးနေတဲ့ လမ်းမကြီး၊ ဆက်လက်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့ တစ်ကိုယ်တည်း အ ထီးကျန်နေတဲ့ငွေရောင်လမင်းကြီး...သူလည်းကိုယ့်လိုပါပဲလား။ သူ့တောက်ပမှုတွေနဲ့ ကမ္ဘာကြီးကိုပေးဆပ်နေပေမဲ့ ကမ္ဘာက နီယွန်မီးတွေအပေါ် အေးမြတဲ့အလင်းတန်း မထိုးဖောက်နိုင် တော့ပါလေ။

x x x

နောက်နေ့ည....နောက်နေ့ညလေးမှာတော့ အိမ်ကိုတန်းမပြန်ဖြစ်ရပဲ ဧည့်သည်တစ်ယောက်နဲ့အတူ ဟိုတယ်တစ်ခုကို လိုက်လာခဲ့ရတာဗျ။ ညဟာမှောင်မိုက်နေသလား လင်းနေသလား မသိ အခန်းထဲမှာတော့ ဒင်းမ်လိုက်လေးက ခပ်မှိန်မှိန်ပါ။ အဲဒီအခန်း လေးထဲမှာ ပက်လက်အိပ်နေတဲ့ကျွန်တော် ပြီးတော့ ပေါင်ကြား က ရေခဲချောင်းကို အားရပါးရစုပ်နေတဲ့ ရွှေဧည့်သည် ကြီးရယ် ရှိပါတယ်။ သူ့ရဲ့သွေးသားအလိုအတွက် ကျွန်တော့်သွေးတွေကို သူစုပ်ယူနေပါတယ်။

ကျွန်တော့်မျက်နှာမှာတော့ ခံစားချက်မဲ့ အမူအယာများဖြစ် ထွန်းစဖြစ်ပေါ်နေပြီ။ ကိုယ့်ချစ်သူမဟုတ်တဲ့သူများရဲ့ ရင်ခွင်ထဲ အပြုံးမဝေတတ်ဘဲနေတတ်ပါပြီ။

" ဒီမှာ ဂေးတွေကြာရှည်မလုပ်နိုင်ကြပါဘူး။ အချို့တွေက ဖောက်သည်တွေ သူ့တို့ဖောက်သည်တွေနဲ့ လက်ထပ်သွားပြီး ဒီဘ၀ကထွက်ပြေးသွားကြတယ်။"

"အင်း...ငါတို့ဒီမှာ ပိုက်ဆံရှာဖို့ရှိနေကြတာပါပဲ။"

"Dam it!" ဘ၀..ကျွန်တော်တို့ဘ၀ဟာဒီလိုဖြစ်တည်နေသလား။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရယ်ကျွန်တော်ရယ် ဘားကလပ် ရဲ့ ခေါင်မိုးပေါ်မှာ ထိုင်ပြီးစကားပြောနေဖြစ်တာပါ ဧည့်သည် တွေမကျခင်ပေါ့။ စကားပြောရင်း ကျွန်တော်တို့တွေ သက်ပြင်း ပြိုင်တူချမိကြတာ မထူးဆန်းလှပါဘူးလေ။ ဒီဘ၀မှာကျင်လည် နေကြသူခြင်းပဲမဟုတ်လား။

"ငါကတော့ ဘယ်တော့မှ နောက်ပိုင်းပေးမချဘူးလို့ တွေးထားတယ်။"

"စကားမစပ် မင်းပထမဦးဆုံး ဆားဗစ်ကဘယ်လိုလည်း အိုကေ ရဲ့လား။"

ဒီမေးခွန်းကို ....သူ့ကိုမကြည့်မိပဲ မျက်ဝန်းကိုမဆိုင်ဖြစ်ဘဲ ဟိုး အဝေးကိုကြည့်ပြီး အဖြေမပေးမိပါဘူး။

"မင်းကရော ဒီမှာဘာကြောင့်လာလုပ်ရတာလည်း။"

"ငါ့အမေ...ငါ့အမေမှာ ကင်ဆာဖြစ်နေတယ်။ သူဆေးကုဖို့ငွေလို တယ်လေ။ ငွေရဖို့အိမ်မှာ အလုပ်လုပ်နိုင်တဲ့အရွယ်ဆိုတာ ငါပဲရှိ တာ။ အခုတော့ အမေဆုံးသွားပါပြီ အမေသေသွားတော့လည်း ငါ...ငါဆက်လုပ်ဖြစ်နေတာ...က"

"တီ...တီ" ဆိုတဲ့ဖုန်းမည်သံ။ "သွားစို့ အထိန်းတော်ကြီးကခေါ် နေပြီ၊ ငါတို့ကို ဖောက်သည်တွေစောင့်နေကြပြီတဲ့လေ။ "lets go!"

အချိန်ကြာလာတော့ နေသားကျလာပြီ ညပိုင်းအလုပ်လုပ်တယ် နေ့ပိုင်းအနားယူတယ် ကိုယ်သွားချင်တဲ့နေရာကိုသွားတယ်။ ခံစားချက်ရင်ထဲသိုဝှက်တတ်လာပြီဆိုပါတော့။

ဒီခံစားချက်.....ထားလိုက်ပါတော့လေ.... နှစ်ဦးသားမျက်ဝန်းမှာ မျက်ရည်များဝေ့နေသလား။ အခေါ်တော်ရှိပြီဆိုတော့ သွားကြရမှာပေါ့။

"ဒီညတော့ စောက်ရူးဂေးတစ်ယောက်ကိုရှာပြီး သူ့သွေးတစ်စက်ကျန်တဲ့အထိ စုပ်မျိုပစ်လိုက်မယ်...ဟာဟ"

" ငါပိုက်ဆံတွေစုမိရင် ပြိုင်ကားတွေဝယ်မယ်၊ အမိုက်စားလေးတွေဝယ်မယ်ကွာ။ ငါဒီလိုအလုပ်လုပ်နေတာ အခုချိန်တော့ ငါ့ကောင်မလေးအတွက်ပဲ။"

ကျွန်တော်တော့ဘာမှမပြောမိပေမဲ့ မဲ့ပြုံးပြုံးပြီးနားထောင်နေဖြစ်ပါတယ်။ ဒီလိုတက်ကြွစွာပြောနေဟန်လေးက သဘောကျစရာ ခင်စရာကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်လေးကို သံယောဇဉ်ဖြစ်စေမိတယ်လို့ထင်မိသား။

"မင်းကောင်မလေးရှိလား"

" မရှိဘူး"

"မရှိဘူး၊ ဒါဆိုဘာကြောင့်လုပ်နေတာလည်း"

"ပိုက်ဆံ၊ ဟုတ်တယ် ပိုက်ဆံရဖို့ပဲ" သူကျွန်တော့်စကားကိုနားထောင်ပြီး ခေါင်းကိုရမ်းတယ်။ ငြင်းပယ်လိုတဲ့အမူအရာပြတာ မဟုတ်ပေမဲ့ စိတ်ဓာတ်ကျတဲ့အမူအယာလည်း မဟုတ်ပါဘူးလေ။

နောက် "ပိုက်ဆံဟုတ်တယ်.....မင်းငါ့ကိုပိုက်ဆံပေးရင် မင်းဒစ်ကိုငါစုပ်ပေးမယ်..ဟာ ဟ" ကျွန်တော့်ခေါင်းကိုချစ်စနိုးကိုင်ရင်းပြောတော့ သူ့မျက်ဝန်းကို အံသြရိပ်နဲ့စိုက်ကြည့်မိရတယ်။

မီးခိုးတွေဝေ့၀ဲနေကြတဲ့အခန်းထဲ... စီးကရက်မီးခိုးတွေလေ......မရှူချင်လည်း အဆုတ်ထဲရောက်နေတာပါပဲ။ အရက်ဖန်ခွက်ခြင်း ထိခတ်သံတွေ တို့ထိလှုပ်ရှားရယ်မောသံတွေနဲ့ ပြည့်နှက်နေတဲ့အခန်းကျယ်ထဲမှာ နေ့တိုင်းလိုလိုကျင်လည်နေရတာ။ မမြင်ချင်လို့မရ မြင်နေရတဲ့ ကိုယ်လုံးတီးတွေ...ကျွန်တော်ကရောဘာထူးလို့လည်း အရှက်ဆိုတာသိပ်မရှိတော့ပါဘူး။ အခုလည်း .......စားပွဲခုံစောင်းမှာ လုပ်ဖော်ကိုင်ဖက်လေးတစ်ယောက် masturbation လုပ်နေတာကို သဘောတကျကြည့်နေကြတယ် ၊ ခပ်လှမ်းလှမ်းမှာ နှစ်ဦးသား ကြည်ကြည်နူးနူးဖက်ပြီး ဂီတနဲ့မျောနေတဲ့သူတွေလည်းရှိသလို... ဘာမှဂရုမစိုက်ပွတ်သပ် နေကြသူတွေလည်းရှိရဲ့။

ဖောက်သည် တစ်ယောက်က ကျွန်တော့်ပုခုံးမှာမှီတွယ်ရင်း လက်တစ်ဖက်ကလည်း ကျွန်တော့် ဘောင်းဘီထဲလက်သွင်းကစားရင်း သူ့ဘ၀သူ့ အကြောင်းကိုပြောပြနေပြန်ရော။ အနားယူရင်း အရသာခံရင်း သူ့အထီးကျန် ခံစားမှု ဘ၀အမောတွေကိုဝေမျှနေပြန်ရော။ လက်မခံချင် လည်း နားထောင်နေရတာ ထုံးစံဖြစ်နေပါပြီကျွန်တော့်ဘ၀လေးမှာ။

"ကိုကြီးလေ အဖေ့ကိုသိပ်ချစ်တာ၊အဖေအရက်သောက်ပြီး ကားမောင်းပြန်လာရင်း ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာပေါ့။ မိသားစုထဲမှာ ကိုယ်ကဦးစီးဦးဆောင်ဆိုပေမဲ့ အိမ်ထောင်မပြုဖြစ်ပဲ အချိန်ရရင်ဒီကလပ်ကိုလာလာဖြစ်နေတော့တာ။ မင်းလေးက တော်တော်စွဲဆောင် အားပြင်းတဲ့ကောင်လေးပဲ။"

"မင်းကော ဒီဘ၀မှာပျော်နေသလား။" အဖြေကိုတကယ်ကြားချင်တာလား ဟာ..ဟ။ သူ့ကိုပြုံးပြရုံပဲပြုံးပြကာအဖြေမပေးတော့ သူလည်းအရေးတယူပြန်မမေးတော့ပါဘူး။

ထုံးစံအတိုင်း ညလေးနက်လာတော့ ဖောက်သည်တစ်ယောက်နဲ့အတူ လိုက်သွားဖြစ်ပါတယ်။ သူဟာဘားကိုလာရင် ဘယ်သူ့ကိုမှမရှာဘဲ ကျွန်တော့်ကိုသာရှာတယ်။ နောက်သံယောဇဉ်အရိပ်အယောင်တွေပြသူပါ။ ကျွန်တော့်ကိုမခွဲနိုင်တော့ပါတဲ့။ ခုတင်ပေါ်ကိုတက်ကျွန်တော့် ရင်ခွင်ထဲတိုးဝင်ကာ မီးကိုအမှောင်ချလိုက်ြ့ပီးတဲ့ခဏ ပူလောင်ပြင်းပြတဲ့ လှုပ်ရှားမှုတွေ...အား...။

ခုတင်ဘေးက မီးအိမ်လေးကိုထွန်းပြီးခုတင်တစ်ဖက်စွန်းမှာထိုင်နေရင်း ပြတင်းပေါက်ကတစ်ဆင့် ကြယ်တွေကိုငေးကြည့် နေမိပါတယ်။ ဖောက်သည်ကြီးက အတန်ကြာ ငြိမ်သက်နေရင်း ကျွန်တော့်ကို တမ်းတမ်းတတ ကြည့်ကာ]] I'm think I'm falling in love with you.}} တဲ့။

အချစ်တဲ့လား... .သူ့အပေါ်ရင်ခုန် သံတွေတိတ်ဆိတ်နေရဲ့။ ဒီလိုပဲပြော ဒီလိုပဲတွေ့ ရေရှည်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ခုတင်စွန်းကထ အ၀တ်တွေကိုဝတ်ဆင် ကြယ်သီးတွေကိုတပ်ရင်း "အစ်ကို ကျွန်တော့်ကိုတွေ့ချင်ရင် ဘားကိုလာတွေ့ နိုင်ပါတယ်။" ။

လမ်းသွယ်လေးက ခပ်မှောင်မှောင်...အိပ်ရောက်တော့လည်း ကြိုဆိုမယ့်သူကမရှိ....ဘ၀ဟာ အထီးကျန်...

x x x

It's a damn cold night

Trying to figure out this life

Won't you take me by the hand?

Take me somewhere new

I don't know who you are but I

I'm with you.

လေပြည်လေညင်းလေးတွေတိုက်ခတ်နေသော ၀ရန်တာနားကတံခါးကိုထပိတ်လိုက်မိပါတယ်။ မွေ့ယာပေါ်မှာထိုင်ရင်း တီဗီကြည့် နေရာကနေ လေတိုက်တာကြမ်းလာလို့ ထပိတ်လိုက်ရတယ်။ အခန်းထောင့်က အ၀တ်လျှော်စက်ကလည်း တဒုန်းဒုန်း။ မီးဖိုချောင်က ရေနွေးအိုးကလည်း တရွှီရွှီ လေချွန်သံပေးနေပြီ။ အိုး.....အလုပ်ရှုပ်လိုက်တာ ...မရှိခင်တုန်းကလည်း ရှုပ်...အခုတော့ပြည့်စုံနေလို့ရှုပ် တယ်ထင်ပါ့။

ဘ၀ဟာ ၀ရန်တာက လေညင်းလေးတွေလို သာယာလာပါပြီ။ ကိုယ်ပိုင်တိုက်ခန်းလေးလည်းဝယ်နိုင်ပြီ၊ ကိုယ်ဝတ်ချင် တဲ့ အ၀တ်အစား လေးတွေကို ၀ယ်ပြီးတော့လည်းဝတ်နိုင်ပြီ၊ အထီးကျန်ဘ၀ကိုဖြေဖျောက်ရာ ခွေးအမွှေး စုတ်ဖွားလေးကိုလည်းမွေးနိုင်ပြီ။ မြို့ကြီးဟာ အချိုအရသာကို အနည်းငယ်တော့ကျွေးပါရဲ့လေ။ ဒါပေမဲ့ စားခါစတော့ ခါးသက်ပါရဲ့ မျိုချလိုက်မှ ချိုသကိုး။

"ရှူး"ခနဲ ရေမွှေးတစ်ချက်ဆွတ်အပြီး အခန်းတံခါးပိတ်ခါ နီယွန်တွေတောက်ပနေမယ့် လမ်းသွယ်ရှိရာကိုလှမ်းလာခဲ့ပါတယ်။ စိတ်ကိုမြူး ကြွစေတဲ့ တီးလုံးသံတွေလွင့်ပျံရာ ၊ ဆေးလိပ်မီးခိုးတွေ ဝေ့၀ိုက်နေတဲ့ အခန်းငယ်လေးတွေရှိရာ ညမွှေးပန်းဘား ကလေးကတော့ ဧည့်သည်တွေရဲ့ ကားနဲ့အတူပြည့်ကျပ်နေပြန်ပါတယ်။ အနောက်ဖက်ဆောင်တံခါးနားကို အသွား အထိန်းတော်ကြီးနဲ့ ခပ်ထွားထွားလူ တစ်ယောက် စကားများနေရော့သလား။ ခေါင်းတခါခါလည်တခါခါတွေ ဒေါမာန်ထတဲ့ စကားတွေ မကြားတကြား။

"ဘာကြောင့် ငါ့ကိုရူးအောင်လုပ်နေရတာလည်း၊ သူ့ကိုဒီမှမလုပ်ဖို့ပြောသေးတာပဲ သူ့ဘာသာလုပ်တာငါတားလို့ရပါ့မလား။"

" သူ့ဘာသာလာအလုပ်လုပ်နေတာလေကွာ၊ မင်းသူ့ဘ၀ကိုတာဝန်ယူနိုင်လို့လား။"

ဘာတွေဖြစ်နေကြသလည်း တံခါးဝနားမှကပ်ပြီး။ အဲဒီလူစိမ်းကို ရင်းနှီးသလိုပါပဲ မီးကနည်းနည်းမှောင်နေတော့ ဘယ်သူ များပါလိမ့်။

"ဖြောင်း"ကနဲ့မြည်သံနဲ့အတူ ကျွန်တော့်ပါးပြင်ကနာကျင်မှုနဲ့အတူ တစ်ပတ်လည်သွားရတယ်။ "မင်းကိုဒီလိုလုပ်ခိုင်းခဲ့သလား ဆွေမင်း၊ မင်းကိုနေ့ပိုင်းမှာ စားသောက်ခန်းမမှာအလုပ်ရပြီးအဆင်ပြေဖို့ကိုသာ ငါပြောပေးမိခဲ့တာ။ မြို့တက်လာတာ ဒီကိစ္စ လုပ်ဖို့လားပြောစမ်းပါ ငါ့ကို။"

ကျော်ကျော် – သူအရမ်းကိုဒေါသထနေပါလား။ သာမန်အလုပ်လေးရတယ် ၀င်ငွေနည်းနည်းပဲရမည့်အလုပ်ကို သူစေတနာ ထားတာ မှန်ပေမဲ့ ကျွန်တော့်အနေနဲ့ မတင်းတိမ်နိုင်ခဲ့တာပဲလေ။ ကျွန်တော့်ကိုစိုက်ကြည့်နေရင်း သူ့မျက်ဝန်းမှာ တစ်ခုခုကို ဆုံးရှုံးသွားတဲ့ခံစား မှုတွေနဲ့ ကျွန်တော့်ပခုံးကိုလှမ်းကိုင်လိုက်ကာ ...ကလပ်ပြင်ပ လမ်းဘေးပလက်ဖောင်းတစ်ခုဆီသို့ဦး တည်ခဲ့ကြပါတယ်။

မဟာလူတန်းစား အိပ်မက်တစ်ခုမက်ဖို့ တောင်တန်းတွေကို ကျော်ဖြတ် တစ်ခါတစ်ရံလည်း မီးတောက်တွေကြား ခုန်ဆင်း ခဲ့ရတဲ့ ဘ၀တွေဟာပုံစံမျိုးစုံပါလားဗျာ။ တစ်ချို့လူတွေလို ငြိမ့်ညောင်းတဲ့ ရေစီးကိုမပိုင်ဆိုင်ခဲ့ရပါဘူး။

အမေရယ်......အိမ်ကိုလွမ်းလိုက်တာ။

"ငါမင်းကိုပြောခဲ့တာတွေ ဒီကလပ်မှာအလုပ်လုပ်မလားပြောခဲ့တာတွေက မင်းကို စကားအဖြစ်သာပြောခဲ့တာ။ တကယ်တမ်းတော့ မင်းကိုမလုပ်စေချင်ခဲ့ပါဘူး။ နေ့ပိုင်းရရာအလုပ်လေးကို မင်းရရင်တော်ပြီပေါ့။ ဒါပေမဲ့ညီရာ... ..ငါပြောခဲ့တဲ့စကားတွေက မင်းကိုပုံစံ ပြောင်းပေးလိုက်သလိုများဖြစ်နေသလား။"

"မင်းအဆင်မပြေဖြစ်နေတာကို ကူညီဖို့ပြောမိတာ နောက်ဆုံးမင်းဒီလိုဖြစ်သွားစရာလားကွာ။"

သူဒီလောက်ခံစားစရာလိုသလားမသိဘူး။ ညီလိုခင်လို့ ၀မ်းနည်းနေသလား ရပ်ဆွေရပ်မျိုးမို့ ရပ်ရွာနာမည်ပျက်မှာစိုးလို့များလား။ ဘာပဲ ဖြစ်ဖြစ်လေ ကိုယ့်အပေါ် ဒီလိုစိတ်ထားလေးရှိပေးတာကိုပဲ ကျွန်တော်ကျေးဇူးတင်ရပါတယ်။ သူသောက်နေတဲ့ အရက်ဖန်ခွက်လေး ထဲ နောက်ဆုံးလက်ကျန်လေးငှဲ့ပေးအပြီးမှာ သူ့ကိုလိုက်ပို့ဖို့ ကားငှားလိုက်ပါတယ်။ နောက်တော့သူ့ကို သိပ်မစိုးရိမ်ဖို့ ကျွန်တော်ဒီဘ၀မှာ ကြာရှည်မနေပါဘူးဆိုတာ...ဆိုတာ ပြောပြလိုက်ပါတယ်။

"ငါ့ဘ၀ဟာ ....လူ့အသုံးချပစ္စည်းတစ်ခုဖြစ်ခဲ့တယ်၊ ဖြစ်ခဲ့ရတယ်။ ငါပိုက်ဆံချမ်းသာပြီး ကောလိပ်မှာအဆင်ပြေပြေတက်နိုင်မယ်လို့ ထင်ခဲ့လို့ပေါ့။"

"ကောလိပ်...ကောလိပ်ကိုသွားမယ်။"

ဘုရားသခင်ရှေ့ ဒူးထောက်ပြီး ဆုမွန်ခြွေမယ် "အဘဘုရားသခင် တပည့်တော်အား ခွန်အားပေးသနားပါ။ အချိန်နည်းနည်းလေးပေးပါ ခဏ...ခဏလေးပါဗျာ။"

x x x

ရုတ်တရက်ဝုန်းကနဲမြည်သံကြောင့် အလန့်တကြားဖြစ်သွားမိပါတယ်။ သူရ ဖရိုဖရဲဘောင်းဘီ နှင့်အခန်းတွင်းဝင်လာပြီး အင်္ကျီကိုဆိုဖာပေါ်ပစ်တင်လိုက်တာကြောင့်ပါ။

"Fuck! Damn it!"

" ခွေးမသားတွေ တော်တော်လူပါးဝတဲ့ကောင်တွေ သူတို့ခိုင်းလို့လည်း အကုန်ချွတ်ပြီးကပြရသေးတယ် သောက်ပိုက်ဆံကျ တော့မပေးချင်ဘူး။ပြီးတော့..."

"ပြီးတော့ဘာဖြစ်လို့လည်းကွ..."

"ပြီးတော့ Threesome လုပ်ချင်သေးသတဲ့။မင်းဆိုရင်ရောလုပ်မှာလား။}}

"Why? Why not?

"ဧည့်သည်တွေအလိုကို ငြင်းနေရင် မင်းကိုဘယ်သူမှဖိတ်ခေါ်တော့မှမဟုတ်ဘူး။သတိထားဦးနော်။"

ဘားဝန်ထမ်းတွေတော်တော်များများအနားယူကြတဲ့အခန်းထဲမှာ သူသောင်းကျန်းနေတာပါ။ အထိန်းတော်ကြီးရှေ့မှာသူမလုပ်ရဲပါဘူး။ အခန်းထဲကလူတွေမှာ သူ့စကားကို နားထောင်နေကြတဲ့လူတွေရှိသလို မထူးတော့ပါဘူးဆိုတဲ့မျက်လုံးတွေနဲ့ ငြိမ်သက်နေသူတွေလည်း ရှိတာပေါ့။

"ဖြောင်း....ဖြောင်း"

" ငါ့ကောင်တွေ လုပ်ကျလုပ်ကျ ..ဟိုကောင်ဘောင်းဘီကိုသပ်ရပ်အောင်လုပ်။"

လက်ခုပ်သံပေးရင်း အထိန်းတော်ကြီးဝင်လာတာလေ။ ဆိုဖာမှာထိုင်နေရာကနေ ထလိုက်တော့ တခြားလူတွေလည်း အင်္ကျီတွေ ဘောင်းဘီတွေသပ်ရပ်အောင်ဆွဲဆန့်ကြရင်း ထရပ်ကြရပြန်တယ်။ ရောင်းကုန်လှအောင် အသင့်ထုပ်ပိုးပြင်ဆင်ကြလေသတည်းပေါ့။ အခုလည်း လူတွေကို ကုန်နံပါတ်သတ်မှတ်ပေးနေပြန်ရော။ ဒီလူကနံပါတ်တစ် အကောင်းဆုံး လူကြိုက်အများဆုံး....နံပါတ်နှစ်က...။ ဒါဟာအထူးဧည့်သည်တွေအတွက် လုပ်နေကြထုံးစံတစ်ခုပါ။ သူစိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ပျော်ပါးနိုင်ဖို့ပေါ့။

"သူရိန် ကနံပါတ်တစ်၊ ဇော်ဇော်ကနံပါတ်နှစ်၊ဆွေမင်း နံပါတ်သုံး....." နံပါတ်သုံးတဲ့ ။ သူရကသူ့နံပါတ်ကျွန်တော်ရ သွားလို့မကျေ မနပ်ဖြစ်နေသေးတာ။ ကျွန်တော့်အနေနဲ့ နံပါတ်ကအရေးမကြီးခဲ့ပါဘူး။ နံပါတ်တစ်က ငါဆိုပြီးဘာလုပ်ရမှာတဲ့လည်း။

"နံပါတ်တစ်က သူရိန်ပါ" "ဟုတ်ကဲ့ ကျွန်တော်သူရိန်ပါ။" "နံပါတ်နှစ်က ဇော်ဇော်ပါ။" "ကျွန်တော်ဇော်ဇော်ပါ။"

လူကြီးမင်းကြိုက်တဲ့သူကိုရွေးချယ်နိုင်ပါတယ်။ အထူးရွေးချယ်ထားတဲ့လူတွေပါပဲ။

"နံပါတ်သုံးက ဆွေမင်း။" "ဟုတ်ကဲ့....." သူ....သူပါလား ကျွန်တော်အလုပ်လုပ်ရာဝန်းကျင်ကိုအမြဲရောက်ရောက်လာတယ်။ အခုလည်းရောက်လာပြန်ပြီ။

သူ့မျက်ဝန်းညိုက ကျွန်တော့်ဆီမှာရပ်တန့်သွားရင်း...ငြိမ်သက်သွားတယ်လေ။ "လူကြီးမင်းမကြိုက်သေးရင် တခြားရွေးစရာရှိ ပါသေးတယ် ခင်ဗျ"လို့ဆိုတော့ သူလက်ကာပြလိုက်ရင်း နှုတ်ဖျားကထွက်လာ တယ် "ဆွေမင်း.."။

အမိုက်စားအခိုက်စားတွေကိုကျော်ပြီးကျွန်တော့်ကိုရွေးချယ်တာဆိုတော့ အားလုံးရဲ့မျက်ဝန်းဟာ ကျွန်တော့်ဆီဆိုက်ရောက်လာကြတယ်။ "တောက်" ဘာမှမပြော ထထွက်လာမိတော့တာပါ အထိန်းတော်မန်နေဂျာကြီးအော်ခေါ်နေတဲ့ကြားကလေ။

"မင်း...ဘယ်သွားမလို့လည်း ဟေ့ကောင်....မင်းငါ့စီးပွားဖျက်နေတာလား။" လူတစ်ယောက်ဘယ်သူဖြစ်ဖြစ် ကျွန်တော့်ဘက်က ဘယ် တုန်းကမှ မငြင်းဆန်ခဲ့တာ သူ့ကျမှ စိတ်ထဲမှာ မနှစ်မြို့နေသလိုပဲ။ စိတ်ထဲမှာအားငယ်တာလား တကယ်ငြင်းဆန်ချင်ခဲ့တာလား မသေ ချာခဲ့ပါဘူး။

စင်္ကြန်ထောင့်ချိုးရောက်တော့မှ....ဟူး....'ကျွန်တော့်အလုပ်က ရွေးချယ်ပိုင်ခွင့်ရှိတဲ့အလုပ်မှမဟုတ်ခဲ့တာပဲ'လို့ သက်ပြင်းအခါခါချမိခါ မန်နေဂျာစကားတွေ တိုက်တွန်းတာတွေ ကိုနားပူခံရပြန်တယ်။ ဇော်ဇော် အင်္ကျီပစ်ချပြီးပေါက်ကွဲခဲ့တဲ့ အဖြစ်အပျက်လေး လတ်လတ် ဆတ်ဆတ်ရှိသေးတယ် အခုကျွန်တော့်အလှည့်။ ဒီတော့လည်းလက်ထဲက ရေသန့်ဘူးကို ပစ်ချရင်း နောက်ပြန်လှည့်ခဲ့ရပေါ့ဗျာ။

ကျော်ကျော်ပြောပြောနေတဲ့ High Level ကလူပါပဲ။ သူကရော ဒီလိုကလပ်ကိုလာနေကျပဲလား။ သူ့ပိုက်ဆံနဲ့သူလာပျော်ပါးတာပဲလို့ စိတ်ထဲမှာဘာကြောင့်များကျွန်တော်မထားနိုင်ရတာပါလိမ့်။ရင်ထဲ မကျေနပ်သလိုလို...တစ်ခုခုကိုအလိုမကျဖြစ်မိနေသလိုပါပဲ။

"ငါအပြင်က စောင့်မယ်"လို့သူကပြောတော့ ကျွန်တော်ဘာမှမပြောချင်တော့ပါ။ ဒီအချိန်မှာ သူကကျွန်တော့်အတွက်ဧည့်သည် ဖြစ်သွားပြီမဟုတ်လားလေ။

x x x

အလင်းရောင်မလင်းလက်တဲ့ ညမီးမှောင်မှောင်အခန်းလေးထဲ တန်းဝင်လာခဲ့တယ်။ စကားတွေနဲ့ ဧည့်မြူဖို့ ၊ မထိတထိ ထွေးပွေ့ နေဖို့လိုမှမလိုတာ ။ သူလိုတာက ကျွန်တော့်ခန္ဓာကိုယ်ကို အသုံးပြုပျော်ပါးဖို့ပဲမဟုတ်လား။

ဟင့်အင်...ဒီလိုသဘောထားမျိုး ကျွန်တော့်အပေါ်...။

အ၀တ်တွေအားလုံးချွတ်ခုတင်တစ်ဖက်ခြမ်းမှာသွားထိုင်ရင်း သူအခန်းထဲဝင်အလာကို အသင့်စောင့်နေဖြစ်တယ်။ အခန်းထဲသူလိုက်မ၀င် လာဘဲ ကျွန်တော်လှုပ်ရှား နေသွားလာနေတာကို စိုက်ကြည့်ပြီးဘာတွေခံစားနေတယ်မသိ ဧည့်ခန်းထဲမှာ အတန်ကြာရပ်ပြီးငြိမ်သက် လို့ပါ။

ပြူတင်းပေါက်ကတစ်ဆင့် မြင်နေရတဲ့ နီယွန်မီးတွေက တောက်ပမှုကင်းသလို လရောင်ကလည်းရင်ထဲကို မအေးငြိမ်းစေဘဲအေး စက်လို့ပါ။ ကိုယ်မချစ်မနှစ်သက်သူရဲ့ ရင်ခွင်ပေါင်းများစွာမှာခိုနားခဲ့ဖူးပါတယ်။ခိုနားနေရဆဲပါ။ ဒါပေမဲ့သူ့အပေါ်ကျတော့ရော ဘာကြောင့်တခြားသူတွေအပေါ်မှာထားသလို သဘောမထားနိုင်....။

ဖြူလွလွ အိစက်ညက်ညောတဲ့ မွှေ့ယာပေါ်အသာလှဲလျောင်းပေးရင်း ကျွန်တော့်ခြေဖျားလေးတွေကတစ်ဆင့် တစ်ကိုယ်လုံးကို အနမ်းတွေပေးရင် တဖြေးဖြေးအပေါ်တက်လာတဲ့သူ့အပြုအမူဟာ ရင်တွေကိုခုန်လာစေသလိုပါပဲ။ ဒါပေမဲ့ တုန့်ပြန်မှုကင်း ငြိမ်သက် နေခြင်းသာပြုမိနေမိတာကကျွန်တော့်အဖြစ်ပါ။ သူ....သူ နှုတ်ခမ်းကိုနမ်းဖို့ကြိုးစားတဲ့ အချိန်မှာတော့...အို..ဟင့်အင်...ခေါင်းကို အသာငဲ့လိုက်ပြီးငြင်းဆန်မိ..။

နှုတ်ခမ်းသားလေးကိုနမ်းခွင့်ပြုဖို့ဆိုတာ လူတိုင်းအတွက်သတ်မှတ်ထားတာမှမဟုတ်တာနော်။

ငြင်းဆန်တာကိုသူအသာတကြည်လက်ခံတာလား စိတ်ပျက်သွားတာလား ညင်သာတဲ့ နူးညံ့တဲ့ ကြင်နာချစ်ခင်မှုကိုသူမရနိုင်မှန်း သိသွားဟန်တူပါတယ်။ တခြားအစိတ် အပိုင်းတွေကိုထိကိုင်ရင်း သူ့စိတ်ကြွဖို့သာကြိုးစားရတော့တာပေါ့။ ကျစ်လစ်သန်မာတဲ့ခြေသလုံးတွေ ပေါင်တံတွေ ဘယ်လီကြွက်သားတွေ...နောက်ပြီး တင်ပါးတွေကို အသာပွတ်သပ်ကိုင်တွယ်ပြီးနောက် ဇာတ်လမ်းဆက်ဖို့ကြိုးစားပြန်တော့လည်း အလိုလိုငြင်းဆန်မိပြန်ရော။ သူလိုချင်တာမရမှန်းသိတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားတယ် ထင်ပါရဲ့ ခုတင်ပေါ်ခြေပစ်လက်ပစ်မှောက်အိပ်သွားပြန်ပေါ့။

ဖြူစင်တဲ့အသားအရေ နူးညံ့တဲ့အသားဆိုင်တွေနဲ့ဖွဲ့စည်းထားတဲ့သူ့ခန္ဓာကိုယ်ဟာ ကျွန်တော့်အပေါ်ဆွဲဆောင်တာတော့ အမှန်။ တစ်ကိုယ်ကောင်းဆန်တာတော့မဟုတ်ပေမဲ့ သူ့တင်ပါးထွားထွားအသားဆိုင်ကို လှမ်းကိုင်လိုက်မိစဉ်မတော့ စိတ်တွေဘယ်လိုမှ မထိန်းနိုင်တော့ပါဘူး။ အနမ်းမိုးတွေစွေမိတော့တယ်.....သူမငြင်းဆန်ပဲငြိမ်နေတော့ ကျွန်တော်တစ်ဆင့်တက်ကာ အမြင့်ဆုံးပန်းတိုင် ဆီတက် လှမ်းဖို့ခပ်ကြမ်းကြမ်းသာလှုပ်ရှားပစ်ပေါ့။ "အား...အား..စက်သေနတ်ပစ်သလို ဆောင့်...အားအား" "မင်းရဲ့ရွှေရည်တွေ ငါ့အတွင်းထဲမှာပဲပစ်ထည့်လိုက်စမ်း..."အား.....သူတော်တော်အပေးကောင်းတာပဲ။

ပြီးသွားတော့ သူ့ကိုကြင်ကြင်နာနာဖက်ပြီးနေတာမျိုးမလုပ်မိပြန်ဘူး။ ပြီးပြီးချင်းထထိုင်ခါ ခုတင်တစ်ဖက်ကိုသွားထိုင်နေမိပြန်ရော။ ကျွန်တော့်စိတ်ကျွန်တော် မသိတော့ပါဘူး ဘာခံစားနေမိသလဲဆိုတာ။ ခုတင်ပေါ်ကထထိုင်ပြီးအ၀တ်လဲနေချိန်မှာတော့ သူအိပ်ယာ ပေါ်ကနေ ပက်လက်လှန်ရင်း မျက်စိကကျွန်တော့်ကိုလိုက်ကြည့်နေတော့ ကျေနပ်မိသလားမသိ ။

"နောက်တစ်ခါ ခင်ဗျား...ဘားကိုမလာပါနဲ့...ကျွန်တော့်ပတ်ဝန်းကျင်ကိုမလာသင့်ဘူး....မလာခဲ့နဲ့နော်...သတ်ပစ်မှာဗျ"

"ငါ..ငါလည်းပိုက်ဆံရှိပါတယ်။ မင်းကိုပေးနိုင်တဲ့လူတစ်ယောက်အဖြစ် မင်းမျက်စိထဲမမြင်မိဘူးလား။"

"မရောင်းဘူး ခင်ဗျားအတွက်ဆိုရင်။"

လှေကားထစ်တွေအတိုင်း ခပ်သွက်သွက်ဆင်းလာ....လှေကားထစ် နောက်ဆုံးလှေကားထစ်ကိုနင်းအမိမှာတော့ ရင်ထဲဟာတာတာဖြစ် မိသွားပြန်ရော။ နီယွန်မီးတွေတောက်တောက်ပပ ဖြစ်နေတဲ့ ကားလမ်းမတလျှောက် လျှောက်လှမ်းလာဖြစ်နေတာ ညောင်းမှန်းမသိတော့ သလိုဘဲ။ အတန်ကြာလျှောက်မိနေရင်း တက္ကဆီတစ်စီးကိုတားမိပြန်တော့လည်း ခရီးသည်နှင့် အပြည့်။ နူးညံ့နေတဲ့ ကျွန်တော့်လက် အလုပ်အကိုင်ကြမ်းတွေမလုပ်ရလို့နူးညံ့နေတဲ့လက်...စေ့စေ့ငုငုကြည့်မိမှ...ဟူး။ လျှောက်စမ်း လမ်းမပေါ်မှာ လျှောက်ရင်း .....ခပ်သွက် သွက် ဒီမှတစ်ဆင့် ပြေးပြေး....အပြေး။

x x x

စတီဗင်ဆိုတဲ့ ကျွန်တော်ဟာ လောကအလည်မှာ ပြည့်စုံခြင်းတွေနဲ့မွေးဖွားလာသူပါ။ အဖေ အမေ အာလုံးသောသူတွေဟာ ချမ်းသာခြင်း ကြွယ်ဝသူများဖြစ်ပါတယ်။ ဟိုးငယ်ငယ်လေးတုန်းကတော့ ပျော်ရွှင်ခြင်းအပြည့်နဲ့ကျေနပ်ခဲ့ပါတယ်။ အရွယ် ရောက်လာတော့ မိမိကိုယ် ကိုသိလာတယ် မိန်းကလေးတွေကို မနှစ်သက်သူတစ်ယောက် ဆိုတာ။ ဒါဟာဖြစ်သင့်ပါသလား လို့ တွေးထင်မိကြမယ်ထင်ရဲ့။ ဒီမိဘနှစ်ဦးမှာ တစ်ဦးတည်းသောသား မျိုးဆက်အမွေခံယူရမည့်သူက ဒီလိုလူမျိုးဖြစ်သင့် သလားလို့ တစ်လောကလုံးက သတ်မှတ် ထားပါတယ်။

အလုပ်သွားမယ် အိမ်ပြန်မယ် တစ်ခါတစ်လေ ကိုယ့်လုပ်ငန်းခွင်တွေထဲ လှည့်လည်စစ်ဆေးမယ်....ဒါဟာ တစ်သက်လုံး လုပ်လာခဲ့ တဲ့အလုပ်ပါပဲ။ ကျွန်တော့်စိတ်အလိုအတိုင်း ငြင်းဆန်ခဲ့တယ်ဆိုတာ လုံးဝမရှိခဲ့ဘူးပါ။ ဒါကိုလည်းကျေနပ်ခဲ့ပါတယ်။ ဒါပေမဲ့.... တစ်ရက် သား စိတ်ညစ်ညစ်နဲ့ ဘားမှာ အရက်မူးရင်း ကားမမောင်းနိုင်တော့တာနဲ့ တက္ကဆီလုပ်ငန်းတစ်ခုက အချိန်ပိုင်းအငှားသမားလေးကို ငှား ရမ်းလိုက်မိစဉ်မှာ....ဒီကောင်လေးကို ကြည့်ရင်း မိမိဘ၀အတွက်အဖော်မွန် သူဖြစ်မှာပဲလို့ ခံစားမိခဲ့တော့...အလွန်တော့မထင်မှတ်မိခဲ့။

မာနတစ်ခွဲသားသူဌေးသားတဲ့လား မိမိဖခင်ပိုင်တဲ့စက်ရုံတစ်ခုမှာ သူ့ကိုပြန်တွေ့စဉ်မှာ နီးစပ်ဖို့ခြေလှမ်းစချင်ပေမယ့် သူကတော့စကား ပြောခွင့်တောင်မရ လှမ်းထွက်သွားပါရောလား။ နောက်တစ်နေ့ရုံးခန်းထဲဝင်လာတဲ့သူ့ကို နှုတ်ဆက်စကား ဆိုရင်း လိပ်စာကဒ်လေး ပေးမိပြန်တော့ ကျွန်တော်အလုပ်ထွက်တော့မတဲ့။

ငါ...ဒီလောက်သိမ်ငယ်ရသလားသူ့အတွက်လေ....။

သူ..သူ့ရဲ့နောက်ကြောင်းကို စုံစမ်းတော့ နယ်မြို့လေးတစ်မြို့ကတက်လာသတဲ့....ကောလိပ်တက်ဖို့ကြိုးစားငွေစုနေသတဲ့။ အခု..အခုငွေရလွယ်တဲ့ ညမွှေးပန်းလို ဘားတစ်ခုမှာ အလုပ်လုပ်နေပြီတဲ့။ တစ်ခုခုဆုံးရှုံးသွားသလို ခံစားရပေမယ့်.....သူ.. သူရှိရာကိုသွားတွေ့မိခဲ့ပြန်ရော..။သူ့အတွက်အကြင်နာဆိုတာ ငွေပဲလား.....မိမိအပေါ်ဆက်ဆံမှုက ကြမ်းတမ်းလေရဲ့။ ဘယ်တော့မှ သူ့ဆီမလာပါနဲ့တဲ့လေ။ ဟူး.....။

လေပြည်လေး ခပ်နော့နော့တိုက်ခတ်နေတဲ့ ရွှန်းမြမြလရောင်တွေဖြာကျနေတဲ့ ပြူတင်ပေါက်ကတစ်ဆင့် အဝေးကိုလှမ်းကြည့်ရင်း ရင်ခွင်ထဲအိပ်ပျော်နေတဲ့ နွေးနွေးကို အသာဖယ်လိုက်ရင်း ထထိုင်မိပါတယ်။ ဒီကောင်မလေးက ချစ်စရာကောင်းသူလေးတစ်ယောက်ပါ။ ရုပ်ရည်ချောတယ် အရည်အချင်းပြည့်တယ် ငွေကြေးချမ်းသာတယ်....။ မိဘတွေသဘောတူထားသူလေးပေါ့။

မနက်ခင်းနေခြည်အလင်းတွေနဲ့ထဖြစ်ခဲ့တဲ့အခါ ခပ်သွက်သွက် အ၀တ်အစားလဲ မြို့ထဲက မင်္ဂလာဝတ်စုံဆိုင်ကို ခပ်သွက်သွက် လှမ်းလာ တဲ့လမ်းတစ်လျှောက်မှာ ချစ်သူစုံတွဲ ချစ်သူစုံတွဲတွေ မင်္ဂလာပွဲကျင်းပဖို့ စီမံကိန်းတွေချပြီး ပျော်ရွှင်ကြည်နူးနေကြလေရဲ့။ မင်မိုရီဆိုတဲ့ မင်္ဂလာဝတ်စုံဆိုင်လေးမှာ ... ကြွကြွရွရွ လေး လှလှပပမှန်ရှေ့မှ ဟန်တပြပြနဲ့ နွေးနွေးကို အမေနဲ့အတူ ကြည်နူးနေတာ မြင်ခဲ့ရပါတယ်။ အမေကတော့ ချိန်းထား တဲ့သားကို တမျှော်မျှော်နဲ့ပါ....ဒါကိုကျွန်တော် ကျွန်တော့်စိတ်ထဲမှာဘာဖြစ်မှန်းမသိ ဆိုင်တွင်းမ၀င်ချင်တော့ဘဲ ပြန်လှည့် လာဖြစ်ရပါတယ်။

စိတ်ထဲတင်းကျပ်မှုကို ခံစားရတဲ့အခါ လူတစ်ချို့က လူသူကင်းရာကိုသွားပြီး အော်ဟစ်လိုက်ရင် သက်သာသွားသလိုပဲတဲ့ ကျွန်တော်ကတော့ သေနတ်ပစ်ကွင်းကိုသွား စက်ဝိုင်းအလယ်ဗဟိုတွေကို အပေါက်ပေါင်းများစွာဖြစ်အောင်

" ဒိုင်း....ဒိုင်း"။

x x x

လတ်ဆတ်တဲ့ လေတွေ အရှိန်ပြင်းပြင်းတိုက်ခတ်တတ်တဲ့ မနက်ခင်းမှာ အပြေးလေ့ကျင့်ရတာ တော်တော်ကောင်းတာပဲ လန်းဆန်း တက်ကြွစေတဲ့အပြင် ချွေးသိပ်မထွက်တော့ သိပ်မဟိုက်ဘူးပေါ့ဗျ။ ချွေးတွေလည်းရွှဲ ခရီးလည်းအတော်ပေါက် တော့မှ ပြန်လှည့် လာဖြစ်ပါတယ်။ ဟူး...ခပ်ဆာဆာရှိတာနဲ့ အိမ်မရောက်ခင် ပဲနို့နဲ့ ပေါင်မုန့်ကို အစာပြေစားပြီး ခပ်သွက်သွက်ပြန်အလာ ကျွန်တော့် တိုက်ခန်းရှိရာလမ်းကြားအရောက် သီဟကိုအိတ်တစ်လုံးနဲ့တံခါးရှေ့ မှောက်အရောက်တွေ့ တော့တာပါပဲ။

သူ့ကိုရုတ်တရက်တွေ့လိုက်ရတော့ ၀မ်းသာသွားတာတော့အမှန်။ ဘောင်ထူထူမျက်မှန်လေးနဲ့ သူ့ပုံစံကစာကြမ်းပိုးရုပ်လေး ပါ။ လိပ်စာကဒ်လေးတကိုင်ကိုင်နဲ့ အိမ်ခန်းကိုကြည့်လိုက် လမ်းမပေါ်ကိုမျှော်လိုက်နဲ့သူ့ခမျာ မုန့်ပျောက်နေတဲ့ ကလေးလေးလိုပါပဲ။ ကျွန်တော့်ကိုတွေ့သွားတော့ ၀မ်းသာအားရနဲ့ ပြေးတောင်လာကြိုပါရဲ့။ ထို့နောက်မှာတော့...

ထုံးစံအတိုင်း နားနေခန်းထဲ ကျွန်တော်တို့စုထိုင်နေတဲ့နေ့လေးတစ်နေ့ရဲ့ညနေခင်းမှာ သီဟလည်းအတူတူထိုင်နေဖြစ်ပါတယ်။ စားပွဲခုံပေါ်မှာလည်း သူ့အ၀တ်ထုတ်နဲ့ လက်ထဲမှာလည်း ခွေးရုပ်ကလေးကိုကိုင်ထားသေးတယ်။ တခြားလုပ်ဖော် ကိုင်ဖက်တွေကသူ့ကို ညီငယ်တစ်ယောက်လို စနေတာ....ဗျ။

"ဖြောင်းဖြောင်း"ဆိုတဲ့လက်ခုပ်တီးသံနှင့်အတူ အထိန်းတော်ကအခန်းထဲဝင်လာလေတယ်။ သူ့လက်ထဲမှာလည်း စမတ်ကျကျဝတ်စုံတစ်ခုကို ကိုင်ဆွဲလို့။

"မင်းက ဒီနေ့အလုပ်စဆင်းမဲ့ အသစ်မဟုတ်လား...။ မျက်မှန်ကြီးချွတ်ပစ်စမ်းပါကွာ....ရော့ဒီဝတ်စုံကိုသွားလဲလာခဲ့။"

"ဟုတ်"ဆိုတဲ့စကားသံနဲ့အတူ သူဝတ်စုံကိုကိုင်ကြည့်ပြီး သီဟကျန်ခဲ့တာပေါ့။ ဒီလိုဝတ်စုံမျိုးသူမှဝတ်နေမကျတာပဲလေ။ သူဟာ အရင်က Sauna တစ်ခုမှာအလုပ်လုပ်ခဲ့ဖူးသူပါ။ ဒီမှာ သူတို့အလုပ်နဲ့မတူတာကတော့ လက်တွေ့ကျကျလေးကို အလုပ်လုပ်ကြ ရတာမဟုတ်လား။ ကျွန်တော်တို့ ကတော့ထုံးစံအတိုင်း အလုပ်ခန်းတွေဆီ ထွက်လာဖြစ်ကြပါ တယ်။သူ့ကိုအကူအညီပေးဖို့လိုမှ မလိုတာပဲနော်။

မနက်ခင်း ကျီးမနိုးခင် မီးမှိန်စပြုတဲ့အချိန်မှာ ကျွန်တော်တို့ပြန်ခဲ့ပါတယ်။ သီဟရယ်လေ ကျွန်တော့်အ၀တ်အိတ်ကိုရော သူ့အိတ်ကိုရော ဆွဲကိုင်လို့ ကျွန်တော့် နောက်ကခပ်ကုပ်ကုပ် လိုက်လာပါရဲ့။ အစတုန်းက ကျွန်တော်စအလုပ်လုပ်တုန်း ကလည်း ဒီလိုညပိုင်းကို ကြုံခဲ့ ရတာ မှတ်မှတ်ထင်ထင်သတိရဖြစ်မိပါတယ်။

နောက်က ရှူးသံတဒေါက်ဒေါက်ကြားရလို့လှည့်ကြည့်လိုက်တော့ ဇော်ဇော်တစ်ယောက် ခပ်သွက်သွက်လိုက်လာတာ မြင်လိုက်ရတယ်။ ဒီနေ့ သူ့ကောင်မလေးမွေးနေ့တဲ့ လာမယ့်ညကျရင် အလုပ်မဆင်းဘူးဟုဆိုကာ အထိန်းတော်ကြီးကို ပြောတော့ အထိန်းတော်ကြီး အော်ဟစ်ပြီးကျန်ခဲ့လေရဲ့။ ဇော်ဇော်က ဖောက်သည်တွေကိုအများဆုံးကျေနပ်မှု ပေးနိုင်တဲ့သူတွေထဲကတစ်ယောက်မဟုတ်လား။

ရောင်နီပေါ်စ နီယွန်မီးတွေမှိန်စပြုနေတဲ့ လမ်းမကြီးရဲ့ ဘေးပလက်ဖောင်းကနေ ခပ်ဖြည်းဖြည်းလမ်းလျှောက်ပြန်လာကြရင်း သူငယ်ချင်းနှစ်ယောက်စကားပြောဖြစ်ပါရဲ့။ သီဟ ...သူဟာ ကျွန်တော်နဲ့မတူတဲ့အချက်က နီယွန်မီးတောက်ပနေတဲ့မြို့တော် ကိုသဘောအကျကြီးကျနေပြီဆိုတာပါပဲ။ဖြစ်နိုင်ရင် တစ်မြို့လုံးထိန်ထိန်ညီးနေစေချင်သတဲ့။

"ငါတော့ အဲဒီမီးလုံးကြီးတွေကို အရမ်းသဘောကျတာပဲကွ.....မြို့ကြီးဟာ အရမ်းရင်ခုန်ဖို့ကောင်းတာပဲနော်။"

"အင်း....မင်းကိုပြောလိုက်ဦးမယ် မြို့မှာ မင်းဘယ်သူ့ကိုမှ မယုံနဲ့၊ မင်းဒီမြို့ကြီးကို ဘာလို့လာတာလည်း"

" ပိုက်ဆံရှာဖို့ပေါ့။ တောမှာ ဘာမှလုပ်စရာမှ မရှိတာကို ၊ စကားမစပ် မင်းငါ့ကိုဘာကြောင့် ကြင်နာရတာလည်း။"

"မင်းက ငါ့ကို တစ်ယောက်ယောက်ကို သတိရအောင်လုပ်ပေးလို့။"

"သီဟ၊ တစ်ခုခုသွားစားရအောင်။"

"ဆူရှီ၊ ကြေးအိုး Yummy!"

To be continued....

No comments: