Moon Story: Part 1
*** This story is fiction and it’s not meant to offend anyone.
တောင်တန်းကြီးကို ပတ်ပြီးဖောက်လုပ်ထားတဲ့ ကားလမ်းမတလျောက် ကိုယ်တိုင်မမောင်းဘဲ သူတပါးကားကို စီးလာတဲ့ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး ကားယိမ်းလိုက်တိုင်း၊ကွေ့လိုက်တိုင်း ဟိုဘက်ယိမ်းလိုက် သည်ဘက်ယိမ်းလိုက်နဲ့ဖြစ်နေပါတယ်။ စီးလာတဲ့ကားက လည်း ဂျစ်ကားမို့ သေချာမယ့်နေရာကို လက်နဲ့အသေဆုပ်ကိုင်ထားရတာပါပဲ။ ဒါပေမဲ့ သည်လိုခရီးထွက်ရတဲ့အခါရတတ်တဲ့ အရသာကို ကျွန်တော် အတော်သဘောကျတယ်။ မျက်စိတဆုံးမြင်တွေ့နေရတဲ့ သစ်ပင် သစ်တောတွေဟာ အဆုံးအစမဲ့ စိမ်းမြနေရော။ ကျွန်တော် တို့ကားကို ကျောပိုးထားတဲ့ တောင်တန်းကြီးနဲ့အတူ အခြားသောတောင်ကုန်းတောင်တန်းတွေဟာလည်း အစိမ်းရောင်နဲ့ ဖုံးလွှမ်းထား တာပါ။ ကျွန်တော့်ရဲ့နှာသီးဖျားကို တို့ထိနေတဲ့ လေအဟုန်ဟာလည်း လတ်ဆတ်ပြီး ချိုမြတဲ့ ရနံ့တစ်မျိုးမျိုးသယ်ဆောင် လာသလိုလို။ သည်လိုပတ်ဝန်းကျင်မယ် ကြားရတဲ့အသံဆိုလို့ စီးလာတဲ့ ဂျစ်ကားရဲ့ အင်ဂျင်လည်ပတ်မှုကြောင့် မည်နေတဲ့ အသံလောက်ပဲရှိတယ်။ တစ်ခါ တစ်ခါ ကားဘရိတ်ညှစ်သံကြောင့်ထွက်တဲ့အသံမျိုးလည်းပါတာပေါ့။ တဖြည်းဖြည်းနဲ့ ကတ္တရာလမ်းနည်းသွားပြီး အင်္ဂတေလမ်း တွေများလာတော့ ကားမောင်းရတာ ကောင်းလာသလား၊ မကောင်းဘူးလား ကျွန်တော်မပြောတတ်တော့ဘူး။ သစ်ပင်၊ သစ်တောတွေကို ကြည့်မြင်ရတာ လွတ်လွတ်လပ်လပ်ရှင်သန်ရတယ်ဆိုတဲ့ ခံစားချက်မျိုးရစေတာမို့ ကျွန်တော် အတော်ကြိုက်ပါတယ်။
ရှိန်းလို့ခေါ်တဲ့ ရှိန်းမင်းသန့်ဟာ သူ့ရဲ့သန်မာလှတဲ့ ညာဘက်လက်နဲ့ ကားစတီယာရင်ကိုကိုင်ပြီး လှည့်ပတ်မောင်းနှင်နေတာ မကြာခဏ ဆိုသလို ကျွန်တော့် ဘယ်ဘက်ဒူးအပေါ်ပိုင်းနားကို အသာအယာပွတ်တိုက်သလိုဖြစ်နေတယ်ဗျ။ ကြွက်သားအပြည့်နဲ့ တောင့်တင်းလှ တဲ့ သူ့ရဲ့သွင်ပြင်၊ စိန်ပွင့်မြုပ်ထားတဲ့ ညာဘက်နားရွက်က နားကွင်းသေးသေးလေး၊ ဆံလုံးတုတ်ပြီး ခပ်တိုတိုညှပ်ထားတဲ့ သူ့ဆံပင်၊ အညိုရောင်မျက်ဝန်းတွေနဲ့အတူ သူ့ရဲ့မျက်စိကျိမ်းစပ်မတတ်အပြုံးတွေကို ကျွန်တော်ငဲ့စောင်းကြည့်လိုက်ပါတယ်။ ရှိန်းနဲ့ကျွန်တော် သစ်ပင်အများအပြားအုံ့ဆိုင်းနေတဲ့ သစ်တောရှိရာဘက်ကို အတူလာဖြစ်တာ ခြောက်နှစ်မကဘူးထင်တယ်။
အထက်တန်းကျောင်းတက်နေစဉ်တုန်းကတည်းက ကျွန်တော်နဲ့ပဲ သီးသန့်နေထိုင်ချင်ဟန်နဲ့ အိမ်ကိုလာ လည်သလို ကျောင်းမှာလည်း သူငယ်ချင်းအများကြီးနဲ့ အသွားအလာလုပ်တာနည်းပါတယ်။ ရှိန်းရဲ့ဖခင်ပိုင်ဆိုင်တဲ့ သစ်လုံးအိမ်က ကျွန်တော်တို့နှစ်ယောက်သား စတည်းချဖို့အကောင်းဆုံး နေရာတစ်ခုပါ။ လူသံသူသံတွေနဲ့ ဝေးသလို အိပ်ရာပေါ်မှာ ကျွန်တော့်ကို အသံထွက်အောင် သူဆော့ကစား တိုင်း အော်ချင်သလိုအော်လို့ရတဲ့အတွက် လွတ်လပ်လွန်းတယ်။
ရှိန်းမောင်းနှင်လာတဲ့ ဂျစ်ကားဟာ သစ်လုံးအိမ်ရှိရာခြံကျယ်ကြီးနဲ့ ပိုမိုနီးကပ်လာလေ ကျောက်ဆိုင်ကျောက်သားထူထပ်မှုကြောင့် ကားလမ်းက အမို့အမောက် အတက်အဆင်းများလေဆိုတော့ လှုပ်ခါရမ်းစပြုလာတယ်။ အင်း….စတည်းချမယ့်နေရာရောက်တာနဲ့ တပြိုင်နက် အဦးဆုံးဘာလုပ်မယ်ဆိုတာ ကျွန်တော်ရိပ်စားမိတယ်လေ။ ကျွန်တော့်ရဲ့ စိတ်လှုပ်ရှားမှု ဟန်ပန်အမူအရာတွေကို ရှိန်း သတိပြုမိသလို သဘောပေါက်ဟန်ဖြင့် ပါးချိုင့်ပေါ်အောင်ပြုံးပြပါရော။ ရှိန်းရဲ့ ပုံပန်းသွင်ပြင်က တောင့်တင်းကြံ့ခိုင်လွန်းလှသော်လည်း ကျွန်တော့် အပေါ် ပြုမူ ဆက်ဆံ နေထိုင်ပုံက အလွန်တရာနုညံ့လှပါတယ်။ ပေါင်ခွဆုံနေရာကဖောင်းကားလာတဲ့ ကျွန်တော့်ဘောင်းဘီကို ရှိန်းရဲ့ လက်တစ်ဖက်ရောက်လာပြီး စတင် ပွတ်သပ်ဖျစ်ညှစ်လာတယ်။ စိတ်လှုပ်ရှားမှုကြောင့် အသက်မနည်းရှူရှိုက်ရသလို အသက်ရှူ မဝသလိုလို ခံစားရတာမို့ အားသန်လှတဲ့ သူ့လက်တစ်ဖက်ကို မနည်းဆွဲဖယ်ရပါတယ်။ အသက်ရှူမမှန်တဲ့ ကျွန်တော့်လေသံကလွဲလို့ ဂျစ်ကားထဲမယ် ဘာသံမှမရှိ တိတ်ဆိတ်သွားပြီး ရှိန်းလည်း မောင်းလက်စကားကို ဂရုတစိုက် ဆက်မောင်းတယ်။
လမ်းအကွေ့တွေသိပ်မရှိတဲ့ တောင်ပေါ်မြေပြန့်လမ်းထက်ရောက်လာတော့ ရှိန်းတယောက် ကားမောင်းတာကို အာရုံစိုက်စရာမလိုတော့ သလိုမျိုး ကျွန်တော့်ကို မရိုးမယွဖြစ်အောင် ကလိတယ် စနောက်ပါတယ်။ သည်လမ်း သည်မြေအနေအထားကို လေ့ကျက်ပြီးသားမို့ ရှိန်းက အဆင်ပြေနေတာပါ။ ကျွန်တော်ကသာ ရှေ့တည့်တည့်ကို ကြည့်ရင်း သူ့နာမည်ကို နှစ်ကြိမ်လောက် အော်ဟစ်သတိပေးရတယ်။ ရှိန်းတယောက်လည်း ကျွန်တော့်နည်းတူ စိတ်တွေမငြိမ် ထန်နေပြီဆိုတာ တစ်ချက် တစ်ချက် ခပ်တိုးတိုး ရေရွတ်ညည်းညူသံလေးတွေ သူ့စီကထွက်ထွက်လာတာကြောင့် အတတ်ပြောနိုင်တာဗျ။ သည်လိုအမူအယာ သည်လိုအသံလေးတွေကိုပဲ ကျွန်တော်က ကြွေနေရတာ မဟုတ်လား။ သစ်လုံးအိမ်ရဲ့ မျက်နှာစာ ညာဘက်ခြမ်းမှာ ကားကို ပါကင်မထိုးခင်လေး ရှိန်းက သူ့ဘယ်ဘက်လက်နဲ့ ကျွန်တော့် ဦးခေါင်းနောက်စေ့ကို ဖမ်းကိုင်ဆွဲယူပြီး မွတ်မွတ်သိပ်သိပ် အနမ်းတစ်ချက်ပေးပါတယ်။ ကားလည်းအရပ် ကျွန်တော့်ကို သူလွှတ်ပေး လိုက်တာကတပြိုင်နက်မို့ ကားထိုင်ခုံနောက်လှန်ကျတဲ့ခလုတ်အား ယောင်ရမ်းဆွဲမိမှုကြောင့် လူလည်းနောက်ပြန်လဲကျသွားရော။
ရှိန်းလေ ခါးမှာပတ်ထားတဲ့ Seat Belt ကို ကသောကမျောဖြုတ်ပြီး ကျွန်တော့်ပေါ်တက်ခွတာများ မသိရင် သားကောင်ကို ကျားကြီးက ခုန်အုပ်လိုက်တဲ့အတိုင်းပဲ။ မွတ်သိပ်မှုနဲ့အတူ နှစ်နှစ်ခြိုက်ခြိုက် ကျွန်တော့်ကို အနမ်းခြွေတာ တစ်စက္ကန့်ကို ဆယ်ကြိမ်နည်းပါးလောက် ရှိမယ်။ ကျွန်တော်ဝတ်ထားတဲ့ ရှပ်အင်္ကျီထဲ လက်လျှိုထည့်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ရှိန်းက တို့ထိစမ်းသပ်ပါရဲ့။ ဟိုသည် ပွတ်သပ်နေတာ အသံမထွက်မိပေမဲ့ ကျွန်တော့်နို့သီးခေါင်းလေးတွေကို သူစတင်ကလိချိန်မှာတော့ အသံထွက်ညည်းညူမိပါတယ်။ အခြားတဖက်မှာတော့ လုံးဝန်းပြည့်တင်းတဲ့ ရှိန်းရဲ့တင်သားဆိုင်တွေကို ဘောင်းဘီအပေါ်ကနေပဲ ပွတ်သပ်ဖျစ်ညှစ်ပစ်တယ်။ လိင် ဆက်ဆံတဲ့အချိန်မှာပဲဖြစ်ဖြစ် နှစ်ယောက်သား ပွေ့ဖက်လဲလှောင်းချိန်မှာပဲဖြစ်ဖြစ် ရှိန်းရဲ့တင်သားဆိုင်တွေကို အားရပါးရဆုပ်ကိုင် ထားရတာကို ကျွန်တော်အမြဲလိုလို ကြိုက်မိတယ်ဗျ။
မလှုပ်မယှက်မဟုတ်သော်လည်း ပက်လက်ဖြစ်လုနည်းပါး ကျွန်တော့်ပေါင်ခွဆုံနေရာပေါ်ကို ရှိန်းက နေရာရွှေ့ထိုင်ပြီး မြင်းစီးသလို အပေါ်က ခပ်ယွယွလေး တက်ဆောင့်ပါတယ်။ ဝိုင်းစက်ပြည့်တင်းတဲ့ သူ့တင်သားဆိုင်တွေဟာ ကျွန်တော့်ငပဲကို အားရပါးရကြီး ဖိကပ် ပွတ်သပ်နေတာမို့ ပြီးလုပြီးခင်ခံစားချက်တွေ ငယ်ထိပ်တက်ဆောင့်လာတယ်လေ။ သည်တော့ သူဝတ်ထားတဲ့ ဘောင်းဘီခါးပတ်ကို ကျွန်တော် အလိုက်တသိဖြုတ်ပေးသလို သူကလည်း ကျွန်တော်ဝတ်ထားတဲ့ ဂျင်းဘောင်းဘီခပ်ပါးပါးကိုဆွဲချွတ်ပေးပါတော့တယ်။ ဘယ်နေရာ ဘယ်ဒေသရောက်နေလည်း ကျွန်တော် ဂရုမစိုက်တော့ဘဲ ရှိန်းပစ္စည်းကြီး ကျွန်တော့်ခန္ဓာကိုယ်ထဲရောက်ရှိရေးပဲ အလိုရှိ တယ်။ ရှိန်းက လက်ချောင်းတွေထဲ တံတွေးလို့ခေါ်မလား ချောဆီအစားထိုး အရည်ပျစ်ကို ထွေးထည့်ပြီး ကျွန်တော့် ခရေဝနဲ့အတူ ၈လက်မနည်းပါး သူ့အသားချောင်းကြီးကို သုတ်လိမ်းပါတယ်။ နောက်တော့ အညိုရောင်ညှို့မျက်ဝန်းတွေနဲ့ ကျွန်တော့် မျက်လုံးတွေကို စိုက်ကြည့်ရင်း “I love you” လို့ ခပ်ရိုးရိုးပဲ စကားဆိုပြန်တယ်။ ကျွန်တော် တစ်စုံတစ်ခု တုန့်ပြန်မှုမလုပ် စကားမဆိုနိုင်ခင်မှာပဲ သူ့ငပဲကြီးကို ခရေဝထဲ အကြမ်းပတမ်းမလုပ် နုညံ့ငြင်သာစွာ တစ်ရစ်ခြင်းဖိသွင်းပါတော့တယ်။
သည်ဆိုဒ်ငပဲကြီးနဲ့အသွင်းခံရတာ မအော်ဘူးလား မမေးနဲ့။ အော်ညည်းမိသော်လည်း အမြဲတစေ လိုချင်တဲ့ ပွိုင့်ကို သူ့ငပဲကြီးက အမြဲထိတာမို့ ကျေနပ်သံလို့ပြောရမယ်။ သူ့ဆီးစပ်နဲ့ ကျွန်တော့်တင်သားဆိုင်တွေ ထိကပ်သွားချိန် ဝတ်ထားတဲ့ ရှပ်အင်္ကျီကို ပင့်မချွတ်ပေးလိုက်ပါတယ်။ ‘အင်း…..ရှီး….’ ပေါ်ထွက်လာတဲ့ သူ့ရင်အုပ်နဲ့ ဗိုက်ကြွက်သား အံစာတုံးတွေက စတီးလ်လိုမျိုး ဝင့်ကြွား တောက်ပြောင်နေရော။ ခပ်မြန်မြန်ပဲ ရှိန်းရဲ့ နို့သီးခေါင်းတစ်ဖက်ကို ကျွန်တော် ငုံစုပ်လိုက်ပါတယ်။ အလန့်တကြားအော်ညည်းသံနဲ့ အတူ သူ့ငပဲကြီးကို ကျွန်တော့်ခရေဝထဲ တဆုံးဖိကပ်ထည့်ချလိုက်တာမျိုးကို ကျွန်တော်သဘောကျလို့ပါ။ ရှိန်းက ခပ်ဖြေးဖြေးဆိုသော် လည်း တစ်ချက်ဆိုတစ်ချက်ထိအောင် စတင်ထိုးလှော်ပါတယ်။
ဂျစ်ကားအတွင်းမယ် ကားထိုင်ခုံသားရေခင်းနဲ့ အသားဆိုင်တွေရဲ့ ပွတ်တိုက်သံရယ်၊ မာန်ဖီသလို ကျွန်တော်တို့နှစ်ယောက်ရဲ့ အော်ညည်းသံတွေရယ် မြိုင်နေရော။ ရှိန်းက ကျွန်တော့် လည်တိုင်အနှံ့နဲ့ ဂုတ်သားတွေကို သူ့နှုတ်ခမ်းသားတွေနဲ့ပွတ်သပ်နမ်းရှုံ့နေ တာမို့ အသက်ရှူနှုန်းအနှေးအမြန်၊ စိတ်ခံစားမှုရေချိန်ကို မှန်းဆလို့ရပါတယ်။ ခရေဝထဲထိုးသွင်းနေတဲ့ သူ့ငပဲကြီးဟာ အဓိကပွိုင့်ကို တိုက်ရိုက်ထိခပ်ကလိနေသလို သူ့သွားတွေက တစ်ခါ တစ်ခါ ကျွန်တော့်လည်တိုင်ကို မနာအောင်ကိုက်ခဲတာအမြဲပဲ။ ရှိန်းက သူလုပ်တဲ့ အတိုင်း ကျွန်တော်ပြန်လည်ဆက်ဆံဖို့ အခွင့်အရေးကိုတော့ အခုထိရွေးချယ်ခွင့်မပေးသေးပါဘူး။ ကျွန်တော် ပွတ်သပ်တာ လက်ကစား တာကြောင့် သုက်ရည်ထွက်တော့မယ် ပြီးဆုံးတော့မယ်ဆိုတာနဲ့ သူ့ရင်အုပ်ထဲ ဆွဲဖက်ဖျစ်ညှစ်ထားတော့တာ။
ကျွန်တော့်အဆုတ်ထဲမှာရှိသမျှ လေတွေအပြင်ထွက်အောင် အချက်တိုင်း ရှိန်းရဲ့ဆောင့်ဖိချက်တွေက ပြုလုပ်နေသလိုမျိုး အင့်ကနဲ အင့်ကနဲ အသံထွက်စေသလို နှစ်ယောက်သားပါးစပ်က အော်ညည်းသံတွေဟာလည်း အထိန်းအကွယ်မရှိ ညံစီနေအောင်ထွက်တယ်။ အရေပြားခြင်း ရိုက်ခတ်သံက ပိုပိုတိုးလာသလို နောက်ဆုံးတစ်ချက် ရှိန်းရဲ့ဆောင့်ဖိလိုက်သံက ဗြန်းကနဲမြည်သွားသလားပဲ။ ကျွန်တော့် ရဲ့ ခရေအတွင်းမှာ သူ့သုက်ရည်တွေ အသားကုန်ပန်းထည့်လိုက်ပြီဆိုတာ ခံစားနိုင်လိုက်တယ်။ ရှိန်းက သုက်ရည်တွေ ပန်းမထုတ်ခင် ဦးခေါင်းကို ကားအမိုးရှိရာအပေါ်ဘက်ကိုမော့ ပါးစပ်က အော်ညည်းရင်း ကျွန်တော့်ခရေထဲ သူ့ငပဲကို တဆုံးဝင်အောင် ခါးကိုကော့ ကော့ပြီးထိုးသွင်းသေးတာပါ။ ရုတ်ခြည်းဆိုသလို ကျွန်တော့်ရဲ့လည်တိုင်ကို သူ့ရဲ့သွားစွယ်ချွန်တွေနဲ့ ငုံခဲပါတယ်။ စက္ကန့်အနည်းငယ် ကြာတော့ ကျွန်တော့်လည်တိုင်ကို မကိုက်ခဲတော့ဘဲ ကားထိုင်ခုံကသားရေအဖုံးကို အတန်ကြာကိုက်ခဲပါရော။ ရှိန်းက သူ့ စိတ်အဟုန်ကို ပြေလျော့ဖို့ အားကြီးနဲ့ကျွန်တော့်လည်တိုင်ကို ကိုက်ခဲလိုက်ရင် ကိုက်တဲ့ဒဏ်နဲ့သေမှာ။ နှစ်ယောက်သား အသက်ရှူမှန် စိတ်တွေ ပြေ လျော့ချိန်မှာတော့ ရှိန်းက ကျွန်တော့်ကို သစ်လုံးအိမ်ထဲ ပွေ့ချီခေါ်ဆောင်သွားပါတယ်။ သုံးရက်ကြာမယ့် ကျွန်တော်တို့ရဲ့ အပန်းဖြေ ခရီးစဉ်က နောက်ဆုံးတော့ စတင်ခဲ့ပါပြီ။
အခြားအခြားသော ဖြစ်စဉ်တွေကို ဆက်မရေးခင် ကျွန်တော်နေထိုင်တဲ့ သမရိုးကျမဆန်သော မြို့ငယ်လေးအကြောင်း အရင်ပြောပြခွင့်ပြု ပါ။ သစ်ပင်ကြီးတွေ လက်ညိုးထိုးမလွဲအုပ်ဆိုင်းနေတဲ့ သစ်တောအုပ်ကြီးတစ်ခုရဲ့အနားမှာရှိတဲ့ Heaven Falls လို့ခေါ်သော မြို့ငယ် လေးတစ်ခုမှာ ကျွန်တော်နေတယ်။ မျိုးရိုးအစဉ်အဆက် ထားခဲ့သော လျှိုဝှက်ချက်တွေအရ သည်မြို့ငယ်လေး ဘယ်နေရာမှာရှိကြောင်း အမှန်တကယ် ကျွန်တော်မပြောပြနိုင်တာတော့ ခွင့်လွှတ်ပါ။ မြို့ခံလူအများစုဟာ သမန်းဝံပုလွေတွေဖြစ်ကြောင်းပြောပြလိုက်ရင် နားထောင်သူတွေ အမှန်တကယ်ထိတ်လန့်သွားမှာမျိုးကို မလိုလားဘူးလေ။ သည်နယ်မြေမှာ အခြားသော ပြောင်းရွှေ့နေထိုင်သူအချို့ ရှိသော်လည်း အများစုရှိနေ အုပ်စုဖွဲ့နေသော သမန်းဝံပုလွေများက အာဏာလွှမ်းထားပါတယ်။
သည်မြို့မှာ ကျွန်တော်တို့တွေရဲ့ ခေါင်းဆောင် သို့မဟုတ် Alpha ဆိုတာက အသက်ကြီးသော်လည်း တောင့်တင်းသန်မာဆဲ လူကြီး လူကောင်းတစ်ယောက်ဖြစ်တဲ့ ဦးကောင်းစည်သူ အမည်ရှိသူပါ။ ခေတ်သစ်အခေါ်အဝေါ်အသုံးအနှုန်းအဖြစ် ကျွန်တော်တို့ကို ကျွန်တော်တို့ “shifter” လို့သတ်မှတ်သုံးစွဲကြပါတယ်။ ငယ်ရွယ်သော ယောက်ျားကလေးတစ်ယောက် သို့မဟုတ် မိန်းကလေး တစ်ယောက် သူတို့ကိုယ်တွင်းမှာ အဆင်သင့်ဖြစ်တည်ပြီးသား ဝံပုလွေ ဗီဇတွေ တွန်းကန်ထွက်လာပြီး တကယ့်ဝံပုလွေအဖြစ် အသွင် ပြောင်းနိုင်ချိန်ကို ညွှန်းဆိုခေါ်ဝေါ်ကြတာမျိုးပါပဲ။ ကျွန်တော်တို့ဟာ လူသားတဝက်၊ တိရစ္ဆာန်တဝက်ပေါ့။ ပြီးတော့ လူ့ဇာတိ လူ့ သဘာဝနဲ့ သတ္တဝါဗီဇ ပင်ကိုစိတ်နှစ်ခုကြား အကောင်းဆုံးမျှခြေတစ်ခုဖြစ်အောင် ထိန်းထားဖို့ ကျွန်တော်တို့ အမြဲတစေကြိုးစား နေထိုင်ပါတယ်။ မည်သို့ပင်ဖြစ်ပါစေ ကျွန်တော်ဟာ သူတို့ထဲကတစ်ယောက်လို့ ဝန်ခံရမယ့်အပြင် တပြိုင်တည်းလိုလို သူတို့လို မဟုတ်ဘူးလို့ပြောရမလားဘဲ(မကြာခင် သို့မဟုတ် ဖြစ်ချင်မှလည်းဖြစ်မှာပါ)။
မြို့ကလေးက ငြိမ်းငြိမ်းချမ်းချမ်းပါ။ အခါအားလျော်စွာ ‘the beasts’ တွေနဲ့ကြုံဆုံရ အရေးယူထိန်းသိမ်းရသည်ကလွဲလို့ မြို့နေလူတိုင်း က လူတိုင်းစေ့နည်းပါးရဲ့အကြောင်းကို သိရှိကြပါတယ်။ “the beasts” ဆိုတာ ကျွန်တော်ပထမဆုံးပြောပြခဲ့တဲ့ ‘the shifters’ အရွယ် လူငယ်အများစုပါပဲ။ ဒါပေမဲ့ လူ့ဗီဇ လူ့သဘာဝကို လျစ်လျူရှုပြီး တိရစ္ဆာန် သတ္တဝါဘက်ခြမ်းကို ပိုမိုလက်ခံကြသူများဖြစ်ပါတယ်။ လူ့ခြေ လူ့လက်တွေအတိုင်းဆိုသော်လည်း သူတို့အသွင်အပြင်ဟာ ခြေတံလက်တံရှည်တဲ့ ဝံပုလွေသတ္တဝါတွေနဲ့အတော်တူတာပါ။ သူတို့ နောက်ကျောတွေဟာ အမြဲလိုလို ခပ်ကိုင်းကိုင်းဖြစ်နေတတ်ကြတယ်။ ကိုယ်ခန္ဓာပေါ်ရှိ အမွှေးအမျှင်တွေဟာလည်း လူ့အမွှေးဆိုတာ ထက် ဝံပုလွေသားမွှေးတွေလို မီးခိုးရောင်သမ်းနေတာဗျ။ တစ်ဖက်လူကို တိုက်ခိုက်ချိန်ဆို ရက်ရက်စက်စက်ပြုကျင့်တတ်ကြတယ်။ စကားအဆုံးသတ်ရရင် ဘယ်လိုပြောပြော အခုအချိန်ထိ ကျွန်တော်တို့ the beasts တွေရဲ့ ကျူးကျော်ရန်စမှုကို မခံရဖူးဘူး။
x x x
ညအချိန် ကောင်းကင်တစ်ခုလုံး ကြယ်တွေတလက်လက်နဲ့ပြည့်နှက်နေပါရော။ အိမ်နေရင်း ဝတ်နေကြ ဘောင်းဘီတိုနဲ့ လက်ပြတ် ရှပ်အင်္ကျီတစ်ထည် ကောက်စွပ်ပြီးနောက် ရှိန်းနဲ့ ကျွန်တော် လသာဆောင်ကိုသွားခဲ့ကြတယ် လှမ်းမြင်နေရတဲ့ လျှိုမြောင် တောင်ကြား လမ်းဘက် တစ်ချက်ကြည့်လိုက်ရင်းပေါ့။ ကမ္ဘာမြေပြင်ဟာ တပြေးညီမဲမှောင်နေနသော်လည်း ကောင်းကင်တစ်ခုလုံး ကြယ်ပွင့်တွေနဲ့ လင်းလက်လှပနေတာပါ။ ကျွန်တော်တစ်ယောက်တည်း အချိန်ဘယ်လောက်ကြာကြာရပ်ကြည့်နေမိတယ်မသိဘူး နောက်ပါးစီက ရှိန်းရဲ့ ချောင်းဟန့်သံကြားမှ သတိကပ်မိတယ်။ လှည့်ကြည့်လိုက်တော့ ခုံတစ်ခုမှာ သေချာထိုင်ရင်း ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ ရှိန်းကိုတွေ့လိုက်ရပါတယ်။ ကျွန်တော် ဟိုသည်မျက်စိကစားပြီးမှ သူ့ပေါင်ပေါ် တင်ပလွဲထိုင်ချပစ်တယ်ပေါ့။
‘မင်းက ငါ့ထက် ကြယ်တွေ လင်းလက်နေတာကို ပိုအာရုံကျနေတယ်နော်’ ရှိန်းက မကျေနပ်သလိုလို ဟိန်းဟောက်သံတစ်ချက်ပေးရဲ့။ ရှိန်းတစ်ယောက် မနာလိုဝန်တိုဖြစ်တတ်တဲ့လူဖြစ်ကောင်းဖြစ်နိုင်သော်လည်း တစ်မျိုးပြောရရင် တစ်စုံတစ်ယောက်နဲ့ ချိန်းဆိုတွေ့ဆုံ နေတဲ့ ဒါမှမဟုတ် လက်တွဲဖော်ပိုင်ဆိုင်ထားတဲ့ shifter တိုင်းရဲ့ စိတ်အခြေအနေက သည်ပုံစံပါ။ သမန်းဝံပုလွေတွေဟာ စကားစမြည် မပြောသော်လည်း တစ်ခါတရံမှာ အထိအတွေ့ အတို့အထိကတစ်ဆင့် အပြန်အလှန်ဆက်သွယ်မှု အသိပေး ကြားသိစေတာမျိုး ပြုလုပ်နိုင်ကြတယ်။ အထူးသဖြင့် သူနဲ့ ချိန်းဆိုတွေ့ဆုံနေချိန် ဒါမှမဟုတ် ပါတနာ ပေါင်းဖော်မှု မိတ်ဖက် ဖြစ်ပြီးပြီဆိုရင် ပိုမိုပြီး အာရုံထိသိမှုအစွမ်းကောင်းလာကြတာပါတဲ့။ ကျွန်တော့်မှာ ‘sorry’ ပဲပြောနိုင်ခဲ့တယ်။ ရှိန်းရဲ့လည်တိုင်တဝိုက်ကို ကျွန်တော့်မျက်နှာနဲ့ ပွတ်တိုက်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်တယ်။ ‘မင်း ပင်ပန်းနေလား ဆန်းမင်း’ ရှိန်းက ကျွန်တော့်ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးရင်း အသံခပ်တိုးတိုးနဲ့မေးပါတယ်။ ကျွန်တော် ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ကာ ရှိန်းရဲ့လည်တိုင်ထဲ နှာခေါင်းမြုပ်သွားမတတ် နမ်းရှိုက်မိတယ်။ ‘ဒါဆိုအိပ်တော့လေ…အချစ်လေး….ငါ မင်းကို အိမ်ထဲ ပွေ့ချီသွားမယ်’ ရှိန်းရဲ့ လေးလေးနက်နက်ပြောလာတဲ့စကားသံ နဲ့တင် ကျွန်တော် အိပ်မောကျဖို့လုံလောက်ပါပြီ။
အမှန်တကယ်တော့ ရှိန်း အပြင်ဘာကြောင့်ထွက်လာတာလဲဆိုတာ ကျွန်တော်သိတယ်။ ညဘက်ထွက်တတ်ပြီး အတိုက်အခိုက်လုပ် ပြဿနာရှာတတ်တဲ့ the beast တစ်ကောင်ကောင် အနီးတဝိုက်မှာ ရှိမရှိသေချာအောင် စူးစမ်းချင်လို့ပါ။ ကျွန်တော်တို့နှစ်ယောက် ပထမဆုံးအကြိမ် သည်သစ်လုံးအိမ်ကို လာကတည်းက ရှိန်းရဲ့အမူအကျင့်လုပ်ကိုင်ပုံက သည်အတိုင်းပဲလေ။ ပြန်ပြောင်းပြောရရင် အထက်တန်းကျောင်းတက်စဉ်တုန်းက ရှိန်းအကြောင်း ကျွန်တော် သိပ်မသိဘူး။ အထက်တန်းကျောင်းသားတွေထဲမယ် အနေအထိုင် ကွဲပြားတယ်ဆိုတာလောက်ပဲ သတိထားမိတယ်။
အထက်တန်းကျောင်းတက်ချိန်မှာ ကျွန်တော်က ကျောင်းသားသစ်ဖြစ်သလို ရှိန်းနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ချိန်လည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ မတူကွဲပြားတဲ့ အလယ်တန်းကျောင်းပေါင်းစုံကနေလာကြပြီး အထက်တန်းကျောင်းကြီးမှာ စုဆုံကြတာကိုး။
ရှိန်းနဲ့သူ့မိသားစုဟာ ကျွန်တော်တို့ ခေါင်းဆောင်ကြီး Alpha ရဲ့ခွင့်ပြုမှုအရ သည်မြို့ရဲ့လူမှုအဝန်းအဝိုင်းအတွင်း လတ်တလော လက်ခံ ကြည်ဖြူထားတာမို့ သူဟာမြို့ထဲမှာ သူငယ်အသစ်လေးတစ်ယောက်ပါ။ ရုပ်ရည်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းပြီး ကြည့်ကောင်းတဲ့ အသွင်အပြင်နဲ့ ရှိန်းဆိုသော လူသစ်တစ်ယောက်ကို သတိထားမိဖို့ မခက်ဘူးရယ်။ ဟုတ်တယ် မိန်းကလေးတွေအကုန်လုံးလိုလို ရှိန်း အရိပ်အယောင်ကို စေ့ငုကြည့်နေကြတာနဲ့ အချိန်ကိုမလောက်ငှကြဘူးထင်တယ်။ သုတလွင် အမည်ရ ကောင်လေးတစ်ယောက် ကျွန်တော့် Crush ဖြစ်ခဲ့ဖူးတယ်။ တစ်ဦးတည်းသော သူငယ်ချင်းလည်းဖြစ်ခဲ့ဖူးပေမယ့် the beast တစ်ကောင်ရဲ့တိုက်ခိုက်မှုကို သူတို့ တစ်အိမ်လုံးခံခဲ့ရပြီးနောက် မတွေ့မမြင်ရတော့တာနည်းနည်းကြာပါပြီ။
ကံကောင်းစွာပဲ သုတလွင်ရဲ့ ဖခင်ဖြစ်သူ ကြိုးစားကာကွယ်မှုကြောင့် တစ်ယောက်မှ သတ်ဖြတ်မှုမခံခဲ့ရပါဘူး။ ဘယ်လိုဆိုဆို အတိုက် အခိုက်ခံရပြီး နောက်တစ်နေ့မနက်ပိုင်းကစ သုတလွင် အရိပ်အယောင်လုံးဝမပြတာ ကျွန်တော် နေ့လယ်စာစားနေချိန်အထိပါ။ အံ့သြရတာကတော့ ရှိန်းတစ်ယောက် ကျွန်တော်နဲ့အတူလာထိုင်တယ်။ ပထမတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားလုံးဝမပြောခဲ့ကြပါဘူး။ လူပျိုဖော်စဝင်ကာစ အစဦးကတည်းက ယောက်ျားကလေးတွေကို မိန်းကလေးတွေထက် ပိုသဘောကျ တယ်ဆိုတာ ကျွန်တော်သိခဲ့တယ်ဗျ။ ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းမှာ သည်ကိစ္စက အရေးတယူဂရုစိုက်စရာလို့မထင်ကြတာ ကျွန်တော့်အတွက် ကျေးဇူးတင်စရာပါပဲ။ ခင်ဗျား ဘယ်ကစားပွဲမှာ ပါဝင်ကစားသည်ဖြစ်ပါစေ ရလာဒ်ကောင်းဖော်ဆောင်နိုင်သူဖြစ်ဖို့ပဲ အာရုံစိုက်ကြတာမျိုးဗျာ။
ကျောင်းထဲက ကောင်မလေးတွေအကြောင်း ဟိုတစ်စ သည်တစ်စမေးရင်း ကျွန်တော့်ကို ရှိန်းစကားစပြောတာ။ ကျွန်တော့်နှလုံးခုန်သံ တွေ ကဆုန်ပေါက်ခုန်နေသော်လည်း အပြင်ပန်းအရတော့ အေးဆေးသက်သာပေါ့။ သူမေးတဲ့ ကောင်မလေးတွေအကြောင်း သိသလောက် မကွယ်မဝှက် ခပ်ရိုးရိုးပဲ ကျွန်တော် ပြန်ပြောပြ ပြန်ဖြေခဲ့တာကို ရှိန်းက စကားဖြတ်မပြောဘဲ သေချာနားထောင်ခဲ့ပါတယ်။ နေ့လယ်စာစားချိန်တစ်ခုလုံး မြို့ရဲ့အကြောင်း သို့မဟုတ် လူတွေအကြောင်း ရှိန်းမေးခွန်းတွေဖြေနေတာနဲ့ကုန်သွားသလားပဲ။ မေးခွန်း တစ်ခုနဲ့တစ်ခုကြား နှစ်မိနစ်လောက်ပဲ စကားသံတိတ်တယ်။
တစ်ရက်သောနေ့မှာ အိပ်ခန်းထဲကိုပြေးဝင် ခုတင်ပေါ်ခုန်တက်ပြီး ခေါင်းအုံးကို ပါးစပ်နဲ့ဖိပြီး ကျွန်တော် ဝမ်းသာအားရအော်ဟစ်မိပါ တယ်။ ရှိန်းနဲ့ ကျွန်တော် ပေါင်းဖက် လက်တွဲခွင့် ရတော့မယ်ဆိုတဲ့ လတ်တလော၊ ဟုတ်တယ် လောလောလတ်လတ် သိရှိခံစားရတဲ့ ခံစားချက်လေးကို စက္ကန့်အနည်းငယ်လောက် ပျော်ရွှင်ခွင့်ပေးရမယ်။ ကျွန်တော်တို့ စာသင်ခန်းအတန်းထဲမှ ချစ်စရာအကောင်းဆုံး၊ ယောက်ျားလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ နွေးနွေးဆိုတဲ့ကောင်မလေးနဲ့ လက်ချင်းယှက်ကိုင်ကာ ထိုင်စကားပြောနေတာကို မြင်ပြီး ကတည်းက ရှိန်းကို Crush မိသွားသလို သူနဲ့စုံတွဲဖြစ်ဖို့ အိပ်မက်စမက်ခဲ့တယ်လေ။
ကျွန်တော် ပိုင်ဆိုင်တဲ့ ရုပ်ရည်က ထူးထူးခြားခြားမရှိ၊ သူတပါးတွေ ကြိတ်ကြွေရလောက်တဲ့ အသွင်သဏ္ဌာန်မတွေ့ရသော သာမန် သူငယ်တစ်ယောက်ပါ။ အညိုရင့်ရောင် ဆံပင်နဲ့မျက်ဝန်းတွေ၊ တက်လိုက်ကျလိုက်ကိုယ်အလေးချိန်နဲ့ ကိုယ်ခန္ဓာရယ်ပဲရှိတာ။ တော်တော့်ကို ဟုတ်တယ် တော်တော့ကို ကြည့်ကောင်းတဲ့ ရှိန်းလို ငနဲတစ်ပွေက ကျွန်တော့်လို သာမန်လူတစ်ယောက်ကို အမြဲသတိပြု နေမိတာတဲ့လား။ သည်ကျောင်းအတွက် ကျောင်းသားသစ်ဖြစ်သလို တစ်ယောက်တည်းနေကျင့်ရနေတဲ့ ကျွန်တော့်ကို တစ်နှစ်ပတ်လုံး ရှိန်းက စကားစမြည်ပြောဆို ပေါင်းသင်းပေးနေတာ။ သည်လိုအခြေအနေကို သုတလွင်က သတိပြုမိခဲ့သော်လည်း ကျွန်တော်နဲ့ BFF ဖြစ်ပြီးကတည်းက လုံးဝဂရုမစိုက်တော့သလိုပဲ။
ကျွန်တော်တို့ အထက်တန်း ဒုတိယနှစ် ပြီးဆုံးကာနီးအချိန်ရောက်လာတော့ စာသင်ခန်းထဲက ကျောင်းသားငယ်တိုင်းလိုလို ကျောင်းလာ မတက်ကြတော့ပါဘူး။ ခန္ဓာကိုယ်အတွင်းက ဝံပုလွေဗီဇတွေ ပြင်ပကို ထွက်ပြုစပြုလာပြီဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းက ဆရာတွေ လည်း Shifter တစ်ယောက်ရဲ့ဘဝနဲ့ကိုက်ညီမယ့် သင်ခန်းစာတွေ အစီအစဉ်ချ ရေးဆွဲပြီး အွန်လိုင်းကနေဆက်လက်လေ့လာဖို့ပေး လိုက်ရတော့တယ်။
Shifter တစ်ယောက်ရဲ့ ဘဝအစအခြေအနေတွေအကြောင်း စတင်ထုတ်ပြော သင်ပြလာတယ်။ ‘လနတ်ဘုရားမက ကမ္ဘာနှစ်ခုစလုံးရဲ့ အကောင်းဆုံးတွေ ထိပ်တိုက်တွေ့ပြီးယှဉ်ပြိုင်မှုတွေဖြစ်ချင်စေခဲ့တာ။ လူသားခန္ဓာကိုယ်ကိုယူပြီး သူအကြိုက်ဆုံးသတ္တဝါဖြစ်တဲ့ ဝံပုလွေနဲ့ ရောနှောယူပစ်တာ။ ဒါကြောင့် ဆရာမတို့တတွေဟာ လူသားတစ်ယောက်အဖြစ်မွေးဖွားလာသော်လည်းပဲ သဘာဝလောကကြီးထဲက သတ္တဝါတစ်စုံတစ်ခုအဖြစ်ပြောင်းလဲနိုင်စွမ်းရှိနေတာပဲ။’ လို့ဆရာမက ရှင်းပြပါတယ်။ နောက်တော့ ကျောင်းသူမိန်းကလေးတွေ စိတ် အဝင်စားဆုံးအပိုင်းဖြစ်တဲ့ ပေါင်းဖော်စုံမက်သည့် ဖြစ်စဉ်အပိုင်းကဏ္ဍကို ပြောင်းပြောပါတယ်။ ‘အိမ်ထောင်ဖက်၊ ကြင်ဖက်ဆိုတာ Shifter တစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ လက်တွဲဖော် ပါတနာတစ်ယောက်ပဲ။ အိမ်ထောင်ဖက် ဒါမှမဟုတ် ကြင်ဖက်ဟာ ဆန့်ကျင်ဘက်လိင် သို့မဟုတ် လိင်တူခြင်းလဲဖြစ်နေနိုင်ပါတယ်’ လို့ စကားစတယ်။
တစ်ဦးတစ်ယောက်က သူတို့ရဲ့ ကြင်ဖက်ဖြစ်ကြောင်း ကံသေကံမပြောလို့ရတဲ့အချက်ရယ်လို့မရှိဘူး။ သူတို့ရတဲ့ ရနံ့ သို့မဟုတ် ကိုယ်နံ့အပေါ် ခန္ဓာကိုယ်က ဘယ်လိုတုန့်ပြန်သလဲဆိုတာမျိုးကိုပဲ ဥပမာထားပြောလို့ရတယ်။ ကိုယ့်ကြင်ဖက်နဲ့တွေ့ပြီဆိုတာနဲ့ ခန္ဓာကိုယ်ဟာ နှိုးဆွတဲ့ ခံစားချက်တွေရလာပြီး သွားစွယ်တွေ အလိုလိုထွက်ပြူလာတတ်တယ်။’ နှိုးဆွတဲ့ နိုးထတဲ့အပိုင်းလည်းရောက် ရော ကျောင်းသားနှစ်ယောက်လောက်က ခပ်အုပ်အုပ်ထရယ်ပါတယ်။
‘မည်သည့်နည်းနဲ့ဖြစ်စေ လူတိုင်းအတွက်က သူတို့နဲ့ကိုက်တဲ့ ကြင်ဖက် မိတ်ဖတ်ကို အလွယ်မတွေ့ကြတာများတယ်။ ဒါကြောင့် အခုခေတ်ကာလမယ် ကိုယ့်ပါတနာအစစ်ကို မပိုင်ဆိုင်ရခင် အရင်ဆုံး ချိန်းဆိုတွေ့ဆုံကြတဲ့အကျင့်ဖြစ်နေရတာပဲ’
မြို့ပတ်ဝန်းကျင်ရှိ အချို့သောလူတွေနဲ့ သူတို့ပါတနာလည်တိုင်မှာ အမှတ်တွေ၊ အရာတွေ ဘယ်လိုရှိသလဲဆိုတာကို ဆရာမက Slides တွေကိုသုံး ပရိုဂျက်တာနဲ့ထိုးပြပါတယ်။
‘ပါတနာတွေအဖြစ် တစ်ဦးကိုတစ်ဦး အသိအမှတ်ပြု၊ အပ်နှံဖို့အသင့်ဖြစ်ပြီဆိုတာနဲ့ လည်တိုင်တွေကို အပြန်အလှန်ကိုက်ခဲရင်း သူတို့ ကိုယ်နံ့ကို ပါတနာကိုယ်တွင်း ထိုးသွင်းကာ အမှတ်သညာပြုကြလိမ့်မယ်။ တစ်ကြိမ်တစ်ခါနဲ့ အံကိုက်ဖြစ်အဆင်ပြေပြေနေ သွားကြ တာလည်းရှိတယ်၊ မပြီးဆုံးသေးတဲ့ဇာတ်လမ်းတွေလည်း ရှိနိုင်တယ်ကွ။ နှစ်ဦးသား ကြင်ဖက်အဖြစ် လက်တွဲသည်ထား၊ အဲသည်ထဲက တစ်ယောက်က သူ့အတွက် တကယ့်ကြင်ဖက်ဖြစ်တဲ့ နောက်တစ်ယောက် ရှာတွေ့ခဲ့ရင် Alpha တစ်ယောက်ပဲ ပယ်ဖျက်တာ၊ ချေပတာ ပြောင်းလဲပေးတာလုပ်နိုင်တယ်’ လို့ဆရာမက ရှင်းပြတယ်။
ဆရာမက ကြင်ဖက်/မိတ်ဖက်အကြောင်း ရှင်းပြနေစဉ် ကျွန်တော့်ပခုံးကို အနောက်ဘက်ကနေ တစ်ယောက်ယောက်က လက်နဲ့လာတို့ တာ ခံစားမိတယ်။ စောင်းငဲ့ကြည့်လိုက်တော့ ကျွန်တော့်နောက်မှာ ရှိန်းထိုင်နေခဲ့တာပါ။ သူက တစ်ခုခုရေးထားတဲ့ စာရွက်တစ်ရွက်ကို ကမ်းပေးလာတာမို့ ကျွန်တော်ဝမ်းသားအားရယူလိုက်ပါတယ်။ ဖွင့်ဖတ်တော့လည်း ခပ်ရိုးရိုးပဲရေးထားတာပါ။ ‘မိန်းကလေးတွေက သည် အကြောင်းသင်တာကို အတော်သဘောကျပုံရတယ်’တဲ့။ ကျွန်တော်လည်း စာငုံ့ဖတ်ရာက မော့ကြည့်ပြီး ဟိုသည် မသိမသာစပ်စုလိုက် တာ ဆရာမရဲ့ ရှင်းပြချက်တွေ ပြောပြချက်တွေကို ကောင်းမလေးတွေအကြား တခိခိ တဟိဟိနဲ့ သဘောကျနေကြပုံများတော့ အခြား စကားသံ တိုးမပေါက်လောက်ဘူး။ ကျွန်တော်လည်း ကြိတ်ရယ်ရယ်မိပြီး ရှိန်းကို အသာအယာခေါင်းငြိမ့်ပြလိုက်ပါတယ်။
သူတစ်ယောက်တည်း အဲသလိုတွေးမြင်မိတာမဟုတ်ဘူးဆိုတာ သဘောပေါက်ကျေနပ်သွားပြီး ကျွန်တော့်ကို နှစ်လိုလက်ရပြုံးပြတာပေါ့။ ကျွန်တော်တို့နှစ်ယောက်သား ဟာသတွေလုပ်လိုက် စကားပြောလိုက်အခြေအနေဟာ ရှိန်းရဲ့ကောင်မလေး သူ့နံဘေးလာထိုင်ချိန်မယ် လက်စသပ်သွားတယ်။ ရှိန်းရဲ့ အကိုက်အခဲလုပ်တဲ့ ဦးတည်ရာပြောင်းသွားပြီ။ ရှိန်းဟာ သူ့ရဲ့ကြင်ဖက်ဖြစ်ပြီးသား လာမထိနဲ့ဆိုတဲ့ပုံစံ အကြည့်တွေ နွေးနွေးစီကရတယ်။ ကျွန်တော့်နံရုံးတွေကို သူမ ရုတ်တရက်ဖမ်းညှစ်လိုက်သလိုခံစားရရော။ ကျွန်တော် ဆရာမစာသင်၊ စာရှင်းပြနေရာဘက် ပြန်လှည့် မျက်နှာမူကာ ကျောင်းသင်ခန်းစာတွေကို အာရုံပြန်စိုက်လိုက်ပါတယ်။ ‘မှတ်ထားနော် တပည့်တို့ မင်းတို့ရဲ့မိတ်ဖက် ကြင်ဖော်ဟာ ဘယ်သူမဆိုဖြစ်နိုင်တယ်။ ပြီးတော့ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် တွေ့ဆုံရနိုင်တယ်။ ဒီတော့ မင်းတို့ နှာခေါင်းတွေကို လေထဲမှာ လွှင့်ထားလိုက်’ လို့ပြောရင်း ဆရာမက သင်ခန်းစာကို အဆုံးသတ်ပါတယ်။ မိန်းကလေးတွေအကုန်လုံး ခိုးခိုးခစ်ခစ်ရယ်မောကြရင်း စာသင်ခန်းထဲက ယောက်ျားလေးတွေရှိရာဘက် မျက်ဝန်းအကြည့်ဝေ့၀ဲလိုက်ကြသေးတာ ဘယ်သူများ စိတ်ဝင်တစား ကြင်ဖက်ဖြစ်လာနိုင်သလဲဆိုတာမျိုး။
ကျွန်တော်တို့ တနေ့တာကျောင်းတက်ချိန်ရဲ့ နောက်ဆုံးအတန်းချိန်က ကိုယ်လုံပညာသင်ကြားခြင်းပါပဲ။ ကျောင်းသူ၊ကျောင်းသားတိုင်း သင်ကြားကြရပါတယ်။ သင်ယူကြရပါတယ်။ သည်လို သင်ကြားလေ့ကျင့်မှုကို ကျွန်တော်တို့ ကလေးဘ၀ ကျောင်းစတက်ကတည်းက သင်ယူခဲ့ရတာပါ။ နှစ်စဉ် နှစ်စဉ် အတန်းတွေမြင့်လာသလို သင်ယူရတဲ့ ကိုယ်လုံပညာအဆင့်နဲ့ ပညာရပ်ဟာလည်း ပိုမိုတိုးပွားလာတယ်။ ဘာကြောင့်လဲဆိုတော့ the beast တွေရဲ့ လူဦးရေပွားနှုန်းကလည်း ဆက်လက်မြင့်တက်နေတာကိုး။ ကြင်ဖော် ကြင်ဖက်ရရေးကလည်း အရေးပါပေမယ့် ကိုယ့်မိသားစုကို ကာကွယ်ရမယ်၊ ကိုယ့်လူမှုအဝန်းအဝိုင်းကို ကာကွယ်ရေးမှာပါဝင်ရမယ်ဆိုတာ ကျွန်တော်တို့အလုပ် ပါ။ ရှိန်း အဝတ်လဲခန်းထဲက လက်ပြတ်အင်္ကျီနဲ့ထွက်လာတာကိုမြင်ပြီး ကောင်မလေးတွေ ခိုးခိုးခစ်ခစ် ရယ်မောတွန်းထိုးကြတယ်။ အော်…ကျွန်တော်နဲ့သုတက Gym အခန်းထဲက ထွက်လာပြီးလို့ အပြင်ခုံတန်းမှာအတူထိုင်ရင်း ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရာ၊ ကိုယ်လုံပညာသင်ကြားလေ့ကျင့်ရာမှာ ဘယ်သူကပိုကောင်း ပိုတော်ကြောင်း စကားစမြည်ပြောနေခဲ့ချိန်မျာပေါ့။
ကျွန်တော်တို့ ကိုယ်လုံပညာရပ်သင်ကြားရာမှာ အဓိကက လက်တွေကို သေချာချုပ်ကိုင်ရမယ့် ချုပ်ကွက်တွေကို အနည်းဆုံး အသားပေး လေ့ကျင့်ရပါတယ်။ နောက်တစ်နှစ်လောက်ဆိုရင် ကျွန်တော်တို့တွေ ဝံပုလွေသဏ္ဌာန်ပြောင်းပြီး အတိုက်အခိုက် သင်ခန်းစာတွေ လေ့ကျင့်ရမယ်ထင်တယ်။ တွန်းထိုးလှုပ်ရှားရင်း ယိမ်းယိုင်သွားချိန်ဆို သုတက ကျွန်တော်ဟန်ချက်မပျက်အောင် လက်တစ်ဖက် အမြဲကမ်းပေးတယ်။ သုတကတော့ ပိုမိုသန်မာပြီးသားဖြစ်သလို သူ့ကိုယ်ပေါ်က ကြွက်သားတွေဟာလည်း ပုံစံကျကျ ပေါ်လာနေပါပြီ။ Shifter တစ်ယောက်သာဖြစ်ခဲ့လျှင် ကိုယ်အလေးချိန်များပြီး ဝနေသူမရှိဘူးရယ်။ လူသားပုံစံနဲ့ပဲဖြစ်ဖြစ် တိရစ္ဆာန်ပုံစံနဲ့ပဲ ဖြစ်ဖြစ် ပြေးလွှားလှုပ်ရှားရာမှာ မျှတတဲ့ သွက်လက်မှုနဲ့ ကိုယ်အလေးချိန်ရှိနေမှ အဆင်ပြေတာ။
အဖြေက ရိုးရိုးရှင်းရှင်းလေးပါ။ ငြိမ်ငြိမ်လေးထိုင်ပြီး လုပ်ကိုင်သွားလာတာမျိုးနည်းပြီး စွမ်းအင်များများသုံးရတဲ့ နေထိုင်မှုသဘာ၀ ကြောင့်ဖြစ်ပါတယ်။ သုတက ကျွန်တော့်ကို ထိန်းကိုင်ပေးတာမျိုးတွေလုပ်ရင် ပြန်တွန်းတာ၊ ပုတ်ထုတ်ငြင်းဆန်တာမျိုးတွေ ချက်ချင်း ရုတ်ခြည်း မလုပ်နိုင်ဘူးဗျ။ ကျွန်တော့်ခန္ဓာကိုယ်ကြွက်သားတွေကသူ့လောက်မဖွံ့ဖြိုးသေးဘူးလေ။ အဲလိုအချိန်မျိုးဆို သုတက ရယ်မောကာ ကျွန်တော့်ကိုယ်လုံးကို မြောက်ကနဲဖြစ်အောင် ပင့်မပြီး ကြမ်းပြင်ပေါ် ပစ်ချတော့တာ။ ပြီးမှ လက်တစ်ဖက်ကမ်းပေးရင်း ကျွန်တော့်ကို ပြန်ဆွဲထူတယ်။ ဒါပေမဲ့ သုတကမ်းပေးတဲ့လက်ကို လက်မခံရသေးခင်ဆဲဆဲ မာန်ဖီသံတစ်ချက် ကျွန်တော်ကြားခဲ့ရတယ်။
ပထမတော့ သင်တန်းဆရာစီက ထွက်လာတဲ့အသံလို့ ကျွန်တော်တို့ထင်ခဲ့ပေမယ့် အံ့အားသင့်စရာ ရှိန်းထံမှ ထွက်လာခြင်းဖြစ်ပါတယ်။ မာန်ဖီသံက ခပ်ရင့်ရင့်ထွက်လာသလို အခုကိုပဲ သုတရဲ့ နံရိုးတွေကို တစစီချိုးဖဲ့တော့မယ့် ဟန်ပေါက်နေပါတယ်။ မာန်ဖီသံကျယ်လောင် လွန်းတာမို့ Gym ထဲမှာရှိတဲ့ လူတိုင်းက သူတို့လုပ်ကိုင်နေတာကို ရပ်တန့်ပြီး အသံလာရာဖက်ကို ငဲ့စောင်းကြည့်ကြပါတယ်။
ကျွန်တော်ခပ်မြန်မြန်လေးထရပ်ကာ သုတနဲ့ကျွန်တော် မတော်တဆတိုက်မိပြီး ကြမ်းပြင်ပေါ်လဲကျရုံပါလို့ ရှိန်းကိုပြောပြရပါတယ်။ သူ့သူငယ်ချင်းဖြစ်ပြီး ဂရုတစိုက်နေနေကျ ကျွန်တော်နဲ့ပတ်သက်ပြီး ဟာသလုပ်ပြောတာ၊ ရန်ရှာတာမျိုးကို သုတကလည်း မကြိုက်ပါဘူး။ သုတနဲ့ ရှိန်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ရပ်ပြီး တိုက်ခိုက်ဖို့အသင့်အနေအထားဖြစ်နေကြပါပြီ။ Gym ထဲမှာရှိတဲ့ လူတိုင်းကလည်း “FIGHT, FIGHT, FIGHT” လို့ထပ်ကာထပ်ကာ အော်ဟစ်တာမျိုး စလုပ်လာခဲ့တာမို့ ကျွန်တော်လည်း ထိတ်လန့် ကြောက်ရွံ့စိတ် စခံစားလာနေရပါတယ်။
သည်အချိန်မှာပဲ သင်တန်းဆရာရောက်လာကာ အသံခပ်ကျယ်ကျယ်နဲ့ တစ်ချက်ဟိန်းဟောက်လိုက်ပြီး လူတိုင်းရဲ့အသံတွေတိတ်စေ လျက် ရှိန်းနဲ့သုတို့နှစ်ယောက် ရန်ဖြစ်တိုက်ခိုက်လုလုအခြေအနေကိုထိန်းသိမ်းပါတယ်။ ရှိန်းကို ခပ်သွက်သွက်လက်သီးတွေနဲ့စမထိုး လိုက်ခင် သုတအား ကျွန်တော် အမြန်ဆွဲလွဲကာ အဝေးခေါ်သွားရတယ်။ အပြေးလေ့ကျင့်ကွင်းထဲရောက်မှ သုတကို ထိုင်ချခိုင်း၊ စိတ်ဖြေခိုင်းတယ်။ ရှိန်းရှိရာဘက် လှည့်ကြည့်တော့ ကျွန်တော်နဲ့မျက်ဝန်းချင်းအစုံ သူ့စိတ်တွေပြန်နုညံ့သွားမှန်းမြင်ရပါရဲ့။ ကျွန်တော့် ကို အခြားသောလူတွေ အနိုင်ကျင့်စော်ကားတာမျိုးမကြိုက်သလို၊ သူငယ်ချင်းတစ်ယောက်အဖြစ် ရှိန်းသတ်မှတ်လက်ခံထားမှန်း မမျှော်လင့်တာတော့အမှန်ပါ။
စာသင်နှစ်ကုန်ဆုံးချိန်မှာတော့ ကျောင်းသားတိုင်းဟာ သူတို့ရဲ့ ဝံပုလွေဗီဇဘက်အခြမ်းနဲ့ပတ်သက်ပြီး ကောင်းကောင်းကြီးသဘော ပေါက်ထိန်းသိမ်းတတ်လာကြတယ်။ အချို့သောလူတွေဟာ အနံ့ခံအာရုံပိုကောင်းလာကြတယ်၊ အချို့က နားအာရုံ အသံကြားနိုင်စွမ်း ပိုကောင်းလာကြတယ်၊ ပြီးတော့ အားကောင်းမောင်းသန်ပိုဖြစ်လာကြသူများလည်းရှိသလို တစ်ဘက်လူထိတ်လန့်အောင် ဟိန်းဟောက် နိုင်စွမ်းရှိလာကြပါတယ်။ ကျွန်တော့်အတွက်ကတော့ ထူးထူးခြားခြားပြောင်းလဲတိုးတက်လာတာမျိုးမရှိဘူးမို့ Shifter တစ်ယောက်အဖြစ် ကာလရှည်နေနိုင်သူဘဝလို ဖြစ်တည်လာဟန်တူပါတယ်။ ကျွန်တော် အာရုံစိုက်နေတာတစ်ခုက လာမယ့်နွေရာသီအားလပ်ရက်ပါပဲ။
သုတနဲ့ ကျွန်တော် သစ်တောအုပ်ရှိရာဘက်သွားသွား ဘယ်သွားသွား သူနဲ့အတူရှိနေရင် ဒယ်ဒီတို့မာမီတို့က အကာအကွယ်ပေး တားမြစ်လိုဟန် သိပ်မရှိဘူး။ မည်သို့ပင်ဖြစ်ပါစေ နွေရာသီအလယ်ပိုင်းလောက်မှာတော့ ကျွန်တော့်အတွက် သူတို့စိုးရိမ်စရာ စဖြစ်လာ ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျွန်တော် စတင်စိုးရိမ်စပြုလာခဲ့တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ တိုးတက်သင့် ဖွံ့ဖြိုးသင့်တဲ့ ဝံပုလွေ အင်္ဂါရပ်တွေ လုံးဝမပြလို့ဖြစ်ပါတယ်။ ကျွန်တော်ဟာ အရွယ်ရောက်ချိန် အဲလေ သမန်းဝံပုလွေအင်္ဂါရပ်တွေပြရမယ့် အချိန်နောက်ကျနေ တဲ့အပေါ် ဒယ်ဒီနဲ့မာမီ စကားအခြေအတင်ဖြစ်ကြတယ်။ ဒယ်ဒီ့ပြောစကားကို မာမီငြိမ်ပြီးနားထောင်လိုက်ပေမယ့် နွေရာသီအလယ်ပိုင်း လောက်မှာတော့ သူမလည်းပဲ စိုးရိမ်စိတ်စဝင်ပြန်ပါရော။
မိဘနှစ်ပါးစလုံးက ကျွန်တော့်ကို မြို့ရှိဆေးရုံကိုခေါ်သွားပြီး ဘာမှားနေလဲဆန်းစစ်ကြည့်ဖို့ သဘောတူကြပါတယ်။ သိချင် ညွှန်းချင်တဲ့ အကြောင်းအရာတွေသိဖို့ စမ်းသပ်စစ်ဆေးမှု အချို့ပြုလုပ်ပြီးနောက်မှာတော့ ကျွန်တော့်ထင်မြင်ယူဆချက်တွေထဲ ဘယ်လိုကောက်ချက် ဆွဲရမလဲမသိခဲ့ပါဘူး။ ကျွန်တော်တို့မိသားစုသုံးယောက်ကို ဆရာဝန်ကြီးက သူ့ရုံးခန်းထဲခေါ်သွားပြီး အလုံးစုံရှင်းလင်းပြောပြပါတယ်။ အဖြစ်နည်းတဲ့ ‘Moonless Syndrome’ ဆိုတဲ့မျိုးရိုးဗီဇဆိုင်ရာရောဂါလက္ခဏာတွေ့ရတာမို့ ကျွန်တော့်ရဲ့ ဝံပုလွေဗီဇဘက်အခြမ်းဟာ ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာမယ်မထင်ကြောင်းပေါ့။ မာမီတစ်ယောက် ဝမ်းပမ်းတနည်းစတင်ငိုကြွေးသလို ဆရာဝန်ကြီးက အေးဆေး သက်သာ အဖြေပေးနေသော်လည်း ဒယ်ဒီက မေးခွန်းပေါင်း ရာချီမေးပါတော့တယ်။
သိသိသာသာ သည်ရောဂါမျိုးက ဖြစ်တာရှားသော်ငြား အခုတော့ ကျွန်တော့်မှာဖြစ်လာခဲ့ပါပြီ။ အချို့သော ကလေးတွေမှာ အကြောင်းပြ ချက်အချို့ကြောင့် သူတို့ရဲ့ ဝံပုလွေ အစိတ်အပိုင်းဘက် ကောင်းကောင်းမဖွံ့ဖြိုးလာတာ ကျွန်တော် အပြည့်အဝနားမလည်ခဲ့ပါဘူး။ သည် မြို့ရဲ့ လူမှုအဝန်းအဝိုင်းထဲ နေထိုင်ဖို့ ကျွန်တော်ဆန္ဒရှိရွေးချယ်မယ်ဆိုရင် တသက်တာ အချိန်တိုင်းလိုလိုဝတ်ဆင်ထားရမယ့် လည်ဆွဲတစ်ခုကို ဆရာဝန်ကြီးက ပေးလာတယ်။ လည်ဆွဲဒီဇိုင်းက ခပ်ရိုးရိုးပါပဲ။ အနက်ရောင်ကြိုးနဲ့အတူ အဖြူရောင်လခြမ်းပုံဆွဲသီး တစ်ခုပါ။ အဲဒီလည်ဆွဲကိုမြင်လိုက်တဲ့ခဏ အသက်ရှင်သန်နေထိုင်ရာ လူမှုအဝန်းအဝိုင်းထဲက လူတစ်ဦးတစ်ယောက်လို မဖြစ်လာတော့ ဘူးဆိုတာ ကျွန်တော် နားလည်ခဲ့ပါတယ်။
မဆိုင်းမတွဘဲ ကျွန်တော့်ခန္ဓာကိုယ်ဟာ အခွံသက်သက်ဖြစ်သွားသလို၊ စိတ်ဟာလည်း ဟာလာဟင်းလင်းဖြစ်သွားပါတယ်။ ‘the shifter world’ ရဲ့ တစ်ယောက်သောသူအဖြစ် ကျွန်တော့်အတွက် သက်သေခံမယ့် လည်ဆွဲဖြစ်ကြောင်း ဆရာဝန်ကြီးကရှင်းပြတယ်။ ဘယ်လို အခြေ ဘယ်လိုအကြောင်းပြချက်ကြောင့် သည်လိုရောဂါဗီဇမျိုးရှိသူဖြစ်ရပါတယ်ပြောပြော လူမှုအသိုင်းအဝိုင်းတူ အသင်းတူ အသင်းဝင် တွေကပဲ ပြန်လည်တိုက်ခိုက်ခြင်း ခံခဲ့ရသူတွေရှိတာအမှန်ပဲ မဟုတ်လား။ ‘Moonless’ လူတစ်ဦးဖြစ်ကြောင်း သည်လည်ဆွဲက အထောက်အထားပြပေးလိမ့်မယ် ဒါပေမဲ့ အခြားသော သမန်းဝံပုလွေ အသိုင်းအဝိုင်းထဲနေထိုင်ဖို့ လုံခြုံမှုရှိမယ် မရှိဘူးတော့ မသေချာ ဘူးပေါ့။
အိမ်ပြန်လမ်းတလျှောက် ကားမောင်းလာတဲ့ ဒယ်ဒီရော၊ နံဘေးက မာမီရော၊ နောက်ခန်းက ကျွန်တော်ရော ဘာအသံမှမထွက် တိတ်ဆိတ်နေပါတယ်။ စိတ်ထဲမှာ ဘယ်လိုမှမခံစားရကြောင်း သာမန်မျက်နှာသွင်ပြင်ဖြစ်ဖို့ မာမီအစွမ်းကုန်ကြိုးစားနေသလို ဒယ်ဒီက လည်း အတွေးများစွာနဲ့ထင်ပါရဲ့။ အိမ်ရောက်ရောက်ချင်း ကားပေါ်ကဆင်းကာ အိပ်ခန်းရှိရာ ကျွန်တော်တန်းဝင်သွားပြီး တံခါး locked ချပစ်လိုက်တယ်။ အသစ်စက်စက် လည်ဆွဲလေးကို စာကြည့်စားပွဲပေါ်တင်ပြီးနောက် အိပ်ရာထက်ထိုင်ချရင်း မျက်နှာမူရာတည့်တည့် ဘာရယ်မဟုတ် အချိန်အတန်ကြာစိုက်ကြည့်နေမိတယ်။ ပထမဆုံးတွေးတာက ကျွန်တော့်ရဲ့မိဘတွေဟာ တစ်ယောက်တည်းမွေးထားတဲ့ ကျွန်တော့်ကြောင့် အပစ်ပယ်ခံဖြစ်လိမ့်မလားဆိုတာရယ်၊ ဒုတိယအတွေးက ကျွန်တော်ဟာ ဝံပုလွေ အသွင်သဏ္ဌာန်ကို ဘယ်တော့မှ ပြောင်းလဲလို့ရမှာမဟုတ်ဘူးဆိုတာရယ်ပေါ့။ ကိုယ့်ဘာသာကိုယ်တွေးရင်း ငိုဖို့ကြိုးစားပေမယ့် မျက်ရည် လုံးဝထွက်မလာသလို အသံလည်းမထွက်ဘူး။ စိတ်တင်းကြပ်မှုတွေ ဝမ်းနည်းမှုတွေပြေလျော့ဖို့ ခါတိုင်းလို ငိုကြွေးလိုက်ချင်တာကြောင့် အားအင်ရှိသမျှ စုစည်းသော်လည်း ခြေကုန်လက်ပန်းကျသလို ဖြစ်နေပါတယ်။ ထိုင်နေတဲ့နေရာကနေ ရွေ့လည်းမရွေ့ ငိုလည်းမငိုပါဘူး။
နေလုံးကြီးဟာ အနောက်ဂေါ်ယာကျွန်းကိုဆိုက်သွားချိန်မှာ အခန်းတံခါးကို ခပ်သာသာခေါက်သံကြားလိုက်ရပါတယ်။ ကျွန်တော် မထချင်ထချင်နဲ့ထရပ်ရင်း အခန်းတံခါးကိုဖွင့်လိုက်တော့ ငိုထားမှုကြောင့် မျက်သားနီနေတဲ့ မာမီ့မျက်ဝန်းတွေကိုတွေ့ရရော။ ‘ညစာ စားဖို့အသင့်ဖြစ်ပြီ သားလေး’ လို့ အမေက နုညံ့တဲ့လေသံတစ်မျိုးနဲ့ပြောပါတယ်။ ကျွန်တော်လည်း စကားမဆိုနိုင်ဘဲ ခေါင်းငြိမ့်ရုံငြိမ့်ပြ ပြီးအမေ့နောက်ပါးကနေ မီးဖိုချောင်ထဲလိုက်သွားတယ်။
ဒယ်ဒီက ထမင်းစားပွဲမှာ အဆင်သင့်ထိုင်နေပြီးပါပြီ။ အဖေ့အရိပ်အခြည်ကို ကျွန်တော်လုံးဝအကဲခတ်လို့မရအောင် မျက်နှာက အရောင်ကင်းမဲ့နေတယ်။ ကျွန်တော် အိမ်ကနေထွက်ခွာသွားရတော့မလား ဒါမှမဟုတ် သည်မြို့ရဲ့အသိုင်းအဝိုင်းထဲကနေထွက်သွားရ တော့မလားဆိုတဲ့ သတင်းမျိုး၊ အဲသလိုသတင်းမျိုးကို ဒယ်ဒီကပြောတော့မယ်ထင်မြင်ကာ ကျွန်တော့်ရင်ခုန်သံတွေမြန်လာပါတယ်။ မိသားစုတွေအကုန်ထိုင်ရင်း စတင်စားသောက်ကြပါတယ်။ စားသောက်လို့ပြီးချိန်မှာ ဒယ်ဒီက စားလက်စကိုအစသတ်လျက် ‘ဆန်းမင်း…သား…မင်း မာမီနဲ့ဒယ်ဒီ စကားပြောဆိုဆွေးနွေးပြီးကြပြီ…ဒယ်ဒီတို့တွေးတာက’ လို့ တိတ်ဆိတ်နေတာကိုဖြိုခွင်း လိုက်တယ်။ ကျွန်တော်က ဒယ်ဒီဆက်မပြောခင် ‘ဒယ်ဒီက သားကိုထွက်သွားစေချင်တာလား’လို့ စကားဖြတ်ပြောပစ်မိတယ်။
ဒယ်ဒီပြောမယ့်စကားကို ရပ်တန့်လိုက်ပြီး ကျွန်တော့်ကိုစိုက်ကြည့်ပါတယ်။ ပြောနိုင်တာက သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေ ဝေ့၀ဲနေသလို ကျွန်တော့်ပခုံးတစ်ဖက်ပေါ်လှမ်းတင်လိုက်တဲ့ သူ့လက်တစ်ဖက်ဟာအနည်းငယ်တုန်ရီနေပါတယ်။ “မဟုတ်ပါဘူး သားရယ်။ အဲသလိုစကားမျိုး ဘယ်လိုလုပ်ပြောပါ့မလဲ။ သားပြောမယ့် ရွေးချယ်မှုမျိုးတွေကိုလည်း ဒယ်ဒီတို့ ဘယ်တော့မှ မတောင်းဆို ပါဘူး။ မင်း မာမီနဲ့ ဒယ်ဒီက သားရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဂရုမထားဘူးကွ။’ ဒယ်ဒီက သူ့ကိုယ်သူ လက်တလောဖြစ်စဉ်ထဲ ထည့်ပြီး မပြောသွားပါဘူး။ ‘ဒယ်ဒီပြောတာနားထောင် ဆန်းမင်းး။ မင်းမာမီနဲ့ ဒယ်ဒီက သားကို အလွန်ချစ်တာပါ။ ဘာပဲဖြစ်ဖြစ် ဒယ်ဒီတို့ကသားဘက်ကပါ။ ဒယ်ဒီတို့တွေးမိတာက အိမ်မှာပဲစာသင်မလား ဒါမှမဟုတ် လူသားတွေပဲနေတဲ့မြို့တစ်မြို့ကို မိသားစုအလိုက်ပြောင်းနေကြမလားပေါ့။ အဲသည့်မှာ အထက်တန်းကျောင်းကို သားအေးဆေးပြီးအောင်တက်လို့ရမယ်လေ’
လူသားတွေပဲနေတဲ့ မြို့တစ်မြို့ကို ကျွန်တော့်အတွက်နဲ့ ဒယ်ဒီတို့ပြောင်းနေဖို့ဆိုတာ သူတို့အတွက် အတော်ခက်ခဲရုန်းကန်ရမယ်မှန်း ကျွန်တော်သိတယ်။ လူတွေနဲ့အတူနေထိုင်တယ်ဆိုတာ သိပ်ဆိုးရွားတဲ့ကိစ္စတော့မဟုတ်ပေမယ့် နေသားကျ ချိန်သားကိုက်နေတဲ့ အခြေအနေရယ်၊ သဘာဝအရ လိုအပ်တာကြောင့် တစ်ခုတလေ ထွက်ပြူလာတတ်တဲ့ တဖက်ခြမ်းက တိရစ္ဆာန်ဗီဇစိတ်တွေရယ်က ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားနိုင်တယ်။ သူတို့နေထိုင်ရာမြို့ထဲမှာ တောရိုင်းတိရစ္ဆာန်တို့ သားရိုင်းတိရစ္ဆာန်တို့ကိုရုတ်တရက်မြင်တွေ့ရင် တိုက်ခိုက်သတ်ဖြတ်ပစ်ဖို့ဝန်မလေးဘူးမဟုတ်လား။ ကျွန်တော့်အတွက်နဲ့တော့ မိဘဖြစ်သူတွေ ဘေးသင့်စေမှာမျိုးတော့ မလိုချင်ပါဘူး။ အိမ်မှာပဲ စာသင်ကြားတယ်ဆိုတာကလည်း အိမ်ကထွက်သွားရမှာကြောက်လို့ဆိုတဲ့ အသွင်ဆောင်သလို ကျွန်တော့်ကြောက်စိတ် တိုးပွားလာအောင် လုပ်သလိုဖြစ်နေတယ်။
‘မသွားဘူး’ အဲတစ်ခွန်းပဲပြောမိတယ်။
ကျွန်တော့်မိဘတွေဟာ တွေဝေသွားတဲ့အကြည့်နဲ့စိုက်ကြည့်ကြတယ်။
‘လူတွေနေတဲ့မြို့တစ်မြို့ကို ကျွန်တော်မပြောင်းချင်ပါဘူးဗျာ။ ဒယ်ဒီတို့နှစ်ယောက်စလုံးနေသားကျနေတဲ့ ဘဝကို အန္တရာယ်များအောင် မလုပ်ချင်ဘူး’ ကျွန်တော် ယုံကြည်မှုရှိရှိနဲ့ဆက်ပြောလိုက်ပါတယ်။
‘ပြီးတော့ Homeschool လည်းမလုပ်ချင် မသင်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲလိုသင်ဖို့ဆိုရင် ဒယ်ဒီတို့ထဲကတစ်ယောက်ယောက် အလုပ်ထွက်မှရမယ်လေ။ ဒယ်ဒီတို့ရဲ့အလုပ်အကိုင်ကို အလွန်ချစ်မှန်း သဘောကျမှန်း ကျွန်တော်သိတယ်’
‘ကျွန်တော် ကျောင်းကိုသည်မှာပဲ ပြီးအောင်တက်ချင်တယ်။ အတိုက်အခိုက် ကိုယ်လုံပညာကိုတော့ ဆရာမ မေသက်နှင်း နဲ့သင်ကြတာပေါ့။’ ကျွန်တော့်မိဘတွေရဲ့ မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း အေးဆေးဆက်ပြောလိုက်ပါတယ်။
‘ကျွန်တော်လုပ်နိုင်တယ်။ သည်မြို့မှာပဲ ကျောင်းပြီးအောင် ကျွန်တော်တက်နိုင်တယ်ဗျာ၊ နောက်ပြီး ဘာဆက်ဖြစ်မလဲကြည့်ကြတာပေါ့’ ဒယ်ဒီက ကျွန်တော့်တုန့်ပြန်မှုနဲ့ ခံယူချက်ကို ဂုဏ်ယူဝမ်းသာဟန်ပြရင်း ပြောစရာစကားမရှိတော့သယောင် ဆက်မပြောပါဘူး။ မာမီလည်း ဝမ်းသာမျက်ရည်တစ်စက်ခြွေကာ ကျွန်တော့်နဖူးကို အနမ်းတစ်ချက်ပေးပါတယ်။ ဆရာမ မေသက်နှင်းဆိုတာ The beast တွေကို ဘယ်လိုကိုင်တွယ်တိုက်ခိုက်ရမယ်ဆိုတာသိတဲ့ အဆင့်မြင့်ကျွမ်းကျင်သူ Trainer တစ်ဦးဖြစ်ပါတယ်။ The Shifter တစ်ယောက်အဆင့်မှာပဲ Beast တစ်ကောင်ကို ဘယ်လိုတိုက်ခိုက်ရကြောင်း သူ့တပည့်တွေကို လက်တွေ့ကျကျသင်ကြားပေးနေ သူဖြစ်ပါတယ်။
နွေရာသီကျောင်းအားလပ်ရက်မှာ သုတက သူနဲ့အတူဆက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းဆက်လုပ်ဖို့ အပြေးလေ့ကျင့်ဖို့ပြောပေမယ့် ကျွန်တော် စကားမပြန်ခဲ့ဘူး။ Doctor-patience-code တစ်ခုအဖြစ်သာ သဘောထားမယ့် ဆရာဝန်အနေနဲ့ ကျွန်တော့်ရောဂါ အကြောင်း ဘယ်သူ့ကိုမှ ဖွင့်မပြောဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သူ့အိမ်သူသက်ထားနဲ့တော့ စကားစမြည်ပြောရင်း အနည်းအကျဉ်းပြောပြကောင်း ပြောပြနိုင်တယ်ဗျ။ သုတလို သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးရရင် ဘာလုပ်ရမယ်မှန်း ကျွန်တော် တကယ်မသိဘူး။ ကျွန်တော့်သူငယ်ချင်းမလုပ်တော့ဘူးလို့ သူ့ဘာသာသူဆုံးဖြတ်ခဲ့ရင်တော့ ဘာတတ်နိုင်မှာလဲ။
Xxx
ရက်သတ္တပါတ် အနည်းငယ်အကြာမှာ ကျွန်တော့်ကို သုတ ဖုန်းခေါ်တယ်၊ စာတိုပို့တယ်။ ဒါပေမယ့် သူနဲ့အပြင်ကို ကျွန်တော် အတူ မသွားနိုင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းအတူမလုပ်နိုင်တာတွေအတွက် မတူညီတဲ့ အကြောင်းပြချက်တစ်ခုခု ပြန်ပေးခဲ့တာပါပဲ။ ဟုတ်တယ်လေ ကျောင်းပြန်တက်တဲ့အခါ သူနဲ့မကြာခဏ ကျွန်တော်တွေ့ဆုံနိုင်တာ အမှန်မဟုတ်လား။ ပထမဆုံး ကျောင်းပြန်တက်ရ မယ့်အချိန်ရောက်ကာနီးလေ ကျွန်တော့်ရင်ခုန်သံတွေ ပိုမြန်လေ ဖြစ်လာတယ်။ ကျွန်တော် ဒယ်ဒီတို့မေးမြန်းသမျှကို ယုံကြည်မှုရှိရှိ ပြန်ဖြေခဲ့တာ သေချာသော်လည်း ‘Moonless’ တစ်ယောက်ဖြစ်နေမှန်း လူတိုင်းသိသွားချိန် ဘယ်လိုဆက်ဆံခံရမယ်မှန်း တကယ့်ကို မသိဘူး။
ကျောင်းစမတက်ခင်လေးမှာ ကျွန်တော့်ရောဂါနဲ့ပတ်သက်ပြီး အပတ်တကုတ်လိုက်လေ့လာ စူးစမ်းမှုတွေလုပ်ခဲ့ပါတယ်။ “Moonless” ကိစ္စအများစုမှာ သူနေထိုင်ရာလူမှုအဝန်းအဝိုင်းထဲက တစ်ယောက်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံကြရပြီး အများစုကတော့ လူသားစင်စစ်တွေပဲ နေထိုင်တဲ့မြို့တွေကိုပြောင်းရွှေ့သွားကြကာ တစ်သက်လုံး ပုန်းကွယ်ဝှက်ရင်းနေထိုင်သွားကြပါတယ်။ သည်အိမ်၊ သည်မြို့နဲ့ သည်အသိုက်အဝန်းမရှိဘဲ ဒါမှမဟုတ် ထားပစ်ခဲ့ပြီး ကျွန်တော်တော့မနေနိုင်ဘူး။
ဘယ်လိုအသတ်ခံရမလဲဆိုတာ မသေချာတဲ့နေ့ရက်ဟာ အလျင်အမြန်ပဲရောက်လာပါတယ်။ ကျောင်းစတက်ရမယ့် ရက်မတိုင်ခင်က တည်းက ကျွန်တော့် လျှိုဝှက်ချက်ကို ထိန်းထားဖို့ ရင်တထိတ်ထိတ်ဖြစ်နေတဲ့ ဆရာမ မေသက်နှင်းနဲ့ ထရိန်နင်စနေပါပြီ။ ကျောင်းစ တက်ရမယ့် မနက်ရောက်တော့ စားသောက်ပြင်ဆင်ဝတ်စားပြီးချိန် နောက်ဆုံးအနေနဲ့ ဟိုလည်ဆွဲကို ဝတ်ဆင်ဖို့သတိရတယ်။ ဟိုသည် လိုက်ရှာတော့ အခန်းထောင့် ဖုန်တောထဲမှာ ပုံလျက်သားလေး။ လည်ဆွဲကို အိမ်ယူလာတဲ့နေ့ကတည်းက ပစ်ထားလိုက်တာမို့ ဘယ်နေရာမှ မရောက်ပါဘူး။
ကျွန်တော့် နှလုံးခုန်သံ ရင်ခုန်သံကို ပြန်ကြားရတဲ့အထိ တထိတ်ထိတ်ခုန်နေခဲ့တာများ ငါဟာ ‘Moonless’ တစ်ယောက်ဖြစ်နေကြောင်း သည်လူတွေသိသွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ခံစားချက်ထက်ပိုပါတယ်။ လူတိုင်းလိုလို သည်ရောဂါအကြောင်း သိကြသလို သည်ကိစ္စကို အထူးတလည်လုပ်တဲ့လူဆိုတာလည်း နည်းပါတယ်။ နောက်ဆုံးတော့ လည်ဆွဲကို လည်ပင်းမှာစွပ်လိုက်ပြီး အိပ်ခန်းတံခါးကနေ ထွက်ခဲ့လိုက်တယ်။ ကျောင်းကို ဒယ်ဒီက ကားမောင်းမပို့ဘဲ ကိုယ့်ဘာသာကိုယ်မောင်းသွားစေချင်တဲ့ပုံစံ မာမီပြောလာတယ်။ လမ်းဆုံလမ်းခွတွေမှာရှိတတ်တဲ့ ရဲကားတွေက အဖေ့မျက်နှာကိုကျက်မိနေကြပြီကိုး။ ကျောင်းကိုမောင်းလာတဲ့ ကားကိုစီးလာရင်း ကျောင်းအဆောက်အဦးတွေကို တဖြည်းဖြည်းနီးကပ်အောင်မြင်လာရချိန် ကျွန်တော့်ရင်ခုန်သံတွေလည်း တဒိတ်ဒိတ် တိုးခုန်လာပါတယ်။
“သား ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ။ တစ်ခုခုဖြစ်ခဲ့ရင် ဒယ်ဒီ့ကိုဖုန်းခေါ်နော်။ အိုကေ’ ဒယ်ဒီလေသံက နုညံ့သော်လည်း ယတိပြတ် ဆုံးဖြတ်ပြီးသားပုံစံပါပဲ။ ကျွန်တော့်ကို ရဲရဲဝင့်ဝင့်ဖြစ်စေချင်ကာ ကြောက်ရွံ့တွန့်ဆုတ်နေတာမျိုး မဖြစ်စေချင်ဘူးလေ။ ကျွန်တော် ဒယ်ဒီ့ကို စိုက်ကြည့်လိုက်ရင်း တစ်ချက်ထွေးဖက်ပေးပြီးမှ ကားပေါ်ကဆင်းခဲ့ပါတယ်။ ကျောင်းဝင်ပေါက်ဝန်းကျင်မှာ ကျောင်းသားအချို့ အသံခပ်ကျယ်ကျယ်နဲ့ ရယ်မောစကားပြောနေကြတာပဲရှိတယ် လူမများပါဘူး။ ကျွန်တော် အသက်ခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ရင်း ကျောင်းအတွင်းဘက်ကို ဦးတည်လိုက်တယ် လည်တိုင်မှာဆွဲထားတဲ့ လည်ဆွဲလေးတဝင့်ဝင့်နဲ့ပေါ့။ ကျောင်းသားတွေ သူတို့ပြော လက်စ စကားကိုရပ်ပြီး ကျွန်တော့်ကိုကြည့်လိုက်ချိန်ကြုံဆုံသွားတာများ ရင်ခုန်သံတွေ မမှန် စည်းချက်ကျော်ကုန်ပါတယ်။ သူတို့မျက်ဝန်းတွေကို ခါတိုင်းလို ဆိုက်မကြည့်ရဲ ကြမ်းပြင်ကိုသာ အာရုံထားပြီး ရှေ့ဆက်လျှောက်ခဲ့တယ်။
ကျွန်တော့်လို လူတစ်ယောက် ‘Moonless’ ဖြစ်နေခဲ့ရင် လည်တိုင်မှာဆွဲထားတတ်တဲ့ လည်ဆွဲပေါ်ကသင်္ကေတကို လူတိုင်းလိုလို သတိထားမိတတ်ကြတယ်။ ပြီးတော့ ကာလကြာရှည် သည်ကလေးဟာ ‘Moonless’ ကလေးတစ်ယောက်ဖြစ်ကြောင်း အတင်းအဖျင်း ပြောကြဦးမှာပါ။ ကျွန်တော် ကျောင်းတခံခါးမကြီးကို ခပ်မြန်မြန်ပဲ ဆွဲဖွင့်ကာ အတွင်းကို ဝင်လိုက်ပါတယ်။ ပထမဆုံးကျောင်းဖွင့်ရက်မို့ ကျောင်းသားတွေကော၊ သင်ကြားပေးသူ ဆရာတွေကော သူတို့ရဲ့နွေရာသီအားလပ်ရက်အကြောင်းကို ကျောင်းခန်းမထဲ လျှောက်လမ်း တလျှောက် တိုးတိုး တိုးတိုးပြောနေကြတာပါ။ အိမ်မှာပဲ စာသင်မယ်လို့ ကျွန်တော့်မိဘတွေကိုပြောဖို့နောက်ကျသွားသလို၊ သည်မြို့မှာပဲ ဆက်နေပြီး ကျောင်းတက်မယ်လို့ ဆုံးဖြတ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် နောင်တရမိတဲ့ အခိုက်အတန့်လေးပါပဲ။
ဒါပေမယ့် သည်ကိစ္စကို ကျွန်တော်လုပ်ကိုလုပ်ရမယ်ဆိုတာ သိတယ်ဗျ။ သည်လိုမဟုတ်ရင် ရွေးချယ်ခဲ့တာမဟုတ်ဘဲ ပိုင်ဆိုင်ခဲ့ရတဲ့ ရောဂါတစ်ရပ်ရဲ့ သားကောင်တစ်ယောက် ဖြစ်ရတော့မှာ ပိုသိသာတယ်မဟုတ်လား။ ဟိုနေရာ သည်နေရာ လူစုစုတွေရှေ့ ခြေတစ်လှမ်း စလျောက်လိုက်သော်လည်း ကျွန်တော် ဘေးဘီကိုမော့မကြည့်ဘဲ ကြမ်းပြင်ကိုသာအရုံစိုက်နေမိတယ်။ ပထမတော့ ကျောင်းသားအချို့ ကျွန်တော့်ကို ဘာရယ်မဟုတ်ကြည့်မိပြီးနောက်မှာ ကျောင်းသားတိုင်းလိုလိုရဲ့ဝိုင်းဝန်းကြည့်တာကို ခံရပါတယ်။ ကျောင်းခန်းမအလယ် လမ်းအတိုင်း ကျွန်တော်လျှောက်သွားချိန် ကျောင်းသားတိုင်း နံဘေးကိုကပ်ပြီးရပ်ကြပါရော။ သည်လို ကွဲပြားခြားနားတာမျိုး ကျွန်တော် ဖြစ်ချင်တာမှမဟုတ်ခဲ့တာပဲ၊ ဘာကြောင့် သည်လိုဖြစ်ရတာလဲ တွေးမိရရင် မျက်ရည်ကျမိပါတယ်။
လည်ဆွဲတကုံးဟာ လည်ဆွဲသက်သက်မဟုတ်ဘဲ သည်လိုခံစားချက်တွေကိုပေးစွမ်းပါတယ်။ မကြာပါဘူး ကျောင်းခန်းမလမ်းတလျောက် ကျွန်တော့် အသက်ရှူသံနဲ့ သက်ပြင်းချသံကလွဲလို့ ဘာသံမှ မကြားရအောင် တိတ်ဆိတ်သွားတယ်။ ကျွန်တော့်အိမ်က ကိုယ့်အခန်းထဲ မှာ အားရပါးရငိုကြွေးတာမျိုး မလုပ်ဖြစ်ဘူးဆိုရင် လူတိုင်းရဲ့ရှေ့မှာ ငိုကြွေးဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ မျက်ဝန်းထဲက မျက်ရည်တွေ စီးကျမလာအောင် ကျွန်တော်ကြိုးစားရမယ်။ ဒါဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ စိန်ခေါ်မှုတစ်ရပ်ပဲလေ။
ပထမဆုံး စာသင်ချိန်အတွက် လိုအပ်မယ့်စာအုပ်အချို့ကို Locker ထဲက ကျွန်တော်ယူလိုက်ပါတယ်။ ကိုယ့်ကိုယ်လဲပြောရတယ် လူတွေ ရှေ့မှာ မငိုရဘူးလို့။ သည်စိတ်ဟာ လူတစ်ယောက်အနားကပ်လာတာကို မမြင်မိခင်အချိန်လေးအထိပဲမြဲမြံတယ်။ လူရိပ်မြင်ချိန်မှာတော့ ရုတ်တရက်ထိတ်လန့်စိတ်တွေပေါ်လာပါတယ်။
‘ဟေး…ဆန်းမင်း….ကျောင်းဥယျာဉ်ဘက် ခဏသွားရအောင်’ ရှိန်းတစ်ယောက် အနားကပ်လာရင်း ပြောလိုက်တာပါ။ တကယ်တော့ ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ စကားပြောလိုစိတ်မရှိဘူး သည်အချိန်မှာ။ ‘မင်း တစ်ယောက်တည်းသွားကွာ…ငါမလိုက်ချင်ဘူး’ ဘယ်တုန်းကမှ မပြောဘူးတဲ့ အေးစက်စက်လေသံနဲ့ သူ့ကိုပြောလိုက်တယ်။
‘လာစမ်းပါ ငါ့ကောင်ရာ ခဏလေးပါ’ ဒါပေမယ့် ရှိန်းတယောက် အဝေးမရောက်ခင် သူ့ခန္ဓာကိုယ်ကြီးကို နံဘေးက locker နဲ့ဘမ်းကနဲ ကပ်သွားအောင် တွန်းကပ်ပစ်ပါတယ်။ ရှိန်းလို ခပ်ထွားထွားခန္ဓာကိုယ်နဲ့လူတစ်ယောက်ကို ရွေ့ကနဲ Locker ကိုကျောကပ်သွားအောင် ကျွန်တော် ဘယ်လိုတွန်းလိုက်မိမှန်း တကယ်မသိဘူး။ အသိစိတ်ကပ်ချိန်မှာ ရှိန်းက အံ့အားတသင့်နဲ့ ကျွန်တော့်ကို မျက်လုံးပြူးကြည့် နေတာပဲတွေ့လိုက်တာ။ ကျွန်တော့် မျက်ဝန်းမှာ မျက်ရည်တွေ စိုစွတ်ပြီး၊ နှုတ်ခမ်းတွေ တဆတ်ဆတ်လှုပ်နေသော်လည်း တစ်စုံတစ် ယောက်ရဲ့ ရှေ့မှာ ငိုလေ့မရှိခဲ့စဖူး။ ‘ဘာမှမဖြစ်ဘူး ငါ့ကောင်…အေးဆေး…ငါ့ကောင် အေးဆေး’ ရှိန်းရဲ့ နုညံ့ချိုသာတဲ့ လေသံ ကြောင့် ကျွန်တော့်လုပ်ရပ်ကို ပြန်စဉ်းစားဖို့ဖြစ်သွားပါတယ်။ ကျွန်တော် ရှိန်းကိုလွှတ်ပေးလိုက်ရင်း Locker တံခါးကိုလည်းဆောင့်ပိတ်ကာ ကျောင်း ဒုတိယအလွှာရှိရာကိုသွားဖို့လှမ်းလိုက်တယ်။ ပထမထပ် Locker အခန်းမှာ ဖြစ်ပျက်သမျှကို ကျောင်းသားတစ်ယောက် အသံမပြုဘဲ ငြိမ်သက်ကြည့်နေခဲ့ရင်းမှ ဖြစ်ပျက်သမျှ သတင်းစုံဟာ ကျောင်းထဲမယ် တောမီးတစ်ခုလို အလျှင်အမြန်ပျံ့သွားပါတယ်။
ကျွန်တော့် စာသင်ခန်းရှိရာကို စတင်လျှောက်လှမ်းသွားချိန်မှာ တစ်စုံတစ်ယောက် ကျောင်းခန်းမထဲ ဆင်းလာတာကို မြင်လိုက်ရတယ်။ နွေရာသီကျောင်းပိတ်ရက်အတွင်း အရပ်နည်းနည်းပိုရှည်လာသလို ကိုယ်ခန္ဓာမှာလည်း ကြွက်သားအနည်းငယ်ပိုထွက်လာတဲ့ သုတရယ် ပါ။ မိန်းကလေးအချို့ သူ့နံဘေးမှာ ဝန်းဝိုင်းနေတာကို မြင်လိုက်ရပေမယ့် ကျွန်တော်မအံ့သြပါဘူး။ နှစ်ယောက်သား အကြည့်တစ်ချက် ဆုံပြီးနောက် ကျွန်တော့်အသက်မရှူမိတော့ပါ။ သုတက ကျွန်တော့်လည်တိုင်မှာဆွဲထားတဲ့ လည်ဆွဲကို ကြည့်မြင်သွားကာ ဘာကြောင့် သူနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတူမလုပ်မှန်းသိသွားပါတယ်။ သုတနဲ့ကျွန်တော် နှစ်များစွာ သူငယ်ချင်းအဖြစ်ဆက်ရှိနေရ ခြင်းက တစ်ယောက်ရဲ့လုပ်ဆောင်ချက်၊ လုပ်ရပ်တွေကို နားလည်ခဲ့လို့မဟုတ်လား။
သူ့အနားက မိန်းကလေးတွေကို တစ်စုံတရာပြောပြီးလမ်းခွဲကာ ကျွန်တော်ရှိရာကို ဦးတည်လာပါတယ်။ ကျွန်တော့်ရဲ့ တစ်ယောက် တည်းနဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဘာလုပ်မလည်းဆိုတာ မသိခင်မှာပဲ ကျွန်တော် နေရာကမရွေ့ မတ်တပ်ရပ်လျက် စောင့်နေမိတယ်။ တဖြည်းဖြည်းတိုးကပ်လာရင်း ကျွန်တော့်ကိုကြည့်သော သူ့အကြည့်များအရ သူငယ်ချင်းအဖြစ်သတ်မှတ်ထားဆဲ ဆိုတာ သိရပါတယ်။ ဘာဖြစ်သွားတယ်မသိ သုတရဲ့ထွေးဖက်မှုကြားမယ် ထိန်းထားသမျှ မျက်ရည်တွေကို သွန်ချရင်း ကျွန်တော် စတင်ငိုကြွေးမိပါတယ်။ သူ့ရင်အုပ်ရှိရာ အင်္ကျီစိုရွှဲတဲ့အထိ ကျွန်တော်ငိုရှိုက်မိတာပါပဲ။
လူမရှိတဲ့ စာသင်ခန်းတစ်ခုထဲ ကျွန်တော့်ကို သုတခေါ်သွားပြီး အကုန်ဖွင့်ဟပြောဆိုငိုကြွေးစေပါတယ်။ ကျွန်တော်နှင့် သုတအကြား လိင်ပိုင်းဆိုင်ရာပတ်သက်မှုတစ်ခုမှမရှိဘဲ အတူကြီးပြင်းလာကြတာပါ။ ဒါကြောင့် သူ့ရင်ခွင်ထဲ မျက်နှာအပ်ကာငိုကြွေးဖို့မကြောက်သလို ကျွန်တော့်ကျောပြင်ကိုပွတ်သပ်ပေးတဲ့ သူ့လက်အစုံကိုလည်း ပုတ်မထုတ်ဖြစ်ပါ။ ‘အဆင်ပြေမှာပါ ဆန်းမင်းရာ…ငါတို့ကောင်းကောင်း ကျော်ဖြတ်နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် မင်းဘက်ကငါရှိနေမယ်။ မင်းက ငါ့ရဲ့သူငယ်ချင်းအရင်းကြီးပါကွ’ သုတရဲ့စကားလုံးတွေက ကျွန်တော့် စိတ်အခြေအနေပြေလျော့သွားဖို့လုံလောက်ပါတယ်။
ကျေးဇူးတင်စရာ သည်နှစ်စာသင်ချိန်မယ် သုတနဲ့ စာသင်ခန်းအတူတူမှာသင်ကြားခွင့်ရသလို အမြဲသူ့နံဘေးက စာသင်ခုံမှာ ထိုင်ခဲ့ပါ တယ်။ ကိုယ်မသိတဲ့ လူတွေရဲ့ အကြင်နာတရားမဲ့စွာ ကျွန်တော့်အပေါ်ပြောဆိုပစ်တင်တာမျိုးတွေနဲ့ဝေးရတာပေါ့။ အချို့သော သင်ကြာရေးဆရာတွေက ကျွန်တော့်ကို အခြားကျောင်းသားများနဲ့မတူ ကွဲပြားစွာ ဆက်ဆံသမှုပြုကြတယ်။ ဒါပေမယ့် ကိုယ်လုံပညာ လေ့ကျင့်သင်ကြားချိန်ရောက်လာတော့ ကျွန်တော်ပါဝင်သင်ကြားခွင့်မရတာမျိုးက အံ့အားသင့်စရာမဖြစ်တော့သလိုပါ။ ဂျူနီယာ အတန်းလို့ ပြောရမယ့် ကျွန်တော့်အတန်းက ကျောင်းသားတိုင်းဟာ သူတို့ရဲ့တဖက်ခြမ်း သမန်းဝံပုလွေအဖြစ် လုံးလုံးပြောင်းလဲနိုင်ခဲ့ကြ ပါတယ်။ ကျွန်တော်ကတော့ ဆရာမ မေသက်နှင်းဆီမှာပဲ ကိုယ်လုံပညာကို အဆင့်မြင့်သည်ထက်မြင့်အောင် လေ့ကျင့်ကစားကြိုးစား တယ်လေ။ အရွေ့အလျား၊ အခုန်အပြုတွေ ပိုသွက်ဖို့နဲ့ ခြေလေးချောင်းထောက်သတ္တဝါအားလုံးကို ကောင်းကောင်း တိုက်ခိုက်နိုင်ဖို့ ပေါ့။
လအနည်းငယ်ကြာချိန်မှာ ကျွန်တော့်ဦးခေါင်းထဲမယ် ပုံမှန်ထက်ပိုတဲ့ မထင်မရှားမှုံဝါးဝါး အသိတစ်ခုရှိလာတယ်။ သုတထိုင်တဲ့ စာသင်ခုံ အခြမ်းမှာပဲ ကျွန်တော်ထိုင်နေဆဲပါ။ ရှိန်းကို Locker နဲ့ရိုက်ခတ်မိအောင် တွန်းထိုးမိတဲ့အတွက် ကျွန်တော်တောင်းပန်စကားပြောခဲ့တော့ သူက နားလည်ပါတယ်တဲ့။ ရှိန်းနဲ့ ကျွန်တော် သူငယ်ချင်းမိတ်ဆွေဖွဲ့ချိန်မရှိခဲ့သော်လည်း စကားစမြည်ပြောဖို့တော့ အခွင့်ရှိပါတယ်။ တစ်ရက်သား ကျောင်းစာကြည့်တိုက်ထဲမှာ ရှိနေစဉ် တစ်စုံတစ်ခုလာနေတာကို မြင်ခဲ့ရတာမို့ ဘာကြောင့်မှန်းမသိ ကျွန်တော့်စိတ်ထဲ အတော်အနှောင့်အယှက်ဖြစ်သွားပါတယ်။
ကျွန်တော် “Moonless” ပုဂ္ဂိုလ်တစ်ဦးရဲ့ လုံးလုံးလျားလျား ပေါင်းဖော်စုံမက်လို့မရခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်ဆောင် တွေ့ပါတယ်။ သည်ဆောင်းပါးရဲ့အဆိုအရ Shifter နဲ့ “Moonless” စုံတွဲမှာ ပြဿနာအချို့ရှိနိုင်သတဲ့။ သူ့ပါတနာရဲ့ ထိုးသွင်း ကိုက်ခဲမှုကြောင့် ဝင်သွားတဲ့ ဝံပုလွေအဆိပ်ကို “Moonless” ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်က ကောင်းကောင်းမကိုင်တွယ်နိုင်တာကြောင့် သေဆုံးသွားတယ်။ Shifters တွေရဲ့ ကိုယ်ခံအားစနစ်ဟာ လူတွေထက်ပိုမြင့်တာကြောင့် shifter အဝန်းအဝိုင်းမှာ ဖြစ်လေ့ရှိတဲ့ ရောဂါအချို့ဟာ အလိုလိုအဆင်ပြေသွားပြေပျောက်သွားတတ်တယ်။ တကယ်လို့ Shifter နှစ်ဦးဟာ သူတို့ရဲ့ပါတနာဖြစ်ကြောင်း အမှတ်သညာပြုဖို့ တစ်ဦးကိုတစ်ဦး ကိုက်ခဲကြရင် ထိတွေ့ရရှိချိန်မှာပဲ သူတို့ကိုယ်ခံစွမ်းအားတွေဟာ အန္တရာယ်ဖြစ်စေတဲ့ သေစေတဲ့အဆိပ်ကို ပြေလျော့သွားစေပြီး ကိုက်ခဲရာသာ ကျန်ခဲ့တာမျိုးပါ။ဒါပေမဲ့ အဆိုပါ ‘Moonless’ ပုဂ္ဂိုလ်တစ်ဦး အန္ဆရာယ်ဖြစ်မဖြစ်ဆုံးဖြတ်ဖို့တရားသေပြောလို့မရတဲ့အချိန်အခါတွေလည်း ရှိပါတယ်။ တစ်ခါတလေ အသေအပျောက်ဖြစ်မှာထက် ထိခိုက်ဒဏ်ရာလောက်ပဲ ဖြစ်တာမျိုးလည်းရှိတယ်။
တစ်ခါတရံ ထိခိုက်ရှနာ ဒဏ်ရာအဖြစ်သာရရှိ ဆိုတဲ့စကားလုံးကို ကျွန်တော်ထပ်ကာ ထပ်ကာဖတ်ခဲ့မိတယ်ဗျ။ အခြားအခြေအနေများ ထက် ‘Moonless’ တစ်ယောက်ဟာ ကိုက်ခဲပြီး အမှတ်သညာပြုခံရသော်ငြား အသက်မသေဆုံးဘဲ သူ့ကြင်ဖက်နဲ့အတူ နေထိုင် အသက်ရှင်နိုင်တယ်ဆိုတာ စိတ်အဝင်စားဆုံးပါ။ ‘Moonless’ တစ်ယောက် သူ့ကြင်ဖက်ရဲ့ အကိုက်အခဲခံရမယ့် အခွင့်အလမ်းက fifty-fifty လောက်ပဲရှိမယ်လို့ ကျွန်တော်တွေးမိတယ်။
စာသင်နှစ် နှစ်တစ်ဝက်လောက်ရောက်ချိန်မှာတော့ ကျွန်တော့်ရဲ့ အဆိုးရွားဆုံးအိပ်မက်ဟာ အမှန်တကယ်ဖြစ်လာပါတယ်။ ကိုယ်လုံပညာ အတန်းချိန်တစ်ခု ကျောင်းရဲ့ gym မှာ သင်ကြားတဲ့ ရက်တစ်ရက်မှာပေါ့။ ကျွန်တော် လေ့ကျင့်ကစားတာပြီးဆုံးလို့ သုတ အလာကိုစောင့်နေပါတယ်။ မရပ်မနား လှုပ်ရှားလေ့ကျင့်ကစားခဲ့တာမို့ ကျွန်တော် အပြင်ခဏထွက်ပြီး လေအေးခံ အနားယူရင်းပေါ့။ ကျောင်းအနောက်ဘက်က ကွင်းပြင်ကျယ်ကြီးကို ငေးရင်းထိုင်နေတဲ့ ခဏ ကျွန်တော့်ကျောဘက်မှ ‘မင်းသည်မှာ ရှိကိုမရှိသင့်ဘူး’ လို့ စီနီယာဖြစ်တဲ့ မင်းသိုက်ရဲ့ မလိုတမာသံကို ကြားလိုက်ရပါတယ်။ မင်းသိုက်ဆိုတာ လိုတရမင်းသားတစ်ပါးမို့ သူပြောသမျှအရာဝင်တယ် ထင်တတ်သူပါ။ ကျွန်တော် တစ်ချက် ရယ်သွမ်းသွေးကာ အဝေးကိုထွက်သွားဖို့ ခြေစလှမ်းလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် လက်တစ်ဖက်ကို ဆွဲကိုင်ဖျစ်ညှစ်ပြီး ‘ငါပြောနေတဲ့စကားမပြီးသေးဘူး အဝေးထွက်သွားဖို့ မစဉ်းစားနဲ့’ လို့ဆိုပါတယ်။
‘ဝံပုလွေတစ်ကောင်အဖြစ် တင်းပြည့်ကျပ်ပြည့်အသွင်မပြောင်းနိုင်တဲ့ သားတစ်ယောက်ပိုင်ဆိုင်ရလိမ့်မယ်လို့ မင်းမိသားစုက ထင်ထားမှာ မဟုတ်ဘူး။ အမြဲစိတ်ပျက်လက်ပျက်ဖြစ်နေရတော့မှာ။ မင်းက အသုံးမကျတဲ့သူတစ်ယောက်ပဲကွ။ သည်အသိုင်းအဝိုင်း တစ်ခုလုံး အရှက်မကွဲခင်၊ အခြားကိစ္စတွေမဖြစ်ခင် ထွက်သွားသင့်တယ်။’ မင်းသိုက် စကားဆုံးအောင် မပြောနိုင်လိုက်ပါဘူး။ ကျွန်တော့် လက်သီးက သူ့မေးရိုးကို ခပ်ပြင်းပြင်းထိုးနှက်လိုက်လို့ဖြစ်ပါတယ်။ လက်သီးပြင်းအားကြောင့် ကျွန်တော့်လက်မောင်းကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့ မင်းသိုက်ရဲ့ လက်လွတ်ထွက်သွားသလို ဟန်ချက်လည်းပျက်သွားပါတယ်။
သူ့ကိုထိုးနှက်လိုက်လို့ရလာမယ့် အကျိုးဆက်ကို ကျွန်တော်မတွေးမိပါဘူး။ မင်းသိုက် လျင်လျင်မြန်မြန်ပဲ မတ်မတ်ပြန်ရပ်လိုက်ကာ သူ့သွားတွေကိုဖြဲပြပါတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ မင်းသိုက်ဟာ ဝံပုလွေတစ်ကောင်အဖြစ်အသွင်ပြောင်းသွားတယ်။ မင်းသိုက်ရဲ့ ဝံပုလွေအသွင်သဏ္ဌာန်က မီးခိုးရောင်ရင့်ရင့်နဲ့ အနက်ရောင် အစင်းကြောင်းအနည်းငယ်ပါတယ်။ သူ့ကိုထိုးနှက်ခြင်း အတွက် ကျွန်တော့်ကို တစ်စစီဖြဲပစ်ဖို့အသင့်ပုံစံပါပဲ။ မင်းသိုက် ကျွန်တော့်ကို ခုန်အုပ်လိုက်ချိန်မှာ သူ့ဝမ်းဗိုက်ကို ခပ်ပြင်းပြင်း လက်သီးတစ်ချက်ပစ်သွင်းကာ အလွယ်တကူတိုက်ခိုက်လိုက်ပါတယ်။
ကျွန်တော့်နှလုံးခုန်သံမြန်လာပေမယ့် ဆရာမ မေသက်နှင်းရဲ့ သင်ခန်းစာများက ကောင်းကောင်းအကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ လက်သီးချက်များကြောင့် မင်းသိုက်ရဲ့ဒေါသကိုပိုဆွပေးသလိုဖြစ်ပြီး ဒုတိယအကြိမ် ခုန်အုပ်ကိုက်ခဲဖို့ပြင်လာတယ်။ သူ့အရှိန်ကြောင့် ကျွန်တော် ရှောင်တိမ်းဖို့ အဆင်မပြေတော့တာသိပေမယ့် သည်တစ်ခါမှမရှောင်နိုင်ရင် နောက်တစ်ကြိမ်ရှောင်ဖို့ အခွင့်အလမ်းရှိတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူသားလက်ဝှေ့ကျော်တစ်ယောက်လို ဟန်ရေးပြင်ရင်း လက်သီးတွေကို သေချာဆုပ် ထားလိုက်ကာ သူ့ကို ထိုးနှက်ဖို့ အသင့်ပြင်ထားပစ်ရတယ်။
ကျောင်းနံရံကို ကျောပေးရင်း တရွေ့ရွေ့နောက်ဆုတ်နေတဲ့ အနေအထားကို မင်းသိုက်မြင်တာကြောင့် ကျွန်တော့်ကို နောက်တစ်ကြိမ် တိုက်ခိုက်ပါတယ်။ ကျွန်တော့်ညာလက်မောင်းကို သူတစ်ချက်အခဲ ထိထိမိမိ လက်သီးတစ်ချက်ပစ်ကျွေးလိုက်တယ်။ မင်းသိုက်ကို သူ့တိုက်ခိုက်မှုအတွက် ကောင်းကောင်းတုန့်ပြန်ဖို့ဟန်ပြင်ပေမယ့် လက်မောင်းစီကနာကျင်မှုကြောင့် ကျွန်တော်တစ်ချက် အော်ညည်း လိုက်ပါတယ်။ မီးအလင်းရောင် တစ်ခု ကျွန်တော်တို့ရှိရာ ထိုးလိုက်ချိန်မယ် လက်မောင်းက သွေးတွေအတော်ယိုစိမ့်လာတာတွေ့ရ တယ်။ သို့သော်လည်း မင်းသိုက်ကို ပြန်တိုက်ခိုက်ဖို့ဟန်ပြင်ထားတာ အနေအထားမပျက်ပါဘူး။ အဲအချိန် ခပ်ဝေးဝေးက မြန်နိုင်သမျှ ခပ်မြန်မြန်ပြေးလာတဲ့ သုတကို မြင်ရပါတယ်။
သူပြေးလာတဲ့လမ်းတလျောက်မှာပဲ တဖြည်းဖြည်းနဲ့ အဖြူဆွတ်ဆွတ် ဝံပုလွေတစ်ကောင်အဖြစ်ပြောင်းသွားရင်း မီးခိုးရောင် မင်းသိုက်ကို တွန်းတိုက် တိုက်ခိုက်လိုက်တယ်။ တိရစ္ဆာန်နှစ်ကောင် အသားတုံးတစ်ခုကိုအပြိုင်လုနေတဲ့အတိုင်း အစွမ်းကုန်တိုက်ခိုက်ကြတာဗျ။ ကျွန်တော် ဘယ်နေရာကိုမှမရွေ့မပြေးဘဲ ဝံပုလွေသဏ္ဌာန်နဲ့ မင်းသိုက်ကိုတိုက်ခိုက်နေတဲ့ သုတအဆင်ပြေမပြေ သေချာအောင် စောင့်ကြည့်မိတယ်ဗျ။ မင်းသိုက်က လည်တိုင်ကို အမိအရကိုက်ခဲလိုက်ချိန်မှာ သုတစီကနေ ညည်းညူသံထွက်ပေါ်လာပါတယ်။ မင်းသိုက်က အရုပ်တစ်ခုကို အခန်းထောင့်ရောက်အောင်လွှင့်ပစ်သလိုမျိုး သုတကို စွေ့ကနဲအဝေးကို ခါရမ်းပစ်လိုက်တယ်။ ပြီးနောက် ကျွန်တော့်ဘက်ကိုလှည့်လာရင်း နှာခေါင်းတရှုံ့ရှုံ့နဲ့ မာန်ဖီပါရော။
ကျွန်တော်က သူလုယူထားတဲ့ပစ္စည်း၊ သူ့အပိုင်ဆိုတဲ့ပုံစံနဲ့ မင်းသိုက်တဖြစ်လဲ မီးခိုးရောင်ဝံပုလွေကြီးက တဖြည်းဖြည်းအနားကပ် လာတယ်။ တုန့်ပြန်တိုက်ခိုက်ဖို့ဝေးစွ သွေးယိုစိမ့်ထွက်နေတဲ့ လက်မောင်းတစ်ဖက်ကို အခြားလက်တစ်ဖက်နဲ့ထိန်းကိုင်ရင်း ကျွန်တော် နောက်ဆုတ်ပြေးဖို့ကြံစည်ပါတယ်။ မင်းသိုက်က ရှည်လျားချွန်မြတဲ့ သူ့လက်သည်းတွေနဲ့ ကျွန်တော့်ကိုလမ်းပုတ်လိုက်ချိန် မြေပြင် ပေါ်ကို ကျွန်တော်ပက်လက်ကလေး နောက်ပြန်လဲရော။ တဖြေးဖြေးတိုးကပ်လာတဲ့ မင်းသိုက်ကို မျက်လုံးပြူးနဲ့ကြည့်ရင်း ဘာမှ မလုပ်နိုင်တဲ့ ကျွန်တော်ရယ်ပါ။ တစ်စုံတစ်ယောက် ပြေးလာသံ၊ ဟိန်းဟောက်သံမကြားလိုက်ရဘဲ အညိုရောင်နုနု ဝံပုလွေခပ်ထွားထွားတစ်ကောင် လွှားကနဲ အနောက်ဘက်က ခုန်ထွက်လာကာ မင်းသိုက်ကို မြေပြင်ပေါ် ဝပ်ကျသွားအောင် ကိုင်တွယ်ခဲ့ပါတယ်။
အညိုနုရောင်မြေခွေးကြီးက ရှိန်းဆိုတာ အမှားအယွင်းမရှိပြောနိုင်ပါတယ်။ မင်းသိုက်ရဲ့တိုက်ခိုက်မှုကနေ ကျွန်တော့်ကို ကာကွယ်ပေးနေ တာပါ။ မြေပြင်ပေါ်လဲကျနေရာက မတ်တပ်ရပ်လိုက်ရင်း ကြီးမားတဲ့ ဝံပုလွေနှစ်ကောင် တိုက်ခိုက်တာကို ကျွန်တော်ကြည့်နေခဲ့တယ်။ အဲသည်အချိန်မှာ သုတလည်း ထရပ်ကာ ရှိန်းနဲ့အတူ မင်းသိုက်ကိုဝင်ရောက်တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ မင်းသိုက်က သုတနဲ့ရှိန်း နှစ်ကောင်စလုံးကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်။ ကျွန်တော့်ကိုလူတွေကြည့်နေတာကို ခံစားမိပါတယ်။ သူတို့တွေ ကျွန်တော့်အတွက် တိုက်ခိုက်နေကြတာဖြစ်ကြောင်း ကျောင်းသားအချို့ကရိပ်မိပုံရတယ်ဗျ။
ကျွန်တော့်ဗိုက်ထဲ သရိုးသရီခံစားလာရသလို အခြားကျောင်းသားတွေလည်း ရန်ပြုတိုက်ခိုက်လာမှာ စိုးရိမ်မိတယ်။ ခပ်ဖြေးဖြေး နောက်ဆုတ်လာရင်း အကွယ်တစ်ခုရောက်ချိန်မှာတော့ အိမ်ကိုပြန်ပြေးလာခဲ့ပါတယ်။ ပြေးလာတဲ့လမ်းတလျောက် အကိုက်အခဲခံရလို့ သွေးယိုစိမ့်နေတဲ့ လက်မောင်းတစ်ဖက်ကို တချိန်လုံးထိန်းကိုင်လာရတာပါ။ အိမ်ကိုရောက်တော့ ဒယ်ဒီရော၊ မာမီရော အိမ်မှာရှိနေ ကြတယ်ဗျ။ လက်မောင်းတစ်ဖက်သွေးယိုစိမ့်နေတာကိုမြင်သွားပြီးနောက် သူတို့တွေ ကြည့်ဖို့ အနားကပ်လာခြင်းအပေါ် ဘာကြောင့် မှန်းမသိ ကျွန်တော်ကြောက်စိတ်ဝင်လာတယ်။
ကျွန်တော့်အိပ်ခန်းထဲပြေးဝင်ပြီး အခန်းတံခါးကို Locked ချပစ်ပါတယ်။ ဒယ်ဒီ အခန်းတံခါးကိုဖွင့်ဖို့ ကြိုးစားပေမယ့် မရတာကြောင့် ကျွန်တော့်ကို တံခါးဖွင့်ဖို့ အမိန့်ပေးတယ်။ အမူအရာ ပြုမူချက်အချို့ကြောင့် ဒယ်ဒီတို့သည်လည်း မင်းသိုက်လို ကျွန်တော့်ကို တိုက်ခိုက် တော့မှာလို့ တွေးမိရင်း စတင်ငိုရှိုက်မိပါတယ်။ သည်နေရာက ကျွန်တော့်အတွက် မလုံခြုံတော့မှန်း သိပေမယ့် ဦးနှောက်ကပြောနေတာ ကို လိုက်မလုပ်ဘဲ ငြင်းဆန်ပစ်တယ်။ သွေးယိုစိမ့်နေတဲ့လက်မောင်းကို ခပ်မြန်မြန် ပတ်တီးစီးလိုက်ပြီး ကျွန်တော့်အဝတ်ဘီရိုရှိရာ သွားလိုက်ပါတယ်။ အဝတ်အိတ်တစ်လုံးဆွဲယူပြီး အဝတ်အစားအချို့၊ အစားအသောက်အချို့၊ပိုက်ဆံနဲ့တကွ ဒယ်ဒီရဲ့သေနတ် တစ်လက်ကိုပါ ထည့်လိုက်တယ်။
အိမ်ပြေးဖို့ အသင့်ပြင်ထားတဲ့အိတ်ကို ကောက်ယူပြီး ကျွန်တော့်အိပ်ရာပေါ်တင်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်အိပ်ခန်းရဲ့ ပြတင်းပေါက်ကို ဖွင့်လျက် ခဏတာ မတ်တပ်ရပ်ကာ ငေးမိရော။ မာမီရဲ့ နုညံ့တဲ့ ခေါ်သံဟာ အိပ်ခန်းတံခါးအနားကနေ ‘သားလေး….အခန်းတံခါး ခဏဖွင့်ဦး။ မင်းဒယ်ဒီနဲ့ မာမီတို့ သားအဆင်ပြေတာ သေချာလားသိချင်တယ်’ လို့လှမ်းပြောတာကို ကြားရပါတယ်။ အဲသည်ခဏမှာ မာမီအခန်းတံခါးကိုဖွင့်ပြီးဝင်လာနိုင်မှန်းသိတာကြောင့် တံခါးကိုစိုက်ကြည့်ရင်း ‘သားကို တစ်ယောက်တည်း ခဏပစ်ထားပေးပါ’ လို့ ရှိုက်သံမပါ ဆို့နင့်သံမဝင်ဘဲ စကားပြန်လိုက်ပါတယ်။ ‘သားလေး…ဘာဖြစ်တာလဲ’ မာမီစကားသံချိုချိုကို ထပ်ကြားရပြန်တယ်။ ကျွန်တော် စကားပြန်အဖြေမပေးနိုင်ခင်လေးမှာ အိမ်ရှေ့ ခြံတံခါးက ဘဲလ်သံမြည်လာပါတယ်။
ကျွန်တော့် ဒယ်ဒီ အိမ်ရှေ့တံခါးသွားဖွင့်ပေးသံ ကြားနေရတယ်။ ‘အထဲဝင်ပါ ကိုကောင်းရဲ့’ ဒယ်ဒီက ယဉ်ကျေးပျူငှာတဲ့လေသံ တစ်မျိုးနဲ့ဖိတ်ခေါ်တယ်။ Alpha ကြီး အိမ်ကိုရောက်လာတာကြောင့် ကျွန်တော့်မျက်လုံးတွေ အံအားတသင့်ပြူးမိပါရဲ့။ များမကြာခင် သောအချိန်က ‘Moonless’ လူတစ်ယောက်ကို Alpha တစ်ပွေ တိုက်ခိုက်ခဲ့တဲ့ကိစ္စဖြစ်ခဲ့တာ မကြာသေးဘူးလေ။ ‘Moonless’ တစ်ယောက်ကို သတ်လို့ရပေမယ့် သတ်တဲ့အဆင့်ထိမရောက်ဘဲ တစ်ဘဝစာ ငြိမ်ကုတ်နေရမယ့်အနေအထားထိ တိုက်ခိုက်ခဲ့တာပါ။ Alpha က သတ်ရလောက်အောင် အရေးစိုက်စရာကိစ္စ ကျူးလွန်ထားတဲ့အခြေအနေ ကျွန်တော့်မှာ ရှိမနေဘဲ ဘာကြောင့်များ အိမ်ကို လာပါလိမ့်။
အဝတ်အိတ်ကို ခပ်မြန်မြန်ကောက်ယူလိုက်ကာ ဖွင့်ထားတဲ့ အခန်းပြတင်းပေါက်ကနေ အပြင်ထွက်လိုက်ပါတယ်။ အိမ်နောက်ဖေး ခြံကျယ်ထဲကနေ ခပ်သွက်သွက်လေးပြေးရင်း ကားလမ်းမစီတက်လိုက်ပါတယ်။ မြို့ရဲ့အစွန် နှစ်မိုင်လောက်အဝေးမှာ ကျွန်တော်တို့ အိမ်ရှိတာ ကံကောင်းတယ်။ ကျွန်တော် မြို့အနောက်ဖက်ကနေ ဝိုက်ထွက်တဲ့ လမ်းဟောင်းကို အသုံးပြုရင်း မည်သူ တစ်ဦးတစ်ယောက် မှ ကြည့်မနေကြောင်းသေချာအောင် စူးစမ်းရပါသေးတယ်။ နေ့အချိန် အပြင်မှာ ရာသီဥတုအေးနေသော်လည်း အသတ်ခံရမှာ ကြောက်ရွံ့မိသောကြောင့်ထင့် ကျွန်တော့်ကိုယ်မှာ ချွေးတွေ့စို့ထွက်နေပါတယ်။ သည်မြို့ရဲ့လူမှုအဝန်းအဝိုင်းနဲ့ မတူကွဲပြားတဲ့ ကျွန်တော့်ကို ဘယ်သူက ကွဲပြားမှုကြောင့် သတ်ဖြတ်မလဲဆိုတာ မသိနိုင်ဘူးပေါ့လေ။
မြို့အစွန်ကနေ လမ်းသွားလမ်းလာရှိတဲ့ဘက်ကို သွားရတာမို့ အချိန်အနည်းငယ်တော့ ယူရပါတယ်။ ကားတစ်စီးမှလည်း ငှားလို့ရမှာ မဟုတ်ဘူး။ သည်လူမှုအဝန်းအဝိုင်းထဲမှာ လူချစ်လူခင်များသလို လူသိများတဲ့ ဒယ်ဒီကြောင့် မကြာခင် သတင်းပေါက်ကြားသွားနိုင်တယ်။ ဒါကြောင့် နောက်တစ်မြို့ကိုသွားဖို့ဆိုရင် ကားတစ်စင်းလောက် ခိုးယူမောင်းပြေးမှပဲရမှာ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်မြို့ဆိုတာ အနည်းဆုံး မိုင်သုံးဆယ်လောက်ဝေးတာမို့ ကျွန်တော် ဖြတ်လမ်းတွေကိုအသုံးပြုခဲ့ပါတယ်။ မြို့ရဲ့အစပ် သစ်တောအုပ်ကြီးအစွန်းကို ကျွန်တော်ရောက်ချိန် အလွန်ကျယ်လောင်တဲ့ အူသံတစ်ချက် လေထဲကနေလွင့်လာတာကိုကြားလိုက်ရတယ်။ ဒါ ဒယ်ဒီရဲ့ အူသံဆိုတာ ကျွန်တော် သိတယ်။ သူတို့ရဲ့သားငယ်၊သားပေါက်လေးတွေ ပျောက်ဆုံးသွားချိန် ပြုလုပ်တတ် အူတတ်တဲ့ အူသံတစ်မျိုးပေါ့။
မြို့ထဲမှာရှိတဲ့လူတိုင်း ကျွန်တော့်ကိုရှာဖွေကြတော့မှာကို သိလိုက်ပြီ။ ဒယ်ဒီက ဝံပုလွေသဏ္ဌာန်နဲ့ဆိုရင် ကျွန်တော့်ကိုယ်နံ့ကို ခပ်ဝေးဝေးကနေတောင် အနံ့ခံတတ် ရတတ်တာအမှန်ပဲ။ ကျွန်တော်နဲ့ ဒယ်ဒီကြား ကွာဝေးနိုင်သထက်ဝေးအောင် တောအုပ်ထဲက ဖြတ်လမ်းထဲကို အားသွန်ပြေးပါတယ်။ မပြေးနိုင်တဲ့အခါ လမ်းသွက်သွက်လျှောက်ဖို့အတွက် တုတ်ချောင်းခပ်တုတ်တုတ် ကိုလည်း တပါတည်းကောက်ယူခဲ့တယ်။ နေလုံးကြီးက တဖြည်းဖြည်း ကွယ်ဝှက်ကာ အလင်းရောင်နည်းလာသော်လည်း ကျွန်တော်ပြေးတဲ့ အရှိန်ကိုမလျော့ခဲ့ပါဘူး။
ခြေလှမ်းတစ်လှမ်းနဲ့ တစ်လှမ်းကြား ကျွန်တော့်နှလုံးခုန်သံတွေ ပြင်းထန်းလှသလို ရင်ဘတ်ထဲအောင့်သလိုလို ခံစားရပေမယ့် အချိန်မရွေးအတိုက်အခိုက်ခံရ သတ်ဖြတ်ခံရနိုင်တဲ့နေရာကို ပြန်မသွားချင်တော့ပါ။ ပြေးတဲ့အရှိန်ကို အနည်းငယ်လျော့လိုက်ရင်း အသက်ရှူတာမှန်အောင်ကြိုးစားရှူရှိုက်လျက် ရှေ့ဆက်ပါတယ်။ ကျွန်တော်ပြေးတဲ့ လမ်းမယ် ကျောက်တုံးအကြီးကြီးတစ်တုံး ပိတ်ဆို့ နေတာကြောင့် နံဘေးကနေဖြတ်ပြေးမယ် ပြင်လိုက်ချိန်မှာ သားရဲကောင်ကြီးတစ်ကောင်နဲ့ထိပ်တိုက်တိုးမိမလိုဖြစ်သွားရတယ်။ ကျွန်တော့်ရှေ့ကနေ ခြေလှမ်းဆယ်လှမ်းအကွာလောက်မှာ သွေးသံရဲရဲနဲ့ ယုန်ကြီးတစ်ကောင်ကို မြင်နေရပါတယ်။ ကျွန်တော့်မျက်လုံးေ တွ အလန့်တကြားမို့ပြူးထွက်လာရသော်လည်း အသက်ရှူနှုန်းကို အသံမထွက်အောင် ထိန်းပြီးခပ်ဖြေးဖြေးရှူ ရှိုက်နိုင်ခဲ့တယ်။ ‘The beast’ တစ်ကောင်ဟာ ခဏနေကပြောခဲ့တဲ့ ယုန်သေခန္ဓာကိုယ်ကို စေ့ငုကြည့်ကာ နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း စူးစမ်းအနံ့ခံနေပါတယ်။ အသာအယာ နောက်ပြန်ဆုတ်လာတဲ့ ကျွန်တော် လမ်းမထက်ကို ကိုယ်ခန္ဓာပြန်အလှည့် သစ်ကိုင်းတစ်ကိုင်းကို နင်းမိပါရော။
ယုန်အသားကို ကိုက်ဖဲ့ဝါးနေတဲ့ The beast ဟာ စားလက်စကို ရပ်တန့်ရင်း ကျွန်တော်ရှိရာကို လှည့်ကြည့်ပါတယ်။ ကြောက်လန့်စိတ်နဲ့ ထိတ်လန့်မှုတွေဟာ ကျောရိုးတလျောက်စိမ့်တက်လာသလို The beast ရဲ့ မဟူရာမျက်ဝန်းတွေကို အကြည့်မလွှဲဘဲ ကျွန်တော် စိုက်ကြည့်မိတယ်။ ကြည့်မြင်ရသလောက် သည်နေရာအဝန်းအဝိုင်းမှာ လူသားတစ်ယောက်မှ မရှိပါဘူး။ ကြီးမားတဲ့ သူ့လက်ထဲက ယုန်သေကောင်ကို မြေပြင်ပေါ်အသံထွက်သည်အထိ ပစ်ချလိုက်ပါတယ်။ ထိခိုက်မှုရထားတဲ့ ကျွန်တော့် အနာပတ်တီးကနေ စိမ့်ထွက် ထားတဲ့ လတ်လတ်ဆတ်ဆတ်သွေးနံ့ကို လေထဲ နှာတံကိုမြင့်လျက် အနံ့ခံပြန်တယ်။ ပြီးမှ ကျွန်တော်ရှိရာဘက်ကို the beast က မာန်ဖီ ဟိန်းဟောက်လိုက်ရင်း သားကောင်ရှိရာကို ချဉ်းကပ်တဲ့အတိုင်း လှမ်းလာပါတော့တယ်။
The beast က စတင်တိုက်ခိုက်သော်လည်း ကျွန်တော်ကောင်းကောင်း ရှောင်ပြေးနိုင်ခဲ့တယ်။ သူ အရှိန်နဲ့ခုန်အုပ်လိုက်ချိန်မှာ လက်ထဲကိုင်ထားတဲ့ တုတ်နဲ့အရှိန်ပြင်းပြင်း ကျွန်တော်ရိုက်ပစ်လိုက်တယ်။ နာကျင်မှုကြောင့် သူအော်ညည်းကာ အားနဲ့လွှဲရိုက်တဲ့ ကျွန်တော့်တုတ်ချက်နဲ့ဝေးရာဘက်ကနေ ပြန်ချဉ်းကပ်ဖို့ကြိုးစားပါတယ်။ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ဟိန်းဟောက်လိုက်သလို သူ့မျက်ဝန်းထဲမှာ အမုန်းတရားတို့အစပျိုးလာပါရော။ ကျွန်တော် နောက်ဖက်ကို အသာအယာလေး ဆုတ်ရင်း ကျောပိုးအိတ်ထဲက ဒယ်ဒီသေနတ်ဆွဲထုတ်ဖို့ကြိုးစားတယ်။ The beast က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်တာ ကျွန်တော်ရှောင်လိုက်နိုင်သော်လည်း ဘယ်ဘက်ပေါင်ကို လက်သည်းနဲ့တစ်ချက်ကုတ်ဆွဲသွားတယ်။ ကျွန်တော် နာကျင်မှုကြောင့် အော်လိုက်မိသလို သွေးတွေလည်း ထင်သာမြင်သာကို စိုရွှဲထွက်လာတယ်။ သူ့လက်သည်းက ကျွန်တော့်သွေးတွေကို လျာနဲ့သရပ်ရင်း အရသာမြည်းပါရဲ့။ လက်ကသွေးကိုပြောင်အောင်လျက် ပြီးနောက် ကျွန်တော့်ဘက် တစ်ချက်လှည့် ဟိန်းဟောက်လိုက်ကာ အလစ်ချောင်းပါတော့တယ်။
ဒယ်ဒီသေနတ်ကို နောက်တစ်ကြိမ် ရှာကြည့်သော်လည်း ကျွန်တော်လုံးဝရှာမတွေ့ဘူးဖြစ်နေတယ်။ သွားရည်တများများ ကျစပြုလာတဲ့ ပါးစပ်ကြီးဖြဲလျက် ကျွန်တော့အနားကို The beast တိုးကပ်လာပါတယ်။ ရည်မှန်းရာခရီးလည်းမရောက်၊ ဒယ်ဒီတို့ မာမီတို့ကို နောက်ဆုံး အနေနဲ့လည်းနှုတ်ဆက်စကားမပြောနိုင်၊ သည်သစ်တောအုပ်ကြီးထဲမှာ သေဆုံးရတော့မယ့်အဖြစ်အပျက်ကို ကျွန်တော်မျက်နှာချင်းဆိုင် နေရပါပြီ။ သေမင်းကို မျက်နှာတည့်တည့်မူရပြီ။
To be continued ……
*** Remember, Porn is Fantasy. In real life you can protect yourself by having safer sex.
No comments:
Post a Comment