#အာဒမ်နှစ်ယောက်
#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း
#BL_Story
(၆)
သူနိုးထလာတော့ နားထင်က တစစ်စစ်ကိုက်ခဲနေသည်။
မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်သည်။
သူ့ညာဖက်လက်က နွေးထွေးတဲ့အထိအတွေ့တခု ခံစားရသည်။
မျက်လုံးဖွင့်ဖွင့်ချင်း ဝိုးတဝါး။ တခဏကြာမှာ သူ့အိပ်ခန်းထဲမှာ ရောက်နေတာကို တွေ့လိုက်ရသည်။
ရုတ်တရက် ညက အမူးလွန်ပြီး ကား လမ်းဘေးထိုးဝင်သွားတာ သတိရလိုက်သည်။
ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့်။
ညာဖက်လက်ကို ရုန်းလို့မရသည့်အတွက် ညာဖက်ကို စောင်းငဲ့ကြည့်လိုက်သည်။
မိန်းမတယောက်။ သူ့ညာလက်ကိုဆုပ်ကိုင်ကာ ကုတင်စောင်းကိုခေါင်းချပြီး အိပ်ပျော်နေသည်။ ဘယ်သူပါလိမ့်။
မေမေမဟုတ်ပါ။ ဘယ်လက်ဖြင့် သူမဆံပင်များကို သပ်တင်ကြည့်လိုက်သည်။
သူမ လန့်နိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်သည်။
"ဟော.. ကိုကို သတိရလာပြီ။ ကိုကို- ကိုကို- ဘယ်လိုနေသေးလဲ"
နင် ဘယ်လိုငါ့အခန်းထဲရောက်နေတာလဲ.. မေးချင်သော်လည်း အသံကထွက်မလာ။ အာခေါင်တွေချောက်ပြီး နားထင်က တစစ်စစ် ကိုက်ခဲနေသည်။
ထိုစဉ် အခန်းထဲသို့ မေမေဝင်လာသည်။
"ဟော- သား သတိရနေပြီလား။ တော်သေးတာပေါ့ကွယ်၊ စင်သီယာ တညလုံး လာပြုစုနေလို့သာပဲ"
တညလုံးပြုစုနေတယ်ဆိုပါလား။
"ကိုကို ရေသောက်မလားဟင်"
ကိုတာရာ ခေါင်းညိတ်ပြလိုက်သည်။
စင်သီယာက ရေတကောင်းထဲကရေကို ဖန်ခွက်ထဲ ငှဲ့ထည့်သည်။ ပြီးတော့ သူ့ခေါင်းကို ဖေးမပေးကာ ရေတိုက်သည်။
"စင်သီယာရှိလို့သာပဲကွယ်။ သားက အရင် ဒီလို မမူးဖူးပါဘူး။ ဘယ်သူတွေနဲ့သောက်တာလဲ သား"
"ကျနော် ဘယ်လိုဖြစ်သွားလို့လဲ မေမေ"
"မီးပွိုင့်အလွန်မှာ ကား မြောင်းထဲ အရှိန်လွန်ကျတာလေ။ တော်သေးတာပေါ့။ မြောင်းက မနက်လို့။ မေမေ စင်သီယာ့ကို ဖုန်းဆက်ခေါ်လိုက်တာ"
စင်သီယာက သူ့ကို ပြုံးကြည့်နေသည်။ သူ တဖက်ကို မျက်နှာလွှဲလိုက်သည်။
"အခု ဘယ်အချိန်ရှိပြီလဲ"
"မနက် ၉နာရီ။ ဒီနေ့တော့ သား အလုပ်မသွားနဲ့တော့။ ဆိုင်ကို မေမေဖုန်းဆက်ပြောလိုက်ပြီ။ တရက်နားလိုက်"
"ဟုတ်ကဲ့မေမေ"
"ဖေဖေ"
ပြည့်စုံက အော်ခေါ်ရင်း အခန်းထဲပြေးဝင်လာသည်။
"မင်းရဲ့သားက တော်တော်နဲ့မအိပ်ဘူး။ သူ့အမေနဲ့အတူ မင်းဘေးမှာ ရှိနေတာ၊ တော်တော်မိုးချုပ်မှ သူ့ခမျာအိပ်တာ"
"ဟင်- ဟုတ်လား သား"
"ဟုတ်တယ်ဖေဖေ။ သားသားနဲ့မေမေက ဟောဒီမှာထိုင်ပြီး ဖေဖေ့ကိုကြည့်နေတာ"
သားဆံပင်လေးကို ပွတ်သပ်ပေးနေမိသည်။
"ဖေဖေ။ မေမေ့ကို ပြန်မလွှတ်တော့ဘူးနော်။ ဒီမှာပဲ နေခိုင်းတော့မယ်နော်"
ကိုတာရာနဲ့စင်သီယာ အကြည့်ချင်းဆုံသွားသည်။ တာရာ မျက်နှာလွှဲလိုက်သည်။
"အတူတူနေရမှာပေါ့သားရယ်၊ သားမေမေက ဘွားဘွားတို့အိမ်ကို ပြောင်းလာတော့မှာပါ"
"ဟေး…"
သားသားပြည့်စုံက အားရဝမ်းသာလက်ခုပ်တီးလိုက်သည်။
စင်သီယာ့အကြည့်များက ကိုတာရာ့ဆီက မခွာ။ ကိုတာရာ မျက်စိပိတ်ပြီး ပြန်မှိန်းနေလိုက်သည်။
+++++
နေ့လည်ခင်းမှာ ကိုတာရာ သက်သာသွားပါသည်။
ကိုတာရာ အလုပ်သွားဖို့ပြင်သည်။
"မသွားပါနဲ့ကိုကိုရယ်။ ဒီနေ့တရက် နားလိုက်ပါ"
"ဟုတ်သားပဲ သား။ ဒီနေ့ အိမ်မှာ နားလိုက်ပါကွယ်"
စိုးရာဇာဆီက ဖုန်းဝင်လာသည်။ သူ နေ့လည်လေယာဉ်နဲ့လိုက်လာပြီတဲ့။
+++++
(၇)
ညနေ၆နာရီလောက်မှာ စိုးရာဇာ ရောက်လာသည်။
ခရီးရောက်မဆိုက် ဖေဖေက စိုးရာဇာကို လှမ်းခေါ်လိုက်သည်။
"မောင်စိုးရာဇာရေ။ လာပါဦး။ ထိုင်ပါဦးကွာ"
"ဟုတ်ကဲ့အန်ကယ်"
"အလုပ်အကိုင်ရော အဆင်ပြေရဲ့လား"
"ပြေပါတယ်အန်ကယ်"
"ကလေးရော ဘယ်အရွယ်ရောက်နေပြီလဲကွဲ့"
"သမီးလေးက ပြည့်စုံထက် ၃လကြီးပါတယ် အန်ကယ်"
"အေးကွာ.. မင်းသူငယ်ချင်းကိုလည်း ဆုံးမပါဦး မောင်စိုးရာဇာ။ ကိုယ်ချင်း ချစ်လို့ ညားပြီးပြီ။ ကလေးတယောက်တောင် ရပြီးပြီလေကွာ"
"ဟုတ်ကဲ့အန်ကယ်"
"လင်မယားဆိုတာ တခါတရံ အခန့်မသင့်တာမျိုး ရှိတာပေါ့။ ဒါကို တသက်လုံးအတွက် မှတ်ထားလို့ ဘယ်ဖြစ်မလဲကွယ်။ ပြီးတော့ သားသမီးမျက်နှာက ထောက်ရဦးမှာ မဟုတ်လား"
ထိုစဉ်.. စင်သီယာရောက်လာပြီး စိုးရာဇာကို အအေးဖန်ခွက်ချပေးသည်။
"သောက်လိုက်ပါဦး ကိုစိုးရာဇာ"
"မောင်စိုးရာဇာနဲ့ သမီးနဲ့ သိပြီးသားကိုး"
စိုးရာဇာ အကဲခတ်ကြည့်နေလိုက်သည်။
"ဟုတ်ကဲ့ဖေဖေ။ သမီးတို့ ဘန်ကောက်မှာရှိတုန်းက ကိုစိုးရာဇာ ဘန်ကောက်ကို အလုပ်ကိစ္စနဲ့တခေါက် ရောက်လာသေးတယ်လေ။ ကိုကိုမိတ်ဆက်ပေးလို့ သိကြပြီးသားပါ"
စင်သီယာက စိုးရာဇာကို ရယ်ပြလိုက်သည်။ ဦးကျော်စွာမင်းရှေ့မှာမို့ စိုးရာဇာ ပြန်ရယ်ပြလိုက်သော်လည်း သွားဖြဲပြလိုက်သလို ဖြစ်နေမည်ထင်သည်။
စင်သီယာ့အရည်အချင်းကို အသိအမှတ်မပြုလို့ မရတော့။
စင်သီယာ အိမ်နောက်ဖက် ပြန်ဝင်သွားတော့…
"ကဲ-ကဲ- သူငယ်ချင်းတွေ စကားပြောကြဦး"
ဦးကျော်စွာမင်း ဧည့်ခန်းထဲက ထထွက်သွားလေသည်။
+++++
"ဘယ်လိုနေသေးလဲ တာရာ"
"အရက်များသွားလို့ ခေါင်းခဲနေတာလောက်ပါပဲ"
"ကားတိုက်သေးတာဆို"
"လမ်းဘေးထိုးကျတာပါ။ ဘာမှမဖြစ်ပါဘူး"
"ဒီတညတော့ နားလိုက်ပါဦး။ ငါ မနက်စောစော လာခေါ်မယ်"
"ဘာအစီအစဉ်ရှိလဲ"
"ဘွားသုခဆီ သွားကြမယ်လေ"
ဟုတ်သားပဲ။ ဘွားသုခကို တာရာ မေ့နေမိသည်။ ဘွားသုခနဲ့ မတွေ့ရတာကြာပြီ။ ဘန်ကောက်ကို ထွက်မသွားခင် ကတည်းက။
"ဘွားသုခဆီက အကြံဉာဏ်တခုခုရလိမ့်မယ်လို့ ငါမျှော်လင့်တယ် တာရာ"
ဖေဖေနဲ့မေမေကို နှုတ်ဆက်ပြီး စိုးရာဇာပြန်သွားသည်။
"မောင်စိုးရာဇာ ဘယ်မှာတည်းမှာလဲ"
"ကျနော် ဘူတာကြီးအပေါ်ထပ်က Hotel Marvel မှာ တည်းမယ်အန်ကယ်။ မနက်မှ တာရာ့ကို လာခေါ်တော့မယ်"
"မောင်စိုးရာဇာရေ.. မင်းသူငယ်ချင်းကို ပြန်ပေါင်းထုပ်ဖို့ တရားချခဲ့ပါဦးကွာ"
"ဟုတ်ကဲ့ပါ အန်ကယ်"
+++++
(၈)
မနက်၆နာရီလောက်မှာ စိုးနဲ့တာရာ နှစ်ယောက်သား စစ်ကိုင်းကိုထွက်လာခဲ့ကြသည်။
ဘွားသုခရဲ့ကျောင်းသင်္ခန်းလေးရှိရာ လွမ်းစေတီတောင်ခြေကိုရောက်တော့ မြင်ကွင်းက ထူးခြားပြောင်းလဲနေပါသည်။
ဘွားသုခရဲ့ကျောင်းလေးကို တောင်ခြေက မြင်နေကျအတိုင်း မမြင်ရပါ။
တောင်ကုန်းပေါ်တက်လာတော့ ကျောင်းသင်္ခန်းလေး လုံးဝမရှိတော့တာကို တွေ့ရသည်။ လွမ်းစေတီကုန်းပြင်တခုလုံး ပြောင်ရှင်းနေသည်။
တောင်အောက်ကိုပြန်ဆင်းပြီး တောင်ခြေရွာကလေးမှာ သွားမေးကြည့်တော့…
"ရသေ့မကြီးမယ်သုခ ကွယ်လွန်သွားပါပြီ။ တစ်နှစ်လောက်ရှိပါပြီ"..ဆိုတဲ့သတင်းကို ကြားရသည်။
"ဆက်ခံမယ့် သူတော်စင်လည်း မရှိတော့တာမို့ ကျောင်းသင်္ခန်းလေးကို ဖျက်ပစ်လိုက်ပါတယ်"
တာရာတို့ တောင်ကုန်းပေါ်ကို ပြန်တက်ခဲ့ကြသည်။
ဘုရားဖူးပြီး မြစ်ကမ်းကိုမျက်နှာမူထားတဲ့ ခုံတန်းလေးပေါ်မှာထိုင်ကာ ဧရာဝတီမြစ်ထဲကို ငေးမောနေမိကြသည်။
"ငါတို့ကို ဆုံးမတရားပြခဲ့တဲ့ ဘွားသုခလည်း မရှိတော့ဘူး။ အခု ငါတို့ကြုံနေရတဲ့အဖြစ်ကိုသာ ဘွားသုခသိရင် ဘယ်လိုများ မိန့်ဦးမယ် မသိဘူးနော်"
"တာရာ.. ပြဿနာကို အချိန်ဆွဲထားလို့ မဖြစ်တော့ဘူး။ မင်း ပြတ်ပြတ်သားသားဆုံးဖြတ်မှ ဖြစ်တော့မယ်"
"အင်.. ဘယ်လိုလဲ။ ငါ ဘယ်လိုဆုံးဖြတ်ရမှာလဲ"
"ဆုံးဖြတ်ချက်မချခင် ငါ မင်းကို မေးမယ်။ ဖြေကြည့်ပါတာရာ"
တာရာက စိုးမျက်နှာကို ငေးကြည့်နေသည်။
"ငါတို့ရဲ့တကယ့်အဖြစ်ကို မင်းမိဘတွေ သိသွားတာ မင်း ရင်ဆိုင်ဝံ့သလား။ သားလေးပြည့်စုံ ဘယ်လိုနည်းနဲ့ လူဖြစ်လာတယ်ဆိုတာကို အန်ကယ်နဲ့အန်တီသိရင် ဘယ်လိုလုပ်မလဲ"
"အသိခံလို့ ဘယ်ဖြစ်မလဲ စိုးရယ်"
"အေး- ငါထင်တယ်။ စင်သီယာဟာ သူ့ဆန္ဒကို မလိုက်လျောရင် သူပြောသလို လုပ်လိမ့်မယ်။ ကလေးအုပ်ထိန်းခွင့်တောင်းတာတွေ တရားရုံးတွေ ဥပဒေတွေ ရှုပ်လာလိမ့်မယ်"
"စိတ်ညစ်တယ်ကွာ"
"ဒါ့ထက်အရေးကြီးတာ ရှိသေးတယ်။ သားသားရဲ့အဖေဟာ… မင်းလား… ငါလား…. ဘယ်သူမှမသိကြဘူး။ အေး.. တရားရုံး ရောက်လို့ DNA စစ်ရမယ်ဆိုရင် အဖေအစစ်ဘယ်သူဆိုတာ ပေါ်လာလိမ့်မယ်။ အဲဒီအဖြေကို မင်း ရင်ဆိုင်ရဲသလား"
"ဟင့်အင်း.. ဟင့်အင်း… သားသားရဲ့အဖေဟာ မင်းတယောက်တည်းလဲ မဟုတ်ဘူး။ ငါတယောက်တည်းလည်း မဟုတ်ဘူး။ သားသားဟာ တို့နှစ်ယောက်လုံးရဲ့သားပါ စိုး။ အဖေအစစ်ဘယ်သူဆိုတာ နာမည်နဲ့ဖော်ထုတ်သိရမှာကို ငါ ရင်မဆိုင်ရဲဘူး၊ မကြားရဲဘူး"
"ငါလည်း ဒီလိုပါပဲ။ သားရဲ့အဖေဟာ တို့နှစ်ယောက်စလုံးလို့ပဲ ရင်ထဲမှာ ထားချင်တယ်။ အမှန်ကို မသိချင်ဘူး"
"အဲ့တော့… ဘာလုပ်ကြမလဲ စိုး"
စိုးရာဇာက တာရာ့မေးစေ့ကိုကိုင်ရင်း မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
"ငါ မင်းကို သိပ်ချစ်တယ်ဆိုတာ မင်း ယုံပါတယ်နော်"
"စိုးရယ်.."
"အခုလည်း ချစ်တယ်။ အသက်ရှိသမျှ တဘဝလုံး ဆက်ချစ်သွားမှာပါတာရာ"
"ငါလည်း ဒီလိုပါပဲ စိုးရယ်"
"ငါတို့ဆန္ဒအတိုင်း ငါတို့ လုပ်ခဲ့ကြပြီးပြီ။ ငါတို့ဆန္ဒတွေ ပြည့်ခဲ့ကြပြီ။ သားသားလေးကို လူ့လောက ခေါ်လာတဲ့အထိပေါ့၊ ငါတို့ လူဖြစ်အောင်လုပ်ခဲ့တဲ့ ငါတို့သားလေးရဲ့နောင်ရေးကို တွေးဖို့လိုလာပြီတာရာ။ ဒီအချိန်မှာ တို့ဆန္ဒတွေကို နောက်ဆုတ်ပေးရတော့မယ်။ ငါတို့မိဘတွေ ငါတို့အပေါ်မှာ တာဝန်ကျေသလို ငါတို့လည်း ငါတို့သားလေးပြည့်စုံအတွက် တာဝန်ကျေရမယ် တာရာ"
"ဟုတ်ပါတယ် စိုး"
"သူ လူဖြစ်လာရတဲ့အဖြစ်မှန်ကို လူသိခံပြီး တို့သားလေးကို ကြီးပြင်းစေမှာလား တာရာ။ တို့သားလေးဟာ တို့နှစ်ယောက်ရဲ့ အဖြစ်မှန်ကို သိသွားရင် ခံနိုင်ရည်ရှိပါ့မလား။ ခံနိုင်ရည်ရှိတယ် နားလည်မှုပေးနိုင်တယ် ထားဦး။ သားလေးအတွက် ဒါဟာ တန်သလား တာရာ။ ငါတော့ သားလေးကို စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာရမယ့် လူသားတယောက် မဖြစ်စေချင်ဘူး တာရာ"
"ငါလည်း ဒီလိုပါပဲ စိုးရယ်"
"ဒီတော့ အကောင်းဆုံးက စင်သီယာတောင်းဆိုတဲ့အတိုင်း လက်ခံလိုက်ဖို့ပါပဲ တာရာ"
"ဟင်…"
"စင်သီယာက မိန်းမကောင်းလေးပါ။ ငါအကဲခတ်မိပါတယ်။ သားကိုချစ်တဲ့ဇောနဲ့ သူလည်း သူ့ဖက်က အနစ်နာခံရတာတွေ ရှိနေပါတယ်တာရာ"
"ဒါပေမယ့် ငါ သူ့ကို မချစ်ဘူးလေ"
"ငါလည်း သော်သော်မော့်ကို မချစ်ခဲ့ပါဘူး။ တသက်လုံး ညီမလေးအရင်းလိုနေလာခဲ့တဲ့ သော်သော်မော့်ကို ငါ လက်ထပ်ခဲ့တာပါ၊ ဒါပေမယ့် အိမ်ထောင်သည်ဘဝမှာ ဒီလိုအချစ်တွေက အရေးမကြီးတော့ပါဘူး။ ပူလောင်တဲ့အချစ်ဟာ ကြာကြာလည်း မခံပါဘူး တာရာ။ ဒါတွေ မင်းနားလည်လာပါလိမ့်မယ်။ အိမ်ထောင်တခုမှာ အရေးကြီးတာက ကြိုးပါ။ အိမ်ထောင်ကိုခိုင်မြဲအောင် ချည်နှောင်ပေးမယ့် သားသမီးဆိုတဲ့ ကြိုးပါ တာရာ"
"ချစ်လာလိမ့်မယ်လို့ ဆိုလိုတာလား"
"ဟုတ်တယ်။ ကြာရင် အေးမြတဲ့ သံယောဇဉ်အချစ်နဲ့ မင်း စင်သီယာ့ကို ချစ်လာလိမ့်မယ်။ တခဏတော့ သည်းခံရမှာပေါ့။ သားအတွက် သားဘဝအတွက် တခဏတော့ သည်းခံစောင့်ဆိုင်းပေးရမှာပေါ့ တာရာရယ်"
"မင်း ငါ့ကို တိုက်တွန်းရက်တယ်နော်"
"မင်းကို ငါ့ဘဝထဲက တွန်းထုတ်နေတာမဟုတ်ဘူးလေ။ ငါ့တို့နှစ်ယောက်ရဲ့သားလေးအတွက်ပါတာရာ။ အခုလည်း မင်းနဲ့ငါ ချစ်နေတာပဲလေ။ ဆက်ပြီးတော့လည်း ချစ်နေဦးမှာပဲ။ အချစ်ဆိုတာ အတူတူ ပူးတွဲနေမှ မဟုတ်ပါဘူး။ တစ်ယောက်ရင်ထဲမှာ တစ်ယောက် ရှိနေရင်လည်း အချစ်ပါပဲ တာရာ"
"စိုးရယ်…"
"သားအတွက်တင်မဟုတ်သေးဘူး။ မိဘတွေအတွက် ပတ်ဝန်းကျင်အတွက်ပါ အဆင်ပြေအောင် စင်သီယာ့ကို လက်ခံလိုက်ပါ။ နော်.. အချစ်"
+++++
(၉)
အိမ်ရောက်တော့ သားလေးပြည့်စုံနဲ့ စင်သီယာတို့ ဧည့်ခန်းမှာ ကစားနေကြတာတွေ့ရသည်။
သားလေးက ဆင်ရုပ်ကလေးကို ပိုက်ရင်း စကားတွေပြောနေသည်။
"သားက ဆင်မိုမိုနဲ့ ဘာတွေပြောနေတာလဲသား"
"ဆင်မိုမို့မှာ အဖေအမေရှိလားလို့ မေးနေတာပါ ဖေဖေ"
"ဟင်.. ဆင်မိုမိုလေးက ဘာပြန်ပြောလဲသား"
"ရှိတယ်တဲ့…"
"ဖေဖေတို့ ဆင်မိုမိုလေးရှိတဲ့နေရာကို သွားရအောင် သား"
"ဟင်.. ဇူးကိုလား ဖေဖေ"
"ဒါပေါ့ကွ"
"မေမေရော ပါမှာလားဟင်"
"ပါမှာပေါ့သားရယ်.. ဖေဖေရယ် မေမေရယ် သားရယ် အတူတူ ဆင်မိုမိုကြီးဆီ သွားကြမယ်လေ"
စင်သီယာက သူ့ကို မယုံနိုင်သလို မော့်ကြည့်နေသည်။
"ကိုယ်တို့ သားသားကို တိရိစ္ဆာန်ရုံလိုက်ပို့ရအောင် စင်သီယာ။ အဝတ်အစားလဲလေ"
စင်သီယာမျက်ရည်တွေ ဝဲလာသည်။
"ကိုကို.. ကိုကိုရယ်.. ကျေးဇူးတင်လိုက်တာ ကိုကို"
မိသားစုသုံးယောက် အိမ်ကအထွက်မှာ အဘိုးနဲ့အဘွားက လက်ပြကျန်ခဲ့သည်။
သားလေးက အဖေနဲ့အမေကြားမှာ ပျော်နေသည်။ ဒီလို တခါမှ အပြင်မထွက်ဖူးလို့ သားလေး သိပ်ပျော်နေပါသည်။
ဘဝဆိုတာ ကိုယ့်ဆန္ဒတခုတည်းနဲ့ ရပ်တည်လို့ မဖြစ်ပါ။ မိဘ။ မိတ်ဆွေ။ ပတ်ဝန်းကျင်။ သားသမီး။ ဆွေမျိုး။ တပည့်သားချင်းစတဲ့… များလှစွာသော လူမှုအသိုင်းအဝန်းကြားမှာ အားလုံးနဲ့ပြေလည်အောင် နေထိုင်ရပါမည်။
ကိုယ့်ဆန္ဒ ကိုယ့်ဘ၀ ကိုယ့်အချစ်တွေကို စတေးသင့်လျှင် စတေးရပါလိမ့်မည်။
အရေးကြီးတာက ကိုယ့်ပတ်ဝန်းကျင် သာယာလှပနေဖို့ပဲဖြစ်ပါသည်။
+++++++++
ပြီးပါပြီ။
#ချစ်သူတိုင်းဘဝ_သာယာလှပပါစေ....
#ဆောင်းလုလင်
(Zawgyi)
(၆)
သူနိုးထလာေတာ့ နားထင္က တစစ္စစ္ကိုက္ခဲေနသည္။
မ်က္လုံးကိုအားယူဖြင့္ၾကည့္လိုက္သည္။
သူ႔ညာဖက္လက္က ေႏြးေထြးတဲ့အထိအေတြ႕တခု ခံစားရသည္။
မ်က္လုံးဖြင့္ဖြင့္ခ်င္း ဝိုးတဝါး။ တခဏၾကာမွာ သူ႔အိပ္ခန္းထဲမွာ ေရာက္ေနတာကို ေတြ႕လိုက္ရသည္။
႐ုတ္တရက္ ညက အမူးလြန္ၿပီး ကား လမ္းေဘးထိုးဝင္သြားတာ သတိရလိုက္သည္။
ဘယ္လိုေတြ ျဖစ္ကုန္ပါလိမ့္။
ညာဖက္လက္ကို ႐ုန္းလို့မရသည့္အတြက္ ညာဖက္ကို ေစာင္းငဲ့ၾကည့္လိုက္သည္။
မိန္းမတေယာက္။ သူ႔ညာလက္ကိုဆုပ္ကိုင္ကာ ကုတင္ေစာင္းကိုေခါင္းခ်ၿပီး အိပ္ေပ်ာ္ေနသည္။ ဘယ္သူပါလိမ့္။
ေမေမမဟုတ္ပါ။ ဘယ္လက္ျဖင့္ သူမဆံပင္မ်ားကို သပ္တင္ၾကည့္လိုက္သည္။
သူမ လန႔္န္ိုးလာသည္။ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။
"ေဟာ.. ကိုကို သတိရလာၿပီ။ ကိုကို- ကိုကို- ဘယ္လိုေနေသးလဲ"
နင္ ဘယ္လိုငါ့အခန္းထဲေရာက္ေနတာလဲ.. ေမးခ်င္ေသာ္လည္း အသံကထြက္မလာ။ အာေခါင္ေတြေခ်ာက္ၿပီး နားထင္က တစစ္စစ္ ကိုက္ခဲေနသည္။
ထိုစဥ္ အခန္းထဲသို့ ေမေမဝင္လာသည္။
"ေဟာ- သား သတိရေနၿပီလား။ ေတာ္ေသးတာေပါ့ကြယ္၊ စင္သီယာ တညလုံး လာျပဳစုေနလို့သာပဲ"
တညလုံးျပဳစုေနတယ္ဆိုပါလား။
"ကိုကို ေရေသာက္မလားဟင္"
ကိုတာရာ ေခါင္းညိတ္ျပလိုက္သည္။
စင္သီယာက ေရတေကာင္းထဲကေရကို ဖန္ခြက္ထဲ ငွဲ႕ထည့္သည္။ ၿပီးေတာ့ သူ႔ေခါင္းကို ေဖးမေပးကာ ေရတိုက္သည္။
"စင္သီယာရွိလို့သာပဲကြယ္။ သားက အရင္ ဒီလို မမူးဖူးပါဘူး။ ဘယ္သူေတြနဲ႔ေသာက္တာလဲ သား"
"က်ေနာ္ ဘယ္လိုျဖစ္သြားလို့လဲ ေမေမ"
"မီးပြိဳင့္အလြန္မွာ ကား ေျမာင္းထဲ အရွိန္လြန္က်တာေလ။ ေတာ္ေသးတာေပါ့။ ေျမာင္းက မနက္လို့။ ေမေမ စင္သီယာ့ကို ဖုန္းဆက္ေခၚလိုက္တာ"
စင္သီယာက သူ႔ကို ျပဳံးၾကည့္ေနသည္။ သူ တဖက္ကို မ်က္ႏွာလႊဲလိုက္သည္။
"အခု ဘယ္အခ်ိန္ရွိၿပီလဲ"
"မနက္ ၉နာရီ။ ဒီေန႔ေတာ့ သား အလုပ္မသြားနဲ႔ေတာ့။ ဆိုင္ကို ေမေမဖုန္းဆက္ေျပာလိုက္ၿပီ။ တရက္နားလိုက္"
"ဟုတ္ကဲ့ေမေမ"
"ေဖေဖ"
ျပည့္စုံက ေအာ္ေခၚရင္း အခန္းထဲေျပးဝင္လာသည္။
"မင္းရဲ့သားက ေတာ္ေတာ္နဲ႔မအိပ္ဘူး။ သူ႔အေမနဲ႔အတူ မင္းေဘးမွာ ရွိေနတာ၊ ေတာ္ေတာ္မိုးခ်ဳပ္မွ သူ႔ခမ်ာအိပ္တာ"
"ဟင္- ဟုတ္လား သား"
"ဟုတ္တယ္ေဖေဖ။ သားသားနဲ႔ေမေမက ေဟာဒီမွာထိုင္ၿပီး ေဖေဖ့ကိုၾကည့္ေနတာ"
သားဆံပင္ေလးကို ပြတ္သပ္ေပးေနမိသည္။
"ေဖေဖ။ ေမေမ့ကို ျပန္မလႊတ္ေတာ့ဘူးေနာ္။ ဒီမွာပဲ ေနခိုင္းေတာ့မယ္ေနာ္"
ကိုတာရာနဲ႔စင္သီယာ အၾကည့္ခ်င္းဆုံသြားသည္။ တာရာ မ်က္ႏွာလႊဲလိုက္သည္။
"အတူတူေနရမွာေပါ့သားရယ္၊ သားေမေမက ဘြားဘြားတို့အိမ္ကို ေျပာင္းလာေတာ့မွာပါ"
"ေဟး…"
သားသားျပည့္စုံက အားရဝမ္းသာလက္ခုပ္တီးလိုက္သည္။
စင္သီယာ့အၾကည့္မ်ားက ကိုတာရာ့ဆီက မခြာ။ ကိုတာရာ မ်က္စိပိတ္ၿပီး ျပန္မွိန္းေနလိုက္သည္။
+++++
ေန႔လည္ခင္းမွာ ကိုတာရာ သက္သာသြားပါသည္။
ကိုတာရာ အလုပ္သြားဖို့ျပင္သည္။
"မသြားပါနဲ႔ကိုကိုရယ္။ ဒီေန႔တရက္ နားလိုက္ပါ"
"ဟုတ္သားပဲ သား။ ဒီေန႔ အိမ္မွာ နားလိုက္ပါကြယ္"
စိုးရာဇာဆီက ဖုန္းဝင္လာသည္။ သူ ေန႔လည္ေလယာဥ္နဲ႔လိုက္လာၿပီတဲ့။
+++++
(၇)
ညေန၆နာရီေလာက္မွာ စိုးရာဇာ ေရာက္လာသည္။
ခရီးေရာက္မဆိုက္ ေဖေဖက စိုးရာဇာကို လွမ္းေခၚလိုက္သည္။
"ေမာင္စိုးရာဇာေရ။ လာပါဦး။ ထိုင္ပါဦးကြာ"
"ဟုတ္ကဲ့အန္ကယ္"
"အလုပ္အကိုင္ေရာ အဆင္ေျပရဲ့လား"
"ေျပပါတယ္အန္ကယ္"
"ကေလးေရာ ဘယ္အရြယ္ေရာက္ေနၿပီလဲကြဲ႕"
"သမီးေလးက ျပည့္စုံထက္ ၃လႀကီးပါတယ္ အန္ကယ္"
"ေအးကြာ.. မင္းသူငယ္ခ်င္းကိုလည္း ဆုံးမပါဦး ေမာင္စိုးရာဇာ။ ကိုယ္ခ်င္း ခ်စ္လို့ ညားၿပီးၿပီ။ ကေလးတေယာက္ေတာင္ ရၿပီးၿပီေလကြာ"
"ဟုတ္ကဲ့အန္ကယ္"
"လင္မယားဆိုတာ တခါတရံ အခန႔္မသင့္တာမ်ိဳး ရွိတာေပါ့။ ဒါကို တသက္လုံးအတြက္ မွတ္ထားလို့ ဘယ္ျဖစ္မလဲကြယ္။ ၿပီးေတာ့ သားသမီးမ်က္ႏွာက ေထာက္ရဦးမွာ မဟုတ္လား"
ထိုစဥ္.. စင္သီယာေရာက္လာၿပီး စိုးရာဇာကို အေအးဖန္ခြက္ခ်ေပးသည္။
"ေသာက္လိုက္ပါဦး ကိုစိုးရာဇာ"
"ေမာင္စိုးရာဇာနဲ႔ သမီးနဲ႔ သိၿပီးသားကိုး"
စိုးရာဇာ အကဲခတ္ၾကည့္ေနလိုက္သည္။
"ဟုတ္ကဲ့ေဖေဖ။ သမီးတို့ ဘန္ေကာက္မွာရွိတုန္းက ကိုစိုးရာဇာ ဘန္ေကာက္ကို အလုပ္ကိစၥနဲ႔တေခါက္ ေရာက္လာေသးတယ္ေလ။ ကိုကိုမိတ္ဆက္ေပးလို့ သိၾကၿပီးသားပါ"
စင္သီယာက စိုးရာဇာကို ရယ္ျပလိုက္သည္။ ဦးေက်ာ္စြာမင္းေရွ႕မွာမို့ စိုးရာဇာ ျပန္ရယ္ျပလိုက္ေသာ္လည္း သြားျဖဲျပလိုက္သလို ျဖစ္ေနမည္ထင္သည္။
စင္သီယာ့အရည္အခ်င္းကို အသိအမွတ္မျပဳလို့ မရေတာ့။
စင္သီယာ အိမ္ေနာက္ဖက္ ျပန္ဝင္သြားေတာ့…
"ကဲ-ကဲ- သူငယ္ခ်င္းေတြ စကားေျပာၾကဦး"
ဦးေက်ာ္စြာမင္း ဧည့္ခန္းထဲက ထထြက္သြားေလသည္။
+++++
"ဘယ္လိုေနေသးလဲ တာရာ"
"အရက္မ်ားသြားလို့ ေခါင္းခဲေနတာေလာက္ပါပဲ"
"ကားတိုက္ေသးတာဆို"
"လမ္းေဘးထိုးက်တာပါ။ ဘာမွမျဖစ္ပါဘူး"
"ဒီတညေတာ့ နားလိုက္ပါဦး။ ငါ မနက္ေစာေစာ လာေခၚမယ္"
"ဘာအစီအစဥ္ရွိလဲ"
"ဘြားသုခဆီ သြားၾကမယ္ေလ"
ဟုတ္သားပဲ။ ဘြားသုခကို တာရာ ေမ့ေနမိသည္။ ဘြားသုခနဲ႔ မေတြ႕ရတာၾကာၿပီ။ ဘန္ေကာက္ကို ထြက္မသြားခင္ ကတည္းက။
"ဘြားသုခဆီက အႀကံဉာဏ္တခုခုရလိမ့္မယ္လို့ ငါေမၽွာ္လင့္တယ္ တာရာ"
ေဖေဖနဲ႔ေမေမကို ႏွုတ္ဆက္ၿပီး စိုးရာဇာျပန္သြားသည္။
"ေမာင္စိုးရာဇာ ဘယ္မွာတည္းမွာလဲ"
"က်ေနာ္ ဘူတာႀကီးအေပၚထပ္က Hotel Marvel မွာ တည္းမယ္အန္ကယ္။ မနက္မွ တာရာ့ကို လာေခၚေတာ့မယ္"
"ေမာင္စိုးရာဇာေရ.. မင္းသူငယ္ခ်င္းကို ျပန္ေပါင္းထုပ္ဖို့ တရားခ်ခဲ့ပါဦးကြာ"
"ဟုတ္ကဲ့ပါ အန္ကယ္"
+++++
(၈)
မနက္၆နာရီေလာက္မွာ စိုးနဲ႔တာရာ ႏွစ္ေယာက္သား စစ္ကိုင္းကိုထြက္လာခဲ့ၾကသည္။
ဘြားသုခရဲ့ေက်ာင္းသခၤန္းေလးရွိရာ လြမ္းေစတီေတာင္ေျခကိုေရာက္ေတာ့ ျမင္ကြင္းက ထူးျခားေျပာင္းလဲေနပါသည္။
ဘြားသုခရဲ့ေက်ာင္းေလးကို ေတာင္ေျခက ျမင္ေနက်အတိုင္း မျမင္ရပါ။
ေတာင္ကုန္းေပၚတက္လာေတာ့ ေက်ာင္းသခၤန္းေလး လုံးဝမရွိေတာ့တာကို ေတြ႕ရသည္။ လြမ္းေစတီကုန္းျပင္တခုလုံး ေျပာင္ရွင္းေနသည္။
ေတာင္ေအာက္ကိုျပန္ဆင္းၿပီး ေတာင္ေျခရြာကေလးမွာ သြားေမးၾကည့္ေတာ့…
"ရေသ့မႀကီးမယ္သုခ ကြယ္လြန္သြားပါၿပီ။ တစ္ႏွစ္ေလာက္ရွိပါၿပီ"..ဆိုတဲ့သတင္းကို ၾကားရသည္။
"ဆက္ခံမယ့္ သူေတာ္စင္လည္း မရွိေတာ့တာမို့ ေက်ာင္းသခၤန္းေလးကို ဖ်က္ပစ္လိုက္ပါတယ္"
တာရာတို့ ေတာင္ကုန္းေပၚကို ျပန္တက္ခဲ့ၾကသည္။
ဘုရားဖူးၿပီး ျမစ္ကမ္းကိုမ်က္ႏွာမူထားတဲ့ ခုံတန္းေလးေပၚမွာထိုင္ကာ ဧရာဝတီျမစ္ထဲကို ေငးေမာေနမိၾကသည္။
"ငါတို့ကို ဆုံးမတရားျပခဲ့တဲ့ ဘြားသုခလည္း မရွိေတာ့ဘူး။ အခု ငါတို့ၾကဳံေနရတဲ့အျဖစ္ကိုသာ ဘြားသုခသိရင္ ဘယ္လိုမ်ား မိန႔္ဦးမယ္ မသိဘူးေနာ္"
"တာရာ.. ျပႆနာကို အခ်ိန္ဆြဲထားလို့ မျဖစ္ေတာ့ဘူး။ မင္း ျပတ္ျပတ္သားသားဆုံးျဖတ္မွ ျဖစ္ေတာ့မယ္"
"အင္.. ဘယ္လိုလဲ။ ငါ ဘယ္လိုဆုံးျဖတ္ရမွာလဲ"
"ဆုံးျဖတ္ခ်က္မခ်ခင္ ငါ မင္းကို ေမးမယ္။ ေျဖၾကည့္ပါတာရာ"
တာရာက စိုးမ်က္ႏွာကို ေငးၾကည့္ေနသည္။
"ငါတို့ရဲ့တကယ့္အျဖစ္ကို မင္းမိဘေတြ သိသြားတာ မင္း ရင္ဆိုင္ဝံ့သလား။ သားေလးျပည့္စုံ ဘယ္လိုနည္းနဲ႔ လူျဖစ္လာတယ္ဆိုတာကို အန္ကယ္နဲ႔အန္တီသိရင္ ဘယ္လိုလုပ္မလဲ"
"အသိခံလို့ ဘယ္ျဖစ္မလဲ စိုးရယ္"
"ေအး- ငါထင္တယ္။ စင္သီယာဟာ သူ႔ဆႏၵကို မလိုက္ေလ်ာရင္ သူေျပာသလို လုပ္လိမ့္မယ္။ ကေလးအုပ္ထိန္းခြင့္ေတာင္းတာေတြ တရား႐ုံးေတြ ဥပေဒေတြ ရွုပ္လာလိမ့္မယ္"
"စိတ္ညစ္တယ္ကြာ"
"ဒါ့ထက္အေရးႀကီးတာ ရွိေသးတယ္။ သားသားရဲ့အေဖဟာ… မင္းလား… ငါလား…. ဘယ္သူမွမသိၾကဘူး။ ေအး.. တရား႐ုံး ေရာက္လို့ DNA စစ္ရမယ္ဆိုရင္ အေဖအစစ္ဘယ္သူဆိုတာ ေပၚလာလိမ့္မယ္။ အဲဒီအေျဖကို မင္း ရင္ဆိုင္ရဲသလား"
"ဟင့္အင္း.. ဟင့္အင္း… သားသားရဲ့အေဖဟာ မင္းတေယာက္တည္းလဲ မဟုတ္ဘူး။ ငါတေယာက္တည္းလည္း မဟုတ္ဘူး။ သားသားဟာ တို့ႏွစ္ေယာက္လုံးရဲ့သားပါ စိုး။ အေဖအစစ္ဘယ္သူဆိုတာ နာမည္နဲ႔ေဖာ္ထုတ္သိရမွာကို ငါ ရင္မဆိုင္ရဲဘူး၊ မၾကားရဲဘူး"
"ငါလည္း ဒီလိုပါပဲ။ သားရဲ့အေဖဟာ တို့ႏွစ္ေယာက္စလုံးလို့ပဲ ရင္ထဲမွာ ထားခ်င္တယ္။ အမွန္ကို မသိခ်င္ဘူး"
"အဲ့ေတာ့… ဘာလုပ္ၾကမလဲ စိုး"
စိုးရာဇာက တာရာ့ေမးေစ့ကိုကိုင္ရင္း မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ ေျပာလိုက္သည္။
"ငါ မင္းကို သိပ္ခ်စ္တယ္ဆိုတာ မင္း ယုံပါတယ္ေနာ္"
"စိုးရယ္.."
"အခုလည္း ခ်စ္တယ္။ အသက္ရွိသမၽွ တဘဝလုံး ဆက္ခ်စ္သြားမွာပါတာရာ"
"ငါလည္း ဒီလိုပါပဲ စိုးရယ္"
"ငါတို့ဆႏၵအတိုင္း ငါတို့ လုပ္ခဲ့ၾကၿပီးၿပီ။ ငါတို့ဆႏၵေတြ ျပည့္ခဲ့ၾကၿပီ။ သားသားေလးကို လူ႔ေလာက ေခၚလာတဲ့အထိေပါ့၊ ငါတို့ လူျဖစ္ေအာင္လုပ္ခဲ့တဲ့ ငါတို့သားေလးရဲ့ေနာင္ေရးကို ေတြးဖို့လိုလာၿပီတာရာ။ ဒီအခ်ိန္မွာ တို့ဆႏၵေတြကို ေနာက္ဆုတ္ေပးရေတာ့မယ္။ ငါတို့မိဘေတြ ငါတို့အေပၚမွာ တာဝန္ေက်သလို ငါတို့လည္း ငါတို့သားေလးျပည့္စုံအတြက္ တာဝန္ေက်ရမယ္ တာရာ"
"ဟုတ္ပါတယ္ စိုး"
"သူ လူျဖစ္လာရတဲ့အျဖစ္မွန္ကို လူသိခံၿပီး တို့သားေလးကို ႀကီးျပင္းေစမွာလား တာရာ။ တို့သားေလးဟာ တို့ႏွစ္ေယာက္ရဲ့ အျဖစ္မွန္ကို သိသြားရင္ ခံနိုင္ရည္ရွိပါ့မလား။ ခံနိုင္ရည္ရွိတယ္ နားလည္မွုေပးနိုင္တယ္ ထားဦး။ သားေလးအတြက္ ဒါဟာ တန္သလား တာရာ။ ငါေတာ့ သားေလးကို စိတ္ဒဏ္ရာေတြနဲ႔ႀကီးျပင္းလာရမယ့္ လူသားတေယာက္ မျဖစ္ေစခ်င္ဘူး တာရာ"
"ငါလည္း ဒီလိုပါပဲ စိုးရယ္"
"ဒီေတာ့ အေကာင္းဆုံးက စင္သီယာေတာင္းဆိုတဲ့အတိုင္း လက္ခံလိုက္ဖို့ပါပဲ တာရာ"
"ဟင္…"
"စင္သီယာက မိန္းမေကာင္းေလးပါ။ ငါအကဲခတ္မိပါတယ္။ သားကိုခ်စ္တဲ့ေဇာနဲ႔ သူလည္း သူ႔ဖက္က အနစ္နာခံရတာေတြ ရွိေနပါတယ္တာရာ"
"ဒါေပမယ့္ ငါ သူ႔ကို မခ်စ္ဘူးေလ"
"ငါလည္း ေသာ္ေသာ္ေမာ့္ကို မခ်စ္ခဲ့ပါဘူး။ တသက္လုံး ညီမေလးအရင္းလိုေနလာခဲ့တဲ့ ေသာ္ေသာ္ေမာ့္ကို ငါ လက္ထပ္ခဲ့တာပါ၊ ဒါေပမယ့္ အိမ္ေထာင္သည္ဘဝမွာ ဒီလိုအခ်စ္ေတြက အေရးမႀကီးေတာ့ပါဘူး။ ပူေလာင္တဲ့အခ်စ္ဟာ ၾကာၾကာလည္း မခံပါဘူး တာရာ။ ဒါေတြ မင္းနားလည္လာပါလိမ့္မယ္။ အိမ္ေထာင္တခုမွာ အေရးႀကီးတာက ႀကိဳးပါ။ အိမ္ေထာင္ကိုခိုင္ျမဲေအာင္ ခ်ည္ေႏွာင္ေပးမယ့္ သားသမီးဆိုတဲ့ ႀကိဳးပါ တာရာ"
"ခ်စ္လာလိမ့္မယ္လို့ ဆိုလိုတာလား"
"ဟုတ္တယ္။ ၾကာရင္ ေအးျမတဲ့ သံေယာဇဥ္အခ်စ္နဲ႔ မင္း စင္သီယာ့ကို ခ်စ္လာလိမ့္မယ္။ တခဏေတာ့ သည္းခံရမွာေပါ့။ သားအတြက္ သားဘဝအတြက္ တခဏေတာ့ သည္းခံေစာင့္ဆိုင္းေပးရမွာေပါ့ တာရာရယ္"
"မင္း ငါ့ကို တိုက္တြန္းရက္တယ္ေနာ္"
"မင္းကို ငါ့ဘဝထဲက တြန္းထုတ္ေနတာမဟုတ္ဘူးေလ။ ငါ့တို့ႏွစ္ေယာက္ရဲ့သားေလးအတြက္ပါတာရာ။ အခုလည္း မင္းနဲ႔ငါ ခ်စ္ေနတာပဲေလ။ ဆက္ၿပီးေတာ့လည္း ခ်စ္ေနဦးမွာပဲ။ အခ်စ္ဆိုတာ အတူတူ ပူးတြဲေနမွ မဟုတ္ပါဘူး။ တစ္ေယာက္ရင္ထဲမွာ တစ္ေယာက္ ရွိေနရင္လည္း အခ်စ္ပါပဲ တာရာ"
"စိုးရယ္…"
"သားအတြက္တင္မဟုတ္ေသးဘူး။ မိဘေတြအတြက္ ပတ္ဝန္းက်င္အတြက္ပါ အဆင္ေျပေအာင္ စင္သီယာ့ကို လက္ခံလိုက္ပါ။ ေနာ္.. အခ်စ္"
+++++
(၉)
အိမ္ေရာက္ေတာ့ သားေလးျပည့္စုံနဲ႔ စင္သီယာတို့ ဧည့္ခန္းမွာ ကစားေနၾကတာေတြ႕ရသည္။
သားေလးက ဆင္႐ုပ္ကေလးကို ပိုက္ရင္း စကားေတြေျပာေနသည္။
"သားက ဆင္မိုမိုနဲ႔ ဘာေတြေျပာေနတာလဲသား"
"ဆင္မိုမို့မွာ အေဖအေမရွိလားလို့ ေမးေနတာပါ ေဖေဖ"
"ဟင္.. ဆင္မိုမိုေလးက ဘာျပန္ေျပာလဲသား"
"ရွိတယ္တဲ့…"
"ေဖေဖတို့ ဆင္မိုမိုေလးရွိတဲ့ေနရာကို သြားရေအာင္ သား"
"ဟင္.. ဇူးကိုလား ေဖေဖ"
"ဒါေပါ့ကြ"
"ေမေမေရာ ပါမွာလားဟင္"
"ပါမွာေပါ့သားရယ္.. ေဖေဖရယ္ ေမေမရယ္ သားရယ္ အတူတူ ဆင္မိုမိုႀကီးဆီ သြားၾကမယ္ေလ"
စင္သီယာက သူ႔ကို မယုံနိုင္သလို ေမာ့္ၾကည့္ေနသည္။
"ကိုယ္တို့ သားသားကို တိရိစၧာန္႐ုံလိုက္ပို့ရေအာင္ စင္သီယာ။ အဝတ္အစားလဲေလ"
စင္သီယာမ်က္ရည္ေတြ ဝဲလာသည္။
"ကိုကို.. ကိုကိုရယ္.. ေက်းဇူးတင္လိုက္တာ ကိုကို"
မိသားစုသုံးေယာက္ အိမ္ကအထြက္မွာ အဘိုးနဲ႔အဘြားက လက္ျပက်န္ခဲ့သည္။
သားေလးက အေဖနဲ႔အေမၾကားမွာ ေပ်ာ္ေနသည္။ ဒီလို တခါမွ အျပင္မထြက္ဖူးလို့ သားေလး သိပ္ေပ်ာ္ေနပါသည္။
ဘဝဆိုတာ ကိုယ့္ဆႏၵတခုတည္းနဲ႔ ရပ္တည္လို့ မျဖစ္ပါ။ မိဘ။ မိတ္ေဆြ။ ပတ္ဝန္းက်င္။ သားသမီး။ ေဆြမ်ိဳး။ တပည့္သားခ်င္းစတဲ့… မ်ားလွစြာေသာ လူမွုအသိုင္းအဝန္းၾကားမွာ အားလုံးနဲ႔ေျပလည္ေအာင္ ေနထိုင္ရပါမည္။
ကိုယ့္ဆႏၵ ကိုယ့္ဘ၀ ကိုယ့္အခ်စ္ေတြကို စေတးသင့္လၽွင္ စေတးရပါလိမ့္မည္။
အေရးႀကီးတာက ကိုယ့္ပတ္ဝန္းက်င္ သာယာလွပေနဖို့ပဲျဖစ္ပါသည္။
+++++++++
ၿပီးပါၿပီ။
#ခ်စ္သူတိုင္းဘဝ_သာယာလွပပါေစ....
#ေဆာင္းလုလင္
No comments:
Post a Comment