Friday, November 1, 2024

အိမ်နီးနားချင်း (အပိုင်း ၂)

 



` ဘာဖြစ်တာလဲကွ…´ ကိုပိုင်ကလက်နှိပ်ဓာတ်မီးနဲ့ ထိုးကာ ဆင်းလာသည်။                         

` ချော်ကျတာ…´

                        ` မင်းက လုပ်လိုက်ရင် ဒီလိုကြီးပဲ…နမော်နမဲ့နဲ့…´ ကျွန်တော် ခြေသလုံးက နာတာကတမျိုး။ ခုနက ကားသမားရဲ့ ပြောဆိုတာခံရတာက တကြောင်း၊ ခု..လှေကားက ပြုတ်ကျတာကို ကိုပိုင်က ထပ်အော်သည်။ ကျွန်တော် ဒေါသတွေ..ဒေါသတွေ…ဘယ်လိုမှထိန်းလို့မရတော့။

                        ` ဘယ်သူစားဖို့သွားဝယ်ပေးတာလဲ…´ ကျွန်တော့်ရဲ့ အသံတွေတုန်နေသည်။ ရင်ဘတ်ထဲမှာ တခါမှ မကြုံဖူးတဲ့ ဝမ်းနည်းမှု ပျို့တက်လာသည်။ အေးစက်နေတဲ့ ကျွန်တော့်ရဲ့ ပါးပြင်တွေ နွေးထွေးသွားသည်။ မငိုဘူး..။ ငါမငိုဘူး။

                        ` ကဲ..ပြောမနေနဲ့တော့….ထီးလည်းမယူသွားဘူး…လာ…´ ကိုပိုင်က ကျွန်တော့်ကို အတင်းဆွဲထူသည်။ ကျွန်တော် စိတ်ကောက်သွားတဲ့ ကလေး တယောက်လို ကိုပိုင့် လက်တွေကို ပုတ်ချလိုက်သည်။

                        `ရတယ်..မလိုဘူး….ကျွန်တော့်မှာ လက်ကော ခြေကော ပါတယ်..´

                        ` ဟား….ကဝေ…မင်းစိတ်ဆိုးနေတာလား…ဒီလောက်ကြီးလာပြီ ကလေးစိတ်မပျောက်သေးဘူး´ ကျွန်တော့် လက်မောင်းကို အတင်းကိုင်ပြီး ဆွဲထူလိုက်သည်။ ကျွန်တော့်လက်ထဲက အထုပ်ကို လက်ထဲ ထည့်ပေးလိုက်ပြီး ကျွန်တော့်အိမ်တံခါးရဲ့ သော့ကို စမ်းလိုက်သည်။

                        ` ကဲပါကွာ…စိတ်မဆိုးနဲ့တော့…မီးပျက်နေတာ မင်းတယောက်တည်းနေရဲလို့လား…´

                        ` ကျွန်တော့်အိမ်မှာ အင်ဗာတာရှိတယ်…´ ကိုပိုင် က ကျွန်တော့်ကို သူ့အိမ်ထဲကို အတင်းဆွဲခေါ်သွားသည်။ အမှန်အတိုင်းပြောရရင် အလင်းရောင် ရှိပေမယ့် မိုးညတွေမှာ မိုးကြိုးပစ်သံတွေကို ကျွန်တော် ကြောက်သည်။

                        ` ငါ့မှာလည်း ရှိတာပဲ..´

                        ` ဘာရှိတာလဲ…မှောင်မည်းနေတာပဲ..´

                        ` ငါ..ခုနက ဖွင့်မယ်လုပ်တုန်း အသံကြားလို့ ပြေးလာခဲ့တာ´ ကိုပိုင် ဒါကျတော့ ချစ်ဖို့ကောင်းပြန်သည်။

                        ` ကဲ…ဒီမှာခဏနေ….ငါ…မီးသွားဖွင့်လိုက်အုံးမယ်´ ကိုပိုင်က ကျွန်တော့်ကို ခြေသုတ်ပုဝါ နားမှာ ရပ်ခိုင်းထားသည်။ အခု…စိတ်ထဲမှာ ပိုချမ်းလာသည်။ ခြေသလုံးက အရေပြားပွန်းသွားလို့ဖြစ်မည်။ စပ်ဖျင်းဖျင်းနှင့်။

အိမ်ရှေ့ခန်းမီးက ဖျတ်ခနဲ လင်းလာသည်။ မီးရောင် ကတော့ နေဝင်ခါနီး ညနေခင်းတွေလို ဖျော့တော့နေသည်။

                        ` ဘက်ထရီက ဒီပုံစံအတိုင်း ဆိုသိပ်ခံမယ်မထင်ဘူး…´

                        ` အင်း…ကိုပိုင့် ဘက်ထရီက မကောင်းတော့ဘူး…´ TV ရှေ့က ခွေးခြေ လေးပေါ်မှာ ထိုင်လိုက်သည်။

ညို့သကျည်း (စာလုံးပေါင်းမှန်၏) ပေါ်တွင် အရေပြားပွန်းသွားသည်။ ပူစပ်ပူစပ်နှင့်။

                        ` အေး…ငါလည်း ဝယ်လဲရအုံးမယ်….ကဝေ…အဲ့မှာဘာထိုင်လုပ်နေတာလဲ…နောက်ဖေးလာခဲ့…´

ကိုပိုင်က တိုးတိုးတိတ်တိတ် မပြော။ ကျွန်တော် အိပ်နေလို့ကတော့ ဒီလို လေသံနဲ့ ဆို နိုးလောက်ပြီ။ ကျွန်တော် နောက်ဖေး ကို ခြေသံဖွဖွလေးလျောက်သွားလိုက်သည်။ (အမှန်က ဒီတိုင်းလျောက်လည်းရသည်)

                        ` မင်း…ရေချိုးလိုက်မလား…´

                        ` ကျွန်တော်…အိမ်ပြန်ပြီးချိုးမယ်..ပြီးမှပြန်လာခဲ့မယ်…´ အစောကတည်းက ပြန်ချိုးရမှာ။ ကျွန်တော် ဘာတွေမွန်နေတာလဲ။

                        ` အဲ့ဒါ နဲ့ပဲ အအေးမိတော့မယ်….ဒီမှာပဲချိုးလိုက်…´

                        ` ကျွန်တော့် အင်္ကျ ီ တွေ….´

                        ` ငါ့အင်္ကျ ီ ယူဝတ်ပေါ့ကွ…ခဏလေး…မျက်နှာသုတ်ပုဝါသွားယူလိုက်မယ်…´

                        ` ဟုတ်…´ ရေချိုးခန်းက မီးကို ကိုပိုင်ဖွင့်လိုက်တော့ နဂိုက အားမရှိတဲ့ မီးရောင်က ပိုပြီး ဖျော့တော့သွားသည်။ မိုးက အခုမှပိုကြီးလာသည်။ တဝုန်းဝုန်းနှင့်ကို ရွာနေသည်။ မိုးရေတွေကြောင့် အသားတွင် ကပ်နေတဲ့ အင်္ကျ ီကို မနည်းချွတ်လိုက်ရသည်။ ကိုပိုင်….ကြာလိုက်တာ..။

                        ` ကဝေ…ငါ…မျက်နှာသုတ်ပုဝါ အသစ်ရှာမတွေ့ဘူး…ငါ့မိန်းမ ဘယ်နားသိမ်းထားလည်းမသိဘူး…´

ကျွန်တော်လည်း အိမ်မှာ တချို့ပစ္စည်းတွေ အမေ ဘယ်မှာ သိမ်းထားလည်းဆိုတာမသိ။ ကိုပိုင်က မျက်နှာသုတ်ပုဝါ တထည်ကို ကိုင်ပြီး ကျွန်တော့်ရှေ့ရောက်လာသည်။

                        ` ဒီကောင်လေး…ခုထိ ရေမချိုးသေးဘဲ ဘာလုပ်နေတာလဲ´

                        ` ကိုပိုင့်ကို စောင့်နေတာလေ…´

                        ` ရော့…လောလောဆယ်..ငါ့ဟာနဲ့ပဲ သုတ်ထား….ရတယ်မလား…´ အမှန်ဆိုရင် ကျွန်တော့် မျက်နှာသုတ်ပုဝါက လွဲလို့ တခြားသူရဲ့ မျက်နှာသုတ်ပုဝါကို မသုံးပါ။ ကျွန်တော်…ရွံသည်။

                        ` ရပါတယ်ဗျ….´ ကိုပိုင်က ကျွန်တော့်ရဲ့ ကိုယ်လုံးကို တချက်ကြည့်လိုက်သည်။

                        ` ကဲ…အမြန်ချိုး…ငါ ကာဖီဖျော်ပေးထားမယ်…´ ဒါကြောင့် ကိုပိုင့်ကို ချစ်ရတာ။

                        ` ဟုတ်..´ ကျွန်တော် တံခါးကို ပိတ်လိုက်ပြီး တကိုယ်လုံးချွတ်ချလိုက်သည်။ ကိုပိုင့်မျက်နှာသုတ်ပုဝါက နည်းနည်းတော့ စိုထိုင်းထိုင်းဖြစ်နေသည်။ လက်နှစ်ဖက်နှင့်ကိုင်ပြီး အားရပါးရ နမ်းလိုက်သည်။ ကိုပိုင့် ကိုယ်နံ့ထက်စာရင် ကိုပိုင်သုံးတဲ့ ဆပ်ပြာနံ့ကိုရသည်။ ရေကို အမြန်ပင်ချိုးလိုက်သည်။ ရေချိုးခန်းသုံးမီးက အခု ခေတ်ပေါ် LED မီးလုံးမဟုတ်ဘဲ ဝါကျင့်ကျင့် မီးလုံးကိုသုံးထားတော့ ဓာတ်အားပိုစားသည်။ ကျွန်တော်…ကိုယ်သုတ်ပြီးတော့ ဝတ်ဖို့ ပုဆိုးမရှိ။

                        `ကိုပိုင်…ကိုပိုင်…´ နောက်ဖေးတွင် ရှိမှန်းကျွန်တော်သိသည်။ ဖန်ခွက်နဲ့ ဇွန်းခေါက်သံကြားနေရသည်။

                        ` ဘာလဲကွ…´

                        ` ပုဆိုးတထည်လောက်ပေးပါအုံး…´

                        ` ဟုတ်သားပဲ…ခဏလေး..´ ကျွန်တော့်ကိုယ် ကျွန်တော် မှန်ထဲမှာပြန်ကြည့်မိသည်။ ကိုပိုင် ပြောသလို မိန်းခလေးနှင့်တူနေလား။ မျက်နှာကတော့ ယောကျာ်းဆန်ပေမယ့် ကျွန်တော့် အသားအရေတွေက ကိုပိုင်ပြောသလို ယောကျာ်းတစ်ယောက်နှင့်မလိုက်ဖက်အောင် ဖြူဖွေးလွန်းနေသည်။ ခပ်ပါးပါးနှုတ်ခမ်းကို စုပ်သပ်လိုက်ပြီး ခပ်စူစူလုပ်ကာ ကိုပိုင့် မျက်နှာသုတ်ပုဝါကို ဒုတိယအကြိမ်နမ်းရှှုပ်လိုက်သည်။

                        ` ကဝေ…တံခါးဖွင့်´ ကျွန်တော် တံခါးကို အသာလေးဟပေးလိုက်သည်။

                        ` ဒုန်း..´

                        ` အား…´ ကိုပိုင်က တမင်တကာ သူ့အားနဲ့ စောင့်တွန်းလိုက်သည်။ ရေချိုးခန်းကြမ်းပြင်ရဲ့ ချောနေတာရော..ကျွန်တော်မတ်တပ်သေချာမရပ်ထားတာကော..ကိုပိုင် ဒီလိုတွန်းလိုက်မည်ဟုမထင်တာတွေရော (ရော) တွေအားလုံးပေါင်းပြီး ကျွန်တော် ဒုတိယံမိ ချော်ကျသွားသည်။ တော်သေးသည်။ ဒီတခါ ဖင်ထိုင်ရက်။ မတော်တာက ဒီတခါ ဖင်ပြောင်ပြောင်နဲ့။ ဖင်ထိုင်ရက်ကျသွားလို့ မြီးညှောင့်ရိုး (သိုးငယ် ထိုနေရာကို မခေါ်တတ်ပါ…ဆရာဝန်လောင်းများ အဲ့ဒီ့နေရာကို မြန်မာလိုဘယ်လိုခေါ်ပါသနည်း) မီးပွင့်အောင် နာသွားသည်။ အနာထက်…အခုအသက်အရွယ်အထိ တစိမ်းသူ ရှေ့မှာ ကိုယ်တုံးလုံး ဖြစ်ခြင်းက တကိုယ်လုံး ပူထူတဲ့အထိရှက်သည်။

                        ` ဟာ….ဆောရီး…ဆောရီး…´

                        ` ကိုပိုင်…အကျင့်မကောင်းဘူး….´

                        ` ငါက မင်းကို စတာ…မင်းကိုက မတ်တပ်တောင် မရပ်တတ်ဘူးလား…´ ကံကောင်းတာလား ကံဆိုးတာလား မသိ။ ဖျတ်ခနဲ တခန်းလုံးမှောင်ကျသွားသည်။ ဘတ်ထရီ လုံးဝကုန်သွားပြီ။

                        ` အာ…စောက်ရေးထဲ…(စကားလုံးသည်းခံပါ) ဘတ်ထရီက ဒေါင်းသွားပြီ…´ ကိုပိုင် ကျွန်တော့် ကိုယ်တုံးလုံးကို ခဏလေးပဲမြင်လိုက်ရမည်။ ပျော်၏။

                        ` ဟာ…´

                        ` ကဲ…ဟာ မနေနဲ့…ထ…ငါ့ကို ကိုင်ထား…´ ကိုပိုင်က လက်ကိုလှမ်းပေးသည်။ နောက်ဖေးအိမ်က မီးရောင်ကြောင့် အလင်းရောင် မှိန်ပျပျတော့ရှိသေးသည်။ ကျွန်တော်ကိုပိုင်ပေးတဲ့လက်ကို လှမ်းဆွဲပြီး ထလိုက်သည်။

                        ` ပုဆိုး…´

                        ` အရေးထဲ…အပြင်ရောက်မှဝတ်ပေါ့ကွ…လာ…အိမ်ရှေ့မှာခဏသွားထိုင်….´ ကိုပိုင်က ကျွန်တော့် ပုခုံးကို ဖက်ထားပြီး ခြေထောက်မကောင်းတဲ့ လူကို တွဲခေါ်လာသလို ကျွန်တော့်ကို တွဲခေါ်လာသည်။ ကိုပိုင့်ရဲ့ လက်တွေက နွေးလို့။

                        ` ကဲ…ဒီမှာခဏထိုင်…ရော့..ပုဆိုး..´

                        ` အကျင့်ကို မကောင်းဘူး…´ ထိုစကားကို မကြားချင်ယောင်ဆောင်သွားသည်။ ကျွန်တော့်လက်ထဲကို ထိုးထည့်ပေးလိုက်တဲ့ ပုဆိုးက အသစ်ဟုတ်ပုံမပေါ်..ဝတ်ပြီးသားတထည်ကို ယူလာပေးပုံရသသည်။ ကျွန်တော် အမှောင်ထဲ မှာ..ကိုပိုင့်ပုဆိုးကို မနမ်းရဲနမ်းရဲ နမ်းရှုပ်လိုက်သည်။ ကိုပိုင့် ရဲ့ ကိုယ်နံ့ကို အပြည့်အဝရလိုက်သည်။ ကိုပိုင် မလာခင် ပုဆိုးကို အမြန်ခပ်တိုတို ဝတ်လိုက်သည်။ တအောင့်ကြာတော့

                        ` တော်သေးတယ်…ဖယောင်းတိုင်ရှိလို့….´ ဖယောင်းတိုင်မီးယောင်က လှုပ်တုတ်လှုပ်တုတ်။ အဝါရောင် အလင်းရောင် အောက်မှာ ကိုပိုင်ရဲ့ ခန္ဓာကိုယ်က တကယ့်ကို ဆွဲဆောင်မှုရှိသည်။ သူ့နေရာနှင့်သူ အသားစိုင်တွေအပြည့်။ ရင်ဘတ်မွေးရေးရေးကလည်း စွပ်ကျယ်လက်ပြတ်လည်ပင်းပေါက်ကနေ ထိုးထွက်နေသည်။

                        ` ရော့…ဒါပဲ ခဏစွပ်ထား…´ စွပ်ကျယ်လက်ပြတ်တထည် ပစ်ပေးလိုက်သည်။ နောက်..ကိုပိုင် လက်နှိပ်ဓာတ်မီးကိုင်ကာ နောက်ဖေးပြန်ဝင်သွားသည်။ ကိုပိုင်ရဲ့ စွပ်ကျယ်မှာ အနံ့တစ်ခုရသည်။ ကိုပိုင်ရဲ့ ကိုယ်ရနံ့။

(ကဝေက ခွေးဝင်စားပုံရသည်။ နှာခေါင်းတရှုံ့ရှုံ့နှင့် လိုက်ရှှုသည်) ကိုပိုင် အိမ်ရှေ့ပြန်ရောက်လာတော့ ကော်ဖီခွက်ကို ကျွန်တော့်ရှေ့လာချပေးသည်။

                        ` မြန်မြန်သောက်လိုက်…´ ပထမဦးဆုံးအကြိမ် ကျွန်တော်ချစ်သော ယောကျာ်းတယောက်ဖျော်ပေး သော ကော်ဖီ။

                        ` ဒီလောက်ပူတာ…´

                        ` ဘာလဲ…ငါက မင်းကို မှုတ်ပေးရမှာလား…´

                        ` အဲ…ကျွန်တော့် ကိုပိုင့်ကို မမှုတ်ခိုင်းရဲပါဘူးဗျာ..ငရဲကြီးကုန်မယ်…´ ကိုပိုင်ပြောသလို…ကျွန်တော်.. တနေကုန်ဒါတွေပဲ တွေးနေတာလား။ လောလောဆယ် ကိုပိုင်ကို ဖဲ့လိုက်ရတာပျော်တယ်။

                        ` ခွေးကောင်…ဒါဆိုလည်း မင်းငါ့ကို မှုတ်ပေးလေ…ငရဲမကြီးဘူး…´ ကိုပိုင့်ရဲ့ စကားက ကျွန်တော့်ကို ပိုရင်ခုန်စေသည်။ ရင်ခုန်တာထက် ပေါင်နှစ်လုံးကြားက ညီငယ်က ခေါင်းထောင်နေလေပြီ။

                        ` တော်ပြီဗျာ… ခေါင်းစဉ်ပြောင်းပြော…´

                        ` မင်းက…လာလာဆွတယ်…ပြီးရင်…ထားထားခဲ့တယ်…ဘာကောင်မှန်းမသိဘူး…´ ကျွန်တော် ဘယ်လိုလုပ် ကိုပိုင့်ကို မိန်းမနဲ့ ခလေးနဲ့ ဆိုတာကို ယုံရမလဲ…။

                        ` နောက်တခါ မဆွတော့ဘူး…တစ်ခါတည်း…ထိုးထည့်လိုက်မယ်…´

                        ` ဟာ..ဒီကောင်လေး…´ ကျွန်တော် ထိုင်နေရာကို အနောက်ကနေလာပြီး တအားညစ်ထား လိုက်သည်။ ထိုင်ခုံကြောင့် ကိုပိုင့် ရင်ခွင်ထဲမှာအပြည့်အဝမရောက်ပေမယ့် ကိုပိုင့် ရဲ့ မုတ်ဆိတ်မွေးစူးစူးတွေက ကျွန်တော့် လည်ပင်းတွေကို နေရခက်အောင်လုပ်နေသည်။

                        ` ကိုပိုင်…ယားတယ်….တော်ပြီ…နောက်တခါ မပြောတော့ဘူး….´ ကိုပိုင်က ကျွန်တော့်လည်ပင်းကို ခပ်ဖွဖွ ကိုက်လိုက်သည်။

                        ` အား…ခွေး…ခွေး…ကိုက်တယ်…´ လည်ပင်းကို ကိုက်ရာက လွတ်လိုက်ပြီး ကျွန်တော့်ရဲ့ နားရွက်တွေကို လျှာနဲ့လာလျက်သည်။

                        `ကိုပိုင်…ဘာလုပ်တာလဲဗျာ…´ ဖက်ထားတဲ့လက်တွေကို လွတ်လိုက်ပြီး ကျွန်တော့်ဘေးမှာ လာထိုင်သည်။

                        ` ငံကျိကျိနဲ့….´ ပါးစပ်ကို လက်ဖမိုးနဲ့ သုတ်နေသည်။

                        ` အခုမှ ရေချိုးထားတာ….သွားပါပြီဗျာ….အာပုတ်စော်တွေနံကုန်ပါပြီ….´

                        ` နောက်မှ နံ…ကာဖီ သောက်လိုက်အုံး…ငါ…ငါ့ ကာဖီ သွားယူလိုက်အုံးမယ်…´

                        ` ကော်ဖီ ပါဗျ..ကော်ဖီ….´

                        ` မင်းကလေ…ငါလုပ်လိုက်ရလို့…´

(လုပ်လိုက်လေ..ကြာသလားလို့ …ကို စိတ်ထဲက ပြောလိုက်သည်) ကိုပိုင်က ကျွန်တော့် ဆံပင်တွေကို အားရပါးရ ဖွသွားပြီး ထသွားသည်။ တုန်ပြီး ခါသွားသော ကိုပိုင့် ဖင်လုံးကြီးများက ရင်ခုန်ဖို့ကောင်းသည်။ ကိုပိုင် ကိုယ်တိုင်ဖျော်ပေးထားသော ကော်ဖီကို တငုံ သောက်လိုက်သည်။ ကျွန်တော် သောက်ဖူးတဲ့ ကော်ဖီ ထဲမှာအကောင်းဆုံး…။ ကပူချီးနိုး တော့မဟုတ်။ ( MHS က ကပူချီးနိုး ကတော့…သောက်လို့ကောင်းသည်…အဲ…ချစ်ဖို့ကောင်းသည်…xxx ကြေငြာဝင်သည် xxx ) ။ instant coffee တွေထက် ကော်ဖီမှုန့်စစ်စစ်ကို ဖျော်ထားသည့်အတွက် ကော်ဖီရဲ့ မွှေးပျံ့ခါးသက်မှုကိုပါ ခံစားရသည်။ ကိုပိုင် ပြန်ရောက်လာတော့ ကျွန်တော့်ဘေးတွင်ဝင်ထိုင်သည်။ သူယူလာတာ ကော်ဖီ မဟုတ်။ သူသောက်နေတဲ့ ဝါကျင့်ကျင့် အရည်တွေ။ (သေး မဟုတ်ပါ)။

                        ` ကိုပိုင်…သောက်ပြန်ပြီ…´

                        ` ဟ…ဒီကောင်လေး…ငါအခုမှသောက်ဖို့လုပ်တုန်းရှိသေးတယ်…´

                        ` မမိုး…သိရင်..´ ကိုပိုင်က သူ့လက်နဲ့ ကျွန်တော့်ပါးစပ်ကို ပိတ်လိုက်သည်။

                        ` မင်း…လျှာသိပ်ရှည်တယ်…မင်း ကာဖီမင်းသောက်…´ ကိုပိုင့်လက်ကို ဖယ်လိုက်ပြီး ရေခဲတဝက်ထည့်ထားတဲ့ ဖန်ခွက်ထဲကို သူ့အရည်တွေလောင်းထည့်သည်။ (အရည် = ဝီစီကီ)။

                        ` ကော်ဖီ ပါဗျ..ကာဖီမဟုတ်ဘူး..´ ဖန်ခွက်ကို မပြီး တငုံစုပ်သောက်လိုက်သည်။

                        ` ကာဖီဖြစ်ဖြစ် ကော်ဖီဖြစ်ဖြစ်…ဒီအရည်က ဒီအရည်ပဲ´ ပြောပြီးတာနဲ့ ခွက်ထဲက အရက်တွေကို တချက်တည်း ကုန်အောင်မော့လိုက်သည်။ ကိုပိုင် ဘာတွေဒီလောက်တောင် စိတ်ညစ်နေတာလဲ။

                        ` ကိုပိုင်…လျော့သောက်နော်…..လိမ္မာတယ်…´

                        ` ငါ့..လိင်က မာပြီးသား….စမ်းကြည့်မလား..´ ကိုပိုင် ဒီနေ့တော်တော်ထူးခြားနေသည်။ မမိုးရှိရင် ဒီလောက်ထိ စကားလုံးတွေကို ထုတ်မသုံး။

                        ` တော်ဗျာ…ခင်ဗျားကြီး သိပ်ညစ်ပတ်တယ်…´

                        ` ငါက သန့်သန့်လေး…နမ်းကြည့်မလား…´ ကိုပိုင်က သူ့နှုတ်ခမ်းကို စူပြီး ကျွန်တော့်ကို အတင်လာဖက် နမ်းသည်။ အားနှင့်ရုန်းရင် ရပေမယ့် ကျွန်တော် ဟန်လောက်ပဲရုန်းလိုက်သည်။ ကိုပိုင့် နှုတ်ခမ်းရဲ့ နွေးထွေးမှုက ကျွန်တော့် ညာဖက်ပါးကနေ တကိုယ်လုံးရှိ သွေးတွေထဲ စီးဆင်းသွားသည်။

                        ` ကိုပိုင်…ဘာဖြစ်နေတာလဲ…´ ဒုတိယ တခွက်ထပ်သောက်လိုက်ပြန်သည်။

                        ` ဘာဖြစ်ဖြစ်ကွာ..´ ခြေသလုံးက ပွန်းထားတဲ့ဒဏ်ရာက ခြောက်သွားသည်ထင်။ အရေပြားတင်းပြီး နေရာခက်လာသည်။

                        ` ဘာမှမဖြစ်နဲ့…ကျွန်တော့်ကို …အရေပြားပွန်းရင်လိမ်းတဲ့…ဟို…အနီရောင်ဆေးရည်ရှိလား…´

ကျွန်တော်ပြောတာကို ကြားကောကြားရဲ့လားမသိ။ အာလူးကြော်ထုပ်ကို အငမ်းမရဖောက်နေသည်။

                        ` ကိုပိုင်…´

                        ` အေး..ငါကြားတယ်…နားမကန်းသေးဘူး..Septidine ကိုပြောတာလား´ ကျွန်တော်က ဆေးရည်နာမည်ထက်စာရင် ဆေးဗူးပုံစံပဲမှတ်မိသည်။

                        ` နာမည်မသိဘူး…ဆေးက အနီရောင် အရည်…´

                        ` ဟုတ်ပါတယ်…ခဏထိုင်..ငါသွားယူပေးမယ်…´ ကိုပိုင် အနားက ထသွားတော့ ကျွန်တော် ကိုပိုင့် ဖင်ကြီးတွေကို အားရပါးရ ပုတ်လိုက်သည်။ အဆီတွေနဲ့ အိနေမယ်လို့ထင်ထားခဲ့ပေမယ့် ထင်သလောက် မပျော့။ တင်းတင်းရင်းရင်းရှိသည်။

                        ` မင်း…ရဲ့ဖင်ကို ကိုင်ရင်…ကြိုက်လား..´ ကိုပိုင့်လေသံက ခုနက စနောက် နေတာနှင့်မတူ။

                        ` ကြိုက်တယ်…´

                        ` မင်းကြိုက်ပေမယ့် ငါမကြိုက်ဘူး…နောက်တခါ မကိုင်နဲ့..´ ကိုပိုင့်လေသံက အတည် ပြောနေတယ်ဆိုတာ ကျွန်တော်သိသည်။

                        ` ဆောရီး…ချစ်ကိုကြီး..´ ကျွန်တော့်လေသံက ကလေး အရုပ်ဝယ်ချင်လို့ ပူဆာတဲ့ ချွဲပစ်ပစ်လေသံ။

                        ` မင်း ရေချိုးခန်းမှာ ချော်ကျတာ…ဆေးယူမလား…´ ကိုပိုင် သတိပေးမှသိသည်။ ခုမှပဲ မြီးညှောင့်ရိုးက နာလာသည်။

                        ` ဟုတ်…ပရုတ်ဆီ ဆိုရပြီ ´ ကိုပိုင် ဖျော်ပေးသော ကော်ဖီကို တခါတည်း ကုန်အောင် သောက်ပစ်လိုက်သည်။ မိုးက ခုမှ သည်းကြီးမည်းကြီး ပိုရွာလာသည်။ ကိုပိုင် နှင့် အခုလို ညတွေလိုမျိုး တူတူ နေရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ဖယောင်းတိုင် မီးရောင်ရဲ့ လှုပ်တုတ်လှုပ်တုတ်က ဒီမိုးညမှာ အလွမ်းတစ်ခုကို အားထပ်ဖြည့်ပေးလိုက်သည်။ ကျွန်တော်ချစ်သော ယောကျာ်းတယောက်၏ ဖျော်ပေးသော ကော်ဖီကို တငုံသောက်လိုက်သည်။ ဖျတ်ခနဲ့ လ ျှပ်စီး လက်သွားသည်။ ကိုပိုင်က ကြာလိုက်တာ။

                        ` ပရုတ်ဆီကို မနည်းရှာလိုက်ရတယ်ကွာ….´ ကိုပိုင်က ဆေးပုလင်းတွေကို စားပွဲပေါ်တင်ပြီး တခုတည်း သော စွပ်ကျယ်ကို ချွတ်လိုက်သည်။ ကိုပိုင် နှဖူးပေါ်မှာ ချွေးတွေသီးနေသည်။ ကိုပိုင်ဝတ်ထားတဲ့ ပုဆိုးက အနည်းငယ်ပြေလျော့နေသည်။ ဆီးခုံပေါ်ကနေ အပေါ်ကို ထိုးတက်လာတဲ့ မည်းနက်နေတဲ့ ကောက်ကောက်ကွေးကွေး အမွေးများက belly အပြည့်ရှိသော ဗိုက်သားပေါ်ကို ထိုးတက်နေသည်။ ရင်ဘတ်ပေါ်က ရင်ဘတ်မွေးရေးရေးလေးက လည်း ကျွန်တော့် တကိုယ်လုံးရှိ မွေးညင်းတွေ စူးခနဲ ဖြစ်သည်အထိ ။ လေဝင်လေထွက်ရှိအောင် ခပ်သေးသေး ဟထားတဲ့ ပြတင်းတံခါက ဝင်လာတဲ့ မြေသင်းနံ့ပါတဲ့ လေက ကျွန်တော့်စိတ်တွေကို နွားရိုင်းတကောင်လို ထကြွသွားစေသည်။

                        ` မိုး ရွာတယ်သာပြောတယ်…အိုက်စပ်စပ်နဲ့…´ ကိုပိုင့် အကျင့်အတိုင်း ပုဆိုးကပုံစနဲ့ မျက်နှာက ချွေးတွေကို သုတ်လိုက်သည်။ ပုဆိုးအောက်နားက အပေါ်ကိုတက်သွားပေမယ့် ကိုပိုင့်ရဲ့ ညီလေးကိုတော့ ကျွန်တော် မမြင်လိုက်ရ။ ကျစ်လစ်တုတ်ခိုင်တဲ့ ပေါင်လုံးကြီးများကို ငေးကြည့်နေမိသည်။

                        ` လာ…ပုဆိုးမထား….´ ကိုပိုင်က ပုဆိုးကို ခုနထက် တိုတိုဝတ်လိုက်ပြီး ကျွန်တော့်ဘေးမှာဝင်ထိုင်သည်။

                        ` ဘာလုပ်ဖို့လည်း..´

                        ` မင်း ဆေးမလိမ်းဘူးလား..´

                        ` လိမ်းမှာပေါ့…´ ကိုပိုင့်ရဲ့ ယောကျာ်းပီသတဲ့ ကိုယ်ရနံ့က ကျွန်တော့် တကိုယ်လုံးကို နုံးချိသည် အထိ ဆွဲဆောင်လွန်းသည်။

                        ` ဒါဆို…ပေး..ခြေထောက်´

                        ` ဟာ…ငရဲကြီးကုန်မယ်…ကျွန်တော့် ကိုယ့်ကိုလိမ်းမယ်…´

                        ` ငရဲကြီးမှ ငရဲလေးကို နိုင်မယ်…ကဲပါ…မင်းကတော်တော့်ကို ကဂျီကကြောင်….´ ကျွန်တော် ခြေထောက်ကို ကိုပိုင်က အတင်းဆွဲလိုက်ပြီး ကိုပိုင်က သူ့ပေါင်ပေါ်တင်လိုက်သည်။ ကိုပိုင့်ရဲ့ ပေါင်လုံးကြီးတွေရဲ့ နွေးနေတဲ့ အနွေးဓာတ်က ကျွန်တော့်ညီငယ် ကို တဒုတ်ဒုတ် ခေါင်းထောင်စေသည်။ ဖယောင်းတိုင်ကို ယူပြီး ကျွန်တော့် ပွန်းထားတဲ့ ဒဏ်ရာကို ကိုပိုင် သေချာကြည့်သည်။

                        ` အား….ပူတယ်….´ ဖယောင်းစက်က ခြေသလုံးပေါ်ကို တစက်ကျသွားသည်။

                        ` ဆောရီး…ဆောရီး…မင်းကလေ..ပိုကိုပိုတယ်…´

                        ` ကိုပိုင့် အသားမှမဟုတ်တာ….´ ကိုပိုင်က ဟက်ခနဲ တချက်ရယ်လိုက်သည်။ အသားမည်းပေမယ့် ဖြူဖွေးနေတဲ့ သွားတွေက အစီအရီ။

                        ` ကဲ…ဒီမှာကြည့်….´ ကိုပိုင်က သူ့ ဒူးနားက ပုဆိုးကို ပေါင်တံတဝက်ပေါ်တဲ့အထိ လှန်တင်လိုက်ပြီး ဖယောင်းရည်ကို ချပြသည်။

                        ` ဟာ…´

                        ` ဘာမှ တောင်မသိလိုက်ဘူး….´ ကျွန်တော် ဘာဖြစ်သွားမှန်းမသိ။ ကျွန်တော့်လက်တွေက ချက်ချင်းကို ကိုပိုင့် ပေါင်ပေါ်က အခဲဖြစ်ခါနီး ဖယောင်းစက်လေးကို သွားပွတ်ချလိုက်သည်။ ကျွန်တော်ဒီလို လုပ်လိုက်တာကို ကိုပိုင်က သတိတောင်ထားမိပုံမရ။

                        ` ကိုပိုင့် အသားက ထူနေပြီပဲ…´ ကျွန်တော် ပြောလိုက်တဲ့စကားကို ကြားတောင်ကြားရဲ့လားမသိပါ။ ကျွန်တော့် အသံတွေတုန်နေတာ ကျွန်တော်သတိထားမိသည်။

                        ` တော်တော်ပွန်းသွားတာပဲ…´ ဆေးပုလင်းလေးကို အနာပေါ်ညစ်ထည့်လိုက်သည်။

                        ` အား….´ အမှန်က တအား စပ်ပါသည်။ ကိုပိုင် ပြောမှာဆိုးလို့ အသံထွက်ရုံသာ အော်လိုက်သည်။

 ကိုပိုင် က ဘာမှမပြောဘဲ နှုတ်ခမ်းကို ဝိုင်းလိုက်ပြီး ကျွန်တော့်ရဲ့ ခြေထောက်က ပွန်းရှဒဏ်ရာကို လေအေးအေး လေးနဲ့ မှုတ်ပေးသည်။ ကျွန်တော်..ကျွန်တော့် ရင်ခုန်သံ ကို ခေါင်မိုးရှိသွပ်ပြားပေါ်ကျတဲ့ မိုးစက်သံသာ မရှိရင် ကိုပိုင်ကြားလောက်သည်။

                        ` ကိုပိုင်…ရပြီ..ရပြီ…´

                        ` မင်းအစား ငါတောင် စပ်တယ်…´ ဒီတခါတော့ ကိုယ်ချင်းစာစိတ်လေး ကိုပိုင့်မှာရှိသားပဲ။ ကျွန်တော် ခြေထောက်တွေကို ကိုပိုင့်ပေါင်ပေါ်က နေ အမြန်ရုပ်သိမ်းလိုက်သည်။ နို့မဟုတ်က ကျွန်တော့်ညီလေးရဲ့ ခေါင်းထောင်နေတာကို ကိုပိုင် မြင်သွားနိုင်သည်။

                        ` ကဲ…မှောက်လိုက်…´

                        ` ဘာ မှောက်ရမှာလဲ…´ ကိုပိုင် လက်ထဲမှာ ပရုတ်ဆီပုလင်းကိုတွေ့တော့မှ ကျွန်တော်သဘောပေါက်သွားသည်။

                        ` ဟာ…ရတယ်…ဒါတော့ ကိုယ့်ကိုကိုယ်ပဲ လိမ်းမယ်…´

                        ` ကဝေ…မင်း..ဘာဖြစ်နေတာလဲ´ ကိုပိုင်တာ ဘာတွေဖြစ်နေတာလဲ လို့ ကျွန်တော် ပြန်မေးလိုက်ချင်သည်။ ကျွန်တော်ဘာလုပ်သင့်သလဲ။ ကိုပိုင်ပြောတဲ့ အတိုင်းဆေးပေးလိမ်းရမလား။

           

                        ` ဘာမှမဖြစ်ပါဘူး… တင်ပါးမှာဆိုတော့ ကျွန်တော့်ဖာသာ လိမ်းချင်တယ်…´

                        ` ဟား…ဟား….မင်းကို ငါက ဘာလုပ်မှာမလို့လဲ…ငါ မင်းလို..ယောကျာ်းချင်းစိတ်မဝင်စားဘူးကွ´ ကိုပိုင် အရက်အရှိန်ကြောင့်လား။ သူ့ရင်ထဲက စကားလုံးတွေထွက်ကျလာသည်။ ကိုပိုင့် ပါးစပ်က ထုတ်ဖော်ပြောလိမ့်မည် ဟု ကျွန်တော် မထင်ခဲ့။ ကျွန်တော် မကြားချင်ယောင်ဆောင်လိုက်သည်။

                        ` ကော်ဖီသောက်လိုက်အုံးမယ်…´ စကားလမ်းကြောင်းလွဲလိုက်ပေမယ့် ကိုပိုင့်ရဲ့ မျက်ဝန်းတွေကို ကျွန်တော် သတိထားမိသည်။ မျက်ထောင့်က အရက်ကြောင့်လား။ မမိုးကို လွမ်းဆွတ်မှုကြောင့်လား။ ကိုယ်တိုင် ဂေး ဖြစ်ပါလျက်နဲ့ ဖုံးကွယ်ထားရတဲ့ ဘ၀ ကို ဝမ်းနည်းနေတာလား။ သိတာတခုက ကျွန်တော် အဓိပ္ပာယ်မဖွင့်တတ်။

                        ` မင်း မလိမ်းချင်လဲ အတင်းမလိမ်းပေးတော့ပါဘူး…မင်းဟာမင်း လိမ်းတော့…ငါ… လည်းသောက်လိုက်အုံးမယ်။ ´ နောက်တခွက် ကို တကျိုက်ထဲ မော့သောက်လိုက်သည်။ မိုးက ပိုကြီးလာသည်ထင်။ မိုးစက်သံ တွေက ပိုပိုပြီးပြင်းထန်လာသည်။ အာကာ မနိုးတာ ထူးဆန်းသည်။ ကျွန်တော် သာ ဒီလောက် သွပ်မိုးပေါ်ကို ကျလာတဲ့ မိုးစက်သံတွေကိုကြားလို့က နိုးမှာသေချာသည်။ ခရီးပန်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကိုပိုင်စကား မပြောတော့။ ကျွန်တော့် ကော်ဖီ လည်းကုန်သွားပြီ။ မိုးရနံ့က ခုမှ ပိုပြီး အသက်ဝင်လာသည်။ မိုးနံ့ ပါသော လေအေးအေး တွေက ပိုပြီး ပြင်းထန်လာသည်။ မုန်တိုင်းများရှိလို့လား။

                        ` ကိုပိုင်….ကျွန်တော် အိပ်ချင်ပြီ…´

                        `ဟေ…. ´ အရက်နံ့စူးစူးက ကိုပိုင့်ပါးစပ်ကနေထွက်လာသည်။ ကွမ်းဝါးထားပြီး နှုတ်ခမ်းတွေနီနေသော နှုတ်ခမ်းတစုံသာဆိုရင် ကျွန်တော် ဖက်နမ်းမိမလားမသိ။ အရက်နံ့ ကိုတော့ ကျွန်တော် မကြိုက်။

                        ` ကျွန်တော် အိပ်ချင်ပြီ..ဘယ်မှာ သွာအိပ်ရမလဲ…´

                        ` အင်း….အာကာ အိပ်နေတဲ့ ဘေးမှာ သွားအိပ်…´ ကျွန်တော် လိုချင်တာက ကိုပိုင်နဲ့ ဒီညတူတူအိပ်ချင်သည်။ ကိုပိုင့်ကို ဖက်ထားချင်သည်။

                        ` ကိုပိုင် ကော မအိပ်သေးဘူးလား…´

                        ` ငါ..ဆက်သောက်လိုက်အုံးမယ်…´

                        ` ဒါဆိုလည်း ကျွန်တော် မအိပ်သေးဘူးလေ..ကိုပိုင်သောက်ပြီး မှ သွားအိပ်မယ်…´ ကိုပိုင် ကျွန်တော့်ကို တခါမှ မကြည့်ဖူးတဲ့ အကြည့်မျိုးနဲ့ကြည့်လိုက်သည်။ မျက်ထောင့်နီနေတဲ့ မျက်ဝန်းတွေမှာ ဒေါသ အရိပ်တွေ သန်းနေသည်။ ကိုပိုင်…ကျွန်တော့်ကို ဒီလို အကြည့်မျိုးနဲ့ မကြည့်ပါနဲ့ဗျာ။ ကျွန်တော် မခံစားနိုင်လို့ပါ။

                        ` မင်း သဘောပဲ….´ ကိုပိုင့်လေသံတွေ ခုနက ထက် မာကြောနေသည်။

                        ` ကိုပိုင်…မသောက်ပါနဲ့တော့ဗျာ… သွားအိပ်ကြရအောင်…´ ကျွန်တော်ပြောတဲ့စကားတွေက မိန်းမ က သူ့ယောကျာ်းကို ပြောတဲ့ပုံပေါက်နေသည်။ စကားတခွန်းမှ ပြန်မပြောဘဲ ..ကိုပိုင် အကြည့်တချက်နဲ့တင် ကျွန်တော် ကိုပိုင် အနားက ထွက်သွားလိုက်သည်။ ကိုပိုင် ကျွန်တော့်ကို မမုန်းစေချင်။


ချစ်တဲ့ ❤ သိုးငယ်


ဆက်ရန်........


No comments: