ရာဇဝင်ထဲက ပုဂံ (အခန်း ၄)
အမေလး နင် ပြောတဲ့ ပုဂံတံတားကလဲ ပျော်စရာကောင်းမလိုလိုနဲ့ ကြောက်စရာလည်းကောင်းပါလား။ သတိတော့ထား ဟေ့လို့ပြောပါသေးတယ်။
အဲညမွာပဲ ဒွေးခင်ခင်ကအစပြု ဝင်းနိုင်အဆုံး အပုန်းတသိုက် သူငယ်ထောင်ခရီး ရန်ကုန်တစ်ခွင်ပြဲပြဲစင်တော့တာပါဘဲ.....။
အခြောက်မဘဝများ အတည်တကျ လင်သားဆိုတာမရှိချိန်ဟာ အပေါင်းအသင်းတွေနဲ့ ဘယ်တောတိုးတိုး မြွေပေါက်မှာလဲ မကြောက်ပါဘူး။ ဘယ်တောင်တက်တက် ပြုတ်ကျမှာလဲမမှူပါဘူး။ခြေထောက်မော်တာတတ်ထားသလို လျှောက်နေရတာလဲ ညောင်းမှန်းမသိပါတော်.....။
တနေ့ညက ဝင်းနိုင်မပါဘဲ တံတားပေါ်ရောက်သွားတော့ ရွှေရင်အေးမင်းမင်းက....."ဟဲ့ ကောင်မရေ ငါ့ညီမ သူငယ်ချင်းက ယောက်ျားယူမင်္ဂလာဆောင်တော့မယ်တဲ့....."လို့ အစမရွိ အဆုံးမသတ် ပြောလိုက်တယ်ဗျ။
သည်လို အဆက်အစပ်မရှိတဲ့ မင်းမင်းစကားကို ကျွန်တော်ကပဲ...
"နင့် ညီမ သူငယ်ချင်း ယောက်ျားယူတာ ဘာထူးဆန်းလို့ လဲဆိုတော့....."
"အော် နင်ကလဲ သူတို့က အလှပြင်မိတ်ကပ်ဆရာ ဈေးသင့်တင့်တာလေး မရှိဘူးလားမေးလို့ အရမ်းလဲ မတတ်နိုင်တော့ဟယ် ဝင်းနိုင် ကို ပြင်ခိုင်းမလားလို့...."
အဲ့လိုကျတော့လဲ ဟုတ္သားဘဲ ခုဆိုဝင်းနိုင်က ဗျူတီဆလွန်းမှာ လုပ်နေတဲ့သူဆိုတော့ အဆင်ပြေတယ်လေ....။သူလဲ ပိုက္ဆံရေပါ့ အဲ့တော့ ဝင်းနိုင် ကိုခေါ်လာ တွေ့ပေးပီး စကားပြောကြပေါ့.....။
ဝင်းနိုင် တို့ ပညာ ဘယ်လောက်တော်လဲ ကိုယ္က သိပ်မသိတော့ သူတို့ချင်းအဆင်ပြေပြီး သတို့သမီးရယ် သတို့သမီးညီမရယ် ပြင်ဖို့ ငွေ သုံးသောင်းနဲ့ လက်ခံ လိုက်တယ်ဆိုပါတော့။ ကြားထဲက သတို့သမီးအတွက် လက်ကိုင်အိတ်ကလေးတောင် မင်းမင်းက ငှားပေးဖို့ တာဝန်ယူလိုက်သေးတယ်.....။
သတို့သမီးကို မနက် လေးနာရီထ ဂွတ္တလစ်ဈေးနားကအိမ်မှာသွားပြင်ရမယ် ဆောင်မှာကလဲ ဂွတ္တလစ်ဈေး နှစ်ကျိုပ်ရှစ်ဆူ ဓမ္မာရုံမှာ။ အဲ့တော့ အခြောက်မ တစ်သိုက် တေနရာလူစု သတို့သမီးပြင်ဖို့ မိုးမလင်းခင် ရန်ကင်းဘက်ခြေဆန့်ရပီလေ.....။ဝင်းနိုင်က မိတ်ကပ်ဘောက်ကြီးကိုင်လို့ ကိုယ္ကေတာ့ သူပေးကိုင်ထားတဲ့ ဆံပင်တု ထုပ်ကြီး နဲ့ မင်းမင်းရယ် ဒွေးခင်ခင်ရယ် လေးယောက်သား သတို့သမီး အိမ်ခပ်တည်တည်တက်ပြင်တော့တာပေါ့.....။
ဝင်းနိုင်က မိတ်ကပ် အလိမ်းအပြု ကတော့တော်ပါတယ်။ သူကလိမ်း ကိုယ္က နံဘေးကနေ သူတောင်းတာ ယူပေးပေါ့။ ရွာလည်တာက ဆံထုံး......။
ဆံထုံးထုံးနေတာ ဘာအဆင်မပြေလဲ မသိ၊ ဘာလိုလဲ မသိ၊ ဆံပင်က ပြေပြေကျလိုက် ဆံညှပ်ဆွဲလဲမမြဲ ကလစ်ညှပ်လဲမရ ဆိုတော့ ဝင်းနိုင်လဲချွေးပြန်နေပြီ.....။
မင်းမင်းက ဘေးက ရွိသမွ် ကလစ်တွေ နဲ့ ထိုး ကလော် လိုက် ဝင်းနိုင်က ညှပ်လိုက် သတို့သမီးလဲ ခေါင်းတွေ ထူပူ မျက်နှာပြာနှမ်းနေပြီ......။
ထုံးလိုက်တိုင်း ခေါင်းပေါ်မှာ နွားချေးပုံ လေး တင်ထားသလို.....။
ခက်ပြီ.....။
သတို့သမီးရဲ့ ညီမကိုလည်း ပြင်ရအုန်းမယ်။ ပွဲထုတ်မှာက မနက် ကိုးနာရီ.....လေ။
အဲ့ဒီမွာ ဖြတ်ထိုးညဏ်သာတဲ့ ဒွေးခင်ခင်က မ်က္စ မ်က္န ပြစ်ပြီး
သမီးလာ မာမီက သမီးကိုလိမ်းမယ် ဆိုပြီး သတို့သမီးရဲ့ ညီမကို အရှေ့မှာ ထိုင်ခိုင်ပြီး မိတ်ကပ်စလိမ်းတော့တာပဲ...။ အခြောက်မ အစွမ်းအစ ဘယ်သေးလိမ့်မတုံး အမြင်နဲ့ အဆင်ပြေအောင်လိမ်တာပေါ့......။ အမှတ်ရသလောက် ဒွေးခင်ခင်ရဲ့ ပထမဆုံး မိတ်ကပ်ပြင်တဲ့ ပွဲဦးထွက်ဖြစ်ခဲ့မယ်ထင်ပါတယ်.....။
သတို့သမီးကတော့ လက်စသတ်ပြီ.....။
လှပါတယ်လေ.....။
သတို့သမီးရဲ့ညီမ ဆံထုံးက အချိန်လဲမလောက်၊ သတို့သမီးလိုရွာလည်မှာလဲစိုးရိမ်၊ အဲ့တော့ ဒွေးခင်ခင်တို့ လည်တာများ အဲအချိန်က ဆုပန်ထွာတို့ ရေပန်းစားနေချိန် ဆံပင်ရှည်လေးကို နှစ်ဖက်ခွဲပြီး ဆံပင်စည်းတဲ့ ဖဲကြိုးလေးတွေနဲ့ ကပိုကယိုချည်တဲ့ စတိုင်လ် ခေတ်စား ကာစဆိုတော့ ဒွေးမက....
"သမီးက ဆံပင်လေးကလဲရှည် ပြင်လိုက်တော့ပန်ပန်နဲ့တူလို့ ပန်ပန့်လို ဆံပင်လေးလုပ်ပေးမယ်ဆိုပြီး လုပ်ပေးလိုက်တာ သတို့သမီးရဲ့ညီမလည်း သဘောခွေ့တော့တာပေါ့.....။
အမွန္ကေတာ့ ဆံထုံး မထုံးတတ်လို့.....။
သတို့သမီး လက်ကိုင်အိတ်ဆိုပီးမင်းမင်းက ထုတ်ပေးတော့....
"ဟဲ့ နင့်အိတ်က ဟန်ကောဂျိုင့်ကြီးလား"... လို့မေးလို့ မင်းမင်းက မသာမ အဲ့တာ မော်ဒန် ပိုက်ဆံအိတ်ဟဲ့ လို့ ရမ်းသမ်းဖြီးသေးတာ။ အမှန်တော့ ပိုက်ဆံအိတ်ဟုတ်ဘူး သူယူလာတာ မိတ်ကပ်ပစ္စည်းတိုလီမိုလီထည့်တဲ့ သတ္တုဘူးကြီး။ အပေါ်က ကိုင်းပါလို့ ပိုက္ဆံအိတ္လိိုလို ဘာလိုလို ထင်ရတာ.....။
ဘာပြောပြော အခြောက်မလေးယောက် မတောက်တစ်ခေါက် ဟန်ပါပါ လက်စွမ်းပြချလိုက်တာ အဆင်ပြေလို့တော်ပါသေးရဲ့.....။
ပြဲ မပြီးမချင်း ရင်တမမ.....။
ဘယ်အချိန် သတို့သမီးဆံထုံး ပြုတ်ကျမလဲ ကြည့်ကြည့်နေရတာ.......။
အဲ့လို နှောက်တာနော်.....။
ရလာတဲ့ ငွေ သုံးသောင်းလည်း ဝင်းနိုင်က မယူပါဘူး။ အကုန်စုပြီး စားသောက်လိုက်တာပါပဲ။.
တစ္ညေတာ့ ပုဂံတံတားပေါ်ကို အသစ္လိုလို အဟောင်းလိုလို တစ်ယောက် လာရပ်တယ်....။
အရပ်အမောင်းက ကြည့်ကောင်းသလို နှုတ်ခမ်းထူထူ မ်က္ခုံးထူထူ ပါးသိုင်မွှေးစိမ်းစိမ်းလေးတွေက အပုန်းမတွေ ရင်အစုံ ဖင်တုန်အောင် သွားရည်ကျလောက်တယ်.....။
သွက်လက်ချက်ချာပါသော မင်းမင်းတို့များ အနားကပ် စကားပြောရင်း အဆင်ပြေပြီ ဆိုပါတော့.....။ အမယ် ကိုယ်တွေ ပုဂံတံတား ဆယ်ခြောက်ခေါက်လောက် ပတ်ပြီးပြီ မင်းမင်းတို့ မခွဲနိုင် မခွါရက် ပက်ကျိလို တွယ်နေရင်း ငါဟဲ့ မိန်မလျှာရယ်လို့ ဂုဏ်ယူနေတာများ....။
စကား ခပ်ဝဲဝဲ နဲ့ အပြုံးချိုချို အဲ့လူက တံတားပေါ်က အဆင်းမှ မင်းမင်းနဲ့ စကားစမိတယ်.....။
နာမည်ကအစ ဗဟန်းသုံးလမ်းနေတာအဆုံး သူနဲ့ အဆင်ပြေတယ်လို့ ပြောလိုက်တော့.....။
လိုက်ဖက်ပါတယ်အေ.....ပေါ့
အဲ့နေ့က ပုဂံတံတားရဲ့ မင်္ဂလာရုပ်ရှင်ရုံ ထိပ်နားမှာရပ်နေတဲ့ Club တက်မည့်ကောင်လေးတွေ ငါးယောက်လောက် စုနေကြတာ တွေ့တယ်....။
သာမာန် လိင်တူကြိုက်သူ ဆက်ဆံချင်သူတွေ နဲ့ သိသိသာသာ ခွဲခြားသိနိုင်တာကတော့ သူတို့က တစ်ယောက်ချင်းရပ်နေတာမဟုတ်ဘဲ အုပ်စုလိုက် ရပ်တတ်တာရယ်၊ အခြောက်မ အပုန်းမမှန်းသိလို့ ရိသဲ့သဲ့မကြားတကြားပြောရင်း အတင့်ရဲစွာ အားမနာတမ်း ဆေးလိပ်ပါ ဆေးလိပ် တောင်းသောက်တတ်တာ မျိုးတွေ ရှိပါတယ်။ တခါတရံမ်ားဆို တံတားအောက် ထမင်းကြော်ကျွေးခိုင်းရတာနဲ့ ကော်ဖီတိုက် ခိုင်းရတာနဲ့ တောင်းဆိုတတ်ပါသေး.....။
မနူးမနပ် အပုန်းမများ သူငယ္က လိုလိုလားလားဆိုပြီး မချသွားလို့ကတော့ မထိရ မတို့ရနဲ့ ကျွေးမွေး ပြေးလာရမှာဘဲ.....။
သူတို့ ပစ္စည်းက စပိမ ငံပါရည်မ Club ထဲက ကမ တွေ အတွက်လေ.....။
"ဟယ် မမကျော် မိုးချုပ်မှ ရှင်က ဘာလာလုပ္တာလဲ ....."
စလင်းဘတ်လို အိတ်ကြီးပုခုံးချိတ်တက်လာတဲ့ မမေက်ာ္ကို မင်းမင်းက နှုတ်ဆက်လိုက်ပါတယ်.....။
မမေက်ာ္ဆိုတာက ပြောရရင် ပေါင် ၁၈၀ လောက်ဝတဲ့ မိန္မဆန္သလို အခြောက်မ ဆိုပါတော့။ ပုဂံတံတားပေါ် အမြဲ မလာတတ္သလို တစ်ပတ်တစ်ခါတောင် တွေ့ ရခဲသူပါ......။
တုံးအတဲ့ အခြောက်မလည်း မဟုတ္တာကို သူ့ အပြောတွေက သိသာပါရဲ့.....။
အချိန်က ည ကိုးနာရီ ထိုးခါနီး.....။
မိုးချုပ်ရင် လူစုခြဲ ပြန်ရင်ပြန် မပြန်လဲ ဆက်လျှမ်းကြတာလေ...။
"ဟဲ့ ဘယ်ချိန် ရှိသေး လို့တုန်း...."
လက္က ရွှေရောင်နာရီကို ဟန်ပါပါ ကြည့်မေးလိုက်ပါတယ်။
"ကိုးနာရီ ထိုးပြီ သွားပြီနော်...."လို့ မင်းမင်းက နှုတ်ဆက် လိုက်တာပေါ့။
"ဟယ် နင်တို့ကလည်း ဟိုသူငယ်အုပ်စုက ငါ့ကို လှမ်းနောက်တယ်သိလား အစင်လေးတွေတော့ ဟိဟိ....."
"အမေလး စင်မနေနဲ့ အဖွားကြီး အဲ့တာ club က သူတို့ စပိမေတြ လာစောင့်နေတာ ....."
"အေး ထင်တော့ ထင်ပါတယ်။ ဒါပေမယ့့် ငါ့ကိုလေ ချစ်စရာကြီး တစ်တုံးတစ်ခဲကြီးလို့ လှမ်းစတာ။ ရနိုင်တယ်နော်....."
မနာတဲ့အပြင် သာယာချင်ပုံ ရသည်ပဲ။
"မမကျော် ရှင့်ကို ဈေးခေါ်ရောင်းစားသွားအုန်းမယ် အဲ့တာတွေက။ တော်ပြီ သွားတော့မယ်..."
မင်းမင်းက စကားစဖြတ်သော်လည်း သူက....
"အို အေ ....ရောင်းစားမယ်ဆိုလဲ အရောင်းမခံခင် စား ခ် လိုက်တာပေါ့...."
"ရှင့်ကို စားဖို့ရောင်းမှာမဟုတ်ဘူး ခိုင်းဖို့ရောင်းမှာ သိပြီလား။ အဲ့မွာ လမိုက္ည လသာသာ လုပ်ပြီး နေခဲ့ မလိုက်ချင်ရင်....."
လို့ ရွဲ့ကာ စောင်းကာ ပြောပြီး ဆင်းလာကြပါတယ်။
အဲ့ညက ဘယ်မှ မလျှမ်းဘဲ မဂိုလမ်းထိပ် ( ရွှေဘုံသာလမ်းထိပ်က ကုလား သူငယ်ပေါတဲ့ ကုလား လက်ဖက်ရည်ဆိုင်ထိုင် မ်က္စိ အစာကျွေးကြတာပေါ့နော်။
"ဟယ် ဟိုမွာ ကိုကြည်လွင်ကြီး ခေါ်ပါဦး...."
ကျနော်က အရပ်ကြီးဂလန်ကလား ကိုကြည်လွင်ကိုမြင်တော့ လှမ်းခေါ် လိုက်တယ်။
ကိုကြည်လွင်က သစ်သားခွေးချေပုလေး လှမ်းဆွဲ ထိုင်ထိုင်ချင်း.....
"ဟဲ့ ငါတက်လာတော့ နင်တို့ ခုနကပဲ ဆင်းသွားတယ် မိကျော်ပြောလို့ မွန္လုံရွိမလား လိုက္လာတာ....."
"မွန္လုံက ခုချိန် ဆိုင်ဆေးနေပြီပေါ့ ရှင်ကလည်း...."
"အေးပါ .....ဒါနဲ့ မိကျော်တော့ သူငယ်တစ်အုပ်နဲ့ ကျန်ခဲ့လေရဲ့ ခေါ်တာမလိုက်ဘူး......"
"Club က ဖာခေါင်းအုပ်စုမဟုတ်လား လို့ မင်းမင်းကမေးလိုက်ပါတယ်။
"ဟုတ္ပ ဟုတ္ပ မြခြူသံတွေလေ။ အငွေ့ စားပြီး သူတို့က အတွေ့စားစားသွားတဲ့ မထင်မရှား နတ်သူငယ်တွေပေါ့....."
ကိုကြည်လွင် စကားကို ကျွန်တော်က......
"ကိုကြည်လွင်ရယ် နတ်ကတော် ဖြစ်အောင်ကြိုးစားနေတယ်ဆိုတာယုံပြီ စကားထဲတောင် အတွေ့စား အငွေ့စား နဲ့ နတ်သူငယ်ပဲ ဖြစ်ရသေးတယ်။ မြတ်လေးရဲ့ မြခြူသံ ဆို ပြီးတဲ့ဟာ..."လို ပြောလိုက်ပါတယ်။
"မိုးမြင့်ကျော် ကို ငါချစ်နေပြီ သိလား...."
မင်းမင်းက ရုတ်တရက် ထပြောတော့.....
"ဘယ်သူတုန်းဟဲ့ မိုးမြင့်ကျော်....."
"အော် နင်ကလည်း။ ငါနဲ့ ပုဂံတံတားပေါ် စကားရပ်ပြောခဲ့တဲ့ တစ်ယောက်ပေါ့ ခိ ခိ...."
"ကောင်မ .....ယြကို ယွတယ်။ ငါလဲ ထက္ထက္ကို သတိရလွမ်းလိုက်တာ။ နှစ်ပတ်ဆိုတော့ နောက်အပတ်ဆို ရောက်တော့မှာ....."
မင်းမင်းကို ယွတယ်လို့ ပြောလိုက်ပေမယ့့် ရုပ်ရှင်ရိုက်ပါသွားတဲ့ ခ်စ္သူ လေး ထက္ထက္ကို သတိရလိုက်သေးတယ်။ နောက်အပတ် သူပြန်လာတော့မည်ပဲ။
"ဟဲ့ ဟဲ့ နတ်ဆိုလို့ ပြောရအုန်းမယ။် ငါ့ကို မာမီကပြောတယ်သိလား။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူလေ အမေကြီး အမေဂျမ်းကို ဈေးရောင်းကောင်းရင် ဆိုင်းနဲ့ ဝိုင်းနဲ့ ပျော်မယ်ပါးမယ်ပြောထားတာ ခုနှစ်တွေမှာ စီးပွားတက်တော့ ကနားပေးမယ်ပြောတယ် ဟဲ့.....အဲ့ဒီအခါ အကုန်လာကရမယ်နော်....."
ညဥ့်နက်ချိန် မဂို လမ်းထိပ် ပလက်ဖောင်း လက်ဖက်ရည်ဆိုင်လေးကနေ လူစု ခြဲ ပြန်ခဲ့ ကြပါတယ်။
နောက်နေ့ ပုဂံတံတားပေါ် ရောက်တော့ လသာ မှာနေတဲ့ ကျင်ဆွိ နဲ့ တွေ့တော့.....
"အောင်မလေး နင်တို့ ကြားပြီးကြပြီလား မိကျော်မ အကြောင်း....."
"ဟယ်....မကြားဘူးလေ မိကျော်မဆိုတာ ဝတုတ်မ မဟုတ္လား ဘာဖြစ်လို့လဲ....."
"ဟိုနေ့ကအေ club က သူငယ်တစ်ကောင် သယ်သွားတာအေ။ ကျော်ခွ ခံ လိုက် ရတယ်လေ...."
"ဟယ်တော်....ဘာတွေကျော်ခွသွားတာလဲ.....။ မနေ့က မဟုတ္လား။ ငါတောင်ပြောလိုက်သေးတယ် လမိုက္ည လသာသာ လုပ္မေန နဲ့ လို့......"
မင်းမင်းမေးတော့ ကျင်ဆွိက ဟုတ်တယ် ဟုတ်တယ် ငါလာတော့ သူက တံတားအောက်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ကာစ....သူငယ် တစ်အုပ်နဲ့ပေါ့အေ ငါဟဲ့ မိကျော်မ ဆိုတဲ့ ပုံစံနဲ့.....။ ငါလဲ တံတားပေါ် ရောက်တော့ ကြည်လွင်မကို ကလန္ကလား လှမ်းမြင်လိုက်သေး တာ ၂၇ လမ်းထိပ်နားကို......"
"ပြောစမ်းပါ ကျင်ဆွိရယ် ဘယ်လိုကျော်လို့ ဘာတွေပါသွားတုန်းဆိုတာ....."
"အေးပါဟဲ့ ငါတံတား ဒီဘက်ခြမ်းရောက်တော့ငုံကြည့်သေးတာ။ ကောင်မကြီး ပြုံးနေတာများအေ ဓာတ်တိုင်က မာကျူရီ မီး နဲ့ ထင်းနေတာပဲ။ သူ့ဘေးက အကောင်တွေက စားသောက်နေလိုက်ကြတာများအေ .....။
ခဏေနေတာ့ မိကျော်မ နဲ့ သူငယ်တစ်ကောင်နဲ့ စာစစ်ရုံးဘက် ထွက်သွားကြတာမြင်တာပဲ .....။
ကျန်တဲ့သူငယ်တွေကတော့ ကျန်ခဲ့သေးတယ်။ ငါလဲ Lion World က ကောင်မတွေရဲ့ Key မကိုက်တဲ့ သီချင်းတွေ နားထောင်ပြီး နာရီ ဝက်လောက်ကြာတော့မှ တံတားပေါ်ကဆင်း တရုတ်တန်းထိပ် ငါ့ညီမ ဘဲသားဆန်ပြုတ် နဲ့ ထမင်းကြော်ဆိုင် ဝိုင်းသိမ်းဖို့ ပြန်လာတာ.....။
ဆိုင်သိမ်းပြီးလို့ ပစ္စည်းတွေ သယ်မယ်လုပ်တုန်း မိကျော်မကြီး မျက်စိမျက်နှာပျက် ခပ်သုတ်သုတ် လာတာတွေ့တော့တာပဲ။ သူ့အမူအယာက မသင်္ကာလို့ မေးလိုက်တော့.....
သံဈေးအပေါ်ထပ်က တည်းခိုခန်းကို နာရီပိုင်း သူငယ်ခေါ်သွားတာတဲ့.....။သူငယ္က သူ့ ဘော်ဒါတွေ စားတာသောက်တာရှင်း သူ့ကို မုန့်ဖိုးပေးရင် လိုက်မယ်ဆိုတော့ ကျသလောက်ရှင်း ခေါ်သွားတာ။ ကိစ္စပြီးလို့ ရေချိုးခန်းဝင် ရေကမန်းကတန်း ချိုးပြန်ထွက်လာတော့ ဒင်းက မရှိတော့ဘူးတဲ့။ သူ့ အိတ်ထဲက လက်ကိုင်ခေါက်အိတ်အတွင်းထည့့်ထားတဲ့ ပိုက္ဆံ ငါးသောင်းကျော်နဲ့ နာရီ တစ္လုံး ပါသွားတယ်တဲ့။ သူ့မှာ လှည်းတန်းပြန်ဖို့ ကားခတောင်မကျန်ဘူးတဲ့....။ ဒါနဲ့ ငါလဲ ကားခ တစ်ထောင်ချေးလိုက်တယ်......"
"ဟယ်.....နာရီကရွှေရောင်လေး မဟုတ္လား...."
ကျွန်တော်ကမေးလိုက်တော့....
"ဖလမ ငါက ကြံရာပါမှ မဟုတ္တာ ရွှေရောင်လား ငွေရောင်လား မသိဘူးဟဲ့....."
"အော် အေး ဟုတ္သား ငါ သူ့လက်ပတ်ထားတာရွှေရောင်နာရီလေးတွေ့တယ်ဟဲ့......"
"ဟုတ်မှာပေါ့ ပိုက်ဆံကလည်း မနေ့ကမှ လစာ ထုတ္ထားတဲ့ ပိုက္ဆံတဲ့။ ကောင်မ သူငယ်ကြားထဲ ပြုံးဖြီးနေတဲ့ မျက်နှာ ခုထိ မြင်နေတယ်။ ဖြစ်တော့လဲ သနားပါတယ်ဟယ်။ ဒန်ဖလားလောက် မျက်နှာက ကော်ဖီ ကိုင်းခွက်လောက်ရှိတော့တာ။ ငါလည်း စိတ်မကောင်းဘူး။ သူက တံတားပြန်ရှာမယ်လုပ်နေလို့.....မသာမ အိမ်ပြန်တော့ ရှာမနေနဲ့။ ခုလောက်ဆို ဘယ် club ထဲ မယ် ငံပြာရည်တပုံးဆွဲ ပျော်ပါးနေလောက်ပြီ.....။ ညည်းကို ဟိုက ဝိုင်းလုပ်လိုက်လိမ့်မယ် လော်ကီးနဲ့ မဟုတ္ဘူး လော်ကက်သီးနဲ့ ပြန်တော့....."ဆိုပီး ပြန်ခိုင်းလိုက်ရတယ်.....။
"အေးဟယ် ကြားရတာ စိတ်မကောင်းလိုက်တာ....။ ငါထင်ပါတယ် အဲ့ကောင်တွေ အုပ္စုက သောက်ချိုးကပြေတာမဟုတ်ဘူး။ အခြောက်တွေဆိုတာသိတော့ ကျော်ခွ လိမ်ညာချင်တာ။ ဒါ့ကြောင့် ငါက သောက်ရောကို မဝင်ဘူး.....အို....တော်ပြီ တော်ပြီ အတည်ယောက်ကျားပဲ ယူတော့မယ်...ခိ...ခိ....."
ထိုအချိန် ဇေဇေ ဆိုတဲ့ သူငယ်ချင်းက လှေကားပေါ်တက်ရင်း အနားရောက်လာတာတော့...
"ဟဲ့ မင်းမင်း နင့့်ကို မနေ့ ညေနက စကော့့ဈေးထဲ အပုန်းမတစ်ယောက်နဲ့တွေ့ လိုက်တယ် ....."
မင်းမင်း မျက်နှာကွက်ကနဲ ပ်က္ကာ.....
"အပုန်းမ မဟုတ်ပါဘူးအေ.....။ ယောက်ကျား မွ က်ားက်ား ကျားကျားတောင် မြည်နေသေးတယ်.....ဟွန်း......"
မျက်စောင်း တခဲခဲပြောရင်း ကျောပေးရပ် လိုက်ပါရော။
ရေးသားသူ - သုတလုလင်
(Zawgyi)
ရာဇဝင္ထဲက ပုဂံ (အခန္း ၄)
‘အမေလး နင္ ေျပာတဲ့ ပုဂံတံတားကလဲ ေပ်ာ္စရာေကာင္းမလိုလိုနဲ႕ ေၾကာက္စရာလည္းေကာင္းပါလား။ သတိေတာ့ထား ေဟ့’လို႔ေျပာပါေသးတယ္။
အဲညမွာပဲ ေဒြးခင္ခင္ကအစျပဳ ဝင္းနိုင္အဆုံး အပုန္းတသိုက္ သူငယ္ေထာင္ခရီး ရန္ကုန္တစ္ခြင္ၿပဲၿပဲစင္ေတာ့တာပါဘဲ.....။
အေျခာက္မဘဝမ်ား အတည္တက် လင္သားဆိုတာမရွိခ်ိန္ဟာ အေပါင္းအသင္းေတြနဲ႕ ဘယ္ေတာတိုးတိုး ေႁမြေပါက္မွာလဲ မေၾကာက္ပါဘူး။ ဘယ္ေတာင္တက္တက္ ျပဳတ္က်မွာလဲမမႉပါဘူး။ေျခေထာက္ေမာ္တာတတ္ထားသလို ေလွ်ာက္ေနရတာလဲ ေညာင္းမွန္းမသိပါေတာ္.....။
တေန႕ညက ဝင္းနိုင္မပါဘဲ တံတားေပၚေရာက္သြားေတာ့ ေ႐ႊရင္ေအးမင္းမင္းက....."ဟဲ့ ေကာင္မေရ ငါ့ညီမ သူငယ္ခ်င္းက ေယာက္်ားယူမဂၤလာေဆာင္ေတာ့မယ္တဲ့....."လို႔ အစမရွိ အဆုံးမသတ္ ေျပာလိုက္တယ္ဗ်။
သည္လို အဆက္အစပ္မရွိတဲ့ မင္းမင္းစကားကို ကြၽန္ေတာ္ကပဲ...
"နင့္ ညီမ သူငယ္ခ်င္း ေယာက္်ားယူတာ ဘာထူးဆန္းလို႔ လဲဆိုေတာ့....."
"ေအာ္ နင္ကလဲ သူတို႔က အလွျပင္မိတ္ကပ္ဆရာ ေစ်းသင့္တင့္တာေလး မရွိဘူးလားေမးလို႔ အရမ္းလဲ မတတ္နိုင္ေတာ့ဟယ္ ဝင္းနိုင္ ကို ျပင္ခိုင္းမလားလို႔...."
အဲ့လိုက်ေတာ့လဲ ဟုတ္သားဘဲ ခုဆိုဝင္းနိုင္က ဗ်ဴတီဆလြန္းမွာ လုပ္ေနတဲ့သူဆိုေတာ့ အဆင္ေျပတယ္ေလ....။သူလဲ ပိုက္ဆံရေပါ့ အဲ့ေတာ့ ဝင္းနိုင္ ကိုေခၚလာ ေတြ႕ေပးပီး စကားေျပာၾကေပါ့.....။
ဝင္းနိုင္ တို႔ ပညာ ဘယ္ေလာက္ေတာ္လဲ ကိုယ္က သိပ္မသိေတာ့ သူတို႔ခ်င္းအဆင္ေျပၿပီး သတို႔သမီးရယ္ သတို႔သမီးညီမရယ္ ျပင္ဖို႔ ေငြ သုံးေသာင္းနဲ႕ လက္ခံ လိုက္တယ္ဆိုပါေတာ့။ ၾကားထဲက သတို႔သမီးအတြက္ လက္ကိုင္အိတ္ကေလးေတာင္ မင္းမင္းက ငွားေပးဖို႔ တာဝန္ယူလိုက္ေသးတယ္.....။
သတို႔သမီးကို မနက္ ေလးနာရီထ ဂြတၱလစ္ေစ်းနားကအိမ္မွာသြားျပင္ရမယ္ ေဆာင္မွာကလဲ ဂြတၱလစ္ေစ်း ႏွစ္က်ိဳပ္ရွစ္ဆူ ဓမၼာ႐ုံမွာ။ အဲ့ေတာ့ အေျခာက္မ တစ္သိုက္ တေနရာလူစု သတို႔သမီးျပင္ဖို႔ မိုးမလင္းခင္ ရန္ကင္းဘက္ေျခဆန့္ရပီေလ.....။ဝင္းနိုင္က မိတ္ကပ္ေဘာက္ႀကီးကိုင္လို႔ ကိုယ္ကေတာ့ သူေပးကိုင္ထားတဲ့ ဆံပင္တု ထုပ္ႀကီး နဲ႕ မင္းမင္းရယ္ ေဒြးခင္ခင္ရယ္ ေလးေယာက္သား သတို႔သမီး အိမ္ခပ္တည္တည္တက္ျပင္ေတာ့တာေပါ့.....။
ဝင္းနိုင္က မိတ္ကပ္ အလိမ္းအျပဳ ကေတာ့ေတာ္ပါတယ္။ သူကလိမ္း ကိုယ္က နံေဘးကေန သူေတာင္းတာ ယူေပးေပါ့။ ႐ြာလည္တာက ဆံထုံး......။
ဆံထုံးထုံးေနတာ ဘာအဆင္မေျပလဲ မသိ၊ ဘာလိုလဲ မသိ၊ ဆံပင္က ေျပေျပက်လိုက္ ဆံညွပ္ဆြဲလဲမၿမဲ ကလစ္ညွပ္လဲမရ ဆိုေတာ့ ဝင္းနိုင္လဲေခြၽးျပန္ေနျပီ.....။
မင္းမင္းက ေဘးက ရွိသမွ် ကလစ္ေတြ နဲ႕ ထိုး ကေလာ္ လိုက္ ဝင္းနိုင္က ညွပ္လိုက္ သတို႔သမီးလဲ ေခါင္းေတြ ထူပူ မ်က္ႏွာျပာႏွမ္းေနၿပီ......။
ထုံးလိုက္တိုင္း ေခါင္းေပၚမွာ ႏြားေခ်းပုံ ေလး တင္ထားသလို.....။
ခက္ျပီ.....။
သတို႔သမီးရဲ႕ ညီမကိုလည္း ျပင္ရအုန္းမယ္။ ပြဲထုတ္မွာက မနက္ ကိုးနာရီ.....ေလ။
အဲ့ဒီမွာ ျဖတ္ထိုးညဏ္သာတဲ့ ေဒြးခင္ခင္က မ်က္စ မ်က္န ျပစ္ျပီး
‘သမီးလာ မာမီက သမီးကိုလိမ္းမယ္’ ဆိုျပီး သတို႔သမီးရဲ႕ ညီမကို အေရွ႕မွာ ထိုင္ခိုင္ျပီး မိတ္ကပ္စလိမ္းေတာ့တာပဲ...။ အေျခာက္မ အစြမ္းအစ ဘယ္ေသးလိမ့္မတုံး အျမင္နဲ႕ အဆင္ေျပေအာင္လိမ္တာေပါ့......။ အမွတ္ရသေလာက္ ေဒြးခင္ခင္ရဲ႕ ပထမဆုံး မိတ္ကပ္ျပင္တဲ့ ပြဲဦးထြက္ျဖစ္ခဲ့မယ္ထင္ပါတယ္.....။
သတို႔သမီးကေတာ့ လက္စသတ္ျပီ.....။
လွပါတယ္ေလ.....။
သတို႔သမီးရဲ႕ညီမ ဆံထုံးက အခ်ိန္လဲမေလာက္၊ သတို႔သမီးလို႐ြာလည္မွာလဲစိုးရိမ္၊ အဲ့ေတာ့ ေဒြးခင္ခင္တို႔ လည္တာမ်ား အဲအခ်ိန္က ဆုပန္ထြာတို႔ ေရပန္းစားေနခ်ိန္ ဆံပင္ရွည္ေလးကို ႏွစ္ဖက္ခြဲျပီး ဆံပင္စည္းတဲ့ ဖဲႀကိဳးေလးေတြနဲ႔ ကပိုကယိုခ်ည္တဲ့ စတိုင္လ္ ေခတ္စား ကာစဆိုေတာ့ ေဒြးမက....
"သမီးက ဆံပင္ေလးကလဲရွည္ ျပင္လိုက္ေတာ့ပန္ပန္နဲ႕တူလို႔ ပန္ပန္႔လို ဆံပင္ေလးလုပ္ေပးမယ္ဆိုျပီး လုပ္ေပးလိုက္တာ သတို႔သမီးရဲ႕ညီမလည္း သေဘာေခြ႕ေတာ့တာေပါ့.....။
အမွန္ကေတာ့ ဆံထုံး မထုံးတတ္လို႔.....။
သတို႔သမီး လက္ကိုင္အိတ္ဆိုပီးမင္းမင္းက ထုတ္ေပးေတာ့....
"ဟဲ့ နင့္အိတ္က ဟန္ေကာဂ်ိဳင့္ႀကီးလား"... လို႔ေမးလို႔ မင္းမင္းက ‘မသာမ အဲ့တာ ေမာ္ဒန္ ပိုက္ဆံအိတ္ဟဲ့’ လို႔ ရမ္းသမ္းၿဖီးေသးတာ။ အမွန္ေတာ့ ပိုက္ဆံအိတ္ဟုတ္ဘူး သူယူလာတာ မိတ္ကပ္ပစၥည္းတိုလီမိုလီထည့္တဲ့ သတၱဳဘူးႀကီး။ အေပၚက ကိုင္းပါလို႔ ပိုက္ဆံအိတ္လိိုလို ဘာလိုလို ထင္ရတာ.....။
ဘာေျပာေျပာ အေျခာက္မေလးေယာက္ မေတာက္တစ္ေခါက္ ဟန္ပါပါ လက္စြမ္းျပခ်လိုက္တာ အဆင္ေျပလို႔ေတာ္ပါေသးရဲ႕.....။
ပြဲ မၿပီးမခ်င္း ရင္တမမ.....။
ဘယ္အခ်ိန္ သတို႔သမီးဆံထုံး ျပဳတ္က်မလဲ ၾကည့္ၾကည့္ေနရတာ.......။
အဲ့လို ေႏွာက္တာေနာ္.....။
ရလာတဲ့ ေငြ သုံးေသာင္းလည္း ဝင္းနိုင္က မယူပါဘူး။ အကုန္စုျပီး စားေသာက္လိုက္တာပါပဲ။.
တစ္ညေတာ့ ပုဂံတံတားေပၚကို အသစ္လိုလို အေဟာင္းလိုလို တစ္ေယာက္ လာရပ္တယ္....။
အရပ္အေမာင္းက ၾကည့္ေကာင္းသလို ႏႈတ္ခမ္းထူထူ မ်က္ခုံးထူထူ ပါးသိုင္ေမႊးစိမ္းစိမ္းေလးေတြက အပုန္းမေတြ ရင္အစုံ ဖင္တုန္ေအာင္ သြားရည္က်ေလာက္တယ္.....။
သြက္လက္ခ်က္ခ်ာပါေသာ မင္းမင္းတို႔မ်ား အနားကပ္ စကားေျပာရင္း အဆင္ေျပျပီ ဆိုပါေတာ့.....။ အမယ္ ကိုယ္ေတြ ပုဂံတံတား ဆယ္ေျခာက္ေခါက္ေလာက္ ပတ္ျပီးျပီ မင္းမင္းတို႔ မခြဲနိုင္ မခြါရက္ ပက္က်ိလို တြယ္ေနရင္း ငါဟဲ့ မိန္မလွ်ာရယ္လို႔ ဂုဏ္ယူေနတာမ်ား....။
စကား ခပ္ဝဲဝဲ နဲ႕ အၿပဳံးခ်ိဳခ်ိဳ အဲ့လူက တံတားေပၚက အဆင္းမွ မင္းမင္းနဲ႕ စကားစမိတယ္.....။
နာမည္ကအစ ဗဟန္းသုံးလမ္းေနတာအဆုံး သူနဲ႕ အဆင္ေျပတယ္လို႔ ေျပာလိုက္ေတာ့.....။
‘လိုက္ဖက္ပါတယ္ေအ.....ေပါ့’
အဲ့ေန႕က ပုဂံတံတားရဲ႕ မဂၤလာ႐ုပ္ရွင္ရံု ထိပ္နားမွာရပ္ေနတဲ့ Club တက္မည့္ေကာင္ေလးေတြ ငါးေယာက္ေလာက္ စုေနၾကတာ ေတြ႕တယ္....။
သာမာန္ လိင္တူႀကိဳက္သူ ဆက္ဆံခ်င္သူေတြ နဲ႕ သိသိသာသာ ခြဲျခားသိနိုင္တာကေတာ့ သူတို႔က တစ္ေယာက္ခ်င္းရပ္ေနတာမဟုတ္ဘဲ အုပ္စုလိုက္ ရပ္တတ္တာရယ္၊ အေျခာက္မ အပုန္းမမွန္းသိလို႔ ရိသဲ့သဲ့မၾကားတၾကားေျပာရင္း အတင့္ရဲစြာ အားမနာတမ္း ေဆးလိပ္ပါ ေဆးလိပ္ ေတာင္းေသာက္တတ္တာ မ်ိဳးေတြ ရွိပါတယ္။ တခါတရံမ်ားဆို တံတားေအာက္ ထမင္းေၾကာ္ေကြၽးခိုင္းရတာနဲ႕ ေကာ္ဖီတိုက္ ခိုင္းရတာနဲ႕ ေတာင္းဆိုတတ္ပါေသး.....။
မႏူးမနပ္ အပုန္းမမ်ား သူငယ္က လိုလိုလားလားဆိုျပီး မခ်သြားလို႔ကေတာ့ မထိရ မတို႔ရနဲ႕ ေကြၽးေမြး ေျပးလာရမွာဘဲ.....။
သူတို႔ ပစၥည္းက စပိမ ငံပါရည္မ Club ထဲက ကမ ေတြ အတြက္ေလ.....။
"ဟယ္ မမေက်ာ္ မိုးခ်ဳပ္မွ ရွင္က ဘာလာလုပ္တာလဲ ....."
စလင္းဘတ္လို အိတ္ႀကီးပုခုံးခ်ိတ္တက္လာတဲ့ မမေက်ာ္ကို မင္းမင္းက ႏႈတ္ဆက္လိုက္ပါတယ္.....။
မမေက်ာ္ဆိုတာက ေျပာရရင္ ေပါင္ ၁၈၀ ေလာက္ဝတဲ့ မိန္မဆန္သလို အေျခာက္မ ဆိုပါေတာ့။ ပုဂံတံတားေပၚ အၿမဲ မလာတတ္သလို တစ္ပတ္တစ္ခါေတာင္ ေတြ႕ ရခဲသူပါ......။
တုံးအတဲ့ အေျခာက္မလည္း မဟုတ္တာကို သူ႕ အေျပာေတြက သိသာပါရဲ႕.....။
အခ်ိန္က ည ကိုးနာရီ ထိုးခါနီး.....။
မိုးခ်ဳပ္ရင္ လူစုခြဲ ျပန္ရင္ျပန္ မျပန္လဲ ဆက္လွ်မ္းၾကတာေလ...။
"ဟဲ့ ဘယ္ခ်ိန္ ရွိေသး လို႔တုန္း...."
လက္က ေ႐ႊေရာင္နာရီကို ဟန္ပါပါ ၾကည့္ေမးလိုက္ပါတယ္။
"ကိုးနာရီ ထိုးျပီ သြားျပီေနာ္...."လို႔ မင္းမင္းက ႏႈတ္ဆက္ လိုက္တာေပါ့။
"ဟယ္ နင္တို႔ကလည္း ဟိုသူငယ္အုပ္စုက ငါ့ကို လွမ္းေနာက္တယ္သိလား အစင္ေလးေတြေတာ့ ဟိဟိ....."
"အမေလး စင္မေနနဲ႕ အဖြားႀကီး အဲ့တာ club က သူတို႔ စပိမေတြ လာေစာင့္ေနတာ ....."
"ေအး ထင္ေတာ့ ထင္ပါတယ္။ ဒါေပမယ့့္ ငါ့ကိုေလ ခ်စ္စရာႀကီး တစ္တုံးတစ္ခဲႀကီးလို႔ လွမ္းစတာ။ ရနိုင္တယ္ေနာ္....."
မနာတဲ့အျပင္ သာယာခ်င္ပုံ ရသည္ပဲ။
"မမေက်ာ္ ရွင့္ကို ေစ်းေခၚေရာင္းစားသြားအုန္းမယ္ အဲ့တာေတြက။ ေတာ္ျပီ သြားေတာ့မယ္..."
မင္းမင္းက စကားစျဖတ္ေသာ္လည္း သူက....
"အို ေအ ....ေရာင္းစားမယ္ဆိုလဲ အေရာင္းမခံခင္ စား ခ် လိုက္တာေပါ့...."
"ရွင့္ကို စားဖို႔ေရာင္းမွာမဟုတ္ဘူး ခိုင္းဖို႔ေရာင္းမွာ သိျပီလား။ အဲ့မွာ လမိုက္ည လသာသာ လုပ္ၿပီး ေနခဲ့ မလိုက္ခ်င္ရင္....."
လို႔ ႐ြဲ႕ကာ ေစာင္းကာ ေျပာျပီး ဆင္းလာၾကပါတယ္။
အဲ့ညက ဘယ္မွ မလွ်မ္းဘဲ မဂိုလမ္းထိပ္ ( ေ႐ႊဘုံသာလမ္းထိပ္က ကုလား သူငယ္ေပါတဲ့ ကုလား လက္ဖက္ရည္ဆိုင္ထိုင္ မ်က္စိ အစာေကြၽးၾကတာေပါ့ေနာ္။
"ဟယ္ ဟိုမွာ ကိုၾကည္လြင္ႀကီး ေခၚပါဦး...."
က်ေနာ္က အရပ္ႀကီးဂလန္ကလား ကိုၾကည္လြင္ကိုျမင္ေတာ့ လွမ္းေခၚ လိုက္တယ္။
ကိုၾကည္လြင္က သစ္သားေခြးေခ်ပုေလး လွမ္းဆြဲ ထိုင္ထိုင္ခ်င္း.....
"ဟဲ့ ငါတက္လာေတာ့ နင္တို႔ ခုနကပဲ ဆင္းသြားတယ္ မိေက်ာ္ေျပာလို႔ မွန္လုံရွိမလား လိုက္လာတာ....."
"မွန္လုံက ခုခ်ိန္ ဆိုင္ေဆးေနျပီေပါ့ ရွင္ကလည္း...."
"ေအးပါ .....ဒါနဲ႕ မိေက်ာ္ေတာ့ သူငယ္တစ္အုပ္နဲ႕ က်န္ခဲ့ေလရဲ႕ ေခၚတာမလိုက္ဘူး......"
"Club က ဖာေခါင္းအုပ္စုမဟုတ္လား” လို႔ မင္းမင္းကေမးလိုက္ပါတယ္။
"ဟုတ္ပ ဟုတ္ပ ျမျခဴသံေတြေလ။ အေငြ႕ စားျပီး သူတို႔က အေတြ႕စားစားသြားတဲ့ မထင္မရွား နတ္သူငယ္ေတြေပါ့....."
ကိုၾကည္လြင္ စကားကို ကြၽန္ေတာ္က......
"ကိုၾကည္လြင္ရယ္ နတ္ကေတာ္ ျဖစ္ေအာင္ႀကိဳးစားေနတယ္ဆိုတာယုံျပီ စကားထဲေတာင္ အေတြ႕စား အေငြ႕စား နဲ႕ နတ္သူငယ္ပဲ ျဖစ္ရေသးတယ္။ ျမတ္ေလးရဲ႕ ျမျခဴသံ ဆို ျပီးတဲ့ဟာ..."လို ေျပာလိုက္ပါတယ္။
"မိုးျမင့္ေက်ာ္ ကို ငါခ်စ္ေနျပီ သိလား...."
မင္းမင္းက ႐ုတ္တရက္ ထေျပာေတာ့.....
"ဘယ္သူတုန္းဟဲ့ မိုးျမင့္ေက်ာ္....."
"ေအာ္ နင္ကလည္း။ ငါနဲ႕ ပုဂံတံတားေပၚ စကားရပ္ေျပာခဲ့တဲ့ တစ္ေယာက္ေပါ့ ခိ ခိ...."
"ေကာင္မ .....ယြကို ယြတယ္။ ငါလဲ ထက္ထက္ကို သတိရလြမ္းလိုက္တာ။ ႏွစ္ပတ္ဆိုေတာ့ ေနာက္အပတ္ဆို ေရာက္ေတာ့မွာ....."
မင္းမင္းကို ယြတယ္လို႔ ေျပာလိုက္ေပမယ့့္ ႐ုပ္ရွင္ရိုက္ပါသြားတဲ့ ခ်စ္သူ ေလး ထက္ထက္ကို သတိရလိုက္ေသးတယ္။ ေနာက္အပတ္ သူျပန္လာေတာ့မည္ပဲ။
"ဟဲ့ ဟဲ့ နတ္ဆိုလို႔ ေျပာရအုန္းမယ။္ ငါ့ကို မာမီကေျပာတယ္သိလား။ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က သူေလ အေမႀကီး အေမဂ်မ္းကို ေစ်းေရာင္းေကာင္းရင္ ဆိုင္းနဲ႕ ဝိုင္းနဲ႕ ေပ်ာ္မယ္ပါးမယ္ေျပာထားတာ ခုႏွစ္ေတြမွာ စီးပြားတက္ေတာ့ ကနားေပးမယ္ေျပာတယ္ ဟဲ့.....အဲ့ဒီအခါ အကုန္လာကရမယ္ေနာ္....."
ညဥ္႔နက္ခ်ိန္ မဂို လမ္းထိပ္ ပလက္ေဖာင္း လက္ဖက္ရည္ဆိုင္ေလးကေန လူစု ခြဲ ျပန္ခဲ့ ၾကပါတယ္။
ေနာက္ေန႕ ပုဂံတံတားေပၚ ေရာက္ေတာ့ လသာ မွာေနတဲ့ က်င္ဆိြ နဲ႕ ေတြ႕ေတာ့.....
"ေအာင္မေလး နင္တို႔ ၾကားျပီးၾကျပီလား မိေက်ာ္မ အေၾကာင္း....."
"ဟယ္....မၾကားဘူးေလ မိေက်ာ္မဆိုတာ ဝတုတ္မ မဟုတ္လား ဘာျဖစ္လို႔လဲ....."
"ဟိုေန႕ကေအ club က သူငယ္တစ္ေကာင္ သယ္သြားတာေအ။ ေက်ာ္ခြ ခံ လိုက္ ရတယ္ေလ...."
"ဟယ္ေတာ္....ဘာေတြေက်ာ္ခြသြားတာလဲ.....။ မေန႕က မဟုတ္လား။ ငါေတာင္ေျပာလိုက္ေသးတယ္ လမိုက္ည လသာသာ လုပ္မေန နဲ႕ လို႔......"
မင္းမင္းေမးေတာ့ က်င္ဆိြက ‘ဟုတ္တယ္ ဟုတ္တယ္ ငါလာေတာ့ သူက တံတားေအာက္က လက္ဖက္ရည္ဆိုင္မွာ ထိုင္ကာစ....သူငယ္ တစ္အုပ္နဲ႕ေပါ့ေအ ငါဟဲ့ မိေက်ာ္မ ဆိုတဲ့ ပုံစံနဲ႕.....။ ငါလဲ တံတားေပၚ ေရာက္ေတာ့ ၾကည္လြင္မကို ကလန္ကလား လွမ္းျမင္လိုက္ေသး တာ ၂၇ လမ္းထိပ္နားကို......"
"ေျပာစမ္းပါ က်င္ဆိြရယ္ ဘယ္လိုေက်ာ္လို႔ ဘာေတြပါသြားတုန္းဆိုတာ....."
"ေအးပါဟဲ့… ငါတံတား ဒီဘက္ျခမ္းေရာက္ေတာ့ငုံၾကည့္ေသးတာ။ ေကာင္မႀကီး ၿပဳံးေနတာမ်ားေအ ဓာတ္တိုင္က မာက်ဴရီ မီး နဲ႕ ထင္းေနတာပဲ။ သူ႕ေဘးက အေကာင္ေတြက စားေသာက္ေနလိုက္ၾကတာမ်ားေအ .....။
ခဏေနေတာ့ မိေက်ာ္မ နဲ႕ သူငယ္တစ္ေကာင္နဲ႕ စာစစ္႐ုံးဘက္ ထြက္သြားၾကတာျမင္တာပဲ .....။
က်န္တဲ့သူငယ္ေတြကေတာ့ က်န္ခဲ့ေသးတယ္။ ငါလဲ Lion World က ေကာင္မေတြရဲ႕ Key မကိုက္တဲ့ သီခ်င္းေတြ နားေထာင္ျပီး နာရီ ဝက္ေလာက္ၾကာေတာ့မွ တံတားေပၚကဆင္း တ႐ုတ္တန္းထိပ္ ငါ့ညီမ ဘဲသားဆန္ျပဳတ္ နဲ႕ ထမင္းေၾကာ္ဆိုင္ ဝိုင္းသိမ္းဖို႔ ျပန္လာတာ.....။
ဆိုင္သိမ္းျပီးလို႔ ပစၥည္းေတြ သယ္မယ္လုပ္တုန္း မိေက်ာ္မႀကီး မ်က္စိမ်က္ႏွာပ်က္ ခပ္သုတ္သုတ္ လာတာေတြ႕ေတာ့တာပဲ။ သူ႕အမူအယာက မသကၤာလို႔ ေမးလိုက္ေတာ့.....
သံေစ်းအေပၚထပ္က တည္းခိုခန္းကို နာရီပိုင္း သူငယ္ေခၚသြားတာတဲ့.....။သူငယ္က သူ႕ ေဘာ္ဒါေတြ စားတာေသာက္တာရွင္း သူ႕ကို မုန့္ဖိုးေပးရင္ လိုက္မယ္ဆိုေတာ့ က်သေလာက္ရွင္း ေခၚသြားတာ။ ကိစၥျပီးလို႔ ေရခ်ိဳးခန္းဝင္ ေရကမန္းကတန္း ခ်ိဳးျပန္ထြက္လာေတာ့ ဒင္းက မရွိေတာ့ဘူးတဲ့။ သူ႕ အိတ္ထဲက လက္ကိုင္ေခါက္အိတ္အတြင္းထည့့္ထားတဲ့ ပိုက္ဆံ ငါးေသာင္းေက်ာ္နဲ႕ နာရီ တစ္လုံး ပါသြားတယ္တဲ့။ သူ႕မွာ လွည္းတန္းျပန္ဖို႔ ကားခေတာင္မက်န္ဘူးတဲ့....။ ဒါနဲ႕ ငါလဲ ကားခ တစ္ေထာင္ေခ်းလိုက္တယ္......"
"ဟယ္.....နာရီကေ႐ႊေရာင္ေလး မဟုတ္လား...."
ကြၽန္ေတာ္ကေမးလိုက္ေတာ့....
"ဖလမ ငါက ႀကံရာပါမွ မဟုတ္တာ ေ႐ႊေရာင္လား ေငြေရာင္လား မသိဘူးဟဲ့....."
"ေအာ္ ေအး ဟုတ္သား ငါ သူ႕လက္ပတ္ထားတာေ႐ႊေရာင္နာရီေလးေတြ႕တယ္ဟဲ့......"
"ဟုတ္မွာေပါ့ ပိုက္ဆံကလည္း မေန႕ကမွ လစာ ထုတ္ထားတဲ့ ပိုက္ဆံတဲ့။ ေကာင္မ သူငယ္ၾကားထဲ ၿပဳံးၿဖီးေနတဲ့ မ်က္ႏွာ ခုထိ ျမင္ေနတယ္။ ျဖစ္ေတာ့လဲ သနားပါတယ္ဟယ္။ ဒန္ဖလားေလာက္ မ်က္ႏွာက ေကာ္ဖီ ကိုင္းခြက္ေလာက္ရွိေတာ့တာ။ ငါလည္း စိတ္မေကာင္းဘူး။ သူက တံတားျပန္ရွာမယ္လုပ္ေနလို႔.....မသာမ အိမ္ျပန္ေတာ့ ရွာမေနနဲ႕။ ခုေလာက္ဆို ဘယ္ club ထဲ မယ္ ငံျပာရည္တပုံးဆြဲ ေပ်ာ္ပါးေနေလာက္ျပီ.....။ ညည္းကို ဟိုက ဝိုင္းလုပ္လိုက္လိမ့္မယ္ ေလာ္ကီးနဲ႕ မဟုတ္ဘူး ေလာ္ကက္သီးနဲ႕ ျပန္ေတာ့....."ဆိုပီး ျပန္ခိုင္းလိုက္ရတယ္.....။
"ေအးဟယ္ ၾကားရတာ စိတ္မေကာင္းလိုက္တာ....။ ငါထင္ပါတယ္ အဲ့ေကာင္ေတြ အုပ္စုက ေသာက္ခ်ိဳးကေျပတာမဟုတ္ဘူး။ အေျခာက္ေတြဆိုတာသိေတာ့ ေက်ာ္ခြ လိမ္ညာခ်င္တာ။ ဒါ့ေၾကာင့္ ငါက ေသာက္ေရာကို မဝင္ဘူး.....အို....ေတာ္ျပီ ေတာ္ျပီ အတည္ေယာက္က်ားပဲ ယူေတာ့မယ္...ခိ...ခိ....."
ထိုအခ်ိန္ ေဇေဇ ဆိုတဲ့ သူငယ္ခ်င္းက ေလွကားေပၚတက္ရင္း အနားေရာက္လာတာေတာ့...
"ဟဲ့ မင္းမင္း နင့့္ကို မေန႕ ညေနက စေကာ့့ေစ်းထဲ အပုန္းမတစ္ေယာက္နဲ႕ေတြ႕ လိုက္တယ္ ....."
မင္းမင္း မ်က္ႏွာကြက္ကနဲ ပ်က္ကာ.....
"အပုန္းမ မဟုတ္ပါဘူးေအ.....။ ေယာက္က်ား မွ က်ားက်ား က်ားက်ားေတာင္ ျမည္ေနေသးတယ္.....ဟြန္း......"
မ်က္ေစာင္း တခဲခဲေျပာရင္း ေက်ာေပးရပ္ လိုက္ပါေရာ။
ေရးသားသူ - သုတလုလင္
No comments:
Post a Comment