Saturday, October 19, 2013

Men’s Medicine - ယောက်ျားတွေ မေးတဲ့ဆေး




Impotence ပန်းသေ-ပန်းညှိုးရောဂါကို Erectile dysfunction (ED) လို့ ဆေးစာနဲ့ ခေါ်တယ်။ ရောဂါအခြေအနေ အပြော့၊ အပြင်း မတူပါ။ တချို့မှာ လုံးဝ လိင်အင်္ဂါ သန်မာမှု မရှိဘူး။ တချို့ကြ တခါတလေ ကောင်းလိုက် တခါတလေ မကောင်းလိုက် ဖြစ်တယ်။ ယောက်ျားတွေလဲ ရှက်ကြတာဘဲ။ ဆရာဝန်ဆီ မလာတာ မနည်းလှဘူး ထင်ရတယ်။ လူ ဘယ်လောက်မှာ ဒီလို ဖြစ်နေတယ် ပြောဘို့ ခက်တယ်။ စာရင်းဇယားထားတတ်တဲ့ အမေရိကားမှာ သန်း ၃ဝ ရှိမယ်တဲ့။ အသက်အရွယ် သိပ်မရွေး ဖြစ်နိုင်ပေမဲ့ ငယ်သူတွေမှာ နည်းပြီး ကြီးသူတွေမှာ အဖြစ်များတယ်။ ၄၅ ကျော်လာရင် နည်းနည်းဖြစ်ဖြစ် စကြပြီ။ 
 
၁။ Viagra 100 mg
၂။ Cialis 20 mg
၃။ Priligy 36 mg

မက်ဆာချူးဆက်) အသက်ကြီးလေ့လာရေးဌာနကနေပြောတာက အသက် ၄ဝ ကျော်ရင် လုံးဝ ပန်းသေသူ ၅% တိုးလာပြီး၊ ၇ဝ ကျော်ရင် ၁၅% တိုးလာတယ်။ နယ်သာလန်က သုတေသနတခုအရ အသက် ၅ဝ နဲ့ ၅၄ ကြားမှာ ၂ဝ% ရှိတယ်။ ၇ဝ နဲ့ ၇၈ ကြားမှာ ၅ဝ% ရှိတယ်။

ဒီလိုဖြစ်နေတာအတွက် ဆေးသုတေသနတွေကလဲ အစွမ်းထက်ပါတယ်။
1. Viagra (Sildenafil) ဆေးကို ၂၇-၃-၁၉၉၈ ကစပြီး FDA ကနေ ခွင့်ပြုခဲ့တယ်။
2. Levitra (Vardenafil) ကိုတော့ ၁၉-၈-၂ဝဝ၃ မှာ ခွင့်ပြုခဲ့တယ်။
3. Cialis (Tadalafil) ကတော့ ၂၁-၁၁-၂ဝဝ၃ ဖြစ်လို့ သူ့နောက်မပေါ်သေးရင်တော့ နောက်ဆုံးပေါ်ဖြစ်တယ်။

Viagra ကို ရေးပြီးဖြစ်ပါတယ်။ Cialis (Tadalafil) ဆေးဟာလဲ ယောက်ျားတွေမှာ (ED) ပန်းညှိုးနေသူတွေ အတွက်ဆေး ဖြစ်တယ်။ 20 mg ကို လိင်မဆက်ဆံမီ အစာနဲ့ နီးနီး ဝေးဝေး သောက်ရတယ်။ အတိအကျ ဆိုရရင် ၁၆ မိနစ် စောသင့်တယ်။ အစွမ်းက ၃၆ နာရီအထိ ရှိနိုင်တယ်။ တနေ့ထဲမှာ တခါသာ သောက်သင့်တယ်။ ကျားလိင်အင်္ဂါ သန်မာမှု Erection ကိုသာမက Sexual relations ဆက်ဆံမှုအတွက်ပါ ပိုကောင်းစေတယ်လို့ ဆေးညွှန်းက ဆိုပါတယ်။

Tadalafil ဆေးဟာ PDE5 inhibitor ဆေး အမျိုးအစား ဖြစ်တယ်။ လိင်-ကျန်းမာရေးအတွက် Cialis နာမည်နဲ့ ရောင်းပြီး အဆုပ် သွေးလွှတ်ကြော ဖိအားများရောဂါအတွက် Adcirca နာမည်နဲ့ ရောင်းတယ်။ Tadalafil ဆေးကို အိန္ဒိယမှာတော့ Tadacip 10 mg and 20 mg နာမည်နဲ့ ရောင်းတယ်။

Pill ဆိုတာ ဆေးလုံးမှန်သမျှကို ခေါ်ပေမဲ့ Pills လို့ပြောလိုက်ရင် ကိုယ်ဝန်တားဆေးကို တန်းသိစေကြတယ်။ Morning-after pill ဆိုရင် အရေးပေါ် တားဆေး၊ Cialis ဆေးကို Weekend Pill လို့ ခေါ်ကြသေးတယ်။ ဆေး ၃ မျိုးလုံးဟာ လိုရင် သောက်ပါ အမျိုးအစားတွေ ဖြစ်တယ်။ Cialis ဆေးကတော့ Once-daily medication တနေ့ ၁ လုံး သောက်နိုင်တယ် ဆိုတာ ထူးခြားတယ်။

Sexual stimulation လိင်စိတ်ဖြစ်လာချိန်မှာ ဆေးသောက်လိုက်ရင် Penile erection လိင်အင်္ဂါသန်မာလာစေဘို့ Penile blood flow သွေးစီးလျှောက်မှုကို တိုးများလာစေနည်းနဲ့ အကူအညီပေးတယ်။ အဲလိုဖြစ်လာအောင် Relaxation of penile arteries လိင်တံ သွေးလွှတ်ကြောလေးတွေနဲ့ Smooth muscle of the corpus cavernosum လိင်တံ-အသားမွတွေကို ပြေလျှော့စေတယ်။

Nerve terminals အာရုံကြောလေးတွေအဖျား နဲ့ Endothelial cells တွေကနေ Nitric oxide (NO) ထွက်လာတာလဲ တခန်းတကဏ္ဍကနေ ပါဝင်သေးတယ်။ Phosphodiesterase type 5 (PDE5) ကို တားဆီးပေးတာမို့ cGMP ကို များစေတာ ဖြစ်တယ်။ ဆေးတွေက PDE5 ကို တားစေပေမဲ့ Sexual stimulation လိင်စိတ်နိုးဆွမှု လိုသေးတာ သတိထားရမယ်။

Cialis ဆေးကို 10 mg ကနေစရတာ များတယ်။ 20 mg အထိ တိုးနိုင်တယ်။ 5 mg အထိ လျှော့ချနိုင်တယ်။ ၂ဝဝ၇ ဇွန်လထဲမှာ European Commission ဥရောပ-ကော်မရှင်ကနေ 2.5 mg နဲ့ 5 mg ကို ထုတ်ခွင့်ပြုခဲ့တယ်။

၂ဝဝ၉ မှာ Tadalafil (Adcirca) 40 mg ကို အမေရိကားနဲ့ ဥရောပမှာ၊ ၂ဝ၁ဝ မှာ ကနေဒါ နဲ့ ဂျပန်မှာ Pulmonary arterial hypertension ရောဂါအတွက် တနေ့တခါသောက် ခွင့်ပြုလာတယ်။





Side effects ဘေးထွက်-ဆိုးကျိုးတွေ -
Tadalafil ဆေးကို Clinical trials သုတေသနလုပ်တုံးက လူပေါင်း ၁၅ဝဝဝ ပါဝင်ခဲ့တယ်။ လူ ၈ သန်းမက သုံးခဲ့ပြီ။
ခေါင်းကိုက်၊ အစာမကျေ၊ ခါးနာ၊ ကြွက်သားနာ၊ မျက်နှာနီမြန်း၊ နှာခေါင်းပိတ်-နှာရည်ယို။ ဒါပေမဲ့ ၄၈ နာရီကြာရင် ပျောက်ကုန်မယ်။ နောက်ပိုင်းမှာ မျက်စိအကြည့်ခက်တာ တွေ့လာတယ်။ Hypotension သွေးဖိအား ကျစေနိုင်တယ်။
၄၈ နာရီအတွင်း Angina နှလုံးသွေးကြောကျဉ်းရောဂါ အတွက်ပေးတဲ့ Glyceryl trinitrate ဆေး မသောက်သင့်ဘူး။

Priligy Dapoxetine ဆေးကတော့ Premature ejaculation သုက်လွှတ်စောတာ အတွက်ပေးတဲ့ တခုထဲသောဆေး ဖြစ်တယ်။ ဆေးအမျိုးအစားက Selective serotonin reuptake inhibitor (SSRI) ခေါ်ပါတယ်။ Serotonin က သုက်လွှတ်ပေးဘို့ အာရုံကြောတွေကနေ တဆင့် သတင်းစကားပါးရာကျတဲ့ ဓါတ်ဖြစ်တယ်။ အခုဆေးက သတင်း ပါးတာကို တားပေးမယ်။ ဂဏန်းနဲ့ ပြောရင် အကြီးကြီး ၂ဝဝ-၃ဝဝ% သတင်းပို့တာကို နှေးစေမယ်တဲ့။

ကျွန်တော့် စာတချို့လိုဘဲ (အွန်လိုင်း) ကနေ အသက် ၁၈ နှစ်ကျော်ရင် ဝယ်လို့ရတယ်။ အသက်သိပ်ကြီးသူ ၆၅ နှစ်ဆိုရင် မသုံးစေချင်ပါလို့ ပါတယ်။

Priligy dapoxetine ဆေးကို 30mg နဲ့ 60mg လာတယ်။ စသုံးတဲ့သူတွေ 30mg နဲ့စပါ။ လိုတယ်ထင်မှ 60mg သောက်ပါ။ နာရီဝက် ကြိုတင် သောက်ရမယ်။ ၃-၄ နာရီအထိ ဆေးသတ္ထိ ရှိနေမယ်။

ဘေးထွက်-ဆိုးကျိုးလဲ နည်းလှပါတယ်တဲ့။ ပျို့ချင်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဝမ်းပျက်၊ ဗိုကအောင့်၊ အစာမကျေ။

မေးတဲ့သူမှာ ရောဂါနာမယ်တပ်တာ၊ ဖြစ်နေ-မနေဆိုတာကို အသာထားပြီး၊ ဆက်ဆံမှု လိုရင် လိုသလို ကိုယ်နဲ့ အဆင်ပြေတဲ့ ဆေးကို သုံးစွဲသင့်ပါတယ်လို့ အကြံပေးပါရစေ။ သန်းပေါင်းများစွာထဲက တယောက်သာ ဖြစ်တယ်။ ဆေးကူလို့ ရနေလို့ ကံကောင်းသူလဲ ဖြစ်ပါတယ်။


ယောက်ျားတွေမှာ လိင်ပိုင်းဆိုင်ရာ အခက်အခဲ (ဖြစ်ချင်တဲ့လိုအင်) ၂ မျိုးရှိတယ်။ (၁) လိင်အဂ်ါကို ပိုကြီးရှည်ချင်တာနဲ့ (၂) လိင်အင်္ဂသန်မှုနည်းနေတာကို ကောင်းစေချင်တာဖြစ်တယ်။ မိန်းမတွေမှာ လိင်စတ်နည်းတာမျိုး ယောက်ျားမှာ ဖြစ်ခဲတယ်။ ကဲလွန်းနေတာတော့ရှိတယ်။


Xanogen ဆေးအပါအဝင် ကျား-လိင်အင်္ဂါ ကြီး-ရှည်-သန်စေတယ်ဆိုပြီး ကြော်ညာတဲ့ဆေးတွေဟာ (အင်တာနက်) ရောင်းကုန်တွေ ဖြစ်တယ်။ ဆေးဆိုင်တွေမှာ တရားဝင်ခွင့်ပြုချက်နဲ့ ဆရာဝန်လက်မှတ်နဲ့ ရောင်းတာမျိုးမဟုတ်ပါ။


ကျွန်တော်တို့လို ဆရာဝန်တွေက ဆေးကျောင်းတွေမှာ မသင်ခဲ့ပါ။ ဆေးစာအုပ်တွေထဲမှာလဲ မပါပါ။ အဲလို မသင်ရ-မပါတာတွေလဲ ဆရာဝန်တွေက ညွှန်တတ်တာမျိုး ရှိပါတယ်။ သူများတွေ သုတေသနလုပ်၊ လေ့လာဆန်းစစ်မှုတွေ လုပ်ထားတာတွေကိုဖတ်ပြီး၊ လေ့လာပြီး။ ဆရာဝန်တွေ လက်ခံတာမျိုး လုပ်ကြပါတယ် အခုလိုဆေးအမျိုးအတွက် သုတေသန နဲ့ လေ့လာဆန်းစစ်မှုတွေကို လိုက်ရှာတော့ ၂ မျိုးတွေ့လာတယ်။


ဆေးရောင်းသူတွေကတော့ ဝယ်ချင်လာအောင် ကောင်းတောတွေသာ ရေးထားတာ ဖတ်ရတယ်။
Xanogen ဆေးကနေ လိင်အင်္ဂါကြီးထွားလောတယ်လို့ ထင်ရစေမယ်ဆိုပြီး ဆေးကြော်ညာမှာရေးတယ်။ ၁ဝဝ% စိတ်ချရတယ်လို့လဲပါသေးတယ်။ ဆေးကြော်ညာထဲက အမေး-အဖြေတွေမှာတော့ အတော် မတူကြတာမျိုးတွေ ဖတ်ရတယ်။
• xanogen and hgh factor တွေကနေ ကျားအင်္ဂါကို ပိုကြီးစေသလား။ မဟုတ်ပါ။
• hgh injections ထိုးဆေးက ကျားအင်္ဂါကို ပိုကြီးစေသလား။ မဟုတ်ပါ။ ပိုဆိုးလာေးတယ်။
• penis pumps စုပ်စက်ကနေ ကျားအင်္ဂါကို ပိုကြီးစေသလား။ ယာယီတော့ ကောင်းမယ်။ သွေးတွေဝင်လာချိန်မှာ ကောင်းပြီး ပြန်ထွက်သွားရင် နဂိုလိုဖြစ်မယ်။
• natural and herbal တိုင်းရင်းဆေးတွေရှိပါတယ်။ traction devices ဆွဲဆန့်ကရိယာလဲရှိတယ်။ exercises လေ့ကျင့်ခန်းလုပ်နိုင်တယ်။ pills ဆေးလုံးတွေလဲရှိတယ်။ နောက်ဆုံး surgical ways ခွဲစိတ်ပြုပြင်နိုင်တယ်။


ဆေးထုတ်လုပ်သူတွေကနေဘဲ ရေးတာမှာ နောက်တမျိုး တွေ့ရပြန်တယ်။
Xanogen ဆေးထဲမှာ traditional herbal aphrodisiacs ရိုးရာ လိင်အားပေးဓါတ်တွေပါတယ်။ ဥပမာ horny goat weed and muira puama (potency wood) တွေဖြစ်တယ်။ sex drive လိင်စိတ်ကိုအားပေးတယ်။ အသက်ကြီးလို့နဲ့ တခြားကြောင့် စိတ်နည်းနေသူတွေအတွက်ကောင်းတယ်။ L-arginine နဲ့ Gamma-Aminobutyric Acid တွေက သွေးလည်ပတ်မှုကို ပိုကောင်းစေတယ်။ ဟော်မုန်းလဲ ပိုထွက်မယ်။ ကြော်ညာထဲမှာ ရေးထားမျိုးထဲမှာ ၃ ပါတ်နေရင် ၃ လက်မ ပိုရှည်စေတယ်လို့ တမျိုးပါထားပေမဲ့ အဲလိုဖြစ်မှာကို အာမမခံချက် မဖတ်ရပါ။


ခြုံပြီး ဆရာဝန်တဦးအနေနဲ့ ပြောရရင် ဘေးဖြစ်စေမှာတွေ ပါတယ်လို့ မတွေ့ရပါ။ ညွှန်းလဲ မညွှန်းလိုပါ။ မသုံးနဲ့လဲ မတားပါ။ ပန်းသေ-ပန်းညှိုးအတွက်တော့ ကြော်ညာမှာကို မပါပါ။


သုက်လွှတ်စောတာအတွက် Prexil ဆေး၊ VigRX Plus ဆေးနဲ့ PreJacဆေးတွေကိုသုံးနေကြတယ်။ Dapoxetine, Prexil® ဆေးသစ်တမျိုးက စမ်းသပ်မှုအဆင့် ၃ ရောက်နေပြီ။


Dr. တင့်ဆွေ
၇-၂-၂ဝ၁၂
၁၃-၁ဝ-၂ဝ၁၃

No comments: