ရ ရထားကြီးပျော်ပျော်စီးဖြစ်သော ရက်တစ်ရက်ဖြစ်ပါတယ်။ ရထားပြတင်းကနေ တိုးဝင်လာတဲ့ စပါးနံ့သင်းသော လေနုအေးတွေကို ခပ်၀၀ တစ်ချက်ရှူရှိုက်လိုက်ကာ သက်ပြင်းချမိရရင်း ကျနော့်ကိုကျနော် ပြန်လည်လွတ်လပ်ခွင့်ပေးဖို့ ရထားစီးခရီးသည် တစ်ယောက် အဖြစ် အမြန်ရထားတစ်စင်းပေါ်မှ အထက်တန်းတွဲပါ အကန့်မြင့်မြင့်ကာထားသော ထိုင်ခုံတစ်ခုပေါ် ရောက်ရှိနေတယ်ဆိုပါတော့။
လက်နှစ်ဖက်ကိုအပေါ်ကိုမြှောက် ခါးကြောဆန့်လိုက်ရင်း Beat Headphones လေးကို နားပေါ်တင်လိုက်ပါတယ်။ မြို့ကြီးနှစ်မြို့ကြား ခရီးစဉ်အတွင်း မြောပါမသွားအောင် လက်ကိုင်ဖုန်းကို alarm တစ်ခု သေချာချိန်လိုက်သေးတာပေါ့။ လိုက်ပါမယ့် ခရီးသည်တွေ ရထား ပေါ်မှာနေရာယူပေးဖို့ နောက်ဆုံးသတိပေးခေါ်ဆိုသံကို သတိပြုမိရပြီးနောက် conductor ရဲ့ ခရာမှုတ်သံကိုကြားလိုက်ရပါတယ်။ နားကြပ်ကတစ်ဆင့် ဖြတ်သန်းလာတဲ့ ဂီတသံဟာ ကျနော့်တစ်ကိုယ်လုံး ပေါ် အလွှာတစ်ခုလို ဖုံးအုပ်သွားပြီး စိတ်ညစ်ညူးနေတာတွေ အကုန် ဖယ်ခွာသွားသလိုပါပဲ။ လက်ချောင်းကလေးတွေကို ထိုင်ခုံလက်ရန်း မှာ တတောက်တောက် စည်းချက်လိုက်ရင်း ဂီတမှာမျောပါ မိပါတယ်။ အခုပြီးခဲ့တဲ့ရက်သတ္တပါတ်ဟာ အတော်အလုပ်များတဲ့ အပါတ်ဖြစ် ခဲ့တာပါ။ အလုပ်အတွက် ဇွဲနပဲကြီးပြီး ကောင်းကောင်း တောင် မအိပ်ခဲ့ရ မနားဖြစ်ခဲ့ရပါဘူး။
ကျနော်လိုက်ပါစီးနင်းတဲ့ ရထားတွဲတံခါးဆွဲပိတ်သံဖွင့်သံမကြားရခင် မိနစ်နှစ်ဆယ်လောက်တော့ ကျနော်ကောင်းကောင်းအိပ်ပျော်သွား ခဲ့ပါတယ်။ လူကလည်း မနိုးတစ်ဝက် နိုးတစ်ဝက်၊ ခေါင်းပေါ်က Beats Headphones ကလည်း နားရွက်ပေါ်ကနေ လျှောကျနေ၊ ပြီးတော့ ခပ်အေးအေး Tracy Chapman ရဲ့ သီချင်းသံကလည်း တိတ်ဆိတ်နေတော့တာ။ တစ်ယောက်ယောက်ကတော့ ကျနော်ထိုင် နေရာခုံ ကိုလာနေပြီပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအတွဲမှာ ခုံလွတ်ဆိုလို့ ကျနော့်ထိုင်တဲ့ခုံနဲ့ မျက်နှာချင်းဆိုင်မှာပဲရှိတော့တာကိုး။ ၀ိုး… သူ အရပ်တော်တော်မြင့်တာပဲဗျ….၆ပေ၃လက်မလောက်တော့ရှိမယ်။ ချုပ်ရိုးချုပ်သားအတော်ကောင်းတဲ့ဝတ်စုံကို ကြီးထွားလှတဲ့ သူ့ ခန္ဓာကိုယ်မှာ ချပ်ချပ်ရပ်ရပ်မှန်ကန်စွာဝတ်ဆင်ထားတာပါ။ ထိုင်ခုံမှာအသာထိုင်လိုက်ရင်း ပါလာတဲ့ပစ္စည်းတွေကို နေရာချပါရော။
သူ့မျက်နှာကိုကြည့်မိတဲ့ခဏမှာတော့ အိပ်ချင်မူးတူးဖြစ်နေတာတွေအဝေးကိုထွက်ပြေးသွားပါတယ်။ အညိုနုရောင်ဆံပင်၊ ခပ်ဖျော့ဖျော့ မျက်နက်ဝန်း၊ ပြီးတော့ ခိုင်မာတဲ့ပါးရိုးတွေရဲ့အထက်မှာ လက်တောက်နေသော မျက်မှန်တစ်လက်ကပါသေးတယ်။ ကျနော်စိုက်ကြည့်နေ တာကို သူမိသွားတဲ့ခဏ တစ်ယောက်နဲ့တစ်ယောက်အကြည့်ခြင်းဆုံကာဆွံ့အနေမိပါရဲ့။ ကျနော် သူ့မျက်ဝန်းတွေကို စိုက်ကြည့်နေရာ ကနေ ဖယ်ခွာလိုက်ချင်ပေမယ့် ဘယ်မှအကြည့်မလွှဲမိပါ။ ဒီလူတော့ ကျနော်ဘာစကားမှမပြောခင်မှာပဲ ဘာတွေးနေတယ် ဘာစဉ်းစား နေတယ်ဆိုတာ မျက်ဝန်းများကတစ်ဆင့်သူသိသွားနိုင်တယ်။ သူ ကျနော့်ကိုစိတ်များဆိုးသွားလား မသိ။God, အဲ့သလိုမဟုတ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ကျနော်မျက်လွှာချမိရာကနေပြန်ဖွင့်ကြည့်လိုက်တော့ သူ ကျနော့်ကိုကြည့် နေတဲ့အကြည့်မလွှဲသေးတာတွေ့ရ ပါတယ်။
ငါးမိနစ်လောက် စိုက်ကြည့်နေပြီးနောက်မှာတော့ သူ့မျက်နှာသွင်ပြင်ဟာ အပြုံးတစ်ခုအသွင်ပြောင်းသွားခဲ့ပါတယ်။ ကျနော့်လက်ချောင်း လေးတွေနဲ့ တို့ထိချင်လောက်အောင် ပါးပြင်နှစ်ဖက်မှာ ပါးချိုင့်လေးတွေပေါ်လာသလို ဖြူဖွေးသော သွားစွယ်တန်းတွေက လက်ကနဲ ပါပဲ။
“မင်္ဂလာပါ” သူ့နှုတ်ဆက်သံမှာ ကျနော်သတိလစ်သလိုမျောနေမိတယ်။ ကိုလူချောကြီး ငါ့ကိုဘာကြောင့်စကားစပြောလာပါလိမ့်။
“မင်္ဂလာပါ” ကျနော် ခပ်ရွံ့ရွံ့လေသံနဲ့တုန့်ပြန်လိုက်တယ်။ သူ့အပြုံးတွေဟာ ပိုမိုအသက်ဝင်လာပြီးနောက် ကျနော့်ကိုသူ ဆက်ပြီးစူးစိုက် ကြည့်နေပါရော။
ကျနော် ဟိုသည်နေရာအနှံ့ကြည့်ဖို့ကြိုးစားသော်လည်း ပြတင်းပေါက်နဲ့အနီးကပ်ခုံမှာထိုင်နေတဲ့ သူ့မျက်နှာကြောင့် အဲဒါကိုပဲစကြည့်ဖို့ ဖြစ်ဖြစ်နေတယ်။ ဒါပေမဲ့လည်း ကြည့်စရာထူးထူးထွေထွေမှ မရှိတာပဲလေ စပါးပင်တွေ ဒါမှမဟုတ် အခြားအပင်တွေနဲ့ပြည့်နေတဲ့ လယ်ကွင်းပြင်တွေရယ် တိမ်ထူထူကောင်းကင်ပြာတစ်ခုရယ်ပဲရှိတာမဟုတ်လား။ နောက်ဆုံးတော့လည်း ကျနော့်မျက်လုံးတွေဟာ သူ့ ဆီကိုပဲ ပြန်ရောက်ပါရော။ အပေါ်က၀တ်ထားသော ဂျက်ကက်အကျီကိုသူချွတ်လိုက်တော့ အဖြူရောင် ရှပ်အကျီနဲ့အတူ တောင့်တင်း သော ကျစ်လစ်သော သူ့ကိုယ်လုံးက အထင်းသားပေါ်လာပါတယ်။ တကယ်ဆို ကြည့်မိတဲ့မျက်ဝန်းတွေကို ခဏမှိတ်ပိတ်ပြီး ရှောင်ရှား လိုက်သင့်တာပါ။
“ ဘော်ဒါက ဘယ်ကလာတာလဲဗျ” သူက မေးလာတယ်။ ကျနော်မှေးထားတဲ့မျက်လုံးကိုဖွင့် သူ့ကိုစောင့်ကြည့်လိုက်ပါရဲ့။ ခပ်ပြည့်ပြည့်နှုတ်ခမ်းသားများ၊ တောင့်တင်းကျစ်လစ်သော ခန္ဓာကိုယ်နဲ့ ချောမွေ့ဖြူစင်သော သူ့အသားအရေများက ကျနော့်ကို ညှို့ယူဖမ်းစားနေပါတယ်။
“ရန်ကုန်” ကျနော် အသံမယိုင်အောင်ထိန်းပြီးပြန်ဖြေလိုက်တယ်။ သူ့အပြုံးကပိုပိုကြီးလာသလိုပဲ ပါးချိုင့်ကထင်းကနဲပေါ့။
“တကယ်လားဗျ? အကိုက အဲ့မြို့ကိုအရမ်းသဘောကျတာ။ မြိုင်မဟာကို ပထမဆုံးအကြိမ်သွားတာလား ဘော်ဒါက?” သူကမေးပါတယ်။
“မဟုတ်ဘူးဗျ….ကျနော် ထင်းရှူးမြိုင်ကို ပထမဆုံးအကြိမ်သွားတဲ့ခရီးပါ၊ ကျနော့်အဖွားက ထင်းရှူးမြိုင်နားက မြို့ကလေးမှာနေတာလေ၊ သူနဲ့ နောက်နှစ်ရက်လောက်မှာ တွေ့ဖို့စီစဉ်ထားတာ စောသေးတယ်ထင်လို့ သွားမတွေ့ခင် ထင်းရှူးမြိုင်ရဲ့အနီးအနားဟိုသည် လေ့လာဖို့ ကြိုးစားမလို့” သူ ခေါင်းငြိမ့်ပြပြီး ကြားတဲ့အကြောင်းတုန့်ပြန်ပါတယ်။
“လုံခမ်းမှာ ကိုယ့် အိမ်နဲ့ခြံရှိတယ်ကွ၊ လူသံဆူညံတဲ့မြို့ပြနဲ့ဝေးရာရှောင်ပြီး အနားယူဖို့ကောင်းတဲ့နေရာလေးပေါ့”
ဘယ်သိမလဲ သူ့ခြံကို။ ဒါပေမဲ့ အသက်မပါတပါ အပြုံးတစ်ချက်ပြုံးပြ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်။ သူ ပြတင်းပေါက်ဘက်ပြန်လှည့် သွားပြီး အပြင်ကိုငေးချိန်မှာတော့ ကျနော်သူ့ကိုယ်ခန္ဓာအနှံ့ငမ်းမိတာမှာ အသက်ရှူရပ်မိမတတ်ဖြစ်ရော။ ကျနော့်မှာ ရုပ်ရည်ချောမော ကြည့် ကောင်းတဲ့ သူငယ်ချင်းတွေအတော်များများရှိပါတယ်။ သို့သော်လည်း ရင်ခုန်သံတွေ မြင်းကဆုန်ပေါက်သလိုဖြစ်အောင် ဒီငနဲကြီး လုပ်သလောက် မပြုမူနိုင်ကြပါဘူး။
သူ ကျနော့်ဘက်ပြန်လှည့်လာသောအချိန်မှာတော့ ကို့ရိုးကားယားမနိုင်အောင် ရှောင်ရှားရင်း သူ့အကြောင်းတွေကိုသိဖို့ မေးခွန်းတွေ ထုတ် လိုက်ပါတယ်။ လတ်တလော ကြားရမြင်ရသော ပညာရေး လူမှုရေး အသက်မွေးဝမ်းကျောင်းကိစ္စတွေလိုမျိုး အကြောင်းအရာတွေ ပေါ့။ သူက တက္ကသိုလ်မှာ ဘွဲ့လွန်တက်ခဲ့ပြီး လတ်တလောတော့ မြို့အနှံ့ကုန်သည်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။ သူ့အဖေရဲ့ ပုဂ္ဂလိကအတိုင်ပင်ခံဥပဒေအကျိုးဆောင်ကုမ္ပဏီကိုလက်လွှဲမယူဘဲ သူ့လုပ်ချင်တဲ့လုပ်ငန်းတွေကို စိတ်လို လက်ရလုပ်နေသူ ဖြစ်ကြောင်းလည်း စပ်စုသမျှသိရပါရဲ့။ စကားစမြည်ပြောတာကို သူ့အပြုံးတစ်ချက်အပေါ်မှာရပ်လိုက်ပါတယ် သူနဲ့ ပတ်သက်တဲ့သတင်းအစုံ ကိုပြောပြဖို့ တွန်းအားပေးသလိုမလုပ်တော့ဘူးလို့ ကျနော်ဆုံးဖြတ်မိတယ်လေ။
“အကို့နာမည်ဘယ်လိုခေါ်လဲဗျ?” ကျနော် အသာမေးလိုက်တယ်။
ဆွဲဆောင်မှုပြင်းတဲ့ အပြုံးတစ်ခုပေးတာကြောင့် ကျနော့်စိတ်တွေ ဒိန်းကနဲဆောင့်ခုန်သလို လှုပ်ရှားသွားရကာ ခပ်ကြပ်ကြပ်ဝတ်ထားတဲ့ ဂျင်းဘောင်းဘီထဲက ညီလေးကလည်း အသာမတ်သွားပါတယ်။
“လင်းမောင်” နာမည်ကသူနဲ့လိုက်ဖက်ပါတယ်။ ကျနော်သူ့နာမည်ကို တိုင်းရင်းသားသံခပ်ဝဲ၀ဲဖြင့် ခပ်ဖွဖွရေရွတ်မိတော့ သူ သဘောတကျရယ်ပါရော။
“ဘော်ဒါ့နာမည်ကရောဗျ?”
“ဇေယျာဦး….”
သူကတော့ ကျနော့်နာမည်ကို ပြန်ရေရွတ်တာမျိုးမလုပ်ပါဘူး။ ခေါင်းကိုအသာငြိမ့်….ခပ်ဖော့ဖော့အပြုံးဆင်မြန်းကာ ပြတင်းအပြင် ဘက်ကို အကြည့်ရွှေ့ပြန်တယ်။ မီးခိုရောင်သန်းနေတဲ့ ကောင်းကင်ကြီးက တိမ်တောင်ထုမရှိ ရှင်းလင်းနေတာပါပဲ။ ကွင်းပြင်ကျယ် ရှုခင်းကြီးက တကယ့်ကို ပြောင်းလဲစပြုလာပါပြီ။ လုံခမ်းဒေသဟာ ပို့စကဒ်ထဲကလို ပန်းတွေပြည့်နေတဲ့တောင်ကုန်းကြီးတွေ ပြီးတော့ စပျစ်ခြံတွေနဲ့ ခြံကျယ်ကြီးများနဲ့ပြည့်နေလိမ့်မယ်လို ကျနော်မမျှော်လင့်ခဲ့ပါဘူး။ အခုတော့ သူ့နှုတ်ဖျားက “အရမ်းလှတယ်နော်… ဟုတ်တယ်ဟုတ်”လို့ ပြောသံကြားရတဲ့အထိပါ။
“ဟုတ်တယ်…အကို့ဘော်ဒီက တကယ်လှတယ်” ကျနော့်ပါးစပ်က တိတ်ဆိတ်နေတဲ့အချိန် ရုတ်တရက်ဆိုသလိုထွက်သွားတယ်။ ပြီးမှ အမှား တစ်ခုလုပ်မိသွားတာ သတိပြုမိရပြီး ကျနော့်မျက်နှာရှက်သွေးဖြန်းနီရဲလာတာကို ကိုယ့်ဖာသာပြန်ခံစားရလောက်တဲ့အထိဖြစ်သွား ရပါတယ်။ ပြဿနာပဲ….သူမကြားလောက်ပါဘူး။ မဟုတ်ဘူး သူ ကောင်းကောင်းကိုကြားသွားတယ်။ မျက်နှာမှာ မချိုမချဉ်အပြုံးတစ်ချက် ပေါ်လာပေါ့။
“ကို ဆိုလိုတာက ရှုခင်းတွေကိုပြောတာ….ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။ ဘော်ဒါလဲ မိုက်ပါတယ်”
ကျနော့်မျက်နှာ ရှက်သွေးကြောင့် နီလွန်းလို့ လောင်ကျွမ်းတော့မလားမသိဘူး။ ပြီးတော့ ကျနော့်ပေါင်ခွဆုံက ညီဘွားကလည်း အလိုက် မသိ ခေါင်းထောင်ထနေတာများ ဘောင်းဘီကိုဖောက်ထွက်တော့မလားဘဲ။ ဒီဘဲကြီးက တကယ် hot တယ်ဗျာ ၊ ဒါပေမဲ့ တစ်ချိန်တည်း လိုလို အကဲခတ်ဖို့ခဲယဉ်းတဲ့ဟန်ပန်နဲ့လေ။ တစ်နာရီကျော်လောက် ရထားအတူစီးလာပေမဲ့ သူ့လိင်စိတ်ခံစားမှုနဲ့ပတ်သက်ပြီး ဘယ်လို တော့ဖြစ်လောက်တယ် ဘယ်လိုလူမျိုးဆိုတာ ကျနော်ဘယ်လိုမှတွေးမရပါဘူး။ သူ့လက်ချောင်းတွေကိုလည်း ဟိုရွှေ့သည်ရွှေ့ ညင်ညင် သာသာလုပ်သလို သူ့မဟာနဖူးကလည်း ဘာအတွေးဝင်မှုကြောင့်လည်းမသိ တွန့်ခေါက်လာပါတယ်။ ‘သူ့မျက်ခုံးတွေက တကယ်သန် တာပဲ ကောင်းလိုက်တာ’ လို့ အတွေးရေယဉ်ကြောမြောမိတဲ့ကျနော့်အတွေးရထားကို သူ့အကြည့်တစ်ချက်နဲ့ရပ်တန့်စေလိုက်ရော။ သူ …သူ ကျနော့်အတွေးတွေကို ဘယ်လိုများ ဖတ်ရှု သိမြင်နေပါလိမ့်နော်။
“ဒါဆို အဖွားနဲ့မတွေ့ခင် နေရာကောင်းတစ်ခုခုမှာ နေရမှာပေါ့ ဇေယျာ၊ ဟုတ်လား?” သူက ရုတ်တရက်ဆိုသလိုမေးပါတယ်။
“ရှာတွေ့မယ့် ဟိုတယ်တစ်ခုခုမှာ တည်းရမှာပေါ့ဗျာ”
“အဲ့ဟိုတယ်က ကောင်းရောကောင်းပါ့မလား”
“ကောင်းတယ်လို့တော့ ထင်တာပါပဲ။ Three Star အဆင့်ဟိုတယ်တစ်လုံးဖြစ်မှာပါ။ များသောအားဖြင့်ကျနော်က နေရထိုင်ရတာ သပ်ရပ်ပြီး လုံခြုံစိတ်ချရရင်ပြီးတာပါပဲ ဇိမ်ခံဖို့အတွက် ပိုက်ဆံအပိုကုန်တာသိပ်မကြိုက်ဘူးဗျ။ ကောင်းကောင်းအနားယူ အိပ်စက်လို့ ရမယ့်နေရာတစ်ခုဆို ရင်ရပြီ”
“ကိုယ် အဲ့ဒီနေရာကို ကားနဲ့လိုက်ပို့ပေးမယ်လေ” ဒါ မေးခွန်းတစ်ခုမဟုတ်ခဲ့ ထုတ်ပြန်ချက်တစ်ရပ်လိုသာဖြစ်နေပါတယ်။ အလိုက်မသိ ပေါင်ကြားကညီဘွားက တင်းပြည့်ကျပ်ပြည့်တောင့်တင်းနေသေးတာ တစ်ဒုက္ခ။
“ဒီဝန်းကျင်Taxi Driver တွေက များသောအားဖြင့် ဒေသခံတွေများတယ်ဗျ။ သူတို့တွေက ဒေသခံမဟုတ်ရင် ရိတ်တတ်တယ်”
သူ ကားသမားအချို့အကြောင်းအတွေးဝင်လာပုံဟန်တူရဲ့ နဖူးကြောတွေထလာတဲ့အထိပဲ။ အင်း….လင်းမောင်ကို ယုံကြည်ပြီးတော့ ကားတစ်စင်းထဲအတူစီးသွားသင့်ပါ့မလား? ကျနော့်နှုတ်ဖျားကနေ ခပ်မြန်မြန်မဟုတ်ဘဲ အချိန်လေးနည်းနည်းနှေးပြီးမှ အဖြေတစ်ခု ထွက်လာ ပြန်တော့ သူ ကျနော့်ကို စူးစိုက်ကြည့် စူးစမ်းကြည့်ကြည့်တယ်။
“ဟုတ်….ကျနော်လိုက်ခဲ့မယ်လေ” ကျနော့်နှုတ်ဖျားကနေလွှတ်ကနဲဖြေလိုက်တာပါ။ သူ အားရပါးရပြုံးလိုက်တာကြောင့် သူ့ပါးပြင် နှစ်ဖက် ကနေ နှစ်လိုဖွယ် ပါးချိုင့်များကထင်းကနဲပေါ်လာပြန်တယ်။ ရထားကြီးဟာ တဖြေးဖြေးအရှိန်လျော့လာပြီးနောက် ဘူတာရုံ လည်းရောက်ရော တုန့်ကနဲရပ်တယ်လေ။ ရုတ်တရက် အရှိန်လျော့လိုက်သလိုဖြစ်တာကြောင့် လင်းမောင်ရဲ့ အိတ်ဟာ သူ့ခေါင်းပေါ် ရှိတန်းကနေ လျောကျလာကာ ကျနော့်ရင်အုပ်ပေါ်ကို ပစ်ထည့်လိုက်သလိုဖြစ်သွားရော။
“Ooof” ကျွတ်….ဒီညနေခင်းမှာရတဲ့ အတွင်းကြေဒဏ်ရာရများဖြစ်သွားမလားဘဲ။ ရုတ်တရက်ဆိုသလို လင်းမောင်က ထရပ်လိုက်ကာ ကျနော့်အပေါ်ပိကျနေတဲ့ အ၀တ်အိတ်ကိုဖယ်ရှားပေးပါတယ်။
“Shit!! ဘော်ဒါ အဆင်ပြေရဲ့လား? ကိုယ့်အ၀တ်အိတ်ကို အတွင်းထဲသေချာထိုးထည့်ထားသင့်တာ၊ အရင်ကအဲ့သလိုမဖြစ်ဖူးဘူးလေ။ ဆောရီးဗျာ” သူက နှစ်သိမ့်တဲ့သဘောနဲ့ ကျနော့်ပခုံးပေါ်ကိုလက်တစ်ဖက်တင်ဖျစ်ညှစ်ပါတယ်။ သူ့လက်တစ်ဖက်ရဲ့ ပခုံးအပေါ်ထိတွေ့ မှုက ကျနော့်ရင်ခုန်သံတွေကို ဗရမ်းပတာဖြစ်စေလွန်းသလို စိတ်လှုပ်ရှားမှုကိုပိုမိုကြမ်းတမ်းစေတာ သူများသိရင် ဒီလိုလုပ်မယ်မထင် ပါဘူးဗျာ။
“အိုကေပါတယ်ဗျာ…ဒါ ခင်ဗျားအမှားမှမဟုတ်တာပဲ” လိုက်ပါစီးနင်းလာတဲ့ ရထားတွဲထိုင်ခုံတွေကနေ အပြင်လောကကိုခြေစလှမ်းတဲ့ အချိန်အထိ သူ့မျက်နှာအရိပ်အကဲကိုကြည့်ရတာ စိုးရိမ်ပူပန်မှုတွေက မလျော့သလိုပါ။ ဟူး….ရာသီဥတုက တကယ့်ကိုလှပအေးချမ်း နေလိုက်တာများ ရန်ကုန်မြို့ကြီးနဲ့မတူ ကွဲပြားတဲ့အခြေအနေတစ်ခုပါပဲ။ မလှမ်းမကမ်းက တောင်တန်းကြီးရဲ့အနားသတ်ကို နေမင်းကြီး မေးတင်နေတာကို ကျနော်မြင်တွေ့ရပါရဲ့။ လင်းမောင်က ဘူတာရဲ့ ကားရပ်နားကွင်းရှိရာကို ဦးဆောင်ပြီး ခေါ်ထုတ်သွားပါတယ်။ သူ့ကား ကို ကျနော်မြင်ရချိန်မှာတော့ နှုတ်ဖျားက မထိန်းနိုင်စွာ အာမေဋိတ်ပြုမိပါရော။ Aston Martin DBS ကားတစ်စီးလေ။ အီတလီ ကားတစ်စင်း သက်သက်မဟုတ်တဲ့ အင်္ဂလန်အရိပ်အငွေ့မကင်းသောကားတစ်စင်းမဟုတ်လား….ဒါပေမဲ့သူနဲ့လိုက်ဖက်ပါတယ်။
“ခင်ဗျားအသက် အလွန်ဆုံးရှိလှ နှစ်ဆယ့်သုံး….နှစ်ဆယ့်လေးနှစ်လောက်ပဲရှိဦးမယ်။ ဒီလို ဒီလိုကားမျိုးကို ဘယ်လိုများဝယ်နိုင်ခဲ့ပါလိမ့်” သူက ကျနော့်အမေးကိုကြားတဲ့နောက် ခပ်ထေ့ထေ့အပြုံးတစ်ချက်ပြုံးလိုက်ပြန်တယ်။
“တကယ်တော့ နှစ်ဆယ့်နှစ်နှစ်ပါ။ ဘော်ဒါ့အမြင်ပဲလေ ကိုယ်က အလုပ်ဖြစ်တဲ့ ကုန်သည်တစ်ယောက်ပဲဟာ” Passenger တံခါးကနေ ဖွင့်ပြီး ကားထဲဝင်လိုက်တဲ့ခဏ ကျနော်တွေးမိရတာက သည်ငနဲမှာ ပြည့်စုံခြင်းတွေပိုင်ဆိုင်နေတာပဲလို့။ ကားစက်နှိုးလို့ အင်ဂျင်စက်သံ သတိပြုမိလိုက်တဲ့ခဏမှာ ကျနော့်တစ်ကိုယ်လုံး တသိမ့်သိမ့်လှုပ်ရှားသွားရသလိုပါ။ ဒီကားဟာ တော်တော့်ကိုဆွဲဆောင်မှုရှိလိုက်တာများ လင်းမောင်လိုပဲလို့။
တငြိမ့်ငြိမ့်ကားမောင်းလာတော့ ကားထဲမှာတိတ်ဆိပ်နေတာကြောင့် ကားရေဒီယိုခလုပ်ကို ကျနော်လှမ်းနှိပ်လိုက်မိတယ်။ စက္ကန့်အနည်း ငယ်အတွင်းမှာပဲ လင်းမောင်ကလည်း ကျနော်လုပ်သလို မတိုင်ပင်ဘဲလုပ်လိုက်တာ သူ့လက်တွေဟာ ကျနော့်လက်အပေါ်ကနေ အုပ်ကိုင်သည့်သဘောဖြစ်သွားရော။ လျှပ်စီးကြောင်းတွေဟာ ကျနော့်လက်တွေကနေဖြတ်သန်းရင်း ကျနော့်တစ်ကိုယ်လုံးကို ဖြန့်ကျက် စီးဆင်းသွားသည့်အတိုင်း ခံစားလိုက်ရပါတယ်။ အမှတ်မထင် သူ့မျက်နှာကို မော့ကြည့်လိုက်မိပြန် တော့ တစ်ခုခုအပြောင်းအလဲရှိတဲ့ ဟန်မပေါ်ဘဲ ရယ်မောရိပ်အနည်းငယ်ရှိတဲ့ အကြည့်တစ်ချက်ကိုသာ တွေ့လိုက်တယ်။ ကျနော့်လက်ကို ဆတ်ကနဲရုပ်သိမ်းလိုက်ကာ ကားပြတင်းကတဆင့်အပြင်ကို အကြည့်ရွေ့လိုက်ရတယ်လေ။
ကျနော့်ဟိုတယ်က သင်္ဂဟလို့ခေါ်တဲ့ တံတားဟောင်းအနားမှာဗျ။ သဘာဝရေကန်ကြီးရဲ့ဧရိယာအစပ်မှာတည်ရှိနေတာဆိုတော့ ညဘက်ဆိုရင် ကမ်းစပ်ကိုရေလှိုင်းခတ်သံလေးတွေနဲ့ သာယာနာပျော်ဖွယ်ဖြစ်မှာ။ လင်းမောင်က ကျနော့်ဟိုတယ်ကိုတွေ့ လိုက်ချိန်မှာ တော့ သူ့ကြည့်ရတာ စိတ်ထဲထင့်သွားသလို အမူအယာပေါ်လာတယ်။
“ဒီမှာ ဘော်ဒါတည်းလို့မဖြစ်ပါဘူးဗျာ” သူ့အပြောအရ ကျနော်ဟိုတယ်ထဲကို ရုတ်တရက်ပြေးဆင်းသွားမှာကိုတားဆီးချင်သလိုပါပဲ။ လင်းမောင်က ကျနော့်ကို ကားပေါ်ကဆင်းခွင့်ပြုရမည့်အစား သူ့ကားကိုကွေ့ကာ ကန်ပတ်လမ်းဆိုတဲ့ ဆိုင်းဘုတ်ရှိရာဘက်ကို ဦးတည်ပြီး မောင်းနှင်သွားပါတော့တယ်။ ကျနော့်နှလုံးခုန်သံတွေဟာ သုံးဆတိုးခုန်လာပါရော။
“ခင်…ခင်ဗျား ဘာလုပ်တာလဲဗျ” ကျနော်ကြောက်ရွံ့တုန်လှုပ်စွာမေးလိုက်ပါတယ်။
“ဘော်ဒါ…..လင်းမောင်ဆိုတဲ့ ကျုပ်နဲ့နေဖို့ပေါ့ဗျာ။ ဒီလိုအစိမ်းသက်သက်မြို့ကြီးတစ်မြို့မှာ ဘော်ဒါ့လို ဆယ်ကျော်သက်တစ်ယောက် တည်းနေဖို့ဆိုတာ စွန့်စားရာမရောက်ဘူးလား။ အရက်သမားတွေ၊ ဘယ်ကလာမှန်းမသိတဲ့ ငပွေးတွေနဲ့ပြည့်နေတဲ့ အဲ့ဒီဟိုတယ်မှာ နေ နိုင်မှာမဟုတ်ပါဘူး။ ဘော်ဒါ…..ကျုပ်နဲ့ခဏတော့နေမယ်မဟုတ်လား။ အိုကေ?” နောက်တစ်ကြိမ်လာပြန်ပြီ…အဖြေပေးဖို့မလိုတဲ့ အခြေ အနေတစ်ရပ်ကိုဖော်ညွှန်းသော မေခွန်းတစ်ရပ်။ ဒီဆွဲဆောင်မှုပြင်းလှတဲ့ ငနဲကြီးရဲ့လုပ်ရပ်အပေါ် တားမြစ်ခြင်းလည်းမပြုနိုင် ခွင့်လွှတ် လိုက်ခြင်းလည်းမမည် မိန်းမောတွေဝေစွာ ဆိပ်ငြိမ်နေမိပါရဲ့။
“ကျုပ်က သူခိုးတစ်ယောက် ဒါမှမဟုတ် လူသတ်သမားတစ်ယောက်ဖြစ်နေနိုင်တယ်နော်…ဟင်းဟင်း” သူနှစ်လိုလက်ရ ရယ်မောရင်း ကျနော့်ဘက်ကို တစ်ချက်စောင်းငဲ့ကြည့်ပါတယ်။
“ကျုပ်ကို ယုံစမ်းပါဗျာ….ဘော်ဒါ အဲ့ဟိုတယ်မှာမတည်းနိုင်ပါဘူး” သူ့အကြည့်တွေကျနော့်ဘက် တစ်ကြိမ်ရောက်လာပြန်တယ်။ အလွှတ်မဲ့ပြုံးတတ်တဲ့ သူ့အပြုံးတွေတော့သွားပြီ…..ဒါပေမဲ့ သူ့မျက်ဝန်းတွေကို အကဲခတ်ကြည့်ရမှုအရတော့ နွေးထွေးပုံရှိပါတယ်။
“ကိုလင်းမောင်…..ခင်ဗျား ညာဘက်လမ်းထက် ဘယ်ဘက်ကိုချိုးကွေ့မောင်းနေသလိုပဲ” သူစိတ်တွေရှုပ်ထွေးနေဟန် ဘာတွေတွေး နေမှန်းမသိတာကြောင့် မောင်းနေတဲ့လမ်းအနေအထားပေါ် ကျနော်သတိပေးလိုက်ပါတယ်။
“Hmmm?” သူ အသိစိတ်လွတ်စွာ တုန့်ပြန်သံပြုပါရဲ့။
“လမ်းလေ…”
“Oh….ဟုတ်သားပဲ”
သူ စတီယာရင်ကို အမြန်ချိန်ညှိကာ မောင်းနေတဲ့လမ်းအပေါ်ပြန်အာရုံစိုက်လိုက်ပါတယ်။ သူ့မေးကြောများဟာ ခပ်ပါးပါးလေး တင်းသွား တာကို ကျနော် သတိပြုမိခဲ့ပါတယ်။ ဒီလိုပုံဟန်က သူ့ကိုနည်းနည်းပိုကြည့်ကောင်းစေတယ်ဆိုပေမဲ့ ကျနော် သူ့ကို စွန့်ခွာလိုစိတ်ဖြစ် အောင် မပြောင်းလဲနိုင်ပါစေနဲ့လို့တော့ ဆုတောင်းပါတယ်။ ကျနော်တို့စီးလာတဲ့ကားဟာ အဓိကလမ်းမကြီးကနေ ဖုန်အနည်းငယ်ထူတဲ့ လမ်းအခွဲဘက်ကို မောင်းနှင်သွားပြီးနောက် သံပန်းတံခါးအမြင့်ကြီးရှိတဲ့ ခြံကျယ်တစ်ခုရဲ့ ဂိတ်ဝဘက် ဦးတည် သွားလိုက်တယ်။ Aston ကားလေးလဲအနီးကပ်လာရော ဂိတ်တံခါးက အလိုအလျောက်ပွင့်သွားပါတယ်။
လင်းမောင် ကားကိုငြင်သာစွာနဲ့လမ်းကြောင်းအတိုင်းမောင်းနှင်သွားလိုက်ပြီး တောင်ကုန်းတစ်ခုပေါ်တက်သွားပါရော။ တောင်ကုန်းလေး ကိုတက်လာအပြီးမှာတော့ ကြီးမားကျယ်ပြန့်လှတဲ့ ကျေးရွာတစ်ခုအသွင် အိမ်ယာတစ်ခုကိုတွေ့လိုက်ရပါတယ်။ ကြည့်ရတာ မသစ်ဆန်း ပေမဲ့တော်တော်တော့ကြီးများကျယ်ပြန့်ပါတယ်။ တောင်စောင်းတလျှောက် အံ့အားသင့်ဖွယ်တည်ဆောက်ထားတာများ ကျနော် ပင့်သက် ရှိုက်မိတဲ့အထိပါ။ သေချာတာပေါ့…ဒီအိမ်ယာက တကယ်ချစ်ဖို့နှစ်သက်ဖို့ကောင်းလွန်းပါတယ်။ ဒါပေမဲ့ မြင်ရတဲ့မြင်ကွင်းက ပိုပြီး အသက်ရှူမေ့နိုင်စွမ်းပါတယ်လေ။ ကျနော် မျက်စိတဆုံး မြင်နိုင်သမျှလောက်ကတော့ တောင်ကုန်းအနှံ့ စပျစ်နွယ်ပင်တွေ ဖုံးလွှမ်းနေ သည့်အတိုင်းပါပဲ။ လှပလွန်းတဲ့ သက်ဝင်ပန်းချီကားတစ်ချပ်ကို လက်တွေ့မြင်နေရတဲ့အတိုင်း နွယ်ပင်တွေအနှံ့ အစိမ်းရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်သန်းနေတာနဲ့ အ၀ါရောင်တွေ အစုံအလင်မြင်တွေ့နေရပါတယ်။
“တော်တော်လှတာပဲဗျာ” လင်းမောင်က ကျနော့်အပြောကို ခေါင်းငြိမ့်ပြပြီး သဘောတူတယ်ပေါ့။
သူ အမိုးအကာ အဲ အရိပ်ကောင်းကောင်းရတဲ့မြေပြန့်တစ်နေရာမှာ ကားကိုရပ်တန့်လိုက်ရင်း ကားအပြင်ထွက်ပါတယ်။ ကျနော်လည်း သူ့နောက်လိုက်ကာ တံခါးမကြီးဆီလှမ်းလိုက်တယ်ပေါ့။ သူဝတ်ထားတဲ့ ဘောင်းဘီရဲ့ နောက်ဖက်အိပ်ကပ်ကနေ သော့တွဲတစ်ခုထုတ်ယူ လိုက်ပါတယ်။ ကျနော့်စိတ်ထဲက အရူးထတွေးမိသေးတယ် ဒီသော့တွဲလေးက သူ့တင်သားဆိုင်တွေနဲ့ ဘယ်လောက်များ ထိကပ်နေလိမ့် မလဲလို့လေ။ သူ တံခါးကိုဖွင့်လိုက်ကာ အတွင်းကို ၀င်ဖို့ ကျနော့်ကို လက်ယပ်ခေါ်ပါတယ်။
အိမ်တံခါးဝလို့ခေါ်နိုင်တဲ့ တံခါးမကြီးကနေ အတွင်းဘက်ကိုလှမ်းဝင်လိုက်တာနဲ့ ပေါင်မုန့်စက်ထဲကနေ အပြင်ထွက်လိုက်ရသလိုပဲ တကိုယ်လုံး အေးမြလန်းဆန်းသွားရပါတယ်။ သူ့အိမ်ကျယ်ကြီးထဲအရောက် ကြီးမားကျယ်ပြန့်လှတဲ့ ပြတင်းကနေရှုခင်းစုံကို ငေးမော မိလိုက်ရပါရဲ့။ ၀င်ဝင်ခြင်း ဧည့်ခန်းကျယ်မှတစ်ဆင့် တန်ဖိုးကြီး မီးဖိုချောင်နဲ့ ထမင်းစားစားပွဲတည်ရှိနေပုံကို အနည်းငယ် မှန်းမြင်မိ ရပါတယ်။ ဧည့်ခန်းမှတစ်ဆင့် လမ်းသွယ်အတိုင်းလျှောက်လာပြီးနောက် ညာဘက်မှာ အိပ်ခန်းတွေတွေ့ရပြီးနောက် လင်းမောင်လျှောက် သွားရာနောက်ကို ကျနော်လိုက်သွားလိုက်တယ် အိပ်စက်တည်းခိုဖို့နေရာလို့ဆိုနိုင်မယ့်အခန်းကိုပေါ့။ လင်းမောင် သူ့အခန်းထဲဝင်သွား ပြီးနောက် ၀တ်ထားတဲ့ အကျီကြယ်သီးတွေကို ဖွင့်ဟပါတယ်။
“စင်္ကြံလမ်းအကွေ့မှာ အခန်းလွတ်တွေရှိသေးတယ်။ ဘော်ဒါကြိုက်တဲ့အခန်းယူပြီး နားတော့လေ”
ကျနော် အ၀တ်မဲ့သူ့ကိုယ်လုံးကို ကြည့်ချင်မြင်ချင်သေးတာပါ..ဒါပေမဲ့ သိသာထင်ရှားသွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ကျနော်စင်္ကြံ လမ်းအတိုင်းလျှောက်သွားလိုက်ရင်းမှာပဲ အိပ်ခန်းတစ်ခန်းကိုတွေ့ရတယ်။ ဒီအခန်းက တကယ့်စပါယ်ရှယ်ဆိုပေမဲ့ အခြားအခန်းတွေ ကရော ဘယ်လိုရှိမလဲ ကျနော်စပ်စုချင်မိရဲ့။ နောက်တစ်ခန်းကိုဝင်ကာ ဟိုသည်ကြည့်မိတော့ ချောင်းကြည့်ပေါက်တစ်ခုကိုတွေ့တာ ကြောင့် စူးစမ်းလိုက်တာမှာ အဖိုးတန်ကုန်ပစ္စည်းတွေသိုလှောင်ထားရာ ဂိုထောင်တစ်ခုကို မြင်လိုက်ရပါတယ်။ လင်းမောင်ရဲ့ ချမ်းသာ ကြွယ်ဝမှုအခြေအနေကို အနည်းငယ်လောက် ရိပ်စားမိရတယ်ပေါ့နော်။
တတိယမြောက်အခန်းကတော့ ကျနော့်အတွက် ကြိုက်နှစ်သက်တယ်ဆိုတာထက်ကို ပိုသဘောကျမိပါရဲ့။ နံရံကပ်စက္ကူများမရှိ မဟော်ဂနီရောင် ကော်ဇော်တွေ လိုက်ကာတွေအပြင် ထိတွေ့မိသမျှ နုညံ့အိစက်နေတဲ့အတွေ့ကိုပေးတဲ့အရာတွေနဲ့ဖွဲ့စည်း ထားတာကို တွေ့ရပါတယ်။ အခန်းသုံးခန်းစလုံးမှာ ဒီအခန်းဟာ အခမ်းနားဆုံးဖြစ်ပြီး အခန်းထောင့်မှာလည်း ကြီးမားလှတဲ့ စန္ဒယားတစ်လုံး ရှိနေခဲ့ပါ တယ်။ ဖုန်တစ်စက်မှရှိမနေတဲ့ စန္ဒယားအဖုံးကို ဖွင့်လှစ်ကာ ခပ်ဖြူဖြူခလုပ်လေးတွေကို တို့ထိရင်း Fur Elise ရဲ့ နုတ်စ်အချို့ကို တီးခတ် လိုက်မိစဉ် လင်းမောင်ဝင်ရောက်လာသံကို ကြားဖြတ်သတိပြုမိရပါတယ်။ သူ အဖြူရောင် စွပ်ကျယ်တစ်ထည်ရယ် အဖြူသက်သက် boxer ဘောင်းဘီတစ်ထည်ကိုဝတ်ဆင်လျက်သားပါ။ ကျနော် တီးခတ်နေတာကိုရပ်တန့်လိုက်တာပေါ့။ သူ စပ်စပ်စုစု ဟိုသည် လက် ဆော့ခြင်းကို အပြစ်တင်တော့မလားလို့ ထိတ်လန့်မှုကိုပြသရရောက်မှာပါ။
“တီးနေတာကိုဘာလို့ရပ်လိုက်တာလဲ? စန္ဒရားတီးတာကိုသဘောကျတယ်မဟုတ်လား” သူပြောတဲ့စကားလုံးတွေကို အာရုံမစိုက်မိ ပါဘူး။ တံခါးဘောင်းကိုမှီနေတဲ့ သူ့ဟန်ပန်မှာ ကြွက်သားနဲ့ပြည့်နေသော လက်မောင်းနဲ့တကွ မသိမသာဖောင်းနေသော ပေါင်ခွဆုံက ခပ်ဖုဖုအရာကို ကြည့်ဖို့က ပိုမိုဆွဲဆောင်မှုရှိနေတာပါ။ အမွှေးရေးရေးများဖြင့်ပြည့်နေသော တောင့်တင်းလှတဲ့ သူ့ပေါင်တံတွေကို သေချာ ကြည့်မိရသလို စွပ်ကျယ်အောက်က ရင်အုပ်ကျယ်ကျယ်မှာလည်း အမွှေးနုလေးတွေရှိမယ်လို့ တွေးထင်မိရပါတယ်။ စန္ဒယားခုံမှာ ထိုင်နေ သော ကျနော်ရှိရာဆီကို သူ မနှေးမမြန် စတိုင်လ်ကျကျလျှောက်လာတယ်။
“ မတ်တပ်ရပ်ကြည့်ပါလားဗျ၊ ဘော်ဒါ ကိုယ်လုံးနဲ့အရပ်အမြင့်ဘယ်လိုရှိလည်း ကြည့်ရအောင်” ကျနော် မတ်မတ်ရပ်ခဲ့ပါတယ်။ ကျနော် ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်နေတဲ့ အနေအထားကနေ ရင်ခုန်သံတွေကြောင့် ယိမ်းယိုင်သွားမယ့်အဖြစ်မျိုး သူ ဖန်တီးဖို့ကြိုးစား နေသလိုထင်ရပါတယ်။ ကျနော်ဝတ်ထားတဲ့ ရှပ်အကျီက ကြယ်သီးတွေကို စဖြုတ်တယ်။ အပေါ်ဆုံး ကြယ်သီး လေးလုံးကိုဖြုတ်လိုက် ပြီးနောက် ၀တ်ထားတဲ့အကျီကို ရင်ဟလိုက်ပါတယ်။ ပြီးတော့ သူ့လက်ချောင်းတွေနဲ့ ကျနော့်ရင်အုပ်အနှံ့ တို့ထိတာကြောင့် ကျနော့် ရင်ခုန်သံတွေဟာ ဒရမ်တီးသည့်အလားခုန်ပေါက်လာပါရော။ သူ့လက်ချောင်းတွေရဲ့ ခပ်သွက်သွက် လှုပ်ရှားမှုတွေရဲ့နောက် အကြည့် မလိုက်မိဘဲ ကြမ်းပြင်ကိုသာ ကျနော် စိုက်ကြည့်နေမိပါတယ်။ ကျနော့်လုပ်ဆောင်မှုတွေ နေထိုင်မှုတွေဟာ သူတစ်ပါး တစ်မျိုးထင် လောက်အောင် ကို့ရို့ကားယားနိုင်နေသလားလို့ ကိုယ့်ဖာသာတွေးမိတယ်လေ။
“ ကိုယ့်ကိုကြည့်လေကွာ…” ကျနော်မကြည့်ခဲ့၊ ကျနော်မော့ကြည့်ဖို့မစွမ်းနိုင်ခဲ့ပါဘူး။ ကျနော့်မျက်ဝန်းတွေဟာ ကြမ်းပြင်က အရာဝတ္ထု တွေပေါ်မှာ တင်နေတဲ့ ဖုန်မှုန့်တွေကိုရေတွက်နေမိတာပါ။ သူ့လက်ညှိုးနဲ့ ကျနော့်မေးစိအောက်ကနေ အပေါ်မော့အောင် မတင်ပါတယ်။ ကျနော်ကတော့ မျက်ဝန်းတွေကို ကြမ်းပြင်ပေါ်မှာ အကြည့်စူးနေဆဲ။
“ကိုယ့်ကိုကြည့်ပါ” သူက တကယ့်ကို နုနုညံ့ညံ့တောင်းဆိုပါတယ် နုညံ့ချောမွေ့တယ်ဆိုသော ကျနော့်လည်တိုင် အရေပြားလေးတွေကို သူ့လက်ချောင်းတွေနဲ့ တို့ထိရင်းပေါ့။
ကျနော့်အကြည့်ကိုပြောင်းလိုက်ပြန်တော့ သူ့မျက်ဝန်းတွေဟာ ကျနော့်ကိုစိုက်ကြည့်နေကြောင်း တွေ့ရပါတယ်။ ကျနော့်အာခံတွင်းဟာ ရုတ်တရက်ဆိုသလို ခြောက်သွေ့သွားရကာ ရေဆာသလိုခံစားရတာက သူ့မျက်နှာ တဖြည်းဖြည်းတိုးကပ်လာချိန်မှာပေါ့။ သူ့လက်တစ် ဖက်က ကျနော့်ခါးကိုရစ်သိုင်းလိုက်သလို အခြားလက်တစ်ဖက်ကတော့ ကျနော့်ကြောပြင်ကို ဖက်တွယ်လိုက်ပါတယ်။ ခပ်ဖြည်းဖြည်း တကယ့်ဖြေးညှင်းစွာနဲ့ သူ့မျက်နှာကို ကျနော့်မျက်နှာအနား တိုးကပ်ငုံ့ကိုင်းလိုက်ရင်း အကြည့်စူးစူးတွေဆက်တိုက်ပို့လွှတ်ပြန်ပါရဲ့။
ခပ်ငွေ့ငွေ့ပူနွေးနေတဲ့ သူ့အသက်ရှူငွေ့တွေရဲ့ ရိုက်ခတ်မှုကို ကျနော့်အရေးပြားကနေ အာရုံခံစားရသလို ချောကလက်တို့ သစ်ကြမ်းပိုးခေါက်နံ့တို့လို ရနံ့မျိုးရတဲ့ သူ့အရေပြားအနံ့ကို ရှူရှိုက်မိရပါတယ်။ မျက်ဝန်းခြင်း အတန်ကြာဆုံမိပြီး ငြိမ်သက်နေကြတဲ့ နောက်မှာတော့ ခပ်အမ်းအမ်းသူ့နှုတ်ခမ်းလွှာတွေကို ကျနော့်နှုတ်ခမ်းပါးပေါ်ကို ညင်သာစွာတို့ထိစေရဲ့။ သူ ကျနော့်ကိုနမ်းရှိုက်ချိန် မှာတော့ မျက်လုံးတွေကို ကျနော်မှေးမှိတ်ထားမိတယ်။ ဖြစ်ပျက်နေတဲ့အချိန်အခိုက်အတန့်လေးမှာ မလှုပ်မယှက် မငြင်းဆန်ဘဲ ရေခဲ ခဲနေသည့်အတိုင်း ငြိမ်နေလိုက်ပါတယ်။ စိတ်တွေကိုလျော့ သက်သောင့်သက်သာခံစားမှုမျိုး တုန့်ပြန်မှုပြုလိုက်ပြန်တော့ သူ့ပါးစပ်ကိုဟ ပူနွေးနေတဲ့ လျှာကိုအစွမ်းကုန်ထုတ်ကာ ကျနော့်အာခံတွင်းအတွင်းပိုင်းထဲအထိ တိုးဝင်လာရင်း စမ်းသပ်ရှာဖွေသော အနမ်းပေးပါတယ်။ တပ်မက်မိန့်မူးဖွယ်အနမ်းတွေကို မနားတမ်းပေးနေတဲ့ခဏ မင်္ဂလာဆောင်ဝယ် သတို့သမီးက သတို့သားကို ပြန်လည် တုန့်ပြန်သည့် အတိုင်း ထွေးဖက်လိုက်ကာ အလိုက်သင့်နေမိရော။ သူ့နှုတ်ဖျားက ညည်းတွားသံသဲ့သဲ့ထွက်လာသလို ကြိုတင်သတိ မပေးဘဲ အလိုလို လုပ်ဆောင်မှုတွေနဲ့ အနမ်းစစ်ပွဲကိုရှေ့ဆက်ဖို့ကြိုးစားပါတော့တယ်။
သူ့ခါးအစုံကိုခွထားမိတဲ့ ကျနော့်ခြေတံတွေကို သူကထိန်းညှိနေရာချပေးလိုက်တာမှာ ကလေးတစ်ယောက်ကို ရင်ခွင်ထဲထားရစ်သိုင်း ထုပ်ပိုးတဲ့ဟန်ကိုဖြစ်သွားရော။ သူဝတ်ထားတဲ့အတွင်းခံထဲကနေ ထိုးဖောက်မိမတတ်မာတောင့်နေတဲ့ အသားချောင်းရဲ့အထိအတွေ့က မထိတထိကလိ ခံစားမိရသလို ကျနော့်နှုတ်ခမ်းအစုံ၊ လည်တိုင်နဲ့ နားပေါက်အ၀ကအဖုသီးလေးတွေကို စတင်းနမ်းရှိုက်ပြန်တော့ ကြက်သီးမွှေးညှင်းတွေ တဖြန်းဖြန်းထရပြန်ပါတယ်။ ကျနော့်လက်ချောင်းလေးတွေကို သူ့ဆံနွယ်များကြား အသာအယာထိုးဖွမိချိန်မှာ တော့ မွတ်သိပ်တပ်မက်စွာ ကျနော့်ကိုနမ်းရှိုက်ရင်း သူ့အိပ်ခန်းထဲကိုသယ်ဆောင်ခေါ်ယူသွားတယ်လေ။ အိပ်ရာပေါ်ကို ကျနော်ကျောချ လဲလှောင်းရချိန်မှာတော့ ၀တ်ထားသော ရှပ်အကျီကိုသူဆွဲချွတ်ရင်း ကျနော့လည်တိုင်၊ ရင်အုပ်အနှံ့နဲ့တကွ ထိတွေ့နိုင်တဲ့နေရာအစုံအား နမ်းခြင်း၊ ငုံခဲခြင်း၊ စုပ်ပြုခြင်းတွေကို သူပြင်းပြင်းထန်ထန်ပြုလုပ်ပါတယ်။ တောင့်တင်းသန်မာလှတဲ့ သူ့ကိုယ်လုံးကြီး ကျနော့်ကိုယ်ပေါ် အုပ်မိုးငုံ့ကိုင်းနေခြင်း ထိတွေ့နေရခြင်းကြောင့်ရတဲ့ ခံစားချက်တွေကို ကျနော် ကြက်သီးတဖြန်းဖြန်းထအောင်ကို နှစ်သက်မိတယ် ဆိုပါ တော့။ သည် အမျိုးသားဟာ သူတစ်ပါးကြိုက်၏ မကြိုက်၏နှုတ်ကနေမေးမြန်းခြင်းမပြုဘဲ လက်တွေ့ဆန်ဆန်ထိတွေ့ပြုစုပြီး စမ်းသပ် တာကိုကြိုက်နှစ်သက်ပုံပဲ။ ဒါပေမဲ့ ကျနော် အခု ပျော်ရွှင်နှစ်သက်ခြင်းဆိုတဲ့ ခံစားမှုထက်ပိုသော လွင့်မျောမိန့်မူးသာယာနေခြင်းကို ခံစားနေရပါတယ် ခင်ဗျ။
ကျနော့်လက်နှစ်ဖက်ကို ဦးခေါင်းအထက် အိပ်ရာပေါ်ဝယ်ထားရှိစေပြီး သူ့လက်မောင်းတွေနဲ့ချုပ်ကိုင်ထားကာ သူ့နှုတ်ခမ်းတွေ လျှာတွေ ကိုတော့ ကျနော့နားရွက် နားသံသီး နားပေါက်ဝတွေဆီ တိုးကပ်ထားပါတယ်။
“ အရင်က ဒီလိုအတွေ့အကြုံမျိုးကြုံတွေ့ဖူးလား ဇေယျာ?” သူ မေးခွန်းထုတ်လေရဲ့။ သူ့လျှာဖျား ပူနွေးနွေးက လှစ်ကနဲ လှစ်ကနဲ ဆိုသလို ကျနော့်နားရွက်အနှံ့ထုတ်လိုက်သွင်းလိုက် ရွေ့လျားလိုက်လုပ်နေသလို သူ့သွားတွေနဲ့ နားသံသီးကို မနာအောင် အသာ ပွတ်သပ် ခဲပြုပါတယ်။
“ဟင့်အင်….မလုပ် မလုပ်ဖူးဘူး” မငြိမ်မသက်ဖြစ်နေတဲ့ ကျနော့်အသက်ရှူသံကို ပြန်ထိန်းချုပ်ရပါတယ်။ သူ့ကိုယ်လုံးကြီးဟာ ကျနော့် ကိုယ်ပေါ်ကို ငုံ့ကိုင်းဖိကပ်ထားပါတဲ့အခြေအနေပါ။
“ကိုယ်…ကိုယ်လည်း ဒီကိစ္စကို အရင်ကမကြုံဖူးဘူး”
ကျနော် စိတ်လှုပ်ရှားတုန်ယင်နေခြင်းကို ခဏရပ်တန့်လိုက်ရင်း သူ့ကိုစိုက်ကြည့်မိတယ်။ ကျနော် သူပြောတာကို မယုံနိုင်ပါဘူး။ ဒီလို ဒီလို ဆွဲဆောင်မှုပြင်းတဲ့ ငနဲမျိုးက အခုထိ လူပျိုစင်စစ်စစ်တစ်ယောက် ဖြစ်နိုင်ပါ့မလား? ဟန်မဆောင်တဲ့ သူ့မျက်ဝန်းထဲက အရိပ်အယောင်များကြောင့် သူပြောတာတွေဟာ အမှန်ဖြစ်ကြောင်း အတည်ပြုနေပါတယ်။
"Would you be my first?" သူ့မျက်နှာဝယ် ပန်းသွေးရောင်သန်းလာရင်း အမေးစကားဆိုတယ်။ ကျနော်….ကျနော်….
Alex Aung (6 May 2016)
To be continued……
No comments:
Post a Comment