Saturday, September 24, 2011

Are you born gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား

20 Sep 11, 18:30
ဆရာခင်ဗျား ယောက်ျားပီသချင်ပါတယ်။ အခြောက် မဖြစ်ခြင်ပါဘူး။ ဖြတ်ချင်ပါပြီ။ လိင်တူဆက်ဆံတာကို ကူညီပါအုံး။ ဘာဆေးစားရမလဲ။ ဆရာဝန်နဲ့ မပြရဲဘူး။ ဖြေပေးပါအုံး။ တည်တည်တန့်တန့် နေခြင်တာပါ။ သောက်ဆေးဖြစ်ဖြစ်ပါ။

လိင်တူ-ကျန်းမာရေးကို မမေးကြလို့လဲ မရေးဖြစ်သေးသလို အထောက်အထား အကိုးအကားတွေဟာ အနောက်နိုင်ငံတွေ ကသာဖြစ်တော့ သိတဲ့အတိုင်း စီးပွါးချမ်းသာ ကွာတာမဟုတ်ဘဲ လူမှုရေး အယူအဆတွေကလဲ အရှေ့-အနောက်က မတူကြဘူး။ လိင်တူအရေးမှာ လုပ်သင့်တယ်-မလုပ်သင့်ဘူး ဆိုတာတွေကို ပြောရင် သူတို့ဆီကရတဲ့ အကိုးအကားတွေနဲ့ ကိုယ့်ဆီကလူတွေအတွက် မှန်မယ်လဲ မထင်လို့ ဖြစ်ပါတယ်။ စာရင်းအင်းမရှိလို့ ကိုယ့်ဆီက သာတာတွေကို ချန်ရတာလဲ မကောင်းဘူး။

လူတယောက်ဟာ တချိန်မှာ ဒါမှမဟုတ် တသက်လုံး (၁) Heterosexual ဆန့်ကျင်ဘက်လိင်ကိုသာ လိုလားတာ၊ (၂) Homosexual လိင်တူကိုစိတ်ပါတာ နဲ့ (၃) Bisexual နှစ်ခွ-နှစ်မျိုးလုံး ရှိနေတာဆိုပြီး ဖြစ်ရတယ်။ (၄) Asexual ဘာစိတ်မှ မရှိတာလဲ ထည့်ချင် ထည့်နိုင်ပါသေးတယ်။ အနောက်နိုင်ငံတွေမှာ ၂-၁၃% ဟာ Homosexual ဖြစ်တယ်။

(ဟိုမိုဆက်ကျူရယ်လ်) ထဲမှာ အင်္ဂါ (၃) ရပ်ရှိတယ်။ Romantic စိတ်လှုပ်ရှားမှု၊ Sexual attraction လိင်စိတ် နဲ့ Behavior အမူအယာတွေ ဖြစ်တယ်။ တချို့မှာ တမျိုးထဲ၊ တချို့မှာ နှစ်မျိုးတွဲ၊ တချို့မှာ သုံးမျိုးလုံး ရှိတယ်။ အဆင့်က လျော့ကျ သွားနိုင်သလို အဆင့်တိုးသွားနိုင်တယ်။

အတော်များများက ကိုယ့်ကိုယ်ရော သူများကိုပါ မေးတတ်ကြတယ်။
• Am I gay? ငါ (ဂေး) ဖြစ်နေပြီလား၊
• Are you born gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား၊
• What causes people to be gay? ဘာ့ကြောင် (ဂေး) ဖြစ်သွားရတာလဲ။

အဖြေက မလွယ်ပါ။ တယောက်ချင်းအပေါ် မူတည်တယ်။ သီအိုရီတွေတော့ ရှိတာပေါ့။ သုတေသနတွေလဲ ရှိတယ်။ အားလုံးကို အများက သဘောတူတာတော့ မဟုတ်ပါ။

လိင်တူအရေးဟာ နိုင်ငံရေး ငြင်းခုံမှုတခု ဖြစ်လာနေတာ အမေရိကားမှာပါ။ Christian political organizations ခရစ်ယန် အခြေခံ နိုင်ငံရေး အသင်းအပင်းတွေက စိတ်စွမ်းအားနဲ့ ပြောင်းပြစ်လို့ ရတယ်၊ အောင်မြင်မှုတွေ ထောင်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။ Gay and Lesbian rights organizations (ဂေး) နဲ့ (လက်စဘီယန်) အခွင့်အရေးသမားတွေကတော့ တခြား လူတွေက သူတို့ကို နည်းလည်မှု လွဲနေကြပြီး၊ ခွဲခြားဆက်ဆံမှု ပြုနေကြတယ်လို့ ပြောကြတယ်။

• ၂ဝဝ၄ ခုနှစ်မှာ American Academy of Pediatrics ကနေပြောတာက Sexual orientation လိင်အမူအကျင့် ဆိုတာ အချက်တခုထဲကနေ ဆုံးဖြတ်တာမဟုတ်။ Genetic မျိုးဗီဇ၊ Hormonal ဟော်မုန်း နဲ့ Environmental influences ပတ်ဝန်းကျင် လွှမ်းမိုးမှုတွေ ပေါင်းစပ်လို့ ဖြစ်ရတာ။
• ၂ဝဝ၆ Social Workers ပြောတာက ဘယ်အချက်ကြောင့် ဖြစ်ရတယ်ဆိုတာ သိပ္ပံနည်းကျ ပြောမရပါ။
Biological ဇီဝသဘော၊ Psychological စိတ္ကသဘော နဲ့ Social effects ဆိုရှယ်သဘောတွေ ပါနိုင်လောက်တယ်။
• ၂ဝဝ၇ Royal College of Psychiatrists ကနေပြောတာက မိဘတွေထိန်းသိမ်းမှု နဲ့ ကလေးဘဝ အတွေ့အကြုံ တွေကြောင့် ဖြစ်ရတယ်ဆိုတာ သက်သေမပြနိုင်ပါ။ လိင်တူမိဘတွေကနေ မွေးတိုင်း လိင်တူကလေး ဖြစ်မလာပါ။ Biological ဇီဝသဘောနဲ့ Genetic factors မျိုးဗီဇတွေ ရောဖြစ်တာ ဖြစ်နိုင်တယ်။

Homosexual တွေဟာ Straight ပုံမှန်ဖြစ်ချင်ကြတဲ့စိတ် ပေါ်ခဲ့ဘူးသူတွေချည်းပါဘဲ။ အသိုင်းအဝိုင်းထဲ ကုန်ကုန်ပြောရရင် မိသားစုထဲမှာပါ Social outcast အဝိုင်းပယ်ခံတွေလို့ သတ်မှခံကြရတာ များတယ်။ သွေလှူဘဏ် တချို့တောင် သူတို့ကနေ သွေးလှူတာ မယူချင်ကြဘူး။ ဒါကို မခံချင်ကြဘူး။

Can I stop being gay? (ဂေး) ဘဝကနေ ပြောင်းနိုင်ပါသလား၊
တချို့က ယူဆတာကတော့ Homosexuality ဆိုတာ Illness ဝေဒနာတခု ဖြစ်တယ်။ ဒါ့ကြောင့် ကုသရင် ပျောက်ရမယ်။ အဲဒီအယူအဆသမားတွေက Heterosexual ဆန့်ကျင်ဖက်လိင်သမားဖြစ်လာအောင် Psychological therapies စိတ်ပိုင်း-ကုသနည်းတွေကို အားကိုးကြတယ်။ ထိရောက်မှုကို အထောက်အထား ကိန်းဂဏန်း မများလှသေးပါ။

လူအများ ပိုပြီး စိတ်ဝင်စားလာကြတာကတော့ "လက်ရှိ လိင်သတ်မှတ်ချက်ကို ကာယကံရှင်ရဲ့ သဘောဆန္ဒနဲ့ ပြောင်းလို့ ရမလား-မရနိုင်ဘူးလား" ဆိုတာ ဖြစ်ပါတယ်။ ဒီလို လိင်တူစိတ်ရှိနေသူတွေကို ကူညီပြုပြင်ပေးတဲ့ အဖွဲ့အစည်းတွေ ကြားမှာ အမြင် (၂) မျိုး ကွဲနေတယ်။ Psychological reparative methods စိတ်ပိုင်းကုသနည်းနဲ့ Religious healing methods ဘာသာရေးနဲ့ ကုသနည်းတွေ ဖြစ်ပါတယ်။

"လူတယောက်ရဲ့လိင် (ကျား) လား၊ (မ) လား ဆိုတာဟာ Sexuality pre-determined အစကတည်းက ပါလာပြီးသား ဖြစ်တယ်၊ ဒါပေမဲ့ အချိန်မရွေးလဲ ပြောင်းသွားနိုင်တယ်" ဆိုတဲ့ အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာနေကြတယ်။

၁၉၇ဝ ကျော်လောက်ကတည်းက နည်းမျိုးစုံ သုံးပြီး ကုပေးခဲ့ကြတာမှာ Castration သင်းကွပ်နည်း၊ Hypnosis အိပ်မွေ့ချနည်း၊ Aversion therapy စိတ်ကုသနည်း၊ Nausea-producing drugs အန်စတဲ့ဆေးပေးနည်။ Electroshock လျှပ်စစ် (ရှော့ခ်) နည်း နဲ့ Brain surgery ဦးနှောက် ခွဲစိတ်နည်းတွေ ပါတယ်။ နောက်ဆုံး ပေါ်ပြူလာနည်းကို Reparative therapy ပြုပြင်ပေးနည်းလို့ ခေါ်တယ်။ ဒါက Behavior modification အမူအကျင့်ပြုပြင်ပေးနည်း၊ Psychoanalysis စိတ်ခွဲခြမ်းစိတ်ဖြာနည်းနဲ့ Religious prayer ဘာသာရေးနည်းတွေ ရောထားတာပါ။ သိပ္ပံနည်းကျ ပြောရရင် စာရင်းဇယား အားနည်းတယ်။ အောင်မြင်မှုနှုန်း နည်းပေမဲ့ သုည မဟုတ်တာ သတိပြုသင့်တယ်။

American Psychological Association (APA) အမေရိကန် စိတ်ပညာအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်က "လိင်တူချင်း စိတ်ဝင်စားခြင်းသည် စိတ်ရောဂါ မဟုတ်။ (ဂေး)၊ (လက်စဘီယံ)၊ (လိင်နှစ်ခွ) မှန်သမျှသည် စိတ်ဝေဒနာဖြစ်သည်၊ ထိုကဲ့သို့ ဖြစ်နေသဖြင့် လိင်ပြောင်းလဲဘို့ ကုသရန်လိုအပ်သည်ဟူ၍ ဖေါ်ပြချက်မှန်သမျှကို ဆန့်ကျင်သည်။"

ဘာသာရေး ပြင်းပြသူတွေကတော့ Homosexuality ဆိုတာ Sinful အကုသိုလ်လို့ သတ်မှတ်ကြတယ်။ Breach of the bible သမ္မာကျမ်းစာကို ချိုးဖေါက်ရာ ရောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Prayer techniques ဆုတောင်း ပေးနည်းနဲ့ ပျောက်ကင်းတယ် ဆိုတာမှာ သိပ္ပံနည်းကျ သက်သေပြစရာ မရှိပါ။ ရှိရင်လဲ နည်းနည်းသာ ရှိပါမယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးတာကနေ တတ်နိုင်လောက်တဲ့ နေရာ ၃ မျိုးရှိပါတယ်။
၁။ Bisexuals လိင်နှစ်ခွဖြစ်သူတွေမှာ သူနဲ့ ဆန့်ကျင်ဘက်လိင်နဲ့ လိင်ကိစ္စကို နည်းနှိုင်သမျှ နည်းပါးစေတာ။
၂။ Homosexuals တွေကို Celibate လိင်မှုကိစ္စ နည်းနိုင်သမျှ နည်းပါးစေဘို့နဲ့ လိင်တူချင်း လက်ထပ်တာကို ရှောင်ရှားစေဘို့။
၃။ Gay men (ဂေး) ယောက်ျားတွေ နဲ့ Lesbians (ဂေး) မိန်မတွေကို လက်ရှိ အမူအကျင့်တွေသာမက သူတို့နဲ့ ဆန့်ကျင်ဘက် လိင်တွေနဲ့ပါ တွဲနေစေဘို့။

လိင်စိတ်သဘာဝမှာ ထူးဆန်းတာလေးတွေ ရှိသေးတယ်။ Straight people ပုံမှန် လူတချို့မှာ လိင်တူကို တခါတလေ စိတ်ဝင်စားမှု ရှိလာတတ်သလို (ဂေး) တွေမှာလဲ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာပါ ဖြစ်တတ်တယ်။ Kinsey Report (ကင်ဆေး-ရီပို့တ်) အရ လူတွေဟာ အဲလို စိတ်အပြောင်းအလဲဖြစ်တာ တသက်မှာ တခါက မဖြစ်တတ်ပါသတဲ့။ သတိပြုဘို့က အဲလိုအပြောင်းအလဲကို အတင်းလုပ်ယူလို့ ဖြစ်စေတာ မဟုတ်ပါ။ ဥပမာ Starbucks (စတားဘတ်ခ်) မှာ အလုပ်နေပေမဲ့ ကော်ဖီကို ကြိုက်ချင်မှ ကြိုက်တယ် မဟုတ်ပါလား။

နောက်အရေးကြီးတဲ့ အချက်တခုက (ဂေး) တယောက်ကို အတင်း လိင်တူချင်း ဆက်ဆံပါလို့ တိုက်တွန်းလို့ မရပါ။ ဆိုပါစို့ (ဂေး) ပေမဲ့ ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူ ဖြစ်နေရင် သူများတွေထက် ပိုပြီး ရှောင်ကြဉ်ပါလိမ့်မယ်။ ဓမ္မဆရာ အဆင့် ရှိနေသူဟာ (ဂေး) ဖြစ်နေပေမဲ့ Immoral act နီတိနဲ့ ဆန့်ကျင်တယ်လို့ ယုံကြည်သူမို့ Abstinently လုံးဝရှောင်တာအထိ ဖြစ်နိုင်တယ်။

Ex-gay movement (ဂေး) ဟောင်းများ-လှုပ်ရှားမှု နဲ့ Reparative therapy organizations ပြုပြင်ကုသပေးရေး အဖွဲ့ အစည်းတွေမှာ အောင်မြင်တဲ့ ဇာတ်လမ်းတွေ မရှိဘူးတော့ မဟုတ်ပါ။ ကုသပေးတဲ့ အဖွဲ့အစည်းတွေထဲကို ဝင်ဘို့၊ မဝင်ဘို့တော့ အတင်း မတိုက်တွန်းချင်ပါ။ (ဂေး) အရေအတွက်က နည်းပါးတယ်။ ဒါကြောင့် ကိုယ်လိုလူမျိုး ရှာရတာ ခက်တယ်။ အထီးကျန်စိတ်ဝင်လာမယ်။ အဆင်မသင့်သူတွေမှာ Suicide rates ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း များလို့ ဖြစ်ပါတယ်။ လူတွေဟာ အစားအသောက် အကြိုက်ပြောင်းတတ်ကြသလို ဒီအရေးမှာလဲ ပြောင်းနိုင်ပါတယ်။ ဆိုပါစို့ ကောလိပ်ကျောင်းသူဘဝတုံးက (လက်ဘီယန်) လိုနေခဲ့တဲ့ မိန်းကလေး ကျောင်းပြီးတော့ ယောက်ျားနဲ့ဘဲ တွဲတော့တယ်။

Love in Action ဆိုတာကို ၁၉၇၃ ကစဖွဲ့ခဲ့တယ်။ နောက်ပိုင်း ထပ်ဖွဲ့လာကြတဲ့ Ex-gay organizations (ဂေး) ဟောင်းများ အဖွဲ့တွေ ရှိလာပြီး၊ Exodus International ဆိုတာ အကြီးဆုံး ဖြစ်လာတယ်။ ဒီအဖွဲ့ကြီးရဲ့ လမ်းညွှန်ချက်ကတော့ -
• Attaining abstinence from homosexual behaviors လိင်တူ အမူအကျင့်တွေကနေ ရှောင်ရှားရန်၊
• Lessening of homosexual temptations လိင်တူစိတ် ဖြစ်ပေါ်လာမျိုး လျှော့နည်းစေရန်၊
• Strengthening their sense of masculine or feminine identity ယောက်ျားပီသမှု၊ မိန်းမပီသမှုတွေကို အဖြောင့်အတိုင်း ခံယူစေရန် နဲ့
• Correcting distorted styles of relating with members of the same and opposite gender ကိုယ်နဲ့ လိင်အတူတူ ရှိသူတွေအပေါ်မှာ တလွဲယူဆတဲ့ ဆက်ဆံမှုပုံစံတွေကို ပြုပြင်ရန် ဆိုတာတွေ ဖြစ်တယ်။

International Healing Foundation နိုင်ငံတကာ ကုသမှုအဖွဲ့ကြီးက Change is possible ပြောင်းပြစ်တာ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ Building Gay Men's Health (ဂေး) ယောက်ျား ကျန်းမာရေးအသင်းကလဲ ဘဝတူချင်း ကူညီမှုနဲ့ AIDS ရောဂါကအစ ကျန်းမာရေး ကောင်းစေအာင် ကူညီနေပါတယ်။

အမေရိကား၊ ယူကေ နဲ့ ဥရောပမှာ HIV နဲ့ AIDS တွေဟာ အရွယ်ကောင်း (ဂေး) ယောက်ျားတွေမှာ ပိုဖြစ်ကြတယ်။ အမေရိကားမှာ လိင်တူဆက်ဆံမှု ပြုကြတဲ့ ယောက်ျားပေါင်း ၂၅၅ဝဝဝ လောက်မှာ HIV/AIDS ရှိတယ်။ ဒီရောဂါနဲ့ သေဆုံးရသူပေါင်း ၅၄ဝဝဝ ရှိနေပါပြီ။ ဒါက ၂ဝဝ၇ စာရင်းသာ ဖြစ်ပါသေးတယ်။ ၂ဝဝ၉ တုံးက (ယူကေ)မှာ HIV ရှိသူ ၄၅၉၄၇ ယောက်က ဒီအမျိုးအစားဖြစ်တယ်။ ၅၃% ဟာ အသက် ၃၅ နှစ်အောက်တွေ ဖြစ်တယ်။

တခြားတိုင်းပြည်တွေမှာ သူတို့ကိုယ်သူတို့ (ဂေး) လို့ မပြောဘဲ ဒီလိုဖြစ်နေကြတာ များတယ်။ ဥပမာ ဘရာဇီးလ် မှာ AIDS ရောဂါသည်တွေရဲ့ ၄ဝ% ဟာ ဒါဘဲ။ ဒီလို Awareness of HIV & AIDS ကျန်းမာရေး အသိပညာ လူငယ်တွေကြားမှာ (ယူကေ) လို နိုင်ငံမျိုးမှာတောင် နည်းလာနေတယ်။ အဖြစ်များပြီး အသိနည်းလာတာဟာ ကြောက်စရာကောင်းလှတယ်။ လိင်ကတဆင့် ကူးစက်စေတဲ့ Chlamydia, Gonorrhea and Genital herpes ရောဂါတွေဟာ ၁၉၉ဝ နောက်ပိုင်း ၁ဝဝ% များလာတယ်။ ဒါလဲ စာရင်းဇယားထားတဲ့ (ယူကေ) မှာပါ။

ဘာတွေ လုပ်ပေးကြရမလဲ -
1. Raising awareness about HIV & AIDS ကျန်းမာရေး အသိပညာပေးမှု ပိုလုပ်ဘို့၊
2. Providing opportunities for people to develop their personal and social skills တတ်ကြွမ်း နာလည်မှုတွေရော အခွင့်အလမ်းတွေပါ တိုးပေးဘို့ နဲ့
3. Providing accessible and appropriate sexual health services and advice including access to condoms ကျန်းမာရေးစောင်ရှောက်မှု နဲ့ (ကွန်ဒွမ်) လို အကာအကွယ်ပေးတာကို လက်လှမ်းမီစေအောင် ဆောင်ရွက်ပေးတာမျိုးတွေ လုပ်ကြဘို့ လိုပါတယ်။

Attraction ဆွဲဆောင်မှု ဖြစ်ကြတယ်ဆိုတာ တလမ်းသွား မဟုတ်ပါ။ အပြန်အလှန်သဘော ပါရတယ်။ လူတိုင်းကို လိုက်ကြိုက်နေတာမျိုး မရှိနိုင်ပါ။ သိတဲ့အတိုင်းဘဲ မျိုးပွါးစေဘို့ တခုထဲအတွက် လိင်ဆက်ဆံမှု ပြုကြတာ မဟုတ်ပါ။ သာယာမှု ရှာချင်တဲ့စိတ်ကနေ စေ့ဆော်တယ်။ (ဂေး) တွေမှာလဲ အဲလိုဘဲ။ သာယာမှုနောက် လိုက်ချင်တယ်။

ဘာသာရေးကနေ မလိုလားအပ်တဲ့ စိတ်နဲ့ အပြုအမူတွေ နည်းပါးအောင်၊ ကင်းစင်အောင် သင်ပြပေးနိုင်တယ် ဆိုတာ မှန်တယ်။ ဗုဒ္ဓဘာသာရော တခြားဘာသာတွေမှာရော အများကြီး ရှိတယ်။ ဘာသာရေး တခုထဲ မဟုတ်ပါ။ လူကြီးသူမ အဆုံးအမ၊ မိတ်ဆွေကောင်းတွေရဲ့ အကူအညီ၊ ကျောင်းတွေကလဲ ကောင်းတဲ့ဘက်၊ ကောင်းတဲ့ဆီ ကူညီ ဖေးမပေးနိုင်ကြတာပါဘဲ။

ကာယကံရှင်ကနေ ဒီတောထဲက ထွက်ချင်နေပြီ ဆိုသူမျိုးဟာ ကောင်းလာနိုင်တဲ့ အခွင့်အလမ်း သိပ်များပါတယ်။ ပျောက်ချင်-နည်းချင်ရင် ဖဲရိုက်တဲ့အကျင့်ကို ပျောက်ချင်သူဟာ ဖဲဝိုင်းရှိရာ မသွားတာက စရသလို (ဂေး) ဖြစ်နေတာကို အားပေးသူတွေနဲ့ ကင်းကင်းရှင်းရှင်း နေသင့်တယ်။ (ဂေး) အခွင့်အရေး အသင်းဝင်တွေဟာ တသက်လုံး ဒီဘဝကိုသာ ကျေနပ်နေတော့နိုင်တယ်။ လိင်စိတ် ထကြွစေတာ မှန်သမျှ ရှောင်ရမယ်။ တခြား ပတ်ဝန်းကျင်မှာ ကျင်လည်သင့်တယ်။ အားကစား၊ လူမှုရေး၊ စာပေ၊ အနုပညာ စတာတွေကနေ စိတ်ကို အများကြီး ပြုပြင်နိုင်တယ်။ လူတွေဟာ မွေးကတည်းက ကွန်မြူနစ် အနေနဲ့ မွေးလာကြတာ မဟုတ်ပါ။ နောက်ပြီး ဘာလင်-တံတိုင်း အရှေ့ဖက်ကနေ အနောက်ဖက် ရောက်တာနဲ့ ဘဝပါ ပြောင်းသွားကြပါတယ်။

Dr. တင့်ဆွေ
၂၁-၉-၂ဝ၁၁

Credit: http://www.yamunaclinic.org/index.php?option=com_content&view=article&id=2958:are-you-born-gay-&catid=34:adult-readings&Itemid=49

Friday, September 23, 2011

သတိရဖို့အမှတ်တရလေးတွေ

စိတ်ကိုမီးမှောင်ချမရတာမို့

အကြည့်တွေကိုပဲမှိတ်ထားမယ်

တိတ်တိတ်ကလေးလွမ်းရတာမို့

အခန်းတံခါးလေးလဲပိတ်ထားမယ်

အိမ်ခေါင်မိုးပေါ်မိုးစက်ကျသံတစ်ဖျောက်ဖျောက်ပြူတင်းတံခါးထဖွင့်လိုက်ရင်ကောင်းမလားဘာကြောင့်အိပ်မရတာလဲ? အခုလိုညမျိုးမှာကျွန်တော်တစ်ယောက်ယောက်ကိုများလိုအပ်နေခဲ့ပါသလား? ဟင့်အင်း မဖြစ်နိုင်ပါ?

ကျွန်တော်က တစ်ယောက်တည်းဘ၀မှာနေသားကျခဲ့တာကြာပြီပဲ။

ပြူတင်းတံခါးထဖွင့်လိုက်သောအခါမိုးစက်များနှင့်လေများအလုံးအရင်းဝင်လာကြသည်။

မျက်နှာ ရင်ဘတ်ပြီးတော့နှလုံးသားဆီသို့ မိုးတွေေ၀၀ါးနေသော်လည်းလမ်းမတစ်လျှောက်လုံးကိုကောင်းမွန်ပြတ်သားစွာ

မြင်နေရသည်။ အနက်ရောင်လမ်းတစ်လမ်း လှေကားထစ်များအပေါ်မှာကုန်းမြင့်တစ်ခုကော်ဖီဆိုင် ဖက်ရှင်ဆိုင် snack bar, အခွေငှားဆိုင်များ beer ဆိုင်တစ်ဆိုင် ဆိုင်တစ်ခုခုကထွန်းထားဟန်တူသောမီးပြာပြာသည် လမ်းမပေါ်တွင်အရိပ် ထင်နေသည်။ တစ်ချက်တစ်ချက်တွင်ပျံ့လွင့်လာသော သီချင်းသံသဲ့သဲ့ကိုလည်းကြားနေရသည်။

လူသူကင်းမဲ့နေသောလမ်းပေါ်တွင်ကျွန်တော်ကိုလက်ပြနေသောလူတစ်ယောက်ကိုမြင်လိုက်ရသလိုဖြစ်သွားသည်။မျက် လုံးများကိုပွတ်သပ်ပြီးသေသေချာချာပြန်ကြည့်မှထင်မိထင်ရာ ထင်လိုက်မိမှန်းသေချာသွားခဲ့ပါသည်။

ကျွန်တော်ရွေးချယ်ခဲ့တဲ့ဝေးကွာခြင်းလမ်းမှာကျွန်တော်ဆောက်တည်ရာမဲ့နေဆဲပဲအခုလိုမိုးသည်းညတွေမှာလေသံလေးနဲ့အနားနားကပ်ပြီးမေးလာမယ့် ချစ်လားဆိုတဲ့စကားသံလေးကိုမျှော်လင့်မိနေတုန်းပဲ ကျွန်တော်လက်ဖ၀ါးတွေပေါ်ကအုပ်ပြီး ဆုပ်ကိုင်ထားတတ်တဲ့လက်တစ်စုံရဲ့နွေးထွေးမှုကိုမိုက်မိုက်မဲမဲတမ်းတမိနေဆဲပဲ။

မိုးတွေကပို၍သည်းလာတော့ဆက်လက်တွေဝေနိုင်စွမ်းမရှိတော့ပဲပြူတင်းတံခါးကိုထပိတ်လိုက်ရသည်။

အခုလို......လမိုက်နေခဲ့သောညတွေ လွန်ခဲ့သောနှစ်များဆီတွင်လည်းရှိခဲ့ဖူးပါသည်။

x x x

ထိုနှစ်နွေရာသီကကျွန်တော်အဖွားအိမ်တွင်နေကာကျောင်းမတက်ဖြစ်ခဲ့လျှင်ဒါမှမဟုတ်ကျွန်တော်မှာသာဝရန်တာတွင်စာထွက်ကျက်သည့်အကျင့်မရှိခဲ့ဖူးဆိုလျှင်ခင်ဗျားနှင့်သိကျွမ်းခွင့်ရခဲ့မည်မဟုတ်ပါအခုတော့အားလုံးကံကောင်းထောက်မစွာတိုက်ဆိုင်ဖြစ်ပျက်ခဲ့သည်။

ခင်ဗျားနှင့်သိကျွမ်းရသောအဖြစ်ကိုကံကောင်းသည်ဟုလက်ခံထားမိခြင်းသည်ကျွန်တော်၏မှားယွင်းမှုတစ်ခုသာဖြစ်ပါလိမ့် မည်။ကျွန်တော်ကတစ်ဆိတ်စိတ်ကူးယဉ်တတ်လွန်းသည်မဟုတ်လား။ထိုအိမ်တွင်နေရသောအခန်းသည်ဧည့်ခန်းနှင့်ကပ် ရပ်ဖြစ်ကာအပြင်ထွက်ရပ်စရာဝရန်တာသည်လည်းအခန်းနှင့်တစ်ဆက်တည်းဖြစ်သည်။ဝရန်တာသည်အပြင်သို့သတ်သတ်ထုတ်ထားသောအမျိုးအစားဖြစ်သောကြောင့်အပြင်ထွက်ရပ်လျှင်ဘေးခန်းနှစ်ခန်းရှိဝရန်တာနှစ်ခုကိုလည်းလွတ်လပ်စွာမြင်နေရပါသည်။

ကျွန်တော်တို့တိုက်၏ဘယ်ဘက်အခန်းသည်လူမနေသောအခန်းလွတ်ဖြစ်ကာညာဘက်တွင်တော့နိုင်ငံခြားသားမိသားစု တစ်ခုနေကြောင်းအဖွားပြောဖူးသည်။ထိုနေ့ညနေကတော့ကျောင်းစတက်ကာစကာလများဖြစ်သောကြောင့်စာမကျက်ဖြစ်သေးပဲသီချင်းတစ်ပုဒ်ကိုဖွင့်ကာဝရန်တာသို့ထွက်ရပ်နေခဲ့သည်။

အဲ့ဒီနေ့ကဖွင့်ခဲ့သည့်သီချင်းနာမည်ကိုတော့ေ၀၀ါးလျက်ရှိပြီ။ထိုစဉ်ကအလွန်ခေတ်စားခဲ့သောဟစ်ဟော့အဖွဲ့တစ်ဖွဲ့၏ အလွမ်းနေ့ရက်ဟူသောသီချင်းဖြစ်နိုင်ပါသည်။(ကျွန်တော်ထိုသီချင်းကိုအလွန်အမင်းနှစ်သက်ခဲ့ဖူးသည်) ကျွန်တော့် တို့အခန်းကသုံးထပ်တွင်ဖြစ်သောကြောင့်လမ်းပေါ်ရှိမြင်ကွင်းများကိုငေးကြည့်နေရင်းကကျွန်တော့်မျက်လုံးညာဘက် ထောင့်ထဲသို့အနီရောင်အရိပ်တစ်ခုဝင်လာခဲ့သည်။

ထိုအရိပ်သည်ပေါင်လည်ခန့်အနီရောင်ရေကူးဘောင်းဘီကိုဝတ်ဆင်ထားသောကျွန်တော်ထက်နှစ်နှစ်သုံးနှစ်ခန့်အသက် ကြီးပုံပေါ်သောလူတစ်ယောက်ဖြစ်ပါသည်။အပေါ်တွင်အကျီမပါသောကြောင့်လည်းကောင်းသူတို့ဝရန်တာနှင့်ကျွန်တော်တို့ဘက်သည်နီးစပ်လွန်းနေသောကြောင့်လည်းကောင်းဝင်လုဆဲဆဲနေရောင်ခြည်အောက်တွင်သူ့ရင်ဘတ်နှင့်ပေါင်တံဆီမှမွေးညင်းများကိုရွှေအိုရောင်တောက်ပလျက်မြင်ရသောအခါကျွန်တော်တော်တော်ရှက်သွားခဲ့ပါသည်။

ဒီလောက်တိုတဲ့ဘောင်းဘီနဲ့အကျီမပါပဲမိသားစုရှေ့မှာနေရဲသူဟာဘယ်လိုလူစားပါလိမ့်ကျွန်တော်သာဆိုရင်တော့ရှက်တာနဲ့ပဲလဲသေသွားပါလိမ့်မည်။နောက်တော့မှအဖွားပြောဖူးသောနိုင်ငံခြားသားမိသားစုဆိုတာကိုတွေးမိသွားသည်။(နိုင်ငံခြားသားဟုဆိုစဉ်ကအနောက်နိုင်ငံသားလူဖြူများကိုကြိုတင်မြင်ယောင်ထားခဲ့သည်)

ကျွန်တော်မြင်နေရသောထိုသူကတော့ကြေးနီရောင်အသားအရည်နှင့်အရှေ့တိုင်းသားစစ်စစ်တစ်ယောက်သာဖြစ်ပါသည်။ဘာပဲဖြစ်ဖြစ်ကိုယ်နှင့်အစိမ်းသက်သက်ဖြစ်နေသေးသောပတ်ဝန်းကျင်တွင်ရွယ်တူနီးပါးအခန်းဖော်တစ်ယောက်ရှိသည့်အတွက်တော့ကျွန်တော်ပျော်သွားခဲ့သည်။ကျွန်တော်၏သတိလက်လွတ်ငေးမောနေမှုအဆုံးတွင်သူကျွန်တော့်ကိုသတိပြုမိသွားပါသည်။ခိုးကြည့်နေသည်ကိုရုတ်တရက်လူမိသလိုဖြစ်သွားတော့ကျွန်တော်ရင်ထဲတွင်ပြင်းပြင်းထန်ထန်ရှက်သွားခဲ့ပြီးကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်မှီအခန်းထဲသို့ပြန်ပြေးဝင်လာမိသည်။

ဘာကြောင့်ထိုသို့ဖြစ်ခဲ့ရတာလဲဆိုတာထိုစဉ်ကကျွန်တော်မသိနိုင်ခဲ့ပါ။အခန်းထဲပြန်ရောက်ပြီးခုတင်ပေါ်ပစ်လှဲချလိုက်ချိန် တွင်ကျွန်တော့်သွေးထဲတွင်လည်ပတ်နေသောရှက်စိတ်မဟုတ်သည့်တစ်ခြားခံစားချက်တစ်မျိုးကိုသတိထားမိလိုက်ချိန်တွင်ကျွန်တော်အလွန်တရာထိတ်လန့်သွားခဲ့ပါသည်။ဘုရားဘုရား ဘာဖြစ်ရပါလိမ့် ယောကျာ်းချင်းကို..။ နောက်မှ တစ်စုံတစ်ခု ကိုတွေးမိသွားကာစိတ်သက်သာရာရလာသည်။ကျွန်တော်ထံတွင်မရှိသည့်သူရဲ့ပြေပြစ်သည့်ခန္ခာကိုယ်တည်ဆောက်ပုံကိုသဘောကျမိခြင်းမဖြစ်နိုင်ဘူးလား။

ထိုအတွေးကိုတွေးမိမိချင်းစိတ်ပေါ့ပါးသွားကာခေါင်းအုံးတွင်မျက်နှာကပ်လျက်အသံထွက်ရယ်မိပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

တစ်ယောက်တည်းဘ၀တွင်ကျွန်တော်ခုချိန်တိုင်နေသားမကျနိုင်ခဲ့ပါ။ဒါပေမယ့်တကယ်တမ်းခင်ဗျားနှင့်နေခဲ့ရသောအချိန်သည်လည်း ကျွန်တော့်ဘ၀ရဲ့ဆယ်ခုနှစ်ပုံကိုမှနှစ်ပုံသောကာလတိုလေးပဲမဟုတ်လား မည်သို့ပင်ဖြစ်စေခင်ဗျားနှင့် နေခဲ့ ရသောကာလတိုလေးသည်ပင်ကျွန်တော်ဘယ်တော့မှမေ့ပျောက်နိုင်တော့မည်မဟုတ်သည့်ကျွန်တော့်ဘ၀၏အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်လာပါသည်။

အထူးသဖြင့်အခုလိုမိုးသည်းသည်းရွာနေချိန်များသည်ကျွန်တော်ခင်ဗျားကိုပိုမိုသတိရစေရန်တွန်းအားပေးချိန်များဖြစ်၏။ ကျွန်တော့်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားတတ်သောခင်ဗျားခန္ခာကိုယ်အနွေးဓာတ်ကိုရူးရူးမိုက်မိုက်တမ်းတမိတတ်ဆဲဖြစ် သည်။

တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လိုအပ်ကြပါလျက်ကျွန်တော်တို့နှစ်ယောက်ဘာကြောင့်များဝေးကွာခဲ့ရတာပါလဲ။အကြောင်းရင်းများစွာထဲတွင်ကျွန်တော်၏တွေဝေတတ်မှု ပတ်ဝန်းကျင်ကိုဂရုစိုက်လွန်းမှုတွေထိပ်ဆုံးကပါဝင်နေပါလိမ့် မည်။

ခုချိန်တွင်တော့သူပြောခဲ့ဖူးသည့်ပတ်ဝန်းကျင်ဆိုတာဝိုင်းဝေဖန်ကြဖို့အပြစ်တင်ကဲ့ရဲ့ကြဖို့သာစိတ်ကူးရှိကာခံစားစရာရှိရင်တော့ကိုယ်ဟာကိုယ်ခံစားရမှာဟူသောစကားကိုအတော်ကြီးနားလည်လျက်ရှိပြီ..တကယ်တမ်းကျွန်တော်ရင်ဆိုင်နေရသောပြသနာကိုနားလည်ပေးနိုင်မည့်သူရှားလှပါသည်။ခင်ဗျားကျွန်တော့်ကိုဘယ်လောက်ချစ်ခဲ့သည်ဆိုတာကိုကျွန်တော့်၏ဘာသာစကားမကျွမ်းကျင်မှုကြောင့်ပြောပြသလောက်နားမလည်ခဲ့သော်လည်းခင်ဗျားမျက်လုံးအကြည့်တွေထဲမှာ ခင်ဗျားအပြု အမူတွေထဲမှာကျွန်တော်ခံစားနားလည်နိုင်ခဲ့ပါသည်။ဒါပေမယ့်လည်းအချစ်ဆိုတာတစ်ခုတည်းနဲ့ရှေ့ဆက်ရမယ့်ဘ၀တစ် လျှောက်လုံးပြီးပြည့်စုံနိုင်ခဲ့တာမှမဟုတ်တာပဲ။

ကျွန်တော်တို့နှစ်ယောက်ကြားကမိုင်ပေါင်းများစွာကိုအချစ်ဖြင့်ကျော်လွန်နိုင်မည်။စောင့်စည်းရမည့်ဝတ္တရားများကိုလျစ်လျူလျှုမျက်ကွယ်ပြုနိုင်သည်ထားဦးကျွန်တော်တို့နှစ်ယောက်ကြားတွင်ကြီးမားသောခြားနားမှုတစ်ခုရှိနေပါသည်။ပတ်ဝန်းကျင်ကိုဂရုမစိုက်ဖို့ခင်ဗျားမကြာခဏပြောတတ်သော်လည်း ကျွန်တော်အမြဲတမ်းငြင်းဆန်ခဲ့မိပါသည်။

x x x

အတူဆုံချိန်များကိုမျှော်လင့်မိခြင်းဟာ

ဒီလောကကြီးဘယ်လောက်မှောင်မှောင်

နှလုံးသားထဲလင်းလက်တောက်ပမြဲ

ထို့နောက်ပိုင်းရက်များတွင်ကျွန်တော်ဝရန်တာထွက်ပြီးစာကျက်သည်ဖြစ်စေသီချင်းနားထာင်သည်ဖြစ်စေတစ်ဖက်ဝရန်တာတွင်သူ့ကိုမကြာခဏတွေ့ရပါသည်။တွေ့သည်အခါတိုင်းတွင်လည်းသူကကျွန်တော်ကိုပြုံးပြရန်ကြိုးစားလေ့ရှိပြီးကျွန်တော်ကလည်းဘာမှန်းမသိသောခံစားချက်တစ်မျိုးဖြင့်မျက်လုံးချင်းဆုံရန်ရှောင်လွဲမိမြဲဖြစ်ပါသည်။ထိုစဉ်ကကျွန်တော်ကိုယ့်ကိုယ်ကိုတော်တော်ပဲမသင်္ကာဖြစ်ခဲ့ရသည်။

ကျောင်းမှာလဲယောကျာ်းလေးသူငယ်ချင်းတွေနဲ့လက်ပွန်းတတီးနေတာဘာမှမဖြစ်ခဲ့ပဲသူ့နဲ့ကျမှဘာကြောင့်ဒီလိုတွေဖြစ်ခဲ့ရသလဲ မဝေခွဲနိုင်ပါ။ဆယ်ကျော်သက်မှာဖြစ်နေကျအတိုင်းကိုယ်ထက်အသက်ကြီးသောအစ်မကြီးတွေကိုမြင် လျင်ရင်ခုန် သလိုခံစားချက်သည်လည်းရှိမြဲ။

ရေရေရာရာအကြောင်းလည်းမရှိပဲဘာမှန်းမသိသည့်ခံစားချက်များဖြင့်ကျွန်တော်စိတ်တွေဂယောင်ချောက်ချားဖြစ်နေခဲ့ သည်။ကျောင်းသို့ရောက်လျင်သူငယ်ချင်းများကလှော်ပေးနေကာကျွန်တော်လည်းသဘောကျသည့်ကောင်မလေးတစ် ယောက်နှင့်နီးစပ်ရန်ကြိုးစားနေပြီးအိမ်ပြန်ရောက်သောအခါအိမ်နီးချင်းမျိုးတူယောကျာ်းတစ်ယောက်အတွက်တစ်မျိုးတစ်မည်ခံစားရခြင်းသည်တကယ်တော့ဂွတီးဂွကျနိုင်လှပါသည်။

ဝရန်တာတွင်စတွေ့ပြီးမှတ်မှတ်ရရခုနှစ်ရက်ပြည့်သည့်နေ့မနက်တွင်ကျွန်တော်ထိုင်နေကျလက်ဖက်ရည်ဆိုင်ထဲသို့သူဝင် လာခဲ့ပြီးကျွန်တော့်စားပွဲသို့တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။သူ့ကိုမြင်မြင်ချင်းခေါင်းကိုငုံ့ချလိုက်မိပြီးတစ်ခြားစားပွဲသို့သွားစေရန်ဆုတောင်းခဲ့သေးသော်လဲမအောင်မြင်ခဲ့ပါ။ကျွန်တော်ရှေ့မှခုံတွင်ထိုင်ချလိုက်ပြီးမှထိုင်ပါရစေဟုခွင့်တောင်းသလိုပြောခဲ့သည်။

ခင်ဗျားသိပ်ရဲတင်းတာပဲ။ကျွန်တော်နေရာမှာတစ်ခြားတစ်ယောက်သာဆိုရင်ဆိုင်ထဲကတစ်ခြားခုံအလွတ်တွေကိုပြပြီးသွားထိုင်ခိုင်းမှာသေချာသလောက်ရှိသည်။ကျွန်တော်ကတော့တွေဝေတတ်လွန်းတဲ့ကောင်မို့ပေါ့။ထိုစဉ်ကသူစပြောလာခဲ့သောစကားကိုကျွန်တော်သေချာစွာမမှတ်မိတော့ပါ။

သူငယ်ချင်းဖြစ်ပါရစေလို့ပြောခဲ့သလား ဒါမှမဟုတ်အိမ်လာလည်ပါရစေလို့ခွင့်တောင်း ခဲ့တာလားမရေရာတော့။ စကားဝိုင်း တစ်ခုလုံးကိုတော့သူကပဲဦးဆောင်သွားခဲ့တာသေချာပါသည်။သူအဒေါ်ကကျွန်တော်တို့နိုင်ငံတွင်လုပ်ငန်းတစ်ခုရှိသော ကြောင့်ဒီမှာနေတာများကြောင်းတစ်ယောက်တည်းနေရမှာအဆင်မပြေသဖြင့်သူ့ကိုခေါ်ထားခြင်းဖြစ်ကြောင်းနှင့်ထို အဒေါ် ကမကြာခဏခရီးသွားတတ်သဖြင့်သူတစ်ယောက်တည်းပျင်းပျင်းနေရကြောင်းစသည်တို့ပါဝင်တာကိုတော့ရယ်ချင်စိတ်တစ်ဝက်နှင့်မှတ်မိနေပါသေးသည်။

(ခင်ဗျားကသိပ်စကားများတာပဲ) ဟုကျွန်တော်တွေးနေစဉ်မှာပင်သူကလည်းမင်းက တော်တော်စကားနည်းတာပဲဟုပြော သွားခဲ့သည်ကိုကျွန်တော်အမှတ်ထင်ထင်ရှိနေခဲ့ပါသည်။

x x x

ထိုနေ့ညနေကအဖွားဆီမှာခွင့်တောင်းလျက်ကျွန်တော်ကိုကန်ဘောင်ဆီသို့လမ်းလျှောက်ရန်လာခေါ်ခဲ့သည်။သူဘာကိုရည်ရွယ်ခဲ့သလဲဆိုတာဘာကိုမှကျွန်တော်နားလည်နိုင်စွမ်းမရှိခဲ့ပါ။(နားလည်ခဲ့သောအချိန်သည်အရမ်းကိုနောက်ကျသွားပြီးသောအချိန်တွင်ဖြစ်ပါသည်) ကန်ဘောင်ပေါ်သို့လမ်းလျှောက်ထွက်ခဲ့ချိန်သည်မိုးရွာပြီးကာစဖြစ်သောကြောင့်ပတ်ဝန်း ကျင် တစ်ခုလုံးလင်းဝင်းစိမ်းစိုနေခဲ့ပါသည်။

သူကပလက်ဖောင်းပေါ်တွင်လျှောက်သော်လည်းကျွန်တော်ကသူ့ဘေးတွင်ကပ်လျှောက်ရမှာဝန်လေးသလိုဖြစ်လျက်တမင်ပင်လမ်းပေါ်မှဆင်းလျှောက်လာခဲ့သည်။တကယ်တော့ထိုသို့ဝေးကွာအောင်နေခဲ့ခြင်းကပင်စောစီးစွာအသားချင်းထိရဖို့အ ကြောင်းဖန်တီးလာခြင်းဖြစ်ပါသည်။လမ်းကွေ့တစ်ခုတွင်ဟွန်းမတီးပဲအရှိန်ပြင်းစွာချိုးကွေ့လာသောကားတစ်စင်းကိုသူမြင် သောအခါကျွန်တော်လက်များကိုဆွဲယူလျက်ပလက်ဖောင်းပေါ်သို့ဆွဲခေါ်ခဲ့သည်။တကယ်တမ်းကတော့ကားဖြတ်သွားရာ နေရာသည်ကျွန်တော်ရှိနေခဲ့သောနေရာနှင့်တော်တော်လှမ်းပါသည်။ထိုကားခပ်ဝေးဝေးသို့ရောက် သွားသည့်တိုင် ကျွန်တော် လက်ကိုဆက်လက်ဆုပ်ကိုင်ထားခဲ့သည်။ မိုးရွာထားသောအပြင်ရာသီဥတုအရှိန်ဖြင့်ကျွန်တော့်လက်ဖ၀ါးများ အေးစက်နေခဲ့သည်ကိုသတိထားမိသွားခဲ့ဟန်ဖြင့်ချမ်းနေသလားဟုမေးခဲ့တော့ကျွန်တော်ကခေါင်းကိုသာခါယမ်းပြခဲ့သည်။တကယ်တမ်းလည်းကျွန်တော်ချမ်းမနေခဲ့ပါ။

ထိုစဉ်ကကျွန်တော်ရင်ထဲမှာပြင်းထန်နေခဲ့တဲ့တစ်ခုတည်းသောခံစားချက်ကတော့အိပ်ယာပေါ်မှာပစ်လှဲပြီးမျက်လုံးများကိုစုံမှိတ်ထားချင်နေတဲ့စိတ်တစ်ခုပါပဲ။တကယ်တမ်းအိမ်ပြန်ရောက်သောအခါတွင်လည်းအိပ်ယာပေါ်သို့လှဲချကာ မျက်လုံးများ စုံမှိတ်လိုက်ချိန်တွင်သူ့မျက်နှာကစိတ်အာရုံထဲတွင်ထူးဆန်းစွာပေါ်လာခဲ့သည်။

'ဟင့်အင်း...မဖြစ်နိုင်ဘူး'

တကယ်တော့ထိုစဉ်ထဲကဖြစ်ချင်တာနှင့်ဖြစ်သင့်တာကြားတွင်စတင်အကျဉ်းကျခဲ့ပြီဖြစ်သောကျွန်တော်စိတ်ကိုကျွန်တော် နားလည်ခဲ့သင့်ပါသည်။ထိုစဉ်မှာပင်ဖွင့်ထားခဲ့သောကက်ဆက်မှသီချင်းသံစပေါ်လာခဲ့သည်။

(မင်းနဲ့တို့ရဲ့ဇာတ်လမ်းလေးတွေအဆုံးသတ်ရမယ့်အခိုက်အတန့်ဟာ

လမ်းခွဲနူတ်ဆက်ဒီအချိန်လေးဝေးရတော့မှာလား)

ဘာကြောင့်မှန်းမသိထိုသီချင်းကိုချက်ချင်းထပိတ်မိခဲ့ပါသည်။

နောက်ပိုင်းရက်များတွင်တော့ကျွန်တော်ကျောင်းကပြန်ရောက်သည့်အချိန်များတွင်ကျွန်တော်တို့အခန်းဘက်သို့သူမကြာခဏရောက်လာတတ်သည်။ကျွန်တော့်အဘွားသည်အင်္ဂလိပ်ခေတ်ကိုဖြတ်သန်းခဲ့သူဖြစ်သောကြောင့်အင်္ဂလိပ်စကားကို အလွန်ကျွမ်းကျင်ပါသည်။သူလာလည်တိုင်းအဘွားနှင့်နှစ်ယောက်စကားလက်ဆုံကျကြလျင်ကျွန်တော်ကတော့အပြင် မထွက်ပဲကိုယ်အခန်းထဲတွင်ကိုယ်တံခါးပိတ်ခါစာကျက်နေခဲ့မိသည်။

အစပိုင်းတွင်သူကလည်းကျွန်တော်ကိုအကြောင်းမမေးပါ။ဆက်တိုက်ရောက်လာတတ်ပြီးသုံးရက်ခန့်ကြာသောအခါအဘွားနှင့်အတော်အတန်ရင်းနှီးစပြုလာချိန်တွင်ကျွန်တော်အခန်းဘယ်မှာလဲဟုမေးကာအခန်းထဲသို့ဝင်လာပါသည်။ကျွန်တော်ကစာထဲတွင်စိတ်မ၀င်စားပဲစကားဝိုင်းကိုနားစွင့်နေခဲ့သောကြောင့်သူလျှောက်လာနေသည်ကိုသိလျင်ဘာလုပ်ရမှန်းမသိပဲခု တင်ပေါ်သို့ပြေးတက်ကာအိပ်ချင်ယောင်ဆောင်နေလိုက်သည်။ကျွန်တော်အခန်းကနည်းနည်းကျဉ်းသောကြောင့်အခန်းထဲသို့ဝင်ဝင်ချင်းကျွန်တော်ဆီရောက်လာခဲ့သည်။ကျွန်တော်ကိုစောင်ကိုတစ်ဝက်တစ်ပျက်ခြုံထားမိသောကြောင့်အပေါ်ပိုင်းမှာစောင်ဖြင့်လွှမ်းမိသော်လည်းဘောင်းဘီတိုဝတ်ထားသောခြေထောက်များကစောင်အပြင်တွင်ထွက်နေခဲ့သည်။သူကကျွန်တော်ခုတင်စွန်းတွင်ထိုင်ချလိုက်သောအခါကျွန်တော်စိတ်ထဲရှိမလုံခြုံသလိုခံစားမှုမှာပိုမိုတင်းကျပ်လာပါသည်။

ထိုစဉ်မှာပဲသူကကျွန်တော်ပုခုံးများကိုဆွဲလှုပ်ကာ 'ကောင်လေး ထထ' ဟုပြောလာခဲ့သည်။ ကျွန်တော်လဲဆက်လက် ဟန် မဆောင်နိုင်တော့ပဲပက်လက်လှန်လိုက်လျင်သူနှင့်အလွန်နီးကပ်စွာမျက်နှာချင်းဆိုင်မိသွားခဲ့တော့ကျွန်တော်လန့်သွားပါသည်။အနီးကပ်မြင်ရသောသူ့မျက်နှာ၏သန့်စင်ချောမွေ့မှုတွင်ကျွန်တော်ရှက်သွားပြီးကိုယ့်ပါးတစ်ဖက်ကိုလက်ဖြင့်ကွယ်ထားမိလိုက်သည်။(ထိုစဉ်ကကျွန်တော့်မျက်နှာတွင်ဝက်ခြံတစ်ခုနှစ်ခုထွက်နေသည်)သူကတော့ထိတ်လန့်သွားသောကျွန်တော်မျက်လုံးများကိုမြင်တော့သဘောကျသလိုနှစ်နှစ်ခြိုက်ခြိုက်ရယ်လိုက်သည်။သူ့လောက်ကြည့်ကောင်းသောပြုံးရယ်ဟန်မျိုးကိုကျွန်တော်မတွေ့ဖူးခဲ့ပါ။အရင်ကလည်းယောကျာ်းလေးချင်းဘယ်သူရယ်ရယ် သူ့ကို ကြည့်သလိုငေးစိုက်မကြည့်ခဲ့ဖူး တာလဲပါပါလိမ့်မည်။အညိုရောင်မျက်လုံးများကစေ့ပိတ်သွားလျက်နူတ်ခမ်းထောင့်စွန်းရှိအချိုင့်ကလေးတစ်ဖက်ကရေးရေးပေါ်လွင်သွားလျက်ညင်သာစွာအပြုံးတွင်ကျွန်တော်တဒင်္ဂမင်သက်သွားခဲ့ပါသည်။

သူကျွန်တော်ကိုစပြောလာသော်စကားသည်ဘာလို့ပုန်းနေတာလဲဟူသောမေးခွန်းဖြစ်သည်။ထိုမေးခွန်းကိုမေးစဉ်က ကလေး တစ်ယောက်ကိုကျီစယ်သလိုဖြစ်နေသောသူ့မျက်လုံးများကိုကျွန်တော်သဘောမကျပါ။ထို့ကြောင့် 'မပုန်းပါဘူး' ဟုမျက်နှာတည်တည်ဖြင့်ဖြေခဲ့သည်။သူကတော့ထိုသို့ဖြေသည်ကိုပင်သဘောကျသွားသလိုဟက်ဟက်ပက်ပက်ထပ်ပြုံးပြန်ပါသည်။ကျွန်တော်ရင်ထဲတွင်ဘယ်နှစ်ကြိမ်မှန်းမသိမွန်းကျပ်သည့်ခံစားမှုရောက်ရှိလာခဲ့ပြန်ပါသည်။ပြီးတော့သူ့အိမ်သူယာလိုသဘောထားပုံဖြင့်ကျွန်တော့်ဘေးခုတင်နေရာလွတ်ပေါ်သို့လှဲချခဲ့သည်။ကျွန်တော်ဘယ်လိုမှမနေတတ်တော့ပဲအိမ်ရှေ့ဝရန်တာသိုထွက်ရပ်ခဲ့မိတော့သည်။ကျွန်တော်အပြင်ဝရန်တာတွင်ရပ်ပြီးမိနစ်အနည်းငယ်ကြာတော့ကက်ဆက်ခလုတ်ဖွင့်သံကြားပြီးကျွန်တော့်ဘေးတွင်သူလာရပ်ကာပုခုံးတစ်ဖက်ကိုဖွဖွဆုပ်ကိုင်ရင်း ဘာလို့ကိုယ့်ကိုစကားမပြောတာလဲဟု တိုးတိုးကလေးမေးလာသည်။ထိုစဉ်ကကျွန်တော့်ရင်ထဲတွင်ခံစားနေရသောတင်းကျပ်မှုသည်ရင်တစ်ခုလုံးပွင့်ထွက်သွားတော့မည်ဟုထင်ရလောက်အောင်နစ်မွန်းလျက်ရှိသည်။

သူဖွင့်ထားခဲ့သောကက်ဆက်မှသီချင်းသံသည်လွန်ခဲ့သောရက်ဆီကကျွန်တော်ပိတ်ထားခဲ့သောသီချင်းသံသာဖြစ်၏။(ချစ်ခဲ့ကြတဲ့နေ့ရက်တွေလွမ်ခဲ့ရတဲ့အခိုက်အတန့်ဟာတောင့်တခဲ့တဲ့အကြင်နာများနောက်ထပ်မရနိုင်တော့တို့နှစ်ယောက်တကယ်ကိုဝေးကြပြီကွာ သိပ်ချစ်ရက်နဲ့ခွဲခွာ) သက်ပြင်းကိုဖွဖွရှိုက်ထုတ်မိတော့သူကျွန်တော့်ကိုနားမလည်နိုင်သလိုကြည့်ခဲ့သည်။

ကျွန်တော့်...ရင်ထဲမှာ....မရတော့ဘူး.....ခင်ဗျားပြန်ပါတော့ဗျာ........ကျေးဇူးပြုပြီး။

======================================================

မှတ်မှတ်ရရထိုနေ့ကသူပြန်သွားပြီးနှစ်ရက်ခန့်ဝရန်တာသို့ထွက်သည်လဲမမြင်ရ..ကျွန်တော်ဆီလဲရောက်မလာခဲ့ပါ။နှစ်ရက် မြောက်နေ့မှာကျွန်တော်ဆီသို့သူဖုန်းဆက်လာကာသူ့အခန်းကိုလာခဲ့ဖို့ပြောပါသည်။ကျွန်တော်သွားသင့်မသွားသင့်စဉ်းစားနေပြီးမှသွားချင်စိတ်ကအနိုင်ရသွားကာသူ့အခန်းသို့ကူးသွားမိပါသည်။သူအခန်းသည်အဆင်သင့်တံခါးဖွင့်ထားပြီးအိမ်ရှေ့ခန်းမှာမှောင်မည်းလျက်ရှိသည်။ကျွန်တော်နှင့်ဘေးချင်းကပ်ရပ်တစ်ခန်းသာမီးလင်းနေသောကြောင့်အိမ်ထဲသို့ဆက်မ၀င် သေးပဲလှမ်းအသံပြုလိုက်တော့မှသူက၀င်ခဲ့ဖို့ခေါ်သောအသံထွက်လာသည်။အခန်းထဲရှိခုတင်ပေါ်တွင်ခေါင်းအုံးများကိုဆင့်ကာလှဲနေသောသူ့ကိုတွေ့ရသည်။ 'နေမကောင်းဘူးလား' ဟုကျွန်တော်အမေးကို ခေါင်းငြိမ့်အဖြေပေးခဲ့သောအခါ ကျွန်တော် ရင်ထဲတွင်သူ့ကိုပထမဆုံးအကြိမ်သနားစိတ်ဝင်လာခဲ့ပါသည်။ တစ်ခုခုဖြစ်သွားရင်သူ့ကိုပြုစုမည့်သူရှိမှာ မဟုတ်။ဆွေမျိုးသားချင်းလဲမရှိသည့်သူစိမ်းများအလည်တွင်သူဘယ်လောက်အားငယ်နေမလဲ။သူကျွန်တော်နှင့်သိကျွမ်း ချင်သည့်ဆန္ဒကိုလည်းနားလည်မိလာပါသည်။

ထို့ကြောင့်သူခုတင်ဘေးတွင်ထိုင်လျက်ရောက်တတ်ရာရာစကားပြောပေးနေခဲ့သည်။တကယ်တမ်းတော့သူနှင့်စကားပြောရတာပျော်စရာကောင်းပါသည်။သူပြောသမျှစကားများကိုလုံးစေ့ပတ်စေ့နားမလည်သော်လည်းသူ့အမူအယာနှင့်ဆက်စပ်၍သဘောပေါက်ရန်ကြိုးစားရခြင်းသည်လည်းကောင်းမကျွမ်းကျင်သောဘာသာစကားကိုသုံးကာသူနားလည်အောင်ရှင်းပြရ ခြင်းသည်လည်းကောင်းကျွန်တော်အတွက်သဘောကျစရာဖြစ်လာပါသည်။

ထိုနေ့ကစကားပြောရင်းဖြင့်သူ့ကိုကျွန်တော်လျင်မြန်စွာရင်းနှီးသွားခဲ့ပါသည်။ကျွန်တော်ပြန်တော့တားနေသည့်ကြားကတိုက်ရှေ့လှေကားအထိလိုက်ပို့ပေးခဲ့သည်။ပြီးတော့ကျွန်တော်အခန်းထဲသို့ပြန်ရောက်ရောက်ချင်းသူ့ဆီမှဖုန်းလာပါသည်။ဖုန်းထဲတွင်ပြူတင်းပေါက်ဖွင့်ဖို့ပြောတော့ကျွန်တော်ယောင်ဝါးဝါးဖြစ်နေသေးသည်။နောက်မှကျွန်တော်အခန်းနှင့်သူအခန်းသည်ကပ်ရက်ဖြစ်သည်ကိုသတိရသွားကာခြေရင်းပြူတင်းပေါက်ကိုဖွင်လိုက်တော့တစ်ဖက်ခန်းထဲမှကျွန်တော့်ကိုလက်လှမ်းပြနေသောသူ့ကိုမြင်ရပါသည်။

သူကစကားပြောရင်မျက်နှာကိုမြင်နေရတော့ပိုကောင်းတာပေါ့ဟုပြောခဲ့သည်။ဘာပဲဖြစ်ဖြစ်သူနှင့်စကားပြောရတာအဆင် ပြေနေပြီဖြစ်သောကြောင့်ထိုညကအကြာကြီးဖုန်းပြောဖြစ်ခဲ့သည်။မှတ်မှတ်ရရ Sleepless in Seattle ဇာတ်ကား အကြောင်းစကားရောက်သွားချိန်တွင်သူကစကာ'မနက်ဖြန်ကျောင်းသွားရဦးမှာအိပ်တော့'ဟုဆိုကာဖုန်းချသွားပါသည်။ဖုန်းချကာနီးတွင်သူပြောသွားသောစကားလေးကိုကျွန်တော်ကောင်းစွာအမှတ်ရဆဲဖြစ်သည်။

သိပ်စကားများတာပဲတဲ့။ခုချိန်တွင်ကျွန်တော်ထံ၌သူ့ကိုပြောစရာစကားများစွာရှိနေပါသည်။သို့သော်လည်းကျွန်တော်တို့နှစ်ယောက်ကြားတွင်မိုင်ပေါင်းများစွာခြားလျက်ရှိနေ...ခဲ့ပြီ..။

++++++++++++++++++++++++++++++++++++++++++++++++++++++

နာရီတွေကိုနောက်ပြန်လှည့်ပြီးအတိတ်မှာပဲရပ်ထားချင်တယ်

ချိုသာတဲ့မင်းစကားတွေစိတ်မှာအမြဲဆက်ကြားချင်တယ်

ပြတ်သွားတဲ့သံယောဇဉ်ကိုကော်နဲ့ကပ်ပြီးဆက်ထားချင်တယ်

သူမရှိတော့သည့်နောက်ပိုင်းခြေရင်းပြူတင်းပေါက်ကိုဖွင့်လိုက်မိချိန်တိုင်းစေ့ပိတ်ထားသောတစ်ဖက်တံခါးကိုသာသူ့ကိုယ် စားရင်ဆိုင်ရဖန်များသောအခါကျွန်တော်မဖွင့်ပဲထားခဲ့တာကာလငယ်တစ်ခုကြာနေခဲ့ပြီ..။

တကယ်တမ်းသွားဖွင့်မိတော့လည်းခင်ဗျားမျက်နှာလေးကိုမြင်ယောင်လာကာမျက်လုံးများေ၀၀ါးလာတာကလွဲလို့ဘာမှထူးခြားမလာခဲ့ပါ။တစ်ယောက်တည်းတိတ်ဆိတ်နေရခြင်းကိုသည်းမခံနိုင်တော့သည့်အဆုံးတွင်မိုးကာအကျီကိုကောက်စွပ် လျက်အပြင်ထွက်လာခဲ့မိသည်။ခုနကသည်းထန်နေသောမိုးသည်အခုတော့သူမဟုတ်သလိုပင်တစ်ဖွဲဖွဲသာကျတော့၏။ကျွန်တော်သည်ညဥ့်သိပ်မနက်သေးသဖြင့်လူတွေရှိမည်ဆိုတာသေချာသောအင်းစိန်လမ်းမဘက်သို့မလျှောက်ဖြစ်ပဲကန် ဘောင်ရှိရာလမ်းဖြစ်သောပြည်လမ်းဘက်သို့လျှောက်လာခဲ့မိသည်။ဒီလမ်းသည်ကျွန်တော်တို့မကြာခဏအတူလျှောက်ခဲ့ သောလမ်းဖြစ်ပြီးသူ့အရိပ်အယောင်များလွင့်ပျံ့ကျန်နေဆဲလမ်းတစ်လမ်းလဲဖြစ်ပါသည်။တစ်ခါကသူ့ကျွန်တော်ကိုဆွဲတင်ခဲ့ ဖူးသောပလက်ဖောင်းနေရာလေးကိုလှမ်းမြင်ရသောအခါရင်ထဲကလှိုက်လှိုက်လှဲလှဲနာကျင်လာခဲ့ပါသည်။

အမှတ်တရဆိုတာတွေးမိလေ..သတိရလေ မြင်မိလေ..နာကျင်လေပါပဲ..။

ဒါတွေကိုသိရက်သူ့အရိပ်တွေရှိရာကိုပြန်လာမိတာကျွန်တော်ဘယ်လောက်မိုက်မဲလိုက်ပါသလဲ။အိမ်သို့ပြန်လာလာချင်းညကလဲအိမ်ပေါ်သို့တန်းမတက်နိုင်သေးပဲသူရှိနေခဲ့ဖူးသောအခန်းလွတ်လေးကိုငေးကြည့်နေခဲ့မိသေးသည်။ခင်ဗျားပြောခဲ့သလိုကျွန်တော်ကသိပ်တွေဝေပါသည်။ ပြ်ီးတော့.....သိပ်လဲစိတ်ကူးယဉ်တတ်လေသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

ထို့နောက်ပိုင်းကာလများတွင်တော့သူနှင့်ဆက်ဆံရသည်မှာအဆင်ပြေသွားခဲ့ပါသည်။သူ့ကိုမြင်သည့်အခါခင်မင်စိတ်ကလွဲလို့ကျွန်တော်ရင်ထဲမှာမည်သည့်ခံစားချက်မှရှိမနေတော့။(ဟုထင်ခဲ့သည်)အရင်လိုလဲရှက်သလိုရွံ့သလိုဖြစ်မနေတော့။သူသည်ကျွန်တော်နှင့်လူမျိုးကွဲဖြစ်သဖြင့်အနည်းငယ်ထူးဆန်းနေသည်မှအပသာမန်သူငယ်ချင်းတစ်ယောက်သာဖြစ်၏။တစ်ခါတစ်ရံတော့သူကကျွန်တော်ကျောင်းသို့စက်ဘီးဖြင့်လာကြိုတတ်သည်။ရုပ်ရည်ကထူးထူးခြားခြားပေါ်လွင်နေသောသူ့ကို ကျောင်းရှိမိန်းကလေးသူငယ်ချင်းများကဘယ်သူလဲဟုမေးလာလျင်ဂုဏ်ယူသလိုလေသံဖြင့် 'ငါ့အစ်ကိုကွ' ဟုဖြေတတ် နေပြီ..။အိမ်ပြန်ရောက်သည့်အခါတွင်စာကျက်ချိန်လိုသေးပါကတစ်ခါတစ်ရံသူနှင့်လက်ဘက်ရည်ဆိုင်ထွက်ထိုင်ဖြစ်တတ်သည်။တကယ်ဆိုအားလုံးထိုအဆင့်မှာရပ်တန့်နေခဲ့မည်ဆိုလျင်အရာရာပိုအဆင်ပြေနိုင်ပါလိမ့်မည်။လောကသဘာဝသူနှင့်ခွဲခွာရသောအချိန်တွင်လည်းကျွန်တော်တို့ဖြူစင်ပေါ့ပါးစွာနူတ်ဆက်နိုင်ပါလိမ့်မည်။

အခုတော့ အမှားဆိုသည်မှာပြင်ရန်ခက်မှန်းသိရက်ကျွန်တော်ကရှေ့ဆက်တိုးခဲ့မိပါသည်။ ထိုနေ့ကကျွန်တော်သည် သူငယ်ချင်းတစ်ယောက်၏မွေးနေ့ပါတီမှအယ်လ်ကိုဟောများသောကော့တေးသောက်လာခဲ့သည်။ဒီကြားထဲကိုယ်ပေါ်သို့အနည်းငယ်မှောက်ကျခဲ့သေးသောကြောင့်ကျွန်တော့်အ၀တ်အစားများဆီကအနံ့ပြင်းပြင်းထွက်နေပါသည်။

အိမ်ပြန်လျင်အဆူခံရမည်မှာသေချာသလောက်ဖြစ်သောကြောင့်သူ့အိမ်တွင်အမူးပြေသည့်အထိနေဖို့ဆုံးဖြတ်လိုက်သည်။ဘဲကိုအချိန်ကြာကြာတီးမိသော်လည်းသူထွက်မလာခဲ့ပဲတံခါးကိုတွန်းကြည့်တော့စေ့ရုံသာစေ့ထားသဖြင့်အထဲသို့ဝင်လိုက်မိသည်။ရေချိုးခန်းထဲမှရေသံသဲ့သဲ့ကြားရသောကြောင့်ရေချိုးခန်းထဲတွင်သူရှိနေကြောင်းသေချာသွားသည်။

သူခုတင်ဘေးတွင်ထိုင်လျက်အဆင်သင့်တွေ့ရသောအခွေတစ်ခွေကိုစက်ထဲကောက်ထည့်မိစဉ်မှာပဲခေါင်းပေါ်မှရေများကိုမျက်နှာသုတ်ပ၀ါတစ်ထည်ဖြင့်သုတ်လျက်သူဝင်လာခဲ့သည်။ကျွန်တော်ကိုမြင်တော့အံ့သြသယောင်ရှိသွားသော်လဲပုံမှန် မဟုတ်သောကျွန်တော့်အမူအယာကိုချက်ချင်းပင်သဘောပေါက်သွားကာ မူးလာတယ်ပေါ့ဟုပြောသည်။

ကျွန်တော်ကမှုန်ကုတ်ကုတ်ဖြင့်ခေါင်းငြိမ့်ပြလျင်သူကသဘောကျသလိုရယ်၍ကျွန်တော့်မေးဖျားကိုဆွဲညှစ်ပါသည်။ပြီးတော့ခုတင်ပေါ်သို့ခုန်တက်ကာကျွန်တော်နှင့်မျက်နှာချင်းဆိုင်မိအောင်ခပ်စောင်းစောင်းလှဲလိုက်ချိန်တွင်သူ့ခန္ခာကိုယ်ပေါ်တွင် ပေါင်လည်သာသာမျက်နှာသုတ်ပုဝါလေးမှလွဲ၍ဘာအ၀တ်အစားမှရှိမနေမှန်းကျွန်တော်သတိထားမိသွားသည်။ပေါင်ကို တစ်စောင်းထောင်ကာကျွန်တော်ဘက်သို့လှဲနေသောကြောင့်အသာလေးချည်ထားသောမျက်နှာသုတ်ပုဝါသည်ပေါင်ရင်းတွင်ပြေလျော့လုနီးပါးဖြစ်နေသည်။

မီးရောင်အောက်တွင်ရေစို၍လက်နေသောပေါင်တံများ၏ကျစ်လျစ်မှုကိုတီဗွီဖန်သားပြင်သို့အာရုံပြောင်းယူလိုက်ရသည်။သို့သော်လည်းခဏနေတော့သူကကျွန်တော့်ဘေးရှိစားပွဲပေါ်မှသောက်ရေဘူးကိုသူ့ဆီလှမ်းဖို့ပြောချိန်တွင်သူ့ထံသို့အာရုံ ရောက်သွားခဲ့ပြန်ပါသည်။ရေဘူးကိုယူကာထိုင်ရာမှမထပဲမော့ချလိုက်တော့ဖိတ်တစ်ဝက်စင်တစ်ဝက်ရေများသည်သူ့ခန္ခာကိုယ်တစ်လျှောက်စီးကျလာသည်။မီးအရောင်တွင်ဟပ်နေသောသူ့ဝမ်းဗိုက်ရှိပြေပြစ်သောကြွက်သားများသည်စိုလက်လျက်ရှိသည်။နုတ်ခမ်းများဆီကစီးကျလာသောရေစီးကြောင်းကလေးသည်ဝမ်းဗိုက်ပေါ်တွင်အနည်းငယ်အိုင်ထွန်းနေပြီးမှ အောက်သို့ဆက်စီးသွားပြန်သည်။ဤသည်ကိုသူလည်းသတိပြုမိသွားလျက်မျက်နှာသုတ်ပုဝါကိုဖယ်ရှားလိုက်ချိန်တွင်တော့ကျွန်တော်ထူပူသွားကာပြူတင်းပေါက်ဖက်သို့မျက်နှာလှည့်လိုက်မိသည်။

'ကျွန်တော်ပြန်တော့မယ်'

'မင်းမူးနေတာအဖွားဆူမှာပေါ့ဒီမှာပဲအိပ်လိုက်ပါ ကိုယ်ဖုန်းဆက်ပြောပေးမယ်လေ'

'ဟင့်အင်းကျွန်တော်ပြန်တော့မယ်'

သူကဆက်မငြင်းတော့ပဲအ၀တ်အစားလဲကာကျွန်တော်ကိုလိုက်ပို့ဟန်ပြင်သောအခါကျွန်တော်အိမ်ပြန်ချင်စိတ်မရှိတော့ပဲသူနှင့်အတူဆက်ရှိနေလိုစိတ်ပြင်းပြလာပြန်သည်။

'ကျွန်တော်မ၀သေးဘူးသွားထပ်သောက်ရအောင်'

'ဒါဆိုမင်းအိမ်ပြန်လို့ဘယ်ရတော့မလဲ'

'မပြန်ဘူးဗျာ'

ပြီးတော့ကျွန်တော်ကရှေ့မှဦးဆောင်ထွက်သွားသောအခါသူကမတတ်သာ၍လိုက်ပို့ရဟန်ဖြင့်နောက်မှပါလာခဲ့သည်။ဆိုင်ရောက်တော့မူလအရှိန်ရီဝေေ၀ဖြင့်ကျွန်တော်အများကြီးထပ်သောက်လိုက်မိသည်မှာခေါင်းပင်မထူနိုင်တော့သည်အထိဖြစ်သွားသည်။ဆိုင်မှပြန်ထွက်သောအခါတွင်မိုးကလဲသည်းသည်းမည်းမည်းရွာလျက်ရှိနေပြီ။

အိမ်နှင့်မဝေးသောနေရာကိုရွေးချယ်ခဲ့မိသဖြင့်တော်ပါသေးသည်။သူကကျွန်တော်လက်တစ်ဖက်ကိုသူ့ပုခုံးပေါ်ဆွဲတင်ထားကာဒယိမ်းဒယိုင်ဖြင့်လျှောက်နေရသဖြင့်ခရီးမတွင်လှပဲလမ်းတွင်အချိန်ကြာသွားခဲ့သေးသည်။အိမ်သို့ပြန်ရောက်တော့ကျွန်တော့်ကိုဧည့်ခန်းတွင်ခဏထားပြီးမျက်နှာသုတ်ပုဝါနှင့်အ၀တ်အစားများသွားယူလာကာအ၀တ်အစားချွတ်လဲပေးနေသည့်အချိန်တွင်ကျွန်တော်အောက်ခံမပါသည်ကိုသတိထားမိသော်လည်းရှက်ရွံ့စိတ်နည်းနည်းမှဝင်မလာပဲဖြစ်ချင်ရာဖြစ်ဟူသောအတွေးသာဝင်လျက်ရှိ၏။

ကျွန်တော်ကိုအ၀တ်အစားများအားလုံးလဲအပြီးခုတင်ပေါ်တွင်တင်ရန်လာပွေ့ချီသည့်အချိန်တွင်သူ့ကိုမလွတ်တန်းပွေ့ဖက်ထားမိခဲ့သည်။သာမန်အချိန်တွင်ဆိုလျင်သူ့ဗလဖြင့်ကျွန်တော့် ခန္ခာကိုယ်ကိုအသာလေးပွေ့ချီနိုင်မည်ဖြစ်သော်လည်း ထိုအချိန်ကသူကိုယ်တိုင်မူးနေခဲ့တော့နှစ်ယောက်စလုံးခုတင်ပေါ်သို့ပစ်ကျသွားခဲ့ပါသည်။သူမျက်နှာနှင့်အနီးကပ်တွေ့ထိမိ ချိန်တွင်ကျွန်တော်ကိုယ်တစ်ခုလုံးကသူ့အပေါ်တွင်လုံးလုံးလျားလျားတင်လျက်ရှိသောကြောင့်ကျွန်တော့်ခေါင်းကိုထူမတ်ရန်ကြိုးစားသော်လည်းမအောင်မြင်ပါ။

သူ့လက်များသည်ကျွန်တော့်လက်နှစ်ဖက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလျက်ရှိ၏။ခဏကြာတော့ကျွန်တော့် ခန္ခာ ကိုယ်ကိုသူ့ပေါ်မှညင်သာစွာဖယ်ချလျက်ကျွန်တော့်ခေါင်းကိုသူ့လက်မောင်းတစ်ဖက်ပေါ်တင်ပေးခဲ့သည်။ကျွန်တော့်၏ လက်တစ်ဖက်သည်အ၀တ်မဲ့နေသောသူအပေါ်ပိုင်း ခန္ခာကိုယ်ပေါ်တွင်ကန့်လန့်ဖြတ်တင်လျက်ရှိသည်။

အတန်ကြာငြိမ်သက်နေခဲ့ပြီးနောက်ကျွန်တော့်မေးဖျားကိုဆွဲယူကာသူနှင့်မျက်နှာချင်းဆိုင်သည်အထိမော့စေခဲ့သည်။ထိုစဉ်ကကျွန်တော်ကိုစိုက်ကြည့်နေခဲ့သောသူမျက်လုံးများကိုကျွန်တော်မူးနေသည့်ကြားကအမှတ်ထင်ထင်ဖြစ်လျက်ရှိသည်။အညိုရောင်တောက်ပသောသူ့မျက်လုံးများမှတစ်ဆင့်သူပြောချင်နေသောစကားများစွာကိုကျွန်တော်ကြားသိခဲ့ရသည်။ပြီး တော့သူ့နူတ်ခမ်းများသည်ကျွန်တော်နဖူးဆီသို့ညင်သာစွာထိကပ်လာသည်။ကျွန်တော်ရင်ထဲတွင်နွေးထွေးမှုနှင့်အတူထိတ်လန့်စိတ်ကိုခံစားလိုက်ရသော်လည်းရုန်းမထွက်မိပါ။ထို့နောက်ကျွန်တော်နူတ်ခမ်းများဆီသို့သူ့အနမ်းတွေရွေ့လျားလာခဲ့သည်။ချိုသာလှိုက်လှဲသောနူတ်ခမ်းများ၏အထိအတွေ့ကိုရုတ်တရက်နစ်မျောသွားကာရုန်းထွက်ရန်အင်အားများလည်းမဲ့သွားရသည်။အနမ်းကိုရုတ်တရက်ရပ်လိုက်ပြီးမျက်နှာချင်းပြန်ခွာကာကျွန်တော်မျက်နှာကိုဘယ်တုန်းကမှမမြင်ဖူးသလိုစိုက်ကြည့်ပြန်သည်။

မကြာသေးမီကသောက်ထားသောဝိုင်အနီ၏အရှိန်ဖြင့်နီရဲစွတ်စိုနေသောသူ့အောက်နူတ်ခမ်းလေးသည်တစ်ဆတ်ဆတ်တုန်ယင်လျက်ရှိသည်။ခင်ဗျားရဲ့နူတ်ခမ်းတွေကယောကျာ်းတစ်ယောက်အတွက်မလှလွန်းဘူးလား....။ကိုယ့်ကိုယ်ကိုပြန်လည်မဆောက်တည်နိုင်ခင်မှာပဲသူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားမိတော့သည်။

အပြင်မှာရွာနေသောမိုးကတစ်စစသည်းလာသော်လည်းကျွန်တော်ရင်ထဲမှာပူလောင်သောအယ်လ်ကိုဟော၏အရှိန်ဖြင့် ချွေးတွေပျံနေခဲ့ပါသည်။

======================================================

အများကြီးဝေးသွားဖို့မျှော်လင့်ရင်း

သူနှလုံးသားကိုယ်နှလုံးသား

ရုန်းရင်းဆန်ခတ်အဖြစ်တွေ...

မနက်လင်း၍ကျွန်တော်နိုးလာသောအချိန်တွင်သူကျွန်တော့်ဘေးတွင်ရှိမနေတော့ပါ။ ရေချိုးခန်းထဲမှာလား ဒါမှမဟုတ်.......အိုး...ဒါတွေကအရေးမကြီးပါဘူး.။

အခုချိန်ကျွန်တော်ရင်ထဲတွင်ပူလောင်စွာလှည့်ပတ်နေသည်ကမှားခဲ့ပြီဟူသောစိတ်ဓာတ်သာဖြစ်၏။ခေါင်းထဲတွင်ညကအသောက်များသွားသဖြင့်ကိုက်သယောင်ရှိနေသောခံစားမှုအပြင်ထိုစိတ်ကလဲဝင်နေသောကြောင့်ကျွန်တော်ချက်ချင်းမတ်တတ်ထရပ်လိုက်မိသည်။

ပြီးတော့ဘာလုပ်လို့လုပ်ရမှန်းမသိပဲဆောက်တည်ရာမဲ့နေသောစိတ်ဖြင့်အခန်းထဲတွင်လှည့်ပတ်ကာလမ်းလျှောက်နေမိပါသည်။ညကအဖြစ်များကိုတစ်ခုချင်းပြန်တွေးမိတော့ရှက်စိတ်ဝမ်းနည်းစိတ်တို့ဖြင်နှလုံးသည်အပြင်သို့ပေါက်ကွဲထွက်တော့မတတ်နစ်မွန်းတင်းကျပ်လာနေသည်။သူနှင့်ကျွန်တော်ကလွဲလို့ဘယ်သူမှမသိတာသေချာသော်လည်းကိုယ်လိပ်ပြာကိုယ်မသန့်တော့သလိုခံစားမှုဖြင့်သွေးတွေဆူပွက်လာတော့နံရံတွင်ကပ်ထားသောနာရီကိုလက်သီးဖြင့်ထိုးမိခဲ့တော့သည်။ခွမ်းကနဲကွဲကြေသံကြောင့်သူချက်ချင်းရောက်လာသည်အထိကျွန်တော်ကနာရီအကွဲရှေ့မှာကြောင်၍ရပ်ဆဲ။

နာရီမှန်ကွဲရှသွားသောဒဏ်ရာသည်အတန်ငယ်များသဖြင့်နာကျင်နေသည်မှန်သော်လည်းရင်ထဲကနာကျင်မှုကိုဖြင့်မကျော်လွှားနိုင်ပါ။သူကအခြေအနေကိုရိပ်စားမိစွာစကားတစ်ခွန်းမှမဆိုပဲအရက်ပျံဖြင့်ဆေးကာပတ်တီးစီးပေးသည်။ဒဏ်ရာကိုအရက်ပျံဖြင့်ဆေးတော့တွန့်ကနဲဖြစ်သွားသော်လည်းမျက်နှာကြောမလျော့သောကျွန်တော့်ကိုသူရယ်ချင်ဟန်ရှိသော်လည်းမ ရယ်ခဲ့ပါ။ပြီးတော့ကျွန်တော့်ရှေ့မှာဒူးထောက်ထိုင်ချလျက်ကိုယ်ဘာလုပ်ပေးရမလဲဟုမေးပါသည်။ကျွန်တော်ပြန်မဖြေဖြစ်ပဲအိမ်သို့ထ ပြန်လာခဲ့သည်။

သူကစိုးရိမ်ဟန်မျက်နှာထားနှင့်အနောက်မှကပ်ပါလာကာအိမ်အထိလိုက်လာခဲ့သည်။တစ်ညလုံးပြန်မအိပ်ပဲမနက်လင်းမှလက်တွင်ပတ်တီးစီးလျက်ပြန်လာသောကျွန်တော့်ကိုအဘွားကတအံ့တသြကြည့်လျင်သူကရန်ဖြစ်လာလို့ဟုဆိုကာကျွန်တော်ကိုမဆူရန်ဖြောင့်ဖြနှစ်သိမ့်လျက်ရှိ၏။ကျွန်တော်ကတော့ဘယ်သူကိုမှစကားပြောချင်စိတ်မရှိတော့သဖြင့်အခန်းထဲသို့တန်းဝင်ကာလော့ချပြီးပတ်တီးကိုဖြေကာဒဏ်ရာကိုကြည့်မိသည်။

လက်ခုံပေါ်တွင်အနည်းငယ်ကွဲသွားသောနေရာမှသွေးစကလေးတွေထွက်နေပြီးလက်ကောက်ဝတ်နေရာမှာတော့မှန်ကွဲစိုက်သွားသောကြောင့်အတန်ငယ်နက်သည်။ကျန်သည့်နေရာများကတော့ရိုးရိုးပွန်းပဲ့ရာများသာဖြစ်သည်။(ထိုဒဏ်ရာနှစ်ခုရှိအမာရွတ်သည်ခုချိန်ထိမပျောက်ပျက်နိုင်သေးပဲသူနှင့်ပတ်သက်၍ရခဲ့သောပထမဆုံးအမှတ်တရတစ်ခုဖြစ်လာခဲ့သည်။ဝေးကွာပြီးကာလများတွင်ကျွန်တော်မကြာခဏပြန်ကြည့်မိသောဝေဒနာနိုးဆွပေးသည်နိုးစက်တစ်ခုလည်းဖြစ်နေပြန်ပါသည်)ထို့နောက်ပိုင်းရက်များတွင်ကျွန်တော်သည်ကိုယ့်ကိုယ်ကိုလိမ်ညာလျက်သူနှင့်မတွေ့ဖြစ်အောင်ရှောင်နေခဲ့သည်။သူဖုန်းဆက်လျင်တော့တစ်ခုခုအကြောင်းပြကာဖုန်းကိုချပစ်ခဲ့သည်။ထိုနည်းမှာအစပိုင်းနှစ်ရက်ခန့်တွင်သာအောင်မြင်ခဲ့ပြီးသူကျောင်းသို့စက်ဘီးသို့ရောက်လာသည့်အခါတွင်တော့ကျောင်းရှိသူငယ်ချင်းများရှေ့တွင်ကျွန်တော်ဘယ်လိုမှမတတ်နိုင်တော့ပဲသူစက်ဘီးနောက်တွင်လိုက်သွားရတော့သည်။တစ်လမ်းလုံးသူကစကားစမပြောသဖြင့်ကျွန်တော်လဲမပြောဖြစ်ပဲတိတ်ဆိတ်နေခဲ့ရသည်။တိုက်ရှေ့ကိုရောက်တော့ကျွန်တော်ကအိမ်ပေါ်တက်ဟန်ပြင်လျင်ကျွန်တော်လက်ကိုဆွဲကာသူ့အခန်းဘက်သို့ခေါ်သွားခဲ့သည်။ကျွန်တော်ရုန်းဖို့သတိမရသလိုရုန်းလဲမရုန်းဖြစ်ခဲ့အခန်းထဲသို့ရောက်သောအခါတံခါးကိုအလျင်စလိုလော့ချပြီးကျွန်တော့်ကိုတင်းကျပ်စွာဖက်ပွေ့လိုက်သည်။ကျွန်တော်လက်နှစ်ဖက်မှာအစပိုင်း၌လေထဲတွင်ဆန့်တန်းလျက်ရှိရာကသူ ကျွန်တော်နဖူးကိုတစ်ချက်အနမ်းတွင်သူ့ကိုပြန်လည်ဖက်တွယ်မိတော့သည်။

ကျွန်တော်ကအမြဲတမ်းဒီလိုပါပဲ။ကိုယ်ဘာဖြစ်ချင်တာလဲနှင့်ဘာဖြစ်သင့်တာလဲဟူသော အစွန်းနှစ်ဘက်စီမှာ ဘာကိုမှ မဝေ ခွဲတတ်ခဲ့တာ...။ကျွမ်းကျင်သောသူနူတ်ခမ်းများ၏အတွေ့အထိကိုသာယာမိကြောင်းဝန်ခံဖို့ကျွန်တော်မရှက်ပါ။ ဒါပေမဲ့ သူ နှင့်ကျွန်တော်ဘယ်လိုဆက်သွယ်ပတ်သက်မှုမျိုးကိုဖော်ဆောင်နေခဲ့သလဲဆိုတာကိုတော့ကိုယ်ဘာသာပင်ယုံကြည်လက်ခံရန်ခဲယဉ်းလျက်ရှိနေခဲ့သည်။သူနှင့်တွေ့၍သူ့၏ဇွတ်တရွတ်အပြုအမူများတွင်ကျဆုံးရလေတိုင်းကျွန်တော်၏သိစိတ်ကရုန်းထွက်ငြင်းဆန်ရန်တွန်းအားပေးခဲ့သော်လည်းလက်တွေ့တွင်ဖြစ်မလာခဲ့။ခဏခဏပြောခဲ့သလိုပင်ကျွန်တော်ကိုက တွေဝေ လွန်းလှပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

သွားနေကျလမ်းကလေးတွေကျဉ်းပေမယ့်

မင်းမျက်ဝန်းလေးကိုထိတ်လန့်ရင်းနဲ့

မျက်နှာချင်းလဲဆိုင်ဖို့ခက်တယ်

သူ့သည်ကျွန်တော်ဘ၀တွင်မည်၍မည်မျှလိုအပ်နေခဲ့ပြီဖြစ်ကြောင်းသိလိုက်ရချိန်သည်သူအဒေါ်ခေါ်သောကြောင့်မြို့တစ်မြို့သို့တစ်လကြာလိုက်သွားခဲ့ချိန်တွင်ဖြစ်၏။အစပိုင်းရက်များသည်ပထမအစမ်းစာမေးပွဲနှင်တိုက်ဆိုင်နေသောကြောင့်မသိ သာခဲ့သော်လည်းစာမေးပွဲအပြီးကျောင်းမသွားရသူငယ်ချင်းများနှင့်လဲမတွေ့ရတော့သည့်အချိန်တွင်တော့သူ့ကိုသတိရစိတ်သည်ကျွန်တော့်ကိုပြင်းထန်စွာနှိပ်စက်တော့သည်။

ကျွန်တော်အားနည်းသောအင်္ဂလိပ်နှင့်သင်္ချာဖြေသည့်နှစ်ရက်ညနေပိုင်းတွင်ဖြေနိုင်လားဟုဖုန်းဆက်မေးသေးသော်လည်းနောက်ပိုင်းရက်များတွင်လုံးဝဖုန်းမလာတော့ပါ။ထိုရာသီအချိန်သည်မိုးရာသီအကုန်ဆောင်းရာသီလည်းမ၀င်သေးသော ကြောင့်ပူလောင်အိုက်စပ်သောညသန်းကောင်တွင်ကျွန်တော်လန့်နိုးလာခဲ့သည်။နိုးနိုးချင်းမှာအာခေါင်များခြောက်သွေ့လျက်ရေငတ်သလိုဖြစ်နေခဲ့သောကြောင့်ရေထသောက်ရင်းသူအခန်းလေးမီးမှိတ်ထားသည်ကိုသတိထားမိသွားလျင်ရင်ထဲ တွင်လှိုက်ကနဲနာကျင်လာတော့သည်။

ထိုညကဘယ်လိုမှအိပ်မပျော်ခဲ့တော့ပဲသီချင်းတစ်ပုဒ်ကိုထပ်တလဲလဲဖွင့်ကာမိုးလင်းခဲ့ရပါသည်။မျက်ရည်မကျခဲ့တာသေချာသော်လည်းလွမ်းဆွတ်တမ်းတရခြင်း၏ပင်ပန်းနာကျင်စရာအရသာကိုတော့ကောင်းကောင်းသိသွားခဲ့၏။သူအသေအချာ ပြန်လာမှာကိုသိလျက်နဲ့ပင်ဤမျှပြင်းပြင်းထန်ထန်ခံစားခဲ့ရသောကျွန်တော်သည်တစ်သက်တာဝေးကွာရမည့်လမ်းကိုဘာကြောင့်ရွေးချယ်မိခဲ့ပါသလဲ။ကိုယ့်ကိုယ်ကိုပြန်မေးတိုင်းလည်းတိကျသေချာသောအဖြေကိုမရခဲ့ပါ။ထိုစဉ်ကတော့တစ်လပြည့် ပြီးဒုတိယရက်တွင်သူပြန်ရောက်လာခဲ့သည်။တစ်လပြည့်ပြည့်ချင်းရက်ကသူပြန်ရောက်လောက်ပြီအထင်နှင့်ကျူရှင်မ၀င်ပဲစောပြန်ခဲ့သော်လည်းရောက်မလာသောကြောင့်နောက်တစ်ရက်တွင်တော့မလာလောက်သေးဘူးအထင်နှင့်ကျွန်တော်အိမ် ပြန်နောက်ကျခဲ့သည်။အနည်းငယ်ညနေစောင်းချိန်ကျောင်းမှာလည်းပင်ပန်းခဲ့သောကြောင့်နွမ်းညစ်နေသောစိတ်တို့ သည် မီးလင်းနေသောသူ့အခန်းလေးကိုမြင်သည်နှင့်ပျော်ရွှင်ပေါ့ပါးသွားခဲ့လျင်ကိုယ့်စိတ်ကိုပင်နားမလည်နိုင်ခဲ့။အိမ်သို့အရင်မ၀င် ဖြစ်သေးပဲသူအိမ်သို့သာပြေးတက်သွားခဲ့သည်။ကျွန်တော်ကိုမြင်စဉ်ကတောက်ပမှုဖြင့်လင်းလက်သွားသောသူ့မျက်လုံးများကိုကျွန်တော်ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်။

အခန်းတံခါးကိုသူပိတ်ပြီးကျွန်တော့်ဘက်ပြန်လှည့်လာချိန်ကိုပင်မစောင့်နိုင်တော့ပဲသူ့ကိုနောက်မှနေ၍တင်းကျပ်စွာဖက် တွယ်မိတော့သည်။ခဏနေတော့ကျွန်တော်ဘက်ကိုသူလှည့်လာသည်။ပြီးတော့သူရင်ခွင်ထဲတွင်နစ်မြုပ်နေအောင်ပွေ့ဖက်လျက်မွတ်သိပ်သောအနမ်းများကျွန်တော့်နူတ်ခမ်းပေါ်ရောက်လာတော့သည်။

မတွေ့ရတာကြာပြီဖြစ်သောသူ့ကိုယ်ရနံ့လေးကိုမက်မက်မောမောရှုရှိက်မိစဉ်မှာပဲသူ့ကိုကျွန်တော့်ဘယ်လောက်စွဲလန်းခဲ့မိပြီဆိုတာသေချာသွားခဲ့ပါသည်။ထိုတင်္ဒဂတွင်တော့ကျွန်တော်သူ့ဆီမှာသာစိတ်ရောက်လျက်အရာအားလုံးကိုမေ့လျော့ထားခဲ့သည်။ကျွန်တော်မေ့ထားခဲ့သလိုလောကမှာထောက်ထားစရာဘာအကြောင်းမှမရှိတော့လျင်မည်မျှအဆင်ပြေလိုက်မည်လဲ။သူနှင့်ကျွန်တော်မခွဲနိုင်မခွာရက်တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်လိုအပ်ကြခြင်းကိုအချစ်ဟုခေါင်းစဉ်တပ်ခွင့်ရ မည်ဆိုလျင်ပဲအားလုံးအဆင်ပြေသွားလိမ့်မည်။

အခုတော့သူပေးအပ်လာသောချစ်ခြင်းတရားတွင်ကျွန်တော့်အတွက်ဒဏ်ရာများစွာသာကျန်နေခဲ့ပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

မကြားရတာကြာပြီဆိုတဲ့သတင်းထဲ

အတိတ်ရဲ့ရနံ့စူးစူးကိုကောက်ရတယ်

မလျှောက်ဖြစ်တော့တဲ့လမ်းတွေဆီက

ငိုသံသဲ့သဲ့ပြန်ကြားရတယ်

နေ၀င်ပါတော့ကွယ်....။

++++++++++++++++++++++++++++++++++++++++++++++++++++++

ကန်ဘောင်ပေါ်သို့ရောက်သွားချိန်သည်အနည်းငယ်ညနက်စပြုနေပြီဖြစ်သောကြောင့်လူရှင်းတိတ်ဆိတ်လျက်ရှိပြီ..။ကျွန်တော်ကကန်လမ်းထိပ်ရှိလှေကားကျယ်ကြီးမှတက်လာခဲ့သောကြောင့်ရေစက်ဘေးရှိသူနှင့်ကျွန်တော်အမြဲထိုင်နေကျခုံတန်းလေးသည်ထိုင်သူမဲ့နေသည်ကိုတွေ့ရ၏။အရင်လိုလုထိုင်စရာမလိုတော့သည့်တိုင်ခပ်သုတ်သုတ်လျှောက်သွားကာထိုင်ချလိုက်မိသည်။ထောင့်တစ်ဖက်စွန်းတွင်ထိုင်လိုက်သောကြောင့်လက်တစ်ဖက်ကိုထိုင်ခုံလက်တန်းပေါ်သို့တင်ထားလိုက်ရ သည်။အရင်လိုမှီတွယ်စရာရင်ခွင်တစ်ခုလည်းကျွန်တော်ဘေးတွင်ရှိမနေပါ။တစ်ခါကကျွန်တော်နှင့်သူဒီခုံပေါ်မှာထိုင်နေရင်းကျွန်တော့်လက်ကိုဆုပ်ကိုင်ထားချင်သောသူနှင့်စကားများခဲ့ဖူးသည်။အခုတော့ဆုပ်ကိုင်မည့်သူမရှိတော့သောကျွန်တော် လက်တစ်ဖက်သည်ထိုင်ခုံလက်တန်းပေါ်တွင်မျှော်လင့်ချက်မဲ့စွာလှဲလျောင်းလျက်ရှိသည်။မိုးကရုတ်တရက်သည်းလာပြန်သည်။သူသာရှိမည်ဆိုလျင်ကျွန်တော်ကိုပြန်ကြရအောင်ဟုပြောမှာသေချာသလောက်ရှိသည်။အနည်းငယ်အအေးခံရုံဖြင့်ဖျားတတ်သောကျွန်တော့်ကိုကျွန်တော်ကိုယ်တိုင်ထက်ပင်သူကစိုးရိမ်တတ်ပါသည်။တစ်ခါတစ်ရံတွင်တော့သူ့ကိုစချင်သောကြောင့်ပေကတ်ခါထိုင်နေလိုက်သည်။ထိုအခါမျိုးတွင်သူကအိမ်ပြန်ရန်အမျိုးမျိုးချော့မော့ဆွဲဆောင်တတ်သည်။သူထပ်တလဲလဲသုံးတတ်သည့်နည်းကတော့ကျွန်တော်သိပ်ကြိုက်သည့်သူ့လက်ရာsaladလုပ်ပေးမည်ဟူသောနည်းပါပဲ။ချက်ချင်းပင်သူစိုးရိမ်တကြီးပြန်ဖို့အခေါ်ကိုညစ်ကျယ်ကျယ်ဆန့်ကျင်လျက်ရှိသောဆယ့်ငါးနှစ်အရွယ်ကလေးသာသာကောင်လေးဘ၀ကိုတမ်းတမိသွားပြန်သည်။သူပေးခဲ့သောပျော်စရာကာလတွေသူမရှိတော့သည့်အခါလွမ်းဆွတ်နာကျင်စရာများအဖြစ်ပြောင်းလဲသွားလိမ့်မည်ဟုကျွန်တော်ဘယ်တွေးမိခဲ့ပါ့မလဲ။

မိုးစက်များအနည်းငယ်ကျဲပါးသွားတော့ကန်ရေပြင်သည်တည်ငြိမ်သလောက်ဖြစ်လာပြန်၏။အနက်ရောင်ကန်ရေပြင်တွင်သူ့မျက်နှာလေးကိုပြန်လည်ပုံဖော်ကြည့်မိရင်းနူတ်ဖျားမှတစ်စုံတစ်ရာကိုရွေရွတ်မိချိန်တွင်ကျွန်တော်ရင်ထဲတွင်တစ်ဆစ်ဆစ် နာကျင်လာခဲ့ပြန်သည်။သူကကျွန်တော့်ကိုသူတို့ဘာသာစကားတွင်ချစ်တယ်ဟုပြောသောအသံထွက်ကလေးဖြင့်နာမ်စားသုံးခေါ်ဝေါ်တတ်သည်။သူမရှိတော့သည်နောက်ပိုင်းကာလရှည်ကြီးထဲမှာ ဒီနာမည်ကလေးနဲ့ပြန်ထူးခွင့်မရှိတော့တာ ကာလမည်မျှကြာခဲ့ပြီလဲ..ဗျာ။

++++++++++++++++++++++++++++++++++++++++++++++++++++++

တစ်ယောက်တည်းအေးစက်နေသည့်ကော်ဖီတစ်ခွက်ကိုသောက်ရချိန်တိုင်းတွင်ကျွန်တော်အတွက်ကော်ဖီဖျော်ပေးခဲ့သောမွေးညင်းစိမ်းလေးများယှက်သန်းနေသောတစ်ချိန်ကလက်ကလေးတစ်စုံကိုမြင်ယောင်မိပါသည်။ကျွန်တော်ကမှန်ပြူတင်းပေါက်မှမြင်ရသောအပြင်ဘက်မြင်ကွင်းများကိုငေးနေခဲ့သည်။သာယာကြည်လင်သောနွေနံနက်ခင်းတစ်ခုတစ်ခုဖြစ်သည်။ သင်္ကြန်ပြီးလျင်အောင်စာရင်းထွက်မည်ကိုကြိုစိတ်ဆင်းရဲနေသောကျွန်တော်ကိုသူရယ်မောခဲ့သည်။ကျွန်တော်ကစိတ်ကောင်းလဲမရှိဘူးဟုတီးတိုးရေရွတ်မိတော့သဘောကျသလိုပြုံးလျက်ကျွန်တော့်ပါးကိုဆွဲလိမ်ရန်ကြိုးစားလျင်သူ့လက်တစ်ဖက်ကိုပုတ်ချပစ်ခဲ့သည်။လမ်းသွားရင်းတစ်စုံတစ်ရာနှင့်တိုက်ခိုက်မိသည့်အခါသို့မဟုတ်မနက်စောစောပေါင်မုန့်မီးကင်ရာတွင်အဆင်မပြေသည့်အခါစသည့်အသေးအဖွဲများကိုပင်စိတ်ဆတ်ဒေါသထွက်လွယ်သောသူသည်ကျွန်တော်နှင့်ပတ်သက်လျင်တော့အံ့သြစရာကောင်းလောက်အောင်ပင်စိတ်ရှည်၏။သို့သော်လည်းသူနှင့်ကျွန်တော်ပဍိပက္ခ ဖြစ်ရသည့်အချိန်ကနည်းလျက် အရာအတော်များများတွင်အကြိုက်ချင်းတူပါသည်။

ရုပ်ရှင်ကြိုက်တာ သီချင်းဖွင့်ပြီးအိပ်တတ်တာ မိုးရာသီကိုနှစ်သက်တာစသဖြင့်ပြော ရမည်ဆိုလျင်ဆုံးလိမ့်မည်မထင်ပါ။ ကျွန်တော်ကြိုက်သောအရာများကိုသူအမြဲလိုက်ကြိုက်ရန်ကြိုးစားတတ်သော်လည်းကြက်သွန်ဖြူနံ့ကိုတော့အလွန်မုန်း သည်။ထို့ကြောင့်ကျွန်တော်သည်ကြက်သွန်ဖြူကိုအကြိုက်ကြီးမဟုတ်သော်လည်းမကြာခဏစားပြီးသူ့ကိုသွားနမ်းတတ် သည်။ပထမဆုံးတစ်ခေါက်ကတော့သူအိမ်မှပြန်သွားပြီးထမင်းစားပြီးမှနောက်တစ်ခေါက်ပြန်လာသောကျွန်တော့်ကိုဘာဖြစ်လို့လဲဟုမေးခဲ့သည်။

ကျွန်တော်ကအရမ်းနမ်းချင်လို့ပြန်လာတာဟုဖြေတော့သူကမျက်လုံးနှစ်ဖက်ကိုမှိတ်ကာခေါင်းကိုမော့ပေးခဲ့သည်။မျက်လုံး နှစ်ဖက်စုံမှိတ်လိုက်သည်နှင့်ကလေးတစ်ယောက်လိုအပြစ်ကင်းစင်သွားခဲ့သောသူ့ကိုကျွန်တော်မလုပ်ရက်သလိုခံစားလိုက်ရသေးသည်။ခဏနေမှသူ့ကိုကျွန်တော်စနမ်းဖြစ်ပါသည်။အစပိုင်းမှာမရိပ်မိသော်လည်းကျွန်တော်အနမ်းကြာရှည်သွားတော့သူအနံ့ရသွားကာဘေစင်ရှိရာသို့ပြေးသွားသည်။ဤသည်ကိုပင်ကျွန်တော်ကိုရွံရကောင်းလားဟုပြန်၍စိတ်ကောက်ခဲ့ပါသည်။

ရေချိုးခန်းမှပြန်ထွက်လာတော့စာအုပ်တစ်အုပ်ကိုသည်းကြီးမည်းကြီးဖတ်ကာသူ့ကိုလုံးဝလှည့်မကြည့်တော့သောကျွန်တော်ကိုချက်ချင်းပင်ရိပ်မိသိရှိသွားသည်။ကျွန်တော်လက်ထဲမှစာအုပ်ကိုဆွဲယူကာပိတ်ပစ်လိုက်တော့သူ့ကိုမော့မကြည့်ပဲခုတင်ပေါ်သို့လှဲချလိုက်သည်။သူကကျွန်တော့်နားသို့တိုးတိုးကလေးကပ်ကာဒီမှာပဲအိပ်တော့ဟုလေသံကလေးဖြင့်ပြောပါသည်။ပြီးတော့ကျွန်တော့်ဘေးစားပွဲမှမီးကိုမှိတ်ပစ်ခဲ့သည်။ခဏနေလျင်အနောက်မှနေ၍ကျွန်တော်လက်နှစ်ဖက်လုံးကိုသိုင်းဖက်လာသည်။လက်တစ်ဖက်ကကျွန်တော်လက်များကိုမလှုပ်နိုင်စေရန်ချုပ်ထားပြီးနောက်လက်တစ်ဖက်ကအောက်သို့ရွေ့လျားသွားကာကျွန်တော်ဝတ်ထားသောဘောင်းဘီကိုဆွဲချွတ်ရန်ကြိုးစားခဲ့သည်။

ကျွန်တော်စိတ်ထဲတွင်ရုတ်တရက်အသည်းယားသွားကာအားကုန်သုံးလျက်ပက်လက်လှန်ရန်ကြိုးစားလျင်သူနှင့်ကျွန်တော်မျက်နှာချင်းဆိုင်မိသွားသည်။ကျွန်တော်ကိုငုံ့အနမ်းတွင်သူ့မေးဖျားမှရိတ်သင်ကာစမွေးညင်းများသည်ကျွန်တော်လည်ပင်းသို့ထိခတ်မိတော့အလွန်ယားသွားပြီးသူကိုတွန်းဖယ်လိုက်မိသည်။သူကကျွန်တော်ယားတတ်သည်ကိုသိသွားလျက်လက်နှစ်ဖက်ကိုချုပ်ထားကာသူ့မေးစေ့ဖြင့်ကျွန်တော်လည်ကုပ်ကိုပွတ်ပါသည်။အစပိုင်းမှာတတ်နိုင်သရွေ့ကျွန်တော်ရုန်းသေးသော်လည်းသန်မာသောသူ့လက်များအောက်တွင်ရုန်းရင်းကန်ရင်းအလျှော့ပေးရတော့သည်။

ကျယ်ပြန့်သောသူ့ရင်ခွင်ထဲတွင်တင်းကျပ်စွာဖက်ပွေ့ထားသောအခါကျွန်တော့်ခန္ခာကိုယ်သည်မယုံနိုင်စရာကွယ်ပျောက်လျက်ရှိ၏။ကျွန်တော်ငြိမ်သက်စပြုသွားသောအချိန်တွင်သူကကျွန်တော့်နူတ်ခမ်းကိုကျင်လည်စွာနမ်းပါသည်။ပြီးတော့ ကျွန်တော့်အနားသို့ရွေ့ကပ်ကာချစ်လားဟုမေးသည်။သူ့လေသံမှာတိုးတိုးလေးပဲ။သို့သော်ကျွန်တော့်နားထဲတွင်ခုချိန်တိုင်ပဲ့တင်ထပ်နေဆဲဖြစ်သည်။တစ်ယောက်ရင်ထဲမှစကားတစ်ယောက်နှလုံးသားဖြင့်မည်သို့ပင်ခံစားနားလည်စေကာမူသဘာဝတရားမဟုတ်သောသံယောဇဉ်ကိုအချစ်ဟုခေါင်းစဉ်တပ်ခွင့်မရနိုင်ကြောင်းကျွန်တော်အလွန်နောက်ကျမှသဘောပေါက်ခဲ့ရပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

တစ်ခါတစ်ရံတွင်တော့သူသည်ကျွန်တော်ကိုစက်ဘီးပေါ်တွင်တင်လျက်ကျွန်တော်သွားချင်သည့်နေရာများသို့လိုက်ပို့တတ်သည်။ကျွန်တော်ကစက်ဘီးစီးသင်ချင်သည်ဟုဆို၍ ကျွန်တော်တို့အိမ်ရှေ့လမ်းမသည်လူရှုပ်သောကြောင့် RC-2 ၀င်းထဲသို့ သွားသင်ပေးခဲ့သည်။အနောက်မှသူထိန်းပေးနေစဉ်ကအဆင်ပြေခဲ့သော်လည်းကျွန်တော်တစ်ယောက် တည်းတင်လွှတ် လိုက်သည်နှင့်ပုံပျက်ပန်းပျက်ပစ်လဲခဲ့ပါသည်။

ထိုစဉ်ကရသောဒဏ်ရာများကိုသူဆေးထည့်ပေးခဲ့ဖူးပြီးစက်ဘီးစီးဆက်မသင်တော့ရန်ကျွန်တော့်ကိုဖြောင့်ဖြခဲ့သည်။ထိုဒဏ်ရာမှမဟုတ်ကျွန်တော်နေမကောင်းဖြစ်ချိန်တိုင်းတွင်လည်းသူကသာဆေးတိုက်ဓာတ်စာကျွေးနောက်ဆုံးကျွန်တော်တရေးနိုးထအန်သောအန်ဖတ်များကိုပင်မရွံမရှာကျုံးခဲ့ပါသည်။တစ်ခါတစ်ရံညသန်းခေါင်လန့်နိုးလာရင်ချမ်းသည်ဟုညည်းညူမိလျင်စောင်များကိုဖယ်ပြီးသူ့ရင်ခွင်ထဲတွင်ဖက်ပွေ့ထားမြဲဖြစ်သည်။

(ထို့ကြောင့်သူနှင့်ဝေးကွာအပြီးပထမဆုံးဖျားစဉ်ကသူ့အစားလစ်ဟာနေသောအိပ်ယာကွက်လပ်ကိုသာစမ်းမိပြီးအရမ်းဝမ်းနည်းသွားခဲ့ဖူးပါသည်)

ဤမျှအသေးစိတ်ကြင်နာတတ်သောသူ့ကိုကျွန်တော်အချိန်များစွာသတိရနေခဲ့ခြင်းသည်ကျွန်တော့်အပြစ်မှမဟုတ်ပဲ။အစစအရာရာအဆင်ပြေချောမွေ့လျက်ရှိသောရှိသောကျွန်တော်တို့နှစ်ယောက်ဘ၀ထဲသို့တစ်သက်စာဝေးကွာစေဖို့ပြသနာဝင် ရောက်လာခဲ့ပုံသည်သိမ်မွေ့လွန်းလှ၏။ကျောင်းပိတ်ရက်တစ်ရက်တွင်သူမပါပဲသူငယ်ချင်းတစ်ယောက်အိမ်သို့သွားလည်ရာမှစပါသည်။ထိုနေ့ကကျွန်တော်နှင့်ထိုသူငယ်ချင်းသည်ရုပ်ရှင်တစ်ကား(Philadelphiaထင်သည်)အတူထိုင်ကြည့်နေရာကယောကျာင်္းနှစ်ယောက်ပွေ့ဖက်ချစ်ကြိုက်ခန်းပါလာသောအခါ စောက်ရမ်းရွံဖို့ကောင်းတယ် ဟုရွေရွတ်ကာထ ပိတ်ပစ် ခဲ့သည်။ကျွန်တော်ကိုမရည်ရွယ်မှန်းသိသော်လည်းရင်ထဲတွင်အောင့်ကနဲဖြစ်သွားသည်အထိနာကျင်သွားခဲ့ပါသည်။ဘုရားဘုရား ကျွန်တော်နှင့်သူ့အကြောင်းကိုများသိ သွားပါကဒီကောင်ဘာပြောမှာပါလိမ့်။ ထိုနောက်တော့ကျွန်တော်သူ့ကို နူတ် ဆက်ပြီးချက်ချင်းထပြန်လာမိသည်။အိမ်ကိုပြန်ရောက်တော့လည်းထိုစကားသည်သာနားထဲတွင်အထပ်ထပ်ကြားယောက်လျက်သူ့ဆီကိုသွားချင်စိတ်ကိုထိန်းချုပ်ထားခဲ့ပါသည်။

အချိန်တန်၍သူ့ဆီရောက်မလာတော့ကျွန်တော့်ကိုနေမကောင်းဘူးလားဟုဖုန်းဆက်မေးသည်။ကျွန်တော်ကစာကျက်စရာတွေများနေလို့ပါဟုပြန်ဖြေပြီးချက်ချင်းဖုန်းချကာအခန်းကိုမီးမှောင်ချလျက်သူ့အခန်းဆီသို့ငေးကြည့်နေခဲ့မိပါသည်။မီးရောင်အောက်တွင်စာအုပ်တစ်အုပ်ကိုကိုင်ကာဖတ်နေသောသူ့ကိုမမေ့ရက်စဖွယ်မြင်ရ၏။ခဏနေတော့စာအုပ်ကိုပိတ်ကာကျွန်တော်အခန်းဖက်သို့ငေးကြည့်လာပါသည်။မီးပိတ်ထားသောကြောင့်ကျွန်တော့်ကိုသူမမြင်နိုင်တာသေချာသော်လည်းအကြာကြီးစိုက်ကြည့်နေခဲ့တော့မလုံမလဲဖြစ်သွားသည်။နောက်တော့မှကျွန်တော်ကိုမမြင်နိုင်မှန်းသိရက်ကြည့်နေတာကိုရိပ်စားမိကာသနားသွားသော်လည်းနေ့လည်ကကြားခဲ့သောစကားကိုပြန်တွေးမိလျင်ယောင်ယမ်းကာခေါင်းကိုခါယမ်းပစ်မိသည်အထိခါးသီးသွားပြန်ပါသည်။ထိုညကကျွန်တော်အိပ်ဖို့ခဲယဉ်းစွာကြိုးစားခဲ့ရသလိုညနက်မှဖုန်းတစ်ခေါက်ထပ်ဆက်ခဲ့သောသူအိပ်မပျော်ခဲ့တာလဲကျွန်တော်သိပါသည်။နောက်တစ်နေ့သူ့အိမ်သို့ကျွန်တော်ရောက်သွားခဲ့တော့သူကကျွန်တော်ကိုမြင်မြင်ချင်းပြေးလာပြီးတင်းကျပ်စွာပွေ့ဖက်လာသည်။

ပြီးတော့မနေ့ကတစ်နေ့လုံးမတွေ့ရဘူးနော်ဟုကျွန်တော်မျက်လုံးများထဲသို့စိုက်ကြည့်ကာပြောသည်။တစ်စုံတစ်ရာမတုံ့ပြန်မိ သူ့ကိုလဲပြန်လည်မပွေ့ဖက်မိပေမယ့်သူ့အကြည့်များကြောင့်ရင်ထဲတွင်နွမ်းနယ်သွားခဲ့ပါသည်။ ထိုအဖြစ်အပျက်နှင့် ရှေ့ဆင့်နောက်ဆင့်ပင်သူ့နိုင်ငံသို့ရုတ်တရက်ပြန်စရာအကြောင်းပေါ်လာခဲ့ခြင်းဖြစ်သည်။ကံတရားအလှည့်အပြောင်းသည်အလွန်မြန်ဆန်လှသောကြောင့်ကျွန်တော်တို့ပြင်ဆင်ခွင့်နည်းနည်းမှမရခဲ့။

'ကိုယ်ပြန်ရတော့မယ်' အနည်းငယ်အဖျားခတ်တုန်ရင်ချင်နေသောသူ့အသံလေးကိုကျွန်တော်အမြဲတမ်းကြားယောင် နေခဲ့ပါသည်။ရင်ထဲတွင်ရုတ်တရက်နာကျင်လာသော်လည်းမကြာခင်မေ့ပျောက်သွားမှာပါဟုကိုယ့်ကိုယ်ကိုလိမ်လည်လျက်ဘာမှမခံစားရသလိုဆက်နေခဲ့သည်။သူနှင့်လိုက်ခဲ့ရန်ခေါ်သောအခါကျွန်တော်ငြင်းခဲ့သည်။ 'ဟင့်အင်း' ရှေ့ဆက်ဖို့မဖြစ်နိုင် တော့တဲ့ဇာတ်ကိုဒီမှာတင်ရပ်ကြမယ်။အချိန်တွေကြာရင်ကျွန်တော်တို့ဝေးကွာခြင်းမှာအသားကျသွားမှာပါ။

တကယ်တော့ကျွန်တော်ရင်ထဲမှနာကျင်ရခြင်းကိုအလိုလိုက်ခဲ့မိမည်ဆိုလျင်အခုလိုသူ့နှင့်ဝေးကွာရသောလွမ်းဆွတ်ခြင်းတွေဖြစ်ပေါ်လာမှာမဟုတ်။ကျွန်တော်ကသူ့စကားများကိုခေါင်းခါခဲ့တော့သူ့မျက်နှာမှာထိန်းချုပ်မရအောင်ပျက်ယွင်းသွား သော်လည်းဘာမှဆက်မပြောတော့ပါ။

အိပ်ယာဝင်ချိန်တွင်သူ့ဘက်သို့မလှည့်ဖြစ်ခဲ့ပဲနံရံကိုမျက်နှာမူလျက်အိပ်ပျော်ရန်ကြိုးစားခဲ့ရ၏။ဘယ်အချိန်ကအိပ်ပျော်သွားခဲ့မှန်းမသိပဲသူ့ဘက်မှမီးအလင်းရောင်ကြောင့်ကျွန်တော်နိုးလာချိန်တွင်သူသည်စားပွဲပေါ်မှမီးအုပ်ဆောင်းကိုဖွင့်လျက်ကျွန်တော်မျက်နှာကိုကြည့်မ၀သလိုငေးမောနေသောသူ့ကိုမှန်ပြူတင်းမှတစ်ဆင့်မြင်ရပါသည်။

အစပိုင်းမှာကျွန်တော်မနိုးသလိုငြိမ်သက်နေခဲ့သောလည်းသူ့မျက်ရည်တစ်စက်ကျွန်တော့်ပုခုံးပေါ်ကျလာချိန်တွင်တော့ဆက်လက်မချုပ်တည်းနိုင်ပဲသူ့ရင်ခွင်ထဲသို့ခေါင်းတိုးဝင်လျက်တိုးတိတ်စွာမျက်ရည်ကျမိတော့သည်။

သူကဘယ်တုန်းကမှမျက်ရည်မကျခဲ့သလိုဟန်ဆောင်လျက်ကျွန်တော့်ကိုသာချော့ခဲ့သည်။ပြီးတော့သူမရှိလျင်ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့အထပ်ထပ်မှာပြန်ပါသည်။

ရင်ထဲတွင်ဘာမှမခံစားရသလိုဟန်ဆောင်လျက်စကားတွေအများကြီးပြောနေခဲ့သော်လည်းသူ့မျက်ဝန်းများဆီမှကြေကွဲရိပ်တို့ကိုကျွန်တော်ဘယ်တော့မှမေ့နိုင်တော့မည်မထင်ပါ။နောက်ဆုံးတော့ကျွန်တော့်မေးဖျားကိုဆွဲယူမော့စေကာကျွန်တော် မျက်ဝန်းများဆီသို့စိုက်ကြည့်လျက် ကိုယ့်ကိုမမေ့ပါနဲ့နော်ဟုမှာခဲ့သည်။

အခုတော့သူမှာကြားခဲ့သောစကားလေးသည်ကျွန်တော်အပေါ်တွင်အမြဲဖိစီးနေသောကျိန်စာတစ်ခုဖြစ်လာပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

တစ်ခုသောမိုးရာသီနေ့လည်ခင်းတွင်ကျွန်တော်တို့နှစ်ယောက်ကြားမိုင်ပေါင်းများစွာခြားခဲရသည်။ခွဲခွာရခြင်းကိုဘယ်သူပဲဆောင်ယူခဲ့သည်ဖြစ်စေပေါ့လေ..။

ခံစားခဲ့ရတာကတော့ထပ်တူထပ်မျှပါပဲဆိုတာကျွန်တော်ယုံကြည်လျက်ရှိ၏။ ဤအကြောင်းကိုပြန်တွေးမိတိုင်း မနေ့တနေ့ ကလိုနာကျင်ဆဲဖြစ်ပါသည်။

ကျွန်တော်ကလိုက်မပို့ဘူးနော်ဟုသက်ပြင်းချသံတစ်ဝက်နှင့်ပြောမိတော့သူကကျွန်တော်မျက်ဝန်းများဆီသို့စိုက်ကြည့်လျက်နားလည်သလိုခေါင်းငြိမ့်ပြခဲ့သည်။သူ့မျက်ဝန်းညိုများဆီမှကြေကွဲမှုနှင့်မျက်ရည်စများကိုမြင်ရသောအခါလှိုက်လှဲစွာနာကျင်သွားပြီးအိမ်ပြန်လာခဲ့ရပါသည်။ကျွန်တော်အိမ်ပြူတင်းပေါက်မှလှမ်းကြည့်မိတော့သူသည်ခုတင်ပေါ်တွင်အတန်ကြာခေါင်းငိုက်စိုက်ကျလျက်ထိုင်နေသည်ကိုတွေ့ရ၏။လေဆိပ်ဆင်းရန်အချိန်အလွန်နီးကပ်လာမှလေးလံစွာထရပ်လျက်လုပ်စရာရှိသည်များကိုထလုပ်နေသောသူ့ကိုကျွန်တော်မကြည့်ရက်တော့ပါ။လိုက်မပို့ဖြစ်သောဆုံးဖြတ်ချက်အတွက်နောင်တရချင်

သွားသော်လည်းသူထွက်ခွာနူတ်ဆက်သွားတာကိုမြင်ရလျင်နာကျင်မှုကိုထိန်းနိုင်မည်မထင်။တနည်းအားဖြင့်မခွဲနိုင်မခွာရက်နူတ်ဆက်နေသောယောကျာင်္းလေးနှစ်ယောက်ကိုစူးစမ်းကြမည့်မျက်လုံးများအလည်တွင်ကျွန်တော်အရှက်ကွဲမခံနိုင်ပါ။

ထိုနေ့ကရာသီကုန်ကာနီးနူတ်ဆက်သောမိုးသည်သည်းသည်းမဲမဲရွာနေခဲ့သည်။အထုပ်များကိုမနိုင်မနင်းသယ်ပိုးကာကားငှားရန်စောင့်နေသောသူ့ကိုမြင်ရတော့လေးလံမှုဖြင့်ရင်ထဲတွင်နွမ်းနယ်လာပါသည်။မိုးရေထဲတွင်ကားလေးထွက်သွားသော

မြင်ကွင်းသည်ကျွန်တော်ဘယ်တော့မှမေ့ပျောက်နိုင်တော့မည်မဟုတ်သောကြေကွဲဖွယ်ဇာတ်သိမ်းတစ်ခုဖြစ်သည်။ဧည့်သည်ဆိုတာအချိန်တန်အိမ်ပြန်ရမှာပါပဲဟုကိုယ့်ကိုယ်ကိုနှစ်သိမ့်မိသော်လည်းရင်ထဲကနာကျင်မှုကိုတော့တစ်ရံတစ်ဆစ်မှ လျော့ပါးစေနိုင်စွမ်းမရှိပါ။သူအိမ်ဘက်ကိုလှည့်ကြည့်မိတော့ပြူတင်းပေါက်တံခါးလေးစေ့ပိတ်ထားသည်ကိုမြင်ရပြန်သည်။ဒီတစ်ခါဒီတံခါးလေးပိတ်ထားတာပြန်ပွင့်လာဖို့ရက်ကိုဘယ်လောက်အထိစော့င်ရဦးမှာလည်း.....ဗျာ။

++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်ပြန်သတိဝင်လာတော့မိုးတွေစဲလျက်ရှိပြီ။နာရီကိုကြည့်လိုက်မိတော့မနက်နှစ်နာရီထိုးလုနီး..။ပြန်သင့်ပြီဟုသိကာမတ်တတ်ထရပ်လိုက်တော့မူးဝေသွားသောကြောင့်ထိုင်ခုံလက်တန်းကိုသာကိုင်ထားလိုက်ရ၏။အိပ်ပျော်သွားခဲ့သေးလားမသိ။ကန်ဘောင်ပေါ်မှဆင်းလာတော့လေပြေတစ်ချက်နှစ်ချက်ဝေ့ရမ်းလာသော်လည်းအနည်းငယ်ချမ်းစိမ့်သွားသည်မှအပ နွမ်းညစ်နေသောစိတ်များကိုတော့လန်းဆန်းစေနိုင်စွမ်းမရှိပါ။

လျှောက်လာသောခြေလှမ်းတိုင်းသည်လည်းကောင်း တက်လာသောလှေကားထစ်တိုင်းသည်လည်းကောင်း နောက်ဆုံး သော့ကိုလှည့်ဖွင့်နေသည့်အချိန်သည်လည်းကောင်းကျွန်တော်အတွက်အဓိပ္ပါယ်မဲ့လျက်ရှိ၏။တံခါးကိုဖွင့်ပြီးအထဲကိုဝင်ချိန်တွင်လည်းချိုသာသောအနမ်းတစ်စုံဖြင့်ကျွန်တော့်ကိုကြိုဆိုမည့်သူမရှိပါ။နံရံကပ်မီးခလုတ်ကိုနှိပ်ချလိုက်ပြီးမှကျွန်တော့် လက်များရေစိုနေသည်ကိုရုတ်တရက်သတိရသွားသည်။

ရေစိုအ၀တ်တွေကိုအိပ်ခန်းသို့သွားရာတစ်လျှောက်ချွတ်လဲပစ်တင်သွားရင်းကမှန်တစ်ချပ်ရှေ့မှဖြတ်မိတော့ကိုယ့်ကိုယ်ကို ခပ်ကြာကြာရပ်ကြည့်မိသည်။ကျောင်းနှင့်ဝေးကွာခဲ့ပြီဖြစ်သောကြောင့်ကုပ်ထောက်ရှည်လျားနေသောဆံပင်များသည်မိုးရေတွေရွှဲပြီးတစ်ချောင်းစီဖရိုဖရဲဖြစ်လျက်ရှိကြသည်။အိပ်ရေးပျက်ခဲ့သောမျက်ဝန်းတွေကတော့နီရဲထိုင်းမှိုင်းကာမျှော်လင့်ချက်မဲ့နေသည်။ပြီးတော့သူသိပ်ချစ်သည်ဟုပြောခဲ့ဖူးသောကျွန်တော့်ဘယ်ဘက်ပါးပြင်အောက်မှမှည့်နက်လေးဆီရောက်သွားပြန်တော့သူ့စကားများကိုကြားယောင်လျက်ဝမ်းနည်းစိတ်ဝင်လာပြန်သည်။အတိတ်ဆိုတာလည်းကြေကွဲမှုတွေအရိပ်ထင်စေတဲ့မှန်တစ်ချပ်ပါပဲ။ကျွန်တော်ပုခုံးစွန်းရှိသူ့မျက်ရည်များစီးကျခဲ့ဖူးရာနေရာတွင်ပူနွေးသောသူ့မျက်ရည်များ၏အတွေ့အထိကိုခံစားလာရသည်။

မျက်လုံးများဆီမှကျိန်းစပ်မှုကိုခံစားရသော်လည်းအိပ်လို့လည်းမပျော်နိုင်တော့မှာသေချာပါသည်။အိပ်မပျော်နိုင်တဲ့အတူတူဒီအတိုင်းပဲထိုင်နေလိုက်တော့မည်။မကြာခင်မိုးလင်းလာတော့မှာပဲ။အဟောင်းတွေအားလုံးချုပ်ငြိမ်းလျက်အရာရာအသစ် ဖြစ်လာသည့်နေထွက်ချိန်ကိုမနက်ဖြန်ဟုခေါ်သည်မဟုတ်လား။

ကျွန်တော်အတွက်ကတော့အလွမ်းတွေကလွဲဘယ်အရာမှအသစ်ပြန်မဖြစ်နိုင်တော့သလိုပင်။ခြေရင်းပြူတင်းပေါက်ကိုမဖွင့်မိအောင်သတိထားလျက်ဝရန်တာဆီသို့လျှောက်သွားလိုက်သည်။မိုးပေါ်ကိုမော့ကြည့်မိတော့မိုးသားများအတန်ငယ်လွင့်ပါးလျက်ပြိုးပြောက်သောကြယ်ကလေးများကိုပင်ဟိုတစ်ပွင့်ဒီတစ်စမြင်နေရပြီ။ဤကောင်းကင်ကြီးတစ်ခုထဲ၏အောက်တွင်သူနှင့်ကျွန်တော်အတူရှိနေသေးကြောင်းတွေးမိသွားသောအခါရင်ထဲတွင်နွေးထွေးသွားပါသည်။ကမ္ဘာမြေကြီးရဲ့တစ်နေရာခင်ဗျားရှိနေသေးတယ်ဆိုတဲ့အသိနဲ့မနက်ဖြန်တွေကိုကျွန်တော်လိုချင်ခဲ့တာ။သတိတရတမ်းတနေခဲ့သည်ဖြစ်စေအမှတ်တမဲ့မေ့လျော့ထားခဲ့သည်ဖြစ်စေပေါ့။ တွေ့ခွင့်တွေဘယ်လိုမကြုံပေမယ့် ဆုံနိုင်ခွင့်တွေဘယ်လိုဝေးပေမယ့် ဒီအသိလေးတစ်ခုနဲ့ တစ်ယောက်တည်း နေတတ် အောင်ကြိုးစားနေခဲ့တာပါ။

ဆုပ်ကိုင်ထားတဲ့လက်တွေမြဲခဲ့ရင်သတိတရတမ်းတခြင်းတွေအဆုံးသတ်တဲ့တစ်နေ့ကျွန်တော်မျက်ဝန်းထဲကိုအနီရောင်အရိပ်လေးတစ်ခုဒုတိယအကြိမ်ပြန်လည်ဝင်ရောက်လာကာဝေးကွာချိန်ကာလများ၏အေးစက်မှုများအားသူ့လက်တစ်စုံဖြင့် ထွေးပွေ့ပြေပျောက်စေလိမ့်မည်ဟုသံသယကင်းစွာယုံကြည်ထားပါသည်။

အခုတော့........

အဖော်ကွဲနေဟန်ရှိသောငှက်ကလေးတစ်ကောင်၏ဆွေးဆွေးမြေ့မြေ့အော်ဟစ်သံကိုကြားလိုက်ရသလို.....ရှိသည်။ ကျွန်တော်........ကျွန်တော်လည်းလေ...။

x x x x x x

ကြာပြီပေါ့အချစ်ရယ်

စာမလာသတင်းမကြားမင်းကို

ခဏအဝေးကြီးသွားနေတာပါလို့လဲ

ကိုယ့်နှလုံးသားကိုပြန်မညာရက်နိုင်ခဲ့

ပြောမိတဲ့စကားတွေပြန်ကြားမိတိုင်း

ပန်းကျတဲ့နေ့မင်းပြန်ရောက်လာမယ်လို့ဆိုတယ်

ကိုယ့်မှာက

မြောက်ပစ်စရာဒင်္ဂါးပြားလေးတစ်ချပ်တောင်

ဒီလောကကြီးထဲရှာမတွေ့နိုင်တဲ့အဖြစ်ပါ။

Dreamy

စာကြွင်း။ ။ ဟိုးအရင် ကျွန်တော်စာတွေမရေးခင်တုန်းက အင်တာနက်စသုံးကာစက ခင်မင်ခဲ့သော ဖတ်ခဲ့ရသော ညီလေး ဝေဟန်ပိုင်ရဲ့စာမူတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီကာလတွေတုန်းက တော်တော်လေးလှုပ်ခတ်သွားရသော စာမူတစ်ပုဒ်ဖြစ်ပါ တယ်။ သူရေခဲ့သော မူရင်းစာမူအတိုင်းတော့မဟုတ်ဘူး ကျွန်တော်နည်းနည်းလေးဖြည့်စွက်ထားခဲ့တယ်လို့ အခုချိန်မှာ ပြန်စဉ်းစားမိရပါတယ်။ ဒါကြောင့် ဖတ်ရတာအဆင်မပြေရင် ကျွန်တော့်တာဝန်သာဖြစ်ပါတယ်။အခုတလော ကျွန်တော် စာတွေ မရေးဖြစ်တော့ တခြားသူများရေးသည့်အထဲက ဖတ်လို့ကောင်းတာ သင့်တော်တာလေးတွေကို ပြန်လည် ဝေမျှခြင်း ဖြစ်ပါတယ်။

Wednesday, September 21, 2011

လိင်တူချစ်သူများ ဖုန်းဖြင့် အခမဲ့ ကျန်းမာရေး ဆွေးနွေးနိုင်ပြီ

လိင်တူချစ်သူများ ကျန်းမာရေးအကြံပြုချက်များ ဆွေးနွေးနိုင်
ရွှေရည်စောမြင့်
အတွဲ ၂၇ ၊ အမှတ် ၅၃၅ ( ၁၆-၂၂ ၊ ၉ ၊ ၂၀၁၁)
http://www.myanmar.mmtimes.com/2011/news/535/news19.html

မြန်မာနိုင်ငံရှိ အမျိုးသား လိင်တူ ချစ်သူများ၏
ကျန်းမာရေးဆိုင်ရာအကြံပြုချက်များနှင့် နှစ်သိမ့်နွေးမှုများကို
တယ်လီဖုန်းမှတစ်ဆင့် အခမဲ့ဆွေးနွေး နိုင်ပြီဖြစ်ကြောင်း
တာဝန်ယူလုပ်ကိုင်နေသည့်ကမ္ဘာ့ဆရာဝန်များအဖွဲ့ (Medecins Du Monde-MDM) မှ
ဒေါက်တာ ယမင်းရီကပြောသည်။

အဆိုပါဆွေးနွေးမှုကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ည
၉နာရီအတွင်း ဖုန်း ၀၉၇ ၃၁၂၂၅၆၆ သို့ မေးမြန်းနိုင်
မည်ဖြစ်သည်။'မောင်တို့ရွာ'ဟု အမည်ပေးထားသည့် ၎င်းဖုန်းမှတစ်ဆင့်
လိင်မှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွင် ဆွေးနွေးမှုများ၊ လိင်မှတစ်ဆင့်
ကူးစက်တတ်သည့်အိပ်ခ်ျအိုင်ဗီ၊ ကာလသားရောဂါ၊ အသည်းရောင် ဘီပိုးနှင့်
စီပိုး ရှိ မရှိစစ်ဆေးရန်အပြင် ထိရောက်သည့်ကုသမှုများခံယူရန်
မှန်ကန်တဲ့သတင်းအချက် အလက်များပေးရန် ရည်မှန်းထားသည်။

"ဒီစီမံချက်ရဲ့ အဓိကရည်ရွယ်ချက်က ကိုယ်တိုင်လာပြီး
ဆွေးနွေးရမှာရှက်တဲ့ယောကျာ်းချင်း လိင်တူဆက်ဆံသူတွေနဲ့ ခန္ဓာကိုယ်နဲ့
အသက်မွေးဝမ်းကျောင်းပြုသူတွေကို တယ်လီဖုန်းကတစ်ဆင့်
နှစ်ကိုယ်ကြားနှစ်သိမ့်ဆွေးနွေးပေးပါတယ်။ အဲဒီအချက်လက်
တွေအားလုံးကိုလျှို့ဝှက်ပေးသွားမှာပါ" ဟု ဒေါက်တာ ယမင်းရီက ဆိုသည်။

ကမ္ဘာ့ဆရာဝန်များအဖွဲ့ (MDM) သည် ပြင်သစ်နိုင်ငံမှ အဓိက
ထောက်ပံ့ငွေဖြင့်မြန်မာနိုင်ငံသို့ ၁၉၉၁ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပြီး
၁၉၉၈ ခုနှစ်မှစတင်၍ လိင်တူချင်းဆက်ဆံသူများနှင့် လိင်မှုဆိုင်ရာ
အသက်မွေးဝမ်းကျောင်း
လုပ်သူများအတွက် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး
အသိပညာပေးလုပ်ငန်းများစတင်လုပ်ဆောင်ခဲ့သည်။

အသေးစိတ်ကို hotlinecounsellor@gmail.com နှင့် www.maungdoeywar.com
သို့ မေးမြန်းနိုင်သည်။


Credit: From Forward Mail

Friday, September 16, 2011

ခပ်ပုန်းပုန်းပဲ နေပါ့မယ်ဆိုတဲ့ ကိုမျိုးရဲ့ ရင်တွင်းစကားသံများ

ဒီတစ်လ သက်တံ့ရောင် မဂ္ဂဇင်းရဲ့ In & Out ကဏ္ဍအတွက် မြန်မာပြည်တွင်းမှာ ကိုယ့်ကိုယ်ကို လိင်တူချစ်သူအဖြစ် လက်ခံထားပေမယ့် အပုန်းတယောက်အဖြစ်နဲ့ပဲ ဆက်လက်ရပ်တည်ပြီးတော့ နေချင်ပါသေးတယ်ဆိုတဲ့ ကိုမျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ကိုမျိုးရဲ့ ဖြတ်သန်းခဲ့ရတဲ့ လိင်တူချစ်သူတယောက်ရဲ့ ငယ်ဘဝအကြောင်းအရာတွေ၊ မြန်မာပြည်တွင်းမှ လိင်တူချစ်သူများရဲ့ အခွင့်အရေးတွေ စသဖြင့် တစေ့တစောင့် မေးမြန်းထားတာလေးကို မျှဝေခံစားနိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။

နာမည်၊ ဇာတိနဲ့ ကိုယ့်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းလေးတွေကို အနည်းအကျဉ်းလောက် မိတ်ဆက်ပေးပါလား။

နာမည်အရင်းက မျိုးသန်းကြွယ်ပါ။ အခုချိန်မှာ သူငယ်ချင်း အများစုကတော့ ကိုမျိုးလို့ပဲ ခေါ်ကြပါတယ်။ ကိုယ်က မန္တလေးသားပါ။ ကိုယ်က ကျောင်းတက်ခဲ့တာ သူငယ်တန်းကနေ ၁ဝ တန်းအထိ ကျောင်းတစ်ကျောင်းထဲမှာ တက်ခဲ့တာ။ အတန်းတိုင်းမှာလဲ ဆုရတယ်။ မောင်နှစ်မ ၆ ယောက် တကျောင်းထဲမှာ တက်ကြတာပေါ့။ ကိုယ်တို့ မောင်နှစ်မတွေကိုလဲ တစ်ကျောင်းလုံးက ဆရာ၊ ဆရာမတွေ အားလုံးက သိကြတယ်။ ငယ်ကတည်းက ကျောင်းမှာ အမြဲ အစအနောက် ခံရတယ်။ ဆရာမတွေကလဲ ချစ်ကြတယ်။ ကောင်လေးက နွဲ့နွဲ့လေးပေါ့နော်။

ကစားရင်လဲ ဘောလုံးကန်တာမျိုးလို ယောက်ျားလေးတွေ ကစားတာမျိုးတွေ မကစားတတ်ဘူး။ ဆရာမတွေကလဲ သိတယ်။ မှတ်မှတ်ရရ ၈ တန်းတုန်းက စာမေးပွဲဖြေနေတုန်း အခန်းစောင့် ဆရာမ ၂ယောက်က ကိုယ့်လက်တွေကိုကြည့်ပြီး သူတို့အချင်းချင်း စကားပြောနေကြတာကို မမေ့သေးဘူး။ လက်ကလေးတွေက လှလိုက်တာ မိန်းကလေးလက်လေး ကျနေတာပဲဆိုပြီး ပြောနေကြတာပေါ့။ အဲလိုကြားရတာ စိတ်ထဲမှာ အရမ်းပျော်တယ်။ အိမ်မှာ ကစားရင်လဲ ယောက်ျားလေးတွေနဲ့ ကစားဖြစ်တာ နည်းတယ်။ အစ်မနဲ့ နောက်မိန်းကလေး သူငယ်ချင်းတွေနဲ့ အိုးပုတ်တမ်း တူတူပုန်းတမ်း ကစားဖြစ်တယ်။

လမ်းထဲမှာ ကျောင်းမှာ အစခံရတာလဲ ခဏခဏ "အခြောက်၊ ဂျီပုန်း" စသည်ဖြင့်ပေါ့။ ရှိသေးတယ် တခါ ကျောင်းမှာ အစခံရလို့ ငိုပြီး အိမ်ပြန်အလာမှာ အဖေက ဘာလို့ငိုလာသလဲပေါ့နော် မေးတယ်။ အခြောက်လို့ အစခံရလို့ဆိုပြီး ပြောလိုက်တော့ မင်းယောက်ျား မဟုတ်ဘူးလား။ ဒီမှာ ဘာလဲ ဆိုပြီး ဘောင်းဘီချွတ်ပြလိုက်ပါလား လို့ပြောပြီး အရိုက်ခံရတယ်။ အဖေက ရိုက်ခဲတယ်လေ။ မာန်တာလောက်ပဲ ရှိတာ။ အဲဒါကြောင့်လား၊ ဘာကြောင့်လဲတော့ မသိဘူး။ နဲနဲလေးကြီးလာတဲ့ အချိန်မှာ အဖေ့ကို အရမ်းကြောက်တယ်။ ရိုက်ဖို့ ဆူဖို့ မပြောနဲ့ မျက်လုံးနဲ့ကြည့်လိုက်ရင်တောင် ဘယ်မှာသွားနေရမှန်း မသိဖြစ်တာ။

ကိုယ်က ကိုယ့်ကိုအဲလို စတာတွေကို မကြိုက်ဘူး။ ဒါပေမယ့် ကိုယ့်ပုံစံကလဲ စ စရာလို ဖြစ်နေတော့လည်း ခဏခဏ အစခံရတာပဲပေါ့လေ။ အဲဒီမှာ ကိုယ်က ဒီလိုလူပုံခပ်နွဲ့နွဲ့ ဖြစ်နေပေမယ့် အစွမ်းအစတော့ ရှိတယ်ဆိုတာကို ပြမှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ကျောင်းမှာ စာကိုပိုပြီး ကြိုးစားဖြစ်တယ်။ စာတော်တယ်။ အမြဲဆုရတယ် ဆိုတော့လည်း အဲဒီလို စတာနောက်တာတွေ သိပ်မရှိတော့ဘူးပေါ့။

ကိုယ့်ကိုယ်ကို လိင်တူချင်းချစ်သူဆိုတာကို ဘယ်အချိန်လောက်မှာ စသတိထားမိလဲဆိုတာ ပြောပြပါဦး။

စပြီး သတိထားမိတာကတော့ ၁ဝတန်းလောက်ကပါ။ အသက် ၁၄၊ ၁၅ လောက်ထိလည်း ဘာမှန်းသေချာအောင် မသိခဲ့သေးဘူး။ သူငယ်ချင်းတွေ စရင်းနောက်ရင်းနဲ့လည်း မိန်းကလေးရည်းစား ရခဲ့ဖူးသလို အလုပ်ထဲ ရောက်တော့လဲ မိန်းကလေးရည်းစား ရှိခဲ့ဖူးတယ်။ ၂ဝဝ၄ ခုနှစ်လောက်မှာ အင်တာနက်ကို စသုံးဖြစ်လာတယ်။ ကိုယ်က ယောက်ျားလေးပုံတွေကို ပိုပြီးကြည့်ချင်လာတယ်။ မိန်းကလေးပုံတွေကို စိတ်မဝင်စားတော့ဘူး။ ဆိုတော့ ကိုယ့်စိတ်ကို ကိုယ်နည်းနည်းတော့ သိလာပြီ။ နောက်တော့ အင်တာနက်ပေါ်မှာ လိင်တူတွေနဲ့ ပတ်သက်တဲ့ Website တွေကို စတွေ့လာတယ်။ ပိုပြီး စိတ်ဝင်စားလာတယ်။ အဲဒီ ၂ဝဝ၄ မှာပဲ အလုပ်ထဲက ကောင်လေးတစ်ယောက်နဲ့ လိင်မှုကိစ္စ ဖြစ်လိုက်တယ်။ အဲဒါပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို ဘာလဲဆိုတာကို သေချာသိသွားတယ်လို့ ထင်တယ်။

ငယ်ငယ်လေးကတည်းက စာအုပ်တွေလဲ ဖတ်ဖူးတယ်လေ။ လိင်တူဆက်ဆံတယ်ဆိုတာ ရောဂါတစ်မျိုးပေါ့။ နာမည်တောင် မှတ်မိပါသေးတယ်။ "လိင်တူစိတ်စွဲရောဂါ" တဲ့လေ။ ဆိုတော့ ကိုယ့်ကိုယ်ကို ငါတော့ စိတ်ရောဂါဖြစ်နေပါလား ဆိုပြီးတော့ ကြောက်တာ။ ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ရမယ်ဆိုပြီး အမြဲတွေးတယ်။ ဒါပေမယ့် မရပါဘူး။ ကိုယ့်ကို သူငယ်ချင်းတွေက မင်းက အပုန်းလို့ ပြောရင်လည်း မကြိုက်ချင်ဘူး လက်မခံချင်သေးဘူး။ နောက် တနှစ်လောက်နေပြီးမှ စာအုပ်တွေဖတ်ရင်း သိလာရတယ်။ ဒါဟာ ရောဂါမဟုတ်ဘူး။ သဘာဝပဲဆိုတာကို။ တဖြည်းဖြည်းနဲ့မှ သိလာရတာပါ။ တော်တော်လဲ စိတ်ထဲမှာ မတင်မကျတွေနဲ့ စိတ်လှုပ်ရှားမှုတွေ တင်းကျပ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ရတာပေါ့။

အပုန်းဘဝမှာ တွေ့ကြုံရတဲ့ အခက်အခဲ စိတ်ဒုက္ခလေးကို ပြောပြပါလား။

အပုန်းဘဝဆိုတော့ ကိုယ်ကခုလဲ အပုန်းပဲလေ။ အပုန်းလိုပဲ နေချင်ပါတယ်။ တခါတလေမှသာ ပွင့်ချင်ပွင့်မယ်ပေါ့နော်။ ထူးထူးခြားခြား စိတ်ဒုက္ခရှိတာမျိုးတော့ မရှိပါဘူး။ အိမ်မှာလဲ ဒီလိုပဲနေတယ်။ အလုပ်မှာလဲ ဒီလိုပဲနေတယ်။ ခပ်ပုန်းပုန်း ပဲနေပါ့မယ် ပေါ့နော်။ ဆိုတော့ ထူးထူးခြားခြား စိတ်ဒုက္ခရောက်တာမျိုးကြီးတော့ မရှိပေမယ့် တစ်ခါတလေ ကိုယ့်ရဲ့ အပြုအမူတချို့က နည်းနည်းနွဲ့တာမျိုး ဖြစ်သွားတဲ့အပေါ် ဝေဖန်တာမျိုး နောက်ပြောင်ချင်တာမျိုး တွေကိုတော့ မကြိုက်ချင်ပါဘူး။ အဲ့လောက်ပဲရှိပါတယ်။

ကိုယ့်ရဲ့ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းကရော ကိုယ်ကို ဘယ်လိုမြင်လဲ။

ကိုယ်က ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး။ ခုထိတော့ ကိုယ့်မိသားစုက အေးဆေးပါပဲ။ နေပုံထိုင်ပုံ အပေါ်မှာ ထူးထူးခြားခြား ဘာမှပြောဆိုခြင်း မရှိပါဘူး။ အမေကတော့ နည်းနည်းရိပ်မိသလို ရှိတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ ဒါပေမယ့် အမေ့ကလဲ ဘာမှ မပြောပါဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ဆိုတဲ့နေရာမှာလည်း ကိုယ့်အိမ်နားပတ်ဝန်းကျင်က ကိုယ့်ကို သိပ်မသိကြဘူးလေ။ မနက်အလုပ်သွား ညမှပြန်ဆိုတော့။ ဆွေးမျိုး အသိုင်းအဝိုင်းနဲ့ကလည်း သိပ်မနီးစပ်ဘူး ဖြစ်နေတယ်ဆိုတော့ ဒီအပိုင်းမှာ သိပ်ကြီး ထူးထူးခြားခြား ဖြစ်တာမရှိပါဘူး။

ကိုယ်ကိုယ်တိုင်ကရော ဂေးဖြစ်တဲ့ အတွက်ကြောင့်ဆိုပြီး ခွဲခြားဆက်ဆံ ခံခဲ့ရတာမျိုး ရှိလား။

ကိုယ့်အနေနဲ့ကတော့ အဲဒီလိုမျိုး ခွဲခြားဆက်ဆံခံရတာ မရှိပါဘူး။ ဒါကလဲ အပုန်းဖြစ်နေလို့ ထင်ပါတယ်။ နောက်တစ်ခု ကိုယ်က လိင်တူချစ်သူပါ ဆိုတာကို အထူးတလည် ထုတ်ဖေါ် မပြောနေဘူးလေနော်။ ဆိုတော့ အပုန်းလည်း ဖြစ်တယ်ဆိုတော့ ထူးထူးခြားခြား ခွဲခြားဆက်ဆံခံရတာမျိုး မရှိပါဘူး။

ဘယ်အချိန်လောက်မှာမှ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူပါလို့ လက်ခံပြီး ထုတ်ပြောလိုက်မယ်လို့ စိတ်ကူးလဲ။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရမယ်လို့ ထင်ပါလဲ။

ငါဟာ ဂေးတစ်ယောက်ပါ ဆိုတာကို လက်ခံပြီးပေမယ့် ထုတ်ဖေါ်ပြောလိုက်တယ် ဆိုပြီးတော့ မရှိသေးပါဘူး။ ကိုယ့်မိသားစု အတွင်းမှာဆိုရင် အဖေတစ်ယောက်ကလွဲလို့ အမေကလဲ ရိပ်မိတယ်။ ညီတွေကလဲ ရိပ်မိတယ်လို့ ထင်ပါတယ်။ ကိုယ့်နေပုံ ထိုင်ပုံ ဝတ်ပုံစားပုံနဲ့ ညဘက် အပြင်ထွက်တာတွေ၊ မိန်းကလေး သူငယ်ချင်း မရှိတာတွေ နောက်ပြီးတော့ ညပြန်မအိပ်တာတွေ စတာတွေပေါ့နော်။ ဒါတွေကို အမေက သိပေမယ့် ဘာမှ ထူးထူးခြားခြား ပြောဆိုခြင်း မရှိပါဘူး။ ကွန်ပျူတာထဲမှာဆိုလဲ ပုံတွေ၊ ဗွီဒီယိုတွေ စဖြင့်ပေါ့ ဂေးနဲ့ ပတ်သက်တာတွေ အများကြီးရှိနေတာကို ညီတွေက သိနေပေမယ့်လည်း ဒီတိုင်းပဲ ထားထားပါတယ်။ သူတို့ကလဲ ဘာမှ ဝေဖန်ပြောဆိုခြင်း မရှိသလို ပြောဆိုဆက်ဆံရာမှာလည်း အစ်ကိုတစ်ယောက် အနေနဲ့ပဲ လေးလေးစားစား ပါပဲ။

အရှေ့မှာ ပြောခဲ့သလိုမျိုးပဲ ပေါ့နော်။ ကိုယ့်ကိုယ်ကို သတိထားမိတာ အသက် ၁၇ လောက်က ဖြစ်ပြီးတော့ ငါဟာ ဂေးပါဆိုတာကို လက်ခံလိုက်တာကတော့ အသက် ၂၄ မှာပါ။ ကိုယ့်ကိုယ်ကို ဂေးတစ်ယောက်ပါ ဆိုပြီးတော့ ထူးထူးခြားခြား ထုတ်ဖေါ်ပြောတာမျိုးကတော့ ပြီးခဲ့တဲ့ မေ(၁၇)မှာ တုန်းကပေါ့။ ချင်းမိုင်မှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်တန်းလာတက်ရင်း သတင်းဌာနတစ်ခုကို အင်တာဗျူးတစ်ခု ဖြေဖြစ်တယ်။ ဒါတွေက တစ်ကမ္ဘာလုံးကို ပြန့်သွားမှာလေ။ ဆိုတော့ မြန်မာပြည်တင်မက နိုင်ငံခြားက လူတွေပါ အားလုံးသိသွားနိုင်တယ်။

ပြီးတော့ အခုဒီအင်တာဗျူး ဖြေထားတဲ့ သက်တံ့ရောင်မဂ္ဂဇင်းကို ဖတ်တဲ့သူတွေ နောက်ပြီး အင်တာဗျူးကို ကြည့်မိတဲ့ သူတွေပေါ့။ ဒီထဲမှာ ကိုယ်သိတဲ့သူတွေ ကိုယ့်ကိုသိတဲ့သူတွေ ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်းတွေ အများကြီး ပါလာနိုင်ပါတယ်။ ဒီဟာတွေကိုတွေးပြီး ထူးထူးခြားခြား စိတ်လှုပ်ရှားမိတာမျိုးလည်း မရှိတော့ပါဘူး။

လောလောဆယ်မှာ အခက်အခဲတွေ မကြုံတွေ့ရပေမယ့် ရင်ဆိုင်ကြုံတွေ့လာရမယ် ဆိုရင်လည်း ရင်ဆိုင်ဖို့ အသင့်ပါပဲ။ အခုလို ပြောလိုက်ရလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်လို့ ကိုယ့်စိတ်ထဲမှာ ခံစားရတာကတော့ စိတ်ထဲမှာ ပေါ့ပါးသွားပြီး ကိုယ်လုပ်ချင်တာကို ဟန်ဆောင်ကွယ်ဝှက် ထားတာတွေ မရှိတော့ပဲ လွတ်လွတ်လပ်လပ် လုပ်လို့ရလာတယ်လို့ ခံစားရပါတယ်။

မြန်မာပြည်မှာ ဂေးတွေရဲ့ အဆင့်အတန်းနဲ့ အခြေအနေကို ဘယ်လိုမြင်လဲ။

ဒီမှာတော့ သိတဲ့အတိုင်းလေ။ ဘာသာတရားမှာကိုက ဒီလူတွေသည် အရင်ဘဝက သူတစ်ပါး သားမယားကို ပြစ်မှားခဲ့လို့ ဒီလိုဖြစ်ရတယ်ဆိုတဲ့ အစွဲကရှိပြီးသား။ ဆိုတော့ တစ်ချို့ကတော့ သနားစရာလို မြင်တယ်။ တစ်ချို့ကလည်း ဘယ်လိုပြောမလဲ ယောက်ျားဖြစ်ပြီး ယောက်ျားလို မနေဘူး။ မိန်းမဖြစ်ပြီး မိန်းမလို မနေဘူးဆိုပြီး အထင်အမြင် သေးတာမျိုးတွေ ရှိတယ်။ တစ်ချို့ကျပြန်တော့လဲ စိတ်ရောဂါသည်လို့ ထင်တယ်။ နောက်တစ်မျိုး ရှိသေးတယ်။ Homophobia လို့ပဲခေါ်မလား။ ဒီလိင်တူချစ်သူတွေကို သက်သက်ကို မုန်းတီးတာပေါ့နော်။ အဲဒီလို လူတွေမျိုးမျိုး ရှိကြတာပေါ့။

အခုချိန်မှာ အရင်ထက်စာရင် နားလည်မှု စာနာမှုရှိတဲ့သူတွေ များလာပြီ ဆိုပေမယ့်လည်း ပြောပလောက်တဲ့ ပမာဏ မရှိသေးပါဘူး။ ခြုံပြီး ပြောရမယ်ဆိုရင်တော့ ဘာသာတရားနဲ့ ယှဉ်ပြီးတော့ နိမ့်ကျတယ်။ ဝဋ်ခံရတယ်ဆိုပြီး မြင်ကြတာ များပါတယ်။ အပွင့်တွေနဲ့ဆိုရင် ဆိုပါတော့ မိတ်ကပ်ကိစ္စ၊ ပန်းကိစ္စကလွဲရင်၊ နတ်ကတော်တွေနဲ့ဆိုရင် နတ်ကနား ကိစ္စပေါ့။ ဒီကိစ္စတွေကလွဲလို့ သိပ်ပြီးတော့ အပေါင်းအသင်းလုပ်ချင် ပြောဆိုဆက်ဆံချင်ကြမယ်လို့ မထင်ပါဘူး။ ယောက်ျား၊ မိန်းမတွေထက် အဆင့်နှိမ့်ထားပြီး ဆက်ဆံချင်ကြတယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ အမြင်ကို ပြောတာနော်။

လိင်တူချင်းကြိုက်တာကို စိတ်ရောဂါတခုလို့ ပြောကြသလို၊ သဘာဝကို ဆန့်ကျင်တဲ့ သူတွေလို့ ပြောကြတဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘာကြောင့်လဲ။

သူတို့ သေသေချာချာ မလေ့လာသေးလို့ လို့ပဲ မြင်ပါတယ်။ ဒါမှမဟုတ် သူတို့မှာသာ Homobhobia ဆိုတဲ့ (လိင်တူချစ်သူများအပေါ် မုန်းတီးခြင်းရောဂါ) ဖြစ်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ရောဂါမဟုတ်ပါဘူး ဆိုတာကို ကမ္ဘာက အသိအမှတ် ပြုထားပြီးပြီလေ။ WHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကနေပြီးတော့ တရားဝင် ကြေငြာထားပြီးသား။ ဒါကိုသူတို့က လက်မခံဘူး ဆိုရင်တော့ သူတို့သာ လိင်တူချင်းချစ်တာကို မုန်းတီးနေတဲ့ရောဂါ ဖြစ်နေလို့ပါပဲ။

ပြီးတော့ ယောက်ျားချင်း။ မိန်းမချင်းကြိုက်တာကို ကုသလို့ရတယ် ပြောင်းလဲလို့ရတယ် ဆိုတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘာကြောင့်လဲ။

တစ်ချိန်က ကိုယ်လဲ ဒီလိုထင်ခဲ့ဖူးပါတယ်။ ဘာလို့ဆိုတော့ ကုလို့ရတယ်ဆိုတဲ့ စာအုပ်တွေ ဖတ်ထားလို့ပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သိလာရတာက ရောဂါမဟုတ်ဘူး ဆိုတော့ ဘာလို့ ကုသစရာလိုသလဲ။ ဘာကို ကုသရမှာ လဲပေါ့နော်။ ယောက်ျားတိုင်းက မိန်းမကိုကြိုက်ချင်မှ ကြိုက်မှာပေါ့။ ဒီလိုပဲလေ မိန်းမတိုင်းကလည်း ယောက်ျားတိုင်းကို ကြိုက်ချင်မှ ကြိုက်မှာပေါ့။ ကိုယ့်အကြိုက် သူ့အကြိုက် ရှိကြမှာပါပဲ။ အဲလို တွေးလိုက်လို့ရှိရင် နားလည်လာပါလိမ့်မယ်။ ကုသလို့ရတယ်။ ပြောင်းလဲလို့ရတယ်လို့ ပြောနေတဲ့ သူတွေက တကယ်နားမလည်လို့ ပြောနေတယ်လို့ပဲ မြင်ပါတယ်။

မြန်မာပြည်မှာ ဂေး အခွင့်အရေး အပြည့်အဝရှိပြီးသား လူမှုအသိုင်းအဝိုင်းက မခွဲခြားဘူးလို့ ပြောတဲ့အပေါ်မှာရော ဘယ်လိုသဘောရလဲ။

ဒါကတော့ ဘယ်လိုပြောမလဲဆိုတော့ စကားပုံတစ်ခုလိုပေါ့။ နွားခြေရာခွက်ထဲက ဖားဆိုလား၊ အဲ့လိုမျိုး ပေါ့နော်။ သူကျင်လည်ကျက်စားရာ နေရာလေးမှာ သူပျော်သလိုလေး နေလို့ရနေသရွေ့တော့ သူက သူလုပ်ချင်ရာလုပ်လို့ ရနေတယ်။ သူ့အခွင့်အရေး အပြည့်အဝ ရနေတယ်လို့ မြင်မှာပဲလေ။ ဒီရေအိုင်လေး ခွက်ကလေးထဲမှာ ပျော်မွေ့နေမှာပဲပေါ့။

အခွင့်အရေးဆိုတာဘာလဲ။ ခွဲခြားမှုဆိုတာဘာလဲ သူမသိဘူးလေ။ သူသွားချင်ရာသွားမယ်။ စားချင်ရာ စားလိုက်မယ်။ သူလုပ်ချင်တာလေးတွေ လုပ်လို့ရနေရင် ပြီးပြီလေ။ တခြားဟာတွေ သူမသိချင်ဘူး။ မလိုချင်ဘူး။ သူ့အတွက် ပြည့်စုံနေပြီပေါ့။ ဆိုတော့ အဲလိုလူမျိုးကို သနားစရာကောင်းတယ်လို့ မြင်ပါတယ်။ သူ့ကိုသနားတာပါ။

ဥပမာပေါ့နော် ဂေးအခွင့်အရေးဆိုတာ ဘာလဲ ဆိုတာကို သေချာမသိတော့ ပန်းအလှပြင်ရတာလေး လုပ်ခွင့်ရတာနဲ့ မိတ်ကပ်လေးပြင်ခွင့်ရတာနဲ့ သူ့အတွက် အခွင့်အရေးတွေ အပြည့်အဝကို ရနေပြီလေ။ အဲလို ထင်မြင်နေတဲ့သူကို ကိုယ့်မျက်စိကို ကိုယ်ပိတ် ကိုယ့်နားကို ကိုယ်ပိတ် ထားတဲ့သူလို့ပဲ မြင်ပါတယ်။

ဒီလိုမျိုး လူမှုအသိုင်းအဝိုင်းရဲ့ ခွဲခြားဖိနှိပ်မှုကနေ လွတ်မြောက်ပြီး လိင်တူချင်းချစ်တဲ့ သူတွေရဲ့ ဘဝတိုးတက် မြင့်မားလာအောင် လိင်တူချစ်သူတွေရော လိင်တူချစ်သူ မဟုတ်တဲ့ လူမှုအသိုင်းအဝိုင်းရော ဘာတွေလုပ်ဆာင်ဖို့ လိုအပ်မယ်လို့ ထင်လဲ။

တဆင့်ပြီးတဆင့် လုပ်သွားရမှာပေါ့။ မြန်မာနိုင်ငံမှာ လုပ်ရမှာက အရင်ဆုံးကတော့ အချင်းချင်း ညီညွတ်ကြဖို့ပါပဲ။ ဒါအရင်ဆုံးပါပဲ။ မညီမညွတ်ပဲနဲ့ ဘာမှလုပ်လို့ မရပါဘူး။ တစ်ယောက်တစ်ပေါက် ဖြစ်နေရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ အချင်းချင်းခွဲခြားတယ် ဆိုတာလေးကို ပြောချင်ပါတယ်။ တစ်ချို့ နားလည်မှု လွဲနေကြလို့ပါ။ ကိုယ့်ကိုယ်ကို ခွဲခြားပြီး သတ်မှတ်တာမျိုး၊ ဥပမာ ကိုယ်က Top ပဲကြိုက်တယ်။ Bottom ပဲကြိုက်တယ်၊ စတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါက စိတ်ခံစားမှုပါ။ ကိုယ့်စိတ်ခံစားမှုအလိုက် ကိုယ်ကြိုက်ရာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

ကိုယ်ပြောချင်တဲ့ ခွဲခြားမှုက ငါက အပုန်းမို့လို့ အပွင့်တွေနဲ့ မဆက်ဆံချင်ဘူး။ အခေါ်အပြော မလုပ်ဘူး။ အပွင့်တွေလုပ်တဲ့ လုပ်ငန်းတိုင်းမှာ မပါဘူး။ ဒါမျိုးတွေကို ဆိုလိုချင်တာပါ။ လိင်တူချစ်သူများ အကျိုးတွက် ကောင်းသောအရာများ စုပေါင်းလုပ်မယ်ဆိုရင် မခွဲမခြားပဲ ညီညွတ်ကြဖို့ ဒါမျိုးကို ပြောချင်တာပါ။ Entry သေချာရွေးတတ်ဖို့ လိုပါတယ်။

ကိုယ့်အနေနဲ့ လုပ်ချင်တာဆိုရင် အားလုံး ညီညီညွတ်ညွတ်လေးနဲ့ Society အဖွဲ့လေးတစ်ခု တည်ဆောက်ချင်ပါတယ်။ ပြီးရင် လူမှုရေး လုပ်ငန်းလေးတွေ လုပ်ချင်တယ်။ ဒီကနေ တဆင့်ပြီးတဆင့် ပတ်ဝန်းကျင်လူတွေရဲ့ အမြင်လေးတွေကို ပြောင်းလဲလာအောင် စွဲဆောင်ခေါ်ယူ သွားချင်ပါတယ်။

ကိုယ်တွေ လိင်တူချစ်သူတွေ ဘက်ကတော့ ဘာတွေ ရှောင်သင့်သလဲဆိုရင် အများသူငှာတွေ အထင်အမြင်သေးအောင် မနေဖို့။ အထင်အမြင်သေးတဲ့ အပြုအမူတွေကို မလုပ်ကြဖို့၊ ကိုယ့်ကိုမှ လက်ညှိုးထိုးချင်နေကြတဲ့ လူတွေကြားမှာ လက်ညှိုးထိုးစရာ မဖြစ်အောင်နေဖို့ လိုပါတယ်။

လိင်တူချစ်သူ မဟုတ်တဲ့ သူတွေကို ပြောချင်တာကတော့ ကိုယ်ချင်းစာစိတ် ထားကြပါ။ ကိုယ်က လူတဖက်သားကို စမယ်နောက်မယ်ဆိုရင် ငါသာ သူ့နေရာမှာဆိုရင် ဘယ်လိုနေမလဲ ဆိုတာ တွေးကြည့်ကြပါ။ လိင်တူချစ်သူဆိုတာ ရောဂါမဟုတ်ဘူး။ ဒါလဲ သဘာဝပဲ ဆိုတာကို လက်ခံပေးကြပါ။ အားလုံး အတူတူပဲဆိုတာ နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။

ကိုယ်အားကျတဲ့ စံပြလိင်တူချစ်သူ တယောက်အကြောင်း ပြောပြပါလား။

အထင်ကြီးလေးစား အားကျတဲ့ သူတစ်ယောက်ကတော့ ကိုယ် အမေမျိုးလို့ခေါ်တဲ့ ကိုအောင်မျိုးမင်းပါပဲ။ အရမ်းအားကျတယ်။ အမေမျိုးလိုမျိုး လူတစ်ယောက် ဖြစ်ချင်တယ်။ အမေမျိုးက ခက်ခဲကြမ်းတမ်းမှုတွေ ကြားထဲကနေ ကြံကြံခံပြီး ယနေ့အချိန်အထိ နေရာတစ်နေရာမှာ မားမားမတ်မတ် ရပ်တည်နေနိုင်ပြီ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တာရော လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်တာတွေကို စံပြ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာကပေးတဲ့ ဆုတွေဆိုလဲ အများကြီး ရထားတယ်။ အရမ်းကို အားကျပါတယ်။ အမေမျိုးလောက် မတော်ပေမယ့် ကိုယ့်စိတ်ထဲမှာလဲ အမေမျိုးလို လိင်တူချစ်သူများအတွက် တထောက်တနေရာကနေ အထောက်အပံ့ ပေးနိုင်မယ့် လူတစ်ယောက် ဖြစ်ချင်ပါတယ်။

သက်တံ့ရောင် မဂ္ဂဇင်းကနေတဆင့် လိင်တူချင်းချစ်တဲ့ သူတွေကို ဘာအမှာစကားများ ပါးချင်ပါသလဲ။

လိင်တူချစ်သူတွေမှာ အစွမ်းအစ တစ်ခုစီတော့ ကိုယ်စီရှိကြပါတယ်။ ကိုယ့်မှာ ဘာအရည်အချင်း ရှိသလဲ။ ဒီအရည်အချင်းကို သိအောင်လုပ်ပါ။ သိပြီဆိုရင် ဒီအရည်အချင်းကို အကောင်းဆုံးဖြစ်အောင် ဖေါ်ထုတ်ပါ။ လိင်တူချစ်သူ အများစုက အနုပညာပိုင်းမှာ အားသာကြပါတယ်။

ပြီးတော့ လူမှုရေးလုပ်ငန်းတွေ လုပ်ရာမှာလဲ စိတ်ဝင်စားကြတာ များပါတယ်။ ပြီးတော့ ဇွဲရှိတယ်။ ဥာဏ်ကောင်းကြတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ရှိကြတယ်။ ကိုယ့်အစွမ်းအစကို မှန်ကန်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ အကောင်းဆုံး ဖေါ်ထုတ်နိုင်အောင် ကြိုးစားပါ။ ကိုယ်တို့ လိင်တူချစ်သူတွေကို အများပတ်ဝန်းကျင်က အထင်ကြီးလေးစား အားကျတဲ့ သူတွေဖြစ်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

အခုလို ကိုယ့်ရဲ့ဘ၀အကြောင်းတွေရော အတွေ့အကြုံတွေကိုပါ စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးသွားတဲ့ ကိုမျိုးကို သက်တံ့ရောင် အဖွဲ့မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

သက်တံ့ရောင်အယ်ဒီတာအဖွဲ့။ စက်တင်ဘာ ၁၃ရက်နေ့၊ ၂၀၁၁ခုနှစ်။

Copy from: www.coloursrainbow.com