*** Disclaimer: သည်ဝတ္ထုလေးဟာ စိတ်ကူးယဉ်သက်သက်တွေးရေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အပျင်းပြေဖျော်ဖြေရေး အတွက်လို့ပဲဆိုနိုင်ပါတယ်။ တကယ့်အပြင်ဘ၀ ပတ်ဝန်းကျင်တစ်ခုခုမှာရှိသော လူများ၊ နေရာများ သို့မဟုတ် အခင်းအကျင်း အခမ်း အနားများနဲ့ ထပ်တူထပ်မျှ တူညီနေပါလျှင် မတော်တဆ တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါကြောင်းအရင်ပြောပါရစေ။ နောက်ပြီး အမျိုးသားနှစ်ဦး သို့မဟုတ် သည့်ထက်ပိုတဲ့ လူများအကြား ပြင်းပြတဲ့ လိင်ပိုင်းဆိုင်ရာဆက်ဆံပတ်သက်မှုများအကြောင်းလည်း ထည့်သွင်းရေးသားထားပါတယ်။ တကယ်လို့ ကျား - ကျားချင်း ပေါင်းသင်းဆက်နွယ်တဲ့ကိစ္စအပေါ် အမြင်မကြည်တာ၊ စော်ကား မော်ကား ဖြစ်သလို ခံစားရတာ သို့မဟုတ် စာဖတ်သူနေထိုင်တဲ့ နေရာဒေသ တိုင်းပြည်မှာ ဥပဒေငြိစွန်းနိုင်တယ်ဆိုလာပါက ဆက်မဖတ်ပါနဲ့လို့နော်။
နှစ်အနည်းငယ်လောက် နောက်ပြန်ကျော့ရရင် အဲသည်အချိန်က ကျွန်တော်ဟာ ပြည်တွင်းထုတ်သတင်းစာတစ်စောင်မှာ ဆောင်းပါး ရေးသူတစ်ယောက်အဖြစ် အောင်အောင်မြင်မြင်ရပ်တည် အလုပ်လုပ်နေခဲ့ပါတယ်။ New Eden လို့ခေါ်တဲ့ တိုက်ခန်းတွဲကြီးရဲ့ တိုက်ခန်း တစ်ခုမှာ ကျွန်တော် နေထိုင်ခဲ့တယ်။ မြို့လယ်နဲ့ မနီးမဝေးဆိုသော်ငြား လူရှုပ်တဲ့ တိုက်တန်းလျားမျိုး မဟုတ်ဘဲ သူ့ဟာနဲ့သူ တိတ်ဆိတ်ပြီး လူသန့် နေရာသန့်တယ်လို့ ပြောရပါမယ်။ နေရောင်ကောင်းကောင်းရသလို တိုက်ခန်းအနောက်ဘက် ဝရံတာမှာလည်း ပန်းပင် ပန်းအိုးတွေ အစီအရီစိုက်ပျိုးထားနိုင်လို့ ကျွန်တော့်အတွက်တော့ သာယာတယ်ဗျ။ ပန်းပင်တွေကြား ခုံလေးတစ်လုံးချ စာအုပ် တစ်အုပ်ကို ကိုင်ဖတ်နေနိုင်သလို တိုက်တန်းလျားတွေကြား ခြင်းခတ်တာ သို့မဟုတ် အားကစားတစ်မျိုးမျိုးလုပ်နေကြတဲ့ ခပ်လန်းလန်း အမျိုးကောင်းသားတွေကိုငေးနိုင်တဲ့ အားလပ်ချိန်ကို အသုံးချလို့ရသောနေရာပါ။
ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိတဲ့ လူငယ်အမျိုးသားအများအပြားကို မကြာခဏ အလျှံအပယ်တွေ့နေရတာကတော့ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူး။ သည်တိုက်တန်းလျားတွဲကြီးထဲက အခန်းတွေဟာ ကောလိပ်ကျောင်းသား သို့မဟုတ် တက္ကသိုလ်ကျောင်းသားတွေ အတွက် ဈေးသက်သက်သာသာနဲ့ ငှားရမ်းနေထိုင်လို့ရလို့ဆိုနိုင်ပါတယ်။ အရွယ်ကောင်း လူငယ်လေးတွေတက်ရောက်ကြတဲ့ မန္တ္လလာ တက္ကသိုလ် ကျောင်းဝန်းကလည်း တစ်ဘလောက် ဒါမှမဟုတ် နှစ်ဘလောက်သာသာလောက်ပဲ ကွာဝေးတာဆိုတော့ New Eden ဟာ အခန်းငှားခ သက်သာရုံသက်သက်သာမဟုတ်ဘဲ ကျောင်းသားတွေအတွက် သွားရလာရအဆင်ပြေတဲ့အချက်လည်းပါလောက်တယ်။ ကျွန်တော် နေမယ့်အခန်းကို စငှားကတည်းက လူငယ်တွေ အဝင်အထွက်များတဲ့ စတိုးဆိုင်နဲ့ မျက်နှာချင်းဆိုင်လောက်မှာရှိပြီး ကောင် ငယ်လေးတွေနဲ့ ဇာတ်လမ်းဆင်လို့ရမယ့် သို့မဟုတ် အနည်းဆုံး မြင်ကွင်းကောင်းကောင်း ရနိုင်မယ့် အခန်းကိုတောင်းဆိုပြီး ငှားခဲ့တာ။
ဆိုခဲ့တဲ့အတိုင်းဘဲ ကျွန်တော်နေထိုင်တဲ့အခန်းရဲ့ နံဘေးအခန်းက လူငယ် ယောက်ျားသားတွေ အမြဲတစေ လူပြောင်းသူပြောင်း ဖြစ်နေ တတ်တော့ တစ်ခါတလေ ကိုယ်မျက်စိကျတဲ့သူက နောက်တစ်နေ့ကျ ပြောင်းသွားတာမျိုး ဖြစ်ချင်ဖြစ်နေပြန်ရော။ အခု လတ်တလော နေနေတဲ့ ငနဲကလည်း တကယ်မလွယ်ပါဘူး။ ဘော်ဒါကဏ္ဍတကယ်များသလို သူငယ်ချင်းတွေ မကြာခဏဆုံလို့ ပါတီ အသေးစား လေးတွေ လုပ်တတ်တာမို့ အလဟဿ အချိန်ပုပ်၊ အိပ်မရတဲ့ ညတွေ ဘယ်လောက်များပြီလဲ ကျွန်တော်မရေတွက် နိုင်တော့ဘူးရယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြဲအဆိုးချည်းတော့လည်း မဟုတ်ပါဘူး တစ်ခါတလေ ခပ်လန်းလန်းငနဲတစ်ပွေလောက် သည်ဧရိယာထဲက ဖယ်ခွာ လာချိန်ဆိုရင် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီး စကားစမြည်ပြော အိမ်မပြန်ဘဲ ကျွန်တော့်အခန်းထဲဝင်အောင် လမ်းခင်းကာ သူ့ငပဲကို ပုလွေပေးခွင့်ရအောင် ခွင်ဆင်လို့ရတဲ့အခါမျိုးတွေရှိပါတယ်။
သိတယ်၊ သိတယ်၊ ကျွန်တော့်လေသံက အမှတ်မထင်ကြုံဆုံရတဲ့ လူငယ်ကောင်လေးတွေအပေါ် အတော်နှာဘူးကျတဲ့ ဘဲကြီးတစ်ပွေရဲ့ လေသံပေါက်နေမှန်း။ ပြောလည်းခံရမှာပဲ ကျွန်တော်ဘာပြန်ပြောနိုင်မှာလဲ။ ကျွန်တော့်လိုအင်အရ ဂွင်ဆင်တယ်ဆိုပေမဲ့ လူကြီး လူကောင်းဆန်အောင်တော့ အမြဲကြိုးစားတယ်။ ကျွန်တော်နဲ့ အိပ်ခန်းတွင်းဇာတ်လမ်းဆက်ဖြစ်တဲ့ ကလေးတွေတစ်ဝက်လောက်က အထာနပ်ကြသလို ပြဿနာအရှုပ်အရှင်းလည်းမလုပ် သူပျော် ကိုယ်ပျော်ပြီးသွားတာပါ။ ကျွန်တော့်မှာ တမူထူးခြားတဲ့ ပါရမီတစ်မျိုး ပိုင်ဆိုင်ထားတယ်။ ကျွန်တော့် ရုပ်ရည်သွင်ပြင်ကြောင့် ဖြစ်ကောင်းဖြစ်မယ် ဒါမှမဟုတ် ဘယ်သူ့ကိုမဆို လူတန်းစားမခွဲခြားဘဲ ကောင်း ကောင်းမွန်မွန်ဆက်ဆံပြောဆိုတာကြောင့် ဖြစ်ကောင်းဖြစ်မယ် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အဝန်းအဝိုင်းထဲရောက်လာတဲ့ လူတွေ စိတ် သက်သောင့်သက်သာဖြစ်ပြီး ခံစားချက်တွေ ပွင့်အန်လာကြတာများပါတယ်။ အသက်အရွယ် ၃၇နှစ်မှာ ပုံဆိုးပန်းဆိုးအသွင်အပြင် မဖြစ်စေဘဲ အမြဲကြည့်ကောင်းသူဖြစ်အောင်နေဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်ဗျ။ Classic Style အဝတ်အစားတွေဝတ်တယ်၊ အရပ်မြင့်မြင့်နဲ့ ကိုယ်ခန္ဓာ ကျစ်လစ်တောင့်တင်းကာ ခန့်သန့်တဲ့ အန်ကယ်လ်စတိုင်လ်တွေးမြင်ရတဲ့အထိ ကျွန်တော်ကြိုးစားထား တာမျိုး။ မှန်ကန်တဲ့လေသံတော့ပေါက်ပါတယ်နော်။
အစကပြောရမှာကို နောက်ကျမှန်းသိပေမယ့် ကျွန်တော့်လိင်မှုဘဝအကြောင်းပြောရရင် လှုပ်လှုပ်ခတ်ခတ် သိပ်မရှိဘူးဗျ။ အခုလည်း ကျောင်းပိတ်ရက် အလုပ်ပိတ်ရာသီရောက်ပြီမို့ တိုက်ခန်းတွေအတော်များများ တိတ်ဆိတ်ကုန်ပါပြီ။ ခရစ္စမတ်ရုံးပိတ်ရက်ဘာညာပေါ့။ ခါတိုင်း လူးလားခေါက်ပြန် ဟိုသည်သွားလာနေကြတဲ့ ကျောင်းသားလူငယ်တွေ မိသားစုရှိရာ မြို့ရွာကို ပြန်ကြတာမျိုး၊ သူငယ်ချင်းအိမ် လိုက်လည်ကြတာမျိုးတွေနဲ့ အလျှိုလျှိုပျောက်သွားကြတယ်လေ။ ကျွန်တော့်အတွက် ချိုမြိန်တဲ့ အချိန်ကာလတစ်ရပ်မဟုတ်ဘဲ ခါးသက်သက်ခံစားရတဲ့ အခါသာမယပါပဲ။ ကျွန်တော့် ဇာတိရပ်ရွာကိုပြန်ဖို့စဉ်းစားလိုက်တော့ နိုင်ငံရဲ့တောင်ပိုင်းနဲ့ မြောက်ဖျားပိုင်းလို တသီးတသန့်ဖြစ်နေတာရယ် သွားလာတဲ့ လမ်းခရီးနဲ့တင် ရုံးပိတ်ရက်က ကုန်ဆုံးသွားနိုင်တယ်။ ဒါကြောင့် ဆောင်းတွင်းရဲ့ နေရောင် ခြည်ကို ခိုလှုံရင်းအချိန်ဖြုန်းဖြစ်တယ်ပေါ့။ ၃၅ ဒီဂရီ ရာသီဥတုအပူချိန်က အမှန်တကယ်တန်းတော့ ကျွန်တော့်အတွက် သက်သောင့် သက်သာမဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် အခန်းဝရံတာကနေမြင်ရတဲ့ ခရစ္စမတ်အလှဆင် မီးရောင်များကြောင့် စိတ်ထဲ တမျိုးတစ်မည် ဖြစ်နေရတယ်ပြောရင် အဓိပ္ပာယ်မဲ့တယ်လို့ အပြောခံရလောက်တယ်။
ဘယ်လိုပဲပြောပြောပါ ရာသီဥတုအခြေအနေက ကိုယ့်ဘက်မှာဆိုတော့ လေသာဆောင်ဘက်မှာ Bean Bag လေးချ ခေါက်စားပွဲခုံလေး ပေါ် ကျွန်တော့် laptop တင်ရင်း ရေးသားရမယ့် ဆောင်းပါးများအတွက် ထူးခြားတဲ့အတွေးတွေရလိုရငြား ဦးနှောက်စားရတာကလည်း ကောင်းပါတယ်။ စိတ်ကူး အကြံဉာဏ်ကွန့်မြူးဖို့ဆိုရင် အမြဲတစေ အခန်းအပြင်ဘက်ထွက်ပြီး အလုပ်လုပ်တာက ကျွန်တော့်အတွက် ပိုကောင်းတယ်ဗျာ။ သန့်စင်တဲ့လေကို ရှူရှိုက်၊ ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း ကျွန်တော့် ကိုယ်ခန္ဓာသာမက စိတ်ကူးဉာဏ်ကို အားဖြည့်ရတာမျိုးပေါ့။
အင်း….ကျွန်တော်နဲ့ ဝေယံတို့ရဲ့ဇာတ်လမ်း ဘယ်နေရာ ဘယ်အချိန်မှာ အစပျိုးခဲ့လဲဆိုတာ နိဒါန်းရေးခဲ့တာ တော်လောက်ပြီထင်တယ်။
သည်နေ့နံနက်ခင်းပိုင်းက ပုံမှန်မဟုတ်စွာ ကျွန်တော်ခပ်စောစောအိပ်ရာနိုးလာခဲ့ပါတယ်။ ဗိုက်ထဲက ဆာလောင်တဲ့ ခံစားမှုကြောင့် ကိုယ်ခန္ဓာပေါ် ဖုံးလွှမ်းနေတဲ့ စောင်ပါးကော တွန့်ကြေနေတဲ့ အိပ်ရာခင်းကော တွန်းဖယ်ရင်း မတ်တပ်ထရပ်မိတယ်။ အိပ်ရာအစွန်မှာ မလျှော်ရသေးတဲ့ အဝတ်အစားပုံကြီးရှိနေပေမယ့် သန့်ရှင်းမယ့် ဂျင်းဘောင်းဘီတစ်ထည်နဲ့အတူ အနံ့အသက်ကင်းတဲ့ အတွင်းခံဘောင်း ဘီတစ်ထည်ကို ရှာလိုက်သေးတာပါ။ ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ အဝတ်မကပ်ဘဲ ရေချိုးခန်းထဲ သည်အတိုင်းလမ်းလျှောက်ဝင်သွားကာ သွားတိုက် မျက်နှာသစ်ရင်း နက်မှောင်သလောက် ကောက်ကွေးနေတဲ့ ကျွန်တော့်ဆံပင်ကို ဖြီးသင်ပစ်ပါတယ်။ စိတ်ကူးထဲက စဉ်းစား ဆင်ခြင်နေတာတွေကို အဆုံးသတ်မိတဲ့ခဏ မုတ်ဆိတ်မွှေးရိတ်သင်ရမယ့်ကိစ္စကို ကျော်လွှားဖို့ဆုံးဖြတ်မိပြန်တယ်။ ဘယ်လိုပြောမလဲ ကျွန်တော့် လည်တိုင်၊ ပါးပြင်နဲ့ မေးစိတဝိုက်ရှိ ဝင်းဝါတဲ့ အသားအရေပေါ်မှာ ကြမ်းရှရှအမွှေးအမျှင်အချို့ရှိတာကို သဘောကျတယ်။
အဝတ်အစားလဲလှယ်ရင်း အခန်းနံရံထက်က နာရီကို တစ်ချက်ကြည့်လိုက်တော့ အလုပ်ကို ပုံမှန်သွားနေကြအချိန်ထက် တစ်နာရီခွဲ လောက်စောသေးတာမို့ ကိုယ်ပိုင်အချိန်အနည်းငယ်ကောင်းကောင်းရသေးတယ်။ အဲဒါကြောင့် နံနက်စာကောင်းကောင်းလေး သွားစားဖို့ စားနေကြဆိုင်ကို ရွေ့လိုက်ရော။ စားချင်တာလေးတွေကို အော်ဒါမှာ ထည့်ယူဖို့ဗန်းတစ်ခုလက်မှာကိုင်ရင်း ကောင်တာမှာ တန်းစီရပ်နေရတယ်ပေါ့။ အရသာရှိမယ့် ဘလူးဘယ်ရီ ပန်ကိတ်သုံးလေးခု၊ နာနတ်သီးစိပ် အနည်းငယ်နဲ့အတူ နို့နွေးနွေး ဖန်ခွက် ရှည်ရှည်တစ်ခွက်အပြည့်ဝယ်ခဲ့တယ်။
အိမ်မှာစားသောက်ပြီးချိန်ထိ အချိန်တွေပိုနေသေးတော့ ကိုယ့်ကိုယ်ကိုယ်ဆုချတဲ့အနေနဲ့ ရေခဲသေတ္တာထဲက ချောကလက်တစ်တောင့် ကိုလက်ကကိုင်ရင်း လေသာဆောင်က စားပွဲခုံမှာ ထိုင်လျက် ကောင်းကင်ကြီးမှ နေဝန်းကြီးပြူထွက်လာတာကို ထိုင်ကြည့်နေမိရော။ လိမ္မော်ရောင်နဲ့အတူ ပန်းရောင်တွေဟာ မိုးကုတ်စက်ပိုင်းကြီးကို ဖြတ်သန်းလျက် ရောယှက်နေပုံက တစ်မျိုးတစ်မည်ကြည့်ကောင်း နေတယ်။ ရေဆေးပန်းချီတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ အဲဒါနဲ့ပဲ နောက်မှီပါတဲ့ ကြိမ်ကုလားထိုင်မှာ ခြေပစ်လက်ပစ်ထိုင်ကာ နေမင်းရဲ့ အပူရှိန်နဲ့ အလင်းရောင်တိုးမြင့်လာတာကို သတိပြုမိတဲ့အထိနေလိုက်တယ်။ တင်းကြပ်နေတဲ့ ကျွန်တော့် ကိုယ်ခန္ဓာက ကြွက်သားတွေ ပြေလျော့ပြီး ငိုက်မြည်းချင်စိတ်ဝင်လာမှ လက်ထဲက ချောကလက်ကိုစားကာ အာရုံပြန်ကပ်မိရော။
ကိုယ်ခန္ဓာသက်သောင့်ဖြစ်နေရာက မျက်ဝန်းအကြည့်တွေကလည်း မြင်တွေ့ရတဲ့ မြင်ကွင်းကျယ်ရှုခင်းကြောင့်နဲ့ရုတ်ခြည်းမြင်လိုက် သော တစ်စုံတစ်ရာကြောင့် ပြန်ပြူးကျယ်သွားပါတယ်။ ကျွန်တော့်တိုက်ခန်းနဲ့ တစ်ဖက်တိုက်ခန်းကြား ကွက်လပ်မဟုတ်တဲ့ ပန်းပင် တွေကြား လှုပ်ရှားမှု ခပ်သေးသေးတစ်ခု မြင်လိုက်လို့ပါ။ ဘယ်ကောလိပ်ကျောင်းသားများပါလိမ့်။ ခုံမှာ ခပ်လျောလျောထိုင်နေရာမှ ခါးမတ်ထိုင်လိုက်ကာ သေချာကြည့်တော့ ကျွန်တော့်လေသာဆောင် ဘေးတစောင်းက အခန်းရဲ့ရှေ့မှာ တစ်စုံတစ်ယောက် မတ်တပ်ရပ် နေတယ်။
ကောင်ငယ်လေးက ကျွန်တော့်မြင်ကွင်းထဲမှာကို ကိုယ်ခန္ဓာအတော်ထွားတာပဲ။ အရပ်မြင့်သလို ကိုယ်ခန္ဓာဖွဲ့စည်းပုံက တောင့်တင်း တယ်။ သူ့ကြည့်ရတာ လျှော်ပြီးအဝတ်တွေထဲ့ထားတဲ့ ဇလားကိုမပြီး အဝတ်ချိတ်လှန်းလို့ရမယ့် ကြိုးတန်းအခြေအနေကို စူးစမ်းနေပုံပါ။ သူဝတ်စားထားပုံက ရိုးရိုးပါပဲလေ။ အဖြူရောက်လက်ပြတ်အကျ ႌတစ်ထည်ရယ်၊ ခပ်ပွပွ ဂျင်းဘောင်းဘီဟောင်းတစ်ထည်ကိုဝတ်ထား တာ။ သည်ကောင်ငယ်လေးအသွင်အပြင်က အားကစားသမားတစ်ယောက်ပုံဟန်နဲ့ ကိုယ်ခန္ဓာကြွက်သားတောင့်တင်းတာကော လက်မောင်းကြွက်သားအမြှောင်းတွေကော ဘယ်လိုမှဖုံးကွယ်ထားလို့မရပါဘူး။ ကျောင်းအားချိန်တိုင်း အလုပ်ကိုကြိုးစားလုပ်ပုံရသား။ အခုလည်း လျှော်ဖွပ်ဖို့ အခန်းရှင်းဖို့ အားချိန်ရလို့ထင်ရဲ့။ ဘယ်လိုပြောပြောလေ သည်ကောင်လေး ကျွန်တော့်အာရုံစိုက်မှုကို ရသွားတာ အသေအချာပါ။
ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး အိမ်နီချင်းလေးကို နီးနီးကပ်ကပ်ငမ်းလို့ရအောင် လေသာဆောင် ဝရံတာအစွန်းနားကို တိုးကပ် လိုက်ပါတယ်။ သူက လျှော်ထားတဲ့ အဝတ်တွေထည့်ထားတဲ့ ခြင်းကိုမပြီး တစ်ခုခုကိုရှာဖွေနေဟန်ပါပဲ။ ဟန်ကျတယ်….ဝရံတာ အစွန်းနားက အုတ်ခုံက သည်ကောင်လေးမထားတဲ့ အဝတ်လျှော်ခြင်းနဲ့ တည့်တည့်အနေအထားဖြစ်နေရော။ ကုန်းလိုက်ကွလိုက် လုပ်နေတဲ့ သူ့baggy jeans ဘောင်းဘီပွပွကလည်း ပြည့်တင်းနေတဲ့ တင်သားဆိုင်တွေကို သေချာဖုံးလွှမ်းနိုင်မှုမရှိတာကြောင့် ထင်းကနဲ လင်းကနဲပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေတာပါ။ သူ့ရဲ့တင်းရင်းပြီး အိနေတဲ့ တင်ပါးတွေကို မြင်ရတာများလာတော့ ကျွန်တော့်ပေါင်ကြားက ညီဘွားက မိုးတိုးမတ်တပ်ဖြစ်လာပါတယ်။ အား….အတွင်းခံဘောင်းဘီလည်း ဝတ်ထားဟန်မတူဘူး တင်အကွဲ ကြောင်းက ဟစိ ဟစိမြင်ရတာများ သူ့ကိုယ်သင်းနံ့ကို ရုတ်ခြည်းရလိုက်သလို ခံစားရရော။ သူသက်သက် ဟန်ရေးပြနေသလား အဝတ်လှန်းတာ အဆင်ပြေဖို့ တစ်စုံတစ်ခုကို သေချာရှာဖွေနေတာလား သေချာမပြောတတ်တော့ပါဘူး။
အားမလိုအားမရဖြစ်ပြီး မတ်တပ်ရပ်လိုက်မိတာ ရှေ့က ကောင်လေး ကျွန်တော်ရှိနေမှန်းသိသွားမြင်သွားတယ်။ ကျွန်တော် ရှက်ရွံ့တာ မဖြစ် လန့်ခြင်းမရှိ သူ့ကို ပြန်ကြည့်ပစ်တာပဲ။ အပြစ်ကင်းတဲ့ သိုးငယ်လေးပါပေါ့။ သူကတော့ ခက်ထန်သလို စိမ်းကားတဲ့ အကြည့်တွေ နဲ့ပြန်စိုက်ကြည့်တယ်။ တစ်စုံတစ်ယောက်သောသူက စိုက်ကြည့်နေတဲ့ အဖြစ်ကို အံအားသင့်သွားတာမျိုး မဖြစ်ဘဲ စိတ်အခန့်မသင့်သလို မျိုး ခံစားရပုံပေါ်သား။ သူ့အသွင်အပြင်က အရပ်မြင့်မြင့်အမျိုးသားတစ်ယောက်ဟန်ပန်အပြည့်ပါ။ အညိုရင့်ရောင်ဆံပင်ကောက်ကောက် တွေက သူ့နားရွက်နဲ့ မျက်ခုံးနားအထိ ဝေ့၀ဲကျနေတာ။ ပြီးတော့ အတော့်ကို ခိုင်မာတောင့်တင်းတဲ့ မေးရိုးနဲ့အတူ ဖြောင့်စင်းတဲ့နှာတံ တစ်ခုလည်းရှိတယ်။ အတိတ်တစ်ချိန်က လက်သီးပွဲဆင်နွှဲခဲ့ဖူးတဲ့လူတွေပြန်တွေ့ရတဲ့အတိုင်း ရန်စောင်ချင်နေပုံပဲ။ ကျွန်တော်ကတော့ ဖော်ဖော်ရွေရွေ အပြုံးမျိုးနဲ့ သေချာကြည့်ပြီး ပြုံးပြလိုက်ပါတယ်။
ကျွန်တော့်ကို သူပြန်ကြည့်ပုံက လေဆာရောင်ခြည်နဲ့ တကိုယ်လုံးဖောက်ထွင်းသွားမတတ် အတော်ကြာကြာစိုက်ကြည့်နေတာ။ နောက်တော့ ဘာအသံမှမပြုဘဲ သူ့တိုက်ခန်းထဲ အဝတ်ခြင်းကိုမပြီး ပြန်လှည့်ဝင်သွားပါတယ်။
‘သည်လိုလေးတုန့်ပြန်တာကိုက မဆိုးပါဘူး..’ ကိုယ့်ကိုယ်ကိုယ်ပြန်ကြားရုံလေသံနဲ့ ကျွန်တော့်မှာ ညည်းတွားမိရုံပါ။ အဝတ်ထွက်လှမ်း တဲ့ကောင်လေး သူ့အခန်းထဲသူပြန်ဝင်သွားတာကိုပဲ တစ်ခုခုဆုံးရှုံးသွားရသူလို ကျွန်တော်ခံစားနေတာကတော့ မဟုတ်သေးပါဘူးလေ။ Meh…. သူ့ကြည့်ရတာ တကယ့် straight လေးဖြစ်ပုံရတယ်။ ဒါမှမဟုတ် Straight တွေကိုပဲကြိုက်သူများလား။ ကျွန်တော့်အမူအယာနဲ့ အသွင်အပြင်က အကဲပိုနေလို့ သို့မဟုတ် သူ့ထက်အသက်အရွယ်ကြီးပုံပေါ်လို့ ဒါမှမဟုတ် သူ့အကြိုက်ပုံစံမဟုတ်လို့ ဖြစ်ကောင်း ဖြစ်နိုင်တာပါပဲ။ မဟုတ်ဘူးဆိုရင်လည်း လူတွေနဲ့ ရောနှောရတာ မကြိုက်သူတစ်ယောက်လည်း ဖြစ်နိုင်တယ်။
ကျွန်တော် မနက်စာကို ပါးစပ်ထဲအမြန်ထည့်ပြီး အဆုံးသတ်အနေနဲ့ နို့ခွက်ကိုမော့ချလိုက်ကာ မီးဖိုချောင်ထဲ ပန်းကန်ခွက်ယောက် တွေကို ဆေးကျောဖို့ ထသွားလိုက်တယ်။ ဝတ်ထားတဲ့ ဘောင်းဘီထဲက အတင်းရုန်းကန်ထနေတဲ့ ညီဘွားကြောင့် နည်းနည်း နာကျင်ရတဲ့ မနက်ခင်းတစ်ခုပါပဲလေ။
****
တစ်ညလုံး မြင်ခဲ့ရတဲ့ကောင်လေးအကြောင်းတွေးပြီး ပေါင်ကြားကညီဘွားကို ဂုတ်ချိုးလိုက် ပွတ်သပ်လိုက်လုပ်နေခဲ့ပါတယ်။ မတ်မတ် ရပ်နေတဲ့ ကျွန်တော့်ရှေ့မှာ ဒူးထောက်ထိုင်လျက် ပူနွေးတဲ့သုက်ရည်တွေကို သူ့ပါးစပ်ထဲပန်းထည့်ဖို့ ငံ့လင့်နေသယောင် စိတ်ကူးထဲ မြင်ယောင်ကြည့်တယ်။ ပြီးတော့ ခပ်ဟဟဖြစ်နေတဲ့ သူ့ဘောင်းဘီမျှော့ကြိုးကြားက တင်အကွဲကြောင်းကိုတလှည့် မဲမဲမှောင်မှောင် သူ့ဆီးစပ်က အမွှေးစုစုကိုတလှည့် မမြင်ရဘဲ ငမ်းကြောထ စိတ်လှုပ်ရှားခဲ့ပါတယ်။ မြင်းစီးသလို ဒုန်းစိုင်းစီးချလိုက်ရင် ဘယ်လောက် ကောင်းမယ့် တင်ပဆုံကြီးလဲဗျာ။ သည်ကောင်လေးအကြောင်းကို ကျွန်တော့်စိတ်ကူးထဲက လုံးဝထုတ်လို့မရပါဘူး။ သည်းခံလို့မရ အောင့်အည်းလို့မရအောင် တစ်စုံတရာက ကျွန်တော့်ကိုဆွဲဆောင်ထားသလိုပါပဲ။ သူ့မျက်နှာကို အခုထိ ကောင်းကောင်းမွန်မွန် သည်းသည်းကွဲကွဲ မမြင်ရသေးတာတော့အမှန်။ ပြီးတော့ သူ့အမည်ကိုသိဖို့အခွင့်အရေးလည်း မရပြန်ဘူး။
နောက်တစ်နေ့မနက်ရောက်ပြန်တော့ ကျွန်တော်လုပ်ရိုးလုပ်စဉ်သွားလာလုပ်ကိုင်တာတွေကို ပြန်လုပ်ပါတယ်။ အဝတ်အစားလဲလှယ် တယ်၊ သွားတိုက်ပြီး မျက်နှာသစ်တယ်၊ ဆံပင်သပ်ရပ်အောင်ဖြီးသင်တယ်၊ ပြီးတော့ အလုပ်မသွားခင် ခပ်မြန်မြန်ပြီးနိုင်သော နံနက်စာကို ပြင်ဆင်ပါတယ်။ အမှတ်မထင် ကြုံဆုံခဲ့ရသော အိမ်နီးချင်းလေးကို မြင်ရလိုမြင်ရငြား ပြတင်းပေါက်ကနေ လှမ်းကြည့်တဲ့အလုပ်ကို အဆက်မပြတ်ပြုလုပ်မိတယ်ပေါ့ဗျာ။ အဲဒါအပြင် အလုပ်မှာ တနေကုန်အလုပ်လုပ်နေသော်ငြား ထူးထူးခြားခြားဘာမှ မတွေးမကြံစည်ဘဲ ရေးပြီးသမျှ ဆောင်းပါးတွေကို ထုတ်ဝေသူလက် စစ်ဆေးဖို့အပ်နိုင်ရေးသာ ဆန္ဒစောနေတာပါပဲ။ မသိ မခင်သေးသော အိမ်နီးချင်း အသစ်ကလေးအကြောင်း ဦးခေါင်းထဲရောက်နေသော ကာလတစ်ရပ်ပေါ့နော်။ နေ့လယ်စာစားပြီး ခဏနားချိန် ‘LGBTQs အပေါ် ယနေ့ခေတ် မိဘများရဲ့အမြင်’ ဆိုတဲ့ ဆောင်းပါးစုနဲ့ပတ်သက်ပြီး ကျွန်တော့်ကို အယ်ဒီတာက အင်တာဗျူးချင်ကြောင်းပြောလာတယ်။ သည်နှစ်အပိုင်းအခြားအတွင်းမှာ မိသားစုတွေ၊ အပေါင်းအသင်းတွေ၊ အလုပ်ရှင် အလုပ်သမားတွေကြား လူပြောများလာတဲ့ လိင်စိတ် ခံယူမှုကွဲပြားသူများအကြောင်း ကျွန်တော် စူးစမ်းလေ့လာရေးသားဖြစ်နေတာတွေရယ်ပါ။
မေးသမျှဖြေ လိုသမျှပြင်ဆင်ပေးနဲ့ အချိန်ကုန်သွားမှန်းမသိ ကုန်သွားပါတယ်။ ဘာပဲဖြစ်ဖြစ်အလုပ်ဖြစ်လိုက်ပါတယ်။
နာရီကို တစ်ချက်ကြည့်လိုက်တော့ အိမ်ပြန်ဖို့အချိန်တန်ပြီဖြစ်ကြောင်းတွေ့တယ်ဗျ။ အလုပ်စားပွဲကို ရှင်းစရာရှိတာရှင်းလင်း၊ ပစ္စည်း ပစ္စယတွေကို သိမ်းစရာရှိတာသိမ်း၊ အိမ်ပြန်ယူသင့်တာကို ကျောပိုးအိတ်ထဲထည့်ပါတယ်။ နေထိုင်ရာ မြို့ကြီးရဲ့ကောင်းကင်ပြင်ကြီးက လေနီကြမ်းတိုက်တော့မယောင် ခပ်မှုံမှုံဖြစ်နေတာကြောင့် ကားကို ဒုန်းစိုင်းမမောင်းဘဲ ခပ်မှန်မှန်ဘဲမောင်းပြီး အိမ်ပြန်လာခဲ့ရတယ်။ အစာအိမ်အောင့်ချင်သလိုလို လေထိုးသလိုလို ဗိုက်ထဲကနာကျင်ခံစားရတာတိုးလာတာကြောင့် လူသူမရှိတဲ့ ကျွန်တော့်အခန်းထဲကို မြန်မြန်သော့ဖွင့်ဝင်မိတယ်လေ။ အလုပ်ယူနီဖောင်းအဝတ်အစားတွေကို ကပိုကရိုအကုန်ချွတ်ပြီး အိမ်နေရင်းဝတ်နေကြ ချည်သား boxer-briefs လေးပဲဝတ်ကာ ဧည့်ခန်းဆိုဖာခုံရှည်ပေါ် လဲလျောင်းရင်း ဘာတွေအစားမှားလဲ ဘာကြောင့်ဖြစ်ရသလဲ စဉ်းစားခန်းဝင် တာပေါ့။
ဘယ်လိုပဲတွေးတွေး ဘယ်လိုအကြောင်းအရာကိုပဲ ကြံဆကြံဆ နောက်ဆုံး အဓိကအကြောင်းအရာခေါင်းစဉ်က မပြောင်းလာပါဘူး။ ဒါကြောင့် စိတ်ထဲတွေးတွေးပြီး ထန်လာတဲ့အကြောင်းအရာကို ပြေပျောက်လိုပြေပျောက်ငြား မီးဖိုချောင်ထဲဝင်ကာ စားကောင်း သောက်ဖွယ်တစ်ခုခုကို ပြုလုပ်စားသောက်ဖို့လုပ်လိုက်တယ်။ စားသောက်ပြီးပြန်တော့လည်း စိတ်အတွေးအကြံက မထူးပါဘူး။ နောက်ဆုံး မြင်ခဲ့ရတဲ့ ကောင်လေး မတ်တပ်ရပ်လေ့ရှိမယ့် အခန်းဝရံတာကို မြင်ကြည့်လို့ရမယ့် ပြတင်းပေါက်ဘက်ကို ကျွန်တော် သွားမိတယ်။ အခန်းပြတင်းတံခါးက မီးအလင်းရောင်မရှိ မည်းမှောင်နေသလို လှုပ်ရှားမှုတစ်စုံတရာကိုလည်း လုံးဝမတွေ့ရပါ။ ဟူး….ကျွန်တော်တွေးမိတာထက် သူ့ကိုကြောက်လန့်သွားအောင် အမူအရာတွေနဲ့ခြောက်လှန့်လိုက်သလိုဖြစ်သွားလားနော်။
အင်း…..အား…ဟုတ်ပြီ…။ တိုက်ခန်းဝရံတာလည်းမဟုတ်သလို လေသာဆောင်မှာလည်းမဟုတ်ဘဲ တိုက်တန်းလျားဝန်းကြီးအတွင်း မြေလွတ်နေရာရှိတဲ့ဘက်မှာ သူ့ကိုတွေ့လိုက်ရတယ်။ ဟုတ်တယ် မမှားဘူး သူပဲ။ ခြံစည်းရိုးခြုံပင်တန်းကို ကတ်ကြေးတစ်လက်နဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ညှပ်ဖြတ်နေတာပဲ။ ထုံးစံအတိုင်း ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ အဝတ်မကပ်ဘူးရယ်။ သူ့နံဘေး မလှမ်းမကမ်းမယ် မျိုးစေ့အိတ်သုံးလေးခုနဲ့အတူ တစ်ဘီးတပ် လက်တွန်းလှည်းလို့ခေါ်မလား wheelbarrow တစ်စင်းကိုတွေ့ရတယ်။ သည်တော့ သူ ဘာလုပ်ခဲ့သလဲ ဘာလုပ်နေလဲ ကျွန်တော် သိရှိရိပ်မိရပါတယ်။ New Eden ရဲ့ ဥယျာဉ်မှူးအသစ်လေးတစ်ယောက်ဖြစ်နေခဲ့တာပဲလား။ လှောင်ဖို့ သရော်ဖို့ခက်တဲ့ အလုပ်တစ်ခုပါ။ သည်တိုက်တန်းလျားကြီးက အကျယ်ကြီးဗျ။ ပိုင်ရှင်ဖြစ်သူကလည်း သည်တိုက်တန်းလျား ဝန်းကြီးတစ်ခုလုံး အပင်တွေနဲ့ စိမ်းစိမ်းစိုစိုအမြဲဖြစ်စေချင်တဲ့ လောဘရှိတယ်။ ပန်းခြံတစ်ခုလို အပင်ပေါင်းစုံကို ရာသီအလိုက် ပွင့်စေချင် တယ်ထင်ရဲ့။ အမျိုးအမည်မသိ ပန်းပင်တွေလည်း အတော်ပေါတာ။ အပင်ကိုပြုစုတာ၊ရေလောင်းတာ စတာတွေကို နေ့စဉ်နဲ့အမျှလုပ်ရ တာက မလွယ်ဘူး သူ့အချိန်နဲ့သူလုပ်ရတာမျိုး။ အခုတော့သိပြီ သည်ကောင်လေးအသားအရေက မဖြူသော်လည်း ညိုပြီးစိုနေရတဲ့ အကြောင်းရင်းလေ။
ကျွန်တော် လသာဆောင်အစွန်ကို တတ်နိုင်သမျှ တိုးကပ်ပြီး ငမ်းမိတဲ့ အိမ်နီးချင်းကောင်လေးကို အမျိုးမျိုးစိုက်ကြည့်မိတယ်။ ကျယ်ပြော တဲ့ သူ့ကျောပြင်ကျယ်ကြီးက ချွေးစက်များကြောင့် တင်းပြောင်နေသလို လုပ်နေတဲ့အလုပ်ကို အားသွန်ခွန်စိုက် အလုပ်လုပ်နေတာ ကြောင့် လက်မောင်းကြွက်သားတွေဟာလည်း ထင်းကနဲ ထင်းကနဲအမြှောင်းလိုက်ပေါ်ပေါ်လာတယ်။ ဘယ်အရာကိုမှ ဂရုမစိုက် လုပ်ရမယ့်အလုပ်ကိုသာ အားသွန်ခွန်စိုက် သူအလုပ်လုပ်နေတာဗျ။ အလုပ်လုပ်နေရင်း မတ်တပ်ထရပ်ကာ နဖူးကစီးကျတဲ့ ချွေးတွေကို လက်အိပ်စွပ်ထားတဲ့ သူ့လက်ဖမိုးနဲ့သုတ်တယ်၊ မျက်ဝန်းတဝိုက် ဝေ့ဝိုက်ကျနေတဲ့ ဆံပင်တွေကို နဖူးပေါ်ပင့်တင်တယ်လေ။ ပြီးတော့ သူဝတ်ထားတဲ့ ခပ်လျော့လျော့ဘောင်းဘီကြောင့် အဆီမရှိတဲ့ ဆီးခုံကြွက်သားကို ကောင်းကောင်းငေးခွင့်ရတာ ကျွန်တော့်အကြိုက်ပါ။ ရင်အုံကြွက်သားခပ်မို့မို့ ထက်မှာ ပန်းရောင်သမ်းနေတဲ့ နို့သီးခေါင်းခပ်လှလှ တစ်စုံကိုတွေ့ရတယ်။ အဖုဖု အတုံးလိုက်ကြီးမဟုတ် သော်လည်း ဗိုက်ကြွက်သားတုံးတွေက ကွဲပြားပေါ်လွင်နေတယ်။ ဗိုက်ကြွက်သားတုံးတွေအဆုံးနားကနေ ဝတ်ထားတဲ့ ဂျင်းဘောင်းဘီ ခါးမျော့ကြိုးအတွင်းပိုင်းထဲထိ ခပ်စုစုအမွှေးတွေဟာ မျဉ်းကြောင်းတစ်ကြောင်းလို တိုးဝင်ပျောက်ကွယ်သွားပါတယ်။
ကျွန်တော့်မှာတော့ လုံး၀ ဒင်ပြည့်ကျပ်ပြည့် ထန်နေတာများ ဝတ်ထားတဲ့ ဂျင်းဘောင်းဘီထဲမယ် မာတောင့်နေတဲ့ ငှက်ပျောသီးစိမ်းကြီး ထည့်ထားသလိုဖြစ်နေပြီ။ သူ့ခမျာ ရုန်းကန်တွန်းထိုးရလွန်းလို့ အတွင်းခံဘောင်းဘီမျှော့ကြိုးတင်းတဲ့အထိမို့ နာကျင်သယောင် အာရုံအသိခံစားရပါတယ်။ သက်ပြင်းမောတွေချပြီး သက်သောင့်သက်သာဖြစ်အောင် စိတ်လျော့ရတယ်ဗျ။ ငှက်ပျောသီးသာမက ရွှေဥတွေလည်း တင်းပြောင်ရလွန်းလို့ ခရမ်းရောင်ပြောင်းနေပြီထင်ရဲ့။ အဆုံးသတ်မတော့ ကျွန်တော့်ဆီကို စိတ်မညွှတ်သော ဂွင်ဆင်မရ ပတ်သက်လို့မရသေးသော ကောင်လေးကို မနေနိုင်မထိုင်နိုင် ငမ်းကြောထိမိခြင်းပါလို့။ တိုက်တစ်ဖက်ခြမ်းက ဥယျာဉ်မှူး ကောင်လေး လည်ပြန်မော့ကြည့်မလား မျှော်လင့်ရင်း စိတ်ထဲ အင်တင်တင်နဲ့ လေသာဆောင်ကနေ ထွက်လာခဲ့ရပါတယ်။
သူ့အကြည့် သူ့လှုပ်ရှားမှုကို ကျွန်တော်ပြင်းပြင်းပြပြ စူးစိုက်ကြည့်နေမိခဲ့တာပါ။ ကျွန်တော့်အကြည့်တွေသာ မြားတံတွေဆိုပါက သူ့ တကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေပြည့်နေရော့ထင့်။ ကြည့်ရင်း ကြည့်ရင်း ပထမဆုံးအကြိမ်သူ့ကိုတွေ့မြင်လိုက်စဉ်ကနဲ့မတူ နည်းနည်း ကွဲပြားသယောင်ထင်မြင်လာမိတယ်။ အချည်းအနှီးသက်သက်လား၊ မရေရာမသေချာမှုလား၊ ငမ်းငမ်းတက် တပ်မက်ခြင်းလားနော်။ သူ့ နဖူးရေကတော့ အကြောင်းသုံးကြောင်း မထင်းတထင်းပေါ်လာ တွန့်လာတာမျိုးတွေ့ရတယ်။ ဟော လက်မှာဝတ်ထားတဲ့ ရာဘာ လက်အိပ်ရှည်ကြီးကို သူချွတ်လိုက်တယ်။ ပြီးတော့ မလှမ်းမကမ်းက မြင်ခင်းပြင်ပေါ်ကို ခပ်ကြမ်းကြမ်းပစ်လွှင့်လိုက်ပါတယ်။ ဘာမှ ဆက်မလုပ်ဘဲ ခဏငြိမ်နေတယ်။ နောက်တော့ တုတ်တုတ်ခိုင်ခိုင် ဖယောင်းတိုင်တွေနဲ့တူတဲ့ သူ့လက်ချောင်းတွေကို ဖြည်းလေးစွာ၊ ရမ္မက်သွေးကြွစွာ ပါးစပ်ထဲထည့်ငုံပါတယ်။ စူတူတူ သူ့နှုတ်ခမ်းတွေက လက်ချောင်းတွေကို ငုံစုပ်နေတာများ တံတွေးတွေစိုရွှဲတဲ့အထိ ထင်ပါရဲ့။ အား….အဲ့လက်ချောင်းတွေနဲ့ သူ့ရင်အုပ်တဝိုက်ကို ပွတ်သပ်ရင်း ဆီးစပ်နားက အမွှေးခပ်စုစုတွေကို ကလိရင်းမှ နားသံသီး အရွယ်လောက်ရှိမယ့် နို့သီးခေါင်းအစုံကို လက်ချောင်းများအသုံးပြု ဖိညှစ်တယ်ဗျို့။
အခုတော့ ကျွန်တော့်မှာ လေသာဆောင်က မောင်ကြီးမခွာနိုင်ဖြစ်ပြီး တွဲလောင်းကြီးပြုတ်ကျမလား ပစ်လဲတော့မလား ဖြစ်ပါရော။ ဝတ်ထားတဲ့ ဘောင်းဘီထဲက ခုန်းထနေတဲ့ ညီဘွားကို အပေါ်ကနေ ပွတ်သပ်ဂုတ်ချိုးနေမိတယ်။ ကံဇာတာကောင်းတယ်လို့ ယုံရခက်ခက် ငမ်းကြောထမိသော ကောင်လေးလုပ်သမျှကို ရှင်းရှင်းလင်းလင်းမြင်ခွင့်ရသကိုး။ သူ့နှုတ်ခမ်းအစုံကို လျှာနဲ့သရပ်တယ်၊ သိသာမြင်သာစွာ လိင်စိတ်ထန်ကြောင်း ပြသတဲ့သဘော အခြားလက်တစ်ဖက်က ဗိုက်သားပြင်တဝိုက်ကို ပွတ်သပ်ပြန်တယ်လေ။ တဖြည်းဖြည်း ဘောင်းဘီမျှော့ကြိုးထဲကို လက်လျှိုထည့်လိုက်တာမို့ အထဲမှာ ခေါင်းထောင်ထနေတဲ့ မြွေဟောက်ကြီးရှိမှန်း ကျွန်တော် ရိပ်မိပါရဲ့။ သူ့ဘာသာသူ ပွတ်သပ် ကိုင်တွယ်နေရင်း ရုတ်တရက် ကျွန်တော်ရှိရာကို ဘာလို့မသိ တစ်ချက်မော့ကြည့်လာပါတယ်။
ရှူသွင်း ရှူထုတ်လုပ်နေတဲ့ ကျွန်တော့်အသက်ရှူမှု ရပ်တန့်သွားတာ သတိထားမိတယ်။ ကိုယ့်သွေးခုန်နှုန်းကိုယ် သတိပြုမိသည် သာမက ရင်ခုန်သံပါ နားထဲကြားရောင်မိတဲ့အထိပဲပေါ့။ သည် Sexy ကောင်လေးက ကျွန်တော်စိတ်ထန်အောင် တမင်လုပ်နေတာပဲ။ အပြေးပြိုင်ပွဲက ခွေးတစ်ကောင် ဟောဟဲစိုက်နေသလို ကျွန်တော်ဖြစ်နေပြီ။ ကျွန်တော်တို့နှစ်ယောက်သား ဖြစ်နေတဲ့ အခြေအနေကို တစ်ယောက်ယောက်များ မြင်တွေ့သွားမလားလို့ တိုက်တန်းအဝင်ဂိတ်ဘက်ကို စိတ်မလုံစွာ တစ်ချက် လှမ်းကြည့်လိုက်မိသေးတယ်။ ဒါပေမယ့် တစ်ယောက်တလေမှ မလာခဲ့ပါဘူး။ သည်တော့ နှစ်ယောက်သား အကြည့်တွေ၊ အပြုအမူ အမူအယာတွေနဲ့ လေထဲမှာ တိုက်စစ်ဆင်နေကြပါတယ်။ သူရယ် ကျွန်တော်ရယ်ပေါ့။
ဦးခေါင်းက ပတ်ဝန်းကျင်တဝိုက် ဟိုသည်တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ့ပေါင်ခွဆုံရှိရာကို ငုံ့ကိုင်းပြသေးတယ်။ သည့်ထက်ပိုပြီး ဘာတွေ လုပ်ပြစေချင်သေးလဲ၊ ဘာလိုအပ်သေးလဲဆိုတဲ့ ဟန်အမူအယာမျိုးထင်ပါ့။ ကိုယ့်ကိုယ်လည်းမမေးဘဲ ကျွန်တော့်မှာ အယောင်ယောင်အမှားမှား ခေါင်းဆက်တိုက်ငြိမ့်ပြလိုက်မိသေးတယ်။ ကျွန်တော့်ကို စာနာပါတယ် နားလည်ပါတယ်ဆိုတဲ့ ဟန်ဆောင် အမူအယာနဲ့ အပြုံးတစ်ချက် သူလှမ်းပြုံးပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်ချက်တွေက ဂျင်းဘောင်းဘီဇစ်ကို သူ ဆွဲဟချိန် ဘာမြင်ရမလဲဆိုတဲ့ ခံစားမှုကိုပဲ အာရုံရောက်သွားတယ်။ ပြောင်ပြောင်ဘွင်းဘွင်း ဂျင်းဘောင်းဘီဇစ်ကို ဆွဲဖွင့်ချလိုက်တာ ဘောင်းဘီက သူ့ခြေရင်းမှာ အပုံလိုက်ကလေးကျသွားတယ်လေ။ အိုး….သူ့မွေးရာပါပစ္စည်းအပြည့်အစုံကို အလုံးစုံအကုန်မြင်ရပါပြီ။
တော်တော်ရှည်ပြီး တုတ်တဲ့ သူ့အသားချောင်းကို အရင်းကနေ လက်နဲ့ဆုပ်ကိုင်ပြီး ဆီးစပ်ကို တဘတ်ဘတ်မြည်အောင်ရိုက်ခတ်ပြ တယ်။ မပျော့တပျော့ ငပဲကြီး ဘယ်လိုမတ်ထောင်လာတယ်ဆိုတာကို ကျွန်တော် အာရုံစိုက်မိတာများ တော်သေးတယ် လေသာဆောင် က ပြုတ်ကျမတတ်ဗျာ။ သူ့ငပဲက အဖျားပိုင်းက သေးပြီး အရင်းက တဖြည်းဖြည်းတုတ်ခိုင်သွားတဲ့ ပုံစံပါ။ ဆီးခုံက အမွှေးတွေကလည်း ကောက်ကွေးပြီး ခြုံပုတ်လေးလို စုနေပါတယ်။ လိင်တံကြီးက မာတောင့်လာရင်း ဗိုက်သားပြင်ရှိရာစီကို မတ်ထောင်ညွှန်ပြနေရော။ ကြီးမားကျယ်ပြန့်တဲ့ သူ့လက်သီးနဲ့ ငပဲကိုဆုပ်ကိုင်ထားတာ သွေးကြောတွေဖောင်းထလို့။ ငပဲထိပ်ခေါင်းက သူ့လက်ညှစ်အားကြောင့် လား မာတောင့်မှုကြောင့်လားမဆိုသာ ခရမ်းရောင်သမ်းချင်သလိုလို ဖြစ်နေပြီး ဝိုင်းဝန်းနေတဲ့ ရွှေဥနှစ်လုံးက အရွယ်မတိမ်းမယိမ်း တွဲလဲခိုနေပါတယ်။
သည်ကောင်လေးက ထူးထူးခြားခြား ယောက်ျားပီသသူတစ်ယောက်ပါ။ သူ့ဘာသာသူ ဘာကိုကျေနပ်နေတယ်မသိ ပြုံးရွှင်လို့။ ငပဲထိပ် ကိုဆုပ်ကိုင်ထားရာက ထိပ်အရေပြားကို နောက်ပြန်ဆွဲသလိုလှုပ်ရှားတာမို့ ကွမ်းသီးခေါင်းကြီးက ပြူးလို့ပေါ်လာပါတယ်။ ကျွန်တော်က ရော ဝတ်ထားတဲ့ဘောင်းဘီထဲမှာ ညီဘွားက မတ်ထောင်နေတာများ ကြာကြာလှပြီ။ ရှေ့မှာတကိုယ်တော်ဖျော်ဖြေနေတဲ့ ကောင်လေးရဲ့ လက်တိုက်ပွဲကို ကြည့်ရင်း ကျွန်တော်လည်း ကိုယ့်ပစ္စည်းကို အသာကိုင်ရင်း ငြင်ငြင်သာသာ ရှေ့တိုးနှောက်ငှင်ပြုလုပ်ပြီး သာယာနေရ ပါတယ်။ လှမ်းမြင်လိုက်ရတဲ့ ကျွန်တော့်အနေအထားကြောင့်ထင်တယ် သူ့မျက်ခုံးတစ်ဖက်က မြင့်တက်လို့ အံ့သြတဲ့ပုံနဲ့လှမ်းကြည့် တယ်။ သူ့ပစ္စည်းလောက်မထွားပေမယ့် ကျွန်တော့်ငပဲကလည်း ရှည်လျားပြီး မြင်တဲ့သူတိုင်းသဘောကျကြပါတယ်။ မဲနက်တောက် ပြောင်တဲ့ ဆီးခုံမွှေးရယ်၊ ဂေါက်သီးအရွယ် ရွှေဥနှစ်လုံးက ထူးခြားတယ်လို့ပြောကြတာပဲ။ ဝတ်ထားသော ဘောင်းဘီကို လျောချထား လိုက်တာမို့ အိထွေးဝိုင်းစက်နေတဲ့ တင်သားဆိုင်တွေကို လေအစုံက တိုးဝှေ့နေတဲ့အဖြစ် ကလိ ကလိ ခံစားရသလို ကျွန်တော့် တကိုယ်လုံး ပွတ်သပ်ခံရတဲ့အတိုင်း ကြက်သီးမွှေးညင်းထရပါတယ်။
ကောင်လေးက အားနေတဲ့ အခြားလက်တစ်ဖက်နဲ့ ကျွန်တော့်ကို ညွှန်ပြပြီး ကလိသလို ဖိတ်ခေါ်သလို အမူအယာပြတယ်။ အခြားလက် တစ်ဖက်ကတော့ သူ့ငပဲကြီးကို ဆုပ်ကိုင်ပြီး ငရုပ်ဆုံထောင်းသလို ထောင်းပြနေတာပါ။ နောက်တော့ သူ့လက်မောင်းတွေကို ကွေးညွှတ်ပြီး ကြွက်သားတွေကို ညှစ်ပြသလို ရင်အုပ်ပေါ်က နို့သီးခေါင်းတွေကို ကလိပြပြီး ကျွန်တော့်ကို ခေါင်းငြိမ့်ပြသေးရဲ့။ သည်ငနဲလေးက တကယ်လည်းမဖိတ်ခေါ်ဘဲနဲ့ ကြည့်ရသူ မရိုးမယွဖြစ်အောင် အမူအယာကော ဟန်ကောအပြည့် လှုပ်ရှားပြနေတာ ပါပဲ။
ဘယ်အညံ့ခံမလဲ ကျွန်တော်လည်း သူလုပ်ပြတာထက် မပိုရင်သာရှိမယ် ကြည့်မြင်ရသူ စိတ်လှုပ်ရှားအောင် ငပဲကြီးကို တဘတ်ဘတ် ခါရမ်းပြသလို တင်သားဆိုင်တွေကို ဖျစ်ညှစ်လိုက် ဖြဲပြလိုက်လုပ်ပြလိုက်တယ်။ သူကလည်း ကြည့်မြင်ရတာ သဘောကျကြောင်း ခေါင်းငြိမ့်ပြသလို လက်သိုင်းကစားနေတာကို ခပ်သွက်သွက်လှုပ်ရှားပြတယ်လေ။ ကျွန်တော်လည်း ညုတုတုပြန်ပြုံးပြရင်း လျှာကို အရှည်ကြီးထုတ်ကာ ချိုင်းထဲက အမွှေးတွေကို မမှီမကမ်းလျက်ပြုပြလိုက်၊ ရင်အုပ်အစုံက နို့သီးခေါင်းလေးတွေကို ပွတ်သပ် ကလိပြလိုက် အမျိုးမျိုးလုပ်ပြပစ်တယ်။ ဘယ်တုန်းကမှ တစ်စုံတစ်ယောက်အတွက် အဝတ်အစားတွေ ချွတ်ပြုပြီး ကလူ၏သို့ မြူ၏သို့ ကျွန်တော် မလုပ်ဖူးခဲ့။ ဒါကြောင့် ရူးနှမ်းသလို နည်းနည်းခံစားရသော်ငြား အိမ်နီးချင်းအသစ်ကလေးအတွက်တော့ ဆက်လုပ်မိပါတယ်။ သူ့ကြည့်ရတာလည်း သဘောကျပုံရတာကြောင့် ကျွန်တော် အမူပိုပိုထပ်လုပ်နေလိုက်တယ်ဗျ။ ပြီးတော့ ကျစ်လစ်တောင့်တင်းတဲ့ ကျွန်တော့် ကိုယ်ခန္ဓာ အနေအထားကို ပိုငမ်းလို့ရ သွားရေကျအောင် ကာယဗလမောင်စတိုင်လ်ဖမ်းပြမိသေးတာပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရ တဖက်သားရဲ့တိမ်းညွှတ်ပုံတွေမြင်ရတော့ ကျွန်တော့်လိုအင်ကို ရဲရဲဝံ့ဝံ့ ပါးစပ်လှုပ်တောင်းဆို လိုက်ပါတယ်။ ‘turn around’ ဟုတ်တယ်လေ နောက်ဘက်ပိုင်းကိုလည်း သွားရေကျချင်သေးတာကိုး။ ပထမတော့ သူ နည်းနည်း တွေဝေနေသေးတာပါ။ ဘေးဘီမှာ လူမရှိမှန်းသေချာမှ ကျွန်တော့်ဘက်ကို ကျောပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက် ကတည်းက ကြည့်မြင်ချင်လွန်းခဲ့သော သူ့နောက်ပိုင်းအလှကို အခုတွေ့ရပါပြီ။ သူ့တင်သားဆိုင်တွေက ခပ်မို့မို့နဲ့ ဝိုင်းစက်နေတာပါပဲ။ တင်သားဆိုင်နဲ့ ခါးအစပ်မှာ ထူးထူးခြားခြားသတိပြုမိလိုက်တာလေးက ပါးချိုင့်နှစ်ခုလို အချိုင့်လေးနှစ်ခုပေါ်နေတယ်ဗျ။ မဆိုးပါဘူး ရှိသင့်သလောက်ရှိတဲ့ တင်သားဆိုင်အလှမျိုးရှိသား။ သည်တော့ ကျွန်တော်ကလည်း ကိုယ့်တင်သားဆိုင်နှစ်ခုကိုဖြဲ လက်ခလယ်နဲ့ ခရေ၀ တဝိုက်ကို ပွတ်သပ်ကလိပြလိုက်တယ်။ မင်းလေး သည်လို သည်မျှလုပ်တတ်သလား လုပ်ပြဆိုတဲ့အထာပေါ့။
ခါးမှာထောက်ထားသော လက်နှစ်ဖက်ကို အောက်ကိုလျှောချလျက် သူ့တင်သားဆိုင်တွေကို ဖျစ်ညှစ်ပြတယ်၊ ပြီးတော့ အသံခပ်ကျယ် ကျယ်ထွက်တဲ့အထိ ဖြန်းကနဲနေအောင် ရိုက်ခတ်ပြပါရော။ ကျွန်တော့် ရင်ခုန်သံတွေ ထိပ်ကနဲခုန်သွားသလို ဆီးစပ်ကို ပြေးကပ်တော့ မယောင်ဖြစ်နေတဲ့ ပေါင်ကြားက ညီဘွားကို တင်းကနဲလက်နဲ့ဆုပ်ညှစ်မိပါတယ်။ သည်ကောင်လေးက တင်သားတဝိုက် ပွတ်သပ်ဖျစ် ညှစ်ပြရုံသာမက တင်အကွဲကြောင်းတလျှောက်ကိုလည်း စိတ်လှုပ်ရှားအောင် လက်ချောင်းလေးတွေနဲ့ပွတ်သပ်ပြတယ်၊ ပြီးတော့ ခရေဝထဲကို နစ်မြုပ်သွားမတတ် လက်ချောင်းထိပ်လေးတွေနဲ့ ဖိနှိပ်လိုက် ကြွလိုက်လုပ်ပြပါတယ်။ ရင်ခုန်သံ ဒုန်းဆိုင်းမြည်အောင် ပုံစံအမျိုးမျိုး လုပ်ပြန်နေရင်း မသိမသာ ကျွန်တော်ရှိရာကို ခိုးကြည့်ပြီး သွားဖြူဖြူတွေပေါ်အောင် တစ်ချက်ရယ်လိုက်သေးတယ်။ ပြီးတော့ သူ့ကိုယ်ပိုင်အရည်ကြည်တွေ စိုလူးနေသော လက်ချောင်းတွေကို ပါးစပ်ထဲ တစ်ချောင်းချင်းထည့်ငုံစုပ်ပြပြန်ရော။
Night Club မှာ သွားကြည့်စရာမလို မျက်နှာချင်းဆိုင်မှ အပြန်အလှန်အထာပေး ပြသနေသော Show ပွဲက အရှိန်ကောင်းနေပါတယ်။ နှစ်ဦးသား သာယာနေကြတာကတော့ မြေကြီးလက်ခပ်မလွဲပါဘူး။ ရုတ်ခြည်းဆိုသလို တိုက်ခန်းတွဲထဲမှ အခန်းတစ်ခန်းရဲ့ တံခါးဖွင့် လိုက်သံကိုကြားလိုက်ရတာကြောင့် ကျွန်တော်တို့နှစ်ယောက်သား ထခုန်မိမတတ်လန့်သွားကြရော။ လျင်လျင်မြန်မြန်ပဲ ကျွန်တော့် ခြေကျင်းဝတ်ရောက်နေသော ဘောင်းဘီတိုကို ဆွဲတင်ဝတ် ဘာမှမဖြစ်ခဲ့သလိုအနေအထားရောက်အောင် လုပ်လိုက်ရတယ်။ ပြီးတော့ အခန်းအတွင်းကို လျှပ်စီးလက်သလို ပြန်ဝင်ဖို့ဟန်ပြင်ချိန်မှာ ဝတ်ထားတဲ့ ဂျင်းဘောင်းဘီကို ခြေထောက်မှာ အပုံလိုက်ချကာ ငပဲကြီးကို အားရပါးရဆုပ်ကိုင်ပြနေသော ငနဲလေးကို သတိရသွားတာကြောင့် အမြန်ပဲ လှမ်းကြည့်မိတယ်။ အဝတ်အစားမဲ့ သူ့ ကိုယ်ခန္ဓာ ကောက်ကြောင်းကို အမြန် scan ဖတ်နေဆဲမှာ တိုက်ခန်းအုတ်လှေကားထောင့်ချိုးတစ်ခုထဲ လှစ်ကနဲပြေးဝင်သွားတာမြင်လိုက်ရတယ်။ အရှိန်တက်နေတုန်းမှာ အမြန်ပျောက်ကွယ်သွားတဲ့ ဥယျာဉ်မှူးကောင်လေးကို ငေးကြည့်မိတဲ့အဖြစ်ပါ။
ကျွန်တော်လည်း အခန်းထဲပြန်ဝင်ပြီး ဆိုဖာခုံရှည်ပေါ် နှလုံးတုန်ရင်ခုန်စွာ ထိုင်ချပစ်ပါတယ်။ ပေါင်ကြားက ညီဘွားက ခေါင်းထောင်ထ နေဆဲ၊ တကိုယ်လုံးလည်း ချွေးပြန်နေသလို အသက်ရှူသံလည်းမမှန်သေးပါ။ ခဏကြာတော့ တစ်ယောက်တည်း ဟက်ဟက်ပက်ပက် စရယ်မောမိတယ်။ လှစ်ကနဲထွက်ပြေးသွားတဲ့ ကောင်လေးရဲ့ပုံရိပ်ကို အခုအချိန်ထိ စိတ်ထဲမှာမြင်ယောင်နေတုန်းဗျ။ ဖင်တုံးလုံး ဝစ်လစ်စလစ်နဲ့ ဂျင်းဘောင်းဘီကို လက်ကပိုက်ယူလို့ တိုက်ခန်းထောင့်ချိုးဘက် ပျောက်သွားတာ။ ဒါကို ရယ်ကြောမိပြီး ကျောတွေအောင့် မျက်ရည်စို့ထွက်တဲ့အထိ ကျွန်တော် ရယ်မပြီးတော့ဘူး။
ကျွန်တော်သိတယ် သူ့နောက်ပိုင်းအလှကို နောက်တစ်ကြိမ် မြင်တွေ့ခွင့်ရဦးမယ်ဆိုတယ်။ ဟုတ်တယ် မကြာခင်ပေါ့။
***
Notes From The Author
မင်္ဂလာပါ စာဖတ်သူ သူငယ်ချင်းတို့ရေ။ ရေးခဲ့တဲ့ ဝတ္ထုအကြောင်းအရာလေးကို ဖတ်ရတာကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခါတလေ ဖြစ်တတ်တဲ့ အဖြစ်အပျက်အကြောင်းအရာလေးတွေကို ရေးဖွဲ့ခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် စာရေးဖို့အခွင့်ရတိုင်း ရေးနိုင်အောင် ကျွန်တော်ကြိုးစားပါ့မယ်။
Many Thanks,
Alex Aung (April 6, 2023)
No comments:
Post a Comment