Tuesday, January 26, 2016
အငယ်ကောင်ကိုလည်ပင်းညှစ်တာများနေပြီလား?
အငယ်ကောင်ကိုလည်ပင်းညှစ်တာများနေပြီလား
သင် များနေပါသလား (အမျိုးသားကျန်းမာရေး)
၁. နာကျင်လာရင်
၎. အဲဒါအကြောင်း စဉ်းစားနေတာ မရပ်နိုင်ရင်
သင် များနေပါသလား (အမျိုးသားကျန်းမာရေး)
သင် လက်နဲ့ အာသာဖြေဖျောက်ပါသလား?? ဘယ်နှခေါက်ပါလဲ?? တစ်ပါတ် နှစ်ခါလား?? တစ်ရက် နှစ်ခါပါလား?? သင် ကြိုက်နှစ်သက်တဲ့ အချိန်ကို သင့် ခေါင်းထဲမှာ မှတ်ထားပြီး ဖြစ်ပါလိမ့်မယ်။ အဲဒါ ထက် ပိုလာရင်တော့ သင့်ကိုယ်သင် များနေသလားလို့ စိုးရိမ်မိလာမှာပါ။
သတင်းကောင်းကတော့ အာသာဖြေဖျောက်ရာမှာ များတယ်ဆိုတာ မရှိပါဘူး။ သင် ဘယ်လောက်ပဲ လုပ်လုပ် သင့်နေ့စဉ်ဘဝကို ထိခိုက်မလာမခြင်း မများပါဘူး။
ဘယ်ချိန်မှာ အန္တရာယ်မရှိတဲ့ လေ့ကျင့်ခန်းလေးဟာ အန္တရာယ်ကြီးတဲ့ စွဲလမ်းမှုအဖြစ် ပြောင်းလဲသွားပါသလဲ?? ဒီမှာကတော့ သင့်လက်နဲ့ သင့် Boner ကို အနားပေးဖို့ လိုပြီဖြစ်ကြောင်း ပြနေတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ပြထားပါတယ်။
၁. နာကျင်လာရင်
ဟုတ်ပါတယ်။ တချို့ကောင်တွေက နာတဲ့အထိ လုပ်တတ်ပါတယ်။ အဲဒိဒါဏ်ရာဟာ အနည်းဆုံး အရေပြားလန်သွားတာက စပြီး အားအသုံးများလို့ သင့်ထိပ်ဖူးထဲမှာ ကျီးပေါင်း တက်လာတဲ့ ပြသနာထိ ဖြစ်လာတတ်ပါတယ်။ တကယ်လို့ နာနေရင် သင် လျှော့ဖို့ လိုပါပြီ။
၂. သင့် အလုပ်နဲ့ ဘဝကို ထိခိုက်နေရင်
သောကြာနေ့ညတွေမှာ သူငယ်ချင်းတွေနဲ့ မလည်ပဲ တစ်ယောက်ထဲ အလုပ်များနေရင်၊ အိမ်သာထဲမှာ တစ်ချီလောက် လုပ်နေရလို့ အစည်းအဝေးနောက်ကျတာမျိုး ဖြစ်နေရင် သင် သတိထားဖို့ လိုပါပြီ။
၃. သုတ်လွှတ်မရတဲ့ ပြသနာ ဖြစ်နေရင်
တချို့ လက်အရမ်းများတဲ့ ယောက်ျားတွေဟာ တကယ် ဆက်ဆံတုန်းမှာ လက်နဲ့လောက် အရသာ မရှိတာမျိုး ဖြစ်တတ်ပါတယ်။ သင့် လက်နဲ့ လုပ်တာများခြင်းဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လက်နဲ့လုပ်တဲ့ အရသာကိုပဲ စွဲသွားစေပါတယ်။ အဲဒိလို ဖြစ်နေရင်တော့ ကုသဖို့ လိုအပ်ပါတယ်။
၄. အဲဒါအကြောင်း စဉ်းစားနေတာ မရပ်နိုင်ရင်
နောက်တစ်ခေါက် ဘယ်တော့လုပ်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အတွေးတွေက သင့်ကို နှောင့်ယှက်နေတတ်ရင် သင့်မှာ ပြသနာ ရှိနေပါပြီ။
၅. ဖြတ်ဖို့ ကြိုးစားနေပေမယ့် မရရင်
စွဲလမ်းမှုအားလုံးကဲ့ အရေးကြီး လက္ခဏာက ထိန်းချုပ်မရတာပါ။ ဆေးလိပ်စွဲသူ၊ လောင်းကစားစွဲသူတွေလို သင့်ကို ဒုက္ခပေးနေမှန်း သိရက်နဲ့ မရပ်နိုင်ရင် အဲဒါ ပြသနာပါ။
တစ်ခါတစ်လေမှာ အာသာဖြေဖျောက်တာက တခြားဆိုးကျိုးတွေကိုလဲ ပေးနိုင်ပါတယ်။ တစ်ရက်တစ်ခါ နှစ်ပါတ်ကြာ ဆက်တိုက် လုပ်လိုက်ရင် သင့်ရဲ့ သုတ်ပိုးအရေအတွက်ဟာ ၅၀ ရာနှုန်း လျော့သွားပါတယ်။ သင်နဲ့ သင့်မိန်းမနဲ့ ကလေးရဖို့ ကြိုးစားနေရင်တော့ အဲဒါက ကွိုင်ပါပဲ။
သင့်မှာ ပြသနာ ရှိနေမှန်းသိရင် ဘယ်လိုလုပ်မလဲ?? နည်း ၂ နည်းရှိပါတယ်။ ဖြတ်ခြင်းနဲ့ အန္တရာယ်မရှိအောင် လျော့လုပ်ခြင်းတို့ပါ။ အဲဒိနည်းလမ်း ၂ ခုစလုံး ကြိုးစားပြီးတော့ မအောင်မြင်ရင်တော့ လိင်ပိုင်းဆိုင်ရာ ဝေဒနာ ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးရမှာပါ။
အာသာဖြေဖျောက်ခြင်းဟာ မကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ဘဝကို ထိခိုက်လာရင်တော့ တခြား အကျင့်ဆိုးတွေ လိုမျိုးပဲ ဖြတ်ပစ်ဖို့ ကြိုးစားရမှာပါ။
Sunday, January 10, 2016
ဖွားဖက်တော်နဲ့ပတ်သက်ပြီးစိုးရိမ်ရမည့်လက္ခဏာ (၅)ချက်
စာဖတ်သူဲ့ဖွားဖက်တော်အကြောင်းကို စာဖတ်သူကိုယ်တိုင်သေချာသိမှာသေချာပါတယ်။ ဒါပေမယ့် အခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်မိဖို့တော့ မလွယ်ကူပါဘူး။ စာဖတ်သူရဲ့ကိုယ်ပိုင်ပစ္စည်းကို ကိုယ်တိုင်က ပုံမှန်ပဲလို့ထင်နေပေမယ့် အခြားသူတွေနဲ့မတူဘဲ ထူးခြားမှုလေးတွေရှိနေနိုင်ပါတယ်။ အသားပိုလေးရှိနေတာ အရောင်လေးမညီတာစသဖြင့်ပေါ့။
ဒီလိုကွဲပြားမှုတွေအတွက် ဖွားဖက်တော်နဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာနိုင်တဲ့လက္ခဏာတွေကို ကျွမ်းကျင် ပညာရှင်တွေက စမ်းသပ်ရှာဖွေ ရှင်းပြထားပါတယ်။ ဒီရှင်းပြချက်တွေထဲက တစ်ခုခုကို ကြုံတွေ့နေရမယ်ဆို ပါက စာဖတ်သူအနေနဲ့ ဆရာဝန်ဆီကိုမြန်နိုင်သမျှမြန်မြန်သွားရောက်ကာ ကုသမှုခံယူကြဖို့အကြံပြုလိုက် ပါတယ်ခင်ဗျ။
၁။အနီကွက်ပြဿနာ
စာဖတ်သူ့လိင်တံခေါင်းပိုင်းအောက်အနားကစပြီး လိင်တံတလျှောက်မှာ အနိရောင်အကွက်တွေဖြစ်နေတာ မျိုးဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ပွတ်တိုက်မိတာများကြောင့်လို့ထင်ကောင်းထင်မိမှာပါ။ များသောအားဖြင့် လည်း ပွတ်တိုက်မိတာကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ ဒါပေမယ့် စာဖတ်သူအနေနဲ့ လိင်ဆက်ဆံမှုလည်း မရှိခဲ့ဘဲ အနီကွက်ပေါ်လာပြီး နာကျင်ခံစားရတာမျိုးမရှိဘူးဆိုရင်တော့ ဒီအနီကွက်ဟာ လိင်တံကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီကင်ဆာမျိုးက စောစီးစွာသိရှိပြီးကုသမှုခံယူရင်ပျောက်ကင်းနိုင်ပေမယ့် အချိန်လွန်သွားတယ်ဆိုရင်တော့ စာဖတ်သူ့ ပစ္စည်းရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် တစ်ခုလုံးကိုဖယ်ရှားပစ် ရတဲ့အထိဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကပြောထားပါတယ်။
၂။တင်းကျပ်မှု
စာဖတ်သူ့ပစ္စည်းထိပ်ခေါင်းပိုင်းအရေပြားကတင်းကျပ်နေသလို့ခံစားရတာမျိုးကိုဆိုလိုပါတယ်။ဒါ့အပြင်အဖြူရောင်အစက်အပျောက်လေးတွေလည်းတွေ့ရနိုင်ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာနာကျင်ရတာမျိုးလည်းရှိသလိုဘာမှမခံစားရတာမျိုးလည်းရှိပါတယ်။ဒီအခြေအနေကခန္ဓာကိုယ်တွင်းဟော်မုန်းဓာတ်နဲ့ကိုယ်ခံအားစနစ်မညီမျှမှုတို့ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။စာဖတ်သူအနေနဲ့လိင်တံအရေပြားလှီးဖြတ်ထားတယ် ဒါမှမဟုတ်ဆီးသွား တဲ့အခါမှာအရမ်းညှစ်နေရတယ်ဆိုရင်စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။အချိန်မှီကုသမှုမခံယူခဲ့ဘူးဆိုရင်ကင်ဆာရောဂါဖြစ်ပွားလာနိုင်သလိုဆီးလမ်းကြောင်းပိတ်ဆို့သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။
၃။ကောက်နေရင်လည်းသတိထားပါ
စာဖတ်သူရဲ့ပစ္စည်းထောင်မတ်လာချိန်မှာမသိမသာကောက်နေတာမျိုးပဲဖြစ်သင့်ပါတယ်။ဒါပေမယ့်တဖြည်းဖြည်းအရမ်းကောက်လာနေပြီးလိင်တံအရေပြားအောက်မှာတင်းမာမှုကိုခံစားရလာမယ်ဆိုရင် Peyronie’s ရောဂါကိုခံစားနေရတဲ့လက္ခဏာဖြစ်ပါတယ်။ဒီရောဂါဟာအမာရွတ်တစ်ရှုးတွေစုပုံများပြားလာကြောင့်ဖြစ်တာပါ။ကုသမှုမခံယူဘူးဆိုရင်လိင်ဆက်ဆံနေစဉ်မှာနာကျင်ခြင်း၊လိင်တံအလွန်အကျွံ့ကောက်ကွေးခြင်းနဲ့လိင်တံကျိုးဖို့အလားအလာများခြင်းစတာတွေကိုခံစားရမှာဖြစ်ပါတယ်။ဒီအခြေအနေကိုကုသရာမှာလိုအပ်ရင်ခွဲစိတ်ကုသဖို့အထိလိုအပ်တယ်လို့ကျွမ်းကျင်ပညာရှင်တွေကဆိုထားပါတယ်။
၎။ဆီးအတွင်းသွေးပါခြင်း
ဆီးသွားတဲ့အခါမှာသွေးစသွေးနလေးတွေပါလာတာကိုသတိပြုမိမယ်ဆိုရင်ကျောက်ကပ်မှာကျောက်တည်တာဒါမှမဟုတ်ဆီးကျိတ်ရောင်နေတဲ့လက္ခဏာပဲဖြစ်ပါတယ်။စာဖတ်သူရဲ့ဆီးကအခြေအနေကောင်းနေပေမယ့်အတွင်းခံဘောင်းဘီမှာသွေးကွက်လေးတွေတွေ့ရတာမျိုးလည်းရှိတတ်ပါတယ်။ကြောက်မသွားပါနဲ့။စာဖတ်သူ့ဘောလ်တွေနဲ့လိင်တံမှာအပြာရင့်ရောင်အစက်အပျောက်လေးတွေရှိမရှိစစ်ဆေးကြည့်ပါ။အစက်အပျောက်လေးတွေအများအပြားရှိနေပြီးသွေးထွက်နေတာမျိုးဖြစ်နေရင်အရေပြားရှိဆံချည်မျှင်သွေးကြောလေးတွေမှာအနာဖြစ်နေတာမျိုးဖြစ်ပါတယ်။ဒီအခြေအနေကစိုးရိမ်စရာသိပ်မရှိပေမယ့်အပြာရောင်အစက်လေးတွေတစ်ကွက်တည်းစုဝေးပြီးယားယံမယ်ဆိုရင် Paget’s ရောဂါကိုခံစားနေရပြီဖြစ်ပါတယ်။ သတိထားကုသဖို့ လိုပါလိမ့်မယ်။
၅။ဝှေးစေ့နာကျင်မှု
အသက်(၁၅)နှစ်ကနေ (၃၅)နှစ်အတွင်းအမျိုးသားတွေမှာဝှေးစေ့ကင်ဆာကအဖြစ်အများဆုံးရောဂါ တစ်ခုဖြစ်ပါတယ်။ ဒီရောဂါရဲ့လက္ခဏာတွေအနေနဲ့သင့်ရဲ့ဝှေးစေ့တွေပေါ်မှာမာကျောပြီးနာကျင်မှုမရှိတဲ့အကျိတ်ဖုတွေပေါ်နေတာပဲဖြစ်ပါတယ်။စောစီးစွာသိရှိမယ်ဆိုရင် (၉၉)ရာခိုင်နှုန်းပျောက်ကင်းအောင်ကုသနိုင်ပါတယ်။ ဒါ့ကြောင့်အမျိုးသားတွေအနေနဲ့ဝှေးစေ့တွေပုံမှန်ရှိမရှိကိုတစ်လကိုတစ်ကြိမ်လောက်စမ်းသပ်စစ်ဆေးသင့်ပါတယ်။ရေနွေးနဲ့ရေချိုးတဲ့အချိန်မှာဆိုရင်ဝှေးစေ့တွေတွဲကျနေတတ်တာကြောင့်ကိုယ့်ကိုယ်ကိုစမ်းသပ်စစ်ဆေးဖို့အကောင်းဆုံးပဲဖြစ်ပါတယ်။
Alex Aung (10 Jan 2016)
ပန်းသေပန်းညှိုးရောဂါကာကွယ်ဖို့နည်းလမ်း ၁၀ ခု
တစ်ခါတလေမှာ ထောင်မတ်မလာတာက ပန်းသေပန်းညှိုးရောဂါကြောင့်မဟုတ်ပါဘူး။ အိပ်ရေးပျက်တာတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုများလို့ဖြစ်တာပါ။ ဒါပေမယ့် အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ အဲဒါဟာ ပန်းသေပန်းညှိုးဖြစ်နိုင်ပါတယ်။ တစ်နှစ်ကို အမေရိကန်က ယောက်ျားပေါင်း ၁၅သန်းကနေ သန်း၃၀အထိ ဒီရောဂါကို ခံစားနေရပါတယ်လို့ဆိုပါတယ်။ အသက်ကြီးလာတာနဲ့ ပန်းသေပန်းညှိုးဖြစ်ဖို့များလာပေမယ့် အဲ့ဒါဟာ ရှောင်လွှဲလို့မရတာမျိုးတော့မဟုတ်ပါဘူး။ ပန်းသေပန်းညှိုးရောဂါကို ရှောင်လွှဲနိုင်ဖို့ လိုက်နာရမယ့် အချက် (၁၀)ချက်ကို အောက်မှာ ရေးသားဖော်ပြလိုက်ပါတယ်။
၁။ ကိုယ်အလေးချိန်ထိန်းပါ
ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းကာ ကျန်းမာနေအောင်ထိန်းသိမ်းတာဟာ လိင်အင်္ဂါတောင့်တင်းစေဖို့နဲ့ သွေးကြောတွေကောင်းမွန်နေအောင်ကာကွယ်ဖို့အတွက် အရေးပါပါတယ်။ သွေးကြောတွေမကောင်းလို့ သွေးလုံလောက်အောင်မရရင် လိင်တံတောင့်တင်းဖို့ခက်ခဲလာစေပါတယ်။ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ ဆီးချိုရောဂါဟာလဲ လိင်တံက အာရုံကြောတွေကိုထိခိုက်စေပါတယ်။
၂။ လေ့ကျင့်ခန်းလုပ်ပါ
စာဖတ်သူရဲ့ ကိုယ်အလေးချိန်ကပုံမှန်ဆိုရင်တောင် ကိုယ်ကာယလေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်တာဟာ စာဖတ်သူ့လိင်မှုစွမ်းဆောင်ရည်ကို တိုးတက်စေဖို့အထောက်အကူဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်သူ အားကစားတစ်မျိုးမျိုးလုပ်သူတွေမှာ ပန်းသေပန်းညှိုးဖြစ်ဖို့နည်းကြောင်း လေ့လာတွေ့ရှိရပါတယ်။ လေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး လိင်ကိစ္စမှာ စိတ်ကျေနပ်မှုပိုရစေပါတယ်။
၃။ အစားအသောက်ဆင်ခြင်ပါ
ပန်းသေပန်းညှိုးဖြစ်မှာစိုးရိမ်တဲ့ယောက်ျားတွေဟာ နှလုံးအတွက်ကောင်းမွန်တဲ့အစာအဟာရကို စားသုံးပေးသင့်ပါတယ်။ သွေးလှည့်စနစ်ဟာ လိင်အင်္ဂါအတွက် အရေးကြီးလို့ပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီမပါတဲ့အသားတွေဟာ အရမ်းအထောက်အကူပြုပါတယ်။
၎။ အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးမ၀ခြင်းဟာ လိင်တံထောင်မတ်နေမှုကိုလျော့နည်းအားပျော့စေတာတွေ့ရပါတယ်။ လိင်တံဟာ အိပ်ရေးဝပြီးအားပြည့်နေတဲ့အချိန်မှာ အထောင်မတ်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဥပမာပေးရရင် အိပ်ရေးဝပြီး လန်းဆန်းနေတဲ့ မနက်ပိုင်းအချိန်မှာ လိင်ဆက်ဆံပေးရင် ပိုပြီးကျေနပ်မှုရရှိစေမှာပါ။
၅။ စိတ်ဖိစီးမှုကိုရှောင်ကျဉ်ပါ
စိတ်ဖိစီးမှုတွေဟာ လိင်မှုကိစ္စနဲ့ လိင်တံထောင်မတ်နေစေဖို့တွေကို အများကြီးဆိုးကျိုးသက်ရောက်စေပါ တယ်။ စိတ်ဖိစီးမှုဟာ အသက်အရွယ်တိုင်းမှာဖြစ်ပေါ်ခံစားနိုင်ကြရလို့ လူငယ်တွေလဲ လူကြီးတွေလို ပန်းသေ ပန်းညှိုးနိုင်တာပါပဲ။ တရားထိုင်ခြင်း၊ ယောဂနဲ့ အနှိပ်ခံခြင်းတို့ဟာ စိတ်ဖိစီးမှုကိုဖြေဖျောက်ပေးနိုင်ပြီး စိတ်ဖိစီးမှုလျော့ကျစေကာ ပန်းညှိုးမှုအားနည်းစေမှာဖြစ်ပါတယ်။
၆။ ကြွက်သားကြီးထွားစေတဲ့စတီးရွိုက်ဆေးတွေမသုံးပါနဲ့
စတီးရွိုက်ဆေးတွေဟာမြုံခြင်း၊သုတ်ကောင်အရေအတွက်လျော့နည်းခြင်းနဲ့တက်စတိုစတီရုန်းဟော်မုန်း Level တွေကိုကမောက်ကမဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။သုံးစွဲတာအချိန်ကြာလာတာနဲ့အမျှ တက်စတိုစတီရုန်း ဟော်မုန်းထွက်ရှိမှုလျော့နည်းသွားပြီးပန်းညှိုးစေပါတယ်။အလုံးစုံပြန်ကောင်းဖို့ လူအပေါ်နဲ့သောက်ခဲ့တဲ့ပမာဏအပေါ်မူတည်ပြီး၃လကနေ၁၂လအချိန်ယူရမှာသေချာပါတယ်။
၇။ အရက်ကြည့်သောက်ပါ
အရက်အလွန်အကျွံမူးနေရင်လိင်ကောင်းကောင်းမဆက်ဆံနိုင်ပါဘူး။အရက်ကိုထိန်းပြီးသောက်ခြင်းဟာအန္တရာယ်မရှိပေမယ့်အရက်ကိုမဆင်မခြင်အရမ်းသောက်ရင်အသည်းပြသနာတွေနဲ့အာရုံကြောစနစ်ကိုထိခိုက်စေပြီးပန်းသေပန်းညှိုးဖြစ်ပွားစေပါတယ်။
၈။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ဟာလိင်တံကျန်းမာရေးရဲ့အဓိကရန်သူပါ။ဆေးလိပ်သောက်ခြင်းဟာလိင်တံထောင်မတ်ဖို့အဓိကလိုအပ်တဲ့သွေးကြောမျှင်လေးတွေကိုကျဉ်းသွားစေပါတယ်။ဆေးလိပ်မသောက်တဲ့သူတွေမှာပိုပြီးမာကြောသန်မာတဲ့လိင်တံတွေရှိပြီးပိုပြီးစွမ်းဆောင်နိုင်ကြပါတယ်။
၉။ တက်စတိုစတီရုန်းလျော့နည်းမှုကိုသတိပြုကြည့်ပါ
တက်စတိုစတီရုန်းဟာလိင်တံတောင်မတ်စေတဲ့ယောက်ျားဟော်မုန်းပါ။သင့်ရဲ့တက်စတိုစတီရုန်းလယ်ဗယ်တွေလျော့နည်းနေရင်ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။ပင်ပန်းလာတာ၊အမွှေးအမျှင်တွေလျော့နည်းလာတာ၊ကြွက်သားလျော့နည်းလာတာနဲ့လိင်ကိစ္စမှာစိတ်ဝင်စားမှုလျော့နည်းလာတာတွေကတက်စတိုစတီရုန်းလျော့နည်းနေတဲ့လက္ခဏာတွေပါ။
၁၀။ ကြမ်းတမ်းတဲ့လိင်ဆက်ဆံပုံကိုရှောင်ကျဉ်ပါ
လိင်တံဟာကျိုးနိုင်ပါတယ်။လိင်တံမှာအရိုးမပါပေမယ့်ကွေးလိုက်ရင်စုတ်ပြဲသွားနိုင်တဲ့ရာဘာလိုအရွတ်၂ခုနဲ့ထိန်းထားတာပါ။မိန်းမကအပေါ်မှာနေတဲ့ပုံစံနဲ့ Doggy Style တွေမှာကွေးမိသွားတာအများဆုံးပါ။လိင်တံ တောင်မတ်မှုလျော့နည်းနေရင်လည်းလိင်ဆက်ဆံတဲ့အခါမှာကွေးတတ်ပါတယ်။အဲဒါဟာအရမ်းနာကျင်ပြီးတော့လိင်တံကိုဒဏ်ရာရစေပါတယ်။ပြန်ကောင်းသွားရင်လည်းကျန်ခဲ့တဲ့အနာရွတ်တွေကြောင့်လိင်တံကောင်းကောင်းသွေးမလျှောက်တော့ရင်ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။
Alex Aung (10 Jan 2016)