Friday, September 2, 2022

Moon Story: Part 2

 Moon Story: Part 2




*** This story is fiction and it’s not meant to offend anyone.


အသက်ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ရင်း ကျွန်တော့်မျက်ဝန်းတွေကို ဖြေးညှင်းစွာဖွင့်လိုက်ပါတယ်။ နေရောင်ခြည်များ ပြတင်းပေါက်မှ ခုန်ဆင်းနေကြသလို သစ်လုံးအိမ်တစ်အိမ်လုံးလည်း တိတ်ဆိတ်မြဲတိတ်ဆိတ်လျက်ပါပဲ။ ဘယ်ဘက်ကို တစောင်းလှည့်လိုက်တော့ ရှိန်းက ကျွန်တော့်နံဘေးမှာ သက်သောင့်သက်သာလဲလျောင်းနေတယ်လေ။ ဘာကြောင့်ရယ်မသိဘူး ရှိန်းအိပ်စက်နေတာကို ငေးကြည့်မိတိုင်း စိတ်ထဲ ငြိမ်းချမ်းဆိတ်ငြိမ်ချင်းကို အမြဲခံစားရတယ်ဗျ။ တစ်ခုရှိတာက အိပ်ရာထက်မယ် နှစ်ကိုယ်တူယှဉ်တွဲ အိပ်စက်တိုင်း ကျွန်တော်တို့အကြား တစ်ယောက်ယောက်တိုးဝင်လို့မရအောင် သူလှဲအိပ်တတ်ပါတယ်။


နိုးထလာချိန်တိုင်း ကျွန်တော့်ခါးအစုံကို သူ့လက်နဲ့ထွေးဖက်ထားတာ၊ သူ့ခြေထောက်တစ်ဖက်နဲ့လှမ်းထိထားတာ၊ တစ်ခါများဆို မျက်နှာကို သူ့လက်နဲ့ပွတ်သပ်နေတာမျိုးတွေ အကြိမ်ကြိမ်ပဲ။ ဒါပေမယ့် သည်နေ့နံနက်မှာတော့ ကျွန်တော့်ငပဲကိုဆုပ်ကိုင်ထားတဲ့ သူ့လက်အစုံကြောင့် အိပ်ရာနိုးလာတာပါ။ ကိုယ့်ဘာသာကိုယ်ပဲ ပြုံးရယ်မိတယ် သည်လောက်ဂရုတစိုက်နေတတ်တဲ့ အံ့သြစရာငနဲကို ကျွန်တော် တွေ့ဆုံနိုင်ခဲ့တဲ့အဖြစ်။


နံဘေးက ရှိန်း လူးလွန့်လာပြီး ကျွန်တော့်ကို တစေ့တစောင်းငဲ့ကြည့်ပါတယ်။ ချစ်စဖွယ်ကောင်းသလို ဆွဲဆောင်မှုရှိကြောင်း အာမခံ နိုင်တဲ့ ရှိန်းရဲ့အပြုံးတွေမြင်ရရော။ သူ့ဘယ်ဘက်လက်ကို ဦးခေါင်းအထက်ဆန့်ထုတ်လိုက်တာကြောင့် triceps ပေါ်ထိုးထားတဲ့ တက်တူးကို ကျွန်တော်ကောင်းကောင်းမြင်ခွင့်ရပါတယ်။ အရွယ်အစားအကြီးကြီးမဟုတ်ပေမယ့် လက်ရာမြောက်လှတဲ့ တက်တူး တစ်ခုပါပဲ။ အလင်းရောင်မမြင်ရသော လမင်းကို ဝံပုလွေတစ်ကောင်က မော့ကြည့်ပြီး ဆွဲဆွဲငင်ငင်အူနေတာလေ။ သူတစ်ကြိမ် ရှင်းပြဖူးတာ သူ့ရင်ခွင်ထဲ သူ့လက်မောင်းထက် ကျွန်တော်မရှိရင် အဲသည့်နေရာစီ ပြန်ရောက်လာဖို့ ဝံပုလွေလေးက အူသံပေး ခေါ်ပေးမှာတဲ့။ သည်တက်တူးထိုးရခြင်းအတွက် ရှိန်းရဲ့ဆင်ခြေ ဒါမှမဟုတ် အကြောင်းပြချက်ကောင်းတစ်ခုဖြစ်မလား ကျွန်တော် မသိသော်လည်း သတိထားမိရတဲ့ ချစ်စဖွယ် အမှတ်သင်္ကေတလေးပါ။


အကြောအချဉ်ပြေအောင်ဆန့်ပြုပြီးနောက် ပက်လက်အိပ်နေတဲ့ ကျွန်တော့်ကိုယ်ပေါ် အသာအယာမှောက်ချလိုက်ပါတယ်။ ကျွန်တော့် လည်တိုင်အနှံ့သူ့နှာခေါင်းကြီးနဲ့ တို့ထိကလိနေတာမို့ တခစ်ခစ်ရယ်မောမိရတယ်။ အိပ်ရာတစ်ခုပေါ် နှစ်ဦးသားအတူအိပ်စက်ချိန်တိုင်း နံနက်ခင်းရောက်ရင် သူလုပ်နေကျ ကျွန်တော့်ကိုယ်သင်းနံ့ကို ရယူခြင်းပေ့ါနော်။ နောက်တော့ ကျွန်တော့်ကိုယ်ခန္ဓာပေါ်ရှိ အထိမခံနိုင် သော အစိတ်အပိုင်းတွေစီ အနမ်းတွေကို တရစပ်ပေးပါတယ်။ အစကတော့ လည်တိုင်အနှံ့ပေါ့။ ပထမဦးဆုံးအကြိမ် ကျွန်တော့်ခန္ဓာ ကိုယ်ကို သူ့လက်ကြီးနဲ့အနှံ့ပွတ်ဆွဲရင်း လည်တိုင်ကို နုနုညံ့ညံ့အနမ်းတွေပေးတုန်းကဆို ငြင်းဆန်စကားမပြောနိုင် မရှက်မကြောက် ညည်းညူ နေခဲ့တာ မှတ်မိသေးတယ်။ အခုလည်း….အ။


ကျွန်တော့် ဘယ်ဘက်ပေါင်ကို ထိကိုင်ချိန်မှာတော့ ရှိန်းစီက ခပ်တိုးတိုး မာန်ဖီသံတစ်မျိုးထွက်လာပါတယ်။ The beast တိုက်ခိုက်မှု ကြောင့် ကျွန်တော်ထွက်ပြေးခဲ့ရတုန်းက ရခဲ့တဲ့အမာရွတ်အပေါ် ရှိန်းတစ်ယောက် ခံစားသွားရမှန်းသိသာတယ်။ မင်းသိုက် သို့မဟုတ် the beast တစ်ကောင်ကောင် ကျွန်တော့်ကို တိုက်ခိုက်ခဲ့ချိန် အကာအကွယ်မပေးနိုင်ခဲ့ခြင်းအပေါ် သူ့ကိုယ်သူ အပြစ် မတင်မိအောင် ဟန်ဆောင်ဖုံးကွယ်ထားတာပါ။ သူ့လက်ကိုဆွဲယူ အခြားတစ်ဖက်ဖြစ်တဲ့ ကျွန်တော့်ပေါင်ပေါ်တင်ပေးလိုက်ပါတယ်။ ပြီးတော့ သူ့ပါးပြင် တလျောက်ကို လက်နဲ့အသာအယာပြန်ပွတ်ပေးမိတယ်။ “Stay with me” လို့လေသံခပ်တိုးတိုးလေးနဲ့ သူ့အနားကပ်ကာ အထပ်ထပ် ပြောရတာပေါ့။ ရှိန်းသက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းရှိုက်လိုက်ရင်း စိတ်တင်းထားတာကိုလျော့လိုက်လေရဲ့။


သူ့စိတ်ခံစားချက်တစ်မျိုးတစ်မည်မဖြစ်စေတဲ့ ကျွန်တော့်ရင်အုပ်တွေရှိရာ သူ့ကိုပြောင်းလဲပွတ်သပ်စေပါတယ်။ သူ့စိတ်ထဲသက်သောင့် သက်သာဖြစ်သွားချိန်မှာတော့ ရှိန်းက ‘ငါးမိနစ်….ငါးမိနစ်လေးပဲကွာ’ လို့ပြောပြီး ကျွန်တော့်တကိုယ်လုံးကို ရင်ခွင်ထဲဆွဲသွင်းပြီး တင်းကြပ်နေအောင်ဖက်ထားပါတယ်။ ကျွန်တော်ဘာပြောနိုင်မှာလဲ….ရယ်မောရင်း အခန်းမျက်နှာကျက်ကို မော့ကြည့်ကာ ငြိမ်နေလိုက် ရတာပေါ့။ ကျွန်တော်တို့နှစ်ယောက်သားရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ရှိန်းဟာ ကြင်ဖက်မဟုတ်ခဲ့မှန်း The beast တစ်ကောင်ရဲ့ အတိုက်အခိုက်ခံခဲ့ရတဲ့နေ့မှာ သိခဲ့ရတယ်။ 


x x x


ကျွန်တော်အတိုက်အခိုက်ခံရပြီး နောက်တစ်ရက် နေ့မွန်းတိမ်းချိန်လောက်မှာ သတိရလာခဲ့ပါတယ်။ သန့်ရှင်းပြီး ပိုးသတ်ဆေးနံ့ အနည်းငယ်ရတဲ့ အိပ်ရာခင်းတစ်ခု ကျွန်တော့် ခန္ဓာကိုယ်အောက်မှာ ခင်းထားသလို အဖြူရောင် စောင်ပါးတစ်ထည်ကိုလည်း ခြုံထားပေး တာ သတိပြုမိတယ်။ သတိပြန်ကပ်ကပ်ခြင်း ဘာတွေများရှိနေလဲ ဘာဖြစ်နေလဲ ဟိုသည်ကြည့်လိုက်တာ အခန်းထဲ ဘာမှမရှိ ရှင်းလင်း လို့ပါ။ ပတ်ဝန်းကျင်ကို သေချာလေး စူးစမ်းကြည့်မိပေမယ့် အခန်းထဲမယ် တစ်ယောက်မှမရှိပါဘူး။ မာမီနဲ့ဒယ်ဒီတို့ နှစ်ယောက်ကတော့ ကျွန်တော့်ခြေထောက်တစ်ဖက်ကို ကြိုးနဲ့ဆိုင်းပြီး ဆန့်နေအောင်လုပ်ထားတဲ့ အခြေအနေစိတ်ချရလားဆိုတာ ကြည့်နေကြတယ်။ အသက်မသေဘဲ ပြန်တွေ့ရခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်စကားဆို ဂုဏ်တော်ကိုချီးမွမ်းကာ  ကျွန်တော့်ကို ကျစ်ကျစ်ပါ အောင်ဖက်ရင်း ငိုကြွေးနေသေးတာပါ။ အိမ်ကနေထွက်ပြေးတဲ့ ကျွန်တော့်ကို စိတ်မဆိုးကြဘဲ အသက်ရှင်သန်နေသေးတဲ့အတွက် ပျော်ရွှင်ဝမ်းသာနေကြတာကိုတော့ အံ့သြစဖွယ်တွေ့ရပါတယ်။ အခန်းတံခါး ခေါက်သံတစ်ချက် ပေါ်လာတော့ ကျွန်တော့်တကိုယ်လုံး တောင့်သွားပြီး ဒယ်ဒီ့လက်ကို အနည်းငယ်တင်းအောင် ဆုပ်ကိုင်မိတယ်။ 


ဦးကောင်းစည်သူဆိုတဲ့ ကျွန်တော်တို့ရဲ့ Alpha ကြီး အခန်းတံခါးဝမှ မားမားကြီးပေါ်လာပါတယ်။ အရိုအသေအလေးထားမှုပေးဖို့ အနေအထားဆိုသော်လည်း ကျွန်တော့်အခြေအနေကောင်းမကောင်းကို စိုးရိမ်တဲ့အမူအယာ သူ့မျက်နှာမှာထင်းနေရော။ Alpha ကောင်းဆိုတဲ့ အဓိပ္ပာယ်က သူရှိနေတဲ့ အုပ်စုအဝန်းအဝိုင်းရဲ့ အဖွဲ့ဝင် အသင်းဝင်တိုင်းအပေါ် သူ့ညီအစ်ကိုမောင်နှမသဖွယ် ထိန်းသိမ်း စောင့်ရှောက်တတ်သူလို့မည်ပါတယ်။ လူမှုအဝန်းအဝိုင်းတစ်ခုလုံး လုံခြုံစိတ်ချရပြီး ကျန်းမာစွာနေထိုင်နိုင်ဖို့အရေးကိစ္စကို ပခုံးပေါ်ထမ်း ထားရတာလွယ်တဲ့အရေးမှ မဟုတ်တာ။ 


ဦးကောင်း ကျွန်တော့်အနား ပိုပိုပြီးတိုးကပ်လာချိန် ဖတ်ခဲ့ဖူးတဲ့ ‘Moonless’ လူတစ်ယောက်ကို Alpha တစ်ယောက်က သတ်ဖြတ်သော အကြောင်းဆောင်းပါးကို သတိရလာတယ်။ ကျွန်တော်ခံစားနေရတဲ့ သက်သောင့်သက်သာမဖြစ်မှု၊ မကျေလည်မှုကို ဒယ်ဒီသဘော ပေါက်ဟန်နဲ့ ဦးကောင်းကို ကုတင်နဲ့မလှမ်းမကမ်းက ခုံတစ်ခုမှာ ထိုင်စေလိုက်ပါတယ်။ ဦးကောင်းက ခုံမှာထိုင်ရင်း ကျွန်တော့်ကို ပြုံးရယ်ပြီး နှုတ်ဆက်တယ်၊ ကြည့်ရှုပါတယ်။ သည်ဘဲကြီးက အရပ်အတော်မြင့်တာများ ခြောက်ပေဘယ်လောက်ကျော်မယ်မသိဘူး။ ခန္ဓာကိုယ်ကလည်းထွားသလို ဆံပင်အရောင်ကတော့ ဘော်ငွေရောင်သမ်းနေပြီး အညိုရောင်မျက်ဝန်းများက စူးရှနေတာပါပဲ။ ‘ကောင်လေး…မင်း ဘာကြောင့် အိမ်က ထွက်ပြေးရသလဲဆိုတာ အန်ကယ်မသိဘူး……ဒါပေမဲ့ နောက်တစ်ကြိမ် သည်လိုမလုပ်ရင်တော့ အန်ကယ် ဝမ်းသာမိမှာ အမှန်ပဲကွ။ သည်အုပ်စုအဝန်းအဝိုင်းထဲက ဝံပုလွေအသွင်မပြောင်းနိုင်သူအပါအဝင် အခြားသူတွေအပေါ် ရိုသေလေးစားသမှုရှိဖို့ မင်းသိုက်ကို သင်ခန်းစာပေးရမယ်။ မင်းကို the beast က တိုက်ခိုက်ခဲ့သလိုမျိုး သူမလုပ်ရဘူးလေ။ ကောင်းပြီ….မြေပြင်ပေါ် မင်းလဲနေတာကို ရှိန်းမင်းသန့်က တွေ့ခဲ့တာ’ ဦးကောင်းက ကျွန်တော့်ကို လေးလေးနက်နက် ပြောသလို ကြပ်စည်းပြီး ကြိုးဆိုင်းထားတဲ့ ခြေထောက်အခြေအနေ သေချာကြည့်ရှုပါတယ်။


ရှိန်းက ကျွန်တော့်ရဲ့အသက်သခင်ကယ်တင်ရှင်ဆိုတာကြောင့် စိတ်ထဲမယ် ဟိုသည်ပြေးလွှားနေပါရော။ ဒယ်ဒီ့ကိုကြည့်လိုက်တော့ Alpha ပြောတဲ့စကားကို မယုံကြည်သလိုဘဲ။ ဒယ်ဒီက ခေါင်းတစ်ချက်ငြိမ့်ခဲ့ပြီး ‘ သားအခန်းထဲမှာ မရှိတာကို ဒယ်ဒီတို့သိသိချင်း ရှိန်း၊သုတ၊ကိုကောင်းနဲ့ ဒယ်ဒီ အကုန်လုံး အသွင်ပြောင်းပြီး နောက်ကပြေးလိုက်ကြတာပါ။ ဒါပေမယ့် ရှိန်းက သားရဲ့ကိုယ်နံ့ကို အဦးဆုံး အနံ့ခံနိုင်သလို ခြေရာခံတာလည်း အမြန်ဆုံးဖြစ်ခဲ့တယ်။ The beast က ဆိုးဆိုးရွားရွားအခြေအနေဖြစ်တဲ့အထိ မတိုက်ခိုက်ခင် တားဆီး နိုင်လိုက်တာပဲ။’ ကျွန်တော့်စိတ်အစဉ်ဟာ အတွေးတွေတစ်လှေကြီးနဲ့ပြေးလွှားကုန်တယ်။ ‘ရှိန်းက ကျွန်တော့်အတွက် ဖူးစာဖက်၊ ကြင်ဖက် ဖြစ်နေသလား’ ဆိုတာ ထပ်ကာ ထပ်ကာ စဉ်းစားနေမိတယ်။ 


လက်တွေ့ဘဝမှာ ရှိန်းနဲ့ ကျွန်တော်ဟာ စကားစမြည်ပြော၊ ဟိုသည်အတူသွား၊ အလုပ်အတူတူလုပ်တဲ့ BFF တွေထက်ပိုသာတဲ့ ဆက်ဆံရေးတစ်ရပ်ရှိနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြင်ဖက်ရနေပြီလို့ မတွေးတော မခံယူမိအောင် ကြိုးစားရတာက ရှိန်းရဲ့စရိုက်၊ နေထိုင်သွားလာမှုပုံစံတွေက ကျွန်တော့်အကြိုက်မဟုတ်လို့ပါ။ ကျွန်တော် အထွေအထူးစကားမစမိခင်မှာ အခန်းတံခါးကို ငြင်ငြင် သာသာ ခေါက်သံ တစ်ချက်ပေါ်လာပါတယ်။ ချိုသာနုညံ့တဲ့ အရယ်မျက်နှာနဲ့ ရှိန်းကို မြင်လိုက်ရပါပြီ။ လူတိုင်းလိုလိုရဲ့အကြည့်က ရှိန်းကို ကျွန်တော် ကျေးဇူးတင်စကားဆိုသင့်ကြောင်းအမူအယာပြနေကြသလို လူတိုင်းရှေ့မှာ သူ့ကို ကျွန်တော် ကျေးဇူးတင်စကား မပြောဘူးဆိုတာလည်း သိနေကြတယ်။ ‘ဂရုစိုက်ကွာ….ဆန်းမင်း’ လို့ ဦးကောင်းစည်သူက နှုတ်ဆက်စကားဆိုရင်း ကျွန်တော့်နဖူးကို တစ်ချက်နမ်းတယ်။ ကျွန်တော်တော့ ဘာမှပြန်မပြောနိုင်ဘဲ သူ့ကိုသာ တစ်ချက်ကြည့်နေလိုက်တယ်။ ဦးကောင်းကြည့်ရတာ အနမ်းပေး နှုတ်ဆက်ခြင်းက သည်အုပ်စုအဝန်းအဝိုင်းရဲ့ ရိုးရာပုံစံမျိုးဖြစ်နေပြီထင်ရဲ့။ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီးမှ အခန်းထဲက အသာအယာ လျှောက်လှမ်းထွက်ကာ ပြန်သွားပါတယ်။


လူတိုင်းလိုလို အခန်းထဲက ထွက်ခွာသွားကြပြီးမှ ရှိန်းက ကျွန်တော့်အနားကပ်လာကာ အိပ်ရာနံဘေးမှာ ထိုင်ချလိုက်ပါတယ်။ ‘မင်း မြင်လား’ ပိတ်ထားတဲ့ အခန်းတံခါးတစ်ဘက်မှာ ဦးကောင်းရှိနေဆဲဆိုတာကို သိလားလို့ ရှိန်းကိုမျက်ရိပ်ပြပြီးမေးတာပါ။ ‘အင်း…ငါ မြင်တယ်’ ရှိန်းရဲ့လေသံအရ Alpha ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေကို သဘောမကျဘူးဆိုတာ သိသာတယ်။ သူ့ကို ဘယ်စကားလုံးသုံး ပြီး ကျေးဇူးတင်စကားပြောရမလဲလို့ ခေါင်းထဲမှာစာစီရင်း ရှိန်းကို အတန်ကြာစိုက်ကြည့်နေမိတယ်။ ‘ရှိန်း….နားထောင်….ငါ..’ ချိတုံချတုံ ဖြစ်နေတဲ့ လေသံနဲ့ ကျွန်တော်စကားစပြောတယ်လေ။


‘ဆန်းမင်း….မပြောနဲ့ကွာ…မပြောနဲ့နော်’ ရှိန်းက အခုပဲ အသက်မရှူတော့တဲ့အတိုင်းကြားဖြတ်ပြောတယ်။ ‘မင်းဘာကြောင့် အိမ်ကထွက် ပြေးလဲဆိုတာ ငါနားလည်ပါတယ်။ ဒါပေမဲ့ တစ်ခုခုမဆုံးဖြတ်ခင် ဆင်ခြင်စဉ်းစားတာမျိုး အရင်လုပ်သင့်တယ်လေ။ သည်ဝန်းကျင်မှာ မင်းကို တကယ် ဂရုတစိုက်ရှိတဲ့ အလေးထားတဲ့လူတွေရှိတာ လုံးဝမမြင်တာလား ဟင်။ မင်းသေဆုံးသွားခဲ့ရင် ဘယ်သူတွေ ဝမ်းနည်းမယ်၊ ခံစားရမယ်ဆိုတာတွေကော စဉ်းစားမိရဲ့လား’ ရှိန်းရဲ့စကားလုံးတွေက ကျွန်တော့်လုပ်ရပ်ပဲ အပြစ်မကင်းသယောင် စွပ်စွဲနေသလိုပဲ။ ‘သုတနဲ့ ငါ့မိဘတွေ ငါဘာကြောင့် အိမ်ကနေထွက်ပြေးသလဲဆိုတာ သိပြီးသားမို့ သိုသိုသိပ်သိပ်ခံစားကောင်း ခံစားကြလိမ့်မယ်။ ဒါပေမဲ့ ငါအပြင်တနေရာမှာ ဘယ်လိုသေဆုံးမယ်ဆိုတာကိုတော့ သိချင်မယ်မထင်ဘူး’ ကျွန်တော် ရှိန်းရဲ့မျက်လုံး တွေကို တည့်တည့်ကြည့်ပြီးပြောခဲ့တာပါ။


‘မင်း တကယ် ကန်းနေတာလား’ ရှိန်း လုံး၀ ပေါက်ကွဲအော်ဟစ်လုနည်းပါးအသံနဲ့ ကျွန်တော့်ကိုပြောလာတယ်။ ရှိန်း ဒေါသဖြစ်စွာ မတ်တပ်ထရပ်ပြီး ခပ်လှမ်းလှမ်းကို ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ပါတယ်။ 


‘မင်းနဲ့ ဆိုင်တဲ့ ပြဿနာလား ရှိန်း…ဘာကို ဒေါသထွက်တာလဲ’ ကျွန်တော့်လေသံဟာလည်း ဒေါသဖြစ်ဖြစ်နဲ့ သူ့ပြောစကားကို ကဖျက်ကယက်လုပ်သံမျိုးပေါက်လာတယ်။ 



‘မင်းက ငါ့ပြဿနာပဲ…ငါနဲ့သက်ဆိုင်တဲ့ပြဿနာလေ။ မင်းပတ်ဝန်းကျင်က အရာတွေကို သည်လိုမမြင်ရလောက်အောင်၊ မသိမမြင် နားမလည်ရလောက်အောင် မျက်စိကန်းနေမယ်လို့ မထင်ထားဘူး။ ဖြေရှင်းလို့မရဘူးထင်တဲ့ အကြောင်းအရာတွေကိုပဲ မင်း ထပ်ကာ ထပ်ကာပြန်စဉ်းစားနေတာပဲ။ မင်းမှာရှိတဲ့ ရောဂါကို ဆင်ခြေတစ်ခုပေးပြီး သည်ကထွက်သွားဖို့အကြောင်းပြချက်ပေးတာက ပျော့ညံ့တာ သက်သက်လေကွာ’


“FUCK YOU ရှိန်း” ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ သူ့ကိုအော်ဟစ်ရင်း မထင်မှတ်ဘဲ ထရပ်ဖို့ကြိုးစားမိတာ ခြေထောက်က တန်းကနဲ ဖြစ်သွားပြီး ဆိုးဆိုးရွားရွားနာကျင်သွားပါတယ်။ ကျွန်တော် နာကျင်မှုကြောင့် မျက်နှာရှုံ့တွသွားချိန်မှ ရှိန်းမျက်နှာပြန်လည်နုညံ့ပြေလျော့ လာတယ်။ နေမထိ ထိုင်မသာ သူ့ဟန်ပန်တွေကို မြင်လိုက်ရတာမို့ စိုးရိမ်ပူပန်စိတ်ဘယ်လောက်များတယ်ဆိုတာ ကျွန်တော် သတိပြု မိလိုက်ပါတယ်။ ‘မင်း ငါ့ကိုဘာလို့ ဒေါသထွက်စိတ်ဆိုးရတာလဲ’ နာကျင်သွားတဲ့ခြေထောက် အသာဆုပ်ကိုင် ပွတ်သပ်ရင်း သူ့ကို ကျွန်တော် ပြောလိုက်တယ်။ ‘မင်း သေဆုံးခဲ့ရင် ခံစားရမယ့်သူတွေက သုတနဲ့ မင်းမိဘတွေတင်မဟုတ်ပါဘူးကွာ’ ရှိန်းက စကားပြန် တယ်။ သူဘာပြောချင်တာလည်း သဘောပေါက်ဖို့ သူ့မျက်နှာကို ကျွန်တော်မော့ကြည့်လိုက်ပါတယ်။ ‘ရှိန်း….မင်းဘာကိုဆိုလိုချင်တာ လဲ’ သူ့ကိုဆက်ပြောမယ့်စကား၊ မေးမဲ့မေးခွန်းတွေဟာ ကျွန်တော့်နှုတ်ခမ်းအစုံကို သူ့နှုတ်ခမ်းသားတွေနဲ့ ထိကပ်နမ်းရှုံ့လာမှုကြောင့် ရပ်တန့်သွားရပါတယ်။ ခံစားချက် စိတ်လှုပ်ရှားမှုအစုံစုံ ကျွန်တော့်စီမှာ ဖြစ်တည်လာတယ်။ နုညံ့တယ်၊ မွတ်သိပ်တယ်၊ နိုးကြွတဲ့စိတ် ခံစားမှုတွေပါတဲ့ အနမ်းတစ်ချက်ကို အစပျိုးရရှိလိုက်ခြင်းများလား။ 



သည်အနမ်း သည်အနမ်းတစ်ချက်ကြောင့် ရှိန်းဟာ လိင်တူအမျိုးသားတွေအပေါ်မှာလည်း ခံစားချက်ရှိကြောင်း မှတ်တမ်းတင်လိုက် သလိုပါ။ သူဟာ လိင်တူခြင်းလည်းကြိုက်နှစ်သက်တတ်သူဆိုတာ အရိပ်အယောင်သင်္ကေတ တစ်ခုမှမပြ မပေးခဲ့တဲ့ ရှိန်းရဲ့အငိုက်ဖမ်းမှု ပါပဲ။ ရှိန်းရဲ့စကားပြောသံ လေဟန်ကအစ ယောက်ျားသံသြသြကြီး၊ နုနွဲ့မှုမရှိတဲ့ ကြွက်သားအပြည့်တောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်၊ ပြီးတော့ လူတိုင်းအရည်ပျော်သွားစေမယ့် အပြုံးချိုချိုသာ ပေးတတ်သူ။ အတန်ကြာနမ်းရှိုက်နေတဲ့ ရှိန်းရဲ့နှုတ်ခမ်းသားတွေ ကွာသွားမှ ကျွန်တော့်အတွေးတွေရပ်တန့်သွားသလို ငေးစိုက်ကြည့်နေတဲ့ သူ့အမူအယာကိုလည်း သတိပြုမိတယ်။


‘ငါပြောခဲ့သလိုပဲလေ မင်း မမြင်တာ၊ ကန်းနေတာလို့’ ငေးစိုက်ကြည့်ရင်းပြောနေတဲ့ သူ့မျက်ဝန်းတွေထဲ ကျွန်တော်ပျော်ဝင်သွားပါတယ်။ ရင်အုပ်မကွာထားခြင်းနဲ့ တစ်ဦးတည်းမူပိုင်လုပ်လိုမှု သို့မဟုတ် ပိုင်စိုးပိုင်နင်းသဘောထားခြင်း အာရုံခံစားမှုတွေရနေသလိုမို့ပါ။ ပြောလိုတဲ့စကားလုံးတွေကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်စွမ်းမဲ့သွားရခြင်းက ရှိန်းရဲ့အနမ်းတစ်ချက်ဟာ ကျွန်တော့်ဦးနှောက်ကို ခလောက်ဆန်သွားစေလို့ထင်တယ်။ နောက်ဆုံးမှ ကျွန်တော့်နှုတ်ဖျားကထွက်လာတဲ့ စကားက ‘ဒါဆို မင်းက ငါ့ရဲ့ကြင်ဖက်လား’လို့ လေသံသဲ့သဲ့နဲ့ ခုန်ထွက်လာရဲ့။ သူ့အနမ်းတစ်ချက်ဟာ ကျွန်တော့်ကို အမှန်တကယ်အသက်ရှူမှားစေတာမို့ လေသံကျယ်ကျယ် တောင် မထွက်နိုင်ပါဘူး။ ရှိန်းရဲ့မျက်နှာအမူအယာက အပြစ်မကင်းသယောင်ဖြစ်သွားသလို သူဘာကိုပြန်ဖြေမယ်ဆိုတာ ကျွန်တော် သိတယ်။ အဝေးကို အကြည့်ရွှေ့ပေမယ့် ကျွန်တော့်မျက်နှာကို သူ့လက်နှစ်ဖက်နဲ့ညှပ်ယူပြီး မျက်နှာချင်းပြန်ဆိုင်စေ ကြည့်စေပါတယ်။ စကားပြောဖို့ သူ့ပါးစပ်ကို အတန်ကြာ ဟထားသော်လည်း စကားလုံးတစ်လုံးမှထွက်မလာတာ မိနစ်အနည်းငယ်ကြာတယ်လေ။ သူပြောမယ့် စကားလုံးတွေကို သေချာစဉ်းစားနေမှန်း ကျွန်တော်သိတယ်။ ‘မဟုတ်ဘူး။ မင်းဟာ ငါ့ရဲ့ကြင်ဖက်မဟုတ်ဘူး။ ဒါပေမယ့် အဲသလိုဆိုတိုင်း ငါ မင်းကို မချစ်ဘူးလို့ဆိုလိုတာမှမဟုတ်တာ။ မင်းဟာ ငါ့ရဲ့ကြင်ဖက်မဟုတ်ကြောင်း အဖြစ်အပျက် အချက်အလက် တွေအရသိပေမယ့် တစ်စုံတရာက မင်းစီရောက်အောင် ငါ့ကိုအမြဲခေါ်နေတယ်။’ 


‘လက်တွေ့ဘဝမှာ သည်မြို့ကြီးထဲ ငါ့ကိုယ်ငါ ယုံကြည်ချက်ရှိအောင်၊ ခံစားချက်ရှိအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသောသူက မင်းပဲ။ မင်းဟာ Moonless တစ်ယောက်လို့ သိရှိချိန်တုန်းကလည်း စွန့်ခွာဖို့မစဉ်းစားဘူး ပိုပိုပြီးလိုအပ်သလို ခံစားရတယ်။ ငါ့ရဲ့ ဝံပုလွေ ဘက်ခြမ်းအနေနဲ့လည်း လူတိုင်းစီက မင်းကိုအကာအကွယ်ပေးချင်နေခဲ့တယ်။ ငါ့ရဲ့ ဝံပုလွေဗီဇဘက်ခြမ်းက တိုးတက်ပြောင်းလဲလာပုံ အတိုင်း မင်းအပေါ်ခံစားချက်ကလည်း တိုးပွားနေခဲ့တာပါ။ ဘာကြောင့်လဲဆို ဘယ်တော့မှ ငါ့ကို နာကျင်မှုမပေး မတိုက်ခိုက်သလို အမှန်ကိုသာပြောတတ်တဲ့ ပထမဆုံးသောလူပါ မင်းက။’ ရှိန်းက လူတိုင်းကြွေတဲ့အပြုံးတွေဆင်မြန်းရင်း စကားဆက်ပါတယ်။ 


‘ငါ မင်းနဲ့အတူတူ တကယ်ရှိနေချင်တာ’ လို့ ရှိန်းက ခပ်ရိုးရိုးပြောသော်လည်း ကျွန်တော်ကတော့ ခေါင်းရှုပ်တဲ့အကြည့်တစ်ချက်နဲ့ သူ့ကိုကြည့်နေဆဲပါ။ သူ့လေသံက နုညံ့ငြင်သာသော်လည်း အခိုင်အမာအတည်အတံ့သဘောဆောင်လာတယ်။ ‘ငါ….ငါ…ငါ မသိဘူး ရှိန်း’ ကျွန်တော် ရှုပ်ထွေးခြင်းမကင်းစွာ ပြန်ပြောမိတယ်။ တကယ့်ဘဝမှာ ရှိန်းဟာ ကျွန်တော့်အတွက် ပထမဆုံး RS ဖြစ်ကြောင်း သူ့ကို မပြောလိုပါဘူး။ ရှိန်း ကျွန်တော့်ကို အတန်ကြာငေးစိုက်ကြည့်ရင်း ‘အိုကေကွာ….မင်းအဲဒီအကြောင်းကို မပြောချင်ဘူးဆိုရင် ငါ မင်းကို နောက်ထပ် မနှောင့်ယှက်တော့ဘူး’ စစ်ရှုံးတဲ့လေသံနဲ့ဆိုလာတယ်။ ကွာလှမှ သူနဲ့ကျွန်တော့်အကြား နှစ်လက်မလောက်ခြားတာကို ‘မဟုတ်ဘူး’ လို့ ကျွန်တော် အော်ဟစ်လိုက်မိပါတယ်။ 


ရှိန်းလို စွဲဆောင်မှုအလွန်ရှိတဲ့သူတစ်ယောက်ကို ငြင်းဆန်မယ်ဆိုရင် ကျွန်တော့်လောက် ရူးနှမ်းမယ့်သူရှိမှာမဟုတ်ဘူးရယ်။ ထိန်းထားတဲ့ ကြားက ပါးစပ်ကထွက်သွားတယ် မဟုတ်ဘူးလို့။ ရှိန်းက ကျွန်တော့်အဖြေစကားကို ကြားပြီး နှစ်နှစ်ခြိုက်ခြိုက်ရယ်မောကာ နှုတ်ခမ်းအစုံ ကို တဖန်ပြန်နမ်းပါတယ်။ နောက်တစ်ကြိမ် ကျွန်တော့်ခေါင်းထဲ ချာချာလည်ပြန်ပါပြီ။ သည်အနမ်းတစ်ပွင့်ဟာ အတော်ကောင်းပေစွ။ ရှိန်းက အိပ်ယာပေါ်မှာ အထိုင်အထ အနည်းငယ်နေရာရွှေ့လိုက်တာ ဒဏ်ရာရထားတဲ့ ကျွန်တော့်ပေါင်တစ်ဖက်ကို မတော်တဆ ဖိမိပါတယ်။ 


နာကျင်မှုကြောင့် နမ်းနေတဲ့အနမ်းကို ကျွန်တော်ဖျက်လိုက်တယ်။ ရှိန်းက တောင်းပန်စကားဆိုကာ အောက်ကိုငုံ့ကြည့်တယ်။ ‘မင်း အိုကေရဲ့လား’ ကျွန်တော် သူ့ပခုံးထက်ပေါ် နဖူးကိုမှေးတင်ကာ ခဏငြိမ်မိတယ်။ ရှိန်းစီက တုန့်ပြန်မှုတစ်စုံတရာမရှိမှ ကျွန်တော့် ဦးခေါင်းကို ကြွကာ သူ့မျက်နှာကိုကြည့်ပါတယ်။ 

‘I am sorry….ငါ မင်းကို ကာကွယ်မှုမပေးနိုင်ခဲ့တာ တောင်းပန်တယ်ကွာ’ ရှိန်းရဲ့ လေသံက အပြစ်မကင်းတဲ့ဟန်။ ‘မင်း ငါ့အသက်ကို ကယ်ခဲ့တာပါ ရှိန်းရာ။ အဲတာကို ငါအသိအမှတ်ပြုပါတယ်’ လို့ ကျွန်တော် စကားစကာရှိသေး သူက ‘မဟုတ်ဘူးကွာ….မင်းသိုက် တိုက်ခိုက်တုန်းကလည်း မင်းကိုကာကွယ်ပေးခဲ့သင့်တာ၊ တကယ်လို့ မင်းသိုက်က မင်းကို မတိုက်ခိုက်ခဲ့ဘူးဆိုရင် မင်းလည်း အိမ်ကထွက်ပြေးမှာမဟုတ်ဘူး၊ တောထဲမှာ the beast ရဲ့တိုက်ခိုက်တာကိုလည်း ခံရမှာမဟုတ်ဘူးလေ’ လို့စကားဖြတ်ပြောပါတယ်။


သည်တစ်ကြိမ်တော့ ကျွန်တော်နမ်းတဲ့အလှည့်ပါ။ မထိန်းနိုင်စွာသူ့ကိုတစ်ချက်နမ်းလိုက်တော့ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ‘မင်းကြောင့် ငါအသက်ရှင်ရတာပါ။ ငါကတိပေးတယ် မင်းပျော်ရွှင်အောင် တနည်းမဟုတ်တနည်းနဲ့ ဖန်တီးပေး လုပ်ပေးမယ်ကွာ’ ကျွန်တော် သူ့ပခုံးပေါ် နဖူးတင်မှေးမှီပြီး ခပ်တိုးတိုးပြောလိုက်တယ်။ ချိုသာသော်လည်း ယောက်ျားဆန်တဲ့ လေသံနဲ့ရှိန်းက ‘ငါ ပျော်ရွှင်အောင် မင်းလုပ်ပြီးပါပြီကွာ’လို့ပြန်ပြောလာပါတယ်။ သူ့ညာဘက်ပခုံးပေါ်ကို ကျွန်တော့်နဖူးတင်မှေးမှီတဲ့အနေအထားမှာ တစ်ယောက်ကိုတစ်ယောက် ထွေးဖက်လျက်အတန်ကြာငြိမ်သက်နေမိကြတာပါ။ ရှိန်းရဲ့ညာဘက်လက်တစ်ဖက်က ကျွန်တော့် ကြောပြင်ပေါ် အထက်အောက် စုန်ဆန်ပွတ်သပ်နေတာပါပဲ။ သည်လိုအနေအထားနဲ့ တစ်နာရီနည်းပါး မလှုပ်မရွေ့နေနေကြတာ ရုတ်ခြည်းဆိုသလို ပိတ်ထားတဲ့အခန်းတံခါးကို ခပ်ပြင်းပြင်းခေါက်လိုက်သံနှစ်ယောက်သားကြားလိုက်ရတယ်။ 


ဖက်ထားရာက ရှိန်းထရပ်လိုက်ပြီး ခုတင်နံဘေးက ထိုင်ခုံတစ်ခုမှာ သွားထိုင်ပါတယ်။ သဘောကောင်းသလို လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်လှတဲ့ သူနာပြုဆရာမ ဒေစီ အခန်းထဲဝင်လာပြီး ကျွန်တော့်ဒဏ်ရာကိုစည်းနှောင်ထားတဲ့ ပတ်တီးအခြေအနေကို ဆန်းစစ်ခြင်း ပါပဲ။ ဒေစီပြန်ထွက်သွားပြီးနောက် ရှိန်းက ကျွန်တော့်မျက်ဝန်းတွေကိုစိုက်ကြည့်ကာ ‘ဘေဘီ….ကိုယ်တွေကိစ္စကို ခဏလျှိုဝှက်ထားရ အောင်ကွာ၊ လတ်တလော တရားဝင်ကြေငြာလိုက်ရင် ပြဿနာတွေ ပိုဖန်တီးသလိုဖြစ်မှာစိုးရိမ်လို့ပါ’ ပြောလာတယ်။ ဘယ်အရာက ကျွန်တော့်ကို အံ့အားသင့်မိစေသလဲဆိုတော့ ရှိန်းက ဘေဘီလို့ခေါ်ဝေါ်သုံးစွဲလိုက်တာရယ် နှစ်ယောက်သားရဲ့ ပေါင်းသင်းဆက်နွယ်မှုကို လျှိုဝှက်ချက်တစ်ခုအနေနဲ့ခဏထားဖို့ ပြောလာတာရယ်ကြောင့်ပါ။ ကျွန်တော်တို့နှစ်ယောက် ချိန်းတွေ့နေတဲ့အကြောင်း ဘယ်သူ့ကိုမှ သူမပြောပြပါဘူးဆိုတာ ယုံကြည်ဖို့ အတန်ကြာစကားပြောကြပြီး အတည်ပြုလိုက်ပါတယ်။ ဟုတ်ပါတယ်….ကျွန်တော်လည်းပဲ နှစ်ယောက်သားရဲ့ RS ကိစ္စကို လူတွေကြားချပြဖို့ဆိုတာ ဒဏ်ရာတွေသက်သာပျောက်ကင်းအောင် အချိန်ယူရမယ့်အပြင် လူတွေကြား သတင်းတစ်ခုဖြစ်သွားအောင် ဖွင့်ဟဖို့ အဆင်သင့်မဖြစ်သေးပါဘူး။


ကျွန်တော့်လည်တိုင်ကို အနမ်းပေးရင်း ရှိန်းတစ်ချက် ဟိန်းဟောက်လိုက်တာမို့ အတွေးထဲကနိုးထလာရပါတယ်။ ‘အခြားလူတစ်ယောက် ရဲ့အကြောင်း မင်းတွေးမနေစေချင်ဘူးနော် အချစ်ကလေး။ ငါ့ကို လုံးလုံးကြီး လစ်လျူရှုထားတော့တာပဲ’ ရှိန်း တစ်ယောက် ကျွန်တော့် လည်တိုင်အနှံ့စတင်နမ်းရှိုက်ပါတယ်။ အိပ်ရာနံဘေးက နာရီကို ကျွန်တော်ငဲ့စောင်းကြည့်မိတော့ မကြာခင် မွန်းတိမ်းတော့မှာကို သတိပြုမိတယ်။ 

‘မဟုတ်ပါဘူးကွာ။ ငါ့ကို မင်းအတွက် သီးသန့်ဖြစ်တည်ပေးမလား မေးလာချိန်မှာ မင်းနဲ့ ငါ့အကြောင်းကိုပဲ တွေးနေတာပါ’ လို့ပြော လိုက်ရင်း ခပ်ဖြေးဖြေး အသာအယာကျွန်တော်ရယ်မောလိုက်တယ်။ ရှိန်းလည်းပဲ ခပ်သောသော ရယ်မောရင်း ‘အေး….ငါလည်း မင်းငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲလို့ သည်တနေ့လုံး စိတ်ထဲတင်းကြပ်နေတာရယ်’ တဲ့။ သူ့လက်မောင်းသန်သန်မာမာကြီးနဲ့ ကျွန်တော့်ကိုယ်လုံးလေးကို ကျစ်ကျစ်ပါအောင် ဖက်ထားရော။ 

‘ပြီးတော့ မင်းကို ငါ့ချစ်ချစ် ဖြစ်အောင် ကမ်းလှမ်းဖို့ ဘယ်လိုစကားစရမလဲတွေးနေသေးတာ။ ငါ့ကို အရမ်းပျော်နေတဲ့ Shifter တစ်ယောက်ဖြစ်အောင် ဖြည့်ဆည်းပေးတာ ကျေးဇူးပဲ ဆန်းမင်းရာ’ ရှိန်းရဲ့နှုတ်ခမ်းသားများဟာ ကျွန်တော့်နှုတ်ခမ်းသားများကို ပွတ်ဆွဲသွားရင်း လည်တိုင်အနှံ့စီ နေရာရွေ့သွားပါတယ်။ 



ရှိန်းက ကျွန်တော့်မျက်ဝန်းများကို စိုက်ကြည့်နေသလို ကျွန်တော်ကလည်း သူ့မျက်ဝန်းများကို တန်ပြန်စိုက်ကြည့်မိနေတယ်။ ရှိန်းရဲ့ အနမ်းဟာ နုနုညံ့ညံ့နဲ့ ယွယွလေးမို့ ကျွန်တော့်ကို စိတ်လှုပ်ရှားရယ်မောစေနိုင်တာပါပဲ။ ‘ရေချိုးကြရအောင်..လာ’ အိပ်ရာပေါ်မယ် ကျွန်တော်တို့ တစ်စုံတရာမလုပ်မိခင် ရှိန်းက ထရပ်လိုက်ပါတယ်။ ကျွန်တော်အနည်းငယ် ညည်းညူသံပြုမိသော်လည်း မတ်တပ်ရပ်ဖို့ အဆင်ပြေအောင် ရှိန်းက ကူညီတယ်လေ။ ရေချိုးခန်းထဲသွားတဲ့လမ်းတလျှောက် ကျွန်တော်နဲ့ရှိန်းတို့ အနမ်းစစ်ပွဲမစဲတော့ပါဘူး။ ရှိန်းက အနမ်းပေးတာကို ဖျက်လိုက်ရင်း ‘မင်း ဒယ်ဒီကို ခေါ်ချင်ရင် ခေါ်လိုက်ဦး……မင်းအတွက် သူဘယ်လောက်စိတ်ပူ စိုးရိမ်တတ် တယ်ဆိုတာ သိရအောင်’ လို့ ပြောသေးတာပါ။ ကျွန်တော့် ခေါင်းထဲမှာပြည့်နှက်နေတဲ့ ဒယ်ဒီပုံရိပ်တွေကို ဖျက်လို့ဖျက်ဆီးလုပ်ချင် သယောင်ပေါက်တဲ့ လေသံများလားလို့ တစ်ချက်တော့ သူ့ကို မကျေနပ်သံပေးလိုက်မိတယ်။


ရှိန်းက တခစ်ခစ်ရယ်မောရင်း ‘ခေါ်လိုက်ပါ ဒယ်ဒီ’ ကျွန်တော့် တင်ပါးတွေကို ခပ်ဆတ်ဆတ်ရိုက်လျက် ရေပန်းခလုပ်ဖွင့်ပါတယ်။ ကြွက်သားအမြှောင်းတွေနဲ့အတူ လုံးဖုဖောင်းကြွနေတဲ့ ရှိန်းရဲ့ကျောပြင်ရယ်၊ တင်သားဆိုင်တွေကို နောက်ကနေ ကျွန်တော်ကြည့် နေမိတယ်။ ရှိန်းက နောက်ပြန်လှည့်ကြည့်ရင်း ဒယ်ဒီ့ကိုဖုန်းခေါ်ဖို့ ဆက်တိုက် စနောက်ပြန်ရော။ ကျွန်တော့် လက်အစုံကို ဦးခေါင်း အထက် နံရံမှာကပ်ရိုက်ထားတဲ့ စဉ်ပေါ် လက်လှမ်းနေတုန်းမှာလဲ ရှိန်းရဲ့ခန္ဓာကိုယ်နောက်ပိုင်းကို အကြည့်မလွှဲမိပါဘူး။ အဝတ်အိတ်ကို လှမ်းမှီတာမို့ လက်ကိုင်ဖုန်းကိုဆွဲထုတ်လိုက်ကာ ဒယ်ဒီ့ကို စခေါ်ကြည့်ပါတယ်။ ဒယ်ဒီနဲ့အတူ ရှိန်းလိုက်လာတဲ့အကြောင်း အတွေး တစ်ချက်ဝင်တာကြောင့် ကျွန်တော် အနည်းငယ်တော့ ရယ်သွမ်းသွေးမိတယ်။

 

ဆေးရုံမှာ တစ်လလောက်ကြာပြီးနောက်မှာ ရှိန်းရဲ့ကားကိုရှေ့ခန်းကလိုက်စီးပြီး အိမ်ပြန်ခဲ့ပါတယ်။ ကျွန်တော့်လက်ဖဝါးအစုံဟာ အရူးလိုပဲ ချွေးတွေစို့ထွက်နေရော။ ကျွန်တော်ပြုလုပ်ခဲ့တဲ့အရာတွေကြောင့်လားမသိ အသက်ရှူသံတွေတောင် မမှန်ချင်သလို ဖြစ်လာတယ်။ ရှိန်းနဲ့ ကျွန်တော် ချိန်းဆိုတွေ့ဆုံနေတဲ့ လျှိုဝှက်ချက်ဟာ တစ်လလောက်ကြာနေပြီဖြစ်သလို ကောင်းကောင်းမွန်မွန်လဲ ဖြတ်သန်းနေပါတယ်။ တစ်လပြည့် Anniversary ကျရင် ဒယ်ဒီနဲ့မာမီကို ကျွန်တော်တို့အကြောင်းဖွင့်ပြောမယ်လို့ ရှိန်းကို ကတိပေးခဲ့ တာကိုး။ တစ်လလည်းပြည့်တဲ့သည်အချိန်မယ် ဒယ်ဒီတို့ကိုဘယ်လိုပြောရမလဲ မသိသလို သူတို့ဘယ်လိုတုန့်ပြန်မလဲ ဆိုတာ မပြောတတ်ဘူးလေ။ 


လိင်တူယောက်ျားတစ်ယောက်နဲ့ ချိန်းဆိုတွေ့ဆုံနေသော်မှ ကျွန်တော့်ကို ဒယ်ဒီတို့ဆက်လက်ချစ်ခင်မယ်ဆိုတာတော့သိပါတယ်။ သို့သော်လည်း မိဘတွေ အမှန်တကယ် တုန့်ပြန်လာမယ့် ပုံစံအစစ်ကိုတော့ ဘယ်သူက အပ်ကျမတ်ကျသိမလဲနော်။ ကျွန်တော့်လက် အစုံကို ရှိန်းကအပေါ်ကနေ ထပ်ကိုင်ဆုပ်ညှစ်ပေးရင်း အသက်ရှူမြန်နေတာကို အေးဆေးသက်သာဖြစ်စေဖို့ သတိပေးပါတယ်။ ကျွန်တော် သူ့ကိုမျက်ခွံလှန်ကြည့်တော့ ‘ဆန်းမင်း….အိုကေနော်။ မင်းနံဘေးမှာ ငါရှိတယ်လေ ဘယ်မှမသွားပါဘူးကွာ’လို့ပြော လာတယ်။ ရှိန်းရဲ့နုညံ့အေးဆေးတဲ့ လေသံက ကျွန်တော့်စိတ်ကို ချမ်းမြေ့စေပါတယ်။ အိမ်ရှေ့ တံခါးမကြီးစီ ဦးတည်သွားကြရင်း တံခါးကိုတွန်းဖွင့်စဉ်မှာလဲ ရှိန်းက ကျွန်တော့်လက်တစ်ဖက်ကို ဆုပ်ကိုင်ထားဆဲပါ။ ကျွန်တော့် မိဘနှစ်ပါးက မီးဖိုချောင်ထဲရောက်နေ တယ်။ မာမီက ညစာအတွက်ပြင်ဆင်ချက်ပြုတ်နေသလို ဒယ်ဒီကတော့ ယနေ့ထုတ် သတင်းစာကို ဖတ်နေတာဗျ။

 

‘ဆန်းမင်း….သား မင်းဘယ်ကိုသွားနေ…’ ရှိန်းနဲ့ကျွန်တော် တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ပြီးဝင်လာတာကြောင့် ဒယ်ဒီ သူ့စကားကိုဆုံးအောင် မပြောနိုင်ပါဘူး။ မာမီက ချက်ပြုတ်ပြင်ဆင်ရာကနေ လှည့်ကြည့်လာရင်း ကျွန်တော်တို့နှစ်ယောက်သား လက်တွဲထားတဲ့အခြေအနေကိုမြင်ပြီး အပြုံးခပ်ပါးပါးလေးတစ်ချက်ပြုံးသွားလေရဲ့။ ကိုယ့်ရင်သွေးကို အခုပဲ ဝံပုလွေအသွင်ပြောင်းပြီး ကာကွယ်တိုက်ခိုက်ပေးတော့မယ့် ဖခင်တစ်ယောက်ရဲ့ လေးလေးနက်နက် မျက်နှာအမူအရာတစ်ခုနဲ့အတူ ကျွန်တော်တို့နှစ်ယောက်ကို ဒယ်ဒီ သေချာစိုက်ကြည့်နေတာပါ။ ဒယ်ဒီနဲ့ ကျွန်တော်တို့နှစ်ယောက်ကြား စားပွဲခုံခြားနေတာရယ်၊ လက်တစ်ဖက်ကို ရှိန်း ဆုပ်ကိုင်ပေးထားလို့ရယ် ခေါင်းအစ ခြေအဆုံး တဆတ်ဆတ်တုန်သည်အထိ ထိတ်လန့်နေတဲ့ ကျွန်တော် စိတ်တင်းထားနိုင်လိုက်တဲ့ အဖြစ်ပေါ့။ 


‘ဆန်းမင်း….ဒယ်ဒီတို့ကို သားတစ်ခုခုပြောချင်လို့လား’ ဒယ်ဒီ့လေသံက ခပ်လေးလေးနဲ့ ရှိန်းကို အခုပဲထဟောက်တော့မယ့် အတိုင်း ပါပဲ။ ရင်ဘတ်ထဲက အဆုတ်ကြီး လည်မျိုကနေ ခုန်မထွက်အောင် ကျွန်တော် မနည်းအားထုတ်ရပါတယ်။ ‘မာမီ….ဒယ်ဒီ….သူက ကျွန်တော့် boyfriend ရှိန်းပါ’ အသံမတုန်အောင် ကြိုးစားပြီးပြောလိုက်ပါတယ်။ မာမီကတော့ ချိတုံချတုံမဖြစ် နှစ်လိုလက်ရပြုံးပြီး ခေါင်းငြိမ့်ပြပေမယ့် ဒယ်ဒီကတော့ တစ်မျိုးတစ်ဘာသာရယ်။ ရဲတစ်ယောက်ရဲ့ စူးစမ်းမှုအပြည့်ပါတဲ့ မျက်လုံးအကြည့်မျိုးနဲ့ ရှိန်းကို သေချာကြည့်ပြီး ခြိမ်းခြောက်သလိုလို လေသံဖြင့် ‘ရှိန်း…’


‘ဟုတ်ကဲ့ ဦး’ လို့ ယုံကြည့်ချက်ရှိတဲ့ လေသံမျိုးနဲ့ ရှိန်းကပြန်အသံပြုပါတယ်။ မာန်မာနရှိသလို ဒေါသကြီးတတ်တဲ့ ဒယ်ဒီ့အကြိုက်နဲ့ အထာကိုက်အောင် ရှိန်းတစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ကျွန်တော်မသိတော့ဘူး။ 

‘ငါ့သားနဲ့ မင်းတွေ့နေကြတာ ဘယ်လောက်ကြာပြီလဲကွ’ ဒယ်ဒီ့လေသံက ခပ်တင်းတင်းရှိနေဆဲပါ။ 

‘တစ်လရှိပါပြီ ခင်ဗျ’ ဒယ်ဒီ့ကို တလေးတစား ပြန်ဖြေပေမယ့် ရှိန်းရဲ့ လေသံမှာ အလျှော့ပေးတဲ့ဟန်မပါပါဘူး။ 

‘တစ်လ….ဆန်းမင်း….. သည်လောက်ကြာတဲ့အထိ ဒယ်ဒီတို့ကို မပြောဘဲ ဘာကြောင့် လျှိုထားရတာလဲ’ ကျွန်တော့်ကို အော်ငေါက်လု နီးနီးလေသံနဲ့ ဒယ်ဒီပြောတယ်။ ဘောင်းဘီရှည်ဝတ်ထားလို့တော်သေးတယ် ကျွန်တော့် ခြေထောက်တွေ ထိန်းလို့မနိုင် တဆတ်ဆတ် တုန်လာတာကို ဘယ်သူမှ သတိမထားမိတော့ဘူး။


‘သား…သား သေချာအောင်လုပ်ဖို့လိုလို့ပါ ဒယ်ဒီ’ လေသံ ခပ်တိုးတိုးနဲ့နောက်တစ်ကြိမ် ကျွန်တော်ပြန်ဖြေလိုက်တယ်။ ကျွန်တော် ဘာကိုဆိုလိုတယ်ဆိုတာ ဒယ်ဒီသဘောပေါက်မှန်း ရှိန်းအနေနဲ့ နားလည်မယ်မထင်ပါဘူး။ ဒယ်ဒီနဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်က ဘာကိုပြောချင်တာ ဘာကိုဆိုလိုချင်တယ်ဆိုတာမျိုးကို စကားလုံးအပြည့်အစုံ ရှင်းလင်းပြောပြစရာ မလို နားလည်နိုင် စွမ်းရှိကြတာက အတော်ကြာပါပြီ။


ကျွန်တော့် ဒယ်ဒီရဲ့ ဆက်လက်ကြည့်နေဆဲ ခြိမ်းခြောက်တဲ့အကြည့်တွေကြောင့် ယုံကြည်ချက်တွေပျောက်လုလုဖြစ်နေရတယ်။ 


‘ရှိန်း….အန်ကယ်ပြောမယ်….ဖခင်တစ်ယောက်အနေနဲ့ မင်း….အန်ကယ့်သားနဲ့ ချိန်းတွေ့နေတဲ့ကိစ္စကို ခွင့်မပြုနိုင်ဘူးကွ’


‘ဒယ်ဒီ….Please…’ ဒယ်ဒီပြောနေတဲ့စကားကို ကျွန်တော်ကြားဖြတ်မပြောစဖူးပြောမိတယ်။



‘ရှိန်း….မင်း သည်အိမ်ထဲကထွက်သွားလိုက်တော့….အန်ကယ့်သား အနားမှာ မင်းရှိနေတာကို မမြင်ချင်ဘူး။ နောက်တစ်ကြိမ် မြင်မိရင် မင်းကို ထောင်ထဲထည့်ရလိမ့်မယ်။ကျေးဇူးပြုပြီး လစ်တော့ကွာ’ စိတ်ကိုမနည်းဆွဲဆန့်ပြီး နောက်ဆုံးပြောတဲ့ စကားလုံးတွေအဖြစ် ဒယ်ဒီ တရစပ်ပြောလာပါတယ်။


ဒယ်ဒီပြောတဲ့ စကားလုံးများဟာ ကျွန်တော့် ကြောပြင်ထဲစိမ့်တက်လာပြီး ရင်ဘတ်ထဲကို မြားအစင်းစင်းစိုက်ဝင်တဲ့အတိုင်း ခံစားရစေပါ တယ်။ 


‘ကျွန်တော် သည်အတိုင်းထွက်သွားရရင်တော့ ဆန်းမင်းကို အတူခေါ်သွားမှာဗျ’ ရှိန်းက စကားလုံးရှေ့နောက်မညီသော်ငြား ခိုင်ခိုင်မာမာ ကို ပြောဆိုနေပါရော။


‘ကြိုးစားကြည့်လေ’ ဒယ်ဒီကပြောပြောဆိုဆို ထိုင်ခုံကနေ ထရပ်လာတယ်။

ရှိန်းက ကျွန်တော့်ကို သူ့နောက်ကျောဘက်ကို ဆွဲယူကွယ်ဝှက်လိုက်ပြီး ဒယ်ဒီ့ကို အစွယ်ပြ မာန်ဖီပါတယ်။


ဒယ်ဒီ့ကို ဆန့်ကျင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သဘောသက်ရောက်မှာပါ။ သည်အုပ်စုအဝန်းအဝိုင်းမှာ ဒယ်ဒီက alpha တစ်ဦး မဟုတ်သော်လည်း တိုက်ခိုက်မှုစွမ်းရည်အမြင့်ဆုံးသော တတိယမြောက်လူဖြစ်ပါတယ်။ ရှိန်းက သည်အချက်တွေကို စိတ်မဝင်စား ဂရုမစိုက်ဘဲ ကျွန်တော့်အတွက် တိုက်ခိုက်ဖို့သာ ဦးတည်နေတာပါ။ ကျွန်တော့်အနေနဲ့ ဒယ်ဒီရယ်၊ ရှိန်းရယ် ဘယ်တစ်ယောက်ကို ရွေးချယ်ရမလဲဆိုတဲ့ အဖြစ်ကြီး မကြုံချင်ပါဘူး။ ရှိန်းရဲ့ အမူအယာနဲ့ တုန့်ပြန်ချက်ကို ဒယ်ဒီတစ်ချက်ကြည့်ပြီး ကျွန်တော်တို့ကို ခဏကြာငေးလျက် မျက်နှာသွင်ပြင်အနည်းငယ်နုညံ့လာတယ်။ အချိန်အနည်းငယ်ကြာမှ ဒယ်ဒီက ‘ဒါဆို မင်းက  အန်ကယ့်သားရဲ့ ကြင်ဖက်လား ရှိန်း’ လို့ ခြိမ်းခြောက်သံမပျောက်သေးတဲ့ လေသံနဲ့မေးတယ်။ ‘မဟုတ်ပါဘူး ဦး။ ဆန်းမင်းက ကျွန်တော့် ကြင်ဖက်ဖြစ်သလား မဟုတ်ဘူးလား စိတ်မဝင်စားပါဘူး။ ဦးရဲ့သားကို ကျွန်တော်ချစ်တယ်။ ကျန်ရှိနေတဲ့ ကျွန်တော့် ဘဝသက်တမ်းတလျောက် သူနဲ့ပဲအတူတူ အချိန်ကုန်ဆုံးသွားဖို့ ဆုံးဖြတ်ထားတယ်ဗျ’ ရှိန်းရဲ့ စကားလုံးတွေ အထူးသဖြင့် မေတ္တာ မကင်းတဲ့ အချစ်စကားလုံးတွေက ကျွန်တော့် နှလုံးသားထဲ ခုန်ဝင်ကုန်ပါရဲ့။ 


ရှိန်းရဲ့စကားလုံးများကြောင့် မာမီသက်ပြင်းတစ်ချက်ချကာ ဒယ်ဒီရှိရာကို လှမ်းသွားပါတယ်။ တစ်ခါတလေ ဒယ်ဒီ့အပေါ် မာမီရဲ့ လွှမ်းမိုး နိုင်စွမ်း ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်သဘောမပေါက်ဘူးရယ်။ မာမီလုပ်ဆောင်သမျှကတော့ ဒယ်ဒီလက်မောင်းတစ်ဖက်ကို ထိကိုင် လိုက်ပြီး မျက်နှာကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်တာပါပဲ။ ဒယ်ဒီကလည်း မာမီ့မျက်နှာရိပ်မျက်နှာကဲကိုပြန်ကြည့်ပါတယ်။ ရုတ်ခြည်းဆိုသလို ဒယ်ဒီမျက်နှာပြန်လည်နုညံ့သွားတာမို့ မာမီက ကျွန်တော်တို့ရှေ့ကိုခြေတစ်လှမ်းတိုးလာတယ်။ 

‘ရှိန်း…သား…အန်တီတို့နဲ့ ညစာ အတူစားမလား’ မာမီက နုညံ့တဲ့လေသံနဲ့ မေးခွန်းတစ်ခုထုတ်လိုက်ပြီး အခန်းအတွင်းက တင်းမာမှု တွေကို ဖြေလျော့ပစ်ပါတယ်။ 


‘ဟုတ်ကဲ့…အန်တီ စားပါ့မယ်’ ရှိန်းက သည်လိုလေး စကားပြန်ပြောစမှာပဲ မာမီက ‘သားတို့နှစ်ယောက်စလုံး ခြေလက်သန့်ရှင်းအောင် သွားဆေးကြ….ညစာပြင်ထားလိုက်မယ်’လို့ ကြားဖြတ်ပြောကာ ကျွန်တော့်ဘက် လှည့်လာရင်း မျက်စိတစ်ဖက်မှိတ်ပြပါတယ်။ မာမီက ဘယ်တော့မဆို ကျွန်တော် ဒါမှမဟုတ် ဒယ်ဒီ့အတွက် အနှောင့်အယှက်ဖြစ်စေမယ့်အရာ မကြံဆောင် မပြုလုပ်ပါဘူး။ မစားသောက်ခင် ခြေလက်ဆေးကြောခြင်းဆိုတာ မလိုလားအပ်တဲ့ ဖျားနာမှုတွေ မဖြစ်စေရအောင် လိုက်နာရတဲ့ စည်းကမ်းတစ်ခုပါ။ ဘယ်လိုပြောမလဲ သန့်စင်ခန်းဘက် ကျွန်တော်နဲ့ရှိန်း သွားစေခြင်းဖြင့် အသက်ရှူချောင်သွားမယ်၊ ကျွန်တော်တို့ဘာသာ အကြောင်းအရာအဖြစ်အပျက် ပေါ် ချင့်ချိန်လို့ရသွားစေမယ်ဆိုတဲ့ မာမီဆန္ဒဖြစ်ပါလိမ့်မယ်။


ရှိန်းရဲ့လက်တစ်ဖက်ကိုဆွဲကိုင်လို့ သန့်စင်ခန်းဘက် ခေါ်ဆောင်သွားရင်း အတွင်းရောက်တာနဲ့ သူ့ကိုကျစ်ကျစ်ပါအောင် ဆွဲဖက် ခဲ့ပါတယ်။ သူ့လည်တိုင်တဝိုက်ကို ကျွန်တော့်မျက်နှာနဲ့ပွတ်သပ်နမ်းရှုံ့ရင်း အသက်ပြင်းပြင်းရှိုက်မိတယ်။ ရှိန်းလည်း ထပ်တူညီစွာ ကျွန်တော့်ကို ပြန်လည်ဖက်တွယ်ထားတာပါ။ 

‘မင်းကိုလည်း ငါချစ်တယ် ရှိန်း’ ကျွန်တော် ရှိန်းရဲ့လည်တိုင်ကို တစ်ချက်နမ်းပြီးပြောခဲ့တာ။ ရှိန်းက ကျွန်တော့်ကို သူ့ရင်ခွဲထဲက ဆွဲခွာရင်း နှုတ်ခမ်းအစုံကို အနုညံ့ဆုံး မွတ်သိပ်မှုအပြည့်နဲ့ အနမ်းတစ်ချက်ပေးပါတယ်။ 

‘ငါသိတယ်’ ရှိန်းက မျက်စိကျိမ်းလောက်အောင် အပြုံးတစ်ချက်ပေးရင်း ပြန်ပြောတာ။ ညစာအတူစားချိန်မှာ ဒယ်ဒီအထူးအထွေထပ် မလုပ်သော်လည်း မေးခွန်းတွေ တရစပ်မေးပါရော။ ရှိန်းက ကျွန်တော့်နံဘေးမှာ ထိုင်နေရတာနဲ့ပဲ စိတ်မရှိဘူးထင်တယ် မေးသမျှ တပြုံးပြုံးပြန် ဖြေနေလေရဲ့။ 

ကျွန်တော်နဲ့ ရှိန်း the beast တွေရဲ့ အန္တရာယ်ပေးခံရမှုကနေဝေးအောင် သတိထားနေပါ့မယ်လို့ ဒယ်ဒီ့ကို ကတိပေးပြီးနောက် အိပ်ခန်းရှိရာကို တက်လာခဲ့ကြပါတယ်။ 

ရှိန်းတစ်ယောက် ရေချိုးခန်းထဲရောက်နေတာမို့ တံခါးအသာဟပြီး ဝင်သွားလိုက်တာ မြင်ရတဲ့ မြင်ကွင်းက ကျွန်တော့်စိတ်ကို ထကြွလာစေ နိုးကြွလာစေဖို့ လုံလောက်စေပါရော။ တောင့်တင်းသန်မာတဲ့ အဝတ်မဲ့ကိုယ်ခန္ဓာရယ်၊ ကျောပြင်ကျယ်ကြီးပေါ်ကို ရေမှုန်ရေမွှားတွေကျပြီး စိုရွှဲနေတာက ကြည့်ရတာ အရသာရှိပါဘိ။ ရေချိုးခန်းထဲ ကျွန်တော်လှမ်းဝင်လာတာကို သူသိသွားတော့ အတူရေချိုးရအောင်ဆိုကာ လက်တစ်ဘက်ဆန့်ထုတ်လျက် လက်ယက်ကာလှမ်းခေါ်ပါတော့တယ်။ သည်ကလည်းမငြင်းပါဘူး အဝတ်အစားတွေကိုချွတ် အဝတ်တန်းမှာ အသေအချာတင်ပြီး သူ့ရင်ခွင်ထဲ အမြန်ပြေးခိုဝင်လိုက်တယ်လေ။ ရှိန်းကို ရင်ခြင်းအပ် ကျောပြင်ကို လက်နှစ်ဖက်နဲ့ယှက်သိုင်းဖက်တွက်ကာ သူ့ပခုံးကော ပါးပြင်ကော နှုတ်ခမ်းအစုံကိုရော နမ်းဖူးသမျှထဲ မွတ်သိပ်မှု အပြင်းဆုံး အနမ်းနဲ့ နမ်းပစ်ပါတယ်။ ရုတ်ခြည်းဆိုသလို ခန္ဓာကိုယ်နှစ်ခုကြား ခုတုတုဖြစ်နေတဲ့ ရှိန်းရဲ့ငပဲကြီးဟာ မာတောင့်လာကာ ကျွန်တော့်တင်ပဆုံဘေးကိုပွတ်သပ်လျက် နှုတ်ခမ်းက အနမ်းနုနဲ့အပြိုင် တစ်ခုခုကို ငံ့လင့်နေလေရဲ့။ 


ရှိန်းရဲ့ လိင်စိတ်ထကြွလာမှုကို ကျွန်တော်သိပါတယ်။ သူ့ရဲ့ဝံပုလွေဗီဇဘက်အခြမ်းက စိတ်ရိုင်းတွေကရော အခုဘယ်လိုငုံ့လျိုးနေပါ လိမ့်လို့ စေ့ငုမိတာပါပဲ။ ရှိန်းက ကျွန်တော့်ပခုံးအစုံကိုကိုင်ကာ ရေချိုးခန်းနံရံဘက်ကို မျက်နှာမူရပ်စေတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကြီး နဲ့ နောက်ပါးကဖိကပ်လာရင်း ကျွန်တော့် လည်တိုင်အနှံ့ကို တရစပ်နမ်းပါတယ်။ ကိုယ်ခန္ဓာခြင်းအရွယ်အစားအကွာကြီးမို့ သူ့လုပ်သမျှ ရုန်းကန်ဖို့ မစွမ်းသာပါဘူး။ လည်တိုင်တလျောက်ကို အငမ်းမရနမ်းသလို ခရေဝထဲကိုလည်း ဆပ်ပြာရည်တွေ သုတ်လိမ်းထားတဲ့ သူ့လက်ချောင်းကြီးနဲ့ ပွတ်သပ်နှိုက်ပြုလာတာကြောင့် ရေချိုးခန်းနံရံကို ပါးတစ်ခြမ်းအပ်ထားရင်း အသံခပ်တိုးတိုးနဲ့ ကျွန်တော် ညည်းညူမိရပါတယ်။ ကျောပြင်တဝိုက်ကိုလည်း ရိတ်သင်ထားစ သူ့မုတ်ဆိတ်မွှေးငုတ်စိတွေနဲ့ ပွတ်သပ်သလို တင်သားဆိုင်တွေကို လည်း သူ့နှုတ်ခမ်းသားတွေနဲ့ ပွတ်ဆွဲရင်း သဘောတကျရယ်မောသေးတာပါ။ ခရေဝထဲထိုးသွင်းထားတဲ့ သူ့လက်ခလယ်ကနေ စွမ်းအင်တစ်ခုခု ကျွန်တော့်ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသလားထင်ရအောင် ကလိတာက ဆရာကျပါတယ်။ 

စက္ကန့်အနည်းငယ် အကြာမှာတော့ လက်ခလယ်တင်သာမက လက်ညှိုးတစ်ချောင်းပါ ထပ်တိုးသွင်းပြီး နှိုက်ပြုရော။ ပြီးတော့ ကျွန်တော့် လည်တိုင်အနှံ့ကိုလည်း နမ်းရှိုက်ရုံသာမက အညိုအမည်းတွေဆွဲတဲ့အထိ စုပ်မျိုကိုက်ခဲတာတွေလုပ်လာတာ မငြင်းမိတဲ့အပြင် သည်းသည်းထန်ထန် မိန်းမော ညည်းညူမိရပါတယ်။ သိပ်မကြာတဲ့အချိန်မှာပဲ အသားဆိုင်ထဲ ကပ်ကြေးတလက်နဲ့ထိုးခွဲသလို စူးစူးနင့်နင့်ကြီး တစ်စုံတစ်ခုဝင်လာတာကို ခံစားရတယ်ဗျ။ သိလိုက်ပြီ ခပ်ထွားထွား ရှိန်းရဲ့ငပဲကြီးဟာ ကျွန်တော့် ခရေထဲကို နင့်နင့်သီးသီးဝင်ရောက်သွားတာကိုပေါ့။ အား… တစ်ရစ်ခြင်း….တစ်ရစ်ခြင်း ဖိသွင်းနေတာ တဆုံးဝင်သွားမှ သူလှုပ်ရှားသမျှကိုရပ်ပြီး ကျွန်တော့်ဆံပင်တွေကို နမ်းရှိုက်ရင်း ခဏငြိမ်နေပါတယ်။ 


ဝိုး….သူ့ညာဘက်လက်ကြီးက လျှိုဝင်လာပြီး ကျွန်တော့်ငပဲကိုဆုပ်ကိုင်ကာ နောက်က ဆောင့်-ိုးချက်နဲ့စည်းချက်ညီညီ ကစားပေး လာတယ်။ ဖြေးဖြေးညင်သာပြုလုပ်ပေးပေမယ့် ကျွန်တော်စိတ်လှုပ်ရှားရသလို ပါးစပ်ကညည်းညူရင်း တင်ပါးဆုံကို နောက်ပြန်ဖိကပ် ပစ်မိတဲ့အထိ သူ့လုပ်ဆောင်ချက်တွေကစွမ်းပါတယ်။ မရိုးမယွ ခဏကြာ လုပ်ကိုင်နေရင်းကနေ ရှိန်းရဲ့နောက်ပါးက ဆောင့်-ိုးချက်တွေ သွက်လာပြီး ကျွန်တော့်ငပဲကိုဆုပ်ကိုင်ကစားနေတဲ့ လက်ကလည်း မြန်လာတယ်။ အရှက်သည်းတာတွေပျောက် ခပ်ကျယ်ကျယ် အော်ညည်းမိရင်း သူ့ပခုံးပေါ် ကျွန်တော်ခေါင်းနောက်ပြန်မှီချမိတာပါပဲ။ သူ့လက်ကစားချက် သုံးလေးခါလောက် ထပ်ခံစားရပြီးနောက် မှာ ကျွန်တော် မထိန်းနိုင်ဘဲ ရေချိုးခန်းနံရံရှိရာစီ သုက်ရည်တွေ ပန်းထုတ်ပစ်ပါတယ်။ ကျွန်တော့် ခရေကြွက်သားတွေရဲ့ ရှုံ့ပွပွညှစ်အား ကြောင့်ထင်တယ် ရှိန်းသည်လည်းပဲ အချိန်သိပ်မကြာပါဘူး ခပ်ပြင်းပြင်းတစ်ချက်လောက် ဆောင့်-ိုးကာ ပါးစပ်က မာန်ဖီသံခပ်ကျယ် ကျယ်ပြုရင်း သုက်ရည်တွေကို တစ်လျော့ပြီးတစ်လျော့ ပန်းထည့်ပါတော့တယ်။ 


ရေချိုးခန်းထဲ အရှိန်ပြင်းပြင်း တရှိုက်မက်မက် လိင်ကိစ္စ သံဝါသပြုကြပြီးတဲ့နောက် အဝတ်အစားလဲလှယ်ကြကာ တစ်ယောက်နဲ့ တစ်ယောက် ဖက်တွယ်လျက် မီးဖိုချောင်အခန်းဘက်ကို သွားကြတယ်။ စားပွဲမှာ အကျအနထိုင်လျက် Steak နဲ့ အသီးအရွက်တွေကို ညစာအတွက် ရှိန်းပြင်ဆင်ပေးတာကို ကျွန်တော်ထိုင်ကြည့်ရပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် စေတနာပါပါ ပြင်ဆင်ချက်ပြုတ်ရင်း ရှိန်းရဲ့ နှုတ်ဖျားက သူအကြိုက်ဆုံး “Shine up my boots by Corb Lund” တေးသွားကို ညည်းညူနေတာပါ။ Steak ပြင်ဆင်တာရယ် သီချင်းညည်းတာရယ် တပြိုင်နက် သူမလုပ်နိုင်တာကြောင့် the chorus ပိုဒ်တွေ မှားပြီးဆိုတာမို့ ကျွန်တော် ရယ်မောမိပါရော။

 အင်း…အကြောင်းပြချက် အနည်းငယ်ပေးရမလားဘဲ သူ့ကြည့်ရင်း ကျောင်းက ကောင်မလေးအချို့ ကျွန်တော့်ခေါင်းထဲရောက်လာ ပါတယ်။


x x x


‘ဘာ…ဘယ်လို….ရှိန်းက gay? ဒါဆို လူ့အမှိုက်ကောင် ဆန်းမင်းအတော်ကံကောင်းတာပေါ့’ သည်စကားကို ရှိန်းနဲ့ကျွန်တော် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လျက်သား ကျောင်းထဲဝင်သွားတဲ့နေ့က နားနဲ့ဆက်ဆက်ကြားခဲ့ရတာပါ။ ရှိန်းက ကြည့်ကြ မြင်သွားကြတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဂရုစိုက်ခြင်းမရှိဘဲ သူ ဂရုစိုက်တာ ကျွန်တော်တစ်ယောက်တည်းလို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်သား အဲသည်အတိုင်းလျှောက်လာရင်း ကျောင်းထောင့်ချိုးတစ်ခုအရောက် သုတနဲ့ ကောင်မလေးအချို့ စကားလက်ဆုံကျနေတာသွားတိုးတော့ ကျွန်တော့်ရင်ထဲထိတ်ကနဲဖြစ်သွားတယ်။ သုတ ကျွန်တော့်ကို သတိပြုမိသွားသလို ခဏစိုက် ကြည့်ရင်း အရယ်အပြုံးမပျက် ကောင်မလေးတွေကို နှုက်ဆက်စကားပြောနေတယ်လေ။ ရှိန်းလက်ကို ကျွန်တော်ဆုပ်ကိုင်ထားတာ မြင်ရပြီးနောက် သုတရယ်ပြုံးနေတာဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ သုတဟာ ကျွန်တော့်အတွက် တစ်ယောက် တည်းသောသူ သို့မဟုတ် သူငယ်ချင်း ဖြစ်ခဲ့တာမို့ ဘာစကားမှမဆို အဝေးကိုလျှောက်သွားလိုက်ရင် အတော်ခံစားရမှာပါ။ သို့သော် သုတက ကျွန်တော်တို့ရှိရာစီ တန်းတန်းမတ်မတ်ကြီး လျှောက်လာကာ ‘ငါတို့…ငါတို့က ဟန်ပြဖြစ်ခဲ့တာပေါ့ ဟုတ်လား’ လို့ မျက်နှာတည်နဲ့ မေးပါတယ်။ သုတ ဟာသလုပ်ပြောတာလား ဒါမှမဟုတ် စာရင်းရှင်းချင်တဲ့သဘောလား ကျွန်တော်မပြောနိုင်ဘူး။ 


အစပထမတော့ သုတက ကျွန်တော့်မျက်နှာကိုစိုက်ကြည့်နေပြီးမှ ရှိန်းမျက်နှာကို တည့်တည့်စိုက်ကြည့်ပါတော့တယ်။ သည်နေရာ သည်အခြေအနေမှာ သည်ကောင်တွေ တိုက်ခိုက်ရန်ဖြစ်ကြရင် ဘယ်လိုလုပ်ရမလဲ ကျွန်တော် တကယ်မသိဘူးဗျ။ သုတကို တစ်စုံတစ်ခု ပြောဖို့ ကျွန်တော် ပါးစပ်ဟလိုက်ချိန် ‘သူ့ကိုနာကျင်အောင်လုပ်ရင်၊ သူ့ကိုအသည်းခွဲရင် ဒါမှမဟုတ် မင်းဟာ သူ့အတွက် ယုံကြည် ကိုးစားထိုက်သူတစ်ယောက်မဟုတ်မှန်း ငါ့သိရတဲ့နေ့ကျရင် ….မင်းကို the beast တွေ တိုက်ခိုက်တာထက်ဆိုးရွားအောင် ငါ ထိုးမှာ’ လို့ ရှိန်းကို သုတက သေချာစိုက်ကြည့်ရင်းပြောပါရော။


ရှိန်း ဘာစကားမှမဆို ခဏတာငြိမ်သက်သွားပြီး ‘ကတိ….ကတိ’ လို့ နှစ်ယောက်သား အပြန်အလှန်စကားဆိုကြကာ စိတ်ပြေသွားကြ တယ်လေ။ သည်အချိန်မှာပဲ ကျောင်းတက် ခေါင်းလောင်းသံမြည်လာတာကြောင့် သုတက ကျွန်တော့်ပခုံးတစ်ဘက်ကို စာအုပ်တွေနဲ့ ဖျတ်ကနဲရိုက်လျက် မျက်စိတစ်ဖက်မှိတ်ပြရင်း ထွက်သွားပါတယ်။ တစ်စုံတစ်ယောက်က အားပြည့်အင်ပြည့် ချီမလိုက်တဲ့အတိုင်း ကျွန်တော့်စိတ်တွေ လေထဲမြောက်သွားတဲ့ အခိုက်အတန့်ပါ။ ကျွန်တော့်မိဘနှစ်ပါးနဲ့အတူ အချစ်ဆုံးသူငယ်ချင်းကပါ ရှိန်းလို ကောင်လေးတစ်ယောက်ကို ချိန်းဆိုတွေ့ဆုံခြင်းအပေါ် မတားမြစ်ကြတော့ဘူး။


x x x



နောက်ပါးကနေ ထွေးဖက်ရင်း ကျွန်တော့်နားရွက်တစ်ဖက်ကို အသာကိုက်ကာ ‘ညစာ အသင့်ဖြစ်ပြီ အချစ်ကလေး’ လို့ရှိန်းပြောလာမှ လက်ရှိကာလအပေါ် ပြန်အာရုံကပ်မိပါတယ်။ နှာသီးဖျားကတစ်ဆင့်ရလိုက်တဲ့ ညစာရဲ့ ရနံ့နဲ့အတူ သူ့ရဲ့ထွေးဖက်မှုမှာ ကျွန်တော် အရည်ပျော်သွားပါတယ်။ ကျွန်တော်နဲ့ရှိန်း ထမင်းစားပွဲမှာ အတူထိုင်ချလိုက်ပြီး ညစာစားကြပါတယ်။ ရှိန်းက ပိုပြီးဗိုက်ဆာနေလောက် တယ်။ လှုပ်လှုပ်ရှားရှား အလုပ်တစ်ခုခုလုပ်ပြီးတာနဲ့ အစားအစာတစ်ခုခုကို သူစားနေကြ။ ညစာကို ချစ်ရသူနဲ့အတူ ကျွန်တော် လက်ဆုံစားရပါပြီ။ ကျွန်တော့်ရှေ့ရှိ ပန်းကန်ပြားထဲက စားစရာတွေ စားနေတုန်း ရှိန်းကတော့ ထပြီး သူ့ပန်းကန်တွေဆေးကြော၊ စားပွဲခုံ ပေါ်က စားကြွင်းစားကျန်ကို ရှင်းလင်းတာလုပ်ပါရော။ ပန်းကန်ပြားထဲက Steak ကို နောက်ဆုံးအကြိမ် ဖဲ့ပြီး ဝါးနေချိန် ရှိန်းက ကျွန်တော့် ကို ယုယုယယပွတ်သပ်တာမျိုး၊ ချစ်စနိုးနဲ့ကျီစယ်တာမျိုးတွေ လုပ်လာတယ်။ ပြီးတော့ ကျွန်တော့်လည်တိုင်ရှိရာကို အာရုံပြောင်းသွား ရင်း သူ့နှုတ်ခမ်းအစုံနဲ့ နုနုညံ့ညံ့ အနမ်းတွေပေးပါတယ်။ ကျွန်တော့်လည်တိုင်နဲ့ ပခုံးတဝိုက်ကို အနမ်းမပျက် ပွတ်သပ်လျက်လုပ်တာ ကြောင့် စားလက်စ အစားအစာကို ဖြောင့်အောင် မစားနိုင် ကဂျိုးကဂျောင်ဖြစ်ကရော။ 



ကျွန်တော်ထင်တယ် ရှိန်းတစ်ယောက် ဗိုက်ပြည့်သွားတဲ့အပြင် ခဏနေက ရေချိုးခန်းထဲမှာနွှဲခဲ့တဲ့ပွဲမျိုး နောက်တစ်ကြိမ်ဆွဲချင်နေပြီ။ ကျွန်တော် စားလက်စကို လက်စသပ်ပြီးတာကြောင့် ဓားနဲ့ခက်ရင်းကို လက်ကချရင်း ရှိန်းရဲ့နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်ပါတယ်။ ရုတ်ခြည်း ရှိန်း ခန္ဓာကိုယ်က တောင့်တင်းသွားကာ ငြိမ်သွားတာကြောင့် သူစိတ်ခုသွားတယ်ထင်ပြီး မျက်နှာကို စူးစမ်းကြည့်မိတယ်။ သူ့မျက်ဝန်းတွေကို စိုက်ကြည့်လိုက်တော့ မျက်လုံးသူငယ်အိမ်က ကျယ်ပြီး နည်းနည်းထူးနေတာမို့ ရှိန်းနေမကောင်းဖြစ်ပြီဆိုတာ သိလိုက်ပါတယ်။ ဖျားနာ နေမကောင်း အဆင်မပြေချိန်ဆို သမန်းဝံပုလွေအများစုရဲ့ သူငယ်အိမ်အခြေအနေ တစ်မျိုးတစ်မည်ထူးခြား တတ်တာကိုး။ ရှိန်းမျက်ဝန်းရဲ့ အဖြေအရ စားထားတဲ့ဗိုက်ထဲက အစာတွေကြောင့် မကြေမလည်ဖြစ်ပုံပဲ။ ကျွန်တော် အသံထွက်ရယ် မောမိသလို ရှိန်းကတော့ ပြန်အစပျိုးတဲ့ ချစ်ပွဲဝင်တဲ့ကိစ္စအပေါ် မဖြစ်မြောက်တော့တာမို့ စိတ်လက်မချမ်းမသာဖြစ်သွားပုံရတယ်။ သူ့ကို ကျွန်တော့်အိပ်ရာပေါ် ချော့မော့သိပ်လိုက်ပါတယ်။ သမန်းဝံပုလွေရဲ့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ဟာ သာမန်လူသားတွေထက်မြန်တာမို့ နောက်တစ်နာရီလောက်ဆို ရှိန်းနေသာသွားမယ်လို့မျှော်လင့်တယ်။


x`x`x`


ကျွန်တော် ရှိန်းကို ကောင်းကောင်း အနားယူစေချင်တာရော သစ်လုံးအိမ်ထဲမှာလည်း တီဗီတစ်လုံးမှမရှိတာရောကြောင့် အိမ်ရှေ့ ပေါ်တီကိုဘက်ထွက်ကာ တစ်ယောက်တည်းနေပူစာလှုံဖို့ ဆုံးဖြတ်လိုက်တယ်။ သည်သစ်လုံးအိမ်ဝန်းကျင်ဟာ ကျွန်တော့်အကြိုက် လုံးဝတိတ်ဆိတ်ငြိမ်သက်နေတာပါ။ သစ်လုံးအိမ်ရှိရာ နေရာအဝန်းအဝိုင်းဟာ မတူညီတဲ့ သမန်းဝံပုလွေ အုပ်စုနှစ်ခုရဲ့အကြားမှာ ရှိပါတယ်။ ကိုယ့်အုပ်စုမဟုတ်တဲ့ အခြားအုပ်စုဘက်ခြမ်းကို အလည်အပတ်သဘောသွားမယ်ဆိုရင် the Alpha ကို အသိပေးပြီးသွား ရပါတယ်။ အခြားအုပ်စုဘက်ကို ကိုယ်တွေရောက်သွားလို့ ဆိုးဆိုးရွားရွားမဖြစ်အောင် သူက အသိပေးပေးသလို သူ့အုပ်စုအတွင်းက လူတစ်ခုခုမဖြစ်ဖို့ ကြိုးစားကြံဆောင်ပေးရတဲ့ တာဝန်ကိုကျေရှာပါတယ်။ The Alpha ကတစ်ဆင့် သွားလာကြတဲ့ အကြိမ်တိုင်း အချိန်တိုင်း အထူးအထွေ ပြဿနာမဖြစ်ခဲ့စဖူးဘူး။


တိတ်ဆိတ်နေတဲ့အချိန် ရှိန်းနဲ့ကျွန်တော် စကားအခြေအတင်ဖြစ်ခဲ့သောနေ့အကြောင်း ပြန်အတွေးရောက်မိပါတယ်။ ရှိန်းက တက်တူး တစ်ခုထိုးလို ရလိုပါသတဲ့။ ကျွန်တော်တို့ နှစ်ယောက်စလုံး အထက်တန်းကျောင်းပြီးဆုံးသွားချိန်မှာ သူ့ခေါင်းထဲ တက်တူးကိစ္စ ရောက် လာတာပါ။ သူတစ်ယောက်တည်း မဟုတ်တရုတ်မလုပ်ဖို့ နှစ်ဦးသဘောညီပြီးမှ သူဘယ်လိုပုံတက်တူးထိုးသင့်တယ်ဆိုတာမှာ အငြင်း အခုန်ဖြစ်ကြတာလေ။ ချစ်စရာ ရှိန်းက သူ့ဘယ်ဘက်ရင်အုပ် နှလုံးသားထက်မှာ ကျွန်တော့်နာမည်ကို တက်တူးထိုးချင်တယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ကြင်ဖော်ကြင်ဖက်မဟုတ်သေးဘဲ သည်လိုတက်တူးမထိုးသင့်ကြောင်း သူ့ကိုပြောခဲ့ပါတယ်။ တကယ်တန်း ရှိန်းဟာ သူ့ရဲ့ကြင်ဖက်အစစ်အမှန်နဲ့တွေ့ဆုံချိန်ကြရင် သူ့ကြင်ဖက်အမည်မဟုတ်တဲ့ တက်တူးတစ်ခု သူ့ရင်အုပ်မှာ ရှိမနေသင့်ဘူးလို့ ကျွန်တော်တွေးမိတာကိုး။ ဖြစ်စဉ် ဖြစ်ရပ်နဲ့ ဖြစ်လတ္တံ့ဟာ အမှန်အကန်မို့ နှစ်ယောက်သား သည်အကြောင်းနဲ့ ပတ်သက်ပြီး စကားရှေ့မဆက်တော့ပါဘူး။


ရှိန်းဟာ သူ့ရဲ့ကြင်ဖက်အစစ်အမှန်ကို အသည်းအသန်တွေ့ဆုံချင်နေမှန်း ကျွန်တော်ကော သူကော ရိပ်မိသိထားပါတယ်။ “Moonless” လူအများစုဟာ သည်လိုကိစ္စရပ်များစွာကိုရင်ဆိုင်ရင်း သူတို့ရဲ့ကြင်ဖက်ကို ဖွေရှာကြပေမယ့် သမန်းဝံပုလွေအဖြစ်မပြောင်းလဲနိုင်တဲ့ အပေါ်မှာသာ ပိုမိုရုန်းကန်ရှင်သန်ကြရပါတယ်။ စုံတွဲတစ်တွဲထဲက တစ်ယောက်ဟာ ကျွန်တော့်လို “Moonless” ဖြစ်နေခဲ့ရင် လုပ်နိုင်စွမ်း ဖြစ်တန်စွမ်းဟာ အကန့်အသတ်ရှိပုံရပါရဲ့။ နာရီများစွာ ရှိန်းနဲ့ကျွန်တော် အငြင်းအခုန်လုပ်ကြရင်း နောက်ဆုံး သူ့ Tricep ပေါ်မှာထိုး မယ်ဆိုတာ အတည်ဖြစ်သွားတယ်။ ရယ်တော့ရယ်ရပါတယ် သည်တက်တူးကို သူထိုးပြီးသွားတော့ မှန်ထဲကြည့်ရင်း ဝမ်းသာအားရ အော်ဟစ်တာများ ကောင်မလေးတစ်ယောက်အတိုင်းပါ။ ကျွန်တော်ကတော့ သူ့လက်အစုံကိုကိုင်ထားရင်း သူ့စိတ်ရွှင်စေမယ့် စကားတွေပဲ ပြောမိရတယ်။ 


အမျိုးအမည်မတပ်နိုင်တဲ့ တစ်စုံတစ်ရာက ကျွန်တော့်အတွေးကို အနှောင့်အယှက်ပြုခဲ့တာကြောင့် ဗိုက်ထဲခုလုခုလုဖြစ်သွားပါတယ်။ တိတ်ဆိတ်နေတဲ့ လေထုထဲမှာ ငယ်သံပါအောင်အော်လိုက်တဲ့ ကလေးငယ်တစ်ယောက်ရဲ့အသံမျိုးကြားလိုက်ရတာ အတော်ဆိုးရွား တယ်ဗျ။ ထိုင်နေရာကေ အမြန်ထရပ်ပြီး ပေါ်တီကိုအစွန်းရှိရာဘက်ကို ကျွန်တော်ပြေးသွားလိုက်ကာ အော်သံဘယ်ဘက်က လာသလဲ လို့ မှန်းဆရှာဖွေကြည့်မိပါတယ်။ နောက်ထပ်အော်သံတစ်ချက် ကျွန်တော့်ဘယ်ဘက်ခြမ်းက လေထဲထပ်လွင့်လာတာ မိန်းကလေးငယ် တစ်ယောက်အသံနဲ့တူသား။ ဘာမှတွေးမနေတော့ဘဲ သစ်လုံးအိမ်ထဲပြေးဝင် ဂျစ်ကားရှိရာဘက်သွားရင်း ခုန်တက်လိုက်တယ်။ မောင်းနိုင်သမျှ မြန်မြန် မောင်းထွက်ကာ နောက်ထပ်အော်သံတွေ မထွက်လာခင် အသံလားရာဘက်စီ ကျွန်တော်မောင်းသွားခဲ့ပါတယ်။ အချိန် ငါးမိနစ်လောက် တောင်ကြောလမ်းအတိုင်း မောင်းဆင်းသွားလိုက်တာ တောင်ခြေရောက်ကာနီး ကားရပ်ဖို့ အဆင်သင့်တဲ့ နေရာရောက်မှ ထိုးရပ်လိုက်ပါတယ်။ 


အော်သံထွက်ရာ သစ်တောအုပ်နဲ့ သိပ်မဝေးတဲ့နေရာမှာ ထိုးရပ်ရတာကြောင့် ကားလမ်းမနဲ့ ကားတာယာပွတ်ဆွဲသံတောင် ထွက်သွား တယ်လေ။ ကားပေါ် အမြန်ခုန်ဆင်းပြီး ကားနောက်ပိုင်းဘက်ကို အလောတကြီးသွားမိတယ်။ ရှိန်းနဲ့ ကျွန်တော် တောင်တက် ခရီးစဉ် ဘာညာအစီအစဉ်ဆွဲထားတာမို့ ဆောင်သွား ယူသွားလို့ရအောင်ပြင်ထားတဲ့ ပုဆိန် (a hiking axe) တစ်လက်ကို ရှာတာပါ။   ပုဆိန်ရ တာနဲ့ ပြေးနိုင်သမျှ ခပ်မြန်မြန် သစ်တောအုပ်ထဲကို ပြေးဝင်သွားလိုက်ပါတယ်။ ဘယ်သူဘယ်ဝါမသိတဲ့ သစ်တောအုပ်ထဲက လူတစ် ယောက်ရဲ့ အော်ဟစ်သံကို အမှန်တကယ်ဆို ကျွန်တော် လစ်လျူရှုလိုက်ရမှာ။ (ရှိန်းနဲ့ ကျွန်တော်တို့နှစ်ယောက်ကြား အာရုံစိုက်စရာ တစ်ခုခုဖြစ်လာမှာကို မလိုလားဘူးလေ။) 

ဒါပေမယ့် အော်ဟစ်လိုက်သံက ပြိုင်ဘက်ကင်းတယ်။ သည်အော်သံရဲ့ အဓိပ္ပာယ်ကို ကျွန်တော်ရင်းနီးပြီးသားလေ။ A Beast တစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ကျွန်တော်ခံစားရချိန်မှာ အော်ဟစ်မိလိုက်တဲ့ အသံအတိုင်းပဲဥစ္စာ။ အဲသည် ကလေးလေးတစ်ယောက်ကို အဘယ်သူက ဘယ်လိုမသိသားဆိုးရွားစွာ ပြုကျင့်နေပါလိမ့်။ 

ကောင်မလေး တစ်ယောက်ကို မတွေ့ခင်အထိ မိနစ်များစွာ ကျွန်တော်ပြေးသွားခဲ့တာပါ။ အသက်အရွယ် ၁၂နှစ်ထက်မကျော်တဲ့ ကောင်မလေး တစ်ယောက် တကိုယ်လုံးမှာ သွေးအလိမ်းလိမ်းနဲ့ဗျ။


မြေကြီးပေါ် လဲကျလုလု ကောင်မလေးအနားက the beast အကောင် ခုန်မထွက်ခင်လေး ကျွန်တော်ရောက်သွားတာပါ။ ကောင်မလေး မြေကြီးပေါ် အုန်းကနဲပစ်ကျသွားပြီး လှုပ်ရှားမှုမရှိတော့ပါဘူး။ ဘာမှတွေးမနေဘဲ အရင်တစ်ခါ ကျွန်တော်တိုက်ခိုက်ခံရပြီးကတည်းက ဒယ်ဒီ ပေးထားလို့ ဘယ်နေရာသွားသွားဆောင်ထားတတ်တဲ့ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပါတယ်။ ပြီးတော့ the beast ကို ပစ်ထည့် လိုက်တယ်။ ဓားက အဲသည်ကောင်ရဲ့ ကျောလယ်တည့်တည့်ကို စိုက်သွားတာမို့ နာနာကျင်ကျင်အော်ဟစ်လိုက်သံထွက်လာပါတယ်။ သူ့ညာဘက်လက်နဲ့ ပခုံးကိုကျော်လို့ ဟိုသည်စမ်းမမိဖြစ်လိုက် အခြားလက်တစ်ဖက်နဲ့ နောက်ပြန်စမ်းလိုက်လုပ်ရင်း ဒေါသထွက်လာ ဟန်တူပါတယ်။ 


နာကျင်ဒေါသအပြည့်နဲ့ the beast ဟာ ကျွန်တော့်ဘက်ကို လှည့်လာတယ်ဗျ။ မြေပြင်ပေါ်ကို ခြေထောက်မြဲမြဲရပ်ပြီး အသင့်ပြင်ထားတဲ့ ကျွန်တော့်နဲ့ အကွာအဝေးသိပ်မဝေးတော့ဘူး။ ပုဆိန်ကိုင်ထားတဲ့လက်ကို ရှေ့ဆန့်ထုတ်ပြီး တိုက်ခိုက်ဖို့ ကျွန်တော်အသင့်ပြင်လိုက် ပါတယ်။ သည်တိုက်ခိုက်မှုက စိတ်ဝင်စားစရာကောင်းဦးတော့မယ်…အရင်တစ်ခါကလို ကူကယ်ရာမဲ့ ကောင်လေးတစ်ယောက်မဟုတ်တဲ့ ကျွန်တော့်ကို the beast အလွယ်တကူအနိုင်ယူဖို့ မဖြစ်နိုင်တော့တာ အမှန်ပဲလေ။ ဘယ်ဘက်လက်နဲ့ အနားကပ်လာဖို့ ကျွန်တော် အချက်ပြစိန်ခေါ်လိုက်ပြီး ကိုယ်ခန္ဓာအရွယ်အစားမတူတဲ့ တစ်စုံတစ်ယောက်ကို တိုက်ခိုက်ဖို့ဟန်ပြင်လိုက်ပါတယ်။


The Beast ကြီးက ကျွန်တော့်ကို မျက်နှာခြင်းဆိုင်ရင်း တစ်ချက်ဟိန်းဟောက် မာန်ဖီရင်း ခပ်ဖြည်းဖြည်းရှေ့တိုးလာပါတယ်။ ကျွန်တော့် လက်တွေကို ရှေ့ဆန့်ထုတ်ထားဆဲဆိုသော်ငြား ကျွန်တော့်အသက်ရှူသံကတော့ ကူကယ်ရာမဲ့ သိပ်မမှန်တော့ပါဘူး။ အချက်ပြမှု အရိပ်အယောင် အထူးအထွေမပြဘဲ ကျွန်တော့်ရှိရာ လွှားကနဲတစ်ချက်ခုန်လာကာ သူ့လက်တစ်ဖက်နဲ့လှမ်းကုတ်ပါတယ်။ ကျွန်တော် လည်း အချိန်မီ ဘေးတစောင်းခုန်ရှောင်လိုက်ရင်း လက်ထဲကကိုင်ထားတဲ့ ပုဆိန်နဲ့ တွက်ပစ်တယ်။ ပုဆိန်က the beast ရဲ့ ဘယ်ဘက်လက်မောင်းကို သွေးတွေရဲကနဲဖျာထွက်အောင် ပြတ်ရှသွားစေတာပါ။ ကျောပြင်အလယ်မှာရထားတဲ့ ဒဏ်ရာအပြင် ထပ်မံရရှိတဲ့ ဒဏ်ရာကြောင့် the beast တစ်ကောင် ပိုပိုပြီး ဒေါသွက်လာသလို ခြင်ကို ခြင်ရိုက်တံနဲ့ လှမ်းလှမ်းရိုက်သကဲ့သို့ ရှေ့လက်နှစ်ဖက်က ချွန်မြမြ လက်သည်းတွေနဲ့ ကျွန်တော့်ကို တိုက်ခိုက်ပါတယ်။ ကျွန်တော့်ကို နှုတ်ပိတ်ဖို့ သူ့ကြိုးစားမှုက ထင်သလောက် မထိရောက်ပါဘူး။ ကျွန်တော်က ခပ်လွယ်လွယ်သားကောင်မှ မဟုတ်ခဲ့တာ။ သည်တစ်ခါ ကျွန်တော့်အလှည့်ဆိုတဲ့ သဘောနဲ့ သူ့စီကို အင်ပြည့်အားပြည့် ပြေးသွားပြီး အားကုန်တိုက်ခိုက်လိုက်ပါတယ်။ The beast လက်နှစ်ဖက်နဲ့ ကျွန်တော့်ကို ပွေ့ပိုက်တဲ့ ပုံစံမျိုး အသားကုန်ဖမ်းချုပ်ဖို့ ကြိုးစားတယ်လေ။ 


ဘတ်စ်ကက်ဘော ကစားသမားတစ်ယောက် ဘောလုံးလုတဲ့ဟန်မျိုး အထာကျပြီးသားကျွန်တော်က ခန္ဓာကိုယ်ကိုယိမ်းထိုးလှုပ်ရှားပြီး လှစ်ကနဲဘေးကို ရွှေ့လိုက်ပါတယ်။ တပြိုင်တည်းလိုလို ကျွန်တော့်လက်က ပုဆိန်ဟာ သူ့ညာဘက်လက်အတွင်းပိုင်းဘက်ကို ပွတ်ဆွဲ ပစ်တာပါ။ The beast ဟာ နာကျဉ်မှုကြောင့် အော်ညည်းသလို တပြိုင်တည်းမှာ ဟိန်းဟောက်ပါရော။ ကျွန်တော်ရှိရာဘက်ကို သူ နောက်ပြန်မလှည့်မီ ကျောပြင်မှာစိုက်နေတဲ့ ဓားမြှောင်ကို ဆွဲနှုတ်လိုက်တယ်။ ပြီးတော့ သူ့ညာဘက်ရင်အုပ်အပေါ်ပိုင်းနဲ့ ညာဘက် ပခုံးအောက်ပိုင်းဘက်ကို ပုဆိန်နဲ့ ဆက်တိုက်ခိုက်လိုက်ပါတယ်။ ထပ်မံပြီး နာကျင်မှုကြောင့် သူအော်ညည်းသလို တစ်ချက် ဟိန်းပြန် ပါရော။ 


တိရစ္ဆာန်အများစုဟာ ဒဏ်ရာရပြီးနောက် သူ့ကိုအန္တရာယ်ပေးတဲ့နေရာ သို့မဟုတ် အန္တရာယ်ပေးသူအနားကနေ ထွက်ပြေးတတ်ကြ ပါတယ်။ The beast ကတော့ ဘယ်လိုဖြစ်ဖြစ် ရှေ့ဆက်ဖို့ပဲကြိုးစားတတ်ပါရဲ့။ သူ့အစာအတွက် သားကောင်အတွက် အသက်သေဆုံး သည်အထိ တိုက်ခိုက်ရယူလိုစိတ် A beast တစ်ကောင်မှာရှိတယ်။ ထူးထူးခြားခြား ဒဏ်ရာရထားတဲ့ ညာဘက်လက်ပေါ်ကို သူ့ဘယ် ဘက်လက်နဲ့အုပ်ကိုင်ထားရင်း ကျွန်တော့်ကို မာန်ဖီလျက်ပါ။ ခပ်မြန်မြန်ပဲ ဓားမြောင်ကို အဆိုပါလက်ရဲ့ လက်မောင်းဆုံနေရာထိအောင် ကျွန်တော်လှမ်းပစ်လိုက်ပါတယ်။ The beast မြေပြင်ပေါ်လဲကျသွားပြီး ပြန်ထရပ်ဖို့ ကြိုးစားပါတယ်။


ဒူးထောက်ငိုက်ကျသွားတဲ့အတွက် ပုဆိန်ကိုင်ထားသူ ကျွန်တော်ဟာ သူ့အသက်ရှူမှုကိုဖြတ်တောက်ပစ်ဖို့ လွယ်ကူလွန်းသွားတဲ့ အနေအထားပါ။ သင်ကြားထားတဲ့ သင်ခန်းစာတွေအပြင် လတ်တလောအခြေအနေအရ The beast ရဲ့လည်မျိုကို အလွယ်လှီးလိုက် နိုင်ပါတယ်။ မြေပြင်ပေါ်ကို ကျယ်လောင်တဲ့အသံကြီးနဲ့ the beast လဲကျသွားပါတယ်။ အခုတော့ တောအုပ်ထဲမယ် ရှူးရှူးရှဲရှဲ ကျွန်တော့်အသက်ရှူသံ ပြင်းပြင်းကိုပဲ ပြန်ကြားနေရသလို ကူကယ်ရာမဲ့လူတစ်ဦးမဟုတ်တော့ကြောင်း ခံစားရတယ်ဗျ။ ကျွန်တော်နဲ့ ခြေလှမ်းအနည်းငယ်လောက် သာကွာဝေးမယ့် သွေးတွေရွှဲနေတဲ့ ကောင်မငယ်လေး လဲနေရာဘက် လှည့်လိုက်ပါတယ်။ ခပ်မြန်မြန်လေး ပြေးသွားပြီး သူမရဲ့ခန္ဓာကိုယ်ကို အသာအယာကိုင်ကာ ပက်လက်အနေအထားနဲ့ သက်သောင့်သက်သာဖြစ်အောင်ပြင်ပေးမိတယ်။ သူမကတော့ လုံးဝလှုပ်ရှားမှုမရှိပါဘူး။ CPR လုပ်ဖို့ကြိုးစားပေမယ့် အလုပ်မဖြစ်သယောင်ပါ။ ကျွန်တော့်မျက်ဝန်းတွေဟာ စိုးရိမ်စိတ်ကဲ လာမှုကြောင့်ထင့် မျက်ရည်တွေ စိုစွတ်စပြုလာပါတယ်။ 


The beast ကို သည်ထက်မြန်မြန် ကျွန်တော်သတ်နိုင်ခဲ့ရင် ကောင်မငယ်လေးကို အသက်ရှင်ရက်တွေ့ရဦးမှာ။ သူမရင်အုပ်ကို အကြိမ် အနည်းငယ်ဖိလိုက် ဖွလိုက်လုပ်မိနေတာက ကလေးငယ်တစ်ယောက်ကို အကြောင်းမဲ့ လူ့လောကအတွင်းမှ မထွက်သွားစေချင်တာမို့ပါ။ သူမရဲ့ ရင်အုပ်အစုံ လှုပ်ရှားမှုမရှိသေးတဲ့အပြင် ကျွန်တော့်ကြိုးစားမှုကလည်းအရာမထင်သေးသလားတွေးမိလို့ ကျွန်တော့်အသက်ရှူသံ တွေမှားလာပါတယ်။ ကျွန်တော် မျှော်လင့်မိတဲ့ လူ့အသက်ကယ်ဆယ်မှုဟာ အလဟဿဖြစ်ပြီဆိုပြီး အသံထွက်ငိုကြွေးမိပါရော။ ကောင်မလေးရဲ့ နံဘေးမှာ ဒူးနှစ်ဖက်ထောက်လျက် သူမအပေါ်မိုးကြည့်ကာ ငိုရှိုက်မိခြင်းပါ။ သူမသေဆုံးခြင်းအတွက် တာဝန်ရှိ သယောင်ခံစားရသလို ကျွန်တော့်အပြစ်လို့လဲ ခံစားရပါတယ်။ အပြစ်ရှိတယ်ဆိုတာက ကျွန်တော်အတိုက်အခိုက်ခံရစဉ်အချိန်က ကူညီကယ်ဆယ်ခဲ့သော သူများ ကျေးဇူးကြောင့် အသက်ရှင်သန်ခဲ့ရတာမျိုး မလုပ်နိုင်လို့ရယ်၊ အခု ကောင်မလေးတစ်ယောက်ကို ကယ်ဆယ်ဖို့ ကိုယ်တိုင် ကြိုးစားစဉ်မှာတော့ အလုပ်မဖြစ်ဘူးလို့ ယူဆမိတာကြောင့်ပါ။


ကျွန်တော် ကိုယ့်စိတ်ကိုကိုယ်ပြန်စုစည်းလိုက်ရင်း အသေအချာ ဒူးထောက်ကာ ဘုရားသခင်စီမှာ ဆုမွန်ခြွေလိုက်ပါတယ်။ ဘာလို့လည်း မသိ ကောင်မလေးရဲ့ ပါးပြင်ကို ပွတ်သပ်ကြည့်ရင်း ပါးစောင်နားကို လက်နဲ့တစ်ချက်အသပ်မှာ လည်မျိုနားက တစ်ခုခု လှုပ်ရှားသွား သယောင် ခံစားရပါတယ်။ ကျွန်တော်လက်နှစ်ဖက်နဲ့ သူ့မေရိုးအစုံကို ပွတ်သပ်ကာစမ်းရင်း သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ မျက်ဝန်းကကျနေသော မျက်ရည်တွေကို ဝတ်ထားတဲ့ အင်္ကျီလက်နဲ့ အလျင်အမြန်သုတ်ဖယ်ပစ်တော့ ကျွန်တော့်လက်တွေမှာ သွေးအလိမ်းလိမ်း ပေကျံနေတာ သတိပြုမိသား။ (ကျွန်တော့်သွေးတွေလား၊ ကောင်မလေး သို့မဟုတ် the beasts စီက ထွက်ထားတဲ့သွေးတွေလား မသိပါဘူး။)


ကျွန်တော်သိပါတယ် သည်ကောင်မလေးကို အနီးစပ်ဆုံး လူအုပ်စုရှိရာဘက်ခေါ်သွားရမယ်ဆိုတာပေါ့။ ဘယ်အုပ်စုကမှန်းမသိ သော်လည်း အသက်ရှင်သန်ဖို့ နေရာတစ်ခုပေးရမှာပါ။ 

ကောင်မလေးကို ပွေ့ချီလိုက်ချိန်မှာ ကျွန်တော့်နောက်ပါးက သစ်ကိုင်းအချို့ ဆတ်ကနဲ လှုပ်ခါသွားတာကို သိလိုက်တယ်။ တစ်ခါတလေ the beast တွေဟာ တစ်ကောင်တည်း အမဲလိုက်လေ့မရှိသလို နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့အကျင့် တိုက်ခိုက်တတ်တဲ့ဓလေ့ရှိ တာမို့ ကျွန်တော် အံ့အားမသင့်တော့ပါဘူး။ 

ဘေးမှာ ချထားသော ပုဆိန်ကို ကောက်ကိုင်ကာ ရန်သူကို မျက်နှာချင်းဆိုင်ဖို့ အမြန်နောက်ကို လှည့်လိုက်ပါတယ်။ 

ကျွန်တော့် အသက်သေချင်သေပါစေ ကောင်မလေး အသက်ရှင်သန်ဖို့သည်သာ အဓိက မဟုတ်လား။ 

‘ဟော….ရှိန်း’



Alex Aung (September 2, 2022)


*** Remember, Porn is Fantasy. In real life you can protect yourself by having safer sex.

No comments: