Thursday, October 11, 2012
အချစ်က ပိုစွန့်စားရတယ်လို့ ခံယူထားသူတို့ရဲ့မျှော်လင့်ချက်
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံနဲ့ မျက်ဝန်း လက်လက်တွေကို ပိုင်ဆိုင်ထားတဲ့သူ့ကို ပထမဦးဆုံး စတွေ့ပြီး စကားပြောခဲ့ရတဲ့ အချိန်မှာတော့ အဲ့ဒီစကားကို လူ့အသိုင်း အ၀ိုင်းက အမြဲတမ်း လက်မခံခဲ့ ကြဘူးဆိုတဲ့ အကြောင်းကို သူ့ဘ၀နဲ့ ယှဉ်ပြီး သူက ပြောတယ်။
``ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက် နေတာချင်းတူတူ လူဟာလူပဲ´´လို့ လူတိုင်းလိုလို ပြောတတ်ကြ တာကို ကြားဖူးနေကျ ဆိုတော့ လင်းလင်းကို မတွေ့ခင်ထိ ကျွန်တော့် အတွက်တော့ မဆန်းတော့ ပါဘူး။
ယောက်ျားပီသတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ အရပ်၅ ပေ ၅လက်မ အမြင့်ဟာ ကြည့်လို့ကောင်းတဲ့ ယောက်ျား တစ်ယောက် အဖြစ်သူ့ကို ပုံဖော်ပေး ထားပါတယ်။
အမျိုးသားလို ၀တ်ဆင်ပြီး လိင်တူ အမျိုးသားကိုသာ စိတ်ဝင်စားသူ တစ်ယောက်ဖြစ်လာဖို့ကို လင်းလင်းဟာ  ဘယ်တုန်းကမှ စိတ်ကူးထဲမှာ မတွေးထားခဲ့မိပါဘူး။
`ကိုယ့်ကိုကိုယ် ခွဲခြားပြီးမသိတတ်ခင်တုန်းကတော့ မိန်းကလေးရည်းစားတစ်ယောက်ထားဖူးတယ်၊ ကျွန်တော့ထက်တစ်နှစ် ခွဲလောက်ငယ်တယ် တွဲသာတွဲလာခဲ့တာ ရင်ခုန်တာတို့ ကြည်နူးမိတာတို့ မရှိခဲ့ဘူး ကြာတော့လည်း ကောင်မလေးကပဲ စပြီးလမ်းခွဲသွားတယ်။´ ဟု ဂေးတစ်ယောက်ဘ၀ကို မခံယူခင်က မိန်းကလေးချစ်သူထားခဲ့တဲ့ အကြောင်းကို ပေါ့ပေါ့ပါးပါး ပုံစံနဲ့ပဲ သူက ပြောပြပါတယ်။
၂၀၀၆ ခုနှစ်ရဲ့ New Year ညမှာတော့ ဂေးတစ်ယောက်ရဲ့ဘ၀ကို သူ့ရဲ့ခံစားချက်အရသူကိုယ်တိုင်ပဲ ခံယူခဲ့လိုက်ပါတယ်။ အခုလိုဘ၀မှာ နေရတာက ပိုပြီးပျော်ရွှင်တယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ပတ်ဝန်းကျင်ကလူတွေက သူ့တို့ကို  အခြောက်တွေ ဂန်ဒူးတွေလို့ ကဲ့ရဲ့တတ်ကြတယ်။ ယောက်ျားတစ်ယောက်ရဲ့ဘ၀ကို ရလာပြီးမှ အရှက်မရှိတဲ့လုပ်ရပ်တွေကို လုပ်နေကြတယ်ဆိုပြီး ကဲ့ရဲ့တာကိုလည်း ခံရတယ်။
လူတွေက ဘယ်လိုပဲ သူတို့ကိုနှိမ့်ချဆက်ဆံမှုတွေပြုလုပ်နေပါစေ သူတို့တွေဟာ သာမာန်လူတွေ လိုပဲလူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့် ကူညီခွင့်သာရရှိခဲ့ရင် အကောင်းဆုံးစွမ်းဆောင်နိုင်မှာပါလို့  သူတို့ အားလုံးရဲ့ကိုယ်စား လင်းလင်းက ပြောပါတယ်။
လူမှုအဆင့်အတန်းခွဲခြားမှုအရ သူတို့ထက်မြင့်တယ်ဆိုတဲ့ လူတွေကသူတို့ကို နှိမ့်ချဆက်ဆံတာတွေ ကြောင့် ပတ်ဝန်းကျင်နဲ့ ထိတွေ့တဲ့နေရာမှာ နှစ်ဖက်စလုံးမှာ အခွင့်အရေးတွေ ထိခိုက်နစ်နာလာစေနိုင် တယ်လို့ သူကဆိုတယ်။
 လူ့ဘောင်အသိုင်းအဝိုင်းက လိင်တူချစ်သူတွေအပေါ် အထင်အမြင်သေးမှုတွေ၊ အသိအမှတ်မပြုပေး တာတွေကြောင့် လူမှုလုပ်ငန်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားမှုလုပ်ငန်းတွေမှာ လိင်တူချစ်သူတွေဟာ နေရာတစ်ခု မရရှိခဲ့ပါဘူး။
`ဒီဘဝကိုရောက်လာကြတဲ့ တော်တော်များများက လူတွေရဲ့ဖိနှိပ်မှုကို ခံလာရသူတွေများပါတယ်၊ အထူးသဖြင့် နှိမ်ချဆက်ဆံတာတွေ၊ ကဲ့ရဲ့ရှုတ်ချတာတွေကြောင့်ပေါ့၊ အဲ့လိုနှိမ်ချကဲ့ရဲ့ကြတဲ့သူတွေကို အရွဲ့တိုက်ရင်းနဲ့ ဒီဘဝကိုလက်ခံလိုက်ကြတာ။´
လိင်တူချစ်သူတွေရဲ့အခွင့်အရေးဆိုတာဟာလဲ အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေခဲ့ရတယ်လို့ အကြည့်တွေ ကို ခပ်ဝေးဝေးလှမ်းပို့ရင်း လင်းလင်းက ပြောပါတယ်။
၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ရေးဆွဲပြီးစီးခဲ့တဲ့ ဂျော့ဂျာကာတာ မူဝါဒစာတမ်းဟာ လိင်တူချစ်သူတွေ အတွက် တစ်ခြားလူတွေလို တန်းတူအခွင့်အရေးရရှိဖို့ကို အပြည့်အဝဖော်ပြထားပါတယ်။ အဲ့ဒီမူဝါဒ စာတမ်းရဲ့ အပိုဒ် ( ၂၇ )အရ လိင်တူချစ်သူတွေဟာ လူ့အခွင့်အရေးကိုကာကွယ်တဲ့နေရာ၊ စောင့် ရှောက်တဲ့နေရာ၊ မြှင့်တင်တဲ့နေရာတွေမှာ ပါဝင်လုပ်ဆောင်နိုင်တယ် လို့ ရေးသားထားပါတယ်။
 လိင်တူချစ်သူတစ်ဦးဖြစ်သူ အလှဖန်တီးရှင် မိုးစက် ကတော့ ခုလိုပြောပါတယ်။
`တစ်ချို့လူတွေက လိင်တူချစ်သူ( ဂေး ) လို့ သိလိုက်တာနဲ့ မသတီသလိုလို ရွံသလိုလို ဖြစ်သွား ကြတယ်၊ တစ်ကယ်တော့  ကိုယ့်ရဲ့စိတ်တိုင်းကျ ကိုယ့်ကိုယ်ကိုယ်ခံယူထားတာပဲ အပြစ်တင် ရှုတ်ချတာမျိုး မလုပ်သင့်ပါဘူး ။´
သူတို့အတွက်အဓိက အဟန့်အတားတစ်ခုဖြစ်တဲ့ လိင်တူဆက်ဆံမှုကိုအရေးယူမယ့် ပုဒ်မ(၃၇၇) ကိုလဲ မရှိစေချင်တော့ပါဘူးလို့ သူကပြောပါတယ်။
ချင်းမိုင်အခြေစိုက် လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားသူ ကိုနောနော် ကတော့ လိင်တူချင်း ချစ်တယ် ဆိုတာ အားငယ်စရာမဟုတ်ပါဘူး၊ ကမ္ဘာကျော်ဖြစ်နေတဲ့သူတွေတောင် ရှိပါတယ် လို့ လိင်တူချစ်သူ များအတွက် Rainbow Megazine  မှာ ပြောခဲ့ပါတယ်။
လင်းလင်းကတော့ ခံယူချက်ရှင်းပါတယ် သူစိတ်ဝင်စားတဲ့သူကိုပဲ လက်ခံပါတယ်။ လူတိုင်းကို လက်မခံပါဘူး လို့ ပြောပါတယ်။
`HIV/AIDS မကူးစက်အောင်လည်း သတိထားပြီးနေရတယ်၊ လမ်းဘေးမှာထိုင်နေရင်တောင် အလကားနေရင်း ရဲဖမ်းတာလဲ ခံရသေးတယ်။ တစ်ခါတစ်လေကျတော့လဲ အားငယ်မိတာတွေတော့ ရှိတယ်။´
လက်ရှိကာလ မြန်မာနိုင်ငံတွင်းမှာလဲ လိင်တူချစ်သူတွေရဲ့ ကွန်ယက်တွေ ဖွဲ့စည်း ထူထောင်လာကြ ပါပြီ။
လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေလဲ မြန်မာနိုင်ငံမှာ ပေါ်ပေါ်တင်တင် ဖွဲ့စည်း လုပ်ဆောင် နေ ကြတဲ့အတွက် လင်းလင်းတို့ မိုးစက်တို့အပြင် (LGBTတွေ) လိင်တူချစ်သူတွေ လိင်ပြောင်းချစ်သူတွေ အားလုံးဟာ အရင်ကထက်စာရင် အခွင့်အရေးတွေရရှိလာတာကို တွေ့မြင်နေရပါပြီ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ ဒေါ်အိသန္တာကတော့ `လိင်တူ ချစ်တယ် ဆိုတာက ပုံမှန်ဘ၀ကို ကိုယ့်သဘောနဲ့ ပြုပြင်လိုက်တာလို့ပဲထင်တယ်၊ လူဆိုတာ မွေးလာ ကတည်းက ဘယ်သူက ယောက်ျား ဘယ်သူကမိန်းမဆိုတာ လိင်အင်္ဂါက ကွဲပြားပြီးသားပဲ၊ အကောင်း ဆုံးကတော့ ကိုယ်ရတဲ့ ဘ၀ကို ကောင်းမွန်အောင်နေနိုင်ဖို့ပဲလိုတယ်၊ ဘ၀ကောင်းဖို့ အတွက်တော့ လိင်ပြောင်းဖို့ စိတ်ပြောင်းဖို့မလိုဘူးထင်ပါတယ်´ ဟု ၄င်းရဲ့ အမြင်ကို ပြောပါတယ်။
LGBT လို့ခေါ်တဲ့ဂေးတွေကို လူတွေက အခြောက်တွေ မိန်းမလျှာတွေတူတူပဲလို့မှတ်ယူထားကြပေမဲ့ L-Lesbian ( အမျိုးသမီးချင်းလိင်တူချစ်သူ) G-Gay ( အမျိုးသားချင်းလိင်တူချစ်သူ) B-Bisexual (လိင်တူရော ဆန့်ကျင်ဘက်လိင်ကိုရောချစ်သူ) T-Transexual ( ဆန့်ကျင်ဘက်လိင်လို  ပြောင်းလဲ ၀တ်ဆင်သူ) ဆိုပြီး ခွဲခြားသိတတ်ဖို့လဲလိုမယ်လို့ လင်းလင်း က ပြောပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုထဲမှာချင်းတူပေမဲ့ တန်းတူအခွင့်အရေးရဖို့ဆိုတာက နှစ်ဖက်လုံးက အနေမှန် နေဖို့လဲလိုပါတယ်။
`ကျွန်တော့်အတွက်ကတော့ လိင်တူချစ်သူတစ်ယောက်ရဲ့အချစ်ဆိုတာ လိင်ကွဲချစ်သူတွေရဲ့ အချစ်ထက် ပိုပြီးလေးနက်တယ်၊ ပိုပြီးစွန့်စားရပါတယ်။´
လင်းလင်းဟာ သူ့ချစ်သူနဲ့နားလည်မှုများစွာကို ရယူထားပြီး အနာဂါတ်အတွက် ကြိုတင်ပြင်ဆင် ထားတယ်လို့ဆိုပါတယ်။
`မီဒီယာတွေမှာ လွဲမှားတဲ့ဖော်ပြမှုတွေရှိနေတာကြောင့်လဲ ဂေးတွေအတွက် နစ်နာစရာ ကဲ့ရဲ့ခံစရာ တွေဖြစ်လာရတတ်တယ်။ ဥပမာ-ဇာတ်ကားတစ်ကားထဲမှာ မင်းသားက မိန်းမလျှာ မင်းသမီးက ယောက်ျားလျှာ ပုံစံမျိုးနဲ့ နောက်ဆုံးမှာ မင်းသမီးက မိန်းကလေးဖြစ်သွား မင်းသားကလဲ ယောက်ျားလေးပြန်ဖြစ်သွားတာကို ဇာတ်လမ်းထဲမှာ ပြထားတယ်။´
 တစ်ကယ်တမ်းတော့ အဲ့လိုမျိုးအဖြစ်က တစ်ကယ်မရှိဘူး။ ဂေးတွေက ဘယ်တော့မှပြန်မပြောင်းဘူး သစ္စာရှိတယ်။ ဂေး အဖြစ်ခံယူပြီ်းရင် အရင်အနေအထားကို ဘယ်တော့မှပြန်မသွားတော့ဘူး လို့ လိင်တူချစ်သူတွေ ( LGBT တွေအားလုံးအပါအ၀င်) အတွက် (Equality Myanmar) အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်သူ မမြတ်နိုးဖြူက ပြောပါတယ်။
 `ဘယ်လိုပဲဖြစ်ဖြစ် လိင်တူချစ်သူတစ်ယောက်ဆိုတာ  လူတွေပြောနေကျအတိုင်း ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်နေတဲ့ လူသားတွေထဲက လူသားတစ်ယောက်ဖြစ်လို့ ခွဲခြားနှိမ်ချ ဆက်ဆံတာမျိုးတွေ မရှိတော့ဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဟာ အခုထက်ပိုပြီးလှပလာမှာပါ ”လို့ လင်းလင်းက ပြောပြပါတယ်။
နေဖြိုးမြင့် - ရှမ်း/မြောက် ( မြစ်မခ )
by Myit Makha Mediagroup
Sunday, October 7, 2012
ကျွန်တော် သူ့ ကို ချစ်တယ်
ကျွန်တော် သူ့ ကိုချစ်တယ်။ ချစ်တယ် ဆိုတာ အစ်ကိုတစ်ယောက် ညီတစ်ယောက် သူငယ်ချင်းတစ်ယောက် ကို ချစ်သလို ချစ်တာမဟုတ်ဘူး။ ကျွန်တော် သူ့ ကိုချစ်တယ်။ သေချာပါတယ်။ အဲဒီ အဖြေကို ကျွန်တော့်ကို ကျွန်တော် အကြိမ်ကြိမ်မေးကြည့်ပြီးမှ ပြောတာပါ။ ခင်ဗျားကို မပြောပြခင် ကျွန်တော့်ကိုယ် ကျွန်တော် အထပ်ထပ် စိတ်ထဲမှာ ပြောကြည့်ပြီးသား။ ကျွန်တော်ပြောတဲ့ အချစ်ကို ခင်ဗျား နားလည်မှာပါ။ ခင်ဗျားမှာ ချစ်သူရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားချစ်သူကို ခင်ဗျားလည်း ချစ်မှာပဲ။ ကျွန်တော်တို့ မိဘတွေ မောင်နှမတွေကို ချစ်ကြတယ်။ သူငယ်ချင်း မိတ်ဆွေတွေကို ချစ်ကြတယ်။ တိရိစ္တာန်ငယ်လေးတွေကို ချစ်တယ်။ ပန်းပွင့်လေးတွေ....အိုး လှပတဲ့ အရာတွေအားလုံးကို လူသားတွေအနေနဲ့ နှစ်သက်တတ်ကြတာ အမှန်ပဲ မဟုတ်လား။
ခင်ဗျား အဲဒီ နှစ်သက်ခြင်းတွေ ချစ်ခြင်းတွေနဲ့ မတူတဲ့ အချစ်ဆိုတဲ့ ခံစားချက်ကတော့ ခင်ဗျားချစ်သူ အပေါ်မှာပဲ ရှိတယ်လေနော်။ အတူတူပဲပေါ့ဗျာ။ ခင်ဗျား ကျွန်တော့်ကို အချစ် ဆိုတာကို ဘယ်လိုနားလည်လည်း ဆိုတဲ့ မေးခွန်းအတွက် ခင်ဗျားကို ခုကျွန်တော်ပြောခဲ့တဲ့ အတိုင်းပါပဲ။ ခင်ဗျား ယောက်ကျားတစ်ယောက်အနေနဲ့ ခင်ဗျားချစ်တဲ့ မိန်းကလေးအပေါ်မှာ ဘယ်သူနဲ့ မှ မတူတဲ့ အချစ်မျိုး မေတ္တာတရားမျိုး..ရှင်းရှင်းပြောရရင် တစိမ်းနှစ်ယောက်ကြားမှာ ဖြစ်တည်ခဲ့ကြတဲ့ အကြီးမားဆုံး စွမ်းအားအရှိဆုံး ခံစားချက်တစ်ခုပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ က အချစ်လို့ လက်ခံခဲ့ကြတာ မဟုတ်လား။ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာကလည်း အဲဒီအတိုင်းပဲ။ ကျွန်တော် သူ့ ကို အားကိုးတယ်။ ယုံကြည်တယ်။ သံယောဇဉ်ရှိတယ်။ သူရဲ့ ကောင်းကျိုးကိုပဲ လိုလားတယ်။ သူစိတ်ချမ်းသာဖို့ ပဲ စဉ်းစားတယ်။ သူအရေးကိစ္စတိုင်းက ကျွန်တော့်ရဲ့ အရေးကိစ္စပဲ။ သူကလည်း ကျွန်တော့်လိုပဲ။ သူလည်း ကျွန်တော့်ကို သိပ်ချစ်တယ်ဆိုတာကို ကျွန်တော် ခင်ဗျားကို ပြောပြဦးမယ်။
ကျွန်တော်က မောင်နှမတွေထဲမှာ အထွေးဆုံးဆိုတော့ ငယ်ငယ်ကတည်းက အားလုံးရဲ့ အလိုလိုက်မှုတွေနဲ့ ကြီးပြင်းလာရတာပါ။ ကျွန်တော့် အစ်မတွေ မိဘတွေက ကျွန်တော့်ကို သိပ်ချစ်ကြတယ်။ ခင်ဗျားက ကျွန်တော့်မှာ ငယ်ဘ၀နဲ့ ပတ်သတ်လို့ စိတ်ဒဏ်ရာ တစ်ခုခုရှိလိမ့်မလားလို့ မေးတာကို ကျွန်တော်က ရယ်ချင်တယ်ဗျ။ သူ့ ကို ကျွန်တော်ချစ်တာ စိတ်ဒဏ်ရာတွေ ဘာတွေနဲ့ ဘာဆိုင်လို့ လဲဗျာ။ လူသားတစ်ယောက် အနေနဲ့ လူသားတစ်ယောက်ကိုချစ်ဖို့ အရိုးရှင်းဆုံး အဖြစ်အပျက်လို့ တွေးကြည့်လို့ တောင်ရပါတယ်။ ဟုတ်တယ်မလား။ မုန်းဖို့ သာ အကြောင်းအရာတွေ လိုရင်လိုမယ်။ ချစ်ခြင်းမေတ္တာက ရိုးရှင်းလှပပါတယ်ဗျာ။ ကျွန်တော့်ဘ၀မှာ သူ့ ကိုချစ်ဖို့ အတွက် ဘာအကြောင်းအရာ ဘာအတိတ်မှ ရှိနေစရာမလိုဘူး။ခင်ဗျားတို့ တွေ ဒီလိုပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချစ်ကြသလိုပဲ ။ ခင်ဗျား အချစ်ဆိုတာကိုပဲ မြင်အောင်ကြည့်ဖို့ တွေးမိရဲ့ လားလို့ ကျွန်တော်ကပဲ ပြန်မေးပါရစေ။ ဘယ်လိုလဲ။ ခင်ဗျားဖြေကြည့်စမ်းပါဦး။
ကျွန်တော်လည်း ဆရာဝန် တစ်ယောက်ပဲ။ဆရာဝန် တစ်ယောက်ဖြစ်နေတဲ့ အတွက် ခင်ဗျားတို့ တွေက ပညာတတ်လို့ သတ်မှတ်ကြမယ်မဟုတ်လား။ ဆရာဝန်လည်း အသွေးအသားနဲ့ လူသားပဲ။ ဘာမှမပိုဘူး။ ပညာတတ်တာနဲ့ ချစ်တာ တွေးခေါ်စဉ်းစားတာ ဘာမှမပတ်သတ်ဘူး။ အထူးသဖြင့် လူတစ်ယောက်ကို ချစ်ဖို့ နေရာမှာ ဆရာဝန်နဲ့ ဆိုက်ကားဆရာ စဉ်းစားတွေးခေါ်တဲ့ အခြေခံအချက်က အတူတူပဲ။ ဒါကို ခင်ဗျားလက်ခံသလား။ ကျွန်တော့် မှာ သူ့ ကိုချစ်ဖို့ လုံလောက်တဲ့ အဖြေရှိစရာမလိုဘူး။ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို ကျွန်တော်ကိုယ်တိုင် လက်ခံထားပြီးသား။ ပြီးတော့ ကျွန်တော်ချစ်တဲ့ သူက လည်း ကျွန်တော့်ချစ်မြတ်နိုးသလို ကျွန်တော့်ကို ချစ်တယ်။ ခင်ဗျား ဒါကို ချစ်ခြင်းမေတ္တာလို့ မြင်ကြည့်ပါ။
ဟားဟားဟား..........ခင်ဗျားက တကယ်ရှာရှာကြံကြံမေးတာပဲ။ ခင်ဗျားတို့ သမီးရည်းစားတွေ တစ်ယောက်နဲ့ တစ်ယောက်ချစ်သလိုပဲ ပေါ့ဗျ။ ကျွန်တော့်ရဲ့ ရင်ခွင်ထဲမှာ သူမှေးစက်ချင်မှေးစက်မယ်။ သူ့ ရဲ့ လက်ဖ၀ါးလေးကို ကျွန်တော်ဆုပ်ကိုင်လိုက်တဲ့ အခိုက်အတန့် တိုင်းမှာ သူ့ ကိုယ်ထဲက သွေးတွေ ဟာ အဲဒီလက်ဖ၀ါးတွေကတဆင့် ကျွန်တော့်ကိုယ်ခန္ဒာထဲကို စီးဝင်လာတယ်လို့ ခံစားရတယ်။ သူ ကျွန်တော့်ကိုချစ်တယ်လို့ ပြောလိုက်တိုင်း ကျွန်တော့်ရဲ့ ညာဖက်ရင်ဘတ်ထဲ စူးနင့်နေပြီးတဲ့ အထိ။ သူ့ ကို ကျွန်တော်သိပ်ချစ်ပါလားလို့ တွေးလိုက်တိုင်း ကျွန်တော့်ကိုယ်ထဲက သွေးတွေ နွေးပြီးစီးဆင်းသွားတာကို ခံစားရတယ်။ ဒါအချစ်ပဲ။ လူတိုင်း လူတိုင်းကြုံတွေ ခံစားဖူးတဲ့ အချစ်ပဲဗျ။ ကျွန်တော်တို့ အချစ်ဟာ အခက်အခဲ အတားအဆီးများလေ ပိုခိုင်မာလာလေပဲ။ အဲဒီအခက်အခဲတွေကပဲ ကျွန်တော်တို့ နှစ်ယောက်လုံးကို စိတ်ဓါတ်ခွန်အားတွေ ဖြစ်စေခဲ့တာပေါ့ ။ ချစ်ခြင်းမေတ္တာဟာ မျက်နှာမလိုက်တတ်ဖူးဗျ။ ချစ်ခြင်းမေတ္တာတရားဟာ သူနဲ့ ပတ်သတ်လာတဲ့ လူသားတိုင်းကို အေးမြစေတာပဲ မဟုတ်လား။
ပတ်ဝန်းကျင် ဟုတ်လား။ ခင်ဗျားကို ကျွန်တော် တစ်ခုမေးမယ်နော်။ ပတ်ဝန်းကျင်က ခင်ဗျားကို ဖန်ဆင်းထားတာလား။ ခင်ဗျားတို့ ကျွန်တော်တို့ က ခု ခင်ဗျားမေးနေတဲ့ ပတ်ဝန်းကျင်ကြီးကို ဖန်တီးထားကြတာလား။ ဥပမာဗျာ အဲဒီပတ်ဝန်းကျင်က ခင်ဗျားကို သေခိုင်းမယ်ဆို ခင်ဗျားသေပြလိုက်မှာပဲလား။ အဓိက က ကျွန်တော်တို့ ပါဗျာ။ ပတ်ဝန်းကျင်တစ်ခုကို မပြောင်းလဲနိုင်လို့ ဆိုပြီးတော့ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ ပြောင်းလဲ လိုက်ဖို့ မလိုပါဘူး။ ဒါအရှုံးပေးလိုက်ခြင်းလို့ ပဲ ကျွန်တော်ထင်တယ်။ အရေးအကြီးဆုံး အချက်က အဲဒီပတ်ဝန်းကျင်ဆိုတာကြီးနဲ့ လိုက်လျောညီထွေရှိဖို့ ကျွန်တော်တို့ ကိုယ်ကိုယ်ကိုယ် လိမ်ညာနေကြတာကမှ တကယ့် ပြသနာ။ ခင်ဗျား ပတ်ဝန်းကျင်ကို လိမ်တာထက် ကိုယ့်ကိုယ်ကိုယ် လိမ်တာက မှ တကယ့်အပြစ်ဗျ။ တနည်းပြောဦးမယ်ဆိုရင် ဒါ လူဖြစ်ရှုံးတာပဲ။ ဘာဖြစ်လဲဗျာ။ ကိုယ်ဖြစ်တည်လာခဲ့တာကို အရှိအတိုင်းလက်ခံရမှာပေါ့ ။ ကိုယ်ကိုယ်တိုင်ကတော့ လက်ခံရမှာပေါ့။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ ညာနိုင်မယ်လို့ ထင်လဲ။ တကယ်လို့ ညာနိုင်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်ကတော့ ဒါကို မှန်တယ်လို့ မထင်ဘူးဗျာ။
လက်ထပ်ဖို့ ၊ အတူတူနေကြဖို့ ကတော့ ကျွန်တော်တို့ အတွက် မလိုအပ်တဲ့ အကြောင်းအရာပါ။ ဒါကို ထုံးတမ်းအစဉ်အလာတစ်ခုလို့ သတ်မှတ်ထားတယ်လို့  ပြောလည်း ကျွန်တော်တို့ အတွက် အချစ်ဆိုတာ ချည်နှောင်ထားဖို့ ကို မလိုတဲ့ အရာ။ ကျွန်တော်အပိုပြောတာမဟုတ်ဘူးဗျ။ ရင်ထဲက တကယ့်ခံစားချက်ကို ခင်ဗျားကို အပွင့်လင်းဆုံပြောပြနေတာပါ။ ခင်ဗျားတို့ အချစ်တွေ၊ အဲ ခင်ဗျားတို့ စကားအရဆို Normal ပေါ့၊ ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ချစ်တဲ့ အချစ်၊ သဘာဝ လို့ အာဒမ် နဲ့ ဧ၀ စကတည်းက လက်ခံထားကြတဲ့ ချစ်ခြင်း၊ အဲဒီချစ်ခြင်းမှာ ပေါင်းစည်ုးခြင်း၊ လက်တွဲခြင်း၊ ဒါတွေနဲ့ အချစ်ကို ချည်နှောင်ကြတယ်။ ပိုမိုခိုင်မြဲအောင် ဖန်တီးကြတယ်။ လူသားတာဝန်ကို ကြေပြွန်အောင်ထမ်းဆောင်ကြတယ်။ အဓိက အကြောင်းက လူသားမျိုးဆက်ပဲလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ တွေရဲ့ ချစ်ခြင်းက ချစ်ခြင်းနဲ့ ပဲ အဆုံးသတ်တယ်။ ဒီအတွက် ကျွန်တော်တို့ ကတော့ လက်ထပ်ချင်ပါတယ်။ လက်ထပ်မှ ကျွန်တော်တို့ ရဲ့ အချစ်တွေ ပိုမိုခိုင်မြဲမယ် ဆိုတတွေ မလိုအပ်ဘူး။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ချစ်တယ်။ နားလည်တယ်။ တစ်ယောက်ရဲ့ ဖြစ်တည်ခြင်းကို တစ်ယောက်က ကြည်ဖြူုမြတ်နိုးစွာ လက်ခံတယ်။ အဲဒီစိတ်ကလေးက မလှပဘူးလားဗျာ။
ခင်ဗျား ရဲ့ နောက်ဆုံးမေးခွန်းဖြစ်တဲ့ အခြောက် ဆိုတဲ့ စကားလုံးအပေါ် ကျွန်တော် ဘာခံစားချက်မှ မရှိပါဘူး။ ဒီစကားလုံးကို နာမ်စား တစ်ခု လို့ ပဲ ကျွန်တော်မြင်တာ ကျွန်တော့်ရဲ့ ငြိမ်းချမ်းရေးအတွက်ပဲ။ ကျွန်တော်တို့ သူများအကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်းကို မကြံစည်ဘူး။ မလုပ်ဘူး။ ကျွန်တော်တို့ ကို အခြောက် လို့ ခေါ်လိုက်တဲ့ သူတွေ၊ သူတို့ စိတ်ထဲက ဘယ်လို ခံစားချက်နဲ့ ခေါ်ခေါ် ကျွန်တော်တို့ မခံစားဘူး။ ကျွန်တော်တို့ ကို ၀ဋ်ကြွေးပဲလို့ ပြောကြတဲ့ သူတွေအားလုံး ၀ဋ်ုကြွေးဆိုတာကို ကောင်းကောင်းနားလည်ထားကြပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ ရဲ့ Societyက မိန်းကလေးချောချောနှစ်ယောက် နဲ့ အခြောက်တစ်ယောက် လမ်းလျှောက်လာတာကို တွေ့ ရင်တောင် မိန်းမချောလေးတွေထက် ခင်ဗျားတို့ ပြောတဲ့ အခြောက်ဆိုတဲ့ လူတန်းစားကို ပိုစိတ်ဝင်စားတတ်ကြတာ မဟုတ်လား။ ကျွန်တော်တို့ ကတော့ ဒါကို စိတ်ဓါတ်ခွန်အား အဖြစ်ပြောင်းလဲ ပြစ်ကြမှာပဲ။ တစ်ချိန်ကြရင်တော့ ကျွန်တော်တို့ ကို လက်ခံလာကြပါစေ၊ ဘာဖြစ်ပါစေလို့ လဲ ဆုမတောင်းဘူးဗျ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ဖြစ်တည်လာတဲ့ ဘ၀မှာ ဆုတောင်းဖြစ်ခဲ့တာထက် လက်တွေ့ ရင်ဆိုင်ဖြတ်သန်းလာရတာ များတော့ ဆုတောင်းနေတာထက် ကိုယ်လုပ်သင့်တာကို လုပ်ဖို့ ဆိုတာပဲ ခေါင်းထဲမှာရှိတယ်။
ကျွန်တော်ဟာ မိန်းကလေးတွေကို ညီမလို အစ်မလို သူငယ်ချင်းလိုပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော် ရင်ခုန်မြတ်နိုးရတာက သူပါ။ ယောက်ကျား တစ်ယောက်က ယောက်ကျားတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ နေရာမှာ အပိုင်းနှစ်ပိုင်းရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့ က ယောက်ကျားတစ်ယောက်က ယောက်ကျားတစ်ယောက်ကို ဆိုတဲ့ အပိုင်းကိုပဲ အာရုံစိုက်ကြတယ်။ ပြစ်တင်ရှုတ်ချကြတယ်.။ ကဲ့ ရဲ့ ဝေဖန်ကြတယ်။ ဒီအတွက် ကျွန်တော်တို့ ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာက သေမသွားဘူးဗျ။ ဘာဖြစ်လို့ လဲ ဆိုတော့ ခင်ဗျားတို့ မေ့နေကြတဲ့ အာရုံမထားကြတဲ့ အပိုင်းမှာပါဝင်နေတဲ့ ချစ်တယ်ဆိုတဲ့ လောကကြီးကို ပိုမိုလှပစေအောင် အမြဲ ဖန်ဆင်းပေးတဲ့ ချစ်ခြင်းမေတ္တာတရားမှာ ဖြူစင်မှု၊ ဘက်မလိုက်မှု၊ ရိုးသားမှုတွေပါဝင်တယ်ဆိုတာကို ကျွန်တော်ပြောပြချင်တယ်။ ကျွန်တော်ဟာ ယောက်ကျားတစ်ယောက်ပါ။ ယောက်ကျားတစ်ယောက်လိုပဲ ပြုမူနေထိုင်ပါတယ်။ မိန်းကလေးလို ၀တ်ချင်စားချင် လှချင်ပချင်တဲ့ စိတ်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ချစ်တာကလည်း ယောက်ကျားတစ်ယောက်ပါပဲ။ လူသားတွေကြားမှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ ကျွန်တော် သူ့ ကိုချစ်တယ်။ အချစ်ဆိုတာလေးကိုပဲ ခင်ဗျားတို့ မြင်ကြည့်ပါ။ ကျွန်တော်ဟာ မိမိကိုယ်ကိုယ်လိမ်ညာပြီး ကိုယ့်ပတ်ဝန်းကျင်ကို လိမ်ညာပြီး အသက်ရှင်ရတာထက် ကျွန်တော်တို့ ဖြစ်တည်လာတဲ့ ဘ၀ကို ရိုးသားစွာ ၀န်ခံပြီး ရှင်သန်ရတာကို ပိုတန်ဖိုးထားမိပါတယ်။ ကျွန်တော် သူ့ ကို ချစ်တယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်။ ဒါကို အပြစ်လို့ ပြောရင် အချစ်က ကျွန်တော်တို့ ဘက်က ရပ်တည်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
အမွန်
၂၈ ၆ ၂၀၁၂။
Tuesday, October 2, 2012
April Drama
စိမ်းစိုတဲ့တောအုပ်
ညတစ်ည လသာသာ
တဝေါဝေါကျနေတဲ့ ရေတံခွန်ရှိတဲ့မြစ်တစ်စင်း
သူငယ်ချင်းသုံးယောက်
x           x           x
"ငါတို့လာတဲ့ နှစ်ရက်အတွင်း ဒီနေ့မနက်ဘဲ ရာသီဥတုက နွေးတာနော်" ကျွန်တော်တစ်ယောက်ထဲ ကိုယ့်ဖာသာပြောသလိုမျိုးခပ်တိုး တိုးပြောမိပါတယ်။ သစ်တောအုပ်ကြီးရဲ့ လမ်းသွယ်လေးထဲ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်နှင့် အတူ လျှောက်လာတဲ့အချိန်လေး မှာပေါ့နော်။
"ရေတွေ နွေးနေပါစေဆုတောင်းရမှာပဲကွ" မင်းမင်းကပြန်ပြောတယ်။ ခေါင်းပေါ်ကို မော့ကြည့်လိုက်ပြန်တော့ စိမ်းမြမြသစ်ပင်ကြီးရဲ့ ထိပ်ဖျားဟာ တမျှော်တခေါ်ကြီး ကြယ်တွေကို ထိနမ်းနေသလားပဲ။ 
တဝေါဝေါကျနေတဲ့ ရေတံခွန်ကြီးဆီက ရေတွေ စီးကျနေသံကြောင့် ကျွန်တော့်ရင်ခုန်သံတွေ ပိုမြန်လာသလို ခံစားရကာ ပျော်ရွှင်စိတ်ကလည်း ကခုန်မြူးတူးလာမိပါပြီ။ ညအချိန်မှာ ရေကူးရခြင်းဟာ ကျွန်တော်တို့ရဲ့ အကြိုက်ဆုံးနွေရာသီ အပန်းဖြေနည်းတစ်ခုဖြစ်လာနေပြီဆိုရမှာပေါ့လေ။
"ငါ့ကောင်တွေ တခြားဘက်ကို သိပ်မသွားနဲ့နော်" ကျွန်တော်ရေပြင်ကို ခြေထောက်လေးနှင့် အသာစမ်းသပ်၊ အပေါ်က ဘောင်းဘီတို ကော၊ အတွင်းခံဘောင်းဘီကိုရော ချွတ်ပစ်လိုက်တယ်။ ရေက သက်သောင့်သက်သာကူးလို့ရတဲ့ အနွေးဓာတ်ရှိနေတော့ ကျွန်တော် သည် အဦးဆုံးရေကူးသမားဖြစ်ခဲ့သပေါ့။ ညလေးဟာတော်တော်လှတဲ့ ညတစ်ညပါပဲဗျာ။ လပြည့်ညဖြစ်တာကြောင့် လမင်းကြီးဟာ ပြည့်ပြည့်ဝိုင်းဝိုင်းနဲ့ ကောင်းကင်ထက်မှာ ချိတ်ဆွဲနေသလို လေထုဟာလည်း ခပ်နွေးနွေး တိုတ်ခတ်နေရဲ့။ အ၀တ်မပါတဲ့ ကိုယ်ခန္ဓာ အရေပြားနဲ့ ရေနွေးနွေးထိနေရတာ အကောင်းဆုံး ခံစားမှုပါပဲ။ ကျွန်တော် ရေအသာကူးသွားရင်း တစ်ဖက်ကမ်းစပ်က သဲပြင်ကိုခြေ ထောက်မိပြန်တော့ နေ့အချိန်က ပူခဲ့တဲ့နေရှိန်ကြောင့် သဲပြင်အပူရှိန်လေးက မဆိုးရွားပါဘူး။
မြတ်သူက အ၀တ်မပါဘဲ ရေထဲဆင်းကူးတာနောက်ဆုံးဖြစ်သလို ကျွန်တော့်ဘေးကိုရောက်လာတော့လဲ မောမောနှင့် အသက်ရှူနေ လေရဲ့။ကျွန်တော်တို့သုံးယောက် တစ်ယောက် အသက်ရှူသံတစ်ယောက်ကြားရတဲ့ အနေအထားနဲ့ သဲပြင်ပေါ်လှဲလျောင်းကြရင်း ကောင်းကင်ပေါ်က ကြယ်တွေကို ရေတွက်ကြပါတယ်။
"ငါတို့မြစ်ရဲ့အလယ်နားက ကျောက်ဆောင်ကြီးဆီ ကူးသွားရအောင်လေ၊ နေပူခဲ့ရင်တော့ နွေးနေဦးမှာကွ" မြတ်သူက အကြံပေးတယ် ရုတ်တရက်။ 
ကျွန်တော် အဦးဆုံးမတ်တပ်ရပ်လိုက်ကာ သူ့တောင်းဆိုချက်ကို သဘောတူလိုက်တယ်။ မြတ်သူနှင့် မင်းမင်း ဘေးချင်းယှဉ်လျှောက်ကာ ကျွန်တော့်နောက်က လိုက်လာကြတယ်ဗျ။
"ငါ့ကောင် မင်းတင်ပါးကြီး ရေထဲပေါလောပေါ်နေတယ်နော့" မင်းမင်းက အမှောင်ရိပ်သန်းနေတဲ့အချိန် ရေထဲကူးနေတဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အနေအထားတွေကို သုံးသပ်မိတယ်ထင်ပါရဲ့။
"ရေပေါ် ပေါ်မနေအောင်တော့ ကြိုးစားကူးတာပဲလေကွာ ပေါ်နေတာတော့ မတတ်နိုင်ဘူး" ကျွန်တော်လည်း ရှက်ရှက်နှင့် ပြန်ပြောလိုက် ရတာပေါ့နော်။
ကျွန်တော်တို့ ကျောက်ဆောင်ကြီးရှိရာဆီ ဘေးချင်းယှဉ် ကူးသွားကြတယ်။ ဒီတစ်ခါတော့ ခပ်ဖြည်းဖြည်းနဲ့ လွတ်လွတ်လပ်လပ် အ၀တ်မပါရေကူးကြခြင်းလေ။ မင်းမင်းနှင့် မြတ်သူတို့ ကျောက်ဆောင်ကြီးပေါ် အရင်တွယ်တက်လိုက်ကြတယ်။ ပြီးတော့ လှဲလျောင်း အမောဖြေရင်း ကျောက်ဆောင်ရဲ့ အပူငွေ့ကို သဘောကျနေကြတာတော့အမှန်။
"Felling တော်တော် good နော်၊ ဒါကြီးက ပူနွေးနေတုန်းပဲကွ" မင်းမင်းက စကားစပြောတယ်။ 
ကျွန်တော်လည်း ကျောက်ဆောင်ပေါ် တွယ်တက်လိုက်ကာ သူတို့လှဲလျောင်းတဲ့ ပုံစံအတိုင်းလှဲကြည့်လိုက်ပါတယ်။ ပူနွေးနေတဲ့ ကျောက်ဆောင်ပေါ် မှောက်ထားတာဆိုတော့ ကျွန်တော့်ငပဲဟာ တဖြည်းဖြည်းနဲ့ မတ်လာရတာပေါ့နော်။ တကယ့်ကိုမိုက်တယ်။ မင်းမင်းနှင့် မြတ်သူ ပက်လက်လှန်လှဲလျောင်းလိုက် တော့ သူတို့ငပဲတွေဟာလည်း မတ်မတ်ထောင်နေတာကို ကြယ်ရောင်အလင်းနှင့် မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ရင်းနှီးနေလို့လားမသိ ရှက်စိတ် မဖြစ်ပေါ်မိကြတော့ပါဘူး။
"ကျောက်ဆောင်က နွေးနေတော့ မင်းတို့ -ီးတွေကိုလည်း သူ့လိုမာအောင် လုပ်တယ်ထင်ရဲ့" ကျွန်တော်က လှမ်းစလိုက်တယ်။
"ဟုတ်တယ်၊ မင်းလဲ -ီးတောင်နေပြီဆိုတာ ငါလောင်းရဲတယ်ကွာ" မြတ်သူက စကားခွန်းတုန့်ပြန်တယ်။ 
ဟုတ်တော့လည်းဟုတ်တယ်လေ ကျွန်တော့်စိတ်တွေ ထန်နေပြီပဲ။
"ငါတော့ ရေထဲပြန်ဆင်းစိမ်ပြီး အေးအောင်လုပ်မှထင်တယ်" ကျွန်တော်ရေထဲ လျောဆင်းရင်း အရှက်ပြေလုပ်သလိုလိုဟန်ဆောင်လိုက် တယ်ပေါ့နော်။ ရေထဲဆင်းသာဆင်းလိုက်ရတာ ငပဲက ခေါင်းမငြိမ်ချင်သေးဘူး ခေါင်းထောင်တုန်းဆိုတော့ ရေထဲမမြှုပ်အောင်သာ ခြေထောက်ကို လှုတ်ခပ်နေရတယ်။
ရုတ်တရက် ကျွန်တော့်နောက်ဖက်ကနေ ခုန်ဆင်းသံနှင့်အတူ ရေထဲကိုဆွဲမြှုပ်ခံရပါတယ်။ ကျွန်တော့်ကို တိုက်ခိုက်သူ မင်းမင်းအား ပခုံး ပေါ်ကနေဆွဲကိုင်ပြီး သူ့ကိုပြန်လည်လုံးထွေးလိုက်ပါရဲ့။ မင်းမင်းတစ်ယောက် သက်လုံမကောင်းစွာ ဟောဟဲဖြစ်နေပြီးသကာလ ရေ မျက်နှာပြင်ပေါ် ကျွန်တော့်နောက်ကပေါ်လာတယ်လေ။ မြတ်သူကလည်း ရေထဲ ခုန်ဆင်းလာကာ ကျွန်တော်တို့နှစ်ဦးသား လုံးထွေး ပွဲကို ပူးပေါင်းလိုက်တယ်ဗျ။ တစ်ကြိမ်တော့ မြတ်သူကနောက်ဘက်ကနေသိုင်းဖက်ပြီး ချုပ်တာမှာ ကျွန်တော့်တင်ပါးတွေကို တစ်ခုခုက ဖိ ထောက်နေသလို ခံစားရသား။ အား....သူ့ငပဲမာမာက ဟိုထိုးသည်တိုးနှင့် ကျွန်တော့်အောက်ပိုင်းနေရာအနှံ့ကိုလေ။ ကျွန်တော့်ခြေ ထောက်တွေကို လှုပ်ရမ်းနေရတာကြောင့် တင်ပါးတွေနှင့် သူ့ကိုပြန်ပွတ်သပ်နေသလို ဖြစ်နေတာဆိုတော့ သူနှင့် မျက်နှာခြင်းဆိုင်လို့ ရအောင်လှည့်လိုက်တယ်။ ပြီးတော့ သူ့ပေါင်တစ်ချောင်းကိုဆွဲကာ ဟန်ချက်ပျက်အောင်လုပ်လိုက်တာ ခပ်မာမာ သူ့ငပဲက ကျွန်တော့် ပခုံးသားတွေကို တို့ခတ်ပါရော။ နောက်တော့ ကျွန်တော့်ငပဲသည်လည်း ပြန်မာတောင့်လာရကာ မင်းမင်းကော ဘယ်လိုများရှိမယ်ဆိုပြီး သူ့ နောက်ဖက်ကနေ ကျွန်တော်သိုင်းဖက်ကာပြန်လုံးထွေးမိလိုက်ပြန်သေးတာပါပဲ။
"အိုကေ ငါတော်ပြီကွာ" ကျွန်တော်ကစားပွဲကိုရပ်လိုက်ပြီး ကျောက်ဆောင်ပေါ်ဆွဲတက်လိုက်ပါတယ်။ မင်းမင်းနှင့် မြတ်သူလည်း ကျွန်တော့်နည်းတူပေါ့ဗျာ။ ကျွန်တော့်ငပဲဟာ မတ်ပြီးထောင်နေတာများ ချက်ကိုလမ်းညွှန်နေသလားထင်ရတယ်။ မင်းမင်းနှင့် မြတ်သူ သည်လည်း အလားတူ ပြဿနာရင်ဆိုင်ရတယ်ထင်ပါရဲ့ မျက်နှာတွေက တစ်မျိုးတစ်မည်။
"ငါတော့ တစ်လျော့လောက်ထုတ်မှဖြစ်မယ်ထင်တယ်ကွာ" ကျွန်တော်ပြောလည်းပြော ငပဲကိုဆုပ်ကိုင်ကာ စတင်လှုပ်ရှား လက်ကစား လိုက်ပါတယ်။
"ငါလည်း အတူတူပဲ" မင်းမင်းက သဘောညီတယ်။
မြတ်သူက ဘာစကားမှ မပြောဘဲ သူ့ငပဲကိုသူကိုင်ကစားနေတာလေ အဟိ။ ကျွန်တော်တို့တွေ ပူနွေးတဲ့ ကျောက်ဆောင်ပေါ်လှဲလျောင်း ကြယ်တွေဆီ မျက်နှာမူကာ ကိုယ့်ငပဲနှင့်ကိုယ်အလုပ်များနေကြတယ်ပေါ့နော် ပြောရရင်တော့။
"ငါရေထဲ ပြန်ဆင်းဦးမယ်ကွာ...အဲ့ဖီလင်ကမိုက်တယ်။ ဘယ်သူလိုက်မလဲ"
ကျွန်တော် တစ်ဆင့်နိမ့်ကျောက်ဆောင်ဘေးက ခြေနဲ့ထောက်မိတဲ့သဲပြင်ပေါ် လျောဆင်းလိုက်တယ် ကိုယ်တစ်ပိုင်းကိုတော့ ကျောက် ဆောင်လေးပေါ် အပေါ်ပိုင်းမှေးတင်ထားရင်းပေါ့။ မင်းမင်းလည်း ကျွန်တော့်လိုပဲ အောက်ပိုင်းရေလိုက်စိမ်တယ်ဗျ။
"ဒီဖီလင်က အရမ်းကောင်း...အာ" ကျွန်တော်ရေထဲမှာ လက်ကစားနေရင်းပြောမိတယ်။ မင်းမင်းရဲ့တုန့်ပြန်စကားသံက "အာ...အ..ရှီး" တဲ့ ကျွန်တော်နှင့် လက်မအနည်းငယ်သာကွာတဲ့ နေရာမှာ -ွင်းထုရင်းပေါ့။ 
ကျွန်တော်တို့နှစ်ဦးသား ရေထဲမှာ ကောင်းနေကြသလို မြတ်သူက ကျွန်တော်တို့ရောက်နေတဲ့ကျောက်ဆောင်လေးရဲ့ အနောက်ဘက်က ကျောက်ဆောင်ပေါ်မှာ တစ်ယောက်တည်း လှဲ လျောင်းရင်း အလုပ်များနေပါတယ်။ မင်းမင်း ကျွန်တော့်အနား တိုးကပ်လာရင်းကြိုတင် သတိပေးခြင်းမပြုဘဲ ကလိထိုးကာ ရေထဲ ပြုတ်ကျအောင် သူလုပ်တယ်။ ကျွန်တော် လက်ကိုခိုင်ခိုင်ထား တွယ်ကပ်ထားလိုက်တာကြောင့် နောက်ဆုံး သူ ကျွန်တော့်အထက်နားက ကျောက်ဆောင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ရင်း အဆုံးသတ်လိုက်ရပါတယ်။ အဝေးကိုတော့ မရွေ့နိုင်ပါဘူး ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က သူ့ငပဲကိုလှမ်းဆွဲလိုက်တာကြောင့်ပေါ့။ 
ကျွန်တော်ကလည်း ယောင်ယမ်းဆွဲကိုင်မိသလို သူကလည်း ယောင်ယမ်းပြီးနောက်ကို နည်းနည်းဆုတ်လိုက်သေးတယ်။ ပြီးတော့မှ ခပ် နိမ့်နိမ့်ကျောက်ဆောင်ပေါ် တစောင်းလှဲထိုင်လိုက်တယ်ဗျ။ ကျွန်တော် သူ့ငပဲခပ်တုတ်တုတ်ကို နည်းနည်းညှစ်ပြုလိုက်ပြီး ခဏကြာတော့ လက်ကစားပေးမိရော။ သူကလည်း ရေစပ်မှာ ရပ်နေဆဲ ကျွန်တော့်ငပဲရှိရာကို လက်လှမ်းပြီး ပြန်လည်ပွတ်သပ်ကစားပေးပါတယ်။ မင်းမင်းနှင့် ကျွန်တော် စကားဆက်မဆိုမိကြပါဘူး နှစ်ဦးသား လက်ကစားနေကြရင်း နှုတ်ဖျားကခပ် တိုးတိုး ညည်းညူနေတာကလွဲ လို့လေ။
"မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ" မြတ်သူတစ်ယောက် လှမ်းမေးလိုက်သံက အသက်ရှူသံပြင်းပြင်းလိုမျိုး ခပ်လေးလေး။ ကျွန်တော်တို့နှစ်ဦးသားက ပူးကပ်နေသလိုဖြစ်နေတာကိုမြင်မိတာကြောင့် သူလှမ်းမေးလိုက်ဟန်တူပါတယ်။ 
"ဟေ့..တစ်ယောက်နှင့် တစ်ယောက် -ုပေးနေကြတာလား"
"ဟုတ်တယ် ဘာဖြစ်လို့လဲ မနာလိုနေတာလား" ကျွန်တော် မင်းမင်းငပဲကို မလွတ်တမ်းဆုပ်ကိုင်ထားရင်း ပြန်ဖြေလိုက်တယ်။ "ဒီကို လာခဲ့လေ မြတ်သူ ငါတို့သုံးယောက်ထိုင်လို့ရပါတယ် ကျောက်ဆောင်က" မင်းမင်းကလည်း စကားပြန်လုပ်တယ်။
မြတ်သူ သူလှဲနေတဲ့ ကျောက်ဆောင်ပေါ်ကနေ ဆင်းလာပြီး ကျွန်တော်တို့ရှိနေတဲ့ တစ်ဆင့်နိမ့်ကျောက်ဆောင်လေးဆီ လှမ်းလာတယ်။ ရေထဲရပ်နေတဲ့ ကျွန်တော့်ကို တင်ပါးတွေကနေပင့်ကိုင်ပြီး မင်းမင်းရှိနေတဲ့ကျောက်ဆောင်ပေါ်ကိုတက်စေသလို သူလည်း နောက်က တက်လာတယ်။ ပြီးတော့ မင်းမင်းငပဲကို ဆက်ကိုင်ပြီး မလွတ်တမ်း-ု ပေးမိနေတဲ့ ကျွန်တော့်အနားထက် မင်းမင်းအနားကိုကပ်သွား ဟန်က မင်းမင်းလက်ကစားပေးတာကို ခံစားချင်လို့ထင်တာပဲ။
သုံးဦးသား စက်ဝန်းတစ်ခုလို ဖြစ်သွားတာပေါ့နော်။ မြတ်သူရဲ့လက်တစ်ဖက်က ကျွန်တော့်ကိုယ်ပေါ်ရောက်လာပြန်တော့ နုညံ့တဲ့လက် ကြောင့် စိတ်လှုပ်ရှားမှု ပိုဖြစ်ရပြန်ရော။ သုံးယောက်သား ၁၅မိနစ်လောက် ကိုယ်စီအပြန်အလှန် လက်ကစားပေးမိကြပြီးနောက် မင်းမင်း က မြတ်သူ့ငပဲကိုလွှတ် ကျွန်တော့်ဆီကို တိုးကပ်လာတယ်ဗျ။ မင်းမင်းမျက်ဝန်းတွေက ထူးဆန်းတယ်လို့ ခံစားမိရတဲ့ခဏမှာပဲ မင်းမင်း ဦးခေါင်းက ကျွန်တော့်ငပဲရှိရာကို ငုံ့ကိုင်းပြီးနောက် blow me!
"အိုး...shit!.မင်းမင်း...အင်း... "ကျွန်တော်ကြုံဖူး ရမိခံစားဖူးတဲ့ blowjob တွေထဲက အကောင်းဆုံးအပြုအစုပဲလို့ရရှိခံစားမိပါတယ်။ မြတ်သူက မင်းမင်းပေါင်ခြံရှိရာကို ခေါင်းငုံ့ပြီးသကာလ သူလည်း တလှုပ်လှုပ်။ မင်းမင်းက ကျွန်တော့်ရဲ့အစွမ်းကုန်မာတောင်နေတဲ့ငပဲကို သူ့ ပါးစပ်ကချွတ်လိုက်ပြီး မြတ်သူ့ကိုမျှဝေလိုက်တယ်။ 
"Mmmhuhh....ohh...မြတ်သူ" မင်းမင်း blowjob လုပ်တာထက် တစ်မျိုးထူးတဲ့ မြတ်သူရဲ့စွမ်းဆောင်မှုကလည်း ပိုမိုစွမ်းပါတယ်။ မင်းမင်းက ကျွန်တော့်ငပဲကို သူ့ပါးစပ်က ချွတ်တာနှင့် တပြိုင်နက် ခပ်ရှည်ရှည် မြတ်သူ့ငပဲကို သူ့အာခံတွင်းထဲ အဆုံးထိထည့်နိုင် အောင်ကြိုးစားသား။ ခဏကြာတော့ ကျောက်ဆောင်မျက်နှာပြင်ပေါ်မှောက်လျက်အနေအထားဖြစ်နေဆဲ မင်းမင်းအောက်ပိုင်းရှိရာဆီ မြတ်သူ သူ့ကိုယ်ခန္ဓာကို ရွှေ့သွားတယ်။ ပြီးတော့ မင်းမင်းတင်ပါးနှစ်ဖက်ကို အသာဟကာ လျှာကျွေးပါရော။ မင်းမင်း ခါးတစ်ချက် ကော့ကာ အော်ညည်းတာ သိပ်မကြာဘဲ ကျွန်တော့်ငပဲ တရမ်းရမ်းကို သူ့ပါးစပ်ထဲ ဆွဲငုံပါတော့တယ်။ ကျွန်တော့်မျက်လုံးတွေ ခဏ တာမှေးမှိတ်ပြီး ပြန်ဖွင့် လိုက်ချိန်မှာတော့ မင်းမင်းတစ်ယောက် ကျောကော့နေသလို မြတ်သူမှာလည်း လှေကြီးထိုးနည်းနဲ့ တပြုန်းပြုန်း လှုပ်ရှားနေပါပြီ။ ဟုတ်တယ် မြတ်သူ....မင်းမင်းကို တရစပ် -ိုးနေပြီလေ။
"အို...အို....အို...shit!!.အား...." မင်းမင်း နှုတ်ဖျားက တရစပ်အော်ညည်းနေသလို မြတ်သူကလည်း ခပ်ပြင်းပြင်းဆောင့်ချက်တွေနှင့် လှုပ်ရှားနေပါတယ်။ မင်းမင်းစိတ်တွေထန် ဘာလုပ်ရမှန်းမသိဖြစ်ကာ ကျွန်တော့်ငပဲကို ပါးစပ်ထဲပြန်သွင်းကာ တပြွတ်ပြွတ် စုပ်မျိုရော။ အား...ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်း ရင်ခုန်သံရပ်စေမယ့် အချိန်အခါမျိုးလဲဆိုတာ ပြောပြလို့မရဖြစ်နေတယ်ဗျာ။
"အင်း...အင်း....အ...ရှီး...ငါ...ငါ....ပြီးတော့မယ်" မြတ်သူ သူ့ခါးကို စက်သေနတ်ဆွဲသလိုပစ်နေရင်းမှ နှုတ်ဖျားက မွတ်သိပ်နေတဲ့ လေ သံမျိုးနှင့်ပြောပါတယ်။ တဖြည်းဖြည်းနှင့် မြတ်သူ့ဆောင့်သွင်းချက်တွေနှေးကွေးပြီး ရပ်ဆိုင်းသွားတော့ "ငါ့အလှည့်ကွာ" ကျွန်တော်အဲလို ပြောပြီး မင်းမင်းနောက်ပိုင်းကိုရွေ့လိုက်တယ်။ မင်းမင်းကို doggy style နေခိုင်းလိုက်ပြီးနောက် ခါရမ်းနေတဲ့ ကျွန်တော့်ငပဲကို တဖြည်း ဖြည်းချင်း တွင်းအောင်းခိုင်းလိုက်တာပေါ့နော်။
"အိုး...မိုက်တယ်...ညှစ်ပေးတာကောင်း....အ" မင်းမင်းခရေကြွက်သားတွေက အထုတ်အသွင်းလုပ်နေဆဲ ကျွန်တော့်ငပဲကို ဖျစ်ညှစ်မှု ပြုလုပ်ပေးတာကြောင့် ပိုမိုစိတ်ကြွရပါတယ်။ ဒီလိုဆို အမြန်ပြီးသွားနိုင်တာကြောင့် အသာလေးဖွ ပြန်ပြီးငပဲကို ဆွဲထုတ်ကာ သူ့ကို ပက် လက် လှဲခိုင်းလိုက်မိရဲ့။ သူ့ခြေနှစ်ချောင်းကို ကျွန်တော့်ပခုံးပေါ်တင် ခပ်ဟဟဖြစ်သွားတဲ့ ခရေ၀ထဲ ကျွန်တော့်ငပဲကို တဆုံးဖိ ထည့် လိုက်ပါ တယ်။ တစ်ချက်တစ်ချက် ဖိဖိထည့်လိုက်တိုင်း သူ့ငပဲကလည်း twist ဖြစ်ဖြစ်သွားတာကြောင့် ကျွန်တော့်လက်နှင့်အသာ ဆုပ်ကိုင်လိုက်ရင်း တပြိုင်တည်းလို လက်ကစားပေးဖြစ်သည်ပေါ့။
"ငါပြောတဲ့အချိန် မင်းလည်းပြီးအောင်လုပ်နော်" ကျွန်တော်သူ့နားရွက်နား တိုးကပ်ပြောလိုက်သေးတယ်။
ကျွန်တော့်ငပဲထဲ တဆစ်ဆစ်နှင့် ပြီးချင်သလိုလိုဖြစ်လာတာကြောင့် ခပ်မြန်မြန်လေးဆောင့် -ိုးရင်း မင်းမင်းနားရွက်နား နှုတ်ခမ်းသား တွေနှင့် ပွတ်သပ်ရင်း "ohh...Ohhh....Ohhho...hoohh...huhu....uhh...အာ...ငါပြီးပြီ...အ" လို့ညည်းညူရင်းမှာ သူ့ငပဲကိုလည်း ခပ်သွက်သွက် စည်းချက်ညီ မွတ်သိပ်စွာ ကစားပေးလိုက်ပါတယ်။
"အိုး.....Fuck...အား..အား"မင်းမင်းနှင့် ကျွန်တော် တပြိုင်တည်းလို အော်ညည်းမိတာက ကျွန်တော့်ရင်အုပ်တွေ ပူနွေးရွှဲစိုသွားချိန်နှင့် မင်းမင်း ခရေ၀ထဲအဆုံးထိငပဲကိုကော့သွင်းလိုက်တဲ့ ကျွန်တော့်လှုပ်ရှားမှုတွေ တိုက်ဆိုင်သွားတဲ့အချိန်ကိုက်ပါ။
ကျွန်တော်တို့ သုံးယောက်သား ကျောက်ဆောင်မျက်နှာပြင်ပေါ်မှာ စကားမပြောဘဲ အတန်ကြာလှဲလျောင်းငြိမ်သက်နေမိကြပါတယ်။ ဘယ်လောက်သာယာလိုက်တဲ့ အချိန်အခါပါလိမ့်နော်။
x           x           x
ကျွန်တော်တို့ ကားရှိရာကို ပြန်လာတဲ့ လမ်းတလျှောက် ကျွန်တော့်စိတ်တွေ မသိုးမသန့်ဖြစ်လာတယ်ဗျ။ လေထုတဲက သတိပေးချက် တွေလွှင့်နေတဲ့ အသံတွေကို ကြားနေရသလိုပဲ။ ပြီးတော့ သွေးညှီနံ့လိုလို။
ဟော..ခပ်လှမ်းလှမ်းတောစပ်က ဘာသံများလဲ? ကျွန်တော်တို့အချင်းချင်း ကြည့်မိလိုက်တော့ သူတို့လည်းအလားတူ သံသယမကင်း ဖြစ်နေကြဟန် မျက်လုံးများက ခပ်ဝိုင်းဝိုင်းပါ။
ကားဆီအရောက် ကားတံခါးကို ဆွဲအဖွင့် ကားခေါင်မိုးပေါ်က ဘာ... 
"အား!!!!!!!"
Alex Aung (2 Oct 2012)
Monday, October 1, 2012
သတ္တုကြိုးတစ်မျှင်...နူးညံ့ခိုင်မြဲစွာ
မြို့ ကလေးက အရမ်းကို အေးချမ်းတိတ်ဆိတ်နေတယ်။ ကျွန်တော့်ကို မေမေ မွေးခဲ့တုန်းက ဒီလို ဆောင်းနံနက်ခင်း နှင်းဖွဲဖွဲကျနေတဲ့ အချိန် ဒီမြို့ ကလေးရဲ့ တိုက်နယ်ဆေးရုံလေးမှာပေါ့။ မေမေဟာ သူတစ်ယောက်တည်းရဲ့ အားနဲ့ ကျွန်တော့်ကို လူ့ လောကကြီးထဲ ခေါ်ဆောင်လာခဲ့သူပါ။ ကျွန်တော့်ကို ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကိုတောင် ဖေဖေ့ဆီ မေမေကြေးနန်းနဲ့ လှမ်းပြောခိုင်းခဲ့ရတာ..။ ဒါကို မသိခင် ၁ ပတ်ကလေးကတင် ဖေဖေရှေ့ တန်းစစ်မြေပြင်ကို ထွက်သွားခဲ့ရတာတဲ့လေ။ မေမေက ဒီအကြောင်းတွေကို ကျွန်တော် သိတတ်တဲ့ အရွယ်မှာ ပြန်ပြောပြခဲ့တာပါ။ အဲဒီတုန်းက မေမေ့ ပါးပြင်မှာ မျက်ရည်စတွေ စိုစွတ်နေပေမယ့် မေမေရဲ့ မျက်ဝန်းတွေက အရမ်းကို အရောင်ကင်းမဲ့ စွာ တည်ငြိမ်နေခဲ့တာကို ကျွန်တော် သတိထားမိခဲ့တာပေါ့။ မေမေက အဲဒီကတည်းက စိတ်ဓါတ်သိပ်ခိုင်မာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်၊ ကျွန်တော့်အတွက် စံပြမိခင်တစ်ယောက်အဖြစ်၊ ကျွန်တော်လေးစား အားကိုးရတဲ့ မိခင်တစ်ယောက် အဖြစ် အဲဒီမြို့ ကလေးမှာ ရှင်သန်ရစ်နေခဲ့တယ်။ ခုတော့ မေမေ အငြိမ်းစားယူပြီး နောက် အဲဒီမြို့ ကလေးမှာပဲ ဘော်ဒါဆောင်တစ်ခုကို ကိုယ်တိုင်အုပ်ချုပ်ရင်း သူနှစ်သက်တဲ့ စာသင်ကြားခြင်းအလုပ်ကို လုပ်နေတုန်း။ ကျွန်တော်ကလည်း မေမေ့သွေးတွေနဲ့ လူဖြစ်လာပြီး မေမေလို့ ပဲ ဆရာအလုပ်ကို ရွေးချယ်ခဲ့တယ်။ မေမေကတော့ ကျွန်တော် ၁၀ တန်းအောင်တုန်းက စစ်တက္ကသိုလ် တက်ချင်လား သား လို့ မေးဖူးတာ တစ်ခုလောက်သာ ဖေဖေနဲ့ ပတ်သတ်တဲ့ မေမေရဲ့ မေးခွန်းအဖြစ် ကျွန်တော် မှတ်မိနေသေးတယ်။ ဟင့်အင်းမေမေ ဆိုတာထက်ပိုပြီး ကျွန်တော် ဘာမှပို မပြောဖြစ်ခဲ့ဘူး။ ဘ၀ခရီးမှာ အတိတ်ကို အမြဲတမ်းသယ်ဆောင်မသွားဖို့ မေမေ ကျွန်တော့်ကို ငယ်ငယ်ကတည်းက ဆုံးမခဲ့ဖူးတာပဲ။ ကျွန်တော်ဟာ မေမေလိုပဲ စိတ်ဓါတ်ခိုင်မာတဲ့ သားတစ်ယောက်ဖြစ်စေရမယ်လို့ မေမေ တီးတိုးရေရွတ်ပြီး ကျွန်တော့်ရဲ့ စိတ်ဓါတ်ခွန်အားတွေကိုလည်း မေမေပဲ ဖန်ဆင်းပေးခဲ့တာ မဟုတ်လား။
ကျွန်တော့် အိမ်ကလေးဆီကို လမ်းလျှောက်ပြန်နေတဲ့ အချိန်လေးမှာ အတွေးတွေဝင်နေတာနဲ့ သူ့ ကိုတောင် မေ့သွားခဲ့တယ်။ မနက် ၅ နာရီလောက်ကို မြို့ ကလေးရဲ့ အ၀င် ဘီအိုစီ ဂိတ်ဟောင်းမှာ ကျွန်တော်တို့ ဆင်းပြီး လမ်းလျှောက်လာခဲ့ကြတာ။ အိမ်ကို နည်းနည်းတော့ လှမ်းပေမယ့် မေမေ့ ကို လာမကြိုဖို့ ကျွန်တော်ပြောထားခဲ့တာ။ ကျွန်တော်   မေမေ့ဆီကို   ပြန်လာတိုင်း   မြို့ ကလေးရဲ့   လမ်းမတန်းကို ဖြတ်ပြိးတော့ ကျွန်တော့်အိမ်ကလေးဆီကို လမ်းလျှောက်သွားရတာကို အရမ်းနှစ်သက်ခဲ့တာ။
" ဦးငယ်....မရောက်သေးဘူးလားဗျ။ ကျွန်တော် မောနေပြီ။ ချမ်းလည်း အရမ်းချမ်းနေပြီ။ ဦးငယ် အိတ်ကြီးကလည်း လေးတယ်"
ဟုတ်သားပဲ ကျွန်တော်ကသာ အတွေးတွေနဲ့ ကိုယ့်မြို့ ကလေးကို ပြန်လာရလို့ တက်ကြွပြီး ရှေ့ ကနေ လျှောက်နေလိုက်တာ သူ့ ကို ကြည့်မိတော့ ကျွန်တော့် ခရီးဆောင် အိတ်ကြီးက တစ်ဖက်၊ သူ့ အ၀တ်အစား ကျောပိုးအိတ်ကြီးကိုလည်း လွယ်ပြီး မေမေတို့ အတွက် ၀ယ်လာတဲ့ J Donus မုန့် တွေထည့်ထားတဲ့ လက်ဆွဲအိတ်ကြီးက တစ်ဖက်နဲ့ မျက်နှာက အတော်လေးရှုံ့ တွလို့ နေပါတယ်။ တောင်ပေါ်ဆောင်းရဲ့ အအေးကိုလည်း တခါမှ မထိတွေ့ ဖူးတော့ မေးက တဂတ်ဂတ်ရိုက်နေတယ်။ ကျွန်တော် အတော်လေးရယ်ချင်သွားတယ်။ သူ့ လက်ထဲက အိတ်တွေအကုန်လုံး ယူသယ်ပြီးတာတောင်မှ သူ့ ခြေလှမ်းတွေက တုံ့ နှေးနေတုန်း။
"လာပါကွာ ရောက်တော့မှာပါကွ။ မြေနီလမ်းကလေးကို လှမ်းမြင်နေရပြီ။ လာ.....လေကို တ၀ကြီးရှုကြည့်စမ်းကွာ...ဒီလိုမျိုး မင်းတို့ ရဲ့ မဟာ ရန်ကုန်မြို့ ကြီးမှာ ဘယ်တော့မှ မရနိုင်ဘူးကွ။ ဘယ်လောက် လတ်ဆတ်သန့် ရှင်းလိုက်သလဲလို့ ။ "
ပြောပြော ဆိုဆို မျက်နှာကို မော့ပြီး အေးစိမ့်နေတဲ့ လေတွေကို အဆုတ်ထဲ ရောက်သွားတဲ့ အထိ တ၀ကြီးရှုသွင်းလိုက်တယ်။ သူကလည်း ကျွန်တော်လုပ်သလို လိုက်လုပ်ပါတယ်။ ပြီးတော့ အနည်းငယ် လန်းဆန်းတက်ကြွလာပုံနဲ့ ကျွန်တော့်နောက်ကို အပြေးလိုက်လာခဲ့တယ်။
အိမ်ရောက်တော့ အိမ်ရှေ့ အ၀င်က ခွာညိုပန်းရုံလေး အောက်က ခုံတန်းရှည်လေးမှာ မေမေထိုင်စောင့်နေပါတယ်။ မေမေ က ကျွန်တော့်ကို တွေ့ တော့ လှမ်းပြုံးပြတယ်။ မေမေအပြုံးက အမြဲ အေးချမ်းတယ်။ ဒါပေမယ့် ဘယ်လောက်ပျော်စရာရှိရှိ မေမေ အားရပါးရ ရယ်လိုက်တယ်လို့ မတွေ့ ဖူးဘူး။ မေမေက အရာရာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အိနြေ္ဒကြီးစွာနေတတ်ပေမယ့် ကျွန်တော်မေမေ့ မျက်လုံးတွေကို ဖတ်တတ်ပါတယ်။ မေမေ့ နုတ်ခမ်းက အပြုံးထက် မေမေ့ မျက်ဝန်းက အပြုံးကို သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော် သိပ်သိတာပေါ့ ။ ကထိက ရာထူးတက်ပြီးကတည်းက မေမေ့ဆီပြန်မရောက်ဖြစ်တာ မေမေ ကျွန်တော့်ကို ဘယ်လောက်ထိ လွမ်းနေမလဲ ကျွန်တော်သိတာပေါ့လေ။
အိမ်ထဲရောက်တော့ အတော်လေး နွေးထွေးသွားတယ်။ မီးလင်းဖိုလေးက မီးခိုးနံ့ လေးတွေက ကျွန်တော့်ငယ်ဘ၀ကို ပြန်လွမ်းဆွတ်မိအောင်  လာရောက်လှုံ့ ဆော်နေကြတယ်။ မေမေက သူ့ တပည့်မလေး တစ်ယောက်ကို နွားနို့ ယူလာပေးဖို့ ပြောလိုက်တယ်။ ခဏနေတော့ နွားနို့ ပူပူလေး နှစ်ခွက်ယူပြီး အဲဒီမိန်းကလေး ပြန်ထွက်လာတယ်။ ကျွန်တော် သူ့ မျက်နှာကို ခုမှ သတိထားပြီးကြည့်မိတော့တယ်။
" ညို မဟုတ်လား" သူ့ အပြုံးကို မြင်လိုက်တော့ မှ သူ့ ငယ်ရုပ်ကလေးက ပိုပေါ်လာတယ်။ ဟုတ်ပါတယ် ညိုလေးသွယ် ပါလေ။ ဒီမိန်းကလေး ဒီအရွယ်တောင်ရောက်နေပြီပဲ။ ကျွန်တော် သိခဲ့တဲ့ ညိုက ၁၀ တန်းတုန်းက ကျွန်တော်စာသင်ပေးနေတဲ့ ချာတိတ်မလေး။ သနပ်ခါးပါးကွက်ကလေးနဲ့ ဆံပင်တိုကလေးနဲ့ ကလေးမလေးပဲ။ သူ ၁၀တန်းအောင်ပြီး မန္တလေးမှာ ဆေးကျောင်းတက်ဖို့ သွားလိုက်တယ် ဆိုကတည်းက ကျွန်တော်နဲ့ ပြန်မဆုံဖြစ်ကြတာ။
" သား..ညိုက ခု တောင်ကြီး စ၀်စံထွန်းဆေးရုံ မှာ တာဝန်ကျတယ်လေ။ အားလပ်ရပ်ဆို ပြန်လာပြီး မေမေနဲ့ အဖော်လာလုပ်ပေးတယ် သားရဲ့ ...သားညီမလေးက ဆရာဝန်မကြီးဆိုတော့ မေမေ့ ကျန်းမာရေး အတွက် အားကိုးနေရတာပေါ့ "
မေမေက ညို့ ရဲ့ ညိုစိမ့်စိမ့် မျက်နှာကလေးကို မော့ကြည့်ုပြီး ကျွန်တော့်ကို ပြောပြနေတယ်။ အို ဟုတ်သားပဲ ခုမှာ ကျွန်တော်လည်း သူ နဲ့ မေမေတို့ ကို မိတ်ဆက်ပေးဖို့ သတိရတော့တယ်။
"မေမေ...မိတ်ဆက်ပေးရဦးမယ်...ဒါသားရဲ့ တပည့်လေးလို့ ပြောလို့ လည်းရတယ်။ ဒသနိက ဘာသာသင်တဲ့ ကျူတာ တစ်ယောက်ပဲ မေမေ။ သားတို့ အဆောင်မှာ အခန်းဖော်ပေါ့ ။ နောက်တစ်ယောက်ကတော့ သူ့ နယ်ပြန်သွားလို့ မလိုက်လာနိုင်ဘူး။ ခန့် ညီကတော့ မိဘတွေကတော့ အမေရိကားမှာ မေမေရေ။ သူက လိုက်သွားလို့ လဲမရတော့ ဒီမှာ တစ်ယောက်တည်း ကျန်ရစ်နေတာ။ အဆောင်မှာပဲ လာနေတယ်လေ။ ညို သူ့ နာမည်က ခန့် ညီမောင်  တဲ့ "
ညို က သူ့ ကို ကြည့်ပြီး ခေါင်းကလေး ညိတ်လို့ ပြုံးပြလိုယ်တယ်။
" အော် သားမိဘတွေက ပြန်မလာကြဘူးလားကွယ်။ မိဘတွေ သက်ရှိထင်ရှားရှိနေရက်နဲ့ ဘာလို့ တကွဲတပြားဖြစ်နေကြရတာလည်း သားရယ်။ အန်တီ စိတ်မကောင်းပါဘူး " မေမေက တွေးတွေးဆဆပြောတယ်။ အမေတစ်ခု သားတစ်ခု နဲ့ မိသားတစ်စု ဖြစ်နေရတဲ့ ကျွန်တော်တို့ အနေအထားကို မေမေတန်ဖိုးထားသလို မိသားစုဆိုတဲ့ နွေးထွေးမှုကို မေမေက အပြည့်အ၀ ကျွန်တော့်ကို မပေးနိုင်ခဲ့ဘူးလို့ တခါတခါ ပြောတတ်ပြန်တယ်။ ဒါပေမယ့် ဖခင်တစ်ယောက်မရှိပဲ ကျွန်တော့်ကို သားကောင်းတစ်ယောက်ဖြစ်စေဖို့ မေမေကြိုးစားခဲ့တယ် ဆိုတဲ့ စကားကို ကျွန်တော် အသိဆုံးပါမေမေရယ်။ သူကလည်း မေမေ့ အမေးကို ဘာမှပြန်မဖြေပဲ နွားနို့ ခွက်ကိုသာ ငုံ့ ကြည့်နေတဲ့ သူ့ မျက်နှာကို ကျွန်တော်ရော မေမေပါ စိတ်မကောင်းစွာနဲ့ ကြည့်နေမိတယ်။
" ကိုမောင် က ဒသနိက ဘာသာရပ်ကို သင်တာဆိုတော့ ညို့ အတွက်ဝမ်းသာစရာပဲ။ ညိုက စိတ်ပညာကို သိပ်စိတ်ဝင်စားတာ။ ကိုမောင့်ကို ညို မေးခွန်းတွေ အများကြီးမေးမယ်နော် "
ညိုက ကလေးတုန်းက အတိုင်း မပြောင်းလဲပါဘူး။ ရိုးသားပွင့်လင်းတယ်။ သွက်လက်ချက်ချာတယ်။ ပြီးတော့ ညိုဟာ သိပ်မိန်းကလေး မဆန်လှဘူးလို့ ကျွန်တော်ထင်တယ်။ ညို့ စကားကြောင့် ကျွန်တော်တို့ စကားဝိုင်းလေး ပြန်လည် အသက်ဝင်လာတယ်။ မေမေ က ကျွန်တော်ပြန်ရောက်တုန်း ပဉ္စင်းတက်ဖို့ မေမေစီစဉ်ထားတဲ့ အစီအစဉ်တွေကို တစ်ခုပြီးတစ်ခု ပြောပြနေချိန်မှာ ညိုနဲ့ ခန့် ညီတို့ နှစ်ယောက်လည်း စကားတွေဖောင်ဖွဲ့ နေလေရဲ့ ။ ခုလို ကျွန်တော့် မိသားစုလေးနဲ့ သူ ရင်းနှီးကျွမ်းဝင်သွားဖို့ ဆိုတာ အစကတည်းက ကျွန်တော် သံသယ မရှိခဲ့ပါဘူးလေ။ ခန့် ညီမောင်  ဆိုတာ ကျောင်းမှာလည်း Public Relationship Officer တာဝန်ကို အများရဲ့ မဲဆန္ဒနဲ့ နေရာ ရခဲ့တဲ့ သူပဲ။ သူက ဘယ်သူနဲ့ မဆို လိုက်လျော ညီထွေနေတတ်တယ်။ ဖြူဖွေးနေတဲ့ သူ့ အသားအရောင်နဲ့ အနည်းငယ် ရစ်ခွေနေတဲ့ သူ့ ဆံပင်တွေ၊ နောက် သူ့ ရဲ့ စူးရှတဲ့ မျက်လုံးတွေက သူ့ ကို ချစ်သူခင်သူပေါများအောင် စွမ်းဆောင်ပေးနေလေရဲ့ ။ ညိုနဲ့ စကားပြောနေရင်း ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး လှမ်းပြုံးပြတယ်။ သူလည်း ပျော်နေတဲ့ပုံပဲ။
တစ်ည လုံးကားစီးလာရပေမယ့် ကျွန်တော် ပြန်မအိပ်နေချင်ဘူး။ အချိန်အတော်ကြာမှာ ပြန်ရောက်ရှိလာခဲ့ရတဲ့ ကျွန်တော့်မြို့ ကလေးမှာ ကျွန်တော်နဲ့ အတူ ကြီးပြင်းလာခဲ့ရတဲ့ သက်ရှိသက်မဲ့ အရာတွေ အကုန်လုံးကို ကျွန်တော် သိပ်တွေ့ ချင်နေတယ်။ ငယ်ငယ်ကလေးဘ၀က မေမေ့လက်ကိုဆွဲပြီး သွားခဲ့ရတဲ့ ကုန်းမြင့်ပေါ်က အထက်တန်းကျောင်းလေး ဘာတွေ ပြောင်းလဲ နေလဲ၊ သူငယ်ချင်းတွေ ဘယ်သူတွေ အိမ်ထောင်ကျလို့ ဘယ်သူတွေ ဘာတာဝန်ထမ်းရွက်နေကြပြီလဲ၊ ကျွန်တော်စားနေကျ တို့ ဟူးနွေး ဆိုင်ကလေးရော ဘာတွေ ပြောင်းလဲသွားလည်း အရာရာသိချင်စိတ်တွေနဲ့ မေမေသိမ်းထားပေးတဲ့ စက်ဘီးကလေးကို ယူပြီး ကျွန်တော် မြို့ တစ်ပတ် ပတ်ဖို့ ထွက်လာခဲ့တယ်။ ညီခန့် တစ်ယောက်ကတော့ မေမေပြင်ပေးထားတဲ့ ရေနွေးအိတ် အိပ်ယာထဲ တိုးဝင်ခွေနေပြီမလို့ တစ်ယောက်တည်းပဲ ထွက်လာခဲ့တော့တယ်။
ကျွန်တော့်မှာ မြို့ ကလေးကို ပြောပြဖို့ စကားတွေ အများကြီးရှိနေတယ်လေ။ ကျွန်တော်ငယ်ငယ်လေး ကတည်းက အဲဒီတောင်ကုန်းထိပ်ကလေးပေါ်တက်ပြီး ထင်ရှူးပင်ကြီးတွေ ကြားမှာ ထိုင်လို့ မြို့ ကလေးကို ရင်ဖွင့်ခဲ့ရတာ။ မြို့ ကလေးဟာ ကျွန်တော့်အကြောင်းတွေ ကျွန်တော့်ခံစားချက်တွေကို အလုံးစုံသိတဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သက်မဲ့ အဖော်ပေါ့။ မြို့ ကလေးဟာ ကျွန်တော့်ကို နားလည်တယ်။ ထင်းရှူးပင်ကြီးတွေဟာ အမြဲတမ်းကျွန်တော့်ကို နှစ်သိမ့်အားပေးခဲ့တယ်။ ကျွန်တော်ဟာ သူတို့ ဆီရောက်သွားခဲ့ရင်တော့ အမြဲတမ်း ခံစားချက်တွေ နဲ့ လူငယ်လေးတစ်ယောက်အဖြစ်ပေါ့။ ခုလည်း ကျွန်တော် အဲဒီတောင်ကုန်းလေးဆီကို ပထမဆုံး ဦးတည်လိုက်တယ်။ မြို့ ကလေးရေ မင်းကို ငါ့ ဘ၀အစိတ်အပိုင်းတွေ အကြောင်း  ရင်ဖွင့်ဖို့ ရှိတယ်ကွာ။
ဒီနေ့ ညစာကို မေမေက ငါးထမင်းနယ် လုပ်ကျွေးပါတယ်။ ရန်ကုန်မြို့ မှာလည်း ရှမ်းရိုးရာ စားသောက်ဆိုင်တွေ အများကြီး၊ ဒါပေမယ့် ကိုယ့်ဒေသက လက်ရာ မေမေ့ လက်ရာကိုတော့ ဘယ်လိုမှ မမှီခဲ့တာပါလေ။ မေမေက ငါးထမင်းကို ငါးဖိမ်းဆိုတဲ့ ငါးနဲ့ ရှမ်းဆန်နဲ့ ရောပြီး ကြေနေအောင်ချေ၊ အလုံးကလေးတွေ လုပ်ပြီး ပန်းကန်ပြားထဲမှာ ငရုတ်သီးကြော်ရဲရဲလေး နှစ်တောင့် ၊ ဂျူးမြစ်ကလေးတွေ ဖြူဖြူဖွေးဖွေးနဲ့ ဆတ်သားခြောက်ဆီဆမ်းလေး ကို သူ့ နေရာနဲ့ သူတင်ထားပေမယ့် သိပ်အနုပညာ ဆန်တယ်လို့ ကျွန်တော်က ပြောဖူးတယ်။ ညိုက မေမေ့ ကို ကူညီပြီး မီးဖိုထဲမှာ လုပ်ကိုင်ပေးနေတယ်ထင်ပါရဲ့ ။ ညို့ အသံ စာစာကလေးကို တစ်ချက်တစ်ချက် လှမ်းကြားနေရတယ်။ ခန့် ညီ တစ်ယောက်ကတော့ ကျွန်တော် အမြဲ ကြွားထားတဲ့ မေမေ့လက်ရာက ကျွန်တော်ကြွားတာထက်ကို ပိုကောင်းကြောင်း ပြောရင်း အားရပါးရစားနေတယ်။ ပဲပုတ်ထောင်း ဆီစမ်းထားတာတွေကို ဇွန်းနဲ့ တစ်ခပ်ကြီး စားလိုက်ပြီး ရှုးရှုးရှားရှားဖြစ်နေတာကို မေမေက ကြည့်ုပြီး သဘောကျနေတယ်။
" သားဆရာ က အစပ်သိပ်ကြိုက်တာ သားရဲ့ ။ ပဲပုတ်ထောင်းဆို သူ့ မှာ ငရုတ်သီးပါပြီးပေမယ့် ထပ်ထည့်ပြီး ထောင်းပေးရတယ် သားရဲ့ "
ညိုက ကော်ဖီမှုန့် ကို ကျနေအောင်နှပ်ပြီး နို့ မလိုင်လေး ခပ်ထားတဲ့ ကော်ဖီပူလေးလာချပေးရင်း ရေတစ်ခွက်ခပ်ပြီး ခန့် ညီမောင်ကို လှမ်းပေးလိုက်တယ်။ ညိုနဲ့ မေမေပါ အတူတူ ညစာဝင်စားကြတယ်။ ညဖက်မှာ ကျွန်တော်က စောစာအိပ်ယာဝင်ဖြစ်ပေမယ့် ညို၊ မေမေ နဲ့  ခန့် ညီ တို့ ကတော့ စကားကောင်း ကျန်ရစ်ပါတယ်။
ကလောမြို့ ဆောင်းညရဲ့ အအေးက ကျွန်တော့်အိပ်မက်တွေထဲထိ စိမ့်ဝင်လာခဲ့တယ်။ ကျွန်တော့် နုတ်ခမ်းမှာ နွေးထွေးတဲ့ အထိအတွေ့ တစ်ခုကို ကျွန်တော် ခံစားလိုက်ရတယ်။ ကျွန်တော် အိပ်မက်မက်နေတာနေမှာပါလေ။ အနွေးဓါတ်ကလေးက နုတ်ခမ်းဝကနေတစ်ဆင့် ရင်ဘတ်ကြီးထဲထိ စီးဝင်သွားသလို....ကျွန်တော့် အိပ်မက်ထဲမှာ ကျွန်တော်ဟာ လိပ်ပြာတစ်ကောင်အဖြစ် အဲဒီပန်းခင်းကြီးထဲမှာ ပျံဝဲလို့ ။ လေတစ်ချက်ဝှေ့ လိုက်တိုင်း ကျွန်တော့် ရင်တွေ မြှောက်မြှောက်တက်သွားတယ်။ ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက်တဲ့ ။ ဒါပေမယ့် ကျွန်တော့် ရင်ဘတ်ကြီး နွေးနေတယ်။ အဲဒီ အထိအတွေ့ လေးက နွေးနေတယ်။ အိပ်မက်ကလေးက လည်း နွေးနေတယ်။
ညက အတော်လေး အိပ်မောကျသွားလိုက်တာ မျက်နှာသစ်ဖို့ အိမ်အောက်ကို ဆင်းလာတော့ မေမေက စာသင်ခန်းထဲ ၀င်နေပြီ။ ကျွန်တော် မျက်နှာသစ်ပြီး Breakfast စားဖို့ ထမင်းစားဆောင်ထဲ ၀င်လိုက်တော့ စားပွဲပေါ်မှာ ပေါင်မုန့့်မီးကင် ကြက်ဥချောင်းကြော်နဲ့ နွားနို့ တစ်ခွက်ကို တွေ့ ရတယ်။ ပြင်ထားပေးတာ မကြာသေးလို့ နွေးနေဆဲ ပေါင်မုန့် နဲ့ နွားနို့ ကို ကျွန်တော်စားလိုက်တယ်။ ကျွန်တော့်အတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ မနက်စာပေါ့။ ရန်ကုန်မှာတော့ ခန့် ညီ က ကျွန်တော့် စိတ်ကြိုက် ပြင်ဆင်ပေးတတ်တယ်။။ ကျွန်တော်က နွားနို့ အစစ်မဟုတ်ရင် မသောက်ချင်ဘူးလို့ ပြောတော့
" ဦးငယ်....မြို့ ရောက်ရင် မြို့ လိုပဲ ကျင့်ရမှာပေါ့ ။ ကျွန်တော်လည်း နွားနို့ အစစ်လိုက်ရှာရလို့ နို့ ကုလားတွေနဲ့ ရန်ဖြစ်ရပေါင်းများပြီ။ ဒါပဲ သောက်ဗျာ " လို့ ပြန်ပြောတတ်တယ်။ ဒါပေမယ့် သူ နွားနို့ အစစ်ရအောင် လိုက်ရှာထားတယ် ဆိုတာ ကျွန်တော် သိပါတယ်။ တစ်ခါတစ်ခါ သူ့ ကို ကလေးတစ်ယောက်လို စနောက်ရတာကို သဘောကျလို့ ဒီလိုပဲ ကျွန်တော် ပြသနာရှာတိုင်း သူက ကျွန်တော့်ကို ဆရာပြန်ပြန်လုပ်တယ်။ နွားနို့ ခွက်ထဲက နောက်ဆုံးလက်ကျန်ကို မော့ချလိုက်တယ်။ နွားနို့ စစ်ရင် သိပ်မွှေးတာဗျ။
" သား အိပ်ရေးဝရဲ့ လား။ မေမေက သားကို နှိုးဦးမလို့ ပဲ။ ခန့် ညီ တို့ ညိုတို့ က သားအိပ်ရေးဝအောင် အိပ်ပါစေ ဆိုပြီး မနှိုးခိုင်းလို့ ။ "
" သူ တို့ တွေရောမေမေ...သားမတွေ့ ပါလား။ ဈေးသွားလိုက်ကြတာလေး မေမေ"
" ဈေးနေ့ က မနက်ဖြန်မှ သားရဲ့ ။ ညိုက တောင်ပေါ်ကျောင်းသွားမယ်ဆိုပြီး ခန့် ညီကို ခေါ်သွားတယ်။ သားနိုးရင် လိုက်လာခဲ့ပါတဲ့"
" ဟုတ်ကဲ့ မေမေ။ သားလိုက်သွားလိုက်မယ်လေ။ ဆရာတော်ကိုလည်း ၀င်ကန်တော့လိုက်မယ်နော် မေမေ"
" အေးအေး သားသွားရင် သင်္ကန်း ပရိက္ခာတွေ ယူသွားချေလေ။ ဆရာတော်ကို သေချာလျှောက်ခဲ့နော်။ အော်...နောက်ပြီးတော့ သားရေ....ခန့် ညီက သူလည်း သင်္ကန်းစီးမယ်လို့ မေမေ့ကို ပြောလို့ မေမေ မနက်ကပဲ တစ်စုံ ထပ်ပြင်ထားလိုက်တယ်။ အဆင်သင့်လည်း ရှိနေတာနဲ့ ။ သားအဲဒါပါ ယူသွားပြီး ဆရာတော်ကို လျှောက်လိုက်ဦးနော်။ ဒုလ္လဘ တစ်ဦးတိုးမယ်လို့ "
မေမေက တက်တက်ကြွကြွ ပြောလည်းပြော သင်္ကန်းပရိက္ခရာတွေလည်း ဘီရိုထဲကနေ သွားထုတ်ပေးနေပါတယ်။ ကျွန်တော်ကတော့ ခန့် ညီ ဘယ်လို စိတ်ကူးပေါက်ပြီး ဒီအစီအစဉ်ဖြစ်သွားလဲလို့ တွေးနေမိတယ်။
" သားရေ ခန့် ညီမောင် က တစ်ခါမှ ပဉ္စင်း မတက်ရသေးဘူးတဲ့ ကွယ်။ သူ့ ငယ်ငယ် သူ့ မိဘတွေ ရှိစဉ်ကပဲ ကိုရင်တစ်ခါ ၀တ်ဖူးတယ်တဲ့ ..မေမေကလည်း သူ့ ကို သားနဲ့ အတူ တစ်ပါတည်း ရဟန်းပြုပေးချင်တယ် လို့ ညကပြောတော့ သူချက်ချင်းပဲ လက်ခံရှာတယ် "
ကျွန်တော်ထင်ပါတယ်။ မေမေ့ ရဲ့ မေတ္တာတွေ စေတနာတွေ အောက်မှာ ခန့် ညီ ဒီလို ဖြစ်သွားတာလို့ ။
ခန့် ညီဆိုတာ သူ့ ဆံပင်ကို သူ တစ်သသနဲ့ အမြဲ သပ်သပ်ရပ်ရပ်နေတတ်တဲ့သူရယ်။ ကုတုံးတုံးဖို့ များ သူ့ ကို စပြီးပြောလို့ တောင်ရတာ မဟုတ်ဘူး။ ခုတော့ သူက ကျွန်တော်နဲ့ အတူ ရဟန်း လိုက်ဝတ်မယ်ဆိုတော့ ၀မ်းသာစရာပေါ့။
“သား ကို မေမေပြောစရာရှိတယ်..မေမေတို့ ပန်းခြံထဲ ခဏဆင်းရအောင်ကွယ်”
" သား ခု လာမယ့် ဇန်န၀ါရီဆို ၃၇ ပြည့်ပြီနော်။ သားအသက်လည်း ငယ်တော့တာ မဟုတ်ဘူးရယ်။ မေမေ သားကို ညိုနဲ့ နေရာချထားပေးချင်တယ်....သားစဉ်းစားဖို့ မေမေပြောတာပါ။ မေမေကတော့ သားသည် မိခင်တစ်ယောက်အနေနဲ့ ညို့ ကို သဘောကျမိတယ်....မေမေ့စိတ်ကူးကို သားကို ပထမဆုံးပြောပြတာပါ...သားလက်ခံတော့မှ မေမေ ညို့ ကိုပြောမယ်...သားတို့ နှစ်ဦးလုံးက ကိုယ့်စိတ်နဲ့ ကိုယ် လက်ခံတယ်လို့ ဆုံးဖြတ်တာကို မေမေလိုလားပါတယ်...မေမေ့ အနေနဲ့ သားကို မေမေစီစဉ်တဲ့အတိုင်းလက်ခံရမယ်လို့ မဆိုဘူးနော်....
သားမှာ ချစ်ခင်နှစ်သက်နေရတဲ့ သူ ရှိနှင့်ပြီးသားဆိုလည်း မေမေ့ကို ပြောနိုင်တယ်...ဟုတ်လား"
ခဏနေက လန်းဆန်းမှုတွေအကုန်လုံးက လေပြင်းနဲ့ အတူပါသွားတဲ့ သစ်ရွက်ငယ်လေးတွေလို ကျွန်တော့်ရင်ထဲ အတော်လေး ရှုတ်ထွေးသွားတယ်။ မေမေရဲ့ ဒီလို စိတ်ကူးကို ကျွန်တော် တစ်ခါမှ ကြိုမတွေးမိခဲ့တာ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးနေမိတယ်။ ကျွန်တော် အိမ်ထောင်ပြုဖို့ ဆိုတာကို တွေးမိဖို့ မေ့နေခဲ့တာလေ။ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးတဲ့ အခြေအနေတစ်ခု အတွက် အဖြေ ကျွန်တော့်မှာ အဆင်သင့်မရှိနေခဲ့ဘူး။ တစ်ခါမှ မလေ့လာဘူးတဲ့ ပုစ္တာတစ်ပုဒ်ကို စာမေးပွဲ ခန်းထဲမှာ ရင်ဆိုင်နေရတဲ့ ကျောင်းသားတစ်ယောက်လို  ကျွန်တော် ဇော်ချွေးတွေပါ ပြန်လာခဲ့တယ်။ မေမေ့ အကြောင်းကိုလည်း ကျွန်တော်သိတယ်။ မေမေ့ကို ကျွန်တော့်အနေနဲ့ ဘယ်လို အဖြေပဲ ပေးပေး ခိုင်မာတဲ့ အကြောင်းပြချက် ပါရမယ်လေ။ အကြောင်းတရား တွေ ၊ အကျိုးတရားတွေဆိုတာ မေမေ ကျွန်တော့်ကို သင်ပြခဲ့ဖူးတာပေါ့။ ဒီအတွက် ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူးလို့ မေမေ့ကို ဘယ်လိုမှ ပြောလို့ မရဘူးဆိုတာ ကျွန်တော်သိနေတယ်။ မြို့ ကလေးရေ....မေမေက မေးနေပြီကွယ်။ ငါ့မှာ ချစ်ခင်မြတ်နိုးရမယ့်သူ ရှိရင်ပြောပါတဲ့ ။ ငါ့ကိုယ်စား မင်းသာပြောပြပေးနိုင်မယ်ဆို ငါမင်းကို သိပ်အားကိုးမိမှာပဲ မြို့ ကလေးရေ...မေမေ မသိထားတဲ့ ငါ့အကြောင်းတွေကို သိတာဆိုလို့ မြို့ ကလေး မင်းပဲ ရှိတာလေ။
" ဟိုဘက်က အခက်ကလေး ချိုးလိုက် ကိုမောင်...အင်းဟုတ်တယ် ဟုတ်တယ်။ အဲဒီ အခက်ကလေး အရိုးရှည်လေးပါအောင် ချိုးပါ ကိုမောင်ရေ...ဆရာတော်ကျောင်းက ဘုရားပန်းအိုးတွေက အရိုးတို ရင် ထိုးလို့ အဆင်မပြေဘူး ကိုမောင်ရဲ့ "
ညို့ အသံ။ တောင်ပေါ်ကျောင်းကို တက်ရတဲ့ လှေကားထစ် အရှည်ကြီးကို တစ်ထစ်ချင်း တက်နေရင်း ကြားလိုက်ရတဲ့ ညို့ အသံ။ အသံလာရာကို လှမ်းကြည့်လိုက်တော့ ချယ်ရီပင်ကြီးအောက်မှာ ညိုတစ်ယောက် အပေါ်မော့ကြည့်ပြီး အော်ပြောနေတာ။ ကျွန်တော် အပင်ပေါ်ကို ကပြာကယာကြည့်လိုက်မိတယ်။ ခန့် ညီမောင်ပါ။ ရန်ကုန်သား ဘယ်တုန်းက မှ သစ်ပင်ပေါ်တက်ဖို့ စိတ်တောင်မကူးမိတဲ့ သူက ခုတော့ သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီကို ဒူးအထိခေါက်တင်လို့ ချယ်ရီပင်ပေါ်မှာ။ သူရော ညိုပါ ပျော်ရွှင်နေပုံရတယ်။ အစကတော့ ကျွန်တော် သူတို့ ကို ဆူလိုက်ဦးမလို့ ပဲ။ ညိုရော ခန့် ညီပါ ကျွန်တော့်ထက် ၈ နှစ်လောက် ငယ်ကြတယ်။ သူတို့ က အခုမှ တကယ့်ကို လူငယ်လေးတွေပါ။ သူ့ တို့ ဆီက အပျော်တွေက ကျွန်တော့် စိတ်ထဲ ချက်ချင်းကူးစက်သွားလိုက်တာ ခနနေက စိတ်ပူမိတာကိုတောင် မေ့သွားမိတယ်။
" ဦးငယ် ဦးငယ် လာလာ......ချယ်ရီပင်ပေါ်လာခဲ့ " ခန့် ညီက ကလေးတစ်ယောက်လို လှမ်းအော်နေတယ်။ ညိုကလည်း ကျွန်တော့်ကို လှမ်းပြုံးပြတယ်။ ညိုက ခန့် ညီနဲ့ ဆို ပွင့်ပွင့်လင်းလင်း လွတ်လပ်ပေါ့ပေါးနေပေမယ့် ကျွန်တော်ကို မြင်တိုင်း အိနြေ္ဒကို ထိန်းပုံရတယ်။ သူ့ အသွင်က ချက်ချင်း တည်ငြိမ်သွားတယ်။ ခုန က ညို့ ရဲ့ ကလေးဆန်တဲ့ အပြုအမူလေးက ခုတော့ ပညာတတ် ဆရာဝန်မကြီး တစ်ယောက် တည်ငြိမ် ရင့်ကျက်နေတဲ့ မိန်းမသား တစ်ယောက်ပုံ ကို ကူးပြောင်းသွားတယ်။ ညို့ အပြုံးက လှပါတယ်။ မေမေ့ အပြုံးလိုပဲ အေးချမ်းတယ်။ နောက် ညိုရဲ့ မျက်ဝန်းညိုညိုလေးတွေကလည်း အရမ်းကို အေးမြပါတယ်။ ကျွန်တော်ဟာ ယောက်ကျားသား တစ်ယောက်အနေနဲ့ ညို့ လို မိန်းမချောလေးကို ဘာမှ ငြင်းစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အချစ်...ကျွန်တော် ညို့ ကို ချစ်သလား။ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးမိတယ်။ သိပ်တွေးယူစရာကို မလိုလိုက်ပါဘူး။ ကျွန်တော့် အတွက် အဖြေကို ကျွန်တော့်် စိတ်တွေက ချက်ချင်းအဖြေပေးပါတယ်။ ညို့ ကို ငယ်ငယ်ကလေးထဲက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ညီမလေးတစ်ယောက်ဆိုတဲ့ သံယောဇဉ်မျိုးထက် မပိုပဲ ကျွန်တော် ချစ်ပါတယ်။
" အား...............ဦးငယ်ရေ............လုပ်ပါဦး "
ကျွန်တော် သူတို့ နားမရောက်ခင်ပဲ ခန့် ညီ ချယ်ရီပင်ပေါ်ကနေ ပြုတ်ကျတာပါ။ သူ့ ရဲ အသံကြားတာနဲ့ ကျွန်တော် လှေကားထစ်တွေကို နှစ်ထစ် သုံးထစ်ကျော်တက်သွားလိုက်တယ်။ ခန် ညီရဲ့ မျက်နှာတစ်ခုလုံး နာကျင်လို့ ရှုံတွနေတာကို အတိုင်းသားတွေ့ နေရတယ်။ ကျွန်တော့် လက်မောင်းကို အတင်းဖြစ်ညှစ်ထားတယ်။ ကျွန်တော် သူ့ ခြေထောက်ကို အသာမပြီး ကြည့်လိုက်တယ်။ အဆစ်လွဲသွားတယ်ထင်ပါတယ်။ " အဆစ်လွဲသွားတာ မဟုတ်လား ညို " ညို့ ကိုမေးရင်း လှည့်ကြည့်လိုက်တော့ ညို့ မျက်ဝန်းမှာ မျက်ရည်စတွေ။
" ညို့ ကြောင့်ဖြစ်တာ...ညို့ ကြောင့်ဖြစ်တာ "
" ဟဲ့ ကောင်မလေး ကြောင်မနေနဲ့ လူနာကို အရင်ကြည့်ပေးဦး။ ဘာဖြစ်တာလဲလို့ ။ ဒီဆရာဝန်မကို အားကိုးရင်တော့ မင်းခြေထောက် အလားအလာမကောင်းဘူး ခန့် ညီ" ကျွန်တော်စပြောပြောလိုက်ပေမယ့် ညိုကတော့ တကယ်တုန်လှုပ်နေပုံ၇တယ်။ ကျွန်တော့်စကားဆုံးတော့မှ သူ ခန့် ညီဘေးမှာ ထိုင်ချပြီး ခြေထောက်ကို သေချာ စစ်ဆေးကြည့်နေတယ်။
" ကိုမောင် ညို့ ကြောင့်ဖြစ်ရတာ...အဲဒီချယ်ရီပင်ပေါ် ညိုရယ်လေ...အတင်းတက်ခူးခိုင်းတာ..." ပါးစပ်ကလည်းပြောရင်း လက်ကလည်း ခြေထောက်အနေအထားကို ပြုပြင်ယူနေပါတယ်။ ကျွန်တော် ညို့ မျက်နှာလေးကို သေချာကြည့်လိုက်မိတယ်။ ညို့ မျက်နှာလေးပေါ်မှာ စိတ်မကောင်းဖြစ်နေတာထက် ပိုတဲ့ ခံစားချက် တစ်စုံတစ်ရာကို ကျွန်တော် သတိထားမိလိုက်သလို။
ခန့် ညီ ခြေထောက်က ခေါက်ရုံခေါက်သွားတာပါ။ ညိုကတော့ သူ့ ကြောင့်ဖြစ်ပါတယ် ဆိုပြီး အတော်လေး ဂရုစိုက်ရှာတယ်။ ဆေးက အစ အချိန်နဲ့ ကိုယ်တိုင်တိုက်တယ်။ ခန့် ညီကတော့ ခြေထောက်နာပြီးကတည်း က အပြင်မထွက်တော့ပဲ အိမ်ထဲမှာပဲ။ ကျွန်တော်က အပြင်သွားဦးမယ်လို့ ပြောရင် သူ့ ကိုယ်သူ စိတ်ပျက်နေတဲ့ ပုံနဲ့ " ကျွန်တော်လည်း လိုက်ချင်တယ်။ ကျွန်တော့် လည်း လိုက်မယ် " ဆိုပြီး ခပ်တည်တည်နဲ့ ပြောပါတယ်။ ခန့် ညီရဲ့ ကလေးဆန်တဲ့ အပြုအမူတွေကိုကျွန်တော်က ကျင့်သားရနေပေမယ့် မေမေကတော့ နဲနဲ မကြိုက်ချင်တဲ့ ပုံပဲ။ ခန့် ညီက ကျွန်တော့်ကို တွယ်ကပ်နေတာကိုရော ညိုနဲ့ ခန့် ညီ သိပ်ရင်းနှီးနေတာကိုရော မေမေသတိထားမိပုံပဲ။ မေမေက သိပ်အကင်းပါးတယ်။ ကျွန်တော် နဲ့ ညို့ ကိစ္စလည်း ရှိနေတာ့ မေမေ ကျွန်တော်တို့ ကိုလည်း တစေ့တစောင်း အကဲခတ်ပုံရတယ်။ ဒါပေမယ့် မေမေက ဘယ်တော့မှ သူ့ ခံစားချက်နဲ့ ဆုံးဖြတ်တတ်တဲ့သူတစ်ယောက် မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျွန်တော့် ခံစားချက်ကို မေးပြီးမှ လမ်းကြောင်းကို တည့်ပေးသင့်ရင် တည့်ပေးတတ်တဲ့ သူပါ။ ဒီအတွက် ကျွန်တော့်အနေနဲ့ မေမေ့ ကိုကြောက်ရတယ် ဆိုတာမျိုး မရှိခဲ့ဖူးဘူး။ ကျွန်တော့် ခံစားချက်တွေကို လည်း အမြဲ ပွင့်လင်းစွာ ပြောနိုင်မယ့် မေမေ့ကို ကျွန်တော်က လေးစားချစ်ခင်စိတ်နဲ့ ပဲ ကျွန်တော်တို့ သားအမိကြား အပြန်အလှန် နားလည်မှုတွေ တည်ဆောက်ထားခဲ့တာပါ။ ဒါပေမယ့် ညို့ ကိစ္စအတွက် အဖြေတစ်ခုနဲ့ အတူ ဖြေရှင်းချက် တစ်ခုကို ပြောပြဖို့ တော့ ကျွန်တော် အသေအချာ စဉ်းစားနေရတယ်။ " မေမေ့ ကို ဘယ်လို စကားလုံးတွေနဲ့ ငါ ရင်ဖွင့်ရပါ့မလဲလေ"
ည ၁၁ နာရီလောက်ကြီး  မေမေ ခြေသံကို ရုတ်တရက် ကြားလိုက်ရတယ်။ ကျွန်တော် လန့် ဖြတ်ပြီး သူ့ ကို ကျွန်တော့် ရင်ခွင်ထဲကနေ ဆွဲထုတ်ပလိုက်တယ်။ ကျွန်တော် အတော်လေး တုန်လှုပ်နေပါတယ်။ မေမေများ အခန်းထဲ ၀င်လာခဲ့ရင် ဟိုဘက်အခြမ်းက လွတ်နေတဲ့ ကုတင်တစ်လုံးအတွက် မေးခွန်းတွေ ရှိလာတော့မှာလေ။ ရုတ်တရက် ရင်ဆိုင်လိုက်ရတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော် မေမေ့ ကို ဘယ်လိုရှင်းပြရမလဲ။ အိုး.............ကျွန်တော့်ရင်ခုန်သံကို ကျွန်တော် ပြန်ကြားနေရတယ်။ တကယ်တော့ မေမေ အခန်းထဲ ၀င်မလာခဲ့ပါဘူး။ သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်ပြီး အိပ်ပျော်နေတဲ့ ခန့် ညီရဲ့ မျက်နှာလေးကို ကြည့်မိလိုက်တယ်။ နံဖူးပေါ်ခွေကျနေတဲ့ ဆံနွယ်လေးတွေကို အသာအယာ ပင့်တင်ပြီး သူ့ နဖူးကို ဖွဖွလေး နမ်းလိုက်တယ်။ ဘယ်လို ဘ၀ တွေများလည်း ကောင်ကလေးရယ်။ ငါက ဘာလို့ များ မင်းကိုမှ တွယ်တာ မြတ်နိုးမိရတာလဲ။ မင်းကရော ဘာလို့ ငါ့ကိုမှ သံယောဇဉ်ကြိုးတွေ လာချည်နှောင်ရတာလည်းကွာ။ ချစ်ခြင်းမေတ္တာက ဘာလို့ ငါတို့ နှစ်ဦးကိုမှာ လာရောက်ဖွဲ့ နှေုာင်ရတာလဲလေ။ ကောင်ကလေးရေ လောကကြီးကိုသာ ညာလို့ ရမယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ငါတို့ တွေ ညာလို့ မရဘူးလေ။ နောက်ပြီးတော့ ငါမေမေ့ကိုလည်း မညာချင်ဘူးကွာ။
အာရုဏ်မလင်းခင်ကတည်းက ကျွန်တော် စက်ဘီးကလေးကို ထုတ်ပြီး တောင်ကုန်းလေးပေါ်ကို ထွက်လာခဲ့လိုက်တယ်။ မြို့ ကလေးကို ကျွန်တော် နောက်ဆုံးအနေနဲ့ ရင်ဖွင့်ရဦးမယ်။ ထင်းရှူးပင်ကြီးတွေဆီက ခွန်အားသတ္တိတွေကို ယူပြီး မြို့ ကလေးကို လူ့ အသိုင်းအ၀ိုင်းကြီးက လက်မခံနိုင်တဲ့ ၊ ပုံမှန်မဟုတ်ဖြစ်တည်လာတဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ အနှောင်အဖွဲ့ လေးအကြောင်း ကို မေမေ့ကို မပြောပြခင် မြို့ ကလေးနဲ့ ပြောပြီး အင်အားတွေ မွေးယူရဦးမယ်။ မြို့ ကလေးရေ....အဲဒီ သတ္တုကြိုးမျှင်လေး ဘယ်လောက်ခိုင်မြဲနေပြီလဲ ဆိုတာ မင်းတစ်ယောက်တည်းပဲ သိတာပါကွာ။ မေမေ့ကို ဖွင့်ပြောပြဖို့ ငါ့ကို ခွန်အားတွေ ပေးလှည့်ပါ။ ငါ ညို့ ကို လည်း မနာကျင်စေချင်ဘူး။ ခန့် ညီကိုလည်း မစွန့် လွှတ်နိုင်ဘူး။ မေမေ့ ကိုလည်း မညာချင်ဘူးကွာ။ မြို့ ကလေးရေ ဒီစကားတွေဟာ မင်းဆီမှာ နောက်ဆုံးအနေနဲ့ ငါရင်ဖွင့်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ငါ့အတွက် ခွန်အားတွေ.....မေမေ ပြုစုပျိုးထောင်ပေးခဲ့တဲ့ စိတ်ဓါတ်ခိုင်မာမှုတွေ နဲ့ ......................။
နှင်းစက်တွေက ကျွန်တော့မျက်နှာကို လာရောက်ထိခတ်တယ်။ ထင်းရှူးနံသင်းနေတဲ့ လေနုအေးကို တ၀ကြီးရှိုက်သွင်းလိုက်တယ်။ သဘာဝတရားကြီးက နားလည်မှုတွေ ၊အးချမ်းမှုတွေ  နဲ့ အတူ ကျွန်တော့်ရင်ထဲထိ  စီးဝင်သွားပါတယ်................။
အမွန်
၎ ၇ ၂၀၁၂
၅ နာရီ ၈ မိနစ်
Note: အင်တာနက်စာမျက်နှာမှကူးယူဖော်ပြသည်။