"တစ်ခွန်းတည်းသောစကား....."
#ခံစားချက်စာစု
#သုတလုင်
#၀ဿန်_LGBTs_၀တ္ထုတိုဆုရ
(အချစ်ဆိုတဲ့ စကားလုံးဟာလေ ခပ်တိုတိုဆိုပေမယ့် လူသားနှစ်ယောက်အကြားမှာ ရိုက်ခတ်မှုအတော်ပြင်းထန်ပါတယ်။ လိင်စိတ် တိမ်းညွှတ်မှုတွေ သေချာမဆန်းစစ်သော်လည်းဘဲ တစ်ခါတလေ မျိုးတူအချင်းချင်းကို ချစ်မိကြတာတွေရှိနေတတ်တာတွေ့နိုင်တယ်ဗျ။ ကိုသုတလုလင် ရေးသားတဲ့ သည်ခံစားချက်စာစုကို ပြန်လည်ဖတ်ကြည့်ကြစေဖို့ ကျွန်တော်ကတစ်ဆင့်ပြန်ဝေငှလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။)
ဘ၀မှာ အချစ်ဆိုတာကို ခံစားတတ်ခဲ့ဖို့ အတော်ကြိုးစားခဲ့ဘူးပါတယ်။ ခံစားတတ်လာပြန်တော့လည်း ပျက်သုဉ်းသွားခဲ့တယ်။ စကားလုံး နှစ်လုံးတည်းသော အချစ်ဆိုတာကြောင့် ကျွန်တော့်အတွက် သွေးစက်တွေ တစ်စက်ခြင်းကျ ကြေမွသွားခဲ့ရဖူးတယ်ဆိုရင် ယုံမလားဗျာ။
ကျွန်တော် ရန်ကုန်မြေကို ခြေမချတာ ခြောက်နှစ်ရှိပြီ။ အဟောင်းတွေအသစ်ဖြစ်ပြီးခံစားရမှာကြောက်လို့ပါ။
လူတစ်ယောက်ဟာ တစ်သက်မှာတစ်ယောက်တော့ချစ်ခဲ့ဖူးမှာအသေအချာပဲ။ အဲ့လိုချစ်ခဲ့ဖူးတဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။
အစဦး ပထမအချစ်က သိပ်လေးနက်တယ်လို့ ခံစားရတယ်ဗျ။ ခံစားရတယ်၊ ကြေကွဲရတတ်တယ်ဆိုတာကို ဝထ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာပဲ ကြားခဲ့ဘူးတဲ့ကျွန်တော် လက်တွေ့ခံစားလာရတော့ ကြားဘူးထားတာတွေထက် ပြင်းထန်လွန်းပါလားလို့တွေးမိတယ်။ တွေးမိတိုင်းလည်း မျက်ရည်ဝဲတယ်။
အဲ့တာ သူ့ကို စကားလုံးနှစ်လုံးထဲရဲ့ လေးနက်တဲ့ခံစားချက်ကြောင့်ဆိုတာသိလိုက်လို့ပါ။
အခု ရန်ကုန်ဆိုတာကိုခြေစချချခြင်း အတိတ်ရဲ့အရိပ်တွေက ကပ်ပါလာပြန်ပြီ။ အမှတ် (၃) လိုင်းကားစပါယ်ယာက ‘တောင်ဘက်မုဒ်ပါ တယ်ဆရာရေ’ ဆိုတော့ငိုက်မြည်းလာတဲ့ကျွန်တော် အစွန်ဆုံးနေရာကတစ်ဆင့် အပြင်ကိုကြည့်လိုက်မိတယ်။
စပါယ်ယာခုန်ဆင်းလိုက်မှ ဘွားကနဲ မြင်လိုက်တဲ့ ရွှေတိဂုံစေတီကြီးကို လက်စုံမိုးရှိခိုးဦးညွှတ်လိုက်ရင်းမှ ကားပြန်ထွက်တော့လည်း
သူ့အရိပ်တစ်ချို့ မြင်ယောင်လာပါတယ်။ စိတ်ကိုလျော့ချပြီး လမ်းမဘက်မျက်နှာမူထားလိုက်ပါရဲ့… လေတွေ… တိုးပါစေ။
စပါယ်ယာက ‘ဆောက်လုပ်ရေးပါလား’တဲ့ ‘ပါတယ်’ လို့ပြောလိုက်တယ်။
ဒီမှတ်တိုင်လေးက ရန်ကုန်စရောက်ရောက်ခြင်းဆင်းတဲ့မှတ်တိုင်မို့ပေါ့။ အခုလည်း ဒီမှတ်တိုင်ဆင်းမိပြန်ပြီ။ လမ်းလျောက်လာရင်း ဦးတည်ချက်က ဗိုလ်တစ်ထောင်ကမေမေ့ညီမ အဒေါ်အိမ်မှာနေပြီး၊ အဒေါ်ပြောထားပေးသော ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖို့။ ဘွဲ့ရသူတစ်ယောက်အတွက် အလုပ်ကောင်းကောင်း တစ်ခုခုတော့ ရနိုင်ပါရဲ့။
ဗိုလ်ချုပ်ဈေးသစ်ဘက် တန်းတန်းလျောက်လာတော့ မီးပွိုင့်လမ်းစုံမှာ အနီရောင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးအားလှမ်းတွေ့လိုက်တော့ ကျွန်တော့်ရင်အစုံကို ယောင်ရမ်းဖိနှိပ်လိုက်မိတယ်ဗျာ။ တွဲခိုလာတဲ့မျက်ရည်တွေကိုလည်း ခေါင်းငုံ့ပြီး ကျခြင်ကျသွားပါစေတော့ရယ်လို့ တင်းမထားနိုင်တော့ပါဘူး။
လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ရန်ကုန့်မြို့နှင့် အခုအခြေအနေက အတော်ကွာခြားတယ်ထင်ရပေမယ့် ဒီဆေးရုံကြီးက ကျွန်တော့်အတွက် ဘယ်တော့မှ ကွာခြားခြင်းမရှိမဲ့ အမြဲတမ်းနေရာဖြစ်ခဲ့ဘူးတယ်။
ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီဆေးရုံကြီးထဲက နှလုံးကုသဆောင်ဘက်ကို ကျွန်တော်မျက်စိမှိတ်သွားတောင် မလွဲမချော် သွားတတ်ခဲ့ဘူးတယ်။
ဆေးရုံအပေါက်စောင့်တွေနဲ့ ရင်းနှီးအောင်နေပြီး မိုးချုပ်အလုပ်ကအပြန်ဝင်လို့ရအောင် ကျွန်တော်ကြိုးစားထားခဲ့ဘူးတယ်ဗျ။
ကျွန်တော်အတွေးစဖြတ်လိုက်တယ်။
သည်လိုတွေကြောင့် ရန်ကုန်ကိုမလာချင်ဘူး အဟောင်းက အသစ်ဖြစ်မှာဆိုးလို့ပါ။
သိမ်ကြီးဈေးဂုံးတံတားကြီးတောင် ဆေးအသစ်တွေသုတ်ထားပြီ။ အဆောက်အဦးအသစ်တွေ Shopping Mall အသစ်တွေနဲ့ အတော်ပြောင်းလဲနေပြီပဲ။ ဂုံးတံတာပေါ်တက်ပြီးခဏ ရပ်လိုက်မိတယ်။ အပြိုင်မောင်းနေတဲ့ကားတွေကြည့်ပြီး သူနဲ့ ဘယ်ကားက ဘယ်ရောက်တာ၊ ဘယ်ကားက ဘယ်မှာဂိတ်ဆုံးတာငြင်းခုန်ဘူးခဲ့သေးတာရယ်၊ သူ့အလုပ်ပြီးဆုံးချိန်ကို ဒီအပေါ်ကနေ ရပ်စောင့်နေပြီး အတူပြန်နေကြဆိုတဲ့အကြောင်းတွေ ကျွန်တော်အတွေးထဲက ဖျောက်နေရင်းနဲ့ပဲ အတိတ်ဖြစ်ရပ်တွေ တရေးရေးပေါ်လာခဲ့ပါတယ်။
x x x
ကျွန်တော်က ပုသိမ်ကနေ သုံးမိုင်လောက်သွားရတဲ့ ပန်တောင်းရွာသားပါ။ နာမည်က ရဲရင့်နောင်၊ အိမ်နာမည်နောင်နောင်။ ဆယ်တန်းကျတော့ ကျောင်းပြန်မတက်ချင်လို့ ရန်ကုန်ထွက်လာပြီးအလုပ်လုပ်တာဗျ။
ပုသိမ်ကနေကားစီးလာတာ ဘေးခုံက မိန်းကလေးမဟုတ်ဘဲ ရွယ်တူယောက်ျားလေးဆိုတော့ အနေအထိုင်လွတ်လပ်တော့ စိတ်ကျေနပ်မိတာတော့အမှန်။
သူ စမိတ်ဆက်တာပါ။ သူ့နာမည်က သက်ထက်အောင်တဲ့။
ပုသိမ်ကမ်းနားလမ်းမှာနေပြီး အမေ မရှိတော့ဘူး။ အဖေကနောက်အိမ်ထောင်နဲ့။ မိထွေးဖြစ်သူနဲ့အဆင်မပြေလို့ အသိတစ်ယောက်က သရက်တောကျောင်းတိုက်မှာတည်းပြီး အလုပ်ရှာဆိုလို့ အရဲစွန့်ထွက်လာတာတဲ့။
ကျွန်တော်နဲ့ သူ့ဘဝ အလုပ်ရှာထွက်လာတာခြင်းတူပေမယ့် ဘဝကုသိုလ်ကံတော့မတူဘူးထင်ပါတယ်။ သူက အသားဖြူဖြူ အရပ် ၅ပေ ၆ လောက်ရှိမယ်။ ကျွန်တော်ကတော့ သူ့ထက်အရပ်မြင့်နိုင်တယ်။ အသားညိုတာတော့သိတယ်။
သူနဲ့ပဲအတူတူ အဝေးပြေးဘတ်စ်ကားကနေ မြို့တွင်းလိုင်းကားစီး၊ မြေနီကုန်းကနေ အမှတ် (၃) ကားစီးပြီး ဆောက်လုပ်ရေးမှတ်တိုင် အတူဆင်း လမ်းလျောက်၊ သူက မီးပွိုင့်ကနေ ညာဘက်လမ်းချိုးရင်း သရက်တောကျောင်းတိုက်ကိုသွားသလို ကျွန်တော်က ဗိုလ်တစ်ထောင်ရှိ အမေ့ညီမအိမ်သွားဖို့ သိမ်ကြီးဈေးရှေ့နား အမှတ်(၄၆) ဘတ်စ်ကားစီးပြီးလမ်းခွဲခဲ့တာလေ။
မေ့မေ့ပျောက်ပျောက် ရက်သတ္တပါတ် တစ်ပတ်ကျော်သည်ထိ အလုပ်မရသေးပါဘူး။ ‘ဘွဲ့ရမဟုတ်တော့ရှာရခက်တာပေါ့’ လို့ဆိုတဲ့ အဒေါ့်ယောက်ကျားစကားက ကျွန်တော့်ကိုခွန်အားမဲ့စေပါတယ်။
တစ်လနီးပါးလောက်မှာ မြို့ထဲအလုပ်ရှာထွက်လာရင်း သက်ထက်အောင်ဆိုတဲ့ ရန်ကုန်အတူလာတဲ့ သူ့ကိုသတိရလိုက်တယ်။ ကျွန်တော် သူ့ကိုသွားတွေ့ဖို့ သရက်တောကျောင်းတိုက်ကို မနက် ၁၁ နာရီကျော်ကျော်လောက် ဦးဆုံးရောက်သွားပါတယ်။
လူရွယ်တစ်ယောက် ကျောင်းရဲ့ အုတ်ကန်ဘေးမှာ ပန်းကန်တွေ ဆေးကြောနေတယ်ဗျ။ ကျွန်တော်က အဲလူရွယ်ကိုမေးလိုက်တယ် ‘ပုသိမ်က သက်ထက်အောင် ဆိုတာရှိလား’လို့။ လူရွယ်က ‘ကိုထက်ရေ ဧည့်သည်’ ဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလားလို့တွေးမိသေးတယ်။
ဟုတ်ပါတယ် သက်ထက်အောင်ပြေးထွက်လာတာတွေ့လိုက်တယ်။
"ဟာ မင်းလာလည်တာလားငါ့စီ ..."
"အေးကွ......"
"ငါ မထင်ထားဘူး။ မကြာမကြာလာပေါ့ကွ ပုသိမ်သားအချင်းချင်းပဲ။ ဒါနဲ့ ထမင်းစားပြီးပြီလား...."
"မစားသေးပါဘူးကွာ..."
"ဟာ တစ်ခါထဲစားသွားဟေ့ကောင်။ ဒီမှာက ထမင်းဟင်းက အလျှံပယ်ဟေ့ကောင်ရေ။ တော်သေးတယ် ငါ့အလုပ်နားရက်နဲ့ဆုံလို့၊ မဟုတ်ရင် မင်းရွာလည်ဦးမှာ"
ကျွန်တော်က အလုပ်ရှာတုန်း သူကအလုပ်တောင်ရနေတော့ ကျွန်တော် သူ့ကိုချက်ခြင်းမေးလိုက်ပါတယ်။
"ဟာ မင်းက အလုပ်ရနေပြီလား..."
"အေးလေ ရွှေတိုက်နာရီဆိုင်မှာကွ ရန်ကုန်ရောက်ပြီးတစ်ပတ်လောက်နေမှရတာ။သည်က အကိုတွေသွင်းပေးတာ"
"အော်..."
ကျွန်တော် ‘အော်’တစ်လုံးသာပြောနိုင်လိုက်သည်။
"လာ ဟေ့ကောင် ထမင်းစားတော့မယ်..."
ဗိုက်ကတော့ဆာတာအမှန်ပဲ၊ ပါလာတဲ့ပိုက်ဆံကလည်းနည်းနေတော့ ချွေတာနေရတာလေ။ ဟန်မဆောင်ချင်တော့တာမို့ သူ့နောက်လိုက်လာလိုက်တယ်။
သူ့အပြောအရ ဒီသရက်တောကျောင်းတိုက်မှာ နယ်က ဆေးလာကုသူတွေ လာတည်းကြတယ်။ အလုပ်ရှာသူတွေက ဘုန်းကြီးကျောင်း ဝေယျာဝစ္စလုပ်ပြီး ကျောင်းရှိသံဃာတွေ ဆွမ်းဘုန်းပြီးရင် ထမင်းစားခွင့်ရှိတယ်။ အဆင်မပြေခင်ထိနေ၊ အဆင်ပြေရင်ပြောင်းလို့ရတယ်လို့ အကြမ်းဖျင်းသိလိုက်ရပါတယ်။
သူ့ကို သရက်တောကျောင်းမှာ ကိုထက်လို့ အများကခေါ်ကြတယ်။
အဲ့ဒီနေ့ ဟင်းပေါင်းနှင့် ထမင်းနှစ်ဇလုံးစားပြီး သရက်တောကျောင်းဘေးက လက်ဖက်ရည်ဆိုင်မှာထိုင်ခဲ့ကြတယ်။ ကိုထက်က တရင်းတနီးဆက်ဆံတာကြောင့် ကျွန်တော့်စိတ်ထဲ သူ့ကို ခင်မင်သွားခဲ့မိပါတယ်။
"ငါတော့ အလုပ်ရှာတုန်းပါကွာ...."
"ငါတို့ဆိုင်ကတော့ လုပ်ဖို့လူမလိုသေးဘူးကွ။ ဆိုင်ဘေးက လျှပ်စစ်ပစ္စည်းဆိုင်တော့လူလိုတယ်ကြားတယ်။ မင်းလုပ်မယ်ဆို မနက်ဖြန်ငါမေးပေးရမလား..."
"အေး လုပ်မယ်ကွာ မေးထားလိုက် "
"အေး ဒါဆို မင်းမနက်ဖြန် နေ့လယ် ထမင်းစားနားချိန်လောက်လာခဲ့။ ၂၇ လမ်းထိပ်နားက ရွှေတိုက်နာရီဆိုင်နော်။ မင်းရှာတတ်တယ် မဟုတ်လား.."
"အေးပါကွာ...."
ကံကောင်းတယ်လို့ဆိုရမယ်။ လူလိုနေတဲ့ လျပ်စစ်ပစ္စည်းဆိုင်က မနက်ဖြန်စဆင်း၊ လစာ ရှစ်သောင်းကျပ်၊ ရက်မှန်ကြေးနဲ့ တစ်ပတ်ကို တစ်ရက်နားလို့ဆိုတယ်။ စနေ တနင်္ဂနွေမှလွဲရင် ကြိုက်တဲ့နေ့နားဆိုတော့ ကိုထက်က သူနဲ့ တူအောင် ဗုဒ္ဓဟူးနေ့ နားဟု ကပ်ပြော၍ အဲ့နေ့ကိုရွေးလိုက်ပါတယ်။
အလုပ်ရလို့ပျော်တယ်ဗျ။ကိုထက်ကိုလည်း ကျေးဇူးတင်တယ်။ အဲဒီနေ့ ကိုထက်က ကားမှတ်တိုင်လိုက်ပို့ရင်း ဗလာစာအုပ်တစ်အုပ် ခါးကြားထိုးထားတာတွေ့တာကြောင့် မနေနိုင်စွာမေးမိပါတယ်။
"ခါးကြားက စာအုပ်ကဘာလုပ်တာလဲ”
"ဟဲ ဟဲ ဒိုင်ယာရီရေးမလို့လေကွာ...."
"ဟွန်း မင်းကလည်း ငရူး..."
အလုပ်ဆင်းတော့ အခက်အခဲတစ်ခုရှိလာတယ်။ ဗိုလ်တစ်ထောင်ကနေကားစီးလာပြီး ကမ်းနားလမ်းမှတ်တိုင်မှာဆင်း လမ်းလျောက်ရ တယ်လေ။ အလိုလိုမှ အအိမ်မက်သည့် ကျွန်တော်က နံနက်စောစောထရသေးတယ်။ သည်တော့ အလုပ်မှာ ကျွန်တော်စောရောက် နေတာ ရှားပါတယ်။ လစမရသေးခင် ကျွန်တော့်အတွက် ထမင်းချိုင့်ကို ကိုထက်ပဲ ပိုပိုထည့်လာတယ်။ ပြန်ချိန်တော့ ကျွန်တော်ကစော တယ်ဗျ။ ကျွန်တော် ဆိုင်သိမ်းသော်လည်းပဲ သူက အသစ်ရောက်လာသောနာရီများကို အမျိုးအစားခွဲ၊ ပြုပြင်ရတာတွေရှိတတ်လို့ အချိန်ပို ဆင်းရပါတယ်။
ကျွန်တော်က မီးသီး၊ မီးချောင်း၊ မီးဆိုင်း နဲ့ မီးကြိုးတွေကို နေရာချရ၊ သယ်ရ၊ ဝယ်သူလိုအပ်သလောက်ဖြတ်ပေးရ၊ မီးခုံ မီးပလပ်ကအစ အကုန်မှတ်ပြီးရောင်းရသူဖြစ်ပါတယ်။ ကိုထက်ကို ပြန်ချိန်ရောက်တိုင်း နှုတ်မဆက်ဘဲပြန်တာကျွန်တော့်အကျင့်ဖြစ်သလို တစ်ခါတစ်ရံ ကိုထက်က သူပြန်တာစောရင် မုန့်အတူစားဖို့အတွက် သိမ်ကြီးဈေးဂုံးတံတားပေါ်မှာ စောင့်နေတတ်တယ်။
"ငါ့အဒေါ်အိမ်မှာ မနေချင်တော့ဘူး ကိုထက်ရာ..."
"အဆင်မပြေဘူးလား။ ငါ့ကျောင်းမှာနေမလား။ ငါ ဆရာတော်ကိုလျောက်ပေးမယ်လေ..."
"အေးလျောက်ပေးကွာ ရရင်ငါနေမယ်..."
အဒေါ်နဲ့အဆင်ပြေပေမယ့် အဒေါ့်ယောက်ျားနဲ့အဆင်မပြေပါ။ ဒါကြောင့်ပဲ ကိုထက် ကြိုးစားမှုနဲ့ သရက်တောကျောင်းတိုက်မှာ နေခွင့်ရခဲ့ပြန်တယ်။ ဒုတိယအကြိမ် ကိုထက်ကိုကျေးဇူးတင်မိပါတယ်။
သရက်တောကျောင်းတိုက်မှာ နေရတာအဆင်ပြေပေမယ့် မနက် ၃ နာရီခွဲ ထရတာကြောင့် ကျွန်တော့်အတွက် အခက်တွေ့ရပြန်တယ်။ ကျွန်တော်အိပ်ချင်သေးတယ်လေ။
ကိုထက်က ကျွန်တော့်ကို သူ့နံဘေးမှာပဲနေရာပေးလို့ ညညဆို စကားပြောရင်းမိုးချုပ်ခဲ့တာလဲရှိပါတယ်။ ဘယ်လောက်မိုးချုပ်ချုပ် ကိုထက်က နံနက် သုံးနာရီခွဲဆိုထ၊ သံဃာ့ဝေယျာဝစ္စအလုပ်တွေရယ် အရုဏ်ဆွမ်းအတွက်ရယ်ပြင်ဆင်၊ ရေစက်မောင်း၊ ဆေးကြော စရာရှိတာဆေးကြောပေါ့။ တာဝန်ကိုယ်စီလုပ်ရတဲ့ ဘုန်းကြီးကျောင်းတိုက်နေ ကျောင်းသားတွေအလုပ်လေ။
သည်အထဲ ကျွန်တော်က တစ်ရက်တစ်လေသာပါပါတယ်။ ကိုထက်တစ်ယောက် ကျွန်တော့်ကို မနှိုးပါဘူး။ နိုးမှာစိုးလို့တောင် ဖွဖွလေး ထတာ ကျွန်တော်သိတယ်။
တစ်ခါတလေ စောင်လေးတောင်ခြုံပေးသွားတတ်တယ်။ ကျောင်းရှိ ဘုန်းကြီး၊သံဃာတွေ အရုဏ်ဆွမ်းစားပြီးနောက် ကျွန်တော့် နံနက်စာ အတွက်ချန်ထားတတ်သလို အလုပ်သွားခါနီးမှ ရေမိုးချိုးဖို့နှိုးတတ်ပါတယ်။
အလုပ်နားတဲ့နေ့ဆို ကျွန်တော့်ရဲ့အဝတ်အစားတွေကို မမေးမမြန်း ဆပ်ပြာရေစိမ်ကာ ဖွေးဥနေအောင် စိတ်ရှည်လက်ရှည် ကိုထက် လျော်ပေးတတ်တယ်။
ခေါင်းအုံးစွပ်တွေလျော်၊ စောင်တွေလှန်း၊ လေးပေလောက်နေရာလေးကို ကြမ်းကတိုက်ချွတ်သေးတယ်ဗျ။ ဒါပေမယ့် သူ ဘယ်တုန်းကမှ ပင်ပန်းတယ်လို့ ကျွန်တော့်ရှေ့မှာ မညည်းညူခဲ့ပါ။
တစ်နေ့သူအိပ်ယာထဲ လှဲရင်းစကားတစ်ခွန်းပြောတယ် ‘ငါ ရင်ဘတ်ကစူးပြီးအောင့်တယ်၊မောတယ်ကွာ’တဲ့။
ကျွန်တော်ကပြောလိုက်တယ် "အလုပ်နားတဲ့ရက် အနားယူပေါ့ကွာမင်းက အေးဆေးမနေဘူး ရှောက်လုပ်နေတာကိုး...ငါ့ဟာတွေ မလုပ်ပါနဲ့ ငါဘာသာလျော်ပါ့မယ်ကွ.."လို့။
"ဟေ့ကောင် မင်းဘာသာလျော်တာစောင့်နေရင် မှိုတက်သွားမှာပေါ့။ ငါက အခုလို မင်းကို လုပ်ပေးရတာပျော်ပါတယ်ကွာ..."
ဘာအဓိပ္ပာယ်မှန်းသေချာမသိပေမယ့် သူပြောပြီးကျွန်တော့်ကိုကြည့်လိုက်ချိန် ကျွန်တော် ရှက်သလိုလို ခံစားမိတယ်။
သူက ချက်ချင်းပဲ
"ညနေ ဘုရားတက်ရအောင်ကွာ..."
"အေး ဟုတ်တယ် တက်မယ်လေ...."
ကျွန်တော် တောင်ဘက်မုခ်လှေကားထစ်တွေပေါ်ပြေးတက်တော့ အနောက်က သူလိုက်ပြေးပြီးတက်တယ်။ စောင်းတန်း အလယ်နား ရောက်တော့ သူပြတ်ကျန်ခဲ့ပါတယ်။ သူ့ကို ရပ်စောင့်ရင်း အနားရောက်လာတော့
"မင်းကလဲ ယောက်ျားမဟုတ်တာကျနေတာဘဲ..."
"ဟ ငါအရမ်းမောတယ်ကွ။ မင်းတက်နှင့်လေ..."
အလိုက်မသိတဲ့ကျွန်တော်သူ့ကိုတွဲမခေါ်မိပါဘူး။ အပေါ်ရောက်သည်ထိ ဆက်တက်မိလိုက်တယ်။ ဘုရားမှာ ကျွန်တော်က ဦးသုံးကြိမ်ချ ကန်တော့ပြီးပေမယ့် ကိုထက်က ရိုရိုကျိုးကျိုးလေး ထိုင်ရှိခိုးနေတာ မိနစ် ၂၀ ခန့်ကြာပါတယ်။
အဲသည်နေ့က ည ၈ နာရီထိုးခါနီးမှ ဘုရားပေါ်ကဆင်း သရက်တောကျောင်းတိုက်နံဘေးရှိ ထမင်းကြော်ဆိုင်မှာ စားဖြစ်ကြတယ်။ ကျွန်တော်က ပုဇွန်ဆီပြန်ဟင်းမှာလိုက်တော့ သူက ကြက်သားဟင်း။
ကျွန်တော်က ရုတ်တရက်ပြောလိုက်မိတယ်။
"ဟာ ပုဇွန်တွေက အခွံလည်းချွတ်မထားဘူး..."
သူ ပုဇွန်တစ်ကောင်ယူပြီး အခွံချွတ်လိုက်ကာ ကျွန်တော့်ပန်ကန်ထဲ ထည့်လိုက်ပါတယ်။
"နေပါ ကိုထက်ရာ မင်းကလည်း ကိုယ့်ဘာသာစားပါ..."
အလိုက်မသိပြောလိုက်တော့ သူ့မျက်နှာညှိးသွားတာသတိထားမိတယ်ဗျ။
ကျောင်းပြန်ရောက်တော့ ဆရာတော်က ခေါ်တယ်ဆိုတာကြောင့် ကျွန်တော်သွားတွေ့ရပါတယ်။
ဆရာတော်က ကျွန်တော် ‘နံနက်ဆိုမထကြောင်း၊ ကျောင်းဝေယျာဝစ္စတွေမလုပ်ကြောင်းသိရတယ်’ဟုပြောတယ်ဗျ။ ဒါလည်း တစ်ယောက်ယောက်ကပြောလို့ဖြစ်မယ်။ ‘ကျောင်းမှာနေလျှင် ကုသိုလ်လည်းရအောင် အားလုံးလည်းကြည်ဖြူအောင် လုပ်ရမယ်၊ မလုပ်လျှင် အဆင်မပြေနိုင်ကြောင်း’ပြောလာသည့်အတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ တကယ်လည်းကျွန်တော် မလုပ်ခဲ့ပါ။
"တယောက်ယောက်တိုင်တယ်ထင်တယ်ကွ ..." ကိုထက်ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်နေပါတယ်။
"အေးပါ ထားလိုက်။ ငါ့ကို မနက်ကြနှိုးနော် ကိုထက်။ မနှိုးဘဲမနေနဲ့။ အများနဲ့ဆိုတော့ ထရမှာပေါ့..."
နံနက် ၃ နာရီကျော်တော့ အိပ်မပျော်တပျော်နဲ့ ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ကိုထက် ဝမ်းလျားမှောက်ပြီး စာရေးနေတာ တွေ့ရပါတယ်။ သူမအိပ်ဘူးလား၊ ဘာတွေရေးနေတာလဲ၊ သူ့အိမ်ကိုလား၊ တွေးရင်း မျက်လုံးကပြန်မှေးစင်းသွားပါတယ်။ အရိပ်လိုလို အုပ်မိုးလာတာကြောင့် မျက်လုံးလေးအသာ အားယူဖွင့်မိရော။
တိုးထွက်လာသောလေနွေးနွေးနဲ့အတူ နှာသီးဖျားတစ်ခုက ကျွန်တော့်ပါးကို တိုးကပ်လာတယ်။
"ဟေ့ကောင် ဘာလုပ်မလို့လဲ..." တုန်လှုပ်သွားသလို နောက်ပြန်ဆုတ်လိုက်သည့်ကိုထက်အား ကျွန်တော်မေးလိုက်တာပါ။
"မ မလုပ်ပါဘူး ခြင်ကိုက်နေသလားလို့..." ပြောရင်းသူ ထသွားတယ်။ ကျွန်တော်လည်းလိုက်ထလိုက်တာပေါ့။
အလုပ်ရောက်တော့ ဆိုင်ရှိဘဝတူအလုပ်သမားတစ်ယောက်က သံဈေးအနောက်လမ်း သူနေတဲ့အဆောင်မှာ လူလိုတယ်နေမလား တစ်လ နှစ်သောင်းဆိုတော့ မနက်ဖြန် အကြောင်းပြန်မယ်ပြောလိုက်တယ်။
"ကိုထက် ငါအဆောင်မှာဘဲနေတော့မယ်၊ ဆိုင်က အစ်ကိုတစ်ယောက်ရဲ့အဆောင်မှာ လူလိုနေတယ်တဲ့..." ကိုထက် ချက်ချင်းဘဲ မျက်စိမျက်နှာပျက်ကာ မျက်နှာလွှဲသွားပါတယ်။
"ငါ့ကို ဆိုင်ရှင်က လကုန်ကျရင် လစာတိုးပေးမယ်ပြောတယ်။ အတော်ပဲပေါ့ကွာ အဆောင်လစာရတာပေါ့ ...."
"အေးပါ မင်းအဆောင်နေတော့ အိပ်ရေးဝဝ အိပ်ရတာပေါ့။ အဆင်ပြေမယ်ဆိုလည်းနေပေါ့..."
ဆရာတော်ကို အဆောင်ပြောင်းမည့်အကြောင်းလျောက်ပြီး ပြန်လာတော့ ကိုထက် အိပ်မပျော်တာ ကျွန်တော်သတိထားမိတယ်။
သူ သက်ပြင်းခဏခဏချတာ သိတယ်ဗျာ။ ညည့်နက်နက်ရောက်မှ အိပ်ပျော်သွားခဲ့တယ်လေ။
လေးပင်သောအထိအတွေ့ကြောင့်နိုးသွားချိန် ကျွန်တော့်ရင်ဘတ်နားကို ထွေးဖက်ထားတဲ့ ကိုထက်တစ်ယောက် အနားကို တိုးကပ်အိပ် နေတာတွေ့ရတယ်။ ကျွန်တော် သူ့လက်ကိုဖြေးဖြေးလေးမ ဖယ်လိုက်ပြီး သူ့ကိုကျောပေးကာ လှည့်အိပ်နေလိုက်ပါတယ်။
နာရီနှိုးစက်သံမြည်တော့ သူ ပိတ်လိုက်တယ်။
ကျွန်တော် ပက်လက်လှန်ရင်းမျက်လုံးဖွင့်လိုက်စဉ်မှာ ကျွန်တော့်ကို သူစိုက်ကြည့်နေတာတွေ့ရရော။
"ဟေ့ကောင် ဘာကြည့်နေတာလဲငါ့ကို...ဟာ မင်းငိုနေတာလား..."
"ဟာ ဘာကိုငိုရမှာလဲ ငါ ထပြီ အရုဏ်ဆွမ်းဝိုင်းပြင်လိုက်အုန်းမယ်...."
သူအလုပ်သွားပြီးမှ ကျွန်တော် ကိုယ်ပိုင်တဲ့အဝတ်အစားလေးတွေ ထုပ်ပိုးထည့်ပြုပြီး တစ်ခါတည်းအလုပ်တန်းသွားပါတယ်။ သည်ည အဆောင်မှာ စအိပ်မယ်လေ။
x x x
အဆောင်ပြောင်းတဲ့နေ့ကစပြီး ဆယ်ရက်ကျော်သည်ထိ ကိုထက်နဲ့ကျွန်တော်မတွေ့ဖြစ်ပါ။ အလုပ်ပိတ်ရက်တူသော်လည်း အဆောင်မှာ နေဖင်ထိုးသည်ထိအိပ်ရင်း အချိန်ကုန်ခဲ့ပါတယ်။
လကုန်ခါနီးတစ်ရက် ကိုထက် ဆိုင်လာတယ်။ ဒီနေ့ အလုပ်ပြန် ဂုံးတံတားကစောင့်နေမယ်တဲ့။ မီးကြိုးတွေတိုင်းနေရင်း ခေါင်းညိတ်ပြ လိုက်တာပေါ့။ ညနေ ကျွန်တော်ဆိုင်ပိတ် ဂုံးပေါ်တက်သွားတော့မှ ကိုထက်ကို သတိထားမိတယ်ဗျ။
"ကိုထက်နေမကောင်းဘူးလား ပိန်သွားတယ်..."
"ဟုတ်လား မင်းထင်လို့ပါ...ဒါနဲ့ မင်းအဆင်ပြေရဲ့လား..."
"အေး…ပြေပါတယ် တခုခုစားရအောင် ငါကျွေးမယ်..."
တံတားအောက်ဘက် လမ်းကြားက အသုပ်ဆိုင်မှာထိုင်လိုက်ကြတယ်။
"ကိုထက်မင်းနေကောင်းရဲ့လား..."
"အေးကွာ ငါ အခုတလော အသက်ရူမဝဘူး မောလည်းမောတယ်။ အလုပ်ကလည်း အချိန်ပိုဆင်းနေရတယ် ပိုက်ဆံရပေမယ့် တခါတလေ အချိန်ပို မဆင်းချင်ဘူး။ အခုလဲ ငါမင်းကိုတွေ့ချင်လို့ အလုပ်ချိန်စောပြန်လာတာ..."
"အော် အေးပါ။ ငါလဲ မင်းနဲ့တွေ့မယ် တွေ့မယ်နဲ့ အလုပ်နားရက်ဆို အိပ်ပျော်ပျော်သွားတာ...."
"သိပါတယ် မင်းအအိပ်ကြီးတာ အဝတ်တွေလည်းပုံမှန်လျော်နော်။ မလျော်အားရင် ငါ့ ဆီလာပေးထား.."
"ဟား ဟား ကိုထက်ရာ ပြောတော့မောနေတယ်ဆို၊ အသက်ရူမဝဘူးဆို။ ငါ့အဝတ်တွေတောင်လျော်ပေးအုန်းမယ်ဆိုတော့ အသက်လဲထွက်သွားမှ ငါ့အမှုပတ်နေပါဦးမယ်ကွာ...."
နောက်နောက်ပြောင်ပြောင်ပြောလိုက်ပေမယ့် ကိုထက်က အားငယ်သလိုလေးဖြစ်သွားပါတယ်။
အဲသည့်နေ့က နန်းကြီးသုပ်နှစ်ပွဲနဲ့ ကော်ဖီနှစ်ခွက်ဖိုး ကိုထက်ကပဲ ရှင်းလိုက်သည့်အတွက် နောက်အပတ်နားရက် ကျွန်တော်ကျွေး မယ်လို့ပြောပြီးလမ်းခွဲပြန်ခဲ့တယ်။
နောက်တစ်ပတ် ကျွန်တော့် နားရက်မရောက်ခင် သူ့ဆိုင်သွားခဲ့ပါတယ်။ သူ့အဖေဆုံး၍ ခွင့်ယူကာ ပုသိမ်ပြန်သွားကြောင်း သိလိုက်ရ တယ်။ ဘာလို့ကျွန်တော့်ကို အသိမပေးဘဲပြန်သွားရတာပါလိမ့်။ ဒါဆို သူ့မိထွေးသာကျန်ခဲ့တော့ သူ ရန်ကုန်ပြန်လာပါဦးမလားလို့ လည်းတွေးမိလိုက်တယ်။
နောက်နှစ်ပတ်အကြာမှာ ကိုထက် ဆိုင်ရောက်လာတယ်။ သူအလုပ်ပြန်ဆင်းနေပြီဟုပြောတော့ ကျွန်တော်က သူ့အဖေဆုံးတာ စိတ်မကောင်းကြောင်းပြောပြီး အသိမပေးဘဲပြန်လို့ သူ့ကိုအပြစ်တင်တော့ ဘာမှ မဖြေဘဲပြုံးနေပါတယ်။
အလုပ်ပိတ်ရက်ကျရင် သရက်တောကျောင်းလာခေါ်မယ်လို့ ကိုထက်ကိုမှာမိတယ်။
အလုပ်ပိတ်ရက်နေ့လယ် ကျွန်တော်သွားတော့ ကိုထက်နဲ့မတွေ့ပါ။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံတက်နေကြောင်းသိလိုက်ရတယ်ဗျ။
နှလုံးရောဂါတဲ့။ ထိတ်လန့်မိတာ တကယ်ပါပဲ။ ကျွန်တော် ဆေးရုံကြီး နှလုံးရောဂါကုသဆောင်ကို မေးမြန်းပြီးရှာတော့ ပြတင်းပေါက် ထောင့်စွန်းကကုတင်ပေါ်မှာ ကိုထက်ကိုတွေ့လိုက်ရတယ်။
တကယ့်ကို ရင်ထဲမှာစူးနင့်သွားတယ်။ ကုတင်ဘေးမှာ အောက်ဆီဂျင်အိုးကြီးကလည်း အဆင်သင့်ထားထားသလိုပါ။
"ကိုထက်..." မျက်လုံးတွေဖွင့်ကြည့်ပြီးပြုံးပြတယ်။
"ဘယ်လိုဖြစ်တာလဲကွာ..."
"မင်းအလုပ်နားတာလား..."
"အေး ဟုတ်တယ် ငါ့ကို ဘာလို့မပြောခိုင်းတာလဲ..."
"မင်းကအလုပ်တစ်ဖက်နဲ့လေ...."
"အစောင့်မရှိဘူးလား..."
"ကျောင်းက လူတွေ ထမင်းပို့တယ်အလှည့်ကျ စောင့်တော့မစောင့်နိုင်ကြဘူးလေ သူတို့လဲ အလုပ်တစ်ဘက်နဲ့ဆိုတော့ ...."
"ဘယ်နေ့ကတက်တာလဲ..."
"နှစ်ရက်ဘဲရှိသေးတယ်...နှလုံးသွေကြောကျယ်နေတာတဲ့ ကောင်းသွားမှာပါ..."
"အေးပါ ငါ မင်းအိမ်အကြောင်းကြားပေးရမလား..."
"မင်းကလည်း ငါ့မိထွေးက ငါနဲ့အဆင်မပြေဘူးကွ ပြောလဲမပြောခြင်ပါဘူးကွာ နေကောင်းမှာပေါ့ ..."
"မင်း ဘာစားချင်လဲ..."
"မစားချင်ပါဘူးကွာ..."
"အေးပါ လိုတာပြော အားမငယ်နဲ့နော် ကိုထက်..."
စိတ်ထဲက စိတ်ရင်းအမှန်အားပေးလိုက်တာပါ သူ့ကျေးဇူးတွေရှိနေတယ်လေ။ ကိုထက်က ကျွန်တော့်ကို ကြည့်ပြီးပြုံးတယ်ဗျ။ သူ အတော်ပျော်သွားပုံရတယ်။ နောက်ပြီးမျက်နှာလွဲပြီးညှိးသွားပြန်ရော။ မိုးချုပ်တော့....
"မင်း ပြန်တော့လေ မနက် အလုပ်ဆင်းရဦးမှာ..."
"မင်းကိုစောင့်မယ့်လူရော...."
"မလိုပါဘူးကွာ နာစ့်မတွေပေါလို့... ပြန်တော့...." ကျွန်တော်ပြန်လာခဲ့တယ်။
နောက်နေ့ အလုပ်မှာ ပစ္စည်တွေရောက်လို့ ဂိုထောင်သွားပို့ရတော့ ည ၉ နာရီထိုးနေပြီ။ ဒါပေမယ့် ကိုထက်ကို ကျွန်တော်တွေ့ချင်တယ်။ သူအားငယ်နေမလား။
"ဘယ်သွားမှာလဲ..."
အပေါက်စောင့်ကမေးတော့ ဒုတိယထပ်ဆိုတော့ ဧည့်ချိန်မဟုတ်ဘူးတဲ့... ကျွန်တော် ငါးရာတန် တစ်ရွက် ထုတ်ပေးလိုက်တော့ တံခါးဖွင့်ပေးပါတယ်။
အပြေးအလွှားတက်သွားတော့ ကိုထက်အိပ်ပျော်နေတယ်။ စောင်လွတ်နေတဲ့ သူ့ခြေထောက်၊ ခြေဖမိုးလေးတွေက ဖောင်းနေတယ်ဗျ။ ကျွန်တော် စောင်လေးဆွဲခြုံပေးလိုက်တော့ ကိုထက်နိုးသွားပါတယ်။
ကျွန်တော်က အနားကပ်ပြီး "နေကောင်းလားကိုထက်...."
"မိုးအတော်ချုပ်နေပြီမဟုတ်လား..."
"အေးပါ ငါ ပစ္စည်းချနေလို့ကွ နောက်ကျသွားတာ ငါ ဒီည မင်းကိုစောင့်မယ်နော်..."
"ပြန်ပါကွာ မင်းအိပ်ရေးပျက်နေပါမယ်။ အလုပ်ကရှိသေးတယ်...."
"ရပါတယ်ကွာ..."
ကျွန်တော်ကုတင်ဘေးက ခုံလေးမှာထိုင်လိုက်တော့ သူ့လက်လေးတစ်ဖက်မြောက်လာတာကြောင့် လှမ်းကိုင်လိုက်ပါတယ်။ ကျွန်တော် သူ့လက်ကလေး ဆုပ်နယ်လိုက်တော့ ပြုံးနေလိုက်တာဗျာ သူ့အတွက်အပျော်ဆုံးများဖြစ်နေမလား...."
သူ့လက်ဖမိုးလေးက ဖောင်းအိနေပြန်တယ်။ ကျွန်တော် သူ့ကိုပြန်ပြုံးပြလိုက်တယ်။ မကြာခင်မှာပဲ သူ့မျက်လုံးတွေမှေးစင်းသွားရော။
ကျွန်တော်သူ့ကို ကြည့်ရင်းတစ်ခုတွေးမိတယ်ဗျ။
သူ ကျွန်တော့်ကို အတော်ခင်တယ်။
သူ ကျွန်တော့်ကို ချစ်ကြိုက်နေတာလား။ သူအမူအယာ၊ သူ ကျွန်တော့်အပေါ် ဟိုးအရင်ကတည်းက ဆက်ဆံနေထိုင်ပုံတွေရိုးသားရဲ့ လား။ သူ ခိုးနမ်းဖို့လုပ်တာလည်း ကျွန်တော်ရိပ်မိပါတယ်။ အိပ်ခြင်ယောင်ဆောင် ဖက်ထားတာလဲသိတယ်လေ။
နှစ်ရက် သုံးရက်ခန့်အထိ အလုပ်ပြန်တိုင်း ကိုထက်စီ ဝင်ပြီးမှ ကျွန်တော်အဆောင်ပြန်တယ်။ မိုးချုပ်မှ လာတတ်သော ကျွန်တော့်ကို အပေါက်စောင့်က သိနေပြီ။ ကျွန်တော်ရောက်တိုင်း ဘေးကုတင်က လူနာစောင့်အမကြီး သေသေခြာခြာ လှမ်းကြည့်နေတတ်ပါတယ်။ ဘာကြောင့်လဲ။ တစ်ရက်တော့ အဲ့အမကြီးက ကျွန်တော့်ကိုမေးတယ်ဗျ။
"အလုပ်က ခွင့်ယူလို့မရဘူးလား"တဲ့။
ကျွန်တော်က ‘ပြောကြည့်ဦးမယ်အမ’ လို့သာပြောလိုက်တယ် သူက ဘာပြောချင်နေပါလိမ့်။
"ဒီမှာ လူနာရှင်လား..."
သူနာပြု (Nurse) ဆရာမတစ်ယောက်အနားရောက်လာတာကြောင့် ကျွန်တော့်အတွေးပြတ်သွားတယ်။
"အော် ဟုတ်ကဲ့ဗျ..."
"ခဏ လိုက်ခဲ့ဦး..."
ကျွန်တော်ထလိုက်သွားပါတယ်။
"လူနာက နှလုံးရောဂါဆိုတာသိတယ်နော်။ သူ့မှာ မိဘတွေ အုပ်ထိန်းသူတွေမရှိဘူးလား။ ရှင်က သူနဲ့ ဘာတော်လဲ။ မနက်ကလည်း အမောဖောက်တယ်။ညနေစောင်းကလည်း အမောဖောက်တယ်။ ထမင်းလာပို့သူတွေကလည်း စောင့်မနေနိုင်ဘူးတဲ့ ကြာရင်မကောင်း ဘူး...."
"ဗျာ..."
နာစ့်မ ပြောစကားက ကျွန်တော် ဘာမှ မသိတာ သိအောင်လာပြောမှန်းသိပါတယ်။ ကိုထက်မိသားစုအကြောင်းလေးပြောပြလိုက်တော့ လိပ်စာလေးတစ်ခုပေးလာတာကြောင့် ဆရာမပေးတဲ့ လိပ်စာကူးယူလိုက်ပြီးမှ ကိုထက်အနားပြန်သွားလိုက်တယ်။
ကျွန်တော် မှေးကနဲ အိပ်ပျော်သွားချိန်ခဏ ပြင်းလွန်းသောအသက်ရှူသံနှင့်အတူ ရုန်းကန်နေသောအသံကြောင့်နိုးသွားပါတယ်။
"ကိုထက် ကိုထက် ...ဆရာမ ဆရာမ...."ကျွန်တော် အော်လိုက်မိတယ်။ ဆရာမ အမြန်ရောက်လာပြီး ကိုထက်ကို အောက်ဆီဂျင် အသက်ရှူပိုက်တပ်လိုက်သလို ဆေးတစ်လုံးလည်းထိုးပေးတယ်လေ။
မျက်စိရှေ့မှာမြင်လိုက်ရတဲ့ ကိုထက်အဖြစ်ကို တွေ့ရသည်မို့ ကျွန်တော်ရင်ထဲ မချိအောင် ခံစားရပါတယ်။ ကိုထက်ခဏငြိမ်သွားတော့ သူမမြင်အောင် အဆောင်ကူးစင်္ကြံလမ်းဘက်ထွက်ပြီးငိုမိလိုက်ပါရော။
ဘာ့ကြောင့်ငိုမိတာပါလိမ့်....မိုးလင်းသည်ထိ ကျွန်တော်မအိပ်ပါ။
ပုလင်းမဟုတ်သော ဟောလစ်အထုတ်သေးတစ်ခုဖောက်ပြီး ဓာတ်ဘူးအဟောင်းလေးထဲက ရေနွေးနှင့်ဖျော်လိုက်ပါတယ်။ ကိုထက် နိုးရင်တိုက်မယ်။
ကိုထက်နိုးတော့ ဟောလစ်လေးတိုက်လိုက်တယ်။ ကိုထက်က အားအင်ချိနဲ့နေသလို ပြုံးရုံပဲပြုံးပြတယ်။
နာစ့်မ ပေးထားတဲ့ ဆေးတစ်ခွက်ယူတိုက်တော့ ကိုထက် စကားတစ်ခွန်းပြောပါတယ်။
"အလုပ်သွားတော့လေ"တဲ့...
ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ်။ အလုပ်သွားမယ်၊ ခွင့်တစ်ပတ်ယူမယ်၊ လိုအပ်ရင်ထပ်ယူမယ်၊ ကိုထက်နားမှာနေမယ်၊ လစာ စုထားတာလေးတွေ ကုန်ချင်ကုန်ပါစေ။
ပထမဆုံး ရွာကသူငယ်ချင်းတစ်ယောက်ကို ကိုထက်လိပ်စာပြောပြ၊ အကျိုးအကြောင်းရှင်းပြပြီး သူ့ မိသားစုထံအသိပေးမယ်။ အလုပ်ရှင်ထံခွင့်တောင်းတော့ အဆင်ပြေပါတယ်။
ကျွန်တော်ဆေးရုံပြန်ပြေးပါတယ်။ ကိုထက်အမောဖောက်နေမလား......ဟင်။
ကိုထက်ကို ထမင်းလာပို့သောသရက်တောကျောင်းတိုက်မှ ကောင်လေးနှင့်အတူ ဆရာတော်ပါ ပါလာတယ်ဗျ။ ဆရာတော်က ဒီလိုဖြစ်နေမှန်းမသိကြောင်းပြောပြီး ကိုထက်ကို တရားဟောပြောပါသေးတယ်။
အဲသည့်နေ့က ကိုထက် သုံးခါတိတိ မိုးပြန်လင်းသည်အထိ အမောဖောက်တယ်။ သူအမောဖောက်ပြီးတိုင်း ကျွန်တော်ငိုမိပါတယ်။
သူ့လက်ကလေးကိုင်ရင် သူပြုံးနေတာကျွန်တော်သိတယ်။ ကျွန်တော့်ကို ဘေးကုတင်လူနာရဲ့ လူနာစောင့်အမကြီးက မျက်ရည်တွေဝဲပြီး ခိုးခိုးကြည့်တာလဲသိတယ်။
ရွာက သူငယ်ချင်း ကိုထက်အိမ် ဆိုင်ကယ်နှင့်သွားပြောပြီးကြောင်းလည်းသိရပါပြီ။
"ကိုထက် ငါထမင်းသွားစားဦးမယ် မင်းဘာစားချင်လဲ" လို့မေးတာကို ခေါင်းခါပြတယ်ဗျ။
ယောင်နေတဲ့ သူ့လက်ဖမိုးလေးကိုကိုင်ပြီး အမှတ်မထင်ကျွန်တော်နမ်းမိလိုက်တော့ ….ပြုံးတယ်… သူနှစ်နှစ်ခြိုက်ခြိုက်ပြုံးတယ်။
နံဘေးက အမကြီးကြည့်နေတာကြောင့် အပြင်ကိုအသာထထွက်လာခဲ့ပါတယ်။
ဆေးရုံဝင်းထဲက ထမင်းဆိုင်မှာ ထမင်းစားပြီး ကိုထက်ဖို့ လိမ္မော်သီးဝယ်လိုက်တယ်။ အချိန်တစ်နာရီနီးပါးကြာလိမ့်မယ်ထင်ရဲ့။
ဆေးရုံပေါ်ပြန်တက်သွားတော့ ကိုထက်ကုတင်နံဘေးမှာ လူတွေအုံနေတယ်လေ။ ကိုင်ထားတဲ့ ကျွန်တော့်လက်က လိမ္မော်သီးထုတ်ပြုတ် ကျသွားတဲ့အထိ ယောင်နနဖြစ်သွားပါတယ်။
"ကိုထက် ကိုထက် ဘာဖြစ်လို့လဲ..."
ကိုထက်ကို စက်ကြီးနှင့် ရင်ဘတ်ကိုဖိဖိပြီး ဆရာဝန်တွေ နာစ့်မတွေကုနေကြတယ်။
"ဆုံးသွားပြီ...."
"ဆုံးသွားပြီ...."
"ဆုံးသွားပြီ...."
နားစည်ထဲ ပဲ့တင်ထပ်သွားသောစကားအဆုံး အားရှိသလောက် ကျွန်တော်အော်ခေါ်လိုက်မိတယ်။
"ကိုထက်......."
ကျွန်တော် ကိုထက်ကို ဖက်ထားတယ်။ သူဖက်တုန်းက တွန်းဖယ်ခဲ့ဘူးတယ်လေ။ သူမနမ်းပေမယ့် အခုအချိန် အရှက်တရားမဲ့စွာသူ့ကို ကျွန်တော်နမ်းလိုက်တယ်။
ပြုံးစမ်းပါ ကိုထက်ရ ပြုံးပါကွ။
ရင်ထဲကပြုံးခိုင်းတာ သူ့အပြုံးကိုနောက်ဆုံးမြင်ချင်သေးတာလေ။
"ရော့ ငါ့မောင် မင်းသူငယ်ချင်းက မင်းကိုပေးခိုင်းထားတာ..."
နံဘေးကုတင်က အမကြီးပေးတဲ့ ဗလာစာအုပ်ခပ်နွမ်းနွမ်းလေးကိုလှမ်းယူလိုက်တော့ အဲ့ဒီအမကြီးကရော ငိုနေပါပေါ့လား။
စာအုပ် အလယ်နားလောက်ကိုဖွင့်လိုက်တော့ စာကြောင်းတစ်ကြောင်းဖတ်မိလိုက်ပါတယ်။
"ငါ မင်းကို အရမ်းချစ်တယ် ရဲရင့်နောင် မင်းနဲ့အတူနေရတာပျော်တယ်....."
စာအုပ်ကိုပိတ်လိုက်တယ်။
ကိုထက်ရေးတဲ့ ဒိုင်ယာရီဆိုတာ ငါ့ကိုချစ်တဲ့အကြောင်းတွေလားလို့တွေးရင်းငိုချလိုက်ပါတယ်။
ကိုထက်ရဲ့ မိထွေးဆိုသူလည်းရောက်လာတာကြောင့် သဂြုင်္ိဟ်ဖို့ပြင်ဆင်ပြီးမှ ကျွန်တော်အဆောင်ပြန်ခဲ့တယ်ဗျာ။
ကိုထက်က ဗလာစာအုပ်စာမျက်နှာစစခြင်းမှာ ကျွန်တော်နှင့်စတွေ့တဲ့ရက်စွဲမှအစ အလုပ်ရှာပေးပုံ၊ အတူနေဖြစ်ပုံ၊ အဝတ်လျော်ပေး ရတာစိတ်ကြည်နူးကြောင်း၊ ဘုရားအတူတက်ဖူးတုန်းက အရမ်းပျော်ကြောင်း၊ ခိုးနမ်းဖို့ကြိုးစားတာ ကျွန်တော်မိသွားကြောင်း၊ ဖက်ပြီးအိပ် တဲ့နေ့က အိမ်မက်ထဲအတူရှိနေကြောင်း၊ အသုပ်ဆိုင်လေးမှာထိုင်တဲ့နေ့က ဖွင့်ပြောဖို့စဉ်းစားပေမယ့် သူ့ကိုမုန်းသွားမှာစိုးရိမ်တာကြောင့် ဖွင့်မပြောဖြစ်ကြောင်း၊ ဆေးရုံတက်တော့အနားမှာလာနေပေးလို့ ကျေးဇူးတင်ကြောင်း စာမရေးနိုင်ပေမယ့် နောက်ဆုံးစာကြောင်းလေး နံဘေးကုတင်ကအမကြီးကို အကူညီတောင်းရေးခိုင်းလိုက်ကြောင်း ရေးထားပါတယ်။
စာအုပ်ကလေးကို ရင်ခွင်ထဲဖက်ထားလိုက်တယ်။
သတိရတိုင်းကျွန်တော်ဖတ်မယ်၊ ဖတ်တိုင်းလည်ကျွန်တော်ငိုဦးမယ်။
x x x
စာအုပ်ကလေးထဲက စာတွေကို ဖတ်မိတိုင်း ကျွန်တော်ဘာလို့ငိုမှာလည်း သိလားခင်ဗျာ။
ကိုထက်ကို ကျွန်တော်ကိုယ်တိုင်မပြောလိုက်ရတဲ့ ရင်ထဲကလာတဲ့ တစ်ခွန်းတည်းသောစကား မပြောလိုက်ရသောကြောင့်ပါ။
"ကိုထက် မင်းမသိနိုင်ပေမယ့် မင်းကို ငါ….. သိပ်ချစ်ပါတယ်.........."
ချစ်သူတိုင်းပေါင်းရပါစေ.....
ရေးသားသူ - သုတလုလင်
[Zawgyi]"တစ္ခြန္းတည္းေသာစကား....."
#ခံစားခ်က္စာစု
#သုတလုင္
#၀ႆန္_LGBTs_၀တၴုတိုဆုရ
(အခ်စ္ဆိုတဲ့ စကားလံုးဟာေလ ခပ္တိုတိုဆိုေပမယ့္ လူသားႏွစ္ေယာက္အၾကားမွာ ရိုက္ခတ္မႈအေတာ္ျပင္းထန္ပါတယ္။ လိင္စိတ္ တိမ္းၫႊတ္မႈေတြ ေသခ်ာမဆန္းစစ္ေသာ္လည္းဘဲ တစ္ခါတေလ မ်ိဳးတူအခ်င္းခ်င္းကို ခ်စ္မိၾကတာေတြရိွေနတတ္တာေတြ့ႏိုင္တယ္ဗ်။ ကိုသုတလုလင္ ေရးသားတဲ့ သည္ခံစားခ်က္စာစုကို ျပန္လည္ဖတ္ၾကၫ့္ၾကေစဖို႔ ကြၽန္ေတာ္ကတစ္ဆင့္ျပန္ေဝငွလိုက္ပါတယ္။ ဖတ္ၾကၫ့္ၾကပါဦး။)
ဘ၀မွာ အခ်စ္ဆိုတာကို ခံစားတတ္ခဲ့ဖို႔ အေတာ္ႀကိဳးစားခဲ့ဘူးပါတယ္။ ခံစားတတ္လာျပန္ေတာ့လည္း ပ်က္သုဉ္းသြားခဲ့တယ္။ စကားလံုး ႏွစ္လံုးတည္းေသာ အခ်စ္ဆိုတာေၾကာင့္ ကြၽန္ေတာ့္အတြက္ ေသြးစက္ေတြ တစ္စက္ျခင္းက် ေၾကမြသြားခဲ့ရဖူးတယ္ဆိုရင္ ယံုမလားဗ်ာ။
ကြၽန္ေတာ္ ရန္ကုန္ေျမကို ေျခမခ်တာ ေျခာက္ႏွစ္ရိွၿပီ။ အေဟာင္းေတြအသစ္ျဖစ္ၿပီးခံစားရမွာေၾကာက္လို႔ပါ။
လူတစ္ေယာက္ဟာ တစ္သက္မွာတစ္ေယာက္ေတာ့ခ်စ္ခဲ့ဖူးမွာအေသအခ်ာပဲ။ အဲ့လိုခ်စ္ခဲ့ဖူးတဲ့အထဲမွာ ကြၽန္ေတာ္လည္းပါတယ္။
အစဦး ပထမအခ်စ္က သိပ္ေလးနက္တယ္လို႔ ခံစားရတယ္ဗ်။ ခံစားရတယ္၊ ေၾကကြဲရတတ္တယ္ဆိုတာကို ဝထၴုေတြ၊ ရုပ္ရွင္ေတြထဲမွာပဲ ၾကားခဲ့ဘူးတဲ့ကြၽန္ေတာ္ လက္ေတြ့ခံစားလာရေတာ့ ၾကားဘူးထားတာေတြထက္ ျပင္းထန္လြန္းပါလားလို႔ေတြးမိတယ္။ ေတြးမိတိုင္းလည္း မ်က္ရည္ဝဲတယ္။
အဲ့တာ သူ႔ကို စကားလံုးႏွစ္လံုးထဲရဲ့ ေလးနက္တဲ့ခံစားခ်က္ေၾကာင့္ဆိုတာသိလိုက္လို႔ပါ။
အခု ရန္ကုန္ဆိုတာကိုေျခစခ်ခ်ျခင္း အတိတ္ရဲ့အရိပ္ေတြက ကပ္ပါလာျပန္ၿပီ။ အမွတ္ (၃) လိုင္းကားစပါယ္ယာက ‘ေတာင္ဘက္မုဒ္ပါ တယ္ဆရာေရ’ ဆိုေတာ့ငိုက္ျမည္းလာတဲ့ကြၽန္ေတာ္ အစြန္ဆံုးေနရာကတစ္ဆင့္ အျပင္ကိုၾကၫ့္လိုက္မိတယ္။
စပါယ္ယာခုန္ဆင္းလိုက္မွ ဘြားကနဲ ျမင္လိုက္တဲ့ ေရႊတိဂံုေစတီႀကီးကို လက္စံုမိုးရိွခိုးဦးၫႊတ္လိုက္ရင္းမွ ကားျပန္ထြက္ေတာ့လည္း
သူ႔အရိပ္တစ္ခ်ိဳ႕ ျမင္ေယာင္လာပါတယ္။ စိတ္ကိုေလ်ာ့ခ်ၿပီး လမ္းမဘက္မ်က္ႏွာမူထားလိုက္ပါရဲ့… ေလေတြ… တိုးပါေစ။
စပါယ္ယာက ‘ေဆာက္လုပ္ေရးပါလား’တဲ့ ‘ပါတယ္’ လို႔ေျပာလိုက္တယ္။
ဒီမွတ္တိုင္ေလးက ရန္ကုန္စေရာက္ေရာက္ျခင္းဆင္းတဲ့မွတ္တိုင္မို႔ေပါ့။ အခုလည္း ဒီမွတ္တိုင္ဆင္းမိျပန္ၿပီ။ လမ္းေလ်ာက္လာရင္း ဦးတည္ခ်က္က ဗိုလ္တစ္ေထာင္ကေမေမ့ညီမ အေဒၚအိမ္မွာေနၿပီး၊ အေဒၚေျပာထားေပးေသာ ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ဖို႔။ ဘြဲ႔ရသူတစ္ေယာက္အတြက္ အလုပ္ေကာင္းေကာင္း တစ္ခုခုေတာ့ ရႏိုင္ပါရဲ့။
ဗိုလ္ခ်ဳပ္ေဈးသစ္ဘက္ တန္းတန္းေလ်ာက္လာေတာ့ မီးပြိုင့္လမ္းစံုမွာ အနီေရာင္ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးအားလွမ္းေတြ့လိုက္ေတာ့ ကြၽန္ေတာ့္ရင္အစံုကို ေယာင္ရမ္းဖိႏိွပ္လိုက္မိတယ္ဗ်ာ။ တြဲခိုလာတဲ့မ်က္ရည္ေတြကိုလည္း ေခါင္းငံု႔ၿပီး က်ျခင္က်သြားပါေစေတာ့ရယ္လို႔ တင္းမထားႏိုင္ေတာ့ပါဘူး။
လြန္ခဲ့တဲ့ ငါးႏွစ္ေက်ာ္က ရန္ကုန႔္ၿမိဳ႔ႏွင့္ အခုအေျခအေနက အေတာ္ကြာျခားတယ္ထင္ရေပမယ့္ ဒီေဆးရံုႀကီးက ကြၽန္ေတာ့္အတြက္ ဘယ္ေတာ့မွ ကြာျခားျခင္းမရိွမဲ့ အၿမဲတမ္းေနရာျဖစ္ခဲ့ဘူးတယ္။
ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ဒီေဆးရံုႀကီးထဲက ႏွလံုးကုသေဆာင္ဘက္ကို ကြၽန္ေတာ္မ်က္စိမိွတ္သြားေတာင္ မလြဲမေခ်ာ္ သြားတတ္ခဲ့ဘူးတယ္။
ေဆးရံုအေပါက္ေစာင့္ေတြနဲ႔ ရင္းႏွီးေအာင္ေနၿပီး မိုးခ်ဳပ္အလုပ္ကအျပန္ဝင္လို႔ရေအာင္ ကြၽန္ေတာ္ႀကိဳးစားထားခဲ့ဘူးတယ္ဗ်။
ကြၽန္ေတာ္အေတြးစျဖတ္လိုက္တယ္။
သည္လိုေတြေၾကာင့္ ရန္ကုန္ကိုမလာခ်င္ဘူး အေဟာင္းက အသစ္ျဖစ္မွာဆိုးလို႔ပါ။
သိမ္ႀကီးေဈးဂံုးတံတားႀကီးေတာင္ ေဆးအသစ္ေတြသုတ္ထားၿပီ။ အေဆာက္အဦးအသစ္ေတြ Shopping Mall အသစ္ေတြနဲ႔ အေတာ္ေျပာင္းလဲေနၿပီပဲ။ ဂံုးတံတာေပၚတက္ၿပီးခဏ ရပ္လိုက္မိတယ္။ အၿပိဳင္ေမာင္းေနတဲ့ကားေတြၾကၫ့္ၿပီး သူနဲ႔ ဘယ္ကားက ဘယ္ေရာက္တာ၊ ဘယ္ကားက ဘယ္မွာဂိတ္ဆံုးတာျငင္းခုန္ဘူးခဲ့ေသးတာရယ္၊ သူ႔အလုပ္ၿပီးဆံုးခ်ိန္ကို ဒီအေပၚကေန ရပ္ေစာင့္ေနၿပီး အတူျပန္ေနၾကဆိုတဲ့အေၾကာင္းေတြ ကြၽန္ေတာ္အေတြးထဲက ေဖ်ာက္ေနရင္းနဲ႔ပဲ အတိတ္ျဖစ္ရပ္ေတြ တေရးေရးေပၚလာခဲ့ပါတယ္။
x x x
ကြၽန္ေတာ္က ပုသိမ္ကေန သံုးမိုင္ေလာက္သြားရတဲ့ ပန္ေတာင္းရြာသားပါ။ နာမည္က ရဲရင့္ေနာင္၊ အိမ္နာမည္ေနာင္ေနာင္။ ဆယ္တန္းက်ေတာ့ ေက်ာင္းျပန္မတက္ခ်င္လို႔ ရန္ကုန္ထြက္လာၿပီးအလုပ္လုပ္တာဗ်။
ပုသိမ္ကေနကားစီးလာတာ ေဘးခံုက မိန္းကေလးမဟုတ္ဘဲ ရြယ္တူေယာက္်ားေလးဆိုေတာ့ အေနအထိုင္လြတ္လပ္ေတာ့ စိတ္ေက်နပ္မိတာေတာ့အမွန္။
သူ စမိတ္ဆက္တာပါ။ သူ႔နာမည္က သက္ထက္ေအာင္တဲ့။
ပုသိမ္ကမ္းနားလမ္းမွာေနၿပီး အေမ မရိွေတာ့ဘူး။ အေဖကေနာက္အိမ္ေထာင္နဲ႔။ မိေထြးျဖစ္သူနဲ႔အဆင္မေျပလို႔ အသိတစ္ေယာက္က သရက္ေတာေက်ာင္းတိုက္မွာတည္းၿပီး အလုပ္ရွာဆိုလို႔ အရဲစြန႔္ထြက္လာတာတဲ့။
ကြၽန္ေတာ္နဲ႔ သူ႔ဘဝ အလုပ္ရွာထြက္လာတာျခင္းတူေပမယ့္ ဘဝကုသိုလ္ကံေတာ့မတူဘူးထင္ပါတယ္။ သူက အသားျဖဴျဖဴ အရပ္ ၅ေပ ၆ ေလာက္ရိွမယ္။ ကြၽန္ေတာ္ကေတာ့ သူ႔ထက္အရပ္ျမင့္ႏိုင္တယ္။ အသားညိုတာေတာ့သိတယ္။
သူနဲ႔ပဲအတူတူ အေဝးေျပးဘတ္စ္ကားကေန ၿမိဳ႔တြင္းလိုင္းကားစီး၊ ေျမနီကုန္းကေန အမွတ္ (၃) ကားစီးၿပီး ေဆာက္လုပ္ေရးမွတ္တိုင္ အတူဆင္း လမ္းေလ်ာက္၊ သူက မီးပြိုင့္ကေန ညာဘက္လမ္းခ်ိဳးရင္း သရက္ေတာေက်ာင္းတိုက္ကိုသြားသလို ကြၽန္ေတာ္က ဗိုလ္တစ္ေထာင္ရိွ အေမ့ညီမအိမ္သြားဖို႔ သိမ္ႀကီးေဈးေရ႔ွနား အမွတ္(၄၆) ဘတ္စ္ကားစီးၿပီးလမ္းခြဲခဲ့တာေလ။
ေမ့ေမ့ေပ်ာက္ေပ်ာက္ ရက္သတၲပါတ္ တစ္ပတ္ေက်ာ္သည္ထိ အလုပ္မရေသးပါဘူး။ ‘ဘြဲ႔ရမဟုတ္ေတာ့ရွာရခက္တာေပါ့’ လို႔ဆိုတဲ့ အေဒါ့္ေယာက္က်ားစကားက ကြၽန္ေတာ့္ကိုခြန္အားမဲ့ေစပါတယ္။
တစ္လနီးပါးေလာက္မွာ ၿမိဳ႔ထဲအလုပ္ရွာထြက္လာရင္း သက္ထက္ေအာင္ဆိုတဲ့ ရန္ကုန္အတူလာတဲ့ သူ႔ကိုသတိရလိုက္တယ္။ ကြၽန္ေတာ္ သူ႔ကိုသြားေတြ့ဖို႔ သရက္ေတာေက်ာင္းတိုက္ကို မနက္ ၁၁ နာရီေက်ာ္ေက်ာ္ေလာက္ ဦးဆံုးေရာက္သြားပါတယ္။
လူရြယ္တစ္ေယာက္ ေက်ာင္းရဲ့ အုတ္ကန္ေဘးမွာ ပန္းကန္ေတြ ေဆးေၾကာေနတယ္ဗ်။ ကြၽန္ေတာ္က အဲလူရြယ္ကိုေမးလိုက္တယ္ ‘ပုသိမ္က သက္ထက္ေအာင္ ဆိုတာရိွလား’လို႔။ လူရြယ္က ‘ကိုထက္ေရ ဧၫ့္သည္’ ဆိုေတာ့ ဟုတ္မွ ဟုတ္ပါ့မလားလို႔ေတြးမိေသးတယ္။
ဟုတ္ပါတယ္ သက္ထက္ေအာင္ေျပးထြက္လာတာေတြ့လိုက္တယ္။
"ဟာ မင္းလာလည္တာလားငါ့စီ ..."
"ေအးကြ......"
"ငါ မထင္ထားဘူး။ မၾကာမၾကာလာေပါ့ကြ ပုသိမ္သားအခ်င္းခ်င္းပဲ။ ဒါနဲ႔ ထမင္းစားၿပီးၿပီလား...."
"မစားေသးပါဘူးကြာ..."
"ဟာ တစ္ခါထဲစားသြားေဟ့ေကာင္။ ဒီမွာက ထမင္းဟင္းက အလ်ွံပယ္ေဟ့ေကာင္ေရ။ ေတာ္ေသးတယ္ ငါ့အလုပ္နားရက္နဲ႔ဆံုလို႔၊ မဟုတ္ရင္ မင္းရြာလည္ဦးမွာ"
ကြၽန္ေတာ္က အလုပ္ရွာတုန္း သူကအလုပ္ေတာင္ရေနေတာ့ ကြၽန္ေတာ္ သူ႔ကိုခ်က္ျခင္းေမးလိုက္ပါတယ္။
"ဟာ မင္းက အလုပ္ရေနၿပီလား..."
"ေအးေလ ေရႊတိုက္နာရီဆိုင္မွာကြ ရန္ကုန္ေရာက္ၿပီးတစ္ပတ္ေလာက္ေနမွရတာ။သည္က အကိုေတြသြင္းေပးတာ"
"ေအာ္..."
ကြၽန္ေတာ္ ‘ေအာ္’တစ္လံုးသာေျပာႏိုင္လိုက္သည္။
"လာ ေဟ့ေကာင္ ထမင္းစားေတာ့မယ္..."
ဗိုက္ကေတာ့ဆာတာအမွန္ပဲ၊ ပါလာတဲ့ပိုက္ဆံကလည္းနည္းေနေတာ့ ေခြၽတာေနရတာေလ။ ဟန္မေဆာင္ခ်င္ေတာ့တာမို႔ သူ႔ေနာက္လိုက္လာလိုက္တယ္။
သူ႔အေျပာအရ ဒီသရက္ေတာေက်ာင္းတိုက္မွာ နယ္က ေဆးလာကုသူေတြ လာတည္းၾကတယ္။ အလုပ္ရွာသူေတြက ဘုန္းႀကီးေက်ာင္း ေဝယ်ာဝစၥလုပ္ၿပီး ေက်ာင္းရိွသံဃာေတြ ဆြမ္းဘုန္းၿပီးရင္ ထမင္းစားခြင့္ရိွတယ္။ အဆင္မေျပခင္ထိေန၊ အဆင္ေျပရင္ေျပာင္းလို႔ရတယ္လို႔ အၾကမ္းဖ်င္းသိလိုက္ရပါတယ္။
သူ႔ကို သရက္ေတာေက်ာင္းမွာ ကိုထက္လို႔ အမ်ားကေခၚၾကတယ္။
အဲ့ဒီေန့ ဟင္းေပါင္းႏွင့္ ထမင္းႏွစ္ဇလံုးစားၿပီး သရက္ေတာေက်ာင္းေဘးက လက္ဖက္ရည္ဆိုင္မွာထိုင္ခဲ့ၾကတယ္။ ကိုထက္က တရင္းတနီးဆက္ဆံတာေၾကာင့္ ကြၽန္ေတာ့္စိတ္ထဲ သူ႔ကို ခင္မင္သြားခဲ့မိပါတယ္။
"ငါေတာ့ အလုပ္ရွာတုန္းပါကြာ...."
"ငါတို႔ဆိုင္ကေတာ့ လုပ္ဖို႔လူမလိုေသးဘူးကြ။ ဆိုင္ေဘးက လ်ွပ္စစ္ပစၥည္းဆိုင္ေတာ့လူလိုတယ္ၾကားတယ္။ မင္းလုပ္မယ္ဆို မနက္ျဖန္ငါေမးေပးရမလား..."
"ေအး လုပ္မယ္ကြာ ေမးထားလိုက္ "
"ေအး ဒါဆို မင္းမနက္ျဖန္ ေန့လယ္ ထမင္းစားနားခ်ိန္ေလာက္လာခဲ့။ ၂၇ လမ္းထိပ္နားက ေရႊတိုက္နာရီဆိုင္ေနာ္။ မင္းရွာတတ္တယ္ မဟုတ္လား.."
"ေအးပါကြာ...."
ကံေကာင္းတယ္လို႔ဆိုရမယ္။ လူလိုေနတဲ့ လ်ပ္စစ္ပစၥည္းဆိုင္က မနက္ျဖန္စဆင္း၊ လစာ ရွစ္ေသာင္းက်ပ္၊ ရက္မွန္ေၾကးနဲ႔ တစ္ပတ္ကို တစ္ရက္နားလို႔ဆိုတယ္။ စေန တနဂၤေနြမွလြဲရင္ ႀကိဳက္တဲ့ေန့နားဆိုေတာ့ ကိုထက္က သူနဲ႔ တူေအာင္ ဗုဒၶဟူးေန့ နားဟု ကပ္ေျပာ၍ အဲ့ေန့ကိုေရြးလိုက္ပါတယ္။
အလုပ္ရလို႔ေပ်ာ္တယ္ဗ်။ကိုထက္ကိုလည္း ေက်းဇူးတင္တယ္။ အဲဒီေန့ ကိုထက္က ကားမွတ္တိုင္လိုက္ပို႔ရင္း ဗလာစာအုပ္တစ္အုပ္ ခါးၾကားထိုးထားတာေတြ့တာေၾကာင့္ မေနႏိုင္စြာေမးမိပါတယ္။
"ခါးၾကားက စာအုပ္ကဘာလုပ္တာလဲ”
"ဟဲ ဟဲ ဒိုင္ယာရီေရးမလို႔ေလကြာ...."
"ဟြန္း မင္းကလည္း ငရူး..."
အလုပ္ဆင္းေတာ့ အခက္အခဲတစ္ခုရိွလာတယ္။ ဗိုလ္တစ္ေထာင္ကေနကားစီးလာၿပီး ကမ္းနားလမ္းမွတ္တိုင္မွာဆင္း လမ္းေလ်ာက္ရ တယ္ေလ။ အလိုလိုမွ အအိမ္မက္သၫ့္ ကြၽန္ေတာ္က နံနက္ေစာေစာထရေသးတယ္။ သည္ေတာ့ အလုပ္မွာ ကြၽန္ေတာ္ေစာေရာက္ ေနတာ ရွားပါတယ္။ လစမရေသးခင္ ကြၽန္ေတာ့္အတြက္ ထမင္းခ်ိဳင့္ကို ကိုထက္ပဲ ပိုပိုထၫ့္လာတယ္။ ျပန္ခ်ိန္ေတာ့ ကြၽန္ေတာ္ကေစာ တယ္ဗ်။ ကြၽန္ေတာ္ ဆိုင္သိမ္းေသာ္လည္းပဲ သူက အသစ္ေရာက္လာေသာနာရီမ်ားကို အမ်ိဳးအစားခြဲ၊ ျပဳျပင္ရတာေတြရိွတတ္လို႔ အခ်ိန္ပို ဆင္းရပါတယ္။
ကြၽန္ေတာ္က မီးသီး၊ မီးေခ်ာင္း၊ မီးဆိုင္း နဲ႔ မီးႀကိဳးေတြကို ေနရာခ်ရ၊ သယ္ရ၊ ဝယ္သူလိုအပ္သေလာက္ျဖတ္ေပးရ၊ မီးခံု မီးပလပ္ကအစ အကုန္မွတ္ၿပီးေရာင္းရသူျဖစ္ပါတယ္။ ကိုထက္ကို ျပန္ခ်ိန္ေရာက္တိုင္း ႏႈတ္မဆက္ဘဲျပန္တာကြၽန္ေတာ့္အက်င့္ျဖစ္သလို တစ္ခါတစ္ရံ ကိုထက္က သူျပန္တာေစာရင္ မုန႔္အတူစားဖို႔အတြက္ သိမ္ႀကီးေဈးဂံုးတံတားေပၚမွာ ေစာင့္ေနတတ္တယ္။
"ငါ့အေဒၚအိမ္မွာ မေနခ်င္ေတာ့ဘူး ကိုထက္ရာ..."
"အဆင္မေျပဘူးလား။ ငါ့ေက်ာင္းမွာေနမလား။ ငါ ဆရာေတာ္ကိုေလ်ာက္ေပးမယ္ေလ..."
"ေအးေလ်ာက္ေပးကြာ ရရင္ငါေနမယ္..."
အေဒၚနဲ႔အဆင္ေျပေပမယ့္ အေဒါ့္ေယာက္်ားနဲ႔အဆင္မေျပပါ။ ဒါေၾကာင့္ပဲ ကိုထက္ ႀကိဳးစားမႈနဲ႔ သရက္ေတာေက်ာင္းတိုက္မွာ ေနခြင့္ရခဲ့ျပန္တယ္။ ဒုတိယအႀကိမ္ ကိုထက္ကိုေက်းဇူးတင္မိပါတယ္။
သရက္ေတာေက်ာင္းတိုက္မွာ ေနရတာအဆင္ေျပေပမယ့္ မနက္ ၃ နာရီခြဲ ထရတာေၾကာင့္ ကြၽန္ေတာ့္အတြက္ အခက္ေတြ့ရျပန္တယ္။ ကြၽန္ေတာ္အိပ္ခ်င္ေသးတယ္ေလ။
ကိုထက္က ကြၽန္ေတာ့္ကို သူ႔နံေဘးမွာပဲေနရာေပးလို႔ ညညဆို စကားေျပာရင္းမိုးခ်ဳပ္ခဲ့တာလဲရိွပါတယ္။ ဘယ္ေလာက္မိုးခ်ဳပ္ခ်ဳပ္ ကိုထက္က နံနက္ သံုးနာရီခြဲဆိုထ၊ သံဃာ့ေဝယ်ာဝစၥအလုပ္ေတြရယ္ အရုဏ္ဆြမ္းအတြက္ရယ္ျပင္ဆင္၊ ေရစက္ေမာင္း၊ ေဆးေၾကာ စရာရိွတာေဆးေၾကာေပါ့။ တာဝန္ကိုယ္စီလုပ္ရတဲ့ ဘုန္းႀကီးေက်ာင္းတိုက္ေန ေက်ာင္းသားေတြအလုပ္ေလ။
သည္အထဲ ကြၽန္ေတာ္က တစ္ရက္တစ္ေလသာပါပါတယ္။ ကိုထက္တစ္ေယာက္ ကြၽန္ေတာ့္ကို မႏိႈးပါဘူး။ ႏိုးမွာစိုးလို႔ေတာင္ ဖြဖြေလး ထတာ ကြၽန္ေတာ္သိတယ္။
တစ္ခါတေလ ေစာင္ေလးေတာင္ၿခံဳေပးသြားတတ္တယ္။ ေက်ာင္းရိွ ဘုန္းႀကီး၊သံဃာေတြ အရုဏ္ဆြမ္းစားၿပီးေနာက္ ကြၽန္ေတာ့္ နံနက္စာ အတြက္ခ်န္ထားတတ္သလို အလုပ္သြားခါနီးမွ ေရမိုးခ်ိဳးဖို႔ႏိႈးတတ္ပါတယ္။
အလုပ္နားတဲ့ေန့ဆို ကြၽန္ေတာ့္ရဲ့အဝတ္အစားေတြကို မေမးမျမန္း ဆပ္ျပာေရစိမ္ကာ ေဖြးဥေနေအာင္ စိတ္ရွည္လက္ရွည္ ကိုထက္ ေလ်ာ္ေပးတတ္တယ္။
ေခါင္းအံုးစြပ္ေတြေလ်ာ္၊ ေစာင္ေတြလွန္း၊ ေလးေပေလာက္ေနရာေလးကို ၾကမ္းကတိုက္ခြၽတ္ေသးတယ္ဗ်။ ဒါေပမယ့္ သူ ဘယ္တုန္းကမွ ပင္ပန္းတယ္လို႔ ကြၽန္ေတာ့္ေရ႔ွမွာ မညည္းၫူခဲ့ပါ။
တစ္ေန့သူအိပ္ယာထဲ လွဲရင္းစကားတစ္ခြန္းေျပာတယ္ ‘ငါ ရင္ဘတ္ကစူးၿပီးေအာင့္တယ္၊ေမာတယ္ကြာ’တဲ့။
ကြၽန္ေတာ္ကေျပာလိုက္တယ္ "အလုပ္နားတဲ့ရက္ အနားယူေပါ့ကြာမင္းက ေအးေဆးမေနဘူး ေရွာက္လုပ္ေနတာကိုး...ငါ့ဟာေတြ မလုပ္ပါနဲ႔ ငါဘာသာေလ်ာ္ပါ့မယ္ကြ.."လို႔။
"ေဟ့ေကာင္ မင္းဘာသာေလ်ာ္တာေစာင့္ေနရင္ မိႈတက္သြားမွာေပါ့။ ငါက အခုလို မင္းကို လုပ္ေပးရတာေပ်ာ္ပါတယ္ကြာ..."
ဘာအဓိပၸာယ္မွန္းေသခ်ာမသိေပမယ့္ သူေျပာၿပီးကြၽန္ေတာ့္ကိုၾကၫ့္လိုက္ခ်ိန္ ကြၽန္ေတာ္ ရွက္သလိုလို ခံစားမိတယ္။
သူက ခ်က္ခ်င္းပဲ
"ညေန ဘုရားတက္ရေအာင္ကြာ..."
"ေအး ဟုတ္တယ္ တက္မယ္ေလ...."
ကြၽန္ေတာ္ ေတာင္ဘက္မုခ္ေလွကားထစ္ေတြေပၚေျပးတက္ေတာ့ အေနာက္က သူလိုက္ေျပးၿပီးတက္တယ္။ ေစာင္းတန္း အလယ္နား ေရာက္ေတာ့ သူျပတ္က်န္ခဲ့ပါတယ္။ သူ႔ကို ရပ္ေစာင့္ရင္း အနားေရာက္လာေတာ့
"မင္းကလဲ ေယာက္်ားမဟုတ္တာက်ေနတာဘဲ..."
"ဟ ငါအရမ္းေမာတယ္ကြ။ မင္းတက္ႏွင့္ေလ..."
အလိုက္မသိတဲ့ကြၽန္ေတာ္သူ႔ကိုတြဲမေခၚမိပါဘူး။ အေပၚေရာက္သည္ထိ ဆက္တက္မိလိုက္တယ္။ ဘုရားမွာ ကြၽန္ေတာ္က ဦးသံုးႀကိမ္ခ် ကန္ေတာ့ၿပီးေပမယ့္ ကိုထက္က ရိုရိုက်ိဳးက်ိဳးေလး ထိုင္ရိွခိုးေနတာ မိနစ္ ၂၀ ခန႔္ၾကာပါတယ္။
အဲသည္ေန့က ည ၈ နာရီထိုးခါနီးမွ ဘုရားေပၚကဆင္း သရက္ေတာေက်ာင္းတိုက္နံေဘးရိွ ထမင္းေၾကာ္ဆိုင္မွာ စားျဖစ္ၾကတယ္။ ကြၽန္ေတာ္က ပုဇြန္ဆီျပန္ဟင္းမွာလိုက္ေတာ့ သူက ၾကက္သားဟင္း။
ကြၽန္ေတာ္က ရုတ္တရက္ေျပာလိုက္မိတယ္။
"ဟာ ပုဇြန္ေတြက အခြံလည္းခြၽတ္မထားဘူး..."
သူ ပုဇြန္တစ္ေကာင္ယူၿပီး အခြံခြၽတ္လိုက္ကာ ကြၽန္ေတာ့္ပန္ကန္ထဲ ထၫ့္လိုက္ပါတယ္။
"ေနပါ ကိုထက္ရာ မင္းကလည္း ကိုယ့္ဘာသာစားပါ..."
အလိုက္မသိေျပာလိုက္ေတာ့ သူ႔မ်က္ႏွာၫွိးသြားတာသတိထားမိတယ္ဗ်။
ေက်ာင္းျပန္ေရာက္ေတာ့ ဆရာေတာ္က ေခၚတယ္ဆိုတာေၾကာင့္ ကြၽန္ေတာ္သြားေတြ့ရပါတယ္။
ဆရာေတာ္က ကြၽန္ေတာ္ ‘နံနက္ဆိုမထေၾကာင္း၊ ေက်ာင္းေဝယ်ာဝစၥေတြမလုပ္ေၾကာင္းသိရတယ္’ဟုေျပာတယ္ဗ်။ ဒါလည္း တစ္ေယာက္ေယာက္ကေျပာလို႔ျဖစ္မယ္။ ‘ေက်ာင္းမွာေနလ်ွင္ ကုသိုလ္လည္းရေအာင္ အားလံုးလည္းၾကည္ျဖဴေအာင္ လုပ္ရမယ္၊ မလုပ္လ်ွင္ အဆင္မေျပႏိုင္ေၾကာင္း’ေျပာလာသၫ့္အတြက္ ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္မိတယ္။ တကယ္လည္းကြၽန္ေတာ္ မလုပ္ခဲ့ပါ။
"တေယာက္ေယာက္တိုင္တယ္ထင္တယ္ကြ ..." ကိုထက္ကြၽန္ေတာ့္အတြက္စိတ္မေကာင္းျဖစ္ေနပါတယ္။
"ေအးပါ ထားလိုက္။ ငါ့ကို မနက္ၾကႏိႈးေနာ္ ကိုထက္။ မႏိႈးဘဲမေနနဲ႔။ အမ်ားနဲ႔ဆိုေတာ့ ထရမွာေပါ့..."
နံနက္ ၃ နာရီေက်ာ္ေတာ့ အိပ္မေပ်ာ္တေပ်ာ္နဲ႔ ကြၽန္ေတာ္မ်က္လံုးဖြင့္ၾကၫ့္လိုက္တယ္။ ကိုထက္ ဝမ္းလ်ားေမွာက္ၿပီး စာေရးေနတာ ေတြ့ရပါတယ္။ သူမအိပ္ဘူးလား၊ ဘာေတြေရးေနတာလဲ၊ သူ႔အိမ္ကိုလား၊ ေတြးရင္း မ်က္လံုးကျပန္ေမွးစင္းသြားပါတယ္။ အရိပ္လိုလို အုပ္မိုးလာတာေၾကာင့္ မ်က္လံုးေလးအသာ အားယူဖြင့္မိေရာ။
တိုးထြက္လာေသာေလႏြေးေနြးနဲ႔အတူ ႏွာသီးဖ်ားတစ္ခုက ကြၽန္ေတာ့္ပါးကို တိုးကပ္လာတယ္။
"ေဟ့ေကာင္ ဘာလုပ္မလို႔လဲ..." တုန္လႈပ္သြားသလို ေနာက္ျပန္ဆုတ္လိုက္သၫ့္ကိုထက္အား ကြၽန္ေတာ္ေမးလိုက္တာပါ။
"မ မလုပ္ပါဘူး ျခင္ကိုက္ေနသလားလို႔..." ေျပာရင္းသူ ထသြားတယ္။ ကြၽန္ေတာ္လည္းလိုက္ထလိုက္တာေပါ့။
အလုပ္ေရာက္ေတာ့ ဆိုင္ရိွဘဝတူအလုပ္သမားတစ္ေယာက္က သံေဈးအေနာက္လမ္း သူေနတဲ့အေဆာင္မွာ လူလိုတယ္ေနမလား တစ္လ ႏွစ္ေသာင္းဆိုေတာ့ မနက္ျဖန္ အေၾကာင္းျပန္မယ္ေျပာလိုက္တယ္။
"ကိုထက္ ငါအေဆာင္မွာဘဲေနေတာ့မယ္၊ ဆိုင္က အစ္ကိုတစ္ေယာက္ရဲ့အေဆာင္မွာ လူလိုေနတယ္တဲ့..." ကိုထက္ ခ်က္ခ်င္းဘဲ မ်က္စိမ်က္ႏွာပ်က္ကာ မ်က္ႏွာလႊဲသြားပါတယ္။
"ငါ့ကို ဆိုင္ရွင္က လကုန္က်ရင္ လစာတိုးေပးမယ္ေျပာတယ္။ အေတာ္ပဲေပါ့ကြာ အေဆာင္လစာရတာေပါ့ ...."
"ေအးပါ မင္းအေဆာင္ေနေတာ့ အိပ္ေရးဝဝ အိပ္ရတာေပါ့။ အဆင္ေျပမယ္ဆိုလည္းေနေပါ့..."
ဆရာေတာ္ကို အေဆာင္ေျပာင္းမၫ့္အေၾကာင္းေလ်ာက္ၿပီး ျပန္လာေတာ့ ကိုထက္ အိပ္မေပ်ာ္တာ ကြၽန္ေတာ္သတိထားမိတယ္။
သူ သက္ျပင္းခဏခဏခ်တာ သိတယ္ဗ်ာ။ ညၫ့္နက္နက္ေရာက္မွ အိပ္ေပ်ာ္သြားခဲ့တယ္ေလ။
ေလးပင္ေသာအထိအေတြ့ေၾကာင့္ႏိုးသြားခ်ိန္ ကြၽန္ေတာ့္ရင္ဘတ္နားကို ေထြးဖက္ထားတဲ့ ကိုထက္တစ္ေယာက္ အနားကို တိုးကပ္အိပ္ ေနတာေတြ့ရတယ္။ ကြၽန္ေတာ္ သူ႔လက္ကိုေျဖးေျဖးေလးမ ဖယ္လိုက္ၿပီး သူ႔ကိုေက်ာေပးကာ လွၫ့္အိပ္ေနလိုက္ပါတယ္။
နာရီႏိႈးစက္သံျမည္ေတာ့ သူ ပိတ္လိုက္တယ္။
ကြၽန္ေတာ္ ပက္လက္လွန္ရင္းမ်က္လံုးဖြင့္လိုက္စဉ္မွာ ကြၽန္ေတာ့္ကို သူစိုက္ၾကၫ့္ေနတာေတြ့ရေရာ။
"ေဟ့ေကာင္ ဘာၾကၫ့္ေနတာလဲငါ့ကို...ဟာ မင္းငိုေနတာလား..."
"ဟာ ဘာကိုငိုရမွာလဲ ငါ ထၿပီ အရုဏ္ဆြမ္းဝိုင္းျပင္လိုက္အုန္းမယ္...."
သူအလုပ္သြားၿပီးမွ ကြၽန္ေတာ္ ကိုယ္ပိုင္တဲ့အဝတ္အစားေလးေတြ ထုပ္ပိုးထၫ့္ျပဳျပီး တစ္ခါတည္းအလုပ္တန္းသြားပါတယ္။ သည္ည အေဆာင္မွာ စအိပ္မယ္ေလ။
x x x
အေဆာင္ေျပာင္းတဲ့ေန့ကစၿပီး ဆယ္ရက္ေက်ာ္သည္ထိ ကိုထက္နဲ႔ကြၽန္ေတာ္မေတြ့ျဖစ္ပါ။ အလုပ္ပိတ္ရက္တူေသာ္လည္း အေဆာင္မွာ ေနဖင္ထိုးသည္ထိအိပ္ရင္း အခ်ိန္ကုန္ခဲ့ပါတယ္။
လကုန္ခါနီးတစ္ရက္ ကိုထက္ ဆိုင္လာတယ္။ ဒီေန့ အလုပ္ျပန္ ဂံုးတံတားကေစာင့္ေနမယ္တဲ့။ မီးႀကိဳးေတြတိုင္းေနရင္း ေခါင္းညိတ္ျပ လိုက္တာေပါ့။ ညေန ကြၽန္ေတာ္ဆိုင္ပိတ္ ဂံုးေပၚတက္သြားေတာ့မွ ကိုထက္ကို သတိထားမိတယ္ဗ်။
"ကိုထက္ေနမေကာင္းဘူးလား ပိန္သြားတယ္..."
"ဟုတ္လား မင္းထင္လို႔ပါ...ဒါနဲ႔ မင္းအဆင္ေျပရဲ့လား..."
"ေအး…ေျပပါတယ္ တခုခုစားရေအာင္ ငါေကြၽးမယ္..."
တံတားေအာက္ဘက္ လမ္းၾကားက အသုပ္ဆိုင္မွာထိုင္လိုက္ၾကတယ္။
"ကိုထက္မင္းေနေကာင္းရဲ့လား..."
"ေအးကြာ ငါ အခုတေလာ အသက္ရူမဝဘူး ေမာလည္းေမာတယ္။ အလုပ္ကလည္း အခ်ိန္ပိုဆင္းေနရတယ္ ပိုက္ဆံရေပမယ့္ တခါတေလ အခ်ိန္ပို မဆင္းခ်င္ဘူး။ အခုလဲ ငါမင္းကိုေတြ့ခ်င္လို႔ အလုပ္ခ်ိန္ေစာျပန္လာတာ..."
"ေအာ္ ေအးပါ။ ငါလဲ မင္းနဲ႔ေတြ့မယ္ ေတြ့မယ္နဲ႔ အလုပ္နားရက္ဆို အိပ္ေပ်ာ္ေပ်ာ္သြားတာ...."
"သိပါတယ္ မင္းအအိပ္ႀကီးတာ အဝတ္ေတြလည္းပံုမွန္ေလ်ာ္ေနာ္။ မေလ်ာ္အားရင္ ငါ့ ဆီလာေပးထား.."
"ဟား ဟား ကိုထက္ရာ ေျပာေတာ့ေမာေနတယ္ဆို၊ အသက္ရူမဝဘူးဆို။ ငါ့အဝတ္ေတြေတာင္ေလ်ာ္ေပးအုန္းမယ္ဆိုေတာ့ အသက္လဲထြက္သြားမွ ငါ့အမႈပတ္ေနပါဦးမယ္ကြာ...."
ေနာက္ေနာက္ေျပာင္ေျပာင္ေျပာလိုက္ေပမယ့္ ကိုထက္က အားငယ္သလိုေလးျဖစ္သြားပါတယ္။
အဲသၫ့္ေန့က နန္းႀကီးသုပ္ႏွစ္ပြဲနဲ႔ ေကာ္ဖီႏွစ္ခြက္ဖိုး ကိုထက္ကပဲ ရွင္းလိုက္သၫ့္အတြက္ ေနာက္အပတ္နားရက္ ကြၽန္ေတာ္ေကြၽး မယ္လို႔ေျပာၿပီးလမ္းခြဲျပန္ခဲ့တယ္။
ေနာက္တစ္ပတ္ ကြၽန္ေတာ့္ နားရက္မေရာက္ခင္ သူ႔ဆိုင္သြားခဲ့ပါတယ္။ သူ႔အေဖဆံုး၍ ခြင့္ယူကာ ပုသိမ္ျပန္သြားေၾကာင္း သိလိုက္ရ တယ္။ ဘာလို႔ကြၽန္ေတာ့္ကို အသိမေပးဘဲျပန္သြားရတာပါလိမ့္။ ဒါဆို သူ႔မိေထြးသာက်န္ခဲ့ေတာ့ သူ ရန္ကုန္ျပန္လာပါဦးမလားလို႔ လည္းေတြးမိလိုက္တယ္။
ေနာက္ႏွစ္ပတ္အၾကာမွာ ကိုထက္ ဆိုင္ေရာက္လာတယ္။ သူအလုပ္ျပန္ဆင္းေနၿပီဟုေျပာေတာ့ ကြၽန္ေတာ္က သူ႔အေဖဆံုးတာ စိတ္မေကာင္းေၾကာင္းေျပာၿပီး အသိမေပးဘဲျပန္လို႔ သူ႔ကိုအျပစ္တင္ေတာ့ ဘာမွ မေျဖဘဲၿပံဳးေနပါတယ္။
အလုပ္ပိတ္ရက္က်ရင္ သရက္ေတာေက်ာင္းလာေခၚမယ္လို႔ ကိုထက္ကိုမွာမိတယ္။
အလုပ္ပိတ္ရက္ေန့လယ္ ကြၽန္ေတာ္သြားေတာ့ ကိုထက္နဲ႔မေတြ့ပါ။ ရန္ကုန္ေဆးရံုႀကီးမွာ ေဆးရံုတက္ေနေၾကာင္းသိလိုက္ရတယ္ဗ်။
ႏွလံုးေရာဂါတဲ့။ ထိတ္လန႔္မိတာ တကယ္ပါပဲ။ ကြၽန္ေတာ္ ေဆးရံုႀကီး ႏွလံုးေရာဂါကုသေဆာင္ကို ေမးျမန္းၿပီးရွာေတာ့ ျပတင္းေပါက္ ေထာင့္စြန္းကကုတင္ေပၚမွာ ကိုထက္ကိုေတြ့လိုက္ရတယ္။
တကယ့္ကို ရင္ထဲမွာစူးနင့္သြားတယ္။ ကုတင္ေဘးမွာ ေအာက္ဆီဂ်င္အိုးႀကီးကလည္း အဆင္သင့္ထားထားသလိုပါ။
"ကိုထက္..." မ်က္လံုးေတြဖြင့္ၾကၫ့္ၿပီးၿပံဳးျပတယ္။
"ဘယ္လိုျဖစ္တာလဲကြာ..."
"မင္းအလုပ္နားတာလား..."
"ေအး ဟုတ္တယ္ ငါ့ကို ဘာလို႔မေျပာခိုင္းတာလဲ..."
"မင္းကအလုပ္တစ္ဖက္နဲ႔ေလ...."
"အေစာင့္မရိွဘူးလား..."
"ေက်ာင္းက လူေတြ ထမင္းပို႔တယ္အလွၫ့္က် ေစာင့္ေတာ့မေစာင့္ႏိုင္ၾကဘူးေလ သူတို႔လဲ အလုပ္တစ္ဘက္နဲ႔ဆိုေတာ့ ...."
"ဘယ္ေန့ကတက္တာလဲ..."
"ႏွစ္ရက္ဘဲရိွေသးတယ္...ႏွလံုးေသြေၾကာက်ယ္ေနတာတဲ့ ေကာင္းသြားမွာပါ..."
"ေအးပါ ငါ မင္းအိမ္အေၾကာင္းၾကားေပးရမလား..."
"မင္းကလည္း ငါ့မိေထြးက ငါနဲ႔အဆင္မေျပဘူးကြ ေျပာလဲမေျပာျခင္ပါဘူးကြာ ေနေကာင္းမွာေပါ့ ..."
"မင္း ဘာစားခ်င္လဲ..."
"မစားခ်င္ပါဘူးကြာ..."
"ေအးပါ လိုတာေျပာ အားမငယ္နဲ႔ေနာ္ ကိုထက္..."
စိတ္ထဲက စိတ္ရင္းအမွန္အားေပးလိုက္တာပါ သူ႔ေက်းဇူးေတြရိွေနတယ္ေလ။ ကိုထက္က ကြၽန္ေတာ့္ကို ၾကၫ့္ၿပီးၿပံဳးတယ္ဗ်။ သူ အေတာ္ေပ်ာ္သြားပံုရတယ္။ ေနာက္ၿပီးမ်က္ႏွာလြဲၿပီးၫွိးသြားျပန္ေရာ။ မိုးခ်ဳပ္ေတာ့....
"မင္း ျပန္ေတာ့ေလ မနက္ အလုပ္ဆင္းရဦးမွာ..."
"မင္းကိုေစာင့္မယ့္လူေရာ...."
"မလိုပါဘူးကြာ နာစ့္မေတြေပါလို႔... ျပန္ေတာ့...." ကြၽန္ေတာ္ျပန္လာခဲ့တယ္။
ေနာက္ေန့ အလုပ္မွာ ပစၥည္ေတြေရာက္လို႔ ဂိုေထာင္သြားပို႔ရေတာ့ ည ၉ နာရီထိုးေနၿပီ။ ဒါေပမယ့္ ကိုထက္ကို ကြၽန္ေတာ္ေတြ့ခ်င္တယ္။ သူအားငယ္ေနမလား။
"ဘယ္သြားမွာလဲ..."
အေပါက္ေစာင့္ကေမးေတာ့ ဒုတိယထပ္ဆိုေတာ့ ဧၫ့္ခ်ိန္မဟုတ္ဘူးတဲ့... ကြၽန္ေတာ္ ငါးရာတန္ တစ္ရြက္ ထုတ္ေပးလိုက္ေတာ့ တံခါးဖြင့္ေပးပါတယ္။
အေျပးအလႊားတက္သြားေတာ့ ကိုထက္အိပ္ေပ်ာ္ေနတယ္။ ေစာင္လြတ္ေနတဲ့ သူ႔ေျခေထာက္၊ ေျခဖမိုးေလးေတြက ေဖာင္းေနတယ္ဗ်။ ကြၽန္ေတာ္ ေစာင္ေလးဆြဲၿခံဳေပးလိုက္ေတာ့ ကိုထက္ႏိုးသြားပါတယ္။
ကြၽန္ေတာ္က အနားကပ္ၿပီး "ေနေကာင္းလားကိုထက္...."
"မိုးအေတာ္ခ်ဳပ္ေနၿပီမဟုတ္လား..."
"ေအးပါ ငါ ပစၥည္းခ်ေနလို႔ကြ ေနာက္က်သြားတာ ငါ ဒီည မင္းကိုေစာင့္မယ္ေနာ္..."
"ျပန္ပါကြာ မင္းအိပ္ေရးပ်က္ေနပါမယ္။ အလုပ္ကရိွေသးတယ္...."
"ရပါတယ္ကြာ..."
ကြၽန္ေတာ္ကုတင္ေဘးက ခံုေလးမွာထိုင္လိုက္ေတာ့ သူ႔လက္ေလးတစ္ဖက္ေျမာက္လာတာေၾကာင့္ လွမ္းကိုင္လိုက္ပါတယ္။ ကြၽန္ေတာ္ သူ႔လက္ကေလး ဆုပ္နယ္လိုက္ေတာ့ ၿပံဳးေနလိုက္တာဗ်ာ သူ႔အတြက္အေပ်ာ္ဆံုးမ်ားျဖစ္ေနမလား...."
သူ႔လက္ဖမိုးေလးက ေဖာင္းအိေနျပန္တယ္။ ကြၽန္ေတာ္ သူ႔ကိုျပန္ၿပံဳးျပလိုက္တယ္။ မၾကာခင္မွာပဲ သူ႔မ်က္လံုးေတြေမွးစင္းသြားေရာ။
ကြၽန္ေတာ္သူ႔ကို ၾကၫ့္ရင္းတစ္ခုေတြးမိတယ္ဗ်။
သူ ကြၽန္ေတာ့္ကို အေတာ္ခင္တယ္။
သူ ကြၽန္ေတာ့္ကို ခ်စ္ႀကိဳက္ေနတာလား။ သူအမူအယာ၊ သူ ကြၽန္ေတာ့္အေပၚ ဟိုးအရင္ကတည္းက ဆက္ဆံေနထိုင္ပံုေတြရိုးသားရဲ့ လား။ သူ ခိုးနမ္းဖို႔လုပ္တာလည္း ကြၽန္ေတာ္ရိပ္မိပါတယ္။ အိပ္ျခင္ေယာင္ေဆာင္ ဖက္ထားတာလဲသိတယ္ေလ။
ႏွစ္ရက္ သံုးရက္ခန႔္အထိ အလုပ္ျပန္တိုင္း ကိုထက္စီ ဝင္ၿပီးမွ ကြၽန္ေတာ္အေဆာင္ျပန္တယ္။ မိုးခ်ဳပ္မွ လာတတ္ေသာ ကြၽန္ေတာ့္ကို အေပါက္ေစာင့္က သိေနၿပီ။ ကြၽန္ေတာ္ေရာက္တိုင္း ေဘးကုတင္က လူနာေစာင့္အမႀကီး ေသေသျခာျခာ လွမ္းၾကၫ့္ေနတတ္ပါတယ္။ ဘာေၾကာင့္လဲ။ တစ္ရက္ေတာ့ အဲ့အမႀကီးက ကြၽန္ေတာ့္ကိုေမးတယ္ဗ်။
"အလုပ္က ခြင့္ယူလို႔မရဘူးလား"တဲ့။
ကြၽန္ေတာ္က ‘ေျပာၾကၫ့္ဦးမယ္အမ’ လို႔သာေျပာလိုက္တယ္ သူက ဘာေျပာခ်င္ေနပါလိမ့္။
"ဒီမွာ လူနာရွင္လား..."
သူနာျပဳ (Nurse) ဆရာမတစ္ေယာက္အနားေရာက္လာတာေၾကာင့္ ကြၽန္ေတာ့္အေတြးျပတ္သြားတယ္။
"ေအာ္ ဟုတ္ကဲ့ဗ်..."
"ခဏ လိုက္ခဲ့ဦး..."
ကြၽန္ေတာ္ထလိုက္သြားပါတယ္။
"လူနာက ႏွလံုးေရာဂါဆိုတာသိတယ္ေနာ္။ သူ႔မွာ မိဘေတြ အုပ္ထိန္းသူေတြမရိွဘူးလား။ ရွင္က သူနဲ႔ ဘာေတာ္လဲ။ မနက္ကလည္း အေမာေဖာက္တယ္။ညေနေစာင္းကလည္း အေမာေဖာက္တယ္။ ထမင္းလာပို႔သူေတြကလည္း ေစာင့္မေနႏိုင္ဘူးတဲ့ ၾကာရင္မေကာင္း ဘူး...."
"ဗ်ာ..."
နာစ့္မ ေျပာစကားက ကြၽန္ေတာ္ ဘာမွ မသိတာ သိေအာင္လာေျပာမွန္းသိပါတယ္။ ကိုထက္မိသားစုအေၾကာင္းေလးေျပာျပလိုက္ေတာ့ လိပ္စာေလးတစ္ခုေပးလာတာေၾကာင့္ ဆရာမေပးတဲ့ လိပ္စာကူးယူလိုက္ၿပီးမွ ကိုထက္အနားျပန္သြားလိုက္တယ္။
ကြၽန္ေတာ္ ေမွးကနဲ အိပ္ေပ်ာ္သြားခ်ိန္ခဏ ျပင္းလြန္းေသာအသက္ရႉသံႏွင့္အတူ ရုန္းကန္ေနေသာအသံေၾကာင့္ႏိုးသြားပါတယ္။
"ကိုထက္ ကိုထက္ ...ဆရာမ ဆရာမ...."ကြၽန္ေတာ္ ေအာ္လိုက္မိတယ္။ ဆရာမ အျမန္ေရာက္လာၿပီး ကိုထက္ကို ေအာက္ဆီဂ်င္ အသက္ရႉပိုက္တပ္လိုက္သလို ေဆးတစ္လံုးလည္းထိုးေပးတယ္ေလ။
မ်က္စိေရ႔ွမွာျမင္လိုက္ရတဲ့ ကိုထက္အျဖစ္ကို ေတြ့ရသည္မို႔ ကြၽန္ေတာ္ရင္ထဲ မခ်ိေအာင္ ခံစားရပါတယ္။ ကိုထက္ခဏၿငိမ္သြားေတာ့ သူမျမင္ေအာင္ အေဆာင္ကူးစႄကၤံလမ္းဘက္ထြက္ၿပီးငိုမိလိုက္ပါေရာ။
ဘာ့ေၾကာင့္ငိုမိတာပါလိမ့္....မိုးလင္းသည္ထိ ကြၽန္ေတာ္မအိပ္ပါ။
ပုလင္းမဟုတ္ေသာ ေဟာလစ္အထုတ္ေသးတစ္ခုေဖာက္ၿပီး ဓာတ္ဘူးအေဟာင္းေလးထဲက ေရႏြေးႏွင့္ေဖ်ာ္လိုက္ပါတယ္။ ကိုထက္ ႏိုးရင္တိုက္မယ္။
ကိုထက္ႏိုးေတာ့ ေဟာလစ္ေလးတိုက္လိုက္တယ္။ ကိုထက္က အားအင္ခ်ိနဲ႔ေနသလို ၿပံဳးရံုပဲၿပံဳးျပတယ္။
နာစ့္မ ေပးထားတဲ့ ေဆးတစ္ခြက္ယူတိုက္ေတာ့ ကိုထက္ စကားတစ္ခြန္းေျပာပါတယ္။
"အလုပ္သြားေတာ့ေလ"တဲ့...
ကြၽန္ေတာ္ေခါင္းၿငိမ့္ျပလိုက္တယ္။ အလုပ္သြားမယ္၊ ခြင့္တစ္ပတ္ယူမယ္၊ လိုအပ္ရင္ထပ္ယူမယ္၊ ကိုထက္နားမွာေနမယ္၊ လစာ စုထားတာေလးေတြ ကုန္ခ်င္ကုန္ပါေစ။
ပထမဆံုး ရြာကသူငယ္ခ်င္းတစ္ေယာက္ကို ကိုထက္လိပ္စာေျပာျပ၊ အက်ိဳးအေၾကာင္းရွင္းျပၿပီး သူ႔ မိသားစုထံအသိေပးမယ္။ အလုပ္ရွင္ထံခြင့္ေတာင္းေတာ့ အဆင္ေျပပါတယ္။
ကြၽန္ေတာ္ေဆးရံုျပန္ေျပးပါတယ္။ ကိုထက္အေမာေဖာက္ေနမလား......ဟင္။
ကိုထက္ကို ထမင္းလာပို႔ေသာသရက္ေတာေက်ာင္းတိုက္မွ ေကာင္ေလးႏွင့္အတူ ဆရာေတာ္ပါ ပါလာတယ္ဗ်။ ဆရာေတာ္က ဒီလိုျဖစ္ေနမွန္းမသိေၾကာင္းေျပာၿပီး ကိုထက္ကို တရားေဟာေျပာပါေသးတယ္။
အဲသၫ့္ေန့က ကိုထက္ သံုးခါတိတိ မိုးျပန္လင္းသည္အထိ အေမာေဖာက္တယ္။ သူအေမာေဖာက္ၿပီးတိုင္း ကြၽန္ေတာ္ငိုမိပါတယ္။
သူ႔လက္ကေလးကိုင္ရင္ သူၿပံဳးေနတာကြၽန္ေတာ္သိတယ္။ ကြၽန္ေတာ့္ကို ေဘးကုတင္လူနာရဲ့ လူနာေစာင့္အမႀကီးက မ်က္ရည္ေတြဝဲၿပီး ခိုးခိုးၾကၫ့္တာလဲသိတယ္။
ရြာက သူငယ္ခ်င္း ကိုထက္အိမ္ ဆိုင္ကယ္ႏွင့္သြားေျပာၿပီးေၾကာင္းလည္းသိရပါၿပီ။
"ကိုထက္ ငါထမင္းသြားစားဦးမယ္ မင္းဘာစားခ်င္လဲ" လို႔ေမးတာကို ေခါင္းခါျပတယ္ဗ်။
ေယာင္ေနတဲ့ သူ႔လက္ဖမိုးေလးကိုကိုင္ၿပီး အမွတ္မထင္ကြၽန္ေတာ္နမ္းမိလိုက္ေတာ့ ….ၿပံဳးတယ္… သူႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပံဳးတယ္။
နံေဘးက အမႀကီးၾကၫ့္ေနတာေၾကာင့္ အျပင္ကိုအသာထထြက္လာခဲ့ပါတယ္။
ေဆးရံုဝင္းထဲက ထမင္းဆိုင္မွာ ထမင္းစားၿပီး ကိုထက္ဖို႔ လိမၼော္သီးဝယ္လိုက္တယ္။ အခ်ိန္တစ္နာရီနီးပါးၾကာလိမ့္မယ္ထင္ရဲ့။
ေဆးရံုေပၚျပန္တက္သြားေတာ့ ကိုထက္ကုတင္နံေဘးမွာ လူေတြအံုေနတယ္ေလ။ ကိုင္ထားတဲ့ ကြၽန္ေတာ့္လက္က လိမၼော္သီးထုတ္ျပဳတ္ က်သြားတဲ့အထိ ေယာင္နနျဖစ္သြားပါတယ္။
"ကိုထက္ ကိုထက္ ဘာျဖစ္လို႔လဲ..."
ကိုထက္ကို စက္ႀကီးႏွင့္ ရင္ဘတ္ကိုဖိဖိၿပီး ဆရာဝန္ေတြ နာစ့္မေတြကုေနၾကတယ္။
"ဆံုးသြားၿပီ...."
"ဆံုးသြားၿပီ...."
"ဆံုးသြားၿပီ...."
နားစည္ထဲ ပဲ့တင္ထပ္သြားေသာစကားအဆံုး အားရိွသေလာက္ ကြၽန္ေတာ္ေအာ္ေခၚလိုက္မိတယ္။
"ကိုထက္......."
ကြၽန္ေတာ္ ကိုထက္ကို ဖက္ထားတယ္။ သူဖက္တုန္းက တြန္းဖယ္ခဲ့ဘူးတယ္ေလ။ သူမနမ္းေပမယ့္ အခုအခ်ိန္ အရွက္တရားမဲ့စြာသူ႔ကို ကြၽန္ေတာ္နမ္းလိုက္တယ္။
ၿပံဳးစမ္းပါ ကိုထက္ရ ၿပံဳးပါကြ။
ရင္ထဲကၿပံဳးခိုင္းတာ သူ႔အၿပံဳးကိုေနာက္ဆံုးျမင္ခ်င္ေသးတာေလ။
"ေရာ့ ငါ့ေမာင္ မင္းသူငယ္ခ်င္းက မင္းကိုေပးခိုင္းထားတာ..."
နံေဘးကုတင္က အမႀကီးေပးတဲ့ ဗလာစာအုပ္ခပ္ႏြမ္းႏြမ္းေလးကိုလွမ္းယူလိုက္ေတာ့ အဲ့ဒီအမႀကီးကေရာ ငိုေနပါေပါ့လား။
စာအုပ္ အလယ္နားေလာက္ကိုဖြင့္လိုက္ေတာ့ စာေၾကာင္းတစ္ေၾကာင္းဖတ္မိလိုက္ပါတယ္။
"ငါ မင္းကို အရမ္းခ်စ္တယ္ ရဲရင့္ေနာင္ မင္းနဲ႔အတူေနရတာေပ်ာ္တယ္....."
စာအုပ္ကိုပိတ္လိုက္တယ္။
ကိုထက္ေရးတဲ့ ဒိုင္ယာရီဆိုတာ ငါ့ကိုခ်စ္တဲ့အေၾကာင္းေတြလားလို႔ေတြးရင္းငိုခ်လိုက္ပါတယ္။
ကိုထက္ရဲ့ မိေထြးဆိုသူလည္းေရာက္လာတာေၾကာင့္ သျဂဳႋဟ္ဖို႔ျပင္ဆင္ၿပီးမွ ကြၽန္ေတာ္အေဆာင္ျပန္ခဲ့တယ္ဗ်ာ။
ကိုထက္က ဗလာစာအုပ္စာမ်က္ႏွာစစျခင္းမွာ ကြၽန္ေတာ္ႏွင့္စေတြ့တဲ့ရက္စြဲမွအစ အလုပ္ရွာေပးပံု၊ အတူေနျဖစ္ပံု၊ အဝတ္ေလ်ာ္ေပး ရတာစိတ္ၾကည္ႏူးေၾကာင္း၊ ဘုရားအတူတက္ဖူးတုန္းက အရမ္းေပ်ာ္ေၾကာင္း၊ ခိုးနမ္းဖို႔ႀကိဳးစားတာ ကြၽန္ေတာ္မိသြားေၾကာင္း၊ ဖက္ၿပီးအိပ္ တဲ့ေန့က အိမ္မက္ထဲအတူရိွေနေၾကာင္း၊ အသုပ္ဆိုင္ေလးမွာထိုင္တဲ့ေန့က ဖြင့္ေျပာဖို႔စဉ္းစားေပမယ့္ သူ႔ကိုမုန္းသြားမွာစိုးရိမ္တာေၾကာင့္ ဖြင့္မေျပာျဖစ္ေၾကာင္း၊ ေဆးရံုတက္ေတာ့အနားမွာလာေနေပးလို႔ ေက်းဇူးတင္ေၾကာင္း စာမေရးႏိုင္ေပမယ့္ ေနာက္ဆံုးစာေၾကာင္းေလး နံေဘးကုတင္ကအမႀကီးကို အကူညီေတာင္းေရးခိုင္းလိုက္ေၾကာင္း ေရးထားပါတယ္။
စာအုပ္ကေလးကို ရင္ခြင္ထဲဖက္ထားလိုက္တယ္။
သတိရတိုင္းကြၽန္ေတာ္ဖတ္မယ္၊ ဖတ္တိုင္းလည္ကြၽန္ေတာ္ငိုဦးမယ္။
x x x
စာအုပ္ကေလးထဲက စာေတြကို ဖတ္မိတိုင္း ကြၽန္ေတာ္ဘာလို႔ငိုမွာလည္း သိလားခင္ဗ်ာ။
ကိုထက္ကို ကြၽန္ေတာ္ကိုယ္တိုင္မေျပာလိုက္ရတဲ့ ရင္ထဲကလာတဲ့ တစ္ခြန္းတည္းေသာစကား မေျပာလိုက္ရေသာေၾကာင့္ပါ။
"ကိုထက္ မင္းမသိႏိုင္ေပမယ့္ မင္းကို ငါ….. သိပ္ခ်စ္ပါတယ္.........."
ခ်စ္သူတိုင္းေပါင္းရပါေစ.....
ေရးသားသူ - သုတလုလင္
No comments:
Post a Comment