(Unicode)
ဘယ်သူတွေဘယ်လိုပဲပြောပြော မေ့မရသော အချစ်ဦးအကြောင်း လူတိုင်းကိုယ်စီရဲ့ရင်မှာ ရှိကြပါတယ်။ ကျွန်တော်သည်လည်း အလားတူ အချစ်ဇာတ်လမ်းရှိခဲ့တယ်ဗျ။
*** 01. The Lake.
1990 ခုနှစ်ရဲ့ နွေဦးရာသီမယ် ကျွန်တော့်မိဘများဟာ တောင်တန်းတွေကြားတည်ရှိနေတဲ့ ရေကန်ကြီးတစ်ကန်နံဘေးမှ သစ်သား အိမ်ငယ်လေးတစ်လုံးကိုငှားရမ်းခဲ့ပါတယ်။ အိမ်လေးဟာ ဧကငါးဆယ်ကျယ်ဝန်းလှပြီး အစွန်းတစ်ဖက်မှာ ရေကန်ကြီးနဲ့ထိစပ်နေကာ တစ်ဖက်မှာတော့ ထင်းရှူးတောအုပ်တစ်ခုရှိနေတဲ့ ခြံဝန်းကြီးထဲမှာတည်ရှိတာပါ။ ရေကန်အစပ်နဲ့ သိပ်မဝေးလှတော့ ရေပြင်ကျယ်ကို တမျှော်တခေါ်ကြီး အိမ်ကလေးကနေမြင်ရသလို အိမ်နီးနားခြင်းလို့ခေါ်ဆိုနိုင်မယ့် လူနေအိမ်ခြေနဲ့ဆို မိုင်ဝက်လောက်လှမ်းမယ်။ အလွန်တရာ အေးချမ်းလှသလို တစ်ခါတရံမှ ခပ်သဲ့သဲ့ကြားရတဲ့ သစ်တောထဲက ဆူညံသံတွေနဲ့ သိပ်မနီးစပ်လှပါဘူး။
အဲသည်လိုနေရာကို ရောက်ရှိချိန်မှာ ကျွန်တော့်အသက်က တစ်ဆယ့်ရှစ်နှစ်ပြည့်စဖြစ်ပြီး တိတ်ဆိတ်တဲ့ဝန်းကျင်ကို သဘောမကျခဲ့ပါ။ နီယွန်မီးရောင်တွေ တလက်လက်တောက်နေတဲ့ မြို့ပြမှာ နွေရာသီတစ်ခုလုံးကို ကျွန်တော့်သူငယ်ချင်းတွေနဲ့သာ အချိန်ဖြုန်းချင်ခဲ့တာ။ မြို့မှာဆို ဘာလုပ်ချင်သလဲ အဆင်ပြေပြေဖြေရှင်းလို့ရတာအမှန်ပဲ။ ဆယ်ကျော်သက်အရွယ်ကနေ အရွယ်ရောက်စပြုတဲ့သည်လို အချိန်မယ် နွေရာသီကို တောထဲမှာ မဖြတ်သန်းချင်ကြောင်း အဖေ့ကိုအတွန့်တက်ခဲ့သေးတယ်။ သူ့တုန့်ပြန်ချက်ကတော့ သင်းပါတယ် ခါတိုင်းလိုပါပဲ လိမ္မာအောင်နေ အမေ့စကားနားထောင် အဖေ့ကိုပြန်မပြောနဲ့ပေါ့။
“ဘဝမှတ်တမ်းတွေဘာတွေလုပ်မနေနဲ့ သား၊ မင်းဘယ်နေရာမှာနေပြီးဖြတ်သန်းဖြတ်သန်းအတူတူပဲ” ခပ်အေးအေး ဖျောင်းဖြတယ်။
“ဘဝဆိုတာ မြို့မှာပဲနေနေ၊ မြောက်ဝင်ရိုးစွန်းမှာနေနေ ဘယ်လိုနေရာမှာပဲနေနေ ဖြတ်သန်းပြီးဆုံးရတာခြင်းအတူတူပါပဲကွာ၊ ကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ပဲလိုတယ် သား….တော်တော့ ညည်းညူမနေနဲ့”
သည်တော့ ပျင်းစရာကောင်းလှတဲ့ ခပ်ဟောင်းဟောင်းကျေးလက်ဒေသတစ်ခုရဲ့ ရေကန်ဘေးက ခပ်အိုအိုသစ်သားအိမ်တစ်လုံးမယ် သောင်တင်နေရပါပြီ။ ရက်သတ္တပါတ်သုံးပါတ်လောက် အချိန်ဖြုန်းရမယ့်နေရာပဲလို့တွေးမိတော့ နည်းနည်းလေးကြောက်ရွံ့စိတ်ဝင် မိသလိုပါ။ အို….သည်လိုပါပဲ….ပျင်းစရာကောင်းရုံလောက်ပဲနေမှာပါ လျှောက်တွေးမနေနဲ့။ ဟိုသည် အနည်းငယ်လမ်းလျှောက်၊ ရေလေးကူး၊ နောက်တော့ လမ်းလေးပိုလျှောက် ဒါပဲလုပ်စရာရှိတယ်။
ပထမ သုံးရက်ကတော့ အတော်ဆိုးဆိုးပဲ။ တစ်အိမ်လုံးအနှံ့ သန့်ရှင်းရေးလုပ် ကြမ်းတိုက်၊ အမှိုက်တွေကို သူ့နေရာနဲ့သူစွန့်ပစ် လုပ်နေ ရချိန် မြို့မှာကျန်နေခဲ့တဲ့ သူငယ်ချင်းတွေပဲ အတွေးထဲတဝဲလည်လည်မြင်နေမိတယ်ဗျ။ လေးရက်မြောက်နေ့မှာတော့ နည်းနည်းလောက် အခြေအနေပိုကောင်းလာတယ်ပြောရမယ် ကျွန်တော်တို့နဲ့အနီးဆုံးလို့ပြောရမယ့် အိမ်နီးချင်းတွေနဲ့တွေ့ဆုံခွင့်ရပြီး သူတို့ကြောင့် ပျော်ရွှင် ရပါတယ်။ သားဖြစ်သူ ဒိုဒိုက ကျွန်တော့်ထက် တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက်အသက်ပိုကြီးပြီး ကောလိပ်မသွားခင် သူ့မိဘတွေနဲ့ အားလပ်ရက်ခရီးတစ်ခုထွက်လာကြခြင်းဖြစ်သတဲ့။
ဒိုဒိုသည် ကျွန်တော့်ရဲ့ကယ်တယ်ရှင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ကျွန်တော့်အသက်အရွယ် အခြားအပေါင်းအပါ လူအုပ်စုတွေထဲ တစ်မျိုးတစ်ဘာသာဖြစ်နေသော ‘တစ်ဦးတည်းသောသား’တစ်ယောက်ရဲ့ လိုအင်တွေကိုအလိုက်သင့်ဖြည့်ဆည်းပေး တတ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတာကတော့ ဒိုဒိုက ကျွန်တော့်ထက် အသက်နည်းနည်းပဲကြီးသလို သူသည်လည်း တစ်ဦးတည်းသော သားဖြစ်လို့ထင်ပါတယ်။ တူညီသော အနေအထား၊ကြုံဆုံရသော အဖြစ်အပျက်တွေက မနီးရိုးစွဲဖြစ်ဟန်တူရဲ့။
ကျွန်တော်တို့နှစ်ဦးသား စဆုံတဲ့အခိုက်အတန့်မှာ ခင်မင်ရင်းနှီးသွားကြတယ်။ သူက ရုပ်ရည်ချောမောသလို ခင်မင်နှစ်လိုဖွယ်ဟန်လည်း ရှိတယ် ကျွန်တော့်လိုပေါ့။ ကျွန်တော်တို့မိသားစုအတူ လမ်းလျှောက်ထွက်ရင်း သူတို့မိသားစုနဲ့တွေ့ဆုံခဲ့ကြတာပါ။
တစ်ရက်မှာ ဖေဖေ၊ မေမေနဲ့ ကျွန်တော် ခြံဝန်းစည်းရိုးအတိုင်းလမ်းလျှောက် ဟိုသည်ငေးရင်းလာလိုက်ကြတာ အိမ်နီးချင်းအဖြစ် သစ်သားအိမ်လေးတစ်လုံးကို အတွေ့မှာ ရပ်လိုက်ကြပါတယ်။ သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲရယ် ငယ်ရွယ်ပြီးအရပ်ရှည်ရှည် ကြည့်လို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ရယ်က ကျွန်တော်တို့ဆီလျှောက်လာခဲ့ပြီး နှုတ်ဆက်ကြတယ်။
ကျွန်တော်တို့ လမ်းလျှောက်နေရာမှ ရပ်လိုက်ကြပြီး အသီးသီးမိတ်ဆက်စကားပြောဆိုကြချိန်မယ် ကျွန်တော်ကတော့ အဖေတို့နောက်မှာ ခပ်ရို့ရို့ရပ်နေခဲ့ပါတယ်။ ဒိုဒိုသည်လည်း သူ့မိဘတွေနောက်မှာ ပျင်းစရာကောင်းတဲ့အသွင်မျက်နှာဟန်နဲ့ မတ်တပ်ရပ်နေခဲ့တယ်လေ။ ကျွန်တော့်ကို မျက်လွှာပင့်ကြည့်ရင်း စူးစမ်းသလိုငေးကာ ရှက်ရွံ့စွာပြုံးပြခဲ့ပါတယ်။ ကျွန်တော်လည်း လက်ကလေးအသာမြောက်ရင်း သူ့ကိုဝေ့ရမ်းပြကာ ‘Hi’ နှုတ်ဆက်ရတာပေါ့။
ကျွန်တော့်မိဘတွေရယ် သူ့မိဘတွေရယ် ကန်ကြီးအနီးကို အပန်းဖြေခရီးထွက်လာခြင်းရဲ့အကျိုးရှိပုံတွေအကြောင်း ဟိုဟိုသည်သည် ဆွေးနွေးစကားတင်းဆိုနေကြတုန်း ဒိုဒိုနဲ့ ကျွန်တော်ရယ်လေ သူတို့နောက်နားမယ် ပျင်းရိစွာမတ်တပ်ရပ်နေကြရတယ်။ ဖခင်တွေလည်း ဟိုသည် အစီအစဉ်ဆွဲလိုက်ကြတာ နောက်ဆုံးတော့ ကျွန်တော်တို့သစ်သားအိမ်လေးရဲ့ရှေ့ မြက်ခင်းပြင်ဝယ် ညနေစောင်းအချိန်မှာ ဘာဘီကျူးလုပ်စားကြရင်း မိတ်ဆုံစားပွဲလုပ်ဖို့နဲ့အဆုံးသတ်ပါတယ်။ ပြောဆိုလည်းပြီးရော မိသားစုနှစ်စုလုံး ကိုယ်ဦးတည်ရာဘက်ကို လမ်းဆက်လျှောက်လာလိုက်ကြတယ်။ ကျွန်တော် မျက်လွှာတစ်ချက်ပင့်အကြည့်မှာတော့ ဒိုဒိုက ပါးချိုင့်ပေါ်အောင်ပြုံးပြပါရဲ့။ နောက်တော့ ကျွန်တော့်နံဘေးကနေ သူဖြတ်အသွား နားရွက်နားငုံ့ကိုင်းကာ ‘မိသားစု ဘာဘီကျူးပါတီတဲ့…ဘယ်လောက်ရင်ဖိုစရာ ကောင်းလဲ’ လို့ခပ်တိုးတိုးပြောသွားတယ်။
‘ငါ့နှလုံးခုန်သံတွေ မြန်နေတုန်းပဲ’ လို့ ခပ်တိုးတိုးလေးပြန်ပြော ပြန်ပြုံးပြလိုက်တာပေါ့ ဘာရမလဲ။ သူ ရယ်လည်းရယ်၊ မျက်စိတစ်ဖက် လည်းမှိတ်ပြ၊ လက်တစ်ဖက်ကို အသာဝေ့ယမ်းပြရင်း မိဘတွေရှိရာ အပြေးလိုက်သွားပါတယ်။ သူတို့နေထိုင်ရာ သစ်သားအိမ်လေးဘက် မိသားစုအလိုက် လျှောက်သွားဟန်ကို ကျွန်တော် မျက်တောင်မခတ်ဘဲစောင့်ကြည့်နေမိတာပါ။ ဒိုဒိုတို့နေတာက ကျွန်တော်နေထိုင်တဲ့ နေရာနဲ့ သိပ်မဝေးဘူးဆိုတော့ သူတို့သည် ကျွန်တော်ရဲ့ အိမ်နီးချင်းတွေပဲပေါ့။ သည်အတွေးက ကျွန်တော့်ကို အတော်အတန် ကျေနပ် စေပါတယ်။ ပထမရက်ရှိသေး ရုတ်ခြည်းဆိုသလို သူ့ကို ကျွန်တော်နှစ်သက်သွားမိပါတယ်။ နောက်တစ်ကြိမ် သူ့ကိုမြင်တွေ့ရဖို့ ကြုံဆုံ ရမယ့် ညနေခင်းဆိုတာကို ခပ်လောလောမျှော်လင့်နေမိတယ်ဗျ။
ညနေ ရနာရီထိုးပြီးနောက်မှ သူတို့မိသားစုခပ်သွက်သွက်ရောက်လာတာကြောင့် ဖေဖေက ကျွန်တော်နဲ့ဒိုဒိုကို ချက်ပြုတ်ဖို့အဆင်ပြေ အောင်ပြုလုပ်ပေးဖို့ တာဝန်ခွဲဝေပေးပါတယ်။ Steaks နဲ့ Burgers တွေက ဘာဘီကျူးပါတီအတွက် အဆင်သင့်ဖြစ်နေသလို အမျိုးသမီး တွေလည်း မီးဖိုချောင်ထဲမယ် salads တွေလုပ်နေကြပြီး အဖေနှစ်ယောက်ကတော့ မြက်ခင်းမှာထိုင်လို့အဆင်ပြေမယ့် ထိုင်ခုံတွေချ၊ သောက်စရာတွေကို ပြင်ဆင်နေကြတယ်။ ဒိုဒိုနဲ့ ကျွန်တော် ဘာဘီကျူးအတွက် အကင်ဖိုနားမယ် အဆင်သင့်မတ်တပ်ရပ်ပြီး အသား အနေအထားဘယ်လိုရှိပြီလဲ တရှဲရှဲနဲ့ အသံမြည်နေတဲ့နောက် တူးမသွားအောင် အကင်တံကိုလှည့်ပြုပေးကြရပါတယ်။
ဒိုဒိုတစ်ယောက် တီရှပ်တစ်ထည်နဲ့ baggy jeans ဝတ်ဆင်ထားတာ အလွန်ကြည့်ကောင်းနေတယ်ဗျ။ ခြေတံလက်တံတွေက တောင့် တောင့်တင်းတင်းနဲ့ ကျစ်လစ်ပုံပါပဲ။ အသားတွေကို ကင်နေတဲ့ကျွန်တော် အကင်တံတွေကို သူတစ်ဖက်လှည့်ပြီးထားနေတုန်း တကိုယ်လုံး လေ့လာစေ့ငုပါတယ်။ သူ့ဆံသားတွေက အညိုဖျော့ဖျော့အရောင်ဖြစ်ပြီး ခပ်ပွပွသဏ္ဌာန်ညှပ်ထားတာဗျ။ မျက်တောင်တွေ က ခပ်ရှည်ရှည်နဲ့ဖြစ်ပြီး မျက်ဝန်းညိုတွေက စူးရှတောက်ပေနေသလို မျက်ခုံးတွေကလည်း သန့်ရှင်းတိပနေပါတယ်။
သူ့ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့တီရှပ်အကျႌအောက်မယ် ကျစ်ကျစ်လစ်လစ်၊ ကျယ်ပြန့်တဲ့ရင်အုပ်နဲ့ ချပ်ချပ်ရပ်ရပ်ဗိုက်သားတွေလည်း ရှိနေတယ်။ သူ့လက်မောင်းတွေက သန်မာတောင့်တင်းလှသလို ခြေထောက်တွေကလည်း အပြေးသမားတစ်ယောက်လို သန်မာပုံ ပေါက်ပါတယ်။ ဒါပေမဲ့ အမွှေးနုလေးတွေက ခပ်ရိပ်ရိပ်ဖုံးထားပါရဲ့။ ခြုံငုံပြောရရင် သူဟာ စွဲမက်ဖွယ်ကောင်းလှတဲ့ လူငယ်လေးတစ် ယောက်ဖြစ်တာကြောင့် ကျွန်တော်သူ့အပေါ် စွဲငြိသွားပါပြီ။ သူ့အသံဟာ နုညံ့ချိုသာသလို ကြည်နူးဖွယ်ရယ်မောသံလေးတွေဖြည့်စွက် တတ်တာပါသေးတယ်။
နည်းနည်းလောက် ကျွန်တော့်အကြောင်းနောက်ကြောင်းပြန်ရရင် အသက်အရွယ်ငယ်ငယ် တစ်ဆယ့်လေးနှစ်လောက်မှာပဲ ကျွန်တော့် လိင်စိတ်တိမ်းညွှတ်မှုဟာ ဘယ်လိုဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမေ့ကို အားကိုးတကြီးဖွင့်ဟလိုက်တော့ ကျွန်တော်ဟာ ဂေးဖြစ် ကြောင်း အဖေမသိအောင် အချိန်အတိုင်းအတာတစ်ခုထိလျှိုဝှက်ထားဖို့ သူမကအကြံဉာဏ်ပေးတယ်ဗျ။ အဖေက ခေတ်ပညာတတ် ဆိုသော်ငြား အမေ့လို လွတ်လပ်တဲ့အတွေးအခေါ်မျိုးမရှိသလို သူလက်သင့်မခံနိုင်တဲ့အကြောင်းအရာဆို ခပ်မဆိတ် နေမယ့်သူမျိုး မဟုတ်ဘူးလေ။ ကျွန်တော်ပြောမယ့် သတင်းစကားကြောင့် အဖေစိတ်အနှောင့်အယှက်ဖြစ်သွားမယ်၊ ကျွန်တော့်အပေါ် မယုံသင်္ကာစိတ် စွဲမြဲသွားလိမ့်မယ်လို့ အမေကပြောပြပါတယ်။ ဒါကြောင့် ကျွန်တော်အရွယ်တစ်ခုရောက်သည်အထိ မပြောပြဘဲနေဖို့သင့်ကြောင်း အမေ က အကြံပေးတာပါပဲ။
ယခုတော့ အေးချမ်းငြိမ်သက်တဲ့ ကျေးလက်ဒေသတစ်ခုကိုရောက်နေခဲ့ပြီး ကြည့်ကောင်းလှတဲ့ငနဲလေးတစ်ပွေနဲ့အတူ ဘာဘီကျူး ပြင်ဆင်နေကြတယ်လေ။ နှစ်ယောက်သား ဘာဘီကျူးအကင်ဖိုနား ဟာသတွေနှော ရယ်စရာတွေပြောပြီးအလုပ်လုပ်နေကြတာများ တစ်ယောက်ကိုတစ်ယောက် မျက်လုံးတွေကတစ်ဆင့်စူးစမ်းကြရင်းပေါ့။ အသားတွေအကုန်ကျက်သွားပြီးတဲ့နောက်ဆုံးမှာ ကျွန်တော်တို့ ပန်းကန်ပြားတွေထဲ အဆင်ပြေအောင်ထည့်ကာ picnic table ပေါ်ကို ကြည့်ကောင်းအောင်နေရာချလိုက်ပါတယ်။ စားသောက်ဖွယ်ပန်းကန်တွေကို ကူကယ်သယ်ယူပြီး နေရာချပေးဖို့ အမေကလှမ်းအော်လိုက်တာကြောင်း ကိုယ်စီကိုယ်စီ သယ်ယူပြီး စားပွဲပေါ်ကို ချပြုကြတယ်ပေါ့။
ကျွန်တော် မြက်ခင်းစိမ်းစိမ်းပေါ်ခင်းထားတဲ့ ယိုးဒယားဖျာပေါ် ခြေဆင်းထိုင်ချလိုက်ပြီး အရသာရှိလှတဲ့ ဘာဂါတစ်လုံးကို အားရပါးရစား ပါတယ်။ ဒိုဒိုးတစ်ယောက်ကတော့ ပန်းကန်ပြားခပ်ကြီးကြီးထဲမယ် steak နဲ့ salad တွေအများကြီးထည့်ယူလာကာ ကျွန်တော်နဲ့ ခပ်နီးနီးမှာ ထိုင်ချရင်း အသံမြည်တဲ့အထိစတင်စားသောက်ပါတယ်။ သူစားသောက်ပြီးချိန်မှာတော့ ပန်းကန်ပြားကို နံဘေးမှာ အသာချရင်း မြက်ခင်းပြင်ပေါ်ကို လှဲချလိုက်ရော။ အားရစဖွယ် သူ့ခန္ဓာကိုယ်ပုံရိပ်တွေကို အနီးကပ်မြင်ရတော့ ရင်ထဲကလိကလိ ဖြစ်ရပါတယ်။ မျက်ခုံးမွှေးထူထူက တန်းနေသလို အမွှေးနုလေးတွေက ကြက်ခြေခတ်ထားတဲ့ ခြေထောက်နှစ်ဖက်မှာ အများအပြားတွေ့ရ ပါရဲ့။
“မင်းတို့မိသားစုက တကယ်နွေးထွေးပျော်ရွှင်စရာပဲ” လို့ ခပ်တိုးတိုးလေးသူကပြောတယ်ဗျ။
“မင်းတို့ မိသားစုလည်းအတူတူပါပဲကွာ” လို့ ကျွန်တော်လည်း တုန့်ပြန်စကားဆိုမိတယ်။
“အင်း….ဟုတ်တယ်…..အဖေက ဘောလုံးကစားတာ အလွန်တော်တာလေ။ ဒါကြောင့် အမေ့အသည်းစွဲဖြစ်ခဲ့တာပေါ့” သူက ပြောလည်း ပြောရင်း ခပ်တိုးတိုးရယ်မောတယ်။ “Join the Club, ငါ့အဖေလည်း ဘောလုံးကန်တာအရူးအမူးဝါသနာပါခဲ့တာ ကျောင်းတက်တုန်း ကလေ။ သူတို့အသင်းမှာ hero တစ်ယောက်ဖြစ်ခဲ့တာပေါ့” ကျွန်တော်လည်း နှစ်လိုလက်ရပြုံးရင်း စကားပြန်ပြောမိတာပေါ့နော်။
“ပွင့်ပွင့်လင်းလင်းပြောရရင်…ကြည့်ကောင်းတယ်ဆိုတဲ့ ငနဲတွေအတော်များများက သည်ဘောလုံးအားကစားကိုဝါသနာပါကြတယ်နော်။ ငါတော့ ဘာကြောင့်ဆိုတဲ့ အဓိကအချက်ကို အခုထိမသိဘူးရယ်” သူ့အပြောမှာ ကျွန်တော်သဘောတကျရယ်မောမိပါတယ်။
“ကဲအဆုံးသတ်ပြောမယ်ကွာ…. ဘောလုံးကန်တဲ့အားကစားကို မုန်းတဲ့တစ်ယောက်ယောက်ရှိလားမေးလာရင် တစ်ကမ္ဘာလုံးမှာ ငါတစ်ယောက်ပဲရှိမယ်ထင်တယ်။ ငါ့သူငယ်ချင်းတွေပြောတာကတော့ ငါက ဘောလုံးမှန်မှာကြောက်လို့ ဒါမှမဟုတ် ခြေကျိုးလက်ကျိုး ဖြစ်မှာကြောက်လို့ ထင်မိကြတယ်တဲ့။
“တစ်ကျောင်းလုံးမှာ ဘယ်ကစားပွဲမှမသွား ဘာအားကစားမှမလုပ်တာ ငါတစ်ယောက်ပဲရှိတယ်ထင်တယ်ကွ။ ယတိပြတ်တော့လည်း မဟုတ်ဘူးရယ် art, music, theatre နဲ့ အခြားဝါသနာပါတာလေးတွေရှိပါသေးတယ်။” သူကစကားပြောရင်း သဘောတကျရယ်မော သေးတာပါ။
ကျွန်တော် ဒိုဒိုးကို ငေးစိုက်ကြည့်နေမိပါတယ်။ သည်ငနဲလေးက အစစ်အမှန်လား။ ကျွန်တော့်ဘဝထဲက မှတ်မှတ်ထင်ထင်ကြုံဆုံရတဲ့ လူတစ်ဦးတစ်ယောက်ဖြစ်လာတော့မှာလား အတွေးဝင်မိရင်းပေါ့။
“ငါလည်းအတူတူပဲ… ငါ့အဖေလိုဖြစ်လာမှာမဟုတ်ဘူး၊ ငါက သူနဲ့ဘာမှမတူသလိုဘဲဆိုတဲ့ ခံစားချက်တွေ မကြာခဏခံစားမိတယ်” ကျွန်တော် တီးတိုးစကားပြန်မိတယ်။
“အဲဒီခံစားချက်ကို ငါသိတယ်” သူက ချက်ချင်းစကားတုန့်ပြန်တယ်။
နှစ်ဦးသားစကားမဆိုဘဲ မိနစ်အနည်းငယ်လောက် တိတ်ဆိတ်စွာထိုင်နေကြပါတယ်။
“မင်းအသက်ဘယ်လောက်လဲ” သူက မေးတယ်။
“ တစ်ဆယ့်ရှစ်နှစ်။ နောက်လဆိုရင် တစ်ဆယ့်ကိုးနှစ်ပြည့်ပြီ။ မင်းကော?”
“ တစ်ဆယ့်ကိုးနှစ်ပြည့်တော့မှာ….မင်း ဘာတွေလုပ်ရတာကြိုက်လဲ ငါ့ကိုပြောပြ”
“ အမ်……စဉ်းစားကြည့်ရင်….ရုပ်ရှင်တွေ၊ ရိုက်ချက်ကောင်းတဲ့ရုပ်ရှင်…ဘယ်လိုပြောရမလဲ စိတ်ဓာတ်ပျက်ပြားစေမယ့် ရုပ်ရှင်မဟုတ်တာ မျိုးတွေကွာ။ ပြီးတော့ Kung-Fu ဇာတ်ကားမျိုးတွေမကြိုက်ဘူး။” ကျွန်တော်ပြောပြတာကို ခေါင်းတငြိမ့်ငြိမ့်နဲ့ ဘာမှ ထင်မြင်ချက် မပေးဘူး။
“ပြီးတော့ စာအုပ်ကောင်းတွေကိုဖတ်ရတာ တကယ်ကြိုက်တယ်။ လက်နှင့်ကိုင်ဖတ်ရတဲ့ စာအုပ်မျိုးလည်းဖြစ်ရမယ်ကွာ။ Comic Books တွေကိုတော့ နည်းနည်းပါးပါးဖတ်တယ်။ အာ…ငါဘာပြောချင်တယ်ဆိုတာ သဘောပေါက်ရဲ့လား”
သူ နောက်တစ်ကြိမ် ခေါင်းငြိမ့်ပြပါတယ်။
“မင်းအကြောင်းကောပြောပြ” ကျွန်တော် ခပ်လေးလေးမေးမိတယ်။
“ အများစုကတော့ မင်းနဲ့အတူတူပါပဲ ငါ့အထင်” ပြောလက်စ စကားကိုရ့ပ်ပစ်လိုက်ပြီး ကျွန်တော့်မျက်နှာကို သူစိုက်ကြည့်တယ်။ “Oh….သိပ် အံ့အားသင့်စရာတော့မဟုတ်ပါဘူး….ငါ ယောက်ျားလေးတွေကို သဘောကျတယ် ကြိုက်မိနေတယ်ကွာ”
အချိန်အနည်းငယ်ကြာသည်အထိ သူ့ကိုစိုက်ကြည့်နေမိပါတယ်။ သူ့ရဲ့ပွင့်ပွင့်လင်းလင်းဟောဟောဒိုင်းဒိုင်းပြောကြားမှုအပေါ် အံ့အား သင့်ခဲ့တာပါ။ နောက်တော့ ကျွန်တော်စပြီးရယ်မောခဲ့မိတယ်။ သူမျက်မှောင်ကုတ်ပြီး မျက်နှာအရောင် ရဲရဲနီသွားကာ အဝေးကို အကြည့် လွှဲသွားရော။
“မင်း ဘာကြောင့်ရယ်တာလဲကွ….ဒါက ရယ်စရာမှမဟုတ်တာ” လို့ ခပ်တိုးတိုးမေးပါတယ်။
“Sorry! မင်းကိုရယ်တာမဟုတ်ပါဘူးကွာ၊ အဲလိုမထင်ပါနဲ့။ ငါရယ်တယ်ဆိုတာက မင်းပြောတဲ့ကိစ္စကို မယုံနိုင်လို့ပါ”
“ မင်းဘာကိုဆိုလိုတာလဲ? ဘာက မယုံမကြည်ဖြစ်စေတာလဲ ။ ဒါ ငါ့ဘဝရဲ့ အဖြစ်အပျက်တစ်ခုပဲဟာ။ ငါ ယောက်ျားတွေကိုစိတ်ဝင်စား တယ်၊ ငါ့ကိုယ်ငါ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လေ” ကျွန်တော့်ကို မျက်ဝန်းညိုကြီးတွေနဲ့ စိုက်ကြည့်ပြီးပြန်မေးတယ်။
ကျွန်တော် သူ့အနားတိုးကပ်သွားကာ နားရွက်နား ပါးစပ်အပ်လို့
“အော် သည်တောအုပ်ထဲမှာ ပထမဆုံးခင်မင်ရတဲ့ တွေ့ရတဲ့ ကောင်လေးတစ်ယောက်က ဂေးဖြစ်နေတယ်ဆိုတာ မယုံနိုင်လို့ အဲဒါကို ပြောဖို့ကြိုးစားနေတာပါကွ….လာပြီ အခုငါပြောတာကိုနားထောင်ပြီး မင်းလည်းရယ်နိုင်မယ့်စကား….ငါလည်းအတူတူပဲ….အတူတူပဲ”
ဒိုဒိုတစ်ယောက် ပါးချိုင့်နှစ်ဖက်စလုံးပေါ်လာသည်အထိ ပြုံးရယ်ပါတော့တယ်။
“အိုကေ….ငါသဘောပေါက်ပြီ….အဲဒါ အဆင်ပြေပါတယ်” သူ စကားဆက်မပြောဘဲ ခဏငြိမ်နေတော့ သူနောက်ထပ်ဘာဆက်ပြောဖို့ ကြိုးစားနေလဲ ကျွန်တော်တွေးဆရတာပေါ့။ နောက်ဆုံး မြက်ခင်းပေါ် ပက်လက်လှဲနေတဲ့ ကျွန်တော့်မျက်နှာအနား နမ်းမိတော့မတတ် ငုံ့လာရင်း “ငါတကယ့်ကို ဝမ်းသာနေတာ၊ ဘာကြောင့်လဲဆိုတော့ မင်းက super duper hot! တယ်လို့တွေးနေမိလို့လေ” စကား အဆုံးသတ်ရော။
သူ့မျက်ဝန်းတွေက ကျွန်တော့်မျက်လုံးတွေကို ညှို့ငင်သည့်အလား အရည်တလဲ့လဲ့နေအောင်စိုက်ကြည့်နေတာကြောင့် ဘာကိုဆိုလို ချက်ပေးနေကြောင်း သူ့အပြောကိုသဘောပေါက်မိပါတယ်။ ကျွန်တော့်စိတ်အဟုန်မှာ တလှပ်လှပ်နဲ့လှုပ်ရှားလာရင်း ဝတ်ထားတဲ့ ဘောင်းဘီတိုထဲမယ် လေပူနွေးနွေးနဲ့မှုတ်လိုက်သည့်အလား နွေးကနဲခံစားရတယ် ရုတ်တရက်။ ငြိမ်နေတဲ့ မြွေဟောက်တစ်ကောင် ဟိုသည်လွန့်လူးလာသလို ကျွန်တော့်ကျောရိုးထဲမယ် ပူနွေးမှုတွေ ခိုက်ခိုက်တုန်ပြေးတက်သွားပါတယ်။
“ကျေးဇူးကွာ….အချိန်တော်တော်ကြာကတည်းက တွေ့ခဲ့ဖူးတဲ့ ရိုးသားကြိုးစားဖိုးသခွားလေးတစ်ယောက်လိုပဲမင်းက။ ဝေလင်းထက်ပိုပြီး Hot တယ်။” ကျွန်တော် အနိမ့်အမြင့်မညီတဲ့ လေသံနဲ့စကားအစသပ်လိုက်တယ်။
“ဘယ်သူလဲ ဝေလင်းဆိုတာက” သူက ခပ်ပြုံးပြုံးနဲ့ ကျွန်တော့်ကိုမေးတယ်။
‘ဝေလင်းဆိုတာက ငါတို့ကျောင်းမှာ Cute အဖြစ်ဆုံးဘဲလေးတစ်ပွေပေါ့။ ဘယ်လိုပြောမလဲ ခပ်လန်းလန်းလေးပဲ။ တစ်ကျောင်းလုံးလိုလို “ဝေလင်း”ရူးရူးနေကြတာ ဆရာအချို့တောင်ပါသေးတယ်။ ငါတော့ ရယ်စရာလို့ထင်တာပဲ အဲသလိုကိုဖြစ်နေကြတာ။’
သူသဘောပေါက်ဟန်နဲ့ပြုံးပြီး ထထိုင်လိုက်ကာ သူ့ဒူးနှစ်ဖက်ကိုပြန်ထွေးပိုက်လိုက်ရော။ ကျွန်တော့်ဘက်ကို မျက်နှာစောင်းငဲ့ပြီး ကျွန်တော့်မျက်နှာအနှံ့ကို ငေးစိုက်ကြည့်ကာ အနုလုံပဋိလုံကြည့်နေပါတယ်။ ပြီးတော့ ကျွန်တော့်တစ်ကိုယ်လုံးရော ဖိနပ်မစီးထားတဲ့ ခြေထောက်အစုံကိုရော အစုန်အဆန်ဆက်ကြည့်တယ်။ နောက်ဆုံး ကျွန်တော့်မျက်လုံးတွေကို ပြန်ငေးစိုက်ကြည့်နေရင်း မျက်စိတစ်ဖက် မှိတ်ပြပါတယ်။
“သည်တော့ ငါက ဝေလင်းထက်ပိုပြီး hot တယ်လို့မင်းကထင်တယ်ပေါ့” သူကပြောတာပါ။
“အင်းပေါ့ သံသယကိုမရှိတာ….ငါတို့ကျောင်းက ကလေးတွေဆို မင်းကိုအရူးအမူးဖြစ်ကြမှာ” ကျွန်တော် အကျောက်အကန်ကို ပြန်ပြောမိရော။
သူ့နှုတ်ခမ်းတွေက တဖြည်းဖြည်းပြုံးရယ်လာရင်း သူ့ညို့မျက်ဝန်းတွေက ညနေခင်းနေရောင်ခြည်အောက်မယ် တဖျတ်ဖျတ် တောင်ပံခတ်နေသည့်အလား တောက်ပနေပါတယ်။ နောက်တော့ မြက်ခင်းပေါ်ကို ပက်လက်ပြန်လှဲချလိုက်ရင်း လက်နှစ်ဖက်ကို သူ့ခေါင်းအောက်မှာထွေးယှက် ခေါင်းအုံးကာ ကောင်းကင်ကြီးကိုငေးကြည့်နေပါတယ်။
“မင်း ခြေတံပေါင်တံတွေက အတော်လှတာပဲကွ” သူ နုညံ့ငြင်သာစွာပြောတယ်။
“ကျေးဇူး….မင်းလည်း ကိုယ်လုံးလှတာပဲလေ” လို့ကျွန်တော်ပြန်ပြောလိုက်တော့ သူပြုံးပြီး ခေါင်းငြိမ့်ပါတယ်။
“မင်းမှာ boyfriend ရှိလား” သူခပ်တိုးတိုးမေးတယ်။
“ဟင့်အင်….မရှိဘူး….မင်းကော?” ကျွန်တော် ခပ်သွက်သွက်ပြန်မေးမိပါရဲ့။
“မရှိဘူး….” သူ ပြောလည်းပြောရင်း ပြုံးရယ်ကာ ခဏတော့အသံတိတ်သွားပါတယ်။ ပြီးတော့ မြက်ခင်းပေါ်ကိုလှိမ့်ချလိုက်ရင်း မှောက်ရက်နဲ့ မေးစိကိုလက်နှစ်ဖက်နဲ့ထောက်ထားကာ ကျွန်တော့်ကို မျက်ဝန်းညိုကြီးတွေနဲ့ ငေးစိုက်ကြည့်တယ် အကြာကြီးပေါ့။
“သည်ခရီးထွက်လာကစတွေးမိသလို ပျင်းစရာမကောင်းတော့ဘူးလို့ ငါခံစားလာရပြီကွသိလား….မေးခွန်းတစ်ခုလောက်မေးမယ်…. personal မေးခွန်းတော့ဆန်မယ်…စိတ်မဆိုးဘူးမဟုတ်လား။ မင်းမဖြေချင်ဘူးဆိုရင်လည်း မဖြေလည်းရတယ်”
“မေးပါ…ရတယ်…အခုပြောနေကြတဲ့စကားတွေကလည်း ပုဂ္ဂိုလ်ရေးဆန်တာတွေပါပြီးနေပြီပဲလေကွာ” ကျွန်တော်လည်း မမေးခင်က ပြောချင်နေတာကိုး။
“Top or bottom?” ကျွန်တော့်ခန္ဓာကိုယ်အနှံ့ကော ပေါင်ခြံတွေကော သူ့မျက်လုံးတွေနဲ့ အစုန်အဆန်ကြည့်ရင်း ခပ်တိုးတိုးမေးတယ်။ ခြေထောက်နှစ်ဖက်ကို ကြက်ခြေခတ်ယှက်တင်ပြီး ကျွန်တော်ထိုင်ထားတာဆိုတော့ သူ့အကြည့်တွေရပ်သွားတဲ့ပေါင်ခွဆုံနေရာကို ရှင်းရှင်းလင်းလင်း မမြင်ရလောက်ဘူး။ နည်းနည်းဟနေတဲ့ ဘောင်းဘီအောက်နားစကမြင်နေရသော ပေါင်သားတွေကို သူအငမ်းမရ ကြည့်နေတာလည်း ကျွန်တော်ဂရုမစိုက်တော့ဘူး ကျွန်တော်ကကြည့်စေချင်မိတာကိုးလေ။
ကျွန်တော် ခပ်ဖြေးဖြေးလေးပြုံးမိခဲ့ပါတယ်။ “အခု မေးတာက ပုဂ္ဂိုလ်ရေးဆန်တဲ့မေးခွန်းမျိုးဆိုတော့ အပြန်အလှန်မေးမယ်။ မင်းလည်း မင်းရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတစ်ခုခု ငါ့ကိုပြောပြလေ။ ငါလည်း မင်းမေးတဲ့မေးခွန်း..အဲ..ငါ့အကြောင်းပြန်ဖြေပေးမယ်…အိုကေ?”
“မင်း စတိုင်လ်ကိုတော့ကြိုက်သွားပြီ…အိုကေလေ….မင်းဘာကိုသိချင်တာလဲ” သူပါးချိုင့်ပေါ်အောင်ပြုံးရင်း စကားခွန်းတုံ့ဆိုလာတယ်။
“မသိဘူးလေ။ ဘာပဲဖြစ်ဖြစ်ပေါ့….အမှန်တကယ် မင်းရဲ့ကိုယ်ရေးကိုယ်တာဆန်တဲ့ တကယ်လျှိုထားချက်တစ်ခုခုဖြစ်ရမယ်။ ဒါဆို ငါကျေနပ်ပြီ” ကျွန်တော်ခပ်သွက်သွက်ပဲ နှုတ်ကဆက်တိုက်ထွက်သွားတယ် စကားလုံးတွေ။
“မင်းကတော့ မခက် ခက်အောင်လုပ်နေပြန်ပါပြီ…ဒါပေမဲ့ အိုကေပါ” သူပြောလည်းပြော ခြေထောက်ကြက်ခြေခတ်ကာထိုင်နေတဲ့ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်လာထိုင်တယ်။ အခုသူဝတ်ထားတဲ့ ဘောင်းဘီတိုကိုသေချာစေ့ငုနိုင်ပါပြီ။ ကြွက်သားတွေနဲ့ တောင့်တင်း နေတဲ့ အမွှေးနုလွှမ်းသူ့ပေါင်တံက ပေါင်ခြံဆီကိုဆက်ကြည့်မိဖို့စွဲဆောင်နေပါတယ်။ ကြီးမားဝင့်ထည်တဲ့ အထုပ်အထည်ကြီးက ဝတ်ထားတဲ့ ဘောင်းဘီတိုအောက်မှာဖောင်းနေရော။ သူ ကျွန်တော့်နားရွက်နားကို ငုံ့ကိုင်းတိုးကပ်ရင်း “I like to swallow.” တဲ့ ခပ်တိုးတိုးပြောတယ်။
သူပြောတဲ့စကားက ကျွန်တော့်ကို စက္ကန့်အနည်းငယ်ကြာအောင်တွေးတောစေခဲ့တယ် ဘာကိုဆိုလိုတာလဲပေါ့။ နောက်တော့ သူဘာပြောတာလည်းဆိုတာ ကျွန်တော်သဘောပေါက်သွားတာကြောင့် သူ့ကိုငေးစိုက်ကြည့်ရင်း ခပ်ဖြေးဖြေးပြုံးလိုက်မိပါတယ်။
“Good one.” ကျွန်တော် စကားချိုချိုသာသာပြောရင်းမှ ကိုယ့်ရှေ့မှာလူတစ်ယောက်လုံးရှိတာတောင် မနေနိုင်စွာ တကယ့်ကို turn on ဖြစ်လာခဲ့တယ်ဗျ။ “I like to swallow too.”
“အခုမင်းအလှည့်ပဲ” သူရယ်ကျဲကျဲနဲ့ပြန်မေးတယ်။
သူပြောတဲ့အကြောင်းအရာကိုပြန်အာရုံကပ်ပြီး ခဏတော့ငြိမ်နေမိတယ်။ နောက်တော့ သိသာထင်ရှားတဲ့ တစ်စုံတစ်ခုစီ သွားလိုက်တယ်ဗျာ။
“ငါ ထိပ်အရေပြားဖြတ်ထားတယ်၊ အရှည်က ၆လက်မနဲ့ ရစိတ်” ခပ်တိုးတိုးလေးရှက်ရှက်နဲ့ပြောရတာပဲ။
“Cool. ငါလဲအတူတူပဲ ထိပ်အရေပြားဖြတ်ထားတယ်။ ငါပထမဆုံးမေးထားတဲ့မေးခွန်းကို အခုဖြေတော့ top or bottom?” သူက ကျွန်တော့်မျက်နှာကိုအသေအချာကြည့်ငေးပြီးပြန်မေးတယ်။
“ကောင်းပါပြီ….ငါ့အထင် မင်းဘာသာမင်းအချိန်တန်ရင် အလိုလိုသိသွားမယ့်ကိစ္စတစ်ခုခုပဲမဟုတ်ဘူးလား” ကျွန်တော် စကားလုံးတွေနဲ့ သဲလွန်စချပေးထားတာပဲ သူရှာနိုင်မှာပါ။ သူခြေချော်လဲပြီး နာကျင်သွားရင်တော့ အဖြေမရဘူးပေါ့ ဟုတ်ဘူးလား။
သူသွားဖြဲရယ်ပြရင်း “ငါ့ကိုယုံပါဟ….ငါတကယ်သိချင်ပြီး တကယ်စိတ်ဝင်စားလို့ပါ” လို့ပြောပါရော။ ကျွန်တော့်မှာ အတွေးထဲမှာတောင် သွေးခုန်နှုန်းတွေ တဆတ်ဆတ်တုန်ခါလာပါတယ်။
သူ မြက်ခင်းပြင်ပေါ်ကို ကျောပြန်ခင်းကာ တွန့်လိန်နေရင်း ရှည်လျားလှပတဲ့ သူ့ခြေတံနှစ်ဖက်ကို ကန့်လန့်ထားယှက်တင်ထားပါတယ်။ သူ့တင်ပါးတွေကို ဟိုသည်ရွေ့ပြီး ပရိယာယ်ဆင် ကျွန်တော်အာရုံစိုက်ကြည့်အောင်လုပ်နေသလိုပဲ။ သူပြောသလိုပဲ ကြီးမားလှတဲ့ အထုပ်အထည်ကြီးကို အနီးကပ်မြင်နေရပါတယ်။ သူ့နံဘေးမှာ ကျွန်တော်လည်း မြက်ခင်းပြင်ပေါ်ကိုကျောလှဲချရင်း အသာငြိမ်နေကာ သူ့မျက်လုံးတွေ ကျွန်တော့်ပေါင်ခွဆုံကို စိုက်ကြည့်နေကြောင်းသေချာအောင် အမိဖမ်းရမယ်။ ကျွန်တော့်မျက်နှာကို သူ့ဘက် ခပ်ဖြေးဖြေးလေးလှည့်လိုက်တယ်လေ။
“မင်း ဂေးဆိုတာ မိသားစုဝင်တွေက သိတယ်လား” ကျွန်တော်နုညံ့စွာမေးလိုက်တယ်။
“အို…သိတာပေါ့။ သည်ကိစ္စကို အဖေလက်ခံဖို့ တော်တော်ခက်ခဲခဲ့တာ။ နောက်ဆုံးတော့ သူလည်းလက်ခံလာမှာပါ။” သူ ခပ်တိုးတိုးဖြေတယ်။
“ငါ့အကြောင်းကိုတော့ အမေသိတယ်။ သည်သတင်းအသစ်အဆန်း အဖေ့ကိုပြောပြဖို့ လက်ရှိထက်အသက်ပိုကြီးလာချိန်ထိစောင့်ဦးလို့ အမေကပြောတယ်ကွာ။ ဘာကြောင့်လဲတော့မသိဘူးရယ်။ အဖေ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်သွားမှာတော့သေချာတယ်လေ။”
ကျွန်တော့်ဘက်ကို သူ့မျက်နှာလှည့်လာတယ်။
“ရယ်စရာတစ်ခုခု မကြားချင်ဘူးလား ဘော်ဒါ” သူက အဲလိုမေးလာတော့ ကျွန်တော်လည်း ခေါင်းငြိမ့်လိုက်တာပေါ့။ ကျွန်တော့်နံဘေးကို အသာတိုးကပ်လာပြီး တစ်ချက်ရယ်တယ်။ “မင်းအနားမှာကပ်ပြီး လှဲနေလို့ အမေသတိပေးတာခံရတယ်”
ကျွန်တော် သူ့မျက်နှာကိုကြည့်လိုက်တယ်။
“တကယ်ကြီးလား….အဲဒါကတော့ နည်းနည်းရယ်စရာကောင်းတယ်” ကျွန်တော်ရယ်မောမိပါရော။
“အင်း..တကယ်။ မင်းက ဂေးတွေအပေါ် အမုန်းစိတ်ရှိတဲ့ ရှေးရိုးစွဲအမြင်ကဲ လူငယ်တစ်ယောက်လို့ အမေကထင်နေတာလေ။” သူ စကားပြောလက်စကိုရပ်တန့်လိုက်ပြီး ကျွန်တော့်မျက်ဝန်းတွေကို တည်ငြိမ်လေးနက်စွာကြည့်လာတယ်။ “ငါဘာသိချင်လဲဆိုတော့ မင်း ငါ့ကို သူငယ်ချင်းစားရင်းဖျက်ပစ်မှာလားလို့”
ကျွန်တော် သူ့ပွင့်လင်းမှုအပေါ် နောက်တစ်ခါ အံ့အားသင့်ခဲ့ရပြန်ပါပြီ။ ကျွန်တော် သူ့မျက်ဝန်းညိုတွေကို ငေးစိုက်ကြည့်ပြီး ဦးခေါင်းကို အသာအယာပဲ ခါယမ်းလိုက်ပါတယ်။ ကျွန်တော့် စိတ်လှုပ်ရှားမှုကြောင့် ကျောရိုးထဲ ဖျဉ်းကနဲခံစားလိုက်ရသလို ဝတ်ထားတဲ့ ဘောင်းဘီထဲက ငပဲကလည်း ဆတ်ကနဲခုန်တက်လာတယ် ရုတ်တရက်ပေါ့နော်။
“မလုပ်ပါဘူး။ ပြီးတော့ ငါ့ကိုယုံကြည်စမ်းပါကွာ…ငါဘယ်လိုကိစ္စပဲရှိလာလာ မင်းကို သူငယ်ချင်းအဖြစ်ဆက်ခင်နေမှာပါ….မင်းကိုသိစေ ချင်တာက မင်းမေးတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ငါစိတ်ခု စိတ်ဆိုးတာမျိုးမဖြစ်ရပါဘူးလေ” ကျွန်တော် သူ့ကိုလည်း စကားခပ်တိုးတိုး ပြောရင်း မိဘတွေ ခုံတွေမှာထိုင်ပြီး စကားစမြည်ပြောနေတာကိုလှမ်းကြည့်ခဲ့သေးတယ်။ ပြီးမှ သူ့မျက်ဝန်းတွေကို ပြန်စိုက်ကြည့်ရင်း စကားဆက်ပြောတာပဲဗျာ။
“ဘာကိုစိတ်မခုတာလဲ” ခပ်ထူထူသူ့မျက်ခုံးတွေကို တစ်ချက်ပင့်လိုက်ရင်းမေးတယ်။
“Top or bottom ကိစ္စလေ။ ငါ့အတွက် ဘယ်လိုလာလာ ပြဿနာမရှိဘူးလို့” ကျွန်တော်စကားခွန်းတုံ့ပြန်လိုက်တယ်။ သူ တဖြည်းဖြည်း ပြုံးဖြီးဖြီးဖြစ်လာရော။
“အကောင်းတကာ့အကောင်းဆုံးပေါ့။ ငါလည်း အဲဒီကိစ္စမှာ သိပ်ပြီးသတ်သတ်မှတ်မှတ်မရှိဘူးဘဲ။ သည်အပန်းဖြေခရီးက ငါမျှော်မှန်းထား တာထက် ပိုပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပြီ။” သူခပ်တိုးတိုးပြောရင်း နှစ်ကိုယ်ကြားရယ်မောပါတယ်လေ။
ကျွန်တော်တို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မိနစ်အတော်ကြာငေးစိုက်ကြည့်နေခဲ့ကြတယ်။ နှစ်ဦးသားကြား လိင်ပိုင်းဆိုင်ရာ တောင့်တစွဲလမ်းမှုတွေ ရေချိန်တဖြည်းဖြည်းမြင့်လာကြဟန်ရှိပါရဲ့။ သူ့မျက်ဝန်းတွေထဲမှာ တက်မက်တဲ့အာသာတွေတောက်လောင် နေတာမြင်ခဲ့သလို ကျွန်တော်သည်လည်း ရှက်ရွံ့မှုရဲ့အလွန် တောင့်တတဲ့စိတ်တွေ မထိန်းနိုင်စွာ အာခေါင်ခြောက်ပြီးရေငတ်လာသလိုလို ခံစားချက်တွေဖြစ်ပေါ်လာပါတယ်။
ကျွန်တော့်မျက်နှာနဲ့ သူ့မျက်နှာထိခတ်လုနည်းပါးတိုးကပ်လာပြီး “ငါ မင်းကို တကယ်နမ်းချင်လာပြီကွာ” လို့ တိုးတိုးပြောတယ်။
“အင်း….ငါသိတယ်….ငါလည်း အတူတူပဲ”
သူ့ပါးပြင်က ပါးချိုင့်တွေပေါ်လာအောင်ပြုံးလိုက်ရင်း လျှာကိုအပြင်ထုတ်ကာ သူ့နှုတ်ခမ်းတွေကို သပ်ပြတယ် ဟန်ပါပါပေါ့။
“နမ်းတာကို မင်းသဘောကျလား” ကျွန်တော်ခပ်မဆိတ်မေးလိုက်တယ်။
“Very much, ငါ့အတွက်တော့ အဲလိုလုပ်ရင်….အရမ်း turn on ဖြစ်တာ”
“အခုအချိန်ငါ့ကို ဘာက စိတ်တက်ကြွလာစေသလဲဆိုတာ မင်းသိချင်လား? ဟိုရောက်သည်ရောက် စကားစမြည်ပြောလို့လဲမဟုတ်ဘူး၊ ပတ်ဝန်းကျင်က ခြုံပုတ်တွေကိုတုတ်နဲ့လိုက်ရိုက်ရလို့လဲမဟုတ်ဘူး၊ မင်း ငါ့ရှေ့မှာ လုပ်နေသမျှအရာအားလုံးကြောင့်လို့ပြောရင်ရတယ်” ကျွန်တော်နုနုည့ံညံ့ မေးလိုက်တော့ သူခေါင်းငြိမ့်ပြတာကြောင့် စကားဆက်ပြောမိတာပေါ့။ “ငါ သဘောကျတယ်။ အရမ်းသစ်လွင်တာပဲ ကွာ။ အရင်ကသည်လိုခံစားချက်မျိုးပေးတဲ့လူမျိုး တစ်ခါမှမတွေ့ဆုံခဲ့ဖူးဘူး။”
“ငါလေ ပေါက်တတ်ကရ ငြီးငွေ့ဖို့ကောင်းတဲ့လူတွေနဲ့တွေ့ပြီး အချိန်ဖြုန်းခဲ့မိတာပဲ။ငါဆိုလိုတာကကွာ မင်းအနေနဲ့ လူတစ်ယောက်ကို စွဲလမ်းမိတယ်ဆိုရင် ဘာကြောင့်ဖွင့်မပြောတာလဲ။ ငါဆို တစ်ခုခုလိုချင်လာရင်…” သူစကားပြောလက်စကိုရပ်တန့်ရင်း အဓိပ္ပာယ်ပါပါ အကြည့်နဲ့ ကျွန်တော့်ကိုစိုက်ကြည့်ကာ “ရအောင်ယူလိုက်တာပဲ” လို့စကားဆက်ပါတယ်။
ကျွန်တော် သူ့မျက်နှာကို စူးစိုက်ငေးကြည့်ရင်း ဦးခေါင်းကိုဖြည်းဖြည်းလေးလေးငြိမ့်ပြခဲ့တယ်။
“ကောင်းပါပြီ။ မင်းအနေနဲ့ တစ်ခုခုကို လိုလားလိုချင်လာရင် ဘယ်အချိန်ပဲဖြစ်ဖြစ် သွားယူနိုင်ပါတယ် ငါသေချာပေါက်မတားပါဘူး” လို့ ကျွန်တော် လေသံလေးနဲ့ပြောလိုက်တယ်။
သူ ခေါင်းတစ်ချက်ငြိမ့်ပြပြီး ခပ်ဖြေးဖြေးပြုံးပြခဲ့ပါတယ်။ သူ့မျက်ဝန်းတွေဟာ တလက်လက်တောက်ပနေခဲ့တာပါ။ နောက်တော့ သူထထိုင်ပြီး ကျွန်တော့်ကိုငုံ့ကြည့်နေပါရော။ ကျွန်တော့်ကိုယ်ခန္ဓာ အလျားအနံတရွေးသားမကျန်အောင် သူ့မျက်လုံးတွေက အစုန်အဆန်ရွေ့နေတာပါပဲ။ ကျွန်တော့်ပေါင်ခွဆုံက အထုပ်အထည်ကို အတန်ကြာစိုက်ကြည့်နေပြီးမှ ကျွန်တော့်ခြေသလုံးတွေ ပေါင်တံတွေကိုကြည့်တယ်။
“Oh God!” သူသက်ပြင်းချလိုက်ရင်း “ငါ…ငါ..” စကားပြောရင်းကနေ ရပ်တန့်လိုက်ပြီး သက်ပြင်းခပ်လေးလေးချပါတယ်။ နောက် ကျွန်တော့်မျက်နှာအနီးကိုငုံ့ကိုင်းတိမ်းညွှတ်လာပြီး သူ့မျက်ဝန်းညိုတွေနဲ့ ကျွန်တော့်မျက်လုံးတွေကို ညှို့ငှင်စိုက်ကြည့်နေရော။
“ဘာပြောရမလဲ…..ငါတို့သည်နေရာကနေ ခဏထွက်သွားကြမလား?” သူ အသံပြာပြာနဲ့ပြောတယ်။ “လမ်း…လမ်းခဏေလျှောက်ဖို့ပါ” သူမျက်စိတစ်ဖက်မှိတ်ပြရင်း ပါးချိုင့်ပေါ်အောင်ပြုံးခဲ့တယ်။
“မင်းက ခြေမြန်တော်တပ်မှူးလေးပဲကွာ…ဟုတ်တယ်ဟုတ်” ကျွန်တော် သွားဖြဲရယ်မောမိတယ်ဗျ။
“အို….မင်းဘာမှမသိပါဘူးလေ..” သူ ကျွန်တော့်ပြောစကားကို မှတ်ချက်ချကာ ဟားဟားအသံထွက်အောင်ရယ်မောပါတယ်။
“I like it!” ကျွန်တော်ပြောလည်းပြော ခုန်ထလိုက်ရင်း “ဒါဆို သွားကြစို့”
Alex Aung (June 7, 2020)
To be continued……
(Zawgyi)
ဘယ္သူေတြဘယ္လိုပဲေျပာေျပာ ေမ့မရေသာ အခ်စ္ဦးအေၾကာင္း လူတိုင္းကိုယ္စီရဲ႕ရင္မွာ ရွိၾကပါတယ္။ ကၽြန္ေတာ္သည္လည္း အလားတူ အခ်စ္ဇာတ္လမ္းရွိခဲ့တယ္ဗ်။
*** 01. The Lake.
1990 ခုႏွစ္ရဲ႕ ေႏြဦးရာသီမယ္ ကၽြန္ေတာ့္မိဘမ်ားဟာ ေတာင္တန္းေတြၾကားတည္ရွိေနတဲ့ ေရကန္ၾကီးတစ္ကန္နံေဘးမွ သစ္သား အိမ္ငယ္ေလးတစ္လံုးကိုငွားရမ္းခဲ့ပါတယ္။ အိမ္ေလးဟာ ဧကငါးဆယ္က်ယ္၀န္းလွျပီး အစြန္းတစ္ဖက္မွာ ေရကန္ၾကီးနဲ႔ထိစပ္ေနကာ တစ္ဖက္မွာေတာ့ ထင္းရွဴးေတာအုပ္တစ္ခုရွိေနတဲ့ ျခံ၀န္းၾကီးထဲမွာတည္ရွိတာပါ။ ေရကန္အစပ္နဲ႔ သိပ္မေ၀းလွေတာ့ ေရျပင္က်ယ္ကို တေမွ်ာ္တေခၚၾကီး အိမ္ကေလးကေနျမင္ရသလို အိမ္နီးနားျခင္းလို႔ေခၚဆိုႏိုင္မယ့္ လူေနအိမ္ေျခနဲ႔ဆို မိုင္၀က္ေလာက္လွမ္းမယ္။ အလြန္တရာ ေအးခ်မ္းလွသလို တစ္ခါတရံမွ ခပ္သဲ့သဲ့ၾကားရတဲ့ သစ္ေတာထဲက ဆူညံသံေတြနဲ႔ သိပ္မနီးစပ္လွပါဘူး။
အဲသည္လိုေနရာကို ေရာက္ရွိခ်ိန္မွာ ကၽြန္ေတာ့္အသက္က တစ္ဆယ့္ရွစ္ႏွစ္ျပည့္စျဖစ္ျပီး တိတ္ဆိတ္တဲ့၀န္းက်င္ကို သေဘာမက်ခဲ့ပါ။ နီယြန္မီးေရာင္ေတြ တလက္လက္ေတာက္ေနတဲ့ ျမိဳ႕ျပမွာ ေႏြရာသီတစ္ခုလံုးကို ကၽြန္ေတာ့္သူငယ္ခ်င္းေတြနဲ႔သာ အခ်ိန္ျဖဳန္းခ်င္ခဲ့တာ။ ျမိဳ႕မွာဆို ဘာလုပ္ခ်င္သလဲ အဆင္ေျပေျပေျဖရွင္းလို႔ရတာအမွန္ပဲ။ ဆယ္ေက်ာ္သက္အရြယ္ကေန အရြယ္ေရာက္စျပဳတဲ့သည္လို အခ်ိန္မယ္ ေႏြရာသီကို ေတာထဲမွာ မျဖတ္သန္းခ်င္ေၾကာင္း အေဖ့ကိုအတြန္႕တက္ခဲ့ေသးတယ္။ သူ႕တုန္႔ျပန္ခ်က္ကေတာ့ သင္းပါတယ္ ခါတုိင္းလိုပါပဲ လိမၼာေအာင္ေန အေမ့စကားနားေထာင္ အေဖ့ကိုျပန္မေျပာနဲ႔ေပါ့။
“ဘ၀မွတ္တမ္းေတြဘာေတြလုပ္မေနနဲ႔ သား၊ မင္းဘယ္ေနရာမွာေနျပီးျဖတ္သန္းျဖတ္သန္းအတူတူပဲ” ခပ္ေအးေအး ေဖ်ာင္းျဖတယ္။
“ဘ၀ဆိုတာ ျမိဳ႕မွာပဲေနေန၊ ေျမာက္၀င္ရိုးစြန္းမွာေနေန ဘယ္လိုေနရာမွာပဲေနေန ျဖတ္သန္းျပီးဆံုးရတာျခင္းအတူတူပါပဲကြာ၊ ေကာင္းေကာင္းမြန္မြန္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းႏိုင္ဖို႔ပဲလိုတယ္ သား….ေတာ္ေတာ့ ညည္းညဴမေနနဲ႔”
သည္ေတာ့ ပ်င္းစရာေကာင္းလွတဲ့ ခပ္ေဟာင္းေဟာင္းေက်းလက္ေဒသတစ္ခုရဲ႕ ေရကန္ေဘးက ခပ္အိုအိုသစ္သားအိမ္တစ္လံုးမယ္ ေသာင္တင္ေနရပါျပီ။ ရက္သတၱပါတ္သံုးပါတ္ေလာက္ အခ်ိန္ျဖဳန္းရမယ့္ေနရာပဲလို႔ေတြးမိေတာ့ နည္းနည္းေလးေၾကာက္ရြံ႕စိတ္၀င္ မိသလိုပါ။ အို….သည္လိုပါပဲ….ပ်င္းစရာေကာင္းရံုေလာက္ပဲေနမွာပါ ေလွ်ာက္ေတြးမေနနဲ႔။ ဟိုသည္ အနည္းငယ္လမ္းေလွ်ာက္၊ ေရေလးကူး၊ ေနာက္ေတာ့ လမ္းေလးပိုေလွ်ာက္ ဒါပဲလုပ္စရာရွိတယ္။
ပထမ သံုးရက္ကေတာ့ အေတာ္ဆိုးဆိုးပဲ။ တစ္အိမ္လံုးအႏွံ႔ သန္႔ရွင္းေရးလုပ္ ၾကမ္းတိုက္၊ အမႈိက္ေတြကို သူ႕ေနရာနဲ႔သူစြန္႔ပစ္ လုပ္ေန ရခ်ိန္ ျမိဳ႕မွာက်န္ေနခဲ့တဲ့ သူငယ္ခ်င္းေတြပဲ အေတြးထဲတ၀ဲလည္လည္ျမင္ေနမိတယ္ဗ်။ ေလးရက္ေျမာက္ေန႔မွာေတာ့ နည္းနည္းေလာက္ အေျခအေနပိုေကာင္းလာတယ္ေျပာရမယ္ ကၽြန္ေတာ္တို႔နဲ႔အနီးဆံုးလို႔ေျပာရမယ့္ အိမ္နီးခ်င္းေတြနဲ႔ေတြ႕ဆံုခြင့္ရျပီး သူတို႔ေၾကာင့္ ေပ်ာ္ရႊင္ ရပါတယ္။ သားျဖစ္သူ ဒိုဒိုက ကၽြန္ေတာ့္ထက္ တစ္ႏွစ္ သို႕မဟုတ္ ႏွစ္ႏွစ္ေလာက္အသက္ပိုၾကီးျပီး ေကာလိပ္မသြားခင္ သူ႕မိဘေတြနဲ႔ အားလပ္ရက္ခရီးတစ္ခုထြက္လာၾကျခင္းျဖစ္သတဲ့။
ဒိုဒိုသည္ ကၽြန္ေတာ့္ရဲ႕ကယ္တယ္ရွင္တစ္ေယာက္ျဖစ္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ ကၽြန္ေတာ့္အသက္အရြယ္ အျခားအေပါင္းအပါ လူအုပ္စုေတြထဲ တစ္မ်ိဳးတစ္ဘာသာျဖစ္ေနေသာ ‘တစ္ဦးတည္းေသာသား’တစ္ေယာက္ရဲ႕ လိုအင္ေတြကိုအလိုက္သင့္ျဖည့္ဆည္းေပး တတ္ခဲ့တာပါ။ ဘာေၾကာင့္လဲဆိုတာကေတာ့ ဒိုဒိုက ကၽြန္ေတာ့္ထက္ အသက္နည္းနည္းပဲၾကီးသလို သူသည္လည္း တစ္ဦးတည္းေသာ သားျဖစ္လို႔ထင္ပါတယ္။ တူညီေသာ အေနအထား၊ၾကံဳဆံုရေသာ အျဖစ္အပ်က္ေတြက မနီးရိုးစြဲျဖစ္ဟန္တူရဲ႕။
ကၽြန္ေတာ္တို႔ႏွစ္ဦးသား စဆံုတဲ့အခိုက္အတန္႔မွာ ခင္မင္ရင္းႏွီးသြားၾကတယ္။ သူက ရုပ္ရည္ေခ်ာေမာသလို ခင္မင္ႏွစ္လိုဖြယ္ဟန္လည္း ရွိတယ္ ကၽြန္ေတာ့္လိုေပါ့။ ကၽြန္ေတာ္တို႔မိသားစုအတူ လမ္းေလွ်ာက္ထြက္ရင္း သူတို႔မိသားစုနဲ႔ေတြ႕ဆံုခဲ့ၾကတာပါ။
တစ္ရက္မွာ ေဖေဖ၊ ေမေမနဲ႔ ကၽြန္ေတာ္ ျခံ၀န္းစည္းရိုးအတိုင္းလမ္းေလွ်ာက္ ဟိုသည္ေငးရင္းလာလိုက္ၾကတာ အိမ္နီးခ်င္းအျဖစ္ သစ္သားအိမ္ေလးတစ္လံုးကို အေတြ႕မွာ ရပ္လိုက္ၾကပါတယ္။ သက္လတ္ပိုင္းအရြယ္စံုတြဲတစ္တြဲရယ္ ငယ္ရြယ္ျပီးအရပ္ရွည္ရွည္ ၾကည့္လို႔ေကာင္းတဲ့ ေကာင္ေလးတစ္ေယာက္ရယ္က ကၽြန္ေတာ္တို႔ဆီေလွ်ာက္လာခဲ့ျပီး ႏႈတ္ဆက္ၾကတယ္။
ကၽြန္ေတာ္တို႔ လမ္းေလွ်ာက္ေနရာမွ ရပ္လိုက္ၾကျပီး အသီးသီးမိတ္ဆက္စကားေျပာဆိုၾကခ်ိန္မယ္ ကၽြန္ေတာ္ကေတာ့ အေဖတို႔ေနာက္မွာ ခပ္ရို႕ရို႕ရပ္ေနခဲ့ပါတယ္။ ဒိုဒိုသည္လည္း သူ႕မိဘေတြေနာက္မွာ ပ်င္းစရာေကာင္းတဲ့အသြင္မ်က္ႏွာဟန္နဲ႔ မတ္တပ္ရပ္ေနခဲ့တယ္ေလ။ ကၽြန္ေတာ့္ကို မ်က္လႊာပင့္ၾကည့္ရင္း စူးစမ္းသလိုေငးကာ ရွက္ရြံ႕စြာျပံဳးျပခဲ့ပါတယ္။ ကၽြန္ေတာ္လည္း လက္ကေလးအသာေျမာက္ရင္း သူ႕ကိုေ၀့ရမ္းျပကာ ‘Hi’ ႏႈတ္ဆက္ရတာေပါ့။
ကၽြန္ေတာ့္မိဘေတြရယ္ သူ႕မိဘေတြရယ္ ကန္ၾကီးအနီးကို အပန္းေျဖခရီးထြက္လာျခင္းရဲ႕အက်ိဳးရွိပံုေတြအေၾကာင္း ဟိုဟိုသည္သည္ ေဆြးေႏြးစကားတင္းဆိုေနၾကတုန္း ဒိုဒိုနဲ႔ ကၽြန္ေတာ္ရယ္ေလ သူတို႔ေနာက္နားမယ္ ပ်င္းရိစြာမတ္တပ္ရပ္ေနၾကရတယ္။ ဖခင္ေတြလည္း ဟိုသည္ အစီအစဥ္ဆြဲလိုက္ၾကတာ ေနာက္ဆံုးေတာ့ ကၽြန္ေတာ္တို႔သစ္သားအိမ္ေလးရဲ႕ေရွ႕ ျမက္ခင္းျပင္၀ယ္ ညေနေစာင္းအခ်ိန္မွာ ဘာဘီက်ဴးလုပ္စားၾကရင္း မိတ္ဆံုစားပြဲလုပ္ဖို႔နဲ႔အဆံုးသတ္ပါတယ္။ ေျပာဆိုလည္းျပီးေရာ မိသားစုႏွစ္စုလံုး ကိုယ္ဦးတည္ရာဘက္ကို လမ္းဆက္ေလွ်ာက္လာလိုက္ၾကတယ္။ ကၽြန္ေတာ္ မ်က္လႊာတစ္ခ်က္ပင့္အၾကည့္မွာေတာ့ ဒိုဒိုက ပါးခ်ိဳင့္ေပၚေအာင္ျပံဳးျပပါရဲ႕။ ေနာက္ေတာ့ ကၽြန္ေတာ့္နံေဘးကေန သူျဖတ္အသြား နားရြက္နားငံု႔ကိုင္းကာ ‘မိသားစု ဘာဘီက်ဴးပါတီတဲ့…ဘယ္ေလာက္ရင္ဖိုစရာ ေကာင္းလဲ’ လို႔ခပ္တိုးတိုးေျပာသြားတယ္။
‘ငါ့ႏွလံုးခုန္သံေတြ ျမန္ေနတုန္းပဲ’ လို႔ ခပ္တိုးတိုးေလးျပန္ေျပာ ျပန္ျပံဳးျပလိုက္တာေပါ့ ဘာရမလဲ။ သူ ရယ္လည္းရယ္၊ မ်က္စိတစ္ဖက္ လည္းမွိတ္ျပ၊ လက္တစ္ဖက္ကို အသာေ၀့ယမ္းျပရင္း မိဘေတြရွိရာ အေျပးလိုက္သြားပါတယ္။ သူတို႔ေနထိုင္ရာ သစ္သားအိမ္ေလးဘက္ မိသားစုအလိုက္ ေလွ်ာက္သြားဟန္ကို ကၽြန္ေတာ္ မ်က္ေတာင္မခတ္ဘဲေစာင့္ၾကည့္ေနမိတာပါ။ ဒိုဒိုတို႔ေနတာက ကၽြန္ေတာ္ေနထိုင္တဲ့ ေနရာနဲ႔ သိပ္မေ၀းဘူးဆိုေတာ့ သူတို႔သည္ ကၽြန္ေတာ္ရဲ႕ အိမ္နီးခ်င္းေတြပဲေပါ့။ သည္အေတြးက ကၽြန္ေတာ့္ကို အေတာ္အတန္ ေက်နပ္ ေစပါတယ္။ ပထမရက္ရွိေသး ရုတ္ျခည္းဆိုသလို သူ႕ကို ကၽြန္ေတာ္ႏွစ္သက္သြားမိပါတယ္။ ေနာက္တစ္ၾကိမ္ သူ႕ကိုျမင္ေတြ႕ရဖို႔ ၾကံဳဆံု ရမယ့္ ညေနခင္းဆိုတာကို ခပ္ေလာေလာေမွ်ာ္လင့္ေနမိတယ္ဗ်။
ညေန ၇နာရီထိုးျပီးေနာက္မွ သူတို႔မိသားစုခပ္သြက္သြက္ေရာက္လာတာေၾကာင့္ ေဖေဖက ကၽြန္ေတာ္နဲ႔ဒိုဒိုကို ခ်က္ျပဳတ္ဖို႔အဆင္ေျပ ေအာင္ျပဳလုပ္ေပးဖို႔ တာ၀န္ခြဲေ၀ေပးပါတယ္။ Steaks နဲ႔ Burgers ေတြက ဘာဘီက်ဴးပါတီအတြက္ အဆင္သင့္ျဖစ္ေနသလို အမ်ိဳးသမီး ေတြလည္း မီးဖိုေခ်ာင္ထဲမယ္ salads ေတြလုပ္ေနၾကျပီး အေဖႏွစ္ေယာက္ကေတာ့ ျမက္ခင္းမွာထိုင္လို႔အဆင္ေျပမယ့္ ထိုင္ခံုေတြခ်၊ ေသာက္စရာေတြကို ျပင္ဆင္ေနၾကတယ္။ ဒိုဒိုနဲ႔ ကၽြန္ေတာ္ ဘာဘီက်ဴးအတြက္ အကင္ဖိုနားမယ္ အဆင္သင့္မတ္တပ္ရပ္ျပီး အသား အေနအထားဘယ္လိုရွိျပီလဲ တရွဲရွဲနဲ႔ အသံျမည္ေနတဲ့ေနာက္ တူးမသြားေအာင္ အကင္တံကိုလွည့္ျပဳေပးၾကရပါတယ္။
ဒိုဒိုတစ္ေယာက္ တီရွပ္တစ္ထည္နဲ႔ baggy jeans ၀တ္ဆင္ထားတာ အလြန္ၾကည့္ေကာင္းေနတယ္ဗ်။ ေျခတံလက္တံေတြက ေတာင့္ ေတာင့္တင္းတင္းနဲ႔ က်စ္လစ္ပံုပါပဲ။ အသားေတြကို ကင္ေနတဲ့ကၽြန္ေတာ္ အကင္တံေတြကို သူတစ္ဖက္လွည့္ျပီးထားေနတုန္း တကိုယ္လံုး ေလ့လာေစ့ငုပါတယ္။ သူ႕ဆံသားေတြက အညိဳေဖ်ာ့ေဖ်ာ့အေရာင္ျဖစ္ျပီး ခပ္ပြပြသဏၭာန္ညွပ္ထားတာဗ်။ မ်က္ေတာင္ေတြ က ခပ္ရွည္ရွည္နဲ႔ျဖစ္ျပီး မ်က္၀န္းညိဳေတြက စူးရွေတာက္ေပေနသလို မ်က္ခံုးေတြကလည္း သန္႔ရွင္းတိပေနပါတယ္။
သူ႕ခႏၶာကိုယ္မွာ ၀တ္ဆင္ထားတဲ့တီရွပ္အက်ႌေအာက္မယ္ က်စ္က်စ္လစ္လစ္၊ က်ယ္ျပန္႔တဲ့ရင္အုပ္နဲ႔ ခ်ပ္ခ်ပ္ရပ္ရပ္ဗိုက္သားေတြလည္း ရွိေနတယ္။ သူ႕လက္ေမာင္းေတြက သန္မာေတာင့္တင္းလွသလို ေျခေထာက္ေတြကလည္း အေျပးသမားတစ္ေယာက္လို သန္မာပံု ေပါက္ပါတယ္။ ဒါေပမဲ့ အေမႊးႏုေလးေတြက ခပ္ရိပ္ရိပ္ဖံုးထားပါရဲ႕။ ျခံဳငံုေျပာရရင္ သူဟာ စြဲမက္ဖြယ္ေကာင္းလွတဲ့ လူငယ္ေလးတစ္ ေယာက္ျဖစ္တာေၾကာင့္ ကၽြန္ေတာ္သူ႕အေပၚ စြဲျငိသြားပါျပီ။ သူ႕အသံဟာ ႏုညံ့ခ်ိဳသာသလို ၾကည္ႏူးဖြယ္ရယ္ေမာသံေလးေတြျဖည့္စြက္ တတ္တာပါေသးတယ္။
နည္းနည္းေလာက္ ကၽြန္ေတာ့္အေၾကာင္းေနာက္ေၾကာင္းျပန္ရရင္ အသက္အရြယ္ငယ္ငယ္ တစ္ဆယ့္ေလးႏွစ္ေလာက္မွာပဲ ကၽြန္ေတာ့္ လိင္စိတ္တိမ္းညႊတ္မႈဟာ ဘယ္လိုဆိုတာ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အေမ့ကို အားကိုးတၾကီးဖြင့္ဟလိုက္ေတာ့ ကၽြန္ေတာ္ဟာ ေဂးျဖစ္ ေၾကာင္း အေဖမသိေအာင္ အခ်ိန္အတိုင္းအတာတစ္ခုထိလွ်ိဳ၀ွက္ထားဖို႔ သူမကအၾကံဉာဏ္ေပးတယ္ဗ်။ အေဖက ေခတ္ပညာတတ္ ဆိုေသာ္ျငား အေမ့လို လြတ္လပ္တဲ့အေတြးအေခၚမ်ိဳးမရွိသလို သူလက္သင့္မခံႏိုင္တဲ့အေၾကာင္းအရာဆို ခပ္မဆိတ္ ေနမယ့္သူမ်ိဳး မဟုတ္ဘူးေလ။ ကၽြန္ေတာ္ေျပာမယ့္ သတင္းစကားေၾကာင့္ အေဖစိတ္အေႏွာင့္အယွက္ျဖစ္သြားမယ္၊ ကၽြန္ေတာ့္အေပၚ မယံုသကၤာစိတ္ စြဲျမဲသြားလိမ့္မယ္လို႔ အေမကေျပာျပပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္အရြယ္တစ္ခုေရာက္သည္အထိ မေျပာျပဘဲေနဖို႔သင့္ေၾကာင္း အေမ က အၾကံေပးတာပါပဲ။
ယခုေတာ့ ေအးခ်မ္းျငိမ္သက္တဲ့ ေက်းလက္ေဒသတစ္ခုကိုေရာက္ေနခဲ့ျပီး ၾကည့္ေကာင္းလွတဲ့ငနဲေလးတစ္ေပြနဲ႔အတူ ဘာဘီက်ဴး ျပင္ဆင္ေနၾကတယ္ေလ။ ႏွစ္ေယာက္သား ဘာဘီက်ဴးအကင္ဖိုနား ဟာသေတြေႏွာ ရယ္စရာေတြေျပာျပီးအလုပ္လုပ္ေနၾကတာမ်ား တစ္ေယာက္ကိုတစ္ေယာက္ မ်က္လံုးေတြကတစ္ဆင့္စူးစမ္းၾကရင္းေပါ့။ အသားေတြအကုန္က်က္သြားျပီးတဲ့ေနာက္ဆံုးမွာ ကၽြန္ေတာ္တို႔ ပန္းကန္ျပားေတြထဲ အဆင္ေျပေအာင္ထည့္ကာ picnic table ေပၚကို ၾကည့္ေကာင္းေအာင္ေနရာခ်လိုက္ပါတယ္။ စားေသာက္ဖြယ္ပန္းကန္ေတြကို ကူကယ္သယ္ယူျပီး ေနရာခ်ေပးဖို႔ အေမကလွမ္းေအာ္လိုက္တာေၾကာင္း ကိုယ္စီကိုယ္စီ သယ္ယူျပီး စားပြဲေပၚကို ခ်ျပဳၾကတယ္ေပါ့။
ကၽြန္ေတာ္ ျမက္ခင္းစိမ္းစိမ္းေပၚခင္းထားတဲ့ ယိုးဒယားဖ်ာေပၚ ေျခဆင္းထိုင္ခ်လိုက္ျပီး အရသာရွိလွတဲ့ ဘာဂါတစ္လံုးကို အားရပါးရစား ပါတယ္။ ဒိုဒိုးတစ္ေယာက္ကေတာ့ ပန္းကန္ျပားခပ္ၾကီးၾကီးထဲမယ္ steak နဲ႔ salad ေတြအမ်ားၾကီးထည့္ယူလာကာ ကၽြန္ေတာ္နဲ႔ ခပ္နီးနီးမွာ ထိုင္ခ်ရင္း အသံျမည္တဲ့အထိစတင္စားေသာက္ပါတယ္။ သူစားေသာက္ျပီးခ်ိန္မွာေတာ့ ပန္းကန္ျပားကို နံေဘးမွာ အသာခ်ရင္း ျမက္ခင္းျပင္ေပၚကို လွဲခ်လိုက္ေရာ။ အားရစဖြယ္ သူ႕ခႏၶာကိုယ္ပံုရိပ္ေတြကို အနီးကပ္ျမင္ရေတာ့ ရင္ထဲကလိကလိ ျဖစ္ရပါတယ္။ မ်က္ခံုးေမႊးထူထူက တန္းေနသလို အေမႊးႏုေလးေတြက ၾကက္ေျခခတ္ထားတဲ့ ေျခေထာက္ႏွစ္ဖက္မွာ အမ်ားအျပားေတြ႕ရ ပါရဲ႕။
“မင္းတို႔မိသားစုက တကယ္ေႏြးေထြးေပ်ာ္ရႊင္စရာပဲ” လို႔ ခပ္တိုးတိုးေလးသူကေျပာတယ္ဗ်။
“မင္းတို႔ မိသားစုလည္းအတူတူပါပဲကြာ” လို႔ ကၽြန္ေတာ္လည္း တုန္႔ျပန္စကားဆိုမိတယ္။
“အင္း….ဟုတ္တယ္…..အေဖက ေဘာလံုးကစားတာ အလြန္ေတာ္တာေလ။ ဒါေၾကာင့္ အေမ့အသည္းစြဲျဖစ္ခဲ့တာေပါ့” သူက ေျပာလည္း ေျပာရင္း ခပ္တိုးတိုးရယ္ေမာတယ္။ “Join the Club, ငါ့အေဖလည္း ေဘာလံုးကန္တာအရူးအမူး၀ါသနာပါခဲ့တာ ေက်ာင္းတက္တုန္း ကေလ။ သူတို႔အသင္းမွာ hero တစ္ေယာက္ျဖစ္ခဲ့တာေပါ့” ကၽြန္ေတာ္လည္း ႏွစ္လိုလက္ရျပံဳးရင္း စကားျပန္ေျပာမိတာေပါ့ေနာ္။
“ပြင့္ပြင့္လင္းလင္းေျပာရရင္…ၾကည့္ေကာင္းတယ္ဆိုတဲ့ ငနဲေတြအေတာ္မ်ားမ်ားက သည္ေဘာလံုးအားကစားကို၀ါသနာပါၾကတယ္ေနာ္။ ငါေတာ့ ဘာေၾကာင့္ဆိုတဲ့ အဓိကအခ်က္ကို အခုထိမသိဘူးရယ္” သူ႕အေျပာမွာ ကၽြန္ေတာ္သေဘာတက်ရယ္ေမာမိပါတယ္။
“ကဲအဆံုးသတ္ေျပာမယ္ကြာ…. ေဘာလံုးကန္တဲ့အားကစားကို မုန္းတဲ့တစ္ေယာက္ေယာက္ရွိလားေမးလာရင္ တစ္ကမၻာလံုးမွာ ငါတစ္ေယာက္ပဲရွိမယ္ထင္တယ္။ ငါ့သူငယ္ခ်င္းေတြေျပာတာကေတာ့ ငါက ေဘာလံုးမွန္မွာေၾကာက္လို႔ ဒါမွမဟုတ္ ေျခက်ိဳးလက္က်ဳိး ျဖစ္မွာေၾကာက္လို႔ ထင္မိၾကတယ္တဲ့။
“တစ္ေက်ာင္းလံုးမွာ ဘယ္ကစားပြဲမွမသြား ဘာအားကစားမွမလုပ္တာ ငါတစ္ေယာက္ပဲရွိတယ္ထင္တယ္ကြ။ ယတိျပတ္ေတာ့လည္း မဟုတ္ဘူးရယ္ art, music, theatre နဲ႔ အျခား၀ါသနာပါတာေလးေတြရွိပါေသးတယ္။” သူကစကားေျပာရင္း သေဘာတက်ရယ္ေမာ ေသးတာပါ။
ကၽြန္ေတာ္ ဒိုဒိုးကို ေငးစိုက္ၾကည့္ေနမိပါတယ္။ သည္ငနဲေလးက အစစ္အမွန္လား။ ကၽြန္ေတာ့္ဘ၀ထဲက မွတ္မွတ္ထင္ထင္ၾကံဳဆံုရတဲ့ လူတစ္ဦးတစ္ေယာက္ျဖစ္လာေတာ့မွာလား အေတြး၀င္မိရင္းေပါ့။
“ငါလည္းအတူတူပဲ… ငါ့အေဖလိုျဖစ္လာမွာမဟုတ္ဘူး၊ ငါက သူနဲ႔ဘာမွမတူသလိုဘဲဆိုတဲ့ ခံစားခ်က္ေတြ မၾကာခဏခံစားမိတယ္” ကၽြန္ေတာ္ တီးတိုးစကားျပန္မိတယ္။
“အဲဒီခံစားခ်က္ကို ငါသိတယ္” သူက ခ်က္ခ်င္းစကားတုန္႔ျပန္တယ္။
ႏွစ္ဦးသားစကားမဆိုဘဲ မိနစ္အနည္းငယ္ေလာက္ တိတ္ဆိတ္စြာထိုင္ေနၾကပါတယ္။
“မင္းအသက္ဘယ္ေလာက္လဲ” သူက ေမးတယ္။
“ တစ္ဆယ့္ရွစ္ႏွစ္။ ေနာက္လဆိုရင္ တစ္ဆယ့္ကိုးႏွစ္ျပည့္ျပီ။ မင္းေကာ?”
“ တစ္ဆယ့္ကိုးႏွစ္ျပည့္ေတာ့မွာ….မင္း ဘာေတြလုပ္ရတာၾကိဳက္လဲ ငါ့ကိုေျပာျပ”
“ အမ္……စဥ္းစားၾကည့္ရင္….ရုပ္ရွင္ေတြ၊ ရိုက္ခ်က္ေကာင္းတဲ့ရုပ္ရွင္…ဘယ္လိုေျပာရမလဲ စိတ္ဓာတ္ပ်က္ျပားေစမယ့္ ရုပ္ရွင္မဟုတ္တာ မ်ိဳးေတြကြာ။ ျပီးေတာ့ Kung-Fu ဇာတ္ကားမ်ိဳးေတြမၾကိဳက္ဘူး။” ကၽြန္ေတာ္ေျပာျပတာကို ေခါင္းတျငိမ့္ျငိမ့္နဲ႔ ဘာမွ ထင္ျမင္ခ်က္ မေပးဘူး။
“ျပီးေတာ့ စာအုပ္ေကာင္းေတြကိုဖတ္ရတာ တကယ္ၾကိဳက္တယ္။ လက္ႏွင့္ကိုင္ဖတ္ရတဲ့ စာအုပ္မ်ိဳးလည္းျဖစ္ရမယ္ကြာ။ Comic Books ေတြကိုေတာ့ နည္းနည္းပါးပါးဖတ္တယ္။ အာ…ငါဘာေျပာခ်င္တယ္ဆိုတာ သေဘာေပါက္ရဲ႕လား”
သူ ေနာက္တစ္ၾကိမ္ ေခါင္းျငိမ့္ျပပါတယ္။
“မင္းအေၾကာင္းေကာေျပာျပ” ကၽြန္ေတာ္ ခပ္ေလးေလးေမးမိတယ္။
“ အမ်ားစုကေတာ့ မင္းနဲ႔အတူတူပါပဲ ငါ့အထင္” ေျပာလက္စ စကားကိုရ႔ပ္ပစ္လိုက္ျပီး ကၽြန္ေတာ့္မ်က္ႏွာကို သူစိုက္ၾကည့္တယ္။ “Oh….သိပ္ အံ့အားသင့္စရာေတာ့မဟုတ္ပါဘူး….ငါ ေယာက္်ားေလးေတြကို သေဘာက်တယ္ ၾကိဳက္မိေနတယ္ကြာ”
အခ်ိန္အနည္းငယ္ၾကာသည္အထိ သူ႕ကိုစိုက္ၾကည့္ေနမိပါတယ္။ သူ႕ရဲ႕ပြင့္ပြင့္လင္းလင္းေဟာေဟာဒိုင္းဒိုင္းေျပာၾကားမႈအေပၚ အံ့အား သင့္ခဲ့တာပါ။ ေနာက္ေတာ့ ကၽြန္ေတာ္စျပီးရယ္ေမာခဲ့မိတယ္။ သူမ်က္ေမွာင္ကုတ္ျပီး မ်က္ႏွာအေရာင္ ရဲရဲနီသြားကာ အေ၀းကို အၾကည့္ လႊဲသြားေရာ။
“မင္း ဘာေၾကာင့္ရယ္တာလဲကြ….ဒါက ရယ္စရာမွမဟုတ္တာ” လို႔ ခပ္တိုးတိုးေမးပါတယ္။
“Sorry! မင္းကိုရယ္တာမဟုတ္ပါဘူးကြာ၊ အဲလိုမထင္ပါနဲ႔။ ငါရယ္တယ္ဆိုတာက မင္းေျပာတဲ့ကိစၥကို မယံုႏိုင္လို႔ပါ”
“ မင္းဘာကိုဆိုလိုတာလဲ? ဘာက မယံုမၾကည္ျဖစ္ေစတာလဲ ။ ဒါ ငါ့ဘ၀ရဲ႕ အျဖစ္အပ်က္တစ္ခုပဲဟာ။ ငါ ေယာက္်ားေတြကိုစိတ္၀င္စား တယ္၊ ငါ့ကိုယ္ငါ လြတ္လြတ္လပ္လပ္ ဆံုးျဖတ္ပိုင္ခြင့္ရွိတယ္ေလ” ကၽြန္ေတာ့္ကို မ်က္၀န္းညိဳၾကီးေတြနဲ႔ စိုက္ၾကည့္ျပီးျပန္ေမးတယ္။
ကၽြန္ေတာ္ သူ႕အနားတိုးကပ္သြားကာ နားရြက္နား ပါးစပ္အပ္လို႔
“ေအာ္ သည္ေတာအုပ္ထဲမွာ ပထမဆံုးခင္မင္ရတဲ့ ေတြ႕ရတဲ့ ေကာင္ေလးတစ္ေယာက္က ေဂးျဖစ္ေနတယ္ဆိုတာ မယံုႏိုင္လို႔ အဲဒါကို ေျပာဖို႔ၾကိဳးစားေနတာပါကြ….လာျပီ အခုငါေျပာတာကိုနားေထာင္ျပီး မင္းလည္းရယ္ႏိုင္မယ့္စကား….ငါလည္းအတူတူပဲ….အတူတူပဲ”
ဒိုဒိုတစ္ေယာက္ ပါးခ်ိဳင့္ႏွစ္ဖက္စလံုးေပၚလာသည္အထိ ျပံဳးရယ္ပါေတာ့တယ္။
“အိုေက….ငါသေဘာေပါက္ျပီ….အဲဒါ အဆင္ေျပပါတယ္” သူ စကားဆက္မေျပာဘဲ ခဏျငိမ္ေနေတာ့ သူေနာက္ထပ္ဘာဆက္ေျပာဖို႔ ၾကိဳးစားေနလဲ ကၽြန္ေတာ္ေတြးဆရတာေပါ့။ ေနာက္ဆံုး ျမက္ခင္းေပၚ ပက္လက္လွဲေနတဲ့ ကၽြန္ေတာ့္မ်က္ႏွာအနား နမ္းမိေတာ့မတတ္ ငံု႕လာရင္း “ငါတကယ့္ကို ၀မ္းသာေနတာ၊ ဘာေၾကာင့္လဲဆိုေတာ့ မင္းက super duper hot! တယ္လို႔ေတြးေနမိလို႔ေလ” စကား အဆံုးသတ္ေရာ။
သူ႕မ်က္၀န္းေတြက ကၽြန္ေတာ့္မ်က္လံုးေတြကို ညိွဳ႕ငင္သည့္အလား အရည္တလဲ့လဲ့ေနေအာင္စိုက္ၾကည့္ေနတာေၾကာင့္ ဘာကိုဆိုလို ခ်က္ေပးေနေၾကာင္း သူ႕အေျပာကိုသေဘာေပါက္မိပါတယ္။ ကၽြန္ေတာ့္စိတ္အဟုန္မွာ တလွပ္လွပ္နဲ႔လႈပ္ရွားလာရင္း ၀တ္ထားတဲ့ ေဘာင္းဘီတိုထဲမယ္ ေလပူေႏြးေႏြးနဲ႔မႈတ္လိုက္သည့္အလား ေႏြးကနဲခံစားရတယ္ ရုတ္တရက္။ ျငိမ္ေနတဲ့ ေျမြေဟာက္တစ္ေကာင္ ဟိုသည္လြန္႔လူးလာသလို ကၽြန္ေတာ့္ေက်ာရိုးထဲမယ္ ပူေႏြးမႈေတြ ခိုက္ခိုက္တုန္ေျပးတက္သြားပါတယ္။
“ေက်းဇူးကြာ….အခ်ိန္ေတာ္ေတာ္ၾကာကတည္းက ေတြ႕ခဲ့ဖူးတဲ့ ရိုးသားၾကိဳးစားဖိုးသခြားေလးတစ္ေယာက္လိုပဲမင္းက။ ေ၀လင္းထက္ပိုျပီး Hot တယ္။” ကၽြန္ေတာ္ အနိမ့္အျမင့္မညီတဲ့ ေလသံနဲ႔စကားအစသပ္လိုက္တယ္။
“ဘယ္သူလဲ ေ၀လင္းဆိုတာက” သူက ခပ္ျပံဳးျပံဳးနဲ႔ ကၽြန္ေတာ့္ကိုေမးတယ္။
‘ေ၀လင္းဆိုတာက ငါတို႔ေက်ာင္းမွာ Cute အျဖစ္ဆံုးဘဲေလးတစ္ေပြေပါ့။ ဘယ္လိုေျပာမလဲ ခပ္လန္းလန္းေလးပဲ။ တစ္ေက်ာင္းလံုးလိုလို “ေ၀လင္း”ရူးရူးေနၾကတာ ဆရာအခ်ိဳ႕ေတာင္ပါေသးတယ္။ ငါေတာ့ ရယ္စရာလို႕ထင္တာပဲ အဲသလိုကိုျဖစ္ေနၾကတာ။’
သူသေဘာေပါက္ဟန္နဲ႔ျပဳံးျပီး ထထိုင္လိုက္ကာ သူ႕ဒူးႏွစ္ဖက္ကိုျပန္ေထြးပိုက္လိုက္ေရာ။ ကၽြန္ေတာ့္ဘက္ကို မ်က္ႏွာေစာင္းငဲ့ျပီး ကၽြန္ေတာ့္မ်က္ႏွာအႏွံ႔ကို ေငးစိုက္ၾကည့္ကာ အႏုလံုပဋိလံုၾကည့္ေနပါတယ္။ ျပီးေတာ့ ကၽြန္ေတာ့္တစ္ကိုယ္လံုးေရာ ဖိနပ္မစီးထားတဲ့ ေျခေထာက္အစံုကိုေရာ အစုန္အဆန္ဆက္ၾကည့္တယ္။ ေနာက္ဆံုး ကၽြန္ေတာ့္မ်က္လံုးေတြကို ျပန္ေငးစိုက္ၾကည့္ေနရင္း မ်က္စိတစ္ဖက္ မွိတ္ျပပါတယ္။
“သည္ေတာ့ ငါက ေ၀လင္းထက္ပိုျပီး hot တယ္လို႔မင္းကထင္တယ္ေပါ့” သူကေျပာတာပါ။
“အင္းေပါ့ သံသယကိုမရွိတာ….ငါတို႔ေက်ာင္းက ကေလးေတြဆို မင္းကိုအရူးအမူးျဖစ္ၾကမွာ” ကၽြန္ေတာ္ အေက်ာက္အကန္ကို ျပန္ေျပာမိေရာ။
သူ႕ႏႈတ္ခမ္းေတြက တျဖည္းျဖည္းျပဳံးရယ္လာရင္း သူ႕ညိဳ႕မ်က္၀န္းေတြက ညေနခင္းေနေရာင္ျခည္ေအာက္မယ္ တဖ်တ္ဖ်တ္ ေတာင္ပံခတ္ေနသည့္အလား ေတာက္ပေနပါတယ္။ ေနာက္ေတာ့ ျမက္ခင္းေပၚကို ပက္လက္ျပန္လွဲခ်လိုက္ရင္း လက္ႏွစ္ဖက္ကို သူ႕ေခါင္းေအာက္မွာေထြးယွက္ ေခါင္းအံုးကာ ေကာင္းကင္ၾကီးကိုေငးၾကည့္ေနပါတယ္။
“မင္း ေျခတံေပါင္တံေတြက အေတာ္လွတာပဲကြ” သူ ႏုညံ့ျငင္သာစြာေျပာတယ္။
“ေက်းဇူး….မင္းလည္း ကိုယ္လံုးလွတာပဲေလ” လို႔ကၽြန္ေတာ္ျပန္ေျပာလိုက္ေတာ့ သူျပံဳးျပီး ေခါင္းျငိမ့္ပါတယ္။
“မင္းမွာ boyfriend ရွိလား” သူခပ္တိုးတိုးေမးတယ္။
“ဟင့္အင္….မရွိဘူး….မင္းေကာ?” ကၽြန္ေတာ္ ခပ္သြက္သြက္ျပန္ေမးမိပါရဲ႕။
“မရွိဘူး….” သူ ေျပာလည္းေျပာရင္း ျပံဳးရယ္ကာ ခဏေတာ့အသံတိတ္သြားပါတယ္။ ျပီးေတာ့ ျမက္ခင္းေပၚကိုလွိမ့္ခ်လိုက္ရင္း ေမွာက္ရက္နဲ႔ ေမးစိကိုလက္ႏွစ္ဖက္နဲ႔ေထာက္ထားကာ ကၽြန္ေတာ့္ကို မ်က္၀န္းညိဳၾကီးေတြနဲ႔ ေငးစိုက္ၾကည့္တယ္ အၾကာၾကီးေပါ့။
“သည္ခရီးထြက္လာကစေတြးမိသလို ပ်င္းစရာမေကာင္းေတာ့ဘူးလို႔ ငါခံစားလာရျပီကြသိလား….ေမးခြန္းတစ္ခုေလာက္ေမးမယ္…. personal ေမးခြန္းေတာ့ဆန္မယ္…စိတ္မဆိုးဘူးမဟုတ္လား။ မင္းမေျဖခ်င္ဘူးဆိုရင္လည္း မေျဖလည္းရတယ္”
“ေမးပါ…ရတယ္…အခုေျပာေနၾကတဲ့စကားေတြကလည္း ပုဂၢိဳလ္ေရးဆန္တာေတြပါျပီးေနျပီပဲေလကြာ” ကၽြန္ေတာ္လည္း မေမးခင္က ေျပာခ်င္ေနတာကိုး။
“Top or bottom?” ကၽြန္ေတာ့္ခႏၶာကိုယ္အႏွံ႔ေကာ ေပါင္ျခံေတြေကာ သူ႕မ်က္လံုးေတြနဲ႔ အစုန္အဆန္ၾကည့္ရင္း ခပ္တိုးတိုးေမးတယ္။ ေျခေထာက္ႏွစ္ဖက္ကို ၾကက္ေျခခတ္ယွက္တင္ျပီး ကၽြန္ေတာ္ထိုင္ထားတာဆိုေတာ့ သူ႕အၾကည့္ေတြရပ္သြားတဲ့ေပါင္ခြဆံုေနရာကို ရွင္းရွင္းလင္းလင္း မျမင္ရေလာက္ဘူး။ နည္းနည္းဟေနတဲ့ ေဘာင္းဘီေအာက္နားစကျမင္ေနရေသာ ေပါင္သားေတြကို သူအငမ္းမရ ၾကည့္ေနတာလည္း ကၽြန္ေတာ္ဂရုမစိုက္ေတာ့ဘူး ကၽြန္ေတာ္ကၾကည့္ေစခ်င္မိတာကိုးေလ။
ကၽြန္ေတာ္ ခပ္ေျဖးေျဖးေလးျပံဳးမိခဲ့ပါတယ္။ “အခု ေမးတာက ပုဂၢိဳလ္ေရးဆန္တဲ့ေမးခြန္းမ်ိဳးဆိုေတာ့ အျပန္အလွန္ေမးမယ္။ မင္းလည္း မင္းရဲ႕ ကိုယ္ေရးကိုယ္တာအေၾကာင္းတစ္ခုခု ငါ့ကိုေျပာျပေလ။ ငါလည္း မင္းေမးတဲ့ေမးခြန္း..အဲ..ငါ့အေၾကာင္းျပန္ေျဖေပးမယ္…အိုေက?”
“မင္း စတိုင္လ္ကိုေတာ့ၾကိဳက္သြားျပီ…အိုေကေလ….မင္းဘာကိုသိခ်င္တာလဲ” သူပါးခ်ိဳင့္ေပၚေအာင္ျပံဳးရင္း စကားခြန္းတံု႕ဆိုလာတယ္။
“မသိဘူးေလ။ ဘာပဲျဖစ္ျဖစ္ေပါ့….အမွန္တကယ္ မင္းရဲ႕ကိုယ္ေရးကိုယ္တာဆန္တဲ့ တကယ္လွ်ိဳထားခ်က္တစ္ခုခုျဖစ္ရမယ္။ ဒါဆို ငါေက်နပ္ျပီ” ကၽြန္ေတာ္ခပ္သြက္သြက္ပဲ ႏႈတ္ကဆက္တိုက္ထြက္သြားတယ္ စကားလံုးေတြ။
“မင္းကေတာ့ မခက္ ခက္ေအာင္လုပ္ေနျပန္ပါျပီ…ဒါေပမဲ့ အိုေကပါ” သူေျပာလည္းေျပာ ေျခေထာက္ၾကက္ေျခခတ္ကာထိုင္ေနတဲ့ ကၽြန္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္လာထိုင္တယ္။ အခုသူ၀တ္ထားတဲ့ ေဘာင္းဘီတိုကိုေသခ်ာေစ့ငုႏိုင္ပါျပီ။ ၾကြက္သားေတြနဲ႔ ေတာင့္တင္း ေနတဲ့ အေမႊးႏုလႊမ္းသူ႔ေပါင္တံက ေပါင္ျခံဆီကိုဆက္ၾကည့္မိဖို႔စြဲေဆာင္ေနပါတယ္။ ၾကီးမား၀င့္ထည္တဲ့ အထုပ္အထည္ၾကီးက ၀တ္ထားတဲ့ ေဘာင္းဘီတိုေအာက္မွာေဖာင္းေနေရာ။ သူ ကၽြန္ေတာ့္နားရြက္နားကို ငံု႔ကိုင္းတိုးကပ္ရင္း “I like to swallow.” တဲ့ ခပ္တိုးတိုးေျပာတယ္။
သူေျပာတဲ့စကားက ကၽြန္ေတာ့္ကို စကၠန္႔အနည္းငယ္ၾကာေအာင္ေတြးေတာေစခဲ့တယ္ ဘာကိုဆိုလိုတာလဲေပါ့။ ေနာက္ေတာ့ သူဘာေျပာတာလည္းဆိုတာ ကၽြန္ေတာ္သေဘာေပါက္သြားတာေၾကာင့္ သူ႕ကိုေငးစိုက္ၾကည့္ရင္း ခပ္ေျဖးေျဖးျပံဳးလိုက္မိပါတယ္။
“Good one.” ကၽြန္ေတာ္ စကားခ်ိဳခ်ိဳသာသာေျပာရင္းမွ ကိုယ့္ေရွ႕မွာလူတစ္ေယာက္လံုးရွိတာေတာင္ မေနႏိုင္စြာ တကယ့္ကို turn on ျဖစ္လာခဲ့တယ္ဗ်။ “I like to swallow too.”
“အခုမင္းအလွည့္ပဲ” သူရယ္က်ဲက်ဲနဲ႔ျပန္ေမးတယ္။
သူေျပာတဲ့အေၾကာင္းအရာကိုျပန္အာရံုကပ္ျပီး ခဏေတာ့ျငိမ္ေနမိတယ္။ ေနာက္ေတာ့ သိသာထင္ရွားတဲ့ တစ္စံုတစ္ခုစီ သြားလိုက္တယ္ဗ်ာ။
“ငါ ထိပ္အေရျပားျဖတ္ထားတယ္၊ အရွည္က ၆လက္မနဲ႔ ၇စိတ္” ခပ္တိုးတိုးေလးရွက္ရွက္နဲ႔ေျပာရတာပဲ။
“Cool. ငါလဲအတူတူပဲ ထိပ္အေရျပားျဖတ္ထားတယ္။ ငါပထမဆံုးေမးထားတဲ့ေမးခြန္းကို အခုေျဖေတာ့ top or bottom?” သူက ကၽြန္ေတာ့္မ်က္ႏွာကိုအေသအခ်ာၾကည့္ေငးျပီးျပန္ေမးတယ္။
“ေကာင္းပါျပီ….ငါ့အထင္ မင္းဘာသာမင္းအခ်ိန္တန္ရင္ အလိုလိုသိသြားမယ့္ကိစၥတစ္ခုခုပဲမဟုတ္ဘူးလား” ကၽြန္ေတာ္ စကားလံုးေတြနဲ႔ သဲလြန္စခ်ေပးထားတာပဲ သူရွာႏိုင္မွာပါ။ သူေျခေခ်ာ္လဲျပီး နာက်င္သြားရင္ေတာ့ အေျဖမရဘူးေပါ့ ဟုတ္ဘူးလား။
သူသြားျဖဲရယ္ျပရင္း “ငါ့ကိုယံုပါဟ….ငါတကယ္သိခ်င္ျပီး တကယ္စိတ္၀င္စားလို႔ပါ” လို႔ေျပာပါေရာ။ ကၽြန္ေတာ့္မွာ အေတြးထဲမွာေတာင္ ေသြးခုန္ႏႈန္းေတြ တဆတ္ဆတ္တုန္ခါလာပါတယ္။
သူ ျမက္ခင္းျပင္ေပၚကို ေက်ာျပန္ခင္းကာ တြန္႔လိန္ေနရင္း ရွည္လ်ားလွပတဲ့ သူ႕ေျခတံႏွစ္ဖက္ကို ကန္႔လန္႔ထားယွက္တင္ထားပါတယ္။ သူ႕တင္ပါးေတြကို ဟိုသည္ေရြ႕ျပီး ပရိယာယ္ဆင္ ကၽြန္ေတာ္အာရံုစိုက္ၾကည့္ေအာင္လုပ္ေနသလိုပဲ။ သူေျပာသလိုပဲ ၾကီးမားလွတဲ့ အထုပ္အထည္ၾကီးကို အနီးကပ္ျမင္ေနရပါတယ္။ သူ႕နံေဘးမွာ ကၽြန္ေတာ္လည္း ျမက္ခင္းျပင္ေပၚကိုေက်ာလွဲခ်ရင္း အသာျငိမ္ေနကာ သူ႕မ်က္လံုးေတြ ကၽြန္ေတာ့္ေပါင္ခြဆံုကို စိုက္ၾကည့္ေနေၾကာင္းေသခ်ာေအာင္ အမိဖမ္းရမယ္။ ကၽြန္ေတာ့္မ်က္ႏွာကို သူ႕ဘက္ ခပ္ေျဖးေျဖးေလးလွည့္လိုက္တယ္ေလ။
“မင္း ေဂးဆိုတာ မိသားစု၀င္ေတြက သိတယ္လား” ကၽြန္ေတာ္ႏုညံ့စြာေမးလိုက္တယ္။
“အို…သိတာေပါ့။ သည္ကိစၥကို အေဖလက္ခံဖို႔ ေတာ္ေတာ္ခက္ခဲခဲ့တာ။ ေနာက္ဆံုးေတာ့ သူလည္းလက္ခံလာမွာပါ။” သူ ခပ္တိုးတိုးေျဖတယ္။
“ငါ့အေၾကာင္းကိုေတာ့ အေမသိတယ္။ သည္သတင္းအသစ္အဆန္း အေဖ့ကိုေျပာျပဖို႔ လက္ရွိထက္အသက္ပိုၾကီးလာခ်ိန္ထိေစာင့္ဦးလို႔ အေမကေျပာတယ္ကြာ။ ဘာေၾကာင့္လဲေတာ့မသိဘူးရယ္။ အေဖ နည္းနည္းစိတ္အေႏွာင့္အယွက္ျဖစ္သြားမွာေတာ့ေသခ်ာတယ္ေလ။”
ကၽြန္ေတာ့္ဘက္ကို သူ႕မ်က္ႏွာလွည့္လာတယ္။
“ရယ္စရာတစ္ခုခု မၾကားခ်င္ဘူးလား ေဘာ္ဒါ” သူက အဲလိုေမးလာေတာ့ ကၽြန္ေတာ္လည္း ေခါင္းျငိမ့္လိုက္တာေပါ့။ ကၽြန္ေတာ့္နံေဘးကို အသာတိုးကပ္လာျပီး တစ္ခ်က္ရယ္တယ္။ “မင္းအနားမွာကပ္ျပီး လွဲေနလို႔ အေမသတိေပးတာခံရတယ္”
ကၽြန္ေတာ္ သူ႕မ်က္ႏွာကိုၾကည့္လိုက္တယ္။
“တကယ္ၾကီးလား….အဲဒါကေတာ့ နည္းနည္းရယ္စရာေကာင္းတယ္” ကၽြန္ေတာ္ရယ္ေမာမိပါေရာ။
“အင္း..တကယ္။ မင္းက ေဂးေတြအေပၚ အမုန္းစိတ္ရွိတဲ့ ေရွးရိုးစြဲအျမင္ကဲ လူငယ္တစ္ေယာက္လို႔ အေမကထင္ေနတာေလ။” သူ စကားေျပာလက္စကိုရပ္တန္႔လိုက္ျပီး ကၽြန္ေတာ့္မ်က္၀န္းေတြကို တည္ျငိမ္ေလးနက္စြာၾကည့္လာတယ္။ “ငါဘာသိခ်င္လဲဆိုေတာ့ မင္း ငါ့ကို သူငယ္ခ်င္းစားရင္းဖ်က္ပစ္မွာလားလို႔”
ကၽြန္ေတာ္ သူ႕ပြင့္လင္းမႈအေပၚ ေနာက္တစ္ခါ အံ့အားသင့္ခဲ့ရျပန္ပါျပီ။ ကၽြန္ေတာ္ သူ႕မ်က္၀န္းညိဳေတြကို ေငးစိုက္ၾကည့္ျပီး ဦးေခါင္းကို အသာအယာပဲ ခါယမ္းလိုက္ပါတယ္။ ကၽြန္ေတာ့္ စိတ္လႈပ္ရွားမႈေၾကာင့္ ေက်ာရိုးထဲ ဖ်ဥ္းကနဲခံစားလိုက္ရသလို ၀တ္ထားတဲ့ ေဘာင္းဘီထဲက ငပဲကလည္း ဆတ္ကနဲခုန္တက္လာတယ္ ရုတ္တရက္ေပါ့ေနာ္။
“မလုပ္ပါဘူး။ ျပီးေတာ့ ငါ့ကိုယံုၾကည္စမ္းပါကြာ…ငါဘယ္လိုကိစၥပဲရွိလာလာ မင္းကို သူငယ္ခ်င္းအျဖစ္ဆက္ခင္ေနမွာပါ….မင္းကိုသိေစ ခ်င္တာက မင္းေမးတဲ့ေမးခြန္းနဲ႔ပတ္သက္ျပီး ငါစိတ္ခု စိတ္ဆိုးတာမ်ိဳးမျဖစ္ရပါဘူးေလ” ကၽြန္ေတာ္ သူ႕ကိုလည္း စကားခပ္တိုးတိုး ေျပာရင္း မိဘေတြ ခံုေတြမွာထိုင္ျပီး စကားစျမည္ေျပာေနတာကိုလွမ္းၾကည့္ခဲ့ေသးတယ္။ ျပီးမွ သူ႕မ်က္၀န္းေတြကို ျပန္စိုက္ၾကည့္ရင္း စကားဆက္ေျပာတာပဲဗ်ာ။
“ဘာကိုစိတ္မခုတာလဲ” ခပ္ထူထူသူ႕မ်က္ခံုးေတြကို တစ္ခ်က္ပင့္လိုက္ရင္းေမးတယ္။
“Top or bottom ကိစၥေလ။ ငါ့အတြက္ ဘယ္လိုလာလာ ျပႆနာမရွိဘူးလို႔” ကၽြန္ေတာ္စကားခြန္းတံု႔ျပန္လိုက္တယ္။ သူ တျဖည္းျဖည္း ျပံဳးျဖီးျဖီးျဖစ္လာေရာ။
“အေကာင္းတကာ့အေကာင္းဆံုးေပါ့။ ငါလည္း အဲဒီကိစၥမွာ သိပ္ျပီးသတ္သတ္မွတ္မွတ္မရွိဘူးဘဲ။ သည္အပန္းေျဖခရီးက ငါေမွ်ာ္မွန္းထား တာထက္ ပိုပိုျပီးစိတ္၀င္စားဖို႔ေကာင္းလာျပီ။” သူခပ္တိုးတိုးေျပာရင္း ႏွစ္ကိုယ္ၾကားရယ္ေမာပါတယ္ေလ။
ကၽြန္ေတာ္တို႔ႏွစ္ဦးသား တစ္ေယာက္ကိုတစ္ေယာက္ မိနစ္အေတာ္ၾကာေငးစိုက္ၾကည့္ေနခဲ့ၾကတယ္။ ႏွစ္ဦးသားၾကား လိင္ပိုင္းဆိုင္ရာ ေတာင့္တစြဲလမ္းမႈေတြ ေရခ်ိန္တျဖည္းျဖည္းျမင့္လာၾကဟန္ရွိပါရဲ႕။ သူ႕မ်က္၀န္းေတြထဲမွာ တက္မက္တဲ့အာသာေတြေတာက္ေလာင္ ေနတာျမင္ခဲ့သလို ကၽြန္ေတာ္သည္လည္း ရွက္ရြံ႕မႈရဲ႕အလြန္ ေတာင့္တတဲ့စိတ္ေတြ မထိန္းႏိုင္စြာ အာေခါင္ေျခာက္ျပီးေရငတ္လာသလိုလို ခံစားခ်က္ေတြျဖစ္ေပၚလာပါတယ္။
ကၽြန္ေတာ့္မ်က္ႏွာနဲ႔ သူ႕မ်က္ႏွာထိခတ္လုနည္းပါးတိုးကပ္လာျပီး “ငါ မင္းကို တကယ္နမ္းခ်င္လာျပီကြာ” လို႔ တိုးတိုးေျပာတယ္။
“အင္း….ငါသိတယ္….ငါလည္း အတူတူပဲ”
သူ႕ပါးျပင္က ပါးခ်ိဳင့္ေတြေပၚလာေအာင္ျပံဳးလိုက္ရင္း လွ်ာကိုအျပင္ထုတ္ကာ သူ႕ႏႈတ္ခမ္းေတြကို သပ္ျပတယ္ ဟန္ပါပါေပါ့။
“နမ္းတာကို မင္းသေဘာက်လား” ကၽြန္ေတာ္ခပ္မဆိတ္ေမးလိုက္တယ္။
“Very much, ငါ့အတြက္ေတာ့ အဲလိုလုပ္ရင္….အရမ္း turn on ျဖစ္တာ”
“အခုအခ်ိန္ငါ့ကို ဘာက စိတ္တက္ၾကြလာေစသလဲဆိုတာ မင္းသိခ်င္လား? ဟိုေရာက္သည္ေရာက္ စကားစျမည္ေျပာလို႔လဲမဟုတ္ဘူး၊ ပတ္၀န္းက်င္က ျခံဳပုတ္ေတြကိုတုတ္နဲ႔လိုက္ရိုက္ရလို႔လဲမဟုတ္ဘူး၊ မင္း ငါ့ေရွ႕မွာ လုပ္ေနသမွ်အရာအားလံုးေၾကာင့္လို႔ေျပာရင္ရတယ္” ကၽြန္ေတာ္ႏုႏုည့ံညံ့ ေမးလိုက္ေတာ့ သူေခါင္းျငိမ့္ျပတာေၾကာင့္ စကားဆက္ေျပာမိတာေပါ့။ “ငါ သေဘာက်တယ္။ အရမ္းဆန္းသစ္တာပဲ ကြာ။ အရင္ကသည္လိုခံစားခ်က္မ်ိဳးေပးတဲ့လူမ်ိဳး တစ္ခါမွမေတြ႕ဆံုခဲ့ဖူးဘူး။”
“ငါေလ ေပါက္တတ္ကရ ျငီးေငြ႕ဖို႔ေကာင္းတဲ့လူေတြနဲ႔ေတြ႕ျပီး အခ်ိန္ျဖဳန္းခဲ့မိတာပဲ။ငါဆိုလိုတာကကြာ မင္းအေနနဲ႔ လူတစ္ေယာက္ကို စြဲလမ္းမိတယ္ဆိုရင္ ဘာေၾကာင့္ဖြင့္မေျပာတာလဲ။ ငါဆို တစ္ခုခုလိုခ်င္လာရင္…” သူစကားေျပာလက္စကိုရပ္တန္႔ရင္း အဓိပၸာယ္ပါပါ အၾကည့္နဲ႔ ကၽြန္ေတာ့္ကိုစိုက္ၾကည့္ကာ “ရေအာင္ယူလိုက္တာပဲ” လို႔စကားဆက္ပါတယ္။
ကၽြန္ေတာ္ သူ႕မ်က္ႏွာကို စူးစိုက္ေငးၾကည့္ရင္း ဦးေခါင္းကိုျဖည္းျဖည္းေလးေလးျငိမ့္ျပခဲ့တယ္။
“ေကာင္းပါျပီ။ မင္းအေနနဲ႔ တစ္ခုခုကို လိုလားလိုခ်င္လာရင္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ သြားယူႏိုင္ပါတယ္ ငါေသခ်ာေပါက္မတားပါဘူး” လို႔ ကၽြန္ေတာ္ ေလသံေလးနဲ႔ေျပာလိုက္တယ္။
သူ ေခါင္းတစ္ခ်က္ျငိမ့္ျပျပီး ခပ္ေျဖးေျဖးျပံဳးျပခဲ့ပါတယ္။ သူ႕မ်က္၀န္းေတြဟာ တလက္လက္ေတာက္ပေနခဲ့တာပါ။ ေနာက္ေတာ့ သူထထိုင္ျပီး ကၽြန္ေတာ့္ကိုငံု႔ၾကည့္ေနပါေရာ။ ကၽြန္ေတာ့္ကိုယ္ခႏၶာ အလ်ားအနံတေရြးသားမက်န္ေအာင္ သူ႕မ်က္လံုးေတြက အစုန္အဆန္ေရြ႕ေနတာပါပဲ။ ကၽြန္ေတာ့္ေပါင္ခြဆံုက အထုပ္အထည္ကို အတန္ၾကာစိုက္ၾကည့္ေနျပီးမွ ကၽြန္ေတာ့္ေျခသလံုးေတြ ေပါင္တံေတြကိုၾကည့္တယ္။
“Oh God!” သူသက္ျပင္းခ်လိုက္ရင္း “ငါ…ငါ..” စကားေျပာရင္းကေန ရပ္တန္႔လိုက္ျပီး သက္ျပင္းခပ္ေလးေလးခ်ပါတယ္။ ေနာက္ ကၽြန္ေတာ့္မ်က္ႏွာအနီးကိုငံု႔ကိုင္းတိမ္းညႊတ္လာျပီး သူ႕မ်က္၀န္းညိဳေတြနဲ႔ ကၽြန္ေတာ့္မ်က္လံုးေတြကို ညိွဳ႕ငွင္စိုက္ၾကည့္ေနေရာ။
“ဘာေျပာရမလဲ…..ငါတို႔သည္ေနရာကေန ခဏထြက္သြားၾကမလား?” သူ အသံျပာျပာနဲ႔ေျပာတယ္။ “လမ္း…လမ္းခေဏေလွ်ာက္ဖို႔ပါ” သူမ်က္စိတစ္ဖက္မွိတ္ျပရင္း ပါးခ်ိဳင့္ေပၚေအာင္ျပံဳးခဲ့တယ္။
“မင္းက ေျချမန္ေတာ္တပ္မွဴးေလးပဲကြာ…ဟုတ္တယ္ဟုတ္” ကၽြန္ေတာ္ သြားျဖဲရယ္ေမာမိတယ္ဗ်။
“အို….မင္းဘာမွမသိပါဘူးေလ..” သူ ကၽြန္ေတာ့္ေျပာစကားကို မွတ္ခ်က္ခ်ကာ ဟားဟားအသံထြက္ေအာင္ရယ္ေမာပါတယ္။
“I like it!” ကၽြန္ေတာ္ေျပာလည္းေျပာ ခုန္ထလိုက္ရင္း “ဒါဆို သြားၾကစို႕”
Alex Aung (June 7, 2020)
To be continued……
No comments:
Post a Comment