Thursday, September 17, 2020

Two Adam (Part III)

 #ဆောင်းလုလင်

#အာဒမ်၂ယောက္

#ဆောင်းလုလင်

#အာဒမ်၂ယောက်

#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း

#BL_Story




#Part_3


အတိတ်(၃)

မယ်သုခရဲ့ကျောင်းသင်္ခန်းလေးရှိရာ လွမ်းစေတီတောင်ကုန်းပေါ်ကို နှစ်ပတ်တခါ၊ တလတခါလောက် ရောက်ကြပါသည်။

လွမ်းစေတီမှာ ကိုကိုစိုးနဲ့ချိန်းတွေ့တဲ့အခါတိုင်း မာလာပါသည်။ လူသူအရောက်အပေါက်နည်းပြီး လွမ်းစေတီလေးရှိမှန်း လူတိုင်းသိတဲ့ နေရာမဟုတ်လို့ စိုးရနဲ့တာရာ ချိန်းတွေ့တာ ပိပိရိရိ ရှိနေခဲ့ပါသည်။

လွမ်းစေတီကိုရောက်သည့်အခါတိုင်း ကိုကိုစိုးနဲ့မမတာရာက မယ်သုခကို နှုတ်ဆက်ကာ မြစ်ကမ်းကိုမျက်နှာပြုထားတဲ့ ဝါးတန်းလျားလေးမှာ သွားထိုင်ပြီး စကားတွေ ပြောကြသည်။

မာလာကတော့ ပန်းတွေခူး၊ ပန်းတချို့ကို ဘုရားမှာတင်ကာ ပျင်းလျှင် မယ်သုခနဲ့စကားသွားပြောနေတတ်သည်။ ရသေ့မကြီးမယ်သုခက မာလာ့ကို ငှက်ပျောသီးတွေ ချကျွေးမြဲ။

မယ်သုခရဲ့ဘဝက အေးချမ်းလှပါသည်။ အမြဲ ပုတီးတကုံးနှင့် ပုတီးစိတ်ပြီး သတ္တဝါများကို မေတ္တာပို့နေတတ်သည်။ 

အဖိတ်နေ့နှင့်ဥပုသ်နေ့များတွင်သာ မယ်သုခ ဆွမ်းဆန်ခံထွက်တတ်သည်။ တောင်ကုန်းအောက်ခြေကရွာကလေးမှာ မယ်သုခအမျိုးတွေရှိသည်။ အမျိုးတွေရှိလို့လည်း မိန်းမသားတန်မဲ့ တောင်ကုန်းပေါ်မှာ တဲတလုံးနဲ့ တဦးတည်း သာသနာပြုနေနိုင်ခြင်း ဖြစ်ပါသည်။ 

အသက်၂ဝအရွယ်ကတည်းက ရသေ့ဝတ်နဲ့သာသနာပြုနေတဲ့ မယ်သုခကို အရွယ်ကောင်းစဉ်မှာ ဘာကြောင့် လူ့လောကီဘဝကို စွန့်လွှတ်ရသလဲဆိုတာတော့ ငယ်ရွယ်သောမာလာက မမေးမိခဲ့ပေ။

အနည်းဆုံး ၂ပတ်မှတခါသာ တာရာက တွေ့ခွင့်ပေးသဖြင့် ချစ်သူနှစ်ယောက်ကတော့ စကားလက်ဆုံ ပြောမကုန်ကြပေ။

မြစ်ထဲမှာသွားလာနေတဲ့ လှေသဗ္ဗာန်တွေကိုကြည့်ရင်း ငှက်ဇင်ယော်များကိုကြည့်ရင်း စိုးရနှင့်တာရာ ကြည်နူးနေခဲ့ကြသည်။

တောင်ကုန်းလေးအောက်ခြေ မြစ်ကမ်းစပ်မှာတော့ ပဲ့ထောင်စက်လှေ တစီးစ နှစ်စီးစက အမြဲတမ်းရှိနေတတ်သည်။ ရွာကလူတွေ တဖက်ကမ်းကိုသွားချင်လျှင် စစ်ကိုင်းမြို့ထဲအထိ လာမနေပဲ သူတို့ရွာက စက်လှေကိုအသုံးပြုပြီး သွားလာကြသည်။ 

+++++


အတိတ်(၄)

စိုးရနဲ့တာရာ စကားပြောလို့ ဝပြီ။ ညနေစောင်းပြီဆိုလျှင်တော့ ဘုရားကိုကန်တော့၊ မယ်သုခကို နှုတ်ဆက်ကာ မမတာရာက ငွေတစ်ဆယ်ကျပ် ကန်တော့မြဲပင်။

မယ်သုခက ငွေတစ်ဆယ်များလွန်းပါသည်ဆိုကာ ၅ကျပ်သာ လက်ခံသည့်အတွက် နောင်များမှာ ၅ကျပ်သာ ကန်တော့ဖြစ် တော့သည်။ 

ရသေ့မယ်မယ် မယ်သုခကလည်း စိုးရနဲ့တာရာကို ဘုရားမှာ ဘာဆုတွေတောင်းသလဲ မေးမြဲ။ စိုးရကလည်း ဘဝဆက်တိုင်း ဒီချစ်သူနှစ်ယောက် ပေါင်းရပါစေလို့ ဆုတောင်းကြောင်း ပြန်ဖြေမြဲပါ။ 

ထိုအခါမျိုးတိုင်းမှာ မယ်သုခ မျက်နှာပျက်သယောင်ဖြစ်ကာ သက်ပြင်းကို ခပ်ညှင်းညှင်းချတတ်တာ မာလာသတိထားမိနေတတ်၏။

သည်လိုနှင့်.. အနှောက်အယှက်ကင်းစွာ နေလာကြရင်းမှ…

+++++


အတိတ်(၅)

ထိုနေ့သည်… မိုးဦးကျစနေ့ဖြစ်သည်။

စနေနေ့ဖြစ်ကာ ကျောင်းပိတ်ရက်မို့ ထုံးစံအတိုင်း လွမ်းစေတီ ကိုလာခဲ့ကြသည်။ 

မာလာနဲ့တာရာလွမ်းစေတီကိုရောက်တော့ ကိုကိုစိုးက ရောက်နှင့်နေပါပြီ။

ပတ်ဝန်းကျင်တခုလုံး မိုးသားများဖြင့် အုံ့ဆိုင်းနေသည်။

"အကြာကြီးမနေဘူးနော် မမ။ မိုးရွာမယ်ထင်တယ်"

မာလာက ပြောမိသေးသည်။ 

သဘာဝမိုးတိမ်မည်းများနဲ့အတူ သည်နေ့ဟာ တာရာနဲ့စိုးရအတွက် ကံဆိုးမိုးမှောင်ကျမယ့်နေ့ဆိုတာတော့ ကြိုမတွေးတတ်ခဲ့ကြပေ။

မာလာ တောင်ကုန်းပေါ်က ပန်းကလေးများခူးနေစဉ် မိုးဖွဲကလေး ကျလာ၍ မယ်သုခ၏ကျောင်းသင်္ခန်းလေးအမိုးအောက် ပြေးဝင်လိုက်သည်။

"မိုးတွေကျလာပါပကော၊ လုံမလေးရဲ့အစ်မကို ဒီမှာမိုးခိုဖို့ ခေါ်လေကွယ်"

မယ်သုခက ကျောင်းထဲက ထွက်လာရင်းပြောသည်။

မယ်သုခက ကျောင်းနောက်ဖက် ဝါးလုံးတန်းတွင် လှမ်းထားသော သင်္ကန်းကို ရုတ်ရန် ထွက်သွားသည်။

သင်္ကန်းရုတ်ပြီး ပြန်လာသော မယ်သုခက အိန္ဒြေပျက်နေရှာလေသည်။

"မယ်မယ့်စိတ်ထဲ သိပ်ထင့်တာပဲ၊ ဒီတနေ့လုံး စိတ်တွေလေးနေမိရဲ့၊ လုံမလေး၊ တောင်ကုန်းပေါ်ကို လူကြီးစုံတွဲတတွဲ တက်လာတာ တွေ့တယ်ကွဲ့၊ တောင်ခြေမှာလည်း ကားတစီး ရပ်ထားလေရဲ့၊ လုံမလေး သိတဲ့အထဲက ဖြစ်လေမလား၊ ကြည့်စမ်းကွယ်"

မယ်သုခအပြောကြောင့် မာလာ ပြေးကြည့်လိုက်တော့ တောင်ကုန်းအတက်လမ်းတဝက်ကျော်ကျော်ကိုပင် ရောက်နေပြီ ဖြစ်သည့် ဖေဖေ နဲ့ မေမေ့ကို မြင်လိုက်ရလေရာ မျက်လုံးတွေ ပြာဝေသွားလေသည်။

မာလာ မမတာရာတို့ရှိရာ ပြေးသွားလိုက်သည်။

မိုးပေါက်များက ပိုပြီး သည်းသည်းမည်းမည်းကျဆင်းလာ၏။

မိုးသည်းလာသောကြောင့် ကျောင်းသင်္ခန်းရှိရာ မိုးခိုဖို့ လာနေသော တာရာတို့နှင့် လမ်းခုလတ်တွင် ဆုံသည်။

"မမ၊ မမ၊ မေမေတို့လိုက်လာပြီ၊ ဖေဖေလည်း ပါလာတယ်၊ ဘယ်လိုလုပ်ကြမလဲ"

ကံဆိုးမိုးမှောင်ကျခြင်းမှာ အံကိုက်ဖြစ်ပေါ်လာလေသည်။

မိုးသည်းသည်းနှင့်အတူ လေပြင်းပါတိုက်ခတ်လိုက်သည်။

"ဟင်- စိုး၊ တာရာတို့ ဘယ်လိုလုပ်ကြမလဲဟင်"

တာရာက စိုးရကို လှည့်မေးလိုက်သည်။

"ဒီဖက်က ပတ်ပြီး ကမ်းစပ်ကို ဆင်းရအောင်တာရာ၊ လာ-လာ"

စိုးရက တာရာ့လက်ကိုဆွဲကာ ဖေဖေတို့တက်လာသည့်ဖက်နှင့် ဆန့်ကျင်ဖက် ဧရာဝတီမြစ်ဖက်သို့ ဆင်းသည့် ဆင်ခြေလျှောလမ်းဆီသို့ ခေါ်သွားလေသည်။

တကယ်တော့.. မြစ်ဖက်သို့ဆင်းသောလမ်းမှာ မတ်စောက်သည်။ လမ်းလည်း ဖောက်မထားပါ။ စိုးရနှင့်တာရာတို့ မတ်စောက်သော တောင်ဆင်ခြေလျှောလမ်းအတိုင်း မိုးရွာထဲမှာ ကုပ်တွယ်ဆင်းသွားတာကို မာလာ ရင်တဖိုဖိုနှင့် မြင်နေရသည်။

"ဟင်- မိမာလာ၊ တယ်ဟုတ်၊ ညီးကပါ အစ်မကို မြှောက်ပေးနေတာပေါ့လေ"

မေမေက မာလာကိုတွေ့တွေ့ချင်းပြောကာ လက်ကိုရွယ်လိုက်သည်။ ဖေဖေက မေမေ့လက်ကိုဖမ်းချုပ်ရင်း..

"ဒါ.. ထားစမ်းပါ သီသီ၊ သမီး- သမီးအစ်မတာရာ ဘယ်မှာလဲ"

"ဟို.. ဟို.."

မာလာ ကြောက်ကြောက်နှင့် အဖြေမပေးမိသော်လည်း မျက်လုံးကတော့ မမတို့ဆင်းသွားရာ တောင်ကမ်းပါးယံကို ရောက်နေသည်။ မာလာမျက်လုံးအရွေ့အတိုင်း ဖေဖေနဲ့မေမေကြည့်လိုက်တော့ တာရာနဲ့စိုးရမှာ ကိုယ်တွင် ရွှံ့အလိမ်းလိမ်းကပ်ရင်းက မြစ်ကမ်းစပ်ကို ရောက်နေပေပြီ။

"မိတာရာ- လာစမ်း၊ လာစမ်း၊ ဒါက ဘယ်လဲ"

မေမေ့ရဲ့စူးစူးဝါးဝါးအော်ဟစ်သံက ချစ်သူနှစ်ဦးရဲ့ကြောက်စိတ်ကို ပိုပြီး မီးထိုးပေးလိုက်သလိုဖြစ်သွားလေ၏။

စိုးရသည် ကမ်းစပ်မှာအဆင်သင့်ဆိုက်ကပ်ထားသောပဲ့ထောင် စက်လှေကလေးပေါ်သို့ တာရာ့ကိုတွဲခေါ်သွားသည်။

စက်လှေပေါ်ရောက်သည်နှင့် စိုးရက စက်လှေကို စက်နှိုးလိုက်သည်။

"တာရာ- လာခဲ့၊ ပြန်လာခဲ့"

"သမီး- တာရာ"

ဖေဖေနဲ့မေမေတို့အော်ဟစ်သံများက မိုးထဲတွင် ပျောက်သွားသည်။

စက်လှေကလေးသည် လျင်မြန်စွာ မောင်းထွက်သွားလေ၏။

မိုးစက်နှင့်လေပြင်းကြားတွင် စက်လှေကလေး ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေသည်။

+++++


(၉)

"အဲဒါ.. ကိုကိုစိုးနဲ့မမကို နောက်ဆုံးမြင်တွေ့လိုက်ရတာပါပဲ မောင်စိုးရာဇာရယ်၊ နောက်သုံးရက်နေမှ နှစ်ယောက်စလုံး အလောင်းကို ပြန်တွေ့ရတယ်၊ မိုးထဲလေထဲမှာ သူတို့မောင်းသွားတဲ့ပဲ့ထောင်စက်လှေက အညာဆန်သင်္ဘောကြီးကို တိုက်မိတာလေ"

ဒေါ်မာလာက ငိုရှိုက်ရင်းပြောသည်။

"အလောင်းနှစ်ခုက ဖက်ရက်သားနဲ့ ပိုက်ကွန်မှာ လာငြိတယ်၊ စိတ်ဆိုးနေတဲ့ အန်တီ့အဖေက သူ့သမီးအလောင်းကိုပဲ ယူလာပြီး သဂြိုဟ်လိုက်တယ်၊ ကိုစိုးရအလောင်းကိုတော့ ဒီအတိုင်းပဲ ပစ်ထားခဲ့တယ်ကွယ်"

"ဒါတွေအားလုံး ကျနော်သိပါတယ် အန်တီ"

"ဟင်.. မင်းသိတယ်"

"ဟုတ်ကဲ့၊ ကျနော်ဟာ စိုးရဝင်စားတဲ့ လူဝင်စားလို့ အန်တီ့ကို ပြောခဲ့သားပဲ၊ လူဝင်စားမို့သာ အန်တီ့ကိုတွေ့တွေ့ချင်း ညီမလေးမာလာအနေနဲ့ မှတ်မိနေတာပေါ့ အန်တီ"

"ကိုစိုးရနဲ့ မောင်စိုးရာဇာ ရုပ်ချင်းချွတ်စွတ်တူနေလို့ အန်တီ ကိုယ်တိုင်လည်း ကိုကိုစိုးလို့ ယောင်ခေါ်မိသေးတယ်လေ၊ မောင်စိုးရာဇာကို ကိုစိုးရဝင်စားတယ်ဆိုတာ အန်တီယုံပါတယ်၊ ဒါပေမယ့်.. အရင်ဘဝက သေပြီးနောက်ပိုင်းမှာဖြစ်ပျက်တဲ့အဖြစ်တွေကို မင်းက ဘာလို့ သိနေရတာလဲ"

"ကျနော်သေပြီး နောက်သုံးနှစ်အကြာမှာ မြစ်ထဲမှာ ကျနော်သေခဲ့တဲ့နေရာနဲ့ တည့်တည့်က ရွာကလေးမှာ လူပြန်ဖြစ်ခဲ့ ပါတယ်အန်တီ။ မွေးကတည်းက ကျနော်ဟာ အရင်ဘဝက အကြောင်းတွေကို ပြောတတ်နေပါတယ်၊ စိုးရဆိုတဲ့နာမည်ကိုပါ မှတ်မိနေခဲ့ပါတယ် အန်တီ"

"အို…"

"အဲဒီရွာကလေးက တံငါသည် မိဘနှစ်ပါးဆီမှာ သားအဖြစ် ကျနော်ဝင်စားခဲ့ပါတယ်၊ အရင်ဘဝကအကြောင်းတွေ ကျနော် ပြောပြတော့ မိဘတွေကလည်း လွန်ခဲ့တဲ့သုံးနှစ်က ပဲ့ထောင်မှောက်တဲ့ ချစ်သူနှစ်ယောက်အကြောင်း ကြားဖူးထားလို့ ယုံကြပါတယ်၊ မိဘတွေတင် မဟုတ်ပါဘူး၊ တရွာလုံးကရော၊ ရွာဦးဘုန်းကြီးကပါ ကျနော့်ကို လူဝင်စားဆိုတာ လက်ခံခဲ့ကြပါတယ်"

"ဒါဖြင့်.. စစ်ကိုင်းနယ်ထဲမှာပဲ မင်းဟာ လူပြန်ဖြစ်ခဲ့တာပေါ့ မောင်စိုးရာဇာ"

"ဟုတ်ပါတယ်၊ စိုးရသေပြီး သုံးနှစ်အကြာမှာ စိုးရဆိုတဲ့နာမည်နဲ့ပဲ ကျနော် လူ့ဘဝပြန်ရောက်ခဲ့တာပါ၊ ဒါပေမယ့်… ကျနော့်ရဲ့ ကံဆိုးမှုက ဘဝဆက်တဲ့အထိ ပါလာခဲ့ပါတယ်အန်တီ၊ ကျနော့်မိဘနှစ်ပါးဟာ ကျနော့်ကိုမွေးပြီး ၄နှစ်အကြာ၊ ကျနော့်အသက် လေးနှစ် အရွယ်မှာပေါ့ မြစ်ထဲမှာ ငါးရှာရင်း တပြိုင်တည်း ရေနစ်သေဆုံးကုန်ကြပါတယ်"

"ဘုရား.. ဘုရား…"

"ဘုန်းကြီးက ကျနော့်ကို ခေါ်မွေးစားခဲ့ပါတယ်၊ သိတဲ့အတိုင်း ရွာဘုန်းကြီးကျောင်းဆိုတော့ ဘုန်းကြီးကိုယ်တိုင်လည်း ဆင်းဆင်းရဲရဲပါပဲ အန်တီ၊ ကျနော့်အသက်ရနှစ်အရွယ်မှာ ရွာကနေ ရန်ကုန်ရောက်ပြီး ကောင်းစားနေတဲ့လူနဲ့ သူ့ဇနီးတို့ ရွာကို လာလည်ရင်းက… ကျနော့်ကို တွေ့သွားပါတယ်၊ အဲဒီလင်မယားမှာ သားသမီးမရှိပါဘူး၊ ဘုန်းကြီးက တိုက်တွန်းလို့ အဲဒီလင်မယားက ကျနော့်ကိုမွေးစားလိုက်ပါတယ်"

"ဪ…"

"အခုထိ ကျနော့်မွေးစားမိဘတွေနဲ့ အတူတူနေပါတယ်အန်တီ၊ သူတို့ကျွေးမွေးစောင့်ရှောက်ပြီး ပညာသင်ပေးလို့ ကျနော် ခုလို လူတလုံး သူတလုံးဖြစ်လာတာပါ"

"ဒီလင်မယား ကျေးဇူးကြီးလှပါတယ်ကွယ်"

"ဟုတ်ပါတယ်အန်တီ၊ ကျနော်လေ အရင်ဘဝကို မှတ်မိနေတော့ စစ်ကိုင်းကို သိပ်လာချင်တယ်အန်တီ၊ ဒါပေမယ့် ဆင်းရဲ လွန်းတော့ ရွာကလွဲပြီး ဘယ်ကိုမှ မရောက်ဖူးခဲ့ပါဘူး"

"ဒါပေါ့လေ.."

"ဒက်ဒီနဲ့မာမီက မွေးစားပြီး ရန်ကုန်ခေါ်သွားတော့ စစ်ကိုင်းနဲ့ ပိုဝေးသွားရတာပေါ့ အန်တီ၊ ကျနော် ဘွဲ့ရရုံမဟုတ်ဘူး၊ ဘွဲ့ရပြီးတော့လည်း နိုင်ငံခြားမှာ ပညာဆက်သင်ခွင့်ရခဲ့ပါတယ် အန်တီ၊ အဲဒါကြောင့် ခုအချိန်ရောက်မှ စစ်ကိုင်းကို ပြန်လာဖြစ်တာပါ အန်တီ"

"မမတာရာ မင်းနဲ့အတူ သေသွားပြီဆိုတာ သိရက်နဲ့ စစ်ကိုင်းကို ဘာလို့လာချင်ရတာလဲကွယ်"

"ဘာရယ်မဟုတ်ပါဘူး၊ အတိတ်ကနေရာတွေကို ပြန်ကြည့်ပြီး လွမ်းချင်လို့ပါ၊ မနေ့က အရင်ဘဝက ကျနော်နေခဲ့တဲ့ ဘုန်းကြီးကျောင်းကိုလည်း ရောက်တယ်၊ တာရာတို့.. အဲလေ.. အန်တီငယ်ငယ်ကနေခဲ့တဲ့ အိမ်ကိုလည်း ရောက်ခဲ့ပါတယ် အန်တီ"

"ဟင်…"

"ဘေးအိမ်ကအဒေါ်ကြီးက အန်တီ့လိပ်စာပေးလိုက်လို့ ခုလို လာနိုင်တာပါ"

"ဒီလိုကိုး… မင်းရဲ့မွေးစားမိဘတွေကရော၊ မင်းကို လူဝင်စားတယောက်ဆိုတာ လက်ခံကြလား"

"ဘဘုန်းကိုယ်တိုင်က လက်ခံတော့ သူတို့လည်း ယုံကြပါတယ် အန်တီ၊ နာမည်ကိုတောင် စိုးရာဇာဆိုပြီး စိုးရဆိုတဲ့ နာမည်နဲ့ဆင်တူ ပြောင်းပေးခဲ့ပါတယ်"

"စိုးရာဇာဆိုတာ သူတို့လက်ထဲရောက်မှ ပြောင်းတဲ့နာမည်ပေါ့"

"ဟုတ်ပါတယ်၊ အသက်ရနှစ်အထိ ရွာမှာ စိုးရဆိုတဲ့နာမည်နဲ့ပဲ ကြီးပြင်းခဲ့တာပါ"

"အင်း- ဒီဘဝမှာ စိတ်ထားကောင်းတဲ့လင်မယားရဲ့ တဦးတည်းသောသားဖြစ်ရလို့ ကံကောင်းတယ်ဆိုရမှာပေါ့ကွယ်"

"တဦးတည်းသောသား မဟုတ်ပါဘူး အန်တီ၊ ကျနော့်ကို မွေးစားပြီး နောက်တစ်နှစ်မှာ ဒက်ဒီနဲ့မာမီ ကလေးရခဲ့ပါတယ်၊ မိန်းကလေးပါ၊ ကျနော့်မှာ ကျနော့်ထက် အသက်၈နှစ်ငယ်တဲ့ ညီမလေးတယောက် ရှိပါသေးတယ် အန်တီ"

"ဪ…"

+++++


"မောင်စိုးရာဇာဘဝကိုတော့ မောင်စိုးရာဇာပြောပြလို့ ရေလည်ပါပြီကွယ်၊ အန်တီကလည်း မောင်စိုးရာဇာကို ပြောစရာရှိတာ ပြောရဦးမှာပေါ့"

"ဟုတ်ကဲ့အန်တီ"

"အန်တီက ပြစရာရှိတာကို ပြပြီးမှ ပြောစရာရှိတာကို ပြောတော့မယ်ကွယ်"

"ဗျာ- အန်တီ"

"မောင်စိုးရာဇာ နားလည်ဦးမှာ မဟုတ်ဘူး၊ တို့ တနေရာကို သွားကြစို့၊ အန်တီက လမ်းညွှန်မယ်၊ မောင်စိုးရာဇာကားနဲ့ပဲ သွားကြတာပေါ့"

"ဟုတ်ကဲ့ပါအန်တီ"

စိုးရာဇာက ဒေါ်မာလာ့ကို ဇဝေဇဝါကြည့်နေလေသည်။

+++++


Part 4 မျှော်ပါ...


(Zawgyi) 

#ေဆာင္းလုလင္

#အာဒမ္၂ေယာက္


အတိတ္(၃)

မယ္သုခရဲ့ေက်ာင္းသခၤန္းေလးရွိရာ လြမ္းေစတီေတာင္ကုန္းေပၚကို ႏွစ္ပတ္တခါ၊ တလတခါေလာက္ ေရာက္ၾကပါသည္။

လြမ္းေစတီမွာ ကိုကိုစိုးနဲ႔ခ်ိန္းေတြ႕တဲ့အခါတိုင္း မာလာပါသည္။ လူသူအေရာက္အေပါက္နည္းၿပီး လြမ္းေစတီေလးရွိမွန္း လူတိုင္းသိတဲ့ ေနရာမဟုတ္လို့ စိုးရနဲ႔တာရာ ခ်ိန္းေတြ႕တာ ပိပိရိရိ ရွိေနခဲ့ပါသည္။

လြမ္းေစတီကိုေရာက္သည့္အခါတိုင္း ကိုကိုစိုးနဲ႔မမတာရာက မယ္သုခကို ႏွုတ္ဆက္ကာ ျမစ္ကမ္းကိုမ်က္ႏွာျပဳထားတဲ့ ဝါးတန္းလ်ားေလးမွာ သြားထိုင္ၿပီး စကားေတြ ေျပာၾကသည္။

မာလာကေတာ့ ပန္းေတြခူး၊ ပန္းတခ်ိဳ့ကို ဘုရားမွာတင္ကာ ပ်င္းလၽွင္ မယ္သုခနဲ႔စကားသြားေျပာေနတတ္သည္။ ရေသ့မႀကီးမယ္သုခက မာလာ့ကို ငွက္ေပ်ာသီးေတြ ခ်ေကၽြးျမဲ။

မယ္သုခရဲ့ဘဝက ေအးခ်မ္းလွပါသည္။ အျမဲ ပုတီးတကုံးႏွင့္ ပုတီးစိတ္ၿပီး သတၱဝါမ်ားကို ေမတၱာပို့ေနတတ္သည္။ 

အဖိတ္ေန႔ႏွင့္ဥပုသ္ေန႔မ်ားတြင္သာ မယ္သုခ ဆြမ္းဆန္ခံထြက္တတ္သည္။ ေတာင္ကုန္းေအာက္ေျခကရြာကေလးမွာ မယ္သုခအမ်ိဳးေတြရွိသည္။ အမ်ိဳးေတြရွိလို့လည္း မိန္းမသားတန္မဲ့ ေတာင္ကုန္းေပၚမွာ တဲတလုံးနဲ႔ တဦးတည္း သာသနာျပဳေနနိုင္ျခင္း ျဖစ္ပါသည္။ 

အသက္၂ဝအရြယ္ကတည္းက ရေသ့ဝတ္နဲ႔သာသနာျပဳေနတဲ့ မယ္သုခကို အရြယ္ေကာင္းစဥ္မွာ ဘာေၾကာင့္ လူ႔ေလာကီဘ၀ကို စြန႔္လႊတ္ရသလဲဆိုတာေတာ့ ငယ္ရြယ္ေသာမာလာက မေမးမိခဲ့ေပ။

အနည္းဆုံး ၂ပတ္မွတခါသာ တာရာက ေတြ႕ခြင့္ေပးသျဖင့္ ခ်စ္သူႏွစ္ေယာက္ကေတာ့ စကားလက္ဆုံ ေျပာမကုန္ၾကေပ။

ျမစ္ထဲမွာသြားလာေနတဲ့ ေလွသဗၺာန္ေတြကိုၾကည့္ရင္း ငွက္ဇင္ေယာ္မ်ားကိုၾကည့္ရင္း စိုးရႏွင့္တာရာ ၾကည္ႏူးေနခဲ့ၾကသည္။

ေတာင္ကုန္းေလးေအာက္ေျခ ျမစ္ကမ္းစပ္မွာေတာ့ ပဲ့ေထာင္စက္ေလွ တစီးစ ႏွစ္စီးစက အျမဲတမ္းရွိေနတတ္သည္။ ရြာကလူေတြ တဖက္ကမ္းကိုသြားခ်င္လၽွင္ စစ္ကိုင္းၿမိဳ့ထဲအထိ လာမေနပဲ သူတို့ရြာက စက္ေလွကိုအသုံးျပဳၿပီး သြားလာၾကသည္။ 

+++++


အတိတ္(၄)

စိုးရနဲ႔တာရာ စကားေျပာလို့ ၀ၿပီ။ ညေနေစာင္းၿပီဆိုလၽွင္ေတာ့ ဘုရားကိုကန္ေတာ့၊ မယ္သုခကို ႏွုတ္ဆက္ကာ မမတာရာက ေငြတစ္ဆယ္က်ပ္ ကန္ေတာ့ျမဲပင္။

မယ္သုခက ေငြတစ္ဆယ္မ်ားလြန္းပါသည္ဆိုကာ ၅က်ပ္သာ လက္ခံသည့္အတြက္ ေနာင္မ်ားမွာ ၅က်ပ္သာ ကန္ေတာ့ျဖစ္ ေတာ့သည္။ 

ရေသ့မယ္မယ္ မယ္သုခကလည္း စိုးရနဲ႔တာရာကို ဘုရားမွာ ဘာဆုေတြေတာင္းသလဲ ေမးျမဲ။ စိုးရကလည္း ဘဝဆက္တိုင္း ဒီခ်စ္သူႏွစ္ေယာက္ ေပါင္းရပါေစလို့ ဆုေတာင္းေၾကာင္း ျပန္ေျဖျမဲပါ။ 

ထိုအခါမ်ိဳးတိုင္းမွာ မယ္သုခ မ်က္ႏွာပ်က္သေယာင္ျဖစ္ကာ သက္ျပင္းကို ခပ္ညႇင္းညႇင္းခ်တတ္တာ မာလာသတိထားမိေနတတ္၏။

သည္လိုႏွင့္.. အေႏွာက္အယွက္ကင္းစြာ ေနလာၾကရင္းမွ…

+++++


အတိတ္(၅)

ထိုေန႔သည္… မိုးဦးက်စေန႔ျဖစ္သည္။

စေနေန႔ျဖစ္ကာ ေက်ာင္းပိတ္ရက္မို့ ထုံးစံအတိုင္း လြမ္းေစတီ ကိုလာခဲ့ၾကသည္။ 

မာလာနဲ႔တာရာလြမ္းေစတီကိုေရာက္ေတာ့ ကိုကိုစိုးက ေရာက္ႏွင့္ေနပါၿပီ။

ပတ္ဝန္းက်င္တခုလုံး မိုးသားမ်ားျဖင့္ အုံ႔ဆိုင္းေနသည္။

"အၾကာႀကီးမေနဘူးေနာ္ မမ။ မိုးရြာမယ္ထင္တယ္"

မာလာက ေျပာမိေသးသည္။ 

သဘာဝမိုးတိမ္မည္းမ်ားနဲ႔အတူ သည္ေန႔ဟာ တာရာနဲ႔စိုးရအတြက္ ကံဆိုးမိုးေမွာင္က်မယ့္ေန႔ဆိုတာေတာ့ ႀကိဳမေတြးတတ္ခဲ့ၾကေပ။

မာလာ ေတာင္ကုန္းေပၚက ပန္းကေလးမ်ားခူးေနစဥ္ မိုးဖြဲကေလး က်လာ၍ မယ္သုခ၏ေက်ာင္းသခၤန္းေလးအမိုးေအာက္ ေျပးဝင္လိုက္သည္။

"မိုးေတြက်လာပါပေကာ၊ လုံမေလးရဲ့အစ္မကို ဒီမွာမိုးခိုဖို့ ေခၚေလကြယ္"

မယ္သုခက ေက်ာင္းထဲက ထြက္လာရင္းေျပာသည္။

မယ္သုခက ေက်ာင္းေနာက္ဖက္ ဝါးလုံးတန္းတြင္ လွမ္းထားေသာ သကၤန္းကို ႐ုတ္ရန္ ထြက္သြားသည္။

သကၤန္း႐ုတ္ၿပီး ျပန္လာေသာ မယ္သုခက အိေျႏၵပ်က္ေနရွာေလသည္။

"မယ္မယ့္စိတ္ထဲ သိပ္ထင့္တာပဲ၊ ဒီတေန႔လုံး စိတ္ေတြေလးေနမိရဲ့၊ လုံမေလး၊ ေတာင္ကုန္းေပၚကို လူႀကီးစုံတြဲတတြဲ တက္လာတာ ေတြ႕တယ္ကြဲ႕၊ ေတာင္ေျခမွာလည္း ကားတစီး ရပ္ထားေလရဲ့၊ လုံမေလး သိတဲ့အထဲက ျဖစ္ေလမလား၊ ၾကည့္စမ္းကြယ္"

မယ္သုခအေျပာေၾကာင့္ မာလာ ေျပးၾကည့္လိုက္ေတာ့ ေတာင္ကုန္းအတက္လမ္းတဝက္ေက်ာ္ေက်ာ္ကိုပင္ ေရာက္ေနၿပီ ျဖစ္သည့္ ေဖေဖ နဲ႔ ေမေမ့ကို ျမင္လိုက္ရေလရာ မ်က္လုံးေတြ ျပာေဝသြားေလသည္။

မာလာ မမတာရာတို့ရွိရာ ေျပးသြားလိုက္သည္။

မိုးေပါက္မ်ားက ပိုၿပီး သည္းသည္းမည္းမည္းက်ဆင္းလာ၏။

မိုးသည္းလာေသာေၾကာင့္ ေက်ာင္းသခၤန္းရွိရာ မိုးခိုဖို့ လာေနေသာ တာရာတို့ႏွင့္ လမ္းခုလတ္တြင္ ဆုံသည္။

"မမ၊ မမ၊ ေမေမတို့လိုက္လာၿပီ၊ ေဖေဖလည္း ပါလာတယ္၊ ဘယ္လိုလုပ္ၾကမလဲ"

ကံဆိုးမိုးေမွာင္က်ျခင္းမွာ အံကိုက္ျဖစ္ေပၚလာေလသည္။

မိုးသည္းသည္းႏွင့္အတူ ေလျပင္းပါတိုက္ခတ္လိုက္သည္။

"ဟင္- စိုး၊ တာရာတို့ ဘယ္လိုလုပ္ၾကမလဲဟင္"

တာရာက စိုးရကို လွည့္ေမးလိုက္သည္။

"ဒီဖက္က ပတ္ၿပီး ကမ္းစပ္ကို ဆင္းရေအာင္တာရာ၊ လာ-လာ"

စိုးရက တာရာ့လက္ကိုဆြဲကာ ေဖေဖတို့တက္လာသည့္ဖက္ႏွင့္ ဆန႔္က်င္ဖက္ ဧရာဝတီျမစ္ဖက္သို့ ဆင္းသည့္ ဆင္ေျခေလၽွာလမ္းဆီသို့ ေခၚသြားေလသည္။

တကယ္ေတာ့.. ျမစ္ဖက္သို့ဆင္းေသာလမ္းမွာ မတ္ေစာက္သည္။ လမ္းလည္း ေဖာက္မထားပါ။ စိုးရႏွင့္တာရာတို့ မတ္ေစာက္ေသာ ေတာင္ဆင္ေျခေလၽွာလမ္းအတိုင္း မိုးရြာထဲမွာ ကုပ္တြယ္ဆင္းသြားတာကို မာလာ ရင္တဖိုဖိုႏွင့္ ျမင္ေနရသည္။

"ဟင္- မိမာလာ၊ တယ္ဟုတ္၊ ညီးကပါ အစ္မကို ေျမႇာက္ေပးေနတာေပါ့ေလ"

ေမေမက မာလာကိုေတြ႕ေတြ႕ခ်င္းေျပာကာ လက္ကိုရြယ္လိုက္သည္။ ေဖေဖက ေမေမ့လက္ကိုဖမ္းခ်ဳပ္ရင္း..

"ဒါ.. ထားစမ္းပါ သီသီ၊ သမီး- သမီးအစ္မတာရာ ဘယ္မွာလဲ"

"ဟို.. ဟို.."

မာလာ ေၾကာက္ေၾကာက္ႏွင့္ အေျဖမေပးမိေသာ္လည္း မ်က္လုံးကေတာ့ မမတို့ဆင္းသြားရာ ေတာင္ကမ္းပါးယံကို ေရာက္ေနသည္။ မာလာမ်က္လုံးအေရြ႕အတိုင္း ေဖေဖနဲ႔ေမေမၾကည့္လိုက္ေတာ့ တာရာနဲ႔စိုးရမွာ ကိုယ္တြင္ ရႊံ့အလိမ္းလိမ္းကပ္ရင္းက ျမစ္ကမ္းစပ္ကို ေရာက္ေနေပၿပီ။

"မိတာရာ- လာစမ္း၊ လာစမ္း၊ ဒါက ဘယ္လဲ"

ေမေမ့ရဲ့စူးစူးဝါးဝါးေအာ္ဟစ္သံက ခ်စ္သူႏွစ္ဦးရဲ့ေၾကာက္စိတ္ကို ပိုၿပီး မီးထိုးေပးလိုက္သလိုျဖစ္သြားေလ၏။

စိုးရသည္ ကမ္းစပ္မွာအဆင္သင့္ဆိုက္ကပ္ထားေသာပဲ့ေထာင္ စက္ေလွကေလးေပၚသို့ တာရာ့ကိုတြဲေခၚသြားသည္။

စက္ေလွေပၚေရာက္သည္ႏွင့္ စိုးရက စက္ေလွကို စက္ႏွိုးလိုက္သည္။

"တာရာ- လာခဲ့၊ ျပန္လာခဲ့"

"သမီး- တာရာ"

ေဖေဖနဲ႔ေမေမတို့ေအာ္ဟစ္သံမ်ားက မိုးထဲတြင္ ေပ်ာက္သြားသည္။

စက္ေလွကေလးသည္ လ်င္ျမန္စြာ ေမာင္းထြက္သြားေလ၏။

မိုးစက္ႏွင့္ေလျပင္းၾကားတြင္ စက္ေလွကေလး ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္သြားေလသည္။

+++++


(၉)

"အဲဒါ.. ကိုကိုစိုးနဲ႔မမကို ေနာက္ဆုံးျမင္ေတြ႕လိုက္ရတာပါပဲ ေမာင္စိုးရာဇာရယ္၊ ေနာက္သုံးရက္ေနမွ ႏွစ္ေယာက္စလုံး အေလာင္းကို ျပန္ေတြ႕ရတယ္၊ မိုးထဲေလထဲမွာ သူတို့ေမာင္းသြားတဲ့ပဲ့ေထာင္စက္ေလွက အညာဆန္သေဘၤာႀကီးကို တိုက္မိတာေလ"

ေဒၚမာလာက ငိုရွိုက္ရင္းေျပာသည္။

"အေလာင္းႏွစ္ခုက ဖက္ရက္သားနဲ႔ ပိုက္ကြန္မွာ လာၿငိတယ္၊ စိတ္ဆိုးေနတဲ့ အန္တီ့အေဖက သူ႔သမီးအေလာင္းကိုပဲ ယူလာၿပီး သၿဂိဳဟ္လိုက္တယ္၊ ကိုစိုးရအေလာင္းကိုေတာ့ ဒီအတိုင္းပဲ ပစ္ထားခဲ့တယ္ကြယ္"

"ဒါေတြအားလုံး က်ေနာ္သိပါတယ္ အန္တီ"

"ဟင္.. မင္းသိတယ္"

"ဟုတ္ကဲ့၊ က်ေနာ္ဟာ စိုးရဝင္စားတဲ့ လူဝင္စားလို့ အန္တီ့ကို ေျပာခဲ့သားပဲ၊ လူဝင္စားမို့သာ အန္တီ့ကိုေတြ႕ေတြ႕ခ်င္း ညီမေလးမာလာအေနနဲ႔ မွတ္မိေနတာေပါ့ အန္တီ"

"ကိုစိုးရနဲ႔ ေမာင္စိုးရာဇာ ႐ုပ္ခ်င္းခၽြတ္စြတ္တူေနလို့ အန္တီ ကိုယ္တိုင္လည္း ကိုကိုစိုးလို့ ေယာင္ေခၚမိေသးတယ္ေလ၊ ေမာင္စိုးရာဇာကို ကိုစိုးရဝင္စားတယ္ဆိုတာ အန္တီယုံပါတယ္၊ ဒါေပမယ့္.. အရင္ဘဝက ေသၿပီးေနာက္ပိုင္းမွာျဖစ္ပ်က္တဲ့အျဖစ္ေတြကို မင္းက ဘာလို့ သိေနရတာလဲ"

"က်ေနာ္ေသၿပီး ေနာက္သုံးႏွစ္အၾကာမွာ ျမစ္ထဲမွာ က်ေနာ္ေသခဲ့တဲ့ေနရာနဲ႔ တည့္တည့္က ရြာကေလးမွာ လူျပန္ျဖစ္ခဲ့ ပါတယ္အန္တီ။ ေမြးကတည္းက က်ေနာ္ဟာ အရင္ဘဝက အေၾကာင္းေတြကို ေျပာတတ္ေနပါတယ္၊ စိုးရဆိုတဲ့နာမည္ကိုပါ မွတ္မိေနခဲ့ပါတယ္ အန္တီ"

"အို…"

"အဲဒီရြာကေလးက တံငါသည္ မိဘႏွစ္ပါးဆီမွာ သားအျဖစ္ က်ေနာ္ဝင္စားခဲ့ပါတယ္၊ အရင္ဘဝကအေၾကာင္းေတြ က်ေနာ္ ေျပာျပေတာ့ မိဘေတြကလည္း လြန္ခဲ့တဲ့သုံးႏွစ္က ပဲ့ေထာင္ေမွာက္တဲ့ ခ်စ္သူႏွစ္ေယာက္အေၾကာင္း ၾကားဖူးထားလို့ ယုံၾကပါတယ္၊ မိဘေတြတင္ မဟုတ္ပါဘူး၊ တရြာလုံးကေရာ၊ ရြာဦးဘုန္းႀကီးကပါ က်ေနာ့္ကို လူဝင္စားဆိုတာ လက္ခံခဲ့ၾကပါတယ္"

"ဒါျဖင့္.. စစ္ကိုင္းနယ္ထဲမွာပဲ မင္းဟာ လူျပန္ျဖစ္ခဲ့တာေပါ့ ေမာင္စိုးရာဇာ"

"ဟုတ္ပါတယ္၊ စိုးရေသၿပီး သုံးႏွစ္အၾကာမွာ စိုးရဆိုတဲ့နာမည္နဲ႔ပဲ က်ေနာ္ လူ႔ဘ၀ျပန္ေရာက္ခဲ့တာပါ၊ ဒါေပမယ့္… က်ေနာ့္ရဲ့ ကံဆိုးမွုက ဘဝဆက္တဲ့အထိ ပါလာခဲ့ပါတယ္အန္တီ၊ က်ေနာ့္မိဘႏွစ္ပါးဟာ က်ေနာ့္ကိုေမြးၿပီး ၄ႏွစ္အၾကာ၊ က်ေနာ့္အသက္ ေလးႏွစ္ အရြယ္မွာေပါ့ ျမစ္ထဲမွာ ငါးရွာရင္း တၿပိဳင္တည္း ေရနစ္ေသဆုံးကုန္ၾကပါတယ္"

"ဘုရား.. ဘုရား…"

"ဘုန္းႀကီးက က်ေနာ့္ကို ေခၚေမြးစားခဲ့ပါတယ္၊ သိတဲ့အတိုင္း ရြာဘုန္းႀကီးေက်ာင္းဆိုေတာ့ ဘုန္းႀကီးကိုယ္တိုင္လည္း ဆင္းဆင္းရဲရဲပါပဲ အန္တီ၊ က်ေနာ့္အသက္၇ႏွစ္အရြယ္မွာ ရြာကေန ရန္ကုန္ေရာက္ၿပီး ေကာင္းစားေနတဲ့လူနဲ႔ သူ႔ဇနီးတို့ ရြာကို လာလည္ရင္းက… က်ေနာ့္ကို ေတြ႕သြားပါတယ္၊ အဲဒီလင္မယားမွာ သားသမီးမရွိပါဘူး၊ ဘုန္းႀကီးက တိုက္တြန္းလို့ အဲဒီလင္မယားက က်ေနာ့္ကိုေမြးစားလိုက္ပါတယ္"

"ဪ…"

"အခုထိ က်ေနာ့္ေမြးစားမိဘေတြနဲ႔ အတူတူေနပါတယ္အန္တီ၊ သူတို့ေကၽြးေမြးေစာင့္ေရွာက္ၿပီး ပညာသင္ေပးလို့ က်ေနာ္ ခုလို လူတလုံး သူတလုံးျဖစ္လာတာပါ"

"ဒီလင္မယား ေက်းဇူးႀကီးလွပါတယ္ကြယ္"

"ဟုတ္ပါတယ္အန္တီ၊ က်ေနာ္ေလ အရင္ဘဝကို မွတ္မိေနေတာ့ စစ္ကိုင္းကို သိပ္လာခ်င္တယ္အန္တီ၊ ဒါေပမယ့္ ဆင္းရဲ လြန္းေတာ့ ရြာကလြဲၿပီး ဘယ္ကိုမွ မေရာက္ဖူးခဲ့ပါဘူး"

"ဒါေပါ့ေလ.."

"ဒက္ဒီနဲ႔မာမီက ေမြးစားၿပီး ရန္ကုန္ေခၚသြားေတာ့ စစ္ကိုင္းနဲ႔ ပိုေဝးသြားရတာေပါ့ အန္တီ၊ က်ေနာ္ ဘြဲ႕ရ႐ုံမဟုတ္ဘူး၊ ဘြဲ႕ရၿပီးေတာ့လည္း နိုင္ငံျခားမွာ ပညာဆက္သင္ခြင့္ရခဲ့ပါတယ္ အန္တီ၊ အဲဒါေၾကာင့္ ခုအခ်ိန္ေရာက္မွ စစ္ကိုင္းကို ျပန္လာျဖစ္တာပါ အန္တီ"

"မမတာရာ မင္းနဲ႔အတူ ေသသြားၿပီဆိုတာ သိရက္နဲ႔ စစ္ကိုင္းကို ဘာလို့လာခ်င္ရတာလဲကြယ္"

"ဘာရယ္မဟုတ္ပါဘူး၊ အတိတ္ကေနရာေတြကို ျပန္ၾကည့္ၿပီး လြမ္းခ်င္လို့ပါ၊ မေန႔က အရင္ဘဝက က်ေနာ္ေနခဲ့တဲ့ ဘုန္းႀကီးေက်ာင္းကိုလည္း ေရာက္တယ္၊ တာရာတို့.. အဲေလ.. အန္တီငယ္ငယ္ကေနခဲ့တဲ့ အိမ္ကိုလည္း ေရာက္ခဲ့ပါတယ္ အန္တီ"

"ဟင္…"

"ေဘးအိမ္ကအေဒၚႀကီးက အန္တီ့လိပ္စာေပးလိုက္လို့ ခုလို လာနိုင္တာပါ"

"ဒီလိုကိုး… မင္းရဲ့ေမြးစားမိဘေတြကေရာ၊ မင္းကို လူဝင္စားတေယာက္ဆိုတာ လက္ခံၾကလား"

"ဘဘုန္းကိုယ္တိုင္က လက္ခံေတာ့ သူတို့လည္း ယုံၾကပါတယ္ အန္တီ၊ နာမည္ကိုေတာင္ စိုးရာဇာဆိုၿပီး စိုးရဆိုတဲ့ နာမည္နဲ႔ဆင္တူ ေျပာင္းေပးခဲ့ပါတယ္"

"စိုးရာဇာဆိုတာ သူတို့လက္ထဲေရာက္မွ ေျပာင္းတဲ့နာမည္ေပါ့"

"ဟုတ္ပါတယ္၊ အသက္၇ႏွစ္အထိ ရြာမွာ စိုးရဆိုတဲ့နာမည္နဲ႔ပဲ ႀကီးျပင္းခဲ့တာပါ"

"အင္း- ဒီဘဝမွာ စိတ္ထားေကာင္းတဲ့လင္မယားရဲ့ တဦးတည္းေသာသားျဖစ္ရလို့ ကံေကာင္းတယ္ဆိုရမွာေပါ့ကြယ္"

"တဦးတည္းေသာသား မဟုတ္ပါဘူး အန္တီ၊ က်ေနာ့္ကို ေမြးစားၿပီး ေနာက္တစ္ႏွစ္မွာ ဒက္ဒီနဲ႔မာမီ ကေလးရခဲ့ပါတယ္၊ မိန္းကေလးပါ၊ က်ေနာ့္မွာ က်ေနာ့္ထက္ အသက္၈ႏွစ္ငယ္တဲ့ ညီမေလးတေယာက္ ရွိပါေသးတယ္ အန္တီ"

"ဪ…"

+++++


"ေမာင္စိုးရာဇာဘဝကိုေတာ့ ေမာင္စိုးရာဇာေျပာျပလို့ ေရလည္ပါၿပီကြယ္၊ အန္တီကလည္း ေမာင္စိုးရာဇာကို ေျပာစရာရွိတာ ေျပာရဦးမွာေပါ့"

"ဟုတ္ကဲ့အန္တီ"

"အန္တီက ျပစရာရွိတာကို ျပၿပီးမွ ေျပာစရာရွိတာကို ေျပာေတာ့မယ္ကြယ္"

"ဗ်ာ- အန္တီ"

"ေမာင္စိုးရာဇာ နားလည္ဦးမွာ မဟုတ္ဘူး၊ တို့ တေနရာကို သြားၾကစို့၊ အန္တီက လမ္းညႊန္မယ္၊ ေမာင္စိုးရာဇာကားနဲ႔ပဲ သြားၾကတာေပါ့"

"ဟုတ္ကဲ့ပါအန္တီ"

စိုးရာဇာက ေဒၚမာလာ့ကို ဇေဝဇဝါၾကည့္ေနေလသည္။

+++++


Written by ဆောင်းလုလင်


To be continued…… 

No comments: