Monday, December 20, 2021
ရာဇဝင်ထဲက ပုဂံ (အခန်း ၃)
ရာဇဝင်ထဲက ပုဂံ (အခန်း ၃)
ထိုအချိန်ကာလ အေဖက ကားဝယ်ရောင်းလုပ်နေတာဆိုတော့ မနက္ဆို သံသုမာ ကားဝိုင်းထဲသွား၊ ညေန ပြန်လာ၊ ကျွန်တော်က အေဖ့ကားယူ ဒီနား ခန ဆိုပြီး မြို့ထဲရောက်လာတော့တာပဲ။
ကားယူလာတဲ့ တနေ့ တံတားပေါ်တက်သွားတော့ ကိုယ့်အပေါင်းအသင်းတွေက ရောက်မလာကြသေးဘူး။ ယောင်ပေပေ နဲ့ တံတားပေါ် ဟိုလျှောက်သည်လျှောက် ပတ်နေတုန်း လူငယ်နှစ်ယောက်တက်လာတယ်။ လူသစ်ကလေးတွေပေါ့....။
အပုန်းမတို့မည်သည် အသစ်ကလေးတွေနဲ့များ တံတားပေါ် တွဲခုတ်တွဲလျှောက်ရတာ သိပ်ဂုဏ်ယူချင်တာလေ။
သူတို့ တံတားပေါ်ရောက်လို့ တက်လာတာနဲ့ ကိုယ္က မိုနာလီဇာထက်သာအောင်ပြုံးထား၊ပြိုထားရင်း သတိထားမိအောင် ကပိုကယို ပြရတာပေါ့။ အမယ် လူသစ်လို့သာ ကိုယ်ကပြောတာ သူတို့ အထာနပ်သလား ဂျီဂျောနပ်သလားမသိဘူး ပြန်ပြုံးပြတာပဲ။ အနားကို ခြေလှမ်း မှန်မှန်လျှောက်သွားပြီး မခို့တရို့လေး အိုးလေးနောက်ပစ်ရပ်လိုက်တော့ အကြည့်ချင်းဆုံပါရော။
ဘယ္ကလဲ လို့မေးလိုက်တော့ ပုဇွန်တောင် ရေကျော်ကတဲ့။
အော် ဟုတ္လားပေါ့။
အကိုကေရာ လို့မေးတော့ တောင်ဥက္ကလာပက လို့ ဖြေတော့ အဝေးကြီးပဲတဲ့။
ဒါ ကျွန်တော့်အတွက် အခွင့်အရေးလေ။
ကားပါတယ်....လို့ ခပ်ချေချေလေးပြောလိုက်တော့....နှစ်ယောက်သား အတော်သဘောကျသွားပုံရတယ်။ ဘယ္သူမွ တက်မလာသေးပါလား။ ကျွန်တော်က သူငယ်နှစ်ယောက်နဲ့ အဆင်ပြေတော့မလားမသိ။
နာမည်ဘယ်လိုခေါ်သလဲဆိုတော့ ထက်ထက် တဲ....မော်ဒယ်သင်ဆန်းဆင်းတစ်ယောက် ဖြစ်သလို မကြာခင် ရုပ်ရှင်ကားကြီး တစ္ကားမွာ သရုပ်ဆောင်တော့မှာဆိုတော့ အပုန်းတွေကြား အနူတော လူချော ဖြစ်ရချည်ရဲ့။
နောက်တစ်ယောက်က ဇာနည်။
မျက်နှာချိုချို ခပ်ပြည့်ပြည့် ထက္ထက္က စကားပြောတာဆိုတာ သိပ်ချစ်ဖို့ကောင်းတယ်။....ဇာနည်က ထက်ထက်နဲ့ ညီအစ်ကိုဝမ်းကွဲ တော်တယ်လို့ ထက္ထက္က မိတ်ဆက်ပေးသေးတယ်။ မှတ်မိသလောက် ဇာနည်က အဲ့အချိန် လူတိုင်းမထိုးတဲ့ တက္တူးကို လက်မောင်းမှာ ထိုးထားကာစ။
လက်ဖက်ရည်ဆိုင် သွားစကားပြောရအောင်ဆိုပြီး တံတားအောက်ဆိုင် ဆင်းလာတော့ ထက္ထက္က တစ်ခုတောင်းဆိုတယ်။ အကို ထက်ထက်တို့ကို ရေကျော် လိုက်ပို့ပါလား၊ အိမ်လည်းသိတော့ နောက်တွေ့ချင် လာလို့ရတာပေါ့ တဲ့။
ပျော်ပြီလေ။
ကားပေါ်တင်ပြီး လမ်း ၅၀ထိပ် လက်ဖက်ရည်ဆိုင်ထိုင် ထမင်းကြော်စားကြတာ ကျွန်တော်က သူငယ်နှစ်ယောက် အထင်ကြီးအောင် ကျသလောက်ရှင်း။ အဲ့ချိန်ကတော့ ငွေ သုံးထောင်လောက်ကအတော် အသုံးခံတာလေ။ တစ်ထောင်စွန်းစွန်းလောက် ရင်းလိုက်ပြီး ရေကျော်လမ်းထဲရောက်လို့ ပန်းခြံနားအရောက် ကားရပ်ပြီးအရှေ့မှာထိုင်တဲ့ ထက်ထက် လက်ကလေးကိုဖမ်းကိုင်ပြီး ရင်ဘတ်ကို ကပ် လိုက်တယ်။
သဘောပေါက်လွယ်တဲ့ ထက္ထက္က ဘာလို့လဲလို့ အေမးအဆုံး....ချစ်လို့ လို့ဖြေလိုက်တယ်။
တကယ္ခ်စ္တာလား၊ ထက္ထက္က အပျော်မချစ်ချင်ဘူး အတည်ချစ်ချင်တာလို့ ပြန်ပြောလာတော့ ရင်ခုန်သံက အရှေ့တောင်အာရှ အားကစားဖွင့်ပွဲ ဘင်ခရာတီးဝိုင်းလို ဝုန်းဒိုင်းကျဲနေလိုက်တာ။
အဲ့အချိန်က ဖုန်းဆိုလို့ ကြိုးဖုန်းသာရှိတော့ အဆက်အသွယ်လုပ်ဖို့ သူ့ကို ဆက်သွယ်ရအောင်၊ ကိုယ်ပိုင်ဖုန်းမရှိတဲ့ကျွန်တော် အိမ်ရဲ့ ဘေးသုံးအိမ်ကျော်က ဖုန်းနံပါတ်ကိုပေးလိုက်တာပေါ့။
ထက်ထက် ကားပေါ်ဆင်းကာနီး ကျွန်တော့်ပါးကို ရွှတ်ကနဲနမ်းပြီး ထက်ထက်လဲ ချစ်တယ်လို့ ပြောပြီး ဆင်းသွားတော့ အောင်မလေးဗျာ.....ပျော်လိုက်တာများ....တွေ့တာနာရီပိုင်း ချစ်တယ်လို့ အဖြေရ၊ ဒူးတွေတုန် ရင်တွေခုန် တံတားပေါ် အပြေးပြန်တက်လာတော့ ည ၉ နာရီ ထိုးကာနီးပါပြီ။
မင်းမင်း နဲ့ အတူ မိုက်ကယ်၊ ဖိုးဆိုး၊ ကိုမျိုး၊ မိုးမင်းကျော်၊ ကိုလတ်တို့တွေ့တော့ အူယားဖားယား လင်အသစ်စက်စက် ခ်စ္သူ အသစ်လေး မော်ဒယ်ပေါက်စ၊ မင်းသားဖြစ်မယ့် ကောင်လေး နဲ့ ကြုံဆုံ လိုက်ရပုံ၊ အိမ်လိုက်ပို့ ပုံ၊ ချစ်တယ်အဖြေပေးပုံ ပါးနမ်းသွားတာကအစ တေပ်ာ္တပါး ဂုဏ်ဆာပြလိုက်တော့
"ဘာ နာမည်က ထက်ထက်....ဟုတ္လား ချော်ကောက်မ နာမည်ကြီးလို့ ကိုမျိုက မေးပြောပြောတော့...."
"နင်ကလဲ နာမည် ထက်ထက်ဆိုတာနဲ့ ချော်ကောက်မ လို့တန်းပြောတာပဲ.....တစ်ခါမှ ဒီတံတားပေါ် မလာဘူးဘူး သိရဲ့လား...."
လို့ ချေပရင်း မျက်ဆောင်းခဲချလိုက်တယ်။
၉ နာရီခွဲလောက်ဖြစ်နေပြီ။
တံတားပေါ်ကဆင်းပြီး ကန်ဘောင်သွားမလား၊ ဟဲ့ကောင်မ လိုက်ပို့နော် လို့ ဖိုးဆိုးပြောတော့ သွားကြမယ်လေ လို့ လူညှိတုန်း တစ်ဘက် တံတားထိပ်မှာ သူငယ်နှစ်ကောင် ထိုးကြိတ်ပြီး ရန်တွေဖြစ်ကြလို့ ကျွန်တော်တို့တွေ ရပ်နေတဲ့ဘက် အပုန်းတွေ ကသိုက်ကရိုက်ပြေးလာကြတာကြောင့် တံတားပေါ်က ပြေးဆင်းရင်း ကန်ဘောင်ဘက်ခြေဦးလှည့်ကြတယ်။
ကန်ဘောင်မှာတော့ ည ၉ နာရီနောက်ပိုင်း မိန်းကလေးဆိုတာထက် ယောက်ကျားလေး အုပ်စုလိုက်တွေကပိုများပါတယ်။
များသောအားဖြင် အင်းစိန်လမ်း၊ ကန်လမ်းနဲ့ ဓမ္မာရုံလမ်းတွေထဲက လူငယ်လူရွယ်တွေပါပဲ။ အုပ်စုလိုက် ဂစ်တာတီးကြ၊ အရက်သောက်ကြ၊ သီချင်းတွေ အော်ဆိုကြပေါ့။
ကန်ဘောင်လှေကားတက်သွားကတည်းက 
"သူ ဘယ်မှာလဲ သတိရနေတယ်.... တခါတလေတော့လည်း လွမ်းမိပါတယ်....အဟောင်းနဲ့ အသစ် အချစ်ဖြစ်ဖို့တောင်းတလည်း....အို သတိရနေတယ်....."
ဦးညီထွဋ် ရဲ့ သီချင်းသံက ပြည်လမ်းမထိ လွှမ်းနေပါတယ်။
ကျွန်တော်တို့ထဲက ကိုမျိုး ( ဒွေးခင်ခင်= သူ့ကိုဒွေးခင်ခင် ခေါ်တာ နောက်တော့ ရှင်းပြပါမည်) နောက်ထပ် သီချင်းစာသားတစ်ကျော့ ပြန်လာချိန် လှေကားပေါ် ရုတ်တရက် အပြေးတက် သွားပြီး "မောင်ရေ....ချစ်လာပြီ သတိရေနလား....လွမ်းနေပြီလားလို့ အသံဗြဲကြီးနဲ့ အော်ကာ သူတို့အနားကို ရုပ်ရှင်ထဲက ချစ်သူတွေဖက်တဲ့ slow motion စတိုင်လ်နဲ့ ပြေးပါလေရော။
အားလုံးက အတီးရောအဆိုရောရပ်ပြီး သူ့ကို ကြောင်ကြည့်နေကြတာပေါ့။ နောက်မှ သူငယ်တွေ သဘောပေါက်ပြီး ရီကြတာပေါ့နော်။ သူကေတာ့ "မောင်....မောင်ဘယ်မှာ လဲ....မောင်ဘယ်ရောက်သွား လဲ လို့ အရှိန်မပျယ်သေးတဲ့ ဇာတ်ရုပ် ဆက်ကလိုက်တော့ သူငယ်အုပ်စုထဲက တစ်ယောက်က ပြောင်စပ်စပ်နဲ့ ...."မောင် ဒီမှာလေ...မောင်ဒီမှာလို့ ပြောတာကြောင့် အကင်းပါးတဲ့ ဒွေးမတို့က ချက်ချင်း ကျွန်တော်တို့တွေ အုပ္စုကို လက်ယပ်ခေါ်ရင်း......
"ဟေး.ကောင်မတို့ရေ မောင့်ကိုတွေ့ပြီ.....မောင့်ကို လာကြည့်ပါဦး...." လို့ အော်ခေါ်တော့တာပဲ။ အဲ့လို တစ်ယောက်ထောင်ရင် အုပ်စုလိုက်ရတာ။ အမှတ်ရတာက အဲ့ဒီည သူငယ်တွေ ဝယ်သောက်နေတဲ့ ဝီစကီတစ်လုံးနဲ့ အမြည်းထုပ်လေးတွေက ကျွန်တော်တို့တွေ အားပါးတရ စားသောက်ခွင့် ရခဲ့တာလေ။
သူငယ်တွေအနား လူခွဲတန်းချပြီးကပ်၊ သူတို့ကတီး ကျွန်တော်တို့တွေကဆို.....အမယ် ဟုတ်နေတာများ။ ကျွန်တော်က လိုက်ယောင်တာပါ။ ဒွေးခင်ခင်ကတော့ သူတို့ တီးသမွ် အကုန်ရတယ်။သည်ကြားထဲ သူက တီးတဲ့လူကို ဟိုသီးချင်းတီးဦး၊ သည်သီချင်းတီးဦး တောင်းဆိုတတ်သေးတာပါ။ 
လိုက်ဆိုရုံ ဘယ္ကမလဲ.....အဲ့အချိန်က ထွန်းအိန္ဒြာဗိုလ် ရဲ့ ၁၉၉၉ Album ထဲပါတဲ့ "ခေါင်းကလေး လှူပ်ကာ ....လမ်းလျှောက် သွားရင်...ကောင်လေးတွေကြည့်တယ်.... မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တပုံကြီးပါလာမယ်......"ဆိုတာလေးကို မတ္တပ္ထ လမ်းတွေလျှောက်၊ မ်က္လုံးမ်က္ခုံး ခြေလက်အိုက်တင်တွေလုပ် သရုပ်ပြတော့ သူငယ်တွေက တဝါးဝါး တဟားဟားနဲ့။ ဟိုလိပ် ဒီလိပ် နဲ့ အဆင်ပြေတဲ့နား လူစုခြဲ စားသောက်ရတာပေါ့။
ကျွန်တော် ကားယူလာတဲ့နေ့ဆိုရင်တော့ ကားဖင်ထောင်နေအောင်ကို လူဆံ့သလောက်တင် သွားချင်တဲ့နေရာ အကုန္သြားတာ။ ကား မပါတဲ့နေ့ဆိုရင်တော့ ခြေရှည်တဲ့အပုန်းမတွေ ပုဂံတံတားပေါ်ကဆင်းပြီး ကန်ဘောင်ကနေ နာရီပြန် ၂ ခ်က္တီးထိ အိမ်မပြန်နိုင်ကြ သေး ပါဘူး။သည်လောက်နဲ့ ပြန်ရိုးထုံးစံကမရှိ ၊ ကန်ဘောင်ကဆင်း ကန်လမ်းကိုဖြတ်၊ အင်းစိန်လမ်းမပေါ်တက် သိရီမင်္ဂလာဈေး ဈေးကြို ဒိုင်နာစီးပြီးလိုက်သွားကြရော။ ဈေးကြိုဆင်းတယ် မထင်လိုက်ပါနဲ့......သီရိမင်္ဂလာဈေး ကုန်ထမ်းပန်းထမ်း၊ သစ်သီးထမ်း အညိုစင် အတောင့်တွေ အထောင်ဆင်းကြတာပါ။ မသိရင် ကုန်စိမ်းသည်အပုန်းမတွေ ဈေးဆင်းသလို လှည့်ပတ်လျှောက်ကာ ဆိုင်ခံက သူငယ်တွေ ဟိုလွတ် သည်လွတ် အိပ်နေတာတွေ အရသာခံကြည့်ကြဆိုပါတော့။
ဝေလီဝေလင်း ကျီးအာချိန်ကျမှ နီးစပ်ရာ လက်ဖက်ရည်ဆိုင်ထိုင် အညောင်းဖြေ ဗိုက်ဖြည့်ရင်း တစ်နေ့တာ ည ၈ နာရီ မွ အရုဏ်တက် ထိ အဖြစ်အပျက်တွေ စမြုံ့ပြန် စခြီထ ကြိုက်တာမှာစားကြတာပေါ့။
အဲ့ခေတ် အဲ့အချိန်ကတော့ အခုခေတ်လို လိင်တူကြိုက်သူတွေဟာ အေခ်အမိုး မရှိကြတာလေး ထည့်ပြောရဦးမယ်။ ဘယ္သြားသြား ကားခဆိုကြုံတဲ့ ဦးတဲ့လူကေပးလိုက္တာပဲ။ လက်ဖက်ရည်ဖိုးဆိုလဲ....ဟဲ့ကောင်မ ရော့ ၂၀၀...ရော့ ၃၀၀ ပါသလောက် မျှပေးစု ရှင်းလိုက်တာပဲ။ သူက ဒီလောက်ပဲပေးတာ၊ ငါက ဘယ်လောက်ပေးရတာဆိုတာမျိုး ဘယ်သူမှမပြောသလို၊ များများပေးရသူကလဲ ပေးရတာများလို့ စိတ်ထဲ မကျေမနပ် မရှိကြပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပြောမနာဆိုမနာ အပြိုင်အဆိုင်မရှိကြတာလေးကတော့ အဲ့ခေတ်က လိင်တူချစ်သူတွေရဲ့ စိတ်နေစိတ်ထားပါပဲ။ 
လမ်းခွဲ အိမ်ပြန်ကြပြီဆိုရင်တော့ ကျွန်တော်တို့တွေ မ်က္လုံးမ်ားက မျက်တွင်းဟောက်ပက်နဲ့ ဖြစ်နပါပြီ။ ဒါပေမယ့်ပျော်တယ်။
အိမ်ကလူတွေ မိုးလင်းမှ ပြန်လာတာကို မိသွားလို့ကတော့ ပါစပ်ထဲရှိသမျှ သူငယ်ချင်းရဲ့မိဘတွေ၊ အမျိုးတွေကို သေခိုင်းပြီး အသုဘအိမ် ကူနေတယ်ပြောလိုက်တာပဲ။ တခါတလေလည်း မွေးနေ့ဆိုပြီး လှိမ့်ရတာပေါ့။
လိမ္ထားတဲ့ နာရေး သို့မဟုတ် မွေးနေ့အကြောင်းပြ အိပ်နေတုန်း လေးအိမ်ကျော် ကြိုးဖုန်းရှိတဲ့ အိမ်မှ အမကြီးက သုတေရ ဖုန်းလာတယ်ဟေ့....ဆိုပြီး အိမ်ပေါက်ဝကနေခေါ်ပြောတော့ အိပ်ချင်မူးတူး ဘယ္သူမ်ားလဲ လို့စိတ်တိုတိုနဲ့ ဖုန်းပြေးကိုင်လိုက်တာ အောင်မလေး....ရတနာပီတိ ဂွမ်းဆီထိ ဝမ်းသာလုံးကိုစို့ သြားတာပဲ။ လုံးဝ မထင်ထားတဲ့ မနေ့ညက အိမ်လိုက်ပို့ခဲ့တဲ့ ထက်ထက်လေ။
အိပ်ချင်နေတဲ့စိတ်တွေ တိုနေတဲ့စိတ်တွေ အရည်ပျော်ကျ မေလိခ ဖြစ်ရပြန်တာပေါ့။
သတိရလို့ တဲ့.....၊လွမ်းလို့တဲ့ ညက် တံတားကို လာပါလားတဲ့.....။ လာမှာပေါ့ လာရမှာပေါ့....။ အကြောင်းပြန် မောင်းမကန်မှာ လေညှင်းခံဖို့ ဖြစ်လာပြီမဟုတ်လား.....။ထက္ထက္ကို ည ၇ နာရီ တံတားပေါ်ကစောင့်မယ်ပြောဆို ချိန်းထားလိုက်တယ်။
ညနေစောင်းထဲက ရေမိုးချိုး အလှဆုံးတွေဝတ် ၊ အေဖ ကားဝိုင်းကပြန်အလာကို အိမ်ပေါက်ဝက ထိုင်စောင့်နေတာပါ။ အေဖ ကားစက်သတ် အိမ်ပေါ်တက်လိုက်တာနဲ့ ကားသော့တောင်းရင်း သူငယ်ချင်းမွေးနေ့ဆိုပြီး အဖေ့ရဲ့ မနေ့ကတော့ အသုဘစောင့် ဒီနေ့တော့မွေးနေ့ဖြစ်ပြန်ပြီ ဆိုတဲ့စကား မကြားချင်ယောင်ဆောင်ကာ ကားကို ပုဂံတံတား မောင်းချလာတာပေါ့။ လူမစုံသေးခင် ထက်ထက် နဲ့ သူ့ ညီအကိုဝမ်းကွဲ တက်လာတော့ ကျွန်တော်က အိနြေ္ဒကြီးနဲ့ ပြိုပြရတာပေါ့။
မှောင်လာတာနဲ့အမျှ အပုန်းတွေ၊ သူငယ်တွေ ဟိုတစ္စု သည်တစ်စုဖြစ်လာတဲ့အကြားထဲမယ် ထက်ထက် လက်ကလေးစွဲကိုင် လမ်းလျှောက်ရတာများ တံတားရဲ့ ကြမ်းပေါ် ခြေဖျားမထိသလို မြောက်ကြွမြောက်ကြွကိုဖြစ်လို့။ အိမ်ပြန်မယ်ဆိုတော့ ကိုယ့်ကားနဲ့ လိုက်ပို့ ရေကျော်ထိပ်က ပန်းခြံရှေ့ရောက်တော့ သူ့ညီအကို၀မ်းကွဲက အလိုက္တသိ ကားပေါ်ကဆင်းပြန်သွားနှင့်တော့မှ ထက်ထက် နဲ့ အချစ်စခန်း တစ်စခန်းထရတာ မကိတ်ပေမယ့် တီတီတာတာ အညု အချွဲက ပ်ားသကာလို ချိုမြိန်လှတယ်။
ရှစ်ထပ်တိုက် ရဲ့ အပေါ်ဆုံးအခန်းလို့ လက်ညှိးထိုးပြလို့ မော့ကြည့်ပြီးနောက် အစ်ကို့ကို အဲ့တံတားပေါ် မသွားစေချင်ဘူး၊ အခြောက်တွေ ကမ်ား လူရှုပ်လို့ အိမ်ပြန်တော့ လိုမှာပါတယ်။ ခေါင်းသာငြိမ့်ခဲ့တာ သည်က အခြောက်မ ဘယ်လိုလုပ် ရိုးရာဖျက်ရမတုန်း၊ တော်ကြာ တံတားစောင့်နတ်ကြီးကိုင်မှ ဒုက္ခ။ တံတားပေါ်က ကောင်မတွေကို လင်တော်မောင်ရဲ့ အပေးအကြွေး တြတ္တီး တွတ်တာတွေ ဖောက်သည် ပြန်ချရဦးမှာပေါ့။
နောက်နေ့လဲ ထက္ထက္ဆီက ဖုန်းလာတယ်။ တံတားပေါ် မသြားဘဲ သူ့တိုက်အောက် ည ၇ နာရီ ချိန်းလို့ သွားတွေ့တယ်။ သူတစ်ယောက်ထဲ ဆင်းလာတာမို့ ပုစွန်တောင်ကနေ ဗိုလ်တထောင်ကမ်းနားသွား မြိုင်ထ သြားက ကြတယ်လေ။
ချစ်တော့လည်း သူ့စကားနားထောင် ပုဂံတံတား မသွားတော့ဘူးပေါ့။
မကြာဘူး တစ်ပတ်လောက်ထိ ပုဂံတံတားနဲ့ အဆက်ဖြတ် ထက်ထက် ဆီဓာတ်ကျနေရင်း တစ္ညေတာ့.....
မင်းသားဒွေးရဲ့ ညီ သားညီ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ပြီး အပျော်စီးသငေ်္ဘာကြီးပေါ်မှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးမှာ ဒုတိယမင်းသားနေရက သရုပ်ဆောင်ဖို့ သွားရမည်ဖြစ်ကြောင်း၊ အဝတ်အစားတွေ မလုံလောက်လို့ရယ် ငွေကြေး မပြည့်စုံတာရယ်ကြောင့် စိတ်အရမ်းညစ်နေကြောင်းပြောပါရော။
တဆက်တည်း ငွေ ၅ သောင်းချေးဖို့ ၊ ရိုက္ခေတြ ပြန်ရလာရင်တော့ ပြန်ဆပ်မည့်အကြောင်း၊ ငွေ ၅ သောင်းမကူညီရင်တောင် အဝတ်အစားလေးတွေ ခဏငှားဖို့ပြောလို့ ဒီက ငသုတ တို့ စိတ်မကောင်းသနားပြီး ပြန်ခဲ့ရတာပေါ့။
ရိုက်ရက်က နှစ်ပတ်ကြာမှာ၊ သဘက်ခါ ညေန ၄ နာရီ၊ သာကေတ ဆိပ်ကမ်းတစ်ခုမှ သငေ်္ဘာထွက်မှာမို့ ကျွန်တော့် အကျႌ ဘောင်းဘီ တွေကို ၃ နာရီလောက် လာပို့ပေးပါလို့ တောင်းဆို ထားတယ်။ အဲတာကြောင့် သူပြောသလို အများကြား မျက်နှာ မငယ်ရအောင် အိမ်ရောက်တော့ ဘီရိုကြီးဖွင့် ကောင်းပေ့ သစ်ပေ့ အကျႌ၊ ဘောင်းဘီတွေထုတ် ချမ်းရင်ဝတ်ဖို့ လည်သာဂျက်ကက်တောင်အဆစ်ထည့် ထုတ်ထားလိုက်တယ်။
သူ့ ကုသိုလ်ကံကလည်း အဲ့နေ့အဖေက ကားတစ္စီး ပွဲတည့်လာပြီး ပြဲခ ၁သိန်း ၆ သောင်းကို ဘီရိုထဲ ထည့်ခိုင်းတာမို့ ၃ သောင်း နှုတ်ပီး သိမ်းထားလိုက်ပါတယ်။
ချိန်းထားတဲ့နေ့ နေ့လယ် ၁၂ နာရီလောက် ဖုန်းခေါ်လို့သွားကိုင်တာ ညေန ၃ နာရီ တိုက်အောက်ကစောင့်မည်ဖြစ်ကြောင်း၊ ကျွန်တော့် ကားနှင့် သာကေတဆိပ်ကမ်းကို လိုက်ပို့စေလိုကြောင်း၊ ၃ နာရီ သူ့တိုက်အောက်မှစောင့်မှာဖြစ်ကြောင်းတွေပြောပြီး ဖုန်းချသွားသည်မို့ အခက်တွေ့ပြီ.....။
တစ်ခါတလေ အေဖက နေ့လယ်ဘက် အိမ်ပြန်မလာဘူးလေ။ ညေနဆိုလဲ ၅ နာရီလောက်မှ ရောက်တာ။ ခုက ၃ နာရီ....။
မထင်ထားဘဲ အေဖက ၁ နာရီလောက် အိမ်ပြန်ထမင်းစားတာကြောင့် အေဖ ဒီနား ခဏနော်ဆိုပြီး အထုတ်ကြီးတင်၊ ကားမောင်းကာ ထက်ထက်ဆီပြေးလာရတာပေါ့။အဲ့အချိန်က လက်ကိုင်ဖုန်းတွေ မရှိသေးတာမို့ အေဖကေတာ့ အိမ္ကေန ဘယ်လိုက်ရမှန်းမသိ ကျန်ခဲ့တာ။
စောနေလို့ တိုက်အောက် ၄၅ မိနစ်လောက်စောင့်ရသေးတယ်။ ဆင်းလာတော့ သူ့အမေကြီးနဲ့။
သူတို့သားအမိက ကိုယ့်များ Taxi ဆရာကျနေတာပဲ၊ အထုတ်တွေ သယ်ရ၊ ချိုင့်တွေဆွဲရနဲ့ ချစ်ရသူ စိတ်ကြည်ဖြူဖို့ လုပ်ပေးပြီး ဆိပ်ကမ်းလိုက်ပို့ရတာများ။ သူ့အမေပါတော့ အလွမ်းတောင်မသယ်နိုင်ပါဘူး။ သားအမိ နှစ်ယောက်ကော့ကော့လေး ထြက္သြားမွ အိမ်ပြန်လာခဲ့ရတာပေါ့နော်။
အဲ့နေ့မှစပြီး နှစ်ပတ်အတွင်းအဆက်အသွယ်ပြတ်သွားတဲ့ကြား ချစ်သူစကားနားထောင်စွာ ကိုသုတတို့ အိမ်ကပ်နေတာပေါ့။
တစ်နေ့ မွာ ညနေစောင်း ကျွန်တော်နဲ့ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်နေတဲ့ ငယ်သူငယ်ချင်း ဝင်းနိုင်ဆိုတာ ရောက်လာတယ်။ သူက မတွေ့တာကြာလို့ရယ်၊ စကားတွေပြောချင်တာရယ်ကြောင့် အိမ်အနားက လက်ဖက်ရည်ဆိုင်မှာဘဲ ထိုင်ဖြစ်ကြပါတယ်။
နင် နဲ့ မတွေ့တာလဲ ကြာပြီနော် လို့ စကားစလိုက်တော့ သူက ဆံပင်မိတ်ကပ်ဆိုင်တခုမှာ အလုပ်လုပ်နေကြောင်း၊ ညဘက်တွေတော့ အားကြောင်း၊ ညဘက်တွေမှာ သူ့လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာသူငယ်တွေ အထိုင်များကြောင်း၊ မိတ်ဆက်ပေးနိုင်ကြောင်း ပြောတော့ သဘောတွေခွေ့ရပြန်။ သူနေတဲ့ မင်းရဲကျော်စွာလမ်းဘက် ခြေဦးပြောင်းလိုက်တယ်။
ဟုတ်ပါရဲ့.....
တကယ်လဲ ဝင်းနိုင်က လမ်းထဲ၊ ရပ်ကွက်ထဲက သူငယ်တွေအပေါ် သြဇာညောင်းတယ်ဗျ။
ထိုင်နေရင်း ဝင်လာတဲ့ သူငယ္မ်ားဆို ဟေ့ကောင်လာဦးဆိုပြီး ခပ်တည်တည် လှမ်းခေါ်တာ။သူ့ပုံစံက လုံးဝ မနွဲ့တဲ့ ယောက်ကျားစစ်စစ် ပုံဘဲ။ လုပ်တော့သာ ဆံပင်မိတ်ကပ်နော်။
သူခေါ် လိုက်တဲ့ သူတိုင်းက ဟုတ်ကဲ့ အကိုဆိုပြီး ရို့ရိုကျိုးကျိုး ဘေးနားကပ်ထိုင်တော့တာ။
သူ့အကြောင်းပြော ကိုယ့်အကြောင်းပြောနဲ့ စပ်မိစပ်ရာပြော၊ ပုဂံတံတားပေါ် လူစည်တဲ့၊ အပုန်းစည်တဲ့အကြောင်း ရောက်သွားတော့ လိုက်ကြည့်ချင်တယ်ဆိုလာပါရော။
အဲ့တော့လည်း သွားမယ့်နေ့ညနေ သူ့ဆိုင်ကစောစောပြန်ခိုင်းပြီး သွားခေါ်ကာ မြို့ထဲ ထွက်လာတော့ မိုးချုပ်နေပြီ ဆိုပါတော့။
တံတားပေါ်တက်ချိန် ကိုယ္က စီနီယာဆိုတော့ကာ ဂျူနီယာကို သူကတော့အပုန်း၊ သူကတော့အပွင့်၊ သူကေတာ့ ဇြတ္က်ား ဘာညာသရကာ လမ်းပြရတာပေါ့။
တံတားပေါ်တက်လာတဲ့ ကိုယ့်အပေါင်းအသင်းတွေ တစ်ယောက်တက်လာ တစ်ယောက်နဲ့မိတ်ဆက်ပေးရတာအမော။
ထူးခြားစွာ ရက်ကျဲကျဲလာတတ်တဲ့ ကိုမျိုးဆိုသူက ပုဂံတံတားပေါ်တက်လာပြီး သိတဲ့အတိုင်း အပုန်းသဘာဝမြေကြွမတတ် ထယြ ကြတာပေါ့။ သူက စခွီလေ။ ကိုမျိုးက အဲ့နေ့ကမှ ဆံပင်ညှပ်လာတာမို့ နဖူးပြောင်ကို ဆံပင် အနောက်သပ်တင်ထားတာကြောင့် ဝင်းနိုင်က ဆံပင်ညှပ်ဆရာပီပီပြောပြီ။ အမေလး ဒွေး ကေကြီးနဲ့ နွှဲခါနေတာ ဒွေးခင်ခင် လို့ ခေါ်ရမယ်လို့ ရီရီမောမောပြောချ လိုက်တော့ ....
ကောင်မ ငါ့ကိုမ်ား ဒွေးခင်ခင်တဲ့.....
ဟယ် ....ငါလဲဒွေး ကေ ဆိုပြီးညှပ်လာတာဘဲဟဲ့...မဆိုးဘူး နာမည်မိုက်တယ် ဒွေးခင်ခင် ဆိုတော့လဲ ဒွေးခင်ခင်ပေါ့ ဟယ်....လို့သဘောတော်ကျ ဒွေးခင်ခင်အစ ဆိုပါတော့။ အဲနေ့ကစလို့ ကိုမျိုးကနေ ဒွေးခင်ခင် လို့ ခေါ် တွင်ခဲ့တာပါဘဲ။
တံတားကြီးပေါ် အပုန်းတစ်အုပ်လှည့်ပတ် လမ်းတွေလျှောက်၊ စခွီထနေစဉ် တံတားဘောင်ပေါ်ထိုင်နေရင်းနဲ့ သူငယ်တွေ မျက်စိအစာကြွေးပြီးနောက် လေဟာပြင်ဈေးဘက် အတက်အဆင်းလုပ်တဲ့အနား ကျွန်တော်ရပ်ကာစကားပြောနေတုန်း....
"သူငယ်ချင်းရေ ကူညီပါဦး။ ငါ့ကိုဓားထောက်လုတာ ပိုက်ဆံအိတ်ပါသွားပြီ....အီးဟီး...."ဆိုလျက် လှေကားပေါ်ပြေးတက်လာပြီး တစ်ယောက်သောသူ ချုံးပွဲချ ငိုပါလေရော။ အလုခံရသူက ကိုယ်တွေအဖွဲ့ နဲ့ မျက်မှန်းတန်းမိရုံသာ။
အကြောင်းက ပုဂံတံတားပေါ်များတက်လာရင် ချေမိုးပြီး တစ်လောကလုံးကို ဘောင်ခတ်ကြည့်တဲ့အပုန်းမလေ။.....ဒီကြားထဲ မိန်းမကိုင်အိတ်လိုလို၊ အပုန်းကိုင်အိတ်လိုလို ဘာတွေထည့်ထားမှန်းမသိတဲ့ လယ်သာအနက်ရောင် အိတ်ကြီး ချိုင်းညှပ်ထား သေးတာ။
အကြောင်းရှိလာတော့လည်း ဒီအပုန်းမချင်းဘဲ အကူအညီပြေးတောင်းရတာပေါ့။ အဲ့တော့....မေးရပြီ....
ဘယ္သူလုတာလဲ? ဘယ်နေရာလဲပေါ့။
သူပြောတဲ့ ပုံစံက ကိုယ်လဲ မသိပါဘူး....။ သူက တံတားပေါ်မှာ စကားသွားပြောလို့ အဆင်ပြေတာနဲ့ လေဟာပြင်ဘက်တံတားအဆင်း နားက ဝိတ်ရုံ ( အလေးမရုံ) ရွိတဲ့ တိုက်လှေကား ဒုတိယထပ္ကို တက်ပြီး စော်ကားတာတဲ့။ ပထမအဆင့်မှာပဲ လည်ပင်းကို ဓားမြှောင်နဲ့ ထောက်ထားပြီး ပိုက်ဆံအိတ်ပေးစမ်းလို့တောင်းလို့ ပေးလိုက်ရတယ်တဲ့လေ။
ဟယ် ပိုက္ဆံ ဘယ်လောက်ပါသွားတုန်း ဆိုတော့ လေးငါးသောင်းလောက်ရှိမယ်ထင်တယ်တဲ့..။
တော်သေးတာပေါ့ လူကို ဘာမွလုပ္မသြားတာ။ အိတ်ယူပြီး ဆင်းသွားတော့ နင်အော်ရမှာ ဆိုတော့.....သူက အော်ရင် အသေသတ်မယ် နောက်မှ ဆင်းလာနော် ဆိုပြီးပြေးဆင်းသွားတာ လို့ပြောရင်း ထပ်ငိုပြန်ရော။
အိတ်ထဲ မှတ်ပုံတင်နဲ့ ရွှေအပေါင်ဘောင်ချာတစ်ခု ပါသွားတယ်တဲ့......။
ရေးသားသူ - သုတလုလင်
To be continued
(၁၉၉၀ နှစ်၀န်းကျင်လောက်က ယခုခေတ်လို တည်းခိုခန်းတွေ၊ SPA တွေ၊ Offer တွေ မရှိသလောက်ရှားပါးတာကြောင့် လိင်တူနှစ်သက် သူအမ်ားစုဟာ မိန်းမလို၀တ်ဆင်သူလောက်သာ လိင်တူကြိုက်နှစ်သက်သူအဖြစ် အသိရှိကြတဲ့အချိန်မှာ အခုဖော်ပြမယ့် ရာဇ၀င်ထဲက ပုဂံ လိုပဲ ဖြစ်တည်နေခဲ့ကြတာပါ။ လိင်တူကြိုက်တော့ လိင်တူကြိုက်သူစုတဲ့နေရာရှာပြီးသွားရတာပေါ့။ LGBTs ဆိုတဲ့ အသုံးအနှုန်း တောင် ၂၀၁၀ခုနှစ်နောက်ပိုင်းမှ သုံးစွဲလာတာပါ။ စိတ္ကူးထဲကေတာ့ မင်းသားတစ်ယောက်ကိုပဲ လင်တော်ချင်တာဆိုပေမယ့် ကိုယ့်ရုပ်ရည်က မင်းသားတစ်လက်ကိုရနိုင်တဲ့ ရုပ်ရည်အနေအထားမရှိသူမို့ ရတဲ့လူ ဆွဲယူပြီး သစ္စာရှိရှိပေါင်းသင်းမယ်ဆိုပါတော့။ အဲသည်လူမရှိတုန်း ကိုယ်ကြိုက်နေတဲ့ မင်းသားက အိမ်ရောက်လာရင် အဲ့အချိန် သစ္စာဆိုတာကြီးကို စောင်နဲ့အုပ်ပစ်လိုက်မယ်ထင်ပါရဲ့။ ဥပမာ ပြောပြတာပါ။။ လူတကာနဲ့ဖြစ်တယ်၊ တွေ့ရာလူကိုဆွဲကြိုက်လိုက်တာပဲလို့တော့ တစ္ထစ္ခ် မသတ်မှတ်သင့်ပါဘူးနော်။)
ရာဇဝင်ထဲက ပုဂံ (အခန်း ၃)
ထိုအချိန်ကာလ အဖေက ကားဝယ်ရောင်းလုပ်နေတာဆိုတော့ မနက်ဆို သံသုမာ ကားဝိုင်းထဲသွား၊ ညနေ ပြန်လာ၊ ကျွန်တော်က အဖေ့ကားယူ ဒီနား ခန ဆိုပြီး မြို့ထဲရောက်လာတော့တာပဲ။
‘ဘယ်ကလဲ’ လို့မေးလိုက်တော့ ပုဇွန်တောင် ‘ရေကျော်က’တဲ့။
‘အော် ဟုတ်လား’ပေါ့။
‘အကိုကရော’ လို့မေးတော့ ‘တောင်ဥက္ကလာပက’ လို့ ဖြေတော့ ‘အဝေးကြီးပဲ’တဲ့။
‘နာမည်ဘယ်လိုခေါ်သလဲ’ဆိုတော့ ‘ထက်ထက်’ တဲ....မော်ဒယ်သင်ဆန်းဆင်းတစ်ယောက် ဖြစ်သလို မကြာခင် ရုပ်ရှင်ကားကြီး တစ်ကားမှာ သရုပ်ဆောင်တော့မှာဆိုတော့ အပုန်းတွေကြား အနူတော လူချော ဖြစ်ရချည်ရဲ့။
နောက်တစ်ယောက်က ဇာနည်။
မျက်နှာချိုချို ခပ်ပြည့်ပြည့် ထက်ထက်က စကားပြောတာဆိုတာ သိပ်ချစ်ဖို့ကောင်းတယ်။....ဇာနည်က ထက်ထက်နဲ့ ညီအစ်ကိုဝမ်းကွဲ တော်တယ်လို့ ထက်ထက်က မိတ်ဆက်ပေးသေးတယ်။ မှတ်မိသလောက် ဇာနည်က အဲ့အချိန် လူတိုင်းမထိုးတဲ့ တက်တူးကို လက်မောင်းမှာ ထိုးထားကာစ။
ပျော်ပြီလေ။
သဘောပေါက်လွယ်တဲ့ ထက်ထက်က ဘာလို့လဲလို့ အမေးအဆုံး....ချစ်လို့ လို့ဖြေလိုက်တယ်။
‘တကယ်ချစ်တာလား၊ ထက်ထက်က အပျော်မချစ်ချင်ဘူး အတည်ချစ်ချင်တာလို့’ ပြန်ပြောလာတော့ ရင်ခုန်သံက အရှေ့တောင်အာရှ အားကစားဖွင့်ပွဲ ဘင်ခရာတီးဝိုင်းလို ဝုန်းဒိုင်းကျဲနေလိုက်တာ။
မင်းမင်း နဲ့ အတူ မိုက်ကယ်၊ ဖိုးဆိုး၊ ကိုမျိုး၊ မိုးမင်းကျော်၊ ကိုလတ်တို့တွေ့တော့ အူယားဖားယား လင်အသစ်စက်စက် ချစ်သူ အသစ်လေး မော်ဒယ်ပေါက်စ၊ မင်းသားဖြစ်မယ့် ကောင်လေး နဲ့ ကြုံဆုံ လိုက်ရပုံ၊ အိမ်လိုက်ပို့ ပုံ၊ ချစ်တယ်အဖြေပေးပုံ ပါးနမ်းသွားတာကအစ တပျော်တပါး ဂုဏ်ဆာပြလိုက်တော့
"ဘာ နာမည်က ထက်ထက်....ဟုတ်လား ချော်ကောက်မ နာမည်ကြီးလို့ ကိုမျိုက မေးပြောပြောတော့...."
ကျွန်တော်တို့ထဲက ကိုမျိုး ( ဒွေးခင်ခင်= သူ့ကိုဒွေးခင်ခင် ခေါ်တာ နောက်တော့ ရှင်းပြပါမည်) နောက်ထပ် သီချင်းစာသားတစ်ကျော့ ပြန်လာချိန် လှေကားပေါ် ရုတ်တရက် အပြေးတက် သွားပြီး "မောင်ရေ....ချစ်လာပြီ သတိရနေလား....လွမ်းနေပြီလားလို့ အသံဗြဲကြီးနဲ့ အော်ကာ သူတို့အနားကို ရုပ်ရှင်ထဲက ချစ်သူတွေဖက်တဲ့ slow motion စတိုင်လ်နဲ့ ပြေးပါလေရော။
လိုက်ဆိုရုံ ဘယ်ကမလဲ.....အဲ့အချိန်က ထွန်းအိန္ဒြာဗိုလ် ရဲ့ ‘၁၉၉၉ Album’ ထဲပါတဲ့ "ခေါင်းကလေး လှူပ်ကာ ....လမ်းလျှောက် သွားရင်...ကောင်လေးတွေကြည့်တယ်.... မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တပုံကြီးပါလာမယ်......"ဆိုတာလေးကို မတ်တပ်ထ လမ်းတွေလျှောက်၊ မျက်လုံးမျက်ခုံး ခြေလက်အိုက်တင်တွေလုပ် သရုပ်ပြတော့ သူငယ်တွေက တဝါးဝါး တဟားဟားနဲ့။ ဟိုလိပ် ဒီလိပ် နဲ့ အဆင်ပြေတဲ့နား လူစုခွဲ စားသောက်ရတာပေါ့။
ဝေလီဝေလင်း ကျီးအာချိန်ကျမှ နီးစပ်ရာ လက်ဖက်ရည်ဆိုင်ထိုင် အညောင်းဖြေ ဗိုက်ဖြည့်ရင်း တစ်နေ့တာ ည ၈ နာရီ မှ အရုဏ်တက် ထိ အဖြစ်အပျက်တွေ စမြုံ့ပြန် စခွီထ ကြိုက်တာမှာစားကြတာပေါ့။
လမ်းခွဲ အိမ်ပြန်ကြပြီဆိုရင်တော့ ကျွန်တော်တို့တွေ မျက်လုံးများက မျက်တွင်းဟောက်ပက်နဲ့ ဖြစ်နပါပြီ။ ဒါပေမယ့်ပျော်တယ်။
မှောင်လာတာနဲ့အမျှ အပုန်းတွေ၊ သူငယ်တွေ ဟိုတစ်စု သည်တစ်စုဖြစ်လာတဲ့အကြားထဲမယ် ထက်ထက် လက်ကလေးစွဲကိုင် လမ်းလျှောက်ရတာများ တံတားရဲ့ ကြမ်းပေါ် ခြေဖျားမထိသလို မြောက်ကြွမြောက်ကြွကိုဖြစ်လို့။ အိမ်ပြန်မယ်ဆိုတော့ ကိုယ့်ကားနဲ့ လိုက်ပို့ ရေကျော်ထိပ်က ပန်းခြံရှေ့ရောက်တော့ သူ့ညီအကိုဝမ်းကွဲက အလိုက်တသိ ကားပေါ်ကဆင်းပြန်သွားနှင့်တော့မှ ထက်ထက် နဲ့ အချစ်စခန်း တစ်စခန်းထရတာ မကိတ်ပေမယ့် တီတီတာတာ အညု အချွဲက ပျားသကာလို ချိုမြိန်လှတယ်။
နောက်နေ့လဲ ထက်ထက်ဆီက ဖုန်းလာတယ်။ တံတားပေါ် မသွားဘဲ သူ့တိုက်အောက် ည ၇ နာရီ ချိန်းလို့ သွားတွေ့တယ်။ သူတစ်ယောက်ထဲ ဆင်းလာတာမို့ ပုစွန်တောင်ကနေ ဗိုလ်တထောင်ကမ်းနားသွား မြိုင်ထ သွားက ကြတယ်လေ။
မကြာဘူး တစ်ပတ်လောက်ထိ ပုဂံတံတားနဲ့ အဆက်ဖြတ် ထက်ထက် ဆီဓာတ်ကျနေရင်း တစ်ညတော့.....
မင်းသားဒွေးရဲ့ ညီ သားညီ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ပြီး အပျော်စီးသင်္ဘောကြီးပေါ်မှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးမှာ ဒုတိယမင်းသားနေရက သရုပ်ဆောင်ဖို့ သွားရမည်ဖြစ်ကြောင်း၊ အဝတ်အစားတွေ မလုံလောက်လို့ရယ် ငွေကြေး မပြည့်စုံတာရယ်ကြောင့် စိတ်အရမ်းညစ်နေကြောင်းပြောပါရော။
တဆက်တည်း ငွေ ၅ သောင်းချေးဖို့ ၊ ရိုက်ခတွေ ပြန်ရလာရင်တော့ ပြန်ဆပ်မည့်အကြောင်း၊ ငွေ ၅ သောင်းမကူညီရင်တောင် အဝတ်အစားလေးတွေ ခဏငှားဖို့ပြောလို့ ဒီက ငသုတ တို့ စိတ်မကောင်းသနားပြီး ပြန်ခဲ့ရတာပေါ့။
ရိုက်ရက်က နှစ်ပတ်ကြာမှာ၊ သဘက်ခါ ညနေ ၄ နာရီ၊ သာကေတ ဆိပ်ကမ်းတစ်ခုမှ သင်္ဘောထွက်မှာမို့ ကျွန်တော့် အင်္ကျီ ဘောင်းဘီ တွေကို ၃ နာရီလောက် လာပို့ပေးပါလို့ တောင်းဆို ထားတယ်။ အဲတာကြောင့် သူပြောသလို အများကြား မျက်နှာ မငယ်ရအောင် အိမ်ရောက်တော့ ဘီရိုကြီးဖွင့် ကောင်းပေ့ သစ်ပေ့ အင်္ကျီ၊ ဘောင်းဘီတွေထုတ် ချမ်းရင်ဝတ်ဖို့ လည်သာဂျက်ကက်တောင်အဆစ်ထည့် ထုတ်ထားလိုက်တယ်။
သူ့ ကုသိုလ်ကံကလည်း အဲ့နေ့အဖေက ကားတစ်စီး ပွဲတည့်လာပြီး ပွဲခ ၁သိန်း ၆ သောင်းကို ဘီရိုထဲ ထည့်ခိုင်းတာမို့ ၃ သောင်း နှုတ်ပီး သိမ်းထားလိုက်ပါတယ်။
ချိန်းထားတဲ့နေ့ နေ့လယ် ၁၂ နာရီလောက် ဖုန်းခေါ်လို့သွားကိုင်တာ ညနေ ၃ နာရီ တိုက်အောက်ကစောင့်မည်ဖြစ်ကြောင်း၊ ကျွန်တော့် ကားနှင့် သာကေတဆိပ်ကမ်းကို လိုက်ပို့စေလိုကြောင်း၊ ၃ နာရီ သူ့တိုက်အောက်မှစောင့်မှာဖြစ်ကြောင်းတွေပြောပြီး ဖုန်းချသွားသည်မို့ အခက်တွေ့ပြီ.....။
တစ်ခါတလေ အဖေက နေ့လယ်ဘက် အိမ်ပြန်မလာဘူးလေ။ ညနေဆိုလဲ ၅ နာရီလောက်မှ ရောက်တာ။ ခုက ၃ နာရီ....။
မထင်ထားဘဲ အဖေက ၁ နာရီလောက် အိမ်ပြန်ထမင်းစားတာကြောင့် ‘အဖေ ဒီနား ခဏနော်’ဆိုပြီး အထုတ်ကြီးတင်၊ ကားမောင်းကာ ထက်ထက်ဆီပြေးလာရတာပေါ့။အဲ့အချိန်က လက်ကိုင်ဖုန်းတွေ မရှိသေးတာမို့ အဖေကတော့ အိမ်ကနေ ဘယ်လိုက်ရမှန်းမသိ ကျန်ခဲ့တာ။
ဟုတ်ပါရဲ့.....
တံတားပေါ်တက်ချိန် ကိုယ်က စီနီယာဆိုတော့ကာ ဂျူနီယာကို သူကတော့အပုန်း၊ သူကတော့အပွင့်၊ သူကတော့ ဇွတ်ကျား ဘာညာသရကာ လမ်းပြရတာပေါ့။
‘ကောင်မ ငါ့ကိုများ ဒွေးခင်ခင်တဲ့.....’
‘ဘယ်သူလုတာလဲ? ဘယ်နေရာလဲ’ပေါ့။
‘ဟယ် ပိုက်ဆံ ဘယ်လောက်ပါသွားတုန်း’ ဆိုတော့ ‘လေးငါးသောင်းလောက်ရှိမယ်ထင်တယ်’တဲ့..။
ရေးသားသူ - သုတလုလင်
To be continued……
No comments: