Thursday, December 31, 2009

Life and Love

လူနှစ်ဦး နှစ်ယောက် တွေ့ဆုံမိကြဖို့ဆိုတာ နေရာဒေသတစ်ခုတော့ အတိအကျလိုမယ် ဟုတ်တယ်ဟုတ်။ စိတ်အေးလက် အေး မကြာခဏဆုံကြရမယ် ပြီးတော့ချစ်ခင်ရင်းနှီးမှုတိုးတက်ဖို့အခွင့်အလမ်းလည်းရှိရမယ့် နေရာမျိုးလေ။ ကျွန်တော် 'နေပိုင်'ဆိုတဲ့ ကောင်လေးနဲ့ Myanmar Info Tech ရဲ့သင်တန်းခန်းမတစ်ခုမှာ အတန်းတူ ဘော်ဒါအဖြစ် စတင်တွေ့ခဲ့ကြ တယ်။ စာသင်ချိန်မှာ စိတ်ပါလက်ပါ သင်ယူကြပြီး ပျင်းရိငြီးငွေ့ဖို့ ကောင်းတဲ့ အားလပ်ချိန်တွေဆိုရင်တော့ တစ်ခုခုအ ကြောင်းကို စိတ်ကူးနေ မိကြတယ်ဗျ။ သူကတော့ ဘောလုံးကန်ဖို့ ၊ ကစားဖို့အမြဲစိတ်ကူးနေသလို ကျွန်တော်ကတော့ စာဖတ်တာကလွဲရင် သူ့ အကြောင်းကို ပိုပြီးစိတ်ဝင်စားတယ်။ အရပ်မြင့်မြင့်၊ အသားဖြူဖြူ ဆံပင်က အဖြောင့်မဟုတ်ဘဲ သဘာဝအတိုင်းကို ဆံနွယ် ခွေလေးများဖြင့်ချစ်ခင်စဖွယ်ပါ။ သင်တန်းရဲ့ အစပိုင်းကာလတွေတုန်းကတော့ သိပ်မဟုတ် သေးပေမယ့် အခု သူ့အပေါ်ရှိ နေတဲ့ ကျွန်တော့်ခံစားချက်တွေက သူငယ်ချင်းဆိုတာထက် ပိုပြီး ငြိတွယ်သံယောဇဉ်ပို နေပြီဆိုတာ သေချာတယ်။

ကျွန်တော်တို့သင်တန်းက သင်တန်းသူသင်တန်းသားအသစ်တွေကိုကြိုဆိုတဲ့မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကို ခမ်းနားစွာ ကျင်းပခဲ့တယ်။ အစားအသောက်တွေကို ဘူဖေးစနစ်နဲ့တည်ခင်းကျွေးမွေးတာ အလျှံပဲ။ ဖျော်ရည်ကသောက်လို့ကောင်း တော့ ထပ်ယူဖို့သွားရင်း နေပိုင်မှန်းမသိသေးတဲ့ကောင်လေးနဲ့ စတင် စကားပြောမိကြတယ်ဆိုပါတော့။ နေရာအစိမ်း လူ တွေကလည်း သူစိမ်းတွေဆိုတော့ မ၀ံ့မရဲဖြစ်နေမိတဲ့ ကျွန်တော် ဟိုကြည့်ဒီကြည့်ပေါ့။ လူတွေအများကြီးထဲမှာ အေးအေး ဆေးဆေးသွားလာလှုပ်ရှားစကားဆို နေတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ကို သတိထားမိတယ်။ သူ့ကိုစိုက်ကြည့် မှန်းသူသိနေသလား တော့ မဆိုတတ်ဘူး။ ဖျော်ရည်ခွက်ကုန်နေရင် ကျွန်တော်ဖြည့်ပေးမယ်လေဆိုတဲ့ စကားသံနဲ့အတူ မိတ်ဆက်စကားဆိုလာတဲ့ခဏ အားလုံး အထာကျသွားသလိုခံစားခဲ့ရပါတယ်။

စာသင်ခန်းမက လူ၃၀လောက်ဆံ့တယ်ဗျ။ ခုံတွေကသပ်သပ်ရပ်ရပ်နဲ့ အစီအစဉ်တကျတစ်ယောက်ထိုင်ခုံ လေးတွေ။ ကြိုက်တဲ့ခုံ ကြိုက်တဲ့နေရာမှာထိုင်ခွင့်ရှိပါတယ်။ များသောအားဖြင့်တော့ သူက ကျွန်တော့် ဘေးနားမှာ အမြဲထိုင်တတ် တယ်။ တကယ်လို့ ကျွန်တော့်ဘေးကပ်ရက်ကခုံမှာလူရှိရင် ကျွန်တော့်ရှေ့က ခုံမှာသူထိုင်တယ်လေ။ ပြောရရင်တော့ အတန်းထဲမှာ အတွဲများဆုံးက ကျွန်တော်တို့ပါပဲ။ အတန်းနားချိန်မှာ ကန်(န်)တင်းသွားလည်းအတူတူ၊ စာသင်ချိန်ပြီးသွား လို့ ကျောင်းဝင်းထဲလျှောက်ပတ် နေရင်လည်းအတူတူပါပဲ။

ကျွန်တော့်စိတ်အထင် လူတစ်ယောက်မှာသာယာတဲ့အချိန်လေးတစ်ခုတော့ ရှိတတ် သတ်မှတ်မိကြတယ်။ ကျွန်တော့် အတွက် ကောင်းမွန်တဲ့ အချိန်အခါသမယလေးကတော့ ရုပ်ရှင်တစ်ခုခုကိုထည့်လာတတ်တဲ့ ကျွန်တော့် iPod ကိုအတူထိုင် ကြည့်ကြချိန်လေးပါပဲ။ နှစ်ဦးသားဘေးချင်းကပ်ခေါင်းချင်းဆိုင် ရုပ်ရှင်ကိုကြည့် ဝေဖန်လေကန်ကြတာ ပုံမှန်။ သူဟာဘာ လည်းဆိုတာ ကျွန်တော်သတိမမူမိသလို ခွဲခြမ်းစိတ်ဖြာပြီး မစူးစမ်းမိခဲ့တာတော့သေချာပါတယ်။ ဒါပေမဲ့ ဒီကောင်လေးဟာ တစ်မူတော့ ထူးသလိုပါပဲ။ ရုပ်ရှင်တစ်ခု ထဲမှာ ဇာတ်ဆောင်အမျိုးသမီး ကိုယ်တုံးလုံးနဲ့ ဟန်မူပါပါသရုပ်ဆောင်တဲ့အပေါ် သူ့အမြင်က ဆယ်ကျော်သက်ကျွန်တော်တို့ ယောက်ျားလေးတွေလို တက်မက်မှုမပါ မလိုလားတဲ့အကြည့် တစ်မျိုးဖြင့် သူမြင်သည်။ ဟာသကားတွေကြည့်တော့လည်း ကျွန်တော်ရယ်မောသဘောကျသည့် ဟာသကွက်ကို သူကရယ်ချင်မှ ရယ်သလို သူရယ်မောသည့် ဟာသကွက်များဟာလည်း တစ်မူထားသည်ပဲ။ ထားပါတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီအကြောင်းအရာတွေထက် ဘာကိုများပိုလိုချင်နေကြမှန်းမသိ လိုအပ်နေကြတာတော့ သေချာတယ်။

ညအချိန်တွေမှာ မကြာခဏဆိုသလို သူ့အကြောင်းတွေးမိရင်း အိပ်ယာပေါ်မှာလဲလျောင်းနေဖြစ်ပါတယ်။ ခွခေါင်းအုံးကို ကျစ်ကျစ်ပါအောင်ဖက်မိရတာပေါ့ ရင်ခွင်ထဲမှာ သူဖြစ်ဖြစ်နေတာကြောင့်လေ။ နူးညံ့တဲ့ အထိ အတွေ့၊ ညင်သာတဲ့ သူ့ အနမ်းလေးတွေကို တောင့်တမိရရင်းပေါ့။ အဲဒီလိုခံစားနေရတဲ့ အပျော်ဟာ ဘယ်အကြောင်းအရာကမှ ပိုမိုမပျော်ရွှင် စေတာအမှန်။

တစ်နေ့တော့ သူ့အိမ်ကို လမ်းကြုံလိုက်ချင်ကြောင်း ပြောလာတယ်။ အိပ်မက်ထဲက ကျွန်တော့်မင်းသားလေး ဘယ်မှာ များနေသလဲ ကျွန်တော်သိရတော့မှာ။ အတန်းချိန်ပြီးဆုံးသွားချိန်မှာ ကားပက်ကင်ကို အတူ လျှောက်သွားရင်း မောင်း ထွက်လာခဲ့ကြပါတယ် အဲဒီနေ့ခင်းတစ်ခုမှာ။ ရင်ထဲမှာ ဘယ်လို နွေးထွေးမှန်း မသိ နွေးထွေးမှုကိုခံစားရပါတယ်။ ကိုယ့်စိတ် ထဲက ချစ်တဲ့သူကို မိမိနံဘေးမှာ ထားပြီး ကားမောင်းရတဲ့ ဖီလင်ကို ကားမောင်းတဲ့လူတိုင်း ခံစားဖူးကြတယ်ဟုတ်... ဘယ် လောက်များ နွေးထွေးရင်ခုန်လိုက်သလဲ ရင်ထဲမှာလေ။ သူ့အိမ်ကို သူလမ်းညွှန်တဲ့အတိုင်း ဟိုကွေ့သည်ဝိုက် မောင်းသွား လိုက်တာ မကြာပါဘူး ရောက်သွားရောဗျ။

'ကောင်းပြီ'

'နက်ဖြန်တွေ့ကြတာပေါ့'

'နေပိုင်'ဆိုတဲ့ကောင်လေးရဲ့ ဒူးပေါ်ကို ကျွန်တော်လက်ဖ၀ါးနဲ့ ညင်သာစွာကိုင်ပြီး နှုတ်ဆက်လိုက်တယ်။ ဒူးကို ညင်ညင် သာသာကိုင်ပြီး အညိုရောင်မျက်ဝန်းတွေကို စိုက်ကြည့်မိစဉ်ခဏ သူ့မျက်ဝန်းထဲမှာ တစ်ခုခု တောင့်တတဲ့ အကြည့်တွေ နဲ့ကျွန်တော့်ကိုကြည့်နေတာကို မြင်ရတယ်။ သူတစ်ခုခုပြောချင်နေ သလိုပဲ။ အတန်ကြာမျက်ဝန်းချင်းဆုံကြည့်နေမိကြရင်း နစ်မျောနေတဲ့ ကျွန်တော် အနမ်းတစ်ခုကြောင့် လန့်နိုးသွားရပေါ့။

'Oh my god, I'm so sorry. Please don't tell anyone. I didn't mean to, it's just.......'

ပြီးတော့မှ အနမ်းတစ်ချက်ခပ်သွက်သွက် ခြွေပြီးတော့မှ သူအမှားတစ်ခုပြုမိသလိုအမူအယာတွေပေါ်လာတယ်။ သူ့ပါးပြင်ကို ညင်ညင်သာသာကိုင်တွယ်ပြီး အသာဆွဲယူလိုက်ကာ နွေးထွေးစိုစွတ်နေတဲ့ အနည်းငယ်တုန်ယင်နေတဲ့ နှုတ်ခမ်းအစုံကို တဖြည်းဖြည်းကျွန်တော့်နှုတ်ခမ်းဖြင့် ငုံစုပ်လိုက်ပါတော့ တယ်။ အနမ်းတစ်ခုဟာ အဆုံးအဆမဲ့ ခံစား ချက်တစ်ခုကိုပေးနိုင်မှန်းသူ့ကို နမ်းမိတဲ့ခဏ ကျွန်တော်သိလိုက်ပါပြီ။ သူ့မျက်ဝန်းတွေကလည်း ဒီအချိန်ခဏလေးကို တက်မက်မှုတူညီနေပုံပါ။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူဘာဖြစ်သွားတယ်မသိ ချက်ချင်းအမူအရာတွေ ပြောင်းသွားပြီး ခပ်သွက်သွက် 'bye' လို့နှုတ်ဆက်ကာ အိမ်ထဲဝင်သွားပါတော့တယ်။ 'Oh god, ကျွန်တော် သူ့ကိုခြောက်လှန့်လိုက်သလို မဖြစ်ပါစေနဲ့လို့မျှော် လင့်မိ' တာပဲ။ သူ့အနမ်းကိုပြန်လည် တုန့်ပြန်မိတာနည်းနည်းများလွန်သွားသလား တွေးရင်းအိမ်ကိုပြန်ရောက်ခဲ့ပါတယ်။ ဟူး.... .ပြန်လည်တွေ့ရဖို့ ဘယ်လိုများစောင့်ရပါ့မလဲ တစ်ရက်တိတိလေ။ သူ့မှာ Facebook account လည်းမရှိ၊ Myspace account လည်းမရှိ။ တော်တော်အသုံးမကျတာဘဲ....သူ့ဖုန်းနံပါတ်တောင် မတောင်းထားမိဘူး။ သူနဲ့စကား မပြော အဆက်အသွယ်မလုပ်ဘဲ ကျွန်တော် မနေနိုင် တော့ဘူး။

ပြတင်းပေါက်နားက ခုံမှာသွားထိုင်လိုက်၊ လမ်းမကိုလှမ်းမျှော်လိုက်လုပ်ရင်း အတန်ကြာလမ်းလျှောက် မိသေးတော့။ တခြားလူတွေလိုပဲ ကျွန်တော့်ရဲ့အိပ်မက်တွေကို မှတ်မိလေ့ အမှတ်ထင်ထင်ထားလေ့ မရှိပါဘူး။ ပုံမှန်အားဖြင့် မနက်ခင်း တွေမှာ ခွခေါင်းအုံးကို ခွလျက်စောင်တွေ ခုတင်ဘေးရောက်လျက် နိုးထလာတတ်ပါတယ်။ အခုမနက်မှာတော့ အိပ်မက် တွေထဲရောက်လာတဲ့ သူ့အသွင် ၊ ပြီးတော့ ကျွန်တော့်ပါးပြင်ကို နူးနူးညံ့ညံ့နမ်းသတဲ့လေ။ မနက် နိုးထချိန်ထိကျေနပ် ကြည်နူးနေမိတုန်းပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အိပ်မက်တွေထဲ သူပါလာပြီဖြစ်သည်။ ပြီးတော့အမှတ်ထင်ထင် မှတ်မိနေပြီ ပဲ။

အိပ်ယာကထ မျက်နှာသစ်ရင်း မှန်ကိုကြည့်မိစဉ်ခဏမှာတော့ စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်လာမိသည်လေ။ ကျောင်းအုပ် ကြီးရုံးခန်းကို သွားရမည့်ကျောင်းသားငယ်တစ်ယောက်လို ခံစားမိနေတာ။ ကျောင်း အုပ်ကြီးမျက်နှာ၊ သဘောထား ဘယ် လိုများဖြစ်နေမှာပါလိမ့်။ ကျွန်တော်တို့နှစ်ယောက်ကြားအတန်ကြာ များတိတ်ဆိတ်နေမလား။ သူရှောင်ဖယ်သွားရင်တော့ ရင်ဘတ်ထဲက နာကျင်မှုတွေဖြစ်ပေါ်ရမည်ပင်။

စာသင်ခန်းတံခါးမကို အသာတွန်းဖွင့်လိုက်တော့ ဦးဆုံးမြင်ရတာက မှန်ကြောင် စိုးဦး။ စာကိုကုန်းရေးနေတာကိုတွေ့လိုက် ရသည်။ တစ်တန်းလုံးစာအလုပ်ဆုံးသူဖြစ်ဟန် ပုံစံဖမ်းထားသည်မှာ အမြင်ကပ်စရာ။ စာမေးပွဲအဖြေရလဒ်များကျတော့ ကျွန်တော်နဲ့သိပ်မကွာပါ။ ဒီနေ့အတန်းထဲ လူသိပ်မများခပ်ကျဲကျဲဖြစ်နေသည်။ ရင်ဘတ်ထဲကနည်းနည်းနာပြီး စိတ်ထဲမှာ လည်း ၀မ်းနည်းနေမိသလိုခံစားနေရသည်ထင့် ကျောင်းသားအများစုထက်စောပြီး အတန်းထဲရောက်နေမိသည်။ ပထမ ဆုံးနေ့တွေက ထိုင်နေကျနေရာလေးမှာပဲ ထိုင်ကာ လူတွေဝင်ထွက်သွားလာနေတာကို ကြည့်နေဖြစ်တော့သည်။

'Great!' ကျွန်တော့်နှလုံးခုန်သံတွေများ ရုတ်တရက်ရပ်သွားသည့်အလား ခံစားလိုက်ရသည်မှာ သူစာသင်ခန်းထဲကို လှမ်း ၀င်လာတာကိုမြင်လိုက်ရစဉ်အချိန်လေးမှာပေါ့။ ဘယ်လိုများပြန်ဆက်ဆံရမှာလည်း၊ စကားစပြောရမှာလည်း၊ သူက ကျွန်တော့်ကို သေချာနမ်းတာမဟုတ်ဘဲ နှုတ်ခမ်းချင်းထိရုံနမ်းတာကို ကျွန်တော်က အားပါးတရပြန်နမ်းမိခဲ့တာလေ။ သူ့ မျက်နှာကိုမော့မကြည့်ဘဲ စာဖတ်နေသလိုလို နဲ့အောက်ကိုငုံ့ထားသလိုနှင့် နားအစုံကတော့ခြေသံ ကိုသာနားစွင့်ထား ရင်း နေမိရစဉ် သူ့ကိုယ်သင်းနံ့က တဖြည်းဖြည်းသင်းလာသလို သူခြေအစုံဖွေးဖွေးကိုလည်း စာသင်ခုံနားရပ်လိုက်တာကို မြင်လိုက်ရသည်မှ အပေါ်ကိုမော့ကြည့်မိလိုက်တော့တာ။ ပါးပြင်မို့မို့မှာ ပါးချိုင့်ကလေးတွေပေါ်အောင် အပြုံးတစ်ပွင့်ပေးရင် ကျွန်တော့်မျက်ဝန်းတွေကိုသူစိုက်ကြည့်တယ်။ ခရစ်မတ်ကာလမှာ သူလိုချင်တာကိုရတဲ့ ကလေးငယ်တစ်ယောက်ရဲ့အပြုံး မျိုးပေါ့။

'ဟေး'

'စာသင်ချိန်ပြီးရင် ညီတို့စကားနည်းနည်းလောက်ပြောကြရအောင်လေ'

စကားပြောတာများဘာဖြစ်တယ်မသိ တခြားသူတွေ နားထောင်နေလား၊ ဂရုထားနေလားကြည့်ပြီးမှ ကျွန်တော့်နားထိုင်ရင်း ခပ်တိုးတိုးပြောတယ်လေ။ ကျွန်တော်ကရော ငြင်းမတဲ့လား သူပြောတဲ့စကားဆိုရင်။ ဒီတော့လည်း ကျွန်တော့်နှုတ်ခမ်းမှာ အပြုံးပန်းတွေပေါ်ထွန်းရင်း 'No problem, I'm always be here to listen.' လို့ပြောမိရပေါ့ဗျာ။

ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ကောင်လေးပါလဲ။ ပန်းသွေးရောင်ထနေတဲ့ ပါးပြင်မို့မို့၊ အညိုရောင်မျက်လုံးရွဲကြီး တွေ၊ ပြီးတော့ ကလေးဆန်ဆန်သူ့ရဲ့အပြုအမူတွေနှင့် ၁၈နှစ်အရွယ်ကောင်လေးနေပိုင်ပါ။ စကားပြောနေတာကိုနား ထောင်နေရတာလည်း နားဝင်ချိုနေသလိုပါပဲ။

စာသင်ချိန်ကတော့ ပုံမှန်အတိုင်းသင်ရင်းပြီးဆုံးသွားတာပါ။ စာသင်နေတာကို အာရုံသိပ်မစိုက်မိဘဲ စိတ်ထဲဘာကိုကြည်နူး နေမိမှန်းမသိပါဘူး။ ရက်သတ္တပတ်ရဲ့ အဦးဆုံးနေ့ တနင်္လာဟာအတော်ပျင်းဖို့ ကောင်းသားပါ။ စာသင်တာကို အာရုံစိုက် လိုက် သူ့ကိုအကြည့်သူခိုးလုပ်လိုက်နေမိတော့ သူ့ရဲ့သတိမမူမိတဲ့ အချက်လေးတွေကိုသိလိုက်ရပါတယ်။ အဟင်း....... အတန်းချိန်ပြီးဆုံးသွားတော့ နှစ်ယောက်သားပြိုင်တူထရပ်မိရရင်း အတန်းထဲက ထွက်ခွာလာကြတာပေါ့။

'So, ဘယ်သင်တန်းသွားဖို့ရှိသေးလဲ ဒီနေ့?'

'မရှိဘူးကွ။ ပုံမှန်ကတော့ ဒီသင်တန်းချိန်ပြီးသွားရင် ကျောင်းမှာ Assignment တွေသွားတင်စရာရှိရင်သွားတယ်၊ မရှိရင် Gym ကိုသွားတယ်။ ဒီနေ့တော့ အနားယူမယ်လို့ စဉ်းစားထားတာ' ။ ပထမနှစ် အဝေးသင်စတက်ရပြီဖြစ်တဲ့ ကျွန်တော် သူ့ကိုလုပ်ရိုးလုပ်စဉ်တွေ ပြောပြနေမိပါပကော။

'ညီ့သင်တန်းကတော့ ခုနှစ်ချိန်လောက်ရှိတယ် တစ်ပတ်မှာ။ ဒါပေမဲ့ နေ့တိုင်းစောပြီးဖို့ပဲစိတ်ထဲရောက်နေ တတ်တာဗျ'။

'ကိုယ်ကတော့ တစ်ပတ်တစ်ကြိမ်တော့လစ်တာပဲ သိလား။ ဒီသင်တန်းကိုတော့ ခုနှစ်ကြိမ်လုံးပုံမှန်လာ တယ်၊ ပြီးရင် မင်းကို ကားမောင်းပို့ပေါ့လေ'

စကားပြောရင်း ပါးချိုင့်လေးပေါ်အောင်ပြုံးရင်းပြောတတ်တာ၊ ပြီးတော့ သူ့ရင်းနှီးနွေးထွေးတဲ့ဆက်ဆံမှု တွေအပေါ် စိတ်လှုပ်ရှားနေတာကို မပေါ်အောင်ဖုံးကွယ်ရင်းပြောဆိုနေရတယ်....ဟိ။

'I'd love that' တဲ့ကျွန်တော့်ပုခုံးပေါ်လက်ကိုနွေးနွေးထွေးထွေးတင်ရင်းပြောတယ်။ ပြီးတော့ 'ရန်မဖြစ်ဘူးဆိုရင်တော့ အိုကေတာပေါ့နော်' တဲ့ရယ်ပွဲဖွဲ့ပါသေးတယ်။

'အဲဒါက အရေးကြီးကိစ္စမဟုတ်ပါဘူးကွာ၊ မင်းအားရင် အပြင်ကိုအတူလျှောက်သွားကြတာပေါ့'

'ဟေး...ညီ့စကားတွေက အဆင့်ကျော်သွားသလိုများဖြစ်နေပြီလားမသိဘူး'

သူ့စိတ်ထဲမှာရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်းပြောမိပြီးကာမှ ရှက်နေသလားမသိပါးပြင်ပေါ် စတော်ဘယ်ရီ ရောင်တွေသန်း လို့ပါ။ ဒီတော့လည်း သူ့လက်တွေကို အသာပြန်ကိုင်ရင်း ချစ်သင်္ကေတပြလိုက်ရင်း ကျွန်တော့်ကားဆီလှမ်းလာခဲ့ကြ ပါတယ်။ ကားတံခါးကိုဖွင့်ပြီး နှစ်ယောက်သားဝင်ထိုင်လိုက်ကြ တာတစ် ပြိုင်နက်ကိုဖြစ်လို့။ ကားရေဒီယိုကိုဖွင့်ပြီးမှ ပြန်ပိတ်လိုက်ကာ 'မင်း ကိုယ့်ကိုဘာပြောချင်လို့လဲကွ' လို့သတိတရမေးလိုက်မိတယ်။

'Well....um' သူရှက်ရွှံ့မှုဖြစ်နေသလားမသိ မျက်ခုံးကို ကုတ်လိုက်၊ ဘောင်းဘီထဲလက်နှိုက်လိုက်နဲ့။ ပြီးမှ ခပ်ဖြည်းဖြည်း ထွက်လာတယ် စကားတွေက 'Well, I'm .......gay'

'Ah...no shit! နေပိုင်၊ ကိုယ်မင်းကို တခြားကောင်လေးတွေနဲ့ ဒီလိုမျိုးနမ်းတယ်လို့ မထင်ပါဘူးကွာ'

သူ့ပခုံးကို လက်သီးနဲ့ညင်ညင်သာသာထိုးလိုက်ရင်းအားတုံ့အားနာစကားဆိုလိုက်မိသည်။ အဲဒီအနမ်းတစ်ခုကြောင့် သူကျွန်တော်နှင့်ဆက်ဆံရာမှာ သိပ်မပွင့်လင်း မရင်းနှီးချင်တော့သလို ပြုမူလာမိသလားလို့ ကျွန်တော်ခံစားရသည်ကိုး။

'Well, ကျွန်တော် အဲဒီစကားကြားရလို့ ၀မ်းသာပါတယ်ဗျာ'

'I'm sorry Nay Paing, really. I am too, as I sure you know now. I mean.....I didn't exactly hesitate to kiss you again.'

'I just...'သူ့မျက်ဝန်းတွေဆီမှ မျက်ရည်တစ်ပွင့်ကြွေကျလာသည်။ သူဘာကိုခံစားနေမှန်း ကျွန်တော်နားလည်ရပါသည်။ 'ညီ...ညီလေ အဲဒီအကြောင်းကို တစ်ယောက်ယောက်ကို ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ကျွန်တော့်သူငယ်ချင်းတွေ အားလုံး ကလည်း နားလည်မှုပေးနိုင်မှာမဟုတ်ဘူး။ I just.....need someone' သူ့စကားသံတွေဟာ ကျွန်တော့်ရင်ထဲ စိတ် ၀ိညာဉ်ထဲအထိ ထိခတ်ရသည်။ ကျွန်တော့်အတွက်ကရော ထို့အတူပဲ မဟုတ်ပါလား။

ကောင်လေးရဲ့ပခုံးအစုံကို လက်နဲ့ညင်ညင်သာသာကိုင်တွယ်ပြီး ရင်ခွင်ထဲအပြည့်ဖက်တွယ်လိုက်ကာ သူ့ဆံပင်တွေကို ပွတ်သပ်ပေးမိရသည်။ 'အဲဒီအတွက် မင်းသိပ်မခံစားပါနဲ့ကွာ၊ အိုကေသွားမှာပါ' သူ့ မျက်ဝန်းက မျက်ရည်ရစ်ဝဲနေဆဲအပြင် ကျွန်တော့်မျက်ဝန်းတွေဆီ အနက်ရှိုင်းဆုံးစိုက်ကြည့်နေပြန်သည်။

'ကိုယ်မင်းကိုဘယ်တော့မှ ခွဲခွာသွားမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်ငါ့ကိုပြောပြနိုင်ပါတယ်။ ကဲမင်းဖုန်းကို ခဏလောက် ကြည့်ရအောင်'

အိတ်ကပ်ထဲက ဖုန်းကိုဆွဲထုတ်ကာ ကျွန်တော့်ကိုအသာပေးသည်။ Hand Phone ကမဟူရာရောင်တောက်နေသည်မှာ လက်နေသည်။ ကျွန်တော့်ဖုန်းလို အဖြူဆွတ်ဆွတ်မဟုတ်။ဖုန်းနံပါတ်ကို သူ့ဖုန်းရဲ့ လိပ်စာမှတ်တမ်းမှာ ထည့်လိုက်ကာ ကျွန်တော့်ဖုန်းကိုတစ်ချက်ခေါ်လိုက်သည်။ vibrate လုပ်ထားရုံဆိုတော့ အသံမမည် သူ့ဖုန်းနံပါတ်ကိုရလိုက်ပြီပေါ့။

'ရော့....ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းခေါ်ချင်ခေါ် message ပို့ချင်ပို့ပေါ့။ ဖုန်းအမြဲကိုင်ထားတယ်'

ဘယ်လိုပဲဖြစ်ဖြစ် ချစ်စရာညီငယ်လေးလိုရော သူ့အပေါ်သပေါထားမိတာကြောင့် ပါးပြင်အိထွေးထွေးကို တစ်ချက်ကိုင် ဖျစ်ညှစ်မိရရင်း သူ့မျက်ဝန်းက အေးငြိမ်းသက်သာသွားမှုကို စူးစမ်းရသေးတယ်။ ဘယ်လောက်တွယ်ငြိစရာ ကောင်းတဲ့ ကောင်လေးမှန်းကိုမသိဘူး။ ကျွန်တော်ကားကိုကျောင်းဝင်းထဲက အေးဆေးသက်သာမောင်းထွက်လိုက်ပြီးသကာလ သူလမ်းလျှောက်ထွက်လာတတ်တဲ့ လမ်းဘက်ကိုမောင်းလာမိပေါ့။

'So, မင်းဘယ်မှာနေတာကို အတိအကျပြန်ပြောပြပါဦးကွ'

သူ့ကိုပြန်ပြီးမေးရပါတယ် သူ့လိပ်စာကိုပေါ့။ မနေ့တွေက သူ့အနမ်းကိုပဲ တမ်းတနေဖြစ်တော့ အရာအားလုံးမေ့လျော့ကုန် တာတော့အမှန်။ ဒီတော့လည်း ကောင်ငယ်လေးက သူ့အိမ်ကိုလမ်းညွှန်ပေးရင်း ကျွန်တော့်ဘေးကထိုင်ကာ လိုက်ပါလာ ပါတော့တယ်။ ကျောင်းဝင်းနဲ့သိပ်မဝေးတဲ့ လှိုင်ထဲမှာပဲနေတာပါ။ သူ့အိမ်ဝင်းထဲက စဉ့်ဝင်အောက်မှာ အသာဘေးကပ်ရပ် ပေးလိုက်ရင်း ကားကိုစက်သပ်လိုက်တာပေါ့လေ။

'အစ်ကို.....အိမ်ထဲလိုက်ချင်မလားပဲ?'

သူ့အမေးက ကျွန်တော့်ကိုလိုက်ခဲ့စေချင်တဲ့ လေသံမျိုး။ ဒီတော့လည်း 'Sure' လို့တုန့်ပြန်မိရသပေါ့။

အိမ်လေးကနှစ်ထပ်တိုက်ပုလေးပါ။ နှင်းဆီပန်းရုံတွေနဲ့အပြည့်၊ အိမ်နောက်ဘက်ခပ်လှမ်းလှမ်းမှာ ပိန္နဲပင် နှစ်ပင်သုံးပင် ဒါန်းလေးတောင် ဆင်ထားလိုက်သေးတယ်။ အတူတူ သူ့အိမ်ထဲလျှောက်လှမ်းသွားခဲ့ကြတယ်၊ ပြီးတော့ သူ့အိပ်ခန်းရှိရာစီ ကို ဦးဆောင်ခေါ်သွားသည်ပေါ့ ကျွန်တော့်ကိုလေ။ သူ့အိပ်ခန်းတံခါးကို ဖွင့်လိုက်လို့ခြေစလှမ်းဝင်ပြီးတာနဲ့ ကျွန်တော် သူ့ခုတင်ဆီကို တန်းပြေးသွားပြီး အိပ်ယာပေါ်ကိုခုန်တက်ပစ်လိုက်တယ်။ တကယ့်ဆယ်ကျော်သက်တစ်ယောက်ရဲ့ အခန်းအစစ်အမှန်ပဲ။ IC တီးဝိုင်းရယ်၊ ပြီးတော့ Aerosmith တီးဝိုင်းနှစ်ခုရဲ့ ပိုစတာကြီးတွေက နံရံမှာ ခပ်စောင်းစောင်း ကပ်ထားသလို ဓာတ်ပုံသေးသေးလေးတွေလည်း အများသား။ အိပ်ယာပေါ်မှာ queen size မွေ့ယာကအထူကြီး၊ ခုတင် ဘေးမှာလည်း ကအလန်းသား။ အိပ်ယာပေါ်မှာ ကျွန်တော်လှဲနေမိတော့ သူလည်း ကျွန်တော့်ဘေးမှာ အသာဘေး တစောင်းလှဲလျောင်းလေရဲ့။

'အစ်ကိုနဲ့ စကားပွင့်ပွင့်လင်းလင်းပြောချင်တယ် ရမလားဗျ?'

'Sure'

'အစ်ကို ကိုယ့်ဟာကိုယ် gay ဆိုတာ ဘယ်အချိန်က အဦးဆုံး သတိထားမိလဲ?'

'အမ်.... ကိုယ်ငယ်ငယ်လေးကတည်းက သံသယရှိခဲ့တာပါ။ အင်တာနက်မှာ ကိုယ်တုံးလုံးနဲ့ယောက်ျားလေးမော်ဒယ် တစ်ယောက်ကို ပထမဆုံးမြင်လိုက်ချိန်မှာ နည်းနည်းသေချာလာသလိုပဲ။ သူ့ပုံကိုပဲကြည့်ပြီး ငြိမ်နေမိတာ။ အတွေးထဲမှာ ဘယ်လိုရှိလဲဆိုတော့ 'hell, မိန်းကလေးတွေထက် ပိုမိုက်တယ်ပေါ့'

' မင်းကရော ဘယ်လို စသတိပြုမိလဲ?'

'တခြားယောက်ျားလေးတွေ မိန်းကလေးတွေကို ဘယ်လိုမြင်သလည်းတော့မသိဘူး။ ဘယ်လောက်ကြည့်ကောင်းတဲ့ သူတစ်ယောက်ဖြစ်နေပါစေ သန့်ရှင်းမှုမရှိဘူးလို့ပဲ စိတ်ထဲထင်နေမိတယ်။ ကိုယ်နံ့၊ သူတို့အပြုအမူတွေကအစပေါ့ဗျာ။ မူယာမာယာများနေသလိုပဲ။ ယောက်ျားလေးတွေကိုပဲ သဘောကျတယ်။ သူတို့ရဲ့ကျစ်လစ်သန်မာတဲ့ ကိုယ်ခန္ဓာ၊ ခပ်ကြမ်းကြမ်းအသားအရေ၊ ပြီးတော့ သူတို့အစိတ်အပိုင်းအားလုံးကို သဘောကျတယ်။'

မလှုပ်မရွေ့ကျွန်တော့်ဘက်ကိုတစ်ခြမ်းစောင်းပြီးငေးနေ စကားပြောနေတဲ့သူ့ဘက်ကို လှိမ့်သွားကာ မျက်ဝန်းညိုတွေ ကိုစိုက်ကြည့်ကာ စိတ်ထဲရွှင်မြူးနေတဲ့အတွေးနဲ့ 'You fag!' လို့ပြောပစ်လိုက်တယ်။

ဟာ....ဟ ကျွန်တော့်ပခုန်းကို တွန်းလှဲပြီးတော့သူကလည်း 'Shut up, you are too!' တဲ့။ နှစ်ယောက်သား အိပ်ယာ ပေါ်မှာ လုံးထွေးနေမိကြပြီး အနမ်းတစ်ခုနဲ့အဆုံးသတ်ခဲ့ကြပေါ့။အို....မီးရှုးမီးပန်းတွေပေါက်ကွဲနေသလိုပဲ အနမ်းကြော ရှည်မိကြသလို နှစ်ဦးသားလက်တွေက တစ်ယောက်စီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပွတ်သပ်ကိုင်တွယ်ကြတာလေ။ ဒါပေမဲ့သူရုတ်တရက်အနမ်းကိုဖျက်လိုက်ပြီး ကျွန်တော့်ကိုသူ့ရင်ခွင်ထဲ ဆွဲဖက်ထားပါတော့တယ်။ ကျွန်တော့်စိတ်ထဲ အသဲထဲမှာ ဘယ်လောက်ချစ်မိသွားသလဲ ပြောပြလို့မရလောက်အောင်ပါ။ ဒီလိုအချိန်လေးကို ကျွန်တော်စောင့် စားခဲ့ မိတာကြာလှပေါ့။ သူ....သူ့မျက်ရည်တွေဝဲပြီး ပြောတဲ့စကားတွေက တုန်ယင်စပြုလာတယ်။ 'ညီ...ညီ' စကားတစ်ခု ပြောဖို့ တုန့်နှေးနေတယ်။ 'ညီ...အစ်ကို့ကိုချစ်မိပြီထင်တယ်'

'I love you too.' သူ့နားရွက်နားကို အသာတိုးကပ်ရင်း တုန့်ပြန်မိရပေါ့။ ကျွန်တော်သူ့ကိုချစ်ခဲ့သည်မှာ ကြာပြီပဲ။ အခုမှတုန့်ပြန်မိသည့်အဖြစ်။ 'ကိုယ် ဒါကို ဒီစကားကို စောင့်စားနေတာမျှော်လင့်နေတာ ကြာလှပါပြီ။ မင်းကို ကိုင်တွယ်ဖက်တွယ်ခွင့်လေးရယုံပဲဖြစ်ဖြစ်ပေါ့'

နှစ်ယောက်သားနွေးထွေးစွာ တင်းကျပ်စွာ တက်မက်မှုအပြည့်ဖြင့် ဖက်တွယ်ထားမိကြတယ် လွတ်ထွက်သွားမှာစိုးသည့် အလား။ တဖြည်းဖြည်းနဲ့ သူ့ရင်ခွင်ထဲ အိပ်ပျော်သွားတာ နောက်ဆုံး သတိထားမိလိုက်ရတယ်။ ဟိုးအရင်ကလိုပဲ နိုးလိုက် အိပ်ပျော်လိုက်ဖြင့် ဖက်လုံးကိုဖက်တွယ်ထားသတဲ့ မသိစိတ်မှာ။ တကယ်တော့ အဲဒါနေပိုင်ဆိုတဲ့ကောင်လေးဖြစ်နေခဲ့တာ။ ဒါ အိပ်မက်မဟုတ်ဘူး၊ သူမှသူအစစ်အမှန်ဖြစ်နေပြီပေါ့။ သူ့ကိုရင်ခွင်ထဲ ဆွဲဖက်ပစ်တော့ သူနိုးနှင့်နေပြီပဲ။

'မင်္ဂလာနံနက်ခင်းပါ......အမ်း...မင်္ဂလာရှိတဲ့ နေ့လည်ခင်းဖြစ်ပါတော့မယ်' ချစ်စဖွယ်အသံလေးနဲ့ စနောက်တယ်။

'ကိုယ်လွတ်လွတ်လပ်လပ် အိပ်ပျော်သွားတာကို မင်းတစ်ခုခုအခွင့်အရေးမယူလိုက်ပါဘူးနော်'

'Hmm...May be'

နှစ်ဦးသားရယ်မောလိုက်ကြတယ်။ ကလူကျီစယ်မှုတွေနှင့် နှုတ်ခမ်းဖျားဆီ အနမ်းများဖူးပွင့်ကြပြန်ပေါ့တစ်ခါ။

'ညီလေ အစ်ကို့ကို ရှာတွေ့ခဲ့တာကိုဝမ်းသာတယ်၊ ပြီးတော့ အစ်ကို့ကို gay လို့ဘယ်တုန်းကမှမထင်ခဲ့မိဘူး။ ပိုပြီး ခင်မင်ရင်းနှီးဖို့ကိုပဲ မျှော်လင့်နေမိတာ'

'ကိုယ်လည်းမင်းလိုပါပဲ၊ ဒါပေမဲ့ ကိုယ်ကတော့ မင်းကိုသံသယနည်းနည်းဝင်ခဲ့တယ်' ရယ်ရယ်မောမောနဲ့ ပွင့်ပွင့်လင်း လင်းပြောလိုက်တော့လည်း သူ့ပါးတွေပန်းသွေးရောင်ပြောင်းကာ ရှက်သွားတယ်ထင်ပါရဲ့။

'Shut up!'

ရုတ်တရက် ငြိမ်သက်သွားရင်း သူဘယ်လိုခံစားနေရတယ်ဆိုတာကို ပြောဖို့ ချီတုံချတုံဖြစ်နေပြီးကာမှ 'အစ်ကို့ကို တစ်ကယ်ချစ်တာနော်၊ အစ်ကိုလည်းကျွန်တော့်လိုပဲ ခံစားရမယ်လို့ မျှော်လင့်ပါတယ်။'

ဘယ်လောက်ကျေနပ်မိသလည်း မပြောပြတတ်ပေမဲ့ ကျွန်တော်လည်းသူ့ကိုတကယ်ချစ်ခဲ့ပြီပေါ့။ 'ချစ်ပါတယ်၊ ကိုယ့်ရင်ထဲကလည်းမင်းနဲ့ထပ်တူပါပဲ။ မင်းကို အရမ်းချစ်တယ် နေပိုင်ရာ'

'ဘာအကြောင်းပဲရှိရှိ မင်းအတွက် အမြဲကိုယ်ရှိနေမယ်၊ မင်းသိနေတဲ့ကိုယ်ပဲဖြစ်နေရစေမယ်၊ ဘယ်လိုကြောင့် မင်းနဲ့တွေ့ဆုံခဲ့ရတယ်ဆိုတာ မမှတ်မိတော့ပေမယ့် ဒီသင်တန်းတက်ရင်းနဲ့ သူငယ်ချင်းဖြစ်ခဲ့ကြတယ်'

'အခုတော့ ဒီထက်ပိုလာပြီလား?'

ကျွန်တော်အတိတ်က အဖြစ်တွေကို ပြန်ပြောင်းပြောရင်း စကားဆိုနေမိပြန်တော့ သူက အတိတ်အခြေအနေကို ပြန်မလှန် ချင်ဟန်။

'ညီတို့အချစ်က အပေါင်းအသင်းစိတ်ဓာတ်အပေါ်အခြေခံခဲ့တယ်ဆိုတာ ၀န်ခံနေပြီလို့ထင်တာပဲ'

ကျွန်တော်အိပ်ယာပေါ်ကနေ အသာထ သူ့ကိုလည်းအသာဆွဲထူရင်း စကားမဆိုမျက်ဝန်းတွေ စိုက်ကြည့်နေမိကြရော။ သူ့ပုခုန်းပေါ်လက်တစ်ဘက်တင်လိုက်ကာ 'မင်းငါ့ရဲ့ bf ဖြစ်သင့်တယ်' ပြီးတော့လက်တစ်ဖက်ကို သူ့ပုခုန်းပေါ်ထပ်တင် လိုက်ရင်းဆွဲညှစ်လိုက်ကာ 'and my bitch' လို့ဟာသနှောမိရပေါ့။

ကောင်လေးရှက်ရမ်းရမ်းကာ တွန်းထုတ်ပြန်တော့လွှတ်မပေးဘဲ ဆွဲဖက်ပစ်လိုက်တာ။ သူ့ပုခုန်းထက်ခေါင်းကိုမှီလိုက်ရင်း နားရွက်ကိုအသာကိုက်၊ နားရွက်ဖျားလေးကိုလျှာနဲ့ကစားရင်း ကလူ၏သို့မြူ၏သို့ လုပ်နေမိတာတွေဟာ ဟန်ဆောင်ငြိမ် သက်နေတတ်တဲ့ လူအေးကြီးကျွန်တော့်ရဲ့ အချစ်စိတ်ပွင့်လင်းလာမှုပေါ့သူ့အပေါ်ကို။

'မင်းကို ဘ၀ဆိုတဲ့ဟာထက် ပိုချစ်တယ်ယုံ'

နောက်ဆုံး....နောက်ဆုံးတော့လည်း ကျွန်တော်အမြဲမျှော်လင့်ခဲ့တဲ့၊ တစ်ယောက်သောသူကို ကိုင်တွယ်ချင်၊ ဖက်တွယ်ချင်ခဲ့၊ တစ်ယောက်သောသူကို ချစ်ချင်ခဲ့၊ အချစ်ခံချင်ခဲ့တဲ့၊ တစ်ယောက်သောသူက ကျေနပ်ကြည်နူးစေသလို ကျွန်တော်ကလည်း ကျေနပ်စေချင်ခဲ့တဲ့ဆန္ဒတွေ ခံစားချက်တွေကို ရရှိပိုင်ဆိုင်ခဲ့ပါပြီ။

ဘ၀တစ်ခုလုံးကို ခံစား......

ဘ၀တစ်ခုလုံးစာကို ကျွန်တော်ခံစားလိုက်ရပါပြီ.....။


စာကြွင်း။             ။ ဘာရယ်မဟုတ်စိတ်ထဲခံစားမိတာလေးကိုရေးလိုက်မိတာပါ။ ဖတ်ရတာအဆင်မပြေဘူးဆိုရင်တော့ စာဖတ်သူတွေကို I'm sorry for your time.


No comments: