Saturday, September 25, 2021

လိင်တူချင်း လက်ထပ်ခွင့်ဥပဒေပြဿနာ၏ အဖြေ

 လိင်တူချင်း လက်ထပ်ခွင့်ဥပဒေပြဿနာ၏ အဖြေ




#Same_Sex_Marriage

#လိင်တူချင်းလက်ထပ်ခွင့်ဥပဒေ

#Legal_Informations


(လိင်တူချင်း ချစ်ကြိုက်တာကိုပင် အပစ်တင်ရှုံ့ချနေတဲ့ လူ့ဘောင်မယ် လက်ထပ်ပေါင်းသင်းခြင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးဖို့များ တောင်းဆိုလိုက်ပါက ရေနွေးအိုးပွက်ပွက်ဆူသလို သောသောညံနေမှာသေချာပါတယ်။ လွတ်လပ်ပွင့်လင်းပါတယ်ဆိုတဲ့ အနောက်နိုင်ငံ များမှာတောင် ကန့်ကွက်နေကြဆဲပါ။ သို့သော်လည်း ဥပဒေရေးရာဗဟုသုတအနေနဲ့ သိထားရအောင် ပြန်လည်ဝေငှပါရစေ။ Sexual Orientation စကားလုံးအဓိပ္ပာယ်ဖွင့်ဆိုရေးသားထားသည်များက မူရင်းရေးသားသူ စာရေးဆရာရဲ့ အာဘော်သာဖြစ်ပါကြောင်း အသိ ပေးပါရစေ။)


Venus News Weekly ၊ ၂၀၁၃ခုနှစ် မေလ ၃၀ရက်နေ့ထုတ် အချပ်ပိုစာမျက်နှာ H ပါ သတင်းအရ သိရတာကတော့ ပြင်သစ်နိုင်ငံမှ လိင်တူချင်းလက်ထပ်ခွင့်ကို ခွင့်ပြုသောဥပဒေအား သမ္မတက အတည်ဖြစ်ရန် လက်မှတ်ရေးထိုးကြောင်း သိရပါတယ်။ ဒီကိစ္စကို မကျေနပ်လို့ လူဦးရေ သိန်းဂဏန်းကျော်ကျော်က အကြီးအကျယ် ဆန္ဒပြကြောင်းနှင့် မိမိကိုယ်ကိုယ် သတ်သေဆန္ဒပြသူပင်ရှိကြောင်း သိရပါတယ်။ ဒီတော့ တော်တော့်ကို ပြင်းပြင်းထန်ထန် သဘောမတူမှုတွေ ဖြစ်ကြပါတယ်။


တချို့ကလည်း ဒီကိစ္စကို သဘောတူပါတယ်။ ဒီတော့ သဘောထားကွဲပြားမှု နက်ရှိုင်းလွန်းလှပါတယ်။ ဘယ်ဘက်ကမှားပြီး ဘယ်ဘက်က မှန်သလဲဆိုတာလို့ ဆောင်းပါးရှင် စာရေးဆရာတစ်ယောက်က ရေးရင်လည်း ဒီကိစ္စဟာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သဘောထားအာဘော်တွေ အများကြီးပေါ်ပေါက်နိုင်ပါတယ်။ သို့ပါသောကြောင့် စာရှုသူအပေါင်းတို့သည် မိမိတို့ဘာသာ အဖြေထုတ်နိုင်ရန် သတင်းအချက်အလက်အချို့ကို တင်ပြလိုပါတယ်။


တစ်ခါက အသက် ၁၇နှစ် နှင့် ၁၅နှစ်အရွယ် အသီးသီးရှိကြသော ကျွန်တော်၏ သမီးနှစ်ယောက်သည် သူတို့၏အဒေါ်ဖြစ်သူ ထိုင်းနိုင်ငံ သို့ ဘုရားဖူးသွားရာတွင် အဖော်အဖြစ် ဘန်ကောက်မြို့သို့လိုက်သွားကြပါသည်။ ပြန်လာတော့ သမီးကြီးက ကျွန်တော့်အတွက်ဟုဆိုကာ ဘန်ကောက်မှ ၀ယျလာသော တီရှပ်သုံးထည် လက်ဆောင်ပေးသည်။ ငယ်ငယ်ကတည်းက ဖအေနား အလွန်ကပ်ပြီး ဖအေကိုလည်း နောက်တတ်သည့် သမီးငယ်ကတော့ ဖေဖေကြီးအတွက် သမီးလည်းလက်ဆောင်ဝယ်လာတယ်ဟုပြောရာ ကျွန်တော်က ဟုတ်လား သမီး ဟု အလိုက်သင့်ပြန်ပြောတော့ သမီးဝယ်လာတဲ့လက်ဆောင်က ဖေဖေအကြိုက်ကလေးတွေဟုပြောပြီး ဓာတ်ပုံတစ်ပုံကို ထုတ်ပေးပါ တော့သည်။ ကျွန်တော်က ဓာတ်ပုံကိုကြည့်တော့ အောင်မလေးဟဲ့ဟုပင် ပါးစပ်မှယောင်၍ထွက်သွားပါသည်။


ဓာတ်ပုံထဲမှာက ရေကူးဝတ်စုံနှင့် ခန္ဓာကိုယ်အလှကို အထူပြသထားသည့် အလွန်ချောသော မိန်းကလေးငါးယောက်လောက် စင်ပေါ်တက်၍ သီချင်းဆိုနေသည့်ပုံ ဖြစ်ပါသည်။ ၄င်းမိန်းကလေးများသည် မျက်နှာရော၊ ကိုယ်လုံးကိုယ်ပေါက်ရော၊ ကိုယ်ဟန် အနေအထားရော ပြောစရာ မရှိအောင်လှသည့် ခြောက်ပစ်ကင်းသဲလဲစင် အလှဟုဆိုင်နိုင်ပါသည်။ ကျွန်တော့်ပါးစပ်က အောင်မလေးဟဲ့ဟု ယောင်၍ အသံထွက်သွား ခြင်းမှာ သူတို့၏အလှကို ရင်ဖိုသွား၍ဟု စာဖတ်သူတို့ ကျွန်တော့်အား အထင်မလွဲ စေလိုပါ။ ကျွန်တော်၏ အသက်အရွယ်သည် ရင်ခုန်ရမည့် အရွယ်မဟုတ်။ ၁၅နှစ်သမီးက ဖအေကို ဒီလိုမျိုးလက်ဆောင်ပေးတော့ လန့်သွားတာပါ။ နောက်စရာရှားလို့ ကိုယ့်ဖအေကို ဒီလိုနောက်ရသလားဆိုပြီး သမီးငယ်ကို ဆုံးမလိုက်ရသေးသည်။ သမီးငယ်က ဆက်၍ပြောသည်မှာ ဖေကြီး၊ သူတို့က ယောက်ျားဘ၀ကနေခွဲစိတ်ပြီး မိန်းမဘ၀ကို ပြောင်းထားတာ ဟုပြောပြပါသည်။


ပြီးတော့

သူတို့က ပွင့်ပွင့်လင်းလင်းပဲ၊ သူတို့ခွဲစိတ်ခဲ့ပြီး လိင်ပြောင်းထားတာလို့လည်း ပြောင်ပြောင်တင်းတင်းပြောတယ်။ ဓာတ်ပုံလည်း အရိုက်ခံ တယ်။ သူတို့ရဲ့ဘ၀မှန်ကို ဘယ်သူဘာပြောပြော သူတို့က ပြဿနာမရှိဘူး ဟု သမီးငယ်က ကလေးတစ်ဦးအနေနှင့် သူသိသလောက် တိုတိုတုတ်တုတ်ပြောလိုက်သော်လည်း သူ့စကားအရ ထိုင်းနိုင်ငံ၏ ကျန်းမာရေးအခြေအနေအဆင့်အတန်းတစ်ခုကို ကျွန်တော် ချက်ချင်း အကဲခတ်လိုက်ပါသည်။


ဘယ်လိုအကဲခတ်လိုက်တာလဲ ရှင်းပြပါမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေး(Health)ကို အဓိပ္ပာယ်သတ်မှတ်သည်မှာ ကျန်းမာခြင်းဟူသည်မှာ ရောဂါကင်းရှင်းနေရုံသာမဟုတ်၊ ကိုယ်၏ ကျန်းမာခြင်း(ကာယသုခ)၊ စိတ်၏ချမ်းသာခြင်း(စိတ္တသုခ)တို့အပြင် လူမှုရေးသုခနှင့်ပြည့်စုံနေခြင်းဖြစ်သည်။ ဒီတော့ ယောက်ျားဘ၀နှင့် မိန်းမစိတ်ပေါက်နေသူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။


သူ့မှာ ရောဂါကင်းရှင်းနေမယ်ဆိုပါစို့။ ဒါဆိုရင် ကာယသုခတော့ရှိပါမယ်။ ဒါပေမဲ့ ဖြစ်ချင်တဲ့မိန်းမဘ၀ကို တကယ်မဖြစ်ရှာဘူး။ ဒီတော့ မချမ်းသာဘူး။ ဒီတော့ စိတ္တသုခနဲ့ မပြည့်စုံဘူး။ ဒါတင်ဘယ်ကမလဲ ပတ်ဝန်းကျင်ကလည်း သိပ်ပြီးအဖက်မလုပ်ဘူး၊ မိန်းမလျာ (ဘန်းစကားနဲ့ ဆိုရင် အခြောက်)ဆိုပြီး ပစ်ပယ်ထားမယ်။ ဒီတော့ လူမှုရေးသုခနဲ့ မပြည့်စုံတော့ဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (WHO) ရဲ့သတ်မှတ်ချက်နဲ့ ချိန်ထိုးကြည့်ရင် ကာယသုခနဲ့ပြည့်စုံတယ်။ စိတ္တသုခနဲ့ လူမှုရေးသုခ မပြည့်စုံဘူး။ ဒီတော့ မိန်းမလျာတွေကို မကျန်းမာကြရှာဘူး ပြောနိုင်ပါ တယ်။ လူတွေနားလည်တဲ့ ကျန်းမာခြင်းဆိုတာကလည်း ရောဂါမရှိဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတာကိုး။ လူရာမ၀င် လူဝင်ဆံ့မဆံ့ဆိုတဲ့ အချက် လည်းပါသေးတယ်ဆိုတာ လူတွေ သိပ်မသိကြပါဘူး။


ဒါပေမဲ့ ထိုင်းနိုင်ငံမှာ ကျွန်တော့်သမီးငယ်တွေ့ခဲ့တဲ့ စင်ပေါ်တက်ပြီး သီချင်းဆိုတဲ့ ရေကူးဝတ်စုံဝတ်၍ ကျားဘ၀မှ မဘ၀သို့ ပြောင်းထား ကြသူများကတော့ သိပ်လှပြီး မြင်သူငေးနေရတယ်။ ရောဂါမရှိဘူး။ ဒီတော့ ကာယသုခနဲ့ ပြည့်စုံနေပြီး ခွဲစိတ်လိင် ပြောင်းထားလို့ ဖြစ်ချင်သလို ဖြစ်လာရပြီဆိုတော့ စိတ်ချမ်းသာပြီပေါ့။ စိတ္တသုခနဲ့ပြည့်စုံပြီး သူတို့က သူတို့အကြောင်းကို ပွင့်ပွင့် လင်းလင်း  ပတ်ဝန်းကျင်မှာ ချပြရဲတယ်။ ပတ်ဝန်းကျင်နဲ့လည်း ပြဿနာမရှိဘူးဆိုတော့ လူမှုရေးသုခနဲ့လည်း ပြည့်စုံပြီပေါ့။ ဒီတော့ သူတို့ကျန်းမာကြသည်။ ဒီလို ကျန်းမာရေးအနေ အထားတစ်ခုကိုရောက်ဖို့ ပတ်ဝန်းကျင်၏ နားလည်ပေးမှု Understanding နဲ့လည်းဆိုင်တယ်။


ထိုင်းနိုင်ငံက လိင်တူချစ်သူတွေရဲ့ ကျန်းမာရေးက မြင့်မားနေပါပြီ။ ဘာကြောင့်လဲဆိုရင် ဘန်ကောက်မြို့မှ ပြန်လာတဲ့ ၁၅နှစ်အရွယ် ကျွန်တော့်သမီးအဆိုအရ ဘန်ကောက်မှာ ယောက်ျားဘ၀မှ မိန်းမဘ၀သို့ ခွဲစိတ်လိင်ပြောင်းထားသူတွေက ပတ်ဝန်းကျင်နဲ့ ပြဿနာမရှိဘူး။ ပတ်ဝန်းကျင်မှာ မသိမ်ငယ်ရ၍ ဖြစ်၏။


မကြာသေးမီက ဂျာနယ်တစ်စောင်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ကျားဘ၀မှ မဘ၀သို့ ခွဲစိတ်လိင်ပြောင်းသော အရေအတွက် အလွန်များပြားနေသည်ဟု ရေးခဲ့ရာ စာဖတ်သူတချို့က ပြဿနာတွေတော့ များကုန်ပါပြီဟု စုတ်သပ်နေကြသည်ကို တွေ့ခဲ့ဖူးပါသည်။ တကယ်တော့ ကျားဘ၀ကနေ ခွဲစိတ်လိင်ပြောင်းလိုက်သော အရေအတွက် များလာခြင်းသည် ပြဿနာများလာခြင်း မဟုတ်။ ပြဿနာ ဖြေရှင်းခြင်းများသာဖြစ်၏။


Problem များခြင်းမဟုတ်၊ Problem Solution များလာခြင်းသာဖြစ်ပါသည်။ ခွဲစိတ်လိင်မပြောင်းဘဲ ဒီအတိုင်းထားတော့ကော ၄င်းပုဂ္ဂိုလ် တို့သည် ယောက်ျားစိတ်ပြန်မပေါက်သည့်အပြင် ယောက်ျားအင်္ဂါနှင့် မိန်းမစိတ်ဖြစ်နေပြီး ပြဿနာများတော့၏။ ပြဿနာကတော့ လိင်တူ ဆက်ဆံခြင်း (Homo Sex) နှင့် လူမှုရေးပြဿနာအမျိုးမျိုးဖြစ်၏။ ၄င်းတို့ကို M.S.M (Men who have Sex with Men) ဟုခေါ်၏။ M.S.M တို့၌ HIV ကူးစက်မှုအန္တရာယ်လည်း မြင့်မားနေတတ်ပါသည်။ 


ကျွန်တော်သည် HIV ကာကွယ်ရေးစီမံကိန်း၌ တာဝန်ထမ်းဆောင်ဖူးသဖြင့် M.S.M ပေါင်းများစွာနှင့် ခင်မင်ရင်းနှီး အသိအကျွမ်းဖြစ်ခဲ့ဖူး ပါသည်။ များသောအားဖြင့် ၄င်း M.S.M တို့သည် အပယ်ခံများဖြစ်ကြပါသည်။ အနည်းဆုံးတော့ သူတို့ကို ဟားစရာဟု ယူဆကြပါသည်။ တချို့ကတော့ ကမ္ဘာပေါ်တွင် HIV ကူးစက်နှုန်းမြင့်မားအောင် လုပ်သူတွေထဲမှာ သူတို့လည်းပါတယ်ဟု အပြစ်တင်တတ်ကြပါသည်။ မြန်မာနိုင်ငံမှ M.S.M များတွင် တချို့မှာ ချမ်းသာပြီး ကံထူးကြပါသည်။ ဘာကြာင့်လဲဆိုတော့ ထိုင်းနိုင်ငံသို့ ကျွန်တော်သိရသလောက် ဘုရားဖူးလိုလိုသွားပြီး ခွဲစိတ်လိင်ပြောင်းခဲ့ကြပါသည်။ ဒီတော့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို ကိုယ်ရောက်ရပြီး အတိုင်းအတာတစ်ခုအထိတော့ စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့ လုံးလုံးလျားလျားတော့ မပျော်ရဲပါ။ ဘာကြောင့်လဲဆိုတော့ ငါတော့ မိန်းမလုံးလုံးဖြစ်ပြီဟေ့လို့ မကြေညာ ရဲပါ။ မိမိရဲ့ ပြောင်းလဲသွားတဲ့ဘ၀ကို ပတ်ဝန်းကျင်သို့ ပေါ်ပေါ်တင်တင် အသိမပေးရဲတာ ကျွန်တော်တို့ အသိမိတ်ဆွေထဲတွင် ရှိပါသည်။


တချို့က ပြောကြပြန်ပါသည်။ ကျား ဘ၀မှ မဘ၀သို့ ခွဲစိတ်လိင်ပြောင်းခြင်းသည် ဥပဒေအရ ပြစ်မှုမြောက်သည်ဟု ဆိုကြပြန်၍ အပယ်ခံ M.S.M တို့ခမျာ သွေးလန့်ကြရှာပါသည်။ တပ်လိုက်တဲ့ ဥပဒေပုဒ်မက အကြီးကြီးမှ တကယ့်ကို အကြီးကြီးပါ။ မြန်မာနိုင်ငံ ရာဇသတ်ကြီးခေါ် ပြစ်မှုဥပဒေ ၃၂၆တွင် လူတစ်ဦး၏ ကိုယ်အင်္ဂါတစ်ခုခုကို ပျက်စီးစေလျှင် ကျွန်းဒဏ်အထိ ပြဋ္ဌာန်းထားပါသည်။ ဒီတော့ ယောက်ျားလိင်အင်္ဂါကြီးကို ခွဲစိတ်ဖြတ်တောက်လိုက်တော့ ကိုယ်အင်္ဂါတစ်ခုကို ဖျက်ဆီးလိုက်တာပဲဆိုပြီး ဒီပုဒ်မကြီးတပ်လိုက်တော့ သွေးပျက်ကုန်ကြရှာပါသည်။ 


ကိုယ်အင်္ဂါကို ပျက်စီးစေခြင်းလား၊ ဆေးကုသခြင်းလား

လူတစ်ဦးနဲ့တစ်ဦး ရန်ဖြစ်၍ ဒေါသအလျှောက် ဓားနှင့်ခုတ်လိုက်၍ တစ်ဖက်လူ လက်ပြတ်သွားသော် ကိုယ်အင်္ဂါပျက်စီး၍ ဒုက္ခိတဖြစ်သွားသဖြင့် ပြစ်မှုဥပဒပုဒ်မ ၃၂၆နှင့် အကျုံးဝင်ပါသည်။ သို့သော် ဆီးချိုလူနာတစ်ယောက် ဆီးချိုအလွန်ပြင်းထန်ပြီး ခြောက်ထောက်အနာဖြစ်၍ ခြေထောက်ပုပ်သဖြင့် အသက်အန္တရာယ်ရှိ၍ ဆရာဝန်က ၄င်းခြေထောက်ကို ဖြတ်ရသော် ဒီကိစ္စက ကိုယ်အင်္ဂါကို ပျက်စီးစေခြင်းဟု အဓိပ္ပာယ်မမှတ်ဘဲ ဆေးကုသခြင်းဟု အဓိပ္ပာယ်သတ်မှတ်၍ ပုဒ်မ ၃၂၆နှင့် အကျုံးမ၀င်ပြန်ပါ။


ဒီတော့ M.S.M တစ်ယောက်ရဲ့ လိင်အင်္ဂါကို ဖြတ်တောက် လိင်ပြောင်းရာ၌ ဤကိစ္စသည် ဆေးကုသခြင်းဟု ယူဆနိုင်ပါသည်။ တကယ်တော့ ခွဲစိတ်လိင်ပြောင်းထားခြင်းကို တားမြစ်သော အထူးဥပဒမရှိသလို ခွင့်ပြုထားသာ ပြဋ္ဌာန်းချက်လည်း မရှိပါ။ ဤအမှုကိစ္စမျိုးကို တိုင်ကြား တရားစွဲဖူးခြင်းမရှိ၍ စီရင်ထုံးလည်း မရှိသေးပါ။ ပြစ်မှုမြောက် မမြောက်လည်း ပြောရန်ခက်ပါ၏။


တချို့သော ဥပဒေရေးရာ အငြင်းပွားမှုများတွင် ကိုးကားစရာ ဥပဒေရှာမတွေ့ဘဲ စီရင်ထုံးများကို ကိုးကားရပါသည်။ စီရင်ထုံးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သော တရားရုံးချုပ်၏ စုံညီစုရုံးကာ ဆုံးဖြတ်ပေးဖူးသော အမှုတစ်ခု၏ ဆုံးဖြတ်ပုံ (ဝါ) ဖြတ်ထုံး (ဝါ) စီရင်ထုံးဖြစ်ပြီး အောက်တရားရုံးများက လိုက်နာပါသည်။ ဥပမာ - မြန်မာလင်မယားတို့၌ လင်က မယားကို ကြိမ်ဖန်များစွာ ပါးရိုက်သော်လည်း မယားကို ကွာရှင်းခွင့်ပြုရမည်ဟု အတိအလင်း တိတိကျကျပြဋ္ဌာန်းချက်မရှိ၍ ပါးရိုက်ခံရသောမယားက တရားရုံးတွင် လင်မယားကွာရှင်းခွင့်တောင်းသော် တရားရုံးအမျိုးမျိုး၌ မတူညီသော စီရင်ချက်အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ၁၉၆၈ တရားမ ပထမ အယူခံမှု အမှတ် ၁ တွင် ဦးမျိုးမြင့်နှင့် ဒေါက်တာခင်မေကြည် စီရင်ထုံး၌ လင်မယားကွာရှင်းခွင့်ပေးခဲ့ပြီး စီရင်ထုံးအဖြစ် ထုတ်ပြန်ခဲ့ သည်။ ထိုစီရင်ထုံးကို ကိုးကား၍ နောက်အခါ လင်မယား ပါးရိုက်မှုဖြစ်သော် အောက်ရုံးအားလုံးက စီရင်ထုံးကို လိုက်နာ၍ ကွာရှင်းခွင့် ပေးရသည်။ ဒါက စီရင်ထုံး ဥပမာတစ်ခုပါ။


သို့သော် M.S.M တို့လိင်ပြောင်းခြင်း၌ ယနေ့တိုင် အမှုမဖြစ်သေးသဖြင့် စီရင်ထုံးလည်း မရှိသေးပါ။ M.S.M တစ်ယောက် ခွဲစိတ်ဖြတ တောက်၍ လိင်ပြောင်းသော် ဥပဒေအရ တကယ်ပင် မိန်းမဖြစ်သွားပြီလား။ ဥပမာ - လိင်ပြောင်းလိုက်သော M.S.M ဘ၀ကလာသူသည် ယောက်ျားတစ်ယောက်ကို တရားဝင်လက်ထပ်ခွင့်မရှိဟူသော ဥပဒေပြဿနာမျိုးရှိပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ဤကိစ္စမျိုး၌လည်း စီရင်ထုံးမရှိသေး ပါ။


အပယ်ခံလူတန်းစားဆိုသည်မှာ

အပယ်ခံရသူတို့မှာ ဥပမာအချို့ကတော့ လိင်တူဆက်ဆံသူများ၊ ပြည့်တန်ဆာများ၊ အနာကြီးဝေဒနာသည်၊ AIDS ဝေဒနာသည် စသည်ဖြင့် ဖြစ်ကြပါသည်။


တစ်ခါက WHO မှ HIV ပိုးရှိသူများကို စာနာကြည်ဖြူလက်တွဲကူရန် ဆောင်ပုဒ်ထုတ်ပြန်ခဲ့ဖူးပါသည်။ စာနာကြည်ဖြူကြခြင်းသည် Acceptance ပင်ဖြစ်ပါသည်။


တချို့က M.S.M များနှင့် ပြည့်တန်ဆာများသည် HIV/AIDS ပြန့်ပွားရေး၌ ပါဝင်သည်ဆိုပြီး ၄င်းတို့ကို အပြစ်တင်ရှုတ်ချကြပါသည်။ ဤသို့ အပြစ်တင်ခြင်းသည် HIV/AIDS ကာကွယ်ရေး၏ မှန်ကန်သောနည်းလမ်း(Right Method) မဟုတ်ပါ။ သူတို့အား စည်းခြားထားသော လူမှုရေးအတားအဆီး (Social Barrier) အားနည်းပါးစေလျက် ကာကွယ်ရေးနည်းလမ်းများ (ဥပမာ-ကွန်ဒုံး စသည်ဖြင့်)ကို အလေ့အကျင့်ဖြစ် စေခြင်းဖြင့်သာ HIV/AIDS ကို တားဆီးရပါမည်။


လိင်တူလက်ထပ်ခွင့်ဥပဒေဟာ မှန်လား၊ မှားလား

လက်ထပ်တယ်ဆိုတာ မစဉ်းစားမီ လိင်တူခြင်းချစ်ခွင့် ရှိ မရှိ အရင်စဉ်းစားရပါမယ်။ မိမိရဲ့စိတ်ထဲမှာ မိန်းမစစ်စစ်စိတ်ပေါက်နေတဲ့သူ တစ် ယောက်ဟာ ယောက်ျားစစ်စစ်တစ်ယောက်ကို ချစ်ခွင့်မရှိဘူးဆိုရင် ဘယ်သူ့ကိုသွားပြီး ချစ်ရမှာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို စာရှုသူများ စဉ်းစားပြီး ဖြေကြည့်စေချင်ပါတယ်။ အဖြေအမျိုးမျိုးထွက်နိုင်ပါတယ်။ စာရှုသူများအကြား၌ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ အဲဒီလိုသဘောထားကွဲလွဲခွင့်ရှိတာကလည်း ဒီမိုကရေစီရဲ့ စရိုက်လက္ခဏာတစ်ခုဖြစ်တယ်လို့ ဆိုပါရစေလား။


ရေးသားသူ - ဒေါက်တာ ထွန်းဝင်း


*** ဒေါက်တာထွန်းဝင်း - လိင်နှင့် ကျားမဆိုင်ရာနိုင်ငံရေး (Sex and Gender Politics) စာအုပ်ရဲ့ စာမျက်နှာ ၂၇ ပါဆောင်းပါး။



လိင္တူခ်င္း လက္ထပ္ခြင့္ဥပေဒျပႆနာ၏ အေျဖ




#Same_Sex_Marriage

#လိင္တူခ်င္းလက္ထပ္ခြင့္ဥပေဒ

#Legal_Informations


(လိင္တူခ်င္း ခ်စ္ႀကိဳက္တာကိုပင္ အပစ္တင္ရႈံ႕ခ်ေနတဲ့ လူ႕ေဘာင္မယ္ လက္ထပ္ေပါင္းသင္းျခင္းဥပေဒကို အတည္ျပဳျပ႒ာန္းေပးဖို႔မ်ား ေတာင္းဆိုလိုက္ပါက ေရႏြေးအိုးပြက္ပြက္ဆူသလို ေသာေသာညံေနမွာေသခ်ာပါတယ္။ လြတ္လပ္ပြင့္လင္းပါတယ္ဆိုတဲ့ အေနာက္နိုင္ငံ မ်ားမွာေတာင္ ကန႔္ကြက္ေနၾကဆဲပါ။ သို႔ေသာ္လည္း ဥပေဒေရးရာဗဟုသုတအေနနဲ႕ သိထားရေအာင္ ျပန္လည္ေဝငွပါရေစ။ Sexual Orientation စကားလုံးအဓိပၸာယ္ဖြင့္ဆိုေရးသားထားသည္မ်ားက မူရင္းေရးသားသူ စာေရးဆရာရဲ႕ အာေဘာ္သာျဖစ္ပါေၾကာင္း အသိ ေပးပါရေစ။)


Venus News Weekly ၊ ၂၀၁၃ခုႏွစ္ ေမလ ၃၀ရက္ေန႕ထုတ္ အခ်ပ္ပိုစာမ်က္ႏွာ H ပါ သတင္းအရ သိရတာကေတာ့ ျပင္သစ္နိုင္ငံမွ လိင္တူခ်င္းလက္ထပ္ခြင့္ကို ခြင့္ျပဳေသာဥပေဒအား သမၼတက အတည္ျဖစ္ရန္ လက္မွတ္ေရးထိုးေၾကာင္း သိရပါတယ္။ ဒီကိစၥကို မေက်နပ္လို႔ လူဦးေရ သိန္းဂဏန္းေက်ာ္ေက်ာ္က အႀကီးအက်ယ္ ဆႏၵျပေၾကာင္းႏွင့္ မိမိကိုယ္ကိုယ္ သတ္ေသဆႏၵျပသူပင္ရွိေၾကာင္း သိရပါတယ္။ ဒီေတာ့ ေတာ္ေတာ့္ကို ျပင္းျပင္းထန္ထန္ သေဘာမတူမႈေတြ ျဖစ္ၾကပါတယ္။


တခ်ိဳ႕ကလည္း ဒီကိစၥကို သေဘာတူပါတယ္။ ဒီေတာ့ သေဘာထားကြဲျပားမႈ နက္ရွိုင္းလြန္းလွပါတယ္။ ဘယ္ဘက္ကမွားၿပီး ဘယ္ဘက္က မွန္သလဲဆိုတာလို႔ ေဆာင္းပါးရွင္ စာေရးဆရာတစ္ေယာက္က ေရးရင္လည္း ဒီကိစၥဟာ ပုဂၢိုလ္တစ္ေယာက္ရဲ႕ သေဘာထားအာေဘာ္ေတြ အမ်ားႀကီးေပၚေပါက္နိုင္ပါတယ္။ သို႔ပါေသာေၾကာင့္ စာရႈသူအေပါင္းတို႔သည္ မိမိတို႔ဘာသာ အေျဖထုတ္နိုင္ရန္ သတင္းအခ်က္အလက္အခ်ိဳ႕ကို တင္ျပလိုပါတယ္။


တစ္ခါက အသက္ ၁၇ႏွစ္ ႏွင့္ ၁၅ႏွစ္အ႐ြယ္ အသီးသီးရွိၾကေသာ ကြၽန္ေတာ္၏ သမီးႏွစ္ေယာက္သည္ သူတို႔၏အေဒၚျဖစ္သူ ထိုင္းနိုင္ငံ သို႔ ဘုရားဖူးသြားရာတြင္ အေဖာ္အျဖစ္ ဘန္ေကာက္ၿမိဳ႕သို႔လိုက္သြားၾကပါသည္။ ျပန္လာေတာ့ သမီးႀကီးက ကြၽန္ေတာ့္အတြက္ဟုဆိုကာ ဘန္ေကာက္မွ ၀ယ်လာသော တီရွပ္သုံးထည္ လက္ေဆာင္ေပးသည္။ ငယ္ငယ္ကတည္းက ဖေအနား အလြန္ကပ္ၿပီး ဖေအကိုလည္း ေနာက္တတ္သည့္ သမီးငယ္ကေတာ့ ေဖေဖႀကီးအတြက္ သမီးလည္းလက္ေဆာင္ဝယ္လာတယ္ဟုေျပာရာ ကြၽန္ေတာ္က ဟုတ္လား သမီး ဟု အလိုက္သင့္ျပန္ေျပာေတာ့ သမီးဝယ္လာတဲ့လက္ေဆာင္က ေဖေဖအႀကိဳက္ကေလးေတြဟုေျပာၿပီး ဓာတ္ပုံတစ္ပုံကို ထုတ္ေပးပါ ေတာ့သည္။ ကြၽန္ေတာ္က ဓာတ္ပုံကိုၾကည့္ေတာ့ ေအာင္မေလးဟဲ့ဟုပင္ ပါးစပ္မွေယာင္၍ထြက္သြားပါသည္။


ဓာတ္ပုံထဲမွာက ေရကူးဝတ္စုံႏွင့္ ခႏၶာကိုယ္အလွကို အထူျပသထားသည့္ အလြန္ေခ်ာေသာ မိန္းကေလးငါးေယာက္ေလာက္ စင္ေပၚတက္၍ သီခ်င္းဆိုေနသည့္ပုံ ျဖစ္ပါသည္။ ၄င္းမိန္းကေလးမ်ားသည္ မ်က္ႏွာေရာ၊ ကိုယ္လုံးကိုယ္ေပါက္ေရာ၊ ကိုယ္ဟန္ အေနအထားေရာ ေျပာစရာ မရွိေအာင္လွသည့္ ေျခာက္ပစ္ကင္းသဲလဲစင္ အလွဟုဆိုင္နိုင္ပါသည္။ ကြၽန္ေတာ့္ပါးစပ္က ေအာင္မေလးဟဲ့ဟု ေယာင္၍ အသံထြက္သြား ျခင္းမွာ သူတို႔၏အလွကို ရင္ဖိုသြား၍ဟု စာဖတ္သူတို႔ ကြၽန္ေတာ့္အား အထင္မလြဲ ေစလိုပါ။ ကြၽန္ေတာ္၏ အသက္အ႐ြယ္သည္ ရင္ခုန္ရမည့္ အ႐ြယ္မဟုတ္။ ၁၅ႏွစ္သမီးက ဖေအကို ဒီလိုမ်ိဳးလက္ေဆာင္ေပးေတာ့ လန႔္သြားတာပါ။ ေနာက္စရာရွားလို႔ ကိုယ့္ဖေအကို ဒီလိုေနာက္ရသလားဆိုၿပီး သမီးငယ္ကို ဆုံးမလိုက္ရေသးသည္။ သမီးငယ္က ဆက္၍ေျပာသည္မွာ ေဖႀကီး၊ သူတို႔က ေယာက္်ားဘ၀ကေနခြဲစိတ္ၿပီး မိန္းမဘ၀ကို ေျပာင္းထားတာ ဟုေျပာျပပါသည္။


ၿပီးေတာ့

သူတို႔က ပြင့္ပြင့္လင္းလင္းပဲ၊ သူတို႔ခြဲစိတ္ခဲ့ၿပီး လိင္ေျပာင္းထားတာလို႔လည္း ေျပာင္ေျပာင္တင္းတင္းေျပာတယ္။ ဓာတ္ပုံလည္း အရိုက္ခံ တယ္။ သူတို႔ရဲ႕ဘ၀မွန္ကို ဘယ္သူဘာေျပာေျပာ သူတို႔က ျပႆနာမရွိဘူး ဟု သမီးငယ္က ကေလးတစ္ဦးအေနႏွင့္ သူသိသေလာက္ တိုတိုတုတ္တုတ္ေျပာလိုက္ေသာ္လည္း သူ႕စကားအရ ထိုင္းနိုင္ငံ၏ က်န္းမာေရးအေျခအေနအဆင့္အတန္းတစ္ခုကို ကြၽန္ေတာ္ ခ်က္ခ်င္း အကဲခတ္လိုက္ပါသည္။


ဘယ္လိုအကဲခတ္လိုက္တာလဲ ရွင္းျပပါမည္။ ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီးက က်န္းမာေရး(Health)ကို အဓိပၸာယ္သတ္မွတ္သည္မွာ က်န္းမာျခင္းဟူသည္မွာ ေရာဂါကင္းရွင္းေန႐ုံသာမဟုတ္၊ ကိုယ္၏ က်န္းမာျခင္း(ကာယသုခ)၊ စိတ္၏ခ်မ္းသာျခင္း(စိတၱသုခ)တို႔အျပင္ လူမႈေရးသုခႏွင့္ျပည့္စုံေနျခင္းျဖစ္သည္။ ဒီေတာ့ ေယာက္်ားဘ၀ႏွင့္ မိန္းမစိတ္ေပါက္ေနသူတစ္ေယာက္ကို ျမင္ေယာင္ၾကည့္ပါ။


သူ႕မွာ ေရာဂါကင္းရွင္းေနမယ္ဆိုပါစို႔။ ဒါဆိုရင္ ကာယသုခေတာ့ရွိပါမယ္။ ဒါေပမဲ့ ျဖစ္ခ်င္တဲ့မိန္းမဘ၀ကို တကယ္မျဖစ္ရွာဘူး။ ဒီေတာ့ မခ်မ္းသာဘူး။ ဒီေတာ့ စိတၱသုခနဲ႕ မျပည့္စုံဘူး။ ဒါတင္ဘယ္ကမလဲ ပတ္ဝန္းက်င္ကလည္း သိပ္ၿပီးအဖက္မလုပ္ဘူး၊ မိန္းမလ်ာ (ဘန္းစကားနဲ႕ ဆိုရင္ အေျခာက္)ဆိုၿပီး ပစ္ပယ္ထားမယ္။ ဒီေတာ့ လူမႈေရးသုခနဲ႕ မျပည့္စုံေတာ့ဘူး။ ကမၻာ့က်န္းမာေရးအဖြဲ႕က (WHO) ရဲ႕သတ္မွတ္ခ်က္နဲ႕ ခ်ိန္ထိုးၾကည့္ရင္ ကာယသုခနဲ႕ျပည့္စုံတယ္။ စိတၱသုခနဲ႕ လူမႈေရးသုခ မျပည့္စုံဘူး။ ဒီေတာ့ မိန္းမလ်ာေတြကို မက်န္းမာၾကရွာဘူး ေျပာနိုင္ပါ တယ္။ လူေတြနားလည္တဲ့ က်န္းမာျခင္းဆိုတာကလည္း ေရာဂါမရွိဆိုတဲ့ ေပတံနဲ႕ပဲ တိုင္းတာကိုး။ လူရာမ၀င္ လူဝင္ဆံ့မဆံ့ဆိုတဲ့ အခ်က္ လည္းပါေသးတယ္ဆိုတာ လူေတြ သိပ္မသိၾကပါဘူး။


ဒါေပမဲ့ ထိုင္းနိုင္ငံမွာ ကြၽန္ေတာ့္သမီးငယ္ေတြ႕ခဲ့တဲ့ စင္ေပၚတက္ၿပီး သီခ်င္းဆိုတဲ့ ေရကူးဝတ္စုံဝတ္၍ က်ားဘ၀မွ မဘ၀သို႔ ေျပာင္းထား ၾကသူမ်ားကေတာ့ သိပ္လွၿပီး ျမင္သူေငးေနရတယ္။ ေရာဂါမရွိဘူး။ ဒီေတာ့ ကာယသုခနဲ႕ ျပည့္စုံေနၿပီး ခြဲစိတ္လိင္ ေျပာင္းထားလို႔ ျဖစ္ခ်င္သလို ျဖစ္လာရၿပီဆိုေတာ့ စိတ္ခ်မ္းသာၿပီေပါ့။ စိတၱသုခနဲ႕ျပည့္စုံၿပီး သူတို႔က သူတို႔အေၾကာင္းကို ပြင့္ပြင့္ လင္းလင္း  ပတ္ဝန္းက်င္မွာ ခ်ျပရဲတယ္။ ပတ္ဝန္းက်င္နဲ႕လည္း ျပႆနာမရွိဘူးဆိုေတာ့ လူမႈေရးသုခနဲ႕လည္း ျပည့္စုံၿပီေပါ့။ ဒီေတာ့ သူတို႔က်န္းမာၾကသည္။ ဒီလို က်န္းမာေရးအေန အထားတစ္ခုကိုေရာက္ဖို႔ ပတ္ဝန္းက်င္၏ နားလည္ေပးမႈ Understanding နဲ႕လည္းဆိုင္တယ္။


ထိုင္းနိုင္ငံက လိင္တူခ်စ္သူေတြရဲ႕ က်န္းမာေရးက ျမင့္မားေနပါၿပီ။ ဘာေၾကာင့္လဲဆိုရင္ ဘန္ေကာက္ၿမိဳ႕မွ ျပန္လာတဲ့ ၁၅ႏွစ္အ႐ြယ္ ကြၽန္ေတာ့္သမီးအဆိုအရ ဘန္ေကာက္မွာ ေယာက္်ားဘ၀မွ မိန္းမဘ၀သို႔ ခြဲစိတ္လိင္ေျပာင္းထားသူေတြက ပတ္ဝန္းက်င္နဲ႕ ျပႆနာမရွိဘူး။ ပတ္ဝန္းက်င္မွာ မသိမ္ငယ္ရ၍ ျဖစ္၏။


မၾကာေသးမီက ဂ်ာနယ္တစ္ေစာင္တြင္ နိုင္ငံျခားတိုင္းျပည္တစ္ခုမွာ က်ားဘ၀မွ မဘ၀သို႔ ခြဲစိတ္လိင္ေျပာင္းေသာ အေရအတြက္ အလြန္မ်ားျပားေနသည္ဟု ေရးခဲ့ရာ စာဖတ္သူတခ်ိဳ႕က ျပႆနာေတြေတာ့ မ်ားကုန္ပါၿပီဟု စုတ္သပ္ေနၾကသည္ကို ေတြ႕ခဲ့ဖူးပါသည္။ တကယ္ေတာ့ က်ားဘ၀ကေန ခြဲစိတ္လိင္ေျပာင္းလိုက္ေသာ အေရအတြက္ မ်ားလာျခင္းသည္ ျပႆနာမ်ားလာျခင္း မဟုတ္။ ျပႆနာ ေျဖရွင္းျခင္းမ်ားသာျဖစ္၏။


Problem မ်ားျခင္းမဟုတ္၊ Problem Solution မ်ားလာျခင္းသာျဖစ္ပါသည္။ ခြဲစိတ္လိင္မေျပာင္းဘဲ ဒီအတိုင္းထားေတာ့ေကာ ၄င္းပုဂၢိုလ္ တို႔သည္ ေယာက္်ားစိတ္ျပန္မေပါက္သည့္အျပင္ ေယာက္်ားအဂၤါႏွင့္ မိန္းမစိတ္ျဖစ္ေနၿပီး ျပႆနာမ်ားေတာ့၏။ ျပႆနာကေတာ့ လိင္တူ ဆက္ဆံျခင္း (Homo Sex) ႏွင့္ လူမႈေရးျပႆနာအမ်ိဳးမ်ိဳးျဖစ္၏။ ၄င္းတို႔ကို M.S.M (Men who have Sex with Men) ဟုေခၚ၏။ M.S.M တို႔၌ HIV ကူးစက္မႈအႏၱရာယ္လည္း ျမင့္မားေနတတ္ပါသည္။ 


ကြၽန္ေတာ္သည္ HIV ကာကြယ္ေရးစီမံကိန္း၌ တာဝန္ထမ္းေဆာင္ဖူးသျဖင့္ M.S.M ေပါင္းမ်ားစြာႏွင့္ ခင္မင္ရင္းႏွီး အသိအကြၽမ္းျဖစ္ခဲ့ဖူး ပါသည္။ မ်ားေသာအားျဖင့္ ၄င္း M.S.M တို႔သည္ အပယ္ခံမ်ားျဖစ္ၾကပါသည္။ အနည္းဆုံးေတာ့ သူတို႔ကို ဟားစရာဟု ယူဆၾကပါသည္။ တခ်ိဳ႕ကေတာ့ ကမၻာေပၚတြင္ HIV ကူးစက္ႏႈန္းျမင့္မားေအာင္ လုပ္သူေတြထဲမွာ သူတို႔လည္းပါတယ္ဟု အျပစ္တင္တတ္ၾကပါသည္။ ျမန္မာနိုင္ငံမွ M.S.M မ်ားတြင္ တခ်ိဳ႕မွာ ခ်မ္းသာၿပီး ကံထူးၾကပါသည္။ ဘာၾကာင့္လဲဆိုေတာ့ ထိုင္းနိုင္ငံသို႔ ကြၽန္ေတာ္သိရသေလာက္ ဘုရားဖူးလိုလိုသြားၿပီး ခြဲစိတ္လိင္ေျပာင္းခဲ့ၾကပါသည္။ ဒီေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ဘ၀ကို ကိုယ္ေရာက္ရၿပီး အတိုင္းအတာတစ္ခုအထိေတာ့ စိတ္ခ်မ္းသာရပါတယ္။ ဒါေပမဲ့ လုံးလုံးလ်ားလ်ားေတာ့ မေပ်ာ္ရဲပါ။ ဘာေၾကာင့္လဲဆိုေတာ့ ငါေတာ့ မိန္းမလုံးလုံးျဖစ္ၿပီေဟ့လို႔ မေၾကညာ ရဲပါ။ မိမိရဲ႕ ေျပာင္းလဲသြားတဲ့ဘ၀ကို ပတ္ဝန္းက်င္သို႔ ေပၚေပၚတင္တင္ အသိမေပးရဲတာ ကြၽန္ေတာ္တို႔ အသိမိတ္ေဆြထဲတြင္ ရွိပါသည္။


တခ်ိဳ႕က ေျပာၾကျပန္ပါသည္။ က်ား ဘ၀မွ မဘ၀သို႔ ခြဲစိတ္လိင္ေျပာင္းျခင္းသည္ ဥပေဒအရ ျပစ္မႈေျမာက္သည္ဟု ဆိုၾကျပန္၍ အပယ္ခံ M.S.M တို႔ခမ်ာ ေသြးလန႔္ၾကရွာပါသည္။ တပ္လိုက္တဲ့ ဥပေဒပုဒ္မက အႀကီးႀကီးမွ တကယ့္ကို အႀကီးႀကီးပါ။ ျမန္မာနိုင္ငံ ရာဇသတ္ႀကီးေခၚ ျပစ္မႈဥပေဒ ၃၂၆တြင္ လူတစ္ဦး၏ ကိုယ္အဂၤါတစ္ခုခုကို ပ်က္စီးေစလွ်င္ ကြၽန္းဒဏ္အထိ ျပ႒ာန္းထားပါသည္။ ဒီေတာ့ ေယာက္်ားလိင္အဂၤါႀကီးကို ခြဲစိတ္ျဖတ္ေတာက္လိုက္ေတာ့ ကိုယ္အဂၤါတစ္ခုကို ဖ်က္ဆီးလိုက္တာပဲဆိုၿပီး ဒီပုဒ္မႀကီးတပ္လိုက္ေတာ့ ေသြးပ်က္ကုန္ၾကရွာပါသည္။ 


ကိုယ္အဂၤါကို ပ်က္စီးေစျခင္းလား၊ ေဆးကုသျခင္းလား

လူတစ္ဦးနဲ႕တစ္ဦး ရန္ျဖစ္၍ ေဒါသအေလွ်ာက္ ဓားႏွင့္ခုတ္လိုက္၍ တစ္ဖက္လူ လက္ျပတ္သြားေသာ္ ကိုယ္အဂၤါပ်က္စီး၍ ဒုကၡိတျဖစ္သြားသျဖင့္ ျပစ္မႈဥပဒပုဒ္မ ၃၂၆ႏွင့္ အက်ဳံးဝင္ပါသည္။ သို႔ေသာ္ ဆီးခ်ိဳလူနာတစ္ေယာက္ ဆီးခ်ိဳအလြန္ျပင္းထန္ၿပီး ေျခာက္ေထာက္အနာျဖစ္၍ ေျခေထာက္ပုပ္သျဖင့္ အသက္အႏၱရာယ္ရွိ၍ ဆရာဝန္က ၄င္းေျခေထာက္ကို ျဖတ္ရေသာ္ ဒီကိစၥက ကိုယ္အဂၤါကို ပ်က္စီးေစျခင္းဟု အဓိပၸာယ္မမွတ္ဘဲ ေဆးကုသျခင္းဟု အဓိပၸာယ္သတ္မွတ္၍ ပုဒ္မ ၃၂၆ႏွင့္ အက်ဳံးမ၀င္ျပန္ပါ။


ဒီေတာ့ M.S.M တစ္ေယာက္ရဲ႕ လိင္အဂၤါကို ျဖတ္ေတာက္ လိင္ေျပာင္းရာ၌ ဤကိစၥသည္ ေဆးကုသျခင္းဟု ယူဆနိုင္ပါသည္။ တကယ္ေတာ့ ခြဲစိတ္လိင္ေျပာင္းထားျခင္းကို တားျမစ္ေသာ အထူးဥပဒမရွိသလို ခြင့္ျပဳထားသာ ျပ႒ာန္းခ်က္လည္း မရွိပါ။ ဤအမႈကိစၥမ်ိဳးကို တိုင္ၾကား တရားစြဲဖူးျခင္းမရွိ၍ စီရင္ထုံးလည္း မရွိေသးပါ။ ျပစ္မႈေျမာက္ မေျမာက္လည္း ေျပာရန္ခက္ပါ၏။


တခ်ိဳ႕ေသာ ဥပေဒေရးရာ အျငင္းပြားမႈမ်ားတြင္ ကိုးကားစရာ ဥပေဒရွာမေတြ႕ဘဲ စီရင္ထုံးမ်ားကို ကိုးကားရပါသည္။ စီရင္ထုံးဆိုသည္မွာ နိုင္ငံတစ္နိုင္ငံ၏ အျမင့္ဆုံးတရား႐ုံးျဖစ္ေသာ တရား႐ုံးခ်ဳပ္၏ စုံညီစု႐ုံးကာ ဆုံးျဖတ္ေပးဖူးေသာ အမႈတစ္ခု၏ ဆုံးျဖတ္ပုံ (၀ါ) ျဖတ္ထုံး (၀ါ) စီရင္ထုံးျဖစ္ၿပီး ေအာက္တရား႐ုံးမ်ားက လိုက္နာပါသည္။ ဥပမာ - ျမန္မာလင္မယားတို႔၌ လင္က မယားကို ႀကိမ္ဖန္မ်ားစြာ ပါးရိုက္ေသာ္လည္း မယားကို ကြာရွင္းခြင့္ျပဳရမည္ဟု အတိအလင္း တိတိက်က်ျပ႒ာန္းခ်က္မရွိ၍ ပါးရိုက္ခံရေသာမယားက တရား႐ုံးတြင္ လင္မယားကြာရွင္းခြင့္ေတာင္းေသာ္ တရား႐ုံးအမ်ိဳးမ်ိဳး၌ မတူညီေသာ စီရင္ခ်က္အမ်ိဳးမ်ိဳး ျဖစ္ေပၚနိုင္ပါသည္။ သို႔ေသာ္ ၁၉၆၈ တရားမ ပထမ အယူခံမႈ အမွတ္ ၁ တြင္ ဦးမ်ိဳးျမင့္ႏွင့္ ေဒါက္တာခင္ေမၾကည္ စီရင္ထုံး၌ လင္မယားကြာရွင္းခြင့္ေပးခဲ့ၿပီး စီရင္ထုံးအျဖစ္ ထုတ္ျပန္ခဲ့ သည္။ ထိုစီရင္ထုံးကို ကိုးကား၍ ေနာက္အခါ လင္မယား ပါးရိုက္မႈျဖစ္ေသာ္ ေအာက္႐ုံးအားလုံးက စီရင္ထုံးကို လိုက္နာ၍ ကြာရွင္းခြင့္ ေပးရသည္။ ဒါက စီရင္ထုံး ဥပမာတစ္ခုပါ။


သို႔ေသာ္ M.S.M တို႔လိင္ေျပာင္းျခင္း၌ ယေန႕တိုင္ အမႈမျဖစ္ေသးသျဖင့္ စီရင္ထုံးလည္း မရွိေသးပါ။ M.S.M တစ္ေယာက္ ခြဲစိတ္ျဖတ ေတာက္၍ လိင္ေျပာင္းေသာ္ ဥပေဒအရ တကယ္ပင္ မိန္းမျဖစ္သြားၿပီလား။ ဥပမာ - လိင္ေျပာင္းလိုက္ေသာ M.S.M ဘ၀ကလာသူသည္ ေယာက္်ားတစ္ေယာက္ကို တရားဝင္လက္ထပ္ခြင့္မရွိဟူေသာ ဥပေဒျပႆနာမ်ိဳးရွိပါသည္။ ကြၽန္ေတာ္တို႔နိုင္ငံတြင္ ဤကိစၥမ်ိဳး၌လည္း စီရင္ထုံးမရွိေသး ပါ။


အပယ္ခံလူတန္းစားဆိုသည္မွာ

အပယ္ခံရသူတို႔မွာ ဥပမာအခ်ိဳ႕ကေတာ့ လိင္တူဆက္ဆံသူမ်ား၊ ျပည့္တန္ဆာမ်ား၊ အနာႀကီးေဝဒနာသည္၊ AIDS ေဝဒနာသည္ စသည္ျဖင့္ ျဖစ္ၾကပါသည္။


တစ္ခါက WHO မွ HIV ပိုးရွိသူမ်ားကို စာနာၾကည္ျဖဴလက္တြဲကူရန္ ေဆာင္ပုဒ္ထုတ္ျပန္ခဲ့ဖူးပါသည္။ စာနာၾကည္ျဖဴၾကျခင္းသည္ Acceptance ပင္ျဖစ္ပါသည္။


တခ်ိဳ႕က M.S.M မ်ားႏွင့္ ျပည့္တန္ဆာမ်ားသည္ HIV/AIDS ျပန႔္ပြားေရး၌ ပါဝင္သည္ဆိုၿပီး ၄င္းတို႔ကို အျပစ္တင္ရႈတ္ခ်ၾကပါသည္။ ဤသို႔ အျပစ္တင္ျခင္းသည္ HIV/AIDS ကာကြယ္ေရး၏ မွန္ကန္ေသာနည္းလမ္း(Right Method) မဟုတ္ပါ။ သူတို႔အား စည္းျခားထားေသာ လူမႈေရးအတားအဆီး (Social Barrier) အားနည္းပါးေစလ်က္ ကာကြယ္ေရးနည္းလမ္းမ်ား (ဥပမာ-ကြန္ဒုံး စသည္ျဖင့္)ကို အေလ့အက်င့္ျဖစ္ ေစျခင္းျဖင့္သာ HIV/AIDS ကို တားဆီးရပါမည္။


လိင္တူလက္ထပ္ခြင့္ဥပေဒဟာ မွန္လား၊ မွားလား

လက္ထပ္တယ္ဆိုတာ မစဥ္းစားမီ လိင္တူျခင္းခ်စ္ခြင့္ ရွိ မရွိ အရင္စဥ္းစားရပါမယ္။ မိမိရဲ႕စိတ္ထဲမွာ မိန္းမစစ္စစ္စိတ္ေပါက္ေနတဲ့သူ တစ္ ေယာက္ဟာ ေယာက္်ားစစ္စစ္တစ္ေယာက္ကို ခ်စ္ခြင့္မရွိဘူးဆိုရင္ ဘယ္သူ႕ကိုသြားၿပီး ခ်စ္ရမွာလဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖကို စာရႈသူမ်ား စဥ္းစားၿပီး ေျဖၾကည့္ေစခ်င္ပါတယ္။ အေျဖအမ်ိဳးမ်ိဳးထြက္နိုင္ပါတယ္။ စာရႈသူမ်ားအၾကား၌ လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ ရွိပါတယ္။ အဲဒီလိုသေဘာထားကြဲလြဲခြင့္ရွိတာကလည္း ဒီမိုကေရစီရဲ႕ စရိုက္လကၡဏာတစ္ခုျဖစ္တယ္လို႔ ဆိုပါရေစလား။


ေရးသားသူ - ေဒါက္တာ ထြန္းဝင္း


*** ေဒါက္တာထြန္းဝင္း - လိင္ႏွင့္ က်ားမဆိုင္ရာနိုင္ငံေရး (Sex and Gender Politics) စာအုပ္ရဲ႕ စာမ်က္ႏွာ ၂၇ ပါေဆာင္းပါး။

No comments: