Wednesday, December 18, 2019

Hotel Romance (အပိုင်း တစ်)


မနေ့ညက ခါတိုင်းလိုပဲ သာမန်ညတစ်ညအတိုင်း ဖြတ်သန်းခဲ့တာပါ။ အလုပ်ကိစ္စအဆုံးသတ်တယ်၊ လေ့လာနေတဲ့ ဘာသာရပ်ကို စေ့ငုတယ်ပေါ့။ ဟိုးယခင်တုန်းကလို့ပြောရမယ့် အကြိမ်ပေါင်းမီလီယံလောက် ကြုံဆုံခဲ့တဲ့ အဖြစ်အပျက်ထက် မနေ့ညက ဧည့်ကြို ကောင်တာမှာတွေ့ခဲ့တဲ့ အမျိုးသားတစ်ယောက်အပေါ်လို အာရုံစိုက်မိမှုမျိုး တစ်ခါမှမဖြစ်ခဲ့စဖူးဘူး။ အချိန်ပြည့် အတန်းချိန်ပြည့် တက္ကသိုလ်တစ်ခုမှာ တက်ရောက်သင်ကြားလေ့လာဖို့နဲ့ အသက်မွေးဝမ်းကြောင်းအတွက် အချိန်ပြည့်ထိုင်ပြီးအလုပ်လုပ်ရမယ့် ကုမ္ပဏီအလုပ်ကိုလုပ်ဖို့ဆိုတာ ကျွန်တော့်အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ။ အချိန်နာရီအများစုကတော့ မိမိအိမ်သာ ကျွန်တော့်အတွက် ကွန်းခိုရာပါ။ ကျွန်တော့်မှာ သူငယ်ချင်းတွေရှိပါတယ် မရှိဘူးလို့မပြောပါဘူး။ ဒါပေမဲ့ အိပ်ရာထဲမှာ အထီးကျန်တဲ့ ညတွေကို သူတို့မဖြည့်စီးပေးနိုင်ခဲ့တာ အမှန်။

ဟိုတယ်တစ်ခုမှာ အလုပ်လုပ်တယ်ဆိုကတည်းက ကျွန်တော့်အတွက် လူများစွာနဲ့ ကြုံဆုံတွေ့ထိရတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါ တယ်။ စီးပွားရေးသမားအများစု အထူးသဖြင့် အငြိမ်းစားယူတဲ့အရွယ်စုံတွဲတွေ အတော်ခရီးထွက်လေ့ရှိတာတွေ့ရသား။ ဒါပေမဲ့ တစ်ခါတလေတော့ လူငယ်ခရီးသွား သို့မဟုတ် တိုင်းပြည်ကို ဟိုဘက်ထိပ်သည်ဘက်ထိပ်လေ့လာရေးထွက်သူ ဧည့်သည်မျိုးတွေ ရတတ်ပါတယ်။ ဧည့်ကြိုကောင်တာနောက်မှာ ညနေစောင်း သုံးနာရီကနေ ညသန်းခေါင် ဆယ့်တစ်နာရီထိ ကျွန်တော်ပုံမှန် အလုပ်လုပ်တာပါ။ ကျောင်းအိမ်စာတွေကို ကျွန်တော့်ကိုယ်ပိုင် laptop လေးနဲ့ အလုပ်ပါးချိန်တိုင်းပြုလုပ်လေ့ရှိတယ်ဗျ။ တစ်ခါတစ်ခါတော့ porn အချို့ ကျောင်းစာတွေအတွက် အင်တာနက်ကိုသုံးနေစဉ် ပေါ်ပေါ်လာတာ ဖုံးဖိဖို့လုပ်ရတာများ ဗျာများရော။

ကျွန်တော့်လက်ကိုင်ဖုန်းမှာ Pandora ကိုပုံမှန်ဖွင့်ထားလေ့ရှိပါတယ်။ နေရာတစ်ခုမှာ ခပ်ငြိမ်ငြိမ်လေးထိုင်နေရတဲ့အလုပ်က ကျွန်တော်ပျော်ရွှင်မှုမဟုတ်ဘူးလေ။ ကျွန်တော့်အတွက် အလုပ်ရဲ့ကောင်းကွက်တစ်ခုက ဧည့်ကြိုကောင်တာနောက်ဖက်မှာ CCTV မတတ်ထားတာပါပဲ။ သည်တော့ porn sites အနည်းငယ်လောက် ချောင်းကြည့်လို့ရတာပေါ့။ ပြီးတော့ ကျွန်တော်က ကိုယ့်ကိုယ်ပိုင် ကွန်ပျူတာကိုပဲ အသုံးပြုတာဆိုတော့ ဆန်းစစ်အမိဖမ်းဖို့သိပ်မလွယ်လှဘူး။ porn တွေကို တစ်ခုမဟုတ်တစ်ခု download ဆွဲရတာလည်း ပုံမှန်လိုမျိုး အသားကျနေပြီ။ ခပ်ဟော့ဟော့ porn တွေရဲ့ torrent files တွေကို ရှာသိမ်းလို့ရသကိုးနော်။ အများစုက ခပ်ထွားထွားငပဲများ၊ ခပ်ကြပ်ကြပ် အပျိုနည်းပါး ခရေပွင့်များ၊ သို့မဟုတ် လူလတ်ပိုင်း gay porn တွေကိုပေါ့။ နောက်တစ်ကြိမ်ပြောရရင် သည်ငနဲ ဟိုတယ်ထဲမ၀င်လာခင်အချိန်ထိ သာမန်ညတစ်ညလိုပဲ ဖြတ်သန်းနေခဲ့တယ်ဗျာ။

အဲ….ည ရှစ်နာရီဝန်းကျင်လောက်ဖြစ်မယ်ထင်တယ်။ ကျွန်တော့်အလုပ်ချိန် ငါးနာရီလောက်ကုန်ဆုံးခဲ့ပြီး နောက်ထပ်သုံးနာရီလောက်ဆို အဆုံးသတ်တော့မှာပါ။ ပင်လည်းပင်ပန်းနေပြီဖြစ်သလို porn တွေ download ဆွဲနေတာနဲ့ နှာထန်သထက်ထန်နေပြီလည်းဖြစ်ပါတယ်။ porn sites တွေကြည့် အိမ်ကိုခပ်သွက်သွက်ပြန်ပြီး ဗုံတံခေါက်ဖို့ အဆင်သင့်ကိုဖြစ်နေပြီလေ။ အခန်းအပ်သူ သုံးယောက်ရှိသလို သည်ညအတွက် အခန်းတစ်ဆယ့်ငါးခန်းကို ဧည့်သည်ပြည့်စေပြီးပြီဗျာ။

ဘယ်လိုပြောမလဲ ဧည့်ကြိုကောင်တာကြီးနဲ့ ကျွန်တော်ထိုင်ရတဲ့နေရာနဲ့ အကာအရံတစ်ခုတော့ခြားထားတယ်။ သည်တော့ကာ ကောင်းသထက်ကောင်းမယ်ထင်ရတဲ့ အခြား porn website တွေကို ဟိုသည်ကြည့်မိတာ ကျောင်းက အိမ်စာတွေလုပ်ပြီးချိန်ကတည်းက ဆိုပါတော့။ ဧည့်ကြိုကောင်တာက ဘဲလ်မြည်သံကြားရချိန်မယ် ကျွန်တော့်ငပဲက အတော်မာန်ထနေပြီး ဧည့်ကြိုကောင်တာက အကူအညီလိုအပ်နေသူလို အကူအညီလိုနေပြီဗျို့။ ပေါင်ကြားထဲက မာနေတဲ့ငပဲကို ဘောင်းဘီထဲအသားကျအောင် နေရာချပြီး ဧည့်ကြိုကောင်တာစီသွားလိုက်ပါတယ်။ ကောင်တာက အနည်းငယ်မြင့်တော့ ကျွန်တော့်ပေါင်ခွဆုံက အထုပ်အထည်ကို မမြင်ရလောက်ဘူးလို့ မျှော်လင့်မိသား။

ရှေ့ကဧည့်ကြိုကောင်တာကြီးနဲ့ ၀န်ထမ်းအချို့ထိုင်နေဖို့အခန်းငယ်လေးကိုခြားထားတဲ့ နံရံလေးကို ကွေ့ဝိုက်ပြီး ကျွန်တော်လမ်းလျှောက် သွားလိုက်တယ်။ အရပ်ရှည်ရှည် sexy ကျကျစီးပွားရေးသမားတစ်ယောက် အဲသည်နေရာမယ် suit and tie ၀တ်ဆင်လျက် ခပ်မတ်မတ် ရပ်နေတာကိုတွေ့လိုက်ရတယ်ပေါ့။ လည်တိုင်မယ်စီးထားတဲ့ နက်ခ်တိုင်အထုံးကို ခပ်လျော့လျော့လုပ်ထားတော့ ချောင်းဆိုးရလောက် အောင မကြပ်ဘူးထင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ အရပ်အမြင့်က ၆ပေ၃လက်မ၀န်းကျင်လောက်ဆိုတော့ သူဟာ ကျွန်တော့်ထက် ခေါင်းတစ်လုံးပိုမြင့်နေရော။ ကြေးနီရောင်အသားအရေ၊ ခပ်နက်နက်မျက်ဝန်းများ၊ မုတ်ဆိတ်မွှေးမတိုမရှည် ကပျစ်ကညစ်ပုံစံ မျက်နှာသွင်ပြင်၊ ဒီဇိုင်းမိုက်မိုက် မျက်မှန်တစ်လက်လည်းတပ်ထားသလို သူ့လက်ကောက်ဝတ်မှာ နာရီလှလှ တစ်လုံးဝတ်ဆင်ထားသဗျ။

. “Hello sir, what can I do for you”? ကျွန်တော့်မှာ လူပျင်းတစ်ယောက်မတ်တပ်ရပ်သလို ရပ်ပြီးမေးမြန်းရတယ်။
“Hey checking in, Names Jackson”.
Hotel Database ထဲဝင်အလုပ်လုပ်ဖို့ ကျွန်တော့်အကောင့် password ကိုရိုက်ထည့်လိုက်ပါတယ်။ နောက်ဆုံးစာလုံး Jackson အဲ ကျွန်တော့်အသဲစွဲနာမည်နောက်တစ်ခု Austin ကို ရှာကြည့်မိတယ်။

အား….သည်ငနဲက ပိုပိုပြီး sexy ဖြစ်လှပါကလား။ ကိုယ့်ကိုယ်ကိုယ်တွေးမိပါတယ်။  “Ok, Mr. Jackson I have you in our system for 4 nights, if you could just sign this paper, and put your information about your car on here I’ll get you your keys”.
သူစာရွက်စာတမ်းပေါ်ဝယ် လက်မှတ်သေချာထိုးပြုပြီးနောက် ဘယ်အခန်းကိုယူကာတည်းခိုရမလည်းဆိုတာ မေးပါတယ်။ အခန်းနံပါတ် 318 ဖြစ်ကြောင်း သူ့ကိုကျွန်တော်ပြောပြပါရဲ့။ သည်အခန်းဟာ ဧည်ခန်းပါအခန်းကျယ်အမျိုးအစားဖြစ်ပါတယ်။ လက်မှတ်ထိုး စာကိုသေချာဖတ်ပြီးနောက် ကျွန်တော့်ကို စာရွက်ပြန်ကမ်းချိန်မှာ မျက်ဝန်းများကို သူသေချာစိုက်ကြည့်လာတာကြောင့် ဘယ်လိုမှမထိမ်းနိုင်စွာ ပါးပြင်ဝယ်ရှက်သွေးဖြန်းမိတာပေါ့နော်။ သူ သတိထားကိုထားမိရမယ် ကျွန်တော်ဘာဖြစ်နေတယ်ဆိုတာကိုလေ။ အပြုံးခပ်ကြီးကြီးပေါ်တဲ့အထိပြုံးပြပြီး ကျွန်တော့်ကို ကျေးဇူးတင်စကားဆိုပါတယ်။

ဧည့်လက်ခံကောင်တာကနေ အနောက်ဘက်ကန့်လန့်ကာအခန်းငယ်ထဲ ကျွန်တော်ပြန်ရောက်ချိန် ဘယ်လောက်ရူးနှမ်းတဲ့ငါပါလိမ့်လို့ တွေးမိသား။ သူသိကိုသိတယ် သူ့အပေါ် ကျွန်တော်အရမ်းတိမ်းညွှတ်သွားတယ်ဆိုတာ။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ကိုယ်ခန္ဓာရဲ့တုန့်ပြန် ချက်က မသိစိတ်နဲ့အတူပါသွားရတာများ အပျိုဖြန်းလေးအတိုင်းပါပဲ။ သူက အလွန့်ကို so gorgeous ပါ။ ကျွန်တော့်အကြိုက် porn star တစ်ယောက်ကတောင် သည်ငနဲလောက် sexy ဖြစ်နိုင်လိမ့်မယ်မထင်ဘူး။ ခဏ ထားခဲ့တဲ့ ကျွန်တော့် laptop ရှေ့ပြန်ရောက်တော့ pop up message လေးတစ်စောင်ပေါ်နေတယ် download ထားတဲ့ဖိုင် ပြီးသွားပြီဖြစ်ကြောင်းပေါ့။ ခါတိုင်းတော့ အလုပ်ဘယ်လောက်ရှုပ်ရှုပ် သည်လို ဗီဒီယိုကလစ်တွေကြည့်ဖို့ လုံးဝမပျင်းမရိ။ အခုတော့ အခန်းနံပါတ် 318 က Austin အကြောင်းနေ့ခင်းကြောင်တောင် အိပ်မက်မက်နေတယ်။

အိပ်မက်လေးကသိပ်မကြာဘူး Austin ရဲ့အဓိကပွိုင့်ကိုမေ့သွားတယ်။ ကွန်ပျူတာနဲ့အလုပ်လုပ်တဲ့စီအာရုံပြန်ရောက်သွားတယ်။ ဧည့်သည်တွေရဲ့ စာရင်း၊ အခန်းလွတ်ရှိမရှိ၊ ဘယ်အခန်းဘယ်လိုလိုအပ်ရင်ဖြည့်ပေးရမယ်ဆိုတဲ့ အကြောင်းအရာတွေ ပြန်လှန်စစ်ဆေး မိတယ်ပေါ့။ အင်း….ည ၉နာရီနဲ့ မိနစ် နှစ်ဆယ်လောက်ရှိလောက်တယ်။ အရှေ့က လူခေါ်ဘဲလ် နောက်တစ်ကြိမ်မြည်ပြန်ပြီ။ သည်တစ်ခါပေါင်ကြားက မတ်နေတဲ့ညီလေးကငြိမ်နေတော့ ခပ်သွက်သွက်ပဲ အနှောင့်အယှက်မရှိ ကြားက ကာထားတဲ့နံရံကိုကွေ့ဝိုက်ပြီး လျှောက်သွားလိုက်တယ်။ Austin ပါလား။

“Hey what can I do for you Mr. Jackson”? သူ နှစ်လိုလက်ရပြုံးပြရင်း ကျွန်တော့်ရင်အုပ်ပေါ်က နာမည်ကို ငုံ့ကိုင်းကြည့်လိုက်ကာ ‘အင်း….Logan ခင်ဗျားအလုပ်ချိန်ဘယ်အချိန်မှာ ပြီးမလဲသိချင်နေတာ Excuse me?  ဟား ဟား….လန့်သွားစိုးရိမ်သွားစရာမလိုပါဘူးကွာ။ ကျုပ်က သည်ဒေသကမဟုတ်တော့ ညစာစားချိန် အတူ join နိုင်မလားလို့။ အမြဲတမ်းတစ်ယောက်တည်းစားရတာ အတော်မုန်းတယ်။ စားကောင်းတဲ့ဆိုင်လိပ်စာတွေလည်း ကျုပ်မသိဘူးလေဗျာ”

ကျွန်တော့်မျက်နှာ ရှက်သွေးဖြန်းမဖြန်းတော့မပြောတတ်ဘူး ပူနွေးပြီးရှိန်းနေတဲ့ခံစားချက်တော့ရတယ်။ “well…I …um… I’m off at 11pm. There is not too much open at that time. I could recommend a place nearby that is open now that you could get to and back easily”. ဘိုလိုတွေမှုတ်ရတာ တစ်ခါတလေဗမာစကားညှပ်ပြောမိတော့မိလိုဖြစ်ရတယ် ရှက်ပြီး။ သူ ကျွန်တော့်ကို ကြည့်ပြီး ချစ်စဖွယ်ရယ်မောလေရဲ့။ “ခင်ဗျားကိုစောင့်ပါ့မယ်ဗျာ…စိတ်မရှိဘူးမဟုတ်လား။ ခင်ဗျားအတွက် အပူတပြင်းကိစ္စလိုဖြစ်သွားရင် တော့ တစ်မျိုးပေါ့။ ကျုပ်အလုပ်ချိန်ပြီးရင် ခင်ဗျားအခန်းကိုလှမ်းခေါ်ပါ့မယ် lobby ထဲမှာ ကျုပ်တို့ဆုံနိုင်တာပဲ။ Sound good man….Can I make one small request Logan? Sure…..Can we go to a place that has a bar?

ကျွန်တော် Austin ကိုကြည့်ပြီး အပြုံးပေးကာ “ကောင်းပါပြီဗျာ” ကျွန်တော်လည်းတွေးမိပါတယ် တစ်ခါတလေတော့အပြင်ထွက်ဖို့လိုအပ် လိမ့်မယ်လို့လေ။ Austin ဧည့်ကြိုကောင်တာကနေထွက်ခွာသွားပြီး သူ့အခန်းရှိရာအပေါ်ထပ်ကိုတက်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းမကို ဖုန်းခေါ်ပြီးနောက် အိမ်ကိုအမြန်ပြေးကာ ကျွန်တော့်အ၀တ်အစားထည့်ထားတဲ့ဘီရိုထဲက ကြည့်ကောင်းတဲ့ ၀တ်စုံတစ်စုံယူပေးဖို့ အပူကပ်ရပါတယ်။ ဒါမှ အ၀တ်အစားလဲလှယ်လို့ အပြင်သွားဖို့ အဆင်ပြောမှာမဟုတ်လား။ သူမက မေးနေ စပ်စုနေသေးတယ် ဘာလို့အပူတပြင်းသွားခိုင်းရတာလဲ? ဘယ်သွားမလို့လဲ? စသဖြင့်ပေါ့။ ဘာမှမပြောပြဘဲ နောက်မှအေးဆေးပြော ပြမယ်လို့ နှစ်သိမ့်လိုက်တယ်။

နာရီလက်တံတွေက ခပ်နှေးနှေး ခုန်ပေါက်မနေပါဘူး။ တစ်နာရီပြီးတော့ နာရီဝက် သည်ထက်ပိုပြီးမြန်မြန်မကုန်ဆုံးနိုင်တာ အမှန်လေ။ နံရံပေါ်က နာရီကို ခဏခဏမော့မကြည့်ဘဲ မနေနိုင်ဘူးဖြစ်နေရော။ ည ဆယ့်တစ်နာရီမြန်မြန်ကိုရောက်ချင်နေပြီ။

Austin လို sexy ဖြစ်လွန်းလှတဲ့ ငနဲနဲ့အပြင်မှာတွေ့ဆုံဖို့ မစောင့်နိုင်တော့တာလေ။ ကျွန်တော်ဆိုလိုတာက သူသည် straight တစ်ယောက်ဖြစ်တာသေ ချာတယ်၊ ပြီးတော့ ကျွန်တော်ဟာ ဂေးတစ်ယောက်ဖြစ်တယ်ဆိုတာ သူသိမှန်းလည်း သေချာတယ်။ သို့သော် I didn’t care. သည်ကိစ္စ လေးကို ချိန်းဆိုတွေ့ဆုံခြင်းလို့ မသိမသာခေါင်းထဲ ကြံဖန်အတွေးရောက်ချင်မိသားပေါ့။

ကျွန်တော် ကင်မရာ TV တွေကို စူးစမ်းကြည့်တော့ မျက်ဝန်းထောင့်မှာ အနည်းငယ်လှုပ်ရှားနေတာကိုတွေ့ရတယ်။ Austin လေ pool room ထဲရောက်နေတယ်။ အား….သည်ငနဲတော့ ညအချိန်ကြီးမှာ ကျွန်တော့်ကို ရူးအောင်လုပ်နေပြီ။ ကျွန်တော် သူ့လှုပ်ရှားမှုတွေကို ငေးမိနေသလို သူ့လက်အလှုပ် ရေအရွေ့ကအစ စေ့ငုနေမိတော့တာ။ ခဏအကြာမှာတော့ ကျွန်တော်ရှိရာ ဧည့်ကြိုကောင်တာဘက်ကို သူရောက်လာပါတယ်။ ယုံတောင်မယုံနိုင်ဘူး သူ့အမေးစကားကြားရတာများ။

“ဟေး…Logan ဘောင်းဘီတိုတစ်ထည် ဒါမှမဟုတ် ဘောင်းဘီရောင်းတဲ့နေရာသိလား? Pool က ကြည့်ရမြင်ရတာနဲ့တင် amazing ပဲ။ ကျုပ်ရေကူးဘောင်းဘီယူလာဖို့ မေ့သွားတယ်။ စီးပွားရေးကိစ္စနဲ့လာတာဆိုတော့ business cloths တွေစီစဉ်နေရတာကို အာရုံရောက်နေ မိတာ။ ကျွန်တော့်ဦးနှောက်က သူပြောတာကိုမသိကြောင်း မပြုလုပ်ပေးနိုင်ကြောင်းပြောလိုက်ဖို့တွန်းအားပေးနေပေမယ့် ကျွန်တော့်ပါးစပ် ကတော့ အခြားအစီအစဉ်များရှိနေခဲ့ပါတယ်။ “ကျွန်တော့်ကားထဲမှာတော့ basketball ဘောင်းဘီတိုတစ်ထည်ရှိတယ်ဗျ။ အလုပ်မလာခင်ကမှ အ၀တ်လျှော်စက်ကထုတ်လာတာ။” ကျွန်တော်ဘာပြောခဲ့လဲ? ကျွန်တော်ဖြင့်ယုံတောင်မယုံနိုင်ဘူးရယ်။ ကျွန်တော်ပြောပြနေတဲ့ ငနဲကို သူရေကူးနိုင်ဖို့အတွက် ဘောင်းဘီငှားပေးမှာဆိုပဲ။ ဘာတွေရူးနှမ်းနေမိတယ်မသိ။ သူ့ဘောင်းဘီဆိုဒ်နဲ့ ကျွန်တော့်ဘောင်းဘီဆိုဒ် မတူနိုင်သော်ငြားပေါ့။

“ဟေး…မိုက်တယ်….ငှားဖို့ အဆင်ပြေတယ်ဆိုတော့”
“ကိစ္စမရှိပါဘူးဗျာ….ကျွန်တော် သွားယူပေးမယ်” ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ဘာတွေလုပ်ပေးနေလဲဆိုပြီး အံ့သြစိတ်ဝင်မိပါတယ်။ ကျွန်တော့်ကားရှိရာကိုရောက်တော့ ဘောင်းဘီကိုယူပေးလိုက်တာ သူကပြောတယ် ၀တ်ဖို့အဆင်မပြေဘူးတဲ့။ သူက ကျွန်တော့်ထက် အရပ်ပိုရှည်သလို ခန္ဓာကိုယ်ကလည်း ကျွန်တော့်ထက်ပိုထွားသကိုး။ ကျွန်တော့်အရပ်က ငါးပေဂလက်မရှိပြီး ၁၆၈ပေါင်လားမသိဘူး ကိုယ်အလေးချိန်က။ ပျော့နွဲ့နွဲ့တော့မဟုတ်ဘူးနော် ပုံစံပြောပါတယ်။

ကျွန်တော့်ဘောင်းဘီလေးကိုတွေ့ရတာနဲ့ “ဟေး….အိမ်မှာကျန်ခဲ့တဲ့ ကျုပ်ဘောင်းဘီနဲ့အတူတူပဲ တံဆိပ်ကော ဘာကော။ ဒါပေမဲ့ ကျုပ်ဘောင်းဘီက နည်းနည်းပိုကြီးတယ်ဗျ။ ဖျစ်ညှစ်ဝတ်ရင်တော့ရနိုင်ပါတယ်” ကျွန်တော့်ရုံးခန်းထဲပြန်ဝင်ချိန်မှ  သူဓာတ်လှေကားရှိရာ ပြန်လျှောက်သွားတယ်။ အခုထိ ကိုယ်လုပ်ဆောင်မိနေတဲ့ အလုပ်ကိုအံ့သြစိတ်ဝင်မိနေတုန်း.။ အဲသည်အကြောင်းကို မတွေးဖို့ အတတ်နိုင်ဆုံး ကျွန်တော်ကြိုးစားပါတယ် နောက်ဧည့်သည်တစ်ယောက် check in မလုပ်ပြီးခင်အချိန်ထိပေါ့နော်။

ကျွန်တော် ဧည့်လက်ခံကောင်တာမှာ ဧည့်သည်အသစ်တစ်ယောက်အတွက် စာရင်းသွင်းတာ အခန်းသော့ကို လက်ကမ်းပေးတာ ဘာညာလုပ်နေတုန်း Austin တစ်ယောက် ဧည့်ခန်းမကြီးထဲ ဆင်းချလာတာကိုမြင်လိုက်ရပါတယ်။ အပေါ်ပိုင်းဗလာ အောက်က basketball ဘောင်းဘီတိုနဲ့ဗျ။ အိုး…လူတိုင်းသတိထားမိလောက်တဲ့ ကျစ်လစ်ကာ ထင်ရှားလှတဲ့ 6 pack abs တွေ၊ ဘယ်ဘက် လက်မောင်းမှာထိုးထားတဲ့ သူ့ tribal tattoos တွေရယ်ကိုငေးရင်းမှ ရင်အုပ်တစ်ဝိုက်ကိုအကြည့်ရောက်မိတယ်။ သိပ်မထူတဲ့ ခပ်ပါးပါး ရင်အုပ်မွှေးနုတွေဟာ ဆီးစပ်ဘက်ကိုဆင်းသွားတာတွေ့ရသေးတာလေ။ ၀တ်ထားတဲ့ဘောင်းဘီဆိုဒ်ကပဲမှားသလားမသိ သူ့ပေါင်တံတွေကို ခပ်ကြပ်ကြပ်မြင်နေရတယ်….အာ….ပြီးတော့….ပေါင်ကြားထဲက အထုပ်အထည်ကြီးကလည်း သူလမ်းလျှောက်လိုက်တိုင်း တဖျတ်ဖျတ် ယပ်ခပ်နေသလိုပဲ။ ကြည့်မြင်ရတာများ အလေးချိန်အတော်များတဲ့ပုံ။

“Well? What do you think Logan?” ရေကူးကန်ရှိရာ အခန်းတံခါးကို သူတွန်းဖွင့်ရင်း ရယ်မောသံစွက်လေတယ်။ “ခင်ဗျားတော့ သည်ရေကူးကန်ထဲမယ် ဖျစ်ညှစ်ကူးရလိမ့်မယ်လို့ ကျုပ်ထင်သား။”

“ Yea Just a little, ဒါပေမဲ့ ကျွန်တော်က ရေကူးကန်ထဲမှာ ကျယ်ကျယ်ဝန်းဝန်းဆင်းကူးချင်တာရယ်။”

“သိပ်မစိုးရိမ်ပါနဲ့ သူငယ်ချင်းရယ်….ကျုပ်အလုပ်ရှုပ်နေတာပဲ ကောင်းမှာပါ ဒါမှ ခင်ဗျားပျော်မှာ”

Camera တွေကတစ်ဆင့် သူ့ပုံရိပ်ကို ကျွန်တော်ပြန်ကြည့်ချိန်မှာ သည်ငနဲ ဟိုတယ်မှာရှိနေဆဲ၊ ရေကူးကန်ထဲမှာရှိနေဆဲ၊ ညစာအတူစားဖို့ဖိတ်ခေါ်တာနဲ့ ကျွန်တော့်အ၀တ်အစားတွေ ၀တ်ဆင်ထားတာကို ယုံတောင်မယုံနိုင်ဘူး။ စိတ်ကူးယဉ်မိသလို တစ်စုံတစ်ခုများ ဖြစ်ပျက်ပတ်သက်ရရင် အပျော်ရွှင်ဆုံးသောသူဖြစ်နေတော့မှာ။

နောက်ဆုံးတော့ ကျွန်တော့်သူငယ်ချင်း ၁၅မိနစ်လောက်အကြာမှာ ဟိုတယ်ကိုရောက်ရှိလာပါတယ်။ ကျွန်တော့်အ၀တ်အစားတွေထည့်ထားတဲ့ အိတ်ကိုဆွဲကိုင်လို့ပေါ့။. ကျေးဇူးတင်စကားဆိုလိုက်ရတာနော်။သူမက ဘာကြောင့်အ၀တ်အစားတွေ အရေးပေါ်လိုအပ်သလဲသိချင်နေတော့ နောက်မှပြောပြမယ်လို့ နှစ်သိမ့်လိုက်ရရော။ လုပ်ငန်းချိန်ပြင်ပမှာ သည်လို အ၀တ်အစားတွေဝတ်ပြီးနေထိုင်သွားလာတာကို သူမက သဘောမကျ သံသယ၀င်တတ်တယ်။ လတ်တလောတော့ ကျွန်တော် သူမကို ပြန်ပြောပြမယ်ဆိုတာ ယုံကြည်ပြီးအိမ်ပြန်သွားပါတယ်။ တကယ်လည်းပြန်ပြောပြဖြစ်ပါတယ် ကြုံဆုံရသမျှအကြောင်းလေး တွေကို အချိန်အားလပ်ပြီဆိုရင်။

ကျွန်တော့်အလုပ်စားပွဲကိုရောက်တော့ အိတ်ကိုအသာတင်ပြီး သူမ ကျွန်တော့်အတွက်ဘာတွေယူဆောင်လာသလဲဆိုတာ ကြည့်လိုက်တယ်။ အင်း….ကျွန်တော့်အကြိုက် အသားရောင်အပေါ်ထပ်ရှပ်အင်္ကျီရယ် အနက်ရောင် အောက်ခံတီရှပ်တစ်ထည်ပါလာတယ်ဗျ။ ဂျင်းဘောင်းဘီကတော့ ကျွန်တော်ဝတ်ထားပြီးသားဆိုတော့ အလောသုံးဆယ်ဖြစ်နေချိန် နောက်တစ်ထည်သူမ မယူလာခဲ့ဘူးဆိုပါတော့။ အဲ Long socks တစ်စုံရယ် ကျွန်တော့် cowboy boots ကိုလည်းသယ်လာတယ်။ လူတစ်ယောက်ယောက်နဲ့ ချိန်းဆိုတွေ့ဆုံချိန်တိုင်း သည်အတွဲအစပ်ကိုဝတ်နေကြ သဘောကျနေကြဆိုတာ သူမသိတယ်။ သူမက ကျွန်တော့်အတွက် BFF ဖြစ်ပြီး ကျွန်တော့်အကြောင်း ကောင်းကောင်းသိသူဖြစ်ပါတယ်ဗျ။

Note: သူငယ်ချင်းတို့ရေ…စာရေးဖို့အချိန်သိပ်မယူနိုင်သေးတဲ့ ယခုလိုအချိန်ကာလမှာ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းတွေ မဖန်တီးမရေးသားနိုင်သေးကြောင်း ၀န်ခံပါတယ်။ ဟိုးယခင် စာစရေးတုန်းက ရေးဟန်အတိုင်း စာလေးတွေကို အစပျိုးပြန်ရေးနေပါတယ်။ သည်းခံပြီးအားပေးကြပါဦးနော်။

To be continued….

Tuesday, December 3, 2019

လိင်တံကို ထိခိုက်စေနိုင်တဲ့ ဆက်ဆံမှုပုံစံများ


ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.


လိင်ဆက်ဆံခြင်းဆိုတဲ့ ကိစ္စဟာ လူတွေရဲ့ ဘ၀မှာ ချန်ထားခဲ့လို့ မရတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ အဲဒီလို ဆက်ဆံတဲ့အခါ တချို့သော ဆက်ဆံမှုပုံစံတွေဟာ ကိုယ့်ရဲ့ အမျိုးသားလိင်တံကို ထိခိုက်မိစေနိုင်တယ်။ အဲဒါတွေက ဘာတွေလဲ။ အန္တရာယ် ဖြစ်နိုင်တဲ့ ပုံစံ(၄)မျိုးကို ပြောပြချင်ပါတယ်။

၁။ Eager Chef Position


လိင်တံကျိုးခြင်းကိစ္စတွေရဲ့ အများစုဟာ ပြင်းထန်တဲ့ ဆက်ဆံမှုကြောင့် ဖြစ်တာပါ။ လိင်တံကျိုးတယ် ဆိုတာကတော့ လိင်တံထောင်မတ်လာချိန်မှာ သွေးတွေနဲ့ ပြည့်နေတဲ့ ပြွန်တွေ ကျိုးကုန်တာကို ဆိုလိုတာပါ။ အဖော်ကို စားပွဲတခုခုပေါ်မှာ ရှိနေမယ်၊ ကိုယ်က မတ်တပ်ရပ်ပြီး ဆက်ဆံတဲ့ အခုပုံစံမှာ လိင်တံထိခိုက်မှု ဖြစ်တတ်ပါတယ်။

၂။ Doggy Style



ကိုယ့်အဖော်က ဒူးထောက်ပြီး ရှေ့ကိုကုန်းထားမယ်၊ ကိုယ်က နောက်ကနေပြီး ထိုးသွင်းဆက်ဆံမယ်။ အဲဒီပုံစံမှာ တကယ်လို့ ကိုယ့်ရဲ့ ထိုးသွင်းမှုက အနေအထားမမှန်ခဲ့ရင် သင့်အဖော်ကိုလည်း ထိခိုက်ဒဏ်ရာ ရစေနိုင်တယ်။ ဒါကြောင့်မို့ ဆက်ဆံမှုမပြုမီမှာ အနေအထားမှန်မှန် နေရာယူကြဖို့ သိပ်အရေးကြီးပါတယ်။
အဲဒီအပြင် ဒီပုံစံနဲ့ ဆက်ဆံရင်း စအိုထဲ မှားယွင်းပြီး ထိုးသွင်းဆက်ဆံမိရင် စအိုပြဲတဲ့ဒဏ်ရာမျိုးတွေလည်း ရသွားနိုင်ပါတယ်။

၃။ Cowgirl and lean back



ဒီပုံစံကတော့ ကိုယ်က လှဲအိပ်နေမယ်၊ ကိုယ့်အဖော်က ကိုယ့်အပေါ်မှာ ထိုင်ပြီး ဆက်ဆံတဲ့ပုံစံမျိုးပါ။ ရှေ့ကိုကိုင်းပြီး သူ့လက်တွေ ကိုယ့်ရင်ဘတ်ပေါ် တင်ထားရမယ့်အစား နောက်ကိုလှန်လှန်ပြီး ဆက်ဆံတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ကိုယ့်ရဲ့ တံတောင်ဆစ်၊ ဒူးတို့လို ပုံစံမျိုးပါပဲ၊ ထောင်မတ်နေတဲ့ လိင်တံကို ခဏခဏ ဖိမယ်၊ ဒါမှမဟုတ် အောက်ကို အတင်းဖိချပါများလို့ရှိရင် ကျိုးသွားနိုင်ပါတယ်။ ဒီပုံစံအတိုင်း မကြာခဏ ဆက်ဆံမယ်ဆိုရင် Peyronie’s disease လို့ခေါ်တဲ့ ရောဂါမျိုး ရနိုင်ပါတယ်။ အဲဒါကတော့ လိင်တံအတွင်းတစ်ရှူးတွေမှာ အမာရွတ်သဖွယ်ဖြစ်သွားပြီး လိင်တံကောက်သွားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ မကုဘဲ ကြာကြာထားလို့ရှိရင် လိင်ဆက်ဆံလို့ မရတော့တဲ့အနေအထားထိ ဖြစ်လာနိုင်ပါတယ်။

၎။ The Pogo Stick Position


သမားရိုးကျ ဆက်ဆံနည်းနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ကိုယ်က မတ်တပ်ရပ်နေပြီး အဖော်ကို ချီပိုးထားတဲ့ ပုံစံဖြစ်ပါတယ်။ ဒီပုံစံဟာ ခွန်အားစိုက်ထုတ်မှု တအားလိုအပ်သလို နောက်ကျောနာကျင်မှုကိုလည်း ဖြစ်စေပါတယ်။ ဆက်ဆံတဲ့အခါ ချော်ထွက်သွားခြင်းမျိုးလည်း ဖြစ်တတ်တယ်။

ကိုယ့်ရဲ့ လိင်မှုဘ၀တိုးတက်ဖို့ အခုပြောခဲ့တဲ့ ပုံစံတွေထဲက တခုခုကို လုပ်ကြည့်ချင်တယ်ဆိုရင်လည်း လုပ်ကြည့်နိုင်ပါတယ်။ ဒါပမယ့် သတိထားစေချင်တာကတော့ ဘေးကင်းဖို့သာ အဓိက ဆိုတာပါပဲ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို နာကျင်စရာကောင်းပြီး အန္တရာယ်များတဲ့ အခြေအနေအဖြစ် မပြောင်းပစ်လိုက်ပါနဲ့။ တကယ်လို့ ကိုယ့်ရဲ့ လိင်တံမှာ ပြဿနာတခုခုရှိတယ်လို့ သံသယရှိရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းတစ်ခုကို အမြန်ဆုံး သွားစေချင်ပါတယ်။