အချစ်ဆိုတာမှာလေ..
ဆံွ့အ
နေရင်တောင်
ရင်ဘတ်ချင်းကာလာတူနေရင်
နှလုံးသာချင်း
နားလည်ြကပါတယ်……
ညဆယ်နာရီခွဲတိတိ......
ကျောင်းသူကျောင်းသားတွေ
ကျူရှင်ြပီးသည်နှင့် လွယ်အိတ်ကိုယ်စီဆွဲကာလွယ်ပိုးကာ ပြန်ကုန်ြကသည်။
ကျွန်တော့်မှာတော့
စိတ်အကြီးအကျယ်ညစ်နေသည်။ ယခုအိမ်ြပန်ရတော့မည်။ ဆိုင်ကယ်ကမရှိပါ။ ညနေကကျူရှင်ကိုအလာ
လမ်းတွင် တန်းလန်းကြီးထိုးရပ်သွားခဲ့သည်။ ကာပရိုက်တာပျက်သွားသည်တဲ့။ထို့ကြောင့် ပြင်ဆိုင်တွင်ထားခဲ့ရပြီး
ကုန်းကြောင်းခြေလျင်လျှောက် လာခဲ့ရသည်။ မိုးကလည်းတော်တော်ချုပ်နေသည် အိမ်ကလည်းနည်းနည်း
လှမ်းသည် ဘယ်လိုလုပ်ရပါ့။
‘ဆရာလေး
ပြန်တော့မလို့လား’ အသြံကား၍အနောက်သို့လှညြ့်ကည်လိုက်၏။ အဆောင်တံခါးပေါက်နားတွင်ရပ်နေသော ကျွန်တော့်နား သို့
သူရောက်လာသည်။
‘အခုပဲပြန်တော့မလို့
မိုးတောင်တော်တော်ချုပ်နေပြီ’
‘ဆရာလေးဆိုင်ကယ်ရော’
‘ကာပရိုက်တာပျက်သွားလို့
ပြင်ဆိုင်ပို့ထားတယ်’
‘ဒါဆိုဆရာလေး
ဘယ်လိုပြန်မှာလဲ’
‘ငါလည်းအဲ့ဒါကိုပဲ
စဉ်းစားနေတာ စိတ်ညစ်ပါတယ်ကွာ ဆိုင်ကယ်က စုတ်နေပြီဆိုတော့ ပျက်ချင်တဲ့အချိန်ထပျက်တော့တာပဲ
အစိုးမရ တဲ့အထဲမှာ ငါ့ဆိုင်ကယ်လည်းပါတယ်’
‘ဒါဆို
ကျွန်တော်လိုက်ပို့ပေးရမလား’
ကျွန်တော်ခေါင်းမြော့ကည့်လိုက်သည်
ညလေပြေအေးအေးအောက်တွင် သူ့ကျွန်တော့်ကိုတဖန် ပြုံးပြသော အပြုံးလေးသည် ကျွန်တော့် ရင်ကိုဆူပွက်အောင်
နိုးဆော်နေသယောင်ယောင်။ ကျွန်တော်သူ့ကိုခေါင်းညိတ်ြပလိုက်၏။ သည်တော့သူက ရုတ်တရက် ကျွန်တော့်ပါး
ကို ဖွဖွလေးဖျစ်ညစ်လိုက်ြပီးဆိုင်ကယ်နောက်ကို တက်တော့ဟူသောသောမျက်လုံးမျိုးဖြင့် မျက်စပစ်ပြသည်။
ကျွန်တော့်ရင်ထဲရေခဲတုံး ကြီးအတောင့်လိုက်မျိုချလိုက်ရသလို အေးကနဲဖြစ်သွားသည်။
ည၏လမင်းကြီးသည်
တိတ်ဆိတ်ခြင်းသားချော့ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလျှက်မှိတ်တုတ်မှိတ်တုတ်ြကယ်ကလေးတွေကို
ချော့သိပ် လျက်ရှိသည်။ လောကတစ်ခွင်လုံးတွင်တော့နို့နှစ်ရည်လရောင်ဖျော့ဖျော့လေးက နွေးနွေးထွေးထွေးလွှမ်းခြုံထားသည်။
ဆိုင်ကယ် လေးသည်လေတွင်ပစ်ခွင်းလိုက်သော မြှားတစ်စင်းကဲ့သို့ မဲနက်နေသောပေတရာလမ်းမကြီးပေါ်တွင်ပြေးလျှက်ရှိသည်။
ထို့အတူ ကျွန်တော်တို့ နှစ်ဦးလုံးလည်း နှုတ်ဆိတ်လျှက် ဆံပင်စတွေကလေတွင် လွင့်လွင့်လူးနေတော့သည်။
သူရှေ့ မှနေ၍ဆိုင်ကယ်ကိုငြိမ်သက်စွာ
မောင်းနေသည်။ သူမောင်းသည့်ပုံစံကိုကြည့်ပြီး ကျွန်တော်ခန့်မှန်းကြည့်မိသည်။ ဆိုင်ကယ်
သိပ်စီးတတ်သည့်ပုံမပေါ်ပါ။ ကျွန်တော်နှစ်လိုစွာ ပြုံးလိုက်ပြီး စကားစလိုက်ကာ တိတ်ဆိတ်ကြိုဖိုခွင်းလိုက်၏။
‘ဇင်မင်းသူ’
‘ဗျာ’
‘အရှေ့နားမှာ ကုန်းဆင်းကြီးရှိတယ်
မင်းကိုခံစားမှုအသစ်တစ်မျိုးရအောင်လုပ်ပေးမယ်။ ဘာနဲ့မှမတူညီတဲ့ရင်ခုန်စရာလေဟုန်စီးခြင်း
တစ်မျိုးလေးပေါ့ကွာ’
‘ကျွန်တော်မရှင်းဘူး
ဆရာလေး’
ကျွန်တော်အသံထွက်အောင်
ရယ်လိုက်မိသည်။ ထို့နောက်သူ့ခါးကို အနောက်မှသိုင်းဖက်လိုက်ပြီးပခုံးပေါ်မေးတင်လိုက်ကာ
နားနားတိုးတိုးလေးကပ်ပြောလိုက်သည်။
‘ဆိုင်ကယ်ခေါင်းကို
ငါထိန်းထားမယ် မင်းလက်လွှတ်ြပီးမျက်စိမှိတ်ထားလိုက်’
‘ဘာလုပ်မလို့လဲဆရာလေး’
‘လုပ်မှာ သာလုပ်စမ်းပါ’
ကျွန်တောင်ခိုင်းတဲ့အတိုင်း
သူလုပ်ရှာပါသည်။ သူဆိုင်ကယ်ခေါင်းကိုလက်လွှတ်လိုက်သည်နှင့် ကျွန်တော်ကိုင်ပြီးထိန်းလိုက်သည်။
ထို့နောက် လီဗာကိုခပ်တင်းတင်းလေးဆွဲတင်လိုက်သည်။
ဆိုင်ကယ်လေးက 125
KENBO အမျိုးအစားဖြစ်သောကြောင့် စက်သံညက်ညောနေကာ အရှိန်တဖြေးဖြေးရလာသည်။
‘အခုဂီယာနံပါတ် ဘယ်လောက်လဲ’
‘သုံး ဆရာလေး’
‘Ok….လေးကို change
လိုက်’
‘ဂျောက်......’
ဆိုင်ကယ်လေးသည် တစ်ဖြေးဖြေးကုန်းဆင်ထိပ်သို့
ရောက်ရှိလာသည်။ တဖြည်းဖြည်းနှင့် စတင်လိမ့်ဆင်းတော့မည် ဖြစ်သည်။ ကျွန်တော့်ရင်တွေလဲ
ဆူညံပွက်နေသည်။
‘မင်းအခု ဂီယာကို
အသာလေးခြေထောက်နဲ့ ဖိရုံလေးဖိထားလိုက် ပြီးရင်မျက်စိမှိတ်ပြီးအသက်ဝဝရြှုကည့်လိုက်နော်’
ကျွန်တော်ပြောသည့်အတိုင်း
သူဂီယာကိုဖိထားလိုက်သောအခါ စက်သံကငြိမ်သွားပြီး ဆိုင်ကယ်လေးသည် ကုန်းဆင်းအတိုင်း တအိအိ
လျှင်မြန်စွာလိမ့်ဆင်းလာသည်။ထိုသို့ပြုလုပ်သည်ကိုဖရီးရိုက်သည်ဟုခေါ်သည်။ ကျွန်တော်ဆိုင်ကယ်
စက်ခေါင်းကြိုငိမ်အောင်တည့် လိုက်ြပီးလက်နှစ်ဖက်ကိုအသာ ဖြည်းဖြည်းချင်းလွှတ်လိုက်သည်။
ကျွန်တော့်စိတ်တွေ ညှင်းတိုးရိုက်ခတ်လှုပ်ရှားနေသလို သူ့ဆီမှ လည်းအသက်ရှုသံ ကိုတစ်ချက်တစ်ချက်ြကားနေရသည်။
ထို့နောက်သူ့လက်တွေကို
ကျွန်တော်ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ပြီး လေထဲတွင် Titanic ဇာတ်ကားထဲကာလို ဆန့်တန်းလိုက်သည်။
ဆိုင်ကယ်လေးမှာ အထိန်းအကွပ်မဲ့လျှက် အရှိန်အဟုန်ြဖင့်လိမ့်ဆင်းနေသည်။ လေတွေကလည်းတဖြတ်ြဖတ်တိုက်ခတ်
လျှက်ရှိသည်။
‘မင်းမျက်စိကို ဖြည်းဖြည်းချင်းဖွငြ့်ကည့်လိုက်’
သူမျက်စိဖွငြ့်ကည့်လိုက်ဟန်တူသည်။
‘ဟာ.....ဆရာလေး အရမ်း
အသည်းအေးတယ်ဗျ’
‘ဟား ဟား ဟား ဟား’
"WOW.........HOO........."
‘ဟား ဟား ဟား ဟား
ဟား’
‘ကျွန်တော်လည်းအော်မယ်ဗျာ..
"WOW.........HOO........."
ကောင်လေးနှစ်ယောက်၏
ပျော်မြူးစွာ ရယ်လိုက်သည့်အသံက ချမ်းအေးချိုလွင်နေသည့်ညကလေးကိုပြိုပီး အဓိပ္ပါယ်ရှိအနှစ်သာရ
ပြည့်စုံ အောင်ဖော်ဆောင်ပေးလိုက်သကဲ့သို့လမ်းမကြီးတစ်လျှောက် ပြန့်နှံ့သွားသည်။
‘YA………………….WOW…..HOOO’
‘တော်တ်ာမိုက်တယ်ဗျာ
အရမ်းသစ်တယ်’
‘ညမိုလို့ရတာကွ နေ့လယ်ဆိုရင်
ယာဉ်ထိမ်းရဲ ဖမ်းလိမ့်မယ် ဟားဟား’
နှစ်ဦးသားရယ်သံတွေ
ထပ်မှန်ထွက်ပေါ်လာသည်။ ထို့နောက်ဆိုင်ကယ်လေးသည်မြေပြန့်ပေါ်သို့ပြန်ရောက်လာသည်။ ကျွန်တော်သူ့ကို
ဂီယာပြန်လွှတ်ခိုင်းလိုက်ြပီးအရှိန်ြဖင့်မောင်းခိုင်းကာ အိမ်ပြန်လာခြဲ့ကသည်။ လမ်းတစ်လျှောက်လုံးသူ့ခါးကိုကျွန်တော်တင်းကြပ်စွာ
ဖက်ရင်းလိုက်ပါလာခဲ့သည်။
ကျွန်တော့်အချစ်စိတ်တွေသူ့အပေါ်တစ်စထက်တစ်စ
ဖိတ်ယိုနေပြီဆိုတာသေချာသထက်ပိုသေချာလာသည်။ ရင်ခုန်သံနွေးနွေးကြီးက ရင်ခွင်တစ်ဝိုက်တဝဲဝဲတလည်လည်
ရစ်ပတ်ြခုံသိုင်းလျှက်အပျော်တွေဗရဗြစ် နမ်းရှိုက်ရှုသွင်းရင်း ခုန်ပေါက်နေသော နှလုံးခုန်သံ
တွေနှင့်အတူတာဆီးမရသောကြည်နူး စိတ်တွေဖြင့် အပျြော်ကီးပျော်နေမိသည်။
သိပ်ချစ်တာပဲ အပြုံးလေးရယ်။
အိမ်ရောက်တော့ ညဆယ့်တစ်နာရီထိုးလုနီးနေပြီဖြစ်သည်။
ဆိုင်ကယ်ဦးထုပ်ကိုခေါင်းမှချွတ်လိုက်ပြီးကျွန်တော်သူ့ကိုပေးလိုက်သည်။ ဆိုင်ကယ်သြံကားတော့
အိမ်ထဲမှမေမေက ဓာတ်မီးတစ်လက်ကိုဟိုထိုးသည်ထိုးဖြင့်ထွက်လာ၏။
‘သားပြန်ရောက်လာပြီလား’
‘ဟုတ်ကဲ့အမေ’
မေမေကဓာတ်မီးကို ကျွန်တော်တို့နှစ်ယောက်ပေါ်သို့
ထိုးလိုက်သည်။ ထို့နောက် ‘ဟယ် နေ့လည်ကကောင်လေးပါလား ညကြီးမင်းကြီး မပြန်သေးဘူးလားသားရဲ့’
‘မဟုတ်ဘူးအမေ သားဆိုင်ကယ်ပျက်သွားလို့
သူလိုက်ပို့တာပါ’
‘ဪ သားကိုလိုက်ပို့တော့
သူကပြန်တာနောက်ကျနေရောပေါ့။ တော်တော်တောင်မိုးချုပ်နေပြီ တစ်ယောက်ထြဲပန်လို့ဖြစ်ပါ့မလား’
‘ရပါတယ်အန်တီ ကျွန်တော်ပြန်ရဲပါတယ်’
ပြန်ရဲသည်သာပြောသည်
သူ့ မျက်နှာ ကြိုကည့်လိုက်တာနှင့်သိသည် သူပြန်ရမှာကြောက်နေသည်။ ဘာကြောင့်မှန်းမသိ သူနှင့်
ပက်သက်လျှင်အမြဲတမ်း ကျွန်တော်ဂရုတစိုက်ရှိနေတတ်သည်။ တစ်ခါတစ်ရံကိုယ့်ကိုယ်ကိုတောင်
အြံ့သမိပါသေးသည်။ သူနဲ့ပက်သက်ြပီးရူးရူးမူးမူးဖြစ်နေသည့်အတွက်ပေါ့။
‘ဒီလိုလုပ်သားအိမ်ရဲ့
ဖုန်းနံပါတ်ကိုပြော အန်တီစိတ်မပူဖို့ဖုန်းဆက်ပေးမယ် ဒီညတော့မပြန်နဲ့တော့အရမ်းမိုးချုပ်နေပြီ
အန့်တီ့သား နဲ့ပဲအိပ်လိုက်ပေါ့။ တြော်ကာလမ်းမှာ မတော်တရော်တွေနဲ့တွေ့နေမှာ စိုးလို့ပါ’
‘ဟုတ်သားပဲကွာ မနက်ြဖန်လည်း
အစောကြီးစာသင်ချိန်မှမရှိတာ အဆင်ပြေမယ်ဆိုရင်ဒီမှာပဲအိပ်လိုက်ပေါ့’
ဒီတော့သူခေါင်းညိတ်ပါသည်။
သူ့ကိုပုခုံးမှဖက်ပြီးအိမ်ထဲသို့ ခေါ်လာခဲ့သည်။ အိမ်ထဲရောက်တော့ မေမေကဖုန်းဆက်ပေးမည်ဟု
ဆိုကာဖုန်းနံပါတ်တောင်းသွားသည်။ သူ့ကိုကျွန်တော့်အခန်းထဲကိုခေါ်လာခဲ့သည်။ ကျွန်တော့်အခန်းထဲရောက်တော့
သူကစူးစမ်းစွာ အခန်းကိုပတ်ြကည့်နေသည်။ နံရံတွင်ချိတ်ဆွဲထားသည့် ကျွန်တောရဲ့ဆုရဓာတ်ပုံတွေနှင့်
မေမေနှင့်တွဲရိုက် ထားသည့်ပုံများ ကျွန်တော့် ဂုဏ်ပြုလက်မှတ်များကို တအံ့တသြလိုက်ြကည့်နေသည်။
ကျွန်တော့်အခန်းထဲတွင်
ပရိဘောဂပစ္စည်းဟူ၍ ဘာမှမယ်မယ်ရရမရှိပါ။ ကုတင်အထက်နားတွင် စာအုပ်စဉ်တစ်ခုသာရှိသည်။ ထိုစာအုပ်စဉ်တွင်
ကျွန်တြော်ကိုက်သည့် စာအုပ်မျိုးစုံကိုစီစီရီရီတင်ထားသည်။ စာဖတ်ဝါသနာကြီးသည့် ကျွန်တော်က
စာအုပ်တွေ လည်းတော်တော်များများ ဝယ်ယူစုဆောင်းဖြစ်ခဲ့သည်။
ကုတင်စောင်းတွင်ထိုင်
စီးထားသည့် ဘွတ်ဖိနပ်ကိုချွတ်နေရင်းက ကျွန်တော်သူ့ကိုစိုက်ြကည့်လိုက်သည်။ သူ့မျက်လုံးတွေက
ဟိုသည် ဝှေ့ပတ်ြကည့်ရင်း အခန်းထောင့်တွင်ထောင်ထားသည့်ကျွန်တော့်ဂီတာကိုတွေ့ သွားသောအခါ
မျက်ဝန်းတွေအရောင်တဖျက်ဖျက်လတ်
သွားသည်ကိုတွေ့ရသည်။
ကျွန်တော်ထင်တာမမှားပါ သူဂီတာရှိရာသို့လျှောက်သွားပြီး ဂီတာကြီးကိုမကာ ကျွန်တော့်အနားသို့ယူလာ
သည်။
‘ဆရာလေးကဂီတာတီးတတ်တယ်လား’
‘နည်းနည်းပါးပါးတော့ရပါတယ်
ငါကဂစ်တာတီးပြီးသီချင်း ဆိုရတာကြိုကိုက်တယ်လေ။ တစ်ခါတစ်လေ ဆိုရင်သီချင်းဆိုလိုက်ရင်
ရင်ထဲမှာ ရှိတဲ့ခံစားချက်တွေကို ဖွင်ထုတ်လိုက်ရသလိုပဲ လူကပေါ့ပါးပြီးလန်းဆန်းတက်ြကွနေရော။
ဂီတာနဲ့သီချင်းက ငါ့ရဲ့ favourite တွေပဲ’
‘ဒါဆိုကျွန်တော့်ကို
သင်ပေးပါလား လက်ကွက်တစ်ခုလောက်ပေါ့။ ကျွန်တော်လည်းဂီတာတီးရတာကို အရမ်းသဘောကျတယ်။ ကိုယ့်လက်နဲ့တီးခတ်လိုက်လို့
ခုန်ပေါက်ြပီးထွက်လာတဲ့ သံစဉ်လေးတွေကိုနားထောင်ရတာ အရမ်းအရသာရှိမှာ ပဲနော် ဆရာလေး’
ကျွန်တော်သူ့ကိုမခိုးမခန့်လေး
ကြည့်လိုက်သည်။ သူတစ်ကယ်စိတ်ဝင်တစားပြောနေသည့် ပုံပါပင်။ သူ့မျက်ဝန်းက ဟန်ဆောင်မှုမရှိပဲ
ရိုးသားပွင့်လင်းစွာပြောနေသည်ကိုကျွန်တော်ခန့်မှန်းကြည့်လို့ရသည်။ ဂီတာကိုသူ့လက်ထဲမှ
ကျွန်တော်ယူလိုက်ကာလက်ကွက် အခြေခံတစ်ခုလောက် တီးပြပေးရန်ဆုံးဖြတ်လိုက်၏ ။
‘ဂီတာမှာ အခြေခံကစတီးမယ်ဆိုရင်
C-Family ကစတာကောင်းတယ်။ အဲ့ဒါအလွယ်ဆုံးပဲ။ ကြိုးကခြောက်ြကိုးရှိတယ် သေချာ ကြည့်နော်တီးပြမယ်’
‘ဟုတ်ကဲ့ ဆရာလေး’
‘အရင်ဆုံး နှစ်ြကိုးရယ်လေးကြိုးရယ်ငါးကြိုးရယ်ကို
ဖြိပီးခတ်လိုက်။ ...တွေ့လား ဒါက Key-C ။ ပြီးရင် နှစ်ြကိုးရယ်သုံးကြိုးရယ် လေး ကြိုးရယ်
ဒါက A m ပြီးရင် တစ်ြကိုးရယ်နှစ်ြကိုးရယ်သုံးကြိုးရယ် ဒါက Dm။ သံစဉ်တစ်ခုထွက်ဖို့ဆိုရင်
အရင်ဆံုး key-C ပြီးရင် Am ပြီးရင် key-F ပြီးရင် Dm ပြီးရင် key-G။ အဆုံးကတော့ key-G ပေါ့ကွာ
ဒီလိုပဲလှည့်ပတ်တီးနေတာကို C-Family လို့ခေါ်တယ်’
‘ဟုတ်ကဲ့’
‘ပြီးရင် D-Family
ဆိုတာရှိသေးတယ်။ D-Family မှာ အရင်ဆုံး key-D ပြီးရင် Bm ။ Bm ကကြိုးခြောက်ချောင်းလံုး
ဖိထားရတယ်။ ပြီးရင်key-G လာမယ် E m လာမယ်။ အဆုံးသတ်ကတော့ key-A ။ နောက်ပြီးတော့......’
‘ဆရာလေး’
‘ဟေ’
‘ကျွန်တော်မသင်တော့ဘူး’
‘ဟာ……..ဘာဖြစ်လို့လဲ’
‘တော်တော်လေးမူးသွားပြီဗျာ။
ဘာတွေမှန်းလည်းမသိဘူး ဆရာလေးလက်တွေကိုလိုက်ကြည့် နေရတာနဲ့တင်မျက်စိလည်နေတာ။ တော်တော်ရှုပ်တာပဲဗျ’
‘မသိရင်တော့ခက်တာပေါ့ကွာ
။ မင်းကိုတော့ချီးကျုးတယ် တော်တော်ဇွဲရှိလို့ ဟားဟား’
‘ဆရာလေးကလည်းဗျာ
.....’
ကျွန်တော်သူ့ကြိုကည့်ရင်း
မနေနိုင်တော့လောက်အောင်ပဲ အသည်းတွေအူတွေယားလာသည်။ ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိ ချစ်ဖို့ကောင်းနေသောသူ့ကို
တစိမ့်စိမြ့်ကည့်ရင်းအချစ်စိတ်တွေတားဆီးမရအောင် တိုးထွက်လာသည်။ သူ့အနားနားသို့အသာကပ်
ထိုင်လိုက်ကာ ပခုံးလေးကိုဖက်ထားမိလိုက်သည်။ ကျွန်တော့်ရင်ထဲမှာတော့ သံစုံတီးဝိုင်းတွေစည်းချက်ကျကျမြည်ဟီးနေသည်။
ပန်းနုရောင်ယှက်သန်းလျှက် သေသပ်နေတဲ့သူ့နှုတ်ခမ်းလေးကိုကြည့်ရင်း နမ်းချင်စိတ်တွေကိုမနည်းမျိုသိပ်ထား
လိုက်ရသည်။
သူ့အနားမှာ နေရသည်မှာ
ကျွန်တော့်အတွက် ဝဋ်ကြွေးတစ်ခုကိုခံစားနေရသလိုဒုက္ခပင်ပန်းဆင်းရြဲကီးလွန်းလှသည်။
‘ကျွန်တော့်ကိုသီချင်းတစ်ပုဒ်လောက်
ဆိုပြပါလား ဆရာလေး’
‘အင်း အခုလောက်ဆို
အမေအိပ်နေလောက်ြပီ အိမ်ပြင်ထွက်ရအောင်။ အိမ်နောက်ဖေးမှာ ငါသီချင်းဆိုနေကြ ခုံတန်းလျားလေးရှိတယ်’
‘ကောင်းသားပဲ ဆရာလေးရဲ့’
သူနှင့်ကျွန်တော်အိမ်နောက်ဖေးသို့
ရောက်လာကြသည်။ ထို့နောက်ကျွန်တော် ဂစ်တာကြိုးညိုကာ သီချင်းတစ်ပုဒ်ကို စတင်တီးလိုက်
သည်။
‘မိုလင်းတိုင်းလည်းမင်းစိတ်ပဲ
++++မိုးချုပ်တိုင်းလည်းမင်း စိတ်ပဲ ခဏတော့ခဲသွားမင်းမျက်နှာ
ငါတစ်ကယ်ဦးညွှတ်သွားပြီပဲ+++နောက်ထပ်မင်းနဲ့တွေ့ဆုံပါရစေ
နောက်ထပ်မင်းနဲ့တွေ့ရပါစေ
ဒီလိုအခွင့်ရေးမျိုးကိုလဲ
+++အချိန်ရှိတိုင်းပဲစောင့်နေ+++++++++ဘယ်သူဘယ်ကမှန်းလဲမသိပါ ဒီမျက်ဝန်းလေးထဲမှာ
+++++++
ငါတစ်ကယ်ကပ်ငြိသွားလို့မိမှာ
စိုးတယ်++++အကြိမ်ြကိမ်ငါလေခိုးကြည့်တိုင်းမှာ မင်းလေးပေးတဲ့အပြုံးဟာ ကမ္ဘာ
မြေကြီးအေးချမ်း အောင်လှနေလိုက်တာ’
‘ပြီးပါပြီဗျာ ဒီသီချင်းလေးရဲ့နာမည်က
အပြုံးလေးတဲ့ ဘယ်လိုနေလဲ နားထောင်လို့ကောင်းရဲ့လား’
‘ဆရာလေးက တော်တော်
Talent ရှိတာပဲဗျ။ ဂစ်တာလည်းတီးတတ်တယ် အသံလည်းကောင်းတယ် ရုပ်လည်းချောတယ် ပညာလည်း တော်တယ်
အရမ်းအရမ်းကိုမိုက်တယ်’
‘ဒီမနက်မနက်စာကို
မင်းကိုငါလိုက်ကျွေးမယ် ဘာစားမလဲ’
‘ဟားဟား မြှော က်ပြောတာမဟုတ်ပါဘူး
ဆရာလေးရာ တစ်ကယ်ပြောတာပါ’
မင်းပျော်နေတယ် ပြုံးနေတယ်ဆိုရင်ပဲ
ကျေနပ်ပါတယ်။ နှုတ်ခမ်းပါးက ပွင့်လန်းလာမယ့် အပြုံးလေးတစ်ပွင့်ကိုပဲ မက်မက် မောမော နမ်း
ရှိုက်နေချင်ခဲ့မိတာပါ။ မင်းကိုလေ ကိုယ့်အသွေးအသားထဲက စိတ်ဝိဥာဉ်ထဲကကို
ချစ်နေပါပြီကွာ။ ကိုယ့်ခန္ဓာအနှံ့ လှည့်ပတ်စီးဆင်း နေတဲ့ သွေးတွေထဲမှာတောင်
မင်းကိုချစ်တဲ့အချစ်တွေ လည်ပတ်စီးဆင်းနေပြီဆိုတာ မင်းသိရဲ့လား…။
‘ကဲအပြင်မှာတော်တော်အေးနေပြီ
ခြင်လည်းကိုက်တယ် အိမ်ထဲဝင်ရအောင်’
‘ခြင်ကိုက်တာပဲဗျာ
သည်းခံလိုက်စမ်းပါ။ ကျွန်တော် ဒီမှာလမင်းကြီးကြိုကည့်လို့မဝသေးဘူးဗျ။ ညအမှောင် ကလည်းလှတယ်
လမင်းကြီးကလည်းလှတယ် မိုးတိမ်တွေကလည်းလှတယ် ကြယ်ကလေးတွေကလည်းလှတယ် ဆရာလေးကလည်း
....’
‘ဟာ ဟိုးထား ဟိုးထား
ဆရာလေးကတော့မလှပါရစေနဲ့ မောင်ရင်ရယ်။ ရှစ်ြကီးခိုးပါတယ် တောင်းပန်ပါတယ်ဗျာ’
‘ဟား ဟား ဟား ဟား’
‘လူတိုင်းလူတိုင်းမှာ
ဘယ်လိုမှကို သည်းမခံနိုင်တဲ့ Phobia (ကြောက်ရွံ၊မနှစ်သက်မှု) တစ်မျိုးစီရှိတတ်ြကတယ်တဲ့။
ငါ့ရဲ့ Phobia ကတော့ ခြင်တွေပဲ။mosquitophobia ပေါ့ကွာ ။ ဒါကြောင့်အိမ်ထဲဝင်မယ်။ ခြင်ကိုက်တယ်’
‘ပြီးရင် အိပ်မယ်
ဆရာလေးနဲ့ကျွန်တော်နဲ့………. ကုတင်ပေါ်မှာ ကလေးမွေးရအောင် ဟိဟိ’
ကျွန်တော်သူ့ကိုလနြ့်ပီးကြည့်လိုက်မိသည်။
သူကကျွန်တော့်ကို မျက်လုံးတစ်ဖက်မှိတ်ြပသည်။
‘ခွေးကောင်’
‘ဟား ဟား ဟား ဟား’
X x x
ဖူးငုံနေသောမနက်ခင်းကြီးသည်
ပွင့်သစ်စပန်းလေးတစ်ပွင့်လို ရွှင်ရွှင်လန်း တက်ြကွနွိုးထလာခဲ့သည်။ မနက်မိုးစင်စင်လင်းပါပြီ။
ကျွန်တော့်အာရုံတွေလည်း အသစ်တစ်ဖန်ြပန်လည်မွေးဖွားကာအားအင်တွေပြည့်ဖြိုး မို့မောက်နေသည်။
ရေညှိတွေအထပ်ထပ်လိမ်းကာ
အုတ်တံတိုင်းပေါ်တွင်ပေါက်နေသည့်
ဖွေးဖွေးလှုပ် အကြင်နာ မှိုပွင့်ဖားဖားကြီးတွေသည် ကျွန်တော့်နှလုံးသားကို အပတ်တကုတ် အမြစ်
တွယ်လျှက်တစ်စတစ်စ နို့စို့ကလေးအရွယ်မျှမကတော့ဘဲ ကြီးထွားလာကြသည်။
တစ်ကယ်တော့ကျွန်တော်သည်
မြတ်နိုးထွေးပွေ့ ယုယခြင်း သဒ္ဓါမိုးရေအိုင်ထဲကအငှါးခန္ဓာ ဖြင့်တရွေ့ ရွေ့သွားနေရသည့်
ဝင်ကစွပ် တစ်ကောင်လောက်မျှ အသုံးမကျပါလား။
ကျွန်တော်မယြုံကည်ဘဲ
ကိုးကွယ်နေတဲ့ကံဆိုတဲ့အရာကြီးကို ချိုလိမ်တစ်ခုလို မက်မက်မောမောစို့ကာ မဖိတ်ခေါ်ပဲရောက်ရှိလာသည့်
အခွင့်ရေးတွေကို ပုတ်ချပြီးငြင်းဆန်နေဦးမည်ဆိုပါကကျွန်တော့်ထက်မိုက်မဲသည့်လူတောင် ကျွန်တော့်လောက်မိုက်မဲတော့မည်မထင်
ဘူးနော်။
တဖျတ်ဖျတ်လှုပ်ခတ်နေတဲ့
ကျွန်တော့်ရဲ့ရင်ခုန်သံအပိုင်းအစတွေသည် လေပင့်ရာဟိုသည်ရွေ့လျားလျက် အသိုက်ပျောက်နေသည့်
ငှက်ပေါက်စလေးတစ်ကောင်လိုဦးတည်ရာမဲ့ပျံသန်းလိုက်နားလိုက်လုပ်ကာ ချွေးတွေပြန်ပြီးမောဟိုက်နွမ်းလျနေခဲ့သည်။
ကျွန်တော် တစ်ကယ်ပဲ သရဲဘောကြောင်သည်လား သို့မဟုတ် စဉ်းစားဆင်ခြင်တုံတရားများက အရာရာကိုလက်တွန့်နေစေသည်လားမသိပါ။
ကျွန်တော့်နှလုံးသားကိုလည်း ကျွန်တော်ခြေကျင်းခတ် အချုပ်ချထားခဲ့သည်မှာ နှစ်ပရိစေဒ္ဆ
ကြာမြင့်စပြုလာပြီဖစ်သည်။ ယခုတော့ ကျွန်တော့်နှလုးံ သားကကျွန်တော့်ကိုအနူးအညွတ် တောင်းဆိုနေသည်
သူ့ကိုလွတ်လပ်စွာ ချစ်ခွင့်ပေးပါတဲ့။
ကျွန်တော်ရက်ရက်ရောရောကြီး
ခွင့်ပြုပေးလိုက်ချင်ပါသည် သို့ပေမယ့် ဘယ်လိုစခန်းသွားရဦးမည်မသိသော အနာဂတ်ြကီးရဲ့
မရေရာ မှုတွေကကျွန်တော့်ကိုချိမ်းခြောက်နေသဖြင့် ကျိတ်မှိတ်ြပီးတောင့်ခံနေခဲ့ရသည်။ အသုံးမကျမှုတွေထဲမှာပျော်ဝင်နေသည့်
ပိုးဟပ် တစ်ကောင်လို ခုံဖိနပ်တစ်ရံလောက်တောင် မိမိကိုယ်ကိုယုံကြည်မှုမရှိပါ။ ကျွန်တော့်၏ကံဆိုးမှုတွေကို
Venusဆိုသည့်အချစ်နတ်သမီးထံ
လွှဲပြောင်းပေးလိုက်ချင်သည်။
တိတ်တဆိတ်ခါးသီးမှုတြွေကားထဲ နစ်မွန်းနေသည့်ကျွန်တော် လှုပ်လေမြုပ်လေအချစ်နွံထဲမှ ဘယ်လိုရုံးထွက်ရမှာပါလိမ့်။
ဒီကိစ္စကိုစခဲ့သူ အပြုံးလေးကိုပဲကျွန်တော်
အပြစ်တင်ရမည်လား။ သို့မဟုတ်ကြွေလွယ်တတ်လွန်းသည့် ကျွန်တော့်နှလုံးသားကိုပဲ အပြစ်တင်ရမည်လား။
မရေရာမသည်းကွဲသော အတွေးတွေကသာ တစ်စထက်တစ်စ ကျွန်တော့်အူတွေအသည်းတွေကို ဖောက်ြပီးစားသောက်ပစ်ခဲ့သည်။
ရင်မောရပါသည်။ လူတွေမှာ
ချစ်တတ်တဲ့စိတ်မရှိလျှင် ကမ္ဘာကြီးသည်အခိုက်အတန့်တော့ အေးချမ်းသွားလိမ့်မည်ထင်သည်။ အလှူ
မီနီယံမျက်နှာကျက်ြကီးကြိုကည့်ကာ သက်ပျင်းငွေ့ငွေ့တစ်ခုကို နံနက်ခင်း၏ရှေ့ ပြေးတေးသွားတစ်ပုဒ
် အဖြစ်ကျွန်တော်ထေွး ထုတ်ပစ်လိုက်သည်။
ဘယ်ဘက်လက်မှလက်ပတ်နာရီကြိုကည့်လိုက်တော့
နံနက်ခုနှစ်နာရီထိုးနေချေပြီ။ အပြုံးလေးကြိုကည့်လိုက်တော့ ကျွန်တော့်ဘေး တွင်ကွေးကွေးလေးအိပ်နေရှာသည်။
ညကသူနှင့်ကျွန်တော် စကားတပြောပြောဖြင့်ဘယ်အချိန် အိပ်ပျော်သွားမှန်းပင်မသိပါ။
ဘာမှမသိပဲအိပ်ပျော်နေသည့်
သူ့ကြိုကည့်ရင်းကျွန်တော် နှစ်နှစ်ကာကာပြုံးလိုက်မိသည်။ အမှတ်မထင်ဆုံတွေ့ခဲ့ရာမှ အသည်းနှလုံးထဲ
နင့်နေအောင်သူ့ကိုကျွန်တော်ဘယ်လိုချစ်မိသွားမှန်းမသိပါ။ ကျွန်တော်ကုတင်အထက်ဘက်ကိုနည်းနည်းလျောတက်လိုက်ြပီး
သူ့ မျက်နှာလေးကို အနီးကပ်စိမ်ပြေနပြေ ကြည့်နေလိုက်သည်။ ယောကျာ်းလေးတန်မဲ့ လှပလွန်းတဲ့သူ့နှုတ်ခမ်းလေးကိုသာ
အကြိမ်ကြိမ် နမ်းရှိုက်ချင်မိပါတော့သည်။ အမှတ်မထင်ကျွန်တြော်ကည့်မိနေတုန်း သူ့မျက်လုံးတွေဖျတ်ကနဲ
အစုံလိုက်ပွင့်လာသည်။
‘Wow
ဆရာလေးဘာလုပ်မလို့လဲ’
ကျွန်တော်သဘောကျစွာ
ရယ်လိုက်မိသည်။ သူလန့်သွားသည့်ပုံလေးက တစ်မျိုးလေးချစ်ဖို့ကောင်းနေပါသေးသည်။ မျက်လုံးလေးပြူးပြူး
လေးဖြင့် ကျွန်တော့်ကို ကြည့်နေသည်လေ။
‘မင်းကိုနှိုးမလို့ပါ
ဟဲဟဲ တော်တော်လန့်သွားလား’
‘လန့်တာပေါ့ဗျာ အိပ်ယာနိုးနိးု
ချင်းမျက်လုံးဖွင့်လိုက်တာနဲ့ ဆရာ့မျက်နှာကြီးကို ဘွားကနဲတွေ့လိုက်ရတာကိုး’
‘ဟားဟား ကဲကဲထတော့
မျက်နှာ သစ်။ ပြီးရင်အပြင်ထွက်ြပီး မနက်စာသွားစားရအောင်။ မင်းကိုငါစားနေကျတိုဟူးနေွးဆိုင်ခေါ်သွားမယ်
အဲ့ဒီက ရှမ်းမကြီးရဲ့တိုဟူးနွေးက အရမ်းစားလို့ကောင်းတာကွ’
(စကားချပ်။ ။ တိုဟူးနွေးဆိုသည်မှာ
ကုလားပဲကို အနှစ်ရအောင် ကြိတ်ပြီး ပွက်ပွက်ဆူအောင်ကြိုထားသော တိုဟူးအဆင့် မရောက်
သေးသည့် အနှစ်ခပ်ပြစ်ပြစ်ကို ခေါက်ဆြွဲဖင့်ရောကာစားသည့် ရှမ်းပြည်နယ်၏နာမည်ြကီး ရိုးရာခေါက်ဆွဲတစ်မျိုးဖြစ်သည်။
ရှမ်းပြည်နယ်သားများအဖို့
အထူး တလည်ရှင်းပြရန် လိုမည်မထင်ပါ (စာရေးသူ) )
‘ဟုတ်လားကောင်းတာပေါ့
ကျွန်တော်လည်းတိုဟူးနွေးကြိုက်တယ်။ အဝဆွဲမှာနော်ဆရာလေး’
‘ကောင်းပါပြီကွာ’
မိုးရာသီအစတစ်ခု၏
နံနက်ခင်းလေးသည် သာသာယာသာပင်ရှိနေသည်။ နေရောင်ကစူးရှတောက်ပနေပေမယ့် နံနက်ခင်းနေမိုလို့လား
မသိစိတ်ကိုတစ်မျိုး ကြည်လင်လန်းဆန်းတက်ြကွနေစေသည်။
တိုဟူးနွေးဆိုင်လေးသည်
အိမ်နဲ့မလှမ်းမကမ်းတွင်သာရှိသောကြောင့်လမ်းလျှောက်၍သာလာခြဲ့ကသည်။ တိုဟူးနွေးဆိုင်သို့ရောက်သော်
ဆိုင်ရှင်ရှမ်းမကြီးကအပြုံးဖြင့်ဆီးကြိုကာနေရာချပေးသည်။ ကျွန်တော်တို့ကိုစားပွဲတစ်ခုတွင်
ထိုင်စေလိုက်ြပီး ကျွန်တော့်ကိုမေးလာသည်။
‘အေဖူ့စိုင်းကော့၌ပင်နောင့်ဆူအာ’
(ဒီကောင်လေးက သားညီလေးလား)
‘မကျိုက်ခ ပင်တိုင်းကော့တူခ’
(မဟုတ်ပါဘူး ကျွန်တော့်သူငယ်ချင်းပါ)
‘ကျိုက်အာ လောင်းတေ့တေ့အော
နာ့လီဟတ်တေ့’ (ဟုတ်လား အရမ်းချောတယ်နော် ချစ်စရာလေး)
‘ဩခပ’ (ဟုတ်ကဲ့ပါအန်တီ)
‘မယ် ဆူကော့လောင်းယူနာ
ဆူဆောင်ကော့ မွန်ကန်ကွဲ’ ( အဟင်းသားလဲချောပါတယ်နော် သားတို့နှစ်ယောက်လုံး အတူတူပါပဲ)
‘ကျွမ်းန်းခဩပ’
(ကျေးဇူးပါပဲအန်တီရယ်)
ရှမ်းမကြီးကကျွန်တော်တို့
နှစ်ယောက်ကြိုကည့်ကာ တခစ်ခစ်ဖြင့်သဘောကျပြီး အနားမှထွက်သွားသည်။ ခဏနေတော့ တိုးဟူးနွေး
နှစ်ပွဲကိုမုန်ညှင်းချဉ်ခွက်လေးတြွေဖင့်လာချပေးသည်။ တိုဟူးနွေးမှာ အငွေ့တွေ တထောင်းထောင်းထနေပြီး
စားချင်စရာပါပင်။ ကျွန်တော့်ဗိုက်ထဲမှာလည်း တဂွီဂြွီမည်နေသည်။
‘ကျင်လွဲလွဲနာ’
(ဖြည်းဖြည်းစားကြနော်)
‘ဩခပ’ (ဟုတ်ကဲ့ပါအန်တီ)
ထို့နောက်ရှမ်းမကြီးက
ဆိုင်ရှေ့သို့ပြန်ထွက်သွားသည်။
‘ဆရာလေးရှမ်းအန်တြီကီးနဲ့
ဘာတွေပြောနေတာလဲ’
‘ဪသူကမင်းကိုအရမ်းချောတယ်တဲ့။
သူ့မှာလည်းသမီး ချောလေးတစ်ယောက် ရှိတယ်တဲ့ အဲ့ဒါမင်းကိုသမက်တော်ချင်လို့တဲ့။ အစကငါ့ကိုတော်မလို့တဲ့
အခုတော့မင်းကိုပဲတော်တော့မယ်တဲ့လေ’
‘ဟား ဟား ဆရာလေးကလည်း
ပေါက်ကရတွေပြောနေ။ ဆရာလေးကရှမ်းစကားမွတ်နေတာပဲနော်’
‘ဒါပေါ့မွေးကတည်းက
ရှမ်းပြည်ရောက်နေတာကို ဒီလောက်တော့ရှိမှာပေါ့။ မင်းကောနည်းနည်းမှမတတ်ဘူးလား’
‘ကျွန်တော်သိတာဆိုလို့
ဟောင်းဟတ်ဆူ(ငါနင့်ကိုချစ်တယ်)ရယ် ဖူမေ့(အခြောက်)ရယ်မားလယ်ကျင်ခေါက်ဖိနပ်ပျောက် ရယ်ပဲသိတယ်
ဟိဟိ’
‘ဟား ဟား ဟား ဟား’
‘ရှမ်းဗမာစကား သင်တဲ့ကဗျာလေးတောင်ရှိသေးတယ်
ငါရွတ်ြပမယ်။ ခရမ်းသီးမခို၊ ကျားကိုဆို၊ယုန်ကိုပန်တိုင်း၊ မီးကိုဖိုင်း၊ ခရုကိုဟွယ်၊
တောင်ကိုလွယ် တဲ့’
‘ဟား ဟား ဟား ဟား’
ကျွန်တော်တို့နှစ်ဦးသား
တိုင်ပင်မထားပဲရယ်လိုက်ြကသည်။ ထို့နောက်ပန်းကန်လုံးလေးထဲမှ မုန်ညှင်းချဉ်တွေကို သူကျွန်တော့်ကို
တူနဲ့ညှပ်ထဲ့ပေးလေသည်။ ကျွန်တော့်ဆီကအပျော်တွေသူ့ဆီကူးစက်သွားသည်ထင်သည်။ သူ့မျက်နှာ
လေးက ပြုံးရွှင်နေသည်။ အခုလို ကျွန်တော့်ကိုဂရုတစိုက် ရှိနေခြင်းကပင် သူ့ အပေါ်ဦးညွတ်စေလောက်သည့်
အဓိကဆွဲဆောင်မှုတစ်ခုလားပင်မသိပါ။
‘ဆရာလေး’
‘ဆရာလေးကို ကျေးဇူးတင်တဲ့အနေနဲ့
ကျွန်တော်လက်ဆောင်ပေးမယ် ယူမှာလား’
‘ဘာလက်ဆောင်လဲ ယူမှာပေါ့ကွာ
။ အလကားရရင် ထမင်းရည်တောင်သောက်မယ်’
သူသဘောကျစွာ တစ်ချက်ပြုံးလိုက်ပြီး
လွယ်အိတ်ထဲမှ သံဘူးလေးတစ်ခုထုတ်လာသည်။ထို့နောက်ကျွန်တော့်ရှေ့သို့ ချပေးလေသည်။
‘ဒါကဘာဘူးကြီးတုန်း’
‘သိချင်ရင်ဖွငြ့်ကည့်ပေါ့
ဆရာလေးရယ်’
ကျွန်တော်သူ့ကိုမသင်ကာသလို
တစ်ချက်ြကည့်လိုက်ပြီး စားနေသည့်တြူကီးကိုချကာသူပေးသည့်သံဘူးလေးကို အဖုံးမှလှည့်ဖွင့်ကာ
အတွင်းရှိပစ္စည်းကိုနှိုက်ယူလိုက်သည်။ အတွင်းမှပစ္စည်းလေးထွက်လာသောအခါ ကျွန်တော်မျက်လုံးပြူးသွားသည်။
‘Underwear ကြီးပါလား။
အလယ်မှာလည်း ကြောင်ရုပ်ကြီးနဲ့။ ကြောင်ကလည်းရုပ်ဆိုးလိုက်တာပြောမနေနဲ့’
‘ဟီ ဟီ ဟီ ဟီ’
‘ဒီကြောင်ရုပ်ြကီးနဲ့
ငါကဘယ်လိုဝတ်ရမှာလဲ’
‘ဝတ်ပါဆရာလေးရယ် ကျွန်တော်ကဝတ်စေချင်လို့ပေးတာပဲကို။
အဲ့ဘူးလေးထဲမှာ နှစ်ထည်ပါတာတစ်ထည်ကကျွန်တော်ယူထားတယ်။ တစ်ထည်က ဆရာလေးဝတ်ပေါ့ဗျာ။ ကြောင်လေးကချစ်စရာလေးပါ။
နှုတ်ခမ်းမွှေးလေးနဲ့ အမှတ်တမြဲ့ကည့်ရင် ဆရာလေးနဲ့ တောင်တူ နေသေးတယ်’
‘ဟီ ဟီ ဟီ ဟီ’
‘ပေါက်ပေါက်ရှာရှာ
ဇင်မင်းသူရာ’
ကျွန်တော်စိတ်အချဉ်ပေါက်လာသည်နှင့်
သူ့ပါးစပ်ထဲသို့ မုန်ညှင်းချဉ်တွေရွဲ့ ပြီးခွံ့ထဲ့လိုက်သည်။ ကျွန်တော်ခွံ့ ပေးလိုက်သည့်
မုန်ညှင်းချဉ်တွေကို မျက်နှာ ကြီး ရှုံ့ကာမဲ့ကာ စားလေတော့သည်။ တိုဟူးနွေးဆိုင်မြှပန်လာသည့်အခါ
အိမ်တွင်ရှိသောဆိုင်ကယ် ကိုယူကာ သြူပန်သွားသည်။
ကျွန်တော့်အတွက်
မျှော်လင့်ချက် ရောင်ခြည်လေးသည် တစ်ဖြေးဖြေးလင်းသထက်လင်းလက်လာခဲ့သည်။ ကျွန်တော်ေ၀၀ါးနေခဲ့သော
အချိန်တွေကုန်လွန်ပြီးဆုံးသွားပေမယ့်အနာဂတ်တွင် ရှိနေသည့် မိှန်ြပပြ လမ်းငယ်လေးအတွက်
လှမ်းဖို့ ပြင်ဆင်နေသည့် ကျွန်တော့် ခြေလှမ်းတွေကတော့ သွေးမဆုတ်ပဲတက်ြကွလို့နေပါသည်။
ကျွန်တော်တစ်ကယ်ပဲသူ့ကိုချစ်နေမိပါပြီ။
ဘယ်အချိန်ခါကတည်းက ပွင့်ထွက်ချင်နေမှန်း မသိတဲ့ ကျွန်တော့်ရင်ထဲက အချစ်၏စွမ်းပကား တွေက
အခုချိန်မှာ တရုန်းရနုးတဟုန်းဟုန်းဖြင့် ကျွန်တော့်ရင်ကိုတံခါးခေါက်နေချေပြီ။ ချိုမြိန်သည့်
အကြင်နာ ၀တ်ရည်ထဲမှာ နစ်မြောမိ နေသည့် ကျွန်တော် ရုန်းထွက်ငြင်းဆန်ဖို့ မကြိုးစားပဲ
အချစ်နောက်ကို ကောက်ကောက်ပါအောင် လိုက်ဖို့သာ အချိန်ရှိတိုင်းတွေးနေ မိသည်။ သူဟာ ကျွန်တော့်အတွက်
တင်စားစရာမရှိတဲ့ မြတ်နိုးဆုံးအရာ တစ်ခုလို ကျွန်တော့်ရင်ထဲမှာ ကပ်ငြိနေသည်ဆိုလျှင်
လူတော်တော်များများက ကျွန်တော့်ကို ငကြောင်ဟုမြေကြီးလက်ခက်မလွဲ ကဲ့ရဲ့ ကြလိမ့်မည်
ထင်သည်။
မည်သူတွေ မည်သို့ပင်ပြောကြပါစေ
ကျွန်တော့်ရင်ထဲက အပြုံးလေးကို ချစ်တဲ့စိတ်ကဘယ်တော့မှပြောင်းလဲသွားမှာ မဟုတ်သလို ဘယ်တော့မှလဲ
ပျောက်ပျက်သွားအောင် ချေဖျက်လို့ရနိုင်လိမ့်မည် မထင်ပါ။ ကျွန်တော် သူ့ကိုချစ်သည်။ အသက်ထက်မက
ကိုရူးရူးမူးမူး စွဲစွဲလန်းလန်းတမ်းတနေမိသည်။ သိပ်ပြီးချစ်ဖို့ကောင်းသည့် သူနှင့်ကျွန်တော့်ကို
ဆုံဆည်းခွင့်ပေးသောလောကကြီးကိုသာ အော်ဟစ်၍ကျေှးဇူးတင်စကားတွေ တစ်ဝကြီးပြောပြစ်လိုက်ချင်သည်။
ကျွန်တော်သူ့ကို တစ်စက္ကန်
့လေးတောင်မခွဲချင်တော့ဘူးဗျာ...............
X x x
“၀ါးကွဲထမ်းပိုး၊
ဆိုင်းပေါင်ကျိုးနှင့် ပုဆိုးညစ်တေ ရောင်ထန်း စေ့မှုတ် ခေါင်းမွေးစုတ်တဲ့ကျုပ် ဖအေငယ်၊
ရေကိုရောင်းစား မောင့်စွမ်းအားနှင့် စီးပွားတစ်နှစ် ဘယ်လောက်များဖြစ်ပါတုန်း စစ်စစ်ပေါက်ပေါက်၊၀မ်းရေးလောက်၍
စားသောက်သညြ့်ပင် လက်ကပ်ခြေကပ် ပိုမိုမြတ်လို့အဖတ်တင် အိပ်တွင်ထုတ်ရကျုပ်မောင်လှမှာ
ငွေစဘယ်လောက်များသလဲ ခါးဝတ်လဲမှာ မလွဲစင်စစ် မျက်ြမင်ဖြစ်၍ မစစ်သာဘူး၊ဘလာချွတ်ြခုံ
ဖွားဖက်တော်မှ မပေါ်ရုံလုံအောင် အနိုင်ဖုံးရတယ်။ စားဖွယ်သောက်ခင်း ဘယ်ထမင်းနဲ့ ဘယ်ဟင်းချဉ်ချိုတဲ့နှယ်များ
မျိုရတုံး၊ နှမလိုစိတ်ကစွဲလို့ဖြစ်နှဲကိုပြန်စမ်းပါမောင်ြကီးရယ်”
“ဒီစာပဒ်ုမှာ ရေသည်ယောက်ျားနဲ့
ရေသည်မိန်းမက ဗာရာဏသီ မြို့လည်ခေါင်မှာတွေ့တော့ ရေသည်မိန်းမက ရေသည်ယောကျာ်းကို စူးစမ်းလေ့လာချင်တဲ့သဘောနဲ့
ပြောထားတာပါ။ရေသည်မိန်းမ သူ့ဘ၀က ဆင်းရဲတွင်းနက်လွန်းလို့ မုရင်း ထမင်းနဲ့ ချဉ်ပေါင်းဟင်း
ကျွေးနိုင်တဲ့ယောကျာ်းများရရင် ကောင်းမယ်လို့ တွေးထားတာကိုး။ အခုရေသည်ယောကျာ်းကို
တွေ့တော့ရေသည်မိန်းမက ခေတ် စကားနဲ့ပြောရရင် ဂွင်ဖန်တယ်လို့ ပြောရမှာ ပေါ့။ အဲ့ဒါကို
ဦးပုညကအဖွဲ့ အနွဲ့ တွေ အလကာင်္ တွေနဲ့ရေးထားတော့ တော်ရုံတန်ရုံသိပ် နားမလည်ဘူး ဖြစ်နေတာနေမှာဆရာမင်းတို့
ကိုထပ်ရှင်းပြမယ် ဟုတ်ြပီလား”
“ဟုတ်ကဲ့ပါ ဆရာ”
”၀ါးလုံးကွဲ နဲ့ဆိုင်းထမ်းကိုထမ်းထားပြီး
ညစ်ပေနေတဲ့ ပုဆိုးကိုဝတ်ဆင်ထားကာ ထန်းစေ့လောက်ရှိတဲ့ သျှောင်ထုံးလေးနဲ့ ခေါင်းမွေးတွေစုတ်နေတဲ့
ကျုပ်ဖအေလေးရယ်တဲ့မောင်ြကီးခွန်အားနဲ့ ရေရောင်း စားလို့ တစ်နှစ်ကိုစီးပွား ဘယ်လောက်ဖြစ်ပါသလဲတဲ့။
ချွေချွေတာတာသုံးစွဲလို့ ၀၀လင်လင်စားရသောက်ရတဲ့အပြင် ငွေပိုငွေလျှံလေးတွေ စုမိဆောင်းမြိပီးအိမ်မှာ
သိမ်းထားတာ ဘယ်လောက် ရှိပါသလဲတဲ့။ ခါးမှာ ၀တ်ထားတဲ့ ပုဆိုးကတော့ မျက်မြင်ြဖစ်နေလို့ပြောတော့ပါဘူးတဲ့
ဘယ်လိုထမင်းနဲ့ ဘယ်လိုဟင်းတွေ စားရ သောက်ရတယ်ဆိုတာကို နှမလေးလိုစိတ်ထဲမှာ ထားပြီ
ပြောပြစမ်းပါမောင်ြကီးရယ်တဲ့၊ ရေသည်မိန်းမက ရေသည်ယောကျာ်းကို
မေးထားတဲ့မေး ခွန်းလေးတွေပေါ့
သူကယောက်ျားလိုချင်နေတာ ဆိုတော့ သေသေချာချာ စေ့စေ့စပ်စပ်ကိုမေးထားတာလေ။ စာပုဒ် လေးကတော့
ရှင်းပါတယ် ရိုးရိုးလေးပါပဲ ဆရာရှင်းပြတာကိုနားကောလည်ကြရဲ့လား မသိဘူ ”
”ရှင်းပါတယ် ဆရာ
ကျောင်း ကဆရာမတွေသင်တာ ကမြန်လည်းမြန်တယ် သိပ်လည်းမရှင်းဘူး ဆရာအခုဆရာရှင်းပြတာနဲ့ နည်းနည်းတော့ကွဲနေတယ်”
အရှေ့ဆုံးခုံမှကျောင်းသား
တစ်ယောက်က ထပြောသဖြင့် ကျွန်တော်ထိုကျောင်းသားကို စေ့စြေ့ကည့်လိုက် မိသည်။ ကျောင်းသား
ကျောင်းသူအားလုံးက စာကျက်နေချိန်တွင်ကျောင်းမှသင်လိုက်သည့် ရေသည်ပြဇာတ်ကို နားမလည်ဘူးဟုဆိုကာ
တစ်ယောက် တစ်ပေါက်ထပြောနေကြသဖြင့် ကျွန်တော် အားလုံးကိုစုခေါ်လိုက်ကာတက်သလောက်မှတ်သလောက်လေးကိုပြန်လည်ရှင်းပြ
နေခြင်းဖြစ်သည်။ Study Guide ဆိုပေမယ့် ကျောင်းသားများ စာနားမလည်သည့် အခါတွင်တော့ တစ်ပုဒ်တစ်လေလောက်ထ
သင်ပေးရတာမျိုးတွေ ရှိနေရသည်။
“အင်း ဟုတ်တယ် ကျောင်းမှာ
သင်တဲ့ ဆရာတွေက များသောအားဖြင့် စာကိုပြီး ပြီးရောသင်ြကတာများတယ်။ ကျုရှင်ရောက်မှ သူတို့က
ကောင်းကောင်းသင်ြကတာလေ။ ဆရာတို့တုန်းကလည်း အဲ့လိုပဲကျောင်းကသင်လိုက်ရင် ဘာမှကိုနားမလည်ဘူး
အဆောင်ရောက်မှ ဆရာကိုပြန်မေးရတယ်”
“ကျောင်းက ဆရာတွေ
ဆရာမတွေက စာကိုဘာလို့သေချာနားလည်အောင် ရှင်းမပြတာလဲ ဆရာ”
“သြော် ဒါကတော့ သူတို့
အပိုင်းလေ ကျောင်းမှာနားမလည်တော့ ကျောင်းသားတွေကကျုရှင်တက်ကျတယ်လေ ကျုရှင်တက်တော့ သူတို့ကပိုက်ဆံပိုရတာပေါ့။
တစ်ကယ်လို့ကျောင်းကဆရာတွေသာကောင်းကောင်းသင်ပေးမယ်ဆိုရင်အခုလိုကျူရှင်တို့ဘော်ဒါ ဆောင်တို့ဆိုတာအလုပ်ဖြစ်မှာ
မဟုတ်ဘူးလေ”
ကျွန်တော့်စကားဆုံးတော့
ကျောင်းသားတွေ သက်ပြင်းတွေချကုန်ကျတာတွေရသည်။ ကျွန်တော်သူတို့ကို ၾကညျ့္ပးီ မခ်င့္မရျဲပံဳးလုိက္မိ
သေးသည်။ ထိုစဉ်သူတို့ကြားထဲမှ ကျွန်တော့်ဆီသို့အသံတစ်သံထွက်ပေါ်လာသည်။
“ဒါပေမယ့် အခုဆရာလေးရှင့်းပြတာလဲ
သိပ်မရှင်းပါဘူး ကျွန်တော်တော့သိပ်နားမလည်ဘူး”အသံလာရာဆီ သို့ ကျွန်တော်လှမ်းကြည့် လိုက်မိသည်။
ဘယ်သူများလဲလို့ အပြုံးလေးကိုး။
ကျွန်တော့်ကို ပြုံးပြနေပြန်ပါသေးသည်။
သူ့အပြုံးကသည်တစ်ခါတော့ ရွတ်နောက်နောက်အပြုံးမျိုးဖြစ်သည်။ ကျွန်တော့်ကို လူအများရှေ့မှာ
ဘာတွေခေါင်းစားဦးမည် မသိပါ။ တော်တော်တော့စိတ်ညစ်ရဦးမည် ထင်သည်။
“ကဲပြောပါဦး ကိုဇင်မင်းသူက
ဘယ်နေရာမှာမရှင်းတာတုန်း ”
“ဆရာလေးက စာရှင်းပြတာကို
ကျော်ပြီးရှင်းပြတယ် ကျန်တဲ့နေရာတွေ သူဟာနဲ့သူကွတ်တိပါပဲ ဒါပေမယ့် ခါးဝတ်လဲမှာ မလွဲစင်စစ်
မျက်မြင်ဖြစ်၍ မစစ်သာဘူး၊ ဘလာချွတ်ခြုံ ဖွားဖက်တော်မှမပေါ်ရုံလုံအောင် အနိုင်ဖုံးရတယ်
ဆိုတဲ့ စာကြောင်းမှာ ဆရာလေးရှင်းပြတာ ကျော်သွားတယ်။ ကျွန်တော် အဓိကသိချင်တာက အဒဲ့
ီဖွားဖက်တော် ဆိုတာ ကိုပဲဆရာလေး။ နောက်ထပ်ရှင်းပြပေးပါလားဖွားဖက်တော် ဆိုတာဘာကိုပြောတာလဲဟင်
ဆရာလေး”
”ဖွားဖက်တော်ဆိုတာတောင်မသိဘူးလား
ဒါမှမဟုတ်သိရဲ့သားနဲ့မသိချင်ယောင်ဆောင်ပြီးမေးနေတာလား ကိုဇင်မင်းသူ”
“တစ်ကယ်မသိလို့ ပါ
ဆရာလေးရယ် ရှင်းပြပေးပါနော်ဆရာလေး နော် ………..နော် ……နော် လို့” သူ့စကားကြောင့်အနားရှိ
ကျောင်းသားတွေ တ၀ါးဝါတဟားဟားဖြင့် ပဲကျွကုန်ကျသည်။ ကျွန်တော်ပင်ရှက်သလိုလိုဖြစ်ချင်လာသည်။
“ဖွားဖက်တော် ဆိုတာက
ဟိုဒင်းကိုပြောတာ……….ဟိုဒင်း……..ဟိုဒင်း ”
“ဆရာလေး ဘာဟိုဒင်းလဲဗျ
ရှင်းရှင်းပြော ဟိဟိ”
“ဟုတ်ပါတယ်ဗျို့
” ကျောင်းသားတစ်ချို့ရဲ့ သံယောင်လိုက်သည့် အသံတွေထွက်ပေါ်လာပြန်သည်။ ကျွန်တော်ချွေးတွေ
ပြန်ချင်လာ သည်။ သူတို့ကိုနားလည်အောင် ဘယ်လိုရှင်းပြရမှာ ပါလိမ့်။ ဇင်မင်းသူ ဇင်မင်းသူမင်းငါ့တော်တော်
ဒုက္ခပေးတဲ့ကောင်ပဲ။
“ခက်တော့ခက်နေပါပြီကွာ
အ့ဒဲါကလည်း ဟို ……..ဘယ်လိုပြောရမလဲဆိုတော့ ဟိုလိုလေ ………….ပြောလို့ကလည်းမကောင်းဘူး
………ဟိုလိုလေ ဟိုဟာကိုပြောတာ”
“ဟေ့ကောင်တွေ မင်းတို့တွေ
ဆရာလေးပြောတာကိုနားလည်ြကလား”
“ဟင့်အင်း ဆရာလေးက
ဟို နဲ့တင်ပြီးနေတာ ဘာတွေပြောမှန်းကိုမသိဘူး။ ”
ကျွန်တော် ကျားအမြီးကိုသာပြေးဆွဲချင်စိတ်တွေ
ပေါက်လာသည်။ စာကျက်ခန်းထဲတွင်ကမိန်းကလေးတွေက အများကြီး ရှိနေသည် သူတို့ကို ပေါ်တင်ပြောလိုက်၍လည်းမရပါ။ယောကျာ်းလေးအချင်းချင်း
ဆိုလျှင်တော့သိပ်ြပီး တော့ ကိစ္စမရှိ။ ယခုတော့ကျွန်တော်
တိုင်ပတ်နေချေပြီ။
မာတုကာမလေးတွေကလည်း သိပ်မသိချင်ရှာကြပါ မျက်လုံးလေးတွေကလည်ကလည်ြဖင့် ကျွန်တော်ဘာပြောမလဲ
ကိုဆိုင်ငံ့နေကြသည်။ ကိုတော်ချောတွေ ကလည်းကျောက်ကျောကို ရေပတ်ထားသည့်မျက်နှာ တွေဖြင့်ပြောင်ချော်ချော်လုပ်နေကြသည်။
သူတို့ မသိတာတော့
မဖြစ်နိုင်လောကပါ သိရက်သားနဲ့ကျွန်တော့်ကို သက်သက် ဦးနှော က်စားနေကြခြင်း ဖြစ်ရမည်။
ကျွန်တော့်ခေါင်း ထဲ ဘာလုပ်ရမလဲကို စဉ်းစားရင်း ဖြတ်ကနဲအတွေးတစ်ခု ၀င်လာသည်။ ထိုအတွေးကို
သဘောကျစွာ ဟန်ပါပါ ပြုံးလိုက်မိသည်။
ထို့နောက် …………..
“ကဲ ဇင်မင်းသူလေးက
အရင်စမေးတာဆိုတော့ ဇင်မင်းသူလေးကို ပဲအဓိကထားရ မှာ ပေါ့နော်။ ကဲ မောင်ဇင်မင်းသူလေး
ဆရာ့နားကိုလာပါဦး”
“ဘာလုပ်မလို့လဲ ဆရာလေး”
“သြော် မင်းကဖွားဖက်တော်ကို
သိချင်တယ်မိုလား ဒီတော့ မင်းရောအားလုံးရော ဖွားဖက်တော်ဆိုတာကို ကွက်ကွက်ကွင်းကွင်းကြီး
ကြိုမင်သွား သိသွားအောင်လို့ ဆရာကိုယ်တိုင် ဟောဒီ့က စာသင်တဲ့တုတ်ကလေးနဲ့ ထောက်ြပမလို့လေ”
”ဟာ……………………..ဟို
အဲ့လြိုကီးတော့ မလုပ်နဲ့လေ ဆရာလေး ဟီး…………”
“လာပါ မင်းပဲ သိချင်တယ်ဆို
သိရမှာ ပေါ့ကွာ လာစမ်းဘာ…………ဟင်း ဟင်း ဟင်း ”
”ဟား…………………ဟား……………………ဟား…………………..”
”ဆရာလေးရယ် ဟို ပါးစပ်နဲ့
မပြောရင်လဲနေပါတော့တုတ်နဲ့ တော့ထောက်မပြနဲ့ လေနော်…..ကျွန်တော်မသိချင်တော့ဘူး လေ………..နော်ခြာလေး
…….နော် ……….နော်”
ကျွန်တော့်ကို ကြည့်ပြီးခေါင်း
ကုတ်နေသည့် သူ့ကြိုကညြ့်ပီး ရယ်လိုက်မိ သည်။ ကျောင်းသားတွေရောကျောင်းသူတွေရော ပါးစပ်ကသွားတွေပေါ်အောင်
ရယ်ကုန်ကျသည်။ ကချင်ပုဆိုးအကွက်လေးနှင့်ခန့်နေသည့် သူလေးကြိုကည့်ရင်း ကျွန်တော် ရင်သပ်ရှုမောနေမိသည်ပဲ။
တော်တော်ပြောင်တတ်သည့်ကောင်……….။
ဒီကောင် ငပြောင်…………
Written by
LoveAlone
(www.boylovealone.co.cc)
Re-Edited by
Alex Aung
ဆက်ရန်….