#အာဒမ်နှစ်ယောက်
#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း
#BL_Story
Part 8
(၁၄)
ဘွားသုခမှာ တရားရှင်ဖြစ်၍ နိပါတ်တော်ကို ဣန္ဒြေမပျက် ပြောကြားနေသော်လည်း နားထောင်သူနှစ်ဦးမှာ မျက်နှာပျက် နေကြပေပြီ။
နှလုံးသားနုနယ်သော တာရာမှာ မျက်ရည်များပင် စီးကျလို့ နေသည်။
"ဘုရားရှင်ထံကို ရောက်တော့ ဘုရားရှင်က ဒါဟာ ရှေးက ဆုတောင်းမှားခဲ့လို့ဖြစ်ကြောင်း မိန့်ကြားတယ်၊ ဖြစ်လေရာဘဝမှာ ဆုံဆည်းရပါစေဆိုတဲ့ဆုတောင်းဟာ ပစ္စက္ခကာလမှာ လာပြည့်ကြတာလေ၊ ပြည့်တော့ဖြင့် ပြည့်ပါရဲ့"
"ဖြစ်ရလေအဘွားရယ်.."
"ဆုတောင်းပြည့်ခဲ့ပေမယ့် ပြည့်တဲ့ဆုတောင်းဟာ ကိုယ့်အတွက် အကျိုးယုတ်တာမျိုးဖြစ်တတ်တာကို မယ်ရူပါတို့အဖြစ်ကို ကြည့်ရင် သိနိုင်တာပေါ့ကွယ်"
"နောက်တော့ ဘာဖြစ်သွားလဲ အဘွား"
"ပါရမီရင့်သန်သူများဖြစ်လို့ သုံးဦးလုံး ရဟန္တာများဖြစ်သွားကြတယ်ကွဲ့"
"သူတို့ဆုတောင်းမှားခဲ့ကြတာပေါ့နော်"
"ဒါပေါ့ကွယ်၊ ငှက်ဖြစ်ရင်လည်း တကိုင်းတည်း နားပါရစေ၊ ဆင်ဖြစ်ရင်လည်း တကျွန်းတည်း စံပါရစေဆိုတာ ကြားလို့တော့ ကောင်းပါရဲ့၊ တကယ်ပဲ ငှက်အတူတူဖြစ်ရင်လည်း ကောင်းပါရဲ့၊ ဆင်အတူတူ ဖြစ်ရင်လည်း ကောင်းပါရဲ့၊ တယောက်က ငှက်ဖြစ်ပြီး တစ်ယောက်က ဆင်ဖြစ်နေရင်ကောကွယ်၊ ဘယ်လိုမျိုး ပေါင်းဖက်ကြမှာလဲ၊ နှစ်ယောက်လုံး လူပြန်ဖြစ်ပါပြီတဲ့၊ လူ့ဘဝပြန်ရောက်ချိန် ချင်းမတူလို့ အသက်အရွယ် ကွာခြားနေရင် မခက်ပါလား၊ အဘွားဟောခဲ့တဲ့ နိပါတ်တော်ထဲကလို တယောက်နဲ့တယောက် ဆွေရင်း မျိုးရင်း ဖြစ်နေကြရင်ကော၊ အင်း.. အဲဒါတွေကို ကြိုမြင်လို့ သားတို့ အရင်ဘဝကတည်းက ဘဝဆက်တိုင်းပေါင်းရပါစေလို့ ဆုတောင်း ကြတာကို အဘွားက တားမြစ်ခဲ့ချင်တာ"
"အဘွားရယ်.."
"ငယ်ရွယ်နုနယ်သူတွေစိတ်မှာ အနှောက်အယှက်ဖြစ်သွားမှာမို့ အဘွား မတားမြစ်ခဲ့မိဘူး၊ ခုတော့ မင်းတို့တွေ ဆုတောင်းပြည့်ခဲ့ကြပြီလေ၊ နှစ်ယောက်လုံး သက်တူရွယ်တူအဖြစ်နဲ့ ပြန်ဆုံကြပြီလေ၊ ဒါပေမယ့် နှစ်ယောက်လုံး ယောက်ျားလေးတွေဖြစ်နေကြတယ်"
တာရာက မျက်ရည်ကိုသုတ်ရင်း တချက် ရှိုက်လိုက်သည်။
"အေးလေ.. မင်းတို့လေးတွေက ပညာတတ်ကလေးတွေပဲ၊ ချင့်ချိန်နိုင်မှာပါ၊ ခုလိုပြန်ဆုံပြီဆိုမှတော့ ညီရင်းအကိုလို ချစ်ကြ ခင်ကြပေါ့ကွယ်၊ မိဘဘိုးဘွားနဲ့ ပတ်ဝန်းကျင်အတွက် အမြင်မတည့်ဖြစ်အောင်တော့ မလုပ်တန်ဘူးလို့ အဘွားယုံပါတယ်"
+++++
(၁၅)
ဧရာဝတီမြစ်ထဲက ရေတွေက တသိမ့်သိမ့်ညင်သာစွာ စီးဆင်းနေသည်။ ကောင်းကင်မှာတော့ တိမ်ပြာတအုပ်က အနောက်မှ အရှေ့သို့ ရွေ့လျားနေသည်။ လှေနာဝါအချို့သာ မြစ်ပြင်မြင်ကွင်းထဲတွင် မြင်ရပြီး မြစ်ကြောင်းတလျှောက် အမြင်ရှင်းနေပါသည်။
ဟိုဝေးဝေးဆီမှပျံသန်းလာသော ဇင်ယော်တအုပ်က ရှုခင်းကို အသက်ဝင်အောင် ဖန်တီးလိုက်သကဲ့သို့ ရှိလေသည်။
အရင်ကအတိုင်းပါပဲ။
ဟိုစဉ်တုန်းကလည်း ဒီလိုမြင်ကွင်းမျိုးများသာ။ မြစ်ဧရာထဲမှာ စီးနေတဲ့ရေတွေကတော့ ဟိုအရင်က ရေတွေ မဟုတ်တော့ဘူး ပေါ့လေ။
မြစ်ထဲမှာ တူညီတဲ့ရေဟာ နှစ်ခါမစီးဘူးတဲ့။
စိုးနဲ့တာရာတို့ အရင်ဘဝက မြစ်ထဲမှာ စီးဆင်းခဲ့တဲ့ရေတွေ ဘယ်ရောက်သွားကြလေမလဲ။ စိုးနဲ့တာရာကတော့ ခန္ဓာအသစ်နဲ့ အရင်ရောက်ခဲ့တဲ့နေရာဟောင်းကို ပြန်ရောက်ခဲ့ရပြန်ပြီလေ။
"ဟိုဘဝတုန်းက ဘွားသုခက ငါတို့ ဘဝဆက်တိုင်းပေါင်းရပါစေ ဆုတောင်းတယ်လို့ ပြောတဲ့အခါတိုင်း မျက်နာပျက်ပျက်နေ တတ်တာ မင်း မှတ်မိလားဟင်"
"မမှတ်မိဘူး စိုး၊ တကယ်တော့ ဘဝဟောင်းကို မင်းလောက် ငါက မမှတ်မိခဲ့ပါဘူး၊ ငါ့ကို အမေက တချိန်လုံး ဘဝဟောင်း အကြောင်း ပြောပြနေလို့သာ ဒါတွေကို ငါသိနေရတာ၊ မင်းကတော့ ဘေးက လမ်းကြောင်းပေးမယ့်လူမရှိပဲနဲ့ အကုန်လုံးကို မှတ်မိနေ တယ်နော်"
"ဟုတ်တယ်၊ အကုန်မှတ်မိတယ်၊ မင်း ယောက်ျားလေးဖြစ်နေပေမယ့် မင်းကိုမြင်မြင်ချင်း မင်းဟာ ငါ့အတွက် တခုခု ထူးခြားတယ်ဆိုတာ သိနေတယ်လေ"
"ငါလည်း မင်းကို မှတ်မိပါတယ်၊ ဒါပေမယ့် ငါမှတ်မိတာက အမေက ဘဝဟောင်းက စိုးရဓာတ်ပုံကိုပြပြီး ပြောထားလို့ မှတ်မိတာ၊ တခါတခါ ငါတွေးမိတယ်၊ ငါဟာ တာရာဆိုတဲ့မိန်းကလေးဝင်စားတာ တကယ်မှ ဟုတ်ရဲ့လား၊ အမေက သူ့အစ်မတာရာ ဝင်စားပါတယ်ဆိုပြီး အတင်း လမ်းကြောင်းပေးလို့ ထင်ယောင်ထင်မှားဖြစ်နေတာလားလို့ပေါ့"
"ဟင်.."
"အဖေကတော့ အဲဒီအတိုင်း တိတိကျကျ စွပ်စွဲခဲ့တယ် စိုး"
"အခု ငါ့ကိုတွေ့ရတော့ရော၊ မင်းစိတ်ထဲမှာ ဘယ်လိုခံစားရလဲ"
"ခံစားရပါတယ်၊ မင်းကို ငါ့ချစ်သူလို့ ခံစားမိတယ်"
စိုးရာဇာက ပြုံးလိုက်သည်။
"ငါကတော့ တာရာ့ကို တချိန်ချိန်မှာ ပြန်တွေ့ရလိမ့်မယ်လို့ ယုံကြည်နေခဲ့တယ် တာရာ"
"အဲဒါတော့ သိပ်မိုက်ရူးရဲမဆန်လွန်းဘူးလား စိုးရာ"
"စိတ်က ဖြစ်နေတာတော့ မတတ်နိုင်ဘူးလေ၊ ဟုတ်တယ်၊ ငါ့အစွဲအလမ်းက မိုက်ရူးရဲဆန်တယ်နော်၊ မင်းနဲ့ ခုလိုသာ မတွေ့ရရင် ငါ ရူးသွားနိုင်တယ်ကွ"
"မင်းတစ်သက်မှာ မိန်းကလေးတွေနဲ့ ရည်းစားမထားခဲ့ဖူးဘူးလား စိုး"
"ထားခဲ့ဖူးတာပေါ့၊ အများကြီးထားဖူးတာပေါ့၊ ၂၆နှစ်ဆိုတဲ့ အသက်အရွယ်က ငယ်တော့တာမှ မဟုတ်ပဲ၊ စတိတ်မှာရော၊ တက္ကသိုလ်တုန်းကရော၊ ယူကေမှာ ကျောင်းသွားတက်တုန်းကရော ရည်းစားတွေ အများကြီးထားဖူးတာပေါ့"
"တာရာနဲ့ ပြန်တွေ့ရမယ်လို့ ယုံကြည်ထားရက်နဲ့ ဘာလို့ ရည်းစားတွေထားသေးလဲ"
စိုးရာဇာက တာရာ့ကို ပြုံးစေ့စေ့ဖြင့် စိုက်ကြည့်နေသည်။
"ဘာလဲ- မင်းက ငါရည်းစားထားတာကို သဝန်တိုမလို့လား"
"အို- သွားစမ်းပါ၊ ဘာမှမဆိုင်တာ"
"သဝန်တိုလိုက်ပါကွာ၊ သဝန်တိုလိုက်စမ်းပါ၊ ချစ်သူဆိုတာ သဝန်တိုရတယ်ကွ၊ ဒါမှ ချစ်သူပီသတာ၊ ငါထားခဲ့တဲ့ရည်းစား တွေကို ဘယ်သူ့မှ ငါ မစွဲလမ်းခဲ့ပါဘူးကွာ၊ ယောက်ျားလေးတယောက်အတွက် ပေးလာတဲ့အခွင့်အရေးအတိုင်း တွဲခဲ့တာမျိုးလောက်ပါ၊ ဒါနဲ့ နေပါဦး၊ ငါ့ကိုချည်း မေးနေတယ်၊ မင်းမှာရော ရည်းစားရှိလား၊ ဘယ်နှယောက်ရှိဖူးလဲ၊ ခုလက်ရှိရော ရှိသေးလား"
"ဟင့်အင်း- မင်းငါ့ကို အထင်သေးချင်သေး၊ ငါ ခုအရွယ်အထိ ဘယ်သူ့ကိုမှ မချစ်ဖူးဘူး၊ မချစ်ဘဲနဲ့လည်း မတွဲချင်ဘူး"
"တကယ်.."
"တကယ်ပါ၊ ဖေဖေက ငါ့ကို မိန်းမပေးစားချင်တယ်၊ သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ သမီးနဲ့တောင် ပေးစားဖို့ ပြောဆိုပြီးပြီ၊ ငါဘယ်လို မှ လက်မခံနိုင်လို့ အဲဒီမိန်းကလေးနဲ့သွားတွေ့ပြီး ဖြေရှင်းလိုက်တယ်"
"ဘယ်လို"
"ဝါဝါနဲ့သွားတွေ့ပြီး သူနဲ့အိမ်ထောင်ပြုဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောလိုက်တယ်လေ၊ သူကလည်း ဝမ်းသာသွားပါတယ်၊ သူ့မှာ ချစ်သူရှိတယ်တဲ့၊ ငါ့အခက်အခဲကို သူကပဲ ဖြေရှင်းပေးမယ်လို့ ကတိပေးတယ်"
"ဟင်…"
"သူ့ချစ်သူနောက်ကို သူ့ဘာသာ ခိုးရာလိုက်လိမ့်မယ်လေ၊ ဒါဆို ငါတို့ပြသနာ ရှင်းပြီးသားဖြစ်ရော မဟုတ်လား"
"တယ်ဟုတ်ပါလားကွ၊ ငါ မင်းကို မေးမယ်နော်၊ မင်း စိတ်မဆိုးရဘူး၊ မင်း.. မင်းက ဂေးတယောက်လားဟင်"
"ဘာ-"
"ဆောရီးကွာ"
"မင်းမေးတာ စိတ်မဆိုးပါဘူး စိုးရယ်၊ ငါ့ကိုယ်ငါတော့ ဂေးမဟုတ်ဘူးလို့ ထင်တာပဲ၊ ငါသာ ဂေးဆိုရင် တခြားယောက်ျားလေးတွေနဲ့ တွဲကောင်းတွဲမိမှာပေါ့၊ မိန်းကလေးတွေကို စိတ်မဝင်စားသလို ဘယ်ယောက်ျားလေးကိုမှလည်း စိတ်မဝင်စားခဲ့ဖူးပါဘူး၊ ငါ့စိတ်ထဲ မှာ ငါ တကယ်ချစ်ရမယ့်လူ တနေ့နေ့မှာ ပေါ်လာမယ်လို့ ထင်နေခဲ့တယ်လေ"
"အဲဒါ ငါလား…"
တာရာက ပြန်မဖြေပဲ မျက်လွှာချသွားသည်။
"ဖြေပါဦးတာရာ၊ မင်းချစ်ရမယ့်လူက ငါလားဆိုတာ.."
"ဟုတ်ချင်လည်း ဟုတ်မှာပေါ့ စိုးရယ်"
"ဟုတ်ကိုဟုတ်ရမယ်ကွာ၊ ငါတို့နှစ်ယောက်က အရင်ဘဝကတည်းက ချစ်သူတွေပဲ၊ ခုလည်း ချစ်ကြရမှာပေါ့"
စိုးရာဇာက ငုံ့နေသောတာရာ့ခေါင်းကို ဆွဲမော့ပြီး ပြောလိုက်သည်။
"ဒါပေမယ့်… ငါတို့နှစ်ယောက်စလုံးက ယောက်ျားလေးတွေလေ"
"အဲဒါဘာဖြစ်လဲ၊ ဘွားသုခပြောသလို ဆုတောင်းမှားတယ်ပဲထား၊ တို့ ပြန်ဆုံနေရပြီလေ၊ ဘွားသုခပြောတဲ့ဇာတ်တော်ထဲကလို ငါတို့ဆုံရပုံက မဆိုးသေးပါဘူး တာရာ"
"နှစ်ယောက်စလုံး ယောက်ျားလေးဖြစ်နေတာ မဆိုးဘူးလို့ ပြောလို့ရမလား စိုးရယ်"
"ရတာပေါ့ကွာ၊ ယောက်ျားနဲ့မိန်းမမှ ချစ်ရမယ်၊ ယောက်ျားလေးချင်းဆိုရင် မချစ်ရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ"
"ဒါပေမယ့် ငါတို့ စွန့်စားရလိမ့်မယ်နော်၊ မင်း စွန့်စားရဲလို့လား"
"ဘာကိုစွန့်စားစရာလိုသေးလို့လဲ တာရာ၊ ငါက မင်းကိုချစ်သလို မင်းက ငါ့ကိုချစ်ရင် ပြီးတာပဲလေ၊ ဘာတွေ အတွေးခေါင်နေ တာလဲ"
တာရာက သက်ပြင်းချလိုက်သည်။
"ငါပြောရမှာတော့ ရှက်ပါတယ်၊ ဒါပေမယ့် ပြောရတော့မှာပဲ၊ အချစ်ဆိုတာမှာ တယောက်နဲ့တယောက် အတူပေါင်းသင်း နေထိုင်ဖို့ မပါဘူးလား စိုး"
"အတူနေချင်တယ်ဆိုလည်း နေလိုက်ရုံပေါ့ကွာ"
"ပေါ့ပေါ့လေး မပြောပါနဲ့ စိုးရာ၊ ဒါ အလေးအနက်တွေးရမယ့် ကိစ္စပါ"
စိုးရာဇာက တာရာ့ကို စိုက်ကြည့်နေသည်။
မချင့်မရဲဖြင့် တာရာ့ပခုံးကို ဖက်ကာ သူ့ဖက်ဆွဲယူလိုက်သည်။ နောက်မှ ဘွားသုခကိုသတိရကာ ဘွားသုခမြင်ရင် မတော်ပါဘူးလေ တွေးမိပြီး လွှတ်ပေးလိုက်သည်။
"ဟုတ်တယ်တာရာ၊ တို့နှစ်ယောက်ကြားမှာ အလေးအနက် စဉ်းစားစရာကိစ္စတွေ ပါလာနိုင်ပါတယ်၊ စွန့်စားရမှာ ရင်ဆိုင်ရ မှာတွေလည်း ကြုံလာနိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်လေ၊ တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်ရင် ပြီးတာပဲ"
"စိုးရယ်…"
"ငါကတော့ ခုအချိန်ကစပြီး ဘာမဆိုရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ စိတ်ချတာရာ၊ ငါ မင်းကို သစ္စာမဖောက်ပဲ ချစ်နေမယ်"
"ငါ့ဖက်ကလည်း ဒီလိုပါပဲ စိုးရယ်"
"ဒါဆို ဘာလိုသေးလဲအချစ်ရယ်ပေါ့ကွာ၊ ကိုင်း- ဒါဆို အရင်ကအတိုင်း လွမ်းစေတီလေးမှာ ဆုတောင်းကြစို့ကွာ"
"တော်ပါပြီစိုးရယ်၊ အရင်ဘဝကဆုတောင်းမျိုးတော့ မတောင်းပါရစေနဲ့တော့"
"အရင်ဘဝကလို ဆုမတောင်းပါဘူး၊ အသစ်ပြောင်းပြီး ဆုတောင်းကြတာပေါ့"
"ဘယ်လိုလဲ"
"စိုးရနဲ့တာရာ ပြန်ဆုံရတဲ့အခုဘဝမှာ သေတပန်သက်တဆုံး မခွဲမခွာချစ်နေရပါစေလို့ ဒီတဘဝစာပဲ ဆုတောင်းကြမယ်လေ၊ မကောင်းဘူးလား"
"ဟုတ်တယ်၊ လက်ရှိ တဘဝစာပဲ ဆုတောင်းတာ ကောင်းပါတယ်"
စိုးရာဇာက မတ်တပ်ရပ်၍ တာရာ့ကို လက်လှမ်းလိုက်သည်။ တာရာက လက်ကမ်းအပေးတွင် စိုးရာဇာက ဆွဲထူလိုက်သည်။
နှစ်ယောက်သား လွမ်းစေတီလေးရှိရာကို လျှောက်လာခဲ့ကြသည်။
အရင်ဘဝက သူတို့ရဲ့ဆုတောင်းကို ဖြည့်ပေးခဲ့တဲ့ လွမ်းစေတီလေး။ ခုဘဝမှာတော့ လောဘတကြီး ဆုတွေ မတောင်းတော့ပါ။
လက်ရှိဘဝတသက်မှာ ချစ်သူနဲ့လက်တွဲခွင့်ရရင် ကြေနပ်ပါပြီ ဘုရား။
စေတီမှဆည်းလည်းသံလေးများက ပတ်ဝန်းကျင်အနှံ့ ပျံ့လွင့် နေလေသည်။
+++++++++
မှီငြမ်းကိုးကား။ ။ သုခ ၏ အကျော်ဒေးယျဗုဒ္ဓသမီးတော်များစာအုပ်
Part 9 မျှော်ပါ...
(Zawgyi)
#ေဆာင္းလုလင္
#အာဒမ္ႏွစ္ေယာက္
#လိင္တူအခ်စ္သ႐ုပ္ေဖာ္ဇာတ္လမ္း
#BL_Story
Part 8
(၁၄)
ဘြားသုခမွာ တရားရွင္ျဖစ္၍ နိပါတ္ေတာ္ကို ဣေျႏၵမပ်က္ ေျပာၾကားေနေသာ္လည္း နားေထာင္သူႏွစ္ဦးမွာ မ်က္ႏွာပ်က္ ေနၾကေပၿပီ။
ႏွလုံးသားႏုနယ္ေသာ တာရာမွာ မ်က္ရည္မ်ားပင္ စီးက်လို့ ေနသည္။
"ဘုရားရွင္ထံကို ေရာက္ေတာ့ ဘုရားရွင္က ဒါဟာ ေရွးက ဆုေတာင္းမွားခဲ့လို့ျဖစ္ေၾကာင္း မိန႔္ၾကားတယ္၊ ျဖစ္ေလရာဘဝမွာ ဆုံဆည္းရပါေစဆိုတဲ့ဆုေတာင္းဟာ ပစၥကၡကာလမွာ လာျပည့္ၾကတာေလ၊ ျပည့္ေတာ့ျဖင့္ ျပည့္ပါရဲ့"
"ျဖစ္ရေလအဘြားရယ္.."
"ဆုေတာင္းျပည့္ခဲ့ေပမယ့္ ျပည့္တဲ့ဆုေတာင္းဟာ ကိုယ့္အတြက္ အက်ိဳးယုတ္တာမ်ိဳးျဖစ္တတ္တာကို မယ္႐ူပါတို့အျဖစ္ကို ၾကည့္ရင္ သိနိုင္တာေပါ့ကြယ္"
"ေနာက္ေတာ့ ဘာျဖစ္သြားလဲ အဘြား"
"ပါရမီရင့္သန္သူမ်ားျဖစ္လို့ သုံးဦးလုံး ရဟႏၲာမ်ားျဖစ္သြားၾကတယ္ကြဲ႕"
"သူတို့ဆုေတာင္းမွားခဲ့ၾကတာေပါ့ေနာ္"
"ဒါေပါ့ကြယ္၊ ငွက္ျဖစ္ရင္လည္း တကိုင္းတည္း နားပါရေစ၊ ဆင္ျဖစ္ရင္လည္း တကၽြန္းတည္း စံပါရေစဆိုတာ ၾကားလို့ေတာ့ ေကာင္းပါရဲ့၊ တကယ္ပဲ ငွက္အတူတူျဖစ္ရင္လည္း ေကာင္းပါရဲ့၊ ဆင္အတူတူ ျဖစ္ရင္လည္း ေကာင္းပါရဲ့၊ တေယာက္က ငွက္ျဖစ္ၿပီး တစ္ေယာက္က ဆင္ျဖစ္ေနရင္ေကာကြယ္၊ ဘယ္လိုမ်ိဳး ေပါင္းဖက္ၾကမွာလဲ၊ ႏွစ္ေယာက္လုံး လူျပန္ျဖစ္ပါၿပီတဲ့၊ လူ႔ဘ၀ျပန္ေရာက္ခ်ိန္ ခ်င္းမတူလို့ အသက္အရြယ္ ကြာျခားေနရင္ မခက္ပါလား၊ အဘြားေဟာခဲ့တဲ့ နိပါတ္ေတာ္ထဲကလို တေယာက္နဲ႔တေယာက္ ေဆြရင္း မ်ိဳးရင္း ျဖစ္ေနၾကရင္ေကာ၊ အင္း.. အဲဒါေတြကို ႀကိဳျမင္လို့ သားတို့ အရင္ဘဝကတည္းက ဘဝဆက္တိုင္းေပါင္းရပါေစလို့ ဆုေတာင္း ၾကတာကို အဘြားက တားျမစ္ခဲ့ခ်င္တာ"
"အဘြားရယ္.."
"ငယ္ရြယ္ႏုနယ္သူေတြစိတ္မွာ အေႏွာက္အယွက္ျဖစ္သြားမွာမို့ အဘြား မတားျမစ္ခဲ့မိဘူး၊ ခုေတာ့ မင္းတို့ေတြ ဆုေတာင္းျပည့္ခဲ့ၾကၿပီေလ၊ ႏွစ္ေယာက္လုံး သက္တူရြယ္တူအျဖစ္နဲ႔ ျပန္ဆုံၾကၿပီေလ၊ ဒါေပမယ့္ ႏွစ္ေယာက္လုံး ေယာက္်ားေလးေတြျဖစ္ေနၾကတယ္"
တာရာက မ်က္ရည္ကိုသုတ္ရင္း တခ်က္ ရွိုက္လိုက္သည္။
"ေအးေလ.. မင္းတို့ေလးေတြက ပညာတတ္ကေလးေတြပဲ၊ ခ်င့္ခ်ိန္နိုင္မွာပါ၊ ခုလိုျပန္ဆုံၿပီဆိုမွေတာ့ ညီရင္းအကိုလို ခ်စ္ၾက ခင္ၾကေပါ့ကြယ္၊ မိဘဘိုးဘြားနဲ႔ ပတ္ဝန္းက်င္အတြက္ အျမင္မတည့္ျဖစ္ေအာင္ေတာ့ မလုပ္တန္ဘူးလို့ အဘြားယုံပါတယ္"
+++++
(၁၅)
ဧရာဝတီျမစ္ထဲက ေရေတြက တသိမ့္သိမ့္ညင္သာစြာ စီးဆင္းေနသည္။ ေကာင္းကင္မွာေတာ့ တိမ္ျပာတအုပ္က အေနာက္မွ အေရွ႕သို့ ေရြ႕လ်ားေနသည္။ ေလွနာဝါအခ်ိဳ့သာ ျမစ္ျပင္ျမင္ကြင္းထဲတြင္ ျမင္ရၿပီး ျမစ္ေၾကာင္းတေလၽွာက္ အျမင္ရွင္းေနပါသည္။
ဟိုေဝးေဝးဆီမွပ်ံသန္းလာေသာ ဇင္ေယာ္တအုပ္က ရွုခင္းကို အသက္ဝင္ေအာင္ ဖန္တီးလိုက္သကဲ့သို့ ရွိေလသည္။
အရင္ကအတိုင္းပါပဲ။
ဟိုစဥ္တုန္းကလည္း ဒီလိုျမင္ကြင္းမ်ိဳးမ်ားသာ။ ျမစ္ဧရာထဲမွာ စီးေနတဲ့ေရေတြကေတာ့ ဟိုအရင္က ေရေတြ မဟုတ္ေတာ့ဘူး ေပါ့ေလ။
ျမစ္ထဲမွာ တူညီတဲ့ေရဟာ ႏွစ္ခါမစီးဘူးတဲ့။
စိုးနဲ႔တာရာတို့ အရင္ဘဝက ျမစ္ထဲမွာ စီးဆင္းခဲ့တဲ့ေရေတြ ဘယ္ေရာက္သြားၾကေလမလဲ။ စိုးနဲ႔တာရာကေတာ့ ခႏၶာအသစ္နဲ႔ အရင္ေရာက္ခဲ့တဲ့ေနရာေဟာင္းကို ျပန္ေရာက္ခဲ့ရျပန္ၿပီေလ။
"ဟိုဘဝတုန္းက ဘြားသုခက ငါတို့ ဘဝဆက္တိုင္းေပါင္းရပါေစ ဆုေတာင္းတယ္လို့ ေျပာတဲ့အခါတိုင္း မ်က္နာပ်က္ပ်က္ေန တတ္တာ မင္း မွတ္မိလားဟင္"
"မမွတ္မိဘူး စိုး၊ တကယ္ေတာ့ ဘ၀ေဟာင္းကို မင္းေလာက္ ငါက မမွတ္မိခဲ့ပါဘူး၊ ငါ့ကို အေမက တခ်ိန္လုံး ဘ၀ေဟာင္း အေၾကာင္း ေျပာျပေနလို့သာ ဒါေတြကို ငါသိေနရတာ၊ မင္းကေတာ့ ေဘးက လမ္းေၾကာင္းေပးမယ့္လူမရွိပဲနဲ႔ အကုန္လုံးကို မွတ္မိေန တယ္ေနာ္"
"ဟုတ္တယ္၊ အကုန္မွတ္မိတယ္၊ မင္း ေယာက္်ားေလးျဖစ္ေနေပမယ့္ မင္းကိုျမင္ျမင္ခ်င္း မင္းဟာ ငါ့အတြက္ တခုခု ထူးျခားတယ္ဆိုတာ သိေနတယ္ေလ"
"ငါလည္း မင္းကို မွတ္မိပါတယ္၊ ဒါေပမယ့္ ငါမွတ္မိတာက အေမက ဘ၀ေဟာင္းက စိုးရဓာတ္ပုံကိုျပၿပီး ေျပာထားလို့ မွတ္မိတာ၊ တခါတခါ ငါေတြးမိတယ္၊ ငါဟာ တာရာဆိုတဲ့မိန္းကေလးဝင္စားတာ တကယ္မွ ဟုတ္ရဲ့လား၊ အေမက သူ႔အစ္မတာရာ ဝင္စားပါတယ္ဆိုၿပီး အတင္း လမ္းေၾကာင္းေပးလို့ ထင္ေယာင္ထင္မွားျဖစ္ေနတာလားလို့ေပါ့"
"ဟင္.."
"အေဖကေတာ့ အဲဒီအတိုင္း တိတိက်က် စြပ္စြဲခဲ့တယ္ စိုး"
"အခု ငါ့ကိုေတြ႕ရေတာ့ေရာ၊ မင္းစိတ္ထဲမွာ ဘယ္လိုခံစားရလဲ"
"ခံစားရပါတယ္၊ မင္းကို ငါ့ခ်စ္သူလို့ ခံစားမိတယ္"
စိုးရာဇာက ျပဳံးလိုက္သည္။
"ငါကေတာ့ တာရာ့ကို တခ်ိန္ခ်ိန္မွာ ျပန္ေတြ႕ရလိမ့္မယ္လို့ ယုံၾကည္ေနခဲ့တယ္ တာရာ"
"အဲဒါေတာ့ သိပ္မိုက္႐ူးရဲမဆန္လြန္းဘူးလား စိုးရာ"
"စိတ္က ျဖစ္ေနတာေတာ့ မတတ္နိုင္ဘူးေလ၊ ဟုတ္တယ္၊ ငါ့အစြဲအလမ္းက မိုက္႐ူးရဲဆန္တယ္ေနာ္၊ မင္းနဲ႔ ခုလိုသာ မေတြ႕ရရင္ ငါ ႐ူးသြားနိုင္တယ္ကြ"
"မင္းတစ္သက္မွာ မိန္းကေလးေတြနဲ႔ ရည္းစားမထားခဲ့ဖူးဘူးလား စိုး"
"ထားခဲ့ဖူးတာေပါ့၊ အမ်ားႀကီးထားဖူးတာေပါ့၊ ၂၆ႏွစ္ဆိုတဲ့ အသက္အရြယ္က ငယ္ေတာ့တာမွ မဟုတ္ပဲ၊ စတိတ္မွာေရာ၊ တကၠသိုလ္တုန္းကေရာ၊ ယူေကမွာ ေက်ာင္းသြားတက္တုန္းကေရာ ရည္းစားေတြ အမ်ားႀကီးထားဖူးတာေပါ့"
"တာရာနဲ႔ ျပန္ေတြ႕ရမယ္လို့ ယုံၾကည္ထားရက္နဲ႔ ဘာလို့ ရည္းစားေတြထားေသးလဲ"
စိုးရာဇာက တာရာ့ကို ျပဳံးေစ့ေစ့ျဖင့္ စိုက္ၾကည့္ေနသည္။
"ဘာလဲ- မင္းက ငါရည္းစားထားတာကို သဝန္တိုမလို့လား"
"အို- သြားစမ္းပါ၊ ဘာမွမဆိုင္တာ"
"သဝန္တိုလိုက္ပါကြာ၊ သဝန္တိုလိုက္စမ္းပါ၊ ခ်စ္သူဆိုတာ သဝန္တိုရတယ္ကြ၊ ဒါမွ ခ်စ္သူပီသတာ၊ ငါထားခဲ့တဲ့ရည္းစား ေတြကို ဘယ္သူ႔မွ ငါ မစြဲလမ္းခဲ့ပါဘူးကြာ၊ ေယာက္်ားေလးတေယာက္အတြက္ ေပးလာတဲ့အခြင့္အေရးအတိုင္း တြဲခဲ့တာမ်ိဳးေလာက္ပါ၊ ဒါနဲ႔ ေနပါဦး၊ ငါ့ကိုခ်ည္း ေမးေနတယ္၊ မင္းမွာေရာ ရည္းစားရွိလား၊ ဘယ္ႏွေယာက္ရွိဖူးလဲ၊ ခုလက္ရွိေရာ ရွိေသးလား"
"ဟင့္အင္း- မင္းငါ့ကို အထင္ေသးခ်င္ေသး၊ ငါ ခုအရြယ္အထိ ဘယ္သူ႔ကိုမွ မခ်စ္ဖူးဘူး၊ မခ်စ္ဘဲနဲ႔လည္း မတြဲခ်င္ဘူး"
"တကယ္.."
"တကယ္ပါ၊ ေဖေဖက ငါ့ကို မိန္းမေပးစားခ်င္တယ္၊ သူ႔လုပ္ေဖာ္ကိုင္ဖက္ရဲ့ သမီးနဲ႔ေတာင္ ေပးစားဖို့ ေျပာဆိုၿပီးၿပီ၊ ငါဘယ္လို မွ လက္မခံနိုင္လို့ အဲဒီမိန္းကေလးနဲ႔သြားေတြ႕ၿပီး ေျဖရွင္းလိုက္တယ္"
"ဘယ္လို"
"ဝါဝါနဲ႔သြားေတြ႕ၿပီး သူနဲ႔အိမ္ေထာင္ျပဳဖို့ မျဖစ္နိုင္ဘူးဆိုတာ ေျပာလိုက္တယ္ေလ၊ သူကလည္း ဝမ္းသာသြားပါတယ္၊ သူ႔မွာ ခ်စ္သူရွိတယ္တဲ့၊ ငါ့အခက္အခဲကို သူကပဲ ေျဖရွင္းေပးမယ္လို့ ကတိေပးတယ္"
"ဟင္…"
"သူ႔ခ်စ္သူေနာက္ကို သူ႔ဘာသာ ခိုးရာလိုက္လိမ့္မယ္ေလ၊ ဒါဆို ငါတို့ျပသနာ ရွင္းၿပီးသားျဖစ္ေရာ မဟုတ္လား"
"တယ္ဟုတ္ပါလားကြ၊ ငါ မင္းကို ေမးမယ္ေနာ္၊ မင္း စိတ္မဆိုးရဘူး၊ မင္း.. မင္းက ေဂးတေယာက္လားဟင္"
"ဘာ-"
"ေဆာရီးကြာ"
"မင္းေမးတာ စိတ္မဆိုးပါဘူး စိုးရယ္၊ ငါ့ကိုယ္ငါေတာ့ ေဂးမဟုတ္ဘူးလို့ ထင္တာပဲ၊ ငါသာ ေဂးဆိုရင္ တျခားေယာက္်ားေလးေတြနဲ႔ တြဲေကာင္းတြဲမိမွာေပါ့၊ မိန္းကေလးေတြကို စိတ္မဝင္စားသလို ဘယ္ေယာက္်ားေလးကိုမွလည္း စိတ္မဝင္စားခဲ့ဖူးပါဘူး၊ ငါ့စိတ္ထဲ မွာ ငါ တကယ္ခ်စ္ရမယ့္လူ တေန႔ေန႔မွာ ေပၚလာမယ္လို့ ထင္ေနခဲ့တယ္ေလ"
"အဲဒါ ငါလား…"
တာရာက ျပန္မေျဖပဲ မ်က္လႊာခ်သြားသည္။
"ေျဖပါဦးတာရာ၊ မင္းခ်စ္ရမယ့္လူက ငါလားဆိုတာ.."
"ဟုတ္ခ်င္လည္း ဟုတ္မွာေပါ့ စိုးရယ္"
"ဟုတ္ကိုဟုတ္ရမယ္ကြာ၊ ငါတို့ႏွစ္ေယာက္က အရင္ဘဝကတည္းက ခ်စ္သူေတြပဲ၊ ခုလည္း ခ်စ္ၾကရမွာေပါ့"
စိုးရာဇာက ငုံ႔ေနေသာတာရာ့ေခါင္းကို ဆြဲေမာ့ၿပီး ေျပာလိုက္သည္။
"ဒါေပမယ့္… ငါတို့ႏွစ္ေယာက္စလုံးက ေယာက္်ားေလးေတြေလ"
"အဲဒါဘာျဖစ္လဲ၊ ဘြားသုခေျပာသလို ဆုေတာင္းမွားတယ္ပဲထား၊ တို့ ျပန္ဆုံေနရၿပီေလ၊ ဘြားသုခေျပာတဲ့ဇာတ္ေတာ္ထဲကလို ငါတို့ဆုံရပုံက မဆိုးေသးပါဘူး တာရာ"
"ႏွစ္ေယာက္စလုံး ေယာက္်ားေလးျဖစ္ေနတာ မဆိုးဘူးလို့ ေျပာလို့ရမလား စိုးရယ္"
"ရတာေပါ့ကြာ၊ ေယာက္်ားနဲ႔မိန္းမမွ ခ်စ္ရမယ္၊ ေယာက္်ားေလးခ်င္းဆိုရင္ မခ်စ္ရဘူးလို့ ဘယ္သူက သတ္မွတ္ထားလို့လဲ"
"ဒါေပမယ့္ ငါတို့ စြန႔္စားရလိမ့္မယ္ေနာ္၊ မင္း စြန႔္စားရဲလို့လား"
"ဘာကိုစြန႔္စားစရာလိုေသးလို့လဲ တာရာ၊ ငါက မင္းကိုခ်စ္သလို မင္းက ငါ့ကိုခ်စ္ရင္ ၿပီးတာပဲေလ၊ ဘာေတြ အေတြးေခါင္ေန တာလဲ"
တာရာက သက္ျပင္းခ်လိုက္သည္။
"ငါေျပာရမွာေတာ့ ရွက္ပါတယ္၊ ဒါေပမယ့္ ေျပာရေတာ့မွာပဲ၊ အခ်စ္ဆိုတာမွာ တေယာက္နဲ႔တေယာက္ အတူေပါင္းသင္း ေနထိုင္ဖို့ မပါဘူးလား စိုး"
"အတူေနခ်င္တယ္ဆိုလည္း ေနလိုက္႐ုံေပါ့ကြာ"
"ေပါ့ေပါ့ေလး မေျပာပါနဲ႔ စိုးရာ၊ ဒါ အေလးအနက္ေတြးရမယ့္ ကိစၥပါ"
စိုးရာဇာက တာရာ့ကို စိုက္ၾကည့္ေနသည္။
မခ်င့္မရဲျဖင့္ တာရာ့ပခုံးကို ဖက္ကာ သူ႔ဖက္ဆြဲယူလိုက္သည္။ ေနာက္မွ ဘြားသုခကိုသတိရကာ ဘြားသုချမင္ရင္ မေတာ္ပါဘူးေလ ေတြးမိၿပီး လႊတ္ေပးလိုက္သည္။
"ဟုတ္တယ္တာရာ၊ တို့ႏွစ္ေယာက္ၾကားမွာ အေလးအနက္ စဥ္းစားစရာကိစၥေတြ ပါလာနိုင္ပါတယ္၊ စြန႔္စားရမွာ ရင္ဆိုင္ရ မွာေတြလည္း ၾကဳံလာနိုင္ပါတယ္၊ ဘာပဲျဖစ္ျဖစ္ေလ၊ တို့ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ နားလည္ရင္ ၿပီးတာပဲ"
"စိုးရယ္…"
"ငါကေတာ့ ခုအခ်ိန္ကစၿပီး ဘာမဆိုရင္ဆိုင္ဖို့ ဆုံးျဖတ္လိုက္ၿပီ၊ စိတ္ခ်တာရာ၊ ငါ မင္းကို သစၥာမေဖာက္ပဲ ခ်စ္ေနမယ္"
"ငါ့ဖက္ကလည္း ဒီလိုပါပဲ စိုးရယ္"
"ဒါဆို ဘာလိုေသးလဲအခ်စ္ရယ္ေပါ့ကြာ၊ ကိုင္း- ဒါဆို အရင္ကအတိုင္း လြမ္းေစတီေလးမွာ ဆုေတာင္းၾကစို့ကြာ"
"ေတာ္ပါၿပီစိုးရယ္၊ အရင္ဘဝကဆုေတာင္းမ်ိဳးေတာ့ မေတာင္းပါရေစနဲ႔ေတာ့"
"အရင္ဘဝကလို ဆုမေတာင္းပါဘူး၊ အသစ္ေျပာင္းၿပီး ဆုေတာင္းၾကတာေပါ့"
"ဘယ္လိုလဲ"
"စိုးရနဲ႔တာရာ ျပန္ဆုံရတဲ့အခုဘဝမွာ ေသတပန္သက္တဆုံး မခြဲမခြာခ်စ္ေနရပါေစလို့ ဒီတဘဝစာပဲ ဆုေတာင္းၾကမယ္ေလ၊ မေကာင္းဘူးလား"
"ဟုတ္တယ္၊ လက္ရွိ တဘဝစာပဲ ဆုေတာင္းတာ ေကာင္းပါတယ္"
စိုးရာဇာက မတ္တပ္ရပ္၍ တာရာ့ကို လက္လွမ္းလိုက္သည္။ တာရာက လက္ကမ္းအေပးတြင္ စိုးရာဇာက ဆြဲထူလိုက္သည္။
ႏွစ္ေယာက္သား လြမ္းေစတီေလးရွိရာကို ေလၽွာက္လာခဲ့ၾကသည္။
အရင္ဘဝက သူတို့ရဲ့ဆုေတာင္းကို ျဖည့္ေပးခဲ့တဲ့ လြမ္းေစတီေလး။ ခုဘဝမွာေတာ့ ေလာဘတႀကီး ဆုေတြ မေတာင္းေတာ့ပါ။
လက္ရွိဘဝတသက္မွာ ခ်စ္သူနဲ႔လက္တြဲခြင့္ရရင္ ေၾကနပ္ပါၿပီ ဘုရား။
ေစတီမွဆည္းလည္းသံေလးမ်ားက ပတ္ဝန္းက်င္အႏွံ့ ပ်ံ႕လြင့္ ေနေလသည္။
+++++++++
မွီျငမ္းကိုးကား။ ။ သုခ ၏ အေက်ာ္ေဒးယ်ဗုဒၶသမီးေတာ္မ်ားစာအုပ္
Part 9 ေမၽွာ္ပါ...
No comments:
Post a Comment