Tuesday, February 28, 2012

အိပ်ခ်ျအိုင်ဗွီကာကွယ်ရေးကို ၀န်ကြီးဌာနနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် တင်ပြ

အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ပြုစုစောင့် ရှောက်ရေးလုပ်ငန်းများကို ကျန်းမာရေး ၀န်ကြီးဌာနမှ ဌာနဆိုင်ရာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အလှူရှင်များ အတူပိုမို ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အခြားအသိပေးတောင်းဆို လိုသည့် အချက်များကို အဖွဲ့ဝင်များစုပေါင်း လက်မှတ်ရေးထိုးကာပေးပို့ရန် ဖေဖော် ၀ါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် လှုမှုရေး အဖွဲ့အစည်းများကွန်ရက် (အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်) ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့သည်။

"ကျွန်တော်တို့အဖွဲ့က မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါကာကွယ်၊ ကုသရေး၊ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်တွင်းလူမှုရေးအဖွဲ့စည်း ၁၃၂ ခု ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ကွန်ရက် တစ်ခုပါ။ ကျွန်တော်တို့ ကွန်ရက်ကနေ အဖွဲ့ဝင်တွေကို ပိုက်ဆံမထောက်ပံ့ပေးပါဘူး။ "လက်ရှိအခြေအနေရ ပြည်တွင်း လူမှုရေး အဖွဲ့စည်းတွေဟာ လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ တချို့သောဒေသ ဆိုင်ရာ အစိုးရအဖွဲ့စည်းတွေရဲ့ အသိ အမှတ်ပြုမှုမခံရဘူး။ ခွင့်ပြုချက်မရဘူး။ အခုဆိုရင် မန္တလေးကအဖွဲ့က ဒါကို တင်ပြပေးတယ်။ နောက်ပြီး သူတို့အဖွဲ့ တွေရပ်တည်ဖို့ ရန်ပုံငွေ အရမ်းနည်း တယ်။ ဒါမျိုးတွေကို ကျွန်တော်တို့ ကွန်ရက်ကနေ တင်ပြတောင်းဆိုပေးသွားမှာပါ"ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြံပေးဖြစ်သူ ဒေါက်တာအောင်ထွန်းသက် ကလည်း ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများမှာ အစိုးရမှ တရားဝင်အသိအမှတ်ပြုမှု မရရှိသေးသောကြောင့် လှုပ်ရှားရ ခက်နေကြောင်းနှင့် မကြာခင်တွင် တရားဝင်အဖွဲ့စည်းအဖြစ် အသိအမှတ် ပြုနိုင်ရန်အတွက် မှတ်ပုံတင်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

ရွှေရည်စောမြင့်
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)

မြန်မာတိုင်းမ်
- အိပ်ခ်ျအိုင်ဗွီကာကွယ်ရေးကို ၀န်ကြီးဌာနနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် တင်ပြ

HIV positive ရှိသူများမှာ မိမိကိုယ်ကို သေကြောင်းကြံမှုများ ရှိလာ

HIV positive ရှိသူများမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် မိမိကိုယ်ကို သေကြောင်းကြံမှုများ ပိုမိုများပြားလာကျကြောင်း အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံရသူများ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ အဆိုပါ ဖြစ်စဉ်များ ဖြစ်ရခြင်းမှာ ပတ်ဝန်းကျင်မှ ခွဲခြားနှိမ်ချ ဆက်ဆံမှုများ၊မိမိမိသားစုက ခွဲခြားနှိမ်ချဆက်ဆံခံကြခြင်းနှင့် ဆေးဝါးမလုံလောက်မှုများ၊ အပြင်အခြားစီးပွားရေး အခက်အခဲများကြောင့် ကိုယ့်ကို ကိုယ် သေကြောင်းကြံ မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“HIV ရှိတယ်လို့ ပြောလိုက်တာနဲ့ လူတွေမှာလန့်ဖြန့် သွားကြတယ်၊HIV ရှိတယ်လို့ ကိုယ့်ကိုကိုယ် ခံစားလာကြရင်ကို ရှက်တယ်၊ကြောက်တယ်၊ရွံ့တယ် ပြီးရင် ပတ်ဝန်းကျင် အထင်မြင်သေးခံရမှာ ကြောက် တယ်၊ ပတ်ဝန်းကျင်က ပစ်ပယ်ခံရမှာကြောက်တယ်ဆိုတာတွေကြောင့် အဆုံးစီရင်တာ ဖြစ်နိုင်တယ်”ဟု ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ မှ တာဝန်ခံ တစ်ဦးဖြစ်သူ ဒေါက်တာ နေ၀င်းကပြောသည်။

အချို့လူတွေမှာ သူသည်လူမမာ ဖြစ်သည်၊ နာတာရှည်ရောဂါ ဖြစ်သည့်အတွက်ကြောင့် မိသားစု အပေါ် ၀န်ထုပ်ဝန်ပိုး ဖြစ်သည်ဟု ခံစားရသောကြောင့် အဆုံးစီရင်တာ ဖြစ်နိုင်ကြောင်း ဒေါက်တာနေ၀င်း ဆက်လက်ပြောဆိုသည်။စိတ်ဖိစီးမှု့များ၊ ဆေးရုံ၏ဒုက္ခများ၊ HIV positive နှင့် နေထိုင်နည်းကို မသိသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်ရခြင်း ဖြစ်သည်ဟု ဦးချစ်ကိုကို ကလည်း သုံးသပ်ပြောဆိုသည်။

“positive မှ negative မှ မဟုတ်ဘူး လူတိုင်းမှာ ဒုက္ခမျိုးစုံ ရှိနိုင်တယ် အဓိက care လုပ်မယ့်သူ ရှိရမယ် ဘယ်လို ရပ်တည်ရမယ် ဆိုတာသိရမယ် ဘယ်လိုသက်သာမယ်ဆိုသိရမယ် အဲဒါတွေ သိရင် ဒီလို ပြဿနာတွေ မဖြစ်နိုင်ဘူး”ဟု ဦးချစ်ကိုကို ကဆိုသည်။ သွေးစစ်တော့မယ်ဆိုရင် သွေးမစစ်ခင် လူတိုင်းကကြိုတင် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ထားတဲ့အတွက် ပိုးရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ အဆိုပါ သေကြောင်းကြံမှုများ မဖြစ်နိုင်ကြောင်း ဦးချစ်ကိုကို ပြောသည်။

HIV ပိုးရှိသူ၏ မိသားစု၊သူငယ်ချင်း၊ပတ်ဝန်းကျင်မှာရှိတဲ့ သူများလဲ အသိပညာပေးဆွေနွေးမှုများ ပြုလုပ်သင့်ကြောင်း၊positive တယောက်အတွက် စိတ်ခံစားမှုက အရေးကြီးကြောင်း၊ မိမိတို့မှာရှိတဲ့ ပြဿနာ များကို ဖွင့်ပြော တိုင်ပင်လို့ ရတဲ့သူရှိပါက ၄င်းဖြစ်စဉ်များ မဖြစ်နိုင်ကြောင်း သိရှိရသည်။ HIV နဲ့ပတ်သက်၍ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်လိုပါက ဖုန်းနံပါတ် ၀၉ ၇၃၁၉၈၉၁၃ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။

ရွှေမြစ်မခ - HIV positive ရှိသူများမှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြောင့် မိမိကိုယ်ကို သေကြောင်းကြံမှုများ ရှိလာ

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ကုသပေး

အေအာဗွီဆေးဝါးဖြင့် ကုသရန်လိုအပ်နေသည့် အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)မှ သိရသည်။

''ကျွန်တော်တို့အဖွဲ့မှာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၂၀၀ ကျော်ရှိတဲ့အထဲမှာ အေအာဗွီ ဆေးတိုက်ကျွေးနေရတဲ့လူနာ ၁၄၀ ကျော်လောက်ရှိပါတယ်။ အဖွဲ့အနေနဲ့ သာကေတ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း နေရာသုံးနေရာမှာ အေ အာဗွီဆေးတွေ ပေးပါတယ်။ လက်ရှိပထမအဆင့် ဆေးသောက်နေရတဲ့ လူနာ ၁၃၀ ကျော်ရှိပြီး ဒုတိယအဆင့် ဆေးသောက်နေရတဲ့လူနာ သုံးဦးရှိပါတယ်။ ဝေဒနာရှင်တွေလည်း ဆက်သွယ်ပြီး ဆေးကုသမှုခံယူနိုင်ပါတယ်'' ဟု ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူက ဆိုသည်။

ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)သည် ပြည်သူများအား ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုအတွက် အသိပညာပေးရန်၊ ချို့တဲ့နွမ်းပါးသော ဝေဒနာရှင်များအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကုသမှုပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုများပေးရန်၊ ပြုစုစောင့်ရှောက်မှု လိုအပ်နေသူများအတွက် အသက်အရွယ်မရွေး ကူညီစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရုဏာလရိပ်အဖွဲ့(ရန်ကုန်) အနေဖြင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ရောဂါ ပညာပေးလုပ်ငန်းများ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ၊ အခွင့်အရေးယူဝင်ရောက် လာသည့်ရောဂါများကို စစ်ဆေးမှုနှင့် ကုသမှုခံယူနိုင်ရန် ပံ့ပိုးပေးခြင်း၊ အာဟာရ ပံ့ပိုးပေးခြင်း၊ နှစ်သိမ့်ဆွေး နွေးပညာပေးခြင်းနှင့် သွေးစစ်ဆေးနိုင်ရန် ထောက်ပံ့ပေးခြင်း စသည့်လုပ်ငန်းများကို အခမဲ့ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group
- အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ကုသပေး

Wednesday, February 22, 2012

Help! (Part Two)

အရာအားလုံးလို့ပြောရမလား အရာရာဟာ တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။ ကျွန်တော့်သွေးကြောမျှင်တွေထဲ ရေခဲရေလောင်းထည့် လိုက်သလို တကယ် အေးခဲသွားပါပြီ။ ကျွန်တော့်မျက်ဝန်းတွေဟာ ပြူးကြောင်ကြောင်နှင့် ပတ်ဝန်းကျင်ကို ကြည့်မိနေဆဲ။ ကျွန်တော် မြင် နိုင်တာက မြတ်သူ မိဘတွေရဲ့ စိုးရိမ်စွာ စိုက်ကြည့်နေသော မျက်ဝန်းတွေကိုသာ။ သူတို့နှုတ်ဖျားက လှုပ်ခတ်နေပေမဲ့ ကျွန်တော် ဘာသံ မှ မကြားရပါဘူး။ မြင်နေရတဲ့ ကမ္ဘာပေါ်က အရာဝတ္ထုတွေအားလုံးေ၀၀ါးစပြုလာပြီး ကျွန်တော့်ရဲ့ ရှေ့မှာ မြူမှောင်တွေပိတ်ဖုံးကာ အနက်ရောင် ဟင်းလင်းပြင်ကြီးသာဖြစ်တည်ပြီးနောက် ဘာဆက်ဖြစ်သလဲမသိတော့ပါ။ 'မြတ်သူ' မိဘတွေခမျာ သူတို့သားရဲ့ အချစ်ဆုံး သူငယ်ချင်း ရုတ်တရက် ဘာဖြစ်သွားတယ် သိကြပါ့မလားနော်။

x x x

'ဘိုဘို'

.......

'ဘိုဘို သားဘာဖြစ်တာလဲ ထပါကွ'

ကျွန်တော့်မျက်ခွံတွေကို ကြိုးစားပြီး ဖွင့်လိုက်ပါတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံးေ၀၀ါးနေသော အရာတစ်ခုဖြစ်နေပါရဲ့။ ကျွန်တော့် ဘေးပတ်ဝန်းကျင်မှာ လေထုက ၀ဲလှည့်နေသလိုပါပဲ။ 'ဘာ...ဘာဖြစ်သွားတာလဲဗျာ' နှုတ်ဖျားက တိုးတိုးသက်သာမေးမိပါတယ်။

'ဘိုဘို...စိတ်အေးအေးထား သား၊ မင်း အဆင်ပြေတယ် သက်သာတယ်ဆိုရင် မြေကြီးပေါ်က ထလိုက်ပါဦး သားရယ်' မြတ်သူ အဖေ ကပြောတယ်။

ကျွန်တော် အာရုံတွေရှုပ်နေတယ်။ ကျွန်တော့်စိတ်တွေထဲ တော်တော်များများကို အတွေးများစွာ လည်ပတ်ပြေးလွှားနေခဲ့တာ။ ခေါင်းထဲ နဲနဲမူးဝေေ၀နှင့် ဘေးပတ်ဝန်းကျင်က ပစ္စည်းတွေအဆောက်အဦးတွေက ဝေးကွာပြီး ထူးဆန်းနေသလိုပဲ။ နောက်ဆုံးတော့ အာရုံပြန်စု မိကာ ထရပ်နိုင်ခဲ့ပါတယ်။ အားလုံး Okတယ်လို့ခံစားရလား? အိုကေပါတယ်လေ အလုံးစုံမဟုတ်ပေမဲ့။ ကျွန်တော့်ဦးခေါင်းထဲမယ် ဘာ တွေ ဖြစ်ခဲ့တယ်၊ ဒီလို အဖြစ်အပျက်တွေ ဖြစ်ပေါ်လာစေခဲ့တယ်ဆိုတာ သိဖို့ကြိုးစားနေဆဲပေါ့။

'ကျွန်တော် ကြိုးစားပြီး စဉ်းစားကြည့်မယ် ဦး...မြတ်သူဘယ်ကိုသွားနိုင်သလဲဆိုတာကိုပေါ့' ကျွန်တော့် နံဘေးမှာ မျှော်လင့်တဲ့မျက်လုံး တွေနှင့် မတ်တပ်ရပ်နေကြတဲ့ မြတ်သူမိဘတွေကိုပြောလိုက်ပါတယ်။ ကျွန်တော် သူတို့ပြောတာတွေ နားထောင်ရင်း အချိန်ခဏတော့နေ ပေးဖြစ်ရင်း မြတ်သူရဲ့ အိမ်နဲ့ဝေးရာကို ခြေလှမ်းနှေးနှေးဖြင့် ပြန်လျှောက်လာခဲ့တာပေါ့နော်။

ကျွန်တော့်ခြေထောက်တွေသယ်ဆောင်ရာကို ဦးတည်ရာမဲ့လျှောက်လှမ်းမိပါတယ်။ မကြုံဖူးတဲ့ အတွေ့အကြုံကို ခံစားခဲ့ရတာတွေ ကျွန်တော့်ဦးခေါင်းထဲ လည်နေတယ်လေ။ ရင်ထဲ ဖြစ်တည်လာတဲ့ ခံစားမှုအစစ်အမှန်ကို ထုတ်ဖော်ပြောဖြစ်ခဲ့တဲ့ ကျွန်တော့်အပြစ်လား၊ မြတ်သူကို တွယ်ငြိခဲ့တဲ့ စိတ်အလျဉ်ကြောင့်လား... အိုး.... မှတ်ဥာဏ်ထဲမှာ ထပ်ကာတလဲလဲ ထပ်ကာထပ်ကာ အတွေးနက်မိသေးတာ။ မေ့နေခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေရယ်၊ ကျွန်တော့်ဘ၀၊ ကျွန်တော့်ခံစားချက်တွေကို နားလည်ပြီး သူငယ်ချင်းကောင်း ပီသခဲ့တဲ့ မြတ်သူနဲ့ ခင်မင်ခဲ့၊ ပျော်ရွှင်ခဲ့ အတူတူအချိန်ဖြုန်းခဲ့တာတွေရယ် ကျွန်တော် သတိရမိပါတယ်။ အတွေးများစွာ၊ ခံစားမှုများစွာ၊ စိတ်လှုပ်ရှားမှုများစွာ၊ မေးခွန်းများစွာဟာ ကျွန်တော့်ဦးနှောက်ထဲ ပျံဝဲနေကြတာ အမှန်အကန်။ 'ဘာကြောင့် ငါ့မှာဖြစ်လာရလဲ?'၊ 'ဘာ ကြောင့်များ ငါဒါကို ပျက်စီးသွားစေပါလိမ့်?' 'ဘာကြောင့်မြတ်သူထွက်ပြေးသွားရပါလိမ့်?' 'မြတ်သူဘယ်မှာလဲ?' မြတ်သူ အဆင်ပြေပါ့ မလား?' 'ဘုရားသခင်, မြတ်သူ အဆင်ပြေပါစေ' 'ကျွန်တော်မသိတော့ဘူး မြတ်သူသာ မရှိရင် ဘာလုပ်ရမယ်ဆိုတာ' ကျွန်တော့်အတွေး တွေဟာ အဆုံးမဲ့။ ကျွန်တော့်အတွေးထဲ ကျွန်တော်နစ်ဝင်နေတော့ ကျွန်တော်ဘယ်ကိုသွားခဲ့လဲ သို့မဟုတ် ကျွန်တော်ဘာလုပ်ခဲ့လဲ အာရုံမစိုက်နိုင်ခဲ့ပါ။ လူတွေ ကျွန်တော့်ကို ကြည့်နေခဲ့ပေမဲ့ ကျွန်တော် အသိမဲ့စွာ သူတို့ကိုကျော်ဖြတ်ပြီး လမ်းမတလျှောက်သွားနေခဲ့တာ မြန်ဆန်စွာပေါ့ဗျာ။

ကျွန်တော် လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်လိုက်တယ်။ ရုတ်တရက် ဘေးပတ်ဝန်းကျင်ကို ခပ်သွက်သွက်လှည့်ပတ်ကြည့်လိုက်တာ အခု ဘယ်နေရာကိုရောက်နေသလဲပေါ့။

လယ်စောင့်တဲဟောင်းကြီးတစ်ခု၊ 'ဟုတ်တယ် သူဒီနေရာကိုလာမှာသေချာတယ်'

ကျွန်တော်နှင့် မြတ်သူ ပျင်းတဲ့အခါတိုင်း၊ ကျောင်းချိန်ပြီးတဲ့ အချိန်တချို့နှင့် နွေရာသီကျောင်းပိတ်ရက်တွေမှာ လာပြီးနေလေ့ရှိတဲ့ မြို့ပြင် ကနေရာကြီးတစ်ခုပေါ့။ ကလေးဘ၀တွေကိုဖြတ်သန်း ဆယ်ကျော်သက်နှစ်ဦးပိုင်းတွေတုန်းကပျော်ရွှင်ဖွယ်အချိန်တချို့ကို ဝေမျှခဲ့တဲ့ နေရာပါ။ သေနတ်ပစ်တမ်း၊ တစ်ယောက်ပုန်းတာကို နောက်တစ်ယောက်ကလိုက်ရှာတာ၊ ဒါမှမဟုတ် အသက်အရွယ်ရလာတော့ အတူ သွားပြီး စကားထိုင်ပြော အပန်းဖြေတဲ့နေရာ။ နှစ်ဦးလုံးရဲ့စိတ်ထဲမှာ ရှုပ်ထွေးလှတဲ့မြို့ကြီးနှင့်လူတွေအကြားက လွတ်မြောက်ရာ အဖြစ် ရိုတ်ခတ်ပါတယ်။ အရမ်းတိတ်ဆိတ်တယ်၊ ငြိမ်းချမ်းတယ်၊ ပြီးတော့ တည်ငြိမ်အေးဆေးတယ်လေ။ တစ်ယောက်တည်းနေဖို့ လိုအပ် တယ်လို့ ခံစားရတဲ့အခါတိုင်း ဒါမှမဟုတ် ကျွန်တော်တို့တွေ တစ်ယောက်နှင့် တစ်ယောက်အချိန်ပေးစကားပြောဖို့ လိုအပ်တဲ့အခါတိုင်း လျှို့ဝှက်တဲ့၊ ပုန်းကွယ်နိုင်တဲ့ တိတ်ဆိတ်ပြီး တစ်စုံတစ်ခုသော စွမ်းအားနှင့် ပြေပျောက်စေနိုင်တယ်လို့ ယူဆပြီးလာတတ်ကြတဲ့နေရာ ဆိုရမယ်။

သေချာတယ်ဆိုတဲ့ အတွေးဝင်တာနဲ့ ကျွန်တော့်ဘက်ဘက်ခြေထောက်ရဲ့ ဆန့်ကျင်ဘက်ရှိရာကို ရုတ်တရက်ခြေစလှမ်းလိုက်တယ်။ မြတ်သူ လယ်တောကြီးထဲက လယ်စောင့်တဲကြီးဘက်မှာ ရှိမရှိဆိုတာ ကျွန်တော်မသိနိုင်တာကြောင့် အဲဒီဘက်ကိုသွားကြည့်ဖို့ ခပ်ဖွဖွ ပြေးကာ ဦးတည်လိုက်တာပေါ့နော်။ မြို့စွန်နေရာတစ်ချို့ ခြေရာထပ်အောင်ပြေးကြည့်ပြီးနောက် သူဘယ်နေရာမှာရှိလဲသေချာရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြတ်သူ လုံခြုံစိတ်ချစွာနှင့် ရှိနေရဲ့လားသိဖို့ ကျွန်တော့်မှာ အခက်တွေ့နေရတာ။ ကျွန်တော် ဟိုဟိုဒီဒီအတွေး တွေက အရေပြားကို ဖောက်ထွက်မလားထင်ရလောက်အောင် ခုန်ပေါက်နေပြီ။ မြို့ပြင်ကိုထွက်မယ့် လမ်းဆုံကြီးနားပြန်ရောက်တော့ ခဏလေးအပြေးရပ်လိုက်သေးတယ်။ ဟိုမှာဘက်ကို လှမ်းမျှော်ကြည့်တော့လဲ မြို့စွန်နဲ့တော်တော်လှမ်းမယ့်တောလမ်းကို မြင်ရရော။ လယ်တောကြီးက အခုရောက်နေတဲ့နေရာနဲ့ သိပ်မဝေးပါဘူး။ ကျွန်တော် ဦးတည်သွားနေတဲ့နေရာနားရောက်လို့ထင် မြတ်သူရဲ့ခေါ်သံ ကို ကြားလိုက်ရသလိုပဲ။ ကျွန်တော့်ဝိညာဉ် ဆက်လွင့်ကာ မောပန်းပြီး အသက်ရှူခက်နေပေမဲ့ ကျွန်တော့်ခြေလှမ်းတွေ မရပ်တန့်ခဲ့ပါ။ လမ်းရဲ့အဆုံး မလှမ်းမကမ်းမှာတော့ ရင်းနှီးဖူးတဲ့မြင်ကွင်းကိုမြင်လိုက်ရပြီမဟုတ်လား။

ကျယ်ပြန့်လှတဲ့ လယ်ကွင်းကြီးတွေရဲ့အလယ် စပါးကျီနှင့်တကွ တွဲဆောက်ထားတဲ့ ကျွန်တော့်ငယ်ဘ၀ အချိန်အတော်များများမှာ အချိန် ဖြုံးတတ်ခဲ့တဲ့ လယ်စောင့်တဲအိမ်ကြီးကိုမြင်နေရတာပါ။ ရောက်ဖို့နီးပြီဆိုတော့ ခပ်သွက်သွက်လေး အပြေးလှမ်းနေတဲ့ ခြေလှမ်းကို အနည်းငယ် အရှိန်လျော့ဖို့ကြိုးစားရင်း အသက်နည်းနည်းခိုးရှူလိုက်ပါတယ်။ မကြာခင်မှာပဲ ကျွန်တော့်ခြေလှမ်းတွေကို ချီတုံချတုံမဖြစ် စေဘဲ ဆက်လက်ချီတက်ရသပေါ့။

'မြတ်သူ!!!!" ကျွန်တော်အသံကုန်အော်ခေါ်လိုက်တယ်။ 'မြတ်သူ? သူငယ်ချင်း.. မင်းရှိနေလား?'

ဘာတုန့်ပြန်မှုမှမရှိ ဆိတ်ဆိတ်ငြိမ်သက်လျက်။ ကျွန်တော် အားမရှိတဲ့ခြေလှမ်းတွေနဲ့ လယ်စောင့်တဲအိမ်ဆီလျှောက်လှမ်းဖြစ်ရပါတယ်။ လေးလံသော အညိုရောင်သစ်သားတံခါးရွက်ကြီးကို လက်နဲ့အသာတွန်းကာ ဖွင့်လိုက်တာ တကျွီကျွီနှင့်မြည်တာများ အသည်းတောင် ထိပ်တယ်။ တံခါးမကြီးကိုဖွင့် အတွင်းကိုဝင်လိုက်တော့ လေးလံတဲ့တံခါးရွက်ကြီးဟာ ကျွန်တော့်နောက်ဖျားမှာ သူ့အလိုလိုပိတ်သွား တယ်လေ။ ဖုန်တွေ၊ ပင့်ကူမျှင်တွေနှင့် ဟောင်းလောင်းကြီးဖြစ်နေတဲ့ အဆောက်အအုံကြီး။ ကျွန်တော့်ဘ၀ရဲ့ အတိတ်ပုံရိပ်အချို့ရှိနေ မလား ဝေ့၀ဲကြည့်မိရပေမဲ့ ဘာမျှမရှိ။ တော်ပါပြီ အခြားနေရာကို သွားကြည့်တော့မယ်ဆိုပြီး သစ်သားတံခါးရွက်ကြီးကို တွန်းဖွင့်လိုက် တယ်။ ကျွန်တော့်ဆံပင်တွေထောင် ကြက်သီးတွေထအောင် ထိတ်လန့်သွားရပါပြီ။ သစ်သားတံခါးရွက်ကြီးမှာ အတွင်းဘက်က ဘာ လက်ကိုင်မှမပါ။ ကျွန်တော့်အသည်းနှလုံးတွေ အပြေးပြိုင်ပွဲဝင်နေကြပါပြီ။ ကျွန်တော် ဒီနေရာကထွက်ဖို့ ဘယ်လို....ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်အားရှိသမျှ အသားကုန် တံခါးကိုတွန်းကြည့်တယ်။ တကယ် လုံးလုံးမရွေ့လျား။ ကျွန်တော် အချုပ်မိပြီပေါ့။

'ကူညီကြပါဦး' ကျွန်တော်အော်တယ်။

'ကူညီကြပါဦးဗျာ....တဲအိမ်ထဲပိတ်မိနေလို့ပါ'

တစ်ယောက်မှ မရှိကြဘူးလား ဘာသံမျှမကြားရ။ ဒီမှာ ကျွန်တော် ဘာမှမလုပ်နိုင်တော့။ ကျွန်တော်ညစ်သွားပြီ။ တနေရာရာမှာထိုင်၊ တစ် ယောက်ယောက်ကလာပြီး ကယ်ပါစေလို့ ဆုတောင်းနေရမယ့်ဟန် ပေါက်နေရော။ ပြဿနာပဲ....ဘာပြဿနာလဲဆိုတော့ ကျွန်တော် ဟာ ဧကအတော်ကျယ်တဲ့ လယ်တောရဲ့ အလယ်ကျကျ တဲအိမ်အိုကြီးရဲ့ အတွင်းဘက်ကိုရောက်ရှိနေတာကိုး။ ဒီနေရာကထွက်သွားဖို့ ဆိုရင် ကျွန်တော်ကိုယ်တိုင်ကလွဲလို့ သိသူတစ်ယောက်ပဲရှိတယ်။ မြတ်သူလေ။ ကျွန်တော်.....လွတ်လွတ်လပ်လပ်ပြန်ဖြစ်ဖို့ဆိုတာ ကျွန်တော့်ကို မတွေ့ချင်တော့လို့ရှောင်သွားသူ့အပေါ်မူတည်နေတယ်ဆိုတာကတော့ ကံတရားရဲ့ကျီစယ်မှုများလား။

အချိန်ကြာလာတာနှင့်အမျှ အလင်းရောင်က လယ်တောတစ်ခွင်က တဖြည်းဖြည်းဆုတ်ခွာသွားတာ မှောင်ရိပ်သန်းစပြုလာတယ်။ အရာ အားလုံး တိတ်ဆိတ်ပြီး ဘာသံမှ မကြားရ။ ကျွန်တော်အမြဲလိုလို တောင့်တမိတဲ့ ငြိမ်သက်အေးချမ်းမှုလေ။ ရှုပ်ထွေးမှုတွေများတဲ့ မြို့ပြနဲ့ ကွာခြားတဲ့ ငြိမ်းချမ်းမှုဆိုတာ အခုတော့ ကျွန်တော်ကြောက်တယ်၊ ရာသီဥတုကလည်း အေးလာပြီ၊ ပြီးတော့ ကျွန်တော်တစ်ယောက် တည်းရယ်။ တစ်စုံတစ်ယောက် ကျွန်တော့်ကိုရှာတွေ့ဖို့၊ ကျွန်တော်နှင့်အတူရှိနေမယ့် တစ်စုံတစ်ယောက်၊ ကျွန်တော့်ကို ဖက်တွယ်မှု နှစ်သိမ့်နွေးထွေးစေမယ့် တစ်စုံတစ်ယောက်သောသူ။အဲဒီတစ်စုံတစ်ယောက်ဟာ မြတ်သူ ဖြစ်လိုက်ပါတော့ကွာ။

အပူချိန်ကျဆင်းလာမှုကြောင့် ကျွန်တော့်ခန္ဓာကိုယ်ဟာ တုန်ခါမှုဖြစ်လာရပါပြီ။ ကျွန်တော်မတ်တပ်ထရပ်ပြီး ဒီအခန်းကြီးထဲ တစ်ခုခုရှာဖို့ ဆုံးဖြတ်လိုက်တယ် နွေးနွေးထွေးထွေးနေဖို့ ဘာများရမလဲပေါ့နော်။ ကျွန်တော့်ခြေထောက်တွေကို တစ်လှမ်းခြင်း လှမ်းကာ မျက်ဝန်း တွေကလည်း ဟိုသည်ကြည့်ပေါ့။ ဘာမှမရှိဘူး စက်ပစ္စည်းအဟောင်းတွေပဲရှိတယ်။ ပြီးတော့ အဲဒါတွေရဲ့နောက်မှာ ကောက်ရိုးထုံးအချို့။ ကောက်ရိုးတွေက နည်းနည်းတော့ ယားယံစေမယ်ဆိုတာ သက်သောင့်သက်သာ မဖြစ်ဖူးဆိုတာ ကျွန်တော်သိပေမယ့် ဘာတတ်နိုင်မလဲ ကောက်ရိုးထုံးအချို့ကိုဖြေကာ ကျွန်တော့်ကိုယ်ခန္ဓာပေါ်ဖုံးလွှမ်း၊ အသင့်ပြေနေတဲ့ကောက်ရုံးပုံလေးပေါ် လှအိပ်လိုက်ပါတယ်။ ၁၀မိနစ် လောက်အကြာမှာတော့ နွေးလာပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ သွေးနွေးလာတဲ့အတိုင်းဆိုတော့ အေးစက်စက်ညကို အံတုဖို့ ကောက်ရိုးမျှင်တွေက ကူညီနိုင်တယ်ဆိုတာသေချာသွားတာပေါ့လေ။ အရာအားလုံး အဆင်ပြေတော့ ကျွန်တော်ဘာမှမလုပ်ဖြစ်ဘဲ စောင့်ဆိုင်းမှုကိုသာ......။

Alex Aung (22 Feb 2012)

To be continued....

Friday, February 17, 2012

The Park

ကျွန်တော် ကိုယ့်ကိုယ်ကို bi အဖြစ် ဒါမှမဟုတ် gay အဖြစ် ဘယ်တော့မှ တွေးတော သတ်မှတ်ခဲ့မိခြင်းမျိုးမရှိခဲ့ပါ။ ဒါပေမဲ့ -ီးကိုပိုပိုပြီး တောင့်တ မိသလိုပဲဗျ။ အမျိုးမျိုးအထွေထွေ ငနဲတွေရှိတတ်တဲ့ gym ရဲ့ အ၀တ်လဲခန်းထဲ မရောင်မလည် မသွားဘဲ မနေနိုင်ခဲ့ခြင်းက သတိပြုစရာကိုဖြစ်လို့။ သူတို့ထဲက တစ်ယောက်ယောက်ကို ဆွဲဆောင်ပြီး သူတို့ငပဲကို ကီးပေးဖို့ဆိုတာကလည်း ဖြစ်မှ မဖြစ်ရဲပဲလေ။

ကျွန်တော် အမျိုးကောင်းသားတွေကို စိတ်ထဲစွဲမိနေခြင်းက အပြာကားတွေကို ကြည့်ဖြစ်နေခြင်းကအစပျိုးခဲ့ပါတယ်။ ကျွန်တော့် ကောင်မလေးနှင့် ရုပ်ရှင်တစ်ကားလောက် အတူကြည့်နိုင်ခဲ့တယ်ဆိုပါစို့ ကျွန်တော်က အမျိုးသားသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု ဟိုမှာဘက်ကို ပိုမိုအာရုံစိုက်မိပါတယ်။ အပြာကားတွေထဲက အမျိုးသားသရုပ်ဆောင်တွေက ကွဲပြားခြားနားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေကို ပိုင်ဆိုင်ကြတယ်မဟုတ်လား။သူတို့ထဲက တချို့တွေဟာ ကြီးမားတုတ်ခိုင်တဲ့ငပဲတွေရှိကြပြီး တခြားသောအများစုကတော့ ကျွန်တော့်ကိုယ်ပိုင်ပစ္စည်းလို ပျှမ်းမျှအရွယ်အစားရှိကြတာပေါ့နော်။ တစ်ခုပြောရရင် တုတ်တွေက pussy တွေထက်စာရင် အရွယ်အစား ပဲ ဖြစ်ဖြစ် တော်တော်ကွဲပြားကြတယ်။ pussy တွေကတော့ အကုန်အတူတူပါပဲ။

သရုပ်ဆောင်မိန်းမရဲ့ မျက်နှာကိုကြည့်မိတဲ့ တစ်ကြိမ်သောအခါက ငနဲထွားထွားတစ်ပွေ သူ့ကိုဆော်နေတုန်းဖြစ်ပျက်နေတဲ့ မျက်နှာ သွင်ပြင်ကိုလေ့လာဖြစ်ပါတယ်။ ပထမတော့ သူတို့ကြည့်ရတာ နာကျင်နေတဲ့ ပုံဟန်ဖြစ်ပေမယ့် မကြာခင်မှာပဲ သာယာမှုဘက်ပြောင်း သွားပြီး ခပ်ကြမ်းကြမ်းလေး ဆောင့်သွင်းသထက် ဆောင့်သွင်းအောင် တောင်းဆိုနေကြတာများပါတယ်။ နောက်ဆုံးတော့ သူတို့ pussy တွေ သုတ်ရည်များနဲ့လျှံနေအောင် အဖြည့်ခံရရော။ ငနဲတွေရဲ့ -ီးကို သူတို့စုပ်ပြုပေးတာကိုကြည့်ရတာလည်း ကျွန်တော်ကြိုက်တယ်။ ဆုလာဒ်အဖြစ်ရတဲ့ သုတ်ရည်တွေကို သူတို့လျှာတွေနှင့် လျက်တဲ့အထိ ခံစားကြည့်မိရရော။ စော်ကိုချနေတဲ့ အမျိုးသားသရုပ်ဆောင်ရဲ့ climax ဖြစ်တာကိုကြည့်ရရင် ကျွန်တော့်ငပဲမာတောင်ရလွန်းလို့ ကိုက်တောင်ကိုက်တယ်။

နည်းနည်းလောက်နောက်ကြောင်းပြန်ရရင် အလုပ်ထဲက ဘော်ဒါတစ်ယောက်ပြောပြချက်အရ သူ့အပြော 'အခြောက်'တွေ ဂွင်ဖန်တဲ့ ပန်းခြံတစ်ခြံကို သူသတိပြုမိသတဲ့။ ဘာရယ်မဟုတ်ဘူး စကားမစပ်ပြောဖြစ်ကြတာပါ။ အဲလိုမြှူဆွယ်တာ၊ ဂွင်ဖန်တာမျိုးက ရွံ့စရာ ကောင်းပြီး အန္တရာယ်များတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော် သူပြောပြတဲ့အကြောင်းတွေကို ဆက်တွေးနေမိတာ မှာ ရင်ထဲတထိတ်ထိတ် အထူးအဆန်းရင်ခုန်လာပါရော။ တစ်ညတော့ အဲဒီနေရာကိုသွားဖို့၊ ဘာတွေဘယ်လိုဆိုတာ စမ်းသပ်ခံစားဖို့ ဆုံးဖြတ်ခဲ့မိတယ်။ အရမ်းလန့်နေခဲ့မိတာလည်း သတိရမိသေးရတော့။ မောင်းလာတဲ့ကားကို နေရာမှာ အသာထိုးထားခဲ့ပြီး ပန်းခြံထဲ လေထဲလွင့်နေသလို လမ်းလျှောက်ထွက်ခဲ့လိုက်ပါတယ်။

ညဟာ တဖြည်းဖြည်း စတင်လှုပ်ရှားပြီပေါ့။ ငနဲနှစ်ပွေ မျက်နှာခြင်းဆိုင်က လျှောက်လာတာတွေ့ရတယ်။ ကျွန်တော့်ရှေ့တည့်တည့်က ငနဲက ကျွန်တော့်ကိုတစ်ချက်ကြည့်ပြီးရှေ့ဆက်လျှောက်သွားရဲ့။ ကျွန်တော်က သူတို့အတွက်ဆွဲဆောင်မှုရှိဟန်မတူ။ ကျွန်တော် နှစ် နေရာလောက် ရွေ့ပေမဲ့ကံမကောင်းပါ။ ဘာပဲဖြစ်ဖြစ်တစ်ခုခုတော့ ရမှဖြစ်မယ် အတွေ့အကြုံတစ်ခုပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်တခြားလူ တွေ ယုန်ထင်ကြောင်ထင် မဖြစ်အောင်တော့ လျှောက်ပတ်ရတာပေါ့လေ။ Damm...gay ငနဲတွေ ဘယ်လိုများ တစ်ညပြီးတစ်ည ရှာလို့ ရကြတယ်မသိ။ ဟိုသည်ကြည့်ရင်း ပန်းခြုံတစ်ခုရဲ့ထောင့်ချိုးအရောက် အမှောင်ရိပ်ကိုဥိးတည်တဲ့လမ်းတစ်ခုကိုမြင်ရတော့ ကျွန်တော် အဲ့ဒီလမ်းအတိုင်း လျှောက်ဝင်သွားလိုက်ပါတယ်။

ဒီအမှောင်လမ်းလေးထဲ ဟိုသည်ကွေ့လျှောက်လာရတာကြာတော့ လာလမ်းကိုပြန်လှည့်ပြီး အိမ်ပြန်မယ်ပြင်လိုက်မှ မသည်းမကွဲ ညည်းညူမိန်းမောသံကို ကြားရတာကြောင့် ရပ်တန့်လိုက်မိပါရဲ့။ ဘေးပတ်ပတ်လည်ကို ဝေ့၀ဲကြည့်လိုက်တာ တစ်ယောက်မှမတွေ့။ ခြိုတွေကိုနည်းနည်းတွန်းပြီးရှေ့ကိုရွေ့ကြည့်တော့ အတွဲတစ်တွဲ အလုပ်ဖြစ်နေတာကိုမြင်ရတယ်။ အပြာကားထဲက မြင်ကွင်းတစ်ခု အတိုင်းပဲ။ မြင်ကွင်းကရှင်းနေတာ ငနဲတစ်ပွေ ဒူးထောက်ထိုင်ရင်း သူ့ရှေ့က ကြီးထွားမတ်ထောင်နေတဲ့ ငပဲကြီးကို သူ့ပါးစပ်ထဲအကုန် ထည့်ဖို့ကြိုးစားနေတာဗျ။ ဒူးထောက်ထိုင်ပြီး ကီးနေတဲ့ ငနဲလေးက မတ်တပ်ရပ်နေတဲ့ ငနဲထက် နည်းနည်းအသက်ငယ်ပုံပေါက်တယ်။ သူလည်း ဘောင်းဘီကိုအောက်လျှောချထားတာ ငပဲခပ်သေးသေးကိုမြင်ရရဲ့။ ကျွန်တော့်ပစ္စည်းထက်တောင်သေးသေးတယ်။ ဒါပေမဲ့ သူ့ပစ္စည်းက ထိပ်အရေပြားဖြတ်မထားဘူး ရုပ်ရှင်တွေထဲကအတိုင်း။

ကျွန်တော် အဝေးကိုရှောင်ဖယ်ဖို့ကြိုးစားပေမယ့် ကျွန်တော့်ခြေထောက်တွေကမရွေ့။ သူတို့နဲ့ပိုပိုနီးဖို့ခြေလှမ်းတွေကို တိုးမိတာမှာ အ၀တ်ပုံကိုမျက်နှာအပ်ပြီးလဲမိရတဲ့အထိပါပဲ။ ငနဲနှစ်ပွေလုံး ရုတ်တရက် ရပ်တန့်သွားကာ ကျွန်တော့်ကိုလှည့်ကြည့်ကြပါတယ်။ သူတို့ မျက်နှာမှာ ငါးခူပြုံးဆိုတဲ့ အပြုံးမျိုးပေါ်လာပြီး ကျွန်တော့်ကိုသူတို့နားဆွဲခေါ်ပါရော။ နည်းနည်းငယ်တဲ့ ကောင်လေးက ကျွန်တော့်အ၀တ် တွေကိုချွတ်တော့ ငထွားကိုကိုက သူ့ငပဲနှင့် ကျွန်တော့်မျက်နှာကိုပွတ်သပ်ပါတယ်။ တခြားသော ငနဲရဲ့ -ီးကိုပါးစပ်ထဲထည့်တဲ့ ဖီလင်ကို မခံစားဖူးခဲ့သမျှ အခုတော့ အမြန်အဆန်ကို လိုက်လျောရတာပါ။ သူ့ငပဲတုတ်တုတ်ကြီး မှာ ကောင်ငယ်လေးရဲ့ ချွဲကျိကျိတံတွေးတွေဖုံး နေတာ။ ဒါပေမဲ့ ကျွန်တော်လျစ်လျူရှုကာ လျှာတွေအာတွေနှင့် အလုပ်များလိုက်ပါတယ် ရုပ်ရှင်တွေထဲက မြင်ကွင်းတွေကို အာရုံယူရင်း ပေါ့နော်။ ဘာပဲဖြစ်ဖြစ် အလုပ်ဖြစ်တယ်နှင့် တူပါတယ် တစ်ချက်တစ်ချက် အထုတ်အသွင်းလုပ်လိုက်တိုင်း ငထွားကိုကိုရဲ့ ငပဲဟာ ပိုပို မာထောင်လာပြီး ထွားလာတယ်။

ကျွန်တော် လုပ်နိုင်သမျှ စွမ်းသမျှ ပြုစုကြည့်မိပါတယ်။ ကျွန်တော့်ပါးစပ်အတွက်ဆို သူ့ငပဲကတော်တော်ကြီးတာပဲဗျ။ ကျွန်တော် အော့အံ သလိုဖြစ်ပြီး ချောင်းအဆတ်မပြတ်ဆိုးမိရပါတယ်။ ဖြည်းဖြည်းညင်သာ အသက်ပုံမှန်ရှူ မေးကြောတွေကိုလျော့ကာ ငပဲခပ်တုတ်တုတ် ဖိဝင်လာတာကို ပြန်လည်ခွင့်ပြုရတာပေါ့နောက်တော့။ ကျွန်တော့်နှာခေါင်းတွေ သူ့ဆီးစပ်အထိဖိကပ်ခြင်းမဖြစ်ခင်ကတည်းက ဒီငနဲဆီ က ယောက်ျားဆန်တဲ့အနံ့ကို ခံစားမိရတာ ကျွန်တော့်သွေးကြောတွေ လှုပ်ရှားပြီး ဆန္ဓတွေတက်ကြွလာမိတာတော့အမှန်။

ကျွန်တော်ငပဲတုတ်တုတ်ကို ပြုစုနေတုန်းမှာ တခြားကောင်လေးက ကျွန်တော့်အတွင်းခံဘောင်းဘီကို ချွတ်ချကာ ကျွန်တော့်တင်ပါးအကွဲ ကြောင်းတလျှောက်ပွတ်သပ်ကြည့်နေတယ် လက်ဖ၀ါးနုနုနှင့်ပေါ့။ ကျွန်တော် ငထွားကိုကိုရဲ့ -ီးကိုဆွဲကိုင်ကာ ကီးနေတုန်း ကောင်ငယ် လေးက သူ့လျှာနွေးနွေးကို ရှည်အောင်ထုတ်ရင်း ကျွန်တော့်ခရေ၀ကိုကလိပါတော့တယ်။ ကျွန်တော်အဲဒီ့အတွေ့အကြုံကို မခံစားဖူး တော့ ကြက်သီးများတောင် ထမိပါရဲ့။ အဲဒီကောင်ငယ်လေးကိုဆွဲရဲပြီး ကျွန်တော့်ကို -ိုးစေချင်တာဗျ။ ရှေ့ကရပ်နေတဲ့ ငပဲကြီးကြီးပိုင်ရှင် ကိုတော့ မလုပ်စေချင်ပါဘူး။ ကြီးတာက နာတာပဲအဖတ်တင်တယ်လေ။ အနည်းဆုံး ကျွန်တော့်မျက်နှာပေါ် သူ့သုတ်ရည်တွေ ဖျန်းခွင့် လောက်ပဲပေးမယ်။

'အာ..အ' ကျွန်တော့်ခရေ၀ထဲ စေးကပ်ကပ် အထိအတွေ့က ပူနွေးစွာဝင်ရောက်လာတာကို ခံစားရပါတယ်။ အဲဒါက စိုစွတ်နေပေမဲ့ ကောင်ငယ်လေးရဲ့လျှာ မဟုတ်တော့တာကိုတော့ ကျွန်တော်ပြောနိုင်ပါတယ်။ ကျွန်တော့်အပျိုစင်ခရေ၀ထဲ သူသွင်းနေတာ အခက်ကြုံ နေဟန်တူပါရဲ့။ ဒါကြောင့် ကျွန်တော့် ခရေကြွက်သားတွေကို ဖြေလျော့ စိတ်ကိုခပ်အေးအေးထားကာ ကောင်လေးဖိသွင်းတာကို ခွင့်ပြု လိုက်ရတယ် အဆုံးထိပေါ့။ စသွင်းတုန်းကတော့ မမာမပျော့လေးပဲဆိုပေမဲ့ အထုတ်အသွင်း နည်းနည်းလုပ်အပြီးမှာတော့ ကျောက်သား လိုမာတောင်လာပါတယ်။ ကျွန်တော့် တကိုယ်လုံးသွေးတွေဆူပွက်ပူထူလာပြီး သူ့ငပဲအ၀င်အထွက် လှုပ်ရှားနေတဲ့ ငပဲရဲ့သွက်လက်မှု အပေါ် အာရုံရောက်မိနေပါတယ်။ သူ့ငပဲခေါင်းက နုညံ့ပြီး ဖိသွင်းတာကို မနာကျင်စေတာအမှန်ပဲ။ ကောင်ငယ်လေး တော်တော်ကျွမ်း တာဗျ။ ကျွန်တော် အံ့သြစိတ်တော့ဝင်မိတယ် နာကျင်မှုကို သိပ်မရှာမိဘဲ စိတ်ထဲကြက်သီးမွှေးညင်းထမှုရဲ့အဆုံးစွန်ကိုသာ ကျေနမိပါ တယ်လေ။ ကောင်လေးပစ္စည်းက သိပ်မကြီးလို့ပဲဖြစ်မှာပါ။ သူဆွဲထုတ်လိုက်တိုင်း ကျွန်တော်က နောက်ပြန်ဆောင့်ဆောင့်သွင်းတာ သူ့ပစ္စည်းတစ်ခုလုံးထည့်ထားချင်တော့တာပါပဲနော်။

ဘာတွေဖြစ်နေပြီဆိုတာ ကျွန်တော်ယုံတောင်မယုံနိုင်တော့ဘူး။ ပန်းခြံထဲလေ့လာရေးဆိုပြီး လမ်းလျှောက်လာလိုက်တာ မှောင်ရိပ်မှာ ဒီလိုဇာတ်လမ်းခင်းရမယ်လို့ ဘယ်ထင်ခဲ့မှာလဲ။ ပထမတော့ ကောင်ငယ်လေးက ကျွန်တော့်ကို -ိုးနေတာ ခပ်နှေးနှေး။ နောက်တော့ မြန်သထက်မြန်လာတယ်။ အစတော့ နာကျင်သလို ခံစားရပေမယ့် ထူပူပြီး အကျင့်ရလာတော့ အဲဒါကိုပဲသာယာလာပါတော့တယ်။ သူတို့တွေ ကျွန်တော့်အပေါက်နှစ်ပေါက်ထဲ -ီးတွေထည့်-ိုးနေတာ သူတို့ဆောင့်သွင်းချက်တွေ မရပ်တော့ဘူးထင်ရတယ်လေ။ ကျွန်တော်လည်း မရပ်တန့်စေချင်တော့ဘူး။ ခဏနေတော့ ကောင်ငယ်လေးလှုပ်ရှားမှုနှေးသွားကာ သူ့ပစ္စည်းကိုဆွဲထုတ် ကျွန်တော် တင်ပါးပေါ်ကို ပူနွေးပျစ်ချွဲတဲ့အရည်တွေ ဖုံးလွှမ်းသွားစေပါတယ်။ ကောင်ငယ်လေးနှုတ်ဖျားကလည်း အားရပါးရ ညည်းတွားသလို သူ့ ပစ္စည်းကလည်း ကျွန်တော့်တင်ပါးကို တဖတ်ဖတ်ရိုက်ခတ်သေး။ သိပ်မကြာပါဘူး ရှေ့က ကိုယ်တော်ရဲ့ငပဲကြီးကြီးဟာလည်း လှုပ်လှုပ် ရှားရှားဖြစ်လာကာ ပန်းထုတ်ပါတော့တယ် ပါးစပ်နှင့်ပြည့်တော့မတတ် သုတ်ရည်တွေ။ ကျွန်တော်ကတော့ အမြန်ဆွဲထုတ်လိုက်ပေမဲ့ ပါးပြင်ပေါ်ရော နှုတ်ခမ်းထောင့်တွေမှာရော လျှံကျနေစေရော။

သူတို့အကုန်အစင် သုတ်ရည်တွေပန်းထုတ်ကြပြီးနောက် တပြိုင်တည်းလိုလို သူတို့နှစ်ယောက်စလုံးဆုတ်ခွာတာများ ကျွန်တော်ဖြင့် ဒူးတွေယိုင်ကာ မြေပြင်ပေါ် ပစ်ကျမိပါတယ်။ ကျွန်တော့်ကိုယ်ခန္ဓာအောက်က မြေပြင်ဟာ စိုစွတ်ပြီး အေးစက်နေတယ်လို့ ခံစားရပေမဲ့ ကျွန်တော့်ခရေ၀က နာကျင်သလို ခံစားရတာဗျ။ ကျွန်တော်မတ်တပ်ရပ်ဖို့ကြိုးစားပေမယ့် မတ်မတ်မရပ်နိုင်ခဲ့ပါ။ ကျွန်တော်တော့ သွားပြီ...ဘာမှမလုပ်နိုင်တော့ဘူး။ သူတို့ ကျွန်တော့်နားပြန်ချဉ်းကပ်လာတာမှာ ငြင်းဆန် ရုန်းကန်ဖို့ အားအင်မရှိတော့သလိုပါပဲ။ 'မလုပ်နဲ့တော့ ရပ်' လို့ မပြောနိုင်တော့။ နှစ်ယောက်ထဲက ကောင်ငယ်လေး ကျွန်တော့်နို့သီးခေါင်းလေးတွေကို စတင်ကလိတယ်ဗျ။ သူ့ရဲ့လျှာနွေးနွေးလေးက နို့သီးခေါင်းလေးကို ၀ိုက်ဝိုက်ကစားတာ ဘယ်လိုမှတင်းမခံနိုင် ကျွန်တော့်ငပဲဟာ ဆတ်ကနဲ ဆတ်ကနဲ ခေါင်း ထောင်လာမိတော့တယ်။ ကျွန်တော့်ငပဲက သောက်ရမ်းမာလာတာ ဒီလိုဆွနေပုံမျိုးနဲ့ မကြာခင်ဇာတ်သိမ်းသွားနိုင်တယ်။ အဲဒီအချိန်မှာပဲ ကောင်ငယ်လေးဘော်ဒါ ငထွားကိုကိုက ပါဝင်လှုပ်ရှားလာပါရဲ့။ ကျွန်တော့်ငပဲကိုအသာကိုင်ပြီးပွတ်သပ်၊ ပြီးတော့ ငပဲထိပ်ဝကို လျှာနဲ့ တို့ထိလျက်ပြုပါရော။ အရည်ကြည်လေးတွေစို့နေတာကို မြည်းစမ်းအရသာခံနေဟန်ပါပဲ။ သူ့လျှာဖျားနှင့် အပေါက်လေးထဲကို ထိုးမွှေ နေတယ်။ ကျွန်တော့်ငပဲကို သူ့ရဲ့ပူနွေးနေတဲ့ ခံတွင်းထဲကို ဆက်ပြီးငုံစုပ်လိုက်ပါရော မိနစ်အနည်းငယ်ကြာတော့။ သူ့လျှာတစ်ခုလုံးဟာ ကျွန်တော့်ငပဲတစ်ချောင်းလုံးကို ငုံပြီးရစ်ပတ်နေတာများ..အားပါးပါး။ ငပဲခေါင်းကနေ အရင်းထိပါပဲလေ။ သူတို့နှစ်ဦးရဲ့ တစ်ပြိုင်တည်း လှုပ်ရှားမှုဟာ ကျွန်တော့်ကို အဆုံးစွန်ထိရောက်ရှိသွားစေပါတယ်။ သိပ်ကြာကြာမထိန်းနိုင်ခဲ့ပါဘူး။

ကျွန်တော့်တစ်ကိုယ်လုံး လျှပ်စစ်စီးဆင်းသလို တဖျတ်ဖျတ် တုန်ခါရင်း သုတ်ရည်တွေကို ပန်းထုတ်မိပါတယ် ရေပိုက်ခေါင်းက ရေတွေ စတင်ပန်းထွက်သလိုပါပဲ။ ငထွားကိုကိုက အဲဒီအချိန် သူ့ပါးစပ်ကို ခွာလိုက်တာမှာ ကောင်ငယ်လေးက ကျွန်တော့်ငပဲကို ငုံစုပ်ပစ်လိုက် တယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက သုတ်ရည်တွေ ပန်းထွက်မှုဟာ သူတို့နှစ်ယောက်အတွက် လုံလောက်မှာပါ။ ကျွန်တော့်အတွက် ခံစား မှုတွေ မရပ်တန့်ဘူးထင်မိသလိုပဲ။ သူတို့တွေ ကျွန်တော့်ကိုပြန်လည်ပြုစုပေးတာ ကျွန်တော့်ငပဲပျော့ခွေမသွားခင်ထိပေါ့။ ပြီးတော့ သူ တို့အချင်းချင်း နှုတ်ခမ်းခြင်းထိပ်ကပ်ကာ အကြာကြီးအနမ်းပွဲဆင်နွှဲကြတယ်။ အ၀တ်တွေကို ၀တ်ဆင်ပြီးနောက် အမှောင်ရိပ်မြေပြင်မှာပဲ နှုတ်ဆက်စကားမဆိုဘဲ ကျွန်တော့်ကို ပစ်ထားခဲ့ပါတယ်။

မြေပြင်ပေါ်ဝယ် အ၀တ်မဲ့ခန္ဓာကိုယ်၊ တင်ပါးများစီက နာကျင်မှုနှင့် လှဲလျောင်းနေမိတာ ကျွန်တော့်နောက်ဆုံး အခြေအနေပါ။ အိပ်မက် တစ်ခုထက်သေချာတဲ့ တကယ့်အဖြစ်အပျက်လေ။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်သေချာပြန်မပြောတတ်တော့ပေမဲ့ သေချာတာ တစ်ခုကတော့ ကျွန်တော် ဘယ်တော့မှ ဒီကိစ္စမှာ ကျေနပ်နှစ်သိမ့်မှုမရှိသေးဘူးဆိုတာပြောနိုင်ပါရဲ့။

ကျွန်တော်သိတယ် လိင်တူဆက်ဆံခြင်းရဲ့အရသာကို စတင်ခံစားကြိုက်နှစ်သက်စပြုပြီဆိုတာကိုလေ။

Alex Aung (17 Feb 2012)

စာကြွင်း။ ။ ကမ္ဘာကျော် နာရီစင်ကြီးရှိတဲ့မြို့ နာမည်ကျော် မြစ်ကြီးရဲ့ ကမ်းနံပါးနဲ့သိပ်မဝေးလှတဲ့နေရာက ပန်းခြံတစ်ခြံအား ရည်ညွှန်း ရေးသားပါတယ်။

Wednesday, February 15, 2012

ပုန်းလျှိုးကွယ်လျှိုး

ဘာသာရေးကြောင့်ပဲဖြစ်ဖြစ်၊ လူမှုအသိုင်းအ၀ိုင်းကြောင့်ပဲဖြစ်ဖြစ်၊ လက်ထပ်ထားလို့ပဲဖြစ်ဖြစ် ယောက်ျားလေး တော်တော်များများက ကိုယ်လိင်တူဆက်ဆံတာကိုမသတီဖြစ်တတ်တာ၊ ကိုယ့်ကိုကိုယ် အပြစ်ရှိ တယ်လို့ ထင်တတ် တာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့သာအဲဒီလိုမျိုးခံစားနေရမယ်ဆိုရင်ကိုယ့်ကျန်းမာရေးအတွက်ရော၊ လိင်ဆက်ဆံဖက်ရဲ့ ကျန်းမာရေးအတွက်ရော တာဝန်ယူနိုင်မှာ မဟုတ်တော့ ပါဘူး။ လိင်တူဆက်ဆံတဲ့ယောက်ျားတစ်ယောက် အဖြစ် ကိုယ့်ကိုကိုယ်လက်မခံနိုင်မှုတွေကြောင့် HIV ပိုးနဲ့ကာလသားရောဂါပိုးကူးစက်နိုင်ခြေတွေ ပိုများလာနိုင်တာကို သတိပြုဖို့လိုပါတယ်။

၁။ ပေါင်းသင်းဆက်ဆံရေး မကောင်းခြင်း
ယောက်ျားချင်း လိင်ဆက်ဆံတယ်ဆိုတာကို လူသိမခံဝံ့တဲ့သူတွေဟာ လိင်ဆက်ဆံခြင်းကို ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်ကြပြီး ဆက်ဆံဖက်တွေလည်း များတတ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်း အကြောင်း၊ ကွန်ဒုံးနဲ့ဂျယ် အကြောင်းတွေကိုပွင့်ပွင့်လင်းလင်းပြောရမှာကို ရှက်ကြောက်နေတတ်တာကြောင့် HIV ပိုးနဲ့ကာလသားပိုးတွေ ကူးစက်ခြင်းကို အားပေးနေသလို ဖြစ်တတ်ပါတယ်။

၂။ ကွန်ဒုံးများ
ဒီလို ပုန်းလျှိုးကွယ်လျှိုးနေတတ်တဲ့ ယောက်ျားလေးအများစုဟာ ကွန်ဒုံးနဲ့ဂျယ်ဆောင်ထားရမှာလည်း ရှက်ကြောက်တတ်ကြပါတယ်။ တခြားသူတွေကသူတို့မှာ ကွန်ဒုံးတွေဂျယ်တွေ ဆောင်ထားတာတွေ့သွားရင် သူတို့ကို စွပ်စွဲ တာတွေ၊ ပုတ်ခတ်ပြောဆိုတာတွေ ဖြစ်လာနိုင်တာကြောင့်ပါပဲ။ တချို့ကျတော့လည်း ကိုယ့်ရဲ့ရည်းစားက တွေ့သွားမှာကြောက်တဲ့အတွက် ကွန်ဒုံးကို မဆောင်ထားတတ်ကြပါဘူး။ တော်တော် များများကတော့ ဆိုင်မှာသွားပြီး ကွန်ဒုံးနဲ့ဂျယ်ပြောဝယ်ရမှာကို အလွန်ရှက်ကြောက်ကြပါတယ်။

၃။ လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သော ကျန်းမာရေး အသိပညာ ဗဟုသုတနဲ့ ကျွမ်းကျင်မှု နည်းပါးခြင်း
ကိုယ့်ကိုကိုယ် ယောက်ျားချင်းလိင်ဆက်ဆံတဲ့သူအဖြစ် ပွင့်ပွင့်လင်းလင်း ၀န်မခံရဲတဲ့သူတော်တော်များများဟာ HIV ပိုးနဲ့ တခြားကာလသားရောဂါပိုးတွေ စစ်ဆေးမှုခံယူဖို့ကို အလွန်ရှက်ကြောက် တတ်ကြ ပါတယ်။ ဂေး တွေချည်းပဲ ကုသပေးတဲ့ဆေးခန်းမျိုးကိုသွားရောက်ဖို့လည်းအင်မတန်ဝန်လေးရှက်ကြောက်ကြပါတယ်။ ဂေးမဂ္ဂဇင်း တွေနဲ့လက်ကမ်းစာစောင်တွေကပေးတဲ့ သတင်းအချက်အလက်တွေကိုလည်း မရယူရဲ၊ ဂေးတွေ တွေ့ဆုံလေ့ ရှိတဲ့နေရာတွေကို လည်း ပေါ်ပေါ်တင်တင်မသွားလာရဲတာတွေကြောင့် သူတို့ဟာလိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ သူများတွေလောက် မရရှိ တတ်ကြပါဘူး။

၎။ အာရုံလွင့်ခြင်း
ကိုယ့်ကိုကိုယ် လိင်တူဆက်ဆံတဲ့ ယောက်ျားတစ်ယောက်အဖြစ် လက်ခံနိုင်စွမ်း မရှိတဲ့သူတွေဟာ လိင်ဆက်ဆံတဲ့အချိန်မှာ ဖြစ်ပျက်နေတာတွေကို ထိန်းချုပ်နိုင်မှု အားနည်းတတ်ကြပါတယ်။ ကိုယ်မသိတဲ့ ကိုယ့်လိင်ဆက် ဆံဖက် ပြု သမျှကိုပဲနုတတ်တဲ့အတွက်ကြောင့် သူလုပ်ခဲ့တာတွေက အန္တရာယ်နည်းသလား၊များသလားကိုသတိ မပြုမိတတ်ကြပါဘူး။ ဒီလိုအခြေအနေမျိုးရှိတဲ့ ယောက်ျားအများစုဟာ အရက် (သို့) ဆေးတစ်မျိုးမျိုးသုံးပြီး ရဲဆေးတင်ထား တတ်ကြတာမို့ သူတို့ကိုယ်သူတို့ တာဝန်ယူနိုင်စွမ်းမရှိကြပါဘူး။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှု
လိင်တူဆက်ဆံခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်အပြစ်ရှိတယ်လို့ ထင်နေတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယုံ ကြည်မှုနည်းနေနိုင်ပြီး ကိုယ့်ကျန်းမာရေးနဲ့ တခြားသူတွေကျန်းမာရေးကို တာဝန်ယူဖို့လည်း တတ်ကြွ မနေတာမို့ သူ့ဆီမှာ လိင်ဆက်ဆံခြင်းကနေတဆင့်ရရှိနိုင်တဲ့ အန္တရာယ်တွေ ပိုများနေနိုင်ပါတယ်။ ယောက်ျားချင်း လိင်တူဆက်ဆံတာဟာ လူ့ကျင့်ဝတ်မှားယွင်းမှုတစ်ခုလို့ ခံစားနေရတဲ့ယောက်ျားတွေရဲ့ စိတ် ထဲမှာ သူတို့ဟာအပြစ်ရှိတဲ့အတွက် ကာလ သားရောဂါပိုးတွေကူးစက်ခံရမယ်ဆိုရင်လည်းခံသင့်တယ်၊ ဘုရားသခင်အပြစ်ပေးတာလို့တောင် မှတ်ယူတတ်ကြပါတယ်။

မောင်တို့ရွာ - ပုန်းလျှိုးကွယ်လျှိုး

Saturday, February 11, 2012

Lesions on penis (၂) ကျားအင်္ဂါ အနာများ (၂)


Tue, Feb 7, 2012 at 7:55 PM
လူနာတစ်ယောက်နဲ့ ပတ်သက်ပြီး မေးချင်လို့ပါ။ လွန်ခဲ့တဲ့ ၃ လလောက်က သူကောင်မလေးတစ်ယောက်နဲ့ အတူနေဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလလယ်လောက်ကစပြီး Genital warts (ကြွက်နို့) တွေ ပေါက်ပါတယ်။ Glans (ကျား-အင်္ဂါထိပ်ဖျား) နဲ့ထိနေတဲ့ Prepuce (အရေပြား) အတွင်းဘက်မှာ ရေနူးသလို အကွက်လေးပေါ်နေပါတယ်။ တစ်လလောက်ကြာတော့ ကြွက်နို့တွေ အကုန်ပျောက်ပြီး အဲဒီရေနူးသလို အကွက်ကြီးပဲ ပိုပိုကြီးလာပါတယ်။ အခုဆို Prepuce အတွင်းပိုင်း တစ်ခုလုံးနီးပါး ဖြစ်နပါပြီ။ ရေနူးသလို ဖြူရော်ရော်အကွက်ပါ။

အစကတည်းက ကျနော်သူ့ကို Ceftriazone 1G od 3 days ထိုးပေးပြီးသားပါ။ အဲဒီတုန်းက နဲနဲ သက်သာသွားပြီး ခု ပြန်ဆိုးလာပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က သူ့ Prepuce တစ်ခုလုံး စိုးစိုးစစ်စစ်နဲ့ ယားလာပါတယ်တဲ့။ Prepuce နဲ့ Glans ထိနေတဲ့နေရာမှာ ဖြူဖြူအဖတ်တွေ ကပ်နေပြီး ပွတ်လိုက်ရင် အလိပ်လိုက် ထွက်လာပါတယ်။ ကျနော်က မနက် ည ရေဆေးခိုင်းတော့ Corona glandis ထိပ်မြောင်းအနားစွန်းမှာ Abrasion (ပွန်းပဲ့) ရသလို အရေပြားပွန်းပြီး အထိမခံအောင် နာလာပါတယ်။ အခုလဲ အမြဲအောင့်တောင့်တောင့် ဖြစ်နေပါတယ်တဲ့။ ကျနော်ကတော့ Candida Infection လို့ထင်ပါတယ်။ ဖြစ်နိုင် မဖြစ်နိုင် သိပါရစေ။ ဟုတ်လို့ရှိရင် ဘယ်လိုကုရမယ်ဆိုတာ ရှင်းပြပေးပါ။ Oral anti fungal (မှိုဆေး) ပေးဖို့ လို၊ မလို၊ လိမ်းဆေးဆိုရင် ပုံမှန်အရေပြားလိမ်းဆေး လိမ်းရင် ရ၊ မရ သိချင်ပါတယ်။ Warts ကတော့ complete resolve (လုံးဝကောင်းတာ) ဖြစ်သွားပါပြီ။ လိုအပ်ရင် ဓာတ်ပုံပို့လိုက်ပါမယ် ခင်ဗျား။

ကျား လိင်အင်္ဂါမှာဖြစ်နိုင်တာတွေက လိင်ကတဆင့်ကူးစက်ရောဂါ STIs တွေနဲ့ တခြားအရေပြားနာတွေ ရှိတယ်။ ကူးစက်တာတွေကိုသာ ရေးပါမယ်။
• Genital herpes ရေယုံ၊ အနာဖြစ်မယ်။ အပူဖူးလေးတွေလိုနေမယ်။ (ဗိုင်းရပ်စ်) ဝင်လာတာခံရပြီး ၁-၂ ပါတ် နေရင်ဖြစ်မယ်။ ၂-၄ ပါတ်နေရင် ပျောက်သွားမယ်။ Acyclovir ဆေးကို
- 200 mg တနေ့ ၅ ကြိမ်၊ ၁ဝ ရက်၊ ဒါမှမဟုတ်
- 400 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ-၁၄ ရက်၊ ဒါမှမဟုတ်
- 800 mg တနေ့ ၃ ကြိမ်၊ ၂ ရက်ပေးပါ။

• Ringworm ပွေး၊ နီရဲ၊ ဝိုင်း၊ အနားသတ်ကဖေါင်းကြွ၊ ဆေးမလိုဘဲ ၄ ပါတ်အတွင်း ပျောက်နိုင်တယ်။ ဖြစ်တဲ့ နေရာကို ခြောက်သွေ့အောင်ထားပါ။
- Miconazole, Clotrimazole တွေပါတဲ့ လိမ်းဆေး ခပ်ပါးပါးလိမ်းနိုင်တယ်။
- ဆိုးတဲ့အခြေအနေဆိုရင် Ketoconazole 200-400 mg တနေ့ ၁ ကြိမ်၊ ၁-၂ ပါတ်ပေးမယ်။

• Molluscum contagiosum virus (MCV) အဖုနာလေးတွေ၊ (ရေးထားပါတယ်)
• Genital warts ကြွက်နို့၊ (HPV) ကြောင့်ဖြစ်။ (ရေးထားပါတယ်)

ဒါတွေကို ဖယ်ထုတ်ပြီး
(၁) Primary phase syphilis ဆစ်ဖလစ် ပဌမဆင့် နဲ့
(၂) Chlamydia (ကလာမိုင်ဒီယား) တွေကိုစဉ်းစားတာကောင်းမယ်။ သတိထားဘို့က
(၃) Gonorrhea (ဂနိုရီးယား) နဲ့ တွဲဖြစ်တာများတယ်။ ဒါကြောင့် ရောဂါ ၃ မျိုးအတွက် ဆေးပေးဘို့ ရွေးချယ်သင့်တယ် ထင်ပါတယ်။

Uncomplicated gonorrhea (ဂနိုးရီးယား) ရိုးရိုး
• Ceftriaxone 125 mg တပြားထဲ၊ ဒါမှမဟုတ် Cefixime 400 mg တပြားထဲက ကနွေ ပဌမတန်းစား ဆေးတွေ ဖြစ်တယ်။
• Azithromycin 2g တပြားထဲကို (Ceftriaxone, Cefixime, Penicillin) ဆေးတွေနဲ့ မတည့်သူတွေကို ပေးတယ်။
• Penicillin (ပနယ်စလင်) ကို ကနေ့ မသုံးကြတော့ဘူး။ Ciprofloxacin, Ofloxacin, or Levofloxacin တွေလဲ မသုံးရမဲ့စာရင်းထဲမှာ ပါတယ်။
• Gonorrhea (ဂနိုးရီးယား) ရှိနေသူတွေမှာ Chlamydia (ကလာမိုင်ဒီယား) လဲ တွဲရှိတာများတယ်။ ဒါကြောင့် Azithromycin (1g) တခါထဲဖြစ်ဖြစ် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်ဖြစ်ဖြစ်နဲ့ပါ တွဲပေးသင့်တယ်။

Gonorrhea (ဂနိုးရီးယား)
• Cipro® XR 500 mg တကြိမ်ထဲ၊ ဒါမှမဟုတ်
• Levaquin® 500 mg တကြိမ်ထဲ၊ ဒါမှမဟုတ်
• Tequin® 400 mg တကြိမ်ထဲ၊

Chlamydia (ကလာမိုင်ဒီယား)
• Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်၊ ဒါမှမဟုတ်
• Azithromycin 1.0 gm တကြိမ်ထဲ၊ ဒါမှမဟုတ်
• Azithromycin - 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊

Primary syphilis (ဆစ်ဖလစ်) ပဌမအဆင့်
Chancre (ရှန်ကာ) မနာတဲ့အနာ လိင်အင်္ဂါမှာပေါက်တယ်။ ပါးစပ်၊ စအို၊ အရေပြားတွေမှာလဲ ပေါက်နိုင်တယ်။ ၃-၆ ပါတ်နေရင် အလိုလို ပျောက်သွားမယ်။ တက်စေ့တွေလဲ ရောင်မယ်။ Penicillin G benzathine, Doxycycline, or Tetracycline ဆေဒတွေသုံးတယ်။ ကိုယ်ဝန်ဆောင်နေသူတွေကို Penicillin ပေးတာကောင်းတယ်။ Tetracycline မပေးရဘူး။

Chancroid (ရှန်ကာရွိုက်)
(ဗက်တီးရီးယား) ဝင်လာပြီးနောက် ၁-၂ ပါတ်အတွင်း (ရှန်ကာရွိုက်) ခေါ်တဲ့ အဖုလေး လိင်အင်္ဂါမှာဖြစ်လာမယ်။ မကြာခင် အနာဖြစ်လာတယ်။ တလက်မရဲ့ ၈ ပုံ ၁ ပုံကနေ ၂ လက်မအထိ ကြီးနိုင်တယ်။ နာမယ်၊ ပျော့တယ်။ အနားသတ် တိကျတယ်၊ အနာအတွင်းက ခပ်ဝါဝါ၊ မီးခိုးရောင်ရှိတယ်။ ထိခိုက်မိရင် သွေးထွက်မယ်။ ဖြစ်တဲ့သူ တဝက်လောက်မှာ အနာ တလုံးထဲ။ အမျိုးသမီးဆိုရင် တခုမကရှိမယ်။ ကျားအင်္ဂါ၊ မအင်္ဂါတွေရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ မိန်းမဖြစ်ရင် ဆီးသွားတာနဲ့ လိင်ဆက်ဆံတာမှာ နာမယ်။ (ရှန်ကာရွိုက်) ကိုလဲ
- Azithromycin ဒါမှမဟုတ်
- Ceftriaxone ဒါမှမဟုတ်
- Ciprofloxacin ဒါမှမဟုတ်
- Erythromycin တွေဘဲ ပေးနိုင်တယ်။

Dr. တင့်ဆွေ
၇-၂-၂ဝ၁၂

Credit: http://health-adult-reading.blogspot.com/2012/02/lesions-on-penis.html

Tuesday, February 7, 2012

အိဒ်စ်ရောဂါ ကုသရေး မျှော်လင့်ချက်သစ်

မကြာခင်တုန်းက အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရတဲ့ လူနာနှစ်ယောက်မှာ ရောဂါပိုး လုံးဝကင်းစင်သွားတာကို တွေ့လိုက်တဲ့အတွက် ဆေးပညာရှင်တွေ လက်လျှော့ထားတဲ့ အိဒ်စ်ရောဂါ အမြစ်ပြတ်ကုသရေး အလားအလာတွေ ပေါ်ထွက် လာပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ အိဒ်စ်ရောဂါသည်တယောက်ကို ကုသပေးတဲ့အခါ အိပ်ချအိုင်ဗီပိုး လုံးဝရှင်းလင်းသွားတာတွေ့ခဲ့ပြီး အမေရိကန်နိုင်ငံ ထရင်တန်မြို့က အမျိုးသားတယောက်လည်း မျိုးဗီဇ ပြုပြင်မှုကုထုံးနဲ့ ကုတဲ့ အခါ ရောဂါပိုးလုံးလုံးမပျောက်ပေမယ့် အေအာရ်တီဆေး စားစရာမလိုဘဲ ထိန်းထားနိုင်တာတွေ့ရပါတယ်။

အေအာရ်တီဆေးတွေကြောင့် အိဒ်စ်ရောဂါဟာ ကျိန်းသေပေါက်သေမယ့် ရောဂါအဖြစ်ကနေ နာတာရှည်ရောဂါအဖြစ် ပြောင်းလဲသွားခဲ့ပေမယ့် ဒီဆေးတွေကို လူတိုင်း လက်မှမ်းမမီသလို ရောဂါကိုလည်း အမြစ်ပြတ်မဖယ်ရှားနိုင်ပါဘူး။ ဒါအပြင် အေအာရ်တီဆေးတွေကို တသက်လုံးစားရပါတယ်။

ဘာလင်မြို့က အသက် ၄၅ နှစ်အရွယ် မစ္စတာဘရောင်းဟာ လူကီးမီးယားလို့ ခေါ်တဲ့ သွေးကင်ဆာနဲ့ အိဒ်စ်ရောဂါတို့ကို တပြိုင်တည်း ခံစားနေရပြီ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်မှာ သွေးကင်ဆာကုသရေးအတွက် ရိုးတွင်းခြင်ဆီနှစ်ခါ အစားထိုး ခဲ့ပါတယ်။ ရိုးတွင်းခြင်ဆီ အလှူရှင်ကတော့ မြောက်ဥရောပသား ဖြစ်ပါတယ်။ ပြောက်ဥရောမသားတွေရဲ့ ၁ ရာခိုင်နှုန်းမှာ CCR5 ဆိုတဲ့ ပရိုတင်းတမျိုး ချို့တဲ့နေတဲ့ အတွက် အိပ်ခ်ျအိုင်ဗီပိုးကို သဘာဝအလျောက် ခုခံနိုင်စွမ်း ရှိနေပါတယ်။ ဒီလိုလူမျိုးဆီက ရတဲ့ ရိုးတွင်းခြင်ဆီနဲ့ အစားထိုးပြီး အခုထိ လေးနှစ်တိုင်တိုင် သွေးထဲမှာ ရောဂါပိုး လုံးဝမတွေ့ရတော့ ပါဘူး။

တဖက်မှာ ပြဿနာကတော့ ရိုးတွင်းခြင်ဆီ အစားထိုးတာဟာ အင်မတန်ဈေးကြီးပြီး အန္တရာယ်လည်းများ၊ ကရိကထလည်းများပါတယ်။ ကိုယ်ခံစွမ်းရည် ဓာတ်တည့်တဲ့ အလှူရှင်တွေ့ဖို့ ခက်သလို အဲဒီအလှူရှင်မှာလည်း CCR5 ဗီဇ ချို့တဲ့တဲ့လူ ဖြစ်ဖို့လိုပါသေးတယ်။

ထရင်တန်မြို့က လူနာကိုတော့ သွေးဖြူဥတွေ ထုတ်ယူ၊ CCR5 မျိုးဗီဇ ပျက်အောင်ပြုပြင်ပြီး ဒီသွေးဖြူဥတွေကို ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးပါတယ်။ တလအကြာမှာ ဒီလူနာကို အေအာရ်တီဆေးသောက်တာ သုံးလကြာ ရပ်ခိုင်းခဲ့ ပါတယ်။ ပထမပိုင်းမှာ သွေးထဲက ပိုးအရေအတွက် တိုးတက်လာပေမဲ့ ၃ လပြည့်ခါနီးမှာ ပိုးမရှိတော့သလောက် အထိ ကျဆင်းသွားခဲ့ပြီး တချိန်ထဲမှာ ခုခံအားဆဲလ်တွေ တိုးပွားလာခဲ့ပါတယ်။

ဒါပေမယ့် ဒီမျိုးဗီဇပြင်ကုထုံးကို တခြားလူနာ ၅ ယောက်မှာ စမ်းတာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အောင်မြင်တဲ့ လူနာမှာ CD4 ကလပ်စည်း ၁၃ ရာခိုင်နှုန်း ပိုးကင်းစင်သွားတာတွေ့ရပြီး ကျန်လူနာ ၅ ယောက်မှာတော့ အဲသလောက်တောင် ပိုးမကင်းစင်လို့ ရောဂါဆက်ဖြစ်နေတာလို့ သုတေသီတွေက ယူဆကြပါတယ်။ ဒါကြောင့် သော့ချက်က CCR5 ချို့တဲ့ကလပ်စည်းပမာဏကို မြှင့်ဖို့ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။

နိုက်တင်ဂေးဂျာနယ် - အိဒ်စ်ရောဂါ ကုသရေး မျှော်လင့်ချက်သစ်

ဆေးမတိုးတဲ့ ကာလသားရောဂါ

လိင်ကတဆင့် ကူးစက်တဲ့ ( အရင်အခေါ် ကာလသား) ရောဂါတမျိုးဖြစ်တဲ့ ဂနိုရီးယားခေါ် ဆီးပူညောင်းကျရောဂါဟာ လက်ရှိကုထုံးတွေကို ခံနိုင်ရည်ရှိနေပြီလို့ ဗြိတိသျှဆရာဝန်တွေက သတိပေးလိုက်ပါတယ်။ ဒါကြောင့် လက်ရှိ အဓိက သုံးနေတဲ့ စက်ဖစ်ဆီးမ် Cefixime စားဆေးကို မသုံးတောပဲ အဇီသရိုမိုင်စင် ၁ ဂရမ် Ceftriaxone အသားထိုးဆေး တွဲသုံး သို့မဟုတ် စပက်တင်နိုမိုင်စင် Spectinomycin ထိုးဆေးကို ပြောင်းသုံးဖို့ပြောနေပါတယ်။ (ဒီဆေးတွေကို တကြိမ်တည်း စား/ထိုး ရမှာဖြစ်ပါတယ်။)

ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေ အရ ၂၀၁၀ ခနှစ်မှာ စက်ဖစ်ဆီးမ် ဆေးမတိုးတဲ့ ဂနိုပိုး ၂၀ ရာခိုင်နှုန်းရှိနေပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ ၁၀ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။ ၂၀၀၅ ခုနှစ် တုန်းကတော့ ဆေးမတိုးတာ လုံးဝမတွေ့ခဲ့ပါဘူး။

ဂနိုရီးယားရောဂါဟာ တချိန်တုန်းကတော့ ပင်နီစလင်နဲ့တင် ပျောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ မတိုးတော့ပါဘူး။ အလားတူပဲ အစပိုင်းမှာ အောင်ပွဲတွေ ရခဲ့တဲ့ တက်ထရာဆိုင်ကလင်း၊ ဂျင်တာမိုင်စင်၊ စီပရို ဖလော်ဆာစင် ဆေးတွေလည်း နှစ်နည်းနည်းကြာလာတဲ့ အခါ တခုပြီး တခု ကျဆုံးခဲ့ကြပြီး အခုနောက်ဆုံးတော့ စက်ဖစ်ဆီးမ် အလှည့်ရောက်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း ပထမ အဆင့်သုံး ပဋိဇီဝဆေး first-line antibiotic ဟာ လူနာ ၅ ရာခိုင်နှုန်းမှာ မစွမ်းတော့ဘူးဆိုရင် ပြောင်းပစ်ဖို့သက်မှတ် တိုက်တွန်းလိုက်ပါတယ်။

ဂနိုပိုးရဲ့ သမိုင်းကိုကြည့်ရင် ဆေးခံနိုင်ရည်ရှိလာအောင် မျိုးဗီဇကို ပြုပြင်နိုင်စွမ်းရှိတာတွေ့တဲ့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဇနီးခင်ပွန်းအပေါ် သစ္စာရှိဖို့နဲ့ အကာအကွယ်မရှိပဲ လိင်ဆက်ဆံမှု မလုပ်ဖို့ ဖြစ်ပါတယ်။

လိင်အင်္ဂါ အဖြူဆင်းရောဂါ Chlamydiasis ပြီးရင် ဂနိုရီးယားရောဂါဟာ အဖြစ်များဆုံး လိင်မှ တဆင့် ကူးစက်တဲ့ ရောဂါ Sexually Transmitted Disease (STD) ဖြစ်ပါတယ်။

နိုက်တင်ဂေး ဂျာနယ် - ဆေးမတိုးတဲ့ ကာလသားရောဂါ

Wednesday, February 1, 2012

Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၂)

1. Modified Circumcision ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
2. Penis modification ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား
3. Circumcision ပန်းငုံနေသူ မိန်းမယူလို့ ရပါသလား

Modified Circumcision ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
Phimosis ပန်းငုံတာကို ဖြတ်ပေးတဲ့ Circumcision လုပ်တာမှာ အဆန်းထွင်တာတွေရှိတယ်။ ဆေးရုံတွေမှာ လုပ်မပေးပါ။ ဆရာများကို တိုးတိုးတိတ်တိတ် အပူကပ်ပြီး၊ တမင်တကာ ပစ္စည်းတခုခု ထည့်ခိုင်းတတ်တယ်။ ဂေါ်လီလုံး လိုမျိုး။ ဒီလိုလုပ်တာက စိတ်ကူးကတော့ လုံးပါတ်ကြီးအောင်ပေါ့။ ထူးအောင်နေမှာပေါ့။ ခွဲစိတ်တုံး ပိုးမွှား မဝင်ရင် ကံကောင်းပါတယ်။ အမှန်က သီအိုရီအရပြောရရင် Foreign body ဖြစ်တာမို့ ကိုယ်ထဲမှာ ကြာကြာ လက်မခံပါ။ နောက်ကြ ထုတ်ပြစ်ရမှာပါ။ "မောင်အေး-နှစ်ခါနာ"ပေါ့။ အတူနေဖက်က ဘယ်လိုစိတ်ထားမလဲ မပြောတတ်ပါ။ ထင်တာတော့ အတွေ့အကြုံများတဲ့ အမျိုးသမီးက တခါတလေ ဆိုတာမျိုး စိတ်လှုပ်ရှားနိုင်မယ်။ ဒါပေမဲ့ အများစု မိန်းကလေးတွေဆိုရင် သဘာဝ မဟုတ်တာကို လက်ခံဘို့ ခက်မယ်ထင်ပါတယ်။ ကိုယ်တွေ့ပါဘဲ၊ ပြန်ထုတ်ပေးရဘူးတယ်။ သူ့ဇနီး သဘောဆန္ဒအရပေါ့။

ယောက်ျားအင်္ဂါရဲ့အပေါ်ဖုံးအရေပြား Foreskin အောက်မှာ အညစ်အကြေး ရှိတာဟာ ရောဂါပိုးကြောင့် ဖြစ်တာက နည်းပါတယ်။ ငယ်ရွယ်သူများမှာ ဒီအရေပြားကို အဖွင့်-အပိတ် သိပ်မလုပ်တာမို့၊ သန့်ရှင်းပေးဘို့လဲ လိုလို့ အရေပြားက ထွက်တဲ့ ချွေး-အဆီတွေက အညစ်အကြေးဖြစ်လာရတယ်။ အဲလိုသာဆိုရင် သာမန်သန့်ရှင်းရေး လုပ်ပေးတာနဲ့ ကောင်းနိုင်ပါတယ်။ အညစ်အကြေးကို ဖယ်ထုတ်၊ ဆပ်ပြာနဲ့ရေသုံးပြီး၊ ဆေးကြောသင့်တယ်။ ရေချိုးတိုင်း သန့်ပေးပါ။ လူပျိုကလေးများမှာ အဖြစ်များတာမို့ အဖေ၊ ဦးလေးတို့ကနေ ပညာပေးသင့်တယ်။ မကောင်းတာတွေ ဖယ်ပြီးရင်၊ Glans penis ပန်းထိပ်အသားက သိပ်နုတာမို့၊ အထိအခိုက် ဂရုစိုက်ရပါမယ်။ ပုဆိုးဝတ်တာတောင်မှ သတိထားရမှာပါ။ လူပျို မပေါက် တပေါက်အရွယ်မှာ ကွမ်းသီးခေါင်းအထိ အရေပြား လှန်ပေးတာကို ခံနိုင်သလောက် ဖြေးဖြေးချင်း၊ လုပ်ပေးသင့်တယ်။ ဒါပေမဲ့ ကလေးဘဝမှာ အပေါ်အရေပြားကို တခါတည်းနဲ့ အတင်းဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ တချို့ ကာလသားကြီးတွေက လုပ်တတ်ကြတယ်။

အဲဒီနေရာမှာ ယားတာကို သန့်ရှင်းရေးလုပ်လို့မှ မပျောက်သေးရင် ၂ ခု စဉ်းစားရပါမယ်။ ပိုးဝင်နေသလား။ ပိုးမဝင်တာက ပိုများပါတယ်။ ဒါဆိုရင် အယားသက်သာမဲ့ မပြင်းတဲ့ဆေးသုံးသင့်တယ်။ Calamine lotion လိမ်းဆေး။ လိုအပ်ရင် Xylocaine 2% ထုံဆေး။

အရွယ်ကြီးသူများမှာ ပိုးဝင်တာလဲ ဖြစ်တတ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ STDs/STIs တွေဆိုရင် သူ့နည်းအတိုင်း ကုရမှာပါ။ မဟုတ်ရင် အနာ-အဆာလိမ်းဆေး Antiseptic တခုခုသုံးပါ။ Cortisone မပါတာသုံးပါ။ လောင်စေတတ်တာမျိုး ရှောင်ပါ။ Dettol, Savlon စတာတွေ သုံးနိုင်ပါတယ်။ (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက်)က အညစ်အကြေးတွေပါ အမြှုပ်ထပြီး၊ သန့်သွားစေမယ်။ အိုင်အိုဒင်း ဆိုရင် ၂% ထက် မပြင်းသင့်ပါ။ အနာလိုဖြစ်မှသာ သုံးပါ။ တင်ချာ-အိုင်အိုဒင်း မသုံးသင့်ပါ။ အသားနုနေချိန်မှာ အရက်ပြန် Methylated alcohol သုံးတာတောင် သိပ်မသင့်သေးပါ။ ပါးစပ်မှာကို သုံးနိုင်တဲ့ Gentian violet ကို အဆီပြန်သလို ဖြစ်နေရင် သုံးနိုင်တယ်။ Chloramphenicol, Tetracycline မျက်စဉ်းမျိုးက အဆီသဘောလဲပါလို့ ပိုအဆင်ပြေပါတယ်။ ကပ်လဲမကပ်ဘူး။

အတို-အရှည်၊ အကြီး-အသေး၊ ထူးခြားမှုဆိုတာက Orgasm နဲ့မဆိုင်ပါ။ နှစ်ဦးနှစ်ဖက် မျှတ ညီညွတ်ဘို့က အဓိကပါ။ တယောက်က နောက်တယောက်ထက် ပိုထူးနေတာက ရည်ရွယ်ချက်ကို မပေါက်ရောက်နိုင်ပါ။

အရွယ်အစား အတွက်ဘဲဖြစ်ဖြစ်၊ ကလိစရာ ပစ္စည်းမျိုး ထည့်တာ၊ သုံးတာတွေက နောက်ကြောင်း မအေးပါ။ ဒီကိစ္စမျိုးကို ဗမာပြည်မှာ ခိုးကြောင်ခိုးဝှက်သာ လုပ်ရတာမို့ ပိုပြီး စိတ်မချရပါ။ လေဟာပြင်ဈေးလို၊ ညဈေးလို၊ နေ့ခင်းလမ်းဘေးဈေး လိုမှာ လူကဲခပ်ပြီး လက်တို့ရောင်းတဲ့ အရာတွေဟာ အညာတွေပါ။ ပရုပ်အမှုံ့ကို ပီယဆွဲဆောင်ဆေး လုပ်ရောင်းတာ ရှိတယ်။ ရာဘာကွင်းမှာ အမွှေးအမျဉ် တပ်ရောင်းတာလဲ ရှိတယ်။ ကိုယ့်အတွက်လဲ စိတ်မချရသလို အဖေါ်ကိုလဲ ထိခိုက်နိုင်တယ်။

နှစ်ယောက်လုံးရဲ့ ဒီလိုဆက်ဆံနေရာတွေက အင်မတန် နူးညံ့လှတဲ့နေရာတွေ ဖြစ်ပါတယ်။ သုတ်ပိုးသတ်ဆေး Spermicide ဆေးပြားတွေက အက်စစ်ဓါတ် ပါလို့ နှစ်ယောက်လုံးကို ပူစပ်စေတယ်။ ဇနီးမှာ Copper T IUCD ထည့်ထားလို့ ၁ လက္မလောက်ချန် ဖြတ်ထားတဲ့ ကြိုးစ ၂ ခုကတောင် ခင်ပွန်းရဲ့ အင်္ဂါထိပ်ကိုထိရင် နာစေတတ်တယ်။ နိုင်လွန်အစား၊ ပိုးကြိုးလေးနဲ့ ထုတ်သင့်တယ် ထင်ပါတယ်။

မွေးလမ်းကြောင်းကနေ ကလေးဖွါးရတဲ့ အမျိုးသမီးတွေဟာ သားဦးမှာ စုပ်ပြဲတတ်တယ်။ တဝက်ကျော်က EPI လမ်းကြောင်းချဲ့ ဖွါးပေးခံရမယ်။ ပြန်ချုပ်တာမှာ ကောင်းဘို့လိုပါတယ်။ ချုပ်ပေးပေမဲ့ ပိုးဝင်လို့ အနာနေရာက ကျယ်သွားတာလဲရှိတယ်။ အခန့်မသင့်လို့ စုပ်ပြဲတာကို မချုပ်ရသူတွေလဲ မနည်းဘူး။ ဒီလိုအမျိုးသမီးများကို အနာ ကောင်းကောင်း ကျက်ပြီးတဲ့နောက် အသစ် ပြန်ချုပ်ဘို့ လိုတယ်။ Perineal repair ပြန်ချုပ်ရာမှာလဲ "မအိုသေးတဲ့သူ အပျိုလေးနဲ့တူ" ဖြစ်အောင် ပြင်ပေးလို့ ရတယ်။ ဆရာဝန်တွေက ပါရမီဖြည့်ပေးသင့်ကြပါတယ်။

ကလေးဖွါးရတာ များသူတွေကိုလည်း Repair လုပ်ပေးသင့်တယ်။ အဝကျယ်နေတာတင်မကဘဲ၊ Vaginal skin အတွင်း မွေးလမ်းကြောင်း အရေပြားနဲ့ အောက်ခံကြွက်သားတွေက ချောင်လာ၊ ပျော့လာလာ၊ တင်းအားတွေ လျော့လာတယ်။ နှစ်ဦးစလုံး စိတ်အလိုနည်းစေမယ်။ သူများတိုင်းပြည်တွေမှာ Colporaphy (vagina thightening) ဆိုတဲ့ မွေးလမ်းကြောင်း အလှပြင်တာကို ဆေးမစားမီပုံ၊ ဆေးစားပြီးပုံနဲ့တကွ ကြော်ညာတာတွေရှိတယ်။ tone, strength, control ကြွက်သား၊ အရွတ်နဲ့ အရေပြားတွေရဲ့ တင်းအား၊ အင်အား၊ ထိန်းအား၊ ကောင်းအောင် ခွဲစိတ် ပြုပြင်ပေးတာပါ။ စောစောပိုင်းက ရေးခဲ့တဲ့ ယောက်ျားလေးတွေကိုပြုပြင် နည်းတွေထက် ဒီလို ပြုပြင်တာမျိုးက လုပ်သင့် လုပ်ထိုက်ပါတယ်။ အပိုလုပ်တာလဲ မဟုတ်ဘူး။ ပျက်သွားတာကို ပြင်ပေးတာ။ မိမွေးတိုင်းဖြစ်အောင် လုပ်ပေးတာပါ။

ကလေး မွေးရတာများသူတွေ၊ မများအုံးတော့ အဆင်မသင့်လို့ ဖြစ်ကြရတဲ့ Prolapse သားအိမ်ကျတဲ့ အမျိုးသမီး များလည်း မွေးလမ်းကို ခွဲစိတ် ပြုပြင်ပေးသင့်ပါတယ်။ အများအားဖြင့် Cystocele ဆီးအိမ်ကြွံတာပါ။ တချို့များဆိုရင် ဆီးအိမ်၊ အစာဟောင်းအိမ်၊ သားအိမ်တွေပါ သုံးပွင့်ဆိုင် ကြွံကြရရှာတယ်။ ကလေးမီးဖွါးခြင်း ဒုတိယအဆင့်မှာ ကောင်းကောင်း ဂရုမစိုက်လို့ ဖြစ်ရတာကများတယ်။ PN Care မွေးဖွါးပြီး စောင့်ရှောက်မှုကိုလဲ လုပ်ရိုးလုပ်စဉ်သာ လုပ်နိုင်ကြလို့ ဖြစ်ကြရတယ်။ ဒီအသိပညာမျိုးကို ပေးလေ့ပေးထ သိပ်မရှိကြသေးဘူး။ သိပ်ဆိုးဝါးတဲ့ အခြေအနေ ဥပမာ ကြွံကျနေတဲ့ သားအိမ်က လမ်းသွားတိုင်း ပေါင်နဲ့တိုက် ပွန်းနေမှ၊ အနာအဆာဖြစ်မှ ဆေးရုံရောက်တာမျိုး။ ထိရောက်တဲ့ ပညာပေးနည်း တခုကတော့ ဆရာမတွေ၊ အမျိုးသမီး လက်ထောက်တွေကို ပြောပြပေးထားပြီး၊ သူတို့ကနေ အမျိုးသမီး အချင်းချင်း တဆင့်ပြောပေးရင် ပိုပြီးပေါက်ရောက် ပြန့်နှံ့စေတယ်။

Pelvis floor exercise ဆိုတဲ့ တင်ပဆုံတွင်း ကြွက်သေားတွေ သန်မာအောင် လေ့ကျင်ခန်းလုပ်နည်းကို အမျိုးသမီးတွေကို ပြောပေးသင့်တယ်။ ခက်တာလဲ မဟုတ်ဘူး။ ဆီးသွားရင်းနဲ့ အပြီးမသတ်ခင် ရပ်အောင် လုပ်တဲ့အခါ ညှစ်ရတဲ့ကြွက်သား တွေကို သိအောင်ပြောပြပါ။ အဲလိုထိန်းရတဲ့၊ ကြွက်သားတွေကို တကယ်ဆီးမသွားဘဲနဲ့ စိတ်ကနေ တင်းလိုက်၊ လျော့လိုက် အလုပ်ခိုင်းတာပါဘဲ။ အချိန်မှန်မှန်။ အကြိမ်မှန်မှန်ဆိုရင် ပိုစနစ်ကျတယ်။ ထမင်းချက်ရင်းဖြစ်ဖြစ်၊ ကွန်ပြူတာရှေ့ ထိုင်ရင်းဖြစ်ဖြစ် ရတာဘဲ။

(ပိုတက်ဆီယမ်) က ကြွက်သားနဲ့ အာရုံကြောတွေကို အားကောင်းစေတယ်။ ဖရဲသီး၊ ခရမ်းချဉ်းသီး၊ စတာတွေမှာ ဒီဓါတ်ဆား ပါပေမဲ့ အလွယ်ဆုံးကတော့ ငှက်ပျောသီးစားပါ၊ ရေနွေးကြမ်းသောက်ပါ။ နေ့စဉ် လိုအပ်ချက် အတွက်ပါ။ တကယ် ကြွက်သား အားနည်းသူတွေဆိုရင် Potassium chloride, Potassium Citrate (Potrate 5) ပေးဘို့ လိုတယ်။ သွေးတိုးကြောင့် ဆီးသွားစေတဲ့ဆေး ပေးရသူတွေကိုလည်း ပေးရတယ်။ ဒါ့ကြောင့် ဓါတ်ဆားထဲမှာ (ဆိုဒီယံ)က ရန်သူဖြစ်ပြီး (ပိုတက်ဆီယံ)က မိတ်ဆွေဖြစ်တယ်။

လိင်ကျန်းမာရေးကို အတိုင်းအတာတခုအထိ ပေးကြ-သင်ကြဘို့၊ မျှဝေကြဘို့ လိုတာ အမှန်ပါ။ သိသလောက်တော့ မျိုးပွါးပညာအကြောင်းနဲ့ လိင်ကတဆင့် ကူးစက်ရောဂါလောက်သာ သင်လေ့ရှိနေသေးတယ်။ HIV/AIDS ကို ပညာပေးတာတွေ ရှိလာတာဟာ ဒီရောဂါက အသက်တွေ သေလွန်း၊ စိတ်ဒုက္ခတွေ ပင်လယ်ဝေလွန်းလို့ ဖြစ်မှာပါ။ အသက်တော့ သေအောင် မလုပ်လို့ တခြား ကျန်းမာရေး ပြဿနာများက ကိစ္စမရှိလှဘူး ထင်ကြပါသလား။ အိမ်ထောင်ရေး သာယာမှု၊ အဆင်ပြေမှုဆိုတာ အင်မတန် လိုအပ်တာပါ။ အဲလို မလုပ်ရလို့၊ မဖြစ်သင့်တာတွေဖြစ်၊ စုံစေ့အောင် မလုပ်ကြလို့ ဖြစ်သင့်တာတွေ မဖြစ်ရဘူး။ တတ်သိသူများက ကြံဆောင်ကြဘို့ လိုပါတယ်။

(ကွန်မင့်)ရေးပေးသူက ပြောတယ်။ "Circumcision လုပ်ရင်း Silicon ထည့်ပေးတယ်" တဲ့။ (ဆီလီကွန်) ကို တော်များများ သုံးကြတယ်။ အထူးသဖြင့် ရင်သားအတုမှာပါ။ FDA ကနေ Silicone breast implants နဲ့ ပတ်သက်ပြီး Moratorium ထုတ်ခဲ့ရတယ်။ ၁၉၉၂ ကြတော့ အဆင်မပြေတာတွေက များလာလို့ FDA ကဘဲ ဒီ (ပလန့်) တွေ general use မလုပ်ဘို့ ပြန်ရုပ်သိမ်းမိန့် ထုတ်ရတယ်။ ဒီခေါင်းစဉ် မဟုတ်လို့ ဒါဘဲရေးပါမယ်။

ပြောချင်တာက ရင်သားမှာလုပ်လို့ တခုခုဖြစ်ရင် အလှအပအတွက်မို့ မလှမပတာဘဲဖြစ်မယ်။ သူတို့မှာက တဖက် မကောင်းရင် နောက်တဖက်ရှိသေးတယ်။ နှစ်ခုမရှိတာကိုတော့ ကိုယ်တော်ချောများ လက်မဆော့သင့်ဘူး။

Dr. တင့်ဆွေ
30-12-09

Penis modification ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား

8 Aug 10, 05:33
လိင်တံမှာ ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား။ ထည့်ပြီး လိင်ဆက်ဆံတာနဲ့ ရိုးရိုးသာမန် ဆက်ဆံတာနဲ့ ဘာနိုင်ပါသလဲ။ သူငယ်ချင်းက ထည့်ထားပါတယ်ဆရာ။ သူက အခုကျနော်ကိုထည့်ဖို့ တိုက်တွန်းနေလို့ပါ။ ပြီးတော့ ကိုယ့်ဆက်ဆံဖော်က ကိုယ့်အပေါ်စွဲလမ်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဟုတ်နိုင်ပါ့မလားဆရာ။

သူငယ်ချင်းက ပြောတဲ့ ရည်ရွယ်ချက်အတွက် ဆိုရင် သူပြောတာ တချို့တဝက် မှန်နိုင်ပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် ဘယ်ကိစ္စမှာဖြစ်ဖြစ် အကြိုက် မတူကြပါ။ တယောက်ထဲတောင်မှ တချိန်နဲ့ တချိန် မတူတတ်ပါ။ ဆရာ မြို့နယ်တခုမှာ တာဝန်ကျတုံးက ယောက်ျားတယောက်ကို မေးတဲ့လူရဲ့ သူငယ်ချင်း လုပ်သလို လုပ်ထားခဲ့တာကို ပြန်ထုတ် ပေးခဲ့ရဘူးတယ်။ သူပြောတာက သူ့ဇနီးက ထုတ်စေချင်လို့တဲ့။ လူပျိုဘဝမှာ ထည့်ခဲ့တာနဲ့ တူပါရဲ့။ ဒီအကြောင်း ဆရာရေးထားတာရှိတယ်။ အချိန်ရရင် ဖတ်စေချင်တယ်။

ဆေးပညာသက်သက် ကြည့်ပြောရရင် ကိုယ်အင်္ဂါထဲကို ပစ္စည်းတခုခု ထည့်တယ်ဆိုတာ Foreign body တခု သွင်းထားတာပါ။ လူ့ကိုယ်က ကိုယ့်အရာ မဟုတ်တာဆို လက်မခံဘူး။ နှလုံးအားခိုး၊ အသံအစားထိုး၊ ကျောက်ကပ် အစားထိုးပေးရတာမှာ အဲဒီသဘောကို လွန်ဆန်ဘို့ ကြိုးစားရတာဟာ ဆရာဝန်တွေအဖို့ သိပ်ခေါင်းစားတယ်။ လူနာလည်း ငွေကုန်-လူပန်း မဟုတ်လား။

ခွဲစိတ်ကုသတဲ့အခါ သွေးထွတ်တာ တားဘို့ သွေးကြောကို ချည်ပေးရတဲ့ အပ်ချည်စကိုတောင် တိုနိုင်သမျှ တိုအောင် ဖြတ်ပေးမှ။ ခြေကျိုး-လက်ကျိုး သတ္ထုချောင်းထည့်ထားရင်လည်း နောက်ဆိုပြန် ဖြုတ်ပေးရတယ်။ လူ့အသွေးအသားက သူ့ကိုယ်ပိုင် မဟုတ်တာ ဝင်နေလို့ကတော့ ထုတ်ပြစ်ဘို့ အချိန်ရှိသ၍ ကြိုးပမ်းနေလိမ့်မယ်။ ဗိုက်ခွဲချုပ်ရိုးကနေ အပ်ချည်စ ပြန်ထုတ်ပေးရတာ အကြောင်းမဟုတ်လှဘူး။ သူငယ်ချင်းရဲ့ ဟိုနေရာမှာ တခုခု ဖြစ်လို့ကတော့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန် ဖြစ်သွားရင် ပြီးပါလေရော။

လူမှုရေးဘက်က တွက်ရအောင်။ အာရုံခံစားနိုင်စွမ်းဆိုတာ မတူကြပါ။ လိင်မှုဆက်ဆံရေးမှာ ကဲချင်သူရှိသလို၊ လှေကြီးထိုးသမား ပိုများတယ်။ အမျိုးသမီးတွေမှာလည်း ဒီလိုပါဘဲ။ အဆန်းဆိုတာမျိုးက စိတ်လှုတ်ရှားစေတတ်တာ ရှိသလို ကြောက်လန့်စေတာလည်း ဖြစ်နိုင်တယ်။ လူလွတ်ဘဝမှာ ပျော်စရာအတွက် ဆိုရင်လည်း၊ ပျော်စရာနောက်က လိုက်ရတာတွေ ရှိလိမ့်မယ်။ သူများထက် ကဲချင်ရင် သူများထက် သတိကဲစရာတွေ ရှိမယ်။

ကိုယ်အဖေါ်ကို ဆွဲဆောင်ချင်တဲ့စိတ်ဆိုတာက ပုံမှန်ပါဘဲ။ ဒါပေမဲ့ လမ်းမှန်ပါစေ။ အမျိုးသမီးက ဘာကို လိုလားသလဲ။ "သာယာမှု၊ ကျေနပ်မှု၊ လုံခြုံမှု။" ဒါကို ပေးစွမ်း-ဖြည့်ဆီးနိုင်တာဟာ အင်္ဂါထူးခြားတာထက် ပိုတယ်။ ဂဏန်းလို ပြောရင် ပိုရှည်တာ၊ ပိုကားတာတွေက အရည်အတွက်အရ များတာတွေ မှန်ပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးဆိုတာ သင်္ချာနည်းတက် လေးနက်-ရှုတ်ထွေး-ကျယ်ပြန့်ပါတယ်။ နောက်ပြီး ပန်းကုံးစွမ်မဲ့လူရှေ့မှာ မောင် (က) နဲ့ မောင် (ခ) ပြိုင်အရွေးခံသလိုမျိုး ဆိုရင်တော့ တမျိုးပေါ့။

Dr. တင်ဆွေ
၈-၈-၂ဝ၁ဝ

Circumcision ပန်းငုံနေသူ မိန်းမယူလို့ ရပါသလား
Circumcision အကြောင်းသိချင်ပါတယ်။ အချိန်ရရင် ဆွေးနွေးစေချင်တယ်။ ကျနော်ဟာ၂၉ နှစ်ရှိပါပြီး။ လိင်တံထိပ်ဖူး Foreskin ကွယ်နေတာကြောင့် ထိပ်ကို မွေးကတည်းက မမြင်ဖူးပါဘူး။ ဆီးသွားရရုံ အပေါက်သေးသေးပဲ ရှိပါတယ်။ လူစဉ်မမှီသလို ခံစားမိပါတယ် ကျနော်ဟာ အခြောက်တော့ မဟုတ်ပါ။ အများအားဖြင့် အခြောက်တွေ ဖြစ်လေ့ရှိတယ် ပြောကြလို့ပါ။ လိင်ဆက်ဆံရ-မရ သိချင်ပါတယ်။ လာမယ့်နှစ်မှာ လက်ထပ်ဖို့လဲ ရှိနေပါတယ်။ Masturbation တော့ လုပ်လို့ရပါတယ်။ မဖြတ်ပဲ လိင်ဆက်ဆံရင် နာကျင်ပါသလား။ ဒါမှမဟုတ် Feeling ကော ရှိနိုင်ပါသလား။ Circumcision လုပ်ရင် နောက်ကျပါသလား/ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက လုပ်ချင်ပေမယ့် ရှက်တာနဲ့ မလုပ်ဖြစ်ဘူး။ အနာကျက်ဖို့ အချိန် ဘယ်လောက် ယူရပါသလဲ။ အလုပ်တဖက်နဲ့မို့ပါ။ ကောင်းကျိုး-ဆိုးကျိုး သိချင်ပါတယ်။

စိုးရိမ်စရာမရှိပါ။ အိမ်ထောင်ပြုနိုင်ပါတယ်။ ငယ်ငယ်က မပြင်ခဲ့ရလို့ပါ။ အခုလည်း ပြင်ပေးလို့ရပါတယ်။

(မာစတာဘိတ်) လုပ်လို့ မနာသလိုဘဲ နာမှာ မဟုတ်ပါ။ ကလေးရဘို့လည်း မထိခိုက်ပါ။ အခြောက်တွေလိုလည်း မဟုတ်ပါ။ စိတ်ပိုင်းကိုလည်း မထိခိုက်ပါ။ ခံစားမှုမှာတော့ နည်းချင် နည်းနိုင်တယ်။ ကိုယ့်အတွက် ပြောတာပါ။ ဒါလဲ သီအိုရီအရသာ ပြောတာ။ အဲလိုဖြစ်နေတဲ့ မြာပွေသလား မမေးနဲ့ဆိုသူ တယောက် တွေ့ဘူးတယ်။ အနာကျက်ဘို့ ၅-၇ ရက်သာ ကြာမယ်။ မဖြေရတဲ့ချုပ်ရိုးလည်း သုံးချင် သုံးနိုင်တယ်။ ဆက်ဆံဘို့တော့ ၂ ပါတ်ထက် မစောလေ ကောင်းလေးပါ။

အခုအရွယ်မှာ ပြင်ရတာ ငယ်သူတွေနဲ့ မတူတတ်ဘူး။ ကပ်နေတာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပေးရအုံးမယ်။ အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်ကို အားကိုးပါ။

Dr. တင့်ဆွေ
၁၄-၈-၂ဝ၁ဝ


Credit: http://health-adult-reading.blogspot.com/2011/04/modified-penis.html

Hematospermia သုတ်ထဲသွေးပါ

Dec 24, 2010 at 11:15 AM
Masturbation ပြီးသွားတော့ သုတ်ထွက်ချိန် နောက်ဆုံးမှာ သွေးလိုက်လာတာကို တွေ့ရပါတယ်။ ရောဂါများလား ဖြစ်လေ့ ဖြစ်ထ ရှိပါသလား။ ရှောင်ရန် ဆောင်ရန်များကို ရှင်းပြပေးစေချင်ပါတယ်။

Apr 30 2011
အမျိုးသားက အသက်(၄၇)နှစ်ရှိပါပြီ။ ဆီးချိုရောဂါရှိပါတယ်။ ဆက်ဆံတဲ့အခါမှာ သုတ်ရည်ထဲ သွေးနည်းနည်းပါနေလို့ ဘာဖြစ်တာလဲ သိချင်ပါတယ်။ သူက အရမ်းလန့်နေတော့ ဆက်ဆံရမှာကြောက်နေပါတယ်။

သုတ်ထဲမှာ သွေးပါတာ ရှားပါတယ်။ စာဖတ်ရင်း လန့်မသွားပါနဲ့။ စုံစေ့အောင် ရေးရတာမို့ပါ။ ဆေးမကုဘဲ ပျောက်မှာက များပါတယ်။ ဖြစ်စေတဲ့ အကြောင်းတွေက မျိုးပွါးလမ်း (ကျားအစေ့၊ အစေ့ထိပ်) နဲ့ ဆီးလမ်း (ဆီးအိမ်၊ ဆီးပြွန်၊ ဆီးကြိတ်) တွေကနေ လာနိုင်တယ်။ အဲဒီနေရာတွေကို ခွဲစိတ်ထားခံရသူတွေ ဖြစ်တာတော့ မဆန်းဘူး။ အဲလို မဟုတ်သူတွေ သေခြာ ဆေးစစ်ပါ။

• Prostate ဆီးကြိတ်၊ Bladder ဆီးအိမ်၊ Testes အစေ့၊ Seminal vesicles သုတ်ပြွန် တနေရာရာမှာ ကင်ဆာနဲ့ ကင်ဆာ-မဟုတ်တဲ့ အကြိတ် ရှိ-မရှိ။
• Infections ရောဂါပိုးတမျိုးမျိုး (Chlamydia, Herpes, Cytomegalovirus, Trichomoniasis) ဝင်နေတာ၊
• Prostatitis ဆီးကြိတ်ရောင်၊ Epididymitis အကြောရောင်၊ Urethritis ဆီးပြွန်ရောင်၊
• Prostate ဆီးကြိတ် နဲ့ Seminal vesicles သုတ်ပြွန်မှာ Stones ကျောက်ရှိတယ်၊
• Urethra ဆီးပြွန်မှာ Polyps အသားပိုဖြစ်တာ၊
• Ejaculation-duct obstructions သုတ်ထွက်ပြွန်ပိတ်နေတာ၊
• Metastatic cancers တခြားနေရာမှာ ကင်ဆာ ရှိနေလို့ လူးလာတာ။
• Seminal vesicles သုတ်ပြွန်မှာ Cysts အိတ်၊ Hemorrhage သွေးယိုတာနဲ့ Abnormalities ပုံမှန်မဟုတ်တာ၊

သုတ်ထဲ သွေးပါတာအပြင်
• Painful urination ဆီးသွားရင် နာနိုင်တယ်၊
• Pain with ejaculation သုတ်လွှတ်ရင် နာနိုင်တယ်၊
• Blood in urine ဆီးထဲ သွေးပါနိုင်တယ်၊
• Lower back pain ခါးအောက်ပိုင်း နာနိုင်တယ်၊
• Fever ကိုယ်ပူနိုင်တယ်၊
• Tenderness in the testes and/or scrotum အစေ့၊ ကပ်ပဲအိတ်မှာ နာနိုင်တယ်၊
• Swelling in the testes and/or scrotum အစေ့၊ ကပ်ပဲအိတ်မှာ ရောင်နိုင်တယ်၊
• Swelling or tenderness in the groin area ပေါင်ခြံမှာ နာနိုင်တယ်၊ ရောင်နိုင်တယ်၊

Urinalysis ဆီးစစ်ရမယ်။
• Ultrasound နဲ့ MRI ရိုက်ရင် အလုံး-အကြိတ်-ပုံမှန်မဟုတ်တာတွေ မြင်ရမယ်။
• Semen analysis သုတ်ပိုးစစ်ဆေးရမယ်။

ကုသတာက ဘာလို့လဲဆိုတာအပေါ် မူတည်တယ်။
• ပိုးဝင်နေရင် Antibiotic ပိုးသေဆးပေးမယ်။
• Exhausted love making လိင်းဆက်ဆံတာ လွန်ကြွံသွားတဲ့အခါမှာလဲ ဖြစ်တတ်တယ်။ သုတ်ပြွန်ထဲမှာ သုတ်က ပြန်ဖြစ်မလာခင်ဆိုရင် နံရံကနေ သွေးထွက်တာမျိုး ဖြစ်နိုင်တယ်။
• Vitamin C သောက်ရင် အကျိုးများစေမယ်။ သားသတ်လွတ်စားသူများ ထောပတ်စားခိုင်းတယ်။
• အတော်များများမှာ ပြောတာတွေနဲ့ မဆိုင်ဘဲဖြစ်လို့ ဆေးကုစရာတောင် မလိုဘူး။ ပျောက်သွားတာဘဲ။

Dr. တင့်ဆွေ
၂၄-၁၂-၂ဝ၁ဝ