Wednesday, September 1, 2021

ရန်ကုန်ရုပ်ရှင်ရုံများနှင့် လိင်တူကြိုက်နှစ်သက်သူများဖြစ်အင်

ရန်ကုန်ရုပ်ရှင်ရုံများနှင့် လိင်တူကြိုက်နှစ်သက်သူများဖြစ်အင်




#ရန်ကုန်ရုပ်ရှင်ရုံများ

#LGBTs

#ဖြစ်ရပ်မှန်များ


(ကျွန်တော်တို့လို လိင်တူစိတ်ဝင်စားသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့မြို့တော်ကြီးတစ်ခုမှာ စုရပ်သဘော၊ ဖျော်ဖြေပွဲသဘော၊ သီးသန့် Bar လိုမျိုးနေရာတွေကို အလွယ်တကူမသွားနိုင်တဲ့အခါ တစ်ခေတ်တစ်ခါက ရုပ်ရှင်ရုံကြီးတွေရဲ့ အနောက်ဘက်ဆုံးခုံတန်းတွေနဲ့ အမှောင်ကဲ သော လျှောက်လမ်းတွေဟာ မိမိတို့ရဲ့ အမှောင်စိတ်ကို လွှတ်ချရာနေရာများဖြစ်ခဲ့ဖူးပါတယ်။ သိက္ခာတွေ ၊ ပညာတွေ၊ အဆင့်အတန်းတွေ မေ့ပစ်ကြတဲ့နေရာကိုရောက်သွားရော။ သည်အကြောင်းအရာကို ဗဟုသုတအနေနဲ့ ကိုသုတလုလင်မျှဝေထားတာကို ကျွန်တော်က တစ်ဆင့် ထပ်မံဝေငှလိုက်တာပါ။)


ဗဟုသုတ အနေနှင့်သာ ဖတ်ပေးပါ။

အခုတစ်ခါတော့ ရန်ကုန်မြို့တွင်းက ရုပ်ရှင်ရုံတွေ မှာကျင်လည်ကျက်စားခဲ့ကြတဲ့ လိင်တူကြိုက်နှစ်သက်သူ တွေအကြောင်းလေးတွေဝေမျှချင် ပါတယ်။ ကျွန်တော့်ရဲ့  အချို့သောဖြစ်ရပ်မှန်လေးတွေကိုလဲ ရေးပြထားပါတယ်။ သည်လိုရေးရတဲ့အကြောင်းက မည်သည့် လိင်တူကြိုက်နှစ် သက်သူကိုမှ အထင်သေးစေလိုတဲ့ ရည်ရွယ်ချက် မရှိကြောင်း အသိပေးလိုပါတယ်။ LGBTs တွေကိုစော်ကားတာမဟုတ်သလို တစ်ခေတ် တစ်ခါက ကျင်လည်ပုံတွေကို ယခု LGBTs လူငယ်တွေကို သိစေချင်၍ ဝေမျှတာဖြစ်ပါတယ်။

ယခုခေတ်လို Internet ခေတ်မဟုတ်တော့လည်း  မလုံခြုံခြင်း၊ အပေါစားဆန်ခြင်းပုံစံများပါခဲ့ရင် သည်းခံ ခွင့်လွှတ်နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ 


x x x

ကျွန်တော် ဆယ်တန်းနှစ်မှာ ကျောင်းပြေးတာက မြို့ထဲကို ပထမဆုံးပဲဖြစ်ပါတယ်။ 


ကိုးတန်းကျောင်းသားဘဝ ကျောင်းပြေးခဲ့ဖူးတာကတော့ ရွှေတိဂုံ ဘုရားနဲ့ ကမ္ဘာအေး ဘုရားပဲဖြစ်ပါတယ်။ ထိုအချိန်က ယခုလို Shopping mall တွေ မရှိသေးတော့လည်း ဘုရားပေါ်တက်ကျောင်းပြေးတာက ကျောင်းသားတွေ ရဲ့ ထုံးစံလိုပါပဲဗျ။


ကျွန်တော် တစ်ယောက်တည်း ဗိုက်ပူကြီးစီးသွားတာ ပုဏ္ဍမီ မှတ်တိုင်ကနေ ရေခဲဆိုင်ဆင်း၊ အရှေ့ဘက်မုဒ် လမ်းလျှောက်တက်၊ ဘုရားစောင်းတန်းပေါ်ထိုင်၊ကျောင်းမလွှတ်ခင် ပြန်လာ၊ ကျောင်းမတက်ချင်လို့ ကျောင်းသာပြေးရတာ လူအတော်ပင်ပန်းတာ။


တစ်နေ့တော့ ကျွန်တော့် အတန်းဖော် တင်ထွဋ်က သူကျောင်းပြေးရင် ဘုရားမသွားဘဲ ရုပ်ရှင်ရုံထဲဝင်၊ ၁ိ/- ၅၀ိါးတန်းက လက်မှတ်ဝယ်ပြီး ၀င် အိပ်တာတဲ့။ ကျွန်တော်က သူပြောသလို လိုက်လုပ်ကြည့်ချင်တာ၊ စူးစမ်းချင်တာလေ။ ဘုရားပေါ်သွားထိုင်မယ့်အတူတူ တစ်ကျပ်ခွဲရင်းပြီး ၂ နာရီလောက်အိပ်ချင်အိပ် ကြည့်ချင်ကြည့်ပေါ့။


သောကြာနေ့လို ရက်က ကျောင်းပြေးလို့ သိပ်ကောင်းတာလေ…. ပြေးတာပေါ့။


ကျွန်တော်က အဲ့အချိန်က ကျောင်းပြေးရင် အဖော် မညှိတတ်ဘူး ကျောင်းပြေးမှန်းသိမှာဆိုးလို့။ ကျူရှင်ကလဲ ၁၀ တန်းဆိုတော့ တက်ရသေး တယ်လေ။ ကျူရှင်ကြတော့ မပျက်မကွက်တက်ချင်တယ်ဗျ။ ရှိုးစမိုး အပြည့် ဝတ်စားတက်ရတာမို့လေ။ အဲ့ဒီထဲက ကျွန်တော် အလှအပ ကြိုက်တတ်တာ။ ဒါတောင် အခုလို Skincare တွေ lotion  တွေ မပေါ်သေးမရှိသေးဘူး။


ဆံပင်ကို ZARLE တံဆိပ် သနပ်ခါးနံ့လို သံပုရာနံ့လိုခေါင်းလိမ်းဆီလိမ်း၊ မီလပ်(စ်)သံပုရာခြမ်း ဒါမှမဟုတ် ကိုရာ စနိုးလေးခပ်ထူထူ လိမ်းရင် ကို အတော်သဘောကျနေတတ်တာ။


သိတဲ့ အတိုင်း အဲ့ခေတ် ၁၀ တန်းက အတန်းထဲ စာသင်တာနည်းတယ်လေ။ ဆရာမတွေက လေပေါ၊ ပါလာတာတွေ စုစား၊ အစိုးရစစ်မို့ သင်သာသင်ရတာ စာမေးပွဲကြီးနားနီးရင် မေးခွန်းသုံးစုံဆိုတာကိုလဲ နှုတ်တိုက်ကျက် တွက် ပြီးဖြေတာများသား......ထားပါ။


ကျောင်းပြေးလာတာဒီတခါ မြို့ထဲ......


ခပ်တည်တည် ဗိုက်ပူစီး  ပန်းဖွှားတွေ တို့လို့ တွဲလောင်းပါတဲ့ သိုးမွှေးလွယ်အိတ်ကြီးလွယ်၊ အပေါ် ကျောင်းအင်္ကျီမှာ လက်မောင်းနဲ့ ရင်ဘတ် က ကျောင်းတံဆိပ်ပါတဲ့ အဖြူကိုချွတ်၊ အောက်က ခံဝတ်ထားတဲ့ ငန်းတံဆိပ်စွပ်ကျယ်သား လက်စကကို အိမ်က ခံဝတ်လာတော့ အဆင် ပြေပြေနဲ့ ဟန်မပျက် ဗိုလ်ချုပ်လမ်းဘက် ဟိုငေး ဒီငေး ထွက်လာတာပေါ့။


သမ္မတရုံကတော့ မြို့လယ်ကောင် မကျသလိုမို့ မဆင်းဖြစ်ဘူး။

ဆူးလေးလမ်းပေါ်က ရှေ့ဆောင်ရုံ နဲ့  နေပြည်တော်က ဖြတ်သွားဖြတ်လာ အိမ်နဲ့ သိတဲ့ လူတွေ့ရင်ဒုက္ခမို့ ဆက်လျှောက်လာတော့ ဝဇီရာ ရုံ ကိုတွေ့တယ်။ အဲအချိန်က ဝဇီရာရုံက ပြဇာတ်ကတဲ့ရုံအဖြစ်လဲ အသုံးပြုတတ်ပါတယ်။ ရုပ်ရှင်ရုံ လက်မှတ်တွေက ဈေးအတူတူဘဲမို့ လက်မှတ်ဝယ်ပြီးဝင်တော့ ထိပ်ဆုံးတန်းရဲ့ လေးတန်းမြောက်၊ ပြောရရင် ပထမဆုံးစပြတဲ့ပွဲစဉ်မို့ လူကအတော်နည်းပါတယ်။ အလွန်ဆုံးရှိ ၁၅ ယောက်ခန့်ပဲ။ နိုင်ငံတော်အလံစလွှင့်ပြီးကတည်းက အနောက်ဆုံးခုံတန်းကို လျှောက်ပြီးထိုင်နေလိုက်တယ်။ ခပ်လှမ်းလှမ်းက ၁၀ခုံကျော်မှာ လူတစ်ယောက် ထိုင်နေတယ်။ ဇာတ်ကားက ပြနေပြီး ၁၅ မိနစ်လောက်ကြာတော့ ထိုင်နေတဲ့ လူက ၂ယောက်ဖြစ်နေတယ်။ ဒါလဲစိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ ဇာတ်ကားလည်း မကြည့်ချင်တော့ အိပ်မယ်ပေါ့။ အရှေ့ သုံးတန်းမှာ ထိုင်နေတာလည်း ၂ယောက်၊ ၁၀ မိနစ်လောက် အကြာ ခုံကို ကိုင်လှုပ်နေသလို ခံစားရတော့ ငလျင်လှုပ်သလား ဘာလို့ ယိမ်းထိုးနေသလဲ ဟိုကြည့် ဒီကြည့် လုပ်တာ ကျွန်တော်နဲ့ ခုံ တစ်တန်းထဲက အတွဲမှာ အမျိုးသမီးက အပေါ်ကနေ ထမိန်ကြီးမ တက်ထိုင်ပြီး ထိုင်ထလုပ်နေလို့ ဘာဆိုတာ သဘောပေါက်လိုက်တယ်။ အမှန်ပြောရရင် အတော် လန့်သွားတာ ကြောက်လဲ ကြောက်တယ်။ ဒါနဲ့ ခပ်မြန်မြန်ထ နှစ်တန်းကျော် ပြောင်းထိုင်တော့ မျက်စောင်းထိုး အတွဲက အမျိုးသမီးလည်း ခေါင်းပျောက်သွားလိုက် ပြန်ပေါ် လာလိုက် နဲ့ ဂဏှာကို မငြိမ်ဘူး ဘာလုပ်နေတာပါလိမ့်ပေါ့။


"အမလေး......."


ကျွန်တော် လန့်သွားတယ် အကြောင်းက ကျွန်တော့် နံဘေးကခုံကို ခပ်စူးစူး အနံ့နဲ့ အတူ ဆံပင် ဖားလျားချထားတဲ့ မိန်းမ တစ်ယောက် လာထိုင်လို့ပါ။ ချက်ချင်းထဖို့ကလဲ အားနာသလို ခုံတွေအများကြီး ဒီမိန်းမက ငါ့အနားဘာလို့လာကပ်ထိုင်ရတာတုန်းဆိုပြီး ရုပ်ရှင်ကား အလင်းရောင်လေးလာရင် သူ့မျက်နှာ လှမ်းလှမ်းကြည့်ရသေးတာ။ ရုပ်ကလဲ ဆိုးသလိုလိုကြီး အနောက်ကအတွဲ လည်ပြန်လေး လှမ်းကြည့်တော့ ခုနက ခုံတွေလှုပ်အောင် ကမြင်းတဲ့အတွဲမှာ မိန်းမမရှိတော့ဘူး အမျိုးသား တစ်ယောက်ပဲတွေ့တော့တယ်။သူကတောင် ကိုယ့် လှမ်းကြည့်နေတာ။


"လှုပ်ရှားမလား ၂၀၀ ပဲ..."

"ဘာ  ဘာလဲ....."


ကျွန်တော်ပုံကြည်ပြီး အဲ့မိန်းမကမေးတယ် ၂၀၀ ပဲတဲ။့ တစ်ကယ်ဘာမှန်းမသိလို့ မေးလိုက်တယ်.....မေးမှ မပြောမဆို နဲ့ ဘာမပြော ညာမပြော ပေါင်ကြားထဲ လက်နှိုက်လာပါရော။

ခြေဖျား လက်ဖျားတွေ အေးစက် လာပီး တွန်းထုတ် လိုက်တာပေါ့။

"၂၀၀ မပါရင် ၁၅၀ ရော...."


ကျွန်တော်ရဲ့ ပန်းဖွှားလွယ်အိတ်ကြီး မ ပြီး ထ ပြေးလာလိုက်တာ ရုပ်ရှင်ရုံရှေ့နား ပန်ကာတွေဖွင့် ထားတာတောင် ချွေးတွေ ဆိုတာ မြင်မကောင်းဘူး။ ..အိမ်ပြန်ရောက်တဲ့ထိ ကြောက်လိုက်တာ နောက် မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။


တစ်ပတ်လောက်နေပီးမှ အတန်းထဲ တင်ထွဋ်ကို ပြောပြမိတယ်။


ပိုက်ဆံနဲ့ လုပ်စားတဲ့ ပြည့်တန်ဆာတွေတဲ့၊ နောက်ဆုံး ၅၀ိ/- နဲ့ လဲ ရတယ်တဲ့။ ရုပ်ရှင်ကြည့်သလို ရုံထဲလိုက်ပီးကပ်ထိုင် မြူဆွယ် လုပ်စားနေ တာတဲ့။ အဲ့သည် ဗိုလ်ချုပ်လမ်းပေါ်က ရုံတိုင်းလိုလိုမှာ ရှိတယ်တဲ့။ များသောအားဖြင့် မနက်အစောပွဲစဉ်နဲ့ ည ပွဲစဉ်တွေ ပိုများတယ်။ အရွယ်စုံ လူမျိုးစုံပေါ့တဲ့။ အသက်ကြီးတဲ့ မိန်းမကြီးတွေများပါတယ်ကွာလို့ ပြောပြတယ်။


တင်ထွဋ်ပြောတဲ့ထဲမှာ ကျွန်တော် စိတ်ဝင်စားမိတာက ဟိုဘက်ရုံတွေ ထဲမှာ အခြောက်တွေလည်း ရှိတယ်ကွ၊ မိန်းမလို ဝတ်ထားတဲ့ အခြောက်တွေရှိသလို ယောက်ကျားပုံနဲ့ အခြောက်တွေလဲရှိတယ်။ တစ်ချို့ အ တဲ့ကောင်တွေကတော့ မိန်းမလိုဝတ်တဲ့ အခြောက်မကို မိန်းမ အစစ်ထင်ပြီး ဖြစ်ကြတာရှိသေးတယ်။ သူတို့က ပိုက်ဆံ မပေးရတာများတယ်။ ယောက်ကျားလို အခြောက်တွေကတော့ ကံကောင်းရင် အပြင် လိုက်ြပီး ဝါးတီးပါစွဲလို့ရတယ်ကွဟု သေခြာအသေးစိတ် ရှင်းပြတာကို စိတ်ထဲ တေးထားမိတယ်။


နောက်တစ်ကြိမ် ကျောင်းမပြေးဘဲ ကျူရှင် အကြောင်းပြ မြို့ထဲ ရောက်လာခဲ့သည်။


ဒီတစ်ခါ ဝဇီရာ ရုံကို ကျော်ပြီး ရွှေဂုဏ်ရုံ /မြို့မရုံ /ဆုထူးပန်ရုံ/ သွင်ရုံ ဘက် တွေ ကို သုံးခေါက်လောက်လျှောက်ပီးမှ သွင်ရုံ ထဲ လက်မှတ်ဝယ် ဝင်လိုက်ပါတယ်။ စူးစမ်းလိုတဲ့ စိတ်ပဲမို့ သည်တစ်ခါ ၅ိ/- တန်းကဝယ် နောက်ဆုံးမှာ ထိုင်နေလိုက်တယ်။ နေ့လယ်ပွဲစဉ်မို့ လူ အတော်အသင့် များပါတယ်။ ရုံထဲလည်း လူက တစ်တန်းမှာ ဆယ့်လေး ငါးယောက်လောက်ရှိမယ်.....ကျွန်တော့်နားမှာ ၂ခုံ ခြား ၃ ခုံခြား လူတွေ ရှိတယ်ဗျ။ အတွဲတွေ ရှိတယ်၊ တစ်ယောက်ချင်းတွေ ရှိတယ်။


ရုပ်ရှင် စပြ ပြီး မိနစ် ၂၀ ခန့် အကြာ ကျွန်တော့်နံဘေးကို လေးခုံခန့်အခြားမှာ ထိုင်နေတဲ့ခုံက အကိုကြီးတစ်ယောက် လာပြောင်းထိုင်တယ်။

ဒီတစ်ခါ ယောက်ကျားချင်းဆိုတော့ စိတ်က အေးဆေးပါပဲ။


၅မိနစ်မကြာဘူး ပေါင်ပေါ်ကို သူ့လက်က ပြုတ်ကျသလို၊ မတော်တဆ လိုလို လာလာ ထိတယ်။ ကျွန်တော် က တင်ထွဋ်ပြောတဲ့ ယောက်ကျားပုံ အခြောက်များလားလို့တွေးနေတုန်း ပေါင်ရင်းကို သေခြာပွတ်နေပြီ။ နောက်တစ်ဆင့်တက်ခါနီး သူက ခပ်တိုးတိုး ပြောတယ်.....

"အိမ်သာ သွားရအောင်....."


ကျွန်တော်က သူ့ပုံစံ အနေအထား၊ ဘာအတွက်လဲ ၊ ဘာလုပ်ဖို့လဲ သွားရမလားမသွားရဘူးလား စဉ်းစားနေတုန်း သူထပ်ပြောတယ်။

"လာ လေ ညီလေး....."


ကျွန်တော် ထ လိုက်သွာတယ်ဗျ။


အိမ်သာ ထဲ ရောက်တော့မှ ဘွားကနဲ လူ ၄ ယောက်လောက်ကိုတွေ့တယ်။ အိမ်သာတွေ အားရဲ့နဲ့ အပြင်မှာ မတ်တပ်ရပ်နေကြတာ။ ကျွန်တော်ကိုခေါ်လာတဲ့ အကိုက ရုပ်သန့်သန့် မာတင်အဖြူလေးကို ပလေကပ် ကွက်စိပ်လေးဝတ်ထားတယ်၊ ခေါက်ထီး ခိုထီးလေးလဲ ကိုင်ထားတယ်။ သူက ဒေါင့်စွန်းက အိမ်သာထဲ တန်းဝင်ပြီး ကျွန်တေိာ့ကို အထဲက လှမ်းခေါ်တယ်။ ကျွန်တော် မဝင်ရဲဘူး လူတွေ ရှိနေတယ်လေ။


သူက ဘာမှ မထူးဆန်းသလို ခေါ်နေတုန်း ရပ်နေတဲ့ ကုလားစင် တစ်ယောက်က

"သွားလေ ညီလေး အကိုတို့ ကြည့်ပေးထားမယ်"


ကျွန်တော် ထိတ်ကနဲ တော့ဖြစ်သွားတယ် ယောင်ယောင်နန သေးပေါက်တဲ့ နေရာ ရပ်သေးပေါက်လိုက်တယ် ကြည့်ပေးထားမယ်ဆိုတဲ့ ကုလားစင်လိုလူက ပုဆိုးမလိုက်တာ အမလေး နဲနဲနောနောလား....  ။


ကျွန်တော်ပြန်ထွက်လာတယ် ပထမဆုံးတွေ့တဲ့ အပေါက်က ဝင် လိုက်တာ ရှေ့ဆုံးတန်းခုံမှာ ထိုင်ခုံပေါ်က လူက ပေါင်ကားထားတယ် ပေါင်ကြားထဲ ခေါင်းဝင်နေတာက ယောက်ကျားလား မိန်းမလားမသဲကွဲဘူး......။


ကျွန်တော်က နောက်ဆုံးတန်းထိ ကိုယ့်နေရာပြန်လာထိုင်လိုက်တယ်။ ၁၅ မိနစ်လောက်နေတာ့ ကျွန်တော့်ကိုခေါ်တဲ့ အကို ပြန်ရောက်လာတယ်။ ကျွန်တော့်ကို ရုပ်ရှင်ပြီးရင် လက်ဖက်ရည်သောက်ရအောင်တဲ့၊ ကျွန်တော်က ဘာမှ အဖြေမပေးဘဲ ငြိမ်နေရင်း ရုပ်ရှင် ပြီးခါနီး ထွက်ဖို့ ထလာလိုက်တယ်။

အဲ့အကို ကျွန်တော့်နောက်က ကပ်ပါလာတယ်။

အမှန်ပြောရရင် ပန်းဆိုးတန်းမှာ သူ လက်ဖက်ရည်တိုက်လို့ သောက်ခဲ့ရတယ် အလုံကလို့ပြောတယ်။


အဲ့သည်နောက်ပိုင်း ကျွန်တော့်စိတ်က ရုပ်ရှင်ရုံထဲ မြင်တွေ့ခဲ့ရတဲ့ ပုံစံ အနေအထားတွေဟာ နောက်ထပ် နောက်ထပ် သွားဖို့ လှုံ့ဆော်ခံခဲ့ ရတယ်ဆိုတာ ပြောပါရစေ။

ဘာမှ မဖြစ်ဘဲ အကြိမ်ပေါင်းများစွာ ကျွန်တော်သွားခဲ့တယ်။

တစ်ရက်မှာတော့ ဆုထူးပန်လား ဂုဏ်လားမမှတ်မိတော့ပါဘူး လက်မှတ်ဝယ်ဖို့တန်းစီ လိုက်ချိန်မှာ..

‘ညီလေး အကို့ဖို့ ပါ တစ်စောင်ဝယ်ပေးပါလား’ဆိုပြီး လူတစ်ယောက်က ၁၀ ကျပ်တန် တစ်ရွက်ထုတ်ပေးတယ်။ ကျွန်တော်ဝယ်တဲ့ ငါးကျပ်တန်းကနေ ၂စောင်လို့ပြောလိုက်တော့ လက်မှတ် ပန်းရောင်လေး ၂စောင်ပေးတာမို့ ကျွန်တော် သူ့ကို ၁၀တန် ပေးလိုက်ပြီး၊ လက်ထဲက ၅ ကျပ်တန်နဲ့ သူ့ကို ပြန်လဲလှယ် ပေးလိုက်တယ်။

အတူဝယ်တဲ့ လက်မှတ်မို့  ထိုင်ခုံက တွဲလျက် ထိုင်ရပါတယ်။ သူက စထိုင်ကတည်းက ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်ပါပဲ။

ရုပ်ရှင် စ ပြပြီးမကြာခင် ဇာတိပြပါပြီ။

သူစတာက တစ်မျိုးဗျ။ လက်ကလေးလာထိလိုက် နောက်ဆုတ်သွားလိုက်၊ တစ်ခုခု ကုန်းကောက်သလို ကျွန်တော့် ဘေးဘက်ကပ်ပြီး ကိုယ်ကိုကိုင်းလိုက်၊ ကျွန်တော်ရီချင်လာသလို ခံစားရတဲ့အချိန်မှာပဲ သူက စကားစပြောတယ်။

"ညီလေးက ချစ်ဖို့ အရမ်းကောင်းတယ်....."

ကျွန်တော်လည်း သူ့ကို စိတ်ဝင်စားသလို ရှိပါတယ် မလိမ်ပါဘူး။

သူက လက်ကလေးလာကိုင်တော့ မရုန်းမိဘူး။ ကျွန်တော့်လက်ကိုလွှတ်ချပြီး ထုံးစံအတိုင်း ပေါင်ကြား လာနှိုက်ပါပြီ။

အနေအထားက အနီးနားခုံတွေရှိ အတွဲတွေနဲ့  လူတွေကလည်း ထလိုက် ထွက်သွားလိုက် ပြန်ဝင်လာလိုက်။ ကျွန်တော် အဲ့အချိန် ဆရာကြီးပုံစံ နဲ့ ဟိုတစ်ခါ အိမ်သာဘက်ခေါ်သလို သူ့ကို ခေါ် ပြီးထသွားတယ်။ သူလဲ လိုက်လာတယ်။ ကိုယ်က ဟိုတစ်ခါ ရုံထဲက အိမ်သာလို လူတွေ ရှိနေမယ်မထင်ဘူးရယ်။


မှားတာဘဲ… ဘယ်လောက်တောင်လဲဆိုရင် အိမ်သာအားလုံးက တံခါးတွေ ပိတ်ပြီး လူရှိနေပါတယ်။ အပေါ့သွားတဲ့ နားမှာ မြင်လိုက်ရတာ ကတော့ လူရွယ်ငါးယောက်ခန့်ရပ်နေပြီး မသိမသာ လက်တွေက တစ်ယောက်နဲ့ တစ်ယောက် အသွားအလာ လုပ်နေပါတယ်။ ပူပူထူထူ နဲ့ ခပ်တည်တည်ရပ်နေတုန်း ကျွန်တော့်နောက်ကလိုက်လာတဲ့အကိုက ကျွန်တော့်ပေါင်ကြားကို လာစမ်းပြန်ပါတယ်။ ကျွန်တော်ရှက်ပြီး အဝနားရပ်လိုက်ချိန် အိမ်သာတစ်လုံးတံခါးဖွင့်လာပြီး လူရွယ်နှစ်ယောက်ခပ်တည်တည်ပဲ ထွက်လာပါတယ်။ ကျွန်တော်ကသာ အံ့သြသလို ရှိပေမယ့် ကျန်လူတွေက ဘာမှမထူးဆန်းသလို၊ မတ်တပ်ရပ်နေတဲ့ လူတွေထဲက နှစ်ယောက် ခပ်သွက်သွက်ဝင်သွားပါတယ်။


ကျွန်တော်လည်း ရုံထဲပြန်ဝင်လာပြီး ဘေးလျှောက်လမ်းကနေ တစ်လျှောက်လုံး ထိုင်ခုံတွေကို မျက်စိကစားကြည့်တော့ ခေါင်းစိုက်သူ၊ ခွ ထိုင်သူ ပုံစံမျိုးစုံကို အမှောင်တွေကြားထဲ ဝေဝေဝါးဝါး တွေ့ရပါတယ်။

ကျွန်တော်က လိုက်ကြည့်လို့မြင်ပေမယ့် အမှန်တကယ် ရုပ်ရှင်သာကြည့်တဲ့ အတွဲ၊ လူတစ်ချို့လဲ ကြိုကြားရှိနေပါတယ်။ ကျွန်တော်ပြောပြနေ တာက မသိရင် ဒါမျိုးတွေအကုန် ရုပ်ရှင်ရုံထဲမှာလို့ ထင်မှတ်မှာစိုးလို့ပါ။

နောက်ဆုံးခုံပြန်ထိုင်တော့ ကျွန်တော်နဲ့ အတူထိုင်တဲ့အကို ပြန်လာထိုင်ပြီး ချက်ချင်းဆိုသလို ပေါင်ကြားထဲ လက်ရောက်လာကာ မကြာခင်မှာဘဲ ရုံထဲက ထိုင်ခုံမှာတင်ပဲ ကိစ္စပြီးဆုံးခဲ့ရပါတယ်။

ရုပ်ရှင်လည်းပြီးရော ကျွန်တော်ရှက်သလို  ရွံ့သလို နဲ့ လူတွေကြားတိုးထွက် ကားဂိတ်အပြေးသွားပြန်ခဲ့တယ်။

နောက်ပိုင်း ကျွန်တော် အချိန်ရရင်ရသလို မြို့မ / ဂုဏ်/ သွင် နဲ့ ဆုထူးပန် ရုပ်ရှင်ရုံတွေမှာ ကျင်လည်ခဲ့ဘူးတာ ဝန်ခံပါတယ်။


အဲ့သည်နှစ်က ကျွန်တော် ဆယ်တန်းစာမေးပွဲ ကျပါတယ်။


နောက်တစ်နှစ်စာမေးပွဲအတွက် ကျွန်တော် မြို့ထဲကို တစ်လ တစ်ခေါက်၊ ရုပ်ရှင်ရုံကို တစ်လ တစ်ခေါက်တောင်မရောက်ဘဲ စာကြိုးစားခဲ့ပါတယ်။

ခက်တာ စိတ်က စာထဲနှစ်ထားပေမယ့် တစ်ခါတစ်ခါတော့ သွားချင်စိတ်ပြင်းပြလွန်းပါတယ်။

သည်လိုနဲ့ အဆက်အစပ် အတော်ပြတ်သွားတယ်။


နောက်…ဒုတိယအကြိမ်စာမေးပွဲ ဖြေပြီးပြီးချင်း ပထမဆုံးသွားခဲ့တာ ဗိုလ်ချုပ်လမ်းမပေါ်က ရုပ်ရှင်ရုံ သုံးရုံကို အချိန်ဆက်တိုက်ဝင်ပြီး ထင်တိုင်းကျဲ ခဲ့ပါတော့တယ်။

တစ်နှစ်နီးပါးမရောက်တဲ့ ကြားကာလမှာပဲ ရုပ်ရှင်ရုံထဲမယ် လိင်တူနှစ်သက်သူများ နဲ့ ပြည့်တန်ဆာတွေ ထင်သလောက် သိပ်မရှိတော့ဘူး။

နောက် သုံးရက်ခြားလောက်မှာ နေ့လည်ပွဲ ရုပ်ရှင်ကပြနေချိန် လက်မှတ်ဝယ်ပြီးဝင်မယ်လုပ်တော့ ပါတိတ်ဝမ်းဆက်နဲ့ မိန်းမပုံ မိန်းမလျှာက ခပ်သုတ်သုတ် လိုက်ကာ မထွက်လာပြီး

"ဟဲ့ ဟဲ့ လာ လာ ဂဠုန်တွေ ရောက်နေတယ်....."


ကျွန်တော့်ကို လက်ယပ်ခေါ်ပြီး ရုံအပြင် ဘာဂျာတံခါး သူ့ဖာသာဖွင့်ထွက်သွားပေမယ့် ကျွန်တော်က ဘူမသိ ကိုးမသိ အထဲကို ဝင်ဖြစ်အောင် ဝင် လိုက်ပါတယ်။

လူသိပ်မများပါဘူး။ အခြေအနေကို လှည့်ပတ်ကြည့်ပြီး လက်မှတ်ပေါ်က ခုံနံပါတ်ကို ရှာထိုင်လိုက်တာ ကံကောင်းတာပါပဲ။

နောက်ဆုံးတန်းကနေ ဓာတ်ခဲသုံးထောင့်ထိုး လက်နှိပ်ဓာတ်မီးနဲ့ လူတွေထိုး လက်မှတ်စစ်တာပါ။ ရုံစောင့်ရယ်၊ အဲ့အချိန်က ဂဠုန်လို့ခေါ်တဲ့ မြူနီစပယ်ရဲရယ်၊ လက်မှတ်စစ်ရယ်ကို လူတွေစစ်ဆေးနေတာတွေ့ရပါတယ်။ ရင်တွေလဲတုန် ကြောက်လဲကြောက် စိတ်ထဲက ငါ့ကိုများ ခဏခဏလာလို့ သိနေမလား၊ ဖမ်းမလား ခုမှပြန်ထွက်လည်း ဓာတ်မီးနဲ့ထိုး လိုက်ဖမ်းမလား ချွေးအတော်ပြန်နေပါရော။

မကြာပါဘူး ဆူညံဆူညံကြားရတာက ကုလားမပြည့်တန်ဆာမကို ဖမ်းတာ ရုန်းရင်းဆံခတ်အော်ဟစ်ဆူညံနေတာပါပဲ။ နောက်ဆုံး ရုံအပြင်ကို ဆွဲထုတ်သွားတာတွေ့ပြီး မကြာခင် နောက်နှစ်ယောက်ကို ထပ်စစ်ပါတယ်။


ကျွန်တော့်မျက်နှာကို မသိမသာ လက်နှိပ်မီးထိုးကြည့်ပြီး လက်မှတ်ပြခိုင်းပါတယ် ပြီးတော့ပြန်ပေးပါတယ်။

"လက်မှတ်မှာပါတဲ့ ခုံပဲထိုင်နော် နေရာလျှောက်မပြောင်းနဲ့နော်....."

ဟုလေသံ ခပ်မာမာပြောတယ်ဗျ။ ကျွန်တော်လည်း ကြောက်ပြီး လှုပ်တောင်မလှုပ်ရဲဘဲ ရုပ်ရှင်အပြီး အပေါ့သွားမှပဲ စိတ်အေးရတော့တာပါ။

"ဟာ ငါ့ညီ ပျောက်နေပါလား....."

ကျွန်တော့် ပုခုံးကိုလက်နဲ့ပုတ်ခေါ်လိုက်တာကြောင့် အတော်လန့်သွားတာပါ။ နောက် သေခြာစဉ်းစားမှ ကျွန်တော်နှင့်အတူ လက်မှတ်ဝယ်ထိုင်ခဲ့ဖူးတဲ့အကိုဖြစ်နေတယ်။

အမှန်တော့ သူ ရုံထဲစောရောက်ပြီး ဂဠုန်တွေကြောင့် သူလဲနေရာကမထဘဲ တစ်နေရာမှာရှိနေတာလို့ ရုံအပြင် ရောက်မှပြောပြပါတယ်။

အဲနေ့က ဆူလေးလမ်း၊ ကျောက်တံတားရဲစခန်းနား ရှေ့ဆောင်ရုံနံဘေးက တိုက်လှေကားမှာဖွင့်တဲ့ လက်ဖက်ရည်ဆိုင်အတူထိုင် စကားပြောဖြစ်တော့ အခုလထဲမှာ ‘ ပြည့်တန်ဆာနဲ့ မိန်းမပုံ မိန်းမလျှာတွေ ရုပ်ရှင်ရုံထဲ အလွန်အမင်း မဆင်မခြင် သောင်းကြမ်းနေတယ်၊ အာသာလာဖြေတဲ့ယောက်ကျားတွေနဲ့ လူမြင်မကောင်းစွာ ဆက်ဆံနေလို့ ဖမ်းဆီးပေးပါ’လို့ တိုင်သူများတာကြောင့် ရက်ဆက် ပွဲဆက် ဆိုသလို ဝင်ဝင်ဖမ်းတယ်လို့ သိရပါတယ်။

သူ့အပြောအရ မနေ့ကဆို အိမ်သာထဲရောက် လိင်တူအတွဲတွေကို အပြင်ထွက်ခိုင်းပြီး မိဘခေါ် ခံဝန်လက်မှတ်ထိုးထုတ်ရတယ်လိုလည်း ပြောပြလို့ ကြက်သီးတွေထပြီး လအတော်ကြာ အဆတ်ပြတ်သွားပြန်တယ်။

ဒါပေမယ့်လည်း စိတ်ကမရိုးမရွ ရောက်တဲ့အခါတွေ ရှိပါတယ်။


နောက်ရုပ်ရှင်ရုံတွေကတော့ ယခု တာမွေ Ocean နားက မရိုးဆန်းရုံနဲ့ တာမွေအဝိုင်းနားက ရွှေဗဟိုရ် ရုံတွေဟာလည်း လိင်တူတွေပျော်ပါးရာ ရုပ်ရှင်ရုံတွေအဖြစ် ထင်ရှားခဲ့ပါသေးတယ်။

ပွဲစဉ်တိုင်း နောက်ဆုံးတန်းတွေဟာ လိင်တူ၊လိင်ကွဲ၊ပြည့်တန်ဆာတွေရဲ့ ပျော်ပါးရာ အမှောင်ရိပ်တွေပါ။

တစ်ချို့များဆို အနီးအနားမှာတင် မျက်ဝါးထင်ထင်တွေ့ရတာတွေရှိသလို ယိုသူမရှက် မြင်သူရှက် ပုံစံတွေလဲ အတပ်တွေ့ရပါသေးတယ်။

ယခင်ရွှေဗဟိုရ်ရုံဟာ အမျိုးသားအိမ်သာသွားတဲ့ ဘေးလျှောက်လမ်းဟာသီးသန့်မို့ လိင်တူတွေ စင်္ကြတလျှောက်ရပ်ပြီး အထာပေး၊ အိမ်သာထဲဝင် အလုပ်ဖြစ်ကြတာများပါတယ်။

မရိုးဆန်းကျတော့ လိင်တူ၊ မိန်းမလျှာ မရှိသလောက်နည်းပြီး ပြည့်တန်ဆာမိန်းမ အရွယ်စုံကျင်လည်တာများပါတယ်။ ရုံရှေ့မှာ ကွမ်းယာ ဆေးလိပ်သည်မှအစ မုန့်ပဲသွားရေစာ ရေခဲရေရောင်းတဲ့ အမျိုးသမီးတွေဟာ အစားအသောက်ထက် ပြည့်တန်ဆာခေါင်းတွေအဖြစ် ပွဲခယူ ရှာဖွေပေးတာကတော့ နာမည်ကြီးပါပဲ။


နောက်ပိုင်းတော့ မြို့ထဲက ရုပ်ရှင်ရုံအတော်များများဟာ ရုံအနေအထားပြင်ဆင်မှု့တွေ၊ ဖမ်းဆီးမှုတွေကြောင့် ကြိုကြား ကြိုကြားလောက်သာ လုပ်ကိုင်ကြသလို လိင်တူကြိုက်တွေကလဲ အတင့်ရဲရဲ သိပ်မလုပ်ကြတော့ပါဘူး။

သည်အထဲမှာ မော်တင်နား စံပြရုပ်ရှင်ရုံကတော့ သိပ်နာမည်မထွက်ပေမယ့် လိင်တူအတွဲတွေ အေးဆေး ကလူ၏သို့မြူ၏သို့ သွားတတ်တဲ့ ရုံတစ်ရုံလည်း ဖြစ်ပါတယ်။

မြေနီကုန်းကရုပ်ရှင်ရုံ နဲ့ ယခု သီတာလမ်းနားကရုပ်ရှင်ရုံတွေကတော့ ရံဖန်ရံခါလောက်သာရောက်ဖြစ်လို့ တိတိပပမသိပါဘူး။ ဒါတောင် သီတာလမ်းရုံ(ယခု မင်္ဂလာအဆင့်မြင့်)ရုံတွေဟာ ကုလားသီးသန့်လို့တောင်ပြောရမလို ကုလားကြိုက်တဲ့ လိင်တူတွေ အကြိုက်ရှာဖွေနိုင်တဲ့ နေရာလို့ ပြောသံတော့ကြားဘူးပါတယ်။

နှစ်ကာလရှည်စွာ မပြုမပြင်ဘဲ လိင်တူကြိုက်နှစ်သက်သူတွေကျက်စားဆဲ ရွှေဗဟိုရုံကတော့ ၂၀၀၈ ခုလောက်ထိ ညပွဲစဉ်တွေမှာ အုံးအုံးကျက်ကျက်ပါ။

အခုတော့ အဆင့်မြင့်ရုံတွေအဖြစ်ပြောင်းလဲသွားတဲ့နောက်ပိုင်း ရုပ်ရှင်ရုံဇာတ်လမ်းတွေ မရှိသလောက် ရှားသွားမယ်ထင်ပါတယ်။

ခေတ်မှီလာတာနဲ့အမျှ အဆင့်မြင့် Guest house တွေဟာ အချိန်ပိုင်းသာယာနိုင်တော့ ရုပ်ရှင်ရုံထဲ ကျင်လည်ရတာထက် ပိုပြီး အဆင့်အတန်းမြင့်လာကြတယ်လို့ယူဆရမှာပေါ့လေ။



ရေးသားမျှဝေပေးသူ - ကိုသုတလုလင် (ကိုကျော်စွာ)

အမှာစကား (မည်သည့်နေရာမဆို sex ဖြစ်လျှင် Condom မဖြစ်မနေသုံးခြင်းဖြင့် မိမိရော သူများကိုပါ ကာကွယ်ပါ)။


[Zawgyi]ရန္ကုန္ရုပ္ရွင္ရံုမ်ားႏွင့္ လိင္တူႀကိဳက္ႏွစ္သက္သူမ်ားျဖစ္အင္




#ရန္ကုန္ရုပ္ရွင္ရံုမ်ား

#LGBTs

#ျဖစ္ရပ္မွန္မ်ား


(ကြၽန္ေတာ္တို႔လို လိင္တူစိတ္ဝင္စားသူေတြအေနနဲ႔ ျမန္မာႏိုင္ငံရဲ့ၿမိဳ႔ေတာ္ႀကီးတစ္ခုမွာ စုရပ္သေဘာ၊ ေဖ်ာ္ေျဖပြဲသေဘာ၊ သီးသန႔္ Bar လိုမ်ိဳးေနရာေတြကို အလြယ္တကူမသြားႏိုင္တဲ့အခါ တစ္ေခတ္တစ္ခါက ရုပ္ရွင္ရံုႀကီးေတြရဲ့ အေနာက္ဘက္ဆံုးခံုတန္းေတြနဲ႔ အေမွာင္ကဲ ေသာ ေလ်ွာက္လမ္းေတြဟာ မိမိတို႔ရဲ့ အေမွာင္စိတ္ကို လႊတ္ခ်ရာေနရာမ်ားျဖစ္ခဲ့ဖူးပါတယ္။ သိကၡာေတြ ၊ ပညာေတြ၊ အဆင့္အတန္းေတြ ေမ့ပစ္ၾကတဲ့ေနရာကိုေရာက္သြားေရာ။ သည္အေၾကာင္းအရာကို ဗဟုသုတအေနနဲ႔ ကိုသုတလုလင္မ်ွေဝထားတာကို ကြၽန္ေတာ္က တစ္ဆင့္ ထပ္မံေဝငွလိုက္တာပါ။)


ဗဟုသုတ အေနႏွင့္သာ ဖတ္ေပးပါ။

အခုတစ္ခါေတာ့ ရန္ကုန္ၿမိဳ႔တြင္းက ရုပ္ရွင္ရံုေတြ မွာက်င္လည္က်က္စားခဲ့ၾကတဲ့ လိင္တူႀကိဳက္ႏွစ္သက္သူ ေတြအေၾကာင္းေလးေတြေဝမ်ွခ်င္ ပါတယ္။ ကြၽန္ေတာ့္ရဲ့  အခ်ိဳ႕ေသာျဖစ္ရပ္မွန္ေလးေတြကိုလဲ ေရးျပထားပါတယ္။ သည္လိုေရးရတဲ့အေၾကာင္းက မည္သၫ့္ လိင္တူႀကိဳက္ႏွစ္ သက္သူကိုမွ အထင္ေသးေစလိုတဲ့ ရည္ရြယ္ခ်က္ မရိွေၾကာင္း အသိေပးလိုပါတယ္။ LGBTs ေတြကိုေစာ္ကားတာမဟုတ္သလို တစ္ေခတ္ တစ္ခါက က်င္လည္ပံုေတြကို ယခု LGBTs လူငယ္ေတြကို သိေစခ်င္၍ ေဝမ်ွတာျဖစ္ပါတယ္။

ယခုေခတ္လို Internet ေခတ္မဟုတ္ေတာ့လည္း  မလံုၿခံဳျခင္း၊ အေပါစားဆန္ျခင္းပံုစံမ်ားပါခဲ့ရင္ သည္းခံ ခြင့္လႊတ္နားလည္ေပးဖို႔ ေမတၲာရပ္ခံပါတယ္။ 


x x x

ကြၽန္ေတာ္ ဆယ္တန္းႏွစ္မွာ ေက်ာင္းေျပးတာက ၿမိဳ႔ထဲကို ပထမဆံုးပဲျဖစ္ပါတယ္။ 


ကိုးတန္းေက်ာင္းသားဘဝ ေက်ာင္းေျပးခဲ့ဖူးတာကေတာ့ ေရႊတိဂံု ဘုရားနဲ႔ ကမ႓ာေအး ဘုရားပဲျဖစ္ပါတယ္။ ထိုအခ်ိန္က ယခုလို Shopping mall ေတြ မရိွေသးေတာ့လည္း ဘုရားေပၚတက္ေက်ာင္းေျပးတာက ေက်ာင္းသားေတြ ရဲ့ ထံုးစံလိုပါပဲဗ်။


ကြၽန္ေတာ္ တစ္ေယာက္တည္း ဗိုက္ပူႀကီးစီးသြားတာ ပု႑မီ မွတ္တိုင္ကေန ေရခဲဆိုင္ဆင္း၊ အေရ႔ွဘက္မုဒ္ လမ္းေလ်ွာက္တက္၊ ဘုရားေစာင္းတန္းေပၚထိုင္၊ေက်ာင္းမလႊတ္ခင္ ျပန္လာ၊ ေက်ာင္းမတက္ခ်င္လို႔ ေက်ာင္းသာေျပးရတာ လူအေတာ္ပင္ပန္းတာ။


တစ္ေန့ေတာ့ ကြၽန္ေတာ့္ အတန္းေဖာ္ တင္ထြဋ္က သူေက်ာင္းေျပးရင္ ဘုရားမသြားဘဲ ရုပ္ရွင္ရံုထဲဝင္၊ ၁ိ/- ၅၀ိါးတန္းက လက္မွတ္ဝယ္ၿပီး ၀င္ အိပ္တာတဲ့။ ကြၽန္ေတာ္က သူေျပာသလို လိုက္လုပ္ၾကၫ့္ခ်င္တာ၊ စူးစမ္းခ်င္တာေလ။ ဘုရားေပၚသြားထိုင္မယ့္အတူတူ တစ္က်ပ္ခြဲရင္းၿပီး ၂ နာရီေလာက္အိပ္ခ်င္အိပ္ ၾကၫ့္ခ်င္ၾကၫ့္ေပါ့။


ေသာၾကာေန့လို ရက္က ေက်ာင္းေျပးလို႔ သိပ္ေကာင္းတာေလ…. ေျပးတာေပါ့။


ကြၽန္ေတာ္က အဲ့အခ်ိန္က ေက်ာင္းေျပးရင္ အေဖာ္ မၫွိတတ္ဘူး ေက်ာင္းေျပးမွန္းသိမွာဆိုးလို႔။ က်ူရွင္ကလဲ ၁၀ တန္းဆိုေတာ့ တက္ရေသး တယ္ေလ။ က်ူရွင္ၾကေတာ့ မပ်က္မကြက္တက္ခ်င္တယ္ဗ်။ ရိႈးစမိုး အျပၫ့္ ဝတ္စားတက္ရတာမို႔ေလ။ အဲ့ဒီထဲက ကြၽန္ေတာ္ အလွအပ ႀကိဳက္တတ္တာ။ ဒါေတာင္ အခုလို Skincare ေတြ lotion  ေတြ မေပၚေသးမရိွေသးဘူး။


ဆံပင္ကို ZARLE တံဆိပ္ သနပ္ခါးနံ႔လို သံပုရာနံ႔လိုေခါင္းလိမ္းဆီလိမ္း၊ မီလပ္(စ္)သံပုရာျခမ္း ဒါမွမဟုတ္ ကိုရာ စႏိုးေလးခပ္ထူထူ လိမ္းရင္ ကို အေတာ္သေဘာက်ေနတတ္တာ။


သိတဲ့ အတိုင္း အဲ့ေခတ္ ၁၀ တန္းက အတန္းထဲ စာသင္တာနည္းတယ္ေလ။ ဆရာမေတြက ေလေပါ၊ ပါလာတာေတြ စုစား၊ အစိုးရစစ္မို႔ သင္သာသင္ရတာ စာေမးပြဲႀကီးနားနီးရင္ ေမးခြန္းသံုးစံုဆိုတာကိုလဲ ႏႈတ္တိုက္က်က္ တြက္ ၿပီးေျဖတာမ်ားသား......ထားပါ။


ေက်ာင္းေျပးလာတာဒီတခါ ၿမိဳ႔ထဲ......


ခပ္တည္တည္ ဗိုက္ပူစီး  ပန္းဖႊားေတြ တို႔လို႔ တြဲေလာင္းပါတဲ့ သိုးေမႊးလြယ္အိတ္ႀကီးလြယ္၊ အေပၚ ေက်ာင္းအက်ႌမွာ လက္ေမာင္းနဲ႔ ရင္ဘတ္ က ေက်ာင္းတံဆိပ္ပါတဲ့ အျဖဴကိုခြၽတ္၊ ေအာက္က ခံဝတ္ထားတဲ့ ငန္းတံဆိပ္စြပ္က်ယ္သား လက္စကကို အိမ္က ခံဝတ္လာေတာ့ အဆင္ ေျပျပေနဲ႔ ဟန္မပ်က္ ဗိုလ္ခ်ဳပ္လမ္းဘက္ ဟိုေငး ဒီေငး ထြက္လာတာေပါ့။


သမၼတရံုကေတာ့ ၿမိဳ႔လယ္ေကာင္ မက်သလိုမို႔ မဆင္းျဖစ္ဘူး။

ဆူးေလးလမ္းေပၚက ေရ႔ွေဆာင္ရံု နဲ႔  ေနျပည္ေတာ္က ျဖတ္သြားျဖတ္လာ အိမ္နဲ႔ သိတဲ့ လူေတြ့ရင္ဒုကၡမို႔ ဆက္ေလ်ွာက္လာေတာ့ ဝဇီရာ ရံု ကိုေတြ့တယ္။ အဲအခ်ိန္က ဝဇီရာရံုက ျပဇာတ္ကတဲ့ရံုအျဖစ္လဲ အသံုးျပဳတတ္ပါတယ္။ ရုပ္ရွင္ရံု လက္မွတ္ေတြက ေဈးအတူတူဘဲမို႔ လက္မွတ္ဝယ္ၿပီးဝင္ေတာ့ ထိပ္ဆံုးတန္းရဲ့ ေလးတန္းေျမာက္၊ ေျပာရရင္ ပထမဆံုးစျပတဲ့ပြဲစဉ္မို႔ လူကအေတာ္နည္းပါတယ္။ အလြန္ဆံုးရိွ ၁၅ ေယာက္ခန႔္ပဲ။ ႏိုင္ငံေတာ္အလံစလႊင့္ၿပီးကတည္းက အေနာက္ဆံုးခံုတန္းကို ေလ်ွာက္ၿပီးထိုင္ေနလိုက္တယ္။ ခပ္လွမ္းလွမ္းက ၁၀ခံုေက်ာ္မွာ လူတစ္ေယာက္ ထိုင္ေနတယ္။ ဇာတ္ကားက ျပေနၿပီး ၁၅ မိနစ္ေလာက္ၾကာေတာ့ ထိုင္ေနတဲ့ လူက ၂ေယာက္ျဖစ္ေနတယ္။ ဒါလဲစိတ္ထဲ ဘယ္လိုမွ မေနပါဘူး။ ဇာတ္ကားလည္း မၾကၫ့္ခ်င္ေတာ့ အိပ္မယ္ေပါ့။ အေရ႔ွ သံုးတန္းမွာ ထိုင္ေနတာလည္း ၂ေယာက္၊ ၁၀ မိနစ္ေလာက္ အၾကာ ခံုကို ကိုင္လႈပ္ေနသလို ခံစားရေတာ့ ငလ်င္လႈပ္သလား ဘာလို႔ ယိမ္းထိုးေနသလဲ ဟိုၾကၫ့္ ဒီၾကၫ့္ လုပ္တာ ကြၽန္ေတာ္နဲ႔ ခံု တစ္တန္းထဲက အတြဲမွာ အမ်ိဳးသမီးက အေပၚကေန ထမိန္ႀကီးမ တက္ထိုင္ၿပီး ထိုင္ထလုပ္ေနလို႔ ဘာဆိုတာ သေဘာေပါက္လိုက္တယ္။ အမွန္ေျပာရရင္ အေတာ္ လန႔္သြားတာ ေၾကာက္လဲ ေၾကာက္တယ္။ ဒါနဲ႔ ခပ္ျမန္ျမန္ထ ႏွစ္တန္းေက်ာ္ ေျပာင္းထိုင္ေတာ့ မ်က္ေစာင္းထိုး အတြဲက အမ်ိဳးသမီးလည္း ေခါင္းေပ်ာက္သြားလိုက္ ျပန္ေပၚ လာလိုက္ နဲ႔ ဂဏွာကို မၿငိမ္ဘူး ဘာလုပ္ေနတာပါလိမ့္ေပါ့။


"အမေလး......."


ကြၽန္ေတာ္ လန႔္သြားတယ္ အေၾကာင္းက ကြၽန္ေတာ့္ နံေဘးကခံုကို ခပ္စူးစူး အနံ႔နဲ႔ အတူ ဆံပင္ ဖားလ်ားခ်ထားတဲ့ မိန္းမ တစ္ေယာက္ လာထိုင္လို႔ပါ။ ခ်က္ခ်င္းထဖို႔ကလဲ အားနာသလို ခံုေတြအမ်ားႀကီး ဒီမိန္းမက ငါ့အနားဘာလို႔လာကပ္ထိုင္ရတာတုန္းဆိုၿပီး ရုပ္ရွင္ကား အလင္းေရာင္ေလးလာရင္ သူ႔မ်က္ႏွာ လွမ္းလွမ္းၾကၫ့္ရေသးတာ။ ရုပ္ကလဲ ဆိုးသလိုလိုႀကီး အေနာက္ကအတြဲ လည္ျပန္ေလး လွမ္းၾကၫ့္ေတာ့ ခုနက ခံုေတြလႈပ္ေအာင္ ကျမင္းတဲ့အတြဲမွာ မိန္းမမရိွေတာ့ဘူး အမ်ိဳးသား တစ္ေယာက္ပဲေတြ့ေတာ့တယ္။သူကေတာင္ ကိုယ့္ လွမ္းၾကၫ့္ေနတာ။


"လႈပ္ရွားမလား ၂၀၀ ပဲ..."

"ဘာ  ဘာလဲ....."


ကြၽန္ေတာ္ပံုၾကည္ၿပီး အဲ့မိန္းမကေမးတယ္ ၂၀၀ ပဲတဲ။့ တစ္ကယ္ဘာမွန္းမသိလို႔ ေမးလိုက္တယ္.....ေမးမွ မေျပာမဆို နဲ႔ ဘာမေျပာ ညာမေျပာ ေပါင္ၾကားထဲ လက္ႏိႈက္လာပါေရာ။

ေျခဖ်ား လက္ဖ်ားေတြ ေအးစက္ လာပီး တြန္းထုတ္ လိုက္တာေပါ့။

"၂၀၀ မပါရင္ ၁၅၀ ေရာ...."


ကြၽန္ေတာ္ရဲ့ ပန္းဖႊားလြယ္အိတ္ႀကီး မ ၿပီး ထ ေျပးလာလိုက္တာ ရုပ္ရွင္ရံုေရ႔ွနား ပန္ကာေတြဖြင့္ ထားတာေတာင္ ေခြၽးေတြ ဆိုတာ ျမင္မေကာင္းဘူး။ ..အိမ္ျပန္ေရာက္တဲ့ထိ ေၾကာက္လိုက္တာ ေနာက္ မသြားေတာ့ဘူးလို႔ ဆံုးျဖတ္လိုက္တယ္။


တစ္ပတ္ေလာက္ေနပီးမွ အတန္းထဲ တင္ထြဋ္ကို ေျပာျပမိတယ္။


ပိုက္ဆံနဲ႔ လုပ္စားတဲ့ ျပၫ့္တန္ဆာေတြတဲ့၊ ေနာက္ဆံုး ၅၀ိ/- နဲ႔ လဲ ရတယ္တဲ့။ ရုပ္ရွင္ၾကၫ့္သလို ရံုထဲလိုက္ပီးကပ္ထိုင္ ျမဴဆြယ္ လုပ္စားေန တာတဲ့။ အဲ့သည္ ဗိုလ္ခ်ဳပ္လမ္းေပၚက ရံုတိုင္းလိုလိုမွာ ရိွတယ္တဲ့။ မ်ားေသာအားျဖင့္ မနက္အေစာပြဲစဉ္နဲ႔ ည ပြဲစဉ္ေတြ ပိုမ်ားတယ္။ အရြယ္စံု လူမ်ိဳးစံုေပါ့တဲ့။ အသက္ႀကီးတဲ့ မိန္းမႀကီးေတြမ်ားပါတယ္ကြာလို႔ ေျပာျပတယ္။


တင္ထြဋ္ေျပာတဲ့ထဲမွာ ကြၽန္ေတာ္ စိတ္ဝင္စားမိတာက ဟိုဘက္ရံုေတြ ထဲမွာ အေျခာက္ေတြလည္း ရိွတယ္ကြ၊ မိန္းမလို ဝတ္ထားတဲ့ အေျခာက္ေတြရိွသလို ေယာက္က်ားပံုနဲ႔ အေျခာက္ေတြလဲရိွတယ္။ တစ္ခ်ိဳ႕ အ တဲ့ေကာင္ေတြကေတာ့ မိန္းမလိုဝတ္တဲ့ အေျခာက္မကို မိန္းမ အစစ္ထင္ၿပီး ျဖစ္ၾကတာရိွေသးတယ္။ သူတို႔က ပိုက္ဆံ မေပးရတာမ်ားတယ္။ ေယာက္က်ားလို အေျခာက္ေတြကေတာ့ ကံေကာင္းရင္ အျပင္ လိုက္ၿပီး ဝါးတီးပါစြဲလို႔ရတယ္ကြဟု ေသျခာအေသးစိတ္ ရွင္းျပတာကို စိတ္ထဲ ေတးထားမိတယ္။


ေနာက္တစ္ႀကိမ္ ေက်ာင္းမေျပးဘဲ က်ူရွင္ အေၾကာင္းျပ ၿမိဳ႔ထဲ ေရာက္လာခဲ့သည္။


ဒီတစ္ခါ ဝဇီရာ ရံုကို ေက်ာ္ၿပီး ေရႊဂုဏ္ရံု /ၿမိဳ႔မရံု /ဆုထူးပန္ရံု/ သြင္ရံု ဘက္ ေတြ ကို သံုးေခါက္ေလာက္ေလ်ွာက္ပီးမွ သြင္ရံု ထဲ လက္မွတ္ဝယ္ ဝင္လိုက္ပါတယ္။ စူးစမ္းလိုတဲ့ စိတ္ပဲမို႔ သည္တစ္ခါ ၅ိ/- တန္းကဝယ္ ေနာက္ဆံုးမွာ ထိုင္ေနလိုက္တယ္။ ေန့လယ္ပြဲစဉ္မို႔ လူ အေတာ္အသင့္ မ်ားပါတယ္။ ရံုထဲလည္း လူက တစ္တန္းမွာ ဆယ့္ေလး ငါးေယာက္ေလာက္ရိွမယ္.....ကြၽန္ေတာ့္နားမွာ ၂ခံု ျခား ၃ ခံုျခား လူေတြ ရိွတယ္ဗ်။ အတြဲေတြ ရိွတယ္၊ တစ္ေယာက္ခ်င္းေတြ ရိွတယ္။


ရုပ္ရွင္ စျပ ၿပီး မိနစ္ ၂၀ ခန႔္ အၾကာ ကြၽန္ေတာ့္နံေဘးကို ေလးခံုခန႔္အျခားမွာ ထိုင္ေနတဲ့ခံုက အကိုႀကီးတစ္ေယာက္ လာေျပာင္းထိုင္တယ္။

ဒီတစ္ခါ ေယာက္က်ားခ်င္းဆိုေတာ့ စိတ္က ေအးေဆးပါပဲ။


၅မိနစ္မၾကာဘူး ေပါင္ေပၚကို သူ႔လက္က ျပဳတ္က်သလို၊ မေတာ္တဆ လိုလို လာလာ ထိတယ္။ ကြၽန္ေတာ္ က တင္ထြဋ္ေျပာတဲ့ ေယာက္က်ားပံု အေျခာက္မ်ားလားလို႔ေတြးေနတုန္း ေပါင္ရင္းကို ေသျခာပြတ္ေနၿပီ။ ေနာက္တစ္ဆင့္တက္ခါနီး သူက ခပ္တိုးတိုး ေျပာတယ္.....

"အိမ္သာ သြားရေအာင္....."


ကြၽန္ေတာ္က သူ႔ပံုစံ အေနအထား၊ ဘာအတြက္လဲ ၊ ဘာလုပ္ဖို႔လဲ သြားရမလားမသြားရဘူးလား စဉ္းစားေနတုန္း သူထပ္ေျပာတယ္။

"လာ ေလ ညီေလး....."


ကြၽန္ေတာ္ ထ လိုက္သြာတယ္ဗ်။


အိမ္သာ ထဲ ေရာက္ေတာ့မွ ဘြားကနဲ လူ ၄ ေယာက္ေလာက္ကိုေတြ့တယ္။ အိမ္သာေတြ အားရဲ့နဲ႔ အျပင္မွာ မတ္တပ္ရပ္ေနၾကတာ။ ကြၽန္ေတာ္ကိုေခၚလာတဲ့ အကိုက ရုပ္သန႔္သန႔္ မာတင္အျဖဴေလးကို ပေလကပ္ ကြက္စိပ္ေလးဝတ္ထားတယ္၊ ေခါက္ထီး ခိုထီးေလးလဲ ကိုင္ထားတယ္။ သူက ေဒါင့္စြန္းက အိမ္သာထဲ တန္းဝင္ၿပီး ကြၽန္ေတိာ့ကို အထဲက လွမ္းေခၚတယ္။ ကြၽန္ေတာ္ မဝင္ရဲဘူး လူေတြ ရိွေနတယ္ေလ။


သူက ဘာမွ မထူးဆန္းသလို ေခၚေနတုန္း ရပ္ေနတဲ့ ကုလားစင္ တစ္ေယာက္က

"သြားေလ ညီေလး အကိုတို႔ ၾကၫ့္ေပးထားမယ္"


ကြၽန္ေတာ္ ထိတ္ကနဲ ေတာ့ျဖစ္သြားတယ္ ေယာင္ေယာင္နန ေသးေပါက္တဲ့ ေနရာ ရပ္ေသးေပါက္လိုက္တယ္ ၾကၫ့္ေပးထားမယ္ဆိုတဲ့ ကုလားစင္လိုလူက ပုဆိုးမလိုက္တာ အမေလး နဲနဲေနာေနာလား....  ။


ကြၽန္ေတာ္ျပန္ထြက္လာတယ္ ပထမဆံုးေတြ့တဲ့ အေပါက္က ဝင္ လိုက္တာ ေရ႔ွဆံုးတန္းခံုမွာ ထိုင္ခံုေပၚက လူက ေပါင္ကားထားတယ္ ေပါင္ၾကားထဲ ေခါင္းဝင္ေနတာက ေယာက္က်ားလား မိန္းမလားမသဲကြဲဘူး......။


ကြၽန္ေတာ္က ေနာက္ဆံုးတန္းထိ ကိုယ့္ေနရာျပန္လာထိုင္လိုက္တယ္။ ၁၅ မိနစ္ေလာက္ေနတာ့ ကြၽန္ေတာ့္ကိုေခၚတဲ့ အကို ျပန္ေရာက္လာတယ္။ ကြၽန္ေတာ့္ကို ရုပ္ရွင္ၿပီးရင္ လက္ဖက္ရည္ေသာက္ရေအာင္တဲ့၊ ကြၽန္ေတာ္က ဘာမွ အေျဖမေပးဘဲ ၿငိမ္ေနရင္း ရုပ္ရွင္ ၿပီးခါနီး ထြက္ဖို႔ ထလာလိုက္တယ္။

အဲ့အကို ကြၽန္ေတာ့္ေနာက္က ကပ္ပါလာတယ္။

အမွန္ေျပာရရင္ ပန္းဆိုးတန္းမွာ သူ လက္ဖက္ရည္တိုက္လို႔ ေသာက္ခဲ့ရတယ္ အလံုကလို႔ေျပာတယ္။


အဲ့သည္ေနာက္ပိုင္း ကြၽန္ေတာ့္စိတ္က ရုပ္ရွင္ရံုထဲ ျမင္ေတြ့ခဲ့ရတဲ့ ပံုစံ အေနအထားေတြဟာ ေနာက္ထပ္ ေနာက္ထပ္ သြားဖို႔ လႈံ႔ေဆာ္ခံခဲ့ ရတယ္ဆိုတာ ေျပာပါရေစ။

ဘာမွ မျဖစ္ဘဲ အႀကိမ္ေပါင္းမ်ားစြာ ကြၽန္ေတာ္သြားခဲ့တယ္။

တစ္ရက္မွာေတာ့ ဆုထူးပန္လား ဂုဏ္လားမမွတ္မိေတာ့ပါဘူး လက္မွတ္ဝယ္ဖို႔တန္းစီ လိုက္ခ်ိန္မွာ..

‘ညီေလး အကို႔ဖို႔ ပါ တစ္ေစာင္ဝယ္ေပးပါလား’ဆိုၿပီး လူတစ္ေယာက္က ၁၀ က်ပ္တန္ တစ္ရြက္ထုတ္ေပးတယ္။ ကြၽန္ေတာ္ဝယ္တဲ့ ငါးက်ပ္တန္းကေန ၂ေစာင္လို႔ေျပာလိုက္ေတာ့ လက္မွတ္ ပန္းေရာင္ေလး ၂ေစာင္ေပးတာမို႔ ကြၽန္ေတာ္ သူ႔ကို ၁၀တန္ ေပးလိုက္ၿပီး၊ လက္ထဲက ၅ က်ပ္တန္နဲ႔ သူ႔ကို ျပန္လဲလွယ္ ေပးလိုက္တယ္။

အတူဝယ္တဲ့ လက္မွတ္မို႔  ထိုင္ခံုက တြဲလ်က္ ထိုင္ရပါတယ္။ သူက စထိုင္ကတည္းက ကြၽန္ေတာ့္ကို ကြက္ၾကၫ့္ကြက္ၾကၫ့္ပါပဲ။

ရုပ္ရွင္ စ ျပၿပီးမၾကာခင္ ဇာတိျပပါၿပီ။

သူစတာက တစ္မ်ိဳးဗ်။ လက္ကေလးလာထိလိုက္ ေနာက္ဆုတ္သြားလိုက္၊ တစ္ခုခု ကုန္းေကာက္သလို ကြၽန္ေတာ့္ ေဘးဘက္ကပ္ၿပီး ကိုယ္ကိုကိုင္းလိုက္၊ ကြၽန္ေတာ္ရီခ်င္လာသလို ခံစားရတဲ့အခ်ိန္မွာပဲ သူက စကားစေျပာတယ္။

"ညီေလးက ခ်စ္ဖို႔ အရမ္းေကာင္းတယ္....."

ကြၽန္ေတာ္လည္း သူ႔ကို စိတ္ဝင္စားသလို ရိွပါတယ္ မလိမ္ပါဘူး။

သူက လက္ကေလးလာကိုင္ေတာ့ မရုန္းမိဘူး။ ကြၽန္ေတာ့္လက္ကိုလႊတ္ခ်ၿပီး ထံုးစံအတိုင္း ေပါင္ၾကား လာႏိႈက္ပါၿပီ။

အေနအထားက အနီးနားခံုေတြရိွ အတြဲေတြနဲ႔  လူေတြကလည္း ထလိုက္ ထြက္သြားလိုက္ ျပန္ဝင္လာလိုက္။ ကြၽန္ေတာ္ အဲ့အခ်ိန္ ဆရာႀကီးပံုစံ နဲ႔ ဟိုတစ္ခါ အိမ္သာဘက္ေခၚသလို သူ႔ကို ေခၚ ၿပီးထသြားတယ္။ သူလဲ လိုက္လာတယ္။ ကိုယ္က ဟိုတစ္ခါ ရံုထဲက အိမ္သာလို လူေတြ ရိွေနမယ္မထင္ဘူးရယ္။


မွားတာဘဲ… ဘယ္ေလာက္ေတာင္လဲဆိုရင္ အိမ္သာအားလံုးက တံခါးေတြ ပိတ္ၿပီး လူရိွေနပါတယ္။ အေပါ့သြားတဲ့ နားမွာ ျမင္လိုက္ရတာ ကေတာ့ လူရြယ္ငါးေယာက္ခန႔္ရပ္ေနၿပီး မသိမသာ လက္ေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ အသြားအလာ လုပ္ေနပါတယ္။ ပူပူထူထူ နဲ႔ ခပ္တည္တည္ရပ္ေနတုန္း ကြၽန္ေတာ့္ေနာက္ကလိုက္လာတဲ့အကိုက ကြၽန္ေတာ့္ေပါင္ၾကားကို လာစမ္းျပန္ပါတယ္။ ကြၽန္ေတာ္ရွက္ၿပီး အဝနားရပ္လိုက္ခ်ိန္ အိမ္သာတစ္လံုးတံခါးဖြင့္လာၿပီး လူရြယ္ႏွစ္ေယာက္ခပ္တည္တည္ပဲ ထြက္လာပါတယ္။ ကြၽန္ေတာ္ကသာ အံ့ၾသသလို ရိွေပမယ့္ က်န္လူေတြက ဘာမွမထူးဆန္းသလို၊ မတ္တပ္ရပ္ေနတဲ့ လူေတြထဲက ႏွစ္ေယာက္ ခပ္သြက္သြက္ဝင္သြားပါတယ္။


ကြၽန္ေတာ္လည္း ရံုထဲျပန္ဝင္လာၿပီး ေဘးေလ်ွာက္လမ္းကေန တစ္ေလ်ွာက္လံုး ထိုင္ခံုေတြကို မ်က္စိကစားၾကၫ့္ေတာ့ ေခါင္းစိုက္သူ၊ ခြ ထိုင္သူ ပံုစံမ်ိဳးစံုကို အေမွာင္ေတြၾကားထဲ ေဝေဝဝါးဝါး ေတြ့ရပါတယ္။

ကြၽန္ေတာ္က လိုက္ၾကၫ့္လို႔ျမင္ေပမယ့္ အမွန္တကယ္ ရုပ္ရွင္သာၾကၫ့္တဲ့ အတြဲ၊ လူတစ္ခ်ိဳ႕လဲ ႀကိဳၾကားရိွေနပါတယ္။ ကြၽန္ေတာ္ေျပာျပေန တာက မသိရင္ ဒါမ်ိဳးေတြအကုန္ ရုပ္ရွင္ရံုထဲမွာလို႔ ထင္မွတ္မွာစိုးလို႔ပါ။

ေနာက္ဆံုးခံုျပန္ထိုင္ေတာ့ ကြၽန္ေတာ္နဲ႔ အတူထိုင္တဲ့အကို ျပန္လာထိုင္ၿပီး ခ်က္ခ်င္းဆိုသလို ေပါင္ၾကားထဲ လက္ေရာက္လာကာ မၾကာခင္မွာဘဲ ရံုထဲက ထိုင္ခံုမွာတင္ပဲ ကိစၥၿပီးဆံုးခဲ့ရပါတယ္။

ရုပ္ရွင္လည္းၿပီးေရာ ကြၽန္ေတာ္ရွက္သလို  ရြံ႔သလို နဲ႔ လူေတြၾကားတိုးထြက္ ကားဂိတ္အေျပးသြားျပန္ခဲ့တယ္။

ေနာက္ပိုင္း ကြၽန္ေတာ္ အခ်ိန္ရရင္ရသလို ၿမိဳ႔မ / ဂုဏ္/ သြင္ နဲ႔ ဆုထူးပန္ ရုပ္ရွင္ရံုေတြမွာ က်င္လည္ခဲ့ဘူးတာ ဝန္ခံပါတယ္။


အဲ့သည္ႏွစ္က ကြၽန္ေတာ္ ဆယ္တန္းစာေမးပြဲ က်ပါတယ္။


ေနာက္တစ္ႏွစ္စာေမးပြဲအတြက္ ကြၽန္ေတာ္ ၿမိဳ႔ထဲကို တစ္လ တစ္ေခါက္၊ ရုပ္ရွင္ရံုကို တစ္လ တစ္ေခါက္ေတာင္မေရာက္ဘဲ စာႀကိဳးစားခဲ့ပါတယ္။

ခက္တာ စိတ္က စာထဲႏွစ္ထားေပမယ့္ တစ္ခါတစ္ခါေတာ့ သြားခ်င္စိတ္ျပင္းျပလြန္းပါတယ္။

သည္လိုနဲ႔ အဆက္အစပ္ အေတာ္ျပတ္သြားတယ္။


ေနာက္…ဒုတိယအႀကိမ္စာေမးပြဲ ေျဖၿပီးၿပီးခ်င္း ပထမဆံုးသြားခဲ့တာ ဗိုလ္ခ်ဳပ္လမ္းမေပၚက ရုပ္ရွင္ရံု သံုးရံုကို အခ်ိန္ဆက္တိုက္ဝင္ၿပီး ထင္တိုင္းက်ဲ ခဲ့ပါေတာ့တယ္။

တစ္ႏွစ္နီးပါးမေရာက္တဲ့ ၾကားကာလမွာပဲ ရုပ္ရွင္ရံုထဲမယ္ လိင္တူႏွစ္သက္သူမ်ား နဲ႔ ျပၫ့္တန္ဆာေတြ ထင္သေလာက္ သိပ္မရိွေတာ့ဘူး။

ေနာက္ သံုးရက္ျခားေလာက္မွာ ေန့လည္ပြဲ ရုပ္ရွင္ကျပေနခ်ိန္ လက္မွတ္ဝယ္ၿပီးဝင္မယ္လုပ္ေတာ့ ပါတိတ္ဝမ္းဆက္နဲ႔ မိန္းမပံု မိန္းမလ်ွာက ခပ္သုတ္သုတ္ လိုက္ကာ မထြက္လာၿပီး

"ဟဲ့ ဟဲ့ လာ လာ ဂဠုန္ေတြ ေရာက္ေနတယ္....."


ကြၽန္ေတာ့္ကို လက္ယပ္ေခၚၿပီး ရံုအျပင္ ဘာဂ်ာတံခါး သူ႔ဖာသာဖြင့္ထြက္သြားေပမယ့္ ကြၽန္ေတာ္က ဘူမသိ ကိုးမသိ အထဲကို ဝင္ျဖစ္ေအာင္ ဝင္ လိုက္ပါတယ္။

လူသိပ္မမ်ားပါဘူး။ အေျခအေနကို လွၫ့္ပတ္ၾကၫ့္ၿပီး လက္မွတ္ေပၚက ခံုနံပါတ္ကို ရွာထိုင္လိုက္တာ ကံေကာင္းတာပါပဲ။

ေနာက္ဆံုးတန္းကေန ဓာတ္ခဲသံုးေထာင့္ထိုး လက္ႏိွပ္ဓာတ္မီးနဲ႔ လူေတြထိုး လက္မွတ္စစ္တာပါ။ ရံုေစာင့္ရယ္၊ အဲ့အခ်ိန္က ဂဠုန္လို႔ေခၚတဲ့ ျမဴနီစပယ္ရဲရယ္၊ လက္မွတ္စစ္ရယ္ကို လူေတြစစ္ေဆးေနတာေတြ့ရပါတယ္။ ရင္ေတြလဲတုန္ ေၾကာက္လဲေၾကာက္ စိတ္ထဲက ငါ့ကိုမ်ား ခဏခဏလာလို႔ သိေနမလား၊ ဖမ္းမလား ခုမျွပန္ထြက္လည္း ဓာတ္မီးနဲ႔ထိုး လိုက္ဖမ္းမလား ေခြၽးအေတာ္ျပန္ေနပါေရာ။

မၾကာပါဘူး ဆူညံဆူညံၾကားရတာက ကုလားမျပၫ့္တန္ဆာမကို ဖမ္းတာ ရုန္းရင္းဆံခတ္ေအာ္ဟစ္ဆူညံေနတာပါပဲ။ ေနာက္ဆံုး ရံုအျပင္ကို ဆြဲထုတ္သြားတာေတြ့ၿပီး မၾကာခင္ ေနာက္ႏွစ္ေယာက္ကို ထပ္စစ္ပါတယ္။


ကြၽန္ေတာ့္မ်က္ႏွာကို မသိမသာ လက္ႏိွပ္မီးထိုးၾကၫ့္ၿပီး လက္မွတ္ျပခိုင္းပါတယ္ ၿပီးေတာ့ျပန္ေပးပါတယ္။

"လက္မွတ္မွာပါတဲ့ ခံုပဲထိုင္ေနာ္ ေနရာေလ်ွာက္မေျပာင္းနဲ႔ေနာ္....."

ဟုေလသံ ခပ္မာမာေျပာတယ္ဗ်။ ကြၽန္ေတာ္လည္း ေၾကာက္ၿပီး လႈပ္ေတာင္မလႈပ္ရဲဘဲ ရုပ္ရွင္အၿပီး အေပါ့သြားမွပဲ စိတ္ေအးရေတာ့တာပါ။

"ဟာ ငါ့ညီ ေပ်ာက္ေနပါလား....."

ကြၽန္ေတာ့္ ပုခံုးကိုလက္နဲ႔ပုတ္ေခၚလိုက္တာေၾကာင့္ အေတာ္လန႔္သြားတာပါ။ ေနာက္ ေသျခာစဉ္းစားမွ ကြၽန္ေတာ္ႏွင့္အတူ လက္မွတ္ဝယ္ထိုင္ခဲ့ဖူးတဲ့အကိုျဖစ္ေနတယ္။

အမွန္ေတာ့ သူ ရံုထဲေစာေရာက္ၿပီး ဂဠုန္ေတြေၾကာင့္ သူလဲေနရာကမထဘဲ တစ္ေနရာမွာရိွေနတာလို႔ ရံုအျပင္ ေရာက္မွေျပာျပပါတယ္။

အဲေန့က ဆူေလးလမ္း၊ ေက်ာက္တံတားရဲစခန္းနား ေရ႔ွေဆာင္ရံုနံေဘးက တိုက္ေလွကားမွာဖြင့္တဲ့ လက္ဖက္ရည္ဆိုင္အတူထိုင္ စကားေျပာျဖစ္ေတာ့ အခုလထဲမွာ ‘ ျပၫ့္တန္ဆာနဲ႔ မိန္းမပံု မိန္းမလ်ွာေတြ ရုပ္ရွင္ရံုထဲ အလြန္အမင္း မဆင္မျခင္ ေသာင္းၾကမ္းေနတယ္၊ အာသာလာေျဖတဲ့ေယာက္က်ားေတြနဲ႔ လူျမင္မေကာင္းစြာ ဆက္ဆံေနလို႔ ဖမ္းဆီးေပးပါ’လို႔ တိုင္သူမ်ားတာေၾကာင့္ ရက္ဆက္ ပြဲဆက္ ဆိုသလို ဝင္ဝင္ဖမ္းတယ္လို႔ သိရပါတယ္။

သူ႔အေျပာအရ မေန့ကဆို အိမ္သာထဲေရာက္ လိင္တူအတြဲေတြကို အျပင္ထြက္ခိုင္းၿပီး မိဘေခၚ ခံဝန္လက္မွတ္ထိုးထုတ္ရတယ္လိုလည္း ေျပာျပလို႔ ၾကက္သီးေတြထၿပီး လအေတာ္ၾကာ အဆတ္ျပတ္သြားျပန္တယ္။

ဒါေပမယ့္လည္း စိတ္ကမရိုးမရြ ေရာက္တဲ့အခါေတြ ရိွပါတယ္။


ေနာက္ရုပ္ရွင္ရံုေတြကေတာ့ ယခု တာေမြ Ocean နားက မရိုးဆန္းရံုနဲ႔ တာေမြအဝိုင္းနားက ေရႊဗဟိုရ္ ရံုေတြဟာလည္း လိင္တူေတြေပ်ာ္ပါးရာ ရုပ္ရွင္ရံုေတြအျဖစ္ ထင္ရွားခဲ့ပါေသးတယ္။

ပြဲစဉ္တိုင္း ေနာက္ဆံုးတန္းေတြဟာ လိင္တူ၊လိင္ကြဲ၊ျပၫ့္တန္ဆာေတြရဲ့ ေပ်ာ္ပါးရာ အေမွာင္ရိပ္ေတြပါ။

တစ္ခ်ိဳ႕မ်ားဆို အနီးအနားမွာတင္ မ်က္ဝါးထင္ထင္ေတြ့ရတာေတြရိွသလို ယိုသူမရွက္ ျမင္သူရွက္ ပံုစံေတြလဲ အတပ္ေတြ့ရပါေသးတယ္။

ယခင္ေရႊဗဟိုရ္ရံုဟာ အမ်ိဳးသားအိမ္သာသြားတဲ့ ေဘးေလ်ွာက္လမ္းဟာသီးသန႔္မို႔ လိင္တူေတြ စႂကၤတေလ်ွာက္ရပ္ၿပီး အထာေပး၊ အိမ္သာထဲဝင္ အလုပ္ျဖစ္ၾကတာမ်ားပါတယ္။

မရိုးဆန္းက်ေတာ့ လိင္တူ၊ မိန္းမလ်ွာ မရိွသေလာက္နည္းၿပီး ျပၫ့္တန္ဆာမိန္းမ အရြယ္စံုက်င္လည္တာမ်ားပါတယ္။ ရံုေရ႔ွမွာ ကြမ္းယာ ေဆးလိပ္သည္မွအစ မုန႔္ပဲသြားေရစာ ေရခဲေရေရာင္းတဲ့ အမ်ိဳးသမီးေတြဟာ အစားအေသာက္ထက္ ျပၫ့္တန္ဆာေခါင္းေတြအျဖစ္ ပြဲခယူ ရွာေဖြေပးတာကေတာ့ နာမည္ႀကီးပါပဲ။


ေနာက္ပိုင္းေတာ့ ၿမိဳ႔ထဲက ရုပ္ရွင္ရံုအေတာ္မ်ားမ်ားဟာ ရံုအေနအထားျပင္ဆင္မႈ႔ေတြ၊ ဖမ္းဆီးမႈေတြေၾကာင့္ ႀကိဳၾကား ႀကိဳၾကားေလာက္သာ လုပ္ကိုင္ၾကသလို လိင္တူႀကိဳက္ေတြကလဲ အတင့္ရဲရဲ သိပ္မလုပ္ၾကေတာ့ပါဘူး။

သည္အထဲမွာ ေမာ္တင္နား စံျပရုပ္ရွင္ရံုကေတာ့ သိပ္နာမည္မထြက္ေပမယ့္ လိင္တူအတြဲေတြ ေအးေဆး ကလူ၏သို႔ျမဴ၏သို႔ သြားတတ္တဲ့ ရံုတစ္ရံုလည္း ျဖစ္ပါတယ္။

ေျမနီကုန္းကရုပ္ရွင္ရံု နဲ႔ ယခု သီတာလမ္းနားကရုပ္ရွင္ရံုေတြကေတာ့ ရံဖန္ရံခါေလာက္သာေရာက္ျဖစ္လို႔ တိတိပပမသိပါဘူး။ ဒါေတာင္ သီတာလမ္းရံု(ယခု မဂၤလာအဆင့္ျမင့္)ရံုေတြဟာ ကုလားသီးသန႔္လို႔ေတာင္ေျပာရမလို ကုလားႀကိဳက္တဲ့ လိင္တူေတြ အႀကိဳက္ရွာေဖြႏိုင္တဲ့ ေနရာလို႔ ေျပာသံေတာ့ၾကားဘူးပါတယ္။

ႏွစ္ကာလရွည္စြာ မျပဳမျပင္ဘဲ လိင္တူႀကိဳက္ႏွစ္သက္သူေတြက်က္စားဆဲ ေရႊဗဟိုရံုကေတာ့ ၂၀၀၈ ခုေလာက္ထိ ညပြဲစဉ္ေတြမွာ အံုးအံုးက်က္က်က္ပါ။

အခုေတာ့ အဆင့္ျမင့္ရံုေတြအျဖစ္ေျပာင္းလဲသြားတဲ့ေနာက္ပိုင္း ရုပ္ရွင္ရံုဇာတ္လမ္းေတြ မရိွသေလာက္ ရွားသြားမယ္ထင္ပါတယ္။

ေခတ္မွီလာတာနဲ႔အမ်ွ အဆင့္ျမင့္ Guest house ေတြဟာ အခ်ိန္ပိုင္းသာယာႏိုင္ေတာ့ ရုပ္ရွင္ရံုထဲ က်င္လည္ရတာထက္ ပိုၿပီး အဆင့္အတန္းျမင့္လာၾကတယ္လို႔ယူဆရမွာေပါ့ေလ။



ေရးသားမ်ွေဝေပးသူ - ကိုသုတလုလင္ (ကိုေက်ာ္စြာ)

အမွာစကား (မည္သၫ့္ေနရာမဆို sex ျဖစ္လ်ွင္ Condom မျဖစ္မေနသံုးျခင္းျဖင့္ မိမိေရာ သူမ်ားကိုပါ ကာကြယ္ပါ)။

No comments: