Sunday, November 11, 2012

TDoR day



Transgender ဆိုတာဘယ်သူတွေကိုခေါ်တာလဲ။
Transgender ဆိုတဲ့ အင်္ဂလိပ်ဝေါ်ဟာရစကားလုံးက ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေကိုပြောတာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာလိုပြောရရင်တော့ ဥပမာ- ယောက်ျားလေးဆိုရင် မွေးလာတုန်းကတော့ ယောက်ျားလိင်အင်္ဂါနဲ့ပါပဲ။ ဒါပေမယ့်လို့ သူ့ရဲ့ တကယ့်သဘာဝ လိင်စိတ်ခံယူမှု အစစ်အမှန်ကတော့ မိန်းကလေးလိုပဲခံယူတယ်၊ မိန်းကလေးလိုပဲ ၀တ်စားနေထိုင် ပြုမှုချင်တဲ့သူပေါ့။ မိန်းကလေးဆိုလည်းထိုနည်းလည်းကောင်းပါပဲမွေးလာတုန်းကတော့ မိန်းမလိင်အင်္ဂါနဲ့ပါ ဒါပေမယ့် လိင်စိတ်ခံယူမှုကတော့ လုံးဝသဘာဝအတိုင်း ယောက်ျားလေးလိုပဲနေထိုင်ပြုမှုဝတ်စားဆင်ရင် ချင်သူတွေပါ။
Transgender တွေကိုကျနော်တို့မြန်မာ့လူမှုအသိုင်းအ၀ိုင်းရဲ့ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ အပွင့်မ၊ ဂျီမတွေနဲ့ ယောက်ျားလျာလေးတွေကိုပြောချင်တာပါ။ အနှစ်ချုပ်ပြောရမယ်ဆိုရင် ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ရင်နေထိုင်တဲ့သူတွေအားလုံးကို ခြုံငုံပြီးတော့မှ အင်္ဂလိပ်လို Transgender လို့ သုံးနှုန်းလိုက်တာ ဖြစ်ပါတယ်။
မှတ်ချက် ။ ။ Transgender တိုင်းဟာ လိင်တူချင်းစိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး။ တချို့ အမျိုးသားတွေ၊ အမျိုးသမီးတွေ ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်ပေမယ့်လို့ ယောက်ျားချင်း၊ မိန်းမချင်း စိတ်မ၀င်စားတဲ့သူတွေ အများအပြာရှိပါတယ်။

Cross Dresser ဆိုတာကရောဘယ်သူတွေလဲ။

Cross Dresser ဆိုတာကလည်းဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်တဲ့သူတွေကို ဆိုလိုတာဖြစ်ပါတယ်။ အထက်ကပြောခဲ့သလိုပဲ Cross Dresser တိုင်းက လိင်တူစိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး။

Drag Queen ဆိုတဲ့သူတွေကရောဘယ်သူတွေလဲ။
Drag Queen ဆိုတာကလည်းဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်တဲ့သူတွေကို ဆိုတာပဲဖြစ်ပါတယ်။ ဒါပေမယ်လို့ များသောအားဖြင့် Drag Queen ဆိုတဲ့စကားလုံးကယောက်ျားလေးကနေမိန်းကလေးတယောက်လို ၀တ်စားဆင်ယင်နေထိုင်တဲ့ သူတွေကိုသာခိုင်းနှိုင်းခေါ်ဆိုထားတဲ့ စကားလုံးပါ။ အထူးသဖြင့် Drag Queen ဆိုတဲ့ စကားလုံးကိုစင်မြင့်ဖျော်ဖြေပွဲတွေမှာဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အပွင့်မတွေ၊ ကချေသည်၊ ကားဗရက်ရှိုးတွေထဲကလိုအကမယ်တွေကိုခေါ်ဆိုတာများပါတယ်။

မြန်မာပြည်မှာဆိုရင်တော့ တေးဆို၊ တေးသရုပ်ဖော် အနုပညာစွမ်းရည်ကိုအသုံးပြုပြီးရှောက်သီးဆေးပြားရောင်းတဲ့ အပွင့်မတွေကိုလည်းခေါ်လို့ရမယ်ထင်ပါတယ်။ သတိထားစရာတချက်က Drag Queen တိုင်းသည်လည်းလိင်တူချစ်သူမဟုတ်ပါ။ အချို့သောအမျိုးသားတွေဟာလိင်တူချစ်သူမဟုတ်ပေမယ့် Drag Queen လိုဝတ်စားဆင်ယင်ပြီးဖျော်ဖြေတင်ဆက်မှုအတတ်ပညာကိုကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တခုအနေနဲ့ ရွေးချယ်ပြီးရုန်းကန်လှုပ်ရှားနေတဲ့သူတွေလည်းရှိပါတယ်။

Transgender တွေကိုဘာကြောင့်ခွဲခြားဆက်ဆံကြတာလဲ။ အဓိကအကြောင်းအရင်းကဘာလဲ။

ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေကိုခွဲခြားဖိနှိပ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကြဖို့ရန်အတွက် တွန်းအားပေးနေတဲ့ အဓိကအကြောင်းအရင်းကတော့ လူမှုအသိုင်းအ၀ိုင်းတွေက ယုံကြည်လက်ခံထားတဲ့ “လူ့လောကမှာမိန်းမနဲ့ ယောက်ျားဆိုတဲ့ လိင်နှစ်မျိုးပဲရှိတယ်” ဆိုတဲ့ အတွေးအခေါ်ကနေစတင်တာဖြစ်တယ်လို့ ဆိုရမှာပါ။ ကလေးတယောက်မွေးလာပြီဆိုရင်ပဲသူ့ရဲ့လိင်အင်္ဂါကိုကြည့်ပြီးတော့ ချက်ချင်းဆိုသလို လူမှုအသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ ယောက်ျား၊ မိန်းမဆိုတဲ့ ပုံစံခွက်ထဲကိုသွတ်သွင်းလိုက်ကြတာဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီးလူတွေဟာကိုယ်ရဲ့ဆန္ဒပါသည်ဖြစ်စေမပါသည်ဖြစ်စေ လူမှုအသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ ယောက်ျား၊ မိန်းမဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင် ကိုယ်ရဲ့အတွေးအခေါ်၊ အပြုအမူ၊ ၀တ်စားဆင်ယဉ်မှု၊ နေထိုင်သွားလာမှု စသဖြင့် အစစအရာရာအားလုံးကို လူ့အသိုင်းအ၀ိုင်းနဲ့ အံဝင်ဂွင်ကျဖြစ်အောင်ဆိုပြီး ကြိုးစားအသက်ရှင်ကြရတော့တာပါ။

အဲဒီပုံစံခွက်တွေထဲကမှ အဆိုးဝါးဆုံးသော ပညတ်ချက်တွေကတော့၊ ဘယ်လိုလူမျိုးကိုပဲချစ်သင့်တယ်၊ ဘယ်လိုလူမျိုးနဲ့မှ အတူလက်ထပ်ထိမ်းမြားပေါင်းသင်းနေထိုင်သင့်တယ်၊ ဘယ်လိုလူမျိုးတွေနဲ့မှ ချစ်တင်းနှောသင့်တယ်ဆိုပြီးသတ်မှတ်ချက်ပေးလိုက်တာပါပဲ။ ဒီသတ်မှတ်ချက်တွေဟာ နှစ်တွေကြာလာတော့ သဘာဝတရားတခုလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်တွေဟာအချိန်တိုင်း၊ နေရာတိုင်း၊ လူတိုင်းအတွက် အမြဲတစေမှန်ကန်နိုင်တဲ့အရာတွေတော့ ဖြစ်မနေပါဘူး။

အမှန်တကယ်မှာတော့ လောကကြီးမှာမိန်းမနဲ့ ယောက်ျားဆိုတဲ့ လိင်စိတ်ခံယူမှုနှစ်မျိုးပဲရှိတယ်ဆိုတဲ့ လက်ခံယုံကြည်ချက်နဲ့ ယောက်ျား၊ မိန်းမအတွက် လူမှုအသိုင်းအ၀ိုင်းကနေ လက်ခံယုံကြည် သတ်မှတ်ထားတဲ့ အတွေးအခေါ်စံနှုန်းစံထားတွေဟာ လုံးဝသက်သက်စင်အောင်ကို လွဲမှားနေတဲ့ အတွေးအခေါ်ယုံကြည်မှုတရပ် ဖြစ်နေပါတယ်။

အဲဒီမှားယွင်းတဲ့ အတွေးအခေါ်ယုံကြည်မှုကပဲဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေအပေါ် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ နည်းမျိုးစုံသောခွဲခြားဖိနှိပ် ညှင်ပန်းနှိပ်စက် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာစေဖို့ရန်အတွက် အဓိကတွန်းအားတခု ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

Transgender Day of Remembrance (TDoR) တီဒေါးဆိုတာဘာလဲ။

ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူများ (Transgender) အတွက် အမှတ်တရနေ့ (တီဒေါး) ဆိုတာဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေကို မုန်းတီးတဲ့သူတွေရဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ကမ္ဘာတလွှားက Transgender တွေကိုအောက်မေ့သတိရတဲ့ နေ့ရက်တရက်ဖြစ်ပါတယ်။ အမှတ်တရနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ရောက်တိုင်းကမ္ဘာတလွှားမှာရှိတဲ့ လိင်တူချင်းချစ်သူတွေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာသူတွေကအောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပကြတာ ဖြစ်ပါတယ်။ ဒီလိုကျင်းပလာခဲ့ကြတာဒီနှစ်နဲ့ဆို ၁၃ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီးဖြစ်ပါတယ်။

ဘာကြောင့် နိုဝင်ဘာ ၂၀ ရက်ကိုတီဒေါးနေ့အဖြစ် သတ်မှတ်ရတာလဲ။

လူ့သမိုင်းတလျောက်မှာဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေကို ကွပ်မျက်သတ်ဖြတ်လာခဲ့ကြတဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေကိုညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သဘာဝတရားအတိုင်း ဖြစ်သင့်တဲ့ကိစ္စရပ်တခုလိုပဲလစ်လျူရှုခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ အမေရိကန်နိုင်ငံမက်ဆက်ချူးဆက်ပြည်နယ်၊ သြောစတန်မြို့က ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူ ရီတာဟက်စတာ (Rita Hester) ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အချိန်ကနေစပြီးတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ လိင်တူချင်းချစ်သူများအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေကဒီလိုအဖြစ်အပျက်တွေ အနာဂတ်မှာဆက်မဖြစ်ဖို့ရန်အတွက် ရည်ရွယ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့ရောက်တိုင်းဖယောင်တိုင်မီးထွန်းပြီး ဆန္ဒပြုကြရာကနေဒီအမှတ်တရနေ့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတ၀ှမ်းမှာရှိတဲ့ နိုင်ငံပေါင်း ၈၀ ကျော်မှာဒီအထိမ်းအမှတ်နေ့ကိုအမှတ်တရကျင်းပပြုလုပ်လျက် ရှိနေကြပြီဖြစ်ပါတယ်။

Transgender တွေဘယ်လိုညှင်းဆဲနှိပ်စက် သတ်ဖြတ်ခံခဲ့ကြရပါသလဲ။
ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်တဲ့သူတွေဟာ တခြားသာမန်လူတွေ သတ်ဖြတ်ခံရတာထက် ဆိုးရွားတဲ့ နည်းလမ်းမျိုးပေါင်းစုံနဲ့ အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေကတော့ နောက်ကျောကနေဓါးနဲ့အကြိမ်ကြိမ်ထိုးခံရခြင်း၊ လည်လှီးခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ စံပြအနေနဲ့ ကြိုးဆွဲချသတ်ဖြတ်ခံရခြင်း၊ ရည်ရွယ်ချက်ရှိရှိ ကားနဲ့တိုက်သတ်ခံရခြင်း၊ လိင်အင်္ဂါဖြတ်တောက်ခံရခြင်း၊ ကာလီဘိုင်ကဲ့သို့သောလက်နက်များဖြင့် အပြစ်သတ်ခံရခြင်း၊ သေနတ်ဖြင့် အကြိမ်ကြိမ်ပစ်သတ်ခံရခြင်း၊ ဘေ့စ်ဘောလက်ကိုင်တုတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်သတ်ဖြတ်ခံရခြင်း၊ ကားနဲ့ဒရွတ်တိုက်ဆွဲ၍သတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်းအစရှိတဲ့နည်းလမ်းတွေဟာဆန့်ကျင်ဖက်လိင်လို ၀တ်စားနေထိုင်တဲ့သူတွေ ဒီကနေ့ တွေ့ကြုံခံစားနေရတဲ့ အန္တရာယ်တွေထဲကအနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။
ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့အတွက် အသတ်ဖြတ်ခံခဲ့ရတဲ့ လူတွေရဲ့စာရင်းကိုဒီအင်တာနက် စာမျက်နှာမှာလေ့လာဖတ်ရှုနိုင်ပါတယ်။
http://www.rememberingourdead.org/about/core.html

Transgender တွေနဲ့ပတ်သက်လို့ ဒီကနေ့ကမ္ဘာမှာရောဘယ်လိုတွေ ဆက်ဖြစ်နေသေးလဲ။
“Transrespect versus Transphobia Worldwide" အဖွဲ့ကဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေနဲ့ ပတ်သက်လို့ ၄င်းတို့ရဲ့ သုတေသနပြုလုပ်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်တခုကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာဖော်ပြသွားတာကတော့ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ကနေစပြီး ၂၀၁၁ စက်တင်ဘာလအထိ ပြုလုပ်ခဲ့တဲ့ သုတေတနလေ့လာချက်အရလေးနှစ်တာကာလအတွင်းကမ္ဘာတလွှားမှာဆန့်ကျင်ဖက်လိင်လိုပြောင်းလဲနေထိုင်တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် သတ်ခံလိုက်ရတဲ့အမှု စုစုပေါင်း ၆၈၁ မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီထက်ပိုပြီး ၀မ်းနည်းစရာကောင်းတာကတော့ ၂၀၁၁ ခုနှစ်မှာဆိုရင် ပထမကိုးလအတွင်းမှာတင် အသတ်ခံခဲ့ရတဲ့ Transgender အရေအတွက် စုစုပေါင်း ၁၁၆ မှု ရှိခဲ့တယ်လို့ TvTအဖွဲ့ကထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

TDoRနေ့ကိုဘယ်လိုကျင်းပကြလဲ။

နိုင်ငံတကာမှာTDoRနေ့ရောက်ရင် သေဆုံးသွားခဲ့တဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေကိုအောက်မေ့သတိရတဲ့အနေနဲ့ ဖယောင်းတိုင်ဆီမီးထွန်းညှိပြီးအသိအမှတ်ပြု ကျင်းပလေ့ရှိကြတာ ဖြစ်ပါတယ်။

“လူသားတိုင်းတူညီတဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးရှိတယ်ဆိုတာကိုလက်ခံရင် ဒီနေ့ရက်ရောက်တိုင်းဖယောင်းတိုင်ဆီမီးထွန်းညှိပြီးကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲကြပါစို့” 

Tuesday, November 6, 2012

ကိုကြီးပြောမယ် ညီလေးနားထောင် (အပိုင်း လေး)


လိင်ဆက်ဆံဖို့ ဘုရားသခင်က ဖန်ဆင်းထားတယ်ပဲပြောပြော သဘာဝက အလိုလိုလုပ်ဆောင်ထားတယ်ပြောပြော အမျိုးသမီးအင်္ဂါ ဟာ အမျိုးသားလိင်တံကို လက်ခံတဲ့ လက်ခံခွက်ဖြစ်ပြီး ထိုးသွင်းဆက်ဆံရာမှာ သာယာမှုရှိဖို့ အလိုလိုဖြစ်တည်ပြီးသားလို့ ကျွန်တော်ပြော ရင် ငြင်းဆန်ကြမလားမသိ။ ကျွန်တော်တို့လို လိင်တူခြင်းကြိုက်နှစ်သက်သူအမျိုးသားအများစုအတွက်ကတော့ စအိုဝကိုသုံးပြီး လိင် ဆက်ဆံခြင်းဟာ အလားတူ အဆုံးစွန်သာယာမှုစီ ဦးတည်ကြတဲ့အပြုအမူလုပ်ဆောင်ချက်တစ်ခုပါပဲ။ အလေ့အကျင့်ရှိနေသူများအတွက် သာသာယာယာဖြစ်တည်စပြုနိုင်ပေမဲ့ အခုမှစတင် အသုံးပြုဆက်ဆံမယ့်သူများအတွက်ကတော့ တကယ့်ငရဲပါပဲနော်။

တချို့တွေကပြောကြပါတယ် ပုဒ်မ ၃၇၇ အရ ဘဘာဝမကျတဲ့လိင်ဆက်ဆံနည်းတစ်ခုဖြစ်ပါသည်တဲ့။ အမျိုးသမီးတစ်ယောက်အနေနဲ့ဆို ကိုယ့်လင်ယောက်ျားက ဒီနည်းလမ်းကိုအသုံးပြုပြီးဆက်ဆံရင် ဆက်ဆံဖို့ကြိုးစားရင်တောင် လင်မယားကွဲဖို့တရားရုံးမှာဦးတိုက် လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ သဘာဝကျတယ်ပြောပြော မကျဘူးပဲဆိုဆို ကျွန်တော်တို့အတွက်ကတော့ အသုံးပြုနေဆဲ အသုံးပြုကြမယ့် နည်းလမ်းဖြစ်နေပါရဲ့။

သတိထားစရာတွေကလည်း ရှိနေနှင့်ပါတယ်။ အကြမ်းပတမ်းထိုးသွင်းဆက်ဆံရင် ပွန်းပဲ့သွေးထွက်နိုင်တယ်၊ ပါတနာတစ်ယောက် ယောက်မှာ ကာလသားရောဂါ၊ အေ့စ်ရောဂါတွေရှိနေရင် ကူးစက်ခံရဖို့လမ်းအများဆုံးဖြစ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့အတွက် ဖြေဆေးကလေးလို့ဆိုနိုင်မယ့်အရာလေးတွေလည်းရှိပါတယ်။ အလွှာခြားရင်ကမ္ဘာခြားတယ်လို့ ခံစားရသူများအတွက် ပါးလွှာသော ကွန်ဒုံးအမျိုးအစားတွေ၊ ရေအခြေခံ ဆီအခြေခံ ချောဆီတွေ၊ လက်ခံသူအနေအထားနေသူများအတွက် ကွန်ဒုံးအမျိုးအစားလေးတွေ ဖြစ်ပါတယ်။

ကဲပါ…အဦးအစတုန်းက ကျွန်တော်ပြောခဲ့သလိုပါပဲ ပါတနာတစ်ဦးတည်းထားပါ၊သွေးစစ်ပါ၊ပါတနာအများကြီးထားမယ်ဆိုရင်လည်း ကွန်ဒုံးကိုသုံးပါဆိုတာကို ထပ်ပြောပါရစေ။

 စအိုဝကိုအသုံးပြုပြီးလိင်ဆက်ဆံခြင်း (Anal Sex)
ကိုယ်ဘာလုပ်နေတယ်ဆိုတာကို သတိမထား သိမနေဘဲ စအိုဝကိုသုံးပြီးလိင်ဆက်ဆံမယ်ဆိုရင် နာကျင်စေသော၊ မသက်မသာ၊ ပြီးတော့ ဒဏ်ရာတစ်ခုခုရခြင်းကြောင့်ဖြစ်သော စိတ်ထိခိုက်မှုရရှိဖို့အခွင့်အလမ်းတွေသာ တိုးလာနိုင်ပါတယ် (သွေးထွက်ခြင်း၊ စအိုစုတ်ပြဲခြင်း စသည်တို့ကဲ့သို့) ။ နောက်တစ်ခါ နှစ်ဦးစလုံး ကာလသားရောဂါများ (sexually transmitted infections -STI’s) ကူးစက်နိုင်ဖို့အခွင့်အလမ်းများစီဦးတည်သွားခြင်း၊ ကွန်ဒုံးပေါက်ပြဲခြင်း တို့ကဲ့သို့ ကျန်မားရေးအတွက်မကောင်းသော ရလဒ်များ ဖြစ်သွားနိုင်ပါတယ်။

အတွေ့အကြုံနည်းနည်းရှိသူဆိုရင်တော့ ဒီအပေါက်ထဲ ဘယ်လိုဖိသွင်းမယ် ဘယ်လိုအထုတ်အသွင်း အဆင်ပြေ အောင်ကြိုးစားမယ် ဆိုတာ သိကောင်းသိနေနိုင်ပါပြီ။

စအိုဝကိုသုံးပြီးလိင်ဆက်ဆံတယ်ဆိုရာမှာ အပေါ်ကလူ(fucker) သို့မဟုတ် အောက်ကနေသောလူ(to be fucked)ဘယ်သူပဲဖြစ်ဖြစ် အရင်တစ်ကြိမ်ကြိမ်က နာကျင်မှုတစ်ခုခု၊မနှစ်သက်ဖွယ်အဖြစ်အပျက်တစ်ခုခု ရရှိခဲ့ဖူးတယ်ဆိုရင် ကိုယ်တွေရဲ့ ခံစားမှုအရှိန်ကိုမြှင့်ပြီး ဒီလိင်အင်္ဂါကိုသုံးပြီး ကျေနပ်မှုအမြင့်ဆုံးဆိုတာကိုရဖို့အတွက် လှေကားထစ်လေးတွေအကြောင်းအနည်းငယ်ပြောပြလိုပါတယ်။
လျင်မြန်မှုအနှေးအမြန် ကိုထိန်းဖို့၊ စည်းချက်ဝါးချက်ကျခြင်း၊ ဘယ်လိုအနေအထား၊ပြီးတော့ ကိုယ့်ရဲ့လိင်မှုကိစ္စအတွေ့အကြုံအရ အချိန်သက်တမ်းကန့်သတ်ဖို့ဆိုတာတွေဟာ အောက်ကနေသောသူ(bottom) အတွက်ထည့်သွင်းစဉ်းစားရမယ့်လှေကားထစ်အဆင့် တစ်ခုပါ။ သင်ဒီလို စအိုကိုသုံးပြီးဆက်ဆံနေချိန် နာကျင်တဲ့ သို့မဟုတ် လုံးဝကိုမသက်မသာခံစားရတဲ့ ဖီလင်မျိုးရနေပြီဆိုရင် လုံးဝ ရပ်တန့်လိုက်ပါဗျာ။ ပြီးတော့ ကိုယ့်ကိုယ်ကို မဟုတ်တဲ့စွန့်စားမှုကိုသူရဲကောင်းမဆန်သင့်ဘူးလို့ထင်တယ်လေ ဒီကိစ္စမှာက။ သင့်ပါတနာ(top)ကတော့ သာယာနေနိုင်တယ် ပျော်ရွှင်ကျေနပ်နေနိုင်သော်ငြားလည်း သင့်ဘက်က တကယ့်ကိုအဆင်မပြေဖြစ်နေပြီဆို ပါတော့ သူစိတ်မပျက်စေမယ့်နည်းလမ်းနဲ့ ငြင်းဆန်ရှင်းပြလိုက်ပါ။ နှစ်ဦးနှစ်ဖက်သည် ပျော်ရွှင်ကျေနပ်မှုတစ်ခုကိုယ်စီရဖို့ကြိုးစားခဲ့ ကြခြင်းဆိုတာကို မမေ့ဖို့လိုတယ် သို့မဟုတ် နာကျင်မှုကြောင့် ပါတနာရဲ့ကိုယ်ရည်ကိုယ်သွေးကို မဆုံးဖြတ်လိုက်မိဖို့လိုတယ်ဆိုတာ ကိုတော့ အရေးတယူပြောလိုက်ပါရစေ။

လိင်ဆက်ဆံဖို့အနေအထား (Positions)
စအိုကိုသုံးပြီးလိင်ဆက်ဆံတဲ့အနေအထားပုံသဏ္ဌာန်တွေက တော်တော်များများကိုရှိပါတယ်။ ပုံဟန်တစ်မျိုးစီက ခြားနားတဲ့ ကျွမ်းကျင်မှု၊ ကျန်းမာကြံ့ခိုင်မှု နှင့် အတွေ့အကြုံတွေကိုလိုက်လို့ပေါ့နော်။ အချို့အနေအထားတွေက အများစုအတွက် အဆင်ပြေပေမယ့် အချို့ သောသူများအတွက်ကတော့ အဆင်မပြေပါဘူး ရုပ်ပိုင်းဆိုင်ရာတောင်းဆိုချက်များအရလေ။ သင့်အနေနဲ့ ဘယ်လိုအနေအထားပုံဟန် က ကိုယ့်ကိုပိုမိုစွဲလန်းစေတယ် ပြီးတော့ ပိုပိုပြီးကြိုးစားဆက်ဆံလိုစိတ်ရှိစေတယ်ဆိုတာကို တွေးတောစိတ်ကူးမှန်းဆထားသင့်ပါတယ်။ ဘယ်လိုအနေအထား ဘယ်လိုပုံဟန်တွေနဲ့ပဲဆက်ဆံသည်ဖြစ်ပါစေ မေ့မထားသင့်တာက သင့်အတွက် သက်သောင့်သက်သာရှိဖို့လို တယ်ဆိုတာပါပဲလေ။

မြင်းစီးကျင့်ခြင်း (Squatting)

အိပ်ယာပေါ်မှာလှဲလျောင်းပြီး ခပ်မတ်မတ်ဖြစ်နေတဲ့ ပါတနာရဲ့ လိင်တံပေါ်ကို စအိုဝအားတဖြည်းဖြည်းဖိချကာ အသွင်းအထုတ်လုပ်တဲ့ အနေအထားဟာ လုံးဝအတွေ့အကြုံမရှိသေးတဲု့ ဘော့ပ်(bottom) တစ်ယောက်အတွက် အစပျိုးဖို့အကောင်းဆုံးအနေအထား ပုံဟန် တစ်ခုဖြစ် ပါတယ်။ အထုတ်အသွင်း အမြန်နှုန်းကို ထိန်းလို့ရတယ်၊ နာကျင်မှုကို ခံစားရတဲ့အချိန် ရပ်တန့်လိုက် သို့မဟုတ် လိင်တံ ကိုအပြင်ဆွဲထုတ်ဖို့ဆိုတာတွေကို လွယ်ကူစေမယ်လေ။ အေးအေးဆေးဆေး သက်သောင့်သက်သာ အထုတ်အသွင်းပြု ဆက်ဆံလို့ အဆင်ချောသွားပြီဆိုရင်တော့ သင့်အနေနဲ့ အခြားသော သင်စိတ်ကူးထားတဲ့အနေအထားပုံသဏ္ဌာန်တွေစီပြောင်းလဲဆက်ဆံဖို့ အဆင်ပြေချောမွေ့အောင်မြင်ပါပြီလို့ပြောနိုင်ပါတယ်။

 ချစ်သူရှေ့ဝယ်ခပ်ကုန်းကုန်းလေးနေမယ် (Doggy Style)ဘော့ပ်တစ်ယောက်က မတ်တပ်ရပ်နေလျက်/ ဒူးထောက်လျက်/ခပ်ကုန်းကုန်းအနေအထားမှာ နောက်ဘက်ကနေ တော့ပ်ပါတနာအနေ နဲ့အဆင်ပြေပြေထိုးသွင်းဆက်ဆံလို့ရတဲ့ ပေါ်ပြူလာအဖြစ်ဆုံး အခြေခံကျတဲ့ပုံသဏ္ဌာန်အနေအထားတစ်ခုဖြစ်ပါတယ်။ နှစ်ယောက်လုံး မတ်တပ်ရပ်အနေအထားနှင့် အဆုံးမဲ့ဇာတ်လမ်းထွင်လို့ရသလို တစ်ခါတလေ ဘောပ့်က ကုတင်စောင်းသို့မဟုတ် စားပွဲစောင်းတစ်ခု ပေါ်ကိုလက်ထောက်  ခြေတစ်ဖက်ကို ခုံတစ်ခုပေါ်တင်ပြီးရပ်တဲ့အနေအထား သို့မဟုတ် အလားတူအနေအထားတွေနှင့်ဆက်ဆံလို့ ရနိုင်ပါတယ်။ ‘Flat Doggy’ ကတော့အတော်များများရင်းနှီးနေတဲ့ လေးဘက်ထောက်အနေအထားမှာ ရင်အုပ်ပိုင်းကိုကြမ်းပြင်ပေါ်နှိမ့်ချ ပြီးနေတဲ့အနေအထားနဲ့ဆက်ဆံတာ သို့မဟုတ် ဘော့ပ်က မှောက်ခုံအိပ်လျက်အနေအထားမှာ တော့ပ်ပါတနာကအနောက်ဘက်ကနေ ထပ်လျက်မှောက်သောအနေအထားနှင့်ထိုးသွင်းဆက်ဆံတာကိုခေါ်ဆိုခြင်းဖြစ်မယ်ထင်ပါရဲ့။

ဘေးချင်ယှဉ်လှဲချစ်ပွဲဝင်မယ် (Side by Side)
‘Flat Doggy’ နဲ့အနေအထားသိပ်မကွဲတဲ့ပုံစံအနေအထားတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းအပြောအရဆိုရင် ခိုးစားတဲ့ပုံစံ တဲ့လေ။ ဘာကြောင့်ဆို ဘေးစောင်းယှဉ်လှဲအိပ်နေတဲ့အနေအထားမှာ တော့ပ်ကနောက်ကနေ အသာအယာထိုးသွင်းပြီးခပ်ငြိမ့်ငြိမ့် ဆက်ဆံလို့ ရနေတာကိုးနော်။ ပုစွန်ကွေးလား 99 အနေအထားလားမသိပြောရရင်တော့။

မောင်ထမ်းပါ့မယ် ချစ်ရယ် (Knees on Chest/Ankles over Shoulders)
ဘော့ပ်ဖြစ်သူက အိပ်ယာပေါ်မှာပက်လက်ကျောခင်းအိပ်ကာ သူ့ခြေထောက်တွေကို ရင်ဘတ်နားထိကွေးတင်ထားတဲ့ သို့မဟုတ် သူ့ခြေထောက်တွေကို တော့ပ်ပါတနာရဲ့ ပုခုံးပေါ်ထမ်းတင်ခိုင်းထားတဲ့အနေအထားဖြင့်ထိုးသွင်းဆက်ဆံသော အနေအထားပုံစံ တစ်ခုဖြစ်ပါတယ်။ ခုတင်စောင်းမှာ ဘော့ပ်ဖြစ်သူကိုလှဲလှောင်းခိုင်း ခါးအောက်မှာ ခေါင်းအုံးခု ခြေတံတွေကို တော့်ပါတနာက ထပ်းပိုးတဲ့ အနေအထား သို့မဟုတ် ဆိုဖာခုံရှည်လက်ရန်းပေါ်ကိုတင်ပါးတွေကိုတင်ပြီး ကျောခင်းအိပ် ခြေထောက်တွေကို ခပ်ကားကားလုပ်ထား စေပြီး တော့ပ်ပါတနာက ခြေထောက်တွေကြားဝင်ရပ်က ထိုးသွင်းဆက်ဆံတဲ့အနေအထားတွေက နှစ်ဦးနှစ်ဖက်အဆင်ပြေနေပြီဆိုရင် တော်တော် အားရအောင်အဆင်ပြေစေတဲ့အနေအထားများဖြစ်ပါတယ်။

သိတယ်တတ်တယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ စအိုဝကိုသုံးပြီးလိင်ဆက်ဆံရာမှာအဆင်ပြေချောမွေ့စေဖို့နှင့် အန္တရာယ်မရှိစေဖို့ အရိပ်  အမြွက်အနည်းငယ် ပြောပြချင်ပါသေးတယ်။

Anal sex hints & tips

-       ကွန်ဒုံးများနှင့် ရေအခြေခံချောဆီ(water base lube) များကို ခပ်ပေါပေါသုံးကာ အလျင်စလိုမဟုတ်တဲ့ ငြင်ငြင်သာသာ အစ ပျိုးဆက်ဆံပါ။ နာမယ် အဆင်သိပ်မပြေလောက်သေးဘူးထင်ရင် ချောဆီကိုထပ်ထည့်အသုံးပြုပါ။
-       ကိုယ့်ဖာသာလည်း လတ်တလောပြုလုပ်နေတဲ့ လိင်ဆက်ဆံခြင်းအပေါ် အာရုံဝင်စားလာအောင် မာန်ပါလာအောင်နှိုးဆွပေးပါ။ ခပ်ဖြေးဖြေးလေး၊ rimming လုပ်ကြည့်တာ၊ လက်ခလယ်နှင့် အသာထိုးသွင်းကြည့်တာ(ချောဆီရွှဲရွှဲဆွတ်လို့)မျိုးတွေနှင့် အစ ပျိုးရမှာပေါ့လေနော်။ ထိုးသွင်းဆက်ဆံတာကို လက်ခံဖို့အသင့်မဖြစ်သေးဘဲနဲ့ တော့ပ်ပါတနာရဲ့ တောင်းဆိုမှုကို အလော သုံးဆယ်လိုက်လျောတဲ့ သူရဲကောင်းတစ်ယောက်တော့မလုပ်သင့်ဘူးဗျ။
-       ကိုယ်နဲ့ဆက်ဆံတဲ့ တော့ပ်ပါတနာက အရမ်းချောလို့၊ ကိုယ်နဲ့ပတ်သက်ဖို့ဆိုရင် တွေ့ကြုံခဲတဲ့လူမို့၊သူ့အရှိန်အ၀ါကြောင့် ငြင်းဆန်ရန်ခက်လို့ဆိုတဲ့ အကြောင်းပြချက်များနှင့် နှစ်ဦးနှစ်ဖက် အကာအကွယ်ပစ္စည်းသုံးဖို့ကိုမေ့လျော့ပစ်တာမျိုး မလုပ်ရပါ ဘူး။ ကိုယ်သိပ်မသိသေးတဲ့ သူစိမ်းတစ်ယောက်နဲ့ နေရာဒေသအစိမ်းသက်သက်မှာ အကာအကွယ်မဲ့ဆက်ဆံတယ်ဆိုတာက မိမိကိုယ်မိမိ စွန့်စွားလွန်းရာကျပါရဲ့။
-       ကွန်ဒုံးပေါက်ပြဲသွားလား? အရမ်းမထိတ်လန့်ပါနဲ့။ လိင်ဆက်ဆံနေခြင်းကိုရပ်၊ အိမ်သာကိုသွားကာ သုက်ရည်တွေကို ညှစ် ထုတ်နိုင်ဖို့ကြိုးစားပါ သို့မဟုတ် တန်းလန်းဖြစ်နေဆဲ ကွန်ဒုံးကိုအသာဆွဲထုတ်နိုင်အောင်လုပ်ပါ။
-       နှစ်ဦးသားစိတ်ထဲ HIV ကူးခံရမှာကို အရမ်းစိုးရိမ်မိနေတယ်ဆိုရင် PEP လို့ခေါ်တဲ့ treatment တစ်မျိုးကို မြန်နိုင်သမျှမြန်မြန် ရယူဖို့ကြိုးစားကြရပါမယ်။ (72 နာရီအတွင်း မြန်နိုင်သမျှ) PEP ကို လိင်ကျန်းမာရေးဆေးကုခန်းများ သို့မဟုတ် ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနတွေမှာ ရနိုင်ပါတယ်။
-       ကွန်ဒုံးကိုသုံးတဲ့အခါ : ကွန်ဒုံးရဲ့ ရက်လွန်ဒိတ်ကိုဂရုတစိုက်ကြည့်ပါ။ ကွန်ဒုံးအိတ်ငယ်လေးကိုဖောက်တဲ့အခါ လက်သည်းနဲ့ငြိ တာ၊လက်စွပ်နဲ့ချိတ်တာတွေဖြစ်နိုင်လို့ သတိထားဖောက်ပါ။ စွပ်ရမယ့်ဘက်အမှန်ကို လိင်တံထိပ်ဖူးမှာ အသာဖိပြီးလိင်တံ အရင်းထိဖြေချလိုက်ပါ။ ရေအခြေခံချောဆီ (water-base lube)ကိုသာသုံးပါ( Vaseline ကဲ့သို့ ဆီအချောခံချောဆီ -Oil base Lube)များကိုသုံးရင် ကွန်ဒုံးကို အလွယ် တကူပေါက်ပြဲစေနိုင်လို့ဖြစ်ပါတယ်)။ လိင်ဆက်ဆံပြီးတဲ့အခါ လိင်တံမပျော့သွားမီ လိင်တံအရင်းပိုင်းကနေ အသာဖိပြီးဆွဲချွတ်လိုက်ကာ အမှိုက်ပုံးထဲကိုစနစ်တကျထည့်ပါ။ အိမ်သာရေကမုတ်ထဲကို မစွန့်ပစ် ပါနဲ့။ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာအသုံးပြုရမှာဖြစ်ပါတယ်။ ကွန်ဒုံးနှစ်ခုကိုထပ်ပြီး အသုံးပြုဆက်ဆံတာကိုလည်း ရှောင်ကြဉ် ရပါမယ်။ ပိုမိုစိတ်မချရတဲ့အပြင် ပိုပိုပြီး ကွန်ဒုံးပေါက်ပြဲတာကိုလွယ်ကူစေလို့ဖြစ်ပါတယ်။


Alex Aung (6 Nov 2012)
ဆက်ရန်ရှိသေးသည်………

Thursday, November 1, 2012

MSM တဦး၏ ဖွင့်ဟဝန်ခံချက်



ယောက်ျားချင်းလိင်တူဆက်ဆံသူ (Man Sex With Man – MSM) တဦးဖြစ်သူ ဦးချစ်ကိုကိုသည် ၂၀၀၈ ခုနှစ်မှ စပြီး MSM များ အရေး ကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် MSM များအပေါ် ခွဲခြားဆက်ဆံခြင်းများ ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် Lotus အမည်ဖြင့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းကာ ဥက္ကဋ္ဌ တာဝန်ယူ၍ လုပ်ဆောင်နေသူ တဦးဖြစ်သည်။ ဦးချစ်ကိုကို သည် HIV ဝေဒနာ ခံစားနေရသူ တ ဦးဖြစ်၍ ဆေးပုံမှန် သောက်သုံးနေရသူလည်း ဖြစ်သည်။

ဦးချစ်ကိုကို အား MSM များ၏ နေထိုင်မှု ဘဝပုံစံများ၊ Lotus အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များနှင့် MSM များကိုယ်စား ၎င်းတို့ တွေ့ကြုံ ရင် ဆိုင် နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ဧရာဝတီ သတင်းထောက် ညိမ်းပြည့်စုံက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ MSM နဲ့ Gay ဘာတွေကွာသလဲ ဆိုတာ ဦးချစ်ကိုကိုရဲ့ အမြင်ကို ရှင်းပြပေးပါ။

ဖြေ။ ။ ဘာမှ မကွာပါဘူး၊ အတူတူပဲ။ Gay လဲအခြောက်ပဲ၊ MSM လည်း အခြောက်ပဲ။ MSM ကို အခေါ်အဝေါ် ၄ မျိုး လောက်နဲ့ ခေါ် တာပဲ ရှိတယ်။ အားလုံးသည် အတူတူချည်းပဲ။ ကျနော်ကတော့ MSM နဲ့ Gay နဲ့က အတူတူပဲလို့ ခံယူ ထားတယ်။ ဖွင့်ပြောတာနဲ့ မပြော တာဘဲ ကွာသွားတာ။ ဒါပေမယ့် ကြားဖူးတာ တခုရှိတယ်၊ အဲဒါက တခြား နိုင်ငံတွေမှာ ဆိုရင် MSM သည် ယောက်ျားပဲ။ ဒါပေမယ့် သူတို့က မိန်က လေးတွေနဲ့ ဆက်ဆံရတာကို မကြိုက်ဘူး၊ Gay တွေနဲ့ ဆက်ဆံရတာကိုပဲ သဘောကျကြတယ်။ အဲဒီလိုလူတွေကို MSM လို့ သတ်မှတ် ထားတယ်။ Gay တွေကို ကျတော့ နွဲ့နွဲ့လျလျ နေသူတွေ၊ အခြောက်တွေလို့ သတ်မှတ် ထားကြတယ်။ ဒီမှာတော့ အဲဒီလို ခွဲခြား သတ် မှတ်ထားတာ မရှိပါဘူး။

မေး။ ။ ကိုယ့်ကိုယ်ကိုယ် MSM လို့ သတ်မှတ် ထားတာက ကိုယ်တိုင် ဒီဘဝကို နှစ်သက်လို့လား၊ ပတ်ဝန်းကျင် ကြောင့်လား။

ဖြေ။ ။ ဒီလို MSM တို့ Gay တို့ဆိုတာက ကိုယ်ကိုယ်တိုင် ကြိုက်လို့ ဖြစ်တာပဲလေ။ ကျနော်ဆိုရင် ၁၃ နှစ် ကတည်းက လိင်တူ ဆက် ဆံခဲ့ ဘူး တယ်။ လိင်တူ ဆက်ဆံပြီးတော့မှ လိင်တူဆက်ဆံရတာကို ချစ်လို့၊ မြတ်နိုးလို့၊ သဘောကျလို့ကို အဲဒီလို နေတာလေ။ ကြားဖူး တာတွေက တော့ အဓမ္မ ဆက်ဆံခံရလို့ဆိုပြီး မုန်းနေတာ၊ ဝမ်းနည်းနေတာမျိုးပေါ့။ ဒါမျိုး မရှိဘူး။ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ် ကျေ နပ်နေတယ်၊ ပျော်နေတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်တာလည်း မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့်အမျိုးတွေ ထဲမှာလည်း အဲဒီလိုမရှိ ဘူး။ ပတ်ဝန်းကျင် မှာလည်း အဲဒီလိုမရှိဘူး။ ကိုယ်တယောက်တည်းပဲ ဒီလိုဖြစ်လာတာ။

မေး။ ။ အသက် ၁၃ နှစ် မတိုင်ခင်က ဘယ်လိုပုံစံမျိုးနဲ့ နေခဲ့ပါသလဲ။

ဖြေ။ ။ ၁၃ နှစ် မတိုင်ခင်ကတော့ ယောက်ျားလေး တယောက်လိုနေတယ်။ အခုလည်း ယောက်ျားလေးလိုပဲ နေတာပဲလေ၊ ထမီမှ မ ဝတ်တာ။ နွဲ့နွဲ့လျလျ နေတာကတော့ အချင်းချင်း တွေ့ရင်တော့ နွဲ့နွဲ့လျလျ နေတာပေါ့။မိသားစုနား ရောက်သွားပြီ ဆိုရင်လည်း ပုံစံတ မျိုးနဲ့နေ တယ်။ ဘယ်ဘဝမှာ ဘယ်လို နေရနေရ ပျော်ပျော်နေတတ်ဖို့ပဲ လိုတာလေ။ဒီအလုပ်တွေ လုပ်နေတယ်၊ MSM တွေနဲ့ အချင်း ချင်း တွေ့နေရတယ် ဆိုရင်လည်း ပျော်တာပဲ။ ဒါက နေရာဒေသတော့ ရှိတာပေါ့။နေရာဒေသ ဆိုတာက နေရာတိုင်းမှာ နွဲ့နေချင်တိုင်း နွဲ့နေလို့ မရ ဘူးလေ၊ သူ့နေရာနဲ့သူပေါ့ MSM အသိုင်းအဝန်းကြား ရောက်သွားရင် MSM ဓလေ့စရိုက်အတိုင်း နေတယ်။ သူတို့က နေခိုင်း တာမဟုတ် ဘူး။ ကိုယ့်ဘာသာကိုယ် Auto ပြောင်းသွားတယ်။ ဒီ မိသားစု အသိုင်းအဝန်း ကြားမှာကျပြန်တော့လည်း တမျိုးဖြစ်သွားပြန် ရော။ ဒါက သိပ်တော့ မဆန်းပါဘူး။ MSM တိုင်းလိုလိုကတော့ ဒီလိုပဲလေ။

မေး။ ။ ဦးချစ်ကိုကိုက MSM တယောက် ဖြစ်နေတဲ့အတွက် အလုပ်နဲ့ ပတ်သက်လာရင် ထိခိုက် တာမျိုး၊ အလုပ်ခွင်မှာ အဆင်မပြေတာ မျိုးတွေ ရှိဖူးလား။

ဖြေ။ ။ အလုပ်မှာလည်း ဘာမှ ထိခိုက်နစ်နာတာမရှိဘူး။ ၂၀၀၈ ခုနှစ် မတိုင်ခင်ကဆိုရင် ကိုယ့်ကိုယ်ကိုယ် MSM ပါဆိုပြီး ဝန်ခံတာ မဟုတ် ဘူးလေ။ အဲဒီတုန်းက ကိုယ်က MSM ပါ ဆိုတာကို မပြောဘဲနဲ့နေတယ်။ အခု ဖွင့်ပြောလာတော့လည်း ဘာဖြစ်လာလဲ ဆိုတော့ အလုပ်တွေ ပိုတောင် လုပ်ရသေးတယ်။ ဒီဘက်က အရင်ကတည်းက လုပ်ခဲ့တဲ့ အလုပ်တွေလည်း လုပ်ရတယ်၊ MSM အလုပ်တွေလည်း လုပ်ရတယ်။ လူမှုရေး အလုပ်တွေ များများ ပိုလုပ်ရတယ်။ ဒါက ခံယူတဲ့လူအပေါ်မှာပဲ မူတည်တယ်လို့ ပြောလို့ရတယ်။

မေး။ ။ ကိုယ့်ကိုယ်ကိုယ် MSM လို့ ခံယူထားတယ် ဆိုတော့ မိန်းကလေး တယောက်ကို မြင်ရင် ဘယ်လိုခံစားရလဲ။

ဖြေ။ ။ မိန်းကလေးတွေကို မြင်ရင် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မချစ်ဘူး။ ဒါပေမယ့် ယေက်ျားလေးကို မြင်ရင် ချောရင် ချစ်တယ်၊ မချောရင် မချစ်ဘူး။ စုံတွဲတတွဲ လမ်းမှာသွားတာတွေ့ရင် ကောင်လေးက ချစ်စရာကောင်းရင် ကောင်မလေးကို ခဲနဲ့တောင် ထုလိုက်ချင်တယ်။ အဲဒီလိုတွေပဲဖြစ်တယ်။ ကိုယ်က ယောက်ျားလေးကိုပဲ နှစ်သက်တာကိုး။

မိန်းကလေးတွေကို ကိုယ်နဲ့တူညီတယ်ဆိုပြီး တွေးမိလို့ မချစ်တာမဟုတ်ဘူး။ မိန်းကလေးတွေနဲ့ တူတယ်လို့လည်း မသတ်မှတ် ဘူး၊ တူမှမတူတာ။ မချစ်ဘူး၊ သဘောမကျဘူး ဆိုတာကတော့ အရင်ကတည်းက ငယ်ငယ်လေး ကတည်းက ယောက်ျားလေး တွေကိုပဲ စိတ်ဝင်စားတာ၊ ချစ်တာလေ။ မိန်းကလေးတွေကို နည်းနည်းလေးမှ ချစ်လို့မရတာ။

မေး။ ။ MSM တွေဆိုရင် တချို့လူတွေက ခွဲခြားဆက်ဆံကြတာတွေ ရှိတယ်။ အဲဒီအခါကျရင် ယောက်ျားလေး တယောက်အဖြစ် ပြန်လိုချင်တာ၊ ပြန်နေချင်တာမျိုး ဖြစ်တယ်လို့ ကြားဖူးတယ်။ အဲဒီလိုမျိုး ဖြစ်လား။

ဖြေ။ ။ အဲဒါကတော့ သိပ်တော့မဆိုင်ဘူး။ ကိုယ့်ရဲ့ စိတ်ပေါ်မှာပဲ မူတည်တယ်။ နေချင်ပြီး နေလို့မရဘူး ဆိုတာကတော့ မရှိပါဘူး။ ကျနော်တို့လည်း ဟန်ဆောင်ပြီး နေလာခဲ့တာပဲ။ ၂၀၀၈ မတိုင်ခင်ကဆို ယောက်ျားလေး တယောက်လို ဟန်ဆောင်ပြီး နေခဲ့တာပဲလေ။ အခုလည်း ယောက်ျား တယောက်လိုပဲ နေတာပဲ။

မိသားစုနဲ့ ဆိုရင်လည်း ခွဲခြားဆက်ဆံ ခံရတာပဲ။ ဟိုးအစကတည်းက ခွဲခြား ခံရတယ်။ ဒါပေမယ့် MSM တွေမှာက ဦးနှောက်က နှစ်ဆ ပိုအလုပ်လုပ်နိုင်တယ်။ အမျိုးသမီး ဦးနှောက်နဲ့ အမျိုးသားဦးနှောက် နှစ်မျိုးနဲ့ တီထွင်နိုင်စွမ်းတွေ ရှိတယ်။တီထွင်ဉာဏ် နှစ်မျိုးရှိတဲ့အတွက် အစွမ်းအစ နှစ်မျိုးရှိတယ်။ ဒါကြောင့် ပိုကြိုးစားကြတယ်။ ပိုကြိုးစားတဲ့ အတွက် လူမှု အသိုင်းအဝန်းမှာ ဆိုရင်လည်း MSM တွေက နေရာ ရလာကြပါတယ်။ အခုဆိုရင် မိသားစုတွေကလည်း အပြစ်မမြင်ဘဲ လက်ခံလာကြတာ တွေ့ရတယ်။

မေး။ ။ မိသားစုကရော ဦးချစ်ကိုကို MSMဆိုတာ သိလား။ သူတို့ကို ဖွင့်ပြောပြ ထားလား။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းကြီးသာ MSM ပါဆိုပြီး မပြောတာဘဲ ရှိတယ်။ ကျနော့်ကို MSM အဖွဲ့အစည်းမှာ လုပ်နေတယ်၊ MSM တယောက်ဖြစ်တယ် ဆိုတာ သိတယ်။ ကျနော့်မှာ ပါတနာ ရှိတယ်ဆိုတာလည်း သိတယ်။ ပေါ်ပေါ်ထင်ထင် လက်ခံတယ် ဆိုတာကို သူတို့ဘက်က မပြောတာပဲ ရှိတယ်လေ။ သူတို့ဘာသာသူတို့ တိုးတိုးတိတ်တိတ် လက်ခံတာတော့ ရှိတာပေါ့။ ကိုယ်ကလည်း သူတို့ရှေ့မှာ ပေါ်တင်တော့ မပြောဘူးပေါ့၊ သိသာသိစေ မမြင်စေနဲ့ပေါ့။

မေး။ ။ မိသားစုက ဦးချစ်ကို MSM ဆိုတာ သိသိချင်း ဘယ်လိုပြဿနာတွေ ကြုံတွေ
ခဲ့ရလဲ။


ဖြေ။ ။ ကျနော့်မိသားစုဆိုရင် စစချင်းမှာ MSM ဆိုတာကို သိတော့ အဖေလုပ်တဲ့သူက ကြိမ်းမောင်းပြီး သတ်မယ် ဖြတ်မယ်တွေတောင် လုပ်တာ။ အမေဆိုရင်လည်း ငါ မွေးထားတာ ယောက်ျားလေးပါ၊ ဒါကြောင့် ယောက်ျားလေးလိုပဲ နေစေချင်တယ်၊ ယောက်ျားလေးလိုပဲ နေတာကို မြင်ချင်တယ်လို့ ပြောတယ်။ ဒါမျိုးတွေကို ငါတို့မကြိုက်ဘူး၊ ငါတို့ အမျိုးတွေ ထဲမှာလည်း ရှိတာမဟုတ်ဘူး ဆိုပြီး ပြောတယ်။ ကြုံတွေ့ ရတာကတော့ တော်တော်ဆိုးဆိုးကြီးကို ကြုံခဲ့ရတယ်။ နောက်ဆုံး ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ်တောင် ရှေ့ဆက် မရပ်တည်တော့ဘူးလို့ တွေးလိုက် မိသေးတယ်။ ဒါပေမယ့် အဲဒီလို တွေးမိသလိုသာ လုပ်ခဲ့မယ်ဆိုရင် ဒီလို ဒီအခြေအနေ အထိတောင် ရောက်လာမှာ မဟုတ်ဘူး။

မေး။ ။ အရင်ကနဲ့ အခုနဲ့ဆိုရင် MSM တွေအပေါ် မြန်မာပြည်က လူတွေရဲ့ ဆက်ဆံမှုတွေက ပြောင်းလဲသွားတာ ရှိလား။ MSM တွေကို လက်ခံလာပြီလို့ ပြောလို့ရလား။

ဖြေ။ ။ အခုခေတ်က ပိုပြီး ပွင့်လင်းလာတယ်လို့ ပြောရမယ်။ ဟိုးတုန်းကဆို MSM တွေကို တွေ့ရင် အခြောက်၊ ဂန်ဒူး၊ AIDS ကောင် ဆိုပြီး လိုက်လှောင်ပြောင် ကြတယ်။ အခုဆို အဲဒီလို မခေါ်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ပိုပြီး ပွင့်လင်းလာတာရယ်၊ ရှေ့ထွက်ရဲလာတာရယ်၊ ဒါတွေကြောင့် အရင်တုန်းကနဲ့ အခုနဲ့ အများကြီး ကွာလာတယ်။ အားလုံးက နားလည်ပေးကြတယ်၊ လက်ခံပေးကြတယ်။ ဥပမာဆိုရင် မကြီးစန်း (မိတ်ကပ်ခင်စန်းဝင်း) တို့ MSM ပွဲလုပ်တယ်၊ လူတွေကို အုံးအုံးကို ထနေတာပဲ၊ နောက်ပြီး ဒီလထဲမှာပဲ ထိုင်းက MSM တွေလာပြီး ကဖို့လုပ်တော့မယ်။ ဒီလိုတွေ လုပ်တာက လူတွေ လက်ခံလာလို့ ပြောင်းလဲလာလို့ပေါ့။ မဟုတ်ရင် လုပ်မယ့်သူတောင် ရှိမှာမဟုတ်ဘူး။အများကြီး ပြောင်းလဲလာတယ်လို့ ပြောလို့ ရတာပေါ့။

အခုခေတ်မှာ ဆိုရင် အခြေခံလူတန်းစားတွေ ထဲလောက်မှာပဲ MSM တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေတော့တယ်။ ဒီဘက်က ပညာတတ် အသိုင်းအဝန်းတွေ ဘက်မှာကျတော့ အဲဒီလို ခွဲခြား နှိမ့်ချဆက်ဆံတာတွေ မရှိဘူး။ နေရာအပေါ်မှာ၊ လူအပေါ်မှာပဲ မူတည်ပြီး ခွဲခြား ဆက်ဆံမှုတွေ ရှိတာပါ။ ခွဲခြားဆက်ဆံ ခံရရင် ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစား အားထုတ်ပြဖို့ လိုတယ်။ ခွဲခြားဆက်ဆံမှုကို ဂရုစိုက်နေစရာ မလိုဘူး။ MSM တွေက ငါတို့ စွမ်းဆောင်နိုင်တယ်၊ လုပ်နိုင်တယ်၊ တီထွင်နိုင်တယ် ဆိုတာကို ပြဖို့ပဲ လိုတယ်။

မေး။ ။ ကိုယ့်ကိုယ်ကိုယ်၊ ပတ်ဝန်းကျင်မှာရော၊ အသိုင်းအဝန်း ကြားမှာပါ ဘယ်လိုလူအဖြစ် သတ်မှတ်ထားလဲ။

ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသတ်မှတ်လဲ ဆိုတော့ အကျိုးရှိတဲ့ သူတယောက်၊ ကောင်းကျိုးပေးတဲ့ သူတယောက်လို့ သတ်မှတ် ထားတယ်။ ၂၀၀၃ ခုနှစ်ကစပြီး လူမှုရေး အလုပ်တွေ စလုပ်နိုင်ခဲ့တယ်။ အဲဒီကတည်းက အဲဒီလို သတ်မှတ် လိုက်တာပဲ။ HIV/ AIDS နဲ့ ပတ်သက်တဲ့ လူမှုရေး အလုပ်တွေကို ၂၀၀၃ မှာ စလုပ်တယ်၊ MSM တွေနဲ့ ပတ်သက်တဲ့ လူမှုရေး အလုပ်တွေကို ကျတော့ ၂၀၀၈ မှာ စလုပ်တယ်။

မေး။ ။ MSM နဲ့ ပတ်သက်ပြီး အစိုးရဘက်ကကော ပြောင်းလဲမှုတွေ ရှိလာတယ်လို့ ပြောလို့ရလား။

ဖြေ။ ။ ပြောင်းလဲလာတယ် ဆိုတာထက် ပြောင်းလဲမှုတွေ ပိုပြီးလုပ်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ MSM အရေးအတွက် တောင်းဆိုပေးဖို့က အဓိကပေါ့။ အဲဒါ ဘာလို့ တောင်းဆိုတာလဲ ဆိုတော့ လိင်တူ ဆက်ဆံသူတွေဟာ အန္တရာယ် များတယ်၊ ၃၇၇ ဆိုတဲ့ ပုဒ်မကလည်း ရှိတယ်။ MSMတွေ လိင်တူဆက်ဆံရာမှာ တရားမဝင်ဘူး၊ HIV/ AIDS နဲ့ ပတ်သက်နှီးနွှယ်ပြီး MSM တွေကို တရားဝင်လာအောင် လုပ်ပေးဖို့လိုတယ်။ ဒီလိုနဲ့ပဲ လက်ခံ နေရုံနဲ့တင် မပြီးသေးဘူး။တောင်းဆို ချင်တာ၊ တရားဝင် ဖြစ်စေချင်တယ် ဆိုတာက ဘာကြောင့်လဲဆိုတော့ HIV/ AIDS ဆိုတာ ကာကွယ်ရေးမှာ အရမ်း အရေးပါတဲ့ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်လို့ပါ။ HIV ကူးစက်မှုမှာ MSM က ဒုတိယ လိုက်တယ်လေ။ ပထမကIPU၊ ဒုတိယက MSM တတိယက Sex Workers ဆိုတော့ အန္တရာယ်ကျရောက်လွယ်တဲ့ အုပ်စုတွေကို ဒီအတိုင်း ပစ်ထားလို့လည်း မရဘူး၊ လုပ်ပေးဖို့ အရမ်းကို လိုအပ်တယ်။

ဥပမာ – ဒီ လိင်တူဆက်ဆံသူတွေ အတွက် ဥပဒေ ပုဒ်မတွေကို ပြောင်းပေးဖို့ လိုအပ်တယ်။ နောက်ပြီး ဒီလိုလုပ်ငန်းတွေကို လုပ်ပေးနေတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဥပဒေတွေလည်း ပြဌာန်းပေးဖို့ လိုအပ်တယ်။ ကျနော်တို့ကို အချိန်မရွေး လာဖမ်းလို့ ရတယ်လေ။ ဒါတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်၊ လွပ်လွပ်လပ်လပ် လုပ်ခွင့်ပေးဖို့ လိုအပ်တယ်။ အခုလည်း လုပ်လို့ ရပါတယ်၊ လုပ်လို့မရဘူးလို့ မပြောပါဘူး ဒါပေမယ့် ပိုပြီး လွပ်လွပ်လပ်လပ် လုပ်ခွင့်ပေးစေချင်တယ်။

မေး။ ။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် MSM ပါဆိုပြီး ဝန်ခံခဲ့တာလဲ။

ဖြေ။ ။ ဘာလို့ ဝန်ခံတာလဲဆိုတော့ ပျော်လို့ မဟုတ်ဘူး၊ ဂုဏ်ယူလို့ မဟုတ်ဘူး။ MSM တွေမှာ HIV နဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။ HIV နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ အများကြီး ရှိနေတဲ့အတွက်ကြောင့် အဲဒါတွေကို ကူညီချင်တဲ့ စိတ်တွေကြောင့် ဒီလိုမျိုး ဖွင့်ပြောတာပါ။ အခုလို ဖွင့်ပြောချင်းအားဖြင့် တခြား MSM တွေက အကူအညီလိုရင် ကိုယ့်ကို ဖွင့်ပြောပြီး အကူအညီ တောင်းလာနိုင်တယ်။ ဒါကြောင့် အားလုံးအတွက် အဆင်ပြေနိုင်အောင် အခုလို ဖွင့်ပြောတာပါ။

မေး။ ။ ဦးချစ်ကိုကိုတို့ရဲ့ Lotus အဖွဲ့အကြောင်း ပြောပြပေးပါဦး။

ကျနော်တို့မှာ Lotus ဆိုတဲ့ MSM အရေးကိစ္စတွေ လုပ်ဆောင်ပေးတဲ့ အဖွဲ့လေး တဖွဲ့ရှိတယ်။ အဖွဲ့ဝင် MSM ပေါင်း ၇၀ ကျော်လောက်ရှိတယ်။ သူတို့ကို လစဉ် တွေ့ဆုံပွဲလေးတွေ လုပ်ပေးတယ်။ သူတို့အတွက် ကာကွယ်ရေး အနေနဲ့ ပညာပေးတွေ၊ ဟောပြောပွဲတွေ လုပ်ပေးတယ်။ သွေးစစ်ချင်တာတွေ ဘာတွေဆိုလည်း လုပ်ပေးတယ်။ MSM Positive တွေအတွက်လည်း စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေး ပရောဂျက် တခုကို လုပ်ပေးထားတယ်။ အဲဒီလို လုပ်ရင်းကနေ MSM ကွန်ရက်ဆိုတာ ပုံပေါ်လာတယ်။ ဦးချစ်က ရန်ကုန်ဒေသမှာ ဥက္ကဋ္ဌ ရာထူးတာဝန် ယူထားတယ်။ အဲဒီမှာ ဒေသအလိုက် အစည်းအဝေးတွေ လုပ်တယ်။ Lotus ကို HIV/ AIDS ကိစ္စတွေ ကူညီပေးတဲ့ ALLINCE ကနေ ကူညီထောက်ပံ့ပေးနေတယ်။နောက်ပြီး နိုင်ငံတကာ NGO အဖွဲ့အစည်း တခုက ထောက်ပံ့ပေးတယ်။ Training ပေးဖို့တွေ ကြတော့ UNDP က ပေးတယ်။ ဒီအဖွဲ့က အဓိကအားဖြင့် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်ပေးတယ်။ ဒီလို နာမည်ပေးရတာက ကြာပန်းဆိုတာ နွံထဲမှာ နစ်နေပေမယ့် လှတယ်လေ။ အဲလိုပဲ MSM တွေကလည်း ဒီလိုပဲဆိုတဲ့ သဘောပေါ့။

အဓိကအားဖြင့် MSM တွေမှာ ခွဲခြား ဆက်ဆံ ခံရမှုတွေလျော့ကျပြီး အများတန်းတူ အခွင့်အရေးတွေ ရရှိနိုင်ဖို့ ဒီအဖွဲ့ ကြိုးစားနေတယ်။ ခွဲခြား ဆက်ဆံမှုတွေက နေရာတိုင်းမှာ ရှိတယ်။ HIV Positive တွေထဲမှာရော၊ MSM တွေ အချင်းချင်းထဲမှာရော၊ နင်ကဘာ MSM၊ ငါက ဘာ MSM ဆိုပြီးရှိတယ်။ HIV နဲ့ ပတ်သက်ရင်လည်း တန်းတူ အခွင့်အရေးရပြီး ဆေးဝါးရရှိဖို့ လိုတယ်။ MSM တွေကို ဆေးဝါးရရှိဖို့ လုပ်ဆောင်ပေးတဲ့ NGO တွေက တော်တော်လေး နည်းတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေ များများဖွဲ့နိုင်ပြီး များများကူညီပေးနိုင်အောင် လုပ်ဆောင်ကြရပါမယ်။

MSM အရေး လုပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်ဘာသာကိုယ် လုပ်ကြတာထက် ပထမ အစပိုင်းမှာတော့ သူ့အဖွဲ့လေးနဲ့သူ လုပ်နေကြတာပဲလို့ ပြောရမှာပေါ့။ ဒါတွေကို ပြောင်းလဲလာဖို့အတွက် အဖွဲ့လေးတွေက လုပ်လို့မရဘူး။ ကျနော်တို့ ဆီမှာက လွှတ်တော်လိုမျိုး ရှိတယ်။ ဒါတွေကို ဆွေးနွေးနိုင်မှ ဥပဒေ တရပ် ပြဌာန်းနိုင်မှာလေ။ ကာကွယ်ရေးတို့ စောင့်ရှောက်ရေးတို့ ဆိုတာက ပြဌာန်းပေးနိုင်မှ ရမှာကိုး။ ဒါကိုတော့ ကွန်ရက်မှာပဲ တိုင်ပင်ဆွေးနွေးပြီး လုပ်ရတာပေါ့။

အကြမ်းဖျဉ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ကွန်ရက်နဲ့ ချိတ်ဆက်မိတဲ့ အဖွဲ့အစည်းပေါင်း ၇၀ ကျော် ရှိပြီ။ရန်ကုန်မှာပဲ ၁၁ ဖွဲ့ ရှိတယ်။ နယ်တွေဆိုရင် ရခိုင်၊ ကချင်၊ ကျောက်ပန်းတောင်း၊ မန္တလေး၊ စစ်ကိုင်း၊ လားရှိုး၊ အောင်ပန်း၊မိုးကုတ်၊ ပြည်၊ မလှိုင်၊ မြင်းခြံ၊ ပုသိမ်၊ မုံရွာ၊ မော်လမြိုင်၊ ရှမ်းပြည် (တောင်/မြောက်) စသည်ဖြင့် တနိုင်ငံလုံး နီးပါးနဲ့ ချိတ်ဆက် မိနေပါပြီ။ မချိတ်ဆက် မိသေးတာက ကယားနဲ့ ချင်းပဲ ကျန်တော့တယ်။ အဖွဲ့အစည်း ထဲမှာဆိုရင် MSM တွေချည်းပဲ ရှိတယ်။ယောက်ျားတွေ၊ မိန်းမတွေ မရှိပါဘူး။

ကွန်ရက်ကိုတော့ ၂၀၁၀ မှ စပြီးဖွဲ့စည်းခဲ့တာပါ။ ကွန်ရက်မဟုတ်တဲ့ MSMတပိုင်တနိုင် အဖွဲ့လေးတွေကတော့ သူ့ဘာသာသူ ဖွဲ့နေကြတာပဲလေ။ ဒါပေမယ့် တယောက်နဲ့တယောက်တော့ မတူဘူး။ ကျနော်တို့ Lotus ဆိုရင် ၂၀၀၈ မှ ဖွဲ့စည်းတာ။ ပထမဆုံး MSM အဖွဲ့ဆို ၂၀၀၅ လောက်မှာ စတယ်လို့ ပြောလို့ရတယ်။

မေး။ ။ MSM အခွင့်အရေး အတွက် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ။ ။ အဓိကက ပုဒ်မ ၃၇၇ ဆိုတာကြီး ပပျောက်သွားဖို့ပေါ့။ နောက်ပြီး လိင်တူချင်း လက်ထပ်ခွင့် ရရှိဖို့တွေကို တခြား နိုင်ငံတွေမှာ ပြဌာန်းထားပြီးပြီ။ ဒီနိုင်ငံမှာပဲ မပြဌာန်းရသေးတာ။ အဲဒီလိုတွေ လုပ်ပေး စေချင်တယ်။ အဲဒီလိုတွေ ဖြစ်လာမယ်ဆိုရင် Right အနေနဲ့ မပြောဘဲ ကာကွယ်ရေး အနေနဲ့ ပြောမယ်ဆိုရင် အရမ်းကောင်း ပါတယ်။ လိင်ဆက်ဆံမယ့် ပါတနာ နည်းသွားမယ်။ ကိုယ့်ပါတနာ သူများနဲ့ ဆက်ဆံတယ် ဆိုရင်လည်း မကျေနပ်ရင် ပေါ်ပေါ်ထင်ထင် ပြောနိုင်လာမယ်။

မေး။ ။ ဦးချစ်ကိုကိုတို့ အနေနဲ့ ထိုင်းနိုင်ငံအခြေစိုက် HREIB (လူ့အခွင့်အရေးပညာပေးဌာန – မြန်မာနိုင်ငံ) လို့ခေါ်တဲ့ အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင် နေတာ၊ ချိတ်ဆက် လုပ်ဆောင်နေတာ ရှိပါသလား။

ဖြေ။ ။ အဲဒီလိုတော့ မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ လုပ်ဖို့အစီအစဉ်ရှိတယ်။

မေး။ ။ ပြည်သူတွေအပြင် အစိုးရတွေပါ လက်ခံလာဖို့ ဘယ်လို ပညာပေးမျိုးတွေ လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။ ။ ပြည်သူတွေရော၊ အစိုးရပါ လက်ခံလာဖို့၊ နားလည်လာဖို့ကို တွေ့ဆုံဆွေးနွေး မှုမျိုးတွေ လုပ်မယ်။ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်မယ်။ အစိုးရကို တောင်းဆိုတဲ့ အခါမှာလည်း လိင်ဆက်ဆံဖို့အတွက်၊ လိင်တူချင်း လက်ထပ်ခွင့် ရဖို့ ဆိုတာထက် ကာကွယ်ရေးတွေကို ဇောင်းပေးပြီး တောင်းဆိုရမှာပေါ့။

မေး။ ။ အရင်က ဒီလို အဖွဲ့တွေမရှိခင်ကနဲ့ ရှိပြီးနဲ့ဆို ဘာတွေကွာခြား လာပါသလဲ။

ဖြေ။ ။ ဘာတွေကွာလာလဲ ဆိုတော့ တစ်သံထဲမဟုတ်တော့ဘဲ အသံတွေ အများကြီး ထွက်တာပေါ့။ တယောက်ထဲ တွန်းတာနဲ့ အများနဲ့ တွန်းတာ ကွာသလိုပေါ့။ တော်တော်တော့ ကွာခြားလာတယ်လို့ ပြောလို့ရတယ်။ဘယ်လောက် ရာခိုင်နှုန်းအထိ အောင်မြင်တယ် ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် အရင်ကနဲ့ ယှဉ်ရင်တော့ တော်တော် ခရီးရောက်နေပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် တော်တော်များများလည်း အသိအမှတ် ပြုလာတယ်။ UNDP လို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း အသိအမှတ် ပြုမှုတွေ ရှိလာတယ်။

အစိုးရ အနေနဲ့လည်း အရင်ကထက်စာရင် အသိအမှတ် ပြုလာတယ်။ ဘာလို့လဲဆိုရင် သင်းဖွဲ့ မှတ်ပုံတင်တွေ လုပ်ခိုင်းတယ်။တရားဝင် လုပ်ခွင့်ရနိုင်အောင် သင်းဖွဲ့ မှတ်ပုံတင်တွေ လုပ်ရတယ်။ ဒီလို မှတ်ပုံတင်ဖို့ကို တနှစ် ကျပ် ၁ သိန်းဆိုပြီး ၅ သိန်း ပေးထားရတယ်။ ဒါပေမယ့် မှတ်ပုံတင်ထားရင် တရားဝင် လုပ်ခွင့်ရသွားပြီ။

မေး။ ။ ဦးချစ်ကိုကိုက HIV ဝေဒနာ ခံစားနေရတယ် ဆိုတာလည်း ဖွင့်ပြောထားတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေကို ဘာတွေ ပြောချင်လဲ။

ဖြေ။ ။ ကိုယ်နဲ့ ပတ်သက်တဲ့ အနီးအနားက လူတွေကိုတော့ ဘာမှ သိပ် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ MSM ဘဝနဲ့ နေထိုင်တယ်၊ ကျေနပ်တယ်၊ ပီတိဖြစ်တယ်။ ရှေ့လျှောက်လည်း ဆက်လုပ်ဦးမယ်၊ အခုလည်း လုပ်နေတယ်။ သူများတွေ အိပ်ရာထဲ လဲနေချိန်မှာ ကိုယ်တွေက အလုပ်လုပ် နေနိုင်တယ်။ ဒါတွေက ကိုယ်ကျန်းမာလို့ လုပ်နေနိုင်တာလေ ကိုယ် မကျန်းမာရင် ဘယ်လိုလုပ် ဒီလို အလုပ်တွေ လုပ်နိုင်မှာလဲ။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်နေနေ ဆေးပုံမှန်သောက်တယ်၊ ကျန်းကျန်းမာမာနဲ့ နေတယ်။ ဒီ ပိုးရှိနေတာကို စိတ်ထဲ မထည့်ထားဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါတယ်။

မေး။ ။ ARV ဆေးကို ဘယ်အချိန်ကတည်းက သောက်နေရတာလဲ။ အခုလို ကျန်းကျန်းမာမာ ဖြစ်နေဖို့ ဘယ်လိုတွေ ဆောင်ရန်၊ ရှောင်ရန် ကိစ္စတွေ လုပ်ပါသလဲ။

ဖြေ။ ။ ARVဆေးကို ၂၀၀၃ ခုနှစ် ကတည်းက သောက်နေရတာ။ ကျန်းကျန်းမာမာ ဖြစ်နေတာကတော့ ဆေးကို မှန်မှန် သောက်တာကြောင့် လို့လည်း ပြောလို့ရသလို၊ စောစောက ပြောသလိုပဲ ဒီ HIV ပိုးရှိနေတာကို စိတ်ထဲ မထည့်ထားဘဲ ပျော်ပျော်ရွှင်ရွှင်နေတာ ကြောင့်ပါတယ်။

မေး။ ။ HIV ပိုးရှိနေတာကို ဦးချစ်ကိုကိုရဲ့ ပါတနာကော သိလား။ သူ့ကို အသိပေးထားလား။

ဖြေ။ ။ ပါတနာက သိတာပေါ့။ အသိ ပေးထားရတာပေါ့။ မဟုတ်ရင် သူ့ကို ဒီ HIVပိုး ကူးသွားမှာပေါ့။ သူ့ကို အသိပေးထားတယ်။ သူနဲ့ တူတူနေတဲ့အချိန်ဆို ကွန်ဒုံသုံးပါတယ်၊ ဒါမှ သူ့ဆီိကို အဲဒီပိုးတွေ မရောက်မှာလေ။ HIV ပိုးရှိတာကို ပါတနာက သိပေမယ့် သူက လက်ခံပေးပါတယ်။ အခုဆို သူနဲ့တွဲနေတာ ၁၀ နှစ် ရှိပါပြီ။ ကျနော့် ပါတနာက သူ့ အမျိုးသမီးနဲ့ ကွဲနေတာပါ။ တချို့ MSM တွေရဲ့ ပါတနာတွေမှာဆို ရည်းစားတွေ၊ မိန်းမတွေ၊ ကလေးတွေ ရှိကြတယ်။ ဒါပေမယ့် ကိုယ်တွေ ဆီကို လာကြတယ်။ ဒါတွေကို ကျနော်တို့ MSM တွေ အားလုံးက နားလည်ပေးထား ရတာပေါ့။

မေး။ ။ ယောက်ျား တယောက် MSM တယောက်ကို လက်ခံလာဖို့ အတွက် ဘယ်လောက်အထိ ပေးဆပ်ခဲ့ရလဲ။

ဖြေ။ ။ ယောက်ျားတယောက် ကိုယ့်ကို လက်ခံလာအောင် သူတို့ကို ယုယရတယ်။ သူတို့ကြိုက်အောင် ကိုယ်က ဂရုစိုက် ပေးတယ်၊ နေပေးတယ်။ သူတို့ကို ဂရုစိုက်တော့ သူတို့က ဘာပြောလဲဆိုတော့ ကျနော့် မိန်းမတောင် ကျနော့်ကို ဒီလို ဂရုမစိုက်ဘူးလို့ ပြောတယ်။ သူတို့တွေ လက်ခံလာဖို့ အများကြီးပေးဆပ်ရတယ်။ အဲဒီလိုပဲ အများကြီးလည်း ဆုံးရှုံး ခဲ့ရဖူးတယ်။ ကိုယ်က မေတ္တာတွေ ပေးဆပ်တယ်၊ ဒါတွေကို တန်ဖိုးမထား၊ အလေးမထားတဲ့ သူတွေရှိသလို၊ တန်ဖိုးထားတဲ့ လူတွေလည်း ရှိတာပဲ။ ဒီလို အများကြီး ကြုံဖူးတယ်။ ရသ လောက်ခွာပြီး ထွက်သွားတဲ့သူတွေလည်း ရှိတာပဲ။ ကိုယ်တွေ ပေးဆပ်တယ် ဆိုတာကလည်း ဘာရယူလိုမှုကြောင့်မှ မဟုတ်ဘူး။ ချစ်လို့၊ သူတို့ဘဝ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်း မွန်မွန် နေရဖို့ပဲ လိုချင်တာ။ တခါတလေ သူတို့ သားသမီးတွေ ရှိတဲ့နေရာကိုသွားတယ်၊ စကားတွေဘာတွေ ပြောတယ်။အဲဒီအချိန် ကျရင်တော့ ညီအစ်ကို မောင်နှမလို စိတ်မျိုးပဲ ရှိတော့တယ်။ ။



News Collections – MSM တဦး၏ ဖွင့်ဟဝန်ခံချက်