အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၅)
October 22, 2009 9:35 PM
ယောက်ကျား တစ်ယောက် လိင်တံဟာ လိင် ဆက်ဆံဖို့အတွက် ဘယ်လောက် ရှိသင် ဘာလဲ။ ပြည်ပြည်စုံစုံ ပြောပြပေးပါ။
အမေးရှိလို့ ရေးရပြန်ပါပြီ။ "ကျားအင်္ဂါ ကြီးစေခြင်း" Penis enlargement ကြော်ညာတွေ ဘယ်လောက် ဆွဲဆောင်မှုရှိပါစေ မယုံပါနဲ့ဆိုတာ ပဌမဆုံး မှတ်သား စေချင်ပါတယ်။
ရှေးဟောင် ဂရိပန်းပုလက်ရာ Polyclitus, Marathon Youth, Hermes တွေကို ကြည့်ကြည့်၊ (ရီနေဆန်) ခေတ်က Michelangelo နဲ့ Donatello တို့ရဲ့ Statue of David ရုပ်ထုတွေကိုဘဲ ကြည့်ကြည့် ကျားလိင်အင်္ဂါကို ခပ်သေးသေးသာ ထုဆစ်ထားတာ တွေ့ရပါမယ်။ ဒီခေတ်မှာ ယောက်ျားတယောက်ဟာ ကိုယ့်အင်္ဂါကိုယ် ပြန်ကြည့်ရင် သူများတွေထက် သေးနေသလို ထင်မှတ်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ အပေါ်ကနေ မိုးကြည့်ရတာကိုး။ စိုးရိမ်သူများ ဆရာဝန်ဆီ ရောက်လာလို့ သူတို့ကို စနစ်တကျ တိုင်းထွာတဲ့အခါမှာ ပုံမှန် အရွယ်အစား ဖြစ်နေကြတာ များတယ်လို့ တွေ့ရပါတယ်။
ဂရိ (မိုက်သော်လော်ဂျီ) ထဲက Priapos ဆိုတာ ဥယျာဉ်ခြံမြေ၊ မွေးမြူရေးနဲ့ အသီးအနှံတွေရဲ့ ဘုရားအဖြစ် သာမက ကျားလိင်အင်္ဂါရဲ့ အရှင်သခင်လို့ သတ်မှတ်ပါတယ်။ သူ့အင်္ဂါဟာ အမြဲတမ်း သန်မာနေတာမို့ ဆေးပညာမှာ အဲလို ပြန်မလျော့ဘဲ ကျားအင်္ဂါ သန်မာနေတာကို Priapism လို့ ခေါ်တယ်။ သူတို့ဘုရားလဲ ရောဂါမကင်းဘူး။ ၉ ရာစု Arabian Nights ပုံပြင်တွေထဲက Ali with the Large Member မှာတော့ ကျားအင်္ဂါ အရွယ်အစားကို သရော်ထားပါတယ်။ "ဒါ ကြီးတိုင်းသာ ဆရာတင်ချင်ရင် 'လား' ကိုသာတင်ကြ" တဲ့။
ခက်နေတာက ဘာမဆို ကြိုက်သလို ပြုပြင်လို့ရတဲ့ Image manipulation ခေတ်ဖြစ်လေတော့ ကြည့်တဲ့သူတွေအဖို့ လှလိုက်တာ၊ ကောင်းလိုက်တာ၊ ကြီးလိုက်တာ၊ စတာတွေဟာ တကယ်ဘဲလို့ ထင်မှတ်စေတယ်။ အမှန်က Illusion ထင်ရောင်ထင်မှား ဖြစ်အောင် Deception လှည့်စားတာတွေပါ။ ဒီတော့ကား အရင်ပေါ် CRT နောက်ပေါ် TFT-LCD (မော်နီတာ) တွေကို မကြည့်ဘဲ ပြဒါးသုတ် ကြေးမုံမှန်ကိုသာ ကြည့်ဘို့ အကြံပြုပါတယ်။
ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် လူကို အပြင်ပမ်း အင်္ဂါရုပ် ကြည့်ပြီး၊ မွေးရာပါအင်္ဂါက ဘယ်လိုနေမယ်လို့ မှန်းဆပြီး၊ တိုးတိုး တိတ်တိတ် ပြောလေ့ရှိတဲ့ ပေါ်ပြူလာ ယဉ်ကျေမှုက ရှိသေးတယ်။ သုတေသန လုပ်ကြည့်တော့ ဒီလိုမှန်းဆချက်တွေဟာ မတိကျဘူး ဆိုတာ သိရတယ်။ ကိုယ့်ကို ကောင်းတာပြောတာ မဟုတ်ရင် မယုံကြပါနဲ့။
ကျားလိင်အင်္ဂါရဲ့ အရွယ်အစားဟာ အသက်နဲ့လဲ ဆိုင်တယ်။ မွေးကာစ Flaccid penile က 4 cm ရှိပြီး၊ လူပျိုပေါက်မှာ သိသိသာသာ ရှည်လာတယ်။ အရွယ်နဲ့အမျှလဲ တိုးတက်မှု ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးသူတွေကို သုတေသန လုပ်ကြတော့ တချို့က သေးသွားတယ် ပြောသလို၊ တချို့က ပိုကြီးလာသတဲ့။ သုတေသနတိုင်းကိုလဲ အားမကိုးရပြန်ဘူး။
သန်မာ (သာမန် မဟုတ်ပါ) နေချိန် Erectile penis ကို တိုင်းထွာပြီး၊ September 1996 Journal of Urology မှာ ရေးခဲ့တာကတော့ 12.9 cm (5.08 in) ပျမ်းမျှ ရှိပါတယ်။ ဒီဂျာနယ်ကဘဲ ဆိုပြန်သေးတာက ဘယ်လောက်ဘဲ နဂိုက အရွယ်အစားရှိနေနေ သန်မာလာရင် ဘယ်လောက်ထိ ရှိလာမလဲ ဆိုတာကို တိတိကျကျ မှန်းမရပါဘူးတဲ့။ ဂျူး-ကော့ကေးဆပ် ယောက်ျားတွေဟာ သန်မာချိန်မှာ ပျမ်းမျှ 13.6 cm (5.35 in) လို့ December 2000 International Journal of Impotence Research က ထုတ်ပြန်ပါတယ်။ သိပ္ပံနည်းကျ တိုင်းထွာကြတာမှာ တယောက်နဲ့ တယောက် မတူကြလို့ အများပြောသမျှ ထဲကနေ ပျမ်းမျှယူတဲ့အခါ 12.9–15 cm (5.1–5.9 in) ရှည်ပြီး၊ 2.4 and 5.5 cm (0.9 and 2.2 in) လုံးဝန်းတယ်လို့ မှတ်ယူနိုင်တယ်။ Nine inches monster ဆိုတာ သူရဲခြောက်ပြတာ သက်သက်ပါ။
ကျားလိင်အင်္ဂါဟာ သန်မာချိန်မှာ ၂ လက္မခွဲမှ မရှိရင်တော့ Micropenis လို့ဆိုပြီး၊ ဆေးပညာအရ သတ်မှတ်ပါတယ်။ လိင်ဟော်မုန်းနဲ့ ဆိုင်တာပါ။ Testosterone ပေးရတယ်။ ခွဲစိတ်ပေးရတယ်။ ဆီးထွက်ပေါက်က ပန်းထိပ်ဖျားမှာ မရှိဘဲ၊ လိင်တံရဲ့ အောက်ခြေ တနေရာရာမှာ ရှိနေတာမျိုးက Hypospadias ဆိုတဲ့ မွေးရာပါဖြစ်တယ်။ ခွဲစိတ် ပြုပြင်လို့ရတယ်။ ဒီအင်္ဂါရဲ့အရွယ်အစားဟာ မျိုးရိုးအရ မဟုတ်ဘဲ၊ အစာအာဟာရ၊ ပတ်ဝန်းကျင်တို့နဲ့လဲဆိုင်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာ Pesticides, Triclosan, Plasticizers, Lavender oil ဓါတုဆေးတွေ ညစ်ညမ်းနေတာမျိုး ဖြစ်ပါတယ်။
နောက်တချက် မှတ်ဘို့က ဒီလို "ကဲ" ဘို့ တကယ်တန်း မလိုလှပါ။ Psychology Today ရဲ့ (ကာဗာ-စတိုရီ) တခုမှာ အမျိုးသမီး ၁၅၅ဝ ယောက်ရဲ့ အများစုက "အရွယ်အစား ဂရုမစိုက်ဘူး" ဆိုပါတယ်။ ၇၁% သော ယောက်ျားတွေကသာ ကိုယ့်ဟာကို ဂရုအစိုက် လွန်နေကြပါသတဲ့။ ၂ဝဝ၅ ခုနှစ်တုံးက Internet survey တခုမှာ ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားသူပေါင်း ၅၂ဝ၃၁ ယောက်ကို မေးမြန်းတဲ့အခါ ကိုယ့်အရွယ်အစားကို ကျေနပ်ကြသူ ယောက်ျား ၅၅% ရှိပြီး၊ အမျိုးသမီး ၈၅% ကတော့ သူတို့ အဖေါ်တွေရဲ့ အရွယ်အစားကို ကျေနပ်ကြကြောင်း ဖြေပါတယ်။ အမျိုးသမီး ၆% ကသာ အနုတ်သဘောဖြေတယ်။ သူတို့တတွေထဲကဘဲ ၇ဝ%သော အမျိုးသမီးများက ကိုယ့်ရင်သားကိုယ် ကျေနပ်ကြပြီး၊ ၅၆% သော ယောက်ျားများကတော့ သူတို့အဖေါ်ရဲ့ ရင်သားကို ပိုထွားစေချင် ကြပါသတဲ့။ ဒီတော့ လိုတာထက် ပိုချင်နေကြတာ ယောက်ျားများပါဘဲ။
BMC Women's Health ကနေ သုတေသနလုပ်တော့ width rather than length လို့ ဆိုပါတယ်။ ဒီတော့ ဆန္ဒပိုလို့ အလိုရှိသူများ ဘာလုပ်သင့်ပါသလဲ။ ဆရာဝန်တွေအဖို့ ရောဂါကို ကုရတာထက် ရောဂါမဟုတ်တာကို ကုရတာ ပိုပြီး လက်ဝင်လှပါတယ်။
"ဒါး"နဲ့ စပြောပါမယ်။ ခွဲစိတ်ပြုပြင်နည်း။ Penis lengthening (Enhancement Phalloplasty) နဲ့ Penis widening (Girth Enhancement) ဆိုတာတွေ Urologic literature ထဲမှာ ပါနေပါတယ်။ ခွဲစိတ်-ခန္ဓာဗေဒအရ ကျားလိင်အင်္ဂါရဲ့ သုံးပုံတပုံ ကနေ တဝက်လောက်ဟာ ကိုယ်အတွင်းထဲက ဆီးစပ်ရိုးအောက်ခြေမှာ တွယ်နေပါတယ်။ ဒါ့ကြောင့် ဒီအပိုင်းကို အပြင် ရောက်လာအောင် Fundiform ligament နဲ့ Suspensory ligament အရွတ် ၂ ခုကို ခွဲစိတ်ပြီး၊ အပြင်ကို ထုတ်ပေးတာပါ။ တခုက ကောက်နေအောင် ဆွဲပေးထားခဲ့တာမို့ ဖြတ်လိုက်ရင် ဖြောင့်ပြီး၊ 2-3cm (0.78-1.18 in) ပိုရှည် လာစေတယ်။ ဒါပေမဲ့ လန်ဒန် St. Peter's Andrology Centre and Institute ကနေ ခွဲစိတ်ကုသခံသူ လူနာ အများစုဟာ သိပ်ကြေနပ်မှု မရှိကြကြောင်း၊ ၂ဝဝ၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
နောက် ခွဲစိတ်နည်း တခုကတော့ Dermal implant ခေါ်တယ်။ Fat cells တွေကို Transplant လုပ်ပေးတာပါ။ နောက် တနည်း ကတော့ Inflatable implants ဖေါင်းစေတဲ့ပစ္စည်း ထည့်ပေးတဲ့နည်းပါ။ ဒီနည်းကို ပန်းသေနေသူတွေအတွက် လုပ်ပေးတာပါ။ စပေါ်တော့ အမှတ်ရသေးတယ်။ Time International မဂ္ဂဇင်းမှာတောင် ပါခဲ့သေးတာ။ Penis pump ဆိုတဲ့ ဆလင်ဒါလို လေဟာနယ် ကရိယာလည်း ရှိတယ်။ ပန်းညှိုးသူတွေအတွက် လုပ်ပေးတာပါဘဲ။ Clamping နည်း၊ Stretching and hanging နည်းလဲရှိတယ်။ တခြားနည်းတွေကိုတော့ လေးစားခံရတဲ့ ဆေးပညာ အသိုင်းအဝိုင်းက အသိအမှတ် မပြုပါ။ ဒီအထဲ မပါတာဆိုရင် ဘေးချိတ်ပေါ့ဗျာ။
"ဒါး"ပြီးတော့ "လက်" လာမယ်။ (အက်တာနက်) မှာ Penis enlargement pills, Penis patches, Ointments တွေ အမျိုးမျိုး ကြော်ညာနေတယ်။ Spam email messages တွေထဲမှာ အများဆုံးပါဘဲ။ အမိုင်နိုအက်စစ်တမျိုးကို Lotion for men လိမ်းဆေးအဖြစ် သုံးကြတယ်။ Andractim DHT Gel - DHT (Dihydrotestosterone) ဆိုတာက Testosterone ကို အားကောင်းအောင် လုပ်ထားတဲ့ လိမ်းဆေး။ Micropenis လို ဖြစ်နေသူတွေအတွက်ပါ။ ဒါပေမဲ့ Flora Research of California နဲ့ University of Maryland တို့ကနေ အဲဒါတွေမှာ (mold, yeast, E. coli bacteria, pesticides, and lead) အန္တရာယ် ပေးတဲ့အရာတွေ အများကြီး ပါတယ်လို့ ရေးပါတယ်။
ကျားလိင်အင်္ဂါမှာ ကြွက်သားဆိုတာ မရှိလို့ Penis Exercises လေ့ကျင်ခန်းလုပ်တာ မထူးဘူးလို့ ယေဘူယျပြောနိုင်တယ်။ ဒါပေမဲ့ ကြွက်သားတမျိုးတည်းကိုသာ လေ့ကျင့်ခန်း လုပ်ပေးနိုင်တာတော့ မဟုတ်ပါ။ အင်္ဂါကို လှုတ်ရှားစေအောင် ကြွက်သားတွေ၊ အရွတ်တွေ၊ အာရုံကြောတွေ စုပေါင်းရွက်ဆောင်ပေးရတာ ဖြစ်ပါတယ်။ Disuse atrophy အသုံးမပြုတာ ကြာတဲ့ အရာတွေဟာ သေးငယ်သွားတတ်တယ်။ အသုံးပြုပေးရင် ပိုလာစေတယ်။ အလွန်အကဲတော့ မဟုတ်ဘူးပေါ့။
ဆေးဝါးတွေနဲ့စာရင် လေ့ကျင့်ခန်းဆိုတာက ဘေးထွက်ဆိုကျိုးကို မစိုးရိမ်ရပါ။ ဒါ့ကြောင့် Jelqing Technique နည်းဆိုတာ ဘာသာပြန် ရေးရရင် - ရေနွေးချိုးပါ၊ ရေနွေးဝတ်သုံးပါ။ ပိုးသန့်တဲ့ ဆီတခုခု လိမ်းပါ။ အရင်းကနေ အဖျားဆီ လက်တဖက်နဲ့ ခပ်တင်းတင်း ကိုင်ပြီး၊ ဆွဲချပေး။ လက်ကိုလဲ ဘယ်-ညာပြောင်း၊ ၁၅ကြိမ်လုပ်ပါ။ သန်မာလာတာကို ၂ဝ-၄ဝ% အထိသာ ဖြစ်လာပါစေ။ ပိုမသွားအောင် နားပါ။ ဆီ ဆိုရာမှာ အိန္ဒိယဆိုရင် မုံညင်းဆီ၊ မြေထဲပင်လယ်ဒေသမှာဆို သံလွင်ဆီ စသဖြင့် သုံးတယ်။ သူတို့အရပ်မှာ ပေါတာတွေကိုး။ ဗမာပြည်မှာ နှမ်းဆီ၊ အုံးဆီ၊ ကြက်ဆူဆီ စတာတွေ သုံးနိုင်ပါမယ်။ ဒီကိစ္စအတွက် သီးသန့်ခွဲထားပေါ့။ မဟုတ်ရင် မှိုရောဂါဝင်တတ်တယ်။ ပြီးရင် ဆပ်ပြာနဲ့ ကောင်းကောင်း ဆေးကြောပါ။
မင်းတုံးမင်းကြီးဟာ ဒီကိစ္စမှာ ရာဇဝင်တွင် နာမည်ကြီးခဲ့သူပါ။ သူ့ခေတ်က တိုင်းရင်းဆေး ခေတ်မို့ ဆေးစွမ်းကောင်းတွေ ရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။ မင်းကြီးမှာလဲ Priapism ရောဂါ ရှိခဲ့ပုံရပါတယ်။ ကျားအင်္ဂါဟာ ၂ နာရီ ကြာတာတောင်မှ နဂိုအနေ ပြန်မရောက်ရင် အရေးပေါ် ဆေးကုပေးဘို့ လိုပါတယ်။ Pseudoephedrine 120 mg orally ဆေးမရှိသေးလို့ သူ့မိဘုရားကြီးကဘဲ ဆေးကုပေးရတယ်လို့ ဖတ်ရတယ်။ ဆေးသုတေသနအရ မဟုတ်ပါ။ နန်းတွင်း ဆောင်ကြာမြိုင် ဇာတ်လမ်း အရသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ အစစအရာရာ အကန့်အသတ်တွေက လိုတာထက် များလွန်လွန်းလို့၊ သုတေသနဆိုတာ ဝေလာဝေး၊ ထုတ်ပြော၊ ဖွင့်ရေး၊ အပြန်အလှန် ငြင်းခုန်တာတွေ မရှိလို့ ဘယ်သူပြောတာ ယုံရမလဲ မသိဖြစ်နေရတယ်။ ကုန်းဘောင်ခေတ် ဆေးနည်းတွေ ကုံးကောက်နေရသလို ဖြစ်သွားနေရတာ သိပ်နှမြောဘို့ ကောင်းလှတယ်။
အနောက်တိုင်းကဖြစ်ဖြစ်၊ တိုင်းရင်းဆေးဖြစ်ဖြစ်၊ တကယ်တန်း လက်ခံနိုင်တဲ့ ဆေးနည်းတွေကို လက်လှမ်းမီဘို့၊ အများသူငါ သိနိုင်၊ သုံးနိုင်ကြဘို့၊ တိုးတက်အောင် မလုပ်နိုင်၊ မဖြစ်နိုင်သေးတဲ့ ခေတ်ကာလမှာတော့ အလိုရမက်များ နည်းပါးနိုင်ကြပါစေ။
Dr. တင့်ဆွေ
၅-၁-၂ဝ၁ဝ
ရှည်ချင်၊ ကြီးချင်သူများအတွက် (နောက်ဆက်တွဲ)
Injection of liquid silicone into the penis and the scrotum လိင်တံနဲ့ ကပ်ပဲ့အိပ်ထဲထိုးနည်းမှာ ကောင်းတာရော ဆိုးတာပါ ရှိတယ်။ လုံးပါတ် သိသိသာသာ တိုးလာမယ် မရှည်စေပါ။ ၉ ဆအထိ ကြီးစေနိုင်တယ်။ ဆေးထိုးလိုက်လို့ အနားက တစ်ရှူး (သွေးကြော၊ အာရုံကြော) တွေထိခိုက်နိုင်ပြီး ထုံလာတတ်တယ်။ အမာရွတ်လိုဖြစ်တတ်တယ်။ အဆင်မသင့်ရင် လိင်ဆက်ဆံတာမှာ ပြောင်းပြန်အကျိုး ဖြစ်စေနိုင်တယ်။ FDA ကအသိအမှတ် မပြုသေးဘူး။ လူ ၅၈ ယောက်ကို စစ်တမ်းထုတ်တော့ ဒီလိုတွေ့လာရတယ်။
• အရှည် Length = YES 276; NO 690
• အတုတ် Thickness = YES 483; NO 414
• အချိုးအစား Proportion = YES 328; NO 483
• ပုံသဏ္ဌာန် Asthetics = YES 172; NO 776
• အလုပ် Function = YES 621; NO 224
Internet ကနေ Pills (Penis enlargement pills, penis patches or ointments) ကြော်ညာတာတွေ မကောင်းပါ။ Flora Research of California and by the University of Maryland က အဲဒီဆေးတွေထဲမှာ မှို၊ ဗက်တီးရီးယားတွေ ပါတယ်လို့ ပြောတယ်။
Stretching ၂ဝဝ၂ မှာ International Journal of Impotence Research ပြောတာက ကောင်းတယ်တဲ့။ ၂ဝဝ၉ မှာ University of Turin ကလဲ ကောင်းတယ် ပြောတယ်။ ပလပ်စတစ်ကွင်း နဲ့ Dynamic metallic rods ၂ ခု ပါတယ်။ ဆွဲဆန့် ပေးနေမယ်။ တနေ့မှာ ၄ နာရီ၊ ၆ လ လုပ်ရင် အရှည် ၂-၃ စင်တီမီတာ တိုးလာတယ်။
မေးခွန်းကို ဖြေဘို့ ချုပ်လို့ ရပါပြီ။ လူတယောက်နဲ့ တယောက် အခြေခံ မတူကြပါ။ သူတို့အဖေါ်တွေလဲ ကွဲလွဲကြမယ်။ (ဗိုင်ယာဂရာ) ဆေးက တချို့အတွဲတွေအတွက် အလွန်မတန်ကောင်းပြီး တချို့မှာ အသင့်အတင့် ကောင်းပါမယ်။
Jan 8, 2011 at 7:08 PM
ကျွန်နော့် အသက်က ၂၄ နစ် ရှိပါပြီ။ မိန်းကလေးနဲ့ ၂-၃ ကြိမ် ဆက်ဆံဖူးပါတယ်။ မိန်းကလေးကပြောတယ် ကျွန်နော့်ရဲ့ ကျားအင်္ဂါဟာ သူတွေ့ဖူးသမျှ လူတွေထဲမှာ အသေးဆုံးတဲ့ သေးတာက သာမန်လူတွေထက် ပိုသေးနေတာတဲ့။ မိန်းကလေး တစ်ယောက် နောက်တစ်ကြိမ် ဆက်ဆံဖို့ ဆွဲဆောင်နိုင်မှု အားနည်းမယ်တဲ့။ မိန်းမရရင်တောင် နင့်မိန်းမက အရင် တစ်ယောက်ယောက်နဲ့ ဆက်ဆံဖူးတာဖြစ်ဖြစ် အခွေကြည့်ဖူးတာဖြစ်ဖြစ် နင့်ဟာကိုသိသွားပြီး စွဲလမ်းမှုနည်းမယ်တဲ့။ ပြဿာနာ ရှိနိုင်တယ်တဲ့။ အဲ့ဒီတော့ လိင်တံကြီးမဲ့ ရှည်မဲ့ နည်းလမ်း (သို့မဟုတ်) ဆေးညွှန်းလေးတွေရှိရင် ပြောပြပေး စေချင်ပါတယ်။ အားငယ်စရာဖြစ်နေလို့ပါ။ ပုံမှန် လိင်အဂါ်မထခင်မှာဆို ပိုသိသာတယ်။ သေးပြီး တိုနေတယ်။ စိတ်ကြွ နေရင်တော့ နည်းနည်းလေး ပိုကြီးလာတယ်။ ဒါကလည်း သာမန် ယောက်ျားလေးတွေ ဟာတွေထက်တော့ သေးနေလွန်းလို့ပါ။ လက်ရှိနေတာက ပြည်ပမှာဖြစ်ပါတယ်။
• Penis enlargement ကျားအင်္ဂါ ကြီးစေခြင်း ကို ဖတ်ပြီးပြီလား။ ဖတ်ပါ၊ လုပ်လို့ရတာ လုပ်ပါ။ အတုအပတွေ၊ မသေခြာတဲ့နည်းတွေ အားမကိုးပါနဲ့၊ လက်တည့်မစမ်းပါနဲ့။
• အဲဒါထဲမှာ မပါသေးတာ ရေးပါအုံးမယ်။ ပဌမအချက် စိတ်အား မငယ်ပါနဲ့။ ကြိုးစားနေရင်း ကြီးလာမယ်လို့ စွံမြဲယုံကြည်ထားပါ။ သစ်ပင်-ပန်းပင်တွေကိုတောင် စိတ်နဲ့ ဖူးစေ-ပွင့်စေ လုပ်လို့ရတယ်။
• ဆက်ဆံရာမှာ အရွယ်အစား မကြီးသေးဘူးဆိုရင် တခြားနည်းနာနဲ့ ပိုအဆင်ပြေမှာ လုပ်ရမယ်။
• ငွေနဲ့ ဆက်ဆံရတဲ့ မိန်းမတွေဟာ တခြားမိန်းကလေးတွေနဲ့ မတူပါ။ အပျော်မိန်းမတွေကို ထားလိုက်ပါ။ တခြားမိန်းကလေးနဲ့ ဆိုင်တာဘဲ ရေးပါမယ်။
• ကိုယ့်မှာ မရွယ်အစား သေးတယ်ဘဲ ထားပါ၊ တခြားအရာမှာ သူများထက် သာအောင်လုပ်ဘို့ ကြိုးစားနိုင်ပါတယ်။ သိတဲ့အတိုင်း မျက်စိမမြင်သူဟာ နားအကြား ပိုနိုင်တယ်။
• ဘာတွေ သာစေရမလဲ။ အများကြီးပါ။ အဖေါ်မိန်းကလေးကို သာယာ-ကျေနပ်စေမှာ ရွေးတတ်ရမယ်။
• သူဘာကြိုက်သလဲ သိအောင် ကြိုးစားပါ။
• ဇနီး-ချစ်သူ မပေါ်မှာ လိင်ဆက်ဆံတာ တခုထဲကိုသာ မစဉ်းစားပါနဲ့။ ကာမဆက်ဆံတယ်ဆိုတာ ချစ်ခြင်းရဲ့ အဆုံးစွန် တနေရာကို သယ်ပို့တာ ဖြစ်တယ်။ ပိုချစ်တတ်အောင်လုပ်ဘို့ လိုပါမယ်။
• လိင်ဆက်ဆံတာကို ပြောရအောင်။ မဆက်ဆံမီ၊ ဆက်ဆံဆဲ နဲ့ အပြီး သုံးပိုင်းရှိတယ်။ သုံးပိုင်းလုံးမှာ အကောင်းဆုံး ဖြစ်ပါစေ။
• Foreplay အကောင်းဆုံးလုပ်ပါ။ သူကြိုက်မှာ ရွေးတတ်ပါစေ။ မတူကြပါ။ အချိန်ပေးပါ။
• အင်္ဂါအရွယ်အစားဟာ ဒုတိယပိုင်းမှာသာ နေရာရှိပါတယ်။
• တကယ့်အဆင့် -
o (အိုရယ်လ်) နည်းလဲသုံးပါ။ တချို့မိန်းကလေးကို ဒီနည်းတခုထဲနဲ့ (အော်ဂဇင်) ရအောင်လုပ်နိုင်တယ်။ တခါတလေဖြစ်ဖြစ် ရစေပေါ့။ (အိုရယ်လ်) ကလဲ အပြန်-အလှန်ပေါ့။
o (အေနယ်လ်) နည်းလဲ သဘောဘဲ။ သူက မကြီးရင်လဲ ဖြစ်တယ်။
o မိန်းကလေးတွေကို ထိမိစတဲ့နေရာဆိုတာ ရေးထားသလို နေရာတွေကို အသုံးပြုပါလေ။
o ကိုယ်ကပေးနိုင်တဲ့ အချိန် ပိုနိုင်အောင် ကြိုးစားပါ။ ကြာကြာ ဆက်ဆံနိုင်ပါစေ။
o (ပိုဇေရှင်) အပြောင်းအလဲ၊ အရှိန် အပြောင်းအလဲ၊ နေရာထိုင်ခင်း အပြောင်းအလဲ။
o သူလိုခြင်တဲ့ အရာရှာပါ။ ဖြည့်ဆီးပါ။
o သူ (အော်ဂဇင်) ရအောင် ကြိုးစားပါ။ စောစောပိုင် မရသေးလဲ လုံးဝ စိတ်ပျက်ပါနဲ့။
• လိုအပ်လာရင် Virgra ဆေး သုံးပါ။
• ကိုယ်က အဆင်သင့် မရှိရင် သူစိတ်မလာစေအောင် ကြံဆောင်ပါ။
• တခါပြီး နောက်တခါ ဆက်ဆံနိုင်ပါစေ။
• တချို့မိန်းမတွေ နာတာ မကြိုက်ပါ။ အရွယ်အစားကြောင့် နာစေတတ်တယ်။
• ဖူးဇာပါရင် ငယ်ရွယ်သူကို ယူပါ။
• တခါမှ မဆက်ဆံဘူးသူကို ရွေးနိုင်ရင် ရွေးပါ။
• စိတ်အား မငယ်ပါနဲ့။ ကြိုးစားနေရင်း ကြီးလာမယ်လို့ စွံမြဲယုံကြည်ထားပါ။ သစ်ပင်-ပန်းပင်တွေကိုတောင် စိတ်နဲ့ ဖူးစေ-ပွင့်စေ လုပ်လို့ ရတယ်။
• ထပ်ရေးပါရစေ။ စိတ်အား တင်းပါလေ။ ကိုယ်လိုလူတွေ တလှေကြီးပါ။ Small is beauty!
၉-၁-၂ဝ၁၁
Posted by Dr. Tint Swe
No comments:
Post a Comment