Saturday, August 10, 2013

ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း နှင့် ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း



Oralpractice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း

ပါးစပ်ကို လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့အကြောင်းလေး ရေးပါမယ်။ မေးသူလဲရှိ၊ ရေးဘို့လဲလိုတယ် ထင်လို့ပါ။ (အိုရယ်လ်-ဆက်က်စ်) လို့ ခေါ်တာပေါ့။ အကြောင်းအရာ တခုခုကို ရေးတဲ့အခါ အဓိပ္ပါယ် ဖွင့်တာမျိုးနဲ့ စလေ့ရှိတယ်။ အခေါ်အဝေါ် အမျိုးမျိုးကိုလဲ ဗဟုသုတ ပွါးပေးတတ်ကြတယ်။ ဒီဟာမှာတော့ ထည့်မရေးလိုပါဘူး။ ခေတ်စားတဲ့ ဘန်းစကာတွေပါ ထည့်ရေးရင် အတော် ရိုင်းပြီး၊ ပညာပေးနဲ့ မတူတဲ့အပြင် လမ်းလွဲပို့ရာလဲ ကျနိုင်ပါသေးတယ်။

လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုတာက သိပ်မဆန်းတော့ပါ။ ဒါပေမဲ့ ဒီလိုနည်း လုပ်ပါ-မလုပ်ပါနဲ့လို့ ပြောဘို့က ဆရာဝန်တွေ အလုပ် မဟုတ်ပါ။ သတိထားစရာတွေ မလုပ်မိရင်တော့ ရနိုင်တဲ့ ရောဂါတွေ ရှိပါတယ်။ အများသိကြတဲ့ STD လို့ခေါ်တဲ့ လိင်ကတဆင့်ရတဲ့ ကူးစက်ရောဂါတွေပါ။ ဒီရောဂါတွေ အကြောင်း အကြမ်းဖျင်းလောက်ဘဲ ဒီနေရာမှာ ရေးပါမယ်။ STD ဆိုတာ လိင်ဆက်ဆံရင်းနဲ့ ရောဂါပိုးရှိနေသူဆီက သူ့အဖေါ်ကို ကူးစက်စေတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ အကောင် အမျိုးမျိုးက နေရာ အမျိုးမျိုးမှာ ဖြစ်တယ်။ နေရာဆိုတာ ထိစပ်မှုရှိတဲ့နေရာတွေပါ။ ကျား-မ လိင်အင်္ဂါတွေ ဆိုတာတော့ မပြောစရာ မလို့ဘူးပေါ့။ သမားရိုးကျ မဟုတ်တဲ့ နေရာတွေကတော့ စအို နဲ့ ပါးစပ်။ ဒီနေရာတွေကိုလဲ အသုံးချလို့ ဖြစ်ရတာပါ။ အမှတ် (၁)ကို စအိုအကြောင်းနဲ့ စခဲ့ပါတယ်။ အခု ပါးစပ်နည်း ရေးပါတယ်။

“အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ” ပညာပေးကို ရေးရတာက လက်ကို တုပ်ထားသလို၊ စဉ်းစားမှုကိုလဲ ချုပ်ထားသလို ရှိရပါတယ်။ ခြေတဖက်ကို ဘရိတ်ပေါ်မှာ တင်ပြီး၊ ကားမောင်းရသလိုပါဘဲ။ (ဆဲလ်ဖ်-ဆင်ဆာ) ကိုလဲ အထပ်ထပ် လုပ်ပါမှ။ ကျွန်တော်တို့ ခပ်ရွယ်ရွယ် ခေတ်တုံးက ဗမာစာနဲ့ရေးတဲ့ ဒီလိုင်းပညာပေးဆိုတာက အတော် ရှားပါတယ်။ ဆရာပီမိုးနင်း ရေးတာ တစ်တစ်ခွခွ ရှိလွန်းလှတယ် ထင်တယ်။ အခုစာရေးတဲ့လူကိုလဲ မိတ်ဆွေတွေက “ဒီနံပါတ်ကတော့ နဲနဲများသွားသလား မသိဘူး” လို့ ထောက်ပြရသေးတာ။ ကျေးဇူးတင်တယ်ဗျာ။

ဒီလိုရေးသားရတာကို မျိုးပွါးကျန်းမာရေးလို့ ခေါ်ကြသလို ဖို-မဆက်ဆံရေး ပညာပေးလို့လဲ ခေါ်သေးတယ်။ တိတိပပ ပြောရရင် တခုမှ မပြည့်စုံဘူး။ မျိုးမပွါးဘို့လဲ ပါသလို၊ ဖိုနဲ့မ မဟုတ်တာလဲ ပါသေးတာကိုး။ အင်္ဂလိပ်လိုကြ Sex ဆိုတာနဲ့ လုံလောက်တယ်။ ဒီစာလုံးကို ခုနောက်ပိုင်းမှာ တမင်းစားရေသောက် သုံးလာကြတယ်။ တိုက်ရိုက် ဘာသာပြန်ရင်တော့ “လိင်” ပေါ့။ ဗမာလိုကြတော့ ဒီစာလုံးကို သုံးဘို့ မကောင်းလှသေးဘူး။

၁၉၉၈ ကတည်းက စဉ်တိုက် ဆက်တိုက် အခန်းပေါင်း ၉၄ ခုအထိ ပြသခဲ့တဲ့ Sex and the City ဆိုတာက အတော် နာမယ်ကြီးပါတယ်။ HBO ကနေပြတာပါ။ ဒီဇာတ်လမ်းတွဲမှာ STDs လိင်ကတဆင့် ကူးစက်ရောဂါ၊ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံရေးနဲ့ Promiscuity အမျိုးမျိုး အထွေထွေသော နည်းတွေ ဆိုတာတွေပါတယ်။ ကနေ့ကမ္ဘာမှာ ဆူပါနေရာ ရောက်နေတဲ့ အမေရိကဆိုတဲ့ တိုင်းပြည်၊ ရှေ့မှာပြေးနေတဲ့ နယူးယောက်ဆိုတဲ့ မြို့တော်၊ သူ့ရဲ့ ထိပ်တန်းရပ်ကွက် (မင်ဟတ်တန်) က ရေပေါ်ဆီအလွှာခေါ်မဲ့ Big-city professional women တွေရဲ့ လူမှုဘဝထဲက လိင်မှုဘဝတွေကို ကွက်ကွက် ကွင်းကွင်း ဖေါ်ပြထားတာပါ။ ကျွန်တော့်တို့ဘဝကတော့ သိတဲ့အတိုင်းပါဘဲ။ ဒါ့ကြောင့် နေရာတကာမှာ သွားတူချင်လို့ မရပါ။

ရောဂါပိုးတွေက သွေးတို့၊ (လင့်ဖ်) တို့အပြင် ကိုယ်ခန္ဓာကိုယ် အရည်တွေထဲမှာလဲ နေကြတယ်။ ဆက်ဆံတဲ့အခါ နှစ်ယောက်လုံးကနေ အရည်ဆိုတာမျိုး ထွက်ပါတယ်။ သွားရည်ထဲမှာ ဒုက္ခမပေးတဲ့ ပိုးတွေ ရှိနေတယ်။ သာမန်အရေပြား ဆိုတာက ကောင်းနေရင် ရောဂါရစေတဲ့ပိုးတွေ အလွယ်တကူ ဝင်မလာနိုင်ဘူး။ အနာအဆာရှိရင်တော့ ဝင်လာနိုင်တယ်။ သတိထားဘို့က ကောင်းနေတဲ့ လိင်အင်္ဂါကိုဖုံးထားတဲ့ ပါးလွှာလွှာအရေပြားဟာ ဆက်ဆံရင်းနဲ့ သေးငယ်လှတဲ့ ဒဏ်ရာလေးတွေ ရတတ်တယ်။ မျက်စိနဲ့ မမြင်နိုင်အောင် ငယ်လွန်းတယ်။ ဒါပေမဲ့ မှန်ဘီလူးနဲ့ ကောင်းကောင်းနဲ့ကြည့်မှ မြင်ရလောက်အောင် သေးတဲ့ ရောဂါပိုးတွေအတွက်တော့ အဲဒီဒဏ်ရာလေးတွေက (ဆူပါဟိုင်းဝေး) လမ်းကျယ်ကြီးတွေလို ဖြစ်နေတာမို့ အထဲဝင်လာနိုင်တယ်။

သီအိုရီတော့ ရှိတာပေါ့၊ ဒါပေမဲ့ လက်တွေ့ပြောရရင် လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုနည်းက STD ရောဂါဝင်တာ အတော် နည်းပါတယ်။ ရောဂါပိုး နာမယ်တွေကို သိအောင် ရေးရရင် Chlamydia, Syphilis, Gonorrhea နဲ့ Herpes တွေပါ။ HIV ကတော့ အနာအဆာရှိနေမှ ဝင်မှာပါ။ ဒါတောင် သုတေသနအရ ပြောရင် Inconclusive “ဟုတ်တယ်လို့ အတိအကျ ပြောမရသေးဘူး” တဲ့။

အကြံပေးတာတခုက ဒီပါးစပ်အသုံးပြုနည်းကို သုံးချင်ရင် အကာအကွယ် လုပ်ဘို့ဖြစ်တယ်။ ကိုယ့်ပါးစပ်နဲ့ အဖေါ်ရဲ့အင်္ဂါကို တိုက်ရိုက် မထိတွေ့စေအောင် အဖုံးသုံးခိုင်းတာပါ။ (ကွန်ဒွမ်)လိုဟာ ဖြစ်ပါတယ်။ Barrier Methods ခေါ်ပါတယ်။ Saran or Cling Wrap လို့ခေါ်တဲ့ ပလပ်စတစ်ကိုလဲ သုံးနိုင်တယ်။ ချောစေတဲ့ဆေး မပါတဲ့ Non-Lubricated Condom ဖြစ်ဖြစ် Flavored Lubricated Condoms အနံ့ပါတာဖြစ်ဖြစ် Kiss of Mint Condoms အမွှေးအကြိုင်ပါတာဖြစ်ဖြစ် သုံးနိုင်တယ်။ ပြည့်စုံအောင် ထည့်ရေးရရင် Gay တွေအတွက် Dental Dams တွေကို အသုံးခိုင်းတယ်။

တလောက မေးတာတခုရှိတယ်။ “သုတ်ရည်ပါးစပ်ထဲ ဝင်မိသွားရင် ကိုယ်ဝန်ရနိုင်သလား” တဲ့။ မရပါခင်ဗျား။ လက်ခံသူမှာ HIV နဲ့ B ပိုး ရှိနေပြီး၊ လုပ်ပေးသူရဲ့ ပါးစပ်မှာ အနာအဆာရှိရင်၊ ဝင်လာနိုင်ပါတယ်။ ပါးစပ်သုံးနည်းကို ကိုယ်ဝန် မရှိအောင် ဆက်ဆံနည်းအဖြစ် သုံးနိုင်သလို အင်္ဂါနှစ်ခု တကယ်ထိတွေ့မှု မလုပ်ခင် Foreplay before intercourse အဖြစ်လဲ သုံးလို့ ရပါတယ်။ လစဉ်ရာသီဆင်းချိန်မျိုးမှာလဲ Alternative ရသေ့စိတ်ဖြေနည်း အဖြစ်သုံးနိုင်သေးတယ်။

ကောင်းတာလေးတွေ ရွေးရေးရရင် ပါးစပ်ကို ဖုံးထားတဲ့အလွှာ Mucus membrane က ပိုပြီး ခိုင်မာလို့ တော်တော့ ပိုး ဝင်မလာနိုင်ဘူး။ ကြိုက်လွန်းလို့ ရှေ့နေလိုက်သူများကဆိုရင် တံတွေးထဲမှာရှိတဲ့ Enzymes အင်ဇိုင်းမ် ဓါတ်ဟာ ဗိုင်းရပ်စ်ကို အာနိသင်ပျက်ပြယ်အောင် Neutralize လုပ်နိုင်တယ်တဲ့။ သေခြာတာကတော့ အင်္ဂါချင်းထိစပ်တာနဲ့ စာရင်တော့ ရောဂါဝင်တာ နည်းပါတယ်။ နည်းတယ်ဆိုတာ မဖြစ်တာကို ဆိုချင်တာတော့ မဟုတ်ပါ။

ဆန့်ကျင်သူတွေ အယူခံဝင်တာကတော့ ပါးစပ်နည်း Oral sex ဟာ Oral cancer ပါးစပ်ကင်ဆာ ဖြစ်ချင်ဖြစ်မယ်တဲ့။ New England Journal of Medicine ရဲ့သုတေသနတခုက ဆိုတာကတော့ တသက်တာမှာ ပါးစပ်နည်းသုံးတဲ့အဖါ် ၅ ယောက် အထိထားသူများဟာ Throat cancer လည်ချောင်းကင်ဆာ ဖြစ်ဘို့ ၂ ဆလောက်ရှိတယ်တဲ့။

ဆေးပညာပေး အချုပ်ရေးရရင် -
၁။ အခြေခံကျတဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်ဘို့ လိုတယ်။ ရေမိုးချိုး၊ သွားတိုက်၊ ပါးစပ်ဆေး သန့်ရှင်းရေး လုပ်ပါ။
၂။ အင်္ဂါနေရာမှာ ပေါက်တဲ့ အမွှေးအမျှင်ထဲမှာ ပိုးရော၊ ချွေးရော၊ အညစ်အကြေးရော အောင်းနေနိုင်တယ်။ တချို့မှာ သန်းတွေ ရှိတယ်။ ယေက်ျားတွေမှာ ဂျွတ်ပေါက်တယ်။ ဒါတွေက တကိုယ်ရေ သန့်ရှင်းရေး လိုလို့ပါ။
၃။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အင်္ဂါတဝှိုက်မှာ ကြွက်နို့ရှိနေရင် ဒါဟာ လိင်ကတဆင့်ကူးစက်ရောဂါ STD ဖြစ်ဘို့ များတယ်။
၎။ ပေါင်ခြံ Groin မှာ Lymph nodes တက်စေ့တွေ ရောင်နေရင်လဲ STD ဖြစ်ဘို့ များတယ်။
၅။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အဖြူ-အရည်ဆင်းနေရင်၊ ယားရင်လဲ STD ဖြစ်ဘို့ များတယ်။
၆။ ရေးပြီးသားတွေ ဖတ်နိုင်ပါတယ်။
၇။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဆီးအောင့်ရင် အရင် ဆေးကုပါ။
ဂ။ ပါးစပ်မှာ အနာ-အဆာ-အကွဲ-အရှ ရှိနေရင် ရှောင်ပါ။
၉။ တယောက်နဲ့ တယောက် အတွင်းသိ အစင်းသိဆိုရင် ပိုသင့်လျော်ပါတယ်။
၁ဝ။ အဲလိုမဟုတ်ရင် (ကွန်ဒွမ်) Condom သုံးပါ။

(ကွန်ဒွမ်) သုံးတာဟာ တိုက်ရိုက်ထိတွေ့မှု မဟုတ်လို့ သာယာမှု နည်းတယ်ဆိုတာ စိတ်ပါ။ အရွယ်ရှိသူများမှာ ဟော်မုန်းတွေ ရှိနေလို့ လိင်ဆက်ဆံချင်စိတ် အမြဲကိန်းအောင်းနေပါတယ်။ “စိတ်ကစားမှု” ကနေ ဆန္ဒ ဖြစ်ပေါ်လာတယ်။ “အထိအတွေ့” ရှိလာရင် ဆက်ပြီး စခန်းသွားချင်လာတယ်။ အထိအတွေ့မှာ သာယာတာဟာ စိတ်ကြောင့်ပါ။ ဆန့်ကျင်ဘက် လိင်နှစ်ဦး လက်ချင်း ထိမိတာတောင် လိင်စိတ် နိုးထတတ်တယ်။ တချို့က မျက်စိချင်း ဆုံတာနဲ့ မေတ္တာ သက်ဝင်တယ် လို့ ပြောကြတယ် မဟုတ်လား။ စိတ်ပါဘဲ။ လူနာတယောက်ကို ထိကိုင်၊ စမ်းသပ်တဲ့အခါ အဲလိုစိတ် မဝင်အောင် ထားတတ်တာက ခိုင်မာတဲ့စိတ်၊ ဘာသာရေး ကိုင်းရှိုင်းသူများမှာ အဲလိုစိတ်ကို ထိန်းနိုင်တာတို့ဟာ သန့်ရှင်းတဲ့စိတ်ပါ။ လိင်တူကို စိတ်ဝင်စားတာကလဲ ဆန်းပြားတဲ့စိတ်။ ဆေးပညာအရ စိတ်အမျိုးမျိုး ဖြစ်ပေါ်စေနိုင်တဲ့ သတ္တိဟာ ဟော်မုန်းတွေ အချိုးအဆကြောင့် ဖြစ်ပါတယ်။ ဟော်မုန်းရဲ့ အထက်မှာက “ထိန်းလို့ ရတဲ့”၊ “လွှတ်လို့ လွယ်တဲ့” စိတ်ဆိုတာ ရှိပါတယ်။

လိင်စိတ်ဖြစ်ပေါ်တာ ပုံမှန်ပါ။ နည်းစမ်းချင်တာလဲ (နော်မယ်)ပါ။ ဖြစ်ပေါ်လာတဲ့စိတ်အတိုင်း စမ်းချင်တဲ့ နည်းကို ကာယကံ မြောက်မယ်ဆိုရင် ကျန်းမာရေးပညာပေးတွေနဲ့ ချင့်ချိန်ပါလေ။

Dr. တင့်ဆွေ
၂၈-၁-၂ဝ၁ဝ

Oral practice Q and A ပါးစပ် အသုံးပြုခြင်း အမေး-အဖြေများ
February 7, 2010 1:06 PM
ကျွန်တော်ဟာအတွေ့ အကြုံ တခါနှစ်ခါပဲရှိပါသေးတယ်။ ဒါပေမဲ့ သုတ်မထွက်ဘူး ဖြစ်နေပါတယ်။ ကိုယ့်ဟာကို play ရင်တော့ ထွက်ပါတယ်။ ဒါပေမဲ့ ဖိုမဆက်ဆံရင် မထွက်ဖူးဖြစ်နေတယ်။ ပြီးတော့ အရက်တို့ ဆေးတို့ လဲမသုံးပါဘူး။ အဲလိုမသုံးပဲနဲ့ကို ၈ နာရီ ကြာတာတောင် သုတ်မထွက်ဘူး ဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဆေးကုသမှု ခံယူသင့်ပါသလား။

February 7, 2010 11:17 PM
ကျန်းမာရေး ပညာပေးတာ ကောင်းပါတယ်။ တစ်ခုပဲ။ ဒီလို Oral sex ကိစ္စကို မြန်မာလူမျိုးတွေကို ပညာပေးတောင် ရေးနေရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူများတွေ လုပ်တာကို မကောင်းတာ မှန်သမျှ အကုန်သာ လိုက်လုပ်နေကြရင်တော့ လူမှုရေး ပြဿနာတွေက ရှင်းလို့ ဆုံးတော့မှာ မဟုတ်ပါဘူး။ ENT က ဆရာတွေ oral sex သမားတွေမှာ HPV ကြောင့် Ca tongue ဖြစ်မဖြစ် သုတေသန လုပ်သင့်တယ်လို့ ထင်ပါတယ်။

February 23, 2010 5:38 PM
ယောက်ျားတစ်ယောက်က လိင်တံအရွယ်အစားက ဘယ်လောက်ရှိသင့်သလဲ။ ပြီးတော့ အရွယ်အစား ပုံမှန်အချိန်မှာ ၁ လက်မကျော်ကျော်နဲ့ တောင့်တင်းချိန်မှာ ၄ လက်မ ရှိရင် ပုံမှန်အရွယ်အစား ဟုတ်နိုင်လား။ အကယ်လို့ မဟုတ်ရင် ဘာလုပ်ရမလဲ။ ရိုင်းသွားရင် တောင်းပန်ပါတယ်။

February 23, 2010 5:42 PM
ယောက်ျား လိင်တံပတ်လည်က ဘယ်လောက်ရှိသင့်သလဲ။ ငါးမူးလုံးသာသာဘဲရှိတယ်ဆရာ။ ဘယ်လိုလုပ်ရမလဲ။

Penis enlargement ကို ဖတ်စေချင်ပါတယ်။ မဖတ်အားသေးရင် -
"သန်မာ (သာမန် မဟုတ်ပါ) နေချိန် Erectile penis ကို တိုင်းထွာပြီး၊ September 1996 Journal of Urology မှာ ရေးခဲ့တာကတော့ 12.9 cm (5.08 in) ပျမ်းမျှ ရှိပါတယ်။ ဒီဂျာနယ်ကဘဲ ဆိုပြန်သေးတာက ဘယ်လောက်ဘဲ နဂိုက အရွယ်အစားရှိနေနေ သန်မာလာရင် ဘယ်လောက်ထိ ရှိလာမလဲ ဆိုတာကို တိတိကျကျ မှန်းမရပါဘူးတဲ့။ ဂျူး-ကော့ကေးဆပ် ယောက်ျားတွေဟာ သန်မာချိန်မှာ ပျမ်းမျှ 13.6 cm (5.35 in) လို့ December 2000 International Journal of Impotence Research က ထုတ်ပြန်ပါတယ်။ သိပ္ပံနည်းကျ တိုင်းထွာကြတာမှာ တယောက်နဲ့ တယောက် မတူကြလို့ အများပြောသမျှ ထဲကနေ ပျမ်းမျှယူတဲ့အခါ 12.9–15 cm (5.1–5.9 in) ရှည်ပြီး၊ 2.4 and 5.5 cm (0.9 and 2.2 in) လုံးဝန်းတယ်လို့ မှတ်ယူနိုင်တယ်။ ကျားလိင်အင်္ဂါဟာ သန်မာချိန်မှာ ၂ လက္မခွဲမှ မရှိရင်တော့ Micropenis လို့ဆိုပြီး၊ ဆေးပညာအရ သတ်မှတ်ပါတယ်။"

March 10, 2010 7:18 PM
ကျွန်တော် တခုလောက် မေးလိုရမလားခင်ဗျား ကျွန်တော် သုတ်လွှတ်တာ မြန်ပါတယ်။ အဲတာရောဂါလား ဘာဆေးဝါးတွေ သုံးသင့်သလဲဆိုတာကို ညွန်ကြားပေးပါခင်ဗျား။

Early ejaculation ကို ဖတ်ပါခင်ဗျား။

March 11, 2010 1:30 PM
ကိုယ်ဝန်ပျက်ကျစေချင်ရင် အရက်နဲ့ သွေးဆေးသောက်ရတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျား ပြီးတော့ တောမီးတောက် အရက်နဲ့ဘာနဲ့ သောက်ရင် ကိုယ်ဝန် ပျက်စေနိုင်ပါသလဲ။ ကျနော့် သူငယ်ချင်း တယောက်အတွက် အရေးတကြီး အကူအညီလိုနေလို့ပါ။

မြန်မာနိုင်ငံ ဥပဒေအရ ကိုယ်ဝန်ပျက်ကျအောင်လုပ်တာ အပြစ်ရှိပါတယ်။ အကြံတောင်းတာကို ဆေးပညာဗဟုသုတ အဖြစ်သာ ပြန်ရေးပါရစေ။ အရက်အပါအဝင် ပြင်းထံတဲ့ဆေး၊ အစားအကောက်တွေဟာ ကိုယ်ဝန်နုတာကို ထိခိုက်စေပါတယ်။ ပျက်ကျတဲ့အထိ ဖြစ်မဖြစ်တော့ တပ်အပ် မပြောနိုင်ပါ။

မြန်မာသွေးဆေးကို ဆေးပညာအရတော့ မသိပါ။ လက်တွေ့နယ်ပယ်မှာတော့ မြန်မာဆေးတွေ သောက်ပြီး၊ ရာသီထိန်တာ၊ နောက်ကျတာကို ကုစားလို့ ရတာတွေ တွေ့ဘူးပါတယ်။ အနောက်နိုင်ငံတွေမှာ Morning after pill ခေါ်တယ်။ Plan B လို့လဲ ခေါ်သေးတယ်။ Unwanted 72 (T Pill 72) လို့လဲ ခေါ်တယ်။ အိန္ဒိယမှာတော့ တရားဝင်ရောင်းလို့ ၂ လုံးတွဲဆေး တကပ်ကို ၃၂ ရူးပီးဘဲ ပေးရတယ်။

ဒီခေါင်းစဉ်ကို ပိုပြီးသိလိုရင် Unwanted Pregnancy မလိုချင်တဲ့ ကိုယ်ဝန် ကို ဖတ်နိုင်ပါတယ်။ အချိန်နည်းလို့ ဖြစ်ဖြစ်၊ Privacy အရ သိလိုတာရှိရင် ကိုယ်ပိုင် (အီးမေးလ်) လိပ်စာကနေ မေးရင် တိုက်ရိုက် ပြန်ကြားပေးပါမယ် ခင်ဗျား။

Health News Update
• ၂၅-၂-၂ဝဝ၄။ ဆက်ဆံရာတွင် ပါးစပ်ကိုသုံးလျင် Human papilloma virus (HPV) ကြောင့် Oral tumours ခံတွင်းအကြိတ်ရောဂါ ရနိုင်သည်ဟု သံသယရှိခဲ့သည်မှာ ကြာပြီ။
• ၂၆-၂-၂ဝဝ၄။ အချို့သော Mouth cancer ခံတွင်းကင်ဆာတို့သည် ပါးစပ်သုံးဆက်ဆံနည်းကြောင့် ကူးစက်စေနိုင်သည်။
• ၁၁-၅-၂ဝဝ၇။ New England Journal of Medicine (NEJM) တသက်တာတွင် လိင်ဆက်ဆံရာ၌ ပါးစပ်သုံးသည့် အဖေါ် ၆ ယောက်ထက် ပိုသူ ယောက်ျား-မိန်းမတို့သည် Cancer of the tonsils or at the base of the tongue အာသီး သို့မဟုတ် လျှာအောက် ကင်ဆာဖြစ်ရန် ၉ ဆနည်းပါး ပိုသည်။
• ၉-၅-၂ဝဝ၇။ လိင်ဆက်ဆံရာတွင် ပါးစပ်ကိုအသုံးပြုရန် အဖေါ် ၅ ယောက်ထက်ပိုသူများသည် မသုံးသူများထက် လည်ချောင်း ကင်ဆာဖြစ်ရန် အဆ ၂၅ဝ ပိုသည်။
• ၁ဝ-၅-၂ဝဝ၇။ Johns Hopkins Kimmel Cancer Center သုတေသနက Human papillomavirus (HPV) သည် ယောက်ျားရော၊ မိန်းမပါ Throat cancers လည်ချောင်းကင်ဆာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။
• ၁၉-၂-၂ဝဝ၈။ Oropharyngeal cancer ခံတွင်း-လည်ချောင်းကင်ဆာ ကာကွယ်မည့် HPV vaccine ကာကွယ်ဆေးသစ် Gardasil သည် အမျိုးသမီးများအတွက်သာ ထိရောက်သည်။
• ၅-၁၂-၂ဝဝ၉။ Human papillomavirus (HPV) ရှိနေသူ ယောက်ျားအား ပါးစပ်သုံးဆက်ဆံနည်းလုပ်မိပါက Oral, Head, Neck, and Throat cancer ခံတွင်း၊ ဦးခေါင်း၊ လည်ပင်း၊ လည်ချောင်းကင်ဆာ တခုခုဖြစ်စေနိုင်သည်။
• ၁ဝ-၃-၁ဝ နေ့ ရန်ကုန်ကလာတဲ့ (IRIN) သတင်းမှာ “ကိုယ်ဝန် ပျက်ခြင်း-ဖျက်ခြင်းသည် မြန်မာနိုင်ငံတွင် တတိယ အဆိုးဆုံးသော ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်၍ သေဆုံးသည့် အကြောင်းရင်း ဖြစ်သည်။” လို့ ပါတဲ့အတွက် သတိရှိဘို့ကိုပါ အကြံပေးပါရစေ။

AnalPractice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း


ကြားဘူးတယ် ဟုတ်၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း ချက်တယ်။ ဝိုင်းထဲကို ဘယ်သူမှ မဝင်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်စီးတယ်။ အက်ႍေတာ့ မဝတ္ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က (ရိုင်းတယ် ပြောတော့ဗျာ)၊ ဝမ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။ မေးချင်တာက ဝမ်းသွားတဲ့ (ဖင်)ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။
စအိုကနေဝင်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ဝမ်းလျော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ဝင်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”ဝင်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။

ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒ ပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့တာဝန်ဝတ္တရားကို An excretory organ or an eliminative channel အညစ်အကြေး စွန့်ထုတ်ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။ ဝမ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။

ကျား-ကျား လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထလာတော့ ပြောဘို့-ရေးဘို့ လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။

စအိုရဲ့မွေးရာပါအလုပ်ကို ပဌမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်းအိမ်ထဲမှာ မစင်(ဝမ်း)တွေ ပြည့်လာတာနဲ့ ဝမ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်းအိမ်က အပေါ်ကနေ အောက်ဆီ ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(ဝမ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား အဝိုင်းတွေက လျော့ဖွင့်လိုက်လို့ ဝမ်းသွားခြင်း ဖြစ်လာတာပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”

နှစ်ပေါင်း ၄ဝဝဝ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု)ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက်အထားတွေ၊ နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့ သျှီဗား ရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင်(ဘုရား) နဲ့ ဒုတိယ မယား (ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း ဆိုတာတွေ ကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။ ဆန်းတာတွေ ရှေးကတည်းကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့ အားမပေးလိုပါ။ ဆက်ဖတ်ပါခင်ဗျား။

Anal sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန် အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့ (တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့ ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့ ထိန်းမရဘူး။ သူတို့က ဝမ်းသွား-လေလည် အဝင် အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု လုပ်ပါမယ်။ Reflex ခေါ်တယ်။

ဒါ့ကြောင့် မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့ အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။ အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း အတော်နည်းပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေအလွန်းလို့ Honorably discharge လို့တောင် ခေါ်သေးတယ်။

လိင်ဆက်ဆံတဲ့အခါ တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွားတတ်တယ်။ အဲဒီနည်းနဲ့ လိင်ဆံဘို့ Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။ သူက တခါသုံး မလာပါ။ တခါသုံး မဟုတ်တာ မှန်သမျှ စိတ်မချရတာ သိမှာပါ။ Jelly သုံးပေမဲ့ နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအို စုတ်ပြဲ ပါလိမ့်မယ်။ စုတ်ပြဲတာက သွေးထွက်ချင်မှ ထွက်ပါမယ်။ သေးသေးလေး ဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။

အဲဒီကနေ ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ (ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန်ပါသေးတယ်။ နောက်တချက် ယောက်ျားဆီးပြွန်ကပဲ Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့် ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ဝင်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေစာရင်းလောက်သာ ထည့်ပါမယ်။

Annal canal အရှည်က 2.5 to 4 cm သာ ရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ဝမ်း မရှိအောင် လုပ်ထားပါစေ ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအဝနဲ့ မထိပါမှ ဆီးလမ်းပိုး ဝင်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အဝကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။ ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော ဘယ်လောက် ကရိကထများလိုက်သလဲ။ သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့်ဖြစ်လာတဲ့ လိင်ဆက်ဆံမှုက ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။

လိင်ဆက်ဆံတာဟာ နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦး သဘောတူ ဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးက နည်းလည်မှုပေးဘို့ လိုမှာပါ။ မဟုတ်ရင် တချို့တိုင်းပြည်တွေမှာ ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ Physiological and Psychological nature of the practice ဇီဝကမ္မဗေဒ အရရော စိတ်ပညာအရပါ နားလည်ဘို့ လိုမှာပါ။

စိတ်ပိုင်းဆိုင်ရာလဲ ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား-မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံချင်စိတ် ဖြစ်ပေါ်လာတာနဲ့ အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလို လွှမ်းမိုးချင်စိတ် Domination ထက် ကဲပါတယ်။ စိတ်ပညာအလိုအရ အဲလို ယောက်ျားသားတွေဟာ Male domination complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊ Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင် အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ-ချစ်တာ အားနည်းသူ ဖြစ်နေတတ်ပါသတဲ့။

နည်းအဆန်း စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့ (စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာနတခုကိုလာတဲ့ စအိုထဲ ပစ္စည်းတခုခု (Foreign body) ဝင်လို့ လာသူတွေထဲမယ် ၇၈%ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါသတဲ့။

သိတဲ့အတိုင်း လိင်ဆက်ဆံက (အင်နာဂျီ) အတော် ကုန်တာပါ။ စအိုထဲ ထိုးသွင်း-ဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ) သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။

နောက်ဆက်တွဲက စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက်သားတွေ အားနည်းလာမယ်။ ဝမ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ဝမ်းသွားမမှန်ဖြစ်လာမယ်။ Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း (ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။

သိပ္ပံအရ ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာသာဖြစ်ပြီး မိန်းမကိုယ် (မွေးလမ်းကြောင်း) လို ထိုးသွင်းရမဲ့ဒွါရ မဟုတ်တာ သေခြာပါတယ်။ သဘာဝတရားနဲ့ ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။ ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် နဲ့ Organic မပြုမပြင် အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့ ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါတယ်။

စအိုလိင်ဆက်ဆံနည်း ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ်ကတည်းကပါတဲ့။ အာဖရိက မှာတော့ ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ခေတ်မှာ အာဖရိက နွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့ အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ် သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။ "Lick it till your tongue turn doo doo brown" "Da Butt" "Baby Got Back" နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါသေးတယ်။

ကမ္ဘာကျော် ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ ကစ ထုတ်တယ်။ သမင် တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ် ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး-မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ ဆိုချင်တာက လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ အလိုလို ထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။

လူကြီးတွေက ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ်အကြေးကို အသစ်ကလေး မထင်နဲ့လို့။

Dr. တင့်ဆွေ
၁၅-၉-ဝ၉

Wednesday, July 31, 2013

ကိုကိုယောကျာ်းမဟုတ်ဘူး



 ပြာလွင့်နေတဲ့ကောင်းကင်ကြီးကမွန်းတည့်နေရဲ့စူးရှတောက်ပမှုကြောင့် တောက်ပကြည်လင်ကာရှင်းသန့်နေ လေရဲ့။အဲ့ဒီ့နောက်မှာတော့ ဖြူမို့မို့တိမ်သားဆိုင်တေကမွမွတတ်ပြီးအလိပ်လိုက်အလိပ်လိုက်လွင့်မြောရွေ့လျား နေလိုက်တာဝါဂွမ်းမှို့ကြီးတွေ့လိုပါပဲ။အဝေးကလေနတ်သားလေးသယ်ဆောင်လာတဲ့ လေပြေတစ်ချို့ကကျွန်မရဲ့ ပုတုန်းရောင်ဆံနွယ်တွေကို တဖြတ်ဖြတ်ခတ်ပြီး လွင့်လူးနေစေပါတယ်။ ကျွန်မရဲ့မျက်နှာသားတစ်လျှောက်နဲ့ လက်မောင်းလက်ဖြန်တွေကို ကျွန်မပွတ်သပ်ကြည့်မိတယ်။ အသားအရေကနေရောင်ကြောင့် လားတော့မသိဘူး ဝင်းဝါညက်ညာစိုပြေနေပါတယ်။ ကျွန်မကိုယ့်ကိုယ်ကို ဒီနေ့မလှမှာအရမ်းစိုးရိမ်ခဲ့ပါတယ် ...

ဒါကြောင့်မနက်အစောကြီးထရေချိုးပြီး ဖြီးဖြီးလိမ်းပြင်ဆင်လိုက်တယ်။ ပြီးတော့မှန်ရှေ့မှာမတ်တတ်ရပ်ပြီးကျွန်မနဲ့လိုက်မယ့်အဝတ်စားတွေကို ရွေးနေရတာတော်တော်တောင်အချိန်ကြာသွားတယ်ရှင့်။ ဒါပေမယ့်ကျွန်မကြေနပ်ပါတယ် ကျွန်မလိုချင်တဲ့လှလှပပပုံစံလေးရအောင်တော့ကျွန်မ ရအောင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါမှလည်းကျွန်မက ကိုကို့ကိုစိတ်ကျေနပ်မှုတွေပေးစွမ်းနိုင်မှာပေါ့။

အဟင်းဟင်း ကျွန်မကအသက် ၁၇ နှစ်ရွယ်မိန်းကလေး တစ်ယောက်ဆိုပေမယ့် ကျွန်မကိုယ်ကျွန်မယုံကြည်မှုအပြည့်ရှိပါတယ်ကျွန်မဟာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယာက် ဆိုတာကိုပေါ့။ ဒါကလည်း ကျွန်မကိုမြင်ရုံနဲ့ လူတိုင်းက သိနေကြတာပါပဲ ။  ကျွန်မကလှတယ်လေ။ ချစ်စရာလဲ ကောင်းတယ်။ ကျွန်မကတော့ ကိုကို့ဆီက အသည်းနှလုံးလေးကိုပဲ လိုချင်နေမိတယ်။ ကိုကိုနဲ့ကျွန်မက လွန်ခဲ့တဲ့ငါးနှစ် ကျွန်မဆယ့်နှစ်နှစ်သမီးကတည်းက ရင်းနီးခဲ့ကြတာလေ။ ကိုကိုကမျက်ခုံးကောင်းပြီးနှာတံစင်းတယ် ကိုကို့မျက်လုံးအိမ်ကနက်နေပြီးသူ့အကြည့်တွေက စူးရှမှုရှိတယ်။ ကိုကိုက ပြောမယ်ဆိုရင်လူချောတစ်ယောက်ပါ။ ရယ်လိုက်ရင်ပါးချိုင့်ရေယ်လိုက်ရင်ပါးချိုင့်လေးပေါ်လာပြီး ချစ်ဖို့ကောင်းတဲ့ကိုကို့ကို ကျွန်မချစ်မိနေတယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ကမှကျွန်မကိုယ်ကျွန်မသိလိုက်ရတယ်။

              ပြီးတော့ကျွန်မမြတ်နိုးရတဲ့ကိုကို့ရဲ့အပြုအမူလေးတွေရှိသေးတယ်။ ကိုကိုကရေသောက်ပြီဆိုရင် နှုတ်ခမ်းမှာရေစက်လေးတွေမပေအောင် သေသေသပ်သပ်လေးသောက်တတ်တာ။ ခြေချောင်းဖြူဖြူလေးတွေနဲ့လိုက်ဖက်တဲ့ ကတ္တီပါဖိနပ်လေးပေါ်မှာ ဖုန်မှုန့်လေးတွေ ကပ်နေပြီဆိုဆိုရင် မနေတတ်ပဲ လက်ကလေးနဲ့ တောက်ခါတတ်တာ။ ပြီးတော့ နေတာထိုင်တာ ဝတ်တာစားတာကအစ သပ်သပ်ရပ်ရပ်နဲ့ Smart ကျကျနေတတ်တာ။ ဒီအပြုအမူလေးတွေက ကိုကို့ကိုကျွန်မရင်ထဲမှာစွဲလန်းသွားစေဖို့ တွန်းအားတွေ အများကြီးပေးခဲ့ပါတယ်။

ကျွန်မထက်အသက်သုံးနှစ်ကြီးတဲ့ ကိုကိုကကျွန်မကို ညီမလေးဆိုပြီးဂရုတစိုက်ရှိလှပါတယ်။ တစ်ခါတုံးကဆို ကိုကိုအိပ်နေတုံး ကျွန်မကိုကိုအခန်းထဲ ဝင်သွားလိုက်တာ ကိုကိုကအိမ်မက်ဆိုးတွေမက်နေပြီးလန့်နိုးလာတယ်ကျွန်မကိုလဲတွေ့ရော ညီမလေးဆိုပြီးဖက်ထားလိုက်တာ အကြာကြီးပဲ။

အဲ့ဒီ့အချိန်က ကျွန်မနှလုံးသား ရဲ့အနက်ရှိုင်းဆုံးနေရာက အစိုင်အခဲတွေလှုပ်ရှားသွားတာလေ။ ကျွန်မရဲ့ရင်ခုန်သံတွေဟာ ပေါက်ကွဲပြီးအပြင်ဖက်ကို လွင့်စင်လာတော့မလားအောက်မေ့ရတယ်။ ကျွန်မရဲ့လှိုက်မောမှုတွေကို ကိုကိုက ဆွဲထုတ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မဟာ ကိုကို့အပေါ်မှာ ယိမ်းယိုင်သွားခဲ့တယ်ထင်ပါ့။   ကိုကို့အိမ်နဲ့ကျွန်မအိမ်က အရမ်းရင်းနီးကြတယ်လေ။ ဒီတော့ကျွန်မက ကိုကကိုကို့ဆီကို တံခါးမရှိဓါးမရှိဝင်ထွက်လို့ရနေခဲ့တယ်။

ကျွန်မလက်ထဲက ကိုကို့အတွက်လမ်းကဝယ်လာတဲ့ ရေခဲစိမ်ပက်စီ အချိုရေဘူးလေးတောင်မှ အရည်တွေတစက်စက်ကြနေပြီ ကိုကိုရောက်မလာသေးပါဘူး။ ဒီနေ့ကျွန်မကို ကိုကိုကတစ်နေရာကိုသွား လည်မယ်ဆိုပြီးချိန်းထားခဲ့တာလေ။ အင်း ကိုကိုရောက်လာလို့ကျွန်မကိုမြင် ဘယ်လိုများပြောမယ်မသိပါဘူး။ ကျွန်မရဲ့ဝတ်စားဆင်ယင်ပုံက ခါတိုင်းထက်ထူးခြားနေတယ်မဟုတ်လား။ ကျွန်မတစ်ယောက်ထဲအတွေးလွန်နေတုံး..........

"ကလင် ကလင် ကလင်........."


အနောက်ဖက်ကနေ စက်ဘီးဘဲတီးသံကြားတယ်။ ကိုကိုရောက်လာပြီထင်တယ်။ ကျွန်မလှည့် မကြည့်ဘဲနဲ့မျက်လုံး နှစ်ဖက်ကိုမှိတ်ထားလိုက်တယ်။တဖြည်းဖြည်းနဲ့ ကိုကို့စက်ဘီးသံက နီးကပ်လို့လာပါတယ်။ စက်ဘီးသံကကျွန်မနားမှာဝဲနေလေရဲ့။ သေချာတယ် ကျွန်မကိုပတ်ပြီးကိုကိုနင်းနေတာပဲနေမှာ။ ကျွန်မရဲ့နှုတ်ခမ်းတွေဟာပြုံးနေပေမယ့် ကျွန်မမျက်လုံးကိုတော့မှိတ်ထားဆဲပါ။ ခဏနေတော့ စက်းဘီးသံရပ်သွားတယ်။ ကျွန်မမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာပြုံးပြီးကြည့်နေတဲ့ ကိုကို..........

"ဘာတွေဝတ်လာတာလဲညီမလေးရယ် ကိုယ့်ကိုယ်ကိုလဲကြည့်ပါဦး ကလေးနဲ့တောင်မတူတော့ဘူး"

"ကိုကိုနော် ကိုကိုပဲကလေးကုလားပုံတွေ ဝတ်မလာနဲ့ဆို"


"ဟားဟား အလကားစတာပါညီမလေးရာ အခုလိုဝတ်ထားတော့ညီမလေးက အပျိုကြီးဖားဖားဖြစ်လာသလိုပဲ"

ဟင်းဟင်း ကိုကိုကကျွန်မကိုကလေးလို့ထင်နေတာကိုး ကျွန်မကလေးမဟုတ်တော့ဘူး အပျိုရှင့်အပျို သိရဲ့လား။ ကိုကို့ကိုချစ်နေတာပါပြောလိုက်ရင် ကိုကိုဖျားသွားလိမ့်မယ်။

"ကဲပါ ထားလိုက်ပါ ရော့ဒါကိုကိုအတွက်PESSIဘူး"



"ကျေးဇူးညီမလေး အဲဒါကြောင့်ညီမလေးကိုချစ်နေရတာ"


"တော်ပါကိုကိုကသိပ်ပိုတာပဲ ကဲအခုညီမလေးတို့ဘယ်သွားကြမှာလဲ"


"ညီမလေးကိုဒီနေ့ချိန်းထားတာ ရင်ခုန်စရာကောင်းတဲ့ ကြည်ပြာရောင်လှိုင်းလုံးတွေကြားထဲမှာ သည်းထိပ်ရင်ဖိုမော်တော်ဘုတ်စီးမလို့  ။ဘယ်နှယ့်လဲ။"

"ဟား........ဒါဆိုပင်လယ်ထဲမှာလျှောက်စီးကြမှာပေါ့ ပျော်စရာကြီး။"

"အင်း ဟုတ်တယ် ကိုယ့်သူငယ်ချင်းတစ်ယောက်လဲပါမယ်။ လာစက်ဘီးပေါ်တက် ကိုယ်တို့ကမ်းနားကိုသွားရအောင်"

ကျွန်မကကိုကိုနဲ့နှစ်ယောက်ထဲလို့ထင်ထားခဲ့တာအခုတော့ကြားထဲမှာတစ်ယောက်ကပါဦးမယ်တဲ့။ကိုကိုနဲ့အတူ ရင်ခုန်စရာပျော်ရွှင်ကြည်နူးမှုတွေကိုကျွန်မဖန်တီးချင်တာလေ။ ကိုကိုနဲ့အတူလွတ်လွတ်လပ်လပ်အချစ်ဂီတသံစဉ်အောက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းသာယာချင်တာလေ ကိုကိုရယ်။ အခုတော့ကျွန်မျှော်လင့်ချက်တွေ တစ်စစီယိုင်လဲပြီး ဂျွမ်းထိုးမှောက်ခုံဖြစ်ကုန်ပါပြီ။  ကျွန်မလေ ကိုကို့ကိုသိပ်ပြီးအားမလိုအားမရဖြစ်တာပဲ။


"ကဲဘာတွေစဉ်းစားနေတာလဲ တက်လေ"

"ဟုတ်......"

ကျွန်မကျေနပ်ပါတယ်ကိုကိုရယ်။ ကိုကိုနဲ့အခုလိုသွားနေခွင့် ရတာကိုကကျွန်မအတွက် မဟာအခွင့်အရေးကြီးပါပဲ။ ကျွန်မစက်ဘီးပေါ် ခွထိုင်လိုက်ပြီး ကိုကို့ခါးကို အတင်းဖက်ထားလိုက်တယ်။ ကိုကိုဝမ်းဗိုက်သား ကိုကိုင်ထားရတာနွေးနေတာပဲ။ ကျွန်မရင်ထဲ ဘယ်ကနေဘယ်လိုဝင်လာမှန်း မသိတဲ့အပျော်တွေက ခုန်ပေါက်ပြီးဝုန်ဒိုင်းကျဲနေလေရဲ့။  သစ်ရွက်ခြောက်လို လူးလွင့်နေတဲ့ ကျွန်မရဲ့ ရင်ခုန်သံတွေလေ။

ကိုကိုက စက်ဘီးကိုအရှေ့ကနေ ခပ်မှန်မှန်လေးနင်းနေတယ်။ ။ဖြတ်သန်းလာတဲ့လမ်းတလျှောက်မှာ စိမ်းစိမ်းစိုစိုနဲ့သစ်ပင်ကြီးတွေက အစီအရီပါပဲ။ လေလေးတဖြူးဖြူးနဲ့နေသာသာအောက်မှာ စက်ဘီးစီးရင်းရတဲ့အရသာက ကျွန်မအတွက်ဘာနဲ့မှမလဲနိုင်ပါဘူး။ ကိုကို့ကျောပြင်လေးကိုမှီထားရင်း ကျွန်မစိတ်ထဲအူတွေယားလာတယ်။ ဒါကြောင့် ကိုကို့ကိုဖက်ထားတဲ့ ကျွန်မလက်တစ်ဖက်နဲ့ ကိုကို့ဗိုက်သားနွေးနွေးလေးကို ဖွဖွလေးညှစ်ကြည့်လိုက်တယ်။ ကိုကိုနဲနဲတော့တွန့်သွာပါတယ်။ ။ပြီးမှကျွန်မကိုနောက်လှည့်ပြီးပြောတယ်.......

"က....လေး.....မ......နော်......" တဲ့။

                                                                          ********


ကျွန်မတို့ကမ်းနားကိုရောက်တော့ ကိုကိုက သူ့သူငယ်ချင်းအိမ်ကို ခဏဝင်ပြီးသူ့သူငယ်ချင်းကိုဝင်ခေါ်ပါတယ်။ စက်ဘီးကိုလည်းအဲ့ဒီ့အိမ်မှာပဲထားခဲ့ကြပြီး ကျွန်မတို့လမ်းလျှောက်လာခဲ့ကြတယ်။ ကိုကိုကသူ့သူငယ်ချင်းနဲ့လဲတွေ့ရော စကားတွေပြောလိုက်တာဟာဖောင်ဖွဲ့မတတ်ပဲ။ ကျွန်မကိုလဲမေ့သွားတယ်ထင်ပါ့။ ကိုကို့သူငယ်ချင်းလေးကလဲ ကိုကို့လိုပါပဲ အရပ်ရှည်ရှည်ရုပ်အေရပ်ရှည်ရှည်ရုပ်ချောချာနဲ့ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့်ကျွန်မစိတ်ထဲမှာ ဘာကြောင့်မှန်းမသိဘူး သူ့ကိုသိပ်ပြီးမလိုလားမနှစ်သက်သလိုပဲ။ ကိုကိုကကျွန်မကို သူ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးလေရဲ့ ....

"ညီမလေး ဒါကိုကို့သူငယ်ချင်း ကိုဦးတဲ့"


"ဟုတ်ကဲ့ပါကိုကို"

ကျွန်မစိတ်ထဲကမပါပေမယ့် စပြုံးပြလိုက်ရပါတယ်။ ကိုကို့သူငယ်ချင်းကကျွန်မကိုကြည့် ပြီးပြန်ပြုံးပြပါတယ်။ ပြီးတော့ကိုကို့ဖက်ကိုလှည့်ပြီး.....

"မင်းညီမလေးလား"

"အင်း ဟုတ်တယ်"

"ချစ်စရာလေးပဲကွ ......ညီမလေးရည်းစားတွေရှိနေပြီလား"

ကြည့်စမ်းထောင့်မကျိုးလိုက်တာ ဒါမိန်းကလေးတစ်ယောက်ကိုမေးရမယ့် စကားလား။  ကျွန်မသူ့ကို မာန်ပါပါနဲ့ နဂါးမျက်စောင်းတစ်ခုကျွေးလိုက်တယ်။ ဒီတော့မှဒင်းက မျက်နှာပိုးသတ်သွားတယ်။ ကိုကိုနဲ့ပက်သက်နေလို့ပေါ့ နို့မီုဆိုကျွန်မအကြောင်းကောင်းကောင်းသိသွားမယ်။ကျွန်မမျက်နှာကိုစူပုပ်ပုပ်လုပ်ထား လိုက်ပြီးရှေ့ကနေခပ်သုတ်သုတ်လေးလျှောက်လိုက်တယ်။

သိပ်မကြာလိုက်ဘူး ကျွန်မတို့ကမ်းနားကိုရောက်လာကြတယ်။ ကမ်းနားမှား စက်လှေတွေ ငါးဖမ်းမော်တော်တွေ နဲ့ပင်လယ်ကူးသဘောင်္ကြီးတွေ တွေ့ရတယ်။ နေရောင်ခြည်ကြောင့် ပင်လယ်ရေပြာပြာကြီးက လတ်လတ် လဲ့လဲ့ နှင့်မျက်စိတောင်စူးပါတယ်။ ကျွန်မတို့ သုံးဦးသားဆိပ်ခံဘောတံတားမှတဆင့် မော်တော်ဘုတ်ရှိရာကိုလျှောက်လာခဲ့ကြတယ်။ ကျွန်မတို့စီးမယ့်မော်တော်ဘုတ်လေးက ချစ်စရာလေးပါပဲ။ ဦးခေါင်းချွန်ချွန်နဲ့ ရေထဲမှာ ဖိုက်ဘာရောင်လေးပါ။ကိုကို့သူငယ်ချင်းက ဘုတ်ပေါ်အရင်တက်သွားတယ်ပြီးတော့ကိုကိုတက်တယ် ပြီးမှကျွန်မကို လက်ကမ်းပေးပြီးတွဲခေါ်ပါတယ်။

"လာတက်လေညီမလေး ကိုကို့ကိုလက်ပေး"

"ဟုတ်ကဲ့ "

အဲ့ဒီ့နောက် မော်တော်ဘုတ်နဲ့ကျွန်မတို့ ပင်လယ်ထဲကိုထွက်ခဲ့ကြထယ်။ ကိုကိုကတော့သိပ်ပျော်နေတဲ့ပုံပါပဲ။ သူ့သူငယ်ချင်းနဲ့ အရှေ့မှာထိုင်ပြီးရယ်လို့မောလို့။ ကျွန်မကတော့ အနောက်မှာတစ်ယောက်ထဲ ထိုင်ပြီးလိုက်ပါလာခဲ့တယ်။ ကိုကိုမတရားဘူး ကျွန်မကိုတစ်ယောက်ထဲပစ်ထားတယ် အခုချိန်မှာပျော်ရွှင်မှုရမယ့်အစား ကျွန်မရင်ထဲမှာ ဆို့ဆို့နင့်နင့်ကြီးနဲ့ကြေကွဲနေရတယ်။ ကျွန်မကိုကို့ အကျယ်ကြီးအော်ပြီး ရိုက်ထုပစ်လိုက်ချင်တယ်သိလား။ ကွန်မဒီလိုစိထ်ဆင်းရဲရမယ်မှန်းသိရင် အစကတည်းကလိုက်မလာပါဘူး။ ဒီမော်တော်ဘုတ်စီးရတာ ကကိုကိုနဲ့စက်ဘီးစီးရတာလောက် ကျွန်မအတွက်အရသာမရှိပါဘူး။ ကျွန်မအတွက်တော့တစ်ကယ့် ငရဲလိုပါပဲ။ ကျွန်မလေ သိပ်စိတ်ညစ်တာပဲ ရေထဲသာခုန်ချပစ်ချင်လိုက်တော့တယ် တကယ်။

ငြိမ်သက်နေတဲ့ ရေပြင်ကို ဓါးတစင်းလိုပဲထိုးခွင်း လိုက်တော့ အနောက်မှာ ရေလှိုင်းဂရက်လေးတွေထပြီးကျန်ခဲ့တယ်။ ကျွန်မတို့ဘေးနားကနေ တစ်ခါတစ်ခါဖြတ်သွားတဲ့ကုန်တင် သဘောင်္ကြီးတွေ အုတ်သြဆွဲလိုက်တာများ ပင်လယ်တစ်ခွင်ကို ပဲ့တင်သံတွေရိုက်ခတ်သွားတယ်။ ရေပြင်ပေါ်မှာ ရှပ်ပြေးနေတဲ့ကျွန်မတို့ မော်တော်ဘုတ်လေးကတော့ အရှိန်မှန်မှန်ပါပဲ။

လေတွေကလည်းတဟူးဟူးနဲ့ တိုက်လိုက်တာ ကျွန်မအသားအရေတွေကြမ်းတမ်းကုန်ပလားတောင်မသိဘူး။ ဒီအချိန်မှာ ကျွန်မလိုချင်တာ ကိုကို့ရဲ့ရင်ခွင်နွေးနွေးလေးပါပဲ။ ကိုကို့ရဲ့ရင်ခွင်လေးက ကျွန်မအတွက်တစ်ကယ်ကို လုံခြုံနွေးထွေးစေပါတယ်။ကျွန်မတစ်ယောက်ထဲ ထဲအားငယ်လာသလိုဖြစ်လာတယ်။ ကျွန်မစိတ်ပျက်ပျက်နဲ့ ထိုင်ခုံပေါ်မှီပြီး မှိန်းနေလိုက်တယ်။ ညကတော်ရုံနဲ့အိပ်မပျော်တာကော ဒီမနက်အစောကြီးထထားတာကြောင့်ကောလားမသိဘူး ကျွန်မမျက်ခွံတွေလေးလံလာပြီးအိပ်ချင်လာယ်။ ကျွန်မ မျက်လုံးကိုမှိတ်ထားရင်း တဖြည်းဖြည်း အမှောင်ထုထဲကိုရောက်လာတယ် ။ နားထဲမှာနေသံတွေသဲ့သဲ့သာကြားရတော့ပြီး ကျွန်မအသိစိတ်ကခဏအနားယူပြီး ကျွန်မနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတယ်။

ညလေအေးတစ်ချို့ကြောင့်ကျွန်မ အေးလာပြီးလန့်နိုးသွားတယ်။ ဘုရားရေ မိုးတောင်ချူပ်နေပါပကောလား။ ကျွန်မအချိန်တော်တော် ကြာအောင်အိပ်ပျော်သွားခဲ့တာပဲ။ ကျွန်မကိုယ်ပေါ်မှာ ကိုကိုကသူ့ဂျင်းဂျာကင်လေးကို ခြုံထားပေးတာပဲ။ ကျွန်မတို့မော်တော်ဘုတ်က ဘောတံတားကိုပြန်ရောက်နေပါပြီ။ လရောင်ဖွေးဖွေးအောက်မှာ လှုပ်စိလှုပ်စိနဲ့ အခြားရေယာဉ်တွေက ငြိမ်သက်နေကြပါတယ်။

ကိုကိုတို့နှစ်ယောက်ကိုကြည့်လိုက်တော့ မော်တော်ဘုတ်ထိပ်မှာထိုင်နေကြပါတယ်။ ကျွန်မအိပ်ပျော်နေတာကို မနှိုးရက်လို့စောင့်ရင်း မိုးချုပ်သွားတယ်ထင်ပါ့။ ကိုကိုသူငယ်ချင်း ကိုကို့ကိုလရောင်အောက်မှာဖက်ထားတာတွေ့ရပါတယ်။ ကိုကိုတို့စကားပြောသံကတိတ်သွားပြီး ကိုကိုက သူ့သူငယ်ချင်းပုခုံးပေါ်ကို မှီလိုက်တယ်။ ဒီမြင်ကွင်းက ကျွန်မကို တုန်လှုပ်ခြောက်ခြားသွားစေပါတယ်။ ဘုရား ဘုရား ဘာတွေဖြစ်ကုန်ပြီလဲ။ ဟင် .......ကျွန်မကြည့်နေတုန်းမှာပဲ...... ကိုကိုက သူ့သူငယ်ချင်းကို နှုတ်ခမ်းချင်းတေ့ပြီးနမ်းလိုက်ပါလား။

အိုမြတ်စွာဘုရား ကယ်တော်မူပါ။ ကျွန်မတစ်ကိုယ်လုံး ကြက်သီးတွေတဖြန်းဖြန်းထသွားတယ်။ တစ်ယောက်နဲ့တစ်ယောက်နမ်းနေလိုက်တာများ ရုပ်ရှင်ထဲကအတိုင်းပဲ။ ကိုကိုကသူ့သူငယ်ချင်းရဲ့ ဆံပင်စတွေကိုပွတ်သပ်ရင်း နမ်းနေတယ်။ ကိုကို့သူငယ်ချင်းကလဲ ကိုကို့ကိုဖက်ထားရင်းငြိမ်သက်နေတယ်။   ကိုကိုတို့နှစ်ယောက်နမ်းနေရင်းကတဖြည်းဖြည်း အရှိန်တက်လာတယ်ထင်တယ်ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်တော့ပါဘူး။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဒါဟာကျွန်မလုံဝကိုနားမလည်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒါဆို ဒါဆို.......ကိုကိုက ယောကျာင်္းစစ်စစ်တစ်ယောက်မဟုတ်ဘူးပေါ့။ ဟင့်အင်း.....ဟင့်အင်း ကိုကိုဒီလိုမဖြစ်ရဘူး။ ကျွန်မချစ်တဲ့ ကိုကိုဟာ ဒီလိုမဖြစ်သင့်ပါဘူး။

ကျွန်မရင်ထဲအြ အံ့သြမှုတွေအပြည့်အကျပ်နဲ့ ဝမ်းနည်းလှိုက်မောမှုတွေ ဆို့တက်တာပါတယ်။ ကျွန်မအသားတွေ တဆက်ဆက်တုန်လာပြီး ကျွန်မရဲ့အသက်ရူသံတွေကိုတောင် ကျွန်မပြန်ကြားနေရတယ်။ ကျွန်မရဲ့ ပါးပြင်မှာလဲ စွတ်စိုပြီးပူနွေးနေတဲ့ မျက်ရည်စတွေ တသွင်သွင်စီးကျလာပါတယ်။ ဝင်သက်ထွက်သက်တွေဟာ လှိုက်ခုန်လာပြီး ကျွန်မအသက်ရှူရတာတောင် ခက်ခဲလာတယ်။ မခံနိုင်တော့တဲ့အဆုံး ကျွန်မ ဝုန်းကနဲထရပ်ပစ်လိုက်တယ်။ ကိုကို တို့နှစ်ယောက်လုံးလန့်သွားပြီး ကျွန်မဆီကိုအကြည့်တွေရောက်လာတယ်။

"ညီမလေး ဘာဖြစ်တာလဲ နိုးပြီလား"

ကျွန်မဒေါသထွက်လွန်းလို့ကွက နားထဲမှာဘာမှမကြားတော့သလိုပါပဲ။ ကိုကို ကိုကိုကျွန်မအနားကို ရောက်လာပြီး ကျွန်မပုခုံးကိုကိုင်ပြီးမေးတယ်။ ကိုကို့မျက်လုံးမှာ စိုးရိမ်မှုတွေနဲ့ ထိတ်လန့်မှုတွေ စိုစွတ်နေမှန်းကျွန်မရိပ်မိလိုက်တယ်။  ကျွန်မမျက်ရည်တွေနဲ့ ကိုကို့ကိုနှမြောတသတစ်ချက်ကြည့်လိုက်ပြီး.....

"ကိုကို ကိုကိုတို့ဘာတွေလုပ်နေကျတာလဲဟင်။ကိုကိုတို့က ဘာတွေလဲဟင်။ ညီမလေးနားမလည်တော့ဘူး။ အဟင့်အဟင့် ကိုကိုယောင်္ကျင်္ား စစ်စစ် မဟုတ်ဘူးလားကိုကိုရယ် အဟင့်အဟင့် ......ညီမလေးသိပ်ဝမ်းနည်းတာပဲ"


"ညီမလေးရယ် ကိုကို........"

"ဟင့်အင်း.... အဟင့်အဟင့် .........ညီမလေးဘာမှမသိချင်ဘူး။ ကိုကို့ကို ယောင်္ကျင်္ားကောင်းတစ်ယောက်ပီသတယ်ဆိုပြီး လေးစားထားတာအလကားပဲ။ ကိုကို့ကို ခင်တွယ်ခဲ့တဲ့ညီမလေးလေ အခုလိုမြင်ကွင်းမျိုးကိုမြင်လိုက်ရတော့ ညီမလေးရင်ထဲမှာတစ်မျိုးကြီးပဲ ညီမလေးမခံစားတတ်တော့ဘူး။  အခုတော့ညီမလေးရဲ့ မျှော်လင့်ချက်တွေအားလုံး အဟင့်အဟင့် သဲထဲရေသွန်ဖြစ်ကုန်ပြီ။ ကိုကို့အပေါ်မှာ ညီမလေးလေ အဟင့်........ တော်ပြီကိုကိုရယ်"

"ညီမလေးရယ် ကိုကိုရှင်းပြပါရစေဦးနော်"


" တော်ပြီကိုကို ညီမလေးမှာ ခံနိုင်ရည်စွမ်းမရှိတော့ဘူး။ ဘာမှမကြားချင်တော့ဘူး။ ပြီးတော့ ပြီးတော့ အဟင့် .......ကိုကို့ကိုမုန်းတယ် အရမ်းမုန်းတယ်။"

ကျွန်မကိုကို့လက်ကို ဖယ်လိုက်ပြီး ထွက်ပြေးလာခဲ့တယ်။
ညအမှောင်ထုကြီးထဲမှာ ညီမလေး........ဆိုပြီးအော်ကျန်ခဲ့တဲ့ ကိုကို့အသံက ကမ်းနားတစ်လျှောက်လုံး ဖုံးလွှမ်းလို့သွားပါတယ်။ အမှောင်ထုထဲမှာ ကျွန်မတစ်ယောက်ထဲပြေးလွှားရင်းရင်ခုန်သံတွေဟာ မောဟိုက်နွမ်းလျလာတယ်။ ကျွန်မရဲ့ ပါးပြင်ပေါ်က အတားအဆီးမဲ့ကျဆင်း လာတဲ့မျက်ရည်ပူတွေဟာ ကျွန်မလည်ပင်းတစ်ခုလုံးတောင် ရွှဲရွှဲစိုနေပြီ။ ကျွန်မရဲ့အနာဂတ်ဟာလဲ မှုန်ဝါးပျေက်ကွယ်သွားပြီလေ။  အို ................ကျွန်မအတွက် ဘာဆိုဘာမှအဓိပ္ပါယ်မရှိတော့ပါဘူး။


Saturday, July 20, 2013

Masturbation at a Restless Night




‘နွေးထွေးတဲ့ အိပ်ယာပေါ်မှာ ဘယ်ဘက်ကိုစောင်းအိပ်အိပ်၊ ညာဘက်ကိုစောင်းအိပ်အိပ် ဘယ်လိုအနေအထားနှင့် လှဲလျောင်းပါစေ ကိုယ်ခန္ဓာကို သက်သောင့်သက်သာရှိစေတယ်ဆိုရင် အိပ်မောကျသွားတဲ့အဆင့်ကို သူ့အလိုလို အနှေးနှင့်အမြန်ရောက်ရှိသွားမယ်’ လို့တော့ ကျွန်တော်ထင်မိပါတယ်။

အခုတော့ မဲမဲမှောင်နေတဲ့ ကျွန်တော့်အခန်းထဲက အိပ်ယာပေါ် ကျောခင်းကာ ဘာမှမမြင်ရပေမဲ့ မျက်လုံးတွေကိုဖွင့်ထားမိပါရဲ့။ မျက်နှာကျက်ရှိရာကို အဓိပ္ပာယ်မဲ့ငေးရင်း အတွေးကမ္ဘာထဲ ချာချာလည်နေပါတယ်။

ကျွန်တော် TV လည်းမကြည့်ချင်သလို တခြားဘာကိုမှ လုပ်ချင်စိတ်မရှိပါ။

ကျွန်တော် -ွင်းထုဖို့ဆုံးဖြတ်လိုက်တယ်။

ဟေး! ဘာဖြစ်လို့မလုပ်ရမှာလဲ ကျွန်တော်က ယောက်ျားလေးပဲဟာ။

နုနုညံ့ညံ့ ည၀တ်ဘောင်းဘီအောက်မှာရှိနေတဲ့ ညီဘွားကို ပွတ်သပ်ချော့မြှူလိုက်တယ် ပုံစံမျိုးစုံပေါ့။ ညအိပ်ဘောင်းဘီရှည်ပါးပါးမှာ ကြယ်သီးအချို့ရှိနေတော့ အတော်အဆင်ပြေပါတယ် တဖြေးဖြေးရှည်လျားလာတဲ့ ညီဘွားကို အပြင်ထွက်ခွင့်ပေးဖို့လွယ်တာပေါ့နော်။

Wow! ကျွန်တော့်ငပဲက ညီဘွား မခေါ်နဲ့ မကြိုက်ဘူးဆိုပြီး ခေါင်းထောင်ထထာတာ လည်တံကိုမော့နေရော။ 
ကျွန်တော်-ွင်းမထုဖြစ် ခဲ့တာ တော်တော့်ကိုကြာပြီပဲ။ အလုပ်ကိစ္စတွေနှင့် ဇယားရှုပ်နေခဲ့ခြင်းကြောင့်လေ။

ရှည်ရှည်လျားလျား အညောင်းဆန့်လာတဲ့ ငပဲကို အားရပါးရ အပေါ်အောက်အပြန်အလှန် ကျွန်တော် စတင်လက်ကစားခဲ့ပါတယ်။ ကျွန်တော့်အောက်နှုတ်ခမ်းသားကို ဖိကိုက်မိတဲ့အထိ ကိုယ့်ဖာသာဆန္ဒမီးတွေ ပိုမိုတောက်လောက်စေရော။ ညာဘက်လက်ကို ဆန့် တန်းရင်း အမှောင်ထဲမှာ ပစ္စည်းပျောက်ရှာမိတယ်။ အတန်ကြာစမ်းသပ်ပြီးမှ ခုတင်ဘေးရှိ ဘီရိုပုလေးရဲ့ အံဆွဲကိုစမ်းမိရပြီ။ အံဆွဲကို အလောတကြီးဆွဲထုတ်လိုက်သံက ညမှောင်မှောင်မှာ ကျယ်ကျယ်လောင်လောင် အသံပြုပါတယ်။ အံဆွဲထဲ ဟိုသည်နှိုက်ရင်း ရင်းနှီး နေတဲ့ Tube ဘူးကြီးကို ဆွဲယူလိုက်တာများ ၀မ်းသာအားရပေါ့နော်။

ညအိပ်ဘောင်းဘီရှည်ကို ဆွဲချွတ်၊ အတွင်းခံဘောင်းဘီပါမကျန်ဖယ်ရှား၊ အပေါ်ပိုင်းက တီရှပ်ကိုလည်း ကိုယ်ခန္ဓာပေါ်က ဝေးကွာစေ လိုက်တယ်။ စောင်ကိုလည်း အိပ်ယာပေါ်က ကန်ချ၊ပြီးတော့ ခေါင်းအုံးတွေကို သုံးလေးလုံးထပ်ကာ နောက်မှီလို့အဆင်ပြေအောင် ဆက်လုပ်တာပေါ့။

ရှည်လျားပြီး ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ငပဲတစ်ချောင်းလုံးပေါ်ကို ချောဆီတွေ Lotion လူးသလို လူးပစ်လိုက်တယ်။ လက်နှင့် နေရာအနှံ့ ချောဆီတွေရွှဲစိုသွားအောင် ကစားသေးတာပါ။ ကျွန်တော့်ငပဲဟာ အေးမြစိုရွှဲတဲ့ အထိအတွေ့ကြောင့် ပိုမိုမာတောင့်လာသလို ပိုပြီးလည်း တုတ်လာတယ်။

ငပဲထိပ်ပိုင်း ကွမ်းသီးခေါင်းကို လက်သီးဆုပ်ထဲမြှုပ်နေအောင် ခပ်တင်းတင်း ဆုပ်ကိုင်ပြီးနောက် သဲသဲမဲမဲ အထက်အောက် လက်ကို စတင်ကစားပါတော့တယ်။

ကျွန်တော့်အတွေးစိတ်ကူးတွေကို လွတ်လပ်ရိုင်းစိုင်းစွာပြေးချင်ရာပြေးခိုင်းလိုက်ပါရဲ့။ အလင်းရောင်နည်းနေတဲ့ အိပ်ခန်းရဲ့ အမှောင် ထုဟာ ကျွန်တော့်စိတ်ကူးကို သေချာမမှောင်စေခဲ့ပါဘူး။ မျက်ဝန်းတွေကို မျက်ခွံတွေနှင့် တင်းတင်းကြပ်ကြပ် ပိတ်စေ့လိုက်တယ်။

ကျွန်တော် ဒီဖီလင်ထက် ပိုကောင်းတဲ့ သာယာမှုမျိုး ခံစားချင်ခဲ့တယ်ဆိုပါရစေ။

ကျွန်တော့်ငပဲကို ဘယ်ဘက်လက်နှင့် ပြောင်းယူဆွဲကိုင်ပြီး အိပ်ယာပေါ်ကျောပြင်ကပ်သွားအောင် လှဲလျောင်းလိုက်ပါတယ်။ ပြီးတော့ ခြေထောက်တွေကို လေထဲမြှောက်ကာ ကုတင်ဘောင် အမြင့်ပေါ်တင်လိုက်ပါရော။

ကျွန်တော်.....ကျွန်တော့် ညာဘက်လက်ညှိုးကို ချောဆီနည်းနည်းဆွတ်ကာ ခရေ၀ထဲ အသာထိုးထည့်လိုက်တယ်။
နောက်တော့လည်း ကျွန်တော့်လက်ချောင်းလေးကို အတွင်းထဲ အထုတ်အသွင်းလုပ်နေတာနှင့် တပြိုင်နက်တည်း ဘယ်ဘက်လက်က ငပဲကိုဆုပ်ကိုင်ကာ -ုနေမိပါတယ်။ ခံစားရတဲ့ သာယာမှုဟာ မပြောပြနိုင်လောက်အောင် ကောင်းတယ်ဗျာ။ 

ရှည်လျားပြီး တုတ်ခိုင်တဲ့ ငပဲ တစ်ချောင်း အခုအထုတ်အသွင်းလုပ်နေတဲ့ လက်ချောင်းတွေအစားရှိနေရင် ပိုကောင်းမှာပဲ စိတ်ကူးယဉ်မိရဲ့။ ဒါပေမဲ့ လောလောဆယ် တော့ လက်ချောင်းတွေကို အားကိုးနေရပါတယ်။

ကျွန်တော် -ွင်းထုနေတာကို ရပ်ပစ်ပြီး ကျွန်တော့်ခရေ၀ထဲ လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းပူးပြီး ထည့်လိုက်တယ်။ ကျွန်တော့် ငပဲ ဟာ မာတောင်ဆဲ ခေါင်းတဆတ်ဆတ်ငြိမ့်ဆဲဆိုပါတော့။

ကျွန်တော့် လက်ချောင်းနှစ်ချောင်းကို ခရေ၀ထဲမှ အသွင်းအထုတ်လုပ်နေခြင်းဟာ မျက်ဖြူဆိုက်လောက်အောင်ကောင်းပါတယ်။ မပြော ပြတတ်တဲ့ဖီလင်ပါ။

ကျွန်တော့်စိတ်ကူးထဲမှာတော့ ကိုကြီး သူငယ်ချင်း ဇေယျာဆိုတဲ့ ငနဲက -ိုးနေတယ်လို့ မြင်ယောင်မိနေရော။ ခပ်ကျဉ်းကျဉ်း အပေါက် လေးက မထင်မှတ်စွာ ရုတ်တရက်ဆိုသလို ကျွန်တော်သူ့ကိုမြင်ခဲ့ရတယ်။ အိမ်ကိုပါလာတဲ့တစ်ရက် ကျွန်တော့်အစ်ကို့ အခန်းထဲ အ၀တ်လဲနေတာ တံခါးကို စေ့စေ့မပိတ်ဘဲနဲ့လေ။ ကျွန်တော်အသံမထွက်အောင် ငြိမ်နေရင်းချောင်းကြည့်နေခဲ့တာပေါ့။ တီရှပ်ကို ဦးခေါင်းကနေဆွဲချွတ်တော့ ပေါ်လာတဲ့ ရင်အုပ်တွေ၊ ဗိုက်ကြွက်သားအမြှောင်းမြှောင်းတွေက အားရစရာပါ။ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်မိတော့....အိုး...ခပ်တုတ်တုတ်ငပဲက တရမ်းရမ်းဖြစ်နေပါတယ်။ 

လိင်တံထိပ်အရေပြားဖြတ်မထားတော့ ရင်ခုန်ဖို့ပိုကောင်းရ တယ်နော်။ ပျော့နေတဲ့အခြေအနေမှာတောင် အနည်းဆုံးငါးလက်မလောက်ရှိမယ်။

သူ့ရဲ့အ၀တ်မပါတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို ပြန်စဉ်းစားမိရုံနဲ့ ကျွန်တော့် အောက်နှုတ်ခမ်းကို ဖိကိုက်မိတဲ့အထိ ဖီလင်ဝင်မိ ပါတယ်။

မနေနိုင်တော့ဘူးကွာ! ခုတင်ဘေးက စားပွဲပုမှ အံဆွဲငယ်လေးကို ခပ်မြန်မြန်ပြန်ဖွင့်ကာ ရှာဖွေရေးပြန်ဆင်းရတယ်။ တိုက်တိုက်ဆိုင်ဆိုင် အလုပ်က တချို့သော Project တွေမှာ condom စွပ်နည်းပြတဲ့အခါသုံးတဲ့ dildo တစ်ခုရှိနေတာကို သတိရမိလို့ပေါ့ဗျာ။ လန့်တော့လန့် တယ် သူ့ကိုလည်း ချောဆီဆွတ်ကာ ခပ်ဖြေးဖြေး ဖိသွင်းရတာ ရင်ထဲ တစ်မျိုးကြီးပဲ အီလည်လည်နှင့်။ ဖိဖိသွင်းလိုက်တော့ ၀င်သွားတာ က တစ်မျိုး၊ ပြန်ပြီးဆွဲထုတ်တော့ တစ်ဖုံ အား...အ...အား။
ကြက်သီးတွေ တဖြန်းဖြန်းထရင်း dildo အထုတ်အသွင်းကို အရှိန်မြှင့်လိုက်ပါတယ်။ 'အို...အို...အာ..အ' အမျိုးအမည်မသိ ဖီလင်တွေ တစ်ကိုယ်လုံး ဖုံးနေပါရော။

ကျွန်တော့် Climax တစ်ခုဖြစ်ဖို့ ဆိုက်ရောက်ချိန်နီးကပ်လာပါပြီ။ ကျွန်တော် dildo ကို အထုတ်အသွင်းလုပ်နေတာကို ရပ်၊ ငပဲကိုပြန် လည်ဆုပ်ကိုင်ကာ ခြေထောက်တွေကို ဆန့်ထားရင်း -ွင်းထုဖို့ဆုံးဖြတ်လိုက်ပါတယ်။

ပူနွေးချွဲပျစ်တဲ့ သုတ်ရည်တွေ ကျွန်တော့်ငပဲထိပ်ဝကနေ လေးလျော့လောက် ပန်းထုတ်ပစ်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကို မထိန်းသိမ်း နိုင်စွာပဲ နှုတ်ဖျားက ညည်းညူသံတွေ ကျယ်လောင်စွာထွက်သွားရော။ ဘယ်သူကြားကြား ကျွန်တော် ဂရုမစိုက်မိတော့။ ကျွန်တော့် အားရပါးရ ဇာတ်လမ်းတစ်ခုအဆုံးသတ်ခြင်း။ ကျွန်တော့်ပါးစပ်ထဲ ပန်းဝင်ဦးမလား ယောင်ရမ်း ဟ မိပါသေးတယ်။ ကျွန်တော့်ဗိုက်သား ပြင်၊ ဆီးစပ်တလျောက်တော့ သုက်ရည်တွေအိုင်ထွန်းနေတာပေါ့လေ။

ကျွန်တော့် ခြေထောက်တွေလည်း အိပ်ယောပေါ်မယ် အ၀တ်ပုံတစ်ခုလို ပုံကျလို့။ လှုပ်ရှားမှုမရှိ အတန်ကြာငြိမ်သက်နေမိပါတယ်။

ဒါပေမဲ့ ငပဲတစ်ခုလုံး မာတောင့်နေဆဲ တစ်ခုခုကျန်နေသလိုဆိုတော့ လက်နှင့်အသာဆွပြီး ဆက်ထုပြန်တာ ပူနွေးချွဲပျစ်တဲ့သုတ်ရည် များဟာ ရင်ဘတ်ပေါ် နွေးကနဲ နွေးကနဲပါပဲ။

ကျွန်တော့်တစ်ကိုယ်လုံးဟာ ဒုတိယအကြိမ်မြောက် သုတ်ရည်တွေ ပန်းထုတ်ရတာ တဆတ်ဆတ်ကို ခါလို့။

ဒီတော့မှ ကျွန်တော့်ငပဲဟာ တဖြည်းဖြည်း ပျော့သွားသလို မျက်ခွံများလည်း လေးလံလာရပါတယ်။

နောက်ဆုံးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျကာ အိပ်မက်ကမ္ဘာဆီသို့ အသွား......၀ါး…Good night Buddy!! ။

Alex Aung (21 May 2012)
Label: Masturbation

Sunday, July 14, 2013

Gay တွေက မိန်းကလေးတွေကိုလိုအပ်နေရခြင်းအကြောင်းပြချက် (၁၀)ချက်



Top 10 Reasons Gays Need Girls

ကျွန်တော်တို့ မျိုးတူယောက်ျားအခြင်းခြင်း ကြိုက်နှစ်သက်ပါသည်ဆိုသော Gay အမျိုးသားတွေဟာဘာကြောင့် လိင်ကွဲ အမျိုးသမီး၊ အမျိုးသမီးလေးတွေကို လိုအပ်နေသေးတာလဲ စဉ်းစားမိကြမလား? ‘ကမ္ဘာမြေပေါ်ဝယ် ယောက်ျားလေးအပြင် မိန်းကလေးလည်းရှိတယ် လေ ဒီတော့ တစ်ယောက်ယောက်ကို လိုအပ်ချင် လိုအပ်မှာပေါ့ မေးစရာမလိုဘူးထင်တယ်’ လို့လဲ တစ်ခါတရံ ကျွန်တော်တွေးမိပါ သေးတယ်။ 

ကိုယ့်မျိုးဆက်ကိုပွားများပေးနိုင်မှာကြောင့်၊ကိုယ့်ဖြစ်တည်မှုကိုဖုန်းကွယ်ဖို့လိုအပ်တာကြောင့် ကဲ…ဘယ်လိုသောအကြောင်းပြချက် များရှိသလဲဆိုတာ ကျွန်တော်စဉ်းစားမိသမျှ အချက်(၁၀)ချက်ကိုမျှဝေလိုက်ပါတယ်နော်။

(၁) ရယ်မောအောင်လုပ်နိုင်လို့ (Girls make us laugh)
Girls make us Laugh: မိန်းကလေးတွေကို ကျွန်တော်တို့ ဂေးတွေ ဘာကြောင့်လိုအပ်သေးတယ်လို့ ခံစားကြရသလဲတွေးကြည့် မိလား? သူတို့တွေက ကျွန်တော်တို့ ရယ်မောကြည်နူးအောင်ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ 

အထက်တန်းကျောင်းတက်စဉ်ကာလတွေကိုပဲ ပြန်စဉ်းစားကြည့်လိုက်ပါဦး ကျွန်တော်တို့တွေဟာ တခြားသူတွေထက် နည်းနည်းလေးတော့ထူးခြားကြတယ် ဟုတ်တယ်မဟုတ်လား။ သတိထားကြည့်လိုက်တော့ ဂေး သို့မဟုတ် straight ၊မိန်းကလေး ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သူငယ်ချင်းတစ်ယောက်ယောက် လိုချင် ခဲ့တာပဲလေဗျာ။ ကျွန်တော်တို့ရဲ့ တခစ်ခစ်ရယ်မောစရာတွေကို ဝေမျှနိုင်ဖို့ပေါ့။ ဒီကိစ္စမျိုးကို မိန်းကလေးတွေက မျှဝေရယ်မောပေးနိုင် တယ်ဗျ။ မဟုတ်ဘူးလား ကဲ?

(၂) ကျွန်တော်တို့ အမေတွေက မိန်းကလေးတွေပဲလေ (Our mothers are girls)
Our mothers are girls: ဟေး!!! ကျွန်တော်တို့ ကောင်မလေးတွေကိုလိုအပ်နေဆဲပဲလေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ မိခင်ဖြစ်သူတွေကို လိုအပ် နေဆဲပဲဗျာ။ ဟုတ်တယ်နော်? အမေတွေအားလုံးက ကောင်မလေးတွေပဲမဟုတ်ဘူးလား။ ဂေးတွေအားလုံး သူတို့အမေတွေကို ချစ်ခင် မြတ်နိုးကြပါတယ်။ သူတို့တွေကို ကျွန်တော်တို့ ပိုင်ဆိုင်ပြီး ရှင်သန်နေထိုင်ရတာကိုက ဘ၀ပါ။ ကျွန်တော်တို့နှလုံးသားတွေရဲ့ နုညံ့သော အစိတ်အပိုင်းတစ်နေရာမှာရှိနေတဲ့ နံပါတ်တစ်မိန်းကလေးဟာ ဘယ်သူလဲ? မေမေ…အမေပေါ့။

(၃) မိန်းကလေးတွေကို အတုခိုးရတာပဲ (Our icons are girls)
Our icons are girls: ကြားနေကြစကားတွေ ပြောနေကြစကားတွေလို့ စာဖတ်သူအနေနဲ့ ခေါ်နိုင်မယ်ပြောနိုင်မယ်ထင်ပါရဲ့နော်။ ဒါပေမဲ့ ဂေးတွေအားလုံးနီးပါး ရဲ့ အတုယူရသူ icons များဟာ အမျိုးသမီးတွေဖြစ်တတ်ကြပါတယ်။ Judy Garland သို့မဟုတ် Lady Gaga ဒါမှမဟုတ် Siouxsie Sioux သို့မဟုတ် Patti Smith တို့လိုမှေးမှိန်သည်ဖြစ်ပါစေ တစ်ခုခုပြောစရာဖြစ်နေတဲ့ သို့မဟုတ် တစ်ခုခုဆိုစရာရှိနေတဲ့ မိန်းကလေး တစ်ယောက်ယောက်ကို ကျွန်တော်တို့ချစ်ခင်ကြပါတယ်ဗျ။ အရာရာမှာ သန်စွမ်းပြီး အားမလျော့ တတ်တဲ့ အမျိုးသမီးများကြောင့် ကျွန်တော်တို့ တက်ကြွကြရတာ။ ပြီးတော့ သူတို့တွေက ကျွန်တော်တို့စိတ်ဓာတ်တွေကိုအမြဲလို လှုံ့ဆော်ပေးနေသလိုပဲ။

(၄) မိန်းကလေးတွေအကပိုကောင်းတယ် (Girls dance better)
Girls dance better: ကပွဲဆင်နွှဲဖို့ ကျွန်တော်တို့ ငနဲတွေနဲ့လစ်ကောင်းလစ်မယ် ကပွဲကြမ်းပြင်ကိုလေ။ ဒါပေမဲ့ အနောက်တိုင်းနိုင်ငံက အကတွေကိုကမယ် သို့မဟုတ် ဒစ္စကိုကလပ်တစ်ခုမှာ ရှပ်အကျ င်္ီချွတ်ပစ်ရလောက်အောင်ကဲမယ်ဆိုပါဆို့ ဂေးငနဲတွေက ကောင်မလေး တစ်ယောက်ကို ပိုပြီးခေါ်သွားဖို့သဘောတူလိမ့်မယ်။ အခြားသော ဂေးငနဲတွေ စိတ်ကူးရုံသာ ရှိနေနိုင်သေးတဲ့ ကောင်မလေးတွေနဲ့ ခွေနေ သဘော မွှေ့ပြီး ခင်မင်တယ်ဆိုတဲ့ကိစ္စကလည်း အရေးပါတယ်မဟုတ်လားဗျို့။ သက်သောင့်သက်သာဖြစ်တဲ့ ဖက်ရှင်ကို ကျွန်တော်တို့တွေဝတ် ဘယ်နေရာကိုသွားသွား တစ်ပါးသူတွေအမြင်မှာ ကွဲပြားတဲ့အမြင်နဲ့အကြည့်ခံရဖို့နည်းလမ်းသိပ်မရှိဘူး ဆိုပါတော့။

(၅) တစ်ခါတလေ မျက်နှာမှာမုတ်ဆိတ်လေးနဲ့မှကြည့်ကောင်းတယ် (Sometimes we may need a beard)
Sometimes we may need a beard: ဟုတ်တယ် တစ်ခါတရံမှာ ကျွန်တော်တို့မျက်နှာမှာ မုတ်ဆိတ်တစ်ခုလောက် တပ်ဆင်ထားမှ အဆင်ပြေမှာ။ ဒီနေ့အပါအ၀င် ကမ္ဘာမြေရဲ့နေ့ရက်တိုင်းမှာ တစ်ခါတလေတော့ ချိန်းဆိုတွေ့ဆုံမှုတစ်ခုပြုလုပ်ကြည့်ဖို့ လိုအပ်တယ် လို့မထင်မိဘူးလား။ အမျိုးသမီးတစ်ယောက်နဲ့ချိန်းဆိုတွေ့ဆုံတာကိုပါ။ ကျွန်တော်ထိုင်ပြီးတော့ စဉ်းစားကြည့်မိတယ် အဲဒီလိုလုပ် တာဟာ အလိမ်အညာကြီး တစ်ခုပဲ လိမ်ဆင်ကြီးလို့ ပိုပိုသေချာနေပေမယ့် အဲလိုလိမ်ဆင်သဘောလုပ်ထားတာဟာ ကျွန်တော်တို့ အတွက်ပိုပိုလိုအပ်နေသေးသလိုပဲဗျ။ အဓိကတစ်ချက်ကိုပြောကြည့်မယ် - တူစုံမောင်နှံတွေမင်္ဂလာဆောင်တဲ့ မင်္ဂလာပွဲတွေ၊ လုပ်ငန်းနဲ့ ပက်သက်ပြီးကျင်းပတဲ့ ပွဲလမ်းတွေမှာ တူယှဉ်တွဲပြီးတက်ရောက်ဖို့ သူ့ကိုကျွန်တော်တို့လိုအပ်တယ်လေ။

(၆) တီးတိုး တီးတိုး သဖန်းပိုး (They share our crushes)

They share our crushes: ကျွန်တော်တို့တွေဟာ ငယ်ငယ်ကတည်းက ကြယ်ပွင့်တွေလိုတောက်ပတဲ့ မိန်းကလေးတွေနဲ့ ဆက်ဆံ ပေါင်းသင်း ပြီးကြီးပြင်းလာကြပါတယ်။ မနေ့တုန်းက George Michael ရဲ့ အနုပညာလှုပ်ရှားမှုကအစ ဟိုသည်အကြောင်းပြောခဲ့ကြပြီး ယနေ့မှာ တော့ Justin Beiber ရဲ့ အတွင်းရေးကိစ္စတွေအကြောင်းတီးတိုးတီးတိုးပြောကြတာမျိုးဝေမျှပြောဆိုကြတယ်ဆိုတာက ဖြစ်ရိုး သဘောကိုဖြစ်နေပြီ။ ဒီစာရေးရင်း ကျွန်တော်ပိုပိုသတိထားမိလာတာက ငယ်ရွယ်သော ဂေးကောင်လေးတွေရဲ့ Straight သူငယ်ချင်း တွေဟာ သူတို့သူငယ်ချင်း ဂေး ကောင်လေးတွေနဲ့ပေါင်းသင်းဆက်ဆံရမှုအပေါ်လက်ခံလာနေကြပါပြီနော်။ ဒါပေမဲ့ ကျွန်တော်တို့ သူငယ်ချင်းမိန်းကလေးတွေအပေါ် အရာအားလုံးပွင့်ပွင့်လင်းလင်း အဆုံးမဲ့ပြောဆိုဖို့ဆိုတာ ကန့်သန့်ချက်တွေရှိနေတုန်း ပြောဖို့ လိုအပ်နေတုန်းပါပဲ။ ဘာကြောင့်ဆို ကျွန်တော်တို့ရဲ့ ဖြစ်ပျက်ခံစားသမျှကို မိန်းကလေးတစ်ယောက်ကိုမျှဝေဖို့ဆိုတာ ဘောင်လေး တော့ရှိနေတာဗျ။

(၇) သူတို့ကအရမ်းကိုအချစ်ဇာတ်လမ်းခင်းတတ်တာ (They're romantics)

They're romantics: အမျိုးသမီးတွေက သူတို့ချစ်ခင်နှစ်သက်မိသောအမျိုးသားအတွက် စိတ်ခံစားလွယ်တယ်၊ အရမ်းချစ်တတ်တယ် ၊ သံယောဇဉ်ထားလွယ်တယ်  တစ်ဘ၀တာလုံး သဘောထားမပြောင်းတတ်ကြပါဘူး။ သူတို့ရဲ့အဲ့ဒီစိတ်အခြေခံတွေကို စိတ်ထဲထည့်မိ ပြီးတော့ လေးစားစိတ်ထားသင့်ပါရဲ့။ ဟုတ်ပါတယ် ကျွန်တော်တို့ကဂေးဖြစ်ပေမယ့် ကျွန်တော်တို့ဘ၀တွေမှာ အမျိုးသမီးများရှိနေခြင်း က အမျိုးသားခြင်းထက်တောင် အကူအညီလိုအပ်လျှင် အကူညီပိုရတတ်ပါတယ်။ ကျွန်တော်တို့ ပိုပြီး စိတ်လှုပ်ရှားခံစားတတ်သင့် တယ်။ ပြီးတော့ ခံစားချက်ကိုနင့်နင့်နဲနဲထားရှိ ခံစားသင့်တယ်ဗျာ။ ကိုယ်ချစ်ရသောသူတစ်ယောက်အတွက် ကဗျာရေး၊စာဖွဲ့ပေးပြီး အံ့အားတသင့်စိတ်ကျေနပ်သွားစေမယ့်ဖန်တီးမှုလေးတွေနဲ့အချစ်မှာရူးသွပ်ခံစားရမယ်လေ။ အမျိုးသမီးတွေက အဲလိုခံစားချက်လေးတွေ ခံစားတတ်အောင် ချစ်တတ်အောင် သတိပေးနေတာပဲဗျ မဟုတ်ဘူးလား။
(၈) သူတို့ရဲ့သန့်စင်ခန်းတွေ (Their bathrooms)
Their bathrooms: ဂေးအမျိုးသားတွေက အမျိုးသမီးတွေရဲ့သန့်စင်ခန်းတွေကိုအသုံးပြုရတာ ကြိုက်နှစ်သက်ပြန်ပါသေးတယ်။ သန့်ရှင်းမှုကဲလို့လားတော့မသိပါ။ စားသောက်ဆိုင်တွေကိုပဲသွားသွား ကလပ်တွေကိုပဲတက်တက် အမျိုးသားသန့်စင်ခန်းသို့ အမျိုးသမီးသန့်စင်ခန်းသို့ဆိုတဲ့ ထုတ်ပြန်ကန့်သတ်ထားတဲ့အခန်းတွေပဲရှိတယ် ကျွန်တော်တို့အတွက်တော့ အဲလိုထုတ်ပြန်ထားတာ မရှိဘူး။ အဟင်း….ထိုမှတစ်ပါး ကျွန်တော်တို့ ရွေးချယ်စရာအခန်းအများကြီးရှိနေသားပဲ ဘယ်အခန်းကိုမှ ၀င်ဖို့မဖြစ်ရင် ပြောင်ချော နေတဲ့ ကြမ်းပြင်ပေါ် ပေါက်သာချပစ်တော့ ဘေးမှာ မှန်တွေကိုပတ်ပတ်လည်ဝိုင်းလို့မဟုတ်လား။ လုပ်သာလုပ်ချပစ်လိုက် ကိုယ်တွေကို တစ်ခါတလေအခက်တွေ့စေတဲ့ဟာတွေ။ ဘေးမှာ ကျွန်တော်ရှိတယ် ဘာမှမဖြစ်စေဖို့တာဝန်ယူတယ်နော်။
(၉) လက်ကိုင်အိတ်များ (Handbags)
Handbags: ခပ်ထွားထွား ဘဲတစ်ပွေ၊ အားကစားသမားပုံစံတစ်ယောက်၊ ဒါမှ ‘ငါ ဘုရင်မ’ ပုံစံနဲ့ဖြစ်ပါစေ ဘယ်လိုဂေးပဲဖြစ်ပါစေ လက်ကိုင်အိတ်တွေ လက်ပွေ့အိတ်တွေကိုမကြိုက်နှစ်သက်ဘူးလို့ပြောလာရင် ပြောလာတဲ့လူက လူလိမ်တစ်ယောက်ပဲဗျ။ ကျိန်မလား!!! လျှို့ဝှက်စွာ၊ယောက်ျားဆန်ဆန် သို့မဟုတ် ခပ်နွဲ့နွဲ့ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့သွားလေရာမှာ တတွဲတွဲ နဲ့အိတ်တအိတ်တော့ ပါတာပဲလေ။ မှန်တယ်!!! မှန်တယ်မဟုတ်လား?!! ဈေးဝယ်သွားရာမှာပဲဖြစ်ဖြစ်၊ ခရီးထွက်သွားရာမှာပဲဖြစ်ဖြစ်၊ ဖက်ရှင်ဆိုင်တွေဝင်ရင်ပဲဖြစ်ဖြစ် အနည်းဆုံး eBay မှာ ဈေးဝယ်ဖို့ကြည့်တာပဲဖြစ်ဖြစ် ဖက်ရှင်ကျတဲ့ အိတ်ဒီဇိုင်းကိုတော့ မသိမသာရှိုး မိကြတာပါပဲဗျာ။ LV တို့ဘာတို့လို Branded လက်ကိုင်အိတ်တွေများဝယ်ထားရင် ကျွန်တော့်ကိုမပြနဲ့နော် ကျွန်တော်က အရမ်း မနာလိုစိတ်ရှိတတ်တာ။

(၁၀) ပခုံးလေးပေါ် မှီပြီးငိုပါရစေ (Shoulders to cry on)

Shoulders to cry on: အမျိုးသမီးတွေက အငိုကောင်းသူတွေပဲဗျာ။ သူတို့ငိုတဲ့ခံစားချက်မျိုးကို ခဏငှားပြီးခံစားကြည့်လိုက် ကျွန်တော် ဘာဆိုလိုတယ်ဆိုတာကို သဘောပေါက်သွားမယ်။ ကျွန်တော်တို့ ဂေးတစ်ယောက်အဖို့ ဘ၀ကိုရင်ဆိုင်လျှောက်လှမ်းရတာဟာ တစ်ခါ တလေ ဘက်စ်ကတ်ဘောဘောလုံးကို အထက်အောက်ရိုက်ခတ်သလိုမျိုး တက်လိုက်ကျလိုက်နဲ့ခံစားကြရတာဆိုတော့ စာနာစိတ် အပြည့်၊ ဘာဆုံးဖြတ်ချက် ဘာဝေဖန်ချက်မှမပြောတတ်တဲ့ပခုံးတစ်ဖက်ကိုမှီတွယ်ပြီး အားရပါးရငိုချလိုက်ဖို့လိုပါတယ်။ ဒီလိုကိစ္စက သူငယ်ချင်းတိုင်းလုပ်တဲ့အလုပ်: ကျွန်တော်တို့ ခင်ဗျားတို့ပခုံးပေါ်မှီပြီး စကားတတွတ်တွတ်ပြော ရင်ဖွင့်ငိုကြွေးပါရစေ မကြာခင် အိုကေသွားမှာပါဗျာ နော်!!! တကယ် တကယ့်ကိုလိုအပ်တာပါဗျာ အထူးသဖြင့် ခင်ဗျားတို့လိုနားလည်မှုရှိတဲ့ အမျိုးသမီးများ ကိုပေါ့လေ။
Alex Aung (10 July 2013)

Note: ကျွန်တော်ရေးထားသမျှ သူငယ်ချင်းအားလုံး သဘောတူမျှမယ်လို့မထင်ပါဘူး။ ဒါပေမဲ့ ပျှမ်းမျှအားဖြင့်တော့ သဘောညီနိုင်လိမ့် မယ်လို့ မျှော်လင့်မိပါတယ်နော်။