စိတ်ကူးအိပ်မက်ကို ဖြည့်ဆည်းပေးခြင်း (Part I)
တခါတရံ ယုံမှားဖွယ်မရှိတဲ့ မှတ်ဉာဏ်များဟာ မှေးမှိန်သွားခြင်းမရှိ ပိုမိုနက်ရှိုင်းခြင်းသာဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် နေဝင်းလို လူတစ်ယောက်နဲ့ပတ်သက်သော မှတ်ဉာဏ်များပေါ့။ မျက်ဝန်းများကိုမှေးမှိတ်လိုက်ချိန်တိုင်း ကောလိပ်ကျောင်းတက်စဉ်က အဆောင်ရဲ့ အခန်းထဲပြန်ရောက်သွားပြီး စာအုပ်များကို ကိုင်ထားတဲ့ ကျွန်တော်၊ ကိုယ်လက်လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်ပြီးလို့ ရေသန့်ဗူးလေး ကိုင်ထားတဲ့ နေဝင်းတို့ကို ပြန်မြင်လာတယ်။ အခန်းထဲကို သူလမ်းလျှောက်ဝင်လာချိန်ဆို အခန်းတွင်း ပိုမိုထွန်းလင်းဝင်းပသယောင် ဒါမှမဟုတ် ပိုမိုနွေးထွေးသွားသယောင် ခံစားရတာအမှန်ပါ။
အပျော်သက်သက်အတွက်ဆို အရာရာဖန်တီးပြုလုပ်တတ်သူတွေထဲ နေဝင်းပါဝင်ပါတယ်။ ဘယ်လိုပြောမလဲ သူ့လက်သုံးစကား “Just for Fun” ပေါ့။ အားကစားခန်းမ Gym မှာ အတူလေ့ကျင့်ကစားပြီးနောက် ရေအတူချိုးချိန်ဆို ထွေးဖက်တာ၊ ကလိထိုးတာမျိုးပြုလုပ်တာ မျိုးလေ။ ဒါပေမယ့် ကျွန်တော် သည့်ထက်ပိုမိုတာတွေကို မြင်ခဲ့ဖူးတယ်။ ကျွန်တော့်ပခုံးတဝိုက်ကို သူထွေးဖက်ချိန်ဆို လက်ချောင်းလေး တွေနဲ့ ဟိုကြားသည်ကြားအချိန်အတော်ကြာ ပွတ်သပ်ထိုးထည့်တာမျိုးလုပ်တယ်။ သူ့ကို မကြည့်ရှုဘူးလို့တွေးထင်ကာ ကျွန်တော့်ကို စူးစိုက်ကြည့် ငေးကြည့်နေတဲ့အခါဆိုရင် အရှက်မွှန်စိတ်တသွင်သွင်စီးဆင်းသလို ရင်ထဲခံစားရတယ်။ ရေကူးကန်မယ် ရေအတူချိုးချိန် အခြားသော အမျိုးသားအပေါ် သူ့အကြည့်တွေ ခဏခဏရောက်တာ မြင်ခဲ့ဖူးတယ်။ အဲ့ဘဲတွေနောက်လိုက်တာမျိုး အကြောင်းတခုခုဖန် တာမျိုးမလုပ်ဘဲ သူ့မျက်ဝန်းအကြည့်တွေကတော့ နံဘေးကလူတွေ သတိထားမိတဲ့အထိ လိုက်သွားတတ်တာပါ။ သူ့ဘာသာသူ အတင်း ထိန်းချုပ်ရုန်းကန်တိုက်ပွဲဝင်နေရပုံလို့ ထင်ရတယ်။ ပြီးရင် ကျွန်တော့်မျက်နှာကို တချက်ပြန်ပြန်စောင်းငဲ့ကြည့်တတ်တယ်။ အလွန့်အလွန် ခဏဆက်ထိုင်ပြီးမှ တနေရာရာကို သူ အဦးဆုံးထထွက်သွားရော။
ကျွန်တော်တို့ အဲသည့်အကြောင်းကို စကားစပ်မပြောဖြစ်ခဲ့ဘူး။ အဲသည့်အကြောင်းအရာက အရာအားလုံး ပျက်စီးခြင်းအကြောင်း ဖန်တီးဖို့ အလွန်လွယ်ကူလို့ဖြစ်ပါတယ်။ ကောလိပ်အားကစားသမားတွေရဲ့ ပုံရိပ်နဲ့အံမဝင်တဲ့ လိုအင်ဆန္ဒများအကြောင်း စကားစမြည် ထိုင်ပြောဖို့အတွက် အားတဲ့အခန်းက သိပ်မရှိဘူးလေ။ ကျွန်တော့်ကိုယ်ပိုင်ကမ္ဘာလေးထဲ တိတ်တဆိတ် နောက်တန်းရောက်နေတာ လည်းကြာပြီ။ ကိုယ်စိတ်ဝင်စားမိတဲ့ မျက်နှာကျက်မိနေတဲ့ အမည်မသိသူများဝန်းကျင်မှာလည်း အမြဲလိုလို စေ့စပ်ကြောင်းလမ်းထား သူတွေ ရှိနေတတ်ခဲ့တာကိုး။
ရုတ်ခြည်းဆိုသလို နေဝင်းဟာ စစ်မှုထမ်းနှစ်နှစ်တာအတွက် နှုတ်ဆက်စကားမဆိုဘဲ ထွက်ခွာသွားပါတယ်။ ပထမလအနည်းငယ်တုန်း ကတော့ သူ စာတိုက်ကတဆင့် စာအနည်းငယ် ပို့တယ်။ လများစွာကြာပြီး နှစ်ချီသွားချိန်မှာတော့ ပျောက်ကွယ်တိတ်ဆိတ်သွားတယ် လေ။ ဘာကြောင့်မှန်းမသိ အသံတိတ်သွားတယ်လို့ ပြောရင်ပိုမှန်မယ်။
အခုစာရေးနေတဲ့နေ့ မတိုင်ခင်တရက်မှာ စားပွဲပေါ်တင်ထားတဲ့ ဖုန်းက တုန်ခါ အသံမြည်လာကာ သူ့အမည်ကိုတွေ့လိုက်တာကြောင့် ကျွန်တော့် နှလုံးခုန်သံတွေ စည်းချက်မမှန်တော့ဘူးရယ်။
“မောင်မောင် ဟုတ်တယ်ဟုတ်” နားရွက်နားကပ်ထားတဲ့ တယ်လီဖုန်းစပီကာမှတဆင့် ကျွန်တော်ကြားလိုက်တယ်။ သူ့အသံက ကျွန်တော်မှတ်မိနေတဲ့ ခပ်ကြမ်းကြမ်းလေသံထက် လေးနက်ပြီး နွေးထွေးတဲ့ လေသံမျိုးဖြစ်နေပါတယ်။ “ငါ မြို့ထဲရောက်နေတယ်၊ အချိန်ခဏလောက်ပဲရမယ်ထင်တယ်….အဲတာ….မင်းနဲ့တွေ့ချင်လို့”
ခဏ အခိုက်အတန့်တော့ ကျွန်တော်အသံတိတ်သွားပါတယ်။ နောက်တော့ စကားလုံးတစ်လုံးခြင်းပြောမိတယ်။
"ငါ့အခန်းကိုလာခဲ့လေ"
ဘယ်လိုအဆင်သင့်ပြင်ထားရမလဲ တွေးဖို့ အခွင့်အရေးတချက်မရခင်မှာ အခန်းတံခါးဝမှ လူခေါ်ခေါင်းလောင်းသံမည်လာပါတယ်။ ကျွန်တော် အခန်းတံခါးသွားဖွင့်ခဲ့ပြီးချိန် အသက်မရှူနိုင်တာမျိုး ဒုတိယအကြိမ်ကြုံရတယ်။ နေဝင်းတယောက် မတ်တပ်ရပ်နေတယ်။ အနည်းငယ်ပုံစံကွဲပြားသွားပေမယ့် ကျွန်တော် သူ့ကိုအတိအကျမှတ်မိတယ်။ သည့်ထက်ပိုတာပေါ့။ သူ့မျက်နှာက ပိုမိုရင့်ကျက်လာ တယ်၊ မုတ်ဆိတ်မွှေးငုတ်တို အရိပ်အယောင်အနည်းငယ်ရှိတယ်၊ သူ့လည်ဂုတ်နဲ့ ပုခုံးများဟာ နေလောင်ထားတယ်…Damn. ယူနီဖောင်း ဘောင်းဘီရှည်တစ်ထည်နဲ့ ခန္ဓာကိုယ်အံကိုက် မီးခိုးရောင် T-shirt တစ်ထည်ကို သူဝတ်ဆင်ထားတယ်ဗျ။ ဂလု….သူ့ရင်အုပ် အစုံကလည်း ဝင့်ဝင့်ကြွားကြွားရှိနေသလို သူ့ ခန္ဓာကိုယ်ပုံစံက ပြီးခဲ့တဲ့ နှစ်ကာတစ်ခုလုံး ဘယ်လိုဖြတ်သန်းခဲ့လဲလို့ ပြောနေခဲ့တယ်။
“ဟေ့လူ….” အပြုံးတစ်ပွင့်နဲ့ သူအသံပြုရင်း ကျွန်တော်ပြန်မဖြေနိုင်ခင်မှာ ပခုံးအစုံကို လှမ်းဖက်ပါတယ်။
သည် ဖက်တွယ်မှု…ဟုတ်တယ် သည်ဖက်တွယ်မှုဟာ ကျွန်တော်မှတ်မိနေခဲ့တာထက်တောင် တင်းကြပ်နေခဲ့တယ်။ နွေးထွေး နုညံ့သလို တရင်းတနီးရှိလှတယ်။ တစ်စက္ကန့်လောက် သူ့အသက်ရှူငွေ့နွေးနွေး ကျွန်တော့်လည်တိုင်မှာ ရိုက်ခတ်လာတာကို ခံစားလိုက်ရတယ်။ သူ့ရင်အုပ်အစုံဟာ ကျွန်တော့်ရင်အုပ်များနဲ့ တွန်းကပ်ဖိကာ ပူးကပ်သွားတဲ့အထိပါ။ ရပ်နေရာမှ တစ်လက်မမှ ကျွန်တော်မရွေ့မိဘူး။ အမြဲတစေ ငြင်းဆန်တတ်တဲ့ ကျွန်တော် သူပြုလုပ်သမျှကို လက်ခံပြီး ငြိမ်သက်နေတယ်ဆို ယုံမလား။
“ငါးနှစ်တောင်ရှိသွားပြီ…” ခန္ဓာကိုယ်ချင်း ပူးကပ်နေတာကို သူပြန်ခွာရင်း ခပ်တိုးတိုးသူပြောလာတယ်။ ဒါပေမယ့် ကျွန်တော့်ပခုံးတွေပေါ် တင်ထားတဲ့ သူ့လက်များက ခပ်တင်းတင်းအားပါနေမြဲ။
“ငါ မင်းပျောက်ကွယ်သွားတယ်တောင်ထင်နေတာ” ကျွန်တော် သူ့မျက်လုံးများကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်တယ်။ ယခင်အချိန်များ နဲ့မတူ လေသံများဟာ လေးလေးနက်နက်ရှိလှပါတယ်။ သူဆန်းစစ်ကြည့်ရင် သည်ထက်ပိုတာသိလိမ့်မယ်။ ဆုံးရှုံးသွားတဲ့အရာ သို့မဟုတ် ငံ့လင့်နေတဲ့အရာအကြောင်း ပြောတဲ့ လေသံမျိုးထင်တယ်။
ကျွန်တော်တို့ အိမ်ထဲဝင်ခဲ့ကြတယ်။ သူဝတ်ဆင်လာတဲ့ ရှူးဖိနပ်များကို သေချာချွတ်ထားခဲ့ရင်း Apartment အခန်းဝန်းကျင်တဝိုက်ကို လျှောက်ကြည့်ပါတယ်။ “သည်နေရာက တကယ့်ကို ‘You’ စစ်စစ်ဖြစ်လွန်းတယ်။ Minimalist ဒါပေမယ့် တစ်ခုခုအဓိပ္ပာယ်ရှိနေတာမျိုး။ အရေးကြီးတဲ့အရာတွေအတွက်သာ ကွက်လပ်တွေချန်လှပ်ထားတတ်တဲ့အကျင့် ကျန်နေသေးတယ်” သူရယ်မောကာ မှတ်ချက်ချတယ်။
‘ဒါမှမဟုတ် ပြန်လာမယ့်တစ်ယောက်ယောက်အတွက် ဖြစ်နိုင်တာပဲ…’ ကျွန်တော် ခပ်သွက်သွက်ပြန်ပြောလိုက်တယ်။ အလွန်ရိုးသားစွာ ပေါ့။
ကျွန်တော်တို့ မီးဖိုချောင်ထဲ ထိုင်လိုက်ကြပါတယ်။ လဖက်ရည်တစ်ခွက်ဖျော်တိုက်ခဲ့ပေမယ့် သူလုံးဝမတို့ထိခဲ့ပါဘူး။ အဲသည့်အစား စကားအများကြီးပြောလာတယ်။ သူ့စစ်တပ်အကြောင်း၊ ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းများအကြောင်း၊ နံနက်ခင်း အမှတ်စဉ်ခေါ်တာ၊ မိုးရွာထဲ အပြေးကျင့်ကြတာ၊ အုပ်ချုပ်သူအရာရှိ တပ်မှူးက အရာရာတင်းကြပ်လွန်းတဲ့အကြောင်းနဲ့အတူ သူ့ဘော်ဒါများဟာ ဖိအား များအောက် ရုန်းကန်နေရတဲ့အကြောင်း အစုံပါပဲ။
“ဒါပေမယ့် အဲတာက မင်းကို စည်းကမ်းစနစ်ရှိအောင် လေ့ကျင့်ပေးတယ်ကွ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ထိန်းချုပ်နိုင်တဲ့ ခံစားချက်က အတော်ကောင်းတယ်။ ပိုပြီးတွန်းအားပေးဖို့ မင်းလုပ်နိုင်တယ်။မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာတယ်။” လို့ပြောရင်း သူ စကားအဆုံးသပ်တယ်။
Mug ခွက်ကိုကိုင်လျက် နှုတ်ခမ်းကိုတေ့လိုက်သော တောင့်တင်းလှသည့် သူ့လက်ဖမိုးကို ကျွန်တော်ကြည့်နေမိတယ်။ အရေပြား အောက်မှ ဖောင်းကြွနေတဲ့ သွေးကြောကြီးတွေက ထင်းနေပါတယ်။ သူ့လည်တိုင်မှာ သွေးတိုးမှုကြောင့် တဆတ်ဆတ်ခုန်နေပုံကို သွားမစမ်းကြည့်ဘဲ ကျွန်တော်ခံစားလို့ရတယ်။ အသံကိုနှိမ့်ပြီးပြောသော်လည်း ချောမွေ့ပြီး ရှင်းလင်းနေတဲ့ သူ့အသံဟာ ကျွန်တော့်အပေါ် လိုအပ်တာထက်လွှမ်းမိုးမှုရှိသလိုပါပဲ။
“မင်းလည်း အများကြီးပြောင်းလဲသွားတာပဲ။ ပျင်းရိပျင်းတွဲ ခပ်နှေးနှေး သွားလာပြောဆိုတတ်သူ မဟုတ်တော့ဘူး ဟုတ်တယ်ဟုတ်” ကျွန်တော့်လက်မောင်းဆုံကို ရုတ်ခြည်း ကိုင်ကြည့်ရင်း စကားစုတခုချင်း သူပြောတယ်။ သူ့လက်ချောင်းများဟာ အတန်ကြာပြန် မဖယ်ဘဲ အလိုက်သင့် ဟိုသည်တို့ထိကြည့်နေပါတယ်။
“ဟုတ်တယ်….ငါ ကိုယ်အလေးချိန်ထိန်းဖို့ Gym မှာ အလေးနဲ့ပုံမှန်ကစားဖြစ်တယ်….မင်းလိုပေါ့။” ကျွန်တော် အသာအယာ စကားခွန်းတုံ့ပြန်လိုက်တယ်။
သူ အားရပါးရပြုံးခဲ့ပါတယ်။ သူ့အပြုံးဟာ ခပ်ရိုးရိုးမဟုတ် သည့်ထက်ပိုမယ့် တစ်စုံတရာတွေ ပါနေတာသေချာတယ်ဗျ။ ကျွန်တော့်ရဲ့ တုန့်ပြန်မှုအမူအယာ ပြောစကားတွေကို သူဆန်းစစ်နေသလိုပါ။ ကျွန်တော် တစ်စုံတစ်ခုပြောမှာ ဒါမှမဟုတ် တစ်စုံတစ်ခုပြုလုပ်မှာကို သူစောင့်ဆိုင်းနေတာများလား။
ကျွန်တော် ထူးထူးခြားခြား ဘာမှမပြောမိပေမယ့် နှလုံးခုန်သံတွေမြန်လာပါတယ်။
ညစာစားသောက်ပြီးချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်မှုအနည်းငယ်ဖြစ်လာတယ်။ နေဝင်းက ဆိုဖာခုံရှည်ပေါ် သက်သောင့်သက်သာ လှဲလျောင်းရင်း ကျွန်တော့်ကို ကြည့်နေပါတယ်။ ကျောင်းအဆောင်အခန်းမှာတုန်းက အနည်းငယ်ရှက်ရိပ်သန်းတဲ့အကြည့်နဲ့ကြည့်ခဲ့တဲ့ အကြည့်အတိုင်း သူကြည့်နေမှန်း ကျွန်တော်သိတယ်။ တခုခုကို ဖုံးကွယ်နေရင်း အနည်းငယ်ရှက်စနိုးနဲ့ကြည့်တဲ့အကြည့်လေ။ သူ့လည် ဂုတ်တဝိုက်ကို လက်ချောင်းတွေနဲ့ ဘာရယ်မဟုတ် ဟိုစမ်းသည်ကိုင်လုပ်ရင်း ကျွန်တော့်ကိုကြည့်လိုက် အခန်းဝန်းကျင်ကို စူးစမ်းလိုက် လုပ်နေတယ်။
“မောင်မောင်….” အနည်းငယ် ချိတုံချတုံဖြစ်တဲ့ လေသံနဲ့သူစကားစတယ်။ “မိုက်တယ်ပြောရမလား ငါမသိဘူး….ဒါပေမယ့် လောလောဆယ် နေဖို့နေရာတစ်ခုတောင် မပိုင်သေးဘူးကွာ။ ဌာနထဲက သူငယ်ချင်းအချို့နဲ့အခန်းစပ်တူငှားပြီးနေမလား စဉ်းစားပေမယ့် အဲတာက ငါ့အတွက်အလုပ်မဖြစ်ဘူးရယ်။ မင်းနဲ့အတူ ခဏနေလို့ရမလား”
ကျွန်တော် ခဏလေးတောင် ချိတုံချတုံမဖြစ်ဘဲ ‘မင်း နေချင်သလောက်အချိန်ကာလထိနေပါ။ တကယ်ပြောတာ’ အေးအေးဆေးဆေး စကား ခွန်းတုံ့ပြန်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွင်းစိတ်ထဲမှာတော့ အမည်မတပ်နိုင်သေးခင်မှာဘဲ တစ်စုံတရာမွှေနေခဲ့ပါပြီ။
သူစိတ်သက်သာရာရသည့်အပြုံး တစ်ချက်ပြုံးလိုက်ရင်း ‘အကူအညီအတွက် ကျေးဇူးတင်ပါတယ်ကွာ….ပြောမပြတတ်အောင်ပဲ”
အဲသည့်ညနေခင်းမှာ ဧည်ခန်းထဲ အတူရွေ့ထိုင်ကြတယ်။ အခန်းမီးရောင်က မလင်းတလင်းပေါ့။ တီရှပ်အင်္ကျီနဲ့ ချွေးခံဘောင်းဘီ (sweatpants) တစ်ထည်ဝတ်ပြီး ဆိုဖာခုံပေါ် သူသက်သောင့်သက်သာလှဲလှောင်းနေခဲ့တာ တပ်တွင်းလေ့ကျင့်သားကျတဲ့ ခန္ဓာကိုယ် အချိုးအဆစ်က တမင်လှစ်ဟပြစရာမလိုဘူးဗျ။ ကျွန်တော်လည်း ဘီယာတစ်ခွက်ကိုင်လျက် သူ့နံဘေးမှာ ဝင်ထိုင်ခဲ့ပါတယ်။ ကျွန်တော် တို့နှစ်ဦးကြား အကွာအဝေးဟာ စပါးတထောက်သာ ရှိတယ်။ သူ့ပေါင်တံများဟာ ကျွန်တော့်ပေါင်တံများနဲ့ တွန်းတိုက်မိနေသော်လည်း နေရာရွှေ့တာ ကိုယ်ဟန်အနေအထားပြောင်းတာမျိုး သူမလုပ်ဘူး။
“သည်မှာက နေရာထိုင်ရသိပ်ကောင်းတာပဲ။ ဘာဖိအားမှမရှိ ဆိတ်ငြိမ်တိတ်ဆိတ်နေတာ။” သည်စကားတစ်ခွန်းကိုပြောပြီး စက္ကန့် အနည်းငယ်ကြာမှ “ငါ သည်လိုနေထိုင်သွားလာရတာကို လွမ်းနေခဲ့တယ်ပြောရမယ်”
“အင်း….ငါကတော့ မင်းကိုလွမ်းနေခဲ့တာ” လို့ အတွေးထဲမှာပဲ ကျွန်တော်ပြောလိုက်ပြီး ပြင်ပမှာတော့ စကားတစ်ခွန်းမှ မဟဖြစ်ပါ။ အဲသည့်အစား ဘီယာခွက်ထဲမှ ဘီယာကို တစ်ငုံစာလောက် စုပ်မျိုလိုက်တယ်။
“ကောလိပ်တက်တုန်းကအကြောင်းကော မင်းတွေးဖြစ်ရဲ့လား”
“တချိန်လုံးပဲ တွေးမိတယ်” တုန့်ဆိုင်းတာမျိုးမလုပ်ဘဲ သူချက်ချင်းစကားပြန်လာတယ်။ “ငါတို့ မတူညီကွဲပြားစွာ လုပ်ကိုင်ခဲ့ကြတာတွေ၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပြန်မပြောခဲ့တာတွေကောပေါ့”
နှစ်ယောက် အသံတိတ်သွားကြပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မရွေးချယ်ဖြစ်ခဲ့သော ချိုချိုအေးအေး သီချင်းသံစဉ်လေးအချို့က တော့ နေဝင်းဖွင့်ထားမှုကြောင့် ကြားနေရတယ်။ အခုအချိန်အခိုက်အတန့်အတွက် သင့်တော်သလိုပဲ။ နေဝင်း ကျွန်တော့် အနားကို အနည်းငယ်တိုးကပ်လာတယ်။ အခု သူ့လက်မောင်းအစုံဟာ ကျွန်တော့်ပခုံးထက်မှာ ထွေးပိုက်လျက်ပေါ့။
“ကျောင်းအဆောင်အခန်းထဲက မွေ့ယာပေါ် ငါတို့အတူအိပ်စက်ခဲ့ကြချိန်ကို မင်းမှတ်မိလား။” ကျွန်တော့်မျက်စိကို သူတည့် တည့်စိုက်ကြည့်ပြီး မေးလာတယ်။
“ငါမှတ်မိပါတယ်။ မင်းက ဟောက်သံပေးပြီးအိပ်နေတော့ တညလုံး ငါအိပ်မပျော်ခဲ့ဘူးလေ။ ဘာကြောင့်ဆို ငါအိပ်တဲ့အနား မင်းက ပူးကပ်ပြီးလှဲအိပ်နေခဲ့တာကိုး။ ပြီးတော့ မိုးရွာပြီးစ သစ်တောအုပ်ထဲက အနံ့လိုမျိုး မင်းစီကရနေတာ”
သူ ငြင်သာစွာ ရယ်မောလိုက်ရင်း “မင်း တကယ်ကြီး အဲလိုတွေးခဲ့တာပေါ့”
“တကယ်ပေါ့” ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။
သူနောက်တကြိမ်ပြုံးပါတယ်။ ဒါပေမယ့် သည်အပြုံးကတော့ တမူကွဲပြားတယ်။ ပို၍တိတ်ဆိတ်သလို ပို၍နက်ရှိုင်းတယ်။ နှစ်များစွာ စိတ်ထဲမှာ သိုဝှက်ထားသမျှ ခံစားချက်တွေကို နောက်ဆုံးတော့ သူ့ကိုယ်သူလွတ်လပ်ခွင့်ပေးလိုက်ပုံရတယ်။ ကျွန်တော့်မျက်ဝန်းတွေကို စက္ကန့်အတော်ကြာအောင် စိုက်ကြည့်တယ်လေ။ လုံးဝအကြည့်မလွှဲဘူး။ ကျွန်တော်ကရော အကြည့်ခြင်းစုံတာ မပျက်စေရဘူး လုပ်မိတာ။
ဘယ်လိုပြောမလဲ စကားစမြည်ပြောရုံသက်သက်မဟုတ်ခဲ့တာအမှန်ပါ။အသံမထွက်ဘဲ တိတ်ဆိတ်နေခြင်းတခုက တစုံတရာကို ထုတ်ဖော်ပြောနေတာပဲ။ မျက်တောင် တဖျပ်ဖျပ်ခပ်တာက မေးခွန်းထုတ်ခြင်းပေါ့။ ပြီးတော့ အဖြေဆိုတာတော့ မထွက်လာသေးဘူး။
ကျွန်တော်တို့နှစ်ယောက်သား ဆည်းဆာချိန်အောက်မှာ ထိုင်နေကြတာ ရှေ့က ဘီယာခွက်ထဲမှာလည်း ဘီယာမရှိတော့သလို စကားစမြည်ပြောခြင်းလည်း ဆိုင်းငံ့ထားပါတယ်။ ဒါပေမယ့် ကျွန်တော့်တို့နှစ်ဦးသားကြားက တိတ်ဆိတ်မှု သိပ်မပြင်းထန်ဘူး။ အတော်အသင့် ပြည့်နေပြီ။ နှစ်ကာလအချိန်အတော်များများ ဖြတ်သန်းလာတဲ့ စိတ်ဆန္ဒတွေဟာ အလျှံအပယ်ဖြစ်သလားပဲ။
နေဝင်းက သူ့ဒူးနှစ်ဖက်ပေါ် တံတောင်နှစ်ဖက်ကိုမှေးတင်ပြီးထိုင်နေကာ ခန္ဓာကိုယ်ကြီးကိုကျုံ့လျက် ငြိမ်သက်စွာ စကားတိတ်နေ ပါတယ်။ ဘာတွေကိုတွေးပြီး ငေးနေတယ်မသိ အတန်ကြာမှာ နှစ်ကိုယ်ကြားတိုးတဲ့လေလို အသံခပ်တိုးတိုးနဲ့ သူပြောလာတယ်။
‘မောင်မောင်….မင်းကို ငါအမြဲပြောချင်နေခဲ့တဲ့ အကြောင်းအရာတခုရှိတယ်။ ဒါပေမယ့် ငါအတော်ကြောက်နေခဲ့တယ်”
ကျွန်တော် ထိုင်နေရာမှ လုံးဝမရွေ့၊ သူ့ပြောစကားကို ကြားဖြတ်ပြောတာလုံးဝမလုပ်ဘဲ ပြောသမျှ နားထောင်မိပါတယ်။ သူ့အသံထဲမှာ ကျွန်တော် ယခင်က လုံးဝမသိသေးတဲ့ မကြားဖူးတဲ့ နုညံ့ငြင်သာမှုတွေ လှိုင်းခတ်နေတယ်လေ။ နှစ်အတန်ကြာတိတ်ဆိတ်နေရာက စကားလုံးတိုင်းကို ချောမွေ့အောင် အရောင်တင်ပြီးပြောသလားပဲ။
“ပြန်စဉ်းစားရင် ကောလိပ်မှာကတည်းက ငါ့ရင်ထဲမှာ တခုခုရှိခဲ့တယ်။ ဟုတ်တယ် ငါ့ရင်ထဲ စိတ်အတွင်းထဲမှာပေါ့။ အရာရာကို ကြောက် လန့် သတိထားမိစိတ်ကြောင့် အမျိုးအမည်တပ် အမည်တစ်ခုမသတ်မှတ်နိုင်ခဲ့ဘူး။ ငါ့အဖေက ရဲအရာရှိတစ်ဦး။ သည်လိုလူမျိုး တွေရဲ့ တုန့်ပြန်မှုက ဘယ်လိုဆိုတာ မင်းလည်း ခန့်မှန်းနိုင်မှာပါ။ အားကစားခန်းမ gym က သူငယ်ချင်းတွေကိုလည်း ထိတ်လန့်နေခဲ့တာ အမှန်ပဲ။ ငါ့ကိုယ်ငါလည်း ကြောက်ရွံ့ခဲ့တယ်။”
ကျွန်တော် အသံတိတ်နေပေမယ့် ကျွန်တော့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သူ့အသံကို နားစွင့်နေခဲ့ပါတယ်။ သူ့စကားလုံးတိုင်းဟာ ကျွန်တော့် ခန္ဓာကိုယ်အရေပြားကတဆင့် ဝင်ရောက်ကုန်တယ်လေ။
“မင်း ရှိနေခဲ့တယ်။….ဘာလဲ ငါမသိဘူး။ လုံးဝကွဲပြား လွတ်လပ်နေတယ်ကွာ။ သူစိမ်းတစ်ယောက်လို မခံစားရဘူး။ အရင်ကတည်းက သည်နေရာမှာ အတူတူရှိခဲ့သူလို သိခဲ့သူလိုပဲ ငါခံစားရတယ်။” သည်စကားတွေကို နေဝင်း မျက်ရည်တဝဲ၀ဲနဲ့ အချိန်အတော်ကြာပြော တာ။ “မင်းကိုကြည့်ပြီး ငါတွေးမိတာက….Fuck…..မင်းအတွက်တော့ အရာရာဟာ အဆင်ပြေလွယ်ကူနေသလိုပဲလို့”
ကျွန်တော့်မျက်ဝန်းတွေကို သူစိုက်ကြည့်နေပါတယ်။ သူ့မျက်လုံးများဟာ စီးမကျတဲ့မျက်ရည်များနဲ့ စိုစွတ်ရစ်ဝိုင်းနေပါရဲ့။
“မင်းကို ငါကြိုက်တယ်….ဟိုးယခင် စတွေ့ကတည်းကပဲ။ မင်းခန္ဓာကိုယ်အချိုးအစား၊ မင်းရဲ့အသံ၊ မင်းရဲ့ ရယ်မောပုံလေးတွေ၊ ငါ့ကို မင်းကြည့်ပုံကြည့်နည်း ကြည့်ဟန်လေးတွေကောပေါ့။ ကိုယ်ကာယလေ့ကျင့်ခန်းတွေပြုလုပ်ပြီးချိန် မင်းစီကရတတ်တဲ့ကိုယ်နံ့၊ ရေချိုးခန်း ထဲက ရေပန်းခေါင်းအောက် မတ်တပ်ရပ်ပြီး ရေချိုးနေတဲ့ မင်းကိုယ်ဟန်ကောပေါ့။” ပြောရင်းဆိုရင်း သူရှက်စိတ်သည်းသွားတယ်ထင် တယ် အသံတိတ်သွားတယ်။ ဒါပေမယ့် ကျွန်တော့်မျက်နှာကိုကြည့်နေတဲ့ အကြည့်ကိုတော့ မလွှဲဖယ်ပါဘူး။ “ပြီးတော့ မပြောမဆိုနဲ့ ငါ့ကို မင်းလှမ်းဖက်လိုက်တာကိုရော သဘောကျတယ်။ သည်လိုရင်းနှီးနွေးထွေးမှုမျိုး ငါတကယ်လိုအပ်တာ”
ကျွန်တော့် နှလုံးခုန်သံတွေ ကဆုန်ပေါက်ခုန်လာပေမယ့် တည်ငြိမ်နေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူပြောသမျှဟာ ကျွန်တော့် အတွက်အသစ်အဆန်းမဟုတ်လို့ပါ။ ဟုတ်တယ် သူအခုမှ စကားလုံးရှာလို့ရတာ မဟုတ်လား။
“အသံတိတ်နေမိလို့ တောင်းပန်ပါတယ်ကွာ….အခုတော့ ငါ မင်းအရှေ့မှာလေ။ ဘယ်ကိုမှလည်း ထွက်မပြေးဘူး…သွားလည်း မသွားချင်ဘူး ဟုတ်ပြီလား။”
အဝေးတနေရာသို့ အကြည့်လွှဲကာ သူ့ဦးခေါင်းကိုငုံ့သွားပါတယ်။ အနည်းငယ် မသိမသာတုန်ခါနေသော သူ့ပခုံးအစုံကိုတော့ ကျွန်တော်မြင်နိုင်တာပေါ့။ သူ့အနေနဲ့မငိုချင်ပါဘူး။ ဒါပေမယ့် သူ့စိတ်ခံစားချက်တွေ ကြေကွဲနေခဲ့တာရဲ့ထွက်ပေါက်တစ်ခုဖြစ်ခဲ့တာ။ ကျွန်တော့်ရှေ့မှောက်မှာတော့ ထိန်ချိန်ထားတာ ထိန်းချုပ်ထားတာ မရှိဘူး။ နေဝင်း…စစ်သားတစ်ယောက်၊ သန်မာတယ်၊ ကြံ့ခိုင်တယ်၊ ကြွက်သားအပြည့် ခန္ဓာကိုယ်နဲ့။ သူငယ်စဉ်ကတည်းက ဖြစ်တည်လာသော စိတ်ကြေကွဲခံစားချက်များဟာ လျှပ်တပျက်အတွင်းပွင့်ထွက် လာပုံပါပဲ။
သူ့အတွက် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် တနည်း ခွင့်လွှတ်ပေးခြင်းမလိုအပ်ဘူး။ သူလိုအပ်ခဲ့တာက မျက်မှောက်ကာလ။ သူပြောတဲ့ စကားတစ်ခွန်းက ကျွန်တော့်ရင်ထဲလာထိတယ်။ “I’m with you.”
ကျွန်တော် ဘယ်လိုစကားတစ်ခွန်းမှ မပြောဘူး။ သူ့လက်အစုံကိုသာဆွဲကိုင်ခဲ့တယ်။ ကြီးမားနွေးထွေးပြီး အနည်းငယ်စိုထိုင်းသလို တောင့်တင်းနေသော လက်အစုံပေါ့။ကျွန်တော့်လက်ချောင်းများနဲ့သူ့လက်ချောင်းများကိုယှက်ကာ ခပ်တင်းတင်းဆုပ်ကိုင်ခဲ့တယ်။သူ့ လက်ချောင်းများကို ပြန်ဆွဲထုတ်လက်ကိုရုပ်သိမ်းလိုက်တာမျိုး သူမလုပ်ဘူး။တင်းကြပ်စွာဆုပ်ကိုင်ထားကြသော ကျွန်တော်တို့လက် အစုံကိုသာ မယုံနိုင်သောမျက်ဝန်းများနဲ့စိုက်ကြည့်နေပါတယ်။
“နေဝင်း….” ခပ်တိုးတိုး နုညံ့စွာ ကျွန်တော်စကားစပြောလိုက်တယ်။ “မင်းအနေနဲ့ ငါ့အပေါ်တောင်းပန်တိုးလျှိုးစရာ ဘာအကြောင်းမှမရှိ ပါဘူး။ ငါလည်းပဲကြောက်လန့်နေခဲ့တာ။ အဲသလိုခံစားခဲ့ရတာပါ။ဒါပေမယ့် မျက်တောင်တခတ် အကြည့်တချက်နဲ့အဓိပ္ပာယ်အများကြီး ရှိနေမှန်း သဘောမပေါက်ခဲ့ဘူးရယ်။ မင်းကို ငါမဆုံးရှုံးချင်ခဲ့တာ အမှန်ပဲ”
သူ ဦးခေါင်းမော့လာပြီး ကျွန်တော့်မျက်နှာကိုကြည့်တယ်။မျက်ဝန်းအစုံမှာ မျက်ရည်ဥအချို့ခိုတွဲနေဆဲပါ။ စိတ်သက်သာရာရခြင်းသာ ရှိပါတော့တယ်။ ပြီးတော့ တစ်စုံတခုသော လိုအင်ဆန္ဒတခုရှိနေတယ်။ ပူးပူးကပ်ကပ်ရှိနေခြင်းအတွက်၊ အသိအမှတ်ပြုမှု ဝန်ခံမှုအတွက်၊ အထိအတွေ့အတွက်။
“မင်းအခု ငါ့ရှေ့မှာရှိနေပြီ။ မင်းတကယ်တမ်းဖြစ်ချင်တာတွေအတွက် ငါတို့အရာအားလုံးကို ပြင်ဆင်လုပ်ကိုင်သွားလို့ရတာပဲ။ ခပ်ဖြေးဖြေး အရှိန်မပြင်းဖို့ပဲ။ ဟုတ်တယ် ဖြေးဖြေးမှန်မှန်နည်းလမ်းသာ ငါတို့ရွေးဖို့လိုတယ်။”
မျက်ရည်ခပ်ဝဲ၀ဲနဲ့ သူပြုံးပါတယ်။ “မင်းနေခွင့်ပြုသမျှ ငါနေပါ့မယ်”
သူ ကျွန်တော့်အနားကိုတိုးကပ်ထိုင်တယ်။ ကျွန်တော်တို့ ဒူးအစုံဟာတွန်းထိုးလို့ပေါ့။ တကိုယ်လုံးကို ဆရာဝန်စမ်းသပ်သလို ရောဂါ ဖွေရှာမယ့်ဟန်နဲ့သူ့လက်ချောင်းများဟာ ကျွန်တော့်ခါးတဝိုက်လိုက်ရှာခဲ့တယ်။ နောက်တော့ ကျွန်တော့်လည်ဂုတ်ပေါ်မှာ သူ့လက် ကို အနားပေးပါတယ်။ နွေးထွေးသော လက်အစုံဟာ ကျွန်တော့်တကိုယ်လုံးကို ကြက်သီးထစေပါရဲ့။ ကျွန်တော် အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး ခပ်ဖြေးဖြေးပြန်ထုတ်မိတယ်။သူ့အသက်ရှူပုံကိုလည်း ကျွန်တော်ခံစားလို့ရနေတဲ့အခိုက်အတန့်ပါ။
သူ ကျွန်တော့်မျက်နှာရှိရာကို ငုံ့ကိုင်းချလာပါတယ်။ နှာခေါင်းချင်း နဖူးချင်းဖိကပ် ပူးကပ်တဲ့အနေအထားနဲ့ ကျွန်တော်တို့မိနစ်အနည်း ငယ်ကြာတဲ့အထိနေနေကြတယ်။ တောင့်တင်းကာ ကိုယ်အနေအထားပြောင်းမှဖြစ်မယ်ဆိုတဲ့အချိန်ထိပေါ့။
အဦးဆုံးအနမ်းတစ်ပွင့်ဟာ ဘယ်လိုနမ်းလိုက်မိမှန်းမသိဘူး။ နှစ်ဦးသားတုန်ရီနေတာပဲ။ သူ့လျှာဟာ ကျွန်တော့်လျှာကို ခလုပ်တိုက်သွား တာတော့သိတယ်။ စကားလုံးမဲ့မေးခွန်းတစ်ခုလိုပါ။သူ့လည်တိုင်တလျောက် လက်ချောင်းများနဲ့ပွတ်သပ်ပြီး ပိုမိုတိုးကပ်အောင်ဆွဲယူခြင်း ဖြင့် ကျွန်တော်အဖြေပေးခဲ့တယ်။ နောက်များတော့ အနမ်းများဟာ တပ်မက်မှု မွတ်သိပ်မှုတွေအပြည့်ဖြစ်လာတယ်။ သန်မာတောင့်တင်း တဲ့ သူ့လက်မောင်းအစုံနဲ့ ကျွန်တော့်ကိုဆွဲယူပွေ့ဖက်ပါတယ်။
ကာလကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသမျှ သည်းမခံနိုင်တော့တဲ့ဟန်မျိုးနဲ့ အနမ်းများပေးမိကြတယ်။ အသံတိတ်နေမိတဲ့ နှစ်ကာလ တစ်ခု ချင်းစီအတွက် နောက်ဆုံးတော့ ဖြိုဖျက်ခဲ့တယ်ပြောရမယ်။
သူ့လက်တွေဟာ ကျွန်တော့်ပခုံးတဖက်မှာတင်ထားရင်းမှ ကျောပြင်တလျှောက် လျှောကျသွားပါတယ်။ ကျွန်တော့်လက်တွေကတော့ သူ့ရင်အုပ်အစုံမှာ ရပ်တန့်နေလေရဲ့။ တစ်ယောက်ခန္ဓာကိုယ် တစ်ယောက် ဆာလောင်မွတ်သိပ်မှုအပြည့် နွေးထွေးပူးကပ်သွားကြပုံက ကန့်သတ်ချက်တွေမရှိတော့သလိုပဲ။ အရှက်သည်းတာရဲ့ပြင်ပကိုရောက်နေသလို လက်ရှိအချိန်အခိုက်အတန့်အား လေးစားတန်ဖိုး ထားမှုရဲ့ ဘောင်အနားသတ်အပြင်ကိုသွားနေတယ်။
အတန်ကြာ ထွေးဖက်ပူးကပ်နေရာမှ နေဝင်းဟာ ကျွန်တော့်ခန္ဓာကိုယ်ကိုအသာထိန်းကိုင်လျက် အနည်းငယ်တွန်းခွာကာ နောက်ဆုတ်ထိုင်လိုက်ပါတယ်။ “ငါ မင်းကိုစကားစမြည်ပြောချင်ရုံလေးပါ….ဒါပေမယ့် မင်းနှုတ်ခမ်းတွေကို ငါအကြည့်မရပ်နိုင်ဘူး” လို့ခပ်တိုးတိုးပြောလာတယ်။
ကျွန်တော် မျက်ဝန်းများကိုမှေးမှိတ်လျက် အသာအယာ စကားခွန်းတုန့်ပြန်ခဲ့ပါတယ်။
“ပြီးတော့…..ငါက မင်းရဲ့ဟိုဟာကို စိုက်ကြည့်မိတာကနေ အကြည့်မလွှဲနိုင်ဘူး….”
To be continued…..
Alex Aung (July 14, 2026)

