ဆရာဝန်ကြီးရှေ့ ထိုင်နေရင်း မိုးစစ်အာရုံတွေက လွင့်ချင်ရာလွင့်နေသည်
။သူဆက်မကြားချင်တော့ ။သူ့နှလုံးပေးဖို့ လရောင်ရဲ့ တစ်ရှုးဆဲလ်တွေနှင့် သူ့ဆဲလ်တို့ သည်မတူနိုင်သည့်အတွက်
ခွဲစိတ်ဖို့ အဆင်မပြေနိုင်ပါတဲ့ ။တူသည်ထားဦး နောက်အဆင့်တွေ ရိုးတွင်းခြင်ဆီတွေ စစ်မည်
ခွဲစိတ်စဉ်တစ်လျောက်လုံးမှာလည်း နှလုံးခုန်အောင်နှိုးထားရမည် ။ ဒါကြောင့် သေချာစဉ်းစားဖို့
သာ တွင်တွင်ပြောနေတာမို့ သူထပြန်ချင်ပြီ ။
ပြန်လာစဉ်လမ်းတစ်လျောက်လုံးမိုးစစ်ထံမှ
အသံမထွက်တော့ ။ ရိုးတိုးရိပ်တိမြင်ကွင်းတွေကိုငေးမောရင်း သူ့ဘေးမှာပါလာခြင်းကြောင့်
သူမနေနိုင်စွာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည် ။
''မိုးစစ် ''
''........''
''မိုးစစ်''
''ဟုတ်ကဲ့ အစ်ကိုလင်းညို ''
''ညီလေး မျက်ကြည်လွှာအလှုရှင်စောင့်နေရင်း ဒီမှာနေခဲ့ပါ လား
...ဘယ်သူမှ မနစ်နာစေတဲ့နည်းတစ်ခု အစ်ကိုစဉ်းစားထားတယ် ...အစ်ကိုတို့ ခေါင်းအေးအေးထားရအောင်
..လရောင်ကို ဟိုမှာသေချာစစ်ဆေးပြီးနှလုံးကိုစက်တပ်လို့ရနိုင်တယ်လို့ အစ်ကို့ကို မိတ်ဆွေတစ်ယောက်ကပြောတယ်
... အဲ့ဒါလေးတစ်ချက်လောက်လုပ်ကြည့်ရအောင် ''
''အဲလိုလုပ်လို့ ရလား ...ရရင် လုပ်မယ်လေ ...''
မိုးစစ်အသံက ချက်ချင်း
တက်ကြွလာသည် ။
''နှလုံးတစ်ခုလုံး ခွဲစိတ်ဖို့အစားထိုးဖို့အဆင်မပြေရင်
နှလုံးခုန်သံမမှန်တာလောက်ကိုစက်နဲ့အစားထိုးခုန်လှုပ်ဖို့ လုပ်လို့ရတယ် ဘန်ကောက်ကဆေးရုံမှာလုပ်ပေးတယ်
ဒီမှာလည်း လုပ်လို့ရတယ်တဲ့ ''
'' အစ်ကို လင်းညို....ကျွန်တော့ကိုကူညီပါဗျာ..နော် ကျွန်တော်
အစ်ကိုလရောင်ကို ကျန်းမာပြီးကျန်ခဲ့စေချင်တာ...''
''မင်းလည်းမသေနိုင်ပါဘူး မိုးစစ်ရာ ..မျက်ကြည်လွှာ အစားထိုးခဲ့ရုံနဲ့
ပြန်မြင်နိုင်ပါတယ် ...ဒါက မိုင်နာကေ့စ်လို့တောင်ပြောလို့ရတယ် ''
သူရယ်ရင်းပြောသည် ။ မိုးစစ်မျက်နှာက ပြုံးရွှင်စွာဖြင့်
''အစ်ကိုလရောင်လည်းကျန်းမာ ၊ကျွန်တော့မျက်လုံးတွေလည်းပြန်မြင်
ဘယ်လောက်ကောင်းလည်းနော် ...တကယ်ပြောရရင် ကျွန်နော်အစ်ကိုလရောင်ကိုလွမ်းတယ်ဗျာ ...အရမ်းတွေ့ချင်နေတာ
..တကယ်လို့  အစ်ကို့ကို အဖေဖုန်းဆက်လာရင် ကျွန်တော်စိတ်ဒဏ်ရာရနိင်တယ် ဘာညာပြောပြီး
လမ်းကြောင်းပေးပါလား ကျွန်တော် အစားမစားဘဲ ဆန္ဒပြလိုက်မယ် ''
''မင်းသားလို့မပြောရဘူး အရမ်းဇာတ်ညွှန်းရေးတာ ..''
''ဟာဗျာ ''
လင်းညို သဘောကျစွာ တဟားဟား အော်ရယ်မိသည်။
ဒီလို မရယ်ဖြစ်တာတောင် အတော်ကြာခဲ့ပြီ ။ပြီးတော့သူ့စိတ်ထဲမကောင်း။မိုးစစ်က
လရောင်ကိုသိပ်တွယ်တာလွန်းလှသည် ။ နှလုံးစက် တပ်ဖို့ဆိုတာလည်းတကယ်က မသေချာလှ။ မိုးစစ်ကိုအာရုံပြောင်းခြင်းတစ်ခုသာ
ဆိုတာ သိခဲ့ရင် သူ့ကို စိတ်ဆိုးလိမ့်မည်ထင်သည် ။ အင်းပေါ့လေ ...မိုးစစ်က ငယ်သေးတာကိုး
အချစ်ကို ဘဝလိုထင်မှတ်နေတာပေါ့ ။သူကတော့ ဘဝအတွက် အချစ်လိုခဲ့တာပါ ။ ဒါမှသူ့ဘဝရှေ့ဆက်နိုင်မည်ကိုး ။
အင်း သူလည်းအတ္တတွေနဲ့ လူတစ်ယောက်ပါပဲလားး။
++++++
''အငယ်လေး ''
''ဗျာ အကိုလေး ဘာခ်ုင်းမလည်း ''
''အဖေရှိလား .... ''
''လေးလေး ညစာစားပွဲတစ်ခုသွားတယ် ..''
''ငါ့ကို ဖုန်းယူပေးကွာ ..''
''အကိုလေး ဘယ်ကိုဆက်မလို့လည်း လေးလေးက ဖုန်းမပေးရဘူးဆိုလို့
...''
''ယူမှာသာယူခဲ့စမ်းပါကွာ .... လျှာရှည်လိုက်တာ ''
သူ့အော်သံကြောင့်
အိမ်ကကောင်လေးက သူ့ဖုန်းကို သွားယူလာပေးသည် ။ အလွတ်မှတ်မိနေသော ဖုန်းနံပါတ်တစ်ခုကို
ရွတ်ပြ ကာ ခေါ်ခိုင်းရင်း သူ ဖုန်းကိုတောင်းယူလိုက်သည် ။ ဖုန်းကလိုင်းဝင်သွားပြီး သီချင်းသံလေး
တစ်ခုထွက်လာသည် ။ခဏအကြာမှ
''ဟဲလို ''
မိုးစစ် လရောင်ရဲ့ ဟဲလိုသံလေးကိုကြားကာ တံတွေးတစ်ချက်ကို
မြိုချရင်း မွတ်သိပ်စွာ လွမ်းမိသွားသည် ။
''မိုးစစ် လား ''
တဖက်ကမေးလိုက်သံကို အကြားမှာ သူယောင်ယမ်းစွာခေါင်းညိတ်ရင်း
မျက်ရည်တွေအလိုလိုကျလာမိသည် ။
''အစ်ကို.....လွမ်းလိုက်တာ အစ်ကိုရယ် ''
''အတူတူပါဘဲ မိုးစစ်ရယ် ....မိုးစစ်အစ်ကို့ကိုချစ်လို့
ဒုက္ခတွေများရတယ် ...အစ်ကိုတောင်းပန်ပါတယ်နော် ''
လရောင်ရဲ့အသံက တိုးကာတုန်နေသည် ။ လရောင်လည်း သူ့လိုငိုနေတာကိုသိတာကြောင့်
မိုးစစ်အသံကိုထိန်းကာ
''အစ်ကို ...မငိုနဲ့ သိလားး ကျွန်တော်တို့ကို ဘယ်အရာကမှမခွဲနိုင်ဘူး
ဘယ်လိုအနားအဆီးတွေရှိရှိ ကျွန်တော် အစ်ကို့နားကိုလာမှာ
အစ်ကိုနဲ့ကျွန်တော် နောက်ဆုံးထွက်သက်အထိအတူတူနေမယ် နော်
အစ်ကိုနော် ....''
''အင်းပါ မိုးစစ်ရယ်...ဘယ်တော့မှမခွဲဘူး အစ်ကိုလည်းလရောင်ကို
သိပ်ချစ်တာ ဒီဘဝတစ်ခုလုံးမှာ တစ်ယောက်တည်းကိုချစ်တာ ...ဘယ်သူဘာပြောပြော နောက်မဆုတ်ဘူး
သိလား ....အစ်ကို့ကိုစောင့်နေပေးနော် ....''
''အစ်ကို ''
မိုးစစ်ရဲ့ ငိုသံကိုကြားရင်းလရောင်လည်းငိုမိသည် ။ ငိုရင်းရင်ဘတ်ထဲက
ပြင်းစွာအောင့်သက်လာသည်မို့ သူ့ရင်ကိုလက်တစ်ဖက်ဖြင့်ဖိရင်း ခပ်ကြိတ်ကြိတ်ရှိုက်ကာငို
ရပြန်သည် ။
''အစ်ကို့ ရင်ဘတ်တွေနာလို့ဖုန်းချလိုက်မယ်နော်မိုးစစ် မိုးစစ်ကို
အစ်ကိုသိပ်ချစ်တယ် ဆိုတာ ဘယ်လိုအခြေအနေဖြစ်ဖြစ် သိထားပေးနော် ''
မိုးစစ်ခေါင်းကိုငြိမ့်လိုက်စဉ်မှာဘဲ ဖုန်းက ကျသွားသည်မို့
သူမချင့်မရဲဖြစ်သွားသည်။ပိုက်ဆံအိတ်ကိုအံဆွဲထဲကထုတ်ယူပြီး သူအခန်း တံခါးကိုဖွင့်ကာ
အပြင်ကို ထွက်လိုက်သည် ။ ထမင်းစားခန်းထဲမှ အငယ်လေးရဲ့ စကားသံနှင့် အိမ်အကူ အန်တီကြီးရဲ့
ရယ်သံကို ကြားလိုက်တာကြောင့် အိမ်ရှေ့ ဧည့်ခန်းမှာလူမရှိမှန်းသိသွားသဖြင့် သော့ကိုယူပြီး
အိမ်အပြင်တံခါးမကြီးကိုဖွင့်ကာထွက်လိုက်သည် ။ခပ်ဝါးဝါး မြင်နေရသော အရိပ်များကို ကျင့်သားရအောင်ရှောင်ရင်း
သူ တဖြည်းဖြည်း ခြံဝသို့သွားကာ ခြံတံခါးကိုသော့ဖွင့် အပြင်ထွက် သော့ပြန်ခတ်ရင်း သော့ကိုခြံထဲပစ်သွင်းလိုက်သည်
။
လမ်းမဘက်ရောက်ဖို့ တဖြည်းဖြည်းသွားရင်းကားမီးရောင်ကိုအမြင်မှာ
သူဘေးကပ်ပြီးလက်တားလိုက်သည် ။ကားကမရပ် ။နောက်မီးရောင်တစ်ခုထပ်အတွေ့မှာ အဖေ့ကားမဖြစ်စေဖို့ဆုတောင်းရင်း
လက်ကိုဆန့်ထုတ်လိုက်စဉ် ကား က သူ့ဘေးမှာထိုးရပ်ပြီး
''ဘယ်ကိုသွားမလည်း ဆရာ ''
သူနေသည့်ကွန်ဒိုရဲ့ နာမည်ကို ရွတ်ပြရင်းကားတံခါးကိုဖွင့်ပြီး
ဝင်ထိုင်လိုက်သည် ။
++++++++
''ရော့ ဆေးသောက် ...ဒီမှာ ''
လင်းညိုပေးသည့်ဆေးကို ယူပြီးလရောင်ရေဖြင့်မျှောချလိုက်သည်
။ မို့အစ်နေအောင်ငိုထားသော မျက်လုံးတွေကိုကြည့်ကာ
လင်းညို
ခေါင်းတစ်ချက်ယမ်းရင်း အပြင်ထွက်မည်အပြု သူ့ဘောင်းဘီအိတ်ထဲက
ဖုန်းက တချက်တုန်သွားတာမို့ သူထုတ်ပြီးဖွင့်ကာ
''ပြော ရွှေကြာ ''
''ဟုတ်လား ...မလာဘူးဒီကို ...အင်း အင်း အစ်ကို ကားနဲ့ပတ်ကြည့်ပေးမယ်
...''
သူဖုန်းကိုချရင်း
''နင်နေသာလား ...ငါအပြင် ခဏသွားမလို့ ''
''မိုးစစ် အိမ်ကထွက်သွားလို့လား ...လင်းညို ''
''ကျွတ်စ် ...''
''ငါလိုက်ခဲ့မယ် ...မဟုတ်ဘူးး နင်မသွားနဲ့ သူဒီကိုလာမှာ
ငါတို့အောက်ဆင်းစောင့်မယ် ''
''နင်ရလို့လား ..ရွှေကြာလည်း ဒီကိုလိုက်လာနေတယ် ...တော်ကြာဆူသံညံသံတွေနဲ့
နင် သိက္ခာကျနေမယ် ''
''သိက္ခာထက် မိုးစစ်ကအရေးကြီးတယ်....လာ ဆင်းကြရအောင် ''
ခုနကပျော့ခွေနေသော လရောင်က အခုသူမဟုတ်သလို အပေါ်အင်္ကျီ ကောက်ဝတ်ပြီး
ထထွက်သွားတာမို့ သူပခုံးတွန့်ရင်းနောက်က လိုက်သွားရတော့သည် ။
စက်သံ တဂီးဂီးကိုနားထောင်ရင်းသူစိတ်မရှည်တော့
။
''ကားကဘာဖြစ်တာလည်းဗျ ''
''Heat တက်နေလို့ ပါ.. ကျွန်တော် စက်သတ်ပီးခဏထားမှရမယ်
အကို ...အကိုသွားမယ့်နေရာကရှေ့မီးပွိုင့်ကျော်ရင် ရောက်ပြီ ဆင်းလျောက်သွားမလား အကို
''
သူကားခကိုထုတ်ပေးလိုက်သည် ။ကားသမားကို ဘယ်လောက်တန်လည်းမေးတော့မှ
သူမျက်စိမကောင်းမှန်းသိသွားပြီး အားနာစွာခဏစောင့်နေဖို့ပြောတာကြောင့်သူငြင်းပြီးဇွတ်ထွက်လာခဲ့လိုက်သည်
။ ညသည်တိတ်ဆိတ်စွာညှို့ငင်ရင်းဖမ်းစားနေတာမို့ သူခေါင်းမော့ရင်း လေတစ်ချက်ချွန်လိုက်သည်
။ မကြာခင် ဒီလမ်းမပေါ်မှာ အကို့လက်ကိုတွဲပြီး လျောက်ရင်းညအလှကို တိုးတိတ်စွာခံစားမည်
ဟု သူ ကြိမ်းဝါးလိုက်ပြီး တစ်ချက်ပြုံးလိုက်သည် ။ မီးပွိုင့်ထိပ်ရောက်တော့ သူလမ်းမကူးသေးဘဲ
ဘေးဘီဝဲယာက အသံတွေကိုနားထောင်ရင်းရပ်နေစဉ်
လရောင်တို့ကလည်းမိုးစစ်ကိုမြင်သွားပြီး ကွန်ဒို ဝင်းရဲ့အပေါက်ဝကနေခပ်သုတ်သုတ်ပြေးထွက်ကာ
''မိုးစစ် ''
လရောင် မိုးစစ်နာမည်ကိုခေါ်မည်အပြု မိုးစစ်ရဲ့နောက်ဖက်ကားပေါ်မှ
ရွှေကြာ့ခေါ်သံက ထွက်လာတာမို့ မိုးစစ်ကားလမ်းကို ရုတ်တရတ်ဖြတ်ကူးလိုက်သည် ။လမ်းသွယ်တစ်ဖက်မှ ပြိုင်ကားတစ်စီးရဲ့ အိတ်ဇောသံကျယ်ကျယ်ကိုကြားပြီး
လရောင်မျက်နှာပျက်ကာ ကားလမ်းတစ်ဖက်ကိုပြေးသွားပြီး
''မိုးစစ် မကူးနဲ့ မကူးလာနဲ့ဦး ''
လရောင်ရဲ့အသံကိုကြားပြီး မိုးစစ် လမ်းကူးနေရာမှ ရုတ်တရတ်
ရပ်လိုက်တာကြောင့် လရောင်မိုးစစ်ဆီသို့အားကုန်ပြေးထွက်သွားသည် ။ ရုတ်တရတ်ပြေးထွက်သွားသော
လရောင်ကြောင့် လင်းညိုလရောင်ကိုပြေးဆွဲမည်အပြုမျက်လုံးထဲရိပ်ကနဲကားတစ်စီးက ပြေးဝင်လာပြီး
''ဒုန်း ''
''ကျွီ ''
''အကို ''
''အားးးးးသေပါပြီ ''
မိုးစစ်ရဲ့ အသံက
မလဲပြိုခင် ကျယ်လောင်စွာထွက်လာသည် ။ရွှေကြာအော်ဟစ်ရင်း အလန့်တကြား မျက်နှာကိုအုပ်ထားလိုက်မိသည်
။ကားဘရိတ် အုပ်သံ အော်သံဟစ်သံတို့ဖြင့်တိတ်ဆိတ်သောညသည် ရုတ်တရတ်ဆိုသလို အရုပ်ဆိုးအကျည်းတန်သွားတော့သည်
။
x x x
ခြောက်နှစ်ခန့်အကြာ ။
ပုဂံမြို့
။
ခိုးခိုး ခစ်ခစ်ရယ်ရင်းတတောက်တောက်ပြေးနေသော သားသားကို မိုးစစ် ချစ်မြတ်နိုးစွာ လက်ကိုင် ဖုန်းနဲ့ ဗီဒီယို ရိုက်နေမိသည် ။ရွှေကြာက ယွန်းပစ္စည်းဆိုင်က အမှတ်တရပစ္စည်းတွေရွေးလိုက် သူတို့နှစ်ယောက်ကိုကြည့်လိုက်ရင်း
'' သားသားချော်လဲမယ်နော် ....အရမ်းမပြေးနဲ့
''
''ပြေးပါစေဟာာ မြို့ပေါ်မှာ ဒီလိုပြေးရတာာမဟုတ်ဘူး ...''
ရွှေကြာ
မိုးစစ်ကို မျက်စောင်းတစ်ချက်ထိုးရင်း
''နင် ကြပ်ကြပ်အလိုလိုက် သိလား ...သားသားက နှစ်နှစ်ကျော်နဲ့တော်တော်ဆိုးနေပီ ..ပြောမကောင်းဘူးဟဲ့ ''
သူ သားသား ခေါင်းကဆံနွယ်ပျော့လေးတွေကို
တစ်ချက် ဖွလိုက်ရင်း နှစ်ခြိုက်စွာ ပြုံးလိုက်သည် ။ရွှေကြာ့လက်ဆောင်ထုပ်တွေကို ကားနောက်ခန်းထဲထည့်ရင်း
''ကဲ ...နင်သွားရင်သွားတော့ ရွှေကြာ ...ဟိုမှာနေစောင်းတော့မယ် ...''
''နင်လည်းလာလေ...မိုးစစ် ''
''ဒီနေရာက
တက်ရဆင်းရတာ မတ်မတ်ကြီးဟ ကလေးကြောက်နေမယ် ...စကတည်းက ငါပြောသားဘဲ ဂူနီကြီးဘက်သွားပါဆို ...''
ဘုရားလာဖူးသူတွေထဲက သူ့ကိုမှတ်မိသူကောင်မလေးတချို့က သူနှင့်ဓာတ်ပုံ တွဲရိုက် ချင်သည်ဟု လာပြောတာကြောင့် သူဓာတ်ပုံ အရိုက်ခံ ပေးတာကို ရွှေကြာကရပ်စောင့်ရင်း
''ကလေးနားနေနော်... နင်ကြည့်ထားပေးကလေးကို ...ကောင်မလေးတွေကမင်းသားမင်းသားဆိုတာနဲ့သာယာပြီး ကလေးပျောက်မယ်..ငါသွားပြီ
''
မိုးစစ် ရယ်ကျဲကျဲလုပ်ရင်း ရွှေကြာတက်သွားရာလှေကားတစ်ဆုံးကို ကြည့်နေရင်း
သားသားကို ကောက်ချီလိုက်ပြီး ကားနားကိုပြန်သွားကာ ကားထဲဝင်ထိုင်နေလိုက်သည်
။ သူကားထဲထိုင်နေရင်းမှ သူ့ကိုတစ်စုံတစ်ယောက်က ကြည့်နေသလိုခံစားရတာကြောင့်
ဘေးပတ်ဝန်းကျင်ကိုတစ်ချက်လိုက်ကြည့်မိစဉ်ခဏ သူ့နှလုံးသားက နူးညံ့စွာ ယိမ်းထိုးလှုပ်ရှားလာလေသည်
။ သူစိတ်လှုပ်ရှားစွာပျားပန်း ခတ်မျှ များပြားလှစွာသော လူအုပ်ကြားထဲလိုက်ရှာမိစဉ်
သူရှိရာသို့ ကင်မရာ zoomကို ချိန်ရင်းဓာတ်ပုံလှမ်းရိုက်နေသောလူတစ်ယောက်က
ဖျတ်ကနဲ ကွယ်သွားတာကို တွေ့လိုက်စဉ်မှာ သူ့ပါးစပ်က လွှတ်ကနဲ အော်လိုက်မိသည်
။
'' ...''
သူကားပေါ်မှ လျှင်မြန်စွာ ဆင်းလိုက်စဉ် သားသားက သူ့အင်္ကျ
ီစကို ကိုင်ပြီး သူပါ လိုက်မည့်ဟန် ပြင်နေတာကြောင့်ကလေးကို သူကောက်ချီလိုက်သောအခိုက်
ဓာတ်ပုံသမားက ဖျတ်ကနဲ လူတွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားသည် ။သူကလေးကိုချီရင်းအရူးတစ်ယောက်လို
အပြေးလိုက်သွားမိသည် ။ထိုလူရဲ့အစအနကိုတောင်သူမတွေ့တော့ ။ လူအုပ်ကြားထဲ သူ ဟိုဟိုသည်သည်ရှာရင်း
သူ့ရင်အစုံသည် မောပန်းကြီးစွာ တလှပ်လှပ်ခုန်လှုပ်လာလေသည် ။ ဘုရားမလို့ သူ
သူတွေ့တာ အကိုများလားး ဟင့်အင်းး မဖြစ်နိုင်ဘူးး မဖြစ်နိုင်ဘူး ...။ အကိုက
သေခဲ့ပြီဘဲ ။
နေက တဖြည်းဖြည်းစောင်းလာပြီဖြစ်သည် ။နေဝင်ချိန်ကိုကြည့်နေသူ
တချို့ တဖြည်းဖြည်းပြန်ဆင်းလာကြတာတဲ့အထဲ ရွှေကြာပါ ပါလာတာမို့ ခဏစောင့်နေလိုက်ရင်းမှ
ကားကို မောင်းထွက်လိုက်သည် ။
''မိုးစစ် ...နင်ဘာဖြစ်နေလည်း ...ချက်ချင်းမျက်နှာမကောင်းဘူးဖြစ်သွားတယ်
အဆင်ပြေရဲ့လား ငါမောင်းရမလား ''
''ရတယ် ကြာ လမ်းကနည်းနည်းမှောင်နေလို့ ငါဘဲမောင်းပါမယ်
''
''......''
ရွှေကြာဘာမှမပြောဘဲ မိုးစစ်မျက်နှာကို ဘေးတိုက်ကြည့်နေလိုက်သည်
။ မည်းနက်သော မျက်ခုံးနှစ်ခုကိုတွန့်ချိုးလျှက် မိုးစစ်မျက်နှာက တစ်စုံတစ်ခုကို
အပြင်းအထန်စဉ်းစားနေသည့်ပုံ ။ တဖြည်းဖြည်းကားက ဟိုတယ်သို့ ရောက်လာသည် ။
''လေယာဉ် ဘယ်အချိန်လည်းရွှေကြာ ''
''လိုသေးတယ် ခဏနားဦးလေ ''
''ဒါရိုက်တာဆီ ခဏသွားလိုက်ဦးမယ်ဟာ ''
ဟိုတယ်ရှေ့ကားရပ်ပေးရင်း မိုးစစ် ရွှေကြာတို့သားအမိကားပေါ်ကဆင်းတာကိုစောင့်နေလိုက်သည်
။ကားတံခါးဘေးလာရပ်သောရွှေကြာ့ကိုတစ်ချက်ပြုံးပြရင်း သားသားရဲ့ပါးကိုတစ်ချက်ဖြစ်ညှစ်လိုက်ပြီးနောက်
''ရွှေကြာ ''
ရွှေကြာ ကသူ့ကိုပြောဆိုသည့်သဘောဖြင့် မေးတစ်ချက်ဆက်ပြသည်
။ သူတံတွေးတစ်ချက် မြိုချရင်း
''ငါ့ကို အမှန်တိုင်းဖြေပေး ပါ ...ရွှေကြာ ''
''အင်းးးဆို ''
''အစ်ကို.....အစ်ကို သေတာ တစ်ကယ် ဟုတ်ရဲ့လား ''
ရွှေကြာ့မျက်နှာသည် ထိန်းချုပ်မရအောင် ပျက်ယွင်းသွားတော့သည်။
''ဘာဖြစ်လို့အခုချိန်မှ ဒါတွေလာမေးနေတာလည်း ''
''ငါ ...''
'' မဖြစ်နိင်တာတွေလည်းးးတောင့်တရင်းလေ .....မင်းစေတနာတွေနဲ့
...အချစ်နတ်သတ်ကြွေ ...ဒီကမ္ဘာမြေထဲမှာ မင်းရှိတဲ့နေရာ ကန့် သတ်နယ်တစ်ခု
ငါမနေဘူးးး စိတ်ဒဏ်ရာတွေခင်းးးနင်းဖြတ်သွားဖို့,..''
ရုတ်တရတ် မြည်လာသောဖုန်းသံကြောင့်မိုးစစ် စကားပြောရင်း
ဖုန်းကိုဖွင့်ကာပြန်ဖြေလိုက်သည် ။
''ဟလို ''
''....''
'' အေးအေး ...ငါလာခဲ့မယ် ....အဆင်သင့်ပြင်ထားလိုက်
''
မိုးစစ် ဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်ရင်း
''ရွှေကြာ ''
''မိုးစစ် ''
''ကိုလရောင်က တစ်ကယ်ဆုံးသွားခဲ့တာပါ ....နင်အခုထက်ထိသူ့ကိုမေ့လို့မရဘူးလားဟင်
''
မိုးစစ် မျက်လုံး သည် ချက်ချင်းဆိုသလို ဆွေးရိပ်သန်းသွားပြီး
''ဘဝမှာ ဘယ်တော့မှမမေ့တော့မယ့်အချစ်ပါ ရွှေကြာ
..တစ်သက်မှာ တစ်ယောက်တည်းကိုဘဲ ချစ်ခဲ့တာပါ ...ဒီစကားမျိုးကို နင့်ကိုပြောရတာလည်းငါအားနာပါတယ်
...ငါ့စိတ်က သူမသေဘူးဆိုတာ သိနေတယ် ...ပြန်လာမယ်ဆိုတာလည်းယုံကြည်နေမိတယ်...
အစ်ကို ရှိသည် မရှိသည်က ငါ့အတွက်မထူးခြားပါဘူး ငါ့အသည်းထဲက အနက်ရှိုင်းဆုံးနေရာမှာသူရှိတယ်
....ငါ့စိတ်ထဲ အစ်ကိုမသေဘူးဆိုတာ ယုံကြည်ထားပြီးသား ...အစ်ကို ငါ့နောက်ကို လိုက်နေတယ် ...ငါ့ပတ်ဝန်းကျင်ကို
အစ်ကိုရောက်လာတာနဲ့ ငါ့ရင်တွေတဒိန်းဒိန်းခုန်တယ်
ဟာ.ငါ့ရင်တွေ ဒီလိုခုန်ဖို့ လုပ်နိုင်တာ ဒီတကမ္ဘာလုံးမှာ သူ့အငွေ့အသက်တစ်ခုဘဲရှိတယ် ...နင်မဖြေချင်တဲ့မေးခွန်းကို
ငါအတင်းမမေးတော့ပါဘူး....ငါသွားပြီ ရွှေကြာ....နင့်ပစ္စည်းတွေသိမ်းစရာရှိတာသိမ်းထားနော် ..ညစာစားချိန်အမှီ ငါပြန်လာခေါ်မယ်''
သူ့ပခုံးစွန်းကို
တစ်ချက်ပုတ်ရင်း မိုးစစ်ကားပေါ်တက်လိုက်သည် ။ ညရဲ့မပီသသောအလင်းအောက်မှာ မိုးစစ်မျက်ဝန်းက
မျက်ရည်စက်ကလက်ကနဲဖြစ်သွားတာကို ရွှေကြာ စိတ်မကောင်းခြင်းကြီးစွာကြည့်ရင်း
ခပ်တိုးတိုးရေရွတ်လိုက်သည် ။
‘‘Sorry ပါ မိုးစစ်ရယ်
....''
ရွှေကြာ သားသားကို ချီရင်း သူမ အခန်းထဲပြန်ဝင်ကာ ကုတင်စွန်းပေါ်ထိုင်ရင်း
ခဏမျှငြိမ်သက်နေလိုက်သည် ။
မကြာခင် သူမလည်း ခင်ပွန်းသည်ရှိရာကို ပြန်ရတော့မည်။
မပြန်ခင် အမှန်တရားကိုသူမ ပြောရမည်လား ၊မပြောရမည်လားသူမ သေချာမသိတော့။ အရင်ကတော့
သူမစိတ်ထဲက မိုးစစ် ခပ်တိုးတိုးမျှော်လင့်ခဲ့ဖူးသည်။ သူမမျှော်လင့်ထားပေမယ့်
မိုးစစ်ကတော့ ဘယ်တော့မှမပြောင်းလဲစွာ ခိုင်မာနေခဲ့သည်။ သူမ မိုးစစ်နဲ့ လရောင်တို့ရဲ့
သစ္စာတရားအပေါ် တိုးတိတ်စွာ အံ့သြရင်း မိဘသဘောတူသည့်
ကိုညီမင်းအောင် ကိုလက်ထပ်ခဲ့ပြီး သူနေထိုင်ရာ ဆစ်ဒနီမြို့သို့ လိုက်ပါအခြေချခဲ့တာ
လေးနှစ်နီးပါးပင် ။ အခုတော့လည်း မိုးစစ်ကိုမိတ်ဆွေတစ်ယောက်လို သူမဟန်မပျက်ဆက်ဆံနိုင်ခဲ့ပြီ
။ တကယ်တမ်းကျတော့ သူမသည်လည်း အတ္တကိုအခြေတည်ခဲ့မိသည်ဘဲ ။
ရွှေကြာ ဒူးနှစ်ဖက်ပေါ် လက်ထောက်ပြီး မျက်နှာကို
လက်ဖဝါးနှစ်ခုကြားထည့်ကာ ခပ်တိုးတိုးရှိုက်ငိုမိတော့သည် ။
''ကျွန်မ ဘယ်လိုများလုပ်ရပါ့မလည်း ကိုလရောင် ..ဒီအတိုင်းဆို
ကျွန်မ ကတိတည်နိုင်ပါ့မလား ။
++++
လေတဝူးဝူးတိုက်နေတဲ့ မြစ်ကမ်းပါးကနေ တဖက်ကမ်းက
တန့်ကြည့်တောင်ကို သူ ဆွေးလျစွာကြည့်ရင်း ကင်မရာကိုချိန်ကိုက်ယူလိုက်သည်။
ဧရာဝတီကသူ့ကိုလွမ်းစေသည်ထင့်။ ရင်ခွင်တစ်ခုလုံးမွန်းကြပ်လာသဖြင့်သက်ပြင်းတစ်ချက်ကို
မှုတ်ထုတ်လိုက်မိသည် ။ မနက်ဖြန်ဆို သူပြန်တော့မည် ။ ပြန်လာသည့် တစ်လလုံးလုံး
မိုးစစ်ရဲ့ ရိုက်ကူးရေးရှိရာနောက်တကောက်ကောက်လိုက်ရင်း ဓာတ်ပုံပေါင်းများစွာရိုက်ယူထားခဲ့ပြီးပြီ။
နောက်ထပ်လာဖို့မသေချာတော့သော ဒီမြေ ဒီရေ ကို သူအပြီးတိုင်နုတ်ဆက်လိုက်သည်
။ ထို့အတူ ...သူ့နှလုံးသားကိုလည်း ။ကင်မရာကိုဖြတ်ကနဲ နှိပ်လိုက်သည်။
အစ်ကို့ ကိုခွင့်လွှတ်ပါမိုးစစ်
ရေ ....
တစ်ကယ်တမ်းပြောရရင် မိုးစစ်ကို အစ်ကို ဘယ်တော့မမခွဲချင်ပါဘူး
မိုးစစ်ရှိတဲ့နေရာကနေလည်း အစ်ကိုဘယ်မှမသွားချင်ပါဘူး ..ဒါပေမယ့် မိုးစစ်ရေ
...အစ်ကိုတို့ကစည်းဘောင်တွေကြားကလူတွေဖြစ်တာကြောင့် ထိမ်းသိမ်းရမယ့် ဆင်ခြင်ရမယ့်ပတ်ဝန်းကျင်တစ်ခုရှိတယ်
။ ပြီးတော့.. အစ်ကို့ နှလုံးသားကိုအစ်ကိုအားနာမယ် ....ဘာလို့လည်းဆိုတော့ အကို့အပေါ်
ကောင်းခဲ့တဲ့လင်းညိုရဲ့ နှလုံး နဲ့အစ်ကိုအသက်ဆက်ရှင်နေခဲ့ရလို့ပါဘဲ ။ သူ့နှလုံးသားနဲ့တခြားလူတစ်ယောက်ကို
ရင်ခုန်နေတာ အစ်ကိုမတရားဘူးလေ ။ တစ်ကယ်လို့များ နှလုံးသားက တောင့်တခြင်းတွေတိုက်ဆိုင်လာတဲ့တစ်နေ့ကျရင်ဒီမိုးကုတ်စက်ဝိုင်းရဲ့တနေရာမှာ
တို့နှစ်ယောက် တွေ့နိုင်ကောင်း ပါရဲ့
.....။
လူတွေကပြောတယ်.ကြယ်တွေကြွေရင်ဆုတောင်းပြည့်ကြတယ်တဲ့
....မကြွေသင့်တဲ့ကြယ်တစ်ပွင့်အတွက် .....ဆုတွေလည်းတောင်းမနေတော့ပါဘူး...။
တိတ်တိတ်လေးဘဲ ...တိုးတိုးလေးဘဲ လမ်းခွဲ ကြရအောင်ပါ.....။
လရောင် နေကာမျက်မှန်ကိုတပ်ပြီး အင်္ကျီရဲ့ နောက်ကျောမှခေါင်းဆောင်းကိုရှေ့သို့
ဆွဲယူကာ သူ့မျက်နှာကို ဖုံးလိုက်သည် ။ လှေကားထစ်တစ်ထစ်ချင်းကို ဆင်းလာစဉ်
ရှေ့နားဆီမှ လူတစ်ချို့ရဲ့ရယ်သံက သူ့နားကို
သဲ့သဲ့ရောက်လာသဖြင့် သူနာကျင်စွာ ခပ်ဖွဖွပြုံးလိုက်မိသည်။ ထိုလူတွေထဲမှာ မိုးစစ်လည်းရှိနေပါလိမ့်မည်
။ သူ့ကားဘေးနားမှာ ရပ်ထားသော မိုးစစ်ရဲ့ ခဲဖျော့ရောင်KIAကားလေးကို သူခပ်ဖွဖွ
တို့ထိလိုက်ရင်း ငိုချင်စိတ်ကြောင့်
သူကားပေါ်တက်ကာစက်နိုးပြီး မောင်းထွက်လာခဲ့လိုက်သည် ။ နေရစ်ခဲ့တော့
ချစ်သူရေ..။ နောင်ဘဝဆိုတာများရှိခဲ့ရင် အပြစ်ကင်းတဲ့ချစ်ခြင်းတွေနဲ့ ချစ်ပါရစေ
လို့ စွယ်တော်လေးဆူလုံးမှာ အကိုဆုတောင်းခဲ့ပါတယ် ။
ကိုယ့်အလှည့်မရောက်သေးသဖြင့်ကားထဲမှာနားနေသောမိုးစစ် ဘေးကကားစက်နိုးသံကြောင့် မှိတ်ထားသော မျက်စိကိုဖွင့်ပြီးခေါင်းထောင်ကြည့်လိုက်စဉ်
သူ့ဘေးနားကကားက ဖြတ်သွားတာကြောင့် သူလိုက်ကြည့်နေမိသည် ။ ညကတစ်ညလုံးအိပ်မပျော်နိုင်
။ဒါပေမယ့် ရွေကြာ့စကားတစ်ခွန်းကြောင့် သူကြည်လင်စွာနိုးထလာနိုင်ခဲ့သည် ။
အစ်ကိုမသေဘူးဆိုတာသိလိုက်ရတဲ့နောက် အရာရာ ပြည့်စုံခြင်း ဆိုတဲ့ ခံစားချက်သည်
ဘာနှင့်မှမတူနိုင်လောက်အောင် ရင်ကိုငြိမ်းချမ်းစေသည် ။ တစ်မိုးအောက်မှာ
ရှိနေသည် ဆိုသော အသိက သူ့ရင်ကို အတိုင်းမသိ
ခုန်လှုပ်စေသည် ။
'' အစ်ကို...ဒါရိုက်တာ ခေါ်ခိုင်းလိုက်တယ် နောက်
ဆင်န်း က အစ်ကို့ကို ရိုက်မယ်တဲ့ ''
''အိုခေ ''
သူရွှင်မြူးစွာပြောရင်း တံခါးကိုဆွဲဖွင့်ကာ အပြင်ကိုသူထွက်လိုက်သည်
။ အား.....။ သာယာလိုက်တာ။ အရာရာသည် လှပလေစွ။ နေရောင်ခြည်နုနုလေးလည်းလှသည်
။ဟိုးရှေ့က မြစ်ပြင်ကျယ်ကြီးလည်းလှသည် ။ပန်းတွေကလည်းအရင်နေ့ တွေကထက်ပိုမွှေးနေပါလိမ့်
မည် ။ ဒီလိုမနက်ခင်းလေးမှာ အစ်ကိုနဲ့ သူ ကားတစ်စီးနဲ့ လယ်ကွင်းတွေကြားခရီးသွားချင်သည်
။ လတ်ဆတ်တဲ့ တောပန်းတွေခူးရင်း ချစ်မြတ်နိုးတဲ့ အစ်ကို့ အပြုံးမြမြကို သူမြင်ချင်သေးသည်
။ သူ့ရင်တဒိတ်ဒိတ်ခုန်လိုက်တိုင်း မဝေးတော့တဲ့ချစ်ခြင်းတွေရောက်လာတော့မည်ဆိုတာသူယုံကြည်မျှော်လင့်နေခဲ့သည်
။သူယုံကြည်ရာကိုဆုပ်ကိုင်ရင်း နေရာတစ်ခုမှာ သွေးတောင့်သည်အထိ ခြေစုံရပ်စောင့်နေပါမည်
။နီးစပ်ဖို့လည်း မဖြစ်နိုင်တဲ့အနေအထားတစ်ခုမှာ ရင်ထဲက အချစ်တွေကိုရင့်သန်အောင်မွေးမြူရင်း
သစ္စာတရားကို သက်သေပြဖို့ သူ့ဘက်ကခိုင်မာနေခဲ့ပြီ ။
မိုးစစ်မျက်နှာကို အပေါ်သို့မော့ရင်း အကို့ကို လွမ်းတယ်လို့ ခပ်တိုးတိုး ရေရွတ်စဉ် မနက်ခင်းနေရောင်ခြည်နုနုကသူ့ပါးကို
လာရောက်ထိခတ်တာမို့ သူကျေနပ်နှစ်သိမ့်စွာ ခံယူရင်း နေ့သစ်တစ်ခုကိုစတင်လိုက်သည်
။တစ်နေ့မှာ ချစ်ခြင်းတွေအပြည့်နဲ့ သူ့ဆီ အစ်ကိုလာမည်ဆိုတာ သူ့နှလုံးသားက အလိုလို
သိနေပါသည် ။ ထိုနေ့သည် တစ်ရက်ဖြစ်စေ ၊ တစ်နှစ်ဖြစ်စေ ၊ဆယ်နှစ်ဖြစ်ပါစေ
၊သို့မဟုတ် ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ဖြစ်ပါစေ သူ့အသက်ခန္ဓာတည်မြဲနေသရွေ့
ဆံဖြူသွားကျိုးတဲ့အထိ သူက စောင့်နေဦးမည်သာ
။
ထိုတစ်နေ့ သည် .....။
Written
by အညို
(ပြီးပါပြီ)
No comments:
Post a Comment