Friday, March 19, 2021

Two Adam (Part 12)

 #ဆောင်းလုလင်

#အာဒမ်နှစ်ယောက်

#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း

#BL_Story




တတိယပိုင်း


(၁)


"ဖေဖေ"

သားလေးပြည့်စုံစကားပြောတတ်နေပြီ။ 


ကိုတာရာ မန္တလေးကို ပြန်ရောက်ရောက်ချင်း လေဆိပ်မှာလာကြိုနေတဲ့သားလေးက ကိုတာရာ့ကို နှုတ်ဆက်လိုက်ခြင်းဖြစ် သည်။


မန္တလေးသည် ကိုတာရာ့ကို ယခင်အတိုင်း နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ရှိသည်။


ဘန်ကောက်ရောက်နေသည့် ၂နှစ်တာအတွင်း ပိတ်ထားခဲ့သည့် တာရာ မင်္ဂလာဝတ်စုံနှင့်ဒီဇိုင်းဆိုင်ကို ပြန်လည်ဖွင့်လှစ်ရသည်။ ဝန်ထမ်းတွေ ပြန်လည်စုစည်းရသည်။


ကိုတာရာသည် မြန်မာပြည်ပြန်ရောက်ပြီး ၆လလောက်အတွင်းမှာ ဆိုင်ကိစ္စနှင့် အားလပ်ရသည်မရှိပါ။ ဆိုင်ကို လူပြန်သိ အောင် ပရိုမုတ်လုပ်ရသည်။ နည်းမျိုးစုံနှင့်ကြေညာရသည်။


ဘန်ကောက်က ရလာတဲ့ Certificate က ကိုတာရာ့ကို များစွာ အထောက်အကူပြုခဲ့ပါသည်။


+++++


မန္တလေးပြန်အရောက်မှာ အစစအဆင်ပြေသည်ဟု ဆိုနိုင်ပါသည်။


သားလေးပြည့်စုံလည်း အဘိုးအဘွားရင်ခွင်မှာ ပျော်ရွှင်ပြီး သာမန်ကလေးများနည်းတူ တက်ကြွလန်းဆန်းနေခဲ့ပြီ။


ဖေဖေလည်း ကိုတာရာ့ကို ယခင်ကလို ရန်မလိုတော့ပါ။ ကိုတာရာ ဘန်ကောက်မှာ အိမ်ထောင်ကျပြီး ကလေးတယောက်ရလာတယ်ဆိုတဲ့ အသိက ဖေဖေ့စိတ်ကို ကျေနပ်သွားစေခဲ့သည်။ ဦးကျော်စွာမင်းက သူ့သားတာရာကို ပုံမှန်ဘဝမှန် ယောက်ျားလေးတယောက် ဖြစ်သွားပြီဟု ထင်မှတ်ယုံကြည်လျှက် ရှိသည်။ ရံဖန်ရံခါ မန္တလေးရောက်လာပြီး အိမ်အထိ ဝင်ထွက်လည်ပတ်နေသော စိုးရာဇာကိုလည်း ကြည်ဖြူလျှက်ရှိပါပြီ။ ဒေါ်မာလာလည်း ခင်ပွန်းနဲ့သား ကြားမှာ ဖြန်ဖြေနှစ်သိမ့်တဲ့အလုပ်တွေ မလုပ်ရတော့လို့ စိတ်ချမ်းသာနေ ရှာသည်။ 

ဦးကျော်စွာမင်းက သူ့ဆောက်လုပ်ရေးလုပ်ငန်းများကို မလုပ်တော့ပါ။ အိမ်မှာ အနားယူနေပါပြီ။ အနားယူချိန်မှာ မြေးလေးရှိနေတော့ ပျော်နေရှာသည်။ အဘိုးနဲ့အဘွားက မြေးလေးပြည့်စုံကို သည်းသည်းလှုပ်နေတော့ ကိုတာရာ လုပ်စရာရှိတဲ့အလုပ်တွေကို စိတ်ချလက်ချလုပ်နိုင်သည်။ 


"ဖေဖေ.. ဒီမှာကြည့်စမ်း ဆင်မိုမို"


"ဆင်မိုမို ဟုတ်လား။ ဒီဆင်လေးရဲ့နာမည်က မိုမိုလို့ သားကို ဘယ်သူပြောလဲ"


"ဘွားဘွားပြောတာ။ သူက ဆင်မိုမိုတဲ့။ သားသားတို့ ဒီနေ့ ဇူးကိုသွားတယ်"


"ဟာ- ဟုတ်လား၊ သား ဘယ်သူနဲ့သွားတာလဲ"


"ဘိုးဘိုးနဲ့ဘွားဘွားနဲ့ သားသားနဲ့ တူတူသွားတာ။ ဇူးမှာ ဆင်မိုမိုကြီးရှိတယ်"


"နောက်ပြီးတော့ရော… ဘာကောင်တွေ တွေ့ခဲ့သေးလဲ သား"


"မျောက်"


"ပြီးတော့ရော.."


"ဝက်ဝံ၊ ကြံ့၊ ပြီးတော့… သမင်"


သားသားက တိရိစ္ဆာန်ရုံမှာ တွေ့ခဲ့တဲ့အကောင်တွေကို သူမှတ်မိသလောက် ပြောပြနေသည်။


"ဒီနေ့ အမေ့မြေးကို တိရိစ္ဆာန်ရုံ လိုက်ပို့လိုက်တယ်လေ။ သူက ဆင်ကို တော်တော်စွဲလမ်းတာပဲကွဲ့"


"ထိုင်းမှာမွေးတာမို့ ထင်ပါရဲ့ မေမေရယ်"


"မသိပါဘူးကွယ်။ အဲဒါနဲ့ အပြန်မှာ အရုပ်ဆိုင်ဝင်ပြီး ဆင်ရုပ်ဝယ်ပေးခဲ့ရတယ်"


+++++


(၂)

သားသားက ဆင်ကို တော်တော်အစွဲအလမ်းကြီးသည်။ ဆင်ရုပ်ကလေးနဲ့ပဲ ဆော့နေတတ်သည်။ သူ့ဆင်ရုပ်ကလေးကိုလည်း "ဆင်မိုမို"လို့ ခေါ်နေတတ်သည်။


သားသားက ဆင်မှန်သမျှကို မိုမိုဆိုတဲ့နာမည်ရှိတယ်လို့ ထင်နေခြင်းပဲဖြစ်ပါသည်။


တနေ့တော့… သားပြည့်စုံ ဆင်ရုပ်အသစ်ကလေးနဲ့ ကစားနေတာ တွေ့ရသည်။


"ဟော- သား ဆင်ရုပ်ကလေးက အသစ်ပါလား။ ဆင်မိုမို ဘယ်ရောက်သွားလဲသား"


"သူကလည်း ဆင်မိုမိုပဲ။ သူက ဆင်မိုမိုအသစ်"


"ေဩာ.. ေဩာ.. သားက ဆင်မိုမိုအသစ်ရတာနဲ့ အဟောင်းကို မဆော့တော့ဘူးလားကွ။ ဆင်မိုမိုလေး သနားပါတယ်။ အရင် ဆင်မိုမိုလေးရော"


"ရှိပါတယ်ဖေဖေ။ ဒီ ဆင်မိုမိုအသစ်က မေမေဝယ်ပေးတာ"


"ဘွားဘွားဝယ်ပေးတယ်လို့ ပြောပါသားရယ်"


"မဟုတ်ဘူး။ မေမေဝယ်ပေးတာ"


"ဟုတ်တယ်သား။ မြေးလေးပြောတာ မှန်တယ်။ အဲဒီဆင်ရုပ်ကလေးက သူ့အမေ ဝယ်ပေးတာ"


ဒေါ်မာလာဝင်ပြောလိုက်သည့်စကားကြောင့် ကိုတာရာ အံ့အားသင့်သွားရပါသည်။


"ဘာပြောတယ် မေမေ"


"မြေးလေးပြည့်စုံရဲ့အမေလေ။ စင်သီယာပေါ့။ စင်သီယာဝယ်ပေးတဲ့ ဆင်ရုပ်လေးလေ"


"ဗျာ-"


ကိုတာရာ့ခေါင်းကို မိုးကြိုးပစ်ချလိုက်လေသည်။


+++++


(၃)

"သားက စင်သီယာ့ကို ယိုးဒယားမ,လို့ ဘာလို့ မေမေတို့ကို ညာထားရတာလဲ"


"ဘာ- ဘာဖြစ်လို့လဲ။ အခု ဘာဖြစ်လို့လဲ မေမေ"


"စင်သီယာရောက်နေတယ်သား။ စင်သီယာ အခု မန္တလေးမှာရှိတယ်"


"ဗျာ-"


"ဟုတ်တယ်သား။ သားတို့ကြားမှာ ဘယ်လိုအဆင်မပြေတာတွေရှိခဲ့လဲ ဖေဖေတို့မသိဘူး။ သိလည်း မသိချင်ဘူး။ မင်းက ဖေဖေတို့ကို စင်သီယာဟာ ထိုင်းလူမျိုးဆိုတော့ ဖေဖေတို့ ယုံခဲ့တယ်။ အခု စင်သီယာရောက်လာမှ အကြောင်းစုံသိရတာ"


ဦးကျော်စွာမင်းပါ ဝင်ပါလာခဲ့သည်။


"သားပြောတဲ့စကားတွေကို ဖေဖေတို့ ယုံခဲ့ပါတယ်။ စင်သီယာဆိုတာ ဆိုရှယ်ကျကျမိန်းကလေးတယောက်လို့ မင်း ပုံဖော် ပြောတဲ့အတိုင်း ဖေဖေတို့ ယုံခဲ့တယ်"


"သားရယ်… စင်သီယာ့ကို မေမေတို့တွေ့ရတော့ သားပြောတာနဲ့ တခြားစီပါ သားရယ်။ လူကြီးမိဘကို သိပ်သိတတ်တဲ့ မိန်းကလေးပါ။ လိမ္မာတဲ့မိန်းကလေးတယောက်ပါလား သားရဲ့"


"သူ မှားခဲ့သမျှတွေအတွက် မင်းကို တောင်းပန်မယ်တဲ့။ အေး- ဖေဖေတို့ကတော့ နေရာတကာ ကြားမဝင်ချင်ဘူး။ လင်နဲ့မယား ဖြစ်လာပြီဆို အဆင်မပြေတာတွေ ရှိတတ်တာ ဓမ္မတာပဲ။ ဖေဖေတို့ နားလည်တယ်။ အိမ်ထောင်တခု ထူထောင်ပြီးပြီ။ ကလေးတယောက်လည်း ရနေပြီ။ ကိုယ့်ဆန္ဒကို ရှေ့တန်းမတင်ပါနဲ့သား။ ကလေးမျက်နှာကြည့်ပါ။ ငါ့မြေးကို မိစုံဖစုံရှိရက်နဲ့ မိတကွဲ ဖတကွဲ မမြင်ချင်ဘူး။ စင်သီယာနဲ့ပြန်ပေါင်းဖို့ ကြိုးစားပါ။ ဖေဖေ ဒါပဲပြောချင်တယ်"


+++++


စင်သီယာ လည်လှချည်လား။ ဖေဖေနဲ့မေမေ ကြည်ဖြူအောင် သူ ဘယ်လိုလုပ်လိုက်တာလဲ။ ဒီအိမ်ကို သူ ဘယ်ပုံစံနဲ့ ရအောင် ဝင်လိုက်တာလဲ။ သူခင်းထားတဲ့ဇာတ်လမ်းထဲမှာ အံဝင်ဂွင်ကျဖြစ်အောင် ဘယ်လိုဝင် က,လိုက်တာလဲ။


အဖြေက နောက်တနေ့မနက် သူအလုပ်မသွားခင် စင်သီယာ အိမ်ကိုရောက်အလာမှာ ပေါ်လာသည်။


"ကိုကို အလုပ်သွားတော့မလို့လား"


စင်သီယာက ဦးကျော်စွာမင်းနဲ့ဒေါ်မာလာ့ရှေ့မှာ ပိုင်စိုးပိုင်နင်း နှုတ်ဆက်လိုက်သည်။


သားလေးပြည့်စုံက "မေမေ"ဟုအော်ကာ စင်သီယာ့ရင်ခွင်ထဲ ပြေးဝင်သည်။ စင်သီယာက သားကို တချက်ငုံံ့နမ်းလိုက်သည်။


"စင်သီယာ မန္တလေးရောက်နေတာ တပတ်ရှိပြီကိုကို။ ကိုကိုစိတ်ဆိုးနေတာသိလို့ ဖေဖေမေမေတို့ဆီ အရင်ဝင်ပြီး မိတ်ဆက် လိုက်ရတာပါကိုကို။ စင်သီယာ ကိုကို့ကို တောင်းပန်ပါတယ်။ ကိုကိုမကြိုက်ဘူးဆိုလို့ ယူအက်စ်က အပြီးပြန်လာလိုက်ပြီ ကိုကို။ စင်သီယာ မန္တလေးမှာပဲ သားသားနဲ့အတူ နေတော့မယ်"


ရေပက်မဝင်အောင်ပြောနေတဲ့ စင်သီယာ့စကားတွေကို အဖေနဲ့အမေရှေ့မှာ ကိုတာရာ မတုံ့ပြန်နိုင်ခဲ့ပါ။ 


"စင်သီယာ့ကို ခွင့်လွှတ်ပါနော် ကိုကို။ ကိုကိုကြိုက်သလို စင်သီယာနေပါတော့မယ်။ တကယ်တော့ စင်သီယာ သားသားကို မခွဲနိုင်ပါဘူး ကိုကိုရယ်"


"ကဲ-ကဲ- သားလည်း စိတ်ကိုလျှော့။ စင်သီယာကလည်း တောင်းပန်နေပြီပဲ။ ပြန်ပေါင်းဖို့ စီစဉ်ပါ ငါ့သား"


+++++


(၄)

"မင်း လည်လှချည်လား စင်သီယာ။ ငါ့မိဘတွေကို မင်း ဘယ်လိုဝင်လုံးလိုက်တာလဲ"


"ဒီလိုပါပဲ ကိုကို"


"ဘာကိုကိုလဲ။ တော်စမ်းပါ"


"ကိုကိုလို့ပဲ ခေါ်ပါရစေ ကိုကိုရယ်၊ ကိုကို့ဆီအရင်လာရင် စင်သီယာ့ကို လက်မခံဘူးဆိုတာ သိလို့ မေမေတို့ဆီ အရင်သွား လိုက်တာလေ။ ဖေဖေနဲ့မေမေ့စကားအသွားအလာကို ကြည့်လိုက်တော့ ကိုကို ဘယ်လိုလှိမ့်ထားတယ်ဆိုတာ စင်သီယာ သိလိုက်တာ ပေါ့။ ဒါနဲ့ စင်သီယာလည်း ချော်လဲရောထိုင်လုပ်ပြီး ကိုကိုလုပ်ကြံထားတဲ့ဇာတ်အတိုင်း ယူအက်စ်က ပြန်လာပါပြီလို့ လုပ်လိုက်ရတာပေါ့"


"မင်း မိန်းမလည်ပဲ"


"စင်သီယာပြောခဲ့ဖူးတယ်လေ။ သားကိုချစ်တဲ့ဇောကြောင့်ဖြစ်လာတဲ့ စွမ်းအင်တွေပါလို့"


"တော်စမ်းပါကွာ"


"ကိုကို။ စင်သီယာ ဘန်ကောက်က အပြီးပြန်လာခဲ့ပါပြီ။ စင်သီယာ့မှာ စုမိသမျှတွေအားလုံး ယူလာခဲ့ပါတယ် ကိုကို။ စင်သီယာ့ကို သားရဲ့အမေနေရာမှာ လက်ခံပေးပါကိုကိုရယ်"


"မဖြစ်နိုင်တာကွာ"


"ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကိုကိုက သားရဲ့အဖေ။ သားကိုမွေးပေးတဲ့သူက စင်သီယာ။ သားကို အလည်ဗဟိုမှာထားပြီး ကိုကို နဲ့စင်သီယာပေါင်းသင်းဖို့ ဘာလို့မဖြစ်နိုင်ရမှာလဲ ကိုကို"


"ငါက ဂေးတယောက်ပါ စင်သီယာ"


"ဟင့်အင်း.. ကိုကို ဂေးမဟုတ်ပါဘူး။ ကိုကို့စိတ်က ကိုကို့ကို လှည့်စားနေတာပါ။ ကိုစိုးရာဇာနဲ့ ကိုကိုတို့ အတိတ်ဘဝကြောင့် သံယောဇဉ်ဖြစ်တဲ့အကြောင်းကို မေမေ့ဆီကနေ စင်သီယာသိပြီးပါပြီ"


"အေးလေ.. ဟုတ်တယ်။ အဲဒီအတိုင်းပဲ။ ငါ မင်းကိုမချစ်ဘူး။ မင်းနဲ့ဘယ်လိုပေါင်းလို့ဖြစ်နိုင်မှာလဲ"


"ကိုကို စင်သီယာ့ကိုချစ်လာအောင် စင်သီယာကြိုးစားပါ့မယ်။ စင်သီယာ့ကိုသာ ကိုကိုနဲ့ပေါင်းခွင့်ပေးပါ ကိုကို"


"မင်း မရှက်ဘူးလား စင်သီယာ။ မင်း တော်တော်ရှက်ကြောပြတ်တာပဲ"


"မိခင်တယောက်က သူ့သားနဲ့အတူနေရဖို့ကြိုးစားနေတာ ရှက်စရာလားကိုကို"


"သားကိုချစ်တာလား လင်တရူးနေတာလား။ ကိုယ့်ကိုယ်ကိုလည်း ပြန်ဆန်းစစ်ပါဦး စင်သီယာ"


"ကိုကိုပြောချင်သလိုပြောပါ။ စင်သီယာလက်လျှော့မှာ မဟုတ်ဘူး။ ကိုကို စင်သီယာ့ကို ဒါလောက် ခါးခါးသီးသီးဖြစ်နေရင် စင်သီယာ စိန်ခေါ်လိုက်တော့မယ် ကိုကို"


"ဘာ-"


"ဟုတ်တယ်။ စင်သီယာ့ကို သားအမေအဖြစ် အသိအမှတ်မပြုရင် စင်သီယာ သားကိုတရားရုံးကနေ တောင်းရလိမ့်မယ် ကိုကို"


"မင်းနဲ့ငါ စာချုပ်ချုပ်ထားပြီးသား။ မင်းကို ကလေးမွေးပေးရုံပဲ ငှားတာ"


"ဒါတွေက ဘန်ကောက်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေပါ။ ဗမာပြည်မှာ ဒီစာချုပ်တရားမဝင်ပါဘူး။ ဒီမယ်ကိုကို။ သားကို ဘယ်လိုနည်းနဲ့ မွေးဖွားခဲ့ပါတယ်။ ကိုကိုနဲ့ကိုစိုးရာဇာ ဘယ်လိုတွေစီစဉ်ခဲ့ပါတယ်ဆိုတာ ဖေဖေနဲ့မေမေ အသိခံဝံ့သလား ကိုကို"


"မင်း ပါးစပ်ပိတ်ထား။ မင်း နိုင်ရာကို မကိုင်နဲ့"


"တိုက်ပွဲတခုဖြစ်လာရင်တော့ ကိုယ်အနိုင်ရမယ့်အကွက်ကို ထုတ်သုံးရတော့မှာပဲ ကိုကို။ ဒီမယ် ကိုကို။ စင်သီယာက သားလေးပြည့်စုံရဲ့အမေအရင်းပါ။ ဘယ်အချိန်မဆို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အစစ်ဆေးခံဝံ့တယ်။ ကိုကိုက သားရဲ့အဖေ အစစ် ဟုတ်ရဲ့လား။ ကိုကို အစစ်ခံဝံ့သလား"


"ဘာကွ-"


"သားရဲ့အဖေက ကိုကိုတို့နှစ်ယောက်ထဲက တယောက်ပါပဲ ကိုကို။ ကိုစိုးရာဇာဖြစ်ချင်ဖြစ်မယ်။ ကိုကိုဖြစ်ချင်ဖြစ်မယ်။ ကဲ- ကိုကို။ တရားရုံးရောက်တဲ့အခါ သားရဲ့အဖေအစစ်ဟုတ်မဟုတ် ကိုကို DNA အစစ်ခံရဲလား"


"ဘာ-"


"တကယ်လို့ သားအဖေဟာ ကိုကိုမဟုတ်ခဲ့ရင် ကိုကို သားကို စွန့်လွှတ်ရဲသလား"


"တော်တော့။ တော်တော့။ စင်သီယာ တော်တော့။ မင်းထွက်သွားပါတော့။ မင်းကို ငါ တခုခုလုပ်မိလိမ့်မယ်။ မင်း ထွက်သွား စင်သီယာ"


"သွားပါမယ်ကိုကို။ ကျားနာဆိုတာ နိုင်ရာကိုခဲတတ်တယ်နော် ကိုကို။ စင်သီယာထုတ်သုံးမယ့်တိုက်ကွက်က အဲဒါဆိုတာ ကိုကို သိထားပါ"

+++++


(၅)

"သူက.. သူက.. အဲဒီလိုလုပ်မယ်တဲ့ စိုးရယ်… ငါဘယ်လိုလုပ်ရမလဲ။ ငါဘယ်လိုလုပ်ရမလဲ စိုး"


"ဘယ်တုန်းကပြောသွားတာလဲ"


"ဒီနေ့ သူနဲ့စာရင်းအပြတ်ရှင်းမယ်ဆိုပြီး ဆိုင်ကိုခေါ်လိုက်တာ။ ဆိုင်မှာပြောသွားတာ"


"သူက အခု ဘယ်မှာနေနေလဲ"


"အဆောင်မှာနေတယ်လို့ ပြောတာပဲ။ ငါလည်းစိတ်မဝင်စားလို့ သေချာမေးမကြည့်ပါဘူး"


"အင်း.. ငါတို့ သူ့ကိုရွေးခဲ့မိတာ မှားတာပဲ"


"ဟုတ်တယ်.. ငါတို့ကိုက ကြမ္မာငင်တာပါ။ သူ ဗမာဆိုတာ စကတည်းကသိခဲ့ရင် သူ့ကို ရွေးဖြစ်မှာမဟုတ်ဘူး"


"သားသားကရော ဘယ်လိုတုံ့ပြန်သလဲ တာရာ"


"သားက သူ့ကို အရမ်းတွယ်တာနေတယ်ကွာ"


ပြောရင်း ကိုတာရာ့အသံတွေ တုန်ခိုက်သွားသည်။


"တာရာ မင်းတခုခု စားရင်း ပြောနေတာလား။ အသံတွေက ဗလုံးဗထွေးနဲ့၊ နောက်က အသံတွေလည်း ကြားနေရတယ်"


"ငါ ဘီယာဆိုင်မှာပါ။ အရက်ပြင်းတွေ မှာသောက်နေတာ။ စိတ်ညစ်လို့"


"ဟာ.. တာရာ။ မင်း အရက်လည်း မသောက်တတ်ပဲနဲ့ကွာ။ ဟ- ကိုးနာရီတောင်ကျော်နေပြီ။ မင်းတော်တော့ တာရာ"


"အင်း…"


"ရန်ကုန်မှာတော့ မိုးတွေရွာနေတယ် တာရာ"


"ဒီမှာလည်း ရွာနေတာပဲ"


"ပြန်လိုက်တော့ကွာ။ ငါလိုက်လာခဲ့မယ်။ ငါ သဘက်ခါလောက် အရောက်လာခဲ့မယ်။ စင်သီယာနဲ့စကားပြောကြည့်မယ်၊ မင်း ဘီယာဆိုင်မှာ ဆက်မထိုင်နဲ့တော့။ ပြန်တော့နော် တာရာ"


"အေးပါကွာ.. ငါ့ဘေးမှာ မင်းရှိနေစေချင်လိုက်တာ အချစ်ရယ်.."


"ငါ လာခဲ့ပါမယ်။ ချစ်တယ်.. သိပ်ချစ်တယ်.. ပြန်တော့နော် တာရာ။ ငါ မင်းကို စိတ်မချဘူးကွာ"


+++++


ကိုတာရာ ဘီယာဆိုင်ကထွက်လာတော့ ညဆယ်နာရီထိုးနေပါပြီ။


အပြင်မှာ မိုးတွေ သည်းသည်းမည်းမည်းရွာနေသည်။

ကိုတာရာ့မျက်လုံးထဲမှာ အရောင်တွေ ရှုပ်ထွေးနေသည်။ အသံတွေလည်း လုံးထွေးနေသည်။


ဟာ- ရှေ့မှာ..


မီးပွိုင့်နီနေတာတွေ့၍ ဘရိတ်ကို ဆောင့်နင်းလိုက်သည်။ 

မီးစိမ်းလို့ ပြန်ထွက်လာတော့ တဖက်က ဘေးတိုက်ကွေ့ဝင်လာတဲ့ဆိုင်ကယ်တစီးကို ရိပ်ကနဲမြင်လိုက်ရသည်။


ကိုတာရာ ညာဘက်ကို ကမန်းကတန်းကပ်လိုက်သည်။

သက်တံ့ရောင်တွေ မျက်လုံးထဲမှာ စူးနစ်သွားသည်။ ပြီးတော့.. မှောင်သွားသည်။


(Zawgyi)




တတိယပိုင္း


(၁)

"ေဖေဖ"

သားေလးျပည့္စုံစကားေျပာတတ္ေနၿပီ။ 

ကိုတာရာ မႏၲေလးကို ျပန္ေရာက္ေရာက္ခ်င္း ေလဆိပ္မွာလာႀကိဳေနတဲ့သားေလးက ကိုတာရာ့ကို ႏွုတ္ဆက္လိုက္ျခင္းျဖစ္ သည္။

မႏၲေလးသည္ ကိုတာရာ့ကို ယခင္အတိုင္း ေႏြးေထြးပ်ဴငွာစြာ ႀကိဳဆိုလၽွက္ရွိသည္။

ဘန္ေကာက္ေရာက္ေနသည့္ ၂ႏွစ္တာအတြင္း ပိတ္ထားခဲ့သည့္ တာရာ မဂၤလာဝတ္စုံႏွင့္ဒီဇိုင္းဆိုင္ကို ျပန္လည္ဖြင့္လွစ္ရသည္။ ဝန္ထမ္းေတြ ျပန္လည္စုစည္းရသည္။

ကိုတာရာသည္ ျမန္မာျပည္ျပန္ေရာက္ၿပီး ၆လေလာက္အတြင္းမွာ ဆိုင္ကိစၥႏွင့္ အားလပ္ရသည္မရွိပါ။ ဆိုင္ကို လူျပန္သိ ေအာင္ ပရိုမုတ္လုပ္ရသည္။ နည္းမ်ိဳးစုံႏွင့္ေၾကညာရသည္။

ဘန္ေကာက္က ရလာတဲ့ Certificate က ကိုတာရာ့ကို မ်ားစြာ အေထာက္အကူျပဳခဲ့ပါသည္။

+++++


မႏၲေလးျပန္အေရာက္မွာ အစစအဆင္ေျပသည္ဟု ဆိုနိုင္ပါသည္။

သားေလးျပည့္စုံလည္း အဘိုးအဘြားရင္ခြင္မွာ ေပ်ာ္ရႊင္ၿပီး သာမန္ကေလးမ်ားနည္းတူ တက္ႂကြလန္းဆန္းေနခဲ့ၿပီ။

ေဖေဖလည္း ကိုတာရာ့ကို ယခင္ကလို ရန္မလိုေတာ့ပါ။ ကိုတာရာ ဘန္ေကာက္မွာ အိမ္ေထာင္က်ၿပီး ကေလးတေယာက္ရလာတယ္ဆိုတဲ့ အသိက ေဖေဖ့စိတ္ကို ေက်နပ္သြားေစခဲ့သည္။ ဦးေက်ာ္စြာမင္းက သူ႔သားတာရာကို ပုံမွန္ဘဝမွန္ ေယာက္်ားေလးတေယာက္ ျဖစ္သြားၿပီဟု ထင္မွတ္ယုံၾကည္လၽွက္ ရွိသည္။ ရံဖန္ရံခါ မႏၲေလးေရာက္လာၿပီး အိမ္အထိ ဝင္ထြက္လည္ပတ္ေနေသာ စိုးရာဇာကိုလည္း ၾကည္ျဖဴလၽွက္ရွိပါၿပီ။ ေဒၚမာလာလည္း ခင္ပြန္းနဲ႔သား ၾကားမွာ ျဖန္ေျဖႏွစ္သိမ့္တဲ့အလုပ္ေတြ မလုပ္ရေတာ့လို့ စိတ္ခ်မ္းသာေန ရွာသည္။ 

ဦးေက်ာ္စြာမင္းက သူ႔ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို မလုပ္ေတာ့ပါ။ အိမ္မွာ အနားယူေနပါၿပီ။ အနားယူခ်ိန္မွာ ေျမးေလးရွိေနေတာ့ ေပ်ာ္ေနရွာသည္။ အဘိုးနဲ႔အဘြားက ေျမးေလးျပည့္စုံကို သည္းသည္းလွုပ္ေနေတာ့ ကိုတာရာ လုပ္စရာရွိတဲ့အလုပ္ေတြကို စိတ္ခ်လက္ခ်လုပ္နိုင္သည္။ 


"ေဖေဖ.. ဒီမွာၾကည့္စမ္း ဆင္မိုမို"

"ဆင္မိုမို ဟုတ္လား။ ဒီဆင္ေလးရဲ့နာမည္က မိုမိုလို့ သားကို ဘယ္သူေျပာလဲ"

"ဘြားဘြားေျပာတာ။ သူက ဆင္မိုမိုတဲ့။ သားသားတို့ ဒီေန႔ ဇူးကိုသြားတယ္"

"ဟာ- ဟုတ္လား၊ သား ဘယ္သူနဲ႔သြားတာလဲ"

"ဘိုးဘိုးနဲ႔ဘြားဘြားနဲ႔ သားသားနဲ႔ တူတူသြားတာ။ ဇူးမွာ ဆင္မိုမိုႀကီးရွိတယ္"

"ေနာက္ၿပီးေတာ့ေရာ… ဘာေကာင္ေတြ ေတြ႕ခဲ့ေသးလဲ သား"

"ေမ်ာက္"

"ၿပီးေတာ့ေရာ.."

"ဝက္ဝံ၊ ႀကံ့၊ ၿပီးေတာ့… သမင္"

သားသားက တိရိစၧာန္႐ုံမွာ ေတြ႕ခဲ့တဲ့အေကာင္ေတြကို သူမွတ္မိသေလာက္ ေျပာျပေနသည္။

"ဒီေန႔ အေမ့ေျမးကို တိရိစၧာန္႐ုံ လိုက္ပို့လိုက္တယ္ေလ။ သူက ဆင္ကို ေတာ္ေတာ္စြဲလမ္းတာပဲကြဲ႕"

"ထိုင္းမွာေမြးတာမို့ ထင္ပါရဲ့ ေမေမရယ္"

"မသိပါဘူးကြယ္။ အဲဒါနဲ႔ အျပန္မွာ အ႐ုပ္ဆိုင္ဝင္ၿပီး ဆင္႐ုပ္ဝယ္ေပးခဲ့ရတယ္"

+++++


(၂)

သားသားက ဆင္ကို ေတာ္ေတာ္အစြဲအလမ္းႀကီးသည္။ ဆင္႐ုပ္ကေလးနဲ႔ပဲ ေဆာ့ေနတတ္သည္။ သူ႔ဆင္႐ုပ္ကေလးကိုလည္း "ဆင္မိုမို"လို့ ေခၚေနတတ္သည္။

သားသားက ဆင္မွန္သမၽွကို မိုမိုဆိုတဲ့နာမည္ရွိတယ္လို့ ထင္ေနျခင္းပဲျဖစ္ပါသည္။

တေန႔ေတာ့… သားျပည့္စုံ ဆင္႐ုပ္အသစ္ကေလးနဲ႔ ကစားေနတာ ေတြ႕ရသည္။

"ေဟာ- သား ဆင္႐ုပ္ကေလးက အသစ္ပါလား။ ဆင္မိုမို ဘယ္ေရာက္သြားလဲသား"

"သူကလည္း ဆင္မိုမိုပဲ။ သူက ဆင္မိုမိုအသစ္"

"ေဩာ.. ေဩာ.. သားက ဆင္မိုမိုအသစ္ရတာနဲ႔ အေဟာင္းကို မေဆာ့ေတာ့ဘူးလားကြ။ ဆင္မိုမိုေလး သနားပါတယ္။ အရင္ ဆင္မိုမိုေလးေရာ"

"ရွိပါတယ္ေဖေဖ။ ဒီ ဆင္မိုမိုအသစ္က ေမေမဝယ္ေပးတာ"

"ဘြားဘြားဝယ္ေပးတယ္လို့ ေျပာပါသားရယ္"

"မဟုတ္ဘူး။ ေမေမဝယ္ေပးတာ"

"ဟုတ္တယ္သား။ ေျမးေလးေျပာတာ မွန္တယ္။ အဲဒီဆင္႐ုပ္ကေလးက သူ႔အေမ ဝယ္ေပးတာ"

ေဒၚမာလာဝင္ေျပာလိုက္သည့္စကားေၾကာင့္ ကိုတာရာ အံ့အားသင့္သြားရပါသည္။

"ဘာေျပာတယ္ ေမေမ"

"ေျမးေလးျပည့္စုံရဲ့အေမေလ။ စင္သီယာေပါ့။ စင္သီယာဝယ္ေပးတဲ့ ဆင္႐ုပ္ေလးေလ"

"ဗ်ာ-"

ကိုတာရာ့ေခါင္းကို မိုးႀကိဳးပစ္ခ်လိုက္ေလသည္။

+++++


(၃)

"သားက စင္သီယာ့ကို ယိုးဒယားမ,လို့ ဘာလို့ ေမေမတို့ကို ညာထားရတာလဲ"

"ဘာ- ဘာျဖစ္လို့လဲ။ အခု ဘာျဖစ္လို့လဲ ေမေမ"

"စင္သီယာေရာက္ေနတယ္သား။ စင္သီယာ အခု မႏၲေလးမွာရွိတယ္"

"ဗ်ာ-"

"ဟုတ္တယ္သား။ သားတို့ၾကားမွာ ဘယ္လိုအဆင္မေျပတာေတြရွိခဲ့လဲ ေဖေဖတို့မသိဘူး။ သိလည္း မသိခ်င္ဘူး။ မင္းက ေဖေဖတို့ကို စင္သီယာဟာ ထိုင္းလူမ်ိဳးဆိုေတာ့ ေဖေဖတို့ ယုံခဲ့တယ္။ အခု စင္သီယာေရာက္လာမွ အေၾကာင္းစုံသိရတာ"

ဦးေက်ာ္စြာမင္းပါ ဝင္ပါလာခဲ့သည္။

"သားေျပာတဲ့စကားေတြကို ေဖေဖတို့ ယုံခဲ့ပါတယ္။ စင္သီယာဆိုတာ ဆိုရွယ္က်က်မိန္းကေလးတေယာက္လို့ မင္း ပုံေဖာ္ ေျပာတဲ့အတိုင္း ေဖေဖတို့ ယုံခဲ့တယ္"

"သားရယ္… စင္သီယာ့ကို ေမေမတို့ေတြ႕ရေတာ့ သားေျပာတာနဲ႔ တျခားစီပါ သားရယ္။ လူႀကီးမိဘကို သိပ္သိတတ္တဲ့ မိန္းကေလးပါ။ လိမၼာတဲ့မိန္းကေလးတေယာက္ပါလား သားရဲ့"

"သူ မွားခဲ့သမၽွေတြအတြက္ မင္းကို ေတာင္းပန္မယ္တဲ့။ ေအး- ေဖေဖတို့ကေတာ့ ေနရာတကာ ၾကားမဝင္ခ်င္ဘူး။ လင္နဲ႔မယား ျဖစ္လာၿပီဆို အဆင္မေျပတာေတြ ရွိတတ္တာ ဓမၼတာပဲ။ ေဖေဖတို့ နားလည္တယ္။ အိမ္ေထာင္တခု ထူေထာင္ၿပီးၿပီ။ ကေလးတေယာက္လည္း ရေနၿပီ။ ကိုယ့္ဆႏၵကို ေရွ႕တန္းမတင္ပါနဲ႔သား။ ကေလးမ်က္ႏွာၾကည့္ပါ။ ငါ့ေျမးကို မိစုံဖစုံရွိရက္နဲ႔ မိတကြဲ ဖတကြဲ မျမင္ခ်င္ဘူး။ စင္သီယာနဲ႔ျပန္ေပါင္းဖို့ ႀကိဳးစားပါ။ ေဖေဖ ဒါပဲေျပာခ်င္တယ္"

+++++


စင္သီယာ လည္လွခ်ည္လား။ ေဖေဖနဲ႔ေမေမ ၾကည္ျဖဴေအာင္ သူ ဘယ္လိုလုပ္လိုက္တာလဲ။ ဒီအိမ္ကို သူ ဘယ္ပုံစံနဲ႔ ရေအာင္ ဝင္လိုက္တာလဲ။ သူခင္းထားတဲ့ဇာတ္လမ္းထဲမွာ အံဝင္ဂြင္က်ျဖစ္ေအာင္ ဘယ္လိုဝင္ က,လိုက္တာလဲ။

အေျဖက ေနာက္တေန႔မနက္ သူအလုပ္မသြားခင္ စင္သီယာ အိမ္ကိုေရာက္အလာမွာ ေပၚလာသည္။

"ကိုကို အလုပ္သြားေတာ့မလို့လား"

စင္သီယာက ဦးေက်ာ္စြာမင္းနဲ႔ေဒၚမာလာ့ေရွ႕မွာ ပိုင္စိုးပိုင္နင္း ႏွုတ္ဆက္လိုက္သည္။

သားေလးျပည့္စုံက "ေမေမ"ဟုေအာ္ကာ စင္သီယာ့ရင္ခြင္ထဲ ေျပးဝင္သည္။ စင္သီယာက သားကို တခ်က္ငုံံ့နမ္းလိုက္သည္။

"စင္သီယာ မႏၲေလးေရာက္ေနတာ တပတ္ရွိၿပီကိုကို။ ကိုကိုစိတ္ဆိုးေနတာသိလို့ ေဖေဖေမေမတို့ဆီ အရင္ဝင္ၿပီး မိတ္ဆက္ လိုက္ရတာပါကိုကို။ စင္သီယာ ကိုကို့ကို ေတာင္းပန္ပါတယ္။ ကိုကိုမႀကိဳက္ဘူးဆိုလို့ ယူအက္စ္က အၿပီးျပန္လာလိုက္ၿပီ ကိုကို။ စင္သီယာ မႏၲေလးမွာပဲ သားသားနဲ႔အတူ ေနေတာ့မယ္"

ေရပက္မဝင္ေအာင္ေျပာေနတဲ့ စင္သီယာ့စကားေတြကို အေဖနဲ႔အေမေရွ႕မွာ ကိုတာရာ မတုံ႔ျပန္နိုင္ခဲ့ပါ။ 

"စင္သီယာ့ကို ခြင့္လႊတ္ပါေနာ္ ကိုကို။ ကိုကိုႀကိဳက္သလို စင္သီယာေနပါေတာ့မယ္။ တကယ္ေတာ့ စင္သီယာ သားသားကို မခြဲနိုင္ပါဘူး ကိုကိုရယ္"

"ကဲ-ကဲ- သားလည္း စိတ္ကိုေလၽွာ့။ စင္သီယာကလည္း ေတာင္းပန္ေနၿပီပဲ။ ျပန္ေပါင္းဖို့ စီစဥ္ပါ ငါ့သား"

+++++


(၄)

"မင္း လည္လွခ်ည္လား စင္သီယာ။ ငါ့မိဘေတြကို မင္း ဘယ္လိုဝင္လုံးလိုက္တာလဲ"

"ဒီလိုပါပဲ ကိုကို"

"ဘာကိုကိုလဲ။ ေတာ္စမ္းပါ"

"ကိုကိုလို့ပဲ ေခၚပါရေစ ကိုကိုရယ္၊ ကိုကို့ဆီအရင္လာရင္ စင္သီယာ့ကို လက္မခံဘူးဆိုတာ သိလို့ ေမေမတို့ဆီ အရင္သြား လိုက္တာေလ။ ေဖေဖနဲ႔ေမေမ့စကားအသြားအလာကို ၾကည့္လိုက္ေတာ့ ကိုကို ဘယ္လိုလွိမ့္ထားတယ္ဆိုတာ စင္သီယာ သိလိုက္တာ ေပါ့။ ဒါနဲ႔ စင္သီယာလည္း ေခ်ာ္လဲေရာထိုင္လုပ္ၿပီး ကိုကိုလုပ္ႀကံထားတဲ့ဇာတ္အတိုင္း ယူအက္စ္က ျပန္လာပါၿပီလို့ လုပ္လိုက္ရတာေပါ့"

"မင္း မိန္းမလည္ပဲ"

"စင္သီယာေျပာခဲ့ဖူးတယ္ေလ။ သားကိုခ်စ္တဲ့ေဇာေၾကာင့္ျဖစ္လာတဲ့ စြမ္းအင္ေတြပါလို့"

"ေတာ္စမ္းပါကြာ"

"ကိုကို။ စင္သီယာ ဘန္ေကာက္က အၿပီးျပန္လာခဲ့ပါၿပီ။ စင္သီယာ့မွာ စုမိသမၽွေတြအားလုံး ယူလာခဲ့ပါတယ္ ကိုကို။ စင္သီယာ့ကို သားရဲ့အေမေနရာမွာ လက္ခံေပးပါကိုကိုရယ္"

"မျဖစ္နိုင္တာကြာ"

"ဘာလို့မျဖစ္နိုင္ရမွာလဲ။ ကိုကိုက သားရဲ့အေဖ။ သားကိုေမြးေပးတဲ့သူက စင္သီယာ။ သားကို အလည္ဗဟိုမွာထားၿပီး ကိုကို နဲ႔စင္သီယာေပါင္းသင္းဖို့ ဘာလို့မျဖစ္နိုင္ရမွာလဲ ကိုကို"

"ငါက ေဂးတေယာက္ပါ စင္သီယာ"

"ဟင့္အင္း.. ကိုကို ေဂးမဟုတ္ပါဘူး။ ကိုကို့စိတ္က ကိုကို့ကို လွည့္စားေနတာပါ။ ကိုစိုးရာဇာနဲ႔ ကိုကိုတို့ အတိတ္ဘ၀ေၾကာင့္ သံေယာဇဥ္ျဖစ္တဲ့အေၾကာင္းကို ေမေမ့ဆီကေန စင္သီယာသိၿပီးပါၿပီ"

"ေအးေလ.. ဟုတ္တယ္။ အဲဒီအတိုင္းပဲ။ ငါ မင္းကိုမခ်စ္ဘူး။ မင္းနဲ႔ဘယ္လိုေပါင္းလို့ျဖစ္နိုင္မွာလဲ"

"ကိုကို စင္သီယာ့ကိုခ်စ္လာေအာင္ စင္သီယာႀကိဳးစားပါ့မယ္။ စင္သီယာ့ကိုသာ ကိုကိုနဲ႔ေပါင္းခြင့္ေပးပါ ကိုကို"

"မင္း မရွက္ဘူးလား စင္သီယာ။ မင္း ေတာ္ေတာ္ရွက္ေၾကာျပတ္တာပဲ"

"မိခင္တေယာက္က သူ႔သားနဲ႔အတူေနရဖို့ႀကိဳးစားေနတာ ရွက္စရာလားကိုကို"

"သားကိုခ်စ္တာလား လင္တ႐ူးေနတာလား။ ကိုယ့္ကိုယ္ကိုလည္း ျပန္ဆန္းစစ္ပါဦး စင္သီယာ"

"ကိုကိုေျပာခ်င္သလိုေျပာပါ။ စင္သီယာလက္ေလၽွာ့မွာ မဟုတ္ဘူး။ ကိုကို စင္သီယာ့ကို ဒါေလာက္ ခါးခါးသီးသီးျဖစ္ေနရင္ စင္သီယာ စိန္ေခၚလိုက္ေတာ့မယ္ ကိုကို"

"ဘာ-"

"ဟုတ္တယ္။ စင္သီယာ့ကို သားအေမအျဖစ္ အသိအမွတ္မျပဳရင္ စင္သီယာ သားကိုတရား႐ုံးကေန ေတာင္းရလိမ့္မယ္ ကိုကို"

"မင္းနဲ႔ငါ စာခ်ဳပ္ခ်ဳပ္ထားၿပီးသား။ မင္းကို ကေလးေမြးေပး႐ုံပဲ ငွားတာ"

"ဒါေတြက ဘန္ေကာက္မွာျဖစ္ခဲ့တဲ့ ကိစၥေတြပါ။ ဗမာျပည္မွာ ဒီစာခ်ဳပ္တရားမဝင္ပါဘူး။ ဒီမယ္ကိုကို။ သားကို ဘယ္လိုနည္းနဲ႔ ေမြးဖြားခဲ့ပါတယ္။ ကိုကိုနဲ႔ကိုစိုးရာဇာ ဘယ္လိုေတြစီစဥ္ခဲ့ပါတယ္ဆိုတာ ေဖေဖနဲ႔ေမေမ အသိခံဝံ့သလား ကိုကို"

"မင္း ပါးစပ္ပိတ္ထား။ မင္း နိုင္ရာကို မကိုင္နဲ႔"

"တိုက္ပြဲတခုျဖစ္လာရင္ေတာ့ ကိုယ္အနိုင္ရမယ့္အကြက္ကို ထုတ္သုံးရေတာ့မွာပဲ ကိုကို။ ဒီမယ္ ကိုကို။ စင္သီယာက သားေလးျပည့္စုံရဲ့အေမအရင္းပါ။ ဘယ္အခ်ိန္မဆို ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ အစစ္ေဆးခံဝံ့တယ္။ ကိုကိုက သားရဲ့အေဖ အစစ္ ဟုတ္ရဲ့လား။ ကိုကို အစစ္ခံဝံ့သလား"

"ဘာကြ-"

"သားရဲ့အေဖက ကိုကိုတို့ႏွစ္ေယာက္ထဲက တေယာက္ပါပဲ ကိုကို။ ကိုစိုးရာဇာျဖစ္ခ်င္ျဖစ္မယ္။ ကိုကိုျဖစ္ခ်င္ျဖစ္မယ္။ ကဲ- ကိုကို။ တရား႐ုံးေရာက္တဲ့အခါ သားရဲ့အေဖအစစ္ဟုတ္မဟုတ္ ကိုကို DNA အစစ္ခံရဲလား"

"ဘာ-"

"တကယ္လို့ သားအေဖဟာ ကိုကိုမဟုတ္ခဲ့ရင္ ကိုကို သားကို စြန႔္လႊတ္ရဲသလား"

"ေတာ္ေတာ့။ ေတာ္ေတာ့။ စင္သီယာ ေတာ္ေတာ့။ မင္းထြက္သြားပါေတာ့။ မင္းကို ငါ တခုခုလုပ္မိလိမ့္မယ္။ မင္း ထြက္သြား စင္သီယာ"

"သြားပါမယ္ကိုကို။ က်ားနာဆိုတာ နိုင္ရာကိုခဲတတ္တယ္ေနာ္ ကိုကို။ စင္သီယာထုတ္သုံးမယ့္တိုက္ကြက္က အဲဒါဆိုတာ ကိုကို သိထားပါ"

+++++


(၅)

"သူက.. သူက.. အဲဒီလိုလုပ္မယ္တဲ့ စိုးရယ္… ငါဘယ္လိုလုပ္ရမလဲ။ ငါဘယ္လိုလုပ္ရမလဲ စိုး"

"ဘယ္တုန္းကေျပာသြားတာလဲ"

"ဒီေန႔ သူနဲ႔စာရင္းအျပတ္ရွင္းမယ္ဆိုၿပီး ဆိုင္ကိုေခၚလိုက္တာ။ ဆိုင္မွာေျပာသြားတာ"

"သူက အခု ဘယ္မွာေနေနလဲ"

"အေဆာင္မွာေနတယ္လို့ ေျပာတာပဲ။ ငါလည္းစိတ္မဝင္စားလို့ ေသခ်ာေမးမၾကည့္ပါဘူး"

"အင္း.. ငါတို့ သူ႔ကိုေရြးခဲ့မိတာ မွားတာပဲ"

"ဟုတ္တယ္.. ငါတို့ကိုက ၾကမၼာငင္တာပါ။ သူ ဗမာဆိုတာ စကတည္းကသိခဲ့ရင္ သူ႔ကို ေရြးျဖစ္မွာမဟုတ္ဘူး"

"သားသားကေရာ ဘယ္လိုတုံ႔ျပန္သလဲ တာရာ"

"သားက သူ႔ကို အရမ္းတြယ္တာေနတယ္ကြာ"

ေျပာရင္း ကိုတာရာ့အသံေတြ တုန္ခိုက္သြားသည္။

"တာရာ မင္းတခုခု စားရင္း ေျပာေနတာလား။ အသံေတြက ဗလုံးဗေထြးနဲ႔၊ ေနာက္က အသံေတြလည္း ၾကားေနရတယ္"

"ငါ ဘီယာဆိုင္မွာပါ။ အရက္ျပင္းေတြ မွာေသာက္ေနတာ။ စိတ္ညစ္လို့"

"ဟာ.. တာရာ။ မင္း အရက္လည္း မေသာက္တတ္ပဲနဲ႔ကြာ။ ဟ- ကိုးနာရီေတာင္ေက်ာ္ေနၿပီ။ မင္းေတာ္ေတာ့ တာရာ"

"အင္း…"

"ရန္ကုန္မွာေတာ့ မိုးေတြရြာေနတယ္ တာရာ"

"ဒီမွာလည္း ရြာေနတာပဲ"

"ျပန္လိုက္ေတာ့ကြာ။ ငါလိုက္လာခဲ့မယ္။ ငါ သဘက္ခါေလာက္ အေရာက္လာခဲ့မယ္။ စင္သီယာနဲ႔စကားေျပာၾကည့္မယ္၊ မင္း ဘီယာဆိုင္မွာ ဆက္မထိုင္နဲ႔ေတာ့။ ျပန္ေတာ့ေနာ္ တာရာ"

"ေအးပါကြာ.. ငါ့ေဘးမွာ မင္းရွိေနေစခ်င္လိုက္တာ အခ်စ္ရယ္.."

"ငါ လာခဲ့ပါမယ္။ ခ်စ္တယ္.. သိပ္ခ်စ္တယ္.. ျပန္ေတာ့ေနာ္ တာရာ။ ငါ မင္းကို စိတ္မခ်ဘူးကြာ"

+++++


ကိုတာရာ ဘီယာဆိုင္ကထြက္လာေတာ့ ညဆယ္နာရီထိုးေနပါၿပီ။

အျပင္မွာ မိုးေတြ သည္းသည္းမည္းမည္းရြာေနသည္။

ကိုတာရာ့မ်က္လုံးထဲမွာ အေရာင္ေတြ ရွုပ္ေထြးေနသည္။ အသံေတြလည္း လုံးေထြးေနသည္။

ဟာ- ေရွ႕မွာ..

မီးပြိဳင့္နီေနတာေတြ႕၍ ဘရိတ္ကို ေဆာင့္နင္းလိုက္သည္။ 

မီးစိမ္းလို့ ျပန္ထြက္လာေတာ့ တဖက္က ေဘးတိုက္ေကြ႕ဝင္လာတဲ့ဆိုင္ကယ္တစီးကို ရိပ္ကနဲျမင္လိုက္ရသည္။

ကိုတာရာ ညာဘက္ကို ကမန္းကတန္းကပ္လိုက္သည္။

သက္တံ့ေရာင္ေတြ မ်က္လုံးထဲမွာ စူးနစ္သြားသည္။ ၿပီးေတာ့..ေမွာင္သြားသည္။

To be continued.. ...

No comments: