Two Adam (Part IV)
#ဆောင်းလုလင်
#အာဒမ်၂ယောက်
#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း
#BL_Story
#Part_4
(၁၀)
ဒီနေ့တစ်နေ့လုံး တာရာ့စိတ်တွေ ရွှင်နေသည်။
ဝါဝါနဲ့ညှိနှိုင်းတာ အဆင်ပြေခဲ့လို့ အကျဉ်းအကျပ်တခုထဲက လွတ်မြောက်သွားသလို ခံစားနေရသည်။
ဆိုင်ကိုပြန်ရောက်တော့ Miss ပြိုင်ပွဲတခုမှာ မော်ဒယ်မိန်းကလေးတယောက်ဝတ်ဖို့ ဝတ်စုံကို စိတ်ပါလက်ပါ ဒီဇိုင်းဆွဲ နေမိသည်။
ဖေဖေ တဆူဆူတပူပူလုပ်တာကြောင့် အလုပ်မှာ အခုလောက် စိတ်မဝင်စားခဲ့ရတာ ကြာပါပြီ။
"ဆရာ။ အန်တီမာလာ လာပါတယ်"
လက်ထောက်တပည့်လေးက အခန်းဝမှာလာရပ်ပြီးပြောသည်။
မေမေ မလာစဖူး လာတဲ့အတွက် တာရာ အံ့ဩသွားသည်။
အလုပ်ကို ခဏရပ်ထားလိုက်ရင်း အခန်းထဲဝင်လာမယ့် မေမေ့ကို စောင့်နေလိုက်သည်။
မေမေအခန်းထဲဝင်လာတော့…
+++++
ဒေါ်မာလာ ဘာကြောင့် ဘယ်ကိုခေါ်လာတယ်ဆိုတာ စိုးရာဇာ မသိသေးပါ။ ဒေါ်မာလာလမ်းညွှန်တဲ့အတိုင်း ကားကိုမောင်း လာလိုက်၏။
လမ်းမှာ ဒေါ်မာလာက နှုတ်ဆိတ်လာသည့်အတွက် စိုးရာဇာလည်း တိတ်ဆိတ်စွာလိုက်ပါလာခဲ့သည်။
ဒေါ်မာလာ ရပ်ခိုင်းတဲ့နေရာက အဆောက်အဦးရှိ ဆိုင်းဘုတ်ကိုကြည့်လိုက်တော့…
"တာရာ မင်္ဂလာဝတ်စုံနှင့်ဒီဇိုင်း"
ဟင်… စိုးရာဇာ အံ့ဩသွားရသည်။
"အထဲကိုဝင်ကြစို့ မောင်စိုးရာဇာ၊ ဒါ တာရာ့ဆိုင်လေ”
"ဗျာ-"
ဒေါ်မာလာက ကားတံခါးဖွင့်ကာ ဆင်းသွားပြီမို့ စိုးရာဇာ နောက်ကနေ လိုက်သွားရတော့သည်။
+++++
ပထမဆုံး… အခန်းဝမှာ မေမေပေါ်လာသည်။
မေမေ့ကိုနှုတ်ဆက်ဖို့ ပြင်လိုက်သော တာရာ၏နှုတ်ခမ်းများသည် မေမေ့နောက်မှ ဝင်လိုက်လာသူကို မြင်လိုက်ရသည့်အခါ ပွင့်ဟလျှက်သား မင်သက်နေမိတော့သည်။
"သား- တာရာ၊ သူ့ကို ကြည့်ပါဦးကွယ်"
"သူ.. သူ.. စိုး… စိုး… ကိုစိုးရ၊ စိုး ဟုတ်ပါတယ်နော်"
တာရာဒီဇိုင်းရုံးခန်း၏ သီးသန့်ခန်းထဲကို ဝင်လိုက်လာသော စိုးရာဇာသည် အခန်းထဲမှ တာရာ့ကိုအမြင်တွင် ချက်ချင်းမှတ်မိ လိုက်၏။
"ဟင်.. မနေ့က စစ်ကိုင်းလမ်းမှာ တွေ့ခဲ့တာ သူပဲ"
ဒီလူ့ကို တခါမှ မမြင်ဖူးသော်လည်း မြင်မြင်ချင်းစိတ်ဝင်စားကာ ကားကိုပြန်ကွေ့ပြီး သူ့ဆိုင်ကယ်နောက်က လိုက်ခဲ့တာကို ပြန်သတိရလိုက်သည်။
နှစ်ယောက်သား အံ့ဩတွေဝေစွာ တယောက်ကိုတယောက် စိုက်ကြည့်နေဆဲ ဒေါ်မာလာက မိတ်ဆက်ပေးလိုက်၏။
"မောင်စိုးရာဇာ၊ ဒါ အန်တီ့ရဲ့ တဦးတည်သောသားပဲ၊ နာမည်က တာရာ..တဲ့"
"တာရာ"
"ဟုတ်ပါတယ်၊ အရင်ဘဝက နာမည်အတိုင်း တာရာပါပဲ မောင်စိုးရာဇာ၊ သား..တာရာ.. သူက တခြားသူမဟုတ်ဘူး၊ ကိုကိုစိုးဆိုတဲ့ စိုးရအစစ်ပါပဲကွယ်၊ အဲလေ.. သားလိုပဲ လူဝင်စားဘဝနဲ့ လူ့လောက ပြန်ရောက်နေတဲ့ ကိုစိုးရတဖြစ်လဲ စိုးရာဇာပေါ့ကွယ်"
တာရာသည် မူးဝေကာ ယိမ်းယိုင်လဲကျမလို ဖြစ်သွားသည့်အတွက် စားပွဲခုံဒေါင့်စွန်းကို လှမ်းကိုင်ကာ ထိန်းထားလိုက်ရ၏။
တာရာ့အဖြစ်ကို မြင်လိုက်သောစိုးရာဇာက အလျင်အမြန်ပင် တာရာ့ကို ပခုံးမှ ချုပ်ကိုင်ကာ ပွေ့ထားလိုက်မိသည်။
"စိုး.. စိုး.. ဟုတ်လား"
"ဟုတ်ပါတယ်၊ စိုးပါ၊ တာရာ.. တာရာကတော့ ယောက်ျားလေးဖြစ်နေတယ်နော်"
"ယောက်ျားလေးဖြစ်ပေမယ့် သူဟာ ညီမလေးမာလာရဲ့ မမ တာရာအစစ်ပါပဲ ကိုကိုစိုးရယ်"
+++++
အတိတ်(၆)
သမီးကြီးတာရာရဲ့ ရင်နင့်ဖွယ်အဖြစ်ဆိုးကြောင့် မိသားတစုလုံး ဝမ်းနည်းကြေကွဲခဲ့ရသည်။ ထိုအဖြစ်ဆိုးရဲ့အရိပ်ကြောင့် မာလာ့မှာ မိဘများ၏ တားမြစ်ချုပ်ချယ်ခံခဲ့ရသည်။ ငယ်ရွယ်သူမို့ အပြစ်ပြောဖိနှိပ်ခြင်း မရှိသော်လည်း မာလာ၏ အသွားအလာ အပေါင်းအသင်းများကို စောင့်ကြည့်ချုပ်ချယ်ခြင်းခံခဲ့ရလေသည်။
မိဘများက သမီးကြီးတာရာရဲ့အဖြစ်မျိုး နောက်တစ်ကြိမ် ထပ်ကြုံမှာကို စိုးရိမ်ခဲ့ကြသည်။ တဦးတည်းကျန်ခဲ့သော သမီးငယ်ကို စိုးရိမ်စိတ်ဖြင့် စောင့်ကြပ်ခဲ့ကြသည်။
မာလာဆယ်တန်းအောင်သည့်နှစ်တွင် မာလာ့ကို ယောက်ျားပေးစားလိုက်ကြသည်။ မိဘများသဘောတူသည့် အင်ဂျင်နီယာ လေး ကိုကျော်စွာမင်းကို လက်ထပ်ခဲ့ရသည်။ မိဘများက မာလာ့ကို အစ်မလိုဖြစ်မှာစိုးကာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အိမ်ထောင်ချ ပေးလိုက်ခြင်းဖြစ်ပါသည်။
မာလာသည် အသက်၁၇နှစ်မပြည့်မီမှာပင် ကိုယ့်ထက်အသက် ၇နှစ်ကြီးသော အင်ဂျင်နီယာလေး ကိုကျော်စွာမင်းကို လက်ထပ်ခဲ့ရ၏။ တက္ကသိုလ်ပညာကို ဆက်သင်ခွင့်မရခဲ့။ စာပေးစာယူသင်တန်းဖြင့် တက္ကသိုလ်တက်ခဲ့သေးသော်လည်း အိမ်ထောင် ရှင်ဖြစ်သွားသည့်မာလာသည် ပညာရေးကို ဆုံးခန်းမတိုင်ခဲ့ပါ။
အိမ်ထောင်ကျပြီး နောက်တစ်နှစ်တွင် မာလာ ကလေးရခဲ့သည်။ ကိုယ်ဝန်မဆောင်မီ မာလာ အိပ်မက်မက်ခဲ့သည်။
အိပ်မက်ထဲတွင် မမတာရာသည် ကွယ်လွန်စဉ်ကအဝတ်အစားများအတိုင်း မာလာ့ဆီရောက်လာသည်။ တစ်ကိုယ်လုံး ရေများစိုရွှဲနေပါ သည်။
"မမ ညီမလေးတို့နဲ့အတူနေမယ်၊ မမကို နေခွင့်ပြုနော်"
မမတာရာက မာလာ့ရင်ခွင်ထဲ တိုးဝင်လာခဲ့လေသည်။
ထိုအိပ်မက်ကြောင့် သူလွယ်ထားသောကိုယ်ဝန်မှာ မမတာရာ ဝင်စားနေပြီဟု မာလာကထင်သည်။
မေမေ့ကိုပြောပြတော့ မေမေကလည်း ဝမ်းသာသည်။ မြန်မာလူမျိုးတို့ထုံးစံအတိုင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကွယ်လွန်ပြီးသူကို လူအဖြစ်ပြန်ဝင်စားတယ်လို့ နှစ်သိမ့်ထင်မြင်တတ်မြဲမို့ မာလာမွေးလာမည့်ကလေးမှာ တမလွန်မှတာရာပြန်လည် ဝင်စားသူဟု ယုံကြည် ခဲ့ကြလေသည်။
ကိုကျော်စွာမင်းကတော့ ဒါမျိုးတွေကို သိပ်အယုံအကြည်မရှိပါ။ မာလာတို့ပြောစကားကို အပြုံးဖြင့်သာ နားထောင်နေခဲ့ လေသည်။
+++++
အတိတ်(၇)
တာရာကွယ်လွန်ပြီး ၃နှစ်ကြာချိန်တွင် မာလာ ကလေးမီးဖွားခဲ့လေသည်။
တကယ်တန်း မာလာမွေးလာတော့ ကလေးက ယောက်ျားလေးဖြစ်နေသည်။
"ကဲ- ယောက်ျားလေးဆိုတော့ မင်းအစ်မ တာရာ ဖြစ်နိုင်ပါဦးမလား"
"စောင့်ကြည့်ပါဦးကိုကိုရယ်၊ ဟိုဘဝက မိန်းကလေးဖြစ်ပေမယ့် ဒီဘဝမှာ ယောက်ျားလေးဖြစ်နိုင်တာပဲ"
မာလာက သူမရဲ့ယုံကြည်ချက်ကို ခိုင်မြဲစေချင်သည်။ မွေးလာတဲ့သားလေးဟာ မမတာရာပြန်လာတာလို့ပဲ ယုံကြည်ချင်သည်။
ဒါကြောင့်လည်း တိုက်တိုက်ဆိုင်ဆိုင် စနေနေ့မှာမွေးလာတဲ့ သားလေးအတွက် သီးခြားနာမည်ရွေးမနေပဲ "တာရာ"လို့ပဲ မှည့်လိုက်ပါသည်။ တာရာဆိုတဲ့နာမည်ဟာ မိန်းကလေးရော ယောက်ျားလေးပါ မှည့်လို့ရတဲ့နာမည် ဖြစ်နေတယ်မဟုတ်လား။
အဘိုးအဘွားများနှင့် မိခင်ဖြစ်သူမာလာက သားလေးတာရာကို သမီးကြီးတာရာ ပြန်လည်ရောက်ရှိလာသည့်သဖွယ် ပျော်ရွှင် ဝမ်းမြောက်စွာ အသိအမှတ်ပြုကြသော်လည်း ကလေးအဖေ ကိုကျော်စွာမင်းကတော့ သည်အဖြစ်အပျက်အပေါ်မှာ သိပ်ပြီး အမြင် မကြည်လှပေ။
"ကလေးက မင်းအစ်မဝင်စားတာ ဟုတ်ဟုတ် မဟုတ်ဟုတ်ကွာ၊ ကလေးခေါင်းထဲကိုတော့ မဟုတ်တာတွေ ရိုက်မထည့် စေချင်ဘူး"
"ဘာကိုဆိုလိုတာလဲ ကိုကို"
"ကလေးကို လူဝင်စားမဖြစ်ဖြစ်အောင် အတိတ်ကအကြောင်းတွေ ပြန်ပြောပြီး အတင်းမှတ်ခိုင်းတာမျိုးပေါ့"
"အို.. သားသားတာရာက သူ့အလိုလို အတိတ်ဘဝကို မှတ်မိနေတာပါနော်"
"မင်း ဓာတ်ပုံအဟောင်းတွေ ပြပြပြီး ဒါက ဘယ်သူ ဒါက ဘယ်သူဆိုပြီး သင်သင်ပေးနေတာ သူ့အလိုလို မှတ်မိတာ ဖြစ်မလားကွ"
"ကိုကိုဟာလေ… သားလေး သူ့ဘာသာ လူဝင်စားဖြစ်နေတာ ကိုကို့အတွက် ဘာများထိခိုက်နေလို့လဲ၊ တကယ်ပဲ၊ မာလာတို့ အတွက်ကတော့ မမပြန်ရောက်လာတယ်ဆိုပြီး စိတ်ဖြေရာရနေတာပဲလေ၊ ဒါ မာလာတို့မိသားစုအတွက်တော့ အကျိုးရှိနေတာပဲ မဟုတ်လား"
"တော်စမ်းပါကွာ"
ဒီအကြောင်းတွေပြောတိုင်း ဦးကျော်စွာမင်းနှင့်ဒေါ်မာလာ ငြင်းခုန်ရင်းနှင့် အဆုံးသတ်ရမြဲသာဖြစ်လေသည်။
+++++
အတိတ်(၈)
တာရာမှတ်မိတာတွေရှိသလို အချို့အချက်အလက်များကို ဒေါ်မာလာက သင်ပြမိတာမျိုးတွေရှိတာ ဝန်ခံရမည်ပင်။ မာလာ ကတော့ ဆုံးရှုံးသွားတဲ့မမကို သားလေးအဖြစ် ပြန်ရလိုက်တယ်ဆိုတဲ့ ကြေနပ်စိတ်နဲ့ အတိတ်အကြောင်းတွေကို သတိရအောင် ပြောပြ နေမိခြင်းဖြစ်ပါသည်။
တာရာသည် စကားပြောတတ်လာသည့်အရွယ်တွင် ဘဝဟောင်းကဓာတ်ပုံများကိုကြည့်ကာ ဘယ်နေရာမှာ ရိုက်ခဲ့တာဆိုတာ ပြန်ပြောပြတတ်သည်။ သူမရောက်ဖူးသေးတဲ့နေရာကို တိတိကျကျပြန်ပြောတတ်တော့လည်း လူဝင်စားဆိုတဲ့သတ်မှတ်ချက်ဟာ ပိုခိုင်မြဲလာတာပေါ့။
ထူးဆန်းတာက ကိုစိုးရဓာတ်ပုံကိုမြင်မြင်ချင်း "စိုး"တဲ့စကားလုံးကို နှုတ်ကထွက်ပြောလိုက်ခြင်းဖြစ်သည်။ စိုးရဓာတ်ပုံက တာရာ့ကို အမှတ်တရပေးထားတဲ့ တပုံတည်းသောဓာတ်ပုံလေးဖြစ်ပါသည်။ မမရဲ့ မှတ်စုမှတ်ရာများနဲ့ ဓာတ်ပုံဟောင်းများကို မေမေတို့ မသိအောင် သိမ်းထားမိလို့ ကျန်နေခြင်းဖြစ်သည်။
+++++
အတိတ်(၉)
တာရာ ဆယ်နှစ်သားလောက်မှာတော့ မယ်သုခရှိရာ လွမ်းစေတီတောင်ကုန်းသို့ မာလာခေါ်သွားခဲ့သည်။
တာရာသည် လွမ်းစေတီကုန်းမြင့်ပေါ်မှ ဧရာဝတီမြစ်ထဲသို့ ဆီးမျှော်ကြည့်ကာ ဇဝေဇဝါဖြစ်နေလေ၏။ "သား ဘာကို မှတ်မိလဲ"လို့ မာလာက မေးတော့ သားလေးမျက်ဝန်းမှာ မျက်ရည်များစို့နေသည်။ အသေးစိတ်ကိုတော့ သူ မမှတ်မိရှာပေ။
မာလာက တာရာ့ရဲ့ အတိတ်ဘဝဇာတ်ကြောင်းကို ဆယ်နှစ်သားလေး တာရာ့ကို အသေးစိတ်ပြောပြခဲ့သည်။
အတိတ်ပုံပြင်ထဲက အဓိကဇာတ်ကောင်တဦးဖြစ်သူ ရသေ့မကြီး ဒေါ်သုခနှင့်လည်း တွေ့ဆုံစေခဲ့သည်။ မယ်သုခကို သားတာရာဟာ မမတာရာ ဝင်စားသူဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့သည်။
သည်လိုနှင့်ပဲ တာရာအရွယ်ရောက်လာသည့်အချိန်တွင် လွမ်းစေတီသို့ သူ့ဘာသာသူသွားကာ လွမ်းမောနေတတ်လေ တော့သည်။ ရသေ့မကြီးဒေါ်သုခနဲ့လည်း ခင်မင်ရင်းနှီးနေခဲ့လေ၏။
ဦးကျော်စွာမင်းကတော့ ဒါတွေဟာ သားတာရာကို ပျော့ညံ့တဲ့စိတ်တွေ မဝင် ဝင်အောင် ရိုက်သွင်းနေတာပဲလို့ စွပ်စွဲသည်။
တာရာသည်လည်း အရင်ဘဝဟောင်းက မိန်းကလေးတစ်ယောက်ဆိုတဲ့အစွဲနဲ့ ပြင်ပအသွင်ရော၊ အတွင်းစိတ်သဏ္ဍာန်ကပါ နုညံ့သိမ်မွေ့နေတော့၏။
+++++
အတိတ်(၁၀)
တာရာကိုးတန်းနှစ်မှာ ဦးကျော်စွာမင်းရဲ့ ကန်ထရိုက်လုပ်ငန်းများ ချဲ့ထွင်လို၍ မန္တလေးကို ပြောင်းလာခဲ့ကြသည်။ ဦးကျော်စွာ မင်းရည် ရွယ်ချက်က တာရာလွမ်းမောနေသောအတိတ်တွေ ရှိနေသည့် စစ်ကိုင်းနှင့် တာရာ့ကို ဝေးကွာစေလိုစိတ်လည်း ပါလေသည်။
သို့သော်- မန္တလေးနှင့်စစ်ကိုင်း အလှမ်းမဝေးလှသောခရီးကို တာရာကတော့ သွားလိုက်ပြန်လိုက် လုပ်နေမြဲသာ။ ထိုစဉ်တုန်း က စစ်ကိုင်းမှာ အဘိုးအဘွားတွေကလည်း ရှိနေတုန်းမဟုတ်လား။
စစ်ကိုင်းရောက်တိုင်းလည်း လွမ်းစေတီလေးဆီ ရောက်မြဲဖြစ်ကာ ရသေ့မကြီးမယ်သုခကိုလည်း လှူမြဲတန်းမြဲ ရှိခဲ့လေသည်။
+++++
အတိတ်(၁၁)
တာရာဘွဲ့ရအပြီးတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဒဇိုင်နာလုပ်ငန်းကို ရွေးချယ်လိုက်ခြင်းက ဖခင်ဦးကျော်စွာမင်း ၏ဒေါသကို ပို၍ပွားစေခဲ့ပါသည်။
"ဒါ ယောက်ျားလေးလုပ်ရမယ့်အလုပ် မဟုတ်ဘူး၊ ယောက်ျားလေးတယောက်က ဒီအလုပ်လုပ်တယ်ဆိုရင် အခြောက်မို့လို့ပဲ"
ဦးကျော်စွာမင်းက စွပ်စွဲသည်။
အဖေနဲ့သားကြားက မုန်တိုင်းမှာ အမြဲကာကွယ်ဖေးမရသူက ဒေါ်မာလာ။
"မင်းက ကာဆီးကာဆီးလုပ်နေ၊ ဒါကြောင့် ဒီကောင်ပိုဆိုးနေတာ"
"မာလာတို့သားက ဘာများ အကျင့်စာရိတ္တပျက်ပြားနေလို့လဲ ကိုကို၊ အများတကာလို အရက်လည်း မသောက်တတ်ဘူး၊ ဆေးလိပ်တောင် မသောက်တဲ့ကလေးပါ"
"အေး- ငါက ယောက်ျားပီပီသသဖြစ်အောင် အရက်တွေ ဆေးလိပ်တွေ သောက်စေချင်တာကွ"
"ကိုကိုရယ်…"
"သူ့အသက်၂၆နှစ်ရှိနေပြီ၊ ဒီအရွယ်ဟာ အိမ်ထောင်ပြုရမယ့် အရွယ်ပဲ၊ ကိုအောင်ပွင့်သမီး ဝါဝါအောင်ပွင့်နဲ့ ပေးစားဖို့ ငါ ပြောဆိုထား ပြီးပြီ၊ အဲဒီတော့ မင့်သားကို မိန်းမယူဖို့ တိုက်တွန်းပါမာလာ၊ ဒါပဲ"
+++++
(၁၁)
"ဒါဖြင့်.. အရင်ဘဝက ကိုယ့်ဓာတ်ပုံ တာရာတို့ဆီမှာ ခုထိ ရှိနေသေးတာပေါ့နော်"
အကျိုးအကြောင်းအားလုံးကို ရှင်းပြပြီးသွားတော့ ဒေါ်မာလာက ဆိုင်ကကလေးတယောက်ကို ဆိုင်ကယ်နဲ့အိမ်ပြန်ပို့ခိုင်းမယ် ဆိုပြီး ပြန်သွားပါပြီ။ စိုးရာဇာကို တာရာနဲ့ထားပစ်ခဲ့သည်။
"ဒါပေါ့စိုးရယ်၊ ရှိတာပေါ့"
"တာရာ၊ တာရာ ဒီလိုရှိနေမယ်မှန်းသိရင် ကိုယ် စောစောကတည်းက လာတာပေါ့ကွာ"
စိုးရာဇာက တာရာ့လက်ကို မချင့်မရဲဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"ကိုယ့်စိတ်ထဲမှာတော့ တာရာ့ကို အမြဲ သတိရနေတယ်၊ တာရာရှိနေတယ်လို့ စိတ်ထဲမှာ ထင်နေမိတာ စွဲလမ်းလွန်းလို့ပဲလို့ တွေးမိတယ် တာရာ၊ တကယ်တော့ မင်း လူဝင်စားအနေနဲ့ စစ်ကိုင်းမှာပဲရှိနေလို့ ကိုယ့်မသိစိတ်မှာ အလိုလိုထင်ဟပ်လာတာ ထင်ပါရဲ့"
"စိုး.. စိုး.. စိုးရယ်…"
တာရာ့ဆီကတော့ စိုးရာဇာလို စကားလုံးတွေအများကြီး ထွက်မလာပါ။ အံ့ဩစိတ်နဲ့ ဝမ်းသာစိတ်ရောယှက်ကာ စိုးရာဇာကိုပဲ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။
"တာရာ… အရင်ဘဝကလို ချစ်နိုင်သေးရဲ့လားဟင်"
စိုးရာဇာက ဆုပ်ကိုင်ထားသောတာရာ့လက်ကို မချင့်မရဲဆွဲယူလိုက်သည်။ တာရာ့ကိုယ်က စိုးရာဇာဘက်ကို အလိုက်သင့် ပါလာသည်။
စိုးရာဇာက တာရာ့ကိုသိုင်းဖက်ကာ ပါးနှင့်နှာတံကို ဖိကပ်ထားလိုက်၏။
"ချစ်တယ်.. တာရာ့ကိုချစ်တယ်၊ သိပ်ချစ်တယ်တာရာ"
သတိဝင်လာသောတာရာက အခန်းဝကို မလုံမလဲလှမ်းကြည့်ရင်း စိုးရာဇာကိုယ်ကို တွန်းထုတ်လိုက်သည်။
"ကိုစိုးရာဇာ သတိထားပါဦးလေ၊ ကျွန်တော်က တာရာဟုတ်ပေမယ့် ယောက်ျားလေးတယောက်ပါ"
"ဘာဖြစ်လဲ၊ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် မင်းဟာ အရင်ဘဝကတည်းက ငါ့ချစ်သူလေ"
"ဒါပေမယ့်…"
"ဘာဖြစ်လို့လဲ၊ မင်း ငါ့ကို မချစ်နိုင်ဘူးလား"
"ကိုစိုးရာဇာ၊ ကျွန်တော့်ဖက်ကကြည့်ရင် ကိုစိုးရာဇာဟာ အရင်ဘဝက စိုးရပါပဲ၊ ဘာမှ မပြောင်းလဲပါဘူး၊ ကျွန်တော်ကတော့ အရင်ဘဝက တာရာနဲ့ ရုပ်ချင်းနည်းနည်းပဲဆင်တဲ့ ယောက်ျားလေးတယောက်ဖြစ်နေပါပြီ၊ ကျွန်တော့်ဖက်ကအမြင်အတိုင်းဆိုရင် ကိုစိုးရာဇာကို အရင်ဘဝအတိုင်း လက်ခံနိုင်ပါတယ်၊ ကိုစိုးရာဇာကသာ…"
စိုးရာဇာက တာရာ့ကိုယ်လုံးကို တကိုယ်လုံး သိမ်းကြုံးပွေ့ဖက်လိုက်သည်။
"အရှည်ကြီးပြောမနေနဲ့တော့၊ မင်းသဘောကို ငါနားလည်ပြီ၊ ငါ့ကိုလည်း ကိုစိုးရာဇာတွေဘာတွေ လုပ်မနေနဲ့၊ အရင်ဘဝကလို စိုးလို့ပဲခေါ်၊ ချစ်တယ်ကွာ။ ချစ်တယ်။ ငါတို့ သိပ်ကံကောင်းတဲ့ချစ်သူတွေပါလား တာရာရယ်.."
+++++
Part 5 မျှော်ပါ....
(Zawgyi)
Two Adam (Part IV)
#ေဆာင္းလုလင္
#အာဒမ္၂ေယာက္
#လိင္တူအခ်စ္သ႐ုပ္ေဖာ္ဇာတ္လမ္း
#BL_Story
#Part_4
(၁၀)
ဒီေန႔တစ္ေန႔လုံး တာရာ့စိတ္ေတြ ရႊင္ေနသည္။
ဝါဝါနဲ႔ညႇိႏွိုင္းတာ အဆင္ေျပခဲ့လို့ အက်ဥ္းအက်ပ္တခုထဲက လြတ္ေျမာက္သြားသလို ခံစားေနရသည္။
ဆိုင္ကိုျပန္ေရာက္ေတာ့ Miss ၿပိဳင္ပြဲတခုမွာ ေမာ္ဒယ္မိန္းကေလးတေယာက္ဝတ္ဖို့ ဝတ္စုံကို စိတ္ပါလက္ပါ ဒီဇိုင္းဆြဲ ေနမိသည္။
ေဖေဖ တဆူဆူတပူပူလုပ္တာေၾကာင့္ အလုပ္မွာ အခုေလာက္ စိတ္မဝင္စားခဲ့ရတာ ၾကာပါၿပီ။
"ဆရာ။ အန္တီမာလာ လာပါတယ္"
လက္ေထာက္တပည့္ေလးက အခန္းဝမွာလာရပ္ၿပီးေျပာသည္။
ေမေမ မလာစဖူး လာတဲ့အတြက္ တာရာ အံ့ဩသြားသည္။
အလုပ္ကို ခဏရပ္ထားလိုက္ရင္း အခန္းထဲဝင္လာမယ့္ ေမေမ့ကို ေစာင့္ေနလိုက္သည္။
ေမေမအခန္းထဲဝင္လာေတာ့…
+++++
ေဒၚမာလာ ဘာေၾကာင့္ ဘယ္ကိုေခၚလာတယ္ဆိုတာ စိုးရာဇာ မသိေသးပါ။ ေဒၚမာလာလမ္းညႊန္တဲ့အတိုင္း ကားကိုေမာင္း လာလိုက္၏။
လမ္းမွာ ေဒၚမာလာက ႏွုတ္ဆိတ္လာသည့္အတြက္ စိုးရာဇာလည္း တိတ္ဆိတ္စြာလိုက္ပါလာခဲ့သည္။
ေဒၚမာလာ ရပ္ခိုင္းတဲ့ေနရာက အေဆာက္အဦးရွိ ဆိုင္းဘုတ္ကိုၾကည့္လိုက္ေတာ့…
"တာရာ မဂၤလာဝတ္စုံႏွင့္ဒီဇိုင္း"
ဟင္… စိုးရာဇာ အံ့ဩသြားရသည္။
"အထဲကိုဝင္ၾကစို့ ေမာင္စိုးရာဇာ၊ ဒါ တာရာ့ဆိုင္ေလ”
"ဗ်ာ-"
ေဒၚမာလာက ကားတံခါးဖြင့္ကာ ဆင္းသြားၿပီမို့ စိုးရာဇာ ေနာက္ကေန လိုက္သြားရေတာ့သည္။
+++++
ပထမဆုံး… အခန္းဝမွာ ေမေမေပၚလာသည္။
ေမေမ့ကိုႏွုတ္ဆက္ဖို့ ျပင္လိုက္ေသာ တာရာ၏ႏွုတ္ခမ္းမ်ားသည္ ေမေမ့ေနာက္မွ ဝင္လိုက္လာသူကို ျမင္လိုက္ရသည့္အခါ ပြင့္ဟလၽွက္သား မင္သက္ေနမိေတာ့သည္။
"သား- တာရာ၊ သူ႔ကို ၾကည့္ပါဦးကြယ္"
"သူ.. သူ.. စိုး… စိုး… ကိုစိုးရ၊ စိုး ဟုတ္ပါတယ္ေနာ္"
တာရာဒီဇိုင္း႐ုံးခန္း၏ သီးသန႔္ခန္းထဲကို ဝင္လိုက္လာေသာ စိုးရာဇာသည္ အခန္းထဲမွ တာရာ့ကိုအျမင္တြင္ ခ်က္ခ်င္းမွတ္မိ လိုက္၏။
"ဟင္.. မေန႔က စစ္ကိုင္းလမ္းမွာ ေတြ႕ခဲ့တာ သူပဲ"
ဒီလူ႔ကို တခါမွ မျမင္ဖူးေသာ္လည္း ျမင္ျမင္ခ်င္းစိတ္ဝင္စားကာ ကားကိုျပန္ေကြ႕ၿပီး သူ႔ဆိုင္ကယ္ေနာက္က လိုက္ခဲ့တာကို ျပန္သတိရလိုက္သည္။
ႏွစ္ေယာက္သား အံ့ဩေတြေဝစြာ တေယာက္ကိုတေယာက္ စိုက္ၾကည့္ေနဆဲ ေဒၚမာလာက မိတ္ဆက္ေပးလိုက္၏။
"ေမာင္စိုးရာဇာ၊ ဒါ အန္တီ့ရဲ့ တဦးတည္ေသာသားပဲ၊ နာမည္က တာရာ..တဲ့"
"တာရာ"
"ဟုတ္ပါတယ္၊ အရင္ဘဝက နာမည္အတိုင္း တာရာပါပဲ ေမာင္စိုးရာဇာ၊ သား..တာရာ.. သူက တျခားသူမဟုတ္ဘူး၊ ကိုကိုစိုးဆိုတဲ့ စိုးရအစစ္ပါပဲကြယ္၊ အဲေလ.. သားလိုပဲ လူဝင္စားဘဝနဲ႔ လူ႔ေလာက ျပန္ေရာက္ေနတဲ့ ကိုစိုးရတျဖစ္လဲ စိုးရာဇာေပါ့ကြယ္"
တာရာသည္ မူးေဝကာ ယိမ္းယိုင္လဲက်မလို ျဖစ္သြားသည့္အတြက္ စားပြဲခုံေဒါင့္စြန္းကို လွမ္းကိုင္ကာ ထိန္းထားလိုက္ရ၏။
တာရာ့အျဖစ္ကို ျမင္လိုက္ေသာစိုးရာဇာက အလ်င္အျမန္ပင္ တာရာ့ကို ပခုံးမွ ခ်ဳပ္ကိုင္ကာ ေပြ႕ထားလိုက္မိသည္။
"စိုး.. စိုး.. ဟုတ္လား"
"ဟုတ္ပါတယ္၊ စိုးပါ၊ တာရာ.. တာရာကေတာ့ ေယာက္်ားေလးျဖစ္ေနတယ္ေနာ္"
"ေယာက္်ားေလးျဖစ္ေပမယ့္ သူဟာ ညီမေလးမာလာရဲ့ မမ တာရာအစစ္ပါပဲ ကိုကိုစိုးရယ္"
+++++
အတိတ္(၆)
သမီးႀကီးတာရာရဲ့ ရင္နင့္ဖြယ္အျဖစ္ဆိုးေၾကာင့္ မိသားတစုလုံး ဝမ္းနည္းေၾကကြဲခဲ့ရသည္။ ထိုအျဖစ္ဆိုးရဲ့အရိပ္ေၾကာင့္ မာလာ့မွာ မိဘမ်ား၏ တားျမစ္ခ်ဳပ္ခ်ယ္ခံခဲ့ရသည္။ ငယ္ရြယ္သူမို့ အျပစ္ေျပာဖိႏွိပ္ျခင္း မရွိေသာ္လည္း မာလာ၏ အသြားအလာ အေပါင္းအသင္းမ်ားကို ေစာင့္ၾကည့္ခ်ဳပ္ခ်ယ္ျခင္းခံခဲ့ရေလသည္။
မိဘမ်ားက သမီးႀကီးတာရာရဲ့အျဖစ္မ်ိဳး ေနာက္တစ္ႀကိမ္ ထပ္ၾကဳံမွာကို စိုးရိမ္ခဲ့ၾကသည္။ တဦးတည္းက်န္ခဲ့ေသာ သမီးငယ္ကို စိုးရိမ္စိတ္ျဖင့္ ေစာင့္ၾကပ္ခဲ့ၾကသည္။
မာလာဆယ္တန္းေအာင္သည့္ႏွစ္တြင္ မာလာ့ကို ေယာက္်ားေပးစားလိုက္ၾကသည္။ မိဘမ်ားသေဘာတူသည့္ အင္ဂ်င္နီယာ ေလး ကိုေက်ာ္စြာမင္းကို လက္ထပ္ခဲ့ရသည္။ မိဘမ်ားက မာလာ့ကို အစ္မလိုျဖစ္မွာစိုးကာ ငယ္ငယ္ရြယ္ရြယ္နဲ႔ပဲ အိမ္ေထာင္ခ် ေပးလိုက္ျခင္းျဖစ္ပါသည္။
မာလာသည္ အသက္၁၇ႏွစ္မျပည့္မီမွာပင္ ကိုယ့္ထက္အသက္ ၇ႏွစ္ႀကီးေသာ အင္ဂ်င္နီယာေလး ကိုေက်ာ္စြာမင္းကို လက္ထပ္ခဲ့ရ၏။ တကၠသိုလ္ပညာကို ဆက္သင္ခြင့္မရခဲ့။ စာေပးစာယူသင္တန္းျဖင့္ တကၠသိုလ္တက္ခဲ့ေသးေသာ္လည္း အိမ္ေထာင္ ရွင္ျဖစ္သြားသည့္မာလာသည္ ပညာေရးကို ဆုံးခန္းမတိုင္ခဲ့ပါ။
အိမ္ေထာင္က်ၿပီး ေနာက္တစ္ႏွစ္တြင္ မာလာ ကေလးရခဲ့သည္။ ကိုယ္ဝန္မေဆာင္မီ မာလာ အိပ္မက္မက္ခဲ့သည္။
အိပ္မက္ထဲတြင္ မမတာရာသည္ ကြယ္လြန္စဥ္ကအဝတ္အစားမ်ားအတိုင္း မာလာ့ဆီေရာက္လာသည္။ တစ္ကိုယ္လုံး ေရမ်ားစိုရႊဲေနပါ သည္။
"မမ ညီမေလးတို့နဲ႔အတူေနမယ္၊ မမကို ေနခြင့္ျပဳေနာ္"
မမတာရာက မာလာ့ရင္ခြင္ထဲ တိုးဝင္လာခဲ့ေလသည္။
ထိုအိပ္မက္ေၾကာင့္ သူလြယ္ထားေသာကိုယ္ဝန္မွာ မမတာရာ ဝင္စားေနၿပီဟု မာလာကထင္သည္။
ေမေမ့ကိုေျပာျပေတာ့ ေမေမကလည္း ဝမ္းသာသည္။ ျမန္မာလူမ်ိဳးတို့ထုံးစံအတိုင္း ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ကြယ္လြန္ၿပီးသူကို လူအျဖစ္ျပန္ဝင္စားတယ္လို့ ႏွစ္သိမ့္ထင္ျမင္တတ္ျမဲမို့ မာလာေမြးလာမည့္ကေလးမွာ တမလြန္မွတာရာျပန္လည္ ဝင္စားသူဟု ယုံၾကည္ ခဲ့ၾကေလသည္။
ကိုေက်ာ္စြာမင္းကေတာ့ ဒါမ်ိဳးေတြကို သိပ္အယုံအၾကည္မရွိပါ။ မာလာတို့ေျပာစကားကို အျပဳံးျဖင့္သာ နားေထာင္ေနခဲ့ ေလသည္။
+++++
အတိတ္(၇)
တာရာကြယ္လြန္ၿပီး ၃ႏွစ္ၾကာခ်ိန္တြင္ မာလာ ကေလးမီးဖြားခဲ့ေလသည္။
တကယ္တန္း မာလာေမြးလာေတာ့ ကေလးက ေယာက္်ားေလးျဖစ္ေနသည္။
"ကဲ- ေယာက္်ားေလးဆိုေတာ့ မင္းအစ္မ တာရာ ျဖစ္နိုင္ပါဦးမလား"
"ေစာင့္ၾကည့္ပါဦးကိုကိုရယ္၊ ဟိုဘဝက မိန္းကေလးျဖစ္ေပမယ့္ ဒီဘဝမွာ ေယာက္်ားေလးျဖစ္နိုင္တာပဲ"
မာလာက သူမရဲ့ယုံၾကည္ခ်က္ကို ခိုင္ျမဲေစခ်င္သည္။ ေမြးလာတဲ့သားေလးဟာ မမတာရာျပန္လာတာလို့ပဲ ယုံၾကည္ခ်င္သည္။
ဒါေၾကာင့္လည္း တိုက္တိုက္ဆိုင္ဆိုင္ စေနေန႔မွာေမြးလာတဲ့ သားေလးအတြက္ သီးျခားနာမည္ေရြးမေနပဲ "တာရာ"လို့ပဲ မွည့္လိုက္ပါသည္။ တာရာဆိုတဲ့နာမည္ဟာ မိန္းကေလးေရာ ေယာက္်ားေလးပါ မွည့္လို့ရတဲ့နာမည္ ျဖစ္ေနတယ္မဟုတ္လား။
အဘိုးအဘြားမ်ားႏွင့္ မိခင္ျဖစ္သူမာလာက သားေလးတာရာကို သမီးႀကီးတာရာ ျပန္လည္ေရာက္ရွိလာသည့္သဖြယ္ ေပ်ာ္ရႊင္ ဝမ္းေျမာက္စြာ အသိအမွတ္ျပဳၾကေသာ္လည္း ကေလးအေဖ ကိုေက်ာ္စြာမင္းကေတာ့ သည္အျဖစ္အပ်က္အေပၚမွာ သိပ္ၿပီး အျမင္ မၾကည္လွေပ။
"ကေလးက မင္းအစ္မဝင္စားတာ ဟုတ္ဟုတ္ မဟုတ္ဟုတ္ကြာ၊ ကေလးေခါင္းထဲကိုေတာ့ မဟုတ္တာေတြ ရိုက္မထည့္ ေစခ်င္ဘူး"
"ဘာကိုဆိုလိုတာလဲ ကိုကို"
"ကေလးကို လူဝင္စားမျဖစ္ျဖစ္ေအာင္ အတိတ္ကအေၾကာင္းေတြ ျပန္ေျပာၿပီး အတင္းမွတ္ခိုင္းတာမ်ိဳးေပါ့"
"အို.. သားသားတာရာက သူ႔အလိုလို အတိတ္ဘဝကို မွတ္မိေနတာပါေနာ္"
"မင္း ဓာတ္ပုံအေဟာင္းေတြ ျပျပၿပီး ဒါက ဘယ္သူ ဒါက ဘယ္သူဆိုၿပီး သင္သင္ေပးေနတာ သူ႔အလိုလို မွတ္မိတာ ျဖစ္မလားကြ"
"ကိုကိုဟာေလ… သားေလး သူ႔ဘာသာ လူဝင္စားျဖစ္ေနတာ ကိုကို့အတြက္ ဘာမ်ားထိခိုက္ေနလို့လဲ၊ တကယ္ပဲ၊ မာလာတို့ အတြက္ကေတာ့ မမျပန္ေရာက္လာတယ္ဆိုၿပီး စိတ္ေျဖရာရေနတာပဲေလ၊ ဒါ မာလာတို့မိသားစုအတြက္ေတာ့ အက်ိဳးရွိေနတာပဲ မဟုတ္လား"
"ေတာ္စမ္းပါကြာ"
ဒီအေၾကာင္းေတြေျပာတိုင္း ဦးေက်ာ္စြာမင္းႏွင့္ေဒၚမာလာ ျငင္းခုန္ရင္းႏွင့္ အဆုံးသတ္ရျမဲသာျဖစ္ေလသည္။
+++++
အတိတ္(၈)
တာရာမွတ္မိတာေတြရွိသလို အခ်ိဳ့အခ်က္အလက္မ်ားကို ေဒၚမာလာက သင္ျပမိတာမ်ိဳးေတြရွိတာ ဝန္ခံရမည္ပင္။ မာလာ ကေတာ့ ဆုံးရွုံးသြားတဲ့မမကို သားေလးအျဖစ္ ျပန္ရလိုက္တယ္ဆိုတဲ့ ေၾကနပ္စိတ္နဲ႔ အတိတ္အေၾကာင္းေတြကို သတိရေအာင္ ေျပာျပ ေနမိျခင္းျဖစ္ပါသည္။
တာရာသည္ စကားေျပာတတ္လာသည့္အရြယ္တြင္ ဘ၀ေဟာင္းကဓာတ္ပုံမ်ားကိုၾကည့္ကာ ဘယ္ေနရာမွာ ရိုက္ခဲ့တာဆိုတာ ျပန္ေျပာျပတတ္သည္။ သူမေရာက္ဖူးေသးတဲ့ေနရာကို တိတိက်က်ျပန္ေျပာတတ္ေတာ့လည္း လူဝင္စားဆိုတဲ့သတ္မွတ္ခ်က္ဟာ ပိုခိုင္ျမဲလာတာေပါ့။
ထူးဆန္းတာက ကိုစိုးရဓာတ္ပုံကိုျမင္ျမင္ခ်င္း "စိုး"တဲ့စကားလုံးကို ႏွုတ္ကထြက္ေျပာလိုက္ျခင္းျဖစ္သည္။ စိုးရဓာတ္ပုံက တာရာ့ကို အမွတ္တရေပးထားတဲ့ တပုံတည္းေသာဓာတ္ပုံေလးျဖစ္ပါသည္။ မမရဲ့ မွတ္စုမွတ္ရာမ်ားနဲ႔ ဓာတ္ပုံေဟာင္းမ်ားကို ေမေမတို့ မသိေအာင္ သိမ္းထားမိလို့ က်န္ေနျခင္းျဖစ္သည္။
+++++
အတိတ္(၉)
တာရာ ဆယ္ႏွစ္သားေလာက္မွာေတာ့ မယ္သုခရွိရာ လြမ္းေစတီေတာင္ကုန္းသို့ မာလာေခၚသြားခဲ့သည္။
တာရာသည္ လြမ္းေစတီကုန္းျမင့္ေပၚမွ ဧရာဝတီျမစ္ထဲသို့ ဆီးေမၽွာ္ၾကည့္ကာ ဇေဝဇဝါျဖစ္ေနေလ၏။ "သား ဘာကို မွတ္မိလဲ"လို့ မာလာက ေမးေတာ့ သားေလးမ်က္ဝန္းမွာ မ်က္ရည္မ်ားစို့ေနသည္။ အေသးစိတ္ကိုေတာ့ သူ မမွတ္မိရွာေပ။
မာလာက တာရာ့ရဲ့ အတိတ္ဘဝဇာတ္ေၾကာင္းကို ဆယ္ႏွစ္သားေလး တာရာ့ကို အေသးစိတ္ေျပာျပခဲ့သည္။
အတိတ္ပုံျပင္ထဲက အဓိကဇာတ္ေကာင္တဦးျဖစ္သူ ရေသ့မႀကီး ေဒၚသုခႏွင့္လည္း ေတြ႕ဆုံေစခဲ့သည္။ မယ္သုခကို သားတာရာဟာ မမတာရာ ဝင္စားသူျဖစ္ေၾကာင္း မိတ္ဆက္ေပးခဲ့သည္။
သည္လိုႏွင့္ပဲ တာရာအရြယ္ေရာက္လာသည့္အခ်ိန္တြင္ လြမ္းေစတီသို့ သူ႔ဘာသာသူသြားကာ လြမ္းေမာေနတတ္ေလ ေတာ့သည္။ ရေသ့မႀကီးေဒၚသုခနဲ႔လည္း ခင္မင္ရင္းႏွီးေနခဲ့ေလ၏။
ဦးေက်ာ္စြာမင္းကေတာ့ ဒါေတြဟာ သားတာရာကို ေပ်ာ့ညံ့တဲ့စိတ္ေတြ မဝင္ ဝင္ေအာင္ ရိုက္သြင္းေနတာပဲလို့ စြပ္စြဲသည္။
တာရာသည္လည္း အရင္ဘ၀ေဟာင္းက မိန္းကေလးတစ္ေယာက္ဆိုတဲ့အစြဲနဲ႔ ျပင္ပအသြင္ေရာ၊ အတြင္းစိတ္သ႑ာန္ကပါ ႏုညံ့သိမ္ေမြ႕ေနေတာ့၏။
+++++
အတိတ္(၁၀)
တာရာကိုးတန္းႏွစ္မွာ ဦးေက်ာ္စြာမင္းရဲ့ ကန္ထရိုက္လုပ္ငန္းမ်ား ခ်ဲ႕ထြင္လို၍ မႏၲေလးကို ေျပာင္းလာခဲ့ၾကသည္။ ဦးေက်ာ္စြာ မင္းရည္ ရြယ္ခ်က္က တာရာလြမ္းေမာေနေသာအတိတ္ေတြ ရွိေနသည့္ စစ္ကိုင္းႏွင့္ တာရာ့ကို ေဝးကြာေစလိုစိတ္လည္း ပါေလသည္။
သို့ေသာ္- မႏၲေလးႏွင့္စစ္ကိုင္း အလွမ္းမေဝးလွေသာခရီးကို တာရာကေတာ့ သြားလိုက္ျပန္လိုက္ လုပ္ေနျမဲသာ။ ထိုစဥ္တုန္း က စစ္ကိုင္းမွာ အဘိုးအဘြားေတြကလည္း ရွိေနတုန္းမဟုတ္လား။
စစ္ကိုင္းေရာက္တိုင္းလည္း လြမ္းေစတီေလးဆီ ေရာက္ျမဲျဖစ္ကာ ရေသ့မႀကီးမယ္သုခကိုလည္း လွူျမဲတန္းျမဲ ရွိခဲ့ေလသည္။
+++++
အတိတ္(၁၁)
တာရာဘြဲ႕ရအၿပီးတြင္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းအျဖစ္ ဒဇိုင္နာလုပ္ငန္းကို ေရြးခ်ယ္လိုက္ျခင္းက ဖခင္ဦးေက်ာ္စြာမင္း ၏ေဒါသကို ပို၍ပြားေစခဲ့ပါသည္။
"ဒါ ေယာက္်ားေလးလုပ္ရမယ့္အလုပ္ မဟုတ္ဘူး၊ ေယာက္်ားေလးတေယာက္က ဒီအလုပ္လုပ္တယ္ဆိုရင္ အေျခာက္မို့လို့ပဲ"
ဦးေက်ာ္စြာမင္းက စြပ္စြဲသည္။
အေဖနဲ႔သားၾကားက မုန္တိုင္းမွာ အျမဲကာကြယ္ေဖးမရသူက ေဒၚမာလာ။
"မင္းက ကာဆီးကာဆီးလုပ္ေန၊ ဒါေၾကာင့္ ဒီေကာင္ပိုဆိုးေနတာ"
"မာလာတို့သားက ဘာမ်ား အက်င့္စာရိတၱပ်က္ျပားေနလို့လဲ ကိုကို၊ အမ်ားတကာလို အရက္လည္း မေသာက္တတ္ဘူး၊ ေဆးလိပ္ေတာင္ မေသာက္တဲ့ကေလးပါ"
"ေအး- ငါက ေယာက္်ားပီပီသသျဖစ္ေအာင္ အရက္ေတြ ေဆးလိပ္ေတြ ေသာက္ေစခ်င္တာကြ"
"ကိုကိုရယ္…"
"သူ႔အသက္၂၆ႏွစ္ရွိေနၿပီ၊ ဒီအရြယ္ဟာ အိမ္ေထာင္ျပဳရမယ့္ အရြယ္ပဲ၊ ကိုေအာင္ပြင့္သမီး ဝါဝါေအာင္ပြင့္နဲ႔ ေပးစားဖို့ ငါ ေျပာဆိုထား ၿပီးၿပီ၊ အဲဒီေတာ့ မင့္သားကို မိန္းမယူဖို့ တိုက္တြန္းပါမာလာ၊ ဒါပဲ"
+++++
(၁၁)
"ဒါျဖင့္.. အရင္ဘဝက ကိုယ့္ဓာတ္ပုံ တာရာတို့ဆီမွာ ခုထိ ရွိေနေသးတာေပါ့ေနာ္"
အက်ိဳးအေၾကာင္းအားလုံးကို ရွင္းျပၿပီးသြားေတာ့ ေဒၚမာလာက ဆိုင္ကကေလးတေယာက္ကို ဆိုင္ကယ္နဲ႔အိမ္ျပန္ပို့ခိုင္းမယ္ ဆိုၿပီး ျပန္သြားပါၿပီ။ စိုးရာဇာကို တာရာနဲ႔ထားပစ္ခဲ့သည္။
"ဒါေပါ့စိုးရယ္၊ ရွိတာေပါ့"
"တာရာ၊ တာရာ ဒီလိုရွိေနမယ္မွန္းသိရင္ ကိုယ္ ေစာေစာကတည္းက လာတာေပါ့ကြာ"
စိုးရာဇာက တာရာ့လက္ကို မခ်င့္မရဲဆုပ္ကိုင္ရင္း ေျပာလိုက္သည္။
"ကိုယ့္စိတ္ထဲမွာေတာ့ တာရာ့ကို အျမဲ သတိရေနတယ္၊ တာရာရွိေနတယ္လို့ စိတ္ထဲမွာ ထင္ေနမိတာ စြဲလမ္းလြန္းလို့ပဲလို့ ေတြးမိတယ္ တာရာ၊ တကယ္ေတာ့ မင္း လူဝင္စားအေနနဲ႔ စစ္ကိုင္းမွာပဲရွိေနလို့ ကိုယ့္မသိစိတ္မွာ အလိုလိုထင္ဟပ္လာတာ ထင္ပါရဲ့"
"စိုး.. စိုး.. စိုးရယ္…"
တာရာ့ဆီကေတာ့ စိုးရာဇာလို စကားလုံးေတြအမ်ားႀကီး ထြက္မလာပါ။ အံ့ဩစိတ္နဲ႔ ဝမ္းသာစိတ္ေရာယွက္ကာ စိုးရာဇာကိုပဲ မမွိတ္မသုန္ စိုက္ၾကည့္ေနမိသည္။
"တာရာ… အရင္ဘဝကလို ခ်စ္နိုင္ေသးရဲ့လားဟင္"
စိုးရာဇာက ဆုပ္ကိုင္ထားေသာတာရာ့လက္ကို မခ်င့္မရဲဆြဲယူလိုက္သည္။ တာရာ့ကိုယ္က စိုးရာဇာဘက္ကို အလိုက္သင့္ ပါလာသည္။
စိုးရာဇာက တာရာ့ကိုသိုင္းဖက္ကာ ပါးႏွင့္ႏွာတံကို ဖိကပ္ထားလိုက္၏။
"ခ်စ္တယ္.. တာရာ့ကိုခ်စ္တယ္၊ သိပ္ခ်စ္တယ္တာရာ"
သတိဝင္လာေသာတာရာက အခန္းဝကို မလုံမလဲလွမ္းၾကည့္ရင္း စိုးရာဇာကိုယ္ကို တြန္းထုတ္လိုက္သည္။
"ကိုစိုးရာဇာ သတိထားပါဦးေလ၊ ကၽြန္ေတာ္က တာရာဟုတ္ေပမယ့္ ေယာက္်ားေလးတေယာက္ပါ"
"ဘာျဖစ္လဲ၊ ေယာက္်ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ မင္းဟာ အရင္ဘဝကတည္းက ငါ့ခ်စ္သူေလ"
"ဒါေပမယ့္…"
"ဘာျဖစ္လို့လဲ၊ မင္း ငါ့ကို မခ်စ္နိုင္ဘူးလား"
"ကိုစိုးရာဇာ၊ ကၽြန္ေတာ့္ဖက္ကၾကည့္ရင္ ကိုစိုးရာဇာဟာ အရင္ဘဝက စိုးရပါပဲ၊ ဘာမွ မေျပာင္းလဲပါဘူး၊ ကၽြန္ေတာ္ကေတာ့ အရင္ဘဝက တာရာနဲ႔ ႐ုပ္ခ်င္းနည္းနည္းပဲဆင္တဲ့ ေယာက္်ားေလးတေယာက္ျဖစ္ေနပါၿပီ၊ ကၽြန္ေတာ့္ဖက္ကအျမင္အတိုင္းဆိုရင္ ကိုစိုးရာဇာကို အရင္ဘဝအတိုင္း လက္ခံနိုင္ပါတယ္၊ ကိုစိုးရာဇာကသာ…"
စိုးရာဇာက တာရာ့ကိုယ္လုံးကို တကိုယ္လုံး သိမ္းၾကဳံးေပြ႕ဖက္လိုက္သည္။
"အရွည္ႀကီးေျပာမေနနဲ႔ေတာ့၊ မင္းသေဘာကို ငါနားလည္ၿပီ၊ ငါ့ကိုလည္း ကိုစိုးရာဇာေတြဘာေတြ လုပ္မေနနဲ႔၊ အရင္ဘဝကလို စိုးလို့ပဲေခၚ၊ ခ်စ္တယ္ကြာ။ ခ်စ္တယ္။ ငါတို့ သိပ္ကံေကာင္းတဲ့ခ်စ္သူေတြပါလား တာရာရယ္.."
+++++
Part 5 ေမၽွာ္ပါ....
No comments:
Post a Comment