Thursday, April 2, 2015

The Donut Shop Guys


တစ်ခုသော မနက်ခင်းမှာ ဗိုက်ဆာဆာရှိတာနဲ့ ကျွန်တော့် စိတ်ကြိုက် ကော်ဖီလည်းရ လတ်ဆတ်တဲ့ Donut မုန့်တွေ လည်းစားနိုင်တဲ့ မြို့ပြင် ဗျူးပွိုင့်နားက ဖူဂျီကဖီးဆိုင်ကို ကား မောင်းထွက်ခဲ့သပေါ့။ ကိုယ့်အိမ်နားမှာလည်း ရှိပေမဲ့ ကျွန်တော့် လျှာက အဲဒီဆိုင်ကဟာတွေ ကိုပဲ အရသာတွေ့နေတာကြောင့် ပါ။ လူတွေမှာ ကိုယ့်စိတ်ကြိုက်အစားအသောက်လေးတွေရှိ တတ်တယ်။ ခေါက်ဆွဲချင်းတူရင်တောင် ကိုယ့်လျှာနဲ့တွေ့တဲ့ ဆိုင်က ခေါက်ဆွဲကိုပိုပြီးတမ်းတတတ်ကြတာ လူ့စိတ်ပဲထင် ပါရဲ့။

ကားကိုမောင်းထွက်လာလိုက်တာ မြို့ပြင်ရောက်ခါနီးတော့ စိမ်းစိုတဲ့သစ်ပင်တွေ ၀ါးပင်နွဲ့နွဲ့တွေကိုဖြတ်သန်းလာအပြီးမှာ တော့ ဂျပန် စတိုင်တည်ဆောင်ထားတဲ့အဆောက်အဦးလေး တွေနဲ့ ဖူဂျီကော်ဖီဆိုင်ကို မြင်လိုက်ရပါပြီ။ ဆိုင်ဝန်းကျင်မှာ မနက်စာစားသောက်သူ အချို့ရှိနေပေမဲ့ ဆိုင်အပြင်ဘက် ကျောက်ဆောင်ပေါ်က စားပွဲခုံမှာထိုင်နေတဲ့ ချစ်စရာကောင် လေးနှစ်ယောက်ကို သတိထားမိလိုက် တယ်။ သူတို့စကားတွေ ပြောလိုက်ကြ၊ ရယ်မောလိုက်ကြ၊ တစ်ယောက်ကိုတစ်ယောက် တို့ထိလိုက်ကြတာ မကြာခဏ။ အတွေ့အကြုံအရကြောင့်လား ကိုယ်ကပဲ ယောက်ျားချင်းစိတ်ဝင်စားနေသူမို့လားမသိ ဒီကောင် လေးနှစ်ယောက်ကိုကြည့်ရတာ သာမန် ထက်တော့ပိုတယ်ဆို တာ အတတ်ပြောနိုင်တယ်။ ကျွန်တော်ကားပေါ်ကဆင်းပြီး သူ တို့ဝိုင်းနားကဖြတ်သွားတော့ အသက်နည်းနည်း ပိုငယ်မယ့် တစ်ယောက်က ကျွန်တော့်ဘော်ဒီ ပြီးတော့ အထက်အောက် ဒီဇိုင်းတွေပေါ် မျက်စိရွှေ့တယ်။ ကျွန်တော့်နှုတ်ခမ်းတွေက ထုံးစံအတိုင်းကွေးညွတ်သွားရင်း ပါးပြင်မှပါးချိုင့်လေးတွေပေါ် သွားအောင် ပြုံးပြလိုက်မိတယ်။ ပြီးတော့ မျက်ခုံးတစ်ဖက်ကို မသိမသာ တွန့်ပြရင်းပေါ့။ ဆိုင်အတွင်းဘက်ကို ဦးတည်လိုက် ရင်း မုန့်ရယ် ကော်ဖီတစ်ခွက်ရယ် အိမ်အပြန်ယူသွားဖို့ ဆူရှီ တစ်ပွဲကို အော်ဒါမှာဖြစ် ပါတယ်။ သဘာဝလေ တဟူးဟူးတိုက် နေသလို နေရောင်ခြည်ကလည်းဖြာနေတဲ့အပြင် လတ်ဆတ်တဲ့ ပန်းနံ့တွေသင်းနေပုံက သဘာဝ ပတ်ဝန်းကျင်က စွမ်းအင်တွေ ကို မဆုံးရှုံးအောင်ပြုလုပ်ထားသလိုပင်။ သဘောကျလိုက်တာ ကျွန်တော့်အိမ်ကိုလည်း ဒီပုံစံအတိုင်း ပြင်ဆင်ထားပြီးဆောက် ဖြစ်နေပါတယ်။ အခုလက်ရှိအိမ်ကတော့ မေမေတို့လက်ထက် ကဆောက်ထားတော့ သဘာဝကျွန်းသစ်တွေကို အစွမ်းကုန် အသုံးပြုထားသလို အခန်းခန်းအဆောင်အဆောင်နဲ့ဆိုတော့ ကိုလိုနီခေတ်ထဲပြန်ရောက်သွားသလိုခံစားရစေသပေါ့။  မှန်ချပ်တွေကတစ်ဆင့် ချာတိတ်တွေကို ရှိုးလိုက်တော့ သူတို့ မျက်လုံးတွေက ကျွန်တော်ရှိရာဆီကြည့်ရင်း ဘာတွေသဘော ကျသွား လည်းမသိ စကားပြောရင်း ရယ်မောစပြုလာတယ်။

ကိုယ့်ကိုယ်ကိုယ် တွေးမိတာကတော့ သက်တမ်းရင့် မာစီဒီး ကားလိုပဲ ခန့်ထည်တဲ့ ကိုယ်ခန္ဓာနဲ့ သဘောကျဖွယ်အပြုံး ပိုင်ရှင်လို့လေ။ ကျွန်တော့်အသက်က သုံးဆယ်ကျော် ဒီတောင် ပေါ်စခန်းမြို့နဲ့ မလှမ်းမကမ်းက အိုင်စီတီမြို့တော်စီမံကိန်း အတွက် အလုပ်လုပ်နေသူ တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော့်ပုံစံက ဟိုးလွန်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ်တွေ တုန်းကနဲ့ မတူခြားနားနေပြီ။ ခါးနံပါတ်က ၃၅ ကနေ ၃၂ဖြစ် ဖို့ကြိုးစားနေခြင်းအပြင် ကျွန်တော့်ဝမ်းပြင်သားတွေ တစ်နည်း အားဖြင့် Abs တွေကိုလှေကားထစ်တွေလို အထစ်အထစ် ဖြစ် အောင် ကြိုးစားနေတယ်။ ကံတစ်ခုကောင်းတာက ကျွန်တော့် ရင်အုပ်က ၄၂ရှိတုန်းပဲ ဒါပေမဲ့ နည်းနည်းပြားသွားသယောင် ဖြစ်နေ တယ်။ လက်မောင်းတွေကတော့ ကြွားကြွားရွားရွား ရှိတုန်း။ မာဆယ်တွေ အမြှောင်းမြှောင်းနဲ့ ငနဲတစ်ယောက် မဟုတ်ပေမဲ့ Beach Body ပိုင်ရှင် ထဲမှာ အလှဆုံး ဖြစ်မှာပါ။ ကျွန်တော့်ကို ဘယ်မှာပဲဖြစ်ဖြစ် ဘယ်ကပဲဖြစ်ဖြစ် ကြည့်ရမြင် ရလိုက်ရင် ကျန်းမာကြံ့ခိုင်သူတစ် ယောက်အဖြစ် ထင်သာမြင် သာရှိပါတယ်။

အို....အဲဒါကိုပဲ..Body Show ပြရတာကိုလည်း ကြိုက်တယ် နှစ်သက်တယ်။ အခုလည်း ချည်သားဘောင်းဘီရှည်ပျော့ပျော့ ရယ် အပေါ် က အားကစား ဂျာစီတစ်ထည်ရယ် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားပါတယ်။ လူတွေရဲ့အကြည့် နှစ်သက်စွာခံယူရ တာပေါ့ ဟုတ်ဖူးလား။ လက်ရှိလည်း ကောင် ကလေး အသက် ၂၀ကျော်ကောင်ကလေးက ကျွန်တော့်ကိုကြည့် ခေါင်းတွေလှုပ် အပြုံးတွေတဝေေ၀နှင့်....ဟာ ဟ။

ဒီဆိုင်ကတော်တော် ၀န်ဆောင်မှုကောင်းပါတယ်။ ၀န်ထမ်း အများစုနဲ့ကျွန်တော် မျက်မှန်းတန်းမိနေပြီ၊ ကျွန်တော့်အကြိုက် ကိုလည်း သူတို့သိနေကြပါပြီ။ အစပ်လျော့ရမယ်တို့ သိပ်အ ကြွပ်ကြီးအသားကို မကြော်ပေးရဘူးတို့စသဖြင့် အထာသိနေ ကြတာပေါ့။ ဒါပေမဲ့မျက်စိ ကျနေမိတဲ့ ၀န်ထမ်းကောင်လေး တစ်ယောက်ကိုပဲ အော်ဒါပေးလိုက်ရင်း ကောင်တာမှာ ခဏ စောင့်နေဖြစ်ပါတယ်။ မိနစ်အနည်းငယ် အတွင်းမှာပဲ ကော်ဖီပူပူ ဟော့ဒေါ့ပူပူနွေးနွေးတွေရလာတော့ ဗန်းထဲထည့်သယ်ယူရင်း ပန်းနံ့လတ်လတ်ဆတ်ဆတ်ရရှိနိုင်တဲ့ အပြင်ဘက်က ခုံတွေ ဘက် check လိုက်တော့ ခုံတွေက နေရာအပြည့်။ ကိုယ်စီ ကိုယ်စီ အပိုင်စီးထားလိုက်ကြတာများ။

ဟူး....သက်ပြင်းအသာချရင်း ဆိုင်အတွင်းဘက်ပြန်ပြီးဦးတည် မိစဉ်မတော့ ချစ်စရာကောင်လေးတွေစီက အသံပြုခေါ်သံကြား လိုက်ရ တယ်။ အပြုံးချိုချိုနဲ့ကောင်လေးက သူတို့ခုံမှာ အတူ ထိုင်စားလို့ရကြောင်း ဖိတ်ခေါ်တော့ ဘယ်နေမလဲ အပြုံးတစ် ပွင့်ပြန်ပေးလိုက်ရင်း ကျေးဇူးတင်စကားဆိုကာ ခုံမှာဝင်ထိုင် လိုက်ရတယ်ပေါ့။ ကျွန်တော်တို့ လူအုပ်ကြီးရဲ့ အကြောင်း၊ ရာသီဥတု၊ြ့ပီးတော့ တစ်ခြား အကြောင်းလေးတွေပြောမိကြ ရင်း  အသားညှပ်ပေါင်မုန့်တစ်ခုကို လက်စသပ်ဖြစ်ပါတယ်။ တစ်ယောက်နာမည် တစ်ယောက်အပြန် အလှန်နာမည်ပြော မိတ်ဆက်ဖြစ်ကြတယ်။ ကျွန်တော်က ဇေယျာ၊ သူတို့က ကျော်ကျော်နဲ့ မြင့်မြတ်တို့ပါတဲ့။

အရသာခါးဆိမ့်ဆိမ့်ပေးစွမ်းတဲ့ ကော်ဖီခွက်ထဲက ကော်ဖီကို တစ်ငုံသောက်လိုက်ရင်း သူတို့အကြောင်း စပ်စုလိုက်တော့ တယ်။ 'ဒါဆို မင်းတို့နှစ်ယောက်အတူနေကြတာ ဘယ်လောက် ကြာပြီလဲကွ' သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြရင်း ဘယ်လိုပြောရမလည်းစဉ်းစားနေကြတယ်။

'ကိုယ်ဆိုလိုတာကကွာ တစ်ယောက်အကြောင်း တစ်ယောက် သိအောင် ကြိုးစားကြ၊ ဂရုစိုက်ကြ၊ အတူတူ တစ်ခန်းထဲနေကြ တာမျိုးလေ'

ဒီတော့မှ သူတို့အပြုံးကိုယ်စီ ဆင်မြန်းကြရင်း သူတို့ ဒိတ်တာ ကတော့ တစ်နှစ်လောက်ရှိပြီ၊ အထက်တန်းကျောင်းပြီးက တည်းက၊ ပြီးတော့ကောလိပ်ကို အတူတူသွားဖို့ အစီအစဉ် ဆွဲနေသတဲ့။ ကျွန်တော်ကလည်း အားကျမခံ ကျွန်တော်နဲ့ ကျွန်တော့်ပါတနာတို့ အကြောင်း ပြောပြရတာပေါ့။ အတူတွဲ လာတာ ၁၅နှစ်ရှိပြီဆိုတဲ့အကြောင်း.....ကောင်ကလေးတွေ ခမျာ "Wow!" ပေါ့။

အားလုံးပွင့်ပွင့်လင်းလင်းပြောဆို မေးမြန်းဖြစ်ကြ ဆွေးနွေး ဖြစ်ကြတာက ပေါင်းသင်းဆက်ဆံရေး၊ အချစ်နှင့် လိင်ကိစ္စ အပါအ၀င်ပေါ့လေ။ သူတို့က ကျွန်တော့်ပါတနာ အခုဘယ်မှာ လည်းတဲ့။ အလကားငကြွားလို့ထင်မှာတော့ ကျွန်တော်စိုး ရိမ်တယ်။ ကိုယ့်မှာ ပါတနာ သို့မဟုတ် ရည်းစားမရှိဘဲ ရှိသ ယောင် တချို့ကပြောတတ်လွန်းလို့လေ။ သူတို့မေးခွန်းကို စက္ကန့်မဆိုင်းပါဘူး 'ကိုယ့်ပါတနာက စီးပွားရေးကိစ္စနဲ့ မကြာ ခဏခရီးထွက်ရတတ်တယ်ကွ၊ အခုသူ စင်ကာပူကိုသွားနေ တယ်' လို့ရှင်းပြပြောပြလိုက်တာပေါ့။

'ဟာ...ဟ ဟုတ်တယ် ငါလည်း Sex မလုပ်ရတာကြာတော့ balls တွေတောင်ခဲကုန်ပြီလားမသိဘူး'

'အစ်ကိုကလည်း...မဟုတ်တာ'

သူတို့ တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဆုံကြည့်လိုက် ကြရင်း ပြုံးစိစိမျက်နှာပေးတွေ ဖြစ်မိသွားရင်း ကျွန်တော်တို့တွေ အတူတကွ ရယ်မောဖြစ်ကြပါတယ်။ နောက်တော့ သူတို့ ကျွန် တော့်နားတိုးကပ်လိုက်ကြပြီး 'ညီတို့ အဲဒီကိစ္စကို ကူညီပေး နိုင်မယ် လို့ထင်တယ်ဗျ'

သူတို့ခေါင်းလေးတွေ ပြိုင်တူလှုပ်ရှားသွားရင်း အငယ်လေးက 'ကျွန်တော်တို့ three-way လုပ်ချင်နေတာဗျ ပြီးတော့ အစ်ကို့ လှုပ်ရှား မှုရယ် ဖီလင်ဘယ်လိုခံစားတယ်ဆိုတာရယ်ကိုလည်း သိချင်နေကြတာ'

မျက်လုံးများတောင်ပြူးချင်ချင် ဖြစ်သွားမိပါတယ်။ များသော အားဖြင့် သက်တူရွယ်တူတွေကိုပဲ စိတ်ဝင်စားတတ်ကြတဲ့ အရွယ်လေး တွေက ကျွန်တော့်လို ၃၀ကျော်ကို စိတ်ဝင်စား တယ်ဆိုတော့လေ။ အတွေ့အကြုံဖလှယ်ချင်ကြဟန်တူပါရဲ့။ စားသောက်တဲ့ကိစ္စတွေ ပြီးဆုံး စကားတွေလည်းပြောလို့ ၀ ချိန်မှာတော့ ကျွန်တော့်အိမ်ကိုသွားသင့်ကြောင်း သဘော ညီကြပြီး ကောင်တာက ပါဆယ်ကို အိမ် အပြန်အတွက်သွားယူ ငွေရှင်းကာ ကားဆီလှမ်းခဲ့ကြပါတယ်။ သူတို့ရဲ့ Mountain စက်ဘီးတွေကို ကားနောက်ခန်းကိုထည့်ပြီးပိတ် ကားကိုအသာ လှိမ့်ထွက်ခဲ့ပါတော့တယ်။

ကားပေါ်မှာ ကောင်လေးတွေ အငြိမ်ကိုမနေဘူး စကားပြေ လိုက် လမ်းဘေးက သွားလာနေတဲ့ ကောင်လေးကောင်မလေး တွေကိုကြည့်ပြီး ဝေဖန်လိုက်နဲ့ တွတ်ထိုးနေတာများ ကျွန်တော့် ကို ငယ်မူပြန်သွားစေသလိုပင်။ အခုချိန်တော့ သူတို့လိုနေထိုင် ဖို့ မသင့်တော်တော့ဘူး မဟုတ်လား။

'ဟေ့ကောင်လေး...မဖွင့်လိုက်နဲ့....ဟား ဟား'

'ဟာဗျာ အစ်ကိုကြီးကလည်း....ဒါတွေ ကားပေါ်ထားစရာ လားဗျ၊ ပြီးတော့ ရောင်စုံ'

ဒက်ရှ်ဘုတ်ထဲက မဂ္ဂဇင်းစာအုပ်ကိုပဲ မြင်ပြီးလှမ်းယူဖို့အဆွဲမှာ ကွန်ဒုံးရောင်စုံလေးတွေထွက်ကျလာတာလေ။ စတိုးဆိုင်တွေ စူပါမားကတ်တွေရောက်တိုင်း တံဆိပ်မျိုးစုံက ထုတ်တဲ့ ကွန်ဒုံး အရောင်စုံလေးတွေကိုတွေ့ရင် ဘာရယ်မဟုတ်ဘူး ၀ယ်ထား ပြီး ထည့်ထည့်ထားဖြစ်လို့ရှိနေတာ။

လမ်းအတိုင်းမောင်းချလာပြီး မြို့တွင်းရောက်လာတော့ စတိုး ဆိုင်နား ခဏရပ်ရင်း သုံးယောက်သားဆိုင်တွင်း ၀င်ခဲ့ပြန်ပေါ့ တစ်ခါ။ အသက်နည်းနည်းပိုကြီးတဲ့ ကျော်ကျော်ဆိုတဲ့ ကောင် ကလေးက ဇီဇာနည်းနည်းကြောင်သလေ သူသုံးနေကျ ကွန်ဒုံး ကိုပဲ သုံးချင်သတဲ့။ ကွန်ဒုံးကောင်တာကိုမရောက်ခင် မြင့်မြတ် ကို မျက်စိမှိတ်ပြလိုက်ရင်း 'ပုံမှန်ဆိုဒ်ပဲ ယူကြမယ်နော် ဒါမှ မဟုတ် XL ဆိုဒ်များလိုမလား'ဆို လိုက်တော့ ကောင်လေးတွေ သဘောကျပြီး ရယ်မောကြပါတော့တယ်။ ပုံမှန်ဆိုဒ် ကွန်ဒုံး နှစ်ထုပ်ရယ် ခပ်ကြီးကြီး Lube ပုလင်းတစ်လုံး ရယ်ယူလာပြီး ကောင်တာမှာ ငွေရှင်းတော့ ကောင်တာစာရေးခမျာ ယူမည့် ပစ္စည်းတွေကိုကြည့်လိုက် ကျွန်တော်တို့ကို မျက်တောင်ပင့် ကြည့်လိုက်နဲ့ စူးစမ်းနေသေးတယ်။ အဲဒီတော့မှ သတိပြုမိကြ ရင်း စာသင်ခန်းရှေ့ထွက်ရပ်ရတဲ့ ကျောင်းသားလေးတွေလို ပါးပြင်မှာ နီရဲလို့ပေါ့။ ပိုက်ဆံကို သွက်သွက်ရှင်းပြီး ကားဆီ အသော့နှင်လာကြပါတော့တယ်။

မြို့ရဲ့ အတွင်းပိုင်း ကျွန်တော်နေထိုင်ရာ ရပ်ကွက်ကိုမရောက် ခင် သစ်တောလမ်းသွယ်နားအရောက် ကျော်ကျော်က ဘာတွေ များဖြစ် သလည်းမသိ ကျွန်တော့်ပါးပြင်ကို အနမ်းတစ်ပွင့်လှမ်း ချွေသလို မြင့်မြတ်ကလည်း သူ့လက်ဖ၀ါးလေးတွေနဲ့ ကျွန် တော့်တီရှပ်အောက် လက်လျှိုလိုက်ရင်း ရင်အုပ်၊ ဘယ်လီ၊ နို့သီးခေါင်းလေးတွေကို ပွတ်သပ်လေရဲ့ ညင်ညင်သာသာပေါ့။

ကျွန်တော့်အိမ်ကိုရောက်တော့ သူတို့လေးတွေ မျက်လုံးမှာ အံ့သြသဘောကျတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်။ ခြံဝန်းထဲမှာ ပန်းခင်းတွေ၊ တိုင်ကပ်နှင်းဆီနီတွေ၊ သစ်ခွတွေ၊ စပယ်ရုံတွေကို အဆင်အပြင်ကောင်းကောင်းနဲ့ စိုက်ပျိုးထား တာမို့ပေါ့။ ခြံဝကနေ တမေ့ တမော လမ်းလျှောက်လာရင်း အိမ် ကိုမြင်ချိန်မှာတော့ ကျော်ကျော့်ပါးစပ် ၀လုံးဖြစ်သွားပြန်တယ်။ တိုက်လေးက ကျွန်တော့်သူငယ် ချင်း အင်ဂျီနီယာနဲ့တိုင်ပင်ပြီး ဆောက်ထားတာ၊ တစ်ထပ်ခွဲတိုက်လေးပေါ့။ သဘာဝအလင်း ရောင်များများရအောင် ၊ လေကောင်းလေသန့် ရအောင် အထူး ပြင်ဆင်ထားတာ၊ တတ်နိုင်သမျှ စွမ်းအင်ချွေတာတဲ့ သဘော လည်းပါသပေါ့။ လသာတဲ့ညများမှာဆို အိမ်အပေါ်ထပ် မှန်ချပ် တွေကတစ်ဆင့် လရောင်ဖြာကျနေတာကို ငေးမောနိုင်ပါတယ်။ လေပြေလေးအနှော့မှာ ပန်းနံ့မျိုးစုံကိုလည်း ရှူရှိုက်ရတာပေါ့ ဗျာ။

'အစ်ကိုက အားလုံး good တယ်ဗျာ'

'Environment အမြင်နဲ့ အပြည့်ပဲ'

'၀ိုး....တီဗီက အကြီးကြီးပဲ၊ Home Theater system ပေါ့နော်'

'အင်း...အဲဒီတစ်ခုတော့ ချွေတာဖို့မေ့သွားတယ်၊ ကိုယ်ကရုပ်ရှင် ၀ါသနာအိုးဆိုတော့'

ကောင်ကလေးတွေ လာရင်းကိစ္စမေ့ကုန်ပြီထင်ပါတယ်။ သူတို့ စားဖို့ မုန့်နဲ့ ကုတ်ဘူးတွေ စားပွဲပေါ်ချ၊ တီရှပ်ကို အသာချွတ် ရင်း ဆိုဖာပေါ် ကျွန်တော်ထိုင်တော့မှ သတိပြန်ဝင်လာပြီး သူတို့ ကိုယ်ခန္ဓာပေါ်က အင်္ကျီတွေကို ချွတ် ပြီးတော့ ကစားပွဲဝင်ဖို့ ပြင် ဆင်ကြ တော့တာ။ အပေါ်အင်္ကျီ တဖြည်းဖြည်းကွာသွားချိန် လက်မောင်းသားလေးတွေ၊ မို့နေတဲ့ရင်အုပ်၊ အဆီမရှိတဲ့ ဘယ် လီ တကယ့်ကိုဟော့တ်တဲ့ Swimmer's body ပိုင်ရှင်လေးတွေ ပါပဲ။ အားကျမခံ ကျွန်တော်လည်း အောက်ခံစွပ်ကျယ်ကို အ သာချွတ် ချည်ထည်ဘောင်းဘီက ကြယ်သီးတွေကို တစ်လုံး ခြင်း ဖြုတ်ရင်း ဆိုဖာလက်ရန်းပေါ် တင်လိုက်ပါတယ်။ ခြေ ထောက်ကရှူးကို ချွတ်လိုက်တဲ့အချိန်မှာတော့ ကျွန်တော့် ကိုယ်ပေါ်မှာ Jock-strap လေးရယ် ပြီးတော့ တွန်းထိုးရုန်းကန် နေတဲ့ ညီဘွားရယ်ဟာ သိသိသာသာ ပေါ်လွင်နေရသပေါ့ သူ တို့မြင်ကွင်းထဲမှာ။

'အစ်ကို အသက်သုံးဆယ်ကျော်ဆိုတာ ဟုတ်ကော ဟုတ်ရဲ့ လားဗျာ ၂၅ ဒါမှမဟုတ် ၂၈နှစ်လောက်လို့ပဲထင်တယ်'

'ဟုတ်တယ် ဘော်ဒီကလည်း အလန်းပဲဗျ'

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျေနပ်ပြုံး ပြုံးမိရရင်း သူတို့ကိုလှမ်းဖက်လိုက်ပါတော့တယ်။ ခုတင်ပေါ်မှာ အတူတကွ လှဲလျောင်းရင်း ဟိုကိုင် သည်ပွတ် body touching လုပ်ကြ လေသတည်းပေါ့ဗျ။ တစ်ယောက်က ကျွန်တော့် Jock-strap ကိုအသာ ဆွဲချွတ်ပေးနေချိန်မှာ မြင့်မြတ်က သူ့ဘောင်းဘီကို အသာချွတ်တယ်။ Rocket တွေကြီးပါပဲလား။ အငယ်လေး မြင့်မြတ်က ၆လက်မ၀န်း ကျင်ရှည်ပြီး အနည်းငယ်တုတ်သလို ကျော်ကျော်ကလည်း ထိုနည်းလည်းကောင်း။ ဒါပေမဲ့သူက ပိုပြီးတုတ်တယ်။

ဒီနေ့ ဖိုးကံကောင်းကျွန်တော်လေ...ငယ်ရွယ်နုပျိုတယ်၊ ကြံ့ခိုင် တဲ့ ဘော်ဒီပိုင်ရှင်လေးတွေနဲ့ အိပ်ယာပေါ်မှာ ကစားနေရတာ ပြီးတော့ သူတို့တွေက ကျွန်တော့်ကို အမှန်တကယ် လိုလားနှစ် သက်နေတာတွေကြောင့်။ မကြာခင် အရှိန်မြှင့်တင်တော့မယ့် ကစားပွဲလေး အစပျိုး နေပါပြီ။ အိပ်ယာပေါ်က စောင်ထူထူကို ဘေးပို့လိုက်တယ်။ Dim light ကိုဖွင့် တခြားမီးတွေကိုပိတ် မှန်ပြတင်းက လိုက်ကာတွေကို အသာချရင်းပေါ့။ သုံးယောက် သား အတူလှဲလျောင်းနေကြရင်း အနမ်းဒီဂရီတွေ သွေးခုန်နှုန်း ရင်ခုန်နှုန်းတွေ မြင့်တက်လာလိုက်ကြတာ ဒီအချိန်ဘယ်သူ လာတားတား ဂရုစိုက်ဖို့ သတိတောင်မရကြတော့ပါဘူး။ မြင့်မြတ်ကို ကျွန်တော် fuck လုပ်ရင်ပဲဖြစ်ဖြစ် ကျော်ကျော့်ကို ပဲဖြစ်ဖြစ် ကစားရင် အလယ်မှာပဲနေဖို့ ကျွန်တော်တို့ သဘော ညီဖြစ်ကြတယ်။

ရုတ်တရက် မြင့်မြတ်က အိပ်ယာပေါ်ကိုအသာလှဲချလိုက်ရင်း ကျွန်တော့်ဘော်ဒီကိုဆွဲဖက်တာ.....သူ့ကိုကြည့်ရတာ ပက် လက်လှဲအိပ် ရတဲ့ အနေအထားကိုကြိုက်ပုံပါပဲ။ ကောင်းသ ပေါ့လေ သူ့မျက်နှာလေးကို ကျွန်တော်မြင်ရသလို ကျွန်တော့် လောင်ချာကြီးသူ့ ထဲဝင် ထွက်တာကို သူမြင်နိုင်တယ်မ ဟုတ်လား။

'အား......ရှီး...အ....အ'

ကျော်ကျော်က ကွန်ဒုံးကိုဖောက် ကျွန်တော့်ငပဲကို အသာစွပ် ပေးသလို Lube အနည်းငယ်ယူကာ မြင့်မြတ်လေးရဲ့ ခရေလေး ထဲ အသာ မွှေ ထည့်ပေးပုံများ အလိုက်တသိ အကျွမ်းတ၀င်။ ပေါင်လေးတွေကို အသာကားပေးရင်း လက်ချောင်းလေးနဲ့ အရင်တစ်ချက်နှစ်ချက်မွှေ၊ သုံးလေးချက်အရောက်မှာတော့ တရှီးရှီးဖြစ်လာပြီဆိုတော့ သူ အသင့်ဖြစ်ပြီဆိုတာ အလိုလို သိရတာပေါ့။

ကျွန်တော့် ငပဲရဲ့ ကွမ်းသီးခေါင်းကို အသာကိုင်ပြီးတော့ သူ့ bf ရဲ့ hole ထဲအသာတေ့ပေးပြန်တဲ့ ကျော်ကျော့် ညီဘွားဟာ လည်း တဖြည်းဖြည်း မတ်လာတာ ဒုံးပျံထိပ်ဖူးအလားပါပဲ။ အသာလေး ကွမ်းသီးခေါင်းမြှုပ်ရုံထည့် ခပ်သာသာလေး သွင်း.. ..အား....ဖီးလ်ပဲ။ ကျပ်နေတဲ့ hole လေးထဲအသာချော့ သွင်း တာမှာ တဖြည်းဖြည်းနစ်ဝင်သွားရင်း ကျွန်တော့် balls တွေ သူ့ bubbly ass ကိုထိသွား တဲ့အထိဆိုပါတော့။ သုံးဦးသား အနမ်း ဖလှယ်ကြရင်း ကျွန်တော့်ခါးက စမ်းချောင်းထဲလှေလှော်သလို စတင်လှုပ်ရှားပါတော့တယ်။ ဒါကျွန်တော်တို့ လိုချင်နေတဲ့ ဖီးလ် ပဲလေ။

'အာ...အ...အ'

ကျပ်ကျပ်သိပ်သိပ်ပြည့်နေတဲ့ သန်မာတဲ့ကြွက်သားတွေရဲ့ ဖျစ်ညှစ်မှုကြောင့် hole အတွင်းထဲကို ခပ်ဖြည်းဖြည်းသွင်းချိန်မှာ အတော် ကောင်းတဲ့ဖီလင်ကို ခံစားရတယ်။ ခပ်ဖြည်းဖြည်းပဲ အသွင်းအထုတ်လုပ်တာ ကျွန်တော့်စတိုင်လ်လေ။ အောက်က မြင့်မြတ်ကလည်း မျက်စိလေး အသာမှေးကာ ညည်းတွားသံ အသာပြုလျက် ငါးဖယ်လူးနေသလို ဖြစ်နေပြီ။

 'အားပါး....ကောင်းလိုက်တာ....အား...အား'

ရုတ်တရက်ခံစားလိုက်ရတာက ကျွန်တော့်ခရေ၀မှာ စိုစွတ်မှု တစ်ခုထိတွေ့လာတာဗျ။ Lube တွေနဲ့အတူ ကျော်ကျော်ရဲ့ လက်ချောင်း တွေက လာကလိတာကိုး လတ်စသတ်တော့။ တစ်မျိုးတော့တစ်မျိုးပဲ လက်ချောင်းလေးတွေကို တစ်ချောင်း၊ နှစ်ချောင်း ထည့်ပြီး အထုတ်အသွင်းသူကစားတယ်။

အ...ဘယ်လိုဖီးလ်ပါလိမ့်နော်။ မြင့်မြတ် အပေးကောင်းလို့ ကျွန်တော်လှေလှော်နေချိန်မှာ ကျော်ကျော် ကလည်း သူ့ငပဲ နဲ့လာကလိ တော့တာ အား...အ။

'ကျွန်တော့်ဟာကို သွင်းနေတုန်း အစ်ကိုလည်း သူ့ထဲကို အဆုံး ထိဆောင့်ဆောင့်ချလိုက်နော်'

အဲဒီလိုနဲ့ ကျွန်တော့်ဆီးစပ်နဲ့ မြင့်မြတ်ရဲ့တင်ပါးတွေ ဖိကပ် သွားချိန်မှာ ကျော်ကျော်ရဲ့ ကွမ်းသီးခေါင်း ကျွန်တော့် ခရေ တွင်းထဲ တိုးဝင် လာတာကို လက်ခံရရှိလိုက်မိရပါတယ်။ ကျော် ကျော်လေ ကျွန်တော့် ပခုံးတွေ၊ လည်တိုင်တွေ၊ ဆံပင်လေးတွေ ကို အနမ်းပေးရင် ခပ်ဆပ်ဆပ် တစ်ချက်ဆောင့်ချလိုက်ကာ သူ့တာထွက်ကိုစတင်လိုက်ပါတော့တယ်။ ဆောင့်ချက်တွေ ဆောင့်ချက်တွေ...အားပါးပါး စက်သေနတ်လိုပဲ ဒါ...ဒါ သူ့ စတိုင်လ်များလား။

အိုး....ငယ်ရွယ်သူတွေနဲ့ ကစားရတာ ဒါကြောင့်ကြိုက်ကြတာ ထင်ပါရဲ့။ ခပ်မြန်မြန် စိတ်သန်သန် ပါဝင်ကစားတတ်ကြတာ ကြောင့်လေ။ နူးညံ့တဲ့ အထိအတွေ့ လတ်ဆတ်တဲ့ ကိုယ်သင့်း နံ့တွေကြောင့် ပိုမို စိတ်လှုပ်ရှားရပါတယ်။ ကျော်ကျော် တစ် ယောက် သူ့ဆောင့်ချက် တွေကို အဆင်ပြေပြေ လက်ခံနိုင်တာ ကြောင့် သူ အံ့အားသင့်နေပုံဖြင့် ခဏတာငြိမ်သက်သွားသေး တယ်။ ပြီးမှ ဆက်လက်ပြီး အရှိန်မြှင့် တာများ ခုတင်ကြီးတောင် လှုပ်တုပ်လှုပ်တုပ်။

သူ့ဆောင်ချပြီး  အနည်းငယ်ပြန်ထုတ်ချိန်မှာ ကျွန်တော်က ဖင်ကိုအသာကြွ ကျွန်တော့် တင်ပါးနဲ့ သူ့ဆီးအိမ် ဖိကပ်သွား တဲ့အထိ နောက်ပြန်တွန်းတွန်းပေးလိုက်တာ အသည်းခိုက် အောင် ကြိုက်သွားရပုံပေါ်ရဲ့ ' အား....' ကျွန်တော့်ပခုံးတွေကို နောက်ကနေ သိုင်း ဖက်လိုက်ရင်း အသာငြိမ်နေတယ် အဲဒီ ဖီးလ်ကို  တခဏထိန်းထားခံစားဖို့အတွက်ပေါ့။ သူဘောတွေ မြှုပ်ဝင်သွားတော့မယ့်အတိုင်း ဖိကပ် ထားရင်းပေါ့။ မြင့်မြတ် ခရေတွင်းထဲ ကျွန်တော့်အားမပါဘဲ အသာမျောလိုက်နေရ တာက ဖီလင်တစ်မျိုးဗျ။ မြင့်မြတ် ခရေတွင်းထဲ အဆုံးထိ ဆောင့်သွင်းရင်းနှဲ့နေတာကို ကျော်ကျော်က နောက်ကအသာ ဆောင့်ရင်း ကြည့်ကာ 'အိုကေ...ဆက်လုပ်....သူ့ကို လုပ်ဗျာ အားရပါးရ okay 'တဲ့။

အိုး...ဘာရမလည်း လာထားပေါ့။ ခပ်ကြမ်းကြမ်းလေးပြုစုမိ တာနေတာမှ ကျော်ကျော် လူလည်ကျလာတယ်လေ လှုပ်ရှား မှုသိပ် မလုပ်တော့ဘဲ ငြိမ်သက်နေတာမျိုးပေါ့။ ကျွန်တော် မြင့်မြတ် hole ထဲ သွင်းပြီးဆောင့်လိုက် ပြန်ချွတ်လိုက်လုပ် တယ်မဟုတ်လား။ ကျွန်တော်က မြင့်မြတ် hole က ချွတ်ပြီး တင်ပါးကိုကြွလိုက်တာနဲ့ သူ့ဒစ်ကကျွန်တော့် ထဲဝင်ပြီလေ။ သူ့ဆောင့်စရာမလို အားစိုက် စရာနည်းပါးသပေါ့။ အား.... ဘယ်တုန်းကနဲ့မှမတူတဲ့ ဖီလင်ကိုခံစားရတာများ တိမ်တွေ ထဲမှာ မျောနေသလို ရေလွှာပြင်ပေါ် ပေါလောပေါ် နေသလိုမျိုး လေ။ မြင့်မြတ်ကလည်း အောက်ကနေ ကျွန်တော်နဲ့ထပ်တူ မျက်ဖြူများပင်လန်နေသယောင် လုပ်နေသေးတော့တာ ပါးစပ် က 'အား...အ..အ.ရှီး' တဲ့ it was awesome.

ခဏအကြာမှာတော့ ကျော်ကျော်ရဲ့ငပဲက ပိုပြီးကြီးထွားလာ သလို ခံစားရကာ သူအလိုက်သင့်မငြိမ်တော့ဘဲ ဆောင့်ချက် တွေကလည်း မြန်လာတယ်။ ကျွန်တော်ကလည်း အလိုက် တသိ ဖင်ကိုရှုံ့ပွ ရှုံ့ပွလုပ်ရင်း ညှစ်ပေးပြုပေးလိုက်တာမှာ ကျွန်တော့်တစ်ကိုယ်လုံးကိုဆွဲ ဖက်ကာ ' Oh man, yeah...I'm Cumming. Feel it hot and deep inside ya" ဆိုပြီးတော့ ကာ ကျော်ကျော်ရဲ့ လှုပ်ရှားနေတဲ့ခါးဟာ ဆန့်ငင်ဆန့်ငင်ဖြစ် သွားကာ သူ့ညီဘွားက နို့ဖြူတွေ ကျွန်တော့်ကိုယ်ခန္ဓာထဲ ဖြည့်ပေး တော့တာပေါ့။ ကျွန်တော်လည်း သူ့အဖြစ်ကို ကြည့် ရင်း ရွှေပြွန်ချောင်းက ရေတွေ မြင့်မြတ်ခရေတွင်းထဲ ဖိကပ်ပြီး ပန်းထုတ် ပစ်လိုက်တာ.......so good.

ကိုယ်စီကိုယ်စီ ဆွဲထုတ်လိုက်ကြပြီး ရေနဲ့ဆေးကြောသန့်စင်ပြီး ခဏအနားယူဖြစ်ကြတာပေါ့။ ခဏလေးကြာတော့ အိပ်ယာပေါ် အသာ လှဲရင်း မြင့်မြတ်ရဲ့ပေါင်ကြားကို မျက်စိအရောက်မှာ မိုး ပေါ်ကို ဒုံးပျံနှင့်ချိန်နေဆဲ မြင်လိုက်ရတော့ သူ climax မဖြစ် သေးဘူးဆို တာသိ လိုက်ရတယ်။ ကောင်ကလေးပြောဖို့လည်း ရှက်ရွှံ့အားနာနေဟန်တူပါရဲ့။ အဲဒါနဲ့ ကျွန်တော်က ပြုံးမိရပြီး 'ခဏလေးနားပြီးရင် ကိုယ့်ရဲ့ ကိုမင်းအတွက် အပိုင်ပေး မယ်...မင်းစိတ်ကြိုက်....အိုကေလား' လို့ရဲဆေးတင်ပေး လိုက်တော့မှ လှုပ်ရှားလာတာများ လန့်တောင်လန့် တယ် ခုန်ထပြီး ကျော်ကျော့်ပေါင်ပေါ် ခေါင်းအုံးပြီးအိပ်နေတဲ့ ကျွန် တော့်ဆီကိုလှမ်းလာတာကိုး။

ဟိုး.....သူလေးကတစ်မျိုး။ လူအမျိုးမျိုး မူဟန်အမျိုးမျိုး အ ကြိုက်အမျိုးမျိုးဆိုတာ တစ်ကယ်မှန်တယ်။ ကျွန်တော့်တစ် ကိုယ်လုံးကို အသာပွတ်သပ်ကိုင်တွယ်ရင်း ရှုစားနေတာ အ တော်ကြာသေးတယ်။ ပြီးတော့မှ ဘေးစောင်းအိပ်နေတဲ့ ကျွန်တော့်ကို မှောက်လျက် ခပ်ကုန်းကုန်းအနေ အထားဖြစ် အောင် ပြုပြင်ပေးပြီးမှ ဒူးထောက်အနေအထားဖြင့် သူ့ငပဲကို တွင်းဝတွင်တေ့လျက် နှဲ့သွင်းသွင်း လေသည်။

'အ...အ...အ..Fuck...fuck'

'အစ်ကို...အ..အ ကောင်းတယ်ဗျာ...အားအ' ကျွန်တော့်ခါးအား အသာမစေလျက် ခပ်ကုန်းကုန်းအနေအထားဖြစ်အောင် မြင့်မြတ် ကပြင်ဆင်ပေးချိန်မှာ ကျော်ကျော်က နှစ်ဥိးလုံးရဲ့ ပစ္စည်းတွေမှာ Lube များလိမ်းကျံပေးထားတာကြောင့် မြင့်မြတ် လည်း သူ့စိတ်ကြိုက် ပြုလုပ်နိုင် ကျွန်တော်ကလည်း ရှေ့မှာ ထိုင်နေတဲ့ ကျော်ကျော့် နို့သီးခေါင်းလေးတွေကို လျှာနဲ့ ကလိ ပေးနိုင်တာပေါ့ဗျ။

မြင့်မြတ်က သူ့ကွမ်းသီးခေါင်းလေးကို အထုတ်အသွင်း ရှန်တိန် လုပ်ကြည့်ရင်း တစ်ချက်မှာတော့ အဆုံးထိဖိကပ်သွင်းလိုက် တာ..... ဘယ်လိုပြောရမှန်းမသိတဲ့ ဖီးလ်က တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထတဲ့အထိ ပျံ့နှံ့သွားရပါတယ်။ မြင့်မြတ် ကတစ်မျိုး ကျော်ကျော့်လို စက်သေနတ်မပစ်ဘဲ မွှေနေလိုက် ခပ်ဖြည်းဖြည်း အထုတ်အသွင်းလုပ်လိုက်နဲ့ ချက်ကျကျ စည်း ချက်နဲ့ မောင် လုပ်တာပလေ။ မြင့်မြတ်က နောက်ကဆောင့် ရင်း ကျွန်တော့်နို့ကို လှမ်းကလိသလို တစ်ခါတစ်ခါ ကျွန်တော့် ငပဲကို လက်ကစားပေးပြန်တာ။ ထို့အတူ တစ်ချိန်တည်းမှာပဲ ကျော်ကျော့် နို့သီးခေါင်းလေးတွေကို လျှာနဲ့ကလိပေးရင် ခပ်မာ မာလေးဖြစ်လာတဲ့ သူ့ညီဘွားကို ကျွန်တော် အသာဆွဲကိုင်ရင်း လက်ကစားပေးလိုက်တာများ လက်ထဲပြည့်နေတာပဲ။

အသက်ရှူသံတွေ ခပ်ပြင်းပြင်းထွက်လာသလို တင်ပါးနဲ့ ဆီးစပ် ရိုက်ခတ်သံ ပြီးတော့ ကျွန်တော်တို့ရဲ့ moan ဖြစ်သံတွေဟာ မော်ဒန်ရော့ခ်သီချင်းတစ်ပုဒ်ကိုဖြစ်လို့ပါပဲ။

ကျော်ကျော် သူ့ငပဲကို ကျွန်တော့်ပါးစပ်မှာ အသာတေ့လိုက် ရင်း 'အ...အ'ဆိုတဲ့ အသံနှင့်အတူ ကျွန်တော့်မျက်နှာဆီ ပန်း ထုတ်လိုက်တာ နွေးကနဲ နွေးကနဲ သူ့သုတ်သွေးတွေ။ ဇကော ၀ိုင်း၊ လှေလှော်၊ ကျားကြီးရေသောက်တို့နှင့် အလုပ်ရှုပ်နေတဲ့ မြင့်မြတ်ခမျာလည်း ကျွန်တော့်တင်ပါးရဲ့ လှုပ်ရှားဟန်၊ မြည် နေတဲ့ ရိုက်ခတ်သံများကြောင့် မိနစ်သိပ်မခြားဘဲ အဆုံးထိခပ် ဆပ်ဆပ် ကော့ကော့သွင်းလိုက်ရင်း သူ့ဇာတ်လမ်း တစ်ခန်းရပ် သွားပြန်ရော။ သုံးယောက်သား ဖီးလ်တစ်မျိုးစီရယူကြရင်း ခဏ တာငြိမ်သက်သွားကြတာ သုံးလေးမိနစ်မက။

အတန်ကြာ ငြိမ်သက်သွားကြပြီး ခဏအကြာမှာတော့ သုံး ယောက်သား ရေချိုးခန်းထဲဝင် ကိုယ်ခန္ဓာကို သန့်စင်ရေမိုး ချိုးကြလေ သတည်း ပေါ့။ တဘက်လေးတွေ ကိုယ်စီပတ်ရင်း ရေချိုးခန်းထဲက ထွက်လာကြတာ တာဇံဇာတ်ကားထဲက မင်း သားတွေအတိုင်းပဲ...ဟာ...ဟ။ သူတို့နှစ်ယောက်လုံး ကျွန်တော့်အိပ်ခန်းအပြင်အဆင်ကို ရော၊ ပြူတင်းပေါက်က လှမ်းမြင်နေရတဲ့ ပန်းခြံထဲက ပန်းတွေကိုရော အမှန်တကယ် သဘောကျနေကြပါတယ် တကြည့်ကြည့်နဲ့လေ။

'၀ါး..'

သုံးယောက်သား လူးလှိမ့်လို့ရတဲ့ ကုတင်ကြီးပေါ်လှဲလျောင်ကြ ရင်း ၂နာရီနီးပါး အိပ်ပျော်သွားမိတဲ့ ကျွန်တော် ကျော်ကျော်နဲ့ မြင့်မြတ်ရဲ့ နှိုးဆွမှုကြောင့် လန့်နိုးလာရပါတယ်။ သူတို့ ကျွန် တော့် ညီဘွားကို ရေခဲချောင်းစုပ်သလို စုပ်လိုက်၊ ရေခဲမုန့်ကို လျှာနဲ့လျှက်သလို ကစား လိုက်နဲ့ အတော်ဟန်နေကြတာဗျ။ 'ဘယ်လောက် ကျေနပ်စရာကောင်းတဲ့ နိုးထရမှုလည်း'ဆိုတာ။ သူတို့ပခုံးတွေပေါ် လက်တင်ထား ရင်း အပြုံးတွေများများ သူတို့ကိုပေးရတော့တာပေါ့။

ရေချိုးခန်းထဲ ပြန်ဝင်ကြ အ၀အတ်အစားလဲလှယ်ကြပြီးတဲ့နော် မှာတော့ အချင်းချင်းရဲ့ လိပ်စာကဒ်တွေ၊ Info တွေလဲပေးကြ မေးကြ ပြောကြပြီးနောက် သူတို့တိုက်ခန်းကို လိုက်ပို့ချထားပေး ခဲ့ပါတယ်။ သူတို့တိုက်ခန်းဟာ ကျွန်တော့်အိမ်ကနေ မိုင်ဝက် လောက် ဝေးအောင် ကားမောင်းရမှန်းသတိပြုမိပါသေးတယ်။ သူတို့က တိရစ္ဆာန်ချစ်တတ်ပုံပေါ်ရဲ့ ကားရပ်လိုက်တာနဲ့ သူတို့ ကိုအပြေး လာကြိုကြတဲ့ ခွေးလေးတွေက တစ်ကောင်မကပါ ဘူး။

ပြက္ခဒိန်က စာရွက်အချို့ပြုတ်ကျအပြီးမှာတော့ ကျွန်တော့် ပါတနာ ချစ်ချစ်ပြန်လာခဲ့ပါတော့တယ်။ သူ့ကို ကျွန်တော် ဆုံဖြစ်ခဲ့တဲ့ ကောင်လေးတွေအကြောင်းပြောပြ၊ သူတို့နှင့် မိတ်ဆက်တွေ့ဆုံပေးလိုက်တာ တစ်ညလုံး နှုတ်ဆက်တွေ့ ဆုံပွဲကြီးဖြစ်သွားရပါရော လေ.....ဟဲ...ဟဲ။ မကြာခင်မှာပဲ ကျွန်တော်တို့တွေဟာ အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်လာကြပြီး အပြင်သွားတာ ခရီးထွက်တာတွေမှာ စုံတွဲနှစ်တွဲအတူပေါ့။ ပွင့်ပွင့်လင်းလင်းပြောကြ ဆိုကြ အတော်ကျေနပ်ဖို့ ကောင်းပါ တယ်။ တစ်ခါတစ်လေများ foursome လုပ်ဖြစ်ကြ သေးတော့တာ။

ကျွန်တော်တို့ အတူမဆုံဖြစ်ကြရင်တောင် တစ်ပတ်တစ်ခါတော့ မြို့ပြင်နားက ကဖီးမှာ ကော်ဖီပူပူလေးရယ်၊ Donut လတ်လတ် ဆတ် ဆတ်တွေရယ် ထင်းရှူးနံ့ သင်းသင်း လေညှင်းတသွဲ့သွဲ့ နှင့် မနက်ခင်းတစ်ခုတစ်လေကို အဆုံးသတ်ဖြစ်ကြသေးတာပါ။

'ဟူး....ကော်ဖီကလည်းကောင်း...၊ Donut ကလည်း လတ် ဆတ်လိုက်တာ...Taste is good.'

Written by Alex Aung

Note: လွန်ခဲ့တဲ့သုံးလေးနှစ်ကရေးဖြစ်ခဲ့တာစာကို April လအတွက် အထူးပြန်လည်တင်ဆက်လိုက်ပါတယ်နော်။ စာအသစ်မရေးဖြစ်ပေ မဲ့ အဟောင်းလေးကလည်း ကောင်းမှာပါ။

How to Come Out As a Gay or Lesbian Teen




ဘယ်လိုဖွင့်ဟမလဲ?

စာဖတ်သူအနေနဲ့ မိမိဟာ လိင်တူအမျိုးသားချင်းကြိုက်နှစ်သက်သူ (Gay)၊ လိင်တူအမျိုးသမီးချင်းကိုသာ ချစ်ခင်နှစ်သက်သူ(Lesbian), လိင်တူ/လိင်ကွဲ နှစ်မျိုးစလုံးကိုနှစ်သက်တတ်သူ (bisexual) ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်အသွင် ပြောင်းလဲဝတ်ဆင်နေထိုင်သူ (Transgender) ဆယ်ကျော်သက်တစ်ယောက်ဖြစ်တယ်ဆိုတာ တစ်ယောက်ယောက်ကို မပြောပြရသေးဘူး ဟုတ်တယ်ဟုတ်? တကယ်တော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်ဗျ။ LGBT တစ်ယောက်ဖြစ်ရတာ တကယ့်အမိုက်စားပါ။ စဉ်းစားကြည့်လေ ဘီရိုတစ်လုံးထဲ အမြဲပုန်းကွယ်နေတာထက်စာရင် လမ်းမထက်မှာ လျှောက်လှမ်းတာကပိုပြီးကောင်းတယ်မဟုတ်လား။ ဘယ်လောက်ထိ များ ပုန်းကွယ်နေနိုင်မှာတဲ့လဲလေ။ အခုကျွန်တော်က စာဖတ်သူကို ကြပ်တည်းချုပ်တည်းထားသလိုဝတ်ဆင်ရတဲ့ ခေတ်ဟောင်းဖက်ရှင် လောကကနေ လွတ်လပ်ပေါ့ပါးသက်သောင့်သက်သာရှိတဲ့ ခေတ်ဖက်ရှင်ကိုဝတ်ဖို့ မိမိကိုယ်ကို ဘယ်လိုဆွဲထုတ်ရမလဲဆိုတာ ကူညီချင် စိတ်နဲ့ပြောပြချင်တာလေးတွေရှိပါတယ်။ ဘယ်လိုရပ်တည်မလဲ ဘယ်လိုအခြေအနေလေးတွေရှိသလဲ မိမိကိုယ်ကို ဘယ်လိုစိတ် လေးတွေနဲ့ စသည့် အကြံဉာဏ်လေးများဖြင့် အထောက်အကူပေးချင်စိတ်လည်းပါတယ်ဆိုရမှာပါ ခင်ဗျ။ လူမှုအဖွဲ့အစည်း လောက၀ယ် ကျွန်တော်တို့အားလုံးသည် ပိုမိုကောင်းမွန်သော လူထုတစ်ရပ်အဖြစ် ဖြစ်တည်ကာ ဖြတ်သန်းနိုင်ကြတာ အများအမြင်ဖြစ်ရပါမယ်ပေါ့။

(၁) သင့်လိင်စိတ်တိမ်းညွှတ်မှုကိုအသားကျသေချာအောင်လုပ်ပါ (Make sure of your sexual orientation)

စာဖတ်သူအနေနဲ့ မိမိကိုယ်ကိုဘာဆိုတာ ပုံဖော်နေဆဲကာလမှာပဲရှိသေးတယ်ဆိုရင်တော့ လူတွေကိုဖွင့်ဟပြောဆိုဖို့အချိန်ကောင်း တစ်ခုတော့ မဟုတ်ပါဘူး။ မိမိဟာ လိင်တူအမျိုးသားချင်းကြိုက်နှစ်သက်သူ (Gay) လိင်တူအမျိုးသမီးချင်းကိုသာ ချစ်ခင်နှစ်သက်သူ (Lesbian), လိင်တူ/လိင်ကွဲ နှစ်မျိုးစလုံးကိုနှစ်သက်တတ်သူ (bisexual) ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်အသွင် ပြောင်းလဲဝတ်ဆင် နေထိုင်သူ (Transgender) စသဖြင့် လိင်စိတ်တိမ်းညွှတ်မှုတွေက တစ်ဦးနဲ့တစ်ဦးမတူညီကြသလို အချို့သောအချက်အလက် အချို့သော နေထိုင်စားသောက် ဓလေ့ထုံးစံခြင်းညီညွတ်မှုတွေဟာ LGBT တွေနဲ့အကြောင်းအရာတူညီနေတယ်ဆိုပေမယ့် မိမိကိုယ်ကို ဘာဆိုပြီး ဆုံးဖြတ်လိုက်ဖို့ဆိုတာ အချိန်အတိုင်းတစ်ခုအထိလိုအပ်ပါတယ်။  အခုအဆင့်လေးဟာ တော်တော်ရှုပ်ထွေးပြီး မိမိကိုယ်ကို သေချာ ဆန်းစစ်ဖို့လိုနေသလို မိမိကိုယ်ကို ဘာပါဆိုပြီး ဖွင့်ဟလိုက်ပြီးရွေးချယ်လိုက်တယ်ဆိုပါတော့ တကယ်တမ်းမဟုတ်ခဲ့ရင် ရှေ့ဆက်ရမယ့်ဘ၀လမ်းကြောင်းမှာ အတော်ရှုပ်ယှက်ခက်သွားနိုင်ပါတယ်ဗျ။ အရမ်းရင်းနှီးချစ်ခင်တဲ့ မိသားစုဝင်တစ်ယောက်ယောက် သို့မဟုတ် သူငယ်ချင်းမိတ်ဆွေရှိတယ်ထားဦး စာဖတ်သူရဲ့ ပုံမှန်ချိန်းဆိုတွေ့ဆုံမှုလေးတွေအကြောင်း အရိပ်အယောင်ကိုတောင်မပြပါ နဲ့ဦး သူတို့အကြီးအကျယ် ရှော့ခ်ဖြစ်သွားနိုင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်ယောက် သို့မဟုတ် မိသားစုဝင်တစ်ဦးဦးကို ဖွင့်ဟလိုက်ဖို့ဆုံးဖြတ်လိုက်ပြီထားဦး သူတို့ကိုဘယ်လိုဖွင့်ဟမယ် ဘယ်လိုခင်းကျင်းပြီး နားလည်အောင်ပြောဆိုမယ်ဆိုတာ ကြိုတင်ပြင် ဆင်လိုက်ပြီးနောက်ပိုင်းမှာမှ ပြောဆိုသင့်ပါတယ်။ သင့်လိင်စိတ်တိမ်းညွှတ်မှု ကြိုက်နှစ်သက်မှုဟာ ပတ်ဝန်းကျင်နဲ့ဆန့်ကျင်ဘက် အသွင်မဖြစ်ဘဲ အသားကျအောင်လုပ်စေလိုရင်းဖြစ်ပါရဲ့။

(၂) လူတွေကိုဖွင့်ဟဖို့ထက် ကိုယ့်ကိုယ်ကိုလုံခြုံအောင်သေချာလုပ်ဦး (Make sure you will be safe if you tell people)
သူတို့အိမ်ကိုသူတို့စွန့်ခွာခဲ့ရသူတွေ သို့မဟုတ် သူတို့ဘ၀လုံခြုံစိတ်ချရမှုအပေါ် စိုးရိမ်ထိတ်လန့်နေရသူတွေ လူလောကမှာ အများကြီးရှိခဲ့ပြီးပါပြီ။ စာဖတ်သူအနေနဲ့ မိမိကိုယ်မိမိ အန္တရာယ်ရှိအောင်မပြုလုပ်နဲ့။ အကယ်၍ စာဖတ်သူရဲ့ မိသားစုဟာ လိင်တူခြင်း ကြိုက်နှစ်သက်သူများကို အလွန်တရာမုန်းတီးနေသူများ(homophobic)ဆိုပါက စာဖတ်သူအနေနဲ့ သတင်းကောင်းတွေကြားရနိုင်မယ့် ကြားဖို့အခွင့်အလမ်းနည်းပါလိမ့်မယ်။ ဒီလိုအခြေအနေမှာပြောစရာရှိတာက စာဖတ်သူအနေဖြင့် မိမိခြေထောက်ပေါ်မိမိ မရပ်တည်နိုင် သေး မရုန်းကန်နိုင်သေးဘူးဆိုရင် ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံးဖြစ်မှာပါပဲ။ တစ်နည်းအားဖြင့်တော့ စာဖတ်သူမှာ စိတ်ချ ယုံကြည် အားကိုးနိုင်မယ့် ဒီလိုကိစ္စမျိုးကိုကေင်းကောင်းကိုင်တွယ်နိုင်မယ့် ကျောင်းအတိုင်ပင်ခံတစ်ယောက်ရှိတယ်ဆိုရင် မိမိရဲ့လိင်စိတ် တိမ်းညွှတ်မှုကို သူ့အားပြောပြပြီး မိဘတွေကို ဖွင့်ဟပေးကြည့်ဖို့ကြိုးစားနိုင်ပါတယ်။ ကျောင်းအတိုင်ပင်ခံအနေနဲ့ မိသားစုနဲ့စာဖတ်သူ အကြား ကြားခံမီဒီယာတစ်ခုအသွင်နဲ့ လုပ်ဆောင်ပေးနိုင်တာပေါ့နော်။ စာဖတ်သူ့ဘ၀လုံခြုံအေးမြဖို့ကတော့ သေချာအောင်လုပ်ထား သင့်ပါရဲ့။

(၃) ဖွင့်ဟမပြောခင် သူတို့မေးလာနိုင်တဲ့မေးခွန်းတွေကိုဖြေဖို့အဖြေတွေထုတ်ထားဦး
(Before coming out, think of what questions they might ask and have answers in mind just in case.)

ကိုယ့်ရဲ့လက်ရှိအခြေအနေကို သူတစ်ပါးကိုဖွင့်ဟမပြောပြခင် သူတို့သေချာပေါက်မေးမြန်းလာမယ့် မေးခွန်းတွေ၊ လက်ငင်းချက်ခြင်းမေး မြန်းလာမယ့် မေးခွန်းတွေအတွက် အဖြေကောင်းကောင်းရှိဖို့ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဥပမာအားဖြင့် စာဖတ်သူအနေနဲ့အရင်က ဆန့်ကျင်ဘက်လိင်တစ်ယောက်ယောက်နဲ့ ချိန်းဆိုတွေ့ဆုံတာမျိုး ချစ်သူရည်းစားထားရှိခဲ့ဖူးတယ်ဆိုပါစို့ မိသားစုဝင်တစ်ဦးဦးအနေဖြင့် ‘မင်း အရင် ရည်းစား ကောင်လေး/ကောင်မလေးကရော ဘာလဲ?’ သို့မဟုတ် စာဖတ်သူဟာ လိင်ပြောင်းလဲခွဲစိတ်ထားသူ၊ လိင်တူ လိင်ကွဲအားလုံးကြိုက်နှစ်သက်တတ်သူဖြစ်ခဲ့ရင် သို့မဟုတ် အလားတူ သူတို့သိထားတဲ့ အမှတ်တံဆိပ်တစ်ခုခုနဲ့ သက်သေထူ ကြည့်ဖို့လုပ်လာခဲ့ရင် …… ဘယ်လိုရှင်းပြရမယ် ဘယ်စကားလုံးတွေသုံးမယ်ဆိုတဲ့ နည်းစနစ်တွေလိုအပ်လာနိုင်ပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုတစ်ခုခုကို အမှတ်တံဆိပ်တစ်ခုခုနဲ့ နှိုင်းယှဉ်ပြီးပြောရရင် သူတို့စိတ်ထဲမှာရှိနှင့်ပြီးသား  အသားကျပြီးသား အမှတ်တံဆိပ်တွေနဲ့ဆိုရင် အခုမှသိရသော အမှတ်တံဆိပ်တွေကို နားလည်ဖို့ အထာကျဖို့အချို့သောလူတွေအနေနဲ့က နားလည်မှုလွဲ ခြင်းများဆိုတာရှိနိုင်ပါတယ် ခင်ဗျ။ ဒါကြောင့် စာဖတ်သူအနေနဲ့ သူတို့မေးမြန်းလာမယ့် မေးခွန်းတွေ အထာတွေကို ကိုယ်က ဘယ်လို အိုင်ဒီယာနဲ့ သဘောပေါက်သွားအောင် လုပ်မလဲဖြေမလဲဆိုတာကို ကိုယ့်ဖာသာကိုယ်အရင်စူးစမ်းမေးမြန်းအဖြေပေးပြီး အရင်လေ့လာ သင့်ပါ တယ်နော်။

(၄) အရင်းနီးဆုံးသူငယ်ချင်းများဖြင့်စတင်လိုက်ပါ (Start with close friends)
ကိုယ်နဲ့ တရင်းတနီးပေါင်းသင်းလာတဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ ဘယ်သူကတော့ဖြင့် ယုံကြည်စိတ်ချရတယ် ဘယ်သူကတော့ဖြင့် ကိုယ့်ကိုယ်ရေးကိုယ်တာတွေကို ဖွင့်ဟတိုင်ပင်နိုင်တယ်ဆိုတာ များသောဖြင့် သိရှိကြပြီးသားဖြစ်မှာပါ။ တကယ်လို့ စာဖတ်သူရဲ့ သူငယ်ချင်း မိတ်ဆွေတွေဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ အမျိုးသား (gays) နှင့် အမျိုးသမီး (lesbians) များနဲ့ပတ်သက်ပြီး အနှုတ် လက္ခဏာဆောင်တဲ့ သဘောတွေပြောဆိုနေခဲ့ကြပြီးသားဆိုရင်တော့ သူတို့အားဖွင့်ဟတာကိုလက်ခံဖို့ အသိဉာဏ်မကြွယ်ကြောင်း သိသာနိုင်တာမို့ မဖွင့်ဟသင့်ပါ။ လိင်တူခြင်းကြိုက်နှစ်သက်တဲ့ကိစ္စဟာ သဘာဝကျတဲ့အကြောင်းအရာဖြစ်ပေမယ့် လူတိုင်းအတွက် တော့ အမှန်တရားတစ်ခုမဖြစ်သေးပါဘူး။ စာဖတ်သူရဲ့မိသားစုဝင်တွေလည်းအပါအ၀င်ပေါ့နော်။ စာဖတ်သူရဲ့မိသားစုဝင်တွေက ငြင်းပယ် ကန်ထုတ်မယ့်ကိစ္စတွေ မဖြစ်ခင် အရင်ခုသာခံသာဖြစ်မယ့် တော်တော်အရေးပါတဲ့ကိစ္စဖြစ်ပါတယ် သူငယ်ချင်းများကို စတင်ဖွင့်ဟခြင်း ဆိုတာဟာလေ။

(၅) ကိုယ့်အခြေအနေကို ဖွင့်ဟလိုက်ဖို့ (Come right out with your statement)

တောခင်တန်းလေးနားကို ဖြတ်သန်းသွားဖို့ကြုံလာတဲ့အခါ ခြုံပုတ်တွေဘေးကို တုတ်နဲ့ခတ်ပြင်းပြင်းရိုက်ခတ်ပြီး အကောင်ပလောင်တွေ ကို အသံပေးမောင်းထုတ်သလိုမျိုး သို့မဟုတ် စာဖတ်သူရဲ့ရင်ထဲမှာရှိပြီးသား စိတ်ခိုင်မာမှုတွေဟာခေါင်းရှောင်နေသလိုမျိုးခံစားရတာ က (၁) စာဖတ်သူရဲ့ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တွေကို ကြောက်လန့်နေလို့ (၂) စာဖတ်သူရဲ့စိတ်ထဲမှာရှိနေသော ရှက်ရွံ့စိတ်၊ အရှက်ရဖွယ်ကိစ္စတစ်ရပ်ကိုရင်ဆိုင်ရတော့မယ်လို့ ကိုယ့်ဖာသာထင်မြင်ယူဆချက်တွေပေးနေခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ကဲပါ အဲဒီလိုဖြစ်နေမယ့်အစား ကိုယ်အခုဖြစ်တည်နေတဲ့ အခြေအနေဖြစ်ရပ်ကို အေးအေးဆေးဆေးဖြင့် ဘ၀အတွက်လိုအပ်နေတာတွေ ကိုဆွေးနွေးတဲ့သဘောဖြင့် သူတို့ကိုဖွင့်ဟဆွေးနွေးလိုက်ပါ။

ဥပမာအားဖြင့် - ‘အင်း…အကို…ဒီနေရာကို ကျွန်တော်ခေါ်လာရတာက အရေးကြီးတာတစ်ခုခု ပြောပြချင်လို့ဗျ။ ကျွန်တော်ကလေ လိင်တူခြင်းကြိုက်နှစ်သက်သူ (gay) တစ်ယောက်ပါ။’ သို့မဟုတ် ‘ကိုယ်ဖြစ်နေတာတွေ ကိုယ်ခံစားနေရတာတွေကို ဖွင့်ဟပြောပြလို့ရ တဲ့ မင်းလိုသူငယ်ချင်းတစ်ယောက်ရှိတာ ငါအရမ်းကံကောင်းတာပဲ။ ငါ့အခု စိတ်ထဲမှာ တင်းကြပ်နေတဲ့ အခြေအနေတစ်ခုကိုဖြတ်သန်းနေ ရတယ် သိလား။ တကယ်လို့ ငါဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ (Lesbian) တစ်ယောက်ဆိုတာ မင်းသိသွားရင် ခင်မင်ရင်းနှီးမှုနဲ့ ကူညီမှုတွေ ဆက်ပြီးပေးနိုင်မယ် ဆက်ပြီးသူငယ်ချင်းဖြစ်လို့ရမယ်လို့ မျှော်လင့်လို့ရမလားဟင်’။ အဲ… အကာအကွယ်အခုအခံတွေ သို့မဟုတ် အချိုသကာတွေ အရမ်းအများကြီးတော့မလုပ်ပါနဲ့။ အခုပြောပြဖွင့်ဟနေတဲ့ကိစ္စဟာ စာဖတ်သူအတွက် အရေးကြီးတဲ့ကိစ္စ တစ်ခုဖြစ်ကြောင်း သူတို့သိပါစေ။ ဘော်ဒါ အသက်ကို၀၀ရှူ….ပြောချလိုက်တော့ အခု။

(၆) သူတို့အတွက် လက်သင့်ခံခြင်း အမှန်အတိုင်းသိမြင်ခြင်းဆိုတာဖြစ်လာဖို့အချိန်ပေးလိုက်ပါဦး
(Allow time for people to process and assimilate this revelation)
စာဖတ်သူဖွင့်ဟထားတဲ့ လူတွေအနေနဲ့ သူတို့ကြားရ လက်ခံနားထောင်ထားရတဲ့ သင့်ဖြစ်စဉ်နဲ့ အခြားအရာတွေကို သူတို့တွေ လက်သင့်ခံခြင်း စာဖတ်သူအကြောင်းအမှန်အတိုင်းသိမြင်ခြင်းဆိုတာတွေအတွက် သူတို့ကိုဖြတ်သန်းချိန် အချိန်တစ်ခုကိုပေးရပါမယ်။ အချို့သော မိသားစုဝင်တွေ နှင့်/သို့မဟုတ် သူငယ်ချင်းတွေအနေနဲ့ သူတို့လက်ခံထားတဲ့ ရှိရင်းစွဲအတွေးအခေါ်နဲ့ အခုတွေ့ရှိတဲ့ အတွေးအခေါ်အယူအဆ အသားကျဖို့ အချိန်အနည်းငယ်တော့လိုကောင်းလိုနိုင်ပါတယ်။ သူတို့အပေါ် အေးဆေးငြင်သာစွာဆက်ဆံပြီး စာဖတ်သူအ၀န်းအ၀ိုင်း ပတ်ဝန်းကျင်တစ်ဝိုက် လှည့်ပတ်ဖို့အချိန်ပေးလိုက်ပါ။ တစ်ရက်ရက် တစ်ချိန်ချိန် ရုတ်တရက်ထတဲ့ပြီး ‘အိုး…ငါက ဂေးပဲနော်’ ဆိုကာ ထမပြောမိ မရေရွတ်မိဖို့ သတိရပါနော်။ စာဖတ်သူအနေနဲ့ အချို့သောအချိန်တွေမှာ မိမိကိုယ်ကို ဘာဆိုတာ လက်ခံ ဖို့လိုနေသေးသလို အခြားသောသူတွေအနေနဲ့လိုအပ်ပါလိမ့်ဦးမယ်။

(၇) ကိုယ့်ဘ၀မှာ ဘယ်ကဏ္ဍတွေမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာ နားလည်ပါ
(Understand that this is something that will have a huge impact on certain aspects of your life)

စာဖတ်သူနားလည်ထားရမှာက သင့်ဘ၀မှာ မကြုံဘူးသေးတဲ့ အချို့သော ကြီးမားသောဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာပါပဲ။ သူငယ်ချင်းအချို့က ခဏတာတော့ သင်နဲ့ဆက်ဆံရေးဖြတ်ထားဖို့လိုသလိုမျိုးရှိနိုင်သလို အချို့သော မိသားစုဝင်တွေဟာလည်း စာဖတ်သူအပေါ် ကွဲပြားခြားနားတဲ့ ဆက်ဆံမှုတွေပေးလာနိုင်ပါတယ်။ စာဖတ်သူရဲ့မိဘတွေအနေနဲ့လည်း ကွဲပြားခြားနားတဲ့ ခံစားချက်တွေ ခံစားနေရနိုင်ပြီး ဒေါသအနည်းငယ်စွက်တဲ့ ဆက်ဆံမှုတွေပေးလာနိုင်ပါရဲ့။ သေချာတဲ့အခြေအနေ ကတော့ သူတို့အနေနဲ့ စာဖတ်သူအပေါ် စွန့်လွှတ်လိုစိတ်ဖြစ်ပေါ်ခံစားမိကြသလို အခြားသောသူများသည်လည်း စာဖတ်သူအပေါ် နှိမ့်ချလိုစိတ်တွေ နိမ့်ကျသွားတဲ့အဆင့်တစ်ခုနဲ့ဆက်ဆံခြင်းတွေကြုံရနိုင်ပါတယ်။ အရာအားလုံးပြောင်းလဲကုန်နိုင်ပါတယ်လေ။ ဒါပေမဲ့ စာဖတ်သူအနေနဲ့ သည်းခံစိတ်ထားမယ် ကြုံနေရတဲ့ဆက်ဆံရေးလို အခြေအနေမျိုးကိုလက်မခံနိုင်ကြောင်းအတင်းမလုပ်ဘူးဆိုရင် ၊ တစ်ချိန်တည်းမှာလိုလိုပဲ ကြုံဆုံနေရတာကို အောင့်အည်း သို့မဟုတ် ငြင်းဆန်နေတဲ့အချိန် စာဖတ်သူဟာ သူတို့ထင်မြင်နေသလို အကျိုးမဲ့လူတစ်ယောက်မဟုတ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သော အရည်အချင်းရှိလူတစ်ယောက်ဖြစ်ကြောင်းပြသနိုင်ပါလျှင် အဆုံးသတ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံမှုတွေရဖို့အခြေအနေနဲ့ အဆုံးသတ်နိုင်ပါလိမ့်မယ်။

(၈) ရှေ့တည့်တည့်ကို မျက်နှာမူပြီး လျှောက်လှမ်းပါ (Live out without being in people’s faces about it)

စာဖတ်သူအနေနဲ့စဉ်းစားကြည့်ပါ လူတစ်ယောက်ယောက်ရဲ့မျက်နှာကိုကြည့်ပြီး ရှင်သန်နေထိုင်ရတဲ့ဘ၀ဟာ ဘယ်လောက်များ နေရ ထိုင်ရကြပ်သလဲဆိုတာကိုလေ။ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် ကိုယ့်ရပ်တည်မှုနဲ့ကိုယ် သူတို့မျက်နှာကိုမကြည့်ဘဲနေထိုင်ကြည့်ပါလားဗျ။ အရင်က စာဖတ်သူအပေါ်မြင်တွေ့ဆက်ဆံနေကြသူတို့စိတ်သဘောထားတွေနဲ့ အခုမှသူတို့သိရှိရသော စာဖတ်သူ့အကြောင်းကို လက်ခံပြီး စတင်ပေါင်းသင်းဆက်ဆံဖို့ အစပိုင်းမှာသူတို့အနေနဲ့ နည်းနည်းတော့ခက်ခဲနေပေမယ့် နောက်ပိုင်းမှာတော့ သူတို့အမှန်တရားကို သိမြင်သွားကြမှာပါ။ စာဖတ်သူအနေနဲ့လည်း သူတို့တွေရဲ့ ဆက်ဆံမှုအပြောင်းအလဲ ထိတွေ့ရတဲ့ပတ်ဝန်းကျင် အပေါ် သက်သောင့်သက်သာလေးပဲစီးမျောနိုင်မယ်ဆိုရင် မကြာပါဘူး အကောင်းဆုံးဆိုတဲ့ အထာကျမှုတွေဖြစ်သွားပါလိမ့်မယ်။
စာဖတ်သူ ဘာဆိုတာ သိပြီးနောက်မှာတော့ သူတို့အလွယ်တကူ လိုလိုလားလား အလွယ်တကူလက်ခံလာကြမှာပေါ့။

ဆိုလိုတာကဗျာ သူတို့တွေ ရုပ်ရှင်၊သဘင်၊ဂီတပွဲတွေမှာမြင်တွေ့နေရသော ရယ်ရွှင်ဖွယ် LGBT ဇာတ်ကောင်များ၊ မဟုတ်တဲ့ဘက်မှာ ထူးချွန်နေသော ပတ်ဝန်းကျင်နဲ့ သဟဇာတသိပ်မဖြစ်စေတဲ့ LGBT အချို့ရဲ့သရုပ်သကန်များအပြင် မိသားစုဝင်တွေအနေနဲ့ကလည်း မိသားစုကို အထောက်အကူမပြု မိဘပိုက်ဆံလက်ဖြန့်သုံးနေသော ကိုယ့်ရပ်တည်မှုအပေါ်တန်ဖိုးမထား လူတကာနဲ့တရုန်းရန်းနေ တတ်သော ဂုဏ်သိက္ခာမဲ့စေတဲ့ သားသမီးအပေါ်အမြင်တို့က သဘာဝတစ်ရပ်အဖြစ် လက်မခံနိုင်ကြတာများစေပါတယ်။ စာဖတ်သူ တစ်ယောက် အနေနဲ့ ကိုယ့်ဘ၀ရှေ့ရေးအတွက် ဦးတည်ချက်မပျက်သူ၊ မိဘမောင်ဖွားတွေ သိက္ခာမဲ့စေမယ့်အလုပ်ကိုမလုပ်ဘဲ အထောက်အကူပြုသူ တစ်ဦးအဖြစ် ကြိုးစားနေထိုင်ပြကြမယ်ဆိုရင် မိသားစုဝင်တွေကလည်း အမြင်မကြည်ပေမယ့် လက်ခံလာမယ့် အပြင် ပတ်ဝန်းကျင်ကလည်း စနောက်မှုမရှိ ဖြစ်တည်မှုတစ်ခုအဖြစ် အထာကျလာကြပါလိမ့်မယ်။

သဘာဝတရားတစ်ခု ဖြစ်ရိုးဖြစ်စဉ်တစ်ခုအသွင် အမြဲပြောဆိုနေထိုင်ဆက်ဆံပါ။ စာဖတ်သူရဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအနေနဲ့ LGBT ဆယ်ကျော်သက်တွေအကြောင်း ပိုမိုသိရှိလာစေဖို့ သူတို့မေးမြန်းစူးစမ်းတာတွေကို ပြောပြဖို့ ဗဟုသတလည်းရှိထားသင့်တယ် ပြီးတော့ LGBT အ၀န်းအ၀ိုင်းကို အထင်မသေးစေမယ့် လူ့အဖိုးတန်တစ်ယောက်အဖြစ် နေထိုင်ကြည့်ကြမယ်ဆိုရင် သူတို့ဆိုတဲ့ လူတွေကို မျက်ဝန်းခြင်းတည့်တည့်ကြည့်ပြီး အသက်ရှင်သန်နေထိုင်သွားနိုင်ပါလိမ့်မယ်။

(၉) ကိုယ့်လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်နဲ့အသားကျအောင်လုပ်ခြင်း/ဆွေးနွေးဖို့လိုလိုလားလားဖြစ်ခြင်း
(Be able and willing to discuss your orientation with sincerely interested individuals)

တစ်ခါတလေတော့လေ မိမိရဲ့ လိင်စိတ်ခံယူမှု တိမ်းညွှတ်မှုတွေဟာ တစ်သီးပုဂ္ဂလခံစားချက်လို့ယူဆနိုင်ပေမယ့် နေထိုင်အသက်ရှင်ရာ ပတ်ဝန်းကျင်က လူတွေနဲ့ အသားကျသွားဖို့အတွက်တော့ ခက်သားပါပဲ။ အချို့သောသူတွေဟာ စာဖတ်သူက ဂေးတစ်ယောက်ဆို တာသိထားတယ်ဆိုရင် လိင်ပိုင်းဆိုင်ရာကိစ္စမှာ ဟာသလုပ်ရမယ့်လူအဖြစ် သူတို့မသိစိတ်က ဆက်ဆံတတ်ကြပါတယ်။ ဥပမာ - စာဖတ်သူနဲ့ သူ မမြင်ကွယ်ရာလေးမှာ အမှတ်မထင်နှစ်ယောက်တည်းရှိမိတဲ့အချိန်ဆိုရင် “ငါ့ကို လာမထိနဲ့နော်….မင်းနဲ့ဖမ်းမိသလို ဖြစ်သွားမယ်”အဲ့လိုပြောလာတဲ့အခါ စာဖတ်သူအနေနဲ့ ‘ဟေး…မင်းကို ငါကဘာတွေလုပ်နေခဲ့လို့လဲကွ’လို့သာပြောဆိုသင့်ပါတယ်။ ပြင်းထန်စွာမတုန့်ပြန်သင့်ပါဘူး။

တစ်ခါတလေ အဲ့လိုမဟုတ်ဘဲ ဆန့်ကျင်ဘက်မျိုးကြုံရနိုင်ပါတယ်။ တစ်ဖက်လူက ‘ဟိုဟာလေ… ကျွန်တော့် အကိုကသူ့ကိုယ်သူ ဂေးလို့ထင်နေတာ နှစ်ယောက်တည်းဆို ဖမ်းမိသလိုဖြစ်နေဦးမယ်’ လို့စကားပြောဆိုလာတယ်ဆိုပါတော့ ‘အိုး…၀ိုး….အဲဒီ့ကိစ္စက မင်းကို အံ့အားသင့်စေတယ်ပေါ့? အခြား မင်းသူငယ်ချင်းတွေကော သိလား?’ ဆိုပြီးစာဖတ်သူအနေနဲ့ ပြောလိုက်နိုင်ပါတယ်။ ပြီးတော့ တစ်ဖက် လူဟာ စကားပြောရအဆင်ပြေသူ လက်သင့်ခံလွယ်သူတစ်ယောက်ဆိုပါက စာဖတ်သူတို့ အတွက် ကောင်းသောအရာတွေ ဘက် အလှည့်အပြောင်းပါပဲ။ စာဖတ်သူအနေနဲ့က ‘အင်း ရပါတယ်ကွာ…အေးဆေးပါ…သူနဲ့အကိုနဲ့စကားပြောနိုင် သူငယ်ချင်းဖြစ်နိုင် တဲ့အကြောင်း ပြောလိုက်ညီလေး’ စသဖြင့် ရယ်ရယ်မောမော သက်သောင့်သက်သာဖြစ်စေမယ့် စကားမျိုးတွေနဲ့ တစ်ဖက်လူနဲ့ သူ့ညီအစ်ကိုအပေါ် ကြင်ကြင်နာနာသက်သောင့်သက်သာဖြစ်စွာပြောဆိုဆက်ဆံလိုက်မယ်ဆိုရင် LGBT လူ့အဖွဲ့အစည်းဆိုတာ သီးသန့်မဟုတ်ဟုဆိုသော အခြေအနေဆီကို ဦးတည်သွားစေမှာပါ။ ဥပမာပေးပြောခဲ့သလို အခြားလူများအပေါ် အကူအညီကိစ္စရပ်များ ပြုလုပ်ပေးခြင်းဖြင့် ကွာဟချက်နှင့်အတူ လက်ခံခြင်းတွေဖြစ်တည်လာပါလိမ့်မယ်နော်။

(၁၀) မှတ်မိ သတိရှိပါ (Remember)
မိမိအကြောင်းကို ဖွင့်ဟပြောဆိုခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဆိုတာ သတိရ မှတ်သားထားပါ။ အဆိုပါကိစ္စဟာ အချိန်လိုပါ တယ် အလျင်စလိုမလုပ်ပါနဲ့။

ပြောစရာ အချို့ (Tips)

-       သင်ဘာဆိုတာ သင်ကပဲပြောနိုင်ပါတယ်။ သင့်ဖြစ်တည်မှုအတွက် သင်ကိုယ်တိုင် ဘယ်တော့မှ မထိတ်လန့်မကြောက်ရွံ့ပါနဲ့။
-       အခြားသော online ပေါ်မှ သင့်အသက်ဝန်းကျင် လိင်တူအမျိုးသားချင်းကြိုက်နှစ်သက်သူ (Gay လိင်တူအမျိုးသမီးချင်းကိုသာ ချစ်ခင်နှစ်သက်သူ(Lesbian), လိင်တူ/လိင်ကွဲ နှစ်မျိုးစလုံးကိုနှစ်သက်တတ်သူ (bisexual) ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင် အသွင် ပြောင်းလဲဝတ်ဆင်နေထိုင်သူ (Transgender)များ အထူးသဖြင့် သူတို့ဘာဆိုတာကိုဖွင့်ဟ၀န်ခံထားသူများနှင့် စကား စမြည်ပြောဆိုပါ သူတို့အကြံဥာဏ်ကို ရယူပါ။ Social Website အချို့မှာ ကိုယ်သိချင်တဲ့အကြောင်းအရာလေးတွေကို သတင်းတို bulletin တစ်ခုအသွင် တင်ကြည့်ပါ။ ကိုယ့်လိုပဲအခြေအနေတစ်ခုကို ဖြတ်သန်းနေသူများက ဘယ်လိုလုပ်သင့် ကြောင်း သူတို့အတွေ့အကြုံအယူအဆလေးတွေကို ဝေမျှနိုင်တာပေါ့။ ဒါမှ ဆိုးဝါးသောတုန့်ပြန်မှုအခြေအနေ များကို ကိုယ်ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ စဉ်းစားမိမယ်လေ။
-       သင့်အနေနဲ့ LGBT လူမှုအဖွဲ့အစည်းတွေမှာပါဝင်လှုပ်ရှားချင်တယ်ဆိုရင် လုပ်လိုက်ပါ။ ဒါပေမဲ့ သင့်မိသားစုဝင်များနှင့် သူငယ်ချင်းများက သင်နှင့်အတူ ပူးပေါင်းပါဝင်လာလိမ့်မယ်လို့မယူဆစေချင်ပါဘူး။ သူတို့အနေနဲ့ LGBT တွေရဲ့ သတင်းသစ်တွေအပေါ် ကျင့်သားရ အသားကျဖို့အတွက် အချိန်ယူရပါလိမ့်ဦးမယ်။ ဒါကြောင့် သူတို့အနေအားဖြင့် သင်နဲ့ အတူ ဂုဏ်ယူဝင့်ကြွားဖို့ မဖြစ်တည်လာဘူးဆိုရင် သင့်တစ်ကိုယ်ရေကိစ္စရပ်အဖြစ်ပဲ သေချာအောင်ကြိုးစားလိုက်ပါလေ။
-       အမှတ်တံဆိပ်တစ်ခုအဖြစ် သတ်မှတ်မခံပါနဲ့။ သင်ကိုယ်တိုင် သင့်ကိုယ်သင်ဘယ်လိုခေါ်မယ်ဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အဆိုပါ အမှတ်တံဆိပ်တွေဟာ လူသားတွေကို အပေါ်ယံအသွင်အပြင်တွေအပေါ်မူတည်ပြီးမှ ပုံစံခွဲသတ်မှတ်တတ် တယ်ဆိုတာ သတိရပါ။
-       ဒီ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုမတူညီတာကို လက္ခဏာရပ်တစ်ခုလို တရားသေသတ်မှတ်ချင်ကြတာကတော့ လူ့ဘ၀ဇာတ်ကောင် ကာရိုက်တာအများကြီးရှိတဲ့အထဲမှာ မှတ်သိလွယ် တံဆိပ်တစ်ခု ကာရိုက်တာတစ်ခုအသွင် ထားနိုင်ဖို့ကြိုးစားခြင်းဆိုတာ သတိရပါ။ လိင်တူခြင်းကြိုက်နှစ်သက်သူ ဂေးယောက်ျား စီးပွားရေးလုပ်ငန်းပိုင်ရှင် တစ်ယောက်ရဲ့အသွင်အပြင် စရိုက်ဟန်ပန်က အနုပညာရှင်ဂေးအမျိုးသားတစ်ယောက်ရဲ့ အသွင်အပြင် စရိုက်ဟန်ပန်နဲ့ ထပ်တူတော့ မတူညီနိုင်ပါဘူးလေ။ ကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်မှု gay ဖြစ်ခြင်း lesbian ဖြစ်ခြင်းဟာ ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကြိုးစားခြင်းဟာ ပထမအဆင့်ခြေလှမ်းတစ်ရပ်ဖြစ်နိုင်ပါတယ်။
-       သင်ဟာ လိင်တူခြင်းကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိသာစေတဲ့ အကြိုက်လေးတွေ သဘောသဘာဝ လေးတွေကို ခြေဆင်းသဘော အရိပ်အမြွက်လေးတွေ ကာလတစ်ခုကတည်းကပြထားမယ်ဆိုရင် စာဖတ်သူ တရားဝင် ဖွင့်ဟ ဖွင့်ပြောချိန်ဝယ် တစ်ဖက်လူအဖို့ အရမ်းရှော့ခ်မရိုက်သွားနိုင်သလို အရမ်းမပေါက်ကွဲသွားနိုင်အောင် အကူအညီဖြစ်ပါလိမ့်မယ်။ ဥပမာ - straight သူငယ်ချင်းတွေနဲ့ ကုန်တိုက်တွေသွားကြတယ်ဆိုပါစို့ ကြုံဆုံရတဲ့ ဆန့်ကျင်ဘက်လိင် ကောင်မလေး တစ်ယောက်အကြောင်း မှတ်ချက်ဝိုင်းချကြစဉ် ‘အိုး ငါတော့ သတိကိုမထားမိဘူး။ ဒါပေမဲ့ အဲ့ဒီကောင်မလေးက အရင်ကတည်း က မြင်ဖူးနေကြလေးပါ’လို့ပြောလိုက်တာမျိုးပေါ့။
-       သင့်ကိုယ်သင်ဘာဆိုတာ သေချာအောင် သင်ကိုယ်တိုင်သေချာအောင်လုပ်ပါ။ သင့်လိင်စိတ်တိမ်းညွှတ်မှုအပေါ် သိပ်ပြီး အလောတကြီးမဆုံးဖြတ်သင့်သလို အချိန်ကန့်သတ်ပြီးလည်းမဆုံးဖြတ်ရပါ။ အမိုးအောက်ကနေ ပြင်ပလောကကိုမထွက်ခင် အချိန်ယူပါ ပြင်ဆင်ပါ သင့်ကိုယ်သင် သုံးသပ်ကြည့်ပါဦး ပြီးမှ အပြင်ကိုထွက်ပါ။ တစ်ကြိမ်တစ်ခါလေးပဲ ဖွင့်ဟ ဖွင့်ထုတ်ပြောဆို ခြင်းက သင့်အတွက် ခက်ခဲတဲ့ကိစ္စဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ယောက် ပြီးတော့ နောက်တစ်ယောက်ကို ဖွင့်ဟချိန်မှာတော့ ပိုမိုလွယ်ကူသွားပြီထင်ပါတယ်။
-       LGBT အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ သတင်းအချက်အလက်လေးတွေနဲ့အချိန်ကိုက် သင့်သဘောကိုဖွင့်ဟ ဖို့လုပ်ထားပါ။ ဥပမာ - လိင်တူအမျိုးသားခြင်း လက်ထပ်မင်္ဂလာပွဲတစ်ရပ်ဟာ အစိမ်းသက်သက်လူမှုဝန်းကျင်မှာပေါ်ပေါက်လာ ချိန်မှာတော့ သင့်မိတ်ဆွေသူငယ်ချင်းတွေ သို့မဟုတ် မိသားစုဝင်တွေကို အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးချက်တစ်ရပ် အသွင်ခေါ်ယူသွားလို့ရမယ် ပြီးတော့ လိင်စိတ်ခံယူချက်တွေအပေါ် ပြောပြဖွင့်ဟလိုက်လို့ရမယ်လေ။
-       သင့်မှာ LGBT သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့အနေနဲ့ ဖွင့်ဟပြောဆိုတဲ့ (coming out) ကိစ္စနဲ့ပတ်သက်ပြီး ပြောဆို ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့အနေနဲ့ သင့်လိုပဲ အလားတူ ကြုံဆုံခဲ့ကြတဲ့ အတွေ့အကြုံအဖြစ်အပျက်တွေ ရှိနေနိုင်တယ်လေ။ သူတို့အနေဖြင့် ဖွင့်ဟတဲ့ကိစ္စနဲ့ပတ်သက်ပြီး သိနေပြီဆိုတော့ သင့်အနေနဲ့ ယုံယုံကြည်ကြည် စကားပြော ဆိုလိုက်လို့ရမယ် မဟုတ်လား။
-       အကယ်၍ သင့်လိင်စိတ်ခံယူမှုကို ဖွင့်ဟပြောဆိုခြင်းကိစ္စဟာ စနောက်စရာ သို့မဟုတ် အနိုင်ကျင့်စော်ကားခံရမယ့် ဖြစ်ရပ်ဖြစ်နိုင်တယ်ဆိုရင် သင့်အနေနဲ့ တခြားရွေးချယ်ပိုင်ခွင့်များကို စဉ်းစားခြင်း၊ စိတ်ရှည်သည်းခံ ကြံ့ကြံ့ခံထားခြင်း များလုပ်ရပါမယ်။ ဒါပေမဲ့နော် နှုတ်လုံတာ သူရသတ္တိရှိတာနဲ့ ပါးစပ်ဖွာတာ ကွဲတယ်ဆိုတာ သတိထားဦး။ ဆိုလိုတာက သင်ဖွင့်ဟမယ့် ပတ်ဝန်းကျင် လူပုဂ္ဂိုလ်တွေဟာ ရှေးရိုးစွဲကင်းတယ် လက်ခံလိုတဲ့သဘောထားအမြဲရှိသူများလို့မယူဆ နိုင်သလို အရာရာ ထိရှလွယ်တဲ့လူတွေလည်းဖြစ်နေနိုင်သေးတယ် မဟုတ်လား။ ပိပိရိရိနေလိုက်ခြင်းက မီးဟပ်ခံရခြင်းထက်တော့ smart ဖြစ်ပါသေးတယ်လေ။
-       သင်ဖွင့်ဟပြောပြလိုက်မယ့် လူတစ်စုံတစ်ယောက်ဟာ သင့်အတွက် သတင်းကောင်းယူဆောင်လာနိုင်မယ့်သူမဟုတ်ဘူးဆိုပါက သင့်အတွက် ဇာတ်ညွှန်းအချို့ကို သင်ကိုယ်တိုင်ပြန်ရေးထားကြည့်ပါ။ အဆိုးဝါးဆုံးဆိုတဲ့ ကိစ္စတစ်ရပ်အတွက် ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ပါ။ ဝေဖန်ရေးတွေ သို့မဟုတ် မကောင်းတဲ့တုန့်ပြန်ချက်တွေ နဲ့မျက်နှာချင်းဆိုင်နေရစဉ်မှာတော့ သင့်အနေနဲ့ ကသိကအောင့်ဖြစ်မှု ဖိအား လိင်စိတ်ခံယူချက်အပေါ် သံသယပြန်ဝင်မှုစသဖြင့် အခက်အခဲတွေ ရင်ဆိုင်ဖို့လည်းရှိနေပါတယ် နော်။

သတိပေးချက်များ (Warnings)

-       သင်ဟာ ဘယ်သူဖြစ်တယ် သင့်ဘ၀စိတ်ခန္ဓာအတိုင်းဖြစ်တည်ရတာ ဂုဏ်ယူဖို့ကောင်းပါတယ်။ ဒါပေမဲ့ တော်တော့်ကို သတိထား ဂရုစိုက်ရပါမယ်။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှု သူ့ရဲ့ဘ၀ သူ့စိတ်ကို ခြွင်းချက်မရှိလက်ခံပေးတတ်တဲ့ ကမ္ဘာတစ်ခု မှာ ကံဆိုးစွာပဲ မနေထိုင်နိုင်ခဲ့ပါဘူး။ လုံခြုံအောင်နေပါ။ သင့်အနေနဲ့ လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင် ဧရိယာတစ်ခု သို့မဟုတ် အခြေအနေတစ်ရပ်မှာ မရှိဘူးလို့ ခံစားရရင် အဲ့ဒီနေရာကနေ စွန့်ခွာလိုက်ပါ။ အကယ်၍ သင်စွန့်ခွာပစ်ဖယ်ဖို့ မဖြစ်တဲ့ နေရာ တစ်ခု (ဥပမာ - စာသင်ကျောင်း၊ သင်တန်း)ဖြစ်နေရင်၊ ပြီးတော့ စိတ်လုံခြုံမှုလည်းမရှိသေးဘူးဆိုရင် သူငယ်ချင်းမိတ်ဆွေတစ် ယောက်နဲ့အတူရှိနေဖို့ကြိုးစားပါ။ အချို့သော အနိုင်ကျင့်နှိပ်စက်မှု နှင့် အနည်းငယ်သော အန္တရာယ်များအတွက် သူ့ကို ပြောပြထား ရှင်းပြပြီး အားကိုးအားထားပြုပါ။ ဆေးရုံဆေးခန်းရောက်ရတဲ့ကိစ္စတွေကြုံဆုံရမယ့်အဖြစ်ကနေ ဝေးကွာဖို့အတွက် သင့်အတွက် အောက်တယ်လို့ခံစားရပေမယ့် လိုက်နာပါနော်။
-       သင့်အနေနဲ့ ဒီလူက ဂေးကြီးပါလို့ အပြောမခံချင်တာနဲ့ အဲဒါထက်စာရင်နည်းနည်းတော်သေးတယ်ဆိုပြီး လိင်တူ/လိင်ကွဲ နှစ်မျိုးလုံးကြိုက်နှစ်သက်သူ (bisexual) တစ်ယောက်မဟုတ်ဘဲ ဟုတ်သည့်အသွင်နဲ့ ဖွင့်ဟခြင်းမပြုသင့်ပါ။ သင်နှင့်ပတ်သက် ၍ သင်ဟာဘယ်သူပါလိမ့် ဘာပါလိမ့်ဆိုတာ စိတ်ရှုတ်စေသည်သာမက လူတွေကို သင်ဟာ နှစ်ဖက်ချွန်ကြီး လူရှုပ်ကြီးဆိုတဲ့ အမြင်ဆိုးနဲ့မြင်အောင်ပြုလုပ်သလိုဖြစ်နိုင်ပါတယ်။ အကယ်၍သင်ဟာ လိင်တူခြင်းကြိုက်သူ ဂေးဖြစ်ရင် ဂေးတစ်ယောက်အနေ နဲ့ပဲ ဖွင့်ဟလိုက်ပါဗျို့။
-       လူတိုင်းကို လိုက်ပြီးဖွင့်ဟပြောဆိုခြင်းမပြုလုပ်ပါနဲ့။ သင့်မိသားစုနဲ့ သင့်အကြောင်းကောင်းကောင်းသိတဲ့ ယုံကြည်ရသော သူငယ်ချင်းကောင်း အချို့ကိုသာဖွင့်ဟပြောဆိုခြင်းပြုပါ။
-       ဖွင့်ဟပြောဆိုလိုက်လို့ သင့်အတွက်အန္တရာယ်တစ်ခုခုရှိ မရှိ မသေချာဘူးဆိုရင် မယုံကြည်ဘူးဆိုရင် ဖွင့်ဟခြင်းမပြုပါနဲ့။ သင့် ဘ၀ သင့်အသက်ရှင်သန်မှုက ပိုပြီးအရေးကြီးပါတယ်။ တစ်ခါတစ်ရံတော့ လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိလိုက်ခြင်းက သင်ထင်ထားတာထက် လုံခြုံစိတ်ချရပါတယ်။
-       အလားတူပါပဲ online လူမှုအသိုင်းအ၀ိုင်းပေါ်မှာလဲ သတိထားသင့်ပါတယ်။ LGBT(s) နဲ့ပတ်သက်တဲ့ ဖိုရမ်တွေမှာပြောတာပဲ ဆိုပြီး သင့်ကိုယ်ရေး အချက်အလက်အတိအကျကို မဖွင့်ဟသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ LGBT(s) နဲ့ပတ်သက်တဲ့ ဖိုရမ်ထဲမှာရှိတဲ့လူတိုင်းဟာ ကိုယ်လိုပဲလို့သေသေချာချာပြောလို့မရဘူးလေ။ တစ်ကြိမ်တစ်ခါပဲ ကိုယ်ဟန်ပြတာဖြစ်နိုင်တယ်။ သူတို့ကိုယ်သူတို့ စိတ်ရှုပ်နေဆဲ တုန့်ဆိုင်းနေဆဲလည်းဖြစ်နိုင်တယ်။ သူတို့ဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ အမျိုးသား (gay) ၊ အမျိုးသမီး (lesbian) သို့မဟုတ် လိင်တူ/လိင်ကွဲကြိုက်နှစ်သက်သူ (bisexual) အဖြစ် ဆုံးဖြတ်ခံယူထားသောသူ များဟာ တကယ်တမ်း straight တွေဖြစ်နေနိုင်တာပါပဲ။

Alex Aung (12 Nov 2014)
Credit to www.wikihow.com