#ဆောင်းလုလင်
#အာဒမ်၂ယောက်
#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း
#BL_Story
#Part_5
"မနေ့က စစ်ကိုင်းကို သွားတယ်၊ တာရာ့အကြောင်းစုံစမ်းတယ်၊ တာရာတို့အရင်အိမ်ဘေးက အန်တီကြီးက လိပ်စာပေးလိုက်တာ တာရာ၊ ဘွားသုခဆီလည်းရောက်ခဲ့ပါတယ်"
"ဟင်- ဘွားသုခဆီရောက်တယ်"
"ဘွားသုခက ကိုယ့်ကို မြင်မြင်ချင်းမှတ်မိတယ်"
"ငါလည်း မနေ့က ဘွားသုခဆီ
ရောက်တယ်၊ စိုးရောက်တာ ဘယ်အချိန်လဲ"
"နေ့လည်ပိုင်း ၁၁နာရီလောက်"
"ဪ- စိုးက အရင်ရောက်တာပေါ့၊ ဒါကြောင့် ဘွားသုခမျက်နှာ တမျိုးဖြစ်နေတာကိုး၊ ဘွားသုခက မင်းလာတဲ့အကြောင်း ငါ့ကို ပြန်မပြောဘူးစိုး၊ ငါလည်း မနေ့က နေ့လည်ခင်း လွမ်းစေတီကို သွားလိုက်သေးတယ်လေ"
"စစ်ကိုင်းကပြန်အလာမှာ မင်းကိုတွေ့လိုက်တယ် တာရာ"
"ဘာ-"
"တောင်မြို့က ပိုးထည်ဆိုင်တဆိုင်ထဲက မင်းထွက်လာတာလေ၊ ပြီးတော့- ဆိုင်ကယ်နဲ့ စစ်ကိုင်းဖက်မောင်းသွားတာကို ငါမြင်လိုက်တာ တာရာ၊ မင်းကိုမြင်မြင်ချင်း ငါ့စိတ်ထဲမှာ တမျိုးကြီးဖြစ်သွားလို့ ကားကိုပြန်ကွေ့ပြီး မင်းနောက်လိုက်လာသေးတယ်၊ ကားကွေ့ချိန် ကြာသွားလို့ မင်းကို မမီလိုက်တာ"
"တကယ်"
"တကယ်ပေါ့၊ မင်းက သရီးကွာတား ဂျင်းပဲန်အပြာနဲ့၊ ပိုးထည်တိုက်ထဲလည်း ဝင်ခဲ့သေးတယ်မို့လား"
"ဟုတ်တယ်၊ ငါမှာထားတဲ့ ချိတ်လုံချည်တွေ ပြီးမပြီး ဝင်မေးတာ၊ ဒါနဲ့များ ဘွားသုခက ငါ့ကို မင်းလာသွားတဲ့အကြောင်း ဘာလို့ မပြောတာပါလိမ့်"
"ငါတို့ပြန်ဆက်သွယ်မိမှာ စိုးလို့ထင်ပါတယ်ကွာ၊ ဘွားသုခက မင်း လူဝင်စားအဖြစ်ရှိနေတာ သိပြီးသားပဲ၊ ငါ့ကိုသာ ခုမှ တွေ့ရတာလေ၊ ငါ့ကိုလည်း မင်းရှိနေကြောင်းမပြောဘူးတာရာ၊ မပြောတဲ့အပြင် နောက် ဒီနေရာကို ဘယ်တော့မှ မလာပါနဲ့လို့တောင် ပြောလိုက်သေးတယ်"
"ဪ..ဘွားသုခ၊ ဘွားသုခ၊ ငါ့ကိုလည်း လွမ်းစေတီကို မလာနဲ့တော့၊ အတိတ်ဘဝကိုမေ့လိုက်တော့လို့ ဆုံးမနေတာ အဲဒါကြောင့်ကိုး၊ ဘွားသုခမျက်နှာ ထူးခြားနေတယ်ဆိုတာတော့ သတိထားမိသား"
"ငါတို့နှစ်ယောက် ဆုံပြီဆိုတာ ဘွားသုခကို သွားအသိပေးရအောင် တာရာ"
"သွားမှာပေါ့၊ အရင်ဘဝလွမ်းစေတီကို သွားရမှာပေါ့ စိုးရယ်၊ တို့ အရင်ကထိုင်ခဲ့တဲ့ခုံလေးမှာ ထိုင်ပြီး အရင်လိုပဲ စကား တွေပြောမယ်၊ မြစ်ထဲကရှုခင်းတွေကို ကြည့်ကြမယ်နော်"
+++++
(၁၂)
"ဒက်ဒီ၊ Viber ကနေ သားပို့လိုက်တဲ့ပုံ ကြည့်ပြီးပြီလား ဒက်ဒီ"
"တွေ့တယ်သား၊ ဒက်ဒီအံ့ဩနေတာ၊ ဘာဆိုတာ ဒက်ဒီ နားမလည်ဘူးကွ"
"အဲဒါ.. အရင်ဘဝက သားပုံပါ ဒက်ဒီ"
"ဘာကွ-"
"သားပြောပြလို့သာ သားကို ဒက်ဒီတို့က လူဝင်စားဆိုတာ လက်ခံထားတာလေ၊ တကယ်တော့ မယုံဘူးမဟုတ်လား"
"ယုံပါတယ်သားရယ်"
"ဟုတ်ကဲ့ဒက်ဒီ၊ ယုံတယ်ဆိုရင်လည်း သာမန်အပေါ်ယံကြော သားစိတ်ချမ်းသာအောင် ယုံပေးတာမျိုး ဖြစ်မယ်ထင်ပါတယ်"
"အင်း.. ဒါတော့…"
"သား မန္တလေးကို ခရီးထွက်လာတာ အရင်ဘဝကအကြောင်းတွေ ပြန်စုံစမ်းချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ် ဒက်ဒီ၊ မနေ့က သား စစ်ကိုင်းကိုရောက်တယ်ဒက်ဒီ၊ ဘဝခြားသွားပေမယ့် စုံစမ်းဖို့ မခက်ခဲ့ပါဘူးဒက်ဒီ၊ အရင်ဘဝက သားမှတ်မိနေတဲ့ နေရာတွေ သွားမေးလိုက်တာနဲ့ သားအရင်ဘဝကို မှတ်မိနေတဲ့လူတွေနဲ့ တွေ့ခဲ့ပါတယ် ဒက်ဒီ"
"ထူးဆန်းလိုက်တာ သားကြီးရယ်"
"ဒီဓာတ်ပုံက သားရဲ့ အရင်ဘဝသူငယ်ချင်းဆီက ပြန်ရတာလေ"
"မင်းမှ မင်းပါပဲ ငါ့သားရယ်၊ အပြင်အဆင်ပဲ မတူတာကွ၊ ဓာတ်ပုံကြည့်ပြီး မင်းမာမီနဲ့ ညီမလေးလည်း ပဟေဠိဖြစ်နေတာ၊ ငါ့သား ဖုန်းဆက်မှ ရှင်းတော့တယ်ဟေ့"
"သားကို သုံးရက်လောက် အချိန်ပေးပါဦးနော် ဒက်ဒီ"
"ဆီမီနာအမီတော့ ပြန်လာနော် သား၊ ဖော်ရိန်နာတွေက မင်းနဲ့မှဖြစ်မှာ၊ ငါ့သားကြီး အတိတ်ကိုလည်း ပြန်ပြီးလွမ်းမော မနေနဲ့ဦး၊ ပြီးတာက ပြီးခဲ့ပြီနော် ငါ့သား"
"စိတ်ချပါဒက်ဒီ"
"ဒက်ဒီ့သားအလိမ္မာကြီးကို ဒက်ဒီယုံပါတယ်ကွယ်"
"ဟုတ်ကဲ့ဒက်ဒီ၊ မာမီနဲ့ညီမလေးကို လက်ဆောင်တွေဝယ်ခဲ့မယ်လို့ ပြောပေးပါနော်၊ ဂွတ်ဘိုင်ဒက်ဒီ"
+++++
တာရာက ကားမောင်းရင်း စိုးရာဇာဖုန်းပြောတာကို နားထောင်ကာ ပြုံးနေသည်။
ဖုန်းပြောအပြီး စိုးရာဇာက ဖုန်းကိုပိတ်လိုက်၏။
"မင်းမွေးစားအဖေက မင်းကို တော်တော်ချစ်ပုံပဲနော်"
"ချစ်ပါတယ်၊ ဒက်ဒီရော မာမီရော ငါ့ကို တကယ်ချစ်ကြပါတယ်၊ ငါ့ကိုမွေးစားတုန်းက သူတို့မှာ သားသမီးမရှိလို့ မွေးစားတာလေ၊ ငါ့ကိုမွေးစားအပြီးမှာ ကလေးတယောက်ရတယ်၊ ဒါပေမယ့် ငါ့အပေါ်မှာ အချစ်လျော့မသွားပါဘူး"
"မင်း ကံကောင်းတာပေါ့"
"ငါ့ဘဝက တောက်လျှောက် ကံဆိုးခဲ့တာ မင်းအသိပဲလေ၊ အရင်ဘဝကလည်း ဆင်းဆင်းရဲရဲ နေခဲ့ရတယ်၊ ဘဝကူးတော့ လည်း တံငါသည်မိဘတွေဆီမှာ သွားဝင်စားတယ်၊ ငါဝင်စားလို့ ထင်ပါတယ်၊ တံငါသည်မိဘတွေလည်း အသေဆိုးနဲ့သေရတယ်၊ အခုမိဘတွေနဲ့တွေ့မှ ငါ ကံကောင်းလာတာပါ"
"စိုး.. မင်းအရင်ဘဝက ရွာကမိဘတွေကိုရော သွားမရှာဘူးလား"
"ရွာကို ငါရောက်ပြီးပါပြီ၊ စိုးရဘဝက ငါ့မိဘတွေ မရှိတော့ဘူး၊ ငါ့မှာ ညီအစ်ကိုမောင်နှမလည်း ရှိခဲ့တာမဟုတ်ဘူးလေ၊ ရွာကလူတွေကို ငါဟာ စိုးရလူဝင်စားပါဆိုတာ ပြောတောင်မပြခဲ့တော့ပါဘူးကွာ၊ အရင်ဘဝက စိုးရဆိုတာကို မှတ်မိတဲ့လူလည်း မရှိတော့ပါဘူး"
"အင်းပေါ့လေ.. နှစ်ပေါင်း၃၀တောင် ကြာပြီကိုး၊ လွမ်းစေတီကို မြင်ရပြီ စိုး၊ ကြည့်စမ်း ဒီလမ်းတွေ အရင်က စက်ဘီးနဲ့ လာတာတောင် စက်ဘီးကို မနည်းနင်းယူရတာ မှတ်မိနေတယ်၊ ခုတော့ ကားတောင် ချောင်ချောင်ချိချိမောင်းလို့ရနေပြီနော်၊ မင်းမှတ်မိလား"
"မှတ်မိပါတယ်၊ တာရာတို့ညီအစ်မက စက်ဘီးရှိလို့ စက်ဘီးနဲ့လာနိုင်ပေမယ့် စက်ဘီးမရှိလို့ ခြေလျင်လာရတဲ့ငါက ဒီလမ်းခရီးကို ပိုပြီး မှတ်မိတာပေါ့ကွာ"
စိုးရာဇာက ကားလမ်းဘေး ဝဲယာတလျှောက်ကိုကြည့်ပြီး ပြောသည်။
"စိုးရာ.. မပြည့်စုံတဲ့ဘဝတွေ ပြီးဆုံးခဲ့ပါပြီလေ၊ အင်း… တို့နှစ်ယောက်ကို ဘွားသုခမြင်ရင် ဘာများပြောမလဲမသိဘူးနော်"
+++++
(၁၃)
ရသေ့မကြီးဘွားသုခသည် စိုးရာဇာနှင့်တာရာ တွဲလာသည်ကို အမြင်တွင် အံ့ဩသွားပုံရသော်လည်း ရင့်ကျက်သော တရားရှင်ပီပီ ဣန္ဒြေကို ချက်ချင်းပြန်ထိန်းလိုက်သည်။
"ဪ.. တွေ့လာကြပြီကိုး၊ အင်းလေ.. ခေတ်လူငယ် ပညာတတ်လေးတွေပဲ ကြံရည်ဖန်ရည် ရှိကြသပေါ့"
စေတီရင်ပြင်တွင် တံမျက်စည်းလှဲနေသော ဘွားသုခကို နှစ်ယောက်သား ထိုင်ကန်တော့လိုက်ကြသည်။
"အဘွားက ကျွန်တော်တို့နှစ်ယောက်ကို မဆုံစေချင်လို့လား အဘွား"
"ဒါပေါ့ကွယ်၊ သံသရာတွေ ရှည်မစိုးလို့ မဆုံစေ့ချင်တာ အမှန်ပဲ၊ ဒါကြောင့်လည်း ဒီသားမောင်ရောက်လာတော့ တချိန်က တာရာဆိုတဲ့ မိန်းကလေးဟာ အခုဘဝမှာ လူဝင်စားဖြစ်နေတယ်ဆိုတာ ပြောမပြခဲ့တာပဲ၊ မောင်တာရာရောက်လာတော့လည်း မောင်စိုးရလူဝင်စား လာတာကို မပြောပဲ မျိုသိပ်ထားခဲ့တယ်၊ ဒါတွေဟာ သံသရာကို မရှည်စေချင်လို့ဆိုတာ နားလည်ကြပါကွယ်"
"ဘာဖြစ်လို့လဲ အဘွားရယ်၊ သားတို့ ဟိုအရင်ဘဝကတည်းက ဘဝဆက်တိုင်း ဆုံရပါစေ၊ ပေါင်းရပါစေလို့ ဟောဒီစေတီလေး မှာပဲ ဆုတောင်းခဲ့ကြတယ်လေ၊ သားတို့ဆုတောင်းပြည့်တာပါအဘွားရယ်"
ဘွားသုခမျက်ဝန်းများက အဝေးကို မျှော်ကြည့်လိုက်သလို ရီဝေမှိုင်းပျသွားသည်။
"အဲဒီဆုတောင်းကြောင့်ပဲ မဆုံစေချင်တာပေါ့၊ ဟိုဘဝကတည်းက မင်းတို့ဆုတောင်းကို အဘွား မကြိုက်ခဲ့တာပါလေ၊ ဆုတောင်းဆိုတာ တောင်းကောင်းတာ ရှိသလို၊ မတောင်းကောင်းတဲ့ဆုတောင်းလည်း ရှိတယ်လို့ အဘွားပြောခဲ့ဖူးတယ် ထင်ပါရဲ့"
"ဟုတ်ကဲ့၊ အဘွားပြောဖူးတယ်လို့ မှတ်မိသလိုလို ရှိပါတယ်"
"ဆုတောင်းကြောင့် ကြေကွဲစရာတွေဖြစ်တတ်တာကို အဘွား မင်းတို့ကို ပြောပြချင်ပါရဲ့၊ နားထောင်မလား သားတို့"
"ပြောပါအဘွား၊ နားထောင်ပါ့မယ်"
"ဒါဖြင့်… လာ၊ ကျောင်းလေးရှေ့ကိုကွပ်ပြစ်ပေါ်ကို သွားကြစို့"
+++++
(၁၄)
"အခု အဘွားပြောပြမယ့်အကြောင်းကို သေချာနားထောင်ကြနော်၊ အဖြစ်အပျက်က ဘုရားရှင်လက်ထက်တော်က အဖြစ်အပျက်ကွဲ့"
"အဘွားပြောပြမယ့် အကြောင်းထဲက အဓိကဇာတ်ကောင် အမျိုးသမီးနာမည်က မရူပါ တဲ့။ မရူပါလေးဟာ နာမည်နဲ့လိုက် အောင် ချောပေလှပေမယ့် ခမျာမှာ မိဘတွေမရှိရှာတော့ မျက်နှာငယ်နဲ့ ကြီးပြင်း လူလားမြောက်ခဲ့ရတယ်တဲ့ကွယ်၊ ကံကောင်းချင်တော့ အရွယ်ရောက်လာတဲ့အချိန်မှာ သာဝတ္ထိပြည်က အမျိုးကောင်းသား ကုန်သည်လူငယ်တယောက်နဲ့ ဆုံမိတော့ ကုန်သည်က မရူပါကို ချစ်ကြိုက်ပြီး သာဝတ္ထိအထိ ခေါ်သွားကာ ဇနီးမယားအဖြစ် ပေါင်းဖက်ရှာသတဲ့"
"မရူပါကို သူ့လင်သားက အသည်းပေါက်မတတ်ချစ်ပေမယ့် မကြည်ဖြူနိုင်သူကတော့ လင်သားရဲ့အမေ ယောက္ခမကြီးပဲ၊ ယောက္ခမကြီးဟာ သားတော်မောင် မရှိချိန်များဆိုရင် မရူပါကို ငြူစူစောင်းမြောင်းပြီး ဆဲဆိုရန်လုပ်နေတော့တာပဲတဲ့"
"ယောက္ခမဖြစ်သူအတွက်တော့ သားတော်မောင် လူရည်သန့် စီးပွားရှာနိုင်ဖွေနိုင်သူကို ဘယ်အရပ်ကမှန်းမသိ ခေါ်လာတဲ့ မိန်းကလေးနဲ့ သဘောမတူနိုင်ဖြစ်နေလို့ပဲကွဲ့၊ မိဘမေတ္တာဆိုပေမယ့် မရူပါအတွက်တော့ အနေရအထိုင်ရခက်စေတာပေါ့လေ"
"ဒီလိုနဲ့ ပေါင်းသင်းလာလိုက်တာ မရူပါမှာ ကိုယ်လေးလက်ဝန် ရှိလာခဲ့တယ်၊ မရူပါ ကိုယ်ဝန်လရင့်ချိန်မှာ ခင်ပွန်းဖြစ်သူဟာ ရာသီဥတုကလည်း သာယာ၊ ကုန်သွယ်ကုန်ရောင်းလုပ်ဖို့ အချိန်ကလည်း ကျပြီမို့ ရာဇဂြိုဟ်ပြည်ကြီးကို ကုန်ရောင်းဖို့ဆိုပြီး ထွက်ခွာသွား ခဲ့တယ်"
"ခင်ပွန်းသည်က စိတ်ချလက်ချထားခဲ့ပေမယ့် သူ့သားမျက်နှာ ကွယ်တာနဲ့ ယောက္ခမကြီးဟာ မရူပါကို နှိပ်စက်တော့တာပဲတဲ့ကွယ်"
+++++
"ဟွန်း- ဘယ်ဥကပေါက်လို့ ဘယ်လိုအလေ့ကျမွေးလာတဲ့ အုတ်ကြားမြက်ပေါက်မှန်းမသိ၊ ကျုပ်သားများ အရပ်ထဲတွေ့တဲ့ မိန်းမကို မျက်နှာလေးလှတာနဲ့ အိမ်အထိခေါ်လာသတဲ့တော်၊ ဟဲ့- ကောင်မ၊ ညီး လွယ်ထားရတဲ့ဗိုက်ဟာ ငါ့သားနဲ့ရတဲ့ဗိုက်မှ ဟုတ်ပါလေစ သဘောက်မရဲ့"
"အို- အမေရယ်၊ အပြောအဆို ရက်စက်ပါဘိ၊ ကျမဟာ အဖိုဆိုလို့ အမေ့သားတယောက်ကလွဲလို့.."
"တော်စမ်း၊ တော်စမ်း၊ ညီးအသံမကြားချင်ဘူး၊ ငါ့လည်း အမေ မခေါ်နဲ့၊ ညီးမျက်နှာလည်း ဆက်မကြည့်ပါရစေနဲ့တော့အေ၊ သွား-သွား- ငါ့အိမ်ပေါ်ကဆင်း၊ ဟဲ့- အစေအပါးတွေ ဒီဟာမကို ရိုက်နှက်လွှတ်လိုက်ကြစမ်းဟဲ့"
+++++
ယောက္ခမဆိုးဒဏ်ကြောင့် အိမ်ပေါ်ကဆင်းခဲ့ရပေမယ့် မရူပါဟာ အားတော့ မလျှော့ဘူးတဲ့။ သူ့လင် ဘယ်သွားတယ်ဆိုတာ သိနေတာကိုး။ သူ့ယောက်ျားသွားတဲ့ ရာဇဂြိုဟ်အထိလိုက်ပြီး အကျိုးအကြောင်းရှင်းပြမယ်ဆိုတဲ့စိတ်နဲ့ သာဝတ္ထိကနေ ရာဇဂြိုဟ်သွားရာ လမ်းအတိုင်း လင်သားရှိရာကို လိုက်လာခဲ့တော့တယ်။
ဘယ်လိုပဲ အားတင်းတင်း။ မိန်းမသားလည်းဖြစ် နေ့စေ့လစေ့ ကိုယ်ဝန်ကိုလည်း လွယ်ထားရတဲ့အချိန်ဆိုတော့ တကယ်တန်းမှာ အားမတင်းနိုင်ခဲ့ရှာပါဘူး။
ကိုယ်ဝန်က လမ်းခရီးမှာတွင် မွေးတော့ဖွားတော့မယ့် အရိပ်အယောင်ပေါ်လာလို့ ကြုံရာဇရပ်တဆောင်မှာ ဝင်နားနေရ တယ်တဲ့။
တညလုံး ဗိုက်နာဝေဒနာခံစားပြီး မနက်ဝေလီဝေလင်းအချိန်မှာ ကူဖော်လောင်ဖက်မရှိ တယောက်တည်းပဲ မီးဖွားခဲ့ရရှာ တယ်တဲ့။
မွေးလာတဲ့ကလေးက ယောက်ျားလေး။
မိန်းမတို့ထုံးစံ ကိုယ့်ရင်သွေးကို မြင်လိုက်တော့ မောသမျှ နာသမျှတွေ မေ့သွားရတယ်။ သွေးနုသားနုမို့ ချစ်လင်ခင်ပွန်းကိုလည်း သတိရလာတယ်တဲ့။
လောလောဆယ်တော့ ဝမ်းနည်းစိတ်တွေ ဘေးချိတ်ထား။ ကိုယ့်အတွက်ရော ကလေးအတွက်ပါ အသက်ရှင်သန်ဖို့က လိုလာပြီ။
ကလေးကို နို့တိုက်လိုက်ရလို့ မရူပါဟာ အားအင်ကုန်ခန်း မောပန်းသွားတော့တယ်။
မရူပါဟာ ကိုယ်တိုင်ကလည်း ရေဆာ၊ ကလေးကိုလည်း သန့်ရှင်းစင်ကြယ်ပေးချင်တာကြောင့် ရေရဖို့လိုလာတယ်။ ဇရပ်အနီးအနားမှာ ရေတွင်းရေကန်တော့ ရှိလောက်ရဲ့ဆိုတဲ့အတွေးနဲ့ မွေးစကလေးလေးကို ပဝါလေးနဲ့ထွေးပိုက်ပြီး ရေရှာဖို့ ထွက်လာခဲ့တော့တယ်။
+++++
Part 6 မျှော်ပါ....
(Zawgyi)
#ေဆာင္းလုလင္
#အာဒမ္၂ေယာက္
#လိင္တူအခ်စ္သ႐ုပ္ေဖာ္ဇာတ္လမ္း
#BL_Story
#Part_5
"မေန႔က စစ္ကိုင္းကို သြားတယ္၊ တာရာ့အေၾကာင္းစုံစမ္းတယ္၊ တာရာတို့အရင္အိမ္ေဘးက အန္တီႀကီးက လိပ္စာေပးလိုက္တာ တာရာ၊ ဘြားသုခဆီလည္းေရာက္ခဲ့ပါတယ္"
"ဟင္- ဘြားသုခဆီေရာက္တယ္"
"ဘြားသုခက ကိုယ့္ကို ျမင္ျမင္ခ်င္းမွတ္မိတယ္"
"ငါလည္း မေန႔က ဘြားသုခဆီ
ေရာက္တယ္၊ စိုးေရာက္တာ ဘယ္အခ်ိန္လဲ"
"ေန႔လည္ပိုင္း ၁၁နာရီေလာက္"
"ဪ- စိုးက အရင္ေရာက္တာေပါ့၊ ဒါေၾကာင့္ ဘြားသုခမ်က္ႏွာ တမ်ိဳးျဖစ္ေနတာကိုး၊ ဘြားသုခက မင္းလာတဲ့အေၾကာင္း ငါ့ကို ျပန္မေျပာဘူးစိုး၊ ငါလည္း မေန႔က ေန႔လည္ခင္း လြမ္းေစတီကို သြားလိုက္ေသးတယ္ေလ"
"စစ္ကိုင္းကျပန္အလာမွာ မင္းကိုေတြ႕လိုက္တယ္ တာရာ"
"ဘာ-"
"ေတာင္ၿမိဳ့က ပိုးထည္ဆိုင္တဆိုင္ထဲက မင္းထြက္လာတာေလ၊ ၿပီးေတာ့- ဆိုင္ကယ္နဲ႔ စစ္ကိုင္းဖက္ေမာင္းသြားတာကို ငါျမင္လိုက္တာ တာရာ၊ မင္းကိုျမင္ျမင္ခ်င္း ငါ့စိတ္ထဲမွာ တမ်ိဳးႀကီးျဖစ္သြားလို့ ကားကိုျပန္ေကြ႕ၿပီး မင္းေနာက္လိုက္လာေသးတယ္၊ ကားေကြ႕ခ်ိန္ ၾကာသြားလို့ မင္းကို မမီလိုက္တာ"
"တကယ္"
"တကယ္ေပါ့၊ မင္းက သရီးကြာတား ဂ်င္းပဲန္အျပာနဲ႔၊ ပိုးထည္တိုက္ထဲလည္း ဝင္ခဲ့ေသးတယ္မို့လား"
"ဟုတ္တယ္၊ ငါမွာထားတဲ့ ခ်ိတ္လုံခ်ည္ေတြ ၿပီးမၿပီး ဝင္ေမးတာ၊ ဒါနဲ႔မ်ား ဘြားသုခက ငါ့ကို မင္းလာသြားတဲ့အေၾကာင္း ဘာလို့ မေျပာတာပါလိမ့္"
"ငါတို့ျပန္ဆက္သြယ္မိမွာ စိုးလို့ထင္ပါတယ္ကြာ၊ ဘြားသုခက မင္း လူဝင္စားအျဖစ္ရွိေနတာ သိၿပီးသားပဲ၊ ငါ့ကိုသာ ခုမွ ေတြ႕ရတာေလ၊ ငါ့ကိုလည္း မင္းရွိေနေၾကာင္းမေျပာဘူးတာရာ၊ မေျပာတဲ့အျပင္ ေနာက္ ဒီေနရာကို ဘယ္ေတာ့မွ မလာပါနဲ႔လို့ေတာင္ ေျပာလိုက္ေသးတယ္"
"ဪ..ဘြားသုခ၊ ဘြားသုခ၊ ငါ့ကိုလည္း လြမ္းေစတီကို မလာနဲ႔ေတာ့၊ အတိတ္ဘဝကိုေမ့လိုက္ေတာ့လို့ ဆုံးမေနတာ အဲဒါေၾကာင့္ကိုး၊ ဘြားသုခမ်က္ႏွာ ထူးျခားေနတယ္ဆိုတာေတာ့ သတိထားမိသား"
"ငါတို့ႏွစ္ေယာက္ ဆုံၿပီဆိုတာ ဘြားသုခကို သြားအသိေပးရေအာင္ တာရာ"
"သြားမွာေပါ့၊ အရင္ဘဝလြမ္းေစတီကို သြားရမွာေပါ့ စိုးရယ္၊ တို့ အရင္ကထိုင္ခဲ့တဲ့ခုံေလးမွာ ထိုင္ၿပီး အရင္လိုပဲ စကား ေတြေျပာမယ္၊ ျမစ္ထဲကရွုခင္းေတြကို ၾကည့္ၾကမယ္ေနာ္"
+++++
(၁၂)
"ဒက္ဒီ၊ Viber ကေန သားပို့လိုက္တဲ့ပုံ ၾကည့္ၿပီးၿပီလား ဒက္ဒီ"
"ေတြ႕တယ္သား၊ ဒက္ဒီအံ့ဩေနတာ၊ ဘာဆိုတာ ဒက္ဒီ နားမလည္ဘူးကြ"
"အဲဒါ.. အရင္ဘဝက သားပုံပါ ဒက္ဒီ"
"ဘာကြ-"
"သားေျပာျပလို့သာ သားကို ဒက္ဒီတို့က လူဝင္စားဆိုတာ လက္ခံထားတာေလ၊ တကယ္ေတာ့ မယုံဘူးမဟုတ္လား"
"ယုံပါတယ္သားရယ္"
"ဟုတ္ကဲ့ဒက္ဒီ၊ ယုံတယ္ဆိုရင္လည္း သာမန္အေပၚယံေၾကာ သားစိတ္ခ်မ္းသာေအာင္ ယုံေပးတာမ်ိဳး ျဖစ္မယ္ထင္ပါတယ္"
"အင္း.. ဒါေတာ့…"
"သား မႏၲေလးကို ခရီးထြက္လာတာ အရင္ဘဝကအေၾကာင္းေတြ ျပန္စုံစမ္းခ်င္တဲ့ ရည္ရြယ္ခ်က္လည္း ပါပါတယ္ ဒက္ဒီ၊ မေန႔က သား စစ္ကိုင္းကိုေရာက္တယ္ဒက္ဒီ၊ ဘ၀ျခားသြားေပမယ့္ စုံစမ္းဖို့ မခက္ခဲ့ပါဘူးဒက္ဒီ၊ အရင္ဘဝက သားမွတ္မိေနတဲ့ ေနရာေတြ သြားေမးလိုက္တာနဲ႔ သားအရင္ဘဝကို မွတ္မိေနတဲ့လူေတြနဲ႔ ေတြ႕ခဲ့ပါတယ္ ဒက္ဒီ"
"ထူးဆန္းလိုက္တာ သားႀကီးရယ္"
"ဒီဓာတ္ပုံက သားရဲ့ အရင္ဘဝသူငယ္ခ်င္းဆီက ျပန္ရတာေလ"
"မင္းမွ မင္းပါပဲ ငါ့သားရယ္၊ အျပင္အဆင္ပဲ မတူတာကြ၊ ဓာတ္ပုံၾကည့္ၿပီး မင္းမာမီနဲ႔ ညီမေလးလည္း ပေဟဠိျဖစ္ေနတာ၊ ငါ့သား ဖုန္းဆက္မွ ရွင္းေတာ့တယ္ေဟ့"
"သားကို သုံးရက္ေလာက္ အခ်ိန္ေပးပါဦးေနာ္ ဒက္ဒီ"
"ဆီမီနာအမီေတာ့ ျပန္လာေနာ္ သား၊ ေဖာ္ရိန္နာေတြက မင္းနဲ႔မွျဖစ္မွာ၊ ငါ့သားႀကီး အတိတ္ကိုလည္း ျပန္ၿပီးလြမ္းေမာ မေနနဲ႔ဦး၊ ၿပီးတာက ၿပီးခဲ့ၿပီေနာ္ ငါ့သား"
"စိတ္ခ်ပါဒက္ဒီ"
"ဒက္ဒီ့သားအလိမၼာႀကီးကို ဒက္ဒီယုံပါတယ္ကြယ္"
"ဟုတ္ကဲ့ဒက္ဒီ၊ မာမီနဲ႔ညီမေလးကို လက္ေဆာင္ေတြဝယ္ခဲ့မယ္လို့ ေျပာေပးပါေနာ္၊ ဂြတ္ဘိုင္ဒက္ဒီ"
+++++
တာရာက ကားေမာင္းရင္း စိုးရာဇာဖုန္းေျပာတာကို နားေထာင္ကာ ျပဳံးေနသည္။
ဖုန္းေျပာအၿပီး စိုးရာဇာက ဖုန္းကိုပိတ္လိုက္၏။
"မင္းေမြးစားအေဖက မင္းကို ေတာ္ေတာ္ခ်စ္ပုံပဲေနာ္"
"ခ်စ္ပါတယ္၊ ဒက္ဒီေရာ မာမီေရာ ငါ့ကို တကယ္ခ်စ္ၾကပါတယ္၊ ငါ့ကိုေမြးစားတုန္းက သူတို့မွာ သားသမီးမရွိလို့ ေမြးစားတာေလ၊ ငါ့ကိုေမြးစားအၿပီးမွာ ကေလးတေယာက္ရတယ္၊ ဒါေပမယ့္ ငါ့အေပၚမွာ အခ်စ္ေလ်ာ့မသြားပါဘူး"
"မင္း ကံေကာင္းတာေပါ့"
"ငါ့ဘဝက ေတာက္ေလၽွာက္ ကံဆိုးခဲ့တာ မင္းအသိပဲေလ၊ အရင္ဘဝကလည္း ဆင္းဆင္းရဲရဲ ေနခဲ့ရတယ္၊ ဘဝကူးေတာ့ လည္း တံငါသည္မိဘေတြဆီမွာ သြားဝင္စားတယ္၊ ငါဝင္စားလို့ ထင္ပါတယ္၊ တံငါသည္မိဘေတြလည္း အေသဆိုးနဲ႔ေသရတယ္၊ အခုမိဘေတြနဲ႔ေတြ႕မွ ငါ ကံေကာင္းလာတာပါ"
"စိုး.. မင္းအရင္ဘဝက ရြာကမိဘေတြကိုေရာ သြားမရွာဘူးလား"
"ရြာကို ငါေရာက္ၿပီးပါၿပီ၊ စိုးရဘဝက ငါ့မိဘေတြ မရွိေတာ့ဘူး၊ ငါ့မွာ ညီအစ္ကိုေမာင္ႏွမလည္း ရွိခဲ့တာမဟုတ္ဘူးေလ၊ ရြာကလူေတြကို ငါဟာ စိုးရလူဝင္စားပါဆိုတာ ေျပာေတာင္မျပခဲ့ေတာ့ပါဘူးကြာ၊ အရင္ဘဝက စိုးရဆိုတာကို မွတ္မိတဲ့လူလည္း မရွိေတာ့ပါဘူး"
"အင္းေပါ့ေလ.. ႏွစ္ေပါင္း၃၀ေတာင္ ၾကာၿပီကိုး၊ လြမ္းေစတီကို ျမင္ရၿပီ စိုး၊ ၾကည့္စမ္း ဒီလမ္းေတြ အရင္က စက္ဘီးနဲ႔ လာတာေတာင္ စက္ဘီးကို မနည္းနင္းယူရတာ မွတ္မိေနတယ္၊ ခုေတာ့ ကားေတာင္ ေခ်ာင္ေခ်ာင္ခ်ိခ်ိေမာင္းလို့ရေနၿပီေနာ္၊ မင္းမွတ္မိလား"
"မွတ္မိပါတယ္၊ တာရာတို့ညီအစ္မက စက္ဘီးရွိလို့ စက္ဘီးနဲ႔လာနိုင္ေပမယ့္ စက္ဘီးမရွိလို့ ေျခလ်င္လာရတဲ့ငါက ဒီလမ္းခရီးကို ပိုၿပီး မွတ္မိတာေပါ့ကြာ"
စိုးရာဇာက ကားလမ္းေဘး ဝဲယာတေလၽွာက္ကိုၾကည့္ၿပီး ေျပာသည္။
"စိုးရာ.. မျပည့္စုံတဲ့ဘ၀ေတြ ၿပီးဆုံးခဲ့ပါၿပီေလ၊ အင္း… တို့ႏွစ္ေယာက္ကို ဘြားသုချမင္ရင္ ဘာမ်ားေျပာမလဲမသိဘူးေနာ္"
+++++
(၁၃)
ရေသ့မႀကီးဘြားသုခသည္ စိုးရာဇာႏွင့္တာရာ တြဲလာသည္ကို အျမင္တြင္ အံ့ဩသြားပုံရေသာ္လည္း ရင့္က်က္ေသာ တရားရွင္ပီပီ ဣေျႏၵကို ခ်က္ခ်င္းျပန္ထိန္းလိုက္သည္။
"ဪ.. ေတြ႕လာၾကၿပီကိုး၊ အင္းေလ.. ေခတ္လူငယ္ ပညာတတ္ေလးေတြပဲ ႀကံရည္ဖန္ရည္ ရွိၾကသေပါ့"
ေစတီရင္ျပင္တြင္ တံမ်က္စည္းလွဲေနေသာ ဘြားသုခကို ႏွစ္ေယာက္သား ထိုင္ကန္ေတာ့လိုက္ၾကသည္။
"အဘြားက ကၽြန္ေတာ္တို့ႏွစ္ေယာက္ကို မဆုံေစခ်င္လို့လား အဘြား"
"ဒါေပါ့ကြယ္၊ သံသရာေတြ ရွည္မစိုးလို့ မဆုံေစ့ခ်င္တာ အမွန္ပဲ၊ ဒါေၾကာင့္လည္း ဒီသားေမာင္ေရာက္လာေတာ့ တခ်ိန္က တာရာဆိုတဲ့ မိန္းကေလးဟာ အခုဘဝမွာ လူဝင္စားျဖစ္ေနတယ္ဆိုတာ ေျပာမျပခဲ့တာပဲ၊ ေမာင္တာရာေရာက္လာေတာ့လည္း ေမာင္စိုးရလူဝင္စား လာတာကို မေျပာပဲ မ်ိဳသိပ္ထားခဲ့တယ္၊ ဒါေတြဟာ သံသရာကို မရွည္ေစခ်င္လို့ဆိုတာ နားလည္ၾကပါကြယ္"
"ဘာျဖစ္လို့လဲ အဘြားရယ္၊ သားတို့ ဟိုအရင္ဘဝကတည္းက ဘဝဆက္တိုင္း ဆုံရပါေစ၊ ေပါင္းရပါေစလို့ ေဟာဒီေစတီေလး မွာပဲ ဆုေတာင္းခဲ့ၾကတယ္ေလ၊ သားတို့ဆုေတာင္းျပည့္တာပါအဘြားရယ္"
ဘြားသုခမ်က္ဝန္းမ်ားက အေဝးကို ေမၽွာ္ၾကည့္လိုက္သလို ရီေဝမွိုင္းပ်သြားသည္။
"အဲဒီဆုေတာင္းေၾကာင့္ပဲ မဆုံေစခ်င္တာေပါ့၊ ဟိုဘဝကတည္းက မင္းတို့ဆုေတာင္းကို အဘြား မႀကိဳက္ခဲ့တာပါေလ၊ ဆုေတာင္းဆိုတာ ေတာင္းေကာင္းတာ ရွိသလို၊ မေတာင္းေကာင္းတဲ့ဆုေတာင္းလည္း ရွိတယ္လို့ အဘြားေျပာခဲ့ဖူးတယ္ ထင္ပါရဲ့"
"ဟုတ္ကဲ့၊ အဘြားေျပာဖူးတယ္လို့ မွတ္မိသလိုလို ရွိပါတယ္"
"ဆုေတာင္းေၾကာင့္ ေၾကကြဲစရာေတြျဖစ္တတ္တာကို အဘြား မင္းတို့ကို ေျပာျပခ်င္ပါရဲ့၊ နားေထာင္မလား သားတို့"
"ေျပာပါအဘြား၊ နားေထာင္ပါ့မယ္"
"ဒါျဖင့္… လာ၊ ေက်ာင္းေလးေရွ႕ကိုကြပ္ျပစ္ေပၚကို သြားၾကစို့"
+++++
(၁၄)
"အခု အဘြားေျပာျပမယ့္အေၾကာင္းကို ေသခ်ာနားေထာင္ၾကေနာ္၊ အျဖစ္အပ်က္က ဘုရားရွင္လက္ထက္ေတာ္က အျဖစ္အပ်က္ကြဲ႕"
"အဘြားေျပာျပမယ့္ အေၾကာင္းထဲက အဓိကဇာတ္ေကာင္ အမ်ိဳးသမီးနာမည္က မ႐ူပါ တဲ့။ မ႐ူပါေလးဟာ နာမည္နဲ႔လိုက္ ေအာင္ ေခ်ာေပလွေပမယ့္ ခမ်ာမွာ မိဘေတြမရွိရွာေတာ့ မ်က္ႏွာငယ္နဲ႔ ႀကီးျပင္း လူလားေျမာက္ခဲ့ရတယ္တဲ့ကြယ္၊ ကံေကာင္းခ်င္ေတာ့ အရြယ္ေရာက္လာတဲ့အခ်ိန္မွာ သာဝတၳိျပည္က အမ်ိဳးေကာင္းသား ကုန္သည္လူငယ္တေယာက္နဲ႔ ဆုံမိေတာ့ ကုန္သည္က မ႐ူပါကို ခ်စ္ႀကိဳက္ၿပီး သာဝတၳိအထိ ေခၚသြားကာ ဇနီးမယားအျဖစ္ ေပါင္းဖက္ရွာသတဲ့"
"မ႐ူပါကို သူ႔လင္သားက အသည္းေပါက္မတတ္ခ်စ္ေပမယ့္ မၾကည္ျဖဴနိုင္သူကေတာ့ လင္သားရဲ့အေမ ေယာကၡမႀကီးပဲ၊ ေယာကၡမႀကီးဟာ သားေတာ္ေမာင္ မရွိခ်ိန္မ်ားဆိုရင္ မ႐ူပါကို ျငဴစူေစာင္းေျမာင္းၿပီး ဆဲဆိုရန္လုပ္ေနေတာ့တာပဲတဲ့"
"ေယာကၡမျဖစ္သူအတြက္ေတာ့ သားေတာ္ေမာင္ လူရည္သန႔္ စီးပြားရွာနိုင္ေဖြနိုင္သူကို ဘယ္အရပ္ကမွန္းမသိ ေခၚလာတဲ့ မိန္းကေလးနဲ႔ သေဘာမတူနိုင္ျဖစ္ေနလို့ပဲကြဲ႕၊ မိဘေမတၱာဆိုေပမယ့္ မ႐ူပါအတြက္ေတာ့ အေနရအထိုင္ရခက္ေစတာေပါ့ေလ"
"ဒီလိုနဲ႔ ေပါင္းသင္းလာလိုက္တာ မ႐ူပါမွာ ကိုယ္ေလးလက္ဝန္ ရွိလာခဲ့တယ္၊ မ႐ူပါ ကိုယ္ဝန္လရင့္ခ်ိန္မွာ ခင္ပြန္းျဖစ္သူဟာ ရာသီဥတုကလည္း သာယာ၊ ကုန္သြယ္ကုန္ေရာင္းလုပ္ဖို့ အခ်ိန္ကလည္း က်ၿပီမို့ ရာဇၿဂိဳဟ္ျပည္ႀကီးကို ကုန္ေရာင္းဖို့ဆိုၿပီး ထြက္ခြာသြား ခဲ့တယ္"
"ခင္ပြန္းသည္က စိတ္ခ်လက္ခ်ထားခဲ့ေပမယ့္ သူ႔သားမ်က္ႏွာ ကြယ္တာနဲ႔ ေယာကၡမႀကီးဟာ မ႐ူပါကို ႏွိပ္စက္ေတာ့တာပဲတဲ့ကြယ္"
+++++
"ဟြန္း- ဘယ္ဥကေပါက္လို့ ဘယ္လိုအေလ့က်ေမြးလာတဲ့ အုတ္ၾကားျမက္ေပါက္မွန္းမသိ၊ က်ဳပ္သားမ်ား အရပ္ထဲေတြ႕တဲ့ မိန္းမကို မ်က္ႏွာေလးလွတာနဲ႔ အိမ္အထိေခၚလာသတဲ့ေတာ္၊ ဟဲ့- ေကာင္မ၊ ညီး လြယ္ထားရတဲ့ဗိုက္ဟာ ငါ့သားနဲ႔ရတဲ့ဗိုက္မွ ဟုတ္ပါေလစ သေဘာက္မရဲ့"
"အို- အေမရယ္၊ အေျပာအဆို ရက္စက္ပါဘိ၊ က်မဟာ အဖိုဆိုလို့ အေမ့သားတေယာက္ကလြဲလို့.."
"ေတာ္စမ္း၊ ေတာ္စမ္း၊ ညီးအသံမၾကားခ်င္ဘူး၊ ငါ့လည္း အေမ မေခၚနဲ႔၊ ညီးမ်က္ႏွာလည္း ဆက္မၾကည့္ပါရေစနဲ႔ေတာ့ေအ၊ သြား-သြား- ငါ့အိမ္ေပၚကဆင္း၊ ဟဲ့- အေစအပါးေတြ ဒီဟာမကို ရိုက္ႏွက္လႊတ္လိုက္ၾကစမ္းဟဲ့"
+++++
ေယာကၡမဆိုးဒဏ္ေၾကာင့္ အိမ္ေပၚကဆင္းခဲ့ရေပမယ့္ မ႐ူပါဟာ အားေတာ့ မေလၽွာ့ဘူးတဲ့။ သူ႔လင္ ဘယ္သြားတယ္ဆိုတာ သိေနတာကိုး။ သူ႔ေယာက္်ားသြားတဲ့ ရာဇၿဂိဳဟ္အထိလိုက္ၿပီး အက်ိဳးအေၾကာင္းရွင္းျပမယ္ဆိုတဲ့စိတ္နဲ႔ သာဝတၳိကေန ရာဇၿဂိဳဟ္သြားရာ လမ္းအတိုင္း လင္သားရွိရာကို လိုက္လာခဲ့ေတာ့တယ္။
ဘယ္လိုပဲ အားတင္းတင္း။ မိန္းမသားလည္းျဖစ္ ေန႔ေစ့လေစ့ ကိုယ္ဝန္ကိုလည္း လြယ္ထားရတဲ့အခ်ိန္ဆိုေတာ့ တကယ္တန္းမွာ အားမတင္းနိုင္ခဲ့ရွာပါဘူး။
ကိုယ္ဝန္က လမ္းခရီးမွာတြင္ ေမြးေတာ့ဖြားေတာ့မယ့္ အရိပ္အေယာင္ေပၚလာလို့ ၾကဳံရာဇရပ္တေဆာင္မွာ ဝင္နားေနရ တယ္တဲ့။
တညလုံး ဗိုက္နာေဝဒနာခံစားၿပီး မနက္ေဝလီေဝလင္းအခ်ိန္မွာ ကူေဖာ္ေလာင္ဖက္မရွိ တေယာက္တည္းပဲ မီးဖြားခဲ့ရရွာ တယ္တဲ့။
ေမြးလာတဲ့ကေလးက ေယာက္်ားေလး။
မိန္းမတို့ထုံးစံ ကိုယ့္ရင္ေသြးကို ျမင္လိုက္ေတာ့ ေမာသမၽွ နာသမၽွေတြ ေမ့သြားရတယ္။ ေသြးႏုသားႏုမို့ ခ်စ္လင္ခင္ပြန္းကိုလည္း သတိရလာတယ္တဲ့။
ေလာေလာဆယ္ေတာ့ ဝမ္းနည္းစိတ္ေတြ ေဘးခ်ိတ္ထား။ ကိုယ့္အတြက္ေရာ ကေလးအတြက္ပါ အသက္ရွင္သန္ဖို့က လိုလာၿပီ။
ကေလးကို နို့တိုက္လိုက္ရလို့ မ႐ူပါဟာ အားအင္ကုန္ခန္း ေမာပန္းသြားေတာ့တယ္။
မ႐ူပါဟာ ကိုယ္တိုင္ကလည္း ေရဆာ၊ ကေလးကိုလည္း သန႔္ရွင္းစင္ၾကယ္ေပးခ်င္တာေၾကာင့္ ေရရဖို့လိုလာတယ္။ ဇရပ္အနီးအနားမွာ ေရတြင္းေရကန္ေတာ့ ရွိေလာက္ရဲ့ဆိုတဲ့အေတြးနဲ႔ ေမြးစကေလးေလးကို ပဝါေလးနဲ႔ေထြးပိုက္ၿပီး ေရရွာဖို့ ထြက္လာခဲ့ေတာ့တယ္။
+++++
Part 6 ေမၽွာ္ပါ....
No comments:
Post a Comment