Saturday, October 26, 2024

အိမ်နီးနားချင်း (အပိုင်း ၁)

 


                        ` ဖိုးခွား...အစ်ကိုကြီးကို နှုတ်ဆက်လိုက်အုံး...´ စကားပြောတတ်ခါစ ဖိုးခွားလေးမှာ မျက်နှာဖောင်းဖောင်းအိအိနှင့် အသားတွေက တစ်တစ်ရစ်ရစ် ရှိကာ တကယ့်ကို ချစ်စရာကောင်းသည်။ ဖိုးခွားလေး က အမေနှင့်မတူ။ သူ့အဖေ ကိုပိုင်နဲ့ တပုံစံတည်း။ ပြူးကျယ်ကျယ်မျက်လုံးများက အမြဲတောက်ပနေသည်။ မျက်ရစ်လေး ထင်းထင်းကလည်း ကိုပိုင့် သားပါလို့ ပြောနေသလိုပင်။ မသိမသာ လှိုင်းတွန့်ရှိသော ဆံပင်ပုံက အစ သဘာဝအတိုင်း လာတူနေပြန်သည်။ ဖိုးခွားက သူ့အမေနဲ့တူတာက ဖြူဖွေးနုနယ်တဲ့ အသားအရေ။ ဒီကလေး ကံကောင်းသည်။ အဖေနှင့် အသားအရေတူ လို့ကတော့ မည်းမည်းသည်းသည်းလေး ထွက်လာမည်။ ဖိုးခွားလေးကို တချက်ပွေ့ချီလိုက် ရင်း

                        ` ကိုကြီးကို အကြာကြီးမခွဲရဘူးနော်....ဖိုးခွားလေး မရှိရင် ကိုကြီး ပျင်း နေတော့မှာ...´ ဖိုးခွားလေး အမေ မမိုးက သွားတက်လေး ပေါ်အောင် ပြုံးလိုက်သည်။ မမိုးနဲ့ ကိုပိုင်နှင့်ယှဉ်လိုက်ရင် မမိုးက အများကြီးပိုချောနေသည်။ ကိုပိုင်က အခန်းတံခါးသော့ကို သေချာ ခတ်ရင်း

                        ` ကေ၀ ... မင်းလားပျင်းမယ့်ကောင်....သူငယ်ချင်းတွေကိုတောင် အချိန် မနည်းပေးနေရတာ´ ကိုပိုင် ပြောတာလည်းမှန်သည်။ ဒါပေမယ့် အကုန်လုံးမမှန်။ သူငယ်ချင်း တွေဆိုတာ စာမေးပွဲနီးမှ ကျွန်တော့်ကို စာလာရှင်းခိုင်းဖို့သက်သက်ပင်ဖြစ်သည်။ သွားစရာ လာစရာ ပျော်စရာ ရှိရင် ကျွန်တော်မပါ.။ စာမေးဖို့၊ အလှူငွေကောက်ဖို့၊ကျူရှင်လခ ကောက်ဖို့ဆိုရင် ကျွန်တော်က မပါမဖြစ်။ ကျွန်တော့်ကို ဖုန်းဆက်ရင်လည်း သူတို့ မေ့နေသော သူငယ်ချင်းတယောက်ယောက်ရဲ့ဖုန်းနံပါတ် ကိုမေးရင်မေး၊ မမေးရင် သူတို့ ဒီလ ကျူရှင်လခ ကိုနောက်ကျ မှပေးမည်။ ခဏတာ စိုက်ပေးထားပါ။ ကျွန်တော့်အဖို့တော့ ဒါတွေဟာ ရိုးအီနေပြီ။ တခါတလေ ကျွန်တော်က မအားလို့ စာမရှင်းပြရင် ဂျွန်ေ၀ က စိတ်ပုတ်တယ်ဆိုတာ ကပြောသေး။ ကျွန်တော့်မှာ တိုင်ပင်စရာ ညီအစ်ကို မောင်နှမ ကလည်းမရှိ။ အားအားရှိ ကိုပိုင်သာ ကျွန်တော့်ရဲ့ အကြောင်းတွေကို ရင်ဖွင့်ခွင့်ပေးသော အစ်ကိုကြီး။ ကျွန်တော့်ကို အစစ အရာရာသင်ပေးသော အစ်ကိုကြီး။ အခုလည်း ကျောင်းပိတ်ထားပါတယ်။ သူငယ်ချင်းတွေက ကိုယ်စီ ခရီးထွက်ကြသည်။ ကျွန်တော့်ကို လိုက်ပါအုံးလား မခေါ်။ ကျွန်တော်က တကယ့်ကို အပေါင်းအသင်း မဆံ့တဲ့သတ္တဝါလား။

                        ` ကိုပိုင် ကလည်း အတည်ပေါက်နဲ့ မနောက်နဲ့လေ…ကျွန်တော့်အကြောင်းလည်းသိသားနဲ့..´

                        ` ကဲ…ငါ့မောင်လေးက အိမ်ကို သေချာကြည့်ပေးထား…ပြန်လာရင် မုန့်တွေဝယ်ခဲ့ပေးမယ်´ ကိုပိုင် ရဲ့မိန်းမ မမိုးက အင်းလေးဇာတိ။ ကျွန်တော်မှာနေကျအရာကိုပဲ ကျွန်တော် မှာလိုက်တော့တယ်။

                        ` ကျွန်တော် မုန့်တော့မစားတော့ပါဘူး…ပြန်လာရင် ကျွန်တော့်အတွက် ချည်သားစစ်စစ်နဲ့ ချုပ်ထားတဲ့ ချည်အင်္ကျ ီလေးတထည်ပဲဝယ်လာခဲ့ပေး…ပြန်လာရင် ကျွန်တော် ပိုက်ဆံပြန်ပေးမယ်´ ဖိုးခွားလေးက ကျွန်တော့်ဆံပင်ကို လာဆွဲသည်။ သနားခါးအဖွေးသားနဲ့ ဖိုးခွားလေးရဲ့ ပါးပြင်အိအိ လေးကို အားရပါးရ နမ်းပစ်လိုက်သည်။

                        ` တွေ့လား..မိုး… ကေ၀ က တကယ်ခင်တာမဟုတ်ဘူး…တစိမ်းဆန်တယ်…´ ကိုပိုင်က ပြောရင်းနဲ့ လှေကားထစ်တွေအတိုင်း ဆင်းသွားသည်။

                        ` ဟာ …မဟုတ်ပါဘူး ကိုပိုင်ရာ…ကျွန်တော်က ဈေးကြီးမှာ ကြောက်လို့…´

                        ` မင်းအဲ့ဒီလိုမျိုးတွေကြောင့် သူငယ်ချင်းတွေက မင်းကို အလိုရှိမှသုံးကြတာ´ ကိုပိုင် အဲ့ဒီလို ပြောဖူး သည်။ သူငယ်ချင်း ဆိုတာ ဘယ်လို အဓိပ္ပာယ်ဖွင့်ရမလဲ။ ကျွန်တော်က ကလေးချီပြီး သူတို့နောက်ကလိုက်ဆင်းသည်။

ကျွန်တော်တို့နေတာ သိပ်မမြင့်တော့ အဆင်ပြေသည်။ ဖိုးခွားလေးက ခါတိုင်းထက် ပိုလေးလာသည်။

                        ` ကဲ… ကဝေ…ရပြီ…အိမ်ပေါ်တတ်တော့…ဒီတခေါက် မင်း နှစ်အိမ်စလုံးစောင့်ပေ့ါ´ ကျွန်တော့် အဖေ နဲ့ အမေက သူ့မောင်နှမတွေခေါ်လို့ နယ်ပြန်သွားသည်။ တစ်လ လောက်ကြာမည်ထင်။ အခုတော့ ကျွန်တော် တစ်ယောက် တည်းပျင်းလို့ကျန်ခဲ့တော့မည်။

                        ` ကိုပိုင် တို့ ဘယ်တော့လောက်ပြန်လာမှာလဲ…´

                        ` အခြေအနေအရပေါ့ကွာ…´

                        ` အင်း…ကဲ…ဖိုးခွားလေး…အကြာကြီးမနေနဲ့နော်…ကိုေ၀ လွမ်းနေမှာ….´ မမိုးက ပစ္စည်းတွေကို ကားထဲထည့်သည်။ မမိုးက ကိုယ်လုံးကိုယ်ပေါက်လည်းလှသည်။ ကလေး အမေဖြစ်တာတောင် အခုထိ လှပတုန်း။ ဖိုးခွားလေးရဲ့ ပါးကို နောက်တစ်ခေါက်ထပ်နမ်း လိုက်သည်။

                        ` ငါ့သားကိုပဲ နမ်းမနေနဲ့… ငါ့သားကို ကောင်မလေးတွေနမ်းဖို့လည်းချန်ထားအုံး´ ကိုပိုင်က စကား ပြောရင် တည့်ပြောတတ်ပေမယ့် တကယ့်ကို ခင်တတ်သည်။ ကျွန်တော့်ကိုလည်း ညီအရင်းတစ်ယောက်လို ခင်သည်။

                        ` မရပါဘူး…ဖိုးခွားလေးက ကျွန်တော်နမ်းဖို့…ဟုတ်တယ်မလား…ဖိုးခွား…ဖေကြီးကိုပြော ပြလိုက် ကိုေ၀ ကိုချစ်တယ်လို့..´ ဖိုးခွားလေးက တခစ်ခစ်နဲ့ရယ်သည်။ ဂျယ်လီတွေ၊ မုန့်တွေကြောင့်လားမသိ။ ကျွန်တော့်ပါး ကို တချက် ပြန်နမ်းလိုက်သည်။

                        ` ဟား…တွေ့လား ကိုပိုင်…ကျွန်တော့်ကို နမ်းတယ်…´ ကလေးကို မမိုးလက်ထည့်လိုက်သည်။

                        ` နမ်းမှာပေါ့…ကေ၀ ကို မိန်းခလေး ထင်လို့နေမှာပေါ့…´ ထိုစကားက သာမန်လူအတွက် ဘာမှ မဟုတ် ပေမယ့် ကျွန်တော့် လိုလူအတွက် ခံစားရသည်။ စိတ်မကောင်းဖြစ်သွားသည်။ ကိုပိုင် ကျွန်တော် ဂေး ဆိုတာကို သိနေတာလား။

                        ` ကဲပါ…ကိုပိုင်…စိတ်ချ…အိမ်ကို ကျွန်တော် သေချာကြည့်ပေးထားမယ်….စိတ်ချလက်ချသွား…. ဒါပေမယ့် အကြာကြီးမနေပါနဲ့…ဖိုးခွားလေးကို မခွဲနိုင်ဘူး…´ ကျွန်တော် အမှန်အတိုင်းဝန်ခံရလျှင် ဖိုးခွားလေးထက် ကိုပိုင်ကို ကျွန်တော် မခွဲချင်။ အသားညိုညိုနှင့် ယောကျာ်းပီသသော၊ အစ်ကို ရင်းတယောက်လို ဂရုစိုက်သော ကိုပိုင် ကို

ကျွန်တော် ခဏလေးမှတောင် မခွဲချင်ပါ။

                        `ပိုနေပြန်ပြီ…ကဲသွားပြီ။´ မမိုးက ဖိုးခွားလေး လက်ကိုကိုင်ပြီး..

                        ` သား…ကိုဝေ့ကို တာ့တာ လုပ်လိုက်….´ ဖိုးခွားလေးက သူ့လက်ကလေးကို ရမ်းပြသည်မှာ ချစ်စရာ ကောင်းသည်။ ကိုပိုင်က ကျွန်တော့်ကို ကိုယ့်ကိုကိုယ် ဂရုစိုက်လို့ ပြောလိုက်သည့် အကြည့်မျိုးဖြင့်ကြည့်လိုက်သည်။

                        ` တာ့တာ… အာဝါး…´ ကိုပိုင်တို့ ကားလေး တအိအိ လှိမ့်သွားသည်။ ကျွန်တော့် ရင်ထဲမှာ ဘာမှန်း မသိ လွမ်းဆွတ်မိသည်။ ကျွန်တော် အိမ်ပေါ်ချက်ချင်းမတတ်သေးဘဲ ကိုပိုင်တို့ကားလေး လမ်းထဲက ထွက်သွားသည့်အထိ ကြည့်နေမိသည်။ မိုးသားတွေညို့လာသည်။ မိုးတွင်းရဲ့ မြေသင်းနံ့လေးက ဆွတ်ပျံ့လာသည်။ မိုးတပေါက်စ နှစ်ပေါက်စ ရွာလာသည်။ ဒီညတော့ မိုးအေးအေးထဲမှာ လွမ်းရတော့မည်။ မိုးစက်တွေ ကျွန်တော့် ခေါင်းပေါ် ကျလာမှ ကျွန်တော် အိမ်ပေါ်ပြေးတတ်လိုက်သည်။ အဝတ်တွေ သိမ်းရအုံးမည်။

 

                                                + + +

 

 

                        ဖိုးခွားလေး တို့သွားတာတောင် နှစ်ရက်မြောက်ရှိသွားပြီ။ အမေတို့ အဖေ တို့တောင် နောက်သုံး ရက်နေဆိုရင် ပြန်လာမည်။ မလာရင်လည်း ကျွန်တော်ပျင်းလို့သေနိုင်သည်။ တစ်နေ့တစ်နေ့ TV မကြည့်ရင် အင်တာနက် ဆိုင်နဲ့ အချိန်ကုန်နေတတ်သည်။

                        ` ကဝေ…ကဝေ….´ ကိုပိုင်ရဲ့ခေါ်သံ။ ကေ၀ လို့ခေါ်တာ ကိုပိုင်က လွဲလို့ ဘယ်သူရှိအုံးမှာလဲ။ ကျွန်တော် တံခါးကို အမြန်သွားဖွင့်လိုက်တော့ ကိုပိုင်က လှေခါးရဲ့ တဝက်တောင်ရောက်နေပြီ။ ကျွန်တော် အမြန်ပြေးဆင်း လိုက်သည်။

                        ` ကိုပိုင် ဒီတခေါက်တော့ စောသားပဲ…´ အထုပ်တွေကို သယ်ရင်း ကိုပိုင်က လှမ်းအော်သည်။

                        ` ဖြည်းဖြည်းဆင်း…မင်းချော်ကျလို့ကတော့ သုံးယောက်စလုံးမသာ ပေါ်မယ်..´ ကျွန်တော် လှမ်းကြည့်လိုက်တော့ ကျွန်တော့် အရွယ်သာသာ ကောင်လေးတစ်ယောက်ကိုတွေ့သည်။ ကိုပိုင့် လက်ထဲက အထုပ် ကို ကျွန်တော် လှမ်းယူလိုက်သည်။

                        ` ကိုပိုင်..ဖိုးခွားလေး တို့ကော…´

                        ` အပေါ်ရောက်မှမေးတော့…´ ဒါဆို ဖိုးခွားလေးနဲ့ မမိုးနေခဲ့သည်ပေါ့။ ထူးဆန်းသည်။ အရင်တနှစ်က တမိသားစုလုံးပြန်လာသည်ပဲ။ အိမ်ထဲရောက်တော့ ကိုပိုင် အထုပ်တွေချပြီး အရင်သွားထိုင်သည်။ ကျွန်တော့် အိမ် ဝင်သွားပြီး ရေဘူးနဲ့ ရေခွက်သွားယူလိုက်သည်။ ရေခဲရေထည့်ထားသော ရေခွက်ကို ကိုပိုင် ကိုအရင်မပေးဘဲ ကိုပိုင် နှင့်ပါလာသော သူကိုပေးလိုက်သည်။

                        ` ကေ၀ တို့များ အသစ်တွေ့တော့ အဟောင်းမေ့တယ်….´ ကိုပိုင့် စကားက စရုံသက်သက် ဆိုပေ မယ့် စကား က အဓိပ္ပာယ် နှစ်မျိုးထွက်နေသည်။

                        ` မဟုတ်ရပါဘူးဗျာ။ ဧည့်သည်ကို အရင် ဧည့်ခံတာပါ။ ကိုပိုင်က အိမ်ရှင်ပဲဟာ´ ကိုပိုင်နှင့်ပါလာသော ကောင်လေးမှာ မမိုးနဲ့ရုပ်ဆင်သည်။ အရပ်အမောင်းက ကိုပိုင့်ထက်တောင် မြင့်သေးသည်။

                        `ကဲ…ရေဘူး ပဲငါ့ကိုပေးတော့…´ အင်္ကျ ီကြယ်သီးကို ရင်ညွန့်အထိဖွင့်ထားသော ကိုပိုင့်ရဲ့ ရင်အုပ်ကားကားကို ကျွန်တော် ငေးမိသည်။ ရင်ဘတ်မွေး ရေးရေးလေးက ကိုပိုင့်ရဲ့ မောက်မို့နေသော ရင်အုပ်အလှကို အားဖြည့်ပေးသည်။ ရေဘူး ကို အားရပါးရမော့သောက်လောက်သည်။ ပါးစပ်ကနေ စီးကျလာတဲ့ ရေစီးကြောင်းက ရင်ဘတ် မွေးတွေကြား ကွေ့ကွေ့ကောက်ကောက်စီးဆင်းသွားသည်။

                        ` ခုမှပဲ အမောပြေသွားတယ်… ကဝေ…ဒါ မမိုးရဲ့ မောင်ဝမ်းကွဲ… ရန်ကုန်မှာ အင်္ဂလိပ်စာ သင်တန်းလာတတ်တာ… မင်းက ဘိုလိုမှုတ်တာကျွမ်းတယ်ဆိုတော့… မင်းသူနဲ့ မှုတ်လို့ရတာပေါ့´ ကိုပိုင့်စကားတွေက ရှေ့မလွတ်နောက်မလွတ်။ ကိုပိုင်ပြောတာကို ကျွန်တော် ထပ်ဖြေမရှင်းတော့။

                        ` ဒီလောက်လဲမဟုတ်ပါဘူးဗျာ… ကျွန်တော့်နာမည် ဂျွန်ဝေ..ပါ။ ကိုပိုင်ခေါ်သလို ကေ၀ လို့ခေါ်လည်းရပါတယ်။ ´ ကိုပိုင့်ယောက်ဖက တကယ့်ကိုလှိုက်လှိုက်လှဲလှဲပြုံးပြသည်။

                        ` အာကာ ပါ။ နာမည်အရင်းက အာကာမိုးမြင့် ပါ။´ သူ့နာမည်ကို သူခေါ်ရင်း နှုတ်ခမ်းထောင့်က အပြုံးတစ်ခု ဖြတ်သွားသည်။ ဘာသဘောနဲ့ ရီတာလဲ။

                        ` နာမည်က အရှည်ကြီးပဲ…´

                        ` နာမည်တင် ရှည်တာမဟုတ်ဘူးကွ… ´ ကိုပိုင်ရဲ့ထုံးစံအတိုင်း စကားက ရှေ့နောက်မလွတ်။

                        ` ကိုပိုင်က မြင်ဖူးလို့လား´ ဒီတစ်ခါတော့ ကျွန်တော် ပြန်တွယ်လို့ရပြီ။

                        ` ကေ၀ တို့များ…. ဒါပဲတွေးနေတယ်….ငါက အရပ်ရှည်တာကိုပြောတာ…´ အာကာ ကကျွန်တော့်ကိုကြည့်ပြီး ပြုံးရုံတင်ပြုံးလိုက်သည်။ ရီရမှာ အားနာလို့နှင့်တူသည်။ ခံပေအုံး ကဝေ…။

                        ` ကိုပိုင်…ကျွန်တော့်ကို ဖဲ့မယ်ဆိုတာကြီးပဲ…´ ကိုပိုင်က နှဖူးပေါ်က ချွေးကို ပုဆိုးကိုဖြေပြီး သုတ်လိုက်သည်။ ကိုပိုင့်ရဲ့ ကိုယ်ရနံ့ က ကျွန်တော့်ကို တကယ်ပဲ မူးယစ်ရီဝေသွားစေသည်။

                        ` မင်းက ဖဲ့ချင်စရာကိုကွ´

                        ` ကိုပိုင်….´ ကျွန်တော် တချက်ပဲ ခပ်ကျယ်ကျယ်အော်ပေးလိုက်သည်။ ကိုပိုင်က ပုဆိုးကို ခပ်တိုတိုဝတ်လိုက်ပြီး ကျွန်တော့်ပါးတွေကို လက်နှစ်ဖက်နဲ့ သူလုပ်နေကျအတိုင်း ဆွဲညစ်လိုက်သည်။

                        ` အာ…နာတယ်ဗျ…´

                        `မင်းက ပိုကိုပိုတယ်….ကဲ…ငါ အိမ်သာသွားတတ်လိုက်အုံးမယ်…မင်းတို့နှစ်ယောက်စကား ပြောနှင့်´

ကိုပိုင်ရဲ့ တခါတခါ အခုလို လုပ်ပုံက ကျွန်တော့်ကို အရူးအမူးဖြစ်သွားစေသည်။ ကိုပိုင့်အနေနဲ့ကတော့ ညီငယ် တစ်ယောက် ကိုချစ်လို့ ပုံမှန် ဆက်ဆံတာမျိုး။ ဒါပေမယ့် တခါတခါ ကိုပိုင့် အကြည့်တွေက…။ နောက်ဖေးကို တဒုန်းဒုန်း လမ်းလျောက်သွားတဲ့ ကိုပိုင့်ရဲ့ ကျစ်လစ်လုံးဝန်းနေတဲ့ ဖင်တွေကို ကျွန်တော် ငေးမိသွားသည်။

                        ` ကဝေ… ဘာတတ်ဖို့ စိတ်ကူးထားလဲ…´ အာကာ့ ရဲ့ အသံက တည်တည်ငြိမ်ငြိမ်။ ခုမှသေချာကြည့်မိသည်။ အာကာ မှာ တကယ့်ကို ကြည့်ကောင်းတဲ့ ချွန်မြတဲ့နှာတံရှိသည်။ ပါးလွနေတဲ့ နှုတ်ခမ်းတွေက အခုလို ဆွဲဆောင်မှုရှိတဲ့ စကားသံတွေ ထွက်ပေါ်လာတာလား။

                        ` နိုင်ငံခြားဘာသာ တက္ကသိုလ်တတ်မယ်လို့ တော့စိတ်ကူးထားတာပဲ…အာကာကော..´

                        ` ကျွန်တော်က အီးမေဂျာ တတ်ချင်တယ်…ကိုပိုင် ပြောသလို ဘိုလိုမှုတ်တတ်ချင်တယ်…´ အာကာ ကလည်းမ လွယ်ပါလား။ စကားထဲက ဇာတိပြနေပြန်ပြီ။

                        `ကျွန်တော်လည်း အင်္ဂလိပ်စာဝါသနာပါတယ်။ အင်္ဂလိပ် ဝတ္ထုတွေဖတ်ရတာကို ကြိုက်တယ်။´

                        ` ကျွန်တော်လည်း အရမ်းကြိုက်တယ်။ ဝတ္ထုတိုလေးတွေဖတ်ရတာပိုကြိုက်တယ်´ အာကာ စကားပြောရင် မျက်လုံးတွေက ပြုံးနေသည်။ ခုမှ သေချာသတိထားမိသည်။ အာကာရဲ့ ရှေ့သွားလေးနှစ်ချောင်းက သိသိသာသာကြီးနေသည်။ ယုန်သွား လေးနှင့် ချစ်ဖို့ကောင်းသည်။

                        ` ဟုတ်ပ… ဝတ္ထုရှည်တွေဆို… ဘယ်တော့မှဖတ်လို့မပြီးဘူး….´ ပြောရင်းနှင့် ကျွန်တော် ခုမှ သတိရသည်။ ကိုပိုင် ဒီတခါ သွားတာ ၂ရက်ပဲရှိသေးသည်။ အစောကြီးပြန်လာသည်။

                        ` တူတူပဲ.`

                        ` အေ…ဒါနဲ့…ကိုပိုင်…ဘာလို့အစောကြီးပြန်လာတာလဲ…´ ကျွန်တော် ကိုပိုင့်ကို မေးလျင် ဖြေချင်မှ ဖြေမည်။ ကိုပိုင့် အကြောင်းအသိဆုံး။

                        ` ကျွန်တော့်ကို မပြောနဲ့လို့ ပိတ်ထားပေမယ့်…ကျွန်တော့်ကြောင့်ဖြစ်တာဆိုတော့ ပြောမှဖြစ်မယ်…ဒါပေမယ့် …ကိုပိုင့်ကိုတော့ ကျွန်တော်ပြောတယ်ဆိုတာ သွားမပြောလိုက်ပါနဲ့…မသိသလိုပဲနေပေးပါဗျာ´

လေသံ ချက်ခြင်းကိုပြောင်းသွားသည်။ လေသံက ခြေထောက်ဖော့လမ်းလျောက်လာသလို ဖော့ဖော့လေး။ ဒါပေမယ့် စကားလုံးတိုင်းက ကြည်လင်ပြတ်သားနေသည်။ အာကာ ရဲ့ ဆွဲဆောင်နိုင်မှုတွေက တယ်လည်းများသကိုး။

                        ` အင်း..ကျွန်တော် ကတိတည်ပါတယ်´ အာကာ က သူ့နှုတ်ခမ်းတွေကို တချက်စုပ်သတ်လိုက်သည်။

                        ` ဟိုမှာ မမိုးနဲ့ အကို စကားများကြတယ်။ တော်တော်လေး များကြပုံတယ်။ ကျွန်တော် သူတို့အိမ်ရောက်သွားတော့ တစ်ယောက်နဲ့တစ်ယောက်စကားမပြောဘူး။ ခု ဒီနေ့ အကို ကျွန်တော့်ကိုခေါ်ပြီး ချက်ချင်း ရန်ကုန်ဆင်းချလာတာပဲ´ မမိုးက စကားနည်းနည်းများတာ ကျွန်တော်အသိ။ ယောကျာ်း ဆိုတာကလည်း ကျောပူတာ ခံနိုင်တယ် နားပူတာ မခံနိုင်တဲ့အမျိုးအစားဆိုတော့။

                        ` ဒါဆို..မမိုးနဲ့ ဖိုးခွားလေး က ဘယ်တော့ ပြန်လာမှာလဲ´

                        ` ကျွန်တော်လည်းမသိ။ အကို သွားခေါ်မှ ပြန်လာမယ်ထင်တာပဲ…´

                        ` အင်း…´ ကျွန်တော် ကိုပိုင် အိမ်နောက်ဖေးက ထွက်လာတာမြင်တော့ အာကာ့ကိုမျက်စပစ်ပြလိုက်သည်။

                        ` ကျွန်တော့်မှာ အင်္ဂလိပ်ဝတ္ထုတွေရှိတယ်…အာကာ ယူဖတ်ချင်ရင် ယူဖတ်လေ။´

                        ` မပေးဖတ်လည်း တောင်းဖတ်မှာ´ ကိုပိုင် က နားစွန်နားဖျားကြားပြီး

                        ` မင်းတို့တွေ ယောကျာ်းချင်းချင်း ဘာကို ဖက်မှာလဲ…´ ကိုပိုင်က ပုဆိုးကို ဖြန့်ပြီး ပုဆိုးခါးပုံစနှင့် အားရပါးရသုတ်နေသည်။ GYM သွားပြီး တကူးတက လေ့ကျင့်မထားပေမယ့် ကိုပိုင့်ရဲ့ Belly သားတွေက ကျစ်ကျစ်လစ်လစ်။ ချက် အောက်တည့်တည့်မှာ အောက်ကိုပြေးဆင်းသွားသော အမွေးကောက်ကွေးကွေးလေးများ ကိုတချက် တချက် မြင်လိုက်ရသည်။ ကိုပိုင့် ရဲ့ အတွင်းခံ အဖြူရောင်ကိုတွေ့လိုက်ရသည်။ ကိုပိုင်က အတွင်းခံဆို အဖြူပဲ ဝတ်တတ်တာကို မမိုးတခေါက်ပြောလို့သိသည်။ အဖြူရောင် ကိုဖြူဖွေးနေအောင် လျှော်ရတာလောက် စိတ်ညစ်ဖို့ကောင်းတာ မရှိ။

                        ` ကိုပိုင်က ဒါပဲတွေးနေတယ်။´

                        ` ကေ၀ နဲ့ နေတာကြာလို့ ဓာတ်ကူးသွားတာ´

                        ` ကျွန်တော်ဒါမျိုးတွေစိတ်မဝင်စားဘူး´ ကိုပိုင်က တဟက်ဟက်နဲ့ သောက်မြင်ကပ်ဖို့ကောင်းတဲ့ ရယ်သံနဲ့ရယ်လိုက်သည်။ပြီးမှ

                        ` အဟမ်း..ဟမ်း…ဟွတ်…ချောင်းကလည်း အလိုက်ကမ်းဆိုးမသိ ခုမှဆိုးတယ်…´

                        ` တော်ပြီဗျာ…ကျွန်တော်…အိမ်မှာရေနွေးအိုးတည်ထားတယ်…သွားကြည့်လိုက်အုံးမယ်…´ ကိုပိုင့်အကြည့်က တချက်ပြောင်းသွားသည်။ `မင်းကဘာသဘောလဲ´ ဆိုတဲ့ အကြည့်မျိုး။

                        ` သဘော… ငါက..သွားချင်တဲ့သူကို မတားတတ်ဘူး…´ ကိုပိုင်ရဲ့လုပ်ရပ်တွေက တခါတလေ မုန်းဖို့ကောင်းသည်။ ဘယ်လိုပဲပြောပြော အကြည့်စူးရှတဲ့ကိုပိုင့် အကြည့်တွေကိုတော့ ကျွန်တော်မခံနိုင်ပါ။

                        `အာကာ…နောက် ၁နာရီလောက်ကြာရင် ကျွန်တော်လာခေါ်မယ်…ခုတော့ အေးဆေးနားပြီး ရေမိုးချိုးထားပေါ့…´

                        `ဘယ်သွားကြမှာလဲ…´

                        ` ဘယ်သွားသွားပေါ့… ကိုပိုင့်ကို ခေါ်လို့လား´ ကိုပိုင်က ဗြုန်းခနဲ ကျွန်တော့်ခါးကို အနောက်ကနေ သိုင်းဖက်လိုက်ပြီး ကျွန်တော့် လည်ပင်းတွေကို ခပ်ဖွဖွကိုက်လိုက်သည်။

                        ` အား…နာတယ်ဗျ´

                        ` မင်းက တကယ့်..ကောင်မလေး အတိုင်းပဲ…စိတ်ကောက်တယ်…နောက်တခါ…ခုလိုလုပ်ရင် ကိုက်စားပစ်မယ်…´ ကျွန်တော် ကိုပိုင့် လက်တွေကို အတင်းဆွဲဖြုတ်တော့ ကျွန်တော့်ညာဖက် တင်ပါးတွေကို ခပ်ပျော့ပျော့ အသားချောင်းရဲ့ ထိတွေ့မှုကိုခံစားလိုက်ရသည်။ ကိုပိုင် မမိုးရှိရင် ဒီလိုမျိုးတခါမှမလုပ်တတ်။

                        ` စားလို့ရမလား…တော်ပြီဗျာ…ကျွန်တော်သွားတော့မယ်…တော်ကြာ ရေနွေးအိုးဝေကျနေအုံးမယ်´

ကိုပိုင်ရဲ့ မုတ်ဆိတ်ငုတ်တိုလေးတွေက ကျွန်တော့်တကိုယ်လုံးကို ကြက်သီးတွေ တဖျန်းဖျန်းထသွားစေသည်။

                        ` နောက်..စိတ်ကောက်ရင်…တကယ်ကိုက်စားပစ်မယ်…ခုတော့ ထားလိုက်တော့…´ ကျွန်တော့်ကို လွတ်လိုက်တော့ လည်ပင်းပေါ်က ကိုပိုင့်ရဲ့ တံတွေးတွေက စိုစိစိ။ ရင်ဘတ်ထဲအထိ နွေးထွေး သွားသည်။ အခု လုပ်ပုံမျိုးကို မမိုး မြင်လို့ကတော့ ဘယ်လိုနေမှန်းမသိ။ အာကာ ကတော့ သေသေချာချာကို မျက်လုံးအဝိုင်းသားနှင့်ကြည့်နေသည်။

                        ` အရမ်းညစ်ပတ်တယ်…သွားပြီ…ဦးညစ်ပတ်….အာကာ…တော်ကြာလာခေါ်မယ်´

                        ` ငါကော မပါဘူးလား…´

                        ` လိုက်ချင်ရင် လိုက်ခဲ့ပေါ့ … ကျွန်တော်ကတော့ ညစ်ပတ်တဲ့ သူကိုမခေါ်ဘူး..´

                        ` မခေါ်လည်းလိုက်မှာပဲ…တော်ကြာ အာကာ ကို တခုခုလုပ်လိုက်မှဖြင့်…´ ကိုပိုင် ဟာ ယောကျာ်းစစ်စစ် တယောက်ဖြစ်တယ်ဆိုတာ ကို ကျွန်တော် မယုံချင်တော့။

                        ` လိုက်ဗျာ…ကျွန်တော်က လိပ်ပြာလုံတယ်…ကိုပိုင် လို ကွယ်ရာမှာ ဘာမှမလုပ်ဘူး…´ ကျွန်တော်က သဘောရိုးနဲ့ပြောလိုက်ပေမယ့် ကိုပိုင်တော်တော် စိတ်ဆိုးသွားပုံရတယ်။ မျက်နှာကို တချက်တည်း ပျက်သွားသည်။ ခုနက ပြုံးနေတဲ့ ပျော်နေတဲ့ မျက်နှာမဟုတ်တော့။

                        ` ငါက ဘာလုပ်နေလို့လဲ´

                        ` မသိဘူးလေ…´ ဒီစကား က ကိုပိုင် ဒေါသကို ပိုကြီးသွားသည်။

                        ` ကဝေ…မင်းနာတော့မယ်..သွားတော့…ငါ…..တော်ပြီ….မင်း…တော်ကြာမှပြန်လာခဲ့…´ ကိုပိုင့်ရဲ့ အကြည့်တွေကို ကျွန်တော် ချက်ချင်းကြောက်လာသည်။ ဘာသဘောလဲ။

                        အာကာ က ခွေးခြေ လေးမှာ ထိုင်နေသည်။ ကျွန်တော့် ရင်ထဲမှာ ရေနွေးအိုးဆူသလို တပွက်ပွက်နဲ့ ဆူသွားသည်။

 

 

                                    +++ 

 

                       

                        တစ်ယောက်တည်း ညတွေကို ဖြတ်သန်းရသည်မှာ သေလောက်အောင် အထီးကျန်သည်။ ဒီည မိုးက ဖွဲဖွဲလေးရွာနေသည်။ အေးစက်စက် ည တွေက အလွမ်းကို အားဖြည့်ပေးသည်။ ကျွန်တော် ဘာကိုလွမ်းနေသည်လဲ။ မသိ။

အိမ်ရှေ့ ဝရံတာက နေအောက်ကို ငုံကြည့်တော့ လမ်းမီးတိုင်ရဲ့ ဝါကျင့်ကျင့် အလင်းရောင်က တစုံတယောက်ကို မျှော်နေ သည့်ပုံစံ။ အတွေးတွေက ပွစာကြဲနေသည်။ လျှပ်စီးတခု လျှပ်ခနဲ လက်သွားသည်။ မိုးတွင်းမှာ ကျွန်တော် အကြောက်ဆုံး က ဟောဒီ့ လျှပ်စီးလက်တာတွေ၊ ပြီးရင် တအောင့်နေမှ ဂျိန်း ဆိုပြီး အသံကြီးကို ကြားရမည်။ (လူတိုင်းသိနေတာကို သိုးငယ် ထည့်ရေးနေ၏) ကျွန်တော်အကြောက်ဆုံးက အဲ့ဒီ့ လျှပ်စီးလက်သံတွေ။ ဒါပေမယ့်  မိုးည တွေကို ကျွန်တော်ချစ်သည်။ (facebook ပေါ်က မိုးည မဟုတ်ပါ။ ဒါပေမယ့် မိုးည က ချစ်ဖို့ ကောင်းသည်) မိုးရေပါသော လေ တချက်ဝှေ့တိုက်သွားသည်။ ဘာကြောင့်မှန်းမသိ ကျွန်တော် မျက်ရည်ကျလာသည်။ ငါ…ဘာကိုလွမ်းနေတာလဲ။ ညစာ စားရမည့်အချိန်ကျော်လာလို့လားမသိ။ ဗိုက်က ဆာလာသည်။ နာရီကို လှမ်းကြည့်လိုက်သည်။ ဘုရားရေ…။ ၈ နာရီတောင်ထိုးနေပြီ။ အကာ ကိုလာခေါ်မယ်ပြောပြီးတော့…ကျွန်တော် မေ့သွားသည်။ မိုးည တွေက ကျွန်တော့်ကို အဲ့ဒီလောက် အရာအားလုံးကိုမေ့နိုင်စွမ်းရှိသည်လား။

                        `ဂီ…ဂီ…´ ကျွန်တော့်အိမ်ရဲ့ BELL ခေါ်သံက နားဝင်မချိုသာသေချာသည်။ အိပ်မောကျနေပါက လန့်ဖြန့်ပြီး နိုးထစေသည်။

                        ` ကဝေ…မင်းဘာလုပ်နေတာလဲ´ ကိုပိုင့်အသံ။ ကျွန်တော်တံခါးဖွင့်လိုက်တော့ ကိုပိုင်က အထုပ်တထုပ်ကို ကျွန်တော့်လက်ထဲထည့်ပေးသည်။ တကိုယ်လုံးလည်းစိုရွဲလို့။

                        ` ဟို….ကျွန်တော်….´ တခေါင်းလုံးရေတွေစိုနေတဲ့ ကိုပိုင်ရဲ့ မျက်နှာက ခါတိုင်းထက် အဆ တစ်ရာ လောက်ဆွဲဆောင်မှုရှိနေသည်။ အနည်းငယ်ဖျော့တော့သွားသော နှုတ်ခမ်းတစုံက မသိမသာ တုန်ခါနေသည်။ ဒါပေမယ့် ကိုပိုင့် မျက်ဝန်းဒေါင့်တွေက နီရဲနေသည်။

                        ` ဟို မနေနဲ့…ရော့..သွားထည့်စား…မင်းအိပ်ပျော်သွားတယ်မလား….အိပ်ပုပ်…´

                        ` ဟုတ်ဘူး…ကျွန်တော်…မေ့သွားလို့…´ မိုးရေကြောင့် ကပ်နေတဲ့ ရှပ်အင်္ကျ ီကို အနည်းငယ် ဆွဲဖွလိုက်သည်။ အသားနှင့်တထပ်တည်းကပ်နေသော ကိုပိုင့်ရဲ့ ပုဆိုးကို ကျွန်တော်မသိမသာ ကြည့်မိသည်။ ကျစ်လစ်သော ပေါင်တံကြီးများက အထင်းသား။ ဒါ့ထက် ပေါင်ကြားက ဖောင်းနေသော ကိုပိုင့်ရဲ့ ကိုယ်ပိုင် ပစ္စည်းလေးကို ငေးမိသည်။

                        ` အကြောင်းပြချက်ပေးမနေနဲ့…အေးကုန်လိမ့်မယ်…ငါလည်း အင်္ကျ ီသွားလဲလိုက်အုံးမယ်..´

                        ` ဟုတ်ကဲ့….´ နောက်ပြန်လှည့်ထွက်သွားတဲ့အခါ ကိုပိုင့်ရဲ့ တင်ပါးတွေက တင်းရင်းကျစ်လစ်လုံးဝန်းနေသည်။ (တင်စား ထားတာ နည်းနည်းလွန်သွား၏)။ ကျွန်တော် ခုနက ဖြစ်နေတဲ့ အလွမ်းတွေအစား ဆာလောင်မှုက ကြီးစိုးသွားသည်။ ကိုပိုင် ဝယ်လာပေးသော ကြေးအိုး ကို ကျွန်တော်နောက်ဖေးကိုယူပြီး…လိင်စိတ်ဆာလောင်မှုထက် ဗိုက်ရဲ့ဆာလောင်မှုကို ဖြေသိမ့်လိုက်သည်။ စားသောက်ပြီးတော့ ကိုပိုင့် အိမ်ဘက်ကို သွားလိုက်သည်။ ကိုပိုင် ပဲ တံခါးလာဖွင့်ပေးသည်။ ဆံပင်တွေကို Dryer နဲ့ မမှုတ်တတ်တဲ့ အကျင့်ကြောင့် (Dryer သုံးချင်တိုင်းလည်း လျှပ်စစ်မီးမှမရှိတာ) ကိုပိုင့် ဆံပင်တွေက စိုထိုင်းထိုင်း။ နှုတ်ခမ်းတွေကတော့ ခုနက ထက်စာရင် သွေးရောင်လွမ်းလာသည်။ မျက်စိက တော့နီနေတုန်း။

                        ` ဘာလာလုပ်တာလဲ´ ဒီစကားကို ကိုပိုင်မဟုတ်ဘဲ တခြားသူပြောပါက ကျွန်တော် ချက်ချင်း ပြန်လှည့်ထွက်သွားမည်။

                        ` အာကာ့ ကိုလာခေါ်တာ…´

                        ` အာကာ အိပ်သွားပြီ´ ကိုပိုင်က အတည်ပေါက်နှင့်နောက်တတ်သည် ကို ကျွန်တော်သိသည်။ ဒါပေမယ့် အနောက်တော့ မသန်ပါ။ (အစအန သန်သည်ကိုဆို၏။ နှာတွေးမတွေးရ)။

                        ` ဖောပြီ…ခုမှ အစောကြီး…´

                        ` ဟာ…ဟ…အာကာက မင်းလို ရန်ကုန်သားမှမဟုတ်တာ ကဝေရ…´ ပြောတော့လည်း ဟုတ် သလိုလိုပင်။ အိမ်ထဲရောက်သွားတော့ တကယ့် အာကာကို မတွေ့။ ကိုပိုင်တို့ရဲ့ အခန်းထဲတွင် အိပ်နေပုံပေါက်သည်။

                        ` ဘယ်ရောက်သွားတာတုန်း´

                        ` အိပ်နေပါတယ်ဆိုမှ…မင်းက ဘာလဲ..လိုက်ကြည့်အုံးမလို့လား..´ ကိုပိုင်က အရင်လို စကားတွေက သွက်လက်မှုမရှိသလိုပင်။ ကိုပိုင် စိတ်ညစ်နေရင် လုပ်တတ်သည့် လက်ဆစ်တွေကို ချိုးနေသည်။ ( ဘာကြောင့် စိတ်ညစ်ရင် လက်ဆစ်ချိုးလည်းမသိပါ။ သိုးငယ် တော့ စိတ်ညစ်ရင် အောကားတွေထိုင်ကြည့်ပစ်သည်။ သူငယ်ချင်းတို့ကော စိတ်ညစ်ရင် ဘာလုပ်တုန်း။)

                        ` မကြည့်တော့ပါဘူးဗျာ´

                        ` မင်းကော..မအိပ်သေးဘူးလား…´ ကိုပိုင်က TV ရှေ့က ဆိုဖာပေါ်တွင်သွားထိုင်သည်။ အရောင်မှိန်နေပြီဖြစ်သော အိမ်နေရင်းပုဆိုးနှင့် စွပ်ကျယ်လက်ပျက် ဝတ်ထားတဲ့ကိုပိုင် က ကျွန်တော့်မျက်လုံးထဲတွင်တော့ ဆွဲဆောင်မှုအရှိဆုံး။

                        ` မအိပ်သေးပါဘူးဗျာ…မိုးအေးအေးမှာ အိပ်ပစ်ရမှာနှမြောတယ်။´

                        ` မင်းက မအိပ်ပစ်ဘဲ နှမြောရအောင် ဘာလုပ်ချင်လဲ´

                        ` အသေသတ်ပစ်လိုက်…မပြောဘူး´ အရင်က ကိုပိုင့်ကို ဒီလိုစကားမျိုးတွေကျွန်တော်မပြောထွက်ပါ။ ခုမှ…ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။ ကိုပိုင့် ထိုင်ခုံဘေးတွင် မတ်တပ်ရပ်ပြီးစကားပြောရသည်မှာ ကိုပိုင့် ရဲ့ ကိုင်သင်းရနံ့ကိုရသည်။ ရေချိုးပြီးပြီးချင်းပေမယ့် ဆပ်ပြာနံ့သက်သက်ကို မရဘဲ ကိုပိုင့်ရဲ့ တခုတည်းသော ကိုယ်ပိုင် (ကိုပိုင် မဟုတ်ပါ) ရနံ့ကိုရသည်။ ပြောရရင် ယောကျာ်းဆန်ဆန် ကိုယ်နံ့။ (ချိုင်း အောက်က အနံ့ မဟုတ်ပါ။ ဟီး။)

                        ` မင်းမထိုင်ဘဲ ဘာလုပ်နေတာလဲ…´

                        ` ကိုပိုင်မှ ဟိုဘက်မတိုးပေးတာ´ ကိုပိုင် က ဘာမှဆက်မပြောတော့ဘဲ..ဖင်ကို ဟိုဖက်ကိုရွေ့ထိုင်လိုက်သည်။ ကျွန်တော်က သူ့နေရာကို ထိုင်ချလိုက်တော့ ဗြုန်းခနဲ ကျွန်တော့် ဘက်ကို ပြန်ရွေ့လာသည်။ ကိုပိုင့်ရဲ့ ပေါင်ပေါ်မှာ ကျွန်တော် ထိုင်ဖြစ်သွားသည်။

                        `ဟာ…´ ကျွန်တော် ချက်ချင်း ထမယ်လုပ်တော့ ကိုပိုင်က ကျွန်တော့်ခါးကို သူ့လက်ကြီးတွေနဲ့ အားရပါးရ ဖက်ထားသည်။ ကိုပိုင် ဒီညဘာတွေဖြစ်တောလဲ။

                        `ကိုပိုင်…´ ကျွန်တော့် ကိုပိုင့်ရဲ့လက်တွေကို အားနှင့်ဆွဲဖြုတ်သည်။ ကိုပိုင့်ရဲ့ ပေါင်က အနွေးဓာတ်က

ကျွန်တော့်စိတ်တွေကို ပိုကြွစေသည်။

                        `မင်းကို ဖက်ရတာ ငါ့မိန်းမ ဖက်ရတာထက်ကောင်းတယ်… အသားက ပျော့အိအိလေး..´ ပြောပြီးတာနဲ့ ကိုပိုင်က လက်တွေကိုဖြုတ်ပေးသည်။ ကိုပိုင်ဘာသဘောနဲ့ ခုလိုလုပ်မှန်းကျွန်တော်မသိ။ သိတာ တစ်ခုက ကျွန်တော်ရင်တွေခုန်နေမိသည်။ ကျွန်တော် ကိုပိုင့် ပေါင်ပေါ်က မထချင်ပေမယ့် ထလိုက်ရသည်။

                        ` ကျွန်တော်မပျော့ဘူး…မာတောင်နေတာပဲ…စမ်းကြည့်မလား…´ ညစ်တစ်တစ် စကားလုံးတွေကို ရွေးသုံးမိ၏။

                        ` ကေ၀ တို့များ…တနေ့တနေ့ ဒါပဲတောင့်တနေတယ်…´ ကိုပိုင့်ရဲ့ အကြည့်တွေက ရီဝေနေသည်။ မျက်ထောင့်မှာ နီရဲနေတဲ့ ကိုပိုင့်မျက်ဝန်းတွေက ကျွန်တော့်ရင်တွေကို ပိုခုန်စေတာလား။

                        ` တော်ပြီ…ကိုပိုင်..တညနေလုံး ကျွန်တော့်ကို ဒါတွေပဲပြောနေတယ်….ကျွန်တော်ပြန်တော့မယ်…´

ကိုပိုင်ညာဖက်လက်က ကျွန်တော့်ပုခုံးပေါ်ရောက်လာသည်။

                        ` မင်းကို ပေးပြန်လို့လား…´

                        ` ပေးမပြန်တော့ ကျွန်တော်က ဒီမှာဘာလုပ်ရမလဲ…´ ကိုပိုင့်ရဲ့ ကိုယ်သင်းရနံ့အောက်မှာ ကျွန်တော် နစ်မြောသွားသည်။ ကျယ်ဝန်းတဲ့ ပုခုံးတွေနဲ့ လက်မောင်းကြွက်သားတွေက ခေါင်းမှီပြီး အိပ်ချင်စရာ။

                        ` ငါ…ခု…ဖိုးခွားလေး ကိုအရမ်းသတိရတယ်….မပြန်ပါနဲ့ကွာ…ငါနဲ့အဖော်လုပ်ပေး…´ ဖိုးခွားလေး က ကိုပိုင့် ရဲ့အချစ်ဆုံးတင်မဟုတ်ပါ။ ကျွန်တော်လည်း ဖိုးခွားလေးကို အရမ်းချစ်သည်။

                        `ဒီတိုင်းတော့ မနေချင်ပါဘူး…စားစရာတစ်ခုခုလုပ်…ဒါမှ ရုပ်ရှင်ကြည့်ရင်း စားလိုက်..မပျင်းတော့ဘူး..´ ကိုပိုင့်မျက်ဝန်းတွေက တောက်ပသွား သလိုပင်။

                        ` ငါက အစားထက် သောက် တာမင်းလည်းသိသားနဲ့…စားစရာမရှိဘူးကွ…ဒီလိုလုပ်…အိမ်နားက ဆိုင်မှာ…အကြော်တွေသွားဝယ်…အာလူးကြော်တို့…ဆိတ်သားခြောက်တို့…နောက်…မင်းကြိုက်တဲ့ အအေးသွားဝယ်…ငါဒီမှာ…ငါသောက်ဖို့ပြင်ထားမယ်….´ ကျွန်တော် မှားတာပါ။ ကိုပိုင့်ရဲ့ အရက်သောက်ချင်စိတ်တွေကို သွားပြီး သတိပေးသလိုဖြစ်သွားသည်။ ခု…မမိုးနဲ့ အဆင်မပြေတာရော..ဖိုးခွားလေးကို သတိရတာရော..ပျင်းတာရော…အရာအားလုံးပေါင်းပြီး သောက်လို့ကတော့…ဟူး…မလွယ်။

                        ` တော်ပြီ…မစားတော့ဘူး…ကိုပိုင်က သောက်ဖို့ချောင်းနေတာ…မမိုးလည်းမရှိဘူး..မသောက်နဲ့တော့´

ကိုပိုင် ထိုင်ရာက ထသွားသည်။ စကားတခွန်းမှပြန်မပြော။ ကိုပိုင့် စိတ်ဓာတ်က… သာမာန်လူတယောက် နားလည်ရန်ခက်တဲ့ စိတ်ဓာတ်မျိုး။ ကျွန်တော်ဘာမှမပြောတော့ဘဲ TV ကိုသာစိုက်ကြည့်နေသည်။ မိုးအေးအေးမှာ တယောက်တည်းနေရတာနှင့်စာရင် ကိုပိုင့် အိမ်မှာနေရတာ ပိုပြီး လုံခြုံသည်ဟုခံစားရသည်။ ခြေသံကြားရာ လှည့်ကြည့် လိုက်တော့ ကိုပိုင် ထွက်လာသည်။ လက်ထဲတွင် တစ်ထောင်တန် ၃ ရွက်..။ ကျွန်တော့်လက်ထဲ ထည့်ပေးပြီး..

                        `သွား…အောက်မှာ အကြော်နဲ့…ငါခုနက ပြောတာတွေသွားဝယ်…´

                        ` ကျွန်တော်မစားတော့ဘူး…´

                        ` မင်းမစားလည်း ငါစားမှာပေါ့..´ ကိုပိုင့်ရဲ့ လေသံက ခါတိုင်းလို ပေါ့ပေါ့ပါးပါးမရှိ။ ခုဒီဟာက စိတ်ညစ်လို့အရက်သောက်တာလား။ ဘာလို့ ယောကျာ်းတိုင်းက စိတ်ညစ်ရင် အရက် သောက်တတ်ရတာလဲ။ ဂေးတွေ ကော စိတ်ညစ်ရင် ဘာလုပ်ကြလဲ။ (သိုးငယ် သိချင်၏)။ ကိုပိုင်ပေးတဲ့ ပိုက်ဆံကို ယူပြီး အောက်ဆင်းလာခဲ့သည်။ လှေခါးအောက် ရောက်မှ ထီးမယူခဲ့မှန်းသိသည်။ အိမ်နားဆိုပေမယ့် ၃ မိနစ်လောက်တော့ လျောက်ရသည်။ မိုးက ခုနက လောက်တော့ မရွာပေမယ့် တော်တော်စိုလောက်သည်။ ကျွန်တော် အပြေးတပိုင်း လျောက်သွားသည်။ အဲ…ဒီနေ့ဆိုင်က ဘာလို့ အစောကြီးပိတ်တာလဲ။ ကျွန်တော်တို့လမ်းထိပ်တွင်တော့ mini-market တခုရှိသည်။ ဒီမိုးနဲ့ လမ်းထိပ်သွားပြီး ပြန်လို့ကတော့ တကိုယ်လုံးစိုရွဲမှာသေချာသည်။ မိုးစက်တွေရဲ့ တပေါက်ပေါက်ကိုယ်ပေါ်ကိုကျသည့်အခါ အေးစက်မှုနှင့်အတူ ဘာကြောင့်မှန်းမသိ ရင်တွေခုန်နေသည်။ mini-market ထဲရောက်တော့ ကျွန်တော့်ကိုယ်ပေါ်က ရေတွေက တတောက်တောက်နှင့်။ ဘောင်းဘီတိုနှင့်မို့တော်သေးသည်။ ဆိုင်ထဲက ဝန်းထမ်းမလေးတွေက ကျွန်တော့်ကို အထူးအဆန်းသတ္တဝါ တစ်ကောင်ကို မြင်ရသလို ကြည့်နေသည်။ သူတို့တွေကို ပြန်မကြည့်တော့ဘဲ ကိုယ်လိုချင်တာကို ပဲ အမြန်ယူပြီး ငွေရှင်းလိုက်သည်။

                        ` ဟက်…ဟက်ချိုး…´ ကျွန်တော်နှာခေါင်းကို လက်နဲ့အုပ်ပြီး နှာချေလိုက်ပေမယ့် အသံတော်တော်ကျယ်သွားသည်ထင်။ ဝန်ထမ်းတွေရဲ့ အကြည့်တွေအားလုံးက ကျွန်တော့်ဆီ ရောက်လာသည်။

                        ` အကို…ဆေးပါ..တစ်ခါတည်းဝယ်သွားမလား…´ ကျွန်တော့်မုန့်ထုပ်တွေကိုလှမ်းပေးရင်း ကောင်မလေးက ကျွန်တော့်ကို လှမ်းမေးသည်။

                        ` ဘာဆေးဝယ်ရမှာလဲ…´ ကျွန်တော် တခါတလေ အခု လိုအူကြောင်ကြောင်နိုင်ပါသည်။

                        ` ဘာဆေးရှိရမှာတုန်း…အအေးမိဖျားနာပျောက်ဆေးပေါ့..´

                        ` အင်း…ရတယ်….မယူတော့ဘူး…ကျေးဇူးပဲ´ ကောင်မလေး က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြသည်။ ကျွန်တော့်ထက် အသက်သိပ်ကွာမယ့်ပုံမပေါ်။ ဆံပင်ကို သပ်သပ်ရပ်ရပ်လေး ချည်ထားသည်။

                        ` နောက်…မိုးရွာရင် ထီးဆောင်းနော်…´ ကောင်မလေးက တကယ့်ကို ဂရုစိုက်ပြနေသည်။ ကျွန်တော့်နေရာ မှာ straight တယောက်သာဆိုရင်…ဒီကောင်မလေးကို တမျိုးထင်သွားနိုင်သည်။

                        ` အင်း…ကျေးဇူးပဲ´

                        ` ရပါတယ်ရှင့်…´ ကောင်မလေးကတော်တော့်ကို ချစ်ဖို့ကောင်းသည်။ မျက်နှာမှာ ဘာမှမချယ် ထား။

ပကတိ ဝါညက်ညက်ခပ်သွယ်သွယ် မျက်နှာလေးမှာ သနပ်ခါး ပါးပါးလေးလူးထားသည်။ ပါးကွက်တောင် မကွက်ထား။

                        ` သွားပြီ´

                        ` ဟုတ်ကဲ့…´ ကောင်မလေးရဲ့အကြည့်က ကျွန်တော့်လို ဂေးတယောက်ကိုတောင် ရင်ခုန်စေသည်ဆို ရင်….။ ခုမှ မိုးက ပိုကြီးလာသည်ထင်။ မိုးစက်တွေရဲ့ အရှိန်က ပိုပြီး ပြင်းထန်လာသည်။ ဒါ…ကျွန်တော့်ရဲ့ ဒုတိယ အကြိမ်မြောက် မိုးရေထဲ လမ်းလျောက်ခြင်း။ ကိုပိုင်သာ ကျွန်တော့် အိမ်နီးနားချင်း မဟုတ်ဘူးဆိုရင်…ဒီလိုညမျိုးမှာ ကျွန်တော်…အထီးကျန်ဆန်ပြီး သေသွားနိုင်သည်။ မိုးရေထဲမှာ တချက်တချက် တိုက်လိုက်တဲ့ လေက အားပြင်းလွန်းသည်။ မိုးရေတွေကြောင့်လားမသိ။ ကျွန်တော်စီးထားတဲ့ ဖိနပ်က လမ်းလျောက်ရင် နောက်မှာ ကျွတ်ကျွတ်ကျန်ခဲ့သည်။ မိုးတွင်းစီး ဖိနပ်ကောင်းကောင်းတရံ ဝယ်ရအုံးမည်။ ကျွန်တော့်မျက်လုံးတွေကျိန်းစပ်သွားအောင် အရှေ့က မော်တောင်ကား မီးရောင်က ပြင်းလွန်းသည်။ ကျွန်တော် ဘေးကပ်ပေးလိုက်ပေမယ့် ကျွန်တော့်ဘေးနားရောက်တော့ အရှိန်ကိုလျော့လိုက်ပြီး

                        ` မင်းသေချင်ပေမယ့်…ငါ …ထောင်ထမင်းမစားချင်ဘူးကွ….´

                        ` ဟ….´ ကျွန်တော့်အတွေးနဲ့ကျွန်တော်ပေမယ့် လမ်းဖယ်ပေးခဲ့တာပဲ။ ကျွန်တော် ဟ ဆိုတဲ့စကား တလုံးကလွဲလို့ ဘာမှပြောမထွက်။ အလကားသက်သက်မဲ့ ပြောခံရသည်။ ဘာလို့လူတွေက ဒီလောက်ထိ ကိုယ်ချင်းစာတရား ကင်းမဲ့ရတာလဲ။ ကိုပိုင် ခဏခဏ ပြောဖူးသည်။ (ကဝေ…မင်းရဲ့စိတ်အတိုင်းလူတိုင်းကို မနှိုင်းနဲ့..လူတိုင်းက မင်းလိုစိတ်ဓာတ်ရှိနေရင်..လူတိုင်းက ကေ၀ ဖြစ်နေမှာပေါ့…) ။ ကိုပိုင်ပြောတာလဲ ဟုတ်သည်။ ကျွန်တော်က ကျွန်တော့်ရဲ့ စိတ်ထဲက ပေတံ အတိုင်း လူတိုင်းကိုလိုက်တိုင်းနေသည်။ ခုနက ကြည်နူးနေတဲ့စိတ်တွေ ဘယ်ရောက်သွားမှန်းမသိ။ ကျွန်တော် လှေကားအောက်လည်းရောက်ရော…လျှပ်စစ်မီးက ဖျတ်ခနဲပြတ်သွားသည်။

ရိုက်ခံရပါများလို့ အရေပြားထုံနေတဲ့ ကလေးတယောက်လို ကျွန်တော်တို့ နိုင်ငံက လူတွေလည်း မီးပြတ်တာလောက် တော့ ထုံနေပါပြီ။ လှေကားဘောင်ကို ခပ်ဖြည်းဖြည်းကိုင်ပြီး တတ်သွားလိုက်သည်။

                        ` ဝုန်း….ဒုံး..…´ အိမ်ပေါ်ရောက်ခါနီး လှေကား ထစ် သုံး ..လေး ထစ်လောက်ပဲလိုမည်ထင်။ ပလတ်စတစ်လို အရာတခုကို နင်းမိပြီး ကျွန်တော် မှောက်ရက် လှေကားကနေ တရွတ်တိုက်ချောကျသွားသည်။ တော်သေးသည် မိရာကို ကျွန်တော်လှမ်းကိုင်လိုက်သည်။ ခြေသလုံးက ညိုတကြီး (စာလုံးပေါင်းသည်းခံပါ) ကို လှေကားစောင်းနဲ့ ပွတ်လိုက်သလိုဖြစ်သွားသည်။


ရေးသားသူ - သိုးငယ်


To be Continued.....

No comments: