Thursday, November 25, 2010

ချစ်ခြင်း၏ နောက်ကွယ် (Part I)

'တွီ....တွီ'

'ကောင်းကင်ပါ....အော်...ပြော ငါ့ကောင်'

'အေးပါ သူရရာ မင်းသာအဆင်သင့်ပြင်ထား ငါအ၀တ်လဲပြီးထွက်လာတာနဲ့ မင်းကိုဝင်ခေါ်မယ်...အေး'

'၈နာရီအတိမင်းဆီလာမှာနော်....ငါအ၀တ်အစား ၀တ်လိုက်ဦးမယ် ဒီမှာဘာမှမ၀တ်ရသေးလို့ ဟိုဘက်ကကောင်တစ်ကောင် ငါ့ကိုလာကြည့်နေတယ် ဒါပဲ'

သောက်ရမ်းစိတ်တိုတယ်။ ဟိုကောင် သူရကိုတော့ မဟုတ်ပါဘူး။ ဖုန်းလိုင်းမမိလို့ ၀ရံတာထွက်ပြီး ဆက်မိပါတယ် ထုံးစံအတိုင်း မျက်နှာခြင်းဆိုင်တိုက်က ကောင်လေးတစ်ယောက် ကျွန်တော့်ကို ခိုးကြည့်နေတာကို သတိထားလိုက်မိတာကြောင့်။ ၀တ်ထားတဲ့ အောက်ခံဘောင်းဘီအနီရဲကိုပဲ စိုက်ကြည့်နေတာများ ကျွန်တော် သူ့ကိုပြန်ကြည့်နေတာကိုပင် မသိ။

စိတ်တိုတိုနှင့် ၀ရံတာတံခါးကိုဆွဲပိတ်ပြီး အခန်းထဲဝင်လာလိုက်တယ်။ ဖွင့်ထားတဲ့ သီချင်းလည်း ပိတ်၊ ခုတင်ပေါ်မှာရော ဗီရိုတွေမှာပါဖွ ထားတဲ့အ၀တ်တွေကိုကြည့်ပြီး ထိုင်နေမိတာပေါ့ ခဏတော့။ လူတွေဘာကြောင့် ကျွန်တော့်ကိုအာရုံစိုက်ကြသလဲ အားကစားပုံမှန်လုပ် တဲ့အတွက် ကြံ့ခိုင်တဲ့ ကျွန်တော့်ကိုယ်ခန္ဓာပုံရိပ်ကြောင့်လား? သပ်သပ်ရ့ပ်ရပ်ဖက်ရှင်ကျကျဝတ်ဆင်တတ်တဲ့ အတွက်ကြောင့်လား? ၀ူး...ကျောင်းသွားဖို့ အမြန်ပြင်ဆင်တာပဲကောင်းတယ်။

x x x

'မင်းတို့သိပြီးပြီလားကွ? ဒီကျောင်းက ပြင်သစ်မေဂျာကိုပြောင်းလာတဲ့ ကောင်းကင်ဆိုတဲ့ ဘဲက အရမ်းချောဆိုပဲ၊ ပိုက်ဆံလည်း ချမ်းသာ တယ်တဲ့'

'မိန်းကလေးတွေမပြောနဲ့ ယောက်ျားလေးအချင်းချင်းတောင်ပြန်လှည့်ကြည့်မိကြတဲ့အထိတဲ့ကွ'

'အဲဒါတော့ပိုပြီကွာ ယောက်ျားအချင်းချင်းကြည့်စရာလားအဲဒီလောက်'

'ဟေ့ကောင် ဖန်လ်လုံး မင်းကလည်း စကားလေးဘာလေးဝင်ပြောပါဦးကွ၊ မင်းကြည့်လိုက်ရင် စာပဲ..ဒါကြောင့်မင်းကောင် စစ်အောင်က စာလောက် သူ့ကိုမချစ်ဘူးတဲ့'

ယောက်ျားလေးတစ်ယောက်အကြောင်းကို တစ်ခြားယောက်ျားလေးတစ်ယောက်က အထူး တလည်ပြောနေပြီဆိုရင်တစ်ခုခုတော့ တစ်ခု ခုပဲလို့ လူတွေတွေးထင်ကြမှာအမှန်ပါ။ ကျော်ကျော် ဆိုတဲ့ သူငယ်ချင်းကတော့ ကျောင်းမှာအပ်ကျတာကအစသတင်းလုပ်ပြောတတ်သူ ဆိုတော့ ဘာရယ်မဟုတ်ပြောပြနေခြင်းသာ။ ကိုယ့်ဘာသာ လက်ချာချိန်ရောက်ရင် အဆင်ပြေပြေစာလိုက်နိုင်အောင် စာအုပ်လှန်ပြီးဖတ် နေတဲ့ လူကိုတောင် သူတို့စကားဝိုင်းထဲဆွဲထည့်နေရဲ့။

လာလာချည်သေး ကောင်းကင်မြင့်မိုရ်ဆိုတဲ့ကောင်ကို မြင်ရင် သူတို့ပြောသလို နှစ်ခါလောက်တော့လိုက်ကြည့်မိမှာအမှန်ပဲလောင်း မလားဆိုတာကမပါမဖြစ်။ သူ့ဘာသာ ဘယ်လောက်ချောမောလှပချမ်းသာနေနေ ဘာဆိုင်လည်းလေ ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့။ စစ်အောင် ထက်သာတယ်ပြောရအောင် ငါ့ချစ်သူငယ်ချင်းထက်ဘယ်သူမှမသာနိုင်ဘူးလို့တွေးမိရရင်း ပြန်ငြင်းခုန်မိပါတယ် လုံးဝ မကြည့်ရင်ဘာ ပေးမလဲသူတို့လို့လေ။

ဟော ကားနီလေးတစ်စင်း ကျောင်းဝင်းထဲချိုးကွေ့ဝင်လာတယ်။ လုံးဝဂရုတစိုက်မကြည့်ဖြစ်ပါ။ မျက်ဝန်းထဲ အရောင်တောက်တောက် ကား တစ်စင်းလို့သာအမှတ်ထားမိပါတယ်။ ကျော်ကျော်တို့စကားဝိုင်းကနေ အကုန်ကြားနေရတာ ကောင်းကင်ရဲ့ကား မိုက်တယ် ဘာဝတ်ထားတာကွ ကြည့်ကြည့် သူကင်(န်)တင်းဘက်ကိုလာနေပြီစသဖြင့်။

ဘာရယ်မဟုတ် မျက်လွှာပင့်ကြည့်လိုက်တော့ အဲဒီကောင်နားကို ဂျပန်မေဂျာက စိုင်းလင်းက ချဉ်းကပ်သွားပြီး အတူပါလာတဲ့ စာအုပ် တွေကို လှမ်းယူကာ မိတ်ဆက်စကားဆိုနေတာကို ကြားရတယ်။ သူ့နာမည်ကဘယ်သူ အစ်ကိုနဲ့အပြင်မှာတွေ့ရင် နှုတ်ဆက်ပါရစေ စသဖြင့်ပေါ့။

'ဟေ့ကောင် ဖန်လ်လုံး မင်းပြောတော့ မကြည့်ပါဘူးဆို မင်းအခုရှုံးသွားပြီနော် ဟား...ဟား'

'မရှုံးပါဘူး ဘာလို့ရှုံးရမှာလဲ ဒီကောင်းကင်က သူ့ဖာသာဘာကြီးဖြစ်နေနေ ငါဂရုမစိုက်ပါဘူး ငါနဲ့ဘာဆိုင်လို့လဲ '

'ဟို စိုင်းလင်းဆိုတဲ့ကောင်က သိက္ခာမရှိချဉ်းကပ်မိတ်ဖွဲ့တာကို ကြားမိလို့ အံ့သြပြီးနားထောင်မိတာ ကြည့်မိတာ'

x x x

'စာအုပ်တွေ ကူသယ်ပေးပါရေစေ၊ ကျွန်တော့်နာမည်က 'စိုင်းလင်း'ပါကောင်းကင် လမ်းမှာတွေ့ရင်နှုတ်ဆက်ပါနော်'

'ကျေးဇူးပါ စိုင်းလင်း ငါသွားတော့မယ်နော်...နောက်မှတွေ့ကြတာပေါ့ကွ..'

ကျွန်တော် ကားကို ကျောင်းဝင်းထဲ အသာမောင်းကွေ့ပြီးဝင်လာလိုက်တာ လူတွေအတော်များများရဲ့မျက်လုံးတွေက ကားဆီကိုစူးစိုက် လာကြပါရောလား။ ဗီဒီယိုကားတွေထဲကလို မိန်းမချောလေးတစ်ယောက် ကားမောင်းပြီးကျောင်းဝင်းထဲဝင်လာတာကို ကျောင်းသား ကျောင်းသူတွေက ၀ိုင်းကြည့်ကြတယ်ဆိုရင်လည်းတစ်မျိုးပေါ့။ အခုဟာက တစ်မျိုးပဲစိတ်ထဲနည်းနည်းခုမိပါတယ်။

'စိုင်းလင်း'တဲ့ ဖြူဖြူသန့်သန့်ကောင်လေးတစ်ယောက် ကျွန်တော်ကားရပ်ပြီးဆင်းတဲ့နားကို ချဉ်းကပ်လာတယ်။ ရွှံဗွက်တစ်ချို့ကြောင့် ၀တ်လာတဲ့ရှူးကိုပေမှာစိုးလို့တုန့်ဆိုင်းနေချိန်မှာ စာအုပ်တွေကို ကူသယ်ပေးရင်း မိတ်ဆက်လာတာပေါ့။ အင်း...မဆိုးပါဘူး။

မနက်စာစားပြီးသားပေမဲ့ သူရကိုကျောင်းဝမှာချခဲ့တာ သူ့ကိုစောင့်ရင်း စာသင်ခန်းထဲမ၀င်ချင်သေးတာနဲ့ ကန်(န်)တင်းဘက်ကိုချိုးကွေ့ ပြီးလျှောက်လာလိုက်ပါတယ်။ ကျွက်စီကျွက်စီ စကားပြောနေတဲ့ ရွယ်တူကောင်လေးအုပ်စုနားအရောက်….

'ဒီကောင်းကင်က သူ့ဖာသာဘာကြီးဖြစ်နေနေ ငါဂရုမစိုက်ပါဘူး ငါနဲ့ဘာဆိုင်လို့လဲ'

ပြောလိုက်သူကို လှမ်းအကဲခတ်ကြည့်လိုက်တော့ ကျွန်တော့်ကို တစက်လေးမှမကြည့်ဘဲ စာအုပ်ကိုသာ အာရုံစိုက်ကာ ပြောနေသည့် အနေအထားကြောင့် စိတ်ထဲတော်တော်ကို တင်းကနဲဖြစ်မိသွားပါတယ်။

လူတွေအားလုံး အရေးတယူပြောဆိုဆက်ဆံခံနေရတာကို သာယာနေသည်တော့မဟုတ်ပေမဲ့ လူတစ်ယောက်က ကိုယ့်အပေါ်ဒီလို ပြောလိုက်တော့ နည်းနည်းတော့ အံ့သြမိသွားသည်ပဲ။ အမှန်တကယ်ဝန်ခံရမည်ဆိုလျှင် အံ့သြတာထက် ဒေါသထွက်တာဆိုပိုမှန် လိမ့်မည်။

ကျွန်တော့်အတွက် အရေးမပါတဲ့မှတ်ချက်ဖြစ်ပေမဲ့ ဘာကြောင့်ဒေါသထွက်သွားမှန်းမသိ သူ့ကိုမြင်လိုက်ချိန်မှာ။ ကျွန်တော် တစ်ခုခုလုပ ဖို့ဆုံးဖြတ်လိုက်သည်။ တိုက်ဆိုင်စွာပဲ ကျွန်တော့်အတန်းထဲက မိုးမြင့် မျက်နှာခြင်းဆိုင်က လျှောက်လာတာကို မြင်လိုက်ရသည်တွင် ခေါင်းထဲလက်ကနဲ အကြံတစ်ခု ဖြစ်ပေါ်သွားမိပါရဲ့။

'မိုးမြင့် ဟိုအင်္ကျီဖြူဖြူလေးဝတ်ပြီး စာအုပ်ငုံ့ဖတ်နေတဲ့ကောင်လေးတွေ့လား သူတို့အုပ်စုနား ငါ ဖြတ်လျှောက်သွားမယ်၊ အဲဒီ ကောင်လေးနားရောက်ရင် တွန်းလိုက်နော်'

'အိုကေ'

x x x

'အား....'

'မင်းဘယ်လိုလုပ်လိုက်တာလဲကွ...လူတစ်ယောက်လုံးမမြင်ဘူးလား'

'ဆောရီး...ဆောရီးပါဗျာ စနောက်ရင်း သူဘေးကတွန်းလိုက်တာကို ရှောင်ရင်းဖြစ်သွားတာပါ'

စာတွေရလို့ ၀မ်းသာအားရဖြစ်ကာ သူငယ်ချင်းတွေဆီစကားပြောမယ့်ဟန်ပြင်ရင်း ဒီနေ့မနက်မှာ မေမေ၀ယ်ပေးလိုက်သော ကတ္တီပါ ဖိနပ်အညိုလေးကို တစ်ချက်ကြည့်စဉ်မှာ မီးစနှင့်ထိုးလိုက်သလို ဖိနပ်မာမာနှင့် ခြေဖျားတွေကို အနင်းခံလိုက်ရပါတယ်။ ဖွေးဖွေးဖြူနေ သော ခြေဖျားလေးတွေဟာ ရွှံ့မြေတွေနှင့် ညစ်ပတ်ကုန်ရော။ စိတ်ထဲထောင်းကနဲ ဖြစ်သွားတာကြောင့် ဖိနပ်နှင့်နင်းသူဘယ်သူလဲ ခပ်မာမာကိုမော့ကြည့်ပစ်လိုက်ပါရဲ့။

ပြောင်လက်နေသော သားရေသားနှင့် ချုပ်ထားသော သားရေရှူးဖိနပ်ကို အဦးသတိပြုမိတယ်၊ ချည်သားဘောင်းဘီ ခပ်ပျော့ပျော့က မာကျစ် ကျစ် ခြေသလုံးသားကို ထိခပ်လို့။အပေါ်တဖြေးဖြေး မော့ကြည့်တော့ ခရမ်းရောင် ရှပ်အကျပ်နဲ့ လက်မောင်းကြွက်သားများက အထင်းသား။ မျက်နှာ....ကောင်းကင်ဆိုတဲ့လူပဲ။ မျက်ဝန်းတွေက စူးရှတောက်ပနေသလို တောင်းပန်တိုးလျှိုးနေတဲ့အမူအရာကဲနေတဲ့ ဟန်။

လူတစ်ယောက် အထူးသဖြင့် သူလိုလူက ပြောလာမှတော့ စိတ်ကိုပြန်လည် လျော့လိုက်မိပေါ့။ သူငယ်ချင်းတွေက ဘာမှဝိုင်းမပြောပေမဲ့ သူထိုင်ဖို့ခုံနေရာကိုဖယ်ပေးကြပါတယ်။ ကောင်းကင်ဆိုတဲ့ လူက အသာထိုင်လိုက်ရင်း မိတ်ဆွေဖွဲ့စကားတွေ မိတ်ဆက်တာတွေ လုပ်တာကြောင့် ထိုင်နေတဲ့ဝိုင်းကလေးက စိုစိုပြေပြေဖြစ်သွားပါရော။

ကောင်းပါတယ်....ခင်မင်ဖို့ကောင်းမယ့်ပုံစံပါပဲ။ ဒါပေမဲ့ မာနအရောင် နှင့်အတူ မာန်ဟုန်ပြင်းပုံရပါတယ်လေ။

'ရပါတယ် ဖန်လ်နေ၀န်းပါ ဂျာမန်မေဂျာကပါခင်ဗျ၊ လာလည်လို့ရပါတယ်'

'ဟုတ်ကဲ့...နောက်နေ့တွေမှာ တွေ့ကြတာပေါ့နော'

'ဘိုင့်....bye'

x x x

ကောင်းကင်ကိုဒီလိုပြောလို့ဘယ်ရမလဲ စိတ်ထဲက တစ်ခုခုလုပ်ချင်စိတ်ကြောင့် ခပ်သွက်သွက်အစီအစဉ်တွေနဲ့ လှမ်းသွားတဲ့ ကျွန်တော် သူ့ခြေထောက်ဖြူဖြူလေးကို တက်နင်းမိစဉ်မှာတော့ ထူးဆန်းစွာ ရင်ထဲ တထိတ်ထိတ်နဲ့။

'အား...' ဆိုတဲ့ တိုးဖျော့ဖျော့ အသံလေးနဲ့အတူ ရန်ထောင်စကားကိုဆိုလာတဲ့ ကျွန်တော့မျက်နှာကိုမော့ကြည့်လာတဲ့ ခပ်ရိုးရိုး အရောင် အဆင်းကင်းတဲ့မျက်ဝန်းတွေမြင်ရချိန်မှာလည်း ကျွန်တော့်ရင်ခုန်သံဟာ မိုးကောင်းကင်ဆီ ခုန်တက်သွားသလားပဲ။

ဖန်လ်နေ၀န်းတဲ့ နာမည်ကမဆိုးပါဘူးလေ။ စကားပြောကြည့်တော့လည်း ဘ၀ကိုအဖြောင့် အတိုင်းတွေးတတ်တဲ့လူတစ်ယောက်ဆိုတာ သိလိုက်ရပါတယ်။ ချစ်တယ်ဆို ချစ်တယ် မုန်းတယ်ဆို မုန်းတယ် အချစ်နဲ့အမုန်းကို ၀င်္က၀ုတ္တိအလင်္ကာမြောက်မသုံးတတ်တဲ့လူ။

ယောက်ျားလေးတစ်ယောက်အကြောင်းကိုစိတ်ဝင်စားတစား ပြောဆိုနေတာ စဉ်းစားနေမိတာ ဒါ အဦးဆုံးမဟုတ်ခဲ့ပါဘူး ကျွန်တော့် အတွက်တော့။ မှန်တာပြောရရင် ကျွန်တော့်လွတ်လပ်စွာ နေထိုင်တတ်မှုစရိုက်တွေဟာ ယောက်ျားရယ် မိန်းမရယ် သတ်မှတ်ချက် ဘောင်မရှိ သလိုဖြစ် နေစေတာဖြစ်မယ်ထင်ရဲ့။

'ကောင်းကင်...ကောင်းကင်..ဖုန်းလာနေတယ်ကွ ဘာကိုတွေးနေတာလဲ'

'အင်...ကျေးဇူး....'

စာသင်ခန်းထဲမှာ စာလိုက်လုပ်နေပေမယ့် ကျွန်တော် ဖန်လ်နေ၀န်းရဲ့ မျက်ဝန်းတွေထဲ အတွေးလည်နေလိုက်တာ ဖုန်းလာနေတာကို မသိလိုက်မိအောင်ဖြစ်မိပါရဲ့။

အကျိုးမရှိရင် စိတ်ကူးထဲတောင် မထည့်တတ်တဲ့ လူတွေအကြောင်းထဲ ထူးထူးဆန်းဆန်း သူ့အကြောင်းတွေးနေတယ်ဆိုတော့ ဘာလဲ ကောင်းကင် မင်းဘာဖြစ်နေတာလဲ.... ဟူး..။

x x x

'ကိုနေ ကျွန်တော်ထိုင်လို့ရတယ်မဟုတ်လား အနှောင့်အယှက်မဖြစ်ပါဘူးနော်'

'ဟုတ်တယ် စာသင်ချိန်ပြီးသွားပြီ ဒီဘက်ကိုလျှောက်လာရင်း ကိုနေ့ကိုမြင်လို့ဝင်လာလိုက်တာ'

'ကိုနေ ဘာစားပြီးပြီလဲဗျ အပြင်မှာတစ်ခုခုသွားစားရအောင်လေ'

'ရပါတယ်ဗျာ....ကျွန်တော်ကျွေးမှာ ကျွန်တော်ကျွေးပါရစေ...မဟုတ်တာဘဲ...'

ဟုတ်တယ်.... ကျွန်တော့်ကားလေးက ဟိုဘက်နားမှာရပ်ထားတာ'

'သူငယ်ချင်းနှင့်ချိန်းထားလည်းရွှေ့လိုက်ပါဗျာ သူတို့နှင့် နေ့တိုင်းတွေ့ရတာပဲမဟုတ်လား'

ကျွန်တော်ကျွေးမှာကို ဖိတ်ခေါ်တာကိုပဲငြင်းရတယ်လို့။ သူများတွေဆို နံဘေးကနေ ကားလိုက်စီးချင်တဲ့လူက အနည်းဆုံးပေါ့။ သူ ကျွန်တော့်ကို အားနာနေတာလား ခင်မင်တာ သိပ်မကြာသေးတာမို့ မ၀ံ့ရဲတာလားမသိ သူ့မျက်ဝန်းတွေထဲ ငြင်းပယ်လိုတဲ့အရိပ် အယောင်တော့ တွေ့ရသား။

ဒါပေမဲ့ ဘယ်ရမလဲ ကျွန်တော့်စိတ်ဆန္ဒကို လိုက်လျောလာအောင် မစွမ်းဘူးဆိုရင် ကောင်းကင် မပီသတော့ဘူးဖြစ်နေမှာပေါ့။ တွန့် ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ ကိုနေရဲ့ စာအုပ်တွေနဲ့ ဖိုင်ကို ကောက်ယူပြီး ကျွန်တော့်ကားဆီခေါ်လာလိုက်တာ သူလိုက်လာရပြီပေါ့။

အစားအသောက်ရွေးချယ်တော့လည်း သူ ပူစပ်တာတွေ အရသာပြင်းတာမျိုး မရွေးဘူးပဲ။ ကြေးအိုးလို အရည်သောက်မျိုးကို နှစ်သက်ဟန်တူရဲ့။ ကျွန်တော်စားသောက်နေတဲ့ အရာတွေကို ကြည့်ပြီး သူ့မှာ ရှူးရှဲဖြစ်နေပြီ။

ပြေပြစ်သောလက်ဆစ်လေးတွေမှာ မွှေးညှင်းနုလေးတွေက အညိုရောင်သမ်းနေပါရဲ့။ ငြင်သာစွာလှုပ်ရှားနေတဲ့ သူ့ဟန်ပန်များဟာ အားမလိုအားမရဖြစ်နေတဲ့ ကျွန်တော့်စိတ်တွေကို တစ်မျိုးတစ်မည် ဆွဲဆောင်လို့နေပါတယ်။ စားပွဲအောက်ခြေမှာရှိတဲ့ အမှိုက်ခြင်း လေးထဲ တစ်ရှူးကိုပစ်လိုက်ရင်း ကတ္တီပါဖိနပ်စီးထားတဲ့ သူ့ခြေထောက်ဆီ အကြည့်ရောက်တော့ ယောက်ျားလေးတစ်ယောက်ရဲ့ ခြေ ထောက်ဟာ ဒီလောက်သန့်ပြန့်သင့်သလား? လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကြည့်ချင်ရင် ခြေထောက်သန့်ရှင်းရေးကို စိတ်ဝင်စားမစား ဂရုစိုက်ကြည့်လို့ ကြားဖူးခဲ့တဲ့စကားက မှန်နေသလား?

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျွေးတာကို အသာတကြည်စားနေတဲ့ ကိုနေ့ကိုကြည့်ရင်း ရင်ထဲ ဘာမှန်းမသိ ပျော်ရွှင်လာရပါတယ်။

'တွီ....တွီ'

'ဟုတ်ကဲ့....မာမီ....သားနေကောင်းပါတယ်၊ မာမီတို့ရော နေကောင်းတယ်မဟုတ်လား'

'သားငယ်လေးက မာမီတို့ကိုအမြဲချစ် အမြဲလွမ်း...ဂယ်ပေါ့....ဂယ်ပါဆို...'

'ဟုတ်....ဟုတ်...မလိုသေးပါဘူးမာမီရယ်..သားလေး အဲဒီလောက် ငွေသုံးမကြမ်းပါဘူး..မပို့သေးနဲ့ဦးနော်...'

'မမတို့နဲ့သွားနေချင်ပါဘူးဗျာ...တစ်ယောက်တည်းနေရတာကိုပဲပျော်တယ်...'

'ဟုတ်ကဲ့....ဒယ်ဒီ့ကိုလည်း သားလေးသတိရပါတယ်လို့ ပြောပေးနော်မာမီ...ဘိုင့်'

ကျွန်တော်ဖုန်းပြောနေတဲ့ဟန်ကို ကြည့်ပြီး ကိုနေ မျက်လုံးတွေက၀ိုင်းနေတယ်။ မာမီတို့နဲ့စကားပြောရင် ကျွန်တော်ဟာ ကလေးပဲလေ။ ပြန်ချင်ပြီနဲ့တူတယ် ကိုနေမျက်နှာကိုကြည့်ရတာ။ အစက အိမ်ကိုပါခေါ်သွားဦးမလို့ လိပ်စာသိအောင်ပေါ့။ အခုတော့....အိုကေလေ...

'ကိုနေ ၀ပြီလား ဘာစားဦးမလဲ ဘယ်သွားချင်သေးလဲဗျ'

'ကျွန်တော်လား ကျောင်းချိန်ပြီးရင် ခဏတော့ ဟိုသည်ရွေ့ပြီးမှ အိမ်ပြန်တာလေ'

'ဟုတ်ပါပြီဗျ....စစ်အောင်တို့အိမ်ကိုလိုက်ပို့...သူကဘယ်သူလဲ?'

'အင်း...ဖုန်းဆက်လိုက်လေ...ကျွန်တော် လာကြိုပေးမယ်မနက်'

ကိုနေ့သူငယ်ချင်း 'စစ်အောင်' တဲ့ မြို့လယ်က တိုက်ခန်းတစ်ခုရဲ့အောက်ခြေကို ကားနဲ့လိုက်ပို့ပေးရင်း အကဲခတ်ကြည့်တာ အသား ညိုညို ဘော်ဒီခပ်တောင့်တောင့်နဲ့။ သူ့မျက်လုံးတွေက ကိုနေ့ကိုများ ပိုင်စိုးပိုင်နင်း....'တောက်'

x x x

'ဒါ ကိုနေဖတ်နေကျ စာရေးဆရာရဲ့စာအုပ်အသစ်ထွက်တာနဲ့ ကျွန်တော်ဝယ်လာတာ'

'ဟာ..ရပါတယ် လက်ဆောင်သဘောပေးတာဗျ မယူရင် စိတ်ဆိုးမှာနော်'

'ဟိုတစ်နေ့က စာသင်ချိန်နောက်ကျသွားလို့ ကိုနေတို့အခန်းဘက်တောင်မရောက်ဖြစ်ဘူး ကိုနေ မမျှော်နေပါဘူးနော်'

'ဒီနေ့ ကျွန်တော့်မွေးနေ့ အဲဒါ ကိုနေကျွန်တော့်အိမ်ကိုလိုက်ခဲ့ရမယ် အိမ်မှာသူငယ်ချင်းတွေစုပြီး မွေးနေ့ပါတီလေးလုပ်မလို့'

'ကြိုမပြောဖြစ်တာက ကျွန်တော်ခေါ်ရင် ကိုနေက အင်တင်တင်နဲ့လုပ်နေတာမို့ ပြောပြောခေါ်ခေါ်လုပ်တာ'

'မရဘူးဗျာ....အဲဒီ စစ်အောင်ကိုပါလိုက်ချင်ရင်ခေါ်ခဲ့'

ဖတ်နေကျ စာရေးဆရာရဲ့စာအုပ်လေးသတိတရ၀ယ်လာတယ်။ စိတ်ထဲမှာ ကြည်နူးသွားမိသလိုပဲ။ လူတစ်ယောက်က ဂရုစိုက်တာ ခံရတာ အတော်ကြည်နူးဖို့ကောင်းတယ်။ ပစ္စည်းတစ်ခုကို အလကားရတာမျိုးတော့ မဖြစ်ချင်ခဲ့ဘူး တစ်ခုခုတော့ ပြန်ပေးရမယ်လေ။ ဒါမှ စိတ်ထဲ အထာကျနေလို့ရမှာ။

ညနေခင်းရောက်ရင် စစ်အောင်က ရုပ်ရှင်အတူသွားကြည့်ဖို့ ခေါ်ထားတာ။ ပြီးတော့ ကျောင်းကိုလာကြိုမည်ဟုလည်းပြောထားသည် လေ။ ဒါပေမဲ့ ကောင်းကင်က မွေးနေ့ပွဲလေးကျင်းပမည် အတူလိုက်ခဲ့ဖို့ခေါ်တော့ ငြင်းဆန်ဖို့ အခွင့်မသာတော့ပြီပဲ။ ပျော်ရွှင်တက်ကြွ စွာဖိတ် ခေါ်နေသော သူငယ်ချင်းသစ်အတွက် အချိန်အနည်းငယ်ပေးရမှာပေါ့။

'ဒင်..ဒင်'

စာသင်ချိန်ပြီးတော့ အခန်းထဲကနေ ကျော်ကျော်တို့ကိုမစောင့်ဘဲ မြေညီထပ်ကိုဆင်းလာလိုက်တယ်။ ကျော်ကျော်ကမေးပါသေးရဲ့ မင်းဘာဖြစ်နေတာလဲ ခါတိုင်းနေ့နဲ့မတူ မူပျက်နေတယ်တဲ့။ မဟုတ်တာခိုးလုပ်တာတော့ မဟုတ်ပါဘူးလေ...အို..ကောင်းကင်လည်း သူငယ်ချင်းပဲ...ကောင်းကင်လည်း သူငယ်ချင်းပဲဟာ။

'အိုကေ...လာပြီ...ကားအနီရောင်လေး ကားပါကင်ကနေ ကွေ့ဝိုက်ထွက်လာပြီ' ကားတံခါးကနေ ကောင်းကင် ခပ်သွက်သွက်ဆင်းလာ တာတွေ့တော့ ကျွန်တော် လှေကားကနေတစ်ဆင့် သူ့ဆီ လှမ်းသွားလိုက်ပါတယ်။

'မိုးချုပ်လို့တော့မရဘူးနော် ကောင်းကင် အစ်ကို့မေမေစောင့်နေမှာ'

'ကလေးမဟုတ်လည်း မေမေက စိတ်ပူတတ်လို့ပါကွာ'

ကားလေးက ကတ္တရာလမ်းမပေါ်တွင် ခပ်မြန်မြန်လေးမောင်းနှင်ကာ နာမည်ကြီးသူဌေးများနေသော အိမ်ယာများရှိရာ ရပ်ကွက်ကိုဖြတ်၍ အဆင့်မြင့်တိုက်ခန်းတွေဘက် ကွေ့လိုက်ပါရဲ့။ ကောင်းကင်က စာအုပ်တွေရော လွယ်အိပ်ကိုပါ ယူပေးပြီး သူ့အခန်းကိုတက်ဖို့ပြင်တော့ အလိုက်တသိ နောက်ကလိုက်ရသည်ပေါ့။

'အိုး...မင်းမွေးနေ့ဆို....သူငယ်ချင်းတွေလည်း မရှိပါလား ကောင်းကင်'

'ကိုယ့်တစ်ယောက်တည်း သီးသန့်ဟုတ်လား ထူးတော့ ထူးဆန်းနေပြီပဲ မင်းက'

'အိုကေပါ.... မွေးနေ့လေးမှစပြီး နက်ဖြန်များစွာမှာ အကောင်းမွန်ဆုံးဆိုတာတွေ လာပါစေရရှိပါစေ HAPPY BIRTHDAY! ကောင်းကင်'

အခန်းတံခါးဖွင့်လိုက်တာနဲ့ မွှေးကြိုင်အေးမြနေတဲ့ လေထုထဲတိုးဝင်ရသလို ခံစားရပါတယ်။ ခပ်ရွံ့ရွံ့ သူ့နောက်ကနေလိုက်သွားရင်း အခြေအနေကြည့်လိုက်တော့ သူပြောတဲ့မွေးနေ့ပါတီဟာ လူတစ်ယောက်မှမရှိ ဧည့်ခန်းက ဆိုဖာဆက်တီတွေကြား မှန်ချပ်စားပွဲခုံပေါ် မှာတော့ အုပ်ဆောင်းကြည်ကြည်လေးနဲ့အုပ်ထားတဲ့ မွေးနေ့ကိတ်တစ်ခုက အသင့်။

အတော်ကုသိုလ်ကံကောင်းတဲ့ ကောင်းကင်ပါလား။ ဟင်....ရင်ဘတ်ထဲ တစ်ထိတ်ထိတ်ဖြစ်သွားရပါတယ်... ကောင်းကင်ဘက်ကို လှည့်ကြည့်လိုက်တာ သူ့မျက်ဝန်းတွေက ရီဝေေ၀နှင့် တစ်ခါတလေ စစ်အောင်ကြည့်တတ်တဲ့အကြည့်မျိုး။ ဖြစ်သင့်လို့လား.... မဖြစ်သင့်ပါဘူး အတန်တန်ငြင်းဆန်မိတယ်။ ကောင်းကင်က ယောက်ျားလေးလေ...ကိုယ်ကိုယ်တိုင်ကရော ယောက်ျားလေးပဲဟာ။ သူအတန်ကြာ မျက်ဝန်းတွေနှင့် စိုက်ကြည့်ပြီးမှ မွေးနေ့ပွဲလေးထုံးစံအတိုင်း ဟတ်ပီးဘတ်ဒေး သံစဉ်နှင့်အတူ ကိတ်မုန့်ကိုခွဲ အတူ တူထိုင်ပြီးစားဖြစ်ကြပါတယ်။

'ဟုတ်လို့လား ရပါတယ် အစ်ကိုသုတ်လိုက်မယ် နေပါရပါ...တယ်'

ကိတ်မုန့်ခရင်မ်တွေ နှုတ်ခမ်းမှာပေနေပါသတဲ့။ ပြီးတော့ အနားတဖြည်းဖြည်းတိုးကပ်လာကာ နှုတ်ခမ်းသားတွေကို လက်ကလေးနဲ့ အသာပွတ်သပ်ကိုင်တွယ်တယ်။ ပြီးတော့... ဟင့်အင်....ပူနွေးစိုစွတ်တဲ့ သူ့နှုတ်ခမ်းအစုံဟာ ..အား ဖိကပ်လာပြီး တပ်မက်စွာ နမ်းပါတော့တယ်။

သူ့ပခုံးကိုတွန်းပြီးငြင်းဆန်ပေမဲ့....'အ'။

x x x

အိမ်ပြန်ရောက်လာတော့ မေမေက မျက်နှာတစ်ခုလုံး နီရဲကာ မူပျက်နေသောကြောင့် 'သားဘာဖြစ်လာသလဲ နေမကောင်းဘူးလား'တဲ့ ။ သားနေမကောင်းတာ မဟုတ်ပါဘူး မေမေ...သားဒီနေ့ မကြုံဖူးတဲ့ ရင်ခုန်ဦးကို ထိခတ်ခံစားလာရလို့ပါ။ စာတွေထဲမှာ ဖတ်ခဲ့ဖူးသလို အချစ်စိတ်ဆိုတာ ကောင်းကင်အပေါ်မှာ ဖြစ်ပေါ်မိသလား သေတော့မသေချာခဲ့ပါ။

ဒါဖြင့် သူ့အနမ်းနဲ့ အယုအယတွေကို ဘာကြောင့် သာယာခဲ့ရတာလဲ ...အား...မသိတော့ဘူး။

ခပ်လေးလေးခြေလှမ်းတွေနှင့်အတူ အခန်းရှိရာကို တက်လာရင်း စာရေးစာပွဲဘေးမှာ ခြေပစ်လက်ပစ်ထိုင်မိပါတယ်။ အခုထိ သူ့ကိုယ်နံ့ တွေရယ် ပူနွေးတဲ့ အထိအတွေ့တွေ....။ ခေါင်းကို ခါရမ်းပစ်လိုက်ကာ ပြတင်းပေါက်ကနေ မြင်ရတဲ့ မြင်ကွင်းတွေကို အဓိပ္ပာယ်မဲ့ ငေးနေမိပါရော။

အ၀တ်အစားလဲလှယ်ပြီး စာကြည့်စားပွဲမှာထိုင်ကာ ကျောင်းစာအုပ်တွေလှန်နေမိတော့လည်း ခုတင်ဘေးက စာအုပ်စင်ပေါ်မှ သူဝယ်ပေး ခဲ့သော စာအုပ်များနှင့် အတူ စာကြည့်မီးအိမ်လေးကို မျက်စိအကြည့်ရောက်ကာ စာထဲစိတ်မ၀င်စားပြန်တော့။ ဘ၀မှာ ဘယ်တုန်းကမှ မပြုလုပ်ခဲ့ဖူးသေးသော ကိစ္စရပ်တစ်ခုကို မိန်းကလေးမဟုတ်သော သူနဲ့ အဦးဆုံးပတ်သက်ခဲ့မိတာက ဒီနေ့တစ်နေ့သာမဟုတ် အချိန်အတော်ကြာသည်အထိ မေ့နိုင်ပါဦးမလား...ဟူး။

'တွီ...တွီ'

'ဟုတ်ပါတယ်...ပြော စစ်အောင် စိတ်မဆိုးပါနဲ့ကွာ ကောင်းကင်မွေးနေ့လေး သူဇွတ်ခေါ်သွားလို့ လိုက်သွားဖြစ်တာပါ'

'ဘာကောင်မှမဟုတ်ရပါဘူး...မင်းကလည်း ဒေါသကြီးပဲ...သူက သူငယ်ချင်းအသစ်မို့ အချိန်လေးနည်းနည်းပိုပေးမိတာပါကွ'

'လာခဲ့ရတယ်...ငါ အိမ်မှာပဲရှိမယ်...အေးပါ နက်ဖြန် တနေကုန်မင်းအတွက် အချိန်ပေးမယ် ဟုတ်ပြီလား'

စစ်အောင်..သူကရော ကောင်းကင်လိုပဲ ကိုယ့်အပေါ်သဘောထားသလားမသိခဲ့။ ဆယ်ကျော်သက်အရွယ်ကတည်းက စတင်ခင်မင်ခဲ့ သောသူဟာ နည်းနည်းတော့ ထူးဆန်းတဲ့ အနေအထိုင်အပြုအမူတွေ ရှိခဲ့တာတော့အမှန်။

တကယ်လို့...စစ်အောင်က...

x x x

'ဘာလုပ်နေတာလဲ ကောင်းကင်'

'ဟာ...ဟာ..အပင်လေးနှမြောပါတယ်ကွာ'

'ဘာဖြစ်လည်းကွ....မင်းပဲ အမြတ်တနိုးတောင်းခဲ့တာ ကျော်ကျော့်ညီမဆီက အခု ဓားနဲ့ခုတ်ဖြတ်နေတယ်'

'ပေးပေး...ငါ ယူသွားမယ် အိမ်မှာစိုက်မယ်...သွားပါပြီကွာ... မင်းအတော်ရက်စက်တဲ့ကောင်'

ကျွန်တော် ဒီနေ့ ဘယ်ကိုသွားရမလဲ..စိတ်ထဲမှာ တစ်ခုခုတောင့်တနေသလိုပဲ။ ကိုနေ့ဆီကိုလည်း ဖုန်းဆက်လို့မရဘူးဆိုတော့ နေလို့ ထိုင်လို့မရတော့ဘူးဖြစ်နေတယ်။ နည်းနည်းလွန်သွားတယ် ထင်ပါရဲ့ ကိုနေ့အပေါ်ပြုမူမိခဲ့တဲ့အဖြစ်တွေကလေ။ဒါပေမဲ့ သူမှ မငြင်းဆန် ခဲ့တာ..။

ကိုယ့်ကိုယ်ကိုလည်း ညာလို့မရတော့ဘူး ကိုနေ့ကိုချစ်မိသွားပြီ။ ကိုနေ့နှုတ်ခမ်းတွေ ကိုနေ့ အထိအတွေ့တွေဟာ ကျွန်တော် ရရှိဖူး ခဲ့တဲ့ အရာများနှင့် လုံးဝမတူ ရင်ခုန်တိမ်းမူးဖွယ်အတိ။

ခုတင်ဘေးက စားပွဲပုလေးပေါ်က ကိုနေ့လက်ကိုင်ပ၀ါလေးကို ကောက်ယူနမ်းရှိုက်မိပြန်တော့ သူသုံးနေကြ CK be ရေမွှေးနံ့လေးက တသင်း သင်း။ ဟာ..ဟ.. ကိုနေ ရဲ့ ရှက်ပြီး ရဲသွားတဲ့မျက်နှာလေးကို သတိရသေးတယ်။ ကျွန်တော့်ရဲ့ အနမ်းခပ်ပြင်းပြင်းတွေကို ရုတ် တရက်ရရှိ လိုက်တာ မျက်လုံးပြူးဝိုင်းဝိုင်းတွေဖြင့် ပြန်ကြည့်ပြီး ပါးပြင်တစ်ခုလုံး နှင်းဆီခင်းဖြစ်သွားတာလေ။

'ကောင်းကင်....မင်း ဒီဇာတ်ကားကိုကြည့်ပြီးပြီလား အရမ်းမိုက်တယ်ကွ သိလား'

'ဘာတွေရယ်နေတာလဲ...တစ်ယောက်တည်း...အေးပါ..အေးပါ ငါပဲ ရုပ်ရှင်ရူးတာ မင်းက အခုဘာကိုရူးသွပ်နေမှန်းမသိ'

'ကျွတ်...သူ့အိမ်လာလည်ပါတယ် ခါတိုင်းလို မိုက်ခဲကြမလားလို့ အခုတော့ ခုတင်ပေါ်တက်ခွေနေတာ...'

ကျောင်းတစ်ရက်နှစ်ရက်လောက်ပိတ်တာ ဘယ်မှရွေ့ချင်စိတ်လဲမရှိတော့ဘူး။ ခါတိုင်းအမြဲ လှုပ်လှုပ်ရှားရှားနေထိုင်သွားလာ သူငယ်ချင်း တွေနဲ့ တရုန်းရုန်းဖြစ်နေတတ်သူ ကျွန်တော့်အတွက် မြင်ရသူကတော့ ဘာဖြစ်သွားပါလိမ့်ထင်မှာပါပဲ။

'၀၉....... တီတီ ....တီတီ'

'လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်...'

'I need love ငါမင်းရဲ့အနာဂတ်ဖြစ်ချင်တာ မင်းရဲ့ဝင်သက်ထွက်သက်ပေါ့ ငါမင်းနှလုံးသားကိုပိုင်ချင်တာ....၊

I need you နီးစပ်နိုင်မယ့် လမ်းပြပေး ခြေလှမ်းမှားပြီးကွာဝေးသွားမလားရင်မှာထိတ်'

ဟုတ်တယ် 'မိုးမြင့်'ဖွင့်လိုက်တဲ့ သီချင်းထဲက စာသားလေးအတိုင်း...ကျွန်တော် ခံစားနေမိပြီဗျ…….ကိုနေကရော ကျွန်တော့်ကိုချစ်မယ် လို့မျှော်လင့်ပါတယ်...။

x x x

ဒီနေ့ စာသင်ရတာ အတော်မိုက်တယ် ဆရာမကြီးက စိတ်ပါလက်ပါနဲ့ သင်ပေးတဲ့ သင်ခန်းစာအသစ်က ကျွန်တော်စိတ်ဝင်စားသော အကြောင်းအရာဖြစ်နေလို့ပါပဲ။ အတန်းချိန်တစ်ခုလုံး စာကိုအာရုံစူးစိုက်ပြီး လိုက်နားထောင် လိုက်မှတ်လုပ်နေတာနဲ့ ဗိုက်စာတာတောင် သိပ်သတိမရချင်တော့ဘူး။

အတန်းချိန်စေ့တော့ ကျော်ကျော်ရယ် ကျွန်တော်ရယ် ကင်(န်)တင်း ဘက်ထွက်လာလိုက်ပါတယ်။ လေပြေလေးတွေက သစ်ပင်တွေ ကတစ်ဆင့်ဖြတ်သန်းတိုက်ခတ်လာတာဆိုတော့ လတ်ဆတ်လိုက်တာ သစ်ခေါက်တွေရဲ့ ရနံ့ကိုတောင်ရမိသလို ခံစားရပါရဲ့..။

'ငါတော့ မြိတ်(ဘိတ်)ကတ်ကြေးကိုက်စားချင်တယ်ကွာ ကြွေးမှာမဟုတ်လား ကောင်းကင်'

'ဒါကြောင့် ငါ့သူငယ်ချင်းကိုချစ်ရတာ...'

စားသောက်ဆိုင်တန်းဘက်ကို ရောက်လာတော့ ထုံးစံအတိုင်း ကျွက်စီကျွက်စီလေးတွေ ကြားရပါရဲ့။ မကြားချင်ယောင်ဆောင်ပြီး စားနေကျဆိုင်ဘက် လျှောက်လာလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် စားနေကျဆိုင်လေးက သေးငယ်ပေမယ့် အရသာကောင်းတယ်လေ။

'မင်းက ကောင်းကင်ဆိုတာလား?'

'မင်းနဲ့ပြောစရာရှိလို့'

'ဘာဆိုင်ရမှာလဲကွ...ကိုဖန်(လ်) နေ၀န်းနဲ့တွဲနေတယ်ကြားလို့'

'ဘာဖြစ်ချင်ရမှာလဲ...ငါက ကိုနေ့ချစ်သူ စစ်အောင်ဆိုတာပဲ'

'ဘာလို့မဖြစ်နိုင်ရမှာလဲ'

'အဲ့ဒီလောက်အရှက်ကင်းမဲ့စွာလိမ်မနေပါနဲ့ကောင်းကင် ငါနဲ့ကိုဖန်(လ်)နေ၀န်းတို့တွဲနေတာကြာလှပြီ ဒီကျောင်းထဲမှာမသိသူမရှိဘူး၊

ငါတော့မင်းနာမည်ကိုအခုမှကြားဖူးတာအမှန်ပဲ ပြီးတော့ကိုနေကလည်းမင်းနာမည်ကို တခါမှ ပြောပြမထားဖူးဘူးလေ'

လှမ်းနေဆဲ ခြေလှမ်းတွေကို နားထဲကန့်လန့်ဝင်လာတဲ့ မေးမြန်းသံကြောင့် ရပ်တန့်လိုက်မိပါပြီ။ စစ်အောင်ဆိုတဲ့သူက သူဟာ ကိုနေ့ ချစ်သူလို့ဆိုလာပါလား။ ကိုယ့်ဘာသာ ကိုနေနဲ့တွဲနေတာကိုပဲ ရပ်တန်းကရပ်ပါတဲ့။ ကျွန်တော်ကပဲ ရှောင်ပေးရမတဲ့လေ။ ကိုနေ့ကို ခေါ်လာပြီး ကျွန်တော့်ရှေ့မှာ သူ့ချစ်သူဆိုတာ မိတ်ဆက်ပေးမတဲ့။

စစ်အောင်ပုံစံကလည်းအမှန်တကယ်ဖြစ်နေသည်ပုံစံနှင့် ဒီလိုဆို ကိုနေ့မှာချစ်သူရှိနေတာသေချာသွားပြီပေါ့။ ဘယ်ရမလဲ ကောင်းကင်ဆို တဲ့လူက လိုချင်တာကိုရအောင်ယူတတ်တယ်လေ...ဟာ ဟ။

'ဒီလိုဆိုရင် ကိုနေကမင်းဘက်ကကြည့်ရင် မင်းချစ်သူ ငါ့ဘက်ကကြည့်ငါ့ချစ်သူပဲပေါ့'

'အဓိပ္ပာယ်မရှိတာ မင်းအဲ့ဒီစကားပြောဖို့ဆိုရင် ပြန်ဖို့ကောင်းနေပြီစစ်အောင် ငါ့ကိုဘယ်သူကမှ အမိန့်ပေးချုပ်ချယ်တားမြစ်ပိုင်ခွင့်မရှိသလို ငါကြောက်ရမဲ့သူလည်း ဒီကမ္ဘာမှာ မမွေးဖွားသေးဘူး ဒီတော့ မင်းမှာလဲ ငါ့ကိုတားမြစ်ပိုင်ခွင့်ဘာမှမရှိဘူး ကိုယ့်ဖာသာကိုယ် ချစ်သူ တစ် ယောက်ကိုရွေးချယ်ပိုင်ခွင့် အပြည့်အ၀ရှိတယ်'

'ချစ်သူရှိနေတာ ဘာဖြစ်လဲစစ်အောင် ဒီမြန်မာနိုင်ငံမှာ ဟိုမိုဖြစ်တဲ့ယောကျာ်းအချင်းချင်းလက်ထပ်လို့ရတဲ့ ဥပဒေမှမရှိတာ မင်းတို့ လက်ထပ်ပြီးပြီလား?'

'ကြောက်စရာကြီးပါလားစစ်အောင် ဆက်တွဲနေတော့ရော မင်းကဘာလုပ်ချင်လဲ?'

မျက်နှာတစ်ခုလုံး ထူးပူသွားတယ် စစ်အောင်ကကျွန်တော့်မျက်နှာကိုဆွဲထိုးလိုက်တာလေ။ ကျွန်တော့်ရင်ထဲဒဏ်ရာများစွာရရှိထားသူ တစ်ယောက်လို တစစ်စစ်နာကျင်မိရင်း သူမျက်နှာကိုပြန်ထိုးပစ်လိုက်တယ်။ ကောင်းကင်စိတ်အလိုအရဆိုရင် ဒီနေရာမှာတင် ပွဲချင်းပြီး သွားပြီ။

'ဒီမှာစစ်အောင် ငါ့အသားကိုတစ်ချက်ထိရင် ငါက ၂ ချက်ပြန်လုပ်ရမှကျေနပ်တာ အခုတစ်ချက်ကတော့ ကြေပြီ နောက်တစ်ချက်က ...... တောက်'

ရင်ထဲမှာ အရမ်းကို တင်းကြပ်နေတယ် ဒေါသလည်းဖြစ်တယ် ဘာကြောင့် ကိုနေ့မှာအခုလိုမျိုး ရှိနှင့်နေရတာလဲ?

မရဘူး မရှိရဘူးကိုနေ ရှိတာမရှိတာမသိဘူး ကျွန်တော်ကတော့ အချစ်အတွက် ကျွန်တော်ချစ်မိနေတာအတွက် ဘာမဆိုလုပ်မှာပဲ..။

to be continued....

2 comments:

ahlin said...

Chit chin eii a char mae nite by Lwinnn Htar Htar nae sin dae, Two women and one guy ko nae nae change lite tha lar loe par.
Phan Nay Wunnn so dae name par tuu dar yaw pop.
Anyway, I love to read it, now the whole story is part of my life and I am waiting for the next part.
Thanks for your post.
I am so so happy with it.
Wish u all the best. Wish U could do all the best.
See ya.

Naing Thit said...

Part 2 please............ waiting for so long............