Sunday, October 14, 2012

ကိုကြီးပြောမယ် ညီလေးနားထောင် (အပိုင်း နှစ်)


ကျွန်တော်တို့လိုလိင်တူအချင်းချင်း ကြိုက်နှစ်သက်သူအမျိုးသားများအနေနဲ့ မိန်းကလေးတွေနဲ့မတူတဲ့အချက်က တစ်ယောက်နဲ့ တစ်ယောက် အချစ်နယ်ကျွံမိရင် ကိုယ်ဝန်ရမယ့်ဒုက္ခမျိုး မကြုံတွေ့ရနိုင်တာအမှန်ပဲ။ ဒါပေမဲ့ လိင်ကိစ္စဆိုတာမျိုးက ပတ်သက် ဆက်ဆံ နေတုန်းတာ သာယာတာ တစ်ယောက်ယောက်မှာ ကာလသားရောဂါတစ်ခုခုများရှိနေရင် နောက်တစ်ယောက်မှာ ဘယ် လောက်ချစ်နေ တယ်ပြောပြော ရောဂါကိုလက်ဝေခံရမှာပါ။ ဒါကြောင့် လိင်တူချစ်သူညီငယ်တို့ကို နည်းနည်းလေး ပြောလိုက်ချင်တာက ကိုယ့်ချစ်သူ နဲ့သာ လိင်ဆက်ဆံမယ် ပြီးတော့ နှစ်ဦးနှစ်ဖက်သစ္စာကိုတန်ဖိုးထားနိုင်မယ်ဆိုရင်အကောင်းဆုံးဖြစ်ပြီး အကာ အကွယ်မဲ့ လိင်ဆက်ဆံ ချင်တယ်ဆိုရင် နှစ်ဦးသားအရင် သွေးစစ်ကြည့်တာအကောင်းဆုံးပါပဲနော်။ ဒီလိုမှမဟုတ် ပေါ့ပေါ့ပါးပါးပဲ နေတတ်ပါ တယ်ဆိုတဲ့ ညီငယ်များကတော့ ဘယ်လိုနည်းနဲ့ပဲ လိင်ကိစ္စပတ်သက်တယ်ဆိုဦး ကွန်ဒုံးကိုတွင်တွင်သာ အသုံးပြုကြပါလို့ပြော ပါရစေဗျာ။

စေ့စပ်ဆွေးနွေးညှိုနှိုင်းကြမယ် (SEX!! Negotiating sex)
လိင်ကိစ္စနဲ့ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုပြုတယ်ဆိုတာ တခြားကိစ္စတွေမှာ စေ့စပ်ဆွေးနွေးတဲ့အဓိပ္ပာယ်နဲ့အတူတူပါပဲ။ ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု နှင့် အကြင်နာမေတ္တာတွေဟာ အဓိကကျတဲ့ သော့ချက်ပါ။ လူတိုင်းက သူတို့ရဲ့ ပါတနာ သို့မဟုတ် ပါတနာတွေကို လိင်ကိစ္စအတွက် မေးမြန်းတောင်းဆိုမှုပြုနိုင်ခြင်းဟာ မှန်ကန်သလို သူတို့က တောင်းဆိုချက်ကို သဘောမတူဘူးဆိုရင် ငြင်းဆိုခွင့် ရှိခြင်းဟာလည်း အမှန်တရားပါပဲ။ (ဆိုလိုတာက ကိုယ်နဲ့ပါတနာဖြစ်နေသူကို လိင်ကိစ္စကိုယ်နှင့်ပတ်သက်ဖို့ဖြစ်နိုင်မဖြစ်နိုင် မေးခွင့်ရှိသလို အမေးခံရတဲ့ပါတနာက သဘောမကျဘူးဆိုရင် ကိုယ့်တောင်းဆိုချက်ကို သူ့အနေနှင့်ငြင်းဆိုခွင့်ရှိပါတယ်)

သူ့ကိုကိုယ်ပိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးကို မထားတာက ကိုယ်တောင်းဆိုမိတဲ့သူရဲ့ ငြင်းပယ်ချင်းကိုခံရတယ်ဆိုရင် အရမ်းမခံစားရ တော့ပါဘူး။ သူနှင့်ကိုယ် လိင်ဆက်ဆံမှုအတွက် အသားမကျသေးဘူးလေ။ အဲဒါကိုကြည့်ပြီး တစ်ပါးသူရဲ့ ကိုယ်ရေကိုယ်သွေးကို ထင်မြင်ချက်လည်းမပေးသင့်ဘူးဗျ။ ဘာကြောင့်ဆို လူတစ်ယောက်ချင်းဆီမှာက ခြားနားတဲ့ လိင်ခံစားချက် များ၊ လိင်ပိုင်းဆိုင်ရာ တက်မက်မှုများ လိုအပ်မှုများရှိနေနိုင်သေးတာကိုး။ စိုးရိမ်ကြောင့်ကျစိတ်၊အလုပ်အကိုင်၊ဖျားနာမှုတွေအပြင် တခြား အကြောင်းအရာ လေးတွေကလည်း လူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာရမ္မက်ခံစားချက်တွေအပေါ်သက်ရောက်မှုရှိနိုင်သေးတယ်။

သင်နဲ့တစ်ခါမှာ မအိပ်ဖူး လိင်မဆက်ဆံဖူးသေးသူတစ်ယောက်နဲ့ လိင်ကိစ္စအတွက် စေ့စေဆွေးနွေးမှုပြုတယ်ဆိုရင် အရင်ဆုံးသိရမှာက ကိုယ်ဘာကိုကြိုက်တယ် လက်ခံလို့ရတယ် ဘာကိုတော့မကြိုက်ဘူး လက်မခံဘူးဆိုတာကို အရိုးသားဆုံးပြောပြပါ။ ဆေးမူးနေတာတို့ သို့မဟုတ် အရက်သောက်ထားတဲ့အချိန်တွေမှာ အဲဒါကိုဖွင့်ပြောဖို့ဆိုရင်တော့ အခက်တွေ့နိုင်သေးပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ပျော်ရွှင် မှုအတွက် သေချာဖို့ လုံခြုံစိတ်ချဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ နောက်မှ လိမ်လည်လှည့်စားခဲ့မိတယ် သို့မဟုတ် အသုံးချခံခဲ့ရတယ် စတဲ့ ခံစားချက်တွေ ပေးမိ ရရှိမှုတွေဖြစ်တည်လာနိုင်တာကြောင့်ပြောရခြင်းပါ။ တကယ်လို့ သူ့ကိုငြင်းဆိုတဲ့စကားပြောဖို့ ခပ်အမ်းအမ်း ဖြစ်နေတယ်ဆိုရင် နံနက်ခင်းမရောက်ခင်အထိ စောင့်ဆိုင်းလိုက်ပါဦး။ တစ်ကြိမ်အိပ်မောကျပြီးတာနဲ့  လိင်ကိစ္စ အတွက် စေ့စပ်ဆွေး နွေးမှုမှာ ကောင်းကောင်းမွန်မွန် ပိုပိုသာသာ သင်ပြောဆိုဆုံးဖြတ်နိုင်ပါလိမ့်မယ်။

တစ်စုံတစ်ယောက်နဲ့တွေ့ဖို့ သင်အစီအစဉ်ဆွဲထားတယ်ဆိုပြီးမှ ငါသိငါတတ်ဆိုတဲ့ပြဿနာနဲ့ကိုယ့်ဖာသာရင်ဆိုင်နေရတယ်ဆိုရင် ဘာမှ မတွေဝဲပဲ လက်တွေ့ကျတာကိုလုပ်ဆောင်နေလိုက်ပါ သို့မဟုတ် ကိုယ်ပြောဆိုချင်နေတဲ့အရာ ကိုယ်ပြောမယ့်အရာတွေကို စာရွက်ပေါ်ချရေးနေလိုက်ရင် အဲဒါလေးတွေက ကိုယ့်စိတ်ထဲမှာ လတ်ဆတ်နေမှာပေါ့။ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေနဲ့ သူတို့၏ အတွေ့အကြုံတွေအကြောင်း စကားလက်ဆုံကျခြင်းဖြင့်လည်း သူတို့လိုပဲ ကိုယ်သည်လည်းကောင်းမွန်စွာ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

လုံခြုံစိတ်ချ လိင်မှုကိစ္စ (Safe Sex)
လုံခြုံတဲ့ လိင်မှုကိစ္စပတ်သက်မှုတစ်ခုအဖြစ် anal sex ပြုလုပ်တဲ့နေရာမှာ ကွန်ဒုံးသုံးခြင်းနှင့် ရေအခြေခံချောဆီ (water base lube) ကိုသုံးခြင်းဟာ အခြေခံအကျဆုံး နည်းလမ်းဖြစ်ပါတယ်။ HIV/AIDS နှင့် အခြားသော ကာလသားရောဂါများ (Sexually Transmitted Infections) ကိုကူးစက်ခံရမယ့်အန္တရာယ်နှင့် နီးစပ်နေလို့ပြောရခြင်းပါ။ နည်းပညာသစ် ဆေးသစ်တွေကြောင့် HIV/AIDS ရောဂါကို တစ်နည်းတစ်ဖုံ ဆွဲဆန့်ထားလို့ရတယ်ဆိုပေမဲ့ ဒီအဓိပ္ပာယ်က လွတ်လွတ်လပ်လပ်နေဖို့ အပျင်းထူဖို့ မဆိုလိုပါဘူး။ HIV ဟာ ဘ၀သက်တမ်းကို ပိုတိုတောင်းစေတယ်၊ အမည်းစက်တစ်ခုနှင့်အတူ တခြားသူများနှင့်ခြားနားသူအဖြစ် ဖော်ထုတ်ပြပြီး ရာသက်ပန် ဆေးကုသမှုပြုနေရခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုလည်းဖြည့်စွက်ပါတယ်။

 ကာလသားရောဂါများ (Sexually Transmitted Infections) နှင့် ပတ်သက်ပြီး  နောက်တစ်ခုမှာ ထပ်မံဖြည့်စွက်ရေးမှာကြောင့် စောင့် ဖတ်နိုင်ပါတယ်နော်။

နမ်းခြင်း (Kissing)
အနမ်းတစ်ခု အနမ်းပြုခြင်းဟာ ချစ်ခြင်း၊ခင်တွယ်မှု၊လိုအင်ဆန္ဒနှင့် ခင်မင်ရင်းနှီးမှုကို အားကောင်းကောင်းနှင့် ရင်းနှီးနွေးထွေးစွာ ပြသနိုင် တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ဦးသားရဲ့ ရင်းနှီးနွေးထွေးမှုကို ဖြစ်တည်စေတဲ့ ပထမဦးဆုံးသော ပြုမူဆက်ဆံမှုလည်း မည်ပါတယ်။ ပြီးတော့ အနမ်းတစ်ခုပြုပြီးနောက် ဘယ်လိုရှေ့ဆက်မယ် ဘယ်လိုပတ်သက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်ကိုလည်း သက်ရောက်မှုရှိစေနိုင်ပါရဲ့။ အနမ်းကောင်းတစ်ခု ရရှိမိခြင်းဟာ တစ်စုံတစ်ယောက်အပေါ် ဆယ်ကြိမ်မက အနမ်းပေးချင်စိတ် ဖြစ် ပေါ်စေနိုင်ပြီး အထူးတလည်ဖြစ်တည်မှုတစ်ခုစီကိုတောင် ဦးဆောင်သွားစေနိုင်ပါတယ်။ နောက်တစ်ခါ အနမ်းဆိုးတစ်ခုကို ရရှိခဲ့မယ် ဆိုရင်တော့ သင့်စိတ်တွေပြောင်းလဲသွားနိုင်ပြီး တံခါးမကြီးဆီ အခုပဲပြေးသွားချင်စိတ် ပေါ်ပေါက်စေနိုင်ပါတယ်။ တစ်ခါတရံ အနမ်း တစ်ခုဟာ သင့်စိတ်ထဲမှာ ရက်သတ္တပတ်အတော်ကြာ ရှိနေတတ်ပြီး သူနဲ့ဆက်သွယ်လို့ရမယ့် အရာကို အခုပဲ ရယူပိုင်ဆိုင်ချင် စိတ်တွေ တဖွားဖွား ဖြစ်တည်နေတတ်ပါတယ်နော်။

အနမ်းပေးခြင်းဟာ အနမ်းကောင်းတစ်ခု သို့မဟုတ် အနမ်းဆိုးတစ်ခုကဲ့သို့ ကွဲပြားခြားနားတဲ့စတိုင်လ် ထောင်ချီစွာရှိပြီး အလွန်ပုဂ္ဂလိက သဘောတရားဆန်တဲ့အရာဖြစ်ပါတယ်။ တစ်ချို့သောလူတွေကတော့ အနမ်းကိစ္စပြုမူရခြင်းကို သိပ်မကြိုက်ကြပေမဲ့ တချို့သောလူတွေ ကတော့ နှုတ်ခမ်းလွှာတွေထဲထိ လျှာမုန်တိုင်းမွှေတာမျိုးလို ခပ်ပြင်းပြင်းအနမ်းကို တောင့်တကြပြီး တချို့သောလူတွေကတော့ အနမ်းဖွဖွ ပေးရခြင်း၊ ရယူခြင်း လျှာကိုသိပ်မကစားပဲထိတွေ့ရတာမျိုးတွေကို ကြိုက်နှစ်သက်ကြောင်းတွေ့နေရပါတယ်။

လျှာမုန်တိုင်းမွှေခြင်း (Licking, touching, rimming)
အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ထိတွေ့မှုအာရုံကို အခံစားနိုင်ဆုံးသော အင်္ဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ လျှာလေးနဲ့လျက်ပြုတာ၊ နှုတ်ခမ်းလေးနဲ့စုပ်ကြည့်တာ၊ ခပ်ဖွဖွသွားနဲ့ကိုက်ကြည့်တာ၊ပွတ်သပ်ပေးနေတာ၊ထိတွေ့ကိုင်တွယ်တာ၊ပြီးတော့ ကလိထိုးတာလေးတွေ ကအစ သိရှိပြီး အဆုံးစွန်သော ကျေနပ်နှစ်သိမ့်မှုကိုဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာ သိသာပါတယ်လေ။ နို့သီးခေါင်းလေးတွေက မကြာခဏဆိုသလို ဆတ်ဆတ်ထိမခံ ထိကိုင်မှုကို တုန့်ပြန်မှုပေးလေ့ရှိပါတယ်။ အထူးသဖြင့် နှုတ်ခမ်းလေးနဲ့ထိကပ်ပြီး မျှဉ်းစုပ်တာ၊ ခပ်ဖွဖွ သွားနှင့်ကိုက်တာ (နည်းနည်းမာလာတဲ့ နို့သီးခေါင်းကို သွားနှင့် နာကျင်အောင်အရမ်းကိုက်ပစ်လိုက်တာမျိုးမဟုတ်ဘဲ လက်ချောင်းလေးတွေနဲ့ အသာညှပ်ကိုင်တဲ့သဘောမျိုးသာ)၊ လျှာလေးနဲ့လျက်ပြုတာ၊ နောက်ပြီး နှုတ်ခမ်းလွှာတွေနဲ့မျှဉ်းစုပ်တာများ လုပ်လိုက်ရင် တစ်ကြိမ်နဲ့ကို နို့သီးခေါင်းတွေမာတောင့်လာနိုင်စေပါရဲ့။

လျှာလေးနဲ့လျက်ပြုတာ၊ နှုတ်ခမ်းလေးနဲ့စုပ်ကြည့်တာ၊ခပ်ဖွဖွသွားနဲ့ကိုက်ကြည့်တာ၊ပွတ်သပ်ပေးနေတာ၊ထိတွေ့ကိုင်တွယ်တာ စတာ တွေကို အထိအခိုက်မခံနိုင် ကောင်းကောင်းတုန့်ပြန်မှုမြန်တဲ့ တခြားဧရိယာတွေကတော့ နားရွက်များ၊ နားအ၀က ဖုသီးလေးများ၊ ပေါင် များ၊ ဗိုက်သားများ၊ချိုင်းမွှေးများ၊ လည်ပင်း၊ ခြေထောက်တွေရဲ့နောက်ဖက်ပိုင်းတွေ၊ ပြီးတော့ ကပ္ပယ်အိတ် နဲ့ ခရေ၀ (စအိုဝ) ကြားမှာ ရှိသော အရေပြားနေရာတစ်ဝိုက်တွေ ဖြစ်ပါတယ်။ တချို့သောသူများကတော့ ကလိထိုးတာမျိုးလို သို့မဟုတ် လက်နဲ့မနာအောင် ရိုက် ခတ်ခံရတာမျိုးတွေ၊ သူတို့မျက်တောင်တွေကို လျှာနဲ့လျက်ပြုတာမျိုးလို တခြားသော စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြုမူမှုတွေကို ပြုလုပ် ခံစားတတ် ခံယူကြိုက်နှစ်သက်တတ်ကြပါသေးတယ်။ ယောက်ျားအများစုလိုပဲ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးဟာ ပျော်ပျော်ပါးပါး ကစားလို့ကောင်းတဲ့စွဲမက်ဖွယ်ဧရိယာကြီးပါပဲ။ စိတ်ရှင်းရှင်းထားပြီး ဘယ်နေရာက ဘယ်လိုပြုမူရင် ပိုပြီးစိတ်လှုပ်ရှားမှုကို ခံစားရတယ် ခံစားမှုကိုပေးနိုင်တယ်ဆိုတာ ရှာဖွေကြည့်ကြပါဦးနော်။

Rimming ဆိုတာက တစ်စုံတစ်ယောက်ရဲ့ စအိုဧရိယာတစ်ဝိုက်ကို လျှာနှင့်လျက်ပြုခြင်း၊ လျှာကျွေးခြင်းစတာကို နာမည်ပေးထားခြင်းဖြစ် ပါတယ်။ စအိုဧရိယာတစ်ဝိုက်ဟာ အလွန်အမင်းဆတ်ဆတ်ထိမခံပါဘူး။ ပူနွေးစိုစွတ်တဲ့ လျှာနဲ့ထိတွေ့နေတာကိုခံစားရတာ အသက်ရှု ငွေ့နွေးနွေးကို ရရှိခံစားနေရတာစတဲ့ ဖီလင်မျိုးကို ကျွန်တော်တို့တစ်ကိုယ်လုံး တဆတ်ဆတ်ခါတဲ့အထိ စူးစမ်းခံစားနိုင်တဲ့ပြုမူမျိုးဖြစ် ပါတယ်။          Rimming ဘယ်လိုပြုမူရတယ်ဆိုတဲ့အကြောင်းကို စာတွေအများကြီးဖတ်ပြီး လေ့လာသင်ယူနေစရာသိပ်မလိုပါဘူး။ အကောင်းမွန်ဆုံး လေ့လာသင်ယူမှုက စာဖတ်သူ သင်ကိုယ်တိုင်ပြုလုပ်ကြည့်ဖို့ပါ။ အသားတကျဖြစ်ဖို့ကတော့ အချိန်အနည်းငယ်ယူ ရပါမယ်။ အဲလိုပြုမူရတာ ကိုယ့်အတွက် သက်သောင့်သက်သာမဖြစ်သေးဘူးလို့ခံစားရရင်လည်း အတင်းအကျပ်ဖိအားတစ်ခုအဖြစ် မခံယူမိဖို့လိုပါတယ်။

(ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ပြောနေကျစကားတစ်ခွန်းရှိပါတယ် လိင်ဆက်ဆံတယ်ဆိုတာမှာလည်း မေတ္တာသာမပါရင် ရွံ့စရာကြီးပါလို့လေ။ မေတ္တာပါအောင်လည်း တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမွှေးရနံ့ကအရေးပါပြန်ပါတယ်နော် ဟဲဟဲ။)

Alex Aung (14 October 2012)

ဆက်ရန်ရှိသေးသည်………

Thursday, October 11, 2012

အချစ်က ပိုစွန့်စားရတယ်လို့ ခံယူထားသူတို့ရဲ့မျှော်လင့်ချက်



တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံနဲ့ မျက်ဝန်း လက်လက်တွေကို ပိုင်ဆိုင်ထားတဲ့သူ့ကို ပထမဦးဆုံး စတွေ့ပြီး စကားပြောခဲ့ရတဲ့ အချိန်မှာတော့ အဲ့ဒီစကားကို လူ့အသိုင်း အ၀ိုင်းက အမြဲတမ်း လက်မခံခဲ့ ကြဘူးဆိုတဲ့ အကြောင်းကို သူ့ဘ၀နဲ့ ယှဉ်ပြီး သူက ပြောတယ်။

``ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက် နေတာချင်းတူတူ လူဟာလူပဲ´´လို့ လူတိုင်းလိုလို ပြောတတ်ကြ တာကို ကြားဖူးနေကျ ဆိုတော့ လင်းလင်းကို မတွေ့ခင်ထိ ကျွန်တော့် အတွက်တော့ မဆန်းတော့ ပါဘူး။

ယောက်ျားပီသတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ အရပ်၅ ပေ ၅လက်မ အမြင့်ဟာ ကြည့်လို့ကောင်းတဲ့ ယောက်ျား တစ်ယောက် အဖြစ်သူ့ကို ပုံဖော်ပေး ထားပါတယ်။

အမျိုးသားလို ၀တ်ဆင်ပြီး လိင်တူ အမျိုးသားကိုသာ စိတ်ဝင်စားသူ တစ်ယောက်ဖြစ်လာဖို့ကို လင်းလင်းဟာ  ဘယ်တုန်းကမှ စိတ်ကူးထဲမှာ မတွေးထားခဲ့မိပါဘူး။

`ကိုယ့်ကိုကိုယ် ခွဲခြားပြီးမသိတတ်ခင်တုန်းကတော့ မိန်းကလေးရည်းစားတစ်ယောက်ထားဖူးတယ်၊ ကျွန်တော့ထက်တစ်နှစ် ခွဲလောက်ငယ်တယ် တွဲသာတွဲလာခဲ့တာ ရင်ခုန်တာတို့ ကြည်နူးမိတာတို့ မရှိခဲ့ဘူး ကြာတော့လည်း ကောင်မလေးကပဲ စပြီးလမ်းခွဲသွားတယ်။´ ဟု ဂေးတစ်ယောက်ဘ၀ကို မခံယူခင်က မိန်းကလေးချစ်သူထားခဲ့တဲ့ အကြောင်းကို ပေါ့ပေါ့ပါးပါး ပုံစံနဲ့ပဲ သူက ပြောပြပါတယ်။

၂၀၀၆ ခုနှစ်ရဲ့ New Year ညမှာတော့ ဂေးတစ်ယောက်ရဲ့ဘ၀ကို သူ့ရဲ့ခံစားချက်အရသူကိုယ်တိုင်ပဲ ခံယူခဲ့လိုက်ပါတယ်။ အခုလိုဘ၀မှာ နေရတာက ပိုပြီးပျော်ရွှင်တယ်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ ပတ်ဝန်းကျင်ကလူတွေက သူ့တို့ကို  အခြောက်တွေ ဂန်ဒူးတွေလို့ ကဲ့ရဲ့တတ်ကြတယ်။ ယောက်ျားတစ်ယောက်ရဲ့ဘ၀ကို ရလာပြီးမှ အရှက်မရှိတဲ့လုပ်ရပ်တွေကို လုပ်နေကြတယ်ဆိုပြီး ကဲ့ရဲ့တာကိုလည်း ခံရတယ်။

လူတွေက ဘယ်လိုပဲ သူတို့ကိုနှိမ့်ချဆက်ဆံမှုတွေပြုလုပ်နေပါစေ သူတို့တွေဟာ သာမာန်လူတွေ လိုပဲလူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့် ကူညီခွင့်သာရရှိခဲ့ရင် အကောင်းဆုံးစွမ်းဆောင်နိုင်မှာပါလို့  သူတို့ အားလုံးရဲ့ကိုယ်စား လင်းလင်းက ပြောပါတယ်။

လူမှုအဆင့်အတန်းခွဲခြားမှုအရ သူတို့ထက်မြင့်တယ်ဆိုတဲ့ လူတွေကသူတို့ကို နှိမ့်ချဆက်ဆံတာတွေ ကြောင့် ပတ်ဝန်းကျင်နဲ့ ထိတွေ့တဲ့နေရာမှာ နှစ်ဖက်စလုံးမှာ အခွင့်အရေးတွေ ထိခိုက်နစ်နာလာစေနိုင် တယ်လို့ သူကဆိုတယ်။

 လူ့ဘောင်အသိုင်းအဝိုင်းက လိင်တူချစ်သူတွေအပေါ် အထင်အမြင်သေးမှုတွေ၊ အသိအမှတ်မပြုပေး တာတွေကြောင့် လူမှုလုပ်ငန်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားမှုလုပ်ငန်းတွေမှာ လိင်တူချစ်သူတွေဟာ နေရာတစ်ခု မရရှိခဲ့ပါဘူး။

`ဒီဘဝကိုရောက်လာကြတဲ့ တော်တော်များများက လူတွေရဲ့ဖိနှိပ်မှုကို ခံလာရသူတွေများပါတယ်၊ အထူးသဖြင့် နှိမ်ချဆက်ဆံတာတွေ၊ ကဲ့ရဲ့ရှုတ်ချတာတွေကြောင့်ပေါ့၊ အဲ့လိုနှိမ်ချကဲ့ရဲ့ကြတဲ့သူတွေကို အရွဲ့တိုက်ရင်းနဲ့ ဒီဘဝကိုလက်ခံလိုက်ကြတာ။´

လိင်တူချစ်သူတွေရဲ့အခွင့်အရေးဆိုတာဟာလဲ အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေခဲ့ရတယ်လို့ အကြည့်တွေ ကို ခပ်ဝေးဝေးလှမ်းပို့ရင်း လင်းလင်းက ပြောပါတယ်။

၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ရေးဆွဲပြီးစီးခဲ့တဲ့ ဂျော့ဂျာကာတာ မူဝါဒစာတမ်းဟာ လိင်တူချစ်သူတွေ အတွက် တစ်ခြားလူတွေလို တန်းတူအခွင့်အရေးရရှိဖို့ကို အပြည့်အဝဖော်ပြထားပါတယ်။ အဲ့ဒီမူဝါဒ စာတမ်းရဲ့ အပိုဒ် ( ၂၇ )အရ လိင်တူချစ်သူတွေဟာ လူ့အခွင့်အရေးကိုကာကွယ်တဲ့နေရာ၊ စောင့် ရှောက်တဲ့နေရာ၊ မြှင့်တင်တဲ့နေရာတွေမှာ ပါဝင်လုပ်ဆောင်နိုင်တယ် လို့ ရေးသားထားပါတယ်။

 လိင်တူချစ်သူတစ်ဦးဖြစ်သူ အလှဖန်တီးရှင် မိုးစက် ကတော့ ခုလိုပြောပါတယ်။

`တစ်ချို့လူတွေက လိင်တူချစ်သူ( ဂေး ) လို့ သိလိုက်တာနဲ့ မသတီသလိုလို ရွံသလိုလို ဖြစ်သွား ကြတယ်၊ တစ်ကယ်တော့  ကိုယ့်ရဲ့စိတ်တိုင်းကျ ကိုယ့်ကိုယ်ကိုယ်ခံယူထားတာပဲ အပြစ်တင် ရှုတ်ချတာမျိုး မလုပ်သင့်ပါဘူး ။´

သူတို့အတွက်အဓိက အဟန့်အတားတစ်ခုဖြစ်တဲ့ လိင်တူဆက်ဆံမှုကိုအရေးယူမယ့် ပုဒ်မ(၃၇၇) ကိုလဲ မရှိစေချင်တော့ပါဘူးလို့ သူကပြောပါတယ်။

ချင်းမိုင်အခြေစိုက် လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားသူ ကိုနောနော် ကတော့ လိင်တူချင်း ချစ်တယ် ဆိုတာ အားငယ်စရာမဟုတ်ပါဘူး၊ ကမ္ဘာကျော်ဖြစ်နေတဲ့သူတွေတောင် ရှိပါတယ် လို့ လိင်တူချစ်သူ များအတွက် Rainbow Megazine  မှာ ပြောခဲ့ပါတယ်။

လင်းလင်းကတော့ ခံယူချက်ရှင်းပါတယ် သူစိတ်ဝင်စားတဲ့သူကိုပဲ လက်ခံပါတယ်။ လူတိုင်းကို လက်မခံပါဘူး လို့ ပြောပါတယ်။

`HIV/AIDS မကူးစက်အောင်လည်း သတိထားပြီးနေရတယ်၊ လမ်းဘေးမှာထိုင်နေရင်တောင် အလကားနေရင်း ရဲဖမ်းတာလဲ ခံရသေးတယ်။ တစ်ခါတစ်လေကျတော့လဲ အားငယ်မိတာတွေတော့ ရှိတယ်။´

လက်ရှိကာလ မြန်မာနိုင်ငံတွင်းမှာလဲ လိင်တူချစ်သူတွေရဲ့ ကွန်ယက်တွေ ဖွဲ့စည်း ထူထောင်လာကြ ပါပြီ။

လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေလဲ မြန်မာနိုင်ငံမှာ ပေါ်ပေါ်တင်တင် ဖွဲ့စည်း လုပ်ဆောင် နေ ကြတဲ့အတွက် လင်းလင်းတို့ မိုးစက်တို့အပြင် (LGBTတွေ) လိင်တူချစ်သူတွေ လိင်ပြောင်းချစ်သူတွေ အားလုံးဟာ အရင်ကထက်စာရင် အခွင့်အရေးတွေရရှိလာတာကို တွေ့မြင်နေရပါပြီ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ ဒေါ်အိသန္တာကတော့ `လိင်တူ ချစ်တယ် ဆိုတာက ပုံမှန်ဘ၀ကို ကိုယ့်သဘောနဲ့ ပြုပြင်လိုက်တာလို့ပဲထင်တယ်၊ လူဆိုတာ မွေးလာ ကတည်းက ဘယ်သူက ယောက်ျား ဘယ်သူကမိန်းမဆိုတာ လိင်အင်္ဂါက ကွဲပြားပြီးသားပဲ၊ အကောင်း ဆုံးကတော့ ကိုယ်ရတဲ့ ဘ၀ကို ကောင်းမွန်အောင်နေနိုင်ဖို့ပဲလိုတယ်၊ ဘ၀ကောင်းဖို့ အတွက်တော့ လိင်ပြောင်းဖို့ စိတ်ပြောင်းဖို့မလိုဘူးထင်ပါတယ်´ ဟု ၄င်းရဲ့ အမြင်ကို ပြောပါတယ်။

LGBT လို့ခေါ်တဲ့ဂေးတွေကို လူတွေက အခြောက်တွေ မိန်းမလျှာတွေတူတူပဲလို့မှတ်ယူထားကြပေမဲ့ L-Lesbian ( အမျိုးသမီးချင်းလိင်တူချစ်သူ) G-Gay ( အမျိုးသားချင်းလိင်တူချစ်သူ) B-Bisexual (လိင်တူရော ဆန့်ကျင်ဘက်လိင်ကိုရောချစ်သူ) T-Transexual ( ဆန့်ကျင်ဘက်လိင်လို  ပြောင်းလဲ ၀တ်ဆင်သူ) ဆိုပြီး ခွဲခြားသိတတ်ဖို့လဲလိုမယ်လို့ လင်းလင်း က ပြောပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုထဲမှာချင်းတူပေမဲ့ တန်းတူအခွင့်အရေးရဖို့ဆိုတာက နှစ်ဖက်လုံးက အနေမှန် နေဖို့လဲလိုပါတယ်။

`ကျွန်တော့်အတွက်ကတော့ လိင်တူချစ်သူတစ်ယောက်ရဲ့အချစ်ဆိုတာ လိင်ကွဲချစ်သူတွေရဲ့ အချစ်ထက် ပိုပြီးလေးနက်တယ်၊ ပိုပြီးစွန့်စားရပါတယ်။´

လင်းလင်းဟာ သူ့ချစ်သူနဲ့နားလည်မှုများစွာကို ရယူထားပြီး အနာဂါတ်အတွက် ကြိုတင်ပြင်ဆင် ထားတယ်လို့ဆိုပါတယ်။

`မီဒီယာတွေမှာ လွဲမှားတဲ့ဖော်ပြမှုတွေရှိနေတာကြောင့်လဲ ဂေးတွေအတွက် နစ်နာစရာ ကဲ့ရဲ့ခံစရာ တွေဖြစ်လာရတတ်တယ်။ ဥပမာ-ဇာတ်ကားတစ်ကားထဲမှာ မင်းသားက မိန်းမလျှာ မင်းသမီးက ယောက်ျားလျှာ ပုံစံမျိုးနဲ့ နောက်ဆုံးမှာ မင်းသမီးက မိန်းကလေးဖြစ်သွား မင်းသားကလဲ ယောက်ျားလေးပြန်ဖြစ်သွားတာကို ဇာတ်လမ်းထဲမှာ ပြထားတယ်။´

 တစ်ကယ်တမ်းတော့ အဲ့လိုမျိုးအဖြစ်က တစ်ကယ်မရှိဘူး။ ဂေးတွေက ဘယ်တော့မှပြန်မပြောင်းဘူး သစ္စာရှိတယ်။ ဂေး အဖြစ်ခံယူပြီ်းရင် အရင်အနေအထားကို ဘယ်တော့မှပြန်မသွားတော့ဘူး လို့ လိင်တူချစ်သူတွေ ( LGBT တွေအားလုံးအပါအ၀င်) အတွက် (Equality Myanmar) အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်သူ မမြတ်နိုးဖြူက ပြောပါတယ်။

 `ဘယ်လိုပဲဖြစ်ဖြစ် လိင်တူချစ်သူတစ်ယောက်ဆိုတာ  လူတွေပြောနေကျအတိုင်း ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်နေတဲ့ လူသားတွေထဲက လူသားတစ်ယောက်ဖြစ်လို့ ခွဲခြားနှိမ်ချ ဆက်ဆံတာမျိုးတွေ မရှိတော့ဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဟာ အခုထက်ပိုပြီးလှပလာမှာပါ ”လို့ လင်းလင်းက ပြောပြပါတယ်။

နေဖြိုးမြင့် - ရှမ်း/မြောက် ( မြစ်မခ )
 
by Myit Makha Mediagroup

Sunday, October 7, 2012

ကျွန်တော် သူ့ ကို ချစ်တယ်


ကျွန်တော် သူ့ ကိုချစ်တယ်။ ချစ်တယ် ဆိုတာ အစ်ကိုတစ်ယောက် ညီတစ်ယောက် သူငယ်ချင်းတစ်ယောက် ကို ချစ်သလို ချစ်တာမဟုတ်ဘူး။ ကျွန်တော် သူ့ ကိုချစ်တယ်။ သေချာပါတယ်။ အဲဒီ အဖြေကို ကျွန်တော့်ကို ကျွန်တော် အကြိမ်ကြိမ်မေးကြည့်ပြီးမှ ပြောတာပါ။ ခင်ဗျားကို မပြောပြခင် ကျွန်တော့်ကိုယ် ကျွန်တော် အထပ်ထပ် စိတ်ထဲမှာ ပြောကြည့်ပြီးသား။ ကျွန်တော်ပြောတဲ့ အချစ်ကို ခင်ဗျား နားလည်မှာပါ။ ခင်ဗျားမှာ ချစ်သူရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားချစ်သူကို ခင်ဗျားလည်း ချစ်မှာပဲ။ ကျွန်တော်တို့ မိဘတွေ မောင်နှမတွေကို ချစ်ကြတယ်။ သူငယ်ချင်း မိတ်ဆွေတွေကို ချစ်ကြတယ်။ တိရိစ္တာန်ငယ်လေးတွေကို ချစ်တယ်။ ပန်းပွင့်လေးတွေ....အိုး လှပတဲ့ အရာတွေအားလုံးကို လူသားတွေအနေနဲ့ နှစ်သက်တတ်ကြတာ အမှန်ပဲ မဟုတ်လား။

ခင်ဗျား အဲဒီ နှစ်သက်ခြင်းတွေ ချစ်ခြင်းတွေနဲ့ မတူတဲ့ အချစ်ဆိုတဲ့ ခံစားချက်ကတော့ ခင်ဗျားချစ်သူ အပေါ်မှာပဲ ရှိတယ်လေနော်။ အတူတူပဲပေါ့ဗျာ။ ခင်ဗျား ကျွန်တော့်ကို အချစ် ဆိုတာကို ဘယ်လိုနားလည်လည်း ဆိုတဲ့ မေးခွန်းအတွက် ခင်ဗျားကို ခုကျွန်တော်ပြောခဲ့တဲ့ အတိုင်းပါပဲ။ ခင်ဗျား ယောက်ကျားတစ်ယောက်အနေနဲ့ ခင်ဗျားချစ်တဲ့ မိန်းကလေးအပေါ်မှာ ဘယ်သူနဲ့ မှ မတူတဲ့ အချစ်မျိုး မေတ္တာတရားမျိုး..ရှင်းရှင်းပြောရရင် တစိမ်းနှစ်ယောက်ကြားမှာ ဖြစ်တည်ခဲ့ကြတဲ့ အကြီးမားဆုံး စွမ်းအားအရှိဆုံး ခံစားချက်တစ်ခုပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ က အချစ်လို့ လက်ခံခဲ့ကြတာ မဟုတ်လား။ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာကလည်း အဲဒီအတိုင်းပဲ။ ကျွန်တော် သူ့ ကို အားကိုးတယ်။ ယုံကြည်တယ်။ သံယောဇဉ်ရှိတယ်။ သူရဲ့ ကောင်းကျိုးကိုပဲ လိုလားတယ်။ သူစိတ်ချမ်းသာဖို့ ပဲ စဉ်းစားတယ်။ သူအရေးကိစ္စတိုင်းက ကျွန်တော့်ရဲ့ အရေးကိစ္စပဲ။ သူကလည်း ကျွန်တော့်လိုပဲ။ သူလည်း ကျွန်တော့်ကို သိပ်ချစ်တယ်ဆိုတာကို ကျွန်တော် ခင်ဗျားကို ပြောပြဦးမယ်။

ကျွန်တော်က မောင်နှမတွေထဲမှာ အထွေးဆုံးဆိုတော့ ငယ်ငယ်ကတည်းက အားလုံးရဲ့ အလိုလိုက်မှုတွေနဲ့ ကြီးပြင်းလာရတာပါ။ ကျွန်တော့် အစ်မတွေ မိဘတွေက ကျွန်တော့်ကို သိပ်ချစ်ကြတယ်။ ခင်ဗျားက ကျွန်တော့်မှာ ငယ်ဘ၀နဲ့ ပတ်သတ်လို့ စိတ်ဒဏ်ရာ တစ်ခုခုရှိလိမ့်မလားလို့ မေးတာကို ကျွန်တော်က ရယ်ချင်တယ်ဗျ။ သူ့ ကို ကျွန်တော်ချစ်တာ စိတ်ဒဏ်ရာတွေ ဘာတွေနဲ့ ဘာဆိုင်လို့ လဲဗျာ။ လူသားတစ်ယောက် အနေနဲ့ လူသားတစ်ယောက်ကိုချစ်ဖို့ အရိုးရှင်းဆုံး အဖြစ်အပျက်လို့ တွေးကြည့်လို့ တောင်ရပါတယ်။ ဟုတ်တယ်မလား။ မုန်းဖို့ သာ အကြောင်းအရာတွေ လိုရင်လိုမယ်။ ချစ်ခြင်းမေတ္တာက ရိုးရှင်းလှပပါတယ်ဗျာ။ ကျွန်တော့်ဘ၀မှာ သူ့ ကိုချစ်ဖို့ အတွက် ဘာအကြောင်းအရာ ဘာအတိတ်မှ ရှိနေစရာမလိုဘူး။ခင်ဗျားတို့ တွေ ဒီလိုပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချစ်ကြသလိုပဲ ။ ခင်ဗျား အချစ်ဆိုတာကိုပဲ မြင်အောင်ကြည့်ဖို့ တွေးမိရဲ့ လားလို့ ကျွန်တော်ကပဲ ပြန်မေးပါရစေ။ ဘယ်လိုလဲ။ ခင်ဗျားဖြေကြည့်စမ်းပါဦး။

ကျွန်တော်လည်း ဆရာဝန် တစ်ယောက်ပဲ။ဆရာဝန် တစ်ယောက်ဖြစ်နေတဲ့ အတွက် ခင်ဗျားတို့ တွေက ပညာတတ်လို့ သတ်မှတ်ကြမယ်မဟုတ်လား။ ဆရာဝန်လည်း အသွေးအသားနဲ့ လူသားပဲ။ ဘာမှမပိုဘူး။ ပညာတတ်တာနဲ့ ချစ်တာ တွေးခေါ်စဉ်းစားတာ ဘာမှမပတ်သတ်ဘူး။ အထူးသဖြင့် လူတစ်ယောက်ကို ချစ်ဖို့ နေရာမှာ ဆရာဝန်နဲ့ ဆိုက်ကားဆရာ စဉ်းစားတွေးခေါ်တဲ့ အခြေခံအချက်က အတူတူပဲ။ ဒါကို ခင်ဗျားလက်ခံသလား။ ကျွန်တော့် မှာ သူ့ ကိုချစ်ဖို့ လုံလောက်တဲ့ အဖြေရှိစရာမလိုဘူး။ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို ကျွန်တော်ကိုယ်တိုင် လက်ခံထားပြီးသား။ ပြီးတော့ ကျွန်တော်ချစ်တဲ့ သူက လည်း ကျွန်တော့်ချစ်မြတ်နိုးသလို ကျွန်တော့်ကို ချစ်တယ်။ ခင်ဗျား ဒါကို ချစ်ခြင်းမေတ္တာလို့ မြင်ကြည့်ပါ။

ဟားဟားဟား..........ခင်ဗျားက တကယ်ရှာရှာကြံကြံမေးတာပဲ။ ခင်ဗျားတို့ သမီးရည်းစားတွေ တစ်ယောက်နဲ့ တစ်ယောက်ချစ်သလိုပဲ ပေါ့ဗျ။ ကျွန်တော့်ရဲ့ ရင်ခွင်ထဲမှာ သူမှေးစက်ချင်မှေးစက်မယ်။ သူ့ ရဲ့ လက်ဖ၀ါးလေးကို ကျွန်တော်ဆုပ်ကိုင်လိုက်တဲ့ အခိုက်အတန့် တိုင်းမှာ သူ့ ကိုယ်ထဲက သွေးတွေ ဟာ အဲဒီလက်ဖ၀ါးတွေကတဆင့် ကျွန်တော့်ကိုယ်ခန္ဒာထဲကို စီးဝင်လာတယ်လို့ ခံစားရတယ်။ သူ ကျွန်တော့်ကိုချစ်တယ်လို့ ပြောလိုက်တိုင်း ကျွန်တော့်ရဲ့ ညာဖက်ရင်ဘတ်ထဲ စူးနင့်နေပြီးတဲ့ အထိ။ သူ့ ကို ကျွန်တော်သိပ်ချစ်ပါလားလို့ တွေးလိုက်တိုင်း ကျွန်တော့်ကိုယ်ထဲက သွေးတွေ နွေးပြီးစီးဆင်းသွားတာကို ခံစားရတယ်။ ဒါအချစ်ပဲ။ လူတိုင်း လူတိုင်းကြုံတွေ ခံစားဖူးတဲ့ အချစ်ပဲဗျ။ ကျွန်တော်တို့ အချစ်ဟာ အခက်အခဲ အတားအဆီးများလေ ပိုခိုင်မာလာလေပဲ။ အဲဒီအခက်အခဲတွေကပဲ ကျွန်တော်တို့ နှစ်ယောက်လုံးကို စိတ်ဓါတ်ခွန်အားတွေ ဖြစ်စေခဲ့တာပေါ့ ။ ချစ်ခြင်းမေတ္တာဟာ မျက်နှာမလိုက်တတ်ဖူးဗျ။ ချစ်ခြင်းမေတ္တာတရားဟာ သူနဲ့ ပတ်သတ်လာတဲ့ လူသားတိုင်းကို အေးမြစေတာပဲ မဟုတ်လား။

ပတ်ဝန်းကျင် ဟုတ်လား။ ခင်ဗျားကို ကျွန်တော် တစ်ခုမေးမယ်နော်။ ပတ်ဝန်းကျင်က ခင်ဗျားကို ဖန်ဆင်းထားတာလား။ ခင်ဗျားတို့ ကျွန်တော်တို့ က ခု ခင်ဗျားမေးနေတဲ့ ပတ်ဝန်းကျင်ကြီးကို ဖန်တီးထားကြတာလား။ ဥပမာဗျာ အဲဒီပတ်ဝန်းကျင်က ခင်ဗျားကို သေခိုင်းမယ်ဆို ခင်ဗျားသေပြလိုက်မှာပဲလား။ အဓိက က ကျွန်တော်တို့ ပါဗျာ။ ပတ်ဝန်းကျင်တစ်ခုကို မပြောင်းလဲနိုင်လို့ ဆိုပြီးတော့ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ ပြောင်းလဲ လိုက်ဖို့ မလိုပါဘူး။ ဒါအရှုံးပေးလိုက်ခြင်းလို့ ပဲ ကျွန်တော်ထင်တယ်။ အရေးအကြီးဆုံး အချက်က အဲဒီပတ်ဝန်းကျင်ဆိုတာကြီးနဲ့ လိုက်လျောညီထွေရှိဖို့ ကျွန်တော်တို့ ကိုယ်ကိုယ်ကိုယ် လိမ်ညာနေကြတာကမှ တကယ့် ပြသနာ။ ခင်ဗျား ပတ်ဝန်းကျင်ကို လိမ်တာထက် ကိုယ့်ကိုယ်ကိုယ် လိမ်တာက မှ တကယ့်အပြစ်ဗျ။ တနည်းပြောဦးမယ်ဆိုရင် ဒါ လူဖြစ်ရှုံးတာပဲ။ ဘာဖြစ်လဲဗျာ။ ကိုယ်ဖြစ်တည်လာခဲ့တာကို အရှိအတိုင်းလက်ခံရမှာပေါ့ ။ ကိုယ်ကိုယ်တိုင်ကတော့ လက်ခံရမှာပေါ့။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ ညာနိုင်မယ်လို့ ထင်လဲ။ တကယ်လို့ ညာနိုင်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်ကတော့ ဒါကို မှန်တယ်လို့ မထင်ဘူးဗျာ။

လက်ထပ်ဖို့ ၊ အတူတူနေကြဖို့ ကတော့ ကျွန်တော်တို့ အတွက် မလိုအပ်တဲ့ အကြောင်းအရာပါ။ ဒါကို ထုံးတမ်းအစဉ်အလာတစ်ခုလို့ သတ်မှတ်ထားတယ်လို့  ပြောလည်း ကျွန်တော်တို့ အတွက် အချစ်ဆိုတာ ချည်နှောင်ထားဖို့ ကို မလိုတဲ့ အရာ။ ကျွန်တော်အပိုပြောတာမဟုတ်ဘူးဗျ။ ရင်ထဲက တကယ့်ခံစားချက်ကို ခင်ဗျားကို အပွင့်လင်းဆုံပြောပြနေတာပါ။ ခင်ဗျားတို့ အချစ်တွေ၊ အဲ ခင်ဗျားတို့ စကားအရဆို Normal ပေါ့၊ ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ချစ်တဲ့ အချစ်၊ သဘာဝ လို့ အာဒမ် နဲ့ ဧ၀ စကတည်းက လက်ခံထားကြတဲ့ ချစ်ခြင်း၊ အဲဒီချစ်ခြင်းမှာ ပေါင်းစည်ုးခြင်း၊ လက်တွဲခြင်း၊ ဒါတွေနဲ့ အချစ်ကို ချည်နှောင်ကြတယ်။ ပိုမိုခိုင်မြဲအောင် ဖန်တီးကြတယ်။ လူသားတာဝန်ကို ကြေပြွန်အောင်ထမ်းဆောင်ကြတယ်။ အဓိက အကြောင်းက လူသားမျိုးဆက်ပဲလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ တွေရဲ့ ချစ်ခြင်းက ချစ်ခြင်းနဲ့ ပဲ အဆုံးသတ်တယ်။ ဒီအတွက် ကျွန်တော်တို့ ကတော့ လက်ထပ်ချင်ပါတယ်။ လက်ထပ်မှ ကျွန်တော်တို့ ရဲ့ အချစ်တွေ ပိုမိုခိုင်မြဲမယ် ဆိုတတွေ မလိုအပ်ဘူး။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ချစ်တယ်။ နားလည်တယ်။ တစ်ယောက်ရဲ့ ဖြစ်တည်ခြင်းကို တစ်ယောက်က ကြည်ဖြူုမြတ်နိုးစွာ လက်ခံတယ်။ အဲဒီစိတ်ကလေးက မလှပဘူးလားဗျာ။

ခင်ဗျား ရဲ့ နောက်ဆုံးမေးခွန်းဖြစ်တဲ့ အခြောက် ဆိုတဲ့ စကားလုံးအပေါ် ကျွန်တော် ဘာခံစားချက်မှ မရှိပါဘူး။ ဒီစကားလုံးကို နာမ်စား တစ်ခု လို့ ပဲ ကျွန်တော်မြင်တာ ကျွန်တော့်ရဲ့ ငြိမ်းချမ်းရေးအတွက်ပဲ။ ကျွန်တော်တို့ သူများအကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်းကို မကြံစည်ဘူး။ မလုပ်ဘူး။ ကျွန်တော်တို့ ကို အခြောက် လို့ ခေါ်လိုက်တဲ့ သူတွေ၊ သူတို့ စိတ်ထဲက ဘယ်လို ခံစားချက်နဲ့ ခေါ်ခေါ် ကျွန်တော်တို့ မခံစားဘူး။ ကျွန်တော်တို့ ကို ၀ဋ်ကြွေးပဲလို့ ပြောကြတဲ့ သူတွေအားလုံး ၀ဋ်ုကြွေးဆိုတာကို ကောင်းကောင်းနားလည်ထားကြပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ ရဲ့ Societyက မိန်းကလေးချောချောနှစ်ယောက် နဲ့ အခြောက်တစ်ယောက် လမ်းလျှောက်လာတာကို တွေ့ ရင်တောင် မိန်းမချောလေးတွေထက် ခင်ဗျားတို့ ပြောတဲ့ အခြောက်ဆိုတဲ့ လူတန်းစားကို ပိုစိတ်ဝင်စားတတ်ကြတာ မဟုတ်လား။ ကျွန်တော်တို့ ကတော့ ဒါကို စိတ်ဓါတ်ခွန်အား အဖြစ်ပြောင်းလဲ ပြစ်ကြမှာပဲ။ တစ်ချိန်ကြရင်တော့ ကျွန်တော်တို့ ကို လက်ခံလာကြပါစေ၊ ဘာဖြစ်ပါစေလို့ လဲ ဆုမတောင်းဘူးဗျ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ဖြစ်တည်လာတဲ့ ဘ၀မှာ ဆုတောင်းဖြစ်ခဲ့တာထက် လက်တွေ့ ရင်ဆိုင်ဖြတ်သန်းလာရတာ များတော့ ဆုတောင်းနေတာထက် ကိုယ်လုပ်သင့်တာကို လုပ်ဖို့ ဆိုတာပဲ ခေါင်းထဲမှာရှိတယ်။

ကျွန်တော်ဟာ မိန်းကလေးတွေကို ညီမလို အစ်မလို သူငယ်ချင်းလိုပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော် ရင်ခုန်မြတ်နိုးရတာက သူပါ။ ယောက်ကျား တစ်ယောက်က ယောက်ကျားတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ နေရာမှာ အပိုင်းနှစ်ပိုင်းရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့ က ယောက်ကျားတစ်ယောက်က ယောက်ကျားတစ်ယောက်ကို ဆိုတဲ့ အပိုင်းကိုပဲ အာရုံစိုက်ကြတယ်။ ပြစ်တင်ရှုတ်ချကြတယ်.။ ကဲ့ ရဲ့ ဝေဖန်ကြတယ်။ ဒီအတွက် ကျွန်တော်တို့ ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာက သေမသွားဘူးဗျ။ ဘာဖြစ်လို့ လဲ ဆိုတော့ ခင်ဗျားတို့ မေ့နေကြတဲ့ အာရုံမထားကြတဲ့ အပိုင်းမှာပါဝင်နေတဲ့ ချစ်တယ်ဆိုတဲ့ လောကကြီးကို ပိုမိုလှပစေအောင် အမြဲ ဖန်ဆင်းပေးတဲ့ ချစ်ခြင်းမေတ္တာတရားမှာ ဖြူစင်မှု၊ ဘက်မလိုက်မှု၊ ရိုးသားမှုတွေပါဝင်တယ်ဆိုတာကို ကျွန်တော်ပြောပြချင်တယ်။ ကျွန်တော်ဟာ ယောက်ကျားတစ်ယောက်ပါ။ ယောက်ကျားတစ်ယောက်လိုပဲ ပြုမူနေထိုင်ပါတယ်။ မိန်းကလေးလို ၀တ်ချင်စားချင် လှချင်ပချင်တဲ့ စိတ်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ချစ်တာကလည်း ယောက်ကျားတစ်ယောက်ပါပဲ။ လူသားတွေကြားမှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ ကျွန်တော် သူ့ ကိုချစ်တယ်။ အချစ်ဆိုတာလေးကိုပဲ ခင်ဗျားတို့ မြင်ကြည့်ပါ။ ကျွန်တော်ဟာ မိမိကိုယ်ကိုယ်လိမ်ညာပြီး ကိုယ့်ပတ်ဝန်းကျင်ကို လိမ်ညာပြီး အသက်ရှင်ရတာထက် ကျွန်တော်တို့ ဖြစ်တည်လာတဲ့ ဘ၀ကို ရိုးသားစွာ ၀န်ခံပြီး ရှင်သန်ရတာကို ပိုတန်ဖိုးထားမိပါတယ်။ ကျွန်တော် သူ့ ကို ချစ်တယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်။ ဒါကို အပြစ်လို့ ပြောရင် အချစ်က ကျွန်တော်တို့ ဘက်က ရပ်တည်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

အမွန်
၂၈ ၆ ၂၀၁၂။

Tuesday, October 2, 2012

April Drama


စိမ်းစိုတဲ့တောအုပ်

ညတစ်ည လသာသာ

တဝေါဝေါကျနေတဲ့ ရေတံခွန်ရှိတဲ့မြစ်တစ်စင်း

သူငယ်ချင်းသုံးယောက်

x           x           x

"ငါတို့လာတဲ့ နှစ်ရက်အတွင်း ဒီနေ့မနက်ဘဲ ရာသီဥတုက နွေးတာနော်" ကျွန်တော်တစ်ယောက်ထဲ ကိုယ့်ဖာသာပြောသလိုမျိုးခပ်တိုး တိုးပြောမိပါတယ်။ သစ်တောအုပ်ကြီးရဲ့ လမ်းသွယ်လေးထဲ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်နှင့် အတူ လျှောက်လာတဲ့အချိန်လေး မှာပေါ့နော်။

"ရေတွေ နွေးနေပါစေဆုတောင်းရမှာပဲကွ" မင်းမင်းကပြန်ပြောတယ်။ ခေါင်းပေါ်ကို မော့ကြည့်လိုက်ပြန်တော့ စိမ်းမြမြသစ်ပင်ကြီးရဲ့ ထိပ်ဖျားဟာ တမျှော်တခေါ်ကြီး ကြယ်တွေကို ထိနမ်းနေသလားပဲ။ 
တဝေါဝေါကျနေတဲ့ ရေတံခွန်ကြီးဆီက ရေတွေ စီးကျနေသံကြောင့် ကျွန်တော့်ရင်ခုန်သံတွေ ပိုမြန်လာသလို ခံစားရကာ ပျော်ရွှင်စိတ်ကလည်း ကခုန်မြူးတူးလာမိပါပြီ။ ညအချိန်မှာ ရေကူးရခြင်းဟာ ကျွန်တော်တို့ရဲ့ အကြိုက်ဆုံးနွေရာသီ အပန်းဖြေနည်းတစ်ခုဖြစ်လာနေပြီဆိုရမှာပေါ့လေ။

"ငါ့ကောင်တွေ တခြားဘက်ကို သိပ်မသွားနဲ့နော်" ကျွန်တော်ရေပြင်ကို ခြေထောက်လေးနှင့် အသာစမ်းသပ်၊ အပေါ်က ဘောင်းဘီတို ကော၊ အတွင်းခံဘောင်းဘီကိုရော ချွတ်ပစ်လိုက်တယ်။ ရေက သက်သောင့်သက်သာကူးလို့ရတဲ့ အနွေးဓာတ်ရှိနေတော့ ကျွန်တော် သည် အဦးဆုံးရေကူးသမားဖြစ်ခဲ့သပေါ့။ ညလေးဟာတော်တော်လှတဲ့ ညတစ်ညပါပဲဗျာ။ လပြည့်ညဖြစ်တာကြောင့် လမင်းကြီးဟာ ပြည့်ပြည့်ဝိုင်းဝိုင်းနဲ့ ကောင်းကင်ထက်မှာ ချိတ်ဆွဲနေသလို လေထုဟာလည်း ခပ်နွေးနွေး တိုတ်ခတ်နေရဲ့။ အ၀တ်မပါတဲ့ ကိုယ်ခန္ဓာ အရေပြားနဲ့ ရေနွေးနွေးထိနေရတာ အကောင်းဆုံး ခံစားမှုပါပဲ။ ကျွန်တော် ရေအသာကူးသွားရင်း တစ်ဖက်ကမ်းစပ်က သဲပြင်ကိုခြေ ထောက်မိပြန်တော့ နေ့အချိန်က ပူခဲ့တဲ့နေရှိန်ကြောင့် သဲပြင်အပူရှိန်လေးက မဆိုးရွားပါဘူး။

မြတ်သူက အ၀တ်မပါဘဲ ရေထဲဆင်းကူးတာနောက်ဆုံးဖြစ်သလို ကျွန်တော့်ဘေးကိုရောက်လာတော့လဲ မောမောနှင့် အသက်ရှူနေ လေရဲ့။ကျွန်တော်တို့သုံးယောက် တစ်ယောက် အသက်ရှူသံတစ်ယောက်ကြားရတဲ့ အနေအထားနဲ့ သဲပြင်ပေါ်လှဲလျောင်းကြရင်း ကောင်းကင်ပေါ်က ကြယ်တွေကို ရေတွက်ကြပါတယ်။

"ငါတို့မြစ်ရဲ့အလယ်နားက ကျောက်ဆောင်ကြီးဆီ ကူးသွားရအောင်လေ၊ နေပူခဲ့ရင်တော့ နွေးနေဦးမှာကွ" မြတ်သူက အကြံပေးတယ် ရုတ်တရက်။ 

ကျွန်တော် အဦးဆုံးမတ်တပ်ရပ်လိုက်ကာ သူ့တောင်းဆိုချက်ကို သဘောတူလိုက်တယ်။ မြတ်သူနှင့် မင်းမင်း ဘေးချင်းယှဉ်လျှောက်ကာ ကျွန်တော့်နောက်က လိုက်လာကြတယ်ဗျ။

"ငါ့ကောင် မင်းတင်ပါးကြီး ရေထဲပေါလောပေါ်နေတယ်နော့" မင်းမင်းက အမှောင်ရိပ်သန်းနေတဲ့အချိန် ရေထဲကူးနေတဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အနေအထားတွေကို သုံးသပ်မိတယ်ထင်ပါရဲ့။

"ရေပေါ် ပေါ်မနေအောင်တော့ ကြိုးစားကူးတာပဲလေကွာ ပေါ်နေတာတော့ မတတ်နိုင်ဘူး" ကျွန်တော်လည်း ရှက်ရှက်နှင့် ပြန်ပြောလိုက် ရတာပေါ့နော်။

ကျွန်တော်တို့ ကျောက်ဆောင်ကြီးရှိရာဆီ ဘေးချင်းယှဉ် ကူးသွားကြတယ်။ ဒီတစ်ခါတော့ ခပ်ဖြည်းဖြည်းနဲ့ လွတ်လွတ်လပ်လပ် အ၀တ်မပါရေကူးကြခြင်းလေ။ မင်းမင်းနှင့် မြတ်သူတို့ ကျောက်ဆောင်ကြီးပေါ် အရင်တွယ်တက်လိုက်ကြတယ်။ ပြီးတော့ လှဲလျောင်း အမောဖြေရင်း ကျောက်ဆောင်ရဲ့ အပူငွေ့ကို သဘောကျနေကြတာတော့အမှန်။

"Felling တော်တော် good နော်၊ ဒါကြီးက ပူနွေးနေတုန်းပဲကွ" မင်းမင်းက စကားစပြောတယ်။ 

ကျွန်တော်လည်း ကျောက်ဆောင်ပေါ် တွယ်တက်လိုက်ကာ သူတို့လှဲလျောင်းတဲ့ ပုံစံအတိုင်းလှဲကြည့်လိုက်ပါတယ်။ ပူနွေးနေတဲ့ ကျောက်ဆောင်ပေါ် မှောက်ထားတာဆိုတော့ ကျွန်တော့်ငပဲဟာ တဖြည်းဖြည်းနဲ့ မတ်လာရတာပေါ့နော်။ တကယ့်ကိုမိုက်တယ်။ မင်းမင်းနှင့် မြတ်သူ ပက်လက်လှန်လှဲလျောင်းလိုက် တော့ သူတို့ငပဲတွေဟာလည်း မတ်မတ်ထောင်နေတာကို ကြယ်ရောင်အလင်းနှင့် မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ရင်းနှီးနေလို့လားမသိ ရှက်စိတ် မဖြစ်ပေါ်မိကြတော့ပါဘူး။

"ကျောက်ဆောင်က နွေးနေတော့ မင်းတို့ -ီးတွေကိုလည်း သူ့လိုမာအောင် လုပ်တယ်ထင်ရဲ့" ကျွန်တော်က လှမ်းစလိုက်တယ်။

"ဟုတ်တယ်၊ မင်းလဲ -ီးတောင်နေပြီဆိုတာ ငါလောင်းရဲတယ်ကွာ" မြတ်သူက စကားခွန်းတုန့်ပြန်တယ်။ 

ဟုတ်တော့လည်းဟုတ်တယ်လေ ကျွန်တော့်စိတ်တွေ ထန်နေပြီပဲ။

"ငါတော့ ရေထဲပြန်ဆင်းစိမ်ပြီး အေးအောင်လုပ်မှထင်တယ်" ကျွန်တော်ရေထဲ လျောဆင်းရင်း အရှက်ပြေလုပ်သလိုလိုဟန်ဆောင်လိုက် တယ်ပေါ့နော်။ ရေထဲဆင်းသာဆင်းလိုက်ရတာ ငပဲက ခေါင်းမငြိမ်ချင်သေးဘူး ခေါင်းထောင်တုန်းဆိုတော့ ရေထဲမမြှုပ်အောင်သာ ခြေထောက်ကို လှုတ်ခပ်နေရတယ်။
ရုတ်တရက် ကျွန်တော့်နောက်ဖက်ကနေ ခုန်ဆင်းသံနှင့်အတူ ရေထဲကိုဆွဲမြှုပ်ခံရပါတယ်။ ကျွန်တော့်ကို တိုက်ခိုက်သူ မင်းမင်းအား ပခုံး ပေါ်ကနေဆွဲကိုင်ပြီး သူ့ကိုပြန်လည်လုံးထွေးလိုက်ပါရဲ့။ မင်းမင်းတစ်ယောက် သက်လုံမကောင်းစွာ ဟောဟဲဖြစ်နေပြီးသကာလ ရေ မျက်နှာပြင်ပေါ် ကျွန်တော့်နောက်ကပေါ်လာတယ်လေ။ မြတ်သူကလည်း ရေထဲ ခုန်ဆင်းလာကာ ကျွန်တော်တို့နှစ်ဦးသား လုံးထွေး ပွဲကို ပူးပေါင်းလိုက်တယ်ဗျ။ တစ်ကြိမ်တော့ မြတ်သူကနောက်ဘက်ကနေသိုင်းဖက်ပြီး ချုပ်တာမှာ ကျွန်တော့်တင်ပါးတွေကို တစ်ခုခုက ဖိ ထောက်နေသလို ခံစားရသား။ အား....သူ့ငပဲမာမာက ဟိုထိုးသည်တိုးနှင့် ကျွန်တော့်အောက်ပိုင်းနေရာအနှံ့ကိုလေ။ ကျွန်တော့်ခြေ ထောက်တွေကို လှုပ်ရမ်းနေရတာကြောင့် တင်ပါးတွေနှင့် သူ့ကိုပြန်ပွတ်သပ်နေသလို ဖြစ်နေတာဆိုတော့ သူနှင့် မျက်နှာခြင်းဆိုင်လို့ ရအောင်လှည့်လိုက်တယ်။ ပြီးတော့ သူ့ပေါင်တစ်ချောင်းကိုဆွဲကာ ဟန်ချက်ပျက်အောင်လုပ်လိုက်တာ ခပ်မာမာ သူ့ငပဲက ကျွန်တော့် ပခုံးသားတွေကို တို့ခတ်ပါရော။ နောက်တော့ ကျွန်တော့်ငပဲသည်လည်း ပြန်မာတောင့်လာရကာ မင်းမင်းကော ဘယ်လိုများရှိမယ်ဆိုပြီး သူ့ နောက်ဖက်ကနေ ကျွန်တော်သိုင်းဖက်ကာပြန်လုံးထွေးမိလိုက်ပြန်သေးတာပါပဲ။

"အိုကေ ငါတော်ပြီကွာ" ကျွန်တော်ကစားပွဲကိုရပ်လိုက်ပြီး ကျောက်ဆောင်ပေါ်ဆွဲတက်လိုက်ပါတယ်။ မင်းမင်းနှင့် မြတ်သူလည်း ကျွန်တော့်နည်းတူပေါ့ဗျာ။ ကျွန်တော့်ငပဲဟာ မတ်ပြီးထောင်နေတာများ ချက်ကိုလမ်းညွှန်နေသလားထင်ရတယ်။ မင်းမင်းနှင့် မြတ်သူ သည်လည်း အလားတူ ပြဿနာရင်ဆိုင်ရတယ်ထင်ပါရဲ့ မျက်နှာတွေက တစ်မျိုးတစ်မည်။
"ငါတော့ တစ်လျော့လောက်ထုတ်မှဖြစ်မယ်ထင်တယ်ကွာ" ကျွန်တော်ပြောလည်းပြော ငပဲကိုဆုပ်ကိုင်ကာ စတင်လှုပ်ရှား လက်ကစား လိုက်ပါတယ်။

"ငါလည်း အတူတူပဲ" မင်းမင်းက သဘောညီတယ်။
မြတ်သူက ဘာစကားမှ မပြောဘဲ သူ့ငပဲကိုသူကိုင်ကစားနေတာလေ အဟိ။ ကျွန်တော်တို့တွေ ပူနွေးတဲ့ ကျောက်ဆောင်ပေါ်လှဲလျောင်း ကြယ်တွေဆီ မျက်နှာမူကာ ကိုယ့်ငပဲနှင့်ကိုယ်အလုပ်များနေကြတယ်ပေါ့နော် ပြောရရင်တော့။
"ငါရေထဲ ပြန်ဆင်းဦးမယ်ကွာ...အဲ့ဖီလင်ကမိုက်တယ်။ ဘယ်သူလိုက်မလဲ"
ကျွန်တော် တစ်ဆင့်နိမ့်ကျောက်ဆောင်ဘေးက ခြေနဲ့ထောက်မိတဲ့သဲပြင်ပေါ် လျောဆင်းလိုက်တယ် ကိုယ်တစ်ပိုင်းကိုတော့ ကျောက် ဆောင်လေးပေါ် အပေါ်ပိုင်းမှေးတင်ထားရင်းပေါ့။ မင်းမင်းလည်း ကျွန်တော့်လိုပဲ အောက်ပိုင်းရေလိုက်စိမ်တယ်ဗျ။

"ဒီဖီလင်က အရမ်းကောင်း...အာ" ကျွန်တော်ရေထဲမှာ လက်ကစားနေရင်းပြောမိတယ်။ မင်းမင်းရဲ့တုန့်ပြန်စကားသံက "အာ...အ..ရှီး" တဲ့ ကျွန်တော်နှင့် လက်မအနည်းငယ်သာကွာတဲ့ နေရာမှာ -ွင်းထုရင်းပေါ့။ 

ကျွန်တော်တို့နှစ်ဦးသား ရေထဲမှာ ကောင်းနေကြသလို မြတ်သူက ကျွန်တော်တို့ရောက်နေတဲ့ကျောက်ဆောင်လေးရဲ့ အနောက်ဘက်က ကျောက်ဆောင်ပေါ်မှာ တစ်ယောက်တည်း လှဲ လျောင်းရင်း အလုပ်များနေပါတယ်။ မင်းမင်း ကျွန်တော့်အနား တိုးကပ်လာရင်းကြိုတင် သတိပေးခြင်းမပြုဘဲ ကလိထိုးကာ ရေထဲ ပြုတ်ကျအောင် သူလုပ်တယ်။ ကျွန်တော် လက်ကိုခိုင်ခိုင်ထား တွယ်ကပ်ထားလိုက်တာကြောင့် နောက်ဆုံး သူ ကျွန်တော့်အထက်နားက ကျောက်ဆောင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ရင်း အဆုံးသတ်လိုက်ရပါတယ်။ အဝေးကိုတော့ မရွေ့နိုင်ပါဘူး ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က သူ့ငပဲကိုလှမ်းဆွဲလိုက်တာကြောင့်ပေါ့။ 

ကျွန်တော်ကလည်း ယောင်ယမ်းဆွဲကိုင်မိသလို သူကလည်း ယောင်ယမ်းပြီးနောက်ကို နည်းနည်းဆုတ်လိုက်သေးတယ်။ ပြီးတော့မှ ခပ် နိမ့်နိမ့်ကျောက်ဆောင်ပေါ် တစောင်းလှဲထိုင်လိုက်တယ်ဗျ။ ကျွန်တော် သူ့ငပဲခပ်တုတ်တုတ်ကို နည်းနည်းညှစ်ပြုလိုက်ပြီး ခဏကြာတော့ လက်ကစားပေးမိရော။ သူကလည်း ရေစပ်မှာ ရပ်နေဆဲ ကျွန်တော့်ငပဲရှိရာကို လက်လှမ်းပြီး ပြန်လည်ပွတ်သပ်ကစားပေးပါတယ်။ မင်းမင်းနှင့် ကျွန်တော် စကားဆက်မဆိုမိကြပါဘူး နှစ်ဦးသား လက်ကစားနေကြရင်း နှုတ်ဖျားကခပ် တိုးတိုး ညည်းညူနေတာကလွဲ လို့လေ။

"မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ" မြတ်သူတစ်ယောက် လှမ်းမေးလိုက်သံက အသက်ရှူသံပြင်းပြင်းလိုမျိုး ခပ်လေးလေး။ ကျွန်တော်တို့နှစ်ဦးသားက ပူးကပ်နေသလိုဖြစ်နေတာကိုမြင်မိတာကြောင့် သူလှမ်းမေးလိုက်ဟန်တူပါတယ်။ 

"ဟေ့..တစ်ယောက်နှင့် တစ်ယောက် -ုပေးနေကြတာလား"

"ဟုတ်တယ် ဘာဖြစ်လို့လဲ မနာလိုနေတာလား" ကျွန်တော် မင်းမင်းငပဲကို မလွတ်တမ်းဆုပ်ကိုင်ထားရင်း ပြန်ဖြေလိုက်တယ်။ "ဒီကို လာခဲ့လေ မြတ်သူ ငါတို့သုံးယောက်ထိုင်လို့ရပါတယ် ကျောက်ဆောင်က" မင်းမင်းကလည်း စကားပြန်လုပ်တယ်။
မြတ်သူ သူလှဲနေတဲ့ ကျောက်ဆောင်ပေါ်ကနေ ဆင်းလာပြီး ကျွန်တော်တို့ရှိနေတဲ့ တစ်ဆင့်နိမ့်ကျောက်ဆောင်လေးဆီ လှမ်းလာတယ်။ ရေထဲရပ်နေတဲ့ ကျွန်တော့်ကို တင်ပါးတွေကနေပင့်ကိုင်ပြီး မင်းမင်းရှိနေတဲ့ကျောက်ဆောင်ပေါ်ကိုတက်စေသလို သူလည်း နောက်က တက်လာတယ်။ ပြီးတော့ မင်းမင်းငပဲကို ဆက်ကိုင်ပြီး မလွတ်တမ်း-ု ပေးမိနေတဲ့ ကျွန်တော့်အနားထက် မင်းမင်းအနားကိုကပ်သွား ဟန်က မင်းမင်းလက်ကစားပေးတာကို ခံစားချင်လို့ထင်တာပဲ။

သုံးဦးသား စက်ဝန်းတစ်ခုလို ဖြစ်သွားတာပေါ့နော်။ မြတ်သူရဲ့လက်တစ်ဖက်က ကျွန်တော့်ကိုယ်ပေါ်ရောက်လာပြန်တော့ နုညံ့တဲ့လက် ကြောင့် စိတ်လှုပ်ရှားမှု ပိုဖြစ်ရပြန်ရော။ သုံးယောက်သား ၁၅မိနစ်လောက် ကိုယ်စီအပြန်အလှန် လက်ကစားပေးမိကြပြီးနောက် မင်းမင်း က မြတ်သူ့ငပဲကိုလွှတ် ကျွန်တော့်ဆီကို တိုးကပ်လာတယ်ဗျ။ မင်းမင်းမျက်ဝန်းတွေက ထူးဆန်းတယ်လို့ ခံစားမိရတဲ့ခဏမှာပဲ မင်းမင်း ဦးခေါင်းက ကျွန်တော့်ငပဲရှိရာကို ငုံ့ကိုင်းပြီးနောက် blow me!

"အိုး...shit!.မင်းမင်း...အင်း... "ကျွန်တော်ကြုံဖူး ရမိခံစားဖူးတဲ့ blowjob တွေထဲက အကောင်းဆုံးအပြုအစုပဲလို့ရရှိခံစားမိပါတယ်။ မြတ်သူက မင်းမင်းပေါင်ခြံရှိရာကို ခေါင်းငုံ့ပြီးသကာလ သူလည်း တလှုပ်လှုပ်။ မင်းမင်းက ကျွန်တော့်ရဲ့အစွမ်းကုန်မာတောင်နေတဲ့ငပဲကို သူ့ ပါးစပ်ကချွတ်လိုက်ပြီး မြတ်သူ့ကိုမျှဝေလိုက်တယ်။ 

"Mmmhuhh....ohh...မြတ်သူ" မင်းမင်း blowjob လုပ်တာထက် တစ်မျိုးထူးတဲ့ မြတ်သူရဲ့စွမ်းဆောင်မှုကလည်း ပိုမိုစွမ်းပါတယ်။ မင်းမင်းက ကျွန်တော့်ငပဲကို သူ့ပါးစပ်က ချွတ်တာနှင့် တပြိုင်နက် ခပ်ရှည်ရှည် မြတ်သူ့ငပဲကို သူ့အာခံတွင်းထဲ အဆုံးထိထည့်နိုင် အောင်ကြိုးစားသား။ ခဏကြာတော့ ကျောက်ဆောင်မျက်နှာပြင်ပေါ်မှောက်လျက်အနေအထားဖြစ်နေဆဲ မင်းမင်းအောက်ပိုင်းရှိရာဆီ မြတ်သူ သူ့ကိုယ်ခန္ဓာကို ရွှေ့သွားတယ်။ ပြီးတော့ မင်းမင်းတင်ပါးနှစ်ဖက်ကို အသာဟကာ လျှာကျွေးပါရော။ မင်းမင်း ခါးတစ်ချက် ကော့ကာ အော်ညည်းတာ သိပ်မကြာဘဲ ကျွန်တော့်ငပဲ တရမ်းရမ်းကို သူ့ပါးစပ်ထဲ ဆွဲငုံပါတော့တယ်။ ကျွန်တော့်မျက်လုံးတွေ ခဏ တာမှေးမှိတ်ပြီး ပြန်ဖွင့် လိုက်ချိန်မှာတော့ မင်းမင်းတစ်ယောက် ကျောကော့နေသလို မြတ်သူမှာလည်း လှေကြီးထိုးနည်းနဲ့ တပြုန်းပြုန်း လှုပ်ရှားနေပါပြီ။ ဟုတ်တယ် မြတ်သူ....မင်းမင်းကို တရစပ် -ိုးနေပြီလေ။

"အို...အို....အို...shit!!.အား...." မင်းမင်း နှုတ်ဖျားက တရစပ်အော်ညည်းနေသလို မြတ်သူကလည်း ခပ်ပြင်းပြင်းဆောင့်ချက်တွေနှင့် လှုပ်ရှားနေပါတယ်။ မင်းမင်းစိတ်တွေထန် ဘာလုပ်ရမှန်းမသိဖြစ်ကာ ကျွန်တော့်ငပဲကို ပါးစပ်ထဲပြန်သွင်းကာ တပြွတ်ပြွတ် စုပ်မျိုရော။ အား...ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်း ရင်ခုန်သံရပ်စေမယ့် အချိန်အခါမျိုးလဲဆိုတာ ပြောပြလို့မရဖြစ်နေတယ်ဗျာ။

"အင်း...အင်း....အ...ရှီး...ငါ...ငါ....ပြီးတော့မယ်" မြတ်သူ သူ့ခါးကို စက်သေနတ်ဆွဲသလိုပစ်နေရင်းမှ နှုတ်ဖျားက မွတ်သိပ်နေတဲ့ လေ သံမျိုးနှင့်ပြောပါတယ်။ တဖြည်းဖြည်းနှင့် မြတ်သူ့ဆောင့်သွင်းချက်တွေနှေးကွေးပြီး ရပ်ဆိုင်းသွားတော့ "ငါ့အလှည့်ကွာ" ကျွန်တော်အဲလို ပြောပြီး မင်းမင်းနောက်ပိုင်းကိုရွေ့လိုက်တယ်။ မင်းမင်းကို doggy style နေခိုင်းလိုက်ပြီးနောက် ခါရမ်းနေတဲ့ ကျွန်တော့်ငပဲကို တဖြည်း ဖြည်းချင်း တွင်းအောင်းခိုင်းလိုက်တာပေါ့နော်။

"အိုး...မိုက်တယ်...ညှစ်ပေးတာကောင်း....အ" မင်းမင်းခရေကြွက်သားတွေက အထုတ်အသွင်းလုပ်နေဆဲ ကျွန်တော့်ငပဲကို ဖျစ်ညှစ်မှု ပြုလုပ်ပေးတာကြောင့် ပိုမိုစိတ်ကြွရပါတယ်။ ဒီလိုဆို အမြန်ပြီးသွားနိုင်တာကြောင့် အသာလေးဖွ ပြန်ပြီးငပဲကို ဆွဲထုတ်ကာ သူ့ကို ပက် လက် လှဲခိုင်းလိုက်မိရဲ့။ သူ့ခြေနှစ်ချောင်းကို ကျွန်တော့်ပခုံးပေါ်တင် ခပ်ဟဟဖြစ်သွားတဲ့ ခရေ၀ထဲ ကျွန်တော့်ငပဲကို တဆုံးဖိ ထည့် လိုက်ပါ တယ်။ တစ်ချက်တစ်ချက် ဖိဖိထည့်လိုက်တိုင်း သူ့ငပဲကလည်း twist ဖြစ်ဖြစ်သွားတာကြောင့် ကျွန်တော့်လက်နှင့်အသာ ဆုပ်ကိုင်လိုက်ရင်း တပြိုင်တည်းလို လက်ကစားပေးဖြစ်သည်ပေါ့။

"ငါပြောတဲ့အချိန် မင်းလည်းပြီးအောင်လုပ်နော်" ကျွန်တော်သူ့နားရွက်နား တိုးကပ်ပြောလိုက်သေးတယ်။
ကျွန်တော့်ငပဲထဲ တဆစ်ဆစ်နှင့် ပြီးချင်သလိုလိုဖြစ်လာတာကြောင့် ခပ်မြန်မြန်လေးဆောင့် -ိုးရင်း မင်းမင်းနားရွက်နား နှုတ်ခမ်းသား တွေနှင့် ပွတ်သပ်ရင်း "ohh...Ohhh....Ohhho...hoohh...huhu....uhh...အာ...ငါပြီးပြီ...အ" လို့ညည်းညူရင်းမှာ သူ့ငပဲကိုလည်း ခပ်သွက်သွက် စည်းချက်ညီ မွတ်သိပ်စွာ ကစားပေးလိုက်ပါတယ်။

"အိုး.....Fuck...အား..အား"မင်းမင်းနှင့် ကျွန်တော် တပြိုင်တည်းလို အော်ညည်းမိတာက ကျွန်တော့်ရင်အုပ်တွေ ပူနွေးရွှဲစိုသွားချိန်နှင့် မင်းမင်း ခရေ၀ထဲအဆုံးထိငပဲကိုကော့သွင်းလိုက်တဲ့ ကျွန်တော့်လှုပ်ရှားမှုတွေ တိုက်ဆိုင်သွားတဲ့အချိန်ကိုက်ပါ။

ကျွန်တော်တို့ သုံးယောက်သား ကျောက်ဆောင်မျက်နှာပြင်ပေါ်မှာ စကားမပြောဘဲ အတန်ကြာလှဲလျောင်းငြိမ်သက်နေမိကြပါတယ်။ ဘယ်လောက်သာယာလိုက်တဲ့ အချိန်အခါပါလိမ့်နော်။

x           x           x

ကျွန်တော်တို့ ကားရှိရာကို ပြန်လာတဲ့ လမ်းတလျှောက် ကျွန်တော့်စိတ်တွေ မသိုးမသန့်ဖြစ်လာတယ်ဗျ။ လေထုတဲက သတိပေးချက် တွေလွှင့်နေတဲ့ အသံတွေကို ကြားနေရသလိုပဲ။ ပြီးတော့ သွေးညှီနံ့လိုလို။

ဟော..ခပ်လှမ်းလှမ်းတောစပ်က ဘာသံများလဲ? ကျွန်တော်တို့အချင်းချင်း ကြည့်မိလိုက်တော့ သူတို့လည်းအလားတူ သံသယမကင်း ဖြစ်နေကြဟန် မျက်လုံးများက ခပ်ဝိုင်းဝိုင်းပါ။

ကားဆီအရောက် ကားတံခါးကို ဆွဲအဖွင့် ကားခေါင်မိုးပေါ်က ဘာ... 

"အား!!!!!!!"
Alex Aung (2 Oct 2012)