သူမျှော်လင့်ထားသလိုပင်
မိုးစစ်ရဲ့အောင်မြင်မှုက တရှိန်ထိုးတက်လာသည်။ တီဗီကြော်ငြာများ၊
ဘေလ်ဘုတ်များမှတစ်ဆင့် သရုပ်ဆောင်ဘ၀သို့ ရောက်လာပြီး အောင်မြင်လာသည်မှာလည်း
သူ့စန်းပင်။ မိုးစစ်အတွက် လရောင်က သူနေထိုင်သည့် ကွန်ဒိုမှာပင်
အခန်းတစ်ခုဝယ်ပေးထားသည်မို့ သူနှင့်မိုးစစ်တို့ နီးကပ်သထက်နီးကပ်လာခဲ့သည်။
မိုးစစ်ကလည်း အလိုက်သိစွာ သူ့ကောင်မလေးကို လရောင်ရှေ့မှာ ဖုန်းမခေါ်။
အောင်မြင်မှုနှင့်အတူ ဖိတ်သော ပွဲလမ်းသဘင်တိုင်းကို မိုးစစ်နှင့်အတူ
လရောင်ပါလာသည့်အခါ သတင်းစကားတို့သည် ဟိုမှသည်ကထွက်ပေါ်လာပြီး သူတို့လောကမှာ
အတင်းသတင်းတစ်ခုဖြစ်သွားခဲ့တော့သည်။
''ဆောရီး မိုးစစ် ''
''ဘာကိုလည်း အကို''
ကားမောင်းရင်းမိုးစစ်ကတည်ငြိမ်စွာပြန်မေးသည်
။မိုးစစ်ဖက်သို့သူ့ကိုယ်ကိုအနည်းငယ်လှည့်လိုက်ပြီး ''ကိုယ့်ကြောင့်
မိုးစစ်အနေခက်နေလား ...ဆိုပြီးအားနာတယ် ...လူတွေက ....''
''စိတ်ထဲမထားပါနဲ့ အစ်ကို
....ပြောကြပါစေ ...ရပါတယ် ''
''မိုးစစ်က စိတ်လည်းးမဆိုးဘူး''
သူ့အပြောကို
မိုးစစ်ကခပ်လွန့်လွန့်ပြုံးသည် ။ထိုအပြုံးကိုသူနှစ်လိုစွာကြည့်ရင်း
သူရူးနေမိပြန်သည် ။
''စိတ်မဆိုးပါဘူး ဗျာ ''
''ဘာကြောင့်လည်းဟင် ..မိုးစစ်
ဘာလို့စိတ်မဆိုးတာလည်း ''
လရောင်ပြုံးရင်းမေးသည် ။
မေးရင်းရင်ခုန်လာသည် ။သူလည်း လရောင်ကို ....ချစ်များနေသလားလို့
မိုးစစ်မျက်လုံးများကိုကြည့်ရင်းသူအဖြေရှာနေမိသည် ။
''အကိုက ကျနော့ကျေးဇူးရှင်ပါ
...ကျနော်သိနေတာဘဲအကိုရယ်စိတ်ဆိုးနေရင် ကျနော် လူဆိုးဖြစ်သွားမှာပေါ့
''
ရယ်ဟဟပြောနေသောမိုးစစ်ကိုကြည့်ပြီးသူပြုံးကာ
လမ်းမဘက်သို့လှည့်ရင်းသူ့မျက်တောင်ကိုခပ်ဖြည်းဖြည်းဖွင့်ပိတ်လုပ်ကာ
ဝဲလာသောမျက်ရည်ကိုသိမ်းဆည်းလိုက်သည် ။
မိန်းမသားတစ်ယောက်လိုမျက်ရည်ကျရတာကိုလည်း သူမုန်းတီးမိပါသည် ။သို့သော်
....။
တစ်ဖက်လှည့်ကာ
ငြိမ်သွားသောလရောင်ကိုကြည့်ကာ သူစိတ်မကောင်း။အခြေနေအရပ်ရပ်ကိုသိသလို
သူ့စိတ်ထဲကလည်း ကိုလရောင်ကို ခပ်တိုးတိုးကြင်နာမိပါသည် ။ဒါပေမယ့်
လူတွေထဲမှာလူ့ကျင့်ဝတ်တွေကို ဖောက်ပြီးသူမနေရဲပါ ..ပြီးတော့ သူ့မှာ
ချစ်ရသူ ရွှေကြာနှင့် ။
ကားက သူတို့နေထိုင်ရာ
ကွန်ဒိုသို့ရောက်လာသည် ။ကားကိုရပ် စက်သပ်နေစဉ်မှာ ကိုလရောင်က
''သွားမယ် ''တစ်ခွန်းပြောရင်း ကားပေါ်မှဆင်းကာ ထွက်သွားသည် ။
သူနေထိုင်ရာအထပ်သို့တက်လာရင်း မျက်နှာချင်းဆိုင်ကကိုလရောင် အခန်းကို
သူရပ်ကြည့်နေမိသည် ။ တိတ်ဆိတ်နေသောအခန်းက လူသူမရှိသည့်နှယ်
။မိုးစစ်အခန်းထဲဝင်အဝတ်အစားလဲနေတုန်း ဒါရိုက်တာတစ်ယောက်ဆီကဇာတ်ညွှန်း ယူခိုင်းလိုက်သောသူ့တပည်
့လေးဖုန်းဆက်လာသည် ။ ညည့်နက်နေလို့ သူ့အိမ်ကိုပြန်အိပ်ပါရစေတဲ့။ သူ
သဘောတူခွင့်ပြုလိုက်ပြီးနောက် ထမင်းစားခန်းသို့ဝင်ကာ
ဝိုင်တစ်ပုလင်းကိုဖန်ခွက်တခွက်နှင့်အတူကိုင်ပြီး အခန်းဝရံတာဘက်ကိုထွက်ခဲ့လိုက်သည်
။ ခပ်မှောင်မှောင်ဝရံတာမှာသူဝိုင်တစ်ခွက်သောက်ရင်းခပ်ငူငူ
ရပ်နေမိသည်မှာမည်မျှကြာနေသည်မသိ ။ဟိုဖက်ခန်းက ဝရံတာမှ
ခပ်သဲ့သဲ့ငိုသံကိုကြားမှအသိဝင်ကာ တစ်ဖက်ခန်းကိုကြည့်မိလိုက်သည် ။
အိမ်ခန်းချင်းမျက်နှာချင်းဆိုင်သော်လည်းထောင့်ခန်းတွေမို့
သူနှင့်ကိုလရောင် အခန်းကကပ်လျက်ပြန်ဖြစ်သွားသည် ။ သူအမှောင်ထဲမှနေ ကိုလရောင်ကိုတိုးတိတ်စွာကြည့်နေမိသည်
။ တစ်ချက်တစ်ချက်ခေါင်းအငဲ့မှာ လက်ကနဲဖြစ်သွားသော မျက်ရည်စတို့က
သူ့နှလုံးသားကို သိမ်းကြုံးရစ်ပတ်သွားလေသည် ။
မိုးစစ် ဝိုင်ခွက်ကိုချပြီး အခန်းပြင်ထွက်ကာ လရောင်ရဲ့ အခန်းတံခါးကိုခေါက်လိုက်သည် ။ တံခါးဝသို့ လျှောက်လာခြေ တရှပ်ရှပ်ခြေသံကိုနားထောင်ရင်း သူ့နှလုံးသားက ပြင်းစွာ ခုန်ပေါက်လာသည် ။ ဘုရားရေ ၊ သူ ...သူ..ဟာ လိင်တူချင်းစုံမက်နေခဲ့သူတစ်ယောက်များလား ...။
'
ချပ်'ကနဲအသံနှင့်အတူတံခါးပွင့်သွားပြီးလရောင်မျက်နှာက ပေါ်လာသည် ။
ခပ်အစ်အစ်မျက်နှာကိုကြည့်ရင်း မိုးစစ် တံခါးကို ဆွဲဖွင့်ပြီး
လရောင်ကိုယ်လုံးကိုသိမ်းဖက်လိုက်ကာ လရောင်နားရွက်ဖျားကို မွတ်သိပ်စွာ
ဖိကပ်နမ်းရင်း''ကျွန်တော် ခင်ဗျားကိုချစ်တယ် ကိုလရောင် ''
လရောင်မျက်ဝန်းအစုံ
ဖျက်ကနဲပွင့်ကာမျက်ရည်စီးကြောင်းနှစ်ခုကပါးပြင်ပေါ်စီးကျလာလေတော့သည် ။
မိုးစစ်အနမ်းတို့က ကြမ်းတမ်းစွာ ။
သူ့အသက်ရှုသံတို့သည် ဟိုးအဝေးကပြေးလာသလို မောဟိုက်စွာ ။နွမ်းလျစွာ
။မိုးစစ်ကိုယ်က ဝိုင်ရနံ့က သူ့ကိုကလူကျီစယ်နေသလို ...။မိုးစစ်ညခင်းကပွဲတစ်ခုမှာလည်းအနည်းငယ်သောက်လာခဲ့သေးသည်
။မူးနေသည့်အတွက် ဆန္ဒတစ်ခုကြောင့်သူ့ကို ....။
အဆက်မပြတ်နမ်းနေသော မိုးစစ်ကို သူပြန်ဖက်ထားရင်း စိတ်ကဝမ်းနည်းလှိုက်ဖိုလာသည် ။ ဟင့်အင်း ..။ သူမျှော်လင့်ထားသည်မှာထိုသို့သော အချစ်မဟုတ် ။နားလည်ကြင်နာစွာချစ်နေတာမျိုးကိုသာ .... ။ သို့သော် ....လက်ရှိအနေအထားကို သူလက်ခံရမည်လား ...ငြင်းဆန်သင့်လား သူမသိတော့ ၊စိတ်တို့သည်ထွေပြားဝေဝါးစွာဖြင့် မိုးစစ်ကိုသူတွန်းထုတ်လိုက်သည် ။
''တော်တော့ .....''
သူ့အသံက အိမ်မက်မှလန့်နိုးသူတစ်ယောက်လို
လည်ချောင်းတွင်းမှထွက်လာသည် ။မိုးစစ်သူ့ကိုအံ့သြစွာကြည့်သည် ။
''ငါ့ကို မိန်းမပျက်လိုလာ
မဆက်ဆံနဲ့မိုးစစ် ...ငါနင့်ကိုချစ်တယ် ဟုတ်တယ် ....ဒါပေမယ့် ငါက ....ငါက
...နင့်ဆီက ဒါလိုချင်တာမဟုတ်ဘူး ''
''ကျွန်တော်
ကိုလရောင်ကိုချစ်နေတယ်လေ ...ယောက်ျားခြင်းချစ်တယ်ဆိုတာ
တကယ်တမ်းကျတော့ ချစ်တယ်အော်တာဘဲရှိတာ နောက်ဆုံး ဒါဘဲမဟုတ်လား ...
ကျွန်တော်ကြင်နာနိုင်တယ်လေ ...ဘာလည်း အကိုက
အိမ်ထောင်ပြုပြီးကလေးယူဖို့ပါ စဉ်းစားနေတာလား ''
သူ မိုးစစ်ပါးကို
အရှိန်ပြင်းစွာလွှဲရိုက်ပစ်လိုက်သည် ။ လည်ထွက်သွားသောမိုးစစ်ကို သူ
မျက်ရည်ကြားမှကြည့်ပြီး
''ထွက်သွား မိုးစစ် ....ငါ
မင်းကိုချစ်တာ ညအိပ်ဖော်တစ်ယောက်လိုချစ်တာမဟုတ်ဘူး
...အရိပ်တကြည့်ကြည့် ကြည့်ပြီးချစ်တာ ...အပင်တစ်ပင်ကိုစိုက်ထားမိတဲ့လူတစ်ယောက်လိုချစ်တာ
... အချိန်မှန်ရေလောင်း ပေါင်းသင်ပီး အခက်အညွန့်တွေဖြာဝေလာတာကိုကြည်
့ပြီး ပီတိဖြာချင်တာ ...အနားမှာ အရိပ်တခုလို ရှိနေစေချင်တာ .....သွားတော့
...မိုးစစ် .... မင်း ငါ့ကို အထင်သေးနေတယ် ....''
''ကျနော် အစ်ကို့ကိုချစ်နေတာမဟုတ်ဘူး
ချစ်သွားတာ...ကျွန်တော်ရွှေကြာ့ကိုချစ်တာနဲ့မတူဘဲ ချစ်တာ
....ကျနော်ချစ်တဲ့လူတစ်ယောက်ကိုချစ်တာ နမ်းမိတာ စော်ကားတာမဟုတ်ဘူး
...ကျွန်တော့ကို အဲ့လိုအထင်မသေးနဲ့...ကျွန်တော့ဘဝမှာ တစ်ခါမှဒါမျိုးမရှိဘူး
ဒါမျိုးလည်းမကြုံခဲ့ဖူး ...အခု ကျွန်တော်ထွက်သွားပေးမယ်
.....ထပ်လည်းပြောခဲ့မယ် ...ကျွန်တော့်
ကိုအထင်သေးရင်သတ်ပစ်မယ်ခင်ဗျား ကို ...ပြီးရင်
ကိုယ့်ဖာကိုယ်လည်းသတ်သေပစ်မယ် ''
ပြောပြီးပြီးချင်း နံရံကို
လက်သီးဖြင့်တစ်ချက်ထိုးကာ မိုးစစ်အခန်းပြင်သို့ထွက်သွားသည် ။လရောင်
စိတ်တိုစွာ စားပွဲပေါ်က ပန်းအိုးကိုနံရံပေါ်သို့ အရှိန်ဖြင့်
ပြင်းစွာလွှဲပေါက်ပစ်လိုက်သည် ။ကြမ်းပြင်ပေါ်သို့
ပြန်ကျလာသောဖန်ခွက်အကွဲအစများကိုကြည့်ရင်းသူနှလုံးသားသည် မွစိကြေလျက်
။ဆိုးဝါးလွန်းသော ဘဝကိုသူတွေးကာ လရောင် ဝမ်းနည်းစွာ ငိုမိလေသည် ။
××××××××××××××××××××××××
ရက်သတ္တပါတ် တစ်ပါတ်ရှိပြီ ။
ပြသနာတက်ပြီးနောက်ပိုင်း မိုးစစ်ကိုသူရှောင်နေမိသည် ။မိုးစစ်နောက်သို့လိုက်ရန်ခေါ်ထားသောကောင်လေးကလည်းစိတ်ချရသည်မို့ သူ့အတွက်နောက်ဆံတင်းစရာမလိုတော့ ။မိုးစစ်ကတော့သူနေကောင်းလား မကောင်းလား ဘာလုပ်နေလည်း အမြဲမေးခိုင်းသည်မို့ သူကြည်နူးရပါသည် ။လွမ်းသည် ။ မိုးစစ်ကိုမတွေ့တာကြာပြီ ။သို့သော် လရောင်မတွေ့ချင် ။မတွေ့ရဲ .....။
လရောင်ရဲ့သူငယ်ချင်းတွေကလည်းစာနာနားလည်စွာဖေးမရှာပါသည်
။သို့သော် ....လရောင် စိတ်ကိုသာပြင်ဆင်ထားစေသည် ။
ယောက်ျားတစ်ယောက်ကိုမည်မျှချစ်ပါစေ ၊ထိုယောက်ျားကလည်း မျက်စိလည်စွာ
ကိုယ့်အပေါ်စိတ်ကစားရင်တောင် ကိုယ်တွေလို ဂေးတွေအတွက်
အဆုံးသတ်မလှသော စာမျက်နှာတွေပါဘဲတဲ့ ။သူနားလည်သော်လည်း
သူ့နှလုံးသားကလက်မခံ။
ဘုရားသခင်....ပင်ပန်းလေစွ ။
“တီတီ..တီတီ..တီတီ”
လရောင် နှိုးစက်ကိုပိတ်ရင်း
နာရီကိုကြည့်လိုက်သည် ။ ညနေငါးနာရီခွဲပြီ ။သူအလုပ်နားရက်ပေမယ့်
အိမ်အထိပါလာသောအလုပ်တွေနှင့်အတူ အိမ်ရှင်းရင်းတနေကုန်ပင်ပန်းပြီး
ခဏလေးအိပ်ပျော်သွားမိသည် ။အခုတလော
အိပ်ပျက်တာတွေများတာကြောင့်ခဏအိပ်ပျော်သွားတာနေမည် ။
သူ အပြင်သွားဖို့ပြင်ဆင်ရင်း အခန်းတံခါးပိတ်ကာ liftရှိရာထွက်လာခဲ့သည် ။ နှစ်ပတ်လည်စားပွဲတစ်ခုသို့မဖြစ်မနေသွားရမည်မို့သာထွက်လာရသည် လူကဖြစ်နိုင်ရင်နားချင်သည်မို့ အပြင်သို့မသွားချင်တော့ ။အခုတလော သူ့နှလုံးကမကောင်း ။ညညဆို ကိုယ့်နှလုံးခုန်သံကိုယ်ပြန်ကြားကာ လူကလန့်နိုးနေတတ်သည် ။ မနက်ရောက်ဖို့တွေးရင်းလူကပြန်အိပ်မပျော်တော့ ။သုံးလေးရက်ဖြစ်လာတော့လူကနွမ်းရိကာ နုံးချိလာသည် ။လရောင်နေမကောင်းတာကိုတော့ မိုးစစ်တပည့်လေးကိုပြောမနေတော့ ။မသိတာဘဲကောင်းပါတယ်လေ .....။
‘ကလင်’ကနဲမြည်သံနှင့်အတူ
တခါးနှစ်ချက်က ဘေးသို့လျောကနဲဝင်သွားသည် ။ဓာတ်လှေကားထဲက
မိုးစစ်ကခေါင်းငုံ့ထားရာမှမော့ကာထွက်လိုက်သလို သူကလည်းအထဲသို့
ဝင်ရန် ကြည့်မိချိန်မှာ လရောင်ရင်ထဲ
ငိုချပစ်ချင်လောက်အောင်လွမ်းသွားသည် ။ မိုးစစ်ကသူ့ကိုမြင်တော့ခပ်ဖွဖွ
ပြုံးကာ
''ပိန်သွားတယ် ''လို့ပြောရှာသည် ။
သူဓာတ်လှေကားထဲဝင်ကာ
တခါးကိုမပိတ်သေးဘဲ လူစောင့်သည့်ခလုပ်ကိုဖိထားရင်း
''မိုးစစ်လည်းပိန်သွားတယ် ...ပင်ပန်းနေလား ''
''ပင်ပန်းတယ် ..ကျွန်တော်
စိတ်တွေအရမ်းပင်ပန်းတယ် ...အကို ...ကျနော်အကို့ကိုလွမ်းနေတာ ...အရင်လို
ကျွန်တော့ဘေးကိုပြန်လာပါလားဗျာ ..''
''ကိုယ်လည်းမိုးစစ်ကိုလွမ်းတယ်
...ဒါပေမယ့်မိုးစစ်ဘေးမှာ တွယ်ကပ်မနေတော့ပါဘူး ...တချိန်ကျရင်
မိုးစစ်ကိုလူတွေလက်ညိုးထိုးမယ့်ကိစ္စတွေ မဖြစ်အောင်
ကိုယ်နောက်ဆုတ်နေမယ်လို့စိတ်ကူးထားတယ်...ရွှေကြာ့အတွက်လည်းစဉ်းစားပါ
..ဘိုင့် ''
မိုးစစ်မျက်နှာသည်
ဖြန်းကနဲရိုက်ချလိုက်သလို နာကျင်သွားသည်ထင့်။မျက်လုံးတွေနီကာ
မျက်ရည်တွေရစ်လို့လာသည်။ ဖြေပြီးပြီးချင်း လရောင်
လက်ကိုလွှတ်လိုက်သည်။မမြင်ပါရစေနဲ့တော့ ။မိုးစစ်မျက်ဝန်းက
မျက်ရည်တွေလည်လာတာကိုမြင်နေရင်းတံခါးကပိတ်သွားသည်
။သူမျက်လုံးတွေကိုမှိတ်ချရင်း အသက်ကိုပြင်းစွာရှုရင်းလေပူတွေကိုမှုတ်ထုတ်လိုက်သည်
။နားပါရစေတော့ ..။လူတစ်ယောက်ကို ဝဋ်ကြွေးကြီးစွာ ချစ်ရတဲ့
ဒုက္ခတွေငြိမ်းပါရစေတော့ ။သို့သော် သူ့နှလုံးသားက တဒုန်းဒုန်းမြည်ကာ လူကမောဟိုက်လာသလို
သူ့မျက်လုံးတို့ ပြာလာသည် ။ စူးကနဲအောင့်လာသော ရင်ညွန့်ကို ဖိကာ
သူဒူးထောက်ချလိုက်သည် ။အသက်ရှုလို့မဝတော့ ။သူသေရတော့မည်ထင်သည်။ဒီလို
လူမသိသူမသိအခန်းထဲမှာသေရမှာ သူ့ဘဝလား ။သူပါးစပ်ကိုဟပြီးခဲယဉ်းစွာအသက်ရှုကြည့်သည်
မရ ။ ရင်ညွန့်တနေရာမှ ဓားဖြင့်ထိုးစိုက်သလို အောင့်မျက်သွားသည်။ဓာတ်လှေကားရဲ့အလူမီနီယံ
နံရံတစ်ဖက်ကိုကျောမှီဖိကပ်ရင်း
အနီးဆုံးခလုပ်တစ်ခုကိုဆွဲမည်အပြုမှာပင်...သူ့နှလုံးသားတစ်ခုလုံးဗြုန်းကနဲရပ်တန့်သွားသလို
အမှောင်ကျသွားတော့သည် ။
''ဝုန်း ''
သူ့မျက်လုံးကိုဖြေးညင်းစွာ
ဖွင့်ကြည့်လိုက်သည် ။ ခပ်ဝါးဝါးမြင်လွှာထဲ အဖြူရောင်မျက်နှာကျက်
၊တတီတီမြည်နေသော နှလုံးခုန်စက်သံ ၊ သူ့ကိုယ်ထဲတဆစ်ဆစ်လောင်းချနေသော
ဆေးပုလင်းတစ်လုံး ၊ပြီးတော့ ညာဖက်လက်ဖဝါးဆီက နွေးထွေးမှု ။
သူညာဖက်ကိုအနည်းငယ် စောင်းလိုက်သည် ။ သူ့လက်ကိုကိုင်ရင်းအိပ်ပျော်နေရှာသည့်မိုးစစ်
။ အသက်ရှုမဝတဲ့ကြားကဘဲ သူမျက်ရည် လည်သွားသည် ။
ကိုယ်ချစ်ရသူတစ်ယောက်အနားမှာရှိ နေသောဘဝနဲ့ သူသေသွားပါရစေတော့
....။သေပျော်ပါပြီလေ ။သူ့မျက်လုံးတို့သည် တဖန်ပြန်ပြီးဝေဝါးသွားပြီး
အမှောင်ထုထဲသို့ တိုးဝင်မိပြန်သည် ။
''အသည်းက
ပျက်စီးစပြုနေတယ် ...ပြောရရင်အသည်းဆဲလ်တွေက အကြောင်းတစ်ခုကြောင့်
ဒဏ်ရာဖြစ်နေတာ ..အသည်းဆဲလ်တွေပျက်စီးတဲ့အတွက် မကြာခင်မှာ
အသည်းရဲ့လုပ်ဆောင်ချက်တွေနှောင့်နှေးလာနိုင်တယ် .... စီပိုးကြောင့်ဖြစ်နိုင်တယ်
..''
''ကျွန်တော်တို့
ဘာလုပ်ရင်ကောင်းနိုင်မလည်း ...ဆရာ ''
''အခုတော့ ဆရာတို့ ဆေးတွေ
အွန်ထားတယ်စောင့်ကြည့်နေတယ်ပေါ့ သူက ပထမအဆင့်လို့ပြောလို့ရမယ်...သို့
သော် ကြာလာရင်တော့ရေဖျဉ်းဖြစ်နိုင်တယ် ....မျက်လုံးတွေမှာ ဝါးလာမယ်
..အသည်းခြောက်လာမယ် ......ဒါကတော့အသည်းသမားတွေရဲ့
လက္ခဏာပေါ့....နောက်အသည်းကင်ဆာဖြစ်နိုင်မယ်ပေါ့... ''
''အစားထိုးလို့ကောရလား ဆရာ ...ရရင်
ကျွန်တော် တို့ကြိုးစားပါရစေ''
''ဒါက အလှုရှင်ရှိမှဖြစ်မယ်
...ရှိရင်လည်းသွေးအုပ်စုနဲ့တချို့အချက်တွေကိုက်ညီမှဖြစ်မှာ ... ပြီးတော့
အသည်းအစားထိုးတိုင်းလည်းရာနှုန်းပြည့်အောင်မြင်ဖို့မလွယ်ဘူးး
စိတ်အေးအေးထားပါသား အဆင်ပြေမယ့်နည်းတွေ့မှာပါ ''
ဆရာဝန်ကမိုးစစ်ပခုံးကိုတစ်ချက်ပုတ်ရင်းအခန်းအပြင်သို့ထွက်သွားသည်
။ကုတင်ပေါ်က ကိုလရောင်ကိုကြည့်ပြီး မိုးစစ်စိတ်မကောင်း
။သူသာဖြစ်လိုက်ချင်သည်။ သူ့အပေါ်အစ်ကိုတစ်ယောက်လိုလည်းကောင်းပါသည်
။ချစ်လည်းချစ်သည်တဲ့ ။အစ်ကိုရာ...ကျွန်တော်လည်း စည်းတွေဘောင်တွေကြားကချစ်နေမိပြီ။အစ်ကို..ကျွန်တော့ကိုနားလည်ပြီး
ပြန်နိုးလာပါဗျာ ။မိုးစစ်ကုတင်နားကခုံပေါ်ထိုင်ရင်းလရောင်လက်ကိုသူ့လက်နှစ်
ဖက်ဖြင့် အုပ်ကာကိုင်ထားလိုက်သည် ။ ကံသီပေလို့ပေါ့ ၊ ဓာတ်လှေကားကအရပ်
၊ပစ္စည်းတွေသယ်နေသည့် မိုးစစ်တပည့်လေးက အပေါ်တက်ဖို့စောင့်နေတာကြောင့်
အသက်မှီတာများလားး ။အကိုရယ် ။ သူ့လက်နှစ်ဖက်ကြားကလရောင်လက်ကို
နမ်းရင်းမိုးစစ် အသံတိတ်ငိုမိသည် ။
ကျွန်တော့ကိုဒီလိုအခြေအနေနဲ့ခွဲမထားခဲ့ပါနဲ့ဗျာ ။
''မိုး...စစ် ''
''အစ်ကို ''
လရောင်ရဲ့ခေါ်သံကြောင့်မိုးစစ်
ငိုသံပါကြီးဖြင့်ထူးသည်။မိုးစစ်မျက်နှာကမျက်ရည်ကြားကပျော်နေတာဖုံးမရ ။
မိုးစစ်ရဲ့မျက်နှာကိုကြည့်ရင်း လရောင် တစ်ချက်ပြုံးကာ သူ့လက်ဖြင့်
မိုးစစ် မျက်ရည်တွေကိုသုတ်ပေးလိုက်သည် ။
''ကလေးကျနေတာဘဲ ..ငိုရလား
ငါနေကောင်းနေပြီဥစ္စာ ''
''အစ်ကို.....ကျန်းမာအောင်နေနော်
....ကျွန်တော်နဲ့ ဘဝတစ်လျောက်လုံး အတူတူနေကြမယ်လေ ...နော် ''
''အင်း....နေကောင်းနေပါပြီဆို
...အရင်ကကျ စိတ်ကောက်နေပြီး''
''အစ်ကို..ကို
တချိန်လုံးသတိရနေတာပါ အစ်ကိုရာ ...တစ်ကယ်ပြောတာပါ ''
''ရှုတင်မသွားဘူးလား''
''သွားတယ်
..ဒါပေမယ့်အကို့နားဘဲနေချင်တယ် ..အဲ့ဒါကြောင့်ပြန်လာတာ''
''အလုပ်ကို အာရုံစိုက် ပါ
မိုးစစ်ရယ် ...ကိုယ်ကအခုနာမည်ရခါစ ...အချိန်ကိုလေးစားမှပေါ့ ကိုယ့်ကို
သူများကစောင့်နေရတာမျိုး မဖြစ်စေနဲ့လေ ...အကိုကနေကောင်းနေပါပြီ''
''ဟင့်အင်း.....ကျွန်တော်အကိုနဲ့
အောင်မြင်မှုတွေနဲ့ဆို လဲရဲပါတယ် ...အစ်ကိုယုံလားမသိပေမယ့်..ကျွန်တော်ကအကို့ကို
အကို့ထက်ပိုချစ်နေတာ ''
''ငချွဲလေး''
လရောင်ကြည်နူးစွာပြုံးသည်
။စည်းတွေဘောင်တွေကို ခွာချပြီး ချစ်ရသူနဲ့ ခဏတော့
ချိုမြိန်တဲ့ဘဝကိုပိုင်ဆိုင်ရပါစေတော့ ။ သူ့ကို လရောင် ရူးမတတ်
ချစ်သည်လေကွယ် ။မိုးစစ်က လရောင်ကိုယ်ပေါ်အုပ်မိုးပြီး နဖူးကို
သူ့နှာခေါင်းချွန်လေးဖြင့် ဖွဖွလေးနမ်းသည် ။လရောင် မျက်စိမှိတ်ပြီး
ပြုံးနေလိုက်သည် ။အပြင်မှာလည်းလေနုအေးတွေကြား
ပန်းနံ့တွေသင်းပျံ့နေပါလိမ့်မည် ။
+++++++++++++
''ငါတို့ လမ်းခွဲကြမယ် ရွှေကြာ
...ရှေ့ဆက်ပြီးသူငယ်ချင်းလိုနေကြရအောင် ''
မိုးစစ်ရဲ့ အပြောကို ရွှေကြာက
နှုတ်ခမ်းတွန့်ရုံလေး ပြုံးသည် ။မိုးစစ်ကသူမကိုမကြည့် ။ကန်စပ်ကတစ်ဆင့် ဟိုးရေပြင်ကျယ်ကြီးကို
ငေးကာနေသည် ။ရွှေကြာကတော့ မျှော်လင့်ပြီးသားမို့သိပ်မထုးဆန်းတော့ ။တနေ့ကျရင်
မိုးစစ် သူမကိုထားခဲ့မည်မှန်းသိပြီးသားပင် ။
''ကြာ့မျက်နှာကို ကြည့်ပြောပါမိုးစစ်
....ဒီနေ့အထိ ကြာ့ဖက်က မိုးစစ်အပေါ်ပျက်ကွက်ထားတာမရှိပါဘူး ...အဲ့တော့ မိုးစစ်က
ကြာ့ကို ဒီလိုမျက်နှာပေးနဲ့မဆက်ဆံပါနဲ့ ....ပြီးတော့မိုးစစ်ကိုလည်းကြာက ဒီစကားကို
သိပ်ပြောချင်နေတာပါ ''
မိုးစစ် ရွှေကြာ့မျက်နှာကို
အံ့သြစွာကြည့်မိသည် ။ ရွှေကြာကမိုးစစ်ကို မျက်နှာတည်ဖြင့် ကြည့်ရင်း ''ကြာက ယောက်ျားဆို ကိုယ့်ခွန်ကိုယ့်အားနဲ့
ရပ်မယ့်လူမျိုးကို လိုချင်တာ မိုးစစ်...ရှင့်ကိုလည်း အဲ့လို
ယောက်ျားလို့ထင်ခဲ့တယ် ....ကြာက မိုးစစ်ကို ရိုးသားတယ်ဆိုတာလေးတစ်ခုနဲ့ယုံကြည်ပေးခဲ့တာ
နော် ....အခြောက်တစ်ယောက်ဆီကနေ ချူစားပြီးရလာတဲ့ပိုက်ဆံနဲ့ လူလုံးပြနေတာကို
ကြာမကြိုက်ဘူး မိုးစစ် ''
''မှားနေပြီ ရွှေကြာ
....မင်းသိပ်မှားနေပြီ ...အစ်ကို့ကိုငါမချူစားဘူးကွ ''
''ဟင်းးးဟင်းးဟင်းးး ရှင်ကချူစရာမလိုဘူးလေ
ဒါမျိုးက သူတို့တွေအပိုင်နိုင်ဆုံးအလုပ်တွေ....သူတို့ကငွေမက်တဲ့ယောက်ျားတွေကို
သိမ်းသွင်းနေကျ ...''
''တော်တော့ ''
''မအော်နဲ့....ရှင်ကျွန်မကိုအော်စရာမလိုဘူး
...ရှင့်ကို သိပ်ချစ်လွန်းလို့တော့မဟုတ်ပေမယ့် အဲ့အခြောက်မကို သူ့အသိုင်းအဝိုင်းထဲ
အရှက်ခွဲပစ်ဦးမယ် ....မလုပ်ဘူးမထင်နဲ့နော် ''
''မင်း မသွားရဘူး ရွှေကြာ
...ဒီအချိန်မှာ အကို့ကို နာကျင်အောင်လုပ်မယ့်သူ ဘယ်သူမဆို ငါတစ်ခုခု လုပ်ဖို့
ဝန်မလေးဘူး ''
ရွှေကြာ ကားတံခါးကိုဖွင့်ဆင်းသည် ။
ပြီးမှ ကားတံခါးဘောင်ကိုလက်ထောက်ပြီး
''စောင့်နေပါ
မိုးစစ်....ယောက်ျားချင်းတောင်ချစ်တယ်ဆိုပြီး လူ့စည်းကမ်းမရှိတဲ့လူတွေကို
ကျွန်မအခု ဘဲသွားတွေ့မှာပါ ...လိုက်ခဲ့ လို့ရတယ်နော် ''
ရွှေကြာ ပြောပြောဆိုဆို
လှည့်ထွက်သွားသည် ။ မိုးစစ် အကြံအိုက်စွာ
ကားစတီယာရင်ကိုလက်ဖြင့်တစ်ချက်ထုလိုက်သည် ။ သွားလို့မဖြစ်ဘူး ...ရွှေကြာ ။အစ်ကို့ကိုအခုချိန်မင်းသွားပြောလိုက်ရင်
အစ်ကိုပြန်တောင်အသက်ရှုနိုင်ပါ့မလား ရွှေကြာရယ် ။ငါ ချစ်မချစ်ကို ဘေးဖယ်ထားရင်တောင်
အကို ငါ့အပေါ်ချစ်ခဲ့တာ ၊ကျေးဇူးတွေရှိခဲ့တာနဲ့တင် ငါ..ငါ အသက်ပေးဖို့ အသင့်ဘဲ
ဆိုတာမင်းသိပေးပါကွာ ။ ဟင့်အင်း...မဖြစ်ဖြစ်တဲ့နည်းနဲ့တားရမယ်...။ သူကားကို
ရေစပ်ကနေ ကွေ့ပြီး လမ်းမဘက်မျက်နှာ မူလိုက်သည် ။ ဟိုးရှေ့မှာ ရွှေကြာက
တဖြည်းဖြည်းနှင့်ပန်းခြံမျက်နှာဝဆီသွားနေသည် ။မိုးစစ် ကားကို ရွှေကြာရှိရာ သို့
ခပ်ကြမ်းကြမ်းမောင်းထွက်လိုက်သည် ။
''ငါ့ကို ခွင့်လွှတ်ပါ ....ကြာရယ် ''
သူကားကိုမောင်းလာနေစဉ်မှာဘဲ
ရွှေကြာကပန်းခြပေါက်ဝသို့ရောက်သွားကာ ကားတစ်စီးကိုလက်တားလိုက်တာမို့
သူကမန်းကတန်းကားရပ်ကာ ''ငါပြန်လိုက်ပို့ပေးမယ်ရွှေကြာ ''
''မလိုဘူးမိုးစစ် ငါ
ဦးလရောင်ရုံးခန်းကိုသွားမှာ ....''
''နင်မသွားရဘူး ရွှေကြာ ....''
''နင်ဘာကြောင့်တားရတာလည်း
....နင့်မှာတားပိုင်ခွင့်မရှိဘူး မိုးစစ် ''
''ပြသနာတွေကြီးလာမယ် ....ရွှေကြာ
...ငါနင့်ကို ဝန်ခံထားပေမယ့် နင်ဒီလောက်သွေးပူနေစရာမဟုတ်ဘူး
...ငါပြောတာသေချာနားထောင်ပါဟာ ...နော်ရွှေကြာ ''
''နင့်လက်နဲ့ငါ့ကိုလာမထိနဲ့
မိုးစစ်...ရွံတယ် ... နင့်ကို လက်မလွှတ်နိုင်လို့မဟုတ်ဘူးးး သိပ်ချစ်လွန်းလိ့မဟုတ်ဘူး
စည်းကမ်းမရှိလို့ ..ဖယ် ''
ရွှေကြာ အတင်းရုန်းကာ
ကားပေါ်တက်ဖို့ ပြင်သည် ။ မိုးစစ်ရွှေကြာ့လက်ကို အတင်းဆွဲကာ သူ့ဘက်ကို
ဆွဲလှည့်လိုက်စဉ်
ရွှေကြာ့လက်တစ်ဖက်က မိုးစစ် ပါးပေါ် အရှိန်ပြင်းစွာ ကျရောက်သွားပြီး မိုးစစ် အမည်းငယ်ဟန်ချက်ပျက်သွားလေသည် ။
ရွှေကြာ့လက်တစ်ဖက်က မိုးစစ် ပါးပေါ် အရှိန်ပြင်းစွာ ကျရောက်သွားပြီး မိုးစစ် အမည်းငယ်ဟန်ချက်ပျက်သွားလေသည် ။
''နင်ရူးသွားပြီမိုးစစ်
...နင့်ကိုငါမယုံနိုင်တော့ဘူး...နင် တို့ ..တော်တော်
အရှက်မဲ့တဲ့ဟာတွေ...နင်လိုက်မလာနဲ့ မိုးစစ် နင်လိုက်လာလေ
ပိုအရှက်ကွဲလေဘဲ ဖြစ်မှာ ''
ရွှေကြာဗလုံးဗထွေးအော်ရင်း
ကားပေါ်တက်ကာ မောင်းထွက်သွားရန် ကားသမားကိုစေခိုင်းလိုက်သည် ။ကားက
အရှိန်ဖြင့်မောင်းထွက်သွားလေသည် ။
အညို
To be continued....
No comments:
Post a Comment