Friday, December 27, 2013

Touching Sleeping Straight Friend


အလွန်ကို သက်သောင့်သက်သာရှိတဲ့ နွေဦးရာသီအခါသာမယမှာ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်း ကိုဦးရယ် မြို့တစ်ခွင် ခြေဆန့်ကြပါတယ်။ သူနှင့် အခုလို နီးနီးကပ်ကပ်အတူသွားလာရတိုင်း ဖြစ်ပေါ်မိတဲ့စိတ်ကူးရိုင်းကတော့ သူ့ငပဲကြီးဘယ်လောက်ရှိမယ် ဘယ်လိုရှိမလဲဆိုတာ တို့ထိခံစားချင်တဲ့စိတ်လေ။ ဒါ စိတ်ကူးယဉ်မှုသက်သက်တစ်ခုပဲဖြစ်မှာပါ။ သူ အ၀တ်အစားတစ်ခုခု သို့မဟုတ် ဘောင်းဘီလဲလှယ်ချိန်တိုင်းမှာ ဖောင်းကြွနေတဲ့ပေါင်ခွဆုံက အထုပ်အထည်ကို အတွင်းခံကနေတစ်ဆင့်သာမြင်မြင်နေရတာ အတော်ကြာနေပြီပဲ။ ဒါပေမဲ့…No….အင်း ဒီညတော့ အခွင့်အရေးတစ်ရပ်များရမလားပဲ….ဘာကြောင့်လဲဆိုတော့ သူ့အခန်းမှာ ဒီည ကျွန်တော်အိပ်မှာဗျ။ ဒါကြောင့် ကျွန်တော်တို့ အပြင်ကို တစ်နေကုန် ဒိုးကြတယ်လေ တနေကုန်အိမ်မပြန်ဘဲ။ ညကျရင် အိပ်ကောင်းဦး တော့မှာပါ။ ညနေစောင်း တရုတ်တန်းဘက် ဟိုသည်လျှောက်စားရင်း အပြာရောင်စကားလုံးတွေ ပြောကြ ဟိုသည်ငမ်းဖြစ်ကြပါတယ်။ တနေကုန် သည်ကောင် ခြေညောင်းအောင်လျှောက်ထားတော့ စောစောစီးစီး အိပ်ယာပေါ်ပစ်လှဲပြီးအိပ်တော့တာ ကျွန်တော်ကတော့ တီဗီက ကြည့်နေကြ ဇာတ်လမ်းတွဲလာတာကို ထိုင်ကြည့်နေဖြစ်သည်ပေါ့။
တစ်နာရီလောက်ကြာပြီးနောက်….ကျွန်တော့်ရဲ့ထိန်းချုပ်မရတော့တဲ့ စူးစမ်းမှုကိုစလုပ်ဖို့အချိန်ကျပြီလို့ဆုံးဖြတ်လိုက်မိပါတယ်။ တို့ထိ လိုက်ရင် ဘယ်လိုများ ခံစားရမှာပါလိမ့်….သူ့တင်သားဆိုင်တွေကကောဘယ်လိုများလဲ စသဖြင့်ပေါ့ ကြည့်ချင်မြင်ချင်ပြီ။ အတွင်းခံ ခပ်တင်းတင်းမှာ မြင်နေရင်တဲ့ တင်အကွဲကြောင်းလေးက ကြည့်နေတဲ့ ကျွန်တော့်ကို ရင်ပိုခုန်လာစေခဲ့သလိုပဲ။
 ကြမ်းခင်းပေါ် မွေ့ယာထူထူ ချပြီးအိပ်နေတဲ့ သူ့အိပ်ယာပေါ် ကျွန်တော် မသိမသာဝင်လှဲလိုက်တယ်။ အိပ်ယာအစွန်းလေးမှာ အသာငြိမ်နေပြီးမှ ကျွန်တော့်လက်တွေ ဟာ သူ့ခန္ဓာကိုယ်ရှိရာကို တွားသွားလိုက်တာပေါ့နော်။ ကံကောင်းတာက သူက ငြိမ်ငြိမ် လေးအိပ်နေတော့ ကျွန်တော်လည်း အသာ အယာလှုပ်ရှားရတာပေါ့ဗျာ။ ခပ်ပါးပါးအပေါ်က ခြုံထားတဲ့စောင်းပါးပေါ်ကနေ သိသိ သာသာမြင်နေရတဲ့ အထုပ်အထည်က ကျွန်တော်လက်တောင်လျှိုမ၀င်ရသေးခင်မှာ ကွမ်းသီးခေါင်းထိပ်လေးကိုတောင် မှန်းလို့ရနေပြီ။ သူ ညအိပ်ဘောင်းဘီခပ်ပါးပါးကို ၀တ်ထားလို့များလားလို့ ကျွန်တော်တွေးမိပါတယ်။
Wow!! သိပ်မမာသေးတဲ့အခြေအနေမှာပဲ သိပ်ငပဲထိပ်ကလေးကို စမ်းကိုင်ရတာက အားရစရာ ထွားလိုက်တာ။ ဒါကြောင့် ကျွန်တော် စောင်အောက်ကို လက်လျှိုသွင်းလိုက်ပြီး စောင်ပါးကိုနည်းနည်းမတင်လိုက်တယ်။ အင်း….အတွင်းခံဘောင်းဘီကိုဝတ်ထားသလို အပေါ်က ညအိပ်ဘောင်းဘီပါးတစ်ထည်ကို သူထပ်ဝတ်ထားတာပဲ။ အပေါ်က၀တ်ထားတဲ့ ဘောင်းဘီက ခပ်ပါးပါးချည်ထည်ဘောင်းဘီ တိုပဲဆိုတော့ သူ့ပေါင်ဖွေးဖွေးက မွှေးညှင်းနုလေးတွေက စိတ်လှုပ်ရှားဖွယ် ရေးရေးမြင်နေရတယ်။ ကျွန်တော့်ရင်ခုန်သံတွေပိုမို မြန်ဆန်လာသလို ခပ်သာသာသွေးတိုးစမ်းနေတဲ့ ကျွန်တော့်လက်က စောင်ပါးလေးကို ဘေးကိုဆွဲဖယ်ပစ်မိရဲ့။ လေအေးပေးစက်ကို ကျွန်တော် ပိတ်လိုက်တာကောင်းတယ် တော်ကြာ ကျွန်တော့်ကြောင့် ရှင်းလင်းနေတဲ့ခန္ဓာကိုယ်ပိုင်ရှင် သူငယ်ချင်းလေး အအေးပတ်သွား မှာ။
ခါးစပ်က ဘောင်းဘီလေးကို ဖြည်းဖြည်း….တကယ့်ဖြည်းဖြည်းလေးဆွဲချွတ်တယ်…..နောက်တစ်ဆင့် အတွင်းခံဘောင်းဘီကို အသာအယာ ဆွဲခွာသပေါ့လေ။ ခပ်ကြမ်းကြမ်းလည်းမလုပ်ရဲ မကျွတ်မှာလည်းစိုးရိမ်သေးဆိုတော့ အသာလေးဆွဲချွတ်နေတာ တဖြည်းဖြည်းနဲ့ ဆီးစပ်က အမွှေးနုလေးတွေပေါ်လာသလို ဖွေးနေတဲ့ သူတင်သားဆိုင်တွေကလည်း အံထွက်လာတယ်။ သူ့အမွေးနု လေးတွေက အုံထူပေမယ့် နုညံ့လွန်းတယ်…အား…နောက်ဆုံးတော့ မျှော်လင့်နေတဲ့ရတနာကြီးပေါ်ထွက်လာပါပြီ…ရှည်လျားကြီးမား သော ရတနာ…။ ကြီးထွားလွန်းသယောင်ရှိပေမဲ့ ပျော့နေတယ်လေ။ ဒါကြီးနဲ့များ ဖီလင်အပြည့်ခံစားရရင် ကျွန်တော်သေသွားနိုင်တယ်။ ခပ်တုန့်တုန့်ဖြစ်နေတဲ့ ကျွန်တော့်လက်ဟာ သိပ်မကြမ်းစေဘဲ သူ့ငပဲဆီကိုရွေ့တင်လိုကတာ အိုး…God… ကိုင်ရတဲ့ဖီလင်က ဘယ်လို ပြောရမှန်းတောင် မသိဘူး….မိုက်တယ်ဗျာ…ဖီးလ်ပဲ။ တကယ့်ကို ရွရွလေး သူ့ငပဲတစ်ချောင်းလုံးကို ပွတ်သပ်လိုက်….ကွမ်းသီးခေါင်း လေးကို လက်မနဲ့ပွတ်သပ်တယ်….ပြီးတော့ ထိပ်အရေပြားလေးကို ကလိတယ်ပေါ့နော်။ အဲ့ဒီ…အဲ့ဒီအချိန်မှာပဲ သူက လှုပ်လှုပ်ရှားရှား ဖြစ်လာတာကြောင့် ကျွန်တော် ခုတင်ပေါ်လှစ်ကနဲတက်လိုက်ပြီး အိပ်ချင်ယောာင်အမြန်ဆောင်လိုက်ရပါရဲ့။ သူ့ဘက်ကိုစောင်းအိပ်ပြီး ၁၀ မိနစ်လောက်ငြိမ်နေရတာပေါ့နော် စိတ်ချလက်ချက်ဖြစ်သွားအောင်။
အတန်ကြာငေးနေပြီးမှ ကျွန်တော်အသက်ဝင်လှုပ်ရှားမိပါရဲ့။ သူ့ကိုယ်ပေါ်ကို ခပ်ပါးပါးလွှမ်းထားတဲ့ စောင်ပါးကို အသာဆွဲဖယ်လိုက် တော့ သူ့ငပဲက ညာဘက်ပေါင်ခြံနားမှာ မမာ့တမာကပ်လို့။ အသက်ကို ၀၀ရှူ “ဒါ လွယ်လွယ်လေးပါ လွယ်လွယ်လေး” လို့ ခပ်တိုးတိုး ရေရွတ်ရင်း မပြီးသေးတဲ့ခရီးကိုဆက်ဖို့ ကျွန်တော်ဆက်ကြိုးစားပါတယ်။ ကျွန်တော် သူ့ငပဲရှိရာဆီကိုခေါင်းကိုငုံ့လိုက်ရင်း ကွမ်းသီးခေါင်းလေးကို ပါးစပ်နဲ့စုပ်ငုံလိုက်တယ်ပေါ့။ သူ့ငပဲထိပ်ပိုင်းပျော့ပျော့လေးဟာ ပူနွေးနေတဲ့ကျွန်တော့်နှုတ်ခမ်းလွှာတွေကြားဝယ် ခပ်လယ်လယ်ဖြစ်နေရော။ ခဏကြာတော့ သူ့ငပဲတစ်ချောင်းလုံး ပါးစပ်ထဲထိငုံစုပ်လိုက်ရင်း ကွမ်းသီးခေါင်းတလျောက် လျာကိုအပြား လိုက်ကပ်ပြီး လျာနဲ့ကလိဖြစ်ပါတယ်။ ပြီးနောက်မှာ သူ့ငပဲတစ်ချောင်းလုံးကို မက်မက်မောမောနမ်းရှိုက်…..လိင်တံတလျောက်နွေး သွားအောင် လျာနဲ့သရပ်လိုက်တာ အစုန်အဆန်ကိုဖြစ်ကရော။ နောက်တော့ ကျွန်တော့်အာခံတွင်းထဲ ပြန်သွင်းလိုက်ကာ အချိန် ခပ်ကြာကြာ စုပ်မျိုဖြစ်ပါတယ်။
ကျွန်တော် တစ်ချက်တစ်ချက် အာခံတွင်းထဲ အထုတ်အသွင်းလုပ်လိုက်တိုင်း သူ့ငပဲကထွားထွားတက်လာပြီး မာတောင့်လာပါတယ်။ အဲဒါကို ရှင်းရှင်းလင်းလင်းကို သတိရနေတာပါပဲ။ ရှည်လျားထွားကြိုင်းလာတဲ့ သူ့ပစ္စည်းကို အာခံတွင်းထဲအဆုံးထိ နှစ်ချက်လောက် သွင်းကြည့်လိုက်တာ ကျွန်တော် အော့အံမိမတတ်ဖြစ်ရပါတယ်။ နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ကျွန်တော်ကြိုးစားနေတုန်း သူလှုပ်ရှား လာတာကြောင့် စိတ်ထဲဖျဉ်းကနဲဖြစ်သွားမိရလောက်အောင် စိတ်လှုပ်ရှားသွားရပါရဲ့။ သူက ပက်လက်မကျတကျလှဲအိပ်နေရာကနေ ဘေးစောင်းအိပ်လိုက်တော့ သူ့ကိုယ်ပေါ်ကလွှမ်းထားတဲ့ စောင်ပါးဟာဘေးကိုကျသွားပြီး လုံးဝန်းပြည့်တင်းတဲ့သူတင်သားဆိုင်တွေဟာ ရှင်းကနဲ လင်းကနဲပေါ်လာတာပေါ့နော်။ သူ့တင်သားဆိုင်တွေဟာ ပြည့်တင်းပြီးဖောင်းကားနေတော့ ကျွန်တော့်စိတ်ထဲဝယ် ထိကိုင်လိုက် ရင်ပဲ ပေါက်သွားမလားအောက်မေ့မိရော။
တင်သားနှစ်မွှာကြားက ပေါ်နေတဲ့ အမွှေးနုလေးတွေဝန်းရံထားတဲ့ ခရေ၀လေးက ပန်းသွေးရောင်ကိုပြေးလို့ပါ။ အဲဒါကို မနည်းရှာကြည့်ရ မယ်…ကျွန်တော်မရဲတရဲ တင်သားဆိုင်နှစ်ဖက်ကိုအသာဖြဲကိုင် ခရေ၀လေးကို လေနဲ့ဖွဖွလေးမှုတ်ပြုကလိလိုက်တော့ သူ တွန့်ကနဲဖြစ် သွားသလားမသိဘူး။ တင်သားနုနုလေးတွေနား ကျွန်တော့်မျက်နှာကိုအသာကပ် အသက်ရှူသွင်းရှူထုတ်တဲ့လေငွေ့နွေးနွေးလေးက သူ့ ခရေ၀က အမွှေးလေးတွေကိုရိုက်ခတ်နေတာက သူ့အတွက်တော့်မသိဘူး ကျွန်တော့်အတွက်တော့ ကလိ ကလိဖြစ်နေပါတယ်။ ကျွန်တော့်နှုတ်ခမ်းလွှာထဲက လျှာပူနွေးနွေးကို အပြားလိုက်အသာထုတ်ကာ သူ့ခရေ၀တလျောက်ကို နှစ်ကြိမ်လောက် သရပ်ဖြစ်တော့ သူ့ကျောပြင်က တွန့်ကနဲ တွန့်ကနဲများဖြစ်သွားသလား…။
ဟီး ဟီး….သူ လှုပ်လှုပ်ရှားရှားဖြစ်ကာ မနိုးတစ်ဝက် အိပ်တစ်ဝက်နှင့် သူ့ငပဲသူကိုင်က လက်ကစားချိန်မှာတော့ ကျွန်တော် အိပ်ချင် ယောင်ဆောင်ပြီး ငြိမ်နေလိုက်တယ်။ သူ ပြန်ငြိမ်သွားချိန်မှာတော့ ခဏနေကလိုပဲပြန်ကလိ…..အိုး သူသုံးတဲ့ ဂျပန်ရေချိုးဆပ်ပြာ ရည်ရဲ့အနံ့ကိုအလွတ်ရရောပဲ။ အသာလေးငြိမ်သူလှုပ်ရှားနေတာကို စောင့်ကြည့်နေလိုက်တာ ၁၅မိနစ်လောက်အကြာမှာ ပါးလျားသော စောင်ဟာ စိုရွှဲသွားတာကိုတွေ့လိုက်ရတာပေါ့နော်။
တဖြည်းဖြည်းငြိမ်သက်သွားတဲ့ သူ့အဖြစ်ကိုကြည့်ရင်း ကျွန်တော်လည်း အသက်ကိုမျှင်းမျှင်းရှူရှိုက်ကာ အိပ်မောကျသွားရပါတယ်။ နက်ဖြန် မိုးသောက်ယံမှာ ကျွန်တော်ဘယ်လိုမျက်နှာမျိုးထားရမှာပါလိမ့်…သူကကော ကျွန်တော့်ကိုဘယ်လိုများ…..
Alex Aung (26 Dec 5013)
Note: သူငယ်ချင်းတို့ဖတ်ဖို့ တိုပေမယ့် အပျင်းပြေ

Saturday, December 14, 2013

ရင်ဖွင့်သံ


လွမ်းလွန်လွန်းလို့ အလွမ်းများပြေကောင်းပြေနိုး နာမည်လေးကို ဖွဖွရေရွတ်မိတယ်….
ဒါပေမဲ့ အလွမ်းမပြေ အလွမ်းတွေ တိုးတိုးလာတယ် ထင်ပါရဲ့။

လွမ်းလွန်းလို့ အလွမ်းများ ပြေကောင်းပြေနိုး သူ့နာမည်လေးကို ရေရွတ်မိတယ်……
ဒါပေမဲ့ အလွမ်းတွေက ပိုပိုပြီး တိုးလာတယ်။

ကျွန်တော် ကျွန်တော်ရောက်တဲ့နေရာတိုင်းဟာ လွမ်းဆွတ်ဖို့ဆိုတဲ့ သဘောသဘာဝက ကန့်သတ်ပြီးထား သတ်မှတ်ထားလေသလား ထင်ရအောင်ကို လွမ်းနေရတော့ ခက်ပါ့ဗျာ။

လွမ်းတဲ့ စိတ်တွေပျောက်ပျက်သွားအောင် အိပ်မက်ထဲမှ ဆုံဖို့ ဆုတောင်းရတာ အမောပါပဲ၊
အိပ်မက်ထဲမှာ တကယ်တွေ့တော့လည်း နံနက်အထမှာ အလွမ်းစိတ်တွေပိုပိုတိုးပြီး ကျွန်တော့်ကို နှိပ်စက်ပြန်ပါရော….
လွမ်းရတာ နွမ်းနေပြီ……

သတိရလွမ်းလွန်းလို့ ကျွန်တော်ကြည့်မိလိုက်သမျှ လူတွေပုံသဏ္ဌာန်….မျက်လုံး၊နှာခေါင်း ဒါမှမဟုတ် အသံ..စကားပြောပုံဟန် တစ်ခုခု ဆင်တဲ့နေရာ ရှိနေသလိုပါပဲ…. အရမ်းလွမ်းတယ်ကွာ….။

“အလွမ်းရောင်”တဲ့ သီချင်းတွေမှာတောင် ထည့်သွင်းရေးစပ်ကြတယ်……
ဘယ်အရောင်ကို ဆိုလိုတာလဲ? ကျွန်တော့်အတွက်တော့ အရမ်းလွမ်းတဲ့အချိန်မှာ မြင်နေရတဲ့ အရောင်အဆင်းတွေ အားလုံးဟာ အလွမ်းရောင်ပါပဲဗျာ…။

ဘယ်လိုပုံစံနဲ့ ဘယ်လိုလွမ်းရမလဲ ဆိုတာမသိတော့ဘူး။ ရင်ထဲနင့်နေပြီး တင်းခံနေသလို…..ရူးပစ်လိုက်တော့တာပဲ။ လွမ်းလို့ကျတဲ့ မျက်ရည်တွေသာ အရည်ဓာတ်မဖြစ်ဘဲနဲ့ အစိုင်အခဲလေးတွေသာဖြစ်ခဲ့ရင်…..အလွမ်းရဲ့သက်သေအဖြစ်နဲ့ ပန်းပုထုပြချင်ပါတယ်… ဘယ်လောက်အထိ လွမ်းဆွတ်မိသလဲဆိုတာကိုပေါ့…။

ဒါပေမဲ့ လွမ်းမောခြင်းကို အခိုင်အမာသက်သေပြနိုင်တဲ့ မျက်ရည်တွေဟာ ခြောက်သွေ့သွားကုန်တော့လည်း လွမ်းတဲ့စိတ်၊ သတိရတဲ့ စိတ်တွေကိုမြင်စေနိုင်ခွင့်မရှိဘူးပေါ့….ခက်တယ်ဗျာ…။

 သိနေတယ်…သိနေပါတယ် ကျွန်တော့်အတွက် မဖြစ်နိုင်ပါဘူးဆိုတာကိုလေ…..ဘ၀မှတွေ့ခဲ့ဘူးတဲ့ လူတွေရဲ့အချစ်တွေ ပြီးတော့ တွေ့လာဦးမယ့်လူတွေရဲ့ အကြင်နာ အချစ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော့်အချစ်က ကိုယ်တိုင်ပြောမှ ရှိတယ်ဆိုတာ သိရရုံလေး အခြေအနေပါ။

မတွေ့တွေ့အောင် မြင်ပေးလို့ နင့်နင့်ပိုးပိုးကို ကျေနပ်ဝမ်းသာပါတယ်……တကယ်ပါ….တွေ့တာက အိပ်မက်ဆိုရင်တောင်မှ သာမန်လူ များလည်း မက်ခွင့်ရှိမှာပါ။ ရင်နင့်နေအောင်ကို ချစ်တယ်။

စိမ်းလန်းစိုပြေနေတဲ့ တောတောင်တွေ၊ မှိုင်းပြပြ မိုးပြာတောင်တန်းကြားက ရေစီးသံ၊ ကျေးငှက်တွန်ကျူးသံတွေ၊ အေးမြလတ်ဆတ်တဲ့ လေ ဒီအရာတွေဟာ ကြည်နူးစရာတွေလို့ မချစ်တတ်ခင်မှာ ထင်ခဲ့ဘူးပါတယ်…..ဒါပေမဲ့ လွမ်းတတ်လာတော့ အလွမ်းပိုစေတဲ့အရာ တွေ ဖြစ်နေရပြီ…..ချစ်သူရယ်……

ရင်ထဲခံစားနေရတဲ့ အလွမ်းဟာ နွေဦးရာသီလိုပါပဲ……အသိစိတ်နဲ့ ကိုယ့်ကိုကိုယ် မလွမ်းဘို့ ဖိထိန်းထားချိန်မှာ မေ့ပျောက်သလို ရှိပေမယ့်လည်း အသိစိတ် တစ်ချက်လေး လွတ်သွားတာနဲ့ ပိုမိုပြင်းထန်တဲ့အရှိန်နဲ့ ပြန်တွန်းပြီး အရင်ကထက် အဆပေါင်းများစွာ ပိုခံစားရတော့….လွမ်းချင်တိုင်း လွတ်လွတ်လပ်လပ်ပဲ လွမ်းပစ်လိုက်မယ်ဗျာ….။

ရင်ထဲမှာ စိတ်ခံစားချက်ပေါင်းစုံ ၀င်ရောက်တည်းခိုရာ အခန်းလေးရှိပါတယ်။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းစတဲ့ စိတ္တဇနာမ် ခံစားချက် တွေလည်း ၀င်ရောက် သွားလာတာ နေ့တိုင်းလိုလိုပါ..။ အချစ်ဆိုတဲ့ သူစိမ်းလည်း ခဏတာ ၀င်ရောက်ခဲ့ပြီး တိတ်တိတ်လေး ပြန်ထွက်သွားပါတယ်။ သူ့ရဲ့ကိုယ်ရံတော် အလွမ်းကိုဖြင့် ထားခဲ့ပြန်တော့ ရင်ထဲမှာ အလွမ်းက အချိန်ပြည့်ရှိနေရပြီပေါ့ ချစ်သူရာ..။ 

ချစ်သူဟာ ကျွန်တော့်အတွက်မဖြစ်ခဲ့ပေမယ့် ကျွန်တော်ကတော့ ချစ်သူ့တစ်ယောက်တည်း အတွက်ပါဗျာ…..ဘယ်လိုပျော်ရွှင်မှုပဲဖြစ်ဖြစ်၊ နာကျင်မှုပဲဖြစ်ဖြစ် ချစ်ရတဲ့သူ အနားမှာရှိမှ ခံစားရတာ အဓိပ္ပာယ်ရှိ သက်သာရာရပါတယ်။

“ချစ်တယ်….ချစ်တယ်” တဖွဖွပြောတိုင်း အရမ်းချစ်နေတာမဟုတ်ပါဘူး….ချစ်သူရာ….လုံးဝဖွင့်ဟမပြောပေမယ့် နင့်နင့်လေးအဝေးကနေ သိပ်ချစ်နေတာလည်း ရှိနိုင်သေးတယ်လေ……ဖွင့်မပြောတာ မချစ် မလွမ်းဘူးလို့ အထင်မမှားပါနဲ့လားဗျာ။
 
သူများတွေနဲ့ ရယ်မောနေတာထက် ချစ်သူကို လွမ်းပြီးငိုင်နေရတာ ကျွန်တော့်အတွက် ပိုပျော်ရပါတယ်။ ရင်ထဲက အချစ်စစ်နဲ့ ပြန်မချစ် ရင်လည်းနေပါစေ…..ကျွန်တော့်အချစ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ရုံလေးပဲဆိုပေမယ့် အကျေနပ်ကြီးကျေ နပ်မှာပါ ကျွန်တော့ရဲ့ချစ်သူ……တကယ်ပါ အသိအမှတ်ပြုရလောက်အောင် မဖော်ပြတတ်ခဲ့ဘူးဆိုလည်း ချစ်တာလေးကိုတော့ ခွင့်ပြုပါဗျာ။
“ခွင့်မပြုနိုင်ဘူး”ဆိုပြန်ရင် အချစ်ခံရတဲ့ ကာယကံရှင်ကိုယ်တိုင်ကတောင်မှ ရင်ထဲကအချစ်ကို တားပိုင်ခွင့်မှ မရှိတာ ဘာဖြစ်ဖြစ်ချစ်နေရ တာ အရသာများလား ဟင်?

အတူတူဆုံပျော်ရွှင်ပြီးမှ ပြန်ခွဲခွာရချိန်မှာတော့ ရင်ထဲမှာ အလွမ်းမျက်ရည်လေးတွေလည်ရပြီ….ဒါပေမဲ့ အတူပျော်ရွှင်တဲ့အချိန်လေးတွေ များကို ရင်ထဲမှာ အမြဲသိမ်းထားမှာပါ။ 

အမှတ်ရစရာတွေရှိမှ ဘ၀ဟာ ပိုအနှစ်သာရရှိရော့လေသလားဗျာ…..ခဏ ခဏ ခွဲခွာရရင် ကျင့်သားရမယ်ထင်ပေမယ့် ခံစားရဖန်များရင် ပိုပိုနာကျင်ရပါလားဆိုတဲ့အချက်ကိုသိလာပြီး ခွဲခွာမှုကို ကြောက်နေရပေမယ့် ခွဲနေရဦးမှာပါပဲ….ဒါက လောက သဘာဝနိယာမလေ….အင်း…ခွဲခွာမှုနောက်ဆက်တွဲ ဒဏ်ကိုကြံ့ကြံ့ခံနိုင်ပါစေ ချစ်ရသူရေ။

တကယ်လို့ ကျွန်တော့်ချစ်ခြင်းမေတ္တာဟာ ရင်ထဲကလာတာ မှန်ကန်နေပေမယ့်…တစ်ဖက်သား သက်ရောက်ခံစားသူအပေါ်မှာ စိတ်ရှုပ်မှု၊ အနှောင့်အယှက်တစ်ခု ဒါမှမဟုတ် နာကျင်မှုဖြစ်စေတယ်ဆိုရင် ချက်ခြင်း ပြန်ရုပ်သိမ်းပေးပါရစေ…..။

Credit: မင်းကုဋေနိုင်
Re-proof: Alex Aung (14 Dec 2013)

Saturday, December 7, 2013

Top Ten Reasons Girls Need Gay Best Friends






မိန်းကလေးတွေက ဂေးတွေကို သူငယ်ချင်းကောင်းအဖြစ်ဘာကြောင့်လိုအပ်နေကြသလဲ?
မိန်းကလေးတွေက မိန်းကလေးတွေကိုပဲ သူငယ်ချင်းအဖြစ် ဒါမှမဟုတ် ယောက်ျားလေးတွေက ယောက်ျားလေးတွေကိုပဲ သူငယ်ချင်း ကောင်းအဖြစ် အယုံကြည်ရဆုံးချစ်သူငယ်ချင်းတစ်ယောက်အဖြစ် လက်ခံပေါင်းသင်းဆက်ဆံကြတယ်လို့ တရားသေသတ်မှတ်ထား ကြမယ်လို့ ကျွန်တော့်အနေနဲ့ မထင်မှတ်ထားပါဘူး။ လိင်တူကိုကြိုက်နှစ်သက်သူပါလို့ဝန်ခံထား သိထားရတဲ့ ဂေးသူငယ်ချင်း တစ်ယောက်ကရော ချစ်ခင်အယုံကြည်ရဆုံးသောသူတစ်ယောက်မဖြစ်နိုင်ဘူးလားဗျာ။ ၁၀၀% ဖြစ်နိုင်ပါတယ်လို့ ကျွန်တော် ပြောမယ်။
လိင်တူ လိင်ကွဲကြိုက်နှစ်သက်မှုဆိုတဲ့ လိင်စိတ်ခံစားသက်ဝင်မှုများက လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အရေးပါတဲ့ ယုံကြည်မှု၊ ကိုးစားမှု ဆိုတဲ့အရာတွေနဲ့ပေါင်းစပ်ပိုင်ဆိုင်လို့မရနိုင်ဘူးလားမေးရမယ် လက်မခံချင် အင်တင်တင်ဖြစ်နေသူများကိုပေါ့နော်။ လူ ဆိုတဲ့ လူအပေါ် မှာပဲမူတည်ပြီး လိင်စိတ်ခံယူချက်ကွဲပြားမှုအပေါ် ကောက်ချက်စွဲပြီး မယုံကြည်ရသူများအဖြစ် ဘယ်တော့မှမစွပ်စွဲပါနဲ့လို့ ကျွန်တော်က တဲ့တိုးပဲ အဆိုပါလူတွေကို ထပ်မံပြောလိုက်ပါရစေ။

(၁) ရက်စက်စွာပြုံးတတ်သောသူများမဟုတ် (Keeps Male Murder Rate Down)

ခေါ်ဆိုနေကြအချိန် ခေါ်ဆိုနေကြ တယ်လီဖုန်းသံလေးလည်းမကြားရ သို့မဟုတ် စာလည်းမရေး မေးလ်လည်းမပို့ သို့မဟုတ် သူတို့ လုပ်နေကြအလုပ်တွေကို မလုပ်ဘဲ ဘိုင့်ဘိုင် သဘောမျိုးလုပ်သွားတာကို ခံယူရချိန်မှာ သင့်အနေနဲ့ ဘယ်လိုများတွေးပါလိမ့်မလဲ? ငါ့အသည်းကို အသွားထက်ထက် ပုဆိန်တစ်လက်နဲ့ အပိုင်းပိုင်းခုတ်ထစ်နေပြီပဲ ငါ ငါ လဲကျသေဆုံးရတော့မယ်ဆိုတဲ့ အတွေးမျိုးမ၀င် မိဘူးလို့မပြောနိုင်ဘူးနော်။ တချို့တွေများ မကြံကောင်းမစည်ရာတွေတောင်ပြုလုပ်မိကြပြီး ကိုယ့်ဘ၀ကိုယ်ကို အဆုံးသတ်သွားတဲ့အထိ အချစ်မှာပျော်ဝင်တတ်ကြတယ်။ Men are mean!!! I hate…hate them! 

ဟီး….ကျွန်တော်တို့သည်လည်းအမျိုးသားတွေထဲက အမျိုးသား ဖြစ်ကြပါတယ်လေ။ ဒါပေမဲ့ ချစ်စရာကောင်းတဲ့အချက်က ကျွန်တော် တို့ဂေးအမျိုးသားတွေဟာ ဘယ်တော့မှ တစ်ပါးသူနစ်နာ သွားတဲ့အထိ မပြုလုပ်တတ်ကြပါဘူး ကိုယ်ခံစားသွားရတယ်ဆိုတာကိုတော့ ကိုယ့်ကိုအပြစ်ပြုသွားသူသိအောင်လောက်ပဲပြတတ်ကြတာပါနော်။ ဂေးတွေက အခြားသော အမျိုးသားတွေရဲ့ ကောင်းကွက် ဆိုးကွက် တွေကိုသိနေတတ်တော့ ကိုယ့်မိတ်ဆွေသူငယ်ချင်း ခံစားချက်ကြောင့်ဘ၀တစ်ခု သေဆုံးပျောက်ပျက်မသွားအောင် ပြုလုပ်ပေးနိုင်ပါ တယ် ။ ဒါကြောင့်ပြောတာပါ ခင်ဗျား ဓားသွားတွေပေါ် လဲကျပြီး သွေးထွက်နေရင်တောင် ကျွန်တော်တို့တွေက မေတ္တာနဲ့ဖေးမ နိုင်ကြပါတယ်။ အနည်းဆုံး ထွေးဖက်မှုလေးဖြစ်ဖြစ်ပေါ့။

(၂) တစ်ပါးသူရဲ့ Date ကိုဘယ်တော့မှ မလု (Will Never Steal Your Date)
ယောက်ျား…..ကျွန်တော့်ရဲ့ အမျိုးသမီးမိတ်ဆွေအချို့ကတော့ ယောက်ျားဆိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ မီးတောက်တွေထဲမှာ ပိုးဖလံ တွေလို ပျော်ပျော်ကြီးကို တိုးဝင်တတ်ကြပါတယ်။ နှင်းဆီပန်းတစ်စည်းနဲ့ အနမ်းပွင့်တွေချွေတတ်တဲ့ အမျိုးသားတစ်ယောက်ရဲ့အသွင် အပြင်ဟာ သူတို့အတွက်ဘာခံစားချက်ကိုများပေးကြတယ်မသိဘူးနော်။ မိတ်ဆွေအပေါင်းအသင်း စည်း မမြင်ရပေမယ့် ရှောင်ကြဉ်ရ မယ့် မကျော်သင့်တဲ့ စည်းကို အခွင့်အရေး အတွေ့အထိ သာယာမှုတစ်ခုလေးနဲ့ ဖျားယောင်းတတ်တဲ့အမျိုးသားအချို့ရဲ့နည်းပရိယာယ် တွေပေါ် ပျော်ဝင်တတ်ကြပြန်တယ်။ 

ဒီကိစ္စမှာ ဘယ်သူ့ကိုအပြစ်တင်ရမယ်မသိပေမယ့် ကျွန်တော်ကတော့ အဲ့လိုအမျိုးသားရဲ့ ပေါင်ခြံကို ခပ်ပြင်းပြင်းလေးရိုက်ပစ် ပြီးတော့ စဉ်းစားဥာဏ်မဲ့တဲ့ အမျိုးသမီးရဲ့ ခေါင်းကို လက်သီးနဲ့ထိုးပစ်ဖို့ လုပ်မိတော့မယ်။ ကျွန်တော့်အပေါင်း အသင်း ဂေးသူငယ်ချင်းတွေက ပြောပါတယ် အဲ့လို straight ငနဲတွေဟာ ပျင်းဖို့ကောင်းတယ် အလိမ်အညာတွေနဲ့ပြည့်နှက်နေတာ သူတို့တွေနဲ့စာရင် ကိုယ်တွေလို ဂေးအမျိုးသားအချင်းချင်းကသာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းသေးတယ်တဲ့။ အဲ့ဒီစကားကို ကျွန်တော် အစက သဘောမပေါက်ဘူးဗျ။ အခုတော့ သဘောပေါက်ပြီ ကျွန်တော်တို့ရဲ့ လက်ဖ၀ါးတွေဟာ ကိုယ်တွေနဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ စစ်မှန်သော honeypot တွေပေါ် မှာသာ ရောက်နေတတ်တာလေ။

(၃) မိန်းကလေးသူငယ်ချင်းတွေက တော်တော် Stress များတာ (Girl Friends Are Stressful)
အမျိုးသမီးသူငယ်ချင်းတွေနဲ့ အပြင်တွေဘာတွေထွက်တဲ့အခါ တစ်ခါတလေ သူတို့ဟာ သင့်ထက်ပိုပြီးလှပနေတတ်ကြတယ်။ အမျိုးသမီးသူငယ်ချင်းတွေအနေနဲ့ အမျိုးသားတွေရဲ့ အာရုံစိုက်မှုကို ရနိုင်ကြတာကိုးနော်။ အမျိုးသမီး သူငယ်ချင်းတွေက တစ်ခါတလေ မေးတတ်သေးတယ် ဘယ်လိုကြီးလဲတဲ့ ကျွန်တော်တို့သူငယ်ချင်းအချို့နဲ့ ဒိတ်လုပ်လို့ရနိုင်ခဲ့တဲ့အခါမျိုးမှာပေါ့။ ဟုတ်တယ် အချို့သော ဂေးသူငယ်ချင်းတွေက အဲလိုဒိတ်ဖို့လည်း အိုကေကြ လုပ်ကြတာပဲ။ ဒါပေမဲ့ သူတို့အဲလိုလုပ်ကြတဲ့ကိစ္စက သိပ်ပြီးစိတ်အနှောင့်အယှက် ဖြစ်စေတာတော့လည်းမဟုတ်ပါဘူး ဘယ်သူကမှ အရေးတယူရှိကြတာမှမဟုတ်တာ။

(၄) ဟန်ရေးပြတဲ့ပွဲ (Parades)
ဂေးတွေရဲ့ ကိုယ်ဟန်ပြလမ်းလျှောက်ကြတဲ့ပွဲ (Gay Pride Parades) တွေဟာ သံသယတစ်ခုမှမရှိအောင် ပျော်ရွှင်စရာအကောင်းဆုံးပွဲ တွေ၊ အရောင်အသွေးအစုံအလင်ဆုံး ပြီးတော့ စိတ်ဝင်စားစရာကောင်းနေတဲ့ ရွှင်လန်းအားရစရာတွေပါ။ ကျေးဇူးတော်ချီးမွမ်းတဲ့ နေ့ စီတန်းလှည့်လည်တဲ့ပွဲ? ကာတွန်းရုပ်တွေ လေထဲမျောနေသလိုပဲ။ စိန့်ပက်ထရစ် နေ့စီတန်းလှည့်လည်ပွဲ? စကော့တလန်ကလူတွေမှုတ် တဲ့ လေမှုတ်အိပ်ကအသံတွေနဲ့ ကောလိပ်က ချာတိတ်တွေရဲ့အသံတွေနဲ့ ဆူညံနေကြတာ။ ဂေးတွေရဲ့ စီတန်းလှည့်လည်ကိုယ်ဟန်ပြ တဲ့ပွဲတွေကတော့ သူတို့နဲ့မတူ တောက်ပကာလက်လက်ထနေတဲ့ ပြီးတော့ ညီတူညီမျှရပိုင်ခွင့်ဆိုတာကို အထောက်အပံ့ဖြစ်စေတဲ့ လူတွေများစွာ….နောက်ပြီး အပေါ်ရှပ်အင်္ကျီမဲ့ ခပ်ဟော့ဟော့ အမျိုးသားတွေ အများကြီး။ Umm…yeah ကျွန်တော်ကတော့ သဘောကျတယ်။

(၅) ဂေးတွေက ခင်ဗျားကို ကြိုက်နှစ်သက်ကြတယ်ဆိုရင် ဒါ အရမ်းမိုက်တာပေါ့ (If Gay Men Like You, You’re Probably Cool)

ကြိုက်နှစ်သက်တယ်ဆိုတာက ခင်ဗျားနဲ့အတူအိပ်ချင်လို့မဟုတ်ရပါဘူး။ သူတို့က ခင်ဗျားပိုက်ဆံအိတ်ကို မငှားရမ်းချင်ကြပါဘူး။ ခင်ဗျားက သူတို့အတွက်ဆွဲဆောင်မှုရှိနေတာမျိုးအဖြစ်ကိုလည်း မလိုအပ်ကြပါဘူး။ ပြီးတော့ အကြောင်းအရာမျိုးစုံကို အမျိုးသမီး တစ်ယောက်ကို အမြဲတစေရင်ဖွင့်ချင်နေကြတာလည်းမဟုတ်ပြန်ပါဘူး။ ရင်းရင်းနီးနီးပြောရရင် ဘာကြောင့်အဲလို လုပ်ချင်ကြတယ်ဆိုတာ ကျွန်တော်တကယ်မသိဘူးဗျ။သူတို့တွေအားလုံးက အပြင်ကိုအတူတူထွက်ကြမယ် တခြားအပဟိကကိုတော့ ခင်ဗျားကိုပြောပါလိမ့်မယ်။ ဘာကြောင့်ဆိုရင် ခင်ဗျားက အသေလန်းနေတာကိုးဗျ။ ဟုတ်တယ် ခင်ဗျားက တကယ် good တယ်ဆိုတဲ့ဖီလင်မျိုး ကျွန်တော်က ခံစားရပါစေလို့ မျှော်လင့်တာပဲ။ အင်းပါ ခင်ဗျားက တကယ့် ဆွဲဆောင်မှုရှိသူပါ။

(၆) ခင်ဗျားတို့တွေက အလယ်အလတ်သဘောထားရှိသူတွေလို့….. (They Never Think You’re Mean)

ကျွန်တော် စားပွဲခုံတစ်ခုမှာ စကားလက်ဆုံ ထိုင်ပြီးပြောဖြစ်ကြတဲ့ အမျိုးသမီးများစွာရှိခဲ့ပါတယ်။ အတူထိုင်ပြီး ဘာတွေပြောဖြစ်ကြလဲဆို တော့ ကျွန်တော်တွေ့ဆုံကြုံတွေ့ဖူးတဲ့လူတွေရဲ့ မကောင်းသောအချက်လေးတွေအကြောင်းပါတာပေါ့နော်။ ကျွန်တော်က လူ တစ်ယောက်ရဲ့ အမူအကျင့် ဘယ်လိုပြုမူတတ် ဘယ်လိုလမ်းခွဲသွားတတ်တယ်ဆိုတဲ့စကားမျိုးတွေပြောပြတဲ့အခါ သူတို့မျက်နှာတွေ မှာ အံအားသင့်တဲ့ အမူအယာတွေဖြစ်ပေါ်ပြီး ဂရုတစိုက်နားထောင်နေတတ်ကြတာမြင်ရပါတယ်။ သိနေတယ်လေ သူတို့သည်လည်း အလားတူ ပစ်ပယ်ခံရတာမျိုး သစ်စိမ်းချိုးချိုးခံရတာမျိုးတွေရှိခဲ့ဖူးတယ်ဆိုတာကို။ ကျွန်တော့် ဂေးသူငယ်ချင်းတွေကတော့ ဒီလိုအကြောင်းအရာမျိုးမှာ အတူတကွ စကားဝိုင်းဖွဲ့ပါဝင်ပြောဆိုနိုင်ကြပါတယ်။ သူတို့ကတော့ ကျွန်တော့်ထက် ပိုပြီးအတွေ့အကြုံများ သူတွေလည်းဖြစ်ကောင်းဖြစ်နေနိုင်တာပဲမဟုတ်လား။ ဂေးသူငယ်ချင်းတွေဆိုတဲ့အတိုင်း အမျိုးသမီးသူငယ်ချင်းတွေလို နှုတ်ဆိတ် နားထောင် ပြီးမှ စကားပြောဆိုဆွေးနွေးတာမျိုးမဟုတ်ဘဲ ပစိ ပစိ ဘယ်ကထွက်လာမှန်းမသိတဲ့ စကားလုံးဝေါဟာရအဆန်းတွေသုံးပြီး ပြောဆိုပြကြတာများ ကျွန်တော့်နှုတ်ခေါင်းက နှာရည်တွေရွှဲ မျက်ဝန်းက မျက်ရည်တွေတောင်လည်တယ် သဘောကျရလွန်းလို့လေ။

(၇) ရူးနှမ်းတဲ့ လူအချို့ကတော့ ဂေးတွေကလည်းဘယ်လိုတော်တတ်တယ်ဆိုတာ သတိမမူမိကြပါ (Stupid People Don’t Know How Great Gays Are)

ကျွန်တော်တို့ဂေးတွေဟာ လှလှပပ၀တ်စား၊ကြွကြွရွရွသွားလာနေတတ်ပြီး ဘာအလုပ်မှသေချာလုပ်နိုင်စွမ်းရှိသူများမဟုတ်ဟု ခပ်နှမ်းနှမ်း လူတစ်ချို့က ပုံသေကားချပ်တွေးထင်ထားတတ်ကြပါတယ်။ ဟုတ်ပါတယ် ကျွန်တော်တို့တွေဟာ ဖက်ရှင်စတိုင်လ်နှင့် ပါက်သက်ပြီး အမြင်စူးရှတတ်ကြပါတယ်၊ ပြီးတော့ မိမိနေထိုင်သွားလာလှုပ်ရှားတဲ့ခြေလှမ်းတွေနဲ့လိုက်ဖက်ညီတဲ့ရှူးဖိနပ်တစ်စုံကို အတွဲညီညီဝတ်ဆင်တတ်ကြပါတယ်၊ ဒါပေမဲ့ တစ်ခါတလေတော့လည်း အဲလိုဖက်ရှင်အမြင်ကျကျမ၀တ်ဆင်ပဲ စိတ်ထဲရှိသလို ၀တ်ဆင်တတ်ကြပြန်တယ် ခင်ဗျ။ ကျွန်တော်တို့တွေသည်လည်း လူတွေထဲကလူတွေပဲ မဟုတ်ဘူးလား။ 

ပြီးတော့ ကျွန်တော့် ဂေးသူငယ်ချင်းတွေက အမိုက်စားတွေဗျ…တခြားသော သူငယ်ချင်းတွေလိုပဲ စိတ်ကူးတွေကို အကောင်အထည် ဖော်ဖို့ အာရုံ စူးစိုက်မှု စူးရှတယ်၊ ကြိုတင်ပြင်ဆင်ထားတဲ့ စီမံချက်တွေရှိတယ်၊ လက်တွေ့လုပ်ဆောင်နေတာတွေရှိတယ်လေ။ ခပ်ရိုးရိုး သာမန်လေးတွေးကြည့် ဦးနှောက်ရှိရှိ စဉ်းစားကြည့်ရုံလေးနဲ့ သိနိုင်မယ့်အချက်က ဒီကနေ့ ဘယ်လိုလူမျိုးကမှ ခပ်ပေါ့ပေါ့ ခပ်တိမ်တိမ် လူစားမျိုးတွေမဟုတ်ကြ တော့ပါဘူးနော်။ သူတို့အတွေးထဲမှာက “အို… ဂေးသူငယ်ချင်းတွေအားလုံးကိုကြည့်နေမြင်နေရတာက ဟာသ ဇာတ်လမ်းတွဲတစ်ခုကို စောင့်ကြည့်နေရသလိုပဲ” လို့။ ဒါဆို သူတို့မသိလိုက်တာက သူတို့အနေနှင့်ဘာကို လွဲချော်နေခဲ့တယ်ဆိုတာ ကိုပေါ့။

(၈) မိုးစက်ဝိုင်ရဲ့ ကားပြိုင်ပွဲများ (Sarah Palin Rallies)
ကျွန်တော့်ဂေးသူငယ်ချင်းတွေအားလုံးက မိုးစက်ဝိုင်ရဲ့ကားပြိုင်ပွဲများ (Sarah Palin Rallies) ကို ကျွန်တော်နှင့်အတူသွားကြည့်ရတာကို သဘောကျနေတယ် ထင်ကြပါတယ်။ သူမက စိတ်ကူးဥာဏ်ကွန့်မြူးမှုသက်သက်တစ်ခုလောက်သာပါ။ ဆောရီးပါဗျ။ ကျွန်တော်ဆိုလို တာက ကျွန်တော် အိမ်ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင် ချိစ်ကိတ်လေးကိုစားပြီး Closet Hoarders (8th Season) သို့မဟုတ် တစ်ခုခုကို စောင့်ကြည့်ရတာမျိုးကို ပိုသဘောကျတယ်ဗျ။

(၉) သဘာဝကျကျ ကြည့်ရှု (Reality Checks)
ကျွန်တော့် Straight သူငယ်ချင်းတွေဟာ နှစ်လိုဖွယ်ကောင်းပါတယ် အားလုံး အားလုံးသောသူငယ်ချင်းတွေအကုန်ပါပဲ။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို ပေးတဲ့အကြံဥာဏ်တွေတော်တော်များများဟာ ဆေးခါးကို အပေါ်က ချောကလက်အုပ်ထားတဲ့အတိုင်းသိပ်ဆေးထိုးတာပါ။ တကယ်ပြောတာ။ အို….သူ မင်းကို အဆက်အသွယ်မလုပ်ဘူး? သူကြောက်လန့်သွားတာ သေချာသလောက်ရှိတယ်။ အို သူ မင်းကို အဆက်အသွယ်မလုပ်တာ မခေါ်တာ သုံးပါတ်လောက်ရှိပြီလား? မင်း လွတ်လွတ်လပ်လပ်ဖြစ်တာပေါ့ကွာ ပြီးတော့ မင်းကိုတကယ် လန့်ဖြန့် သွားတာသေချာတယ်ကွ။ ဘယ်လိုလဲသူတို့အားပေးစကားက။

တစ်ခါက…ကျွန်တော့်ရဲ့တစ်ယောက်သော ဂေးသူငယ်ချင်းတစ်ယောက်က ကျွန်တော့်မျက်ဝန်းများ ကို သေချာ စိုက်ကြည့်ပြီး “မင်း အပြင်ကိုထွက်ပြီး တခြားအပျော်လေးတွေနဲ့ကဲသင့်တယ်….ဟိုတစ်ယောက်က ခပ်ချာချာ ငနဲမတွေနဲ့ အချိန်ဖြုန်းနေ သလိုမျိုး ပေါ့ကွာ…..အဲ့လိုဆိုရင် သူက မင်းကိုဆက်သွယ်လာမှာကို စိုးရိမ်တဲ့စိတ်တွေဖြစ်တည်လာမှာ” …ဘာပြော ရမလဲ…အိုး…။

(၁၀) အယောင်ဆောင် ရည်းစား (Fake boyfriend)

ကျွန်တော့်မှာ ဂေးသူငယ်ချင်းတွေတော်တော်များများကိုရှိတာပါ။ သူတို့နဲ့နေထိုင်ပျော်ရွှင်တယ်…..အိပ်ယာပေါ်မှာ အတူအိပ်တယ်….. သူတို့နဲ့မူးယစ်အောင်သောက်စားနိုင်ကြတယ်…..အမျိုးသမီးတစ်ယောက်မှာ ရှိနိုင်မယ့် သူငယ်ချင်းကောင်းတွေဖြစ်နိုင်ကြပါရဲ့။ ဒီနေရာမှာ ကျွန်တော့်စိတ်ထဲ မှတ်မှတ်သားသားဖြစ်နေတဲ့ ဂေးသူငယ်ချင်းကောင်းတစ်ယောက်ပြောတဲ့စကားက “မိန်းကလေးတိုင်းရဲ့ ဘ၀ ကို ပိုမိုသက်သောင့်သက်သာ ဖြတ်သန်းလို့ရမယ့်နည်းတစ်ခုရှိတယ်ကွ အခုအိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပမယ့် တစ်ယောက်တည်းနေ ကလပ်သွားလည်းတစ်ယောက်တည်း ဘုရားသွားလည်းတစ်ယောက်တည်း ဘယ်နေရာသွားသွားတစ်ယောက် တည်းဖြစ်နေလို့ စိုးရိမ်နေတဲ့ အမေ့ကို စိုးရိမ်မှုကင်းစေမယ့်နည်းလေးလည်းဖြစ်တယ်လေ။ 
ရုပ်ရည် အရည်အချင်း အလုပ်အကိုင် အားလုံး Perfect လည်းဖြစ်…ခင်ဗျားတို့ သားမွှေးဘရာစီယာဝတ်လား အောက်ခံဘောင်းဘီကောပါလားဆိုတာ စိတ်မ၀င်စားတတ်တဲ့ ကျုပ်တို့လို အမျိုးသားတစ်ယောက်နဲ့ ဒိတ်လိုက်ပေါ့လို့နော်။ ကလပ်သွားလည်း အနှောင့်အယှက်တွေဘေးက ကင်းမယ်၊ ဘုရားသွား လည်း ဘေးကနေ ဘုရားပန်းကိုကူကိုင်ပေးမယ်….နောက်ဆုံး သူ့အမေကို ဒါ သမီးရည်းစားပါလို့ သေချာပေါက်မိတ်ဆက်ပေးလို့ရ မှာပါကွ။ ဒါသေချာပေါက် လုပ်ရမယ့်အချက်တွေပဲလေ….” ဟုတ်တယ်…..တစ်ယောက်တည်းနေသားကျတဲ့သူတွေအတွက် အသုံးဝင် မှာပါ။

သူငယ်ချင်းတစ်ယောက်အဖြစ် လူတစ်ယောက်အတွက် အကောင်းမွန်ဆုံးရပ်တည်နိုင်တယ်ဆိုတာကလဲ အရည်အချင်းတစ်ခုပဲဖြစ်ပါ တယ်။ လူဆိုတာ နေရာဒေသအသစ်အဟောင်းဘယ်နေရာပဲရောက်ရောက်အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက် ကတော့ရှိလာတတ်ကြစမြဲ။ ဒါပေမဲ့ အဆိုပါသူငယ်ချင်းဟာ နေရာဒေသတစ်ခုပြောင်းတာနဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ဆက်လက် ဖြစ်တည်နိုင်သူလား စဉ်းစားကြရမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ သူငယ်ချင်းကောင်း တစ်ယောက်အဖြစ် မတ်မတ်ရပ်ကြည့်ကြတာပေါ့။                                                                                                                                                                                      
Alex Aung (7 December 2013)

Sunday, December 1, 2013

ဒီဇင်ဘာရဲ့ အလွမ်းတေးသံ


'ဒေါင် ဒေါင်' ဆိုတဲ့ ဒီဇင်ဘာရဲ့ ခေါင်းလောင်းသံချိုတွေ ပြန် လည်မြည်ဟည်းလာပြန်ပါပေါ့။

နှင်းစက်လေးတွေ ခေါင်မိုးကို တစ်ဖျောက်ဖျောက်ထိခတ်နေသံ ကို ခပ်သဲ့သဲ့ကြားနေရသည်ပဲ။

ရာသီဥတုရဲ့အေးမြမှုတွေကြားမှာ ကျွန်တော်တစ်ကိုယ်ရည် အေးစက်စွာ နွေးထွေးမှုကင်းမဲ့နေတာ ကျွန်တော့်စိတ်ရဲ့ ရူးသွပ်မှုတစ်ခု သက်သက်ပဲလား၊ 'အတွေးလွန်မှုလေးသာ'ဆိုတာများလား။

'လူဆိုတာ အချစ်နဲ့မကင်းဘူး တစ်ယောက်ယောက်နဲ့မင်း ချစ်တမ်းကစားလိုက်ရင် အေးစက်နေတဲ့ မင်းစိတ် ကိုယ်ခန္ဓာ အလိုလို နွေးထွေးသက်ဝင်လာမည်'တဲ့ ခင်သောသူငယ်ချင်းလေးကပြောပြပါရဲ့။

‘မင်းမသိလို့ပါ......ကိုယ်ဟာ ရင်ခုန်သံများစွာအောက်မှာ တစ်ကိုယ်ရည် အထီးကျန်နေတယ်....’

x           x           x

'ရာသီဥတုကအေးလိုက်တာနော်ချစ်၊ မင်းဒီလိုဆောင်းရာသီကို ကြိုက်လား၊ကိုယ်တော့ နွေဦးရာသီကို ပိုရင်ခုန်တယ်'

'ဟုတ်ကဲ့..ချစ်လည်း အတူတူပဲ'

‘ဟင့်အင်ဗျာ.....ကျွန်တော်ဒီလိုဆောင်းဦးရာသီရဲ့အေးမြလတ်ဆတ်မှုကိုပိုသဘောကျတယ်' လို့ သူ့ကိုနှုတ်ကဖွင့် မပြောဖြစ် ပေမယ့် ကျွန်တော်ဟာ အမှန်တကယ် ဒီလိုဒီဇင်ဘာလရဲ့ ဆောင်းနှင်းပွင့်တွေကို သဘောကျပါတယ်။ ရာသီဥတုကအေးတယ် တစ်ယောက် တည်းနေတတ်သူတွေအတွက် သိပ်အဆင်မပြေဘူးလို့ ဆိုကြပေမယ့် ကျွန်တော့်အတွက်ကတော့ ရင်ခုန်သံလေးတွေအစီအရီဆိုတော့ နွေးထွေးရာရင်ခွင်က အသင့်။ 
ဒါကြောင့် ဆောင်းရာသီကိုကြိုက်တာဖြစ်မယ်ထင်ပါ့။

သက်ပြင်းတစ်ချက်ကို လေးလေးကန်ကန်ချရင်း ကျွန်တော့်ကို ကျွန်တော် ရယ်ချင်သလိုလို အလန့်တကြားလိုလိုပင် ဖြစ်သွားမိသည်။ နောက်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ဘာကြောင့် ဒီလောက်ထိန့်လန့်တုန်လှုပ်သွားရမှန်းကိုလည်း ကျွန်တော် ဘယ်လိုမှ ပြန်တွေး ကြည့်လို့မရနိုင်အောင် ဖြစ်နေမိ၏။

'ဘာကိုလည်း ဘာကိုထိတ်လန့်သွားသလဲ?'ဆိုရင် ကျွန်တော့် လက်ဖ၀ါးကို သူ့ရဲ့နွေးထွေးတဲ့လက်နဲ့ အုပ်မိုး ကိုင်တွယ် ရင်း 'Honey' လို့ခေါ်လိုက်သံကြောင့်ပေါ့။ သူ့ရင်ထဲကလာတဲ့ ဒီအသံဟာ ကျွန်တော့်အတွက် ရင်ခုန်သံပြင်းထန်သွားစေသလို ထိန့်လန့်သွားစေခဲ့တာ လေအေးအေးလေးတွေတိုက်နေတဲ့ အင်းယားကန်ဘောင်က ဘူးသီးကြော်ဆိုင်လေးမှာပါ။

ဒီဇင်ဘာရဲ့ ခေါင်းလောင်းသံချိုလေးတွေကို သူ့တိုက်ခန်းလေးကနေကြားနေရပါတယ်။ ဒီလိုညချမ်းမှာ အိမ်တိုင်းလိုလို ဒါမှ မဟုတ် ရင်နှီးခင်မင်ရာမိတ်ဆွေတွေရဲ့ အိမ်တွေမှာ 'ကောင်းချီး မင်္ဂလာရောက်စေသော်' ဆိုတဲ့ သံစဉ်လေးတွေ ပျော်ရွှင်ဖွယ် ကြားရတယ်။ သူလည်းအိမ်ကိုလာမည့် သူ့မိတ်ဆွေတွေ အတွက် စားစရာတွေပြင်ဆင်နေသလို ကျွန်တော်လည်း ကျွန်တော့်အကြိုက်သံပုရာရည်လေး တွေဖျော်ရင်း ပြီးတော့ မကြိုက်သူတွေအတွက် ကော်ဖီရဖို့ ကော်ဖီကျိုတဲ့စက်လေး နဲ့ပြင်ဆင်ပေးရင် ကူညီပျော်ရွှင်ရပါတယ်။

အား......နှင်းစက်လေးတွေက အေးမြလိုက်တာ....။

ပျော်ရွှင်မြူးကြွနေတဲ့ သူ့ကိုကြည့်ရတာ ကျွန်တော်ပါရောယောင် ပျော်ရွှင်မိရပါတယ်။ ကိုယ်နဲ့တော့ဘာမှ မဆိုင်တဲ့ ရာသီ ဖြစ်ပေ မဲ့ ဂီတဆိုတဲ့ သံစဉ်တွေနောက်ကျွန်တော်နစ်မြောမိရပါ့။ သူငယ်ချင်းတွေ သူ့သူငယ်ချင်းတွေက ကျွန်တော့်လက်ရာ သံပရာရည်ချိုချဉ် လေးရယ် ကော်ဖီလတ်လတ်ဆတ်ဆတ်တွေကို နှစ်သက်ချီးကျူးတော့ သူကဂုဏ်ယူစွာဖြင့် 'ဒါငါ့ချစ်သူဖျော် ထားတာ'တဲ့။ တော်ပါသေးရဲ့ သဘောထားပွင့်လင်းပြီး အမြင်ကျယ်တဲ့လုပ်ငန်းသဘာဝမှာကျင်လည် နေကြသူများမို့ ကျွန်တော်တို့အဖြစ်ကို မထူးဆန်းသယောင်လက်ခံပျော်ရွှင်ပေးကြပါတယ်။

မြို့ထဲသွားလာရာ ဈေးဝယ်ရာ ပိုင်အိုနီးယားကလပ်တွေသွားတာ စသဖြင့်သူကျင်လည်လှုပ်ရှားရာတိုင်းမှာ ကျွန်တော် မပါမဖြစ်ပါ။ ခပ်ချောချော နိုင်ငံခြားသားတစ်ယောက်ရဲ့ဘေးမှာ မြန်မာချွတ်တားလေးက ကပ်ပါနေတာဆိုတော့ လူတွေက တစ်မျိုးတစ်မည် စူးစမ်း မျက်ဝန်းတွေနဲ့ ကြည့်နေသလားပဲ။ ကျေတော့ ကျေနပ်မိပါတယ်...ကျွန်တော် ဟာသူ့အတွက် အပျော်အဖော်အဆင့်ထက်ပိုပြီး နေရာ ပေးခံရတယ်၊ အချစ်ခံရတယ်လို့ပေါ့။

ကျွန်တော်သူ့ကိုရင်ခုန်မိသလား....နှစ်သက်မိတာတော့အမှန်ပါ။ ပညာအရမ်းတော်တယ် ဒါဟာဦးစားပေးအချက်ဖြစ်မိ တယ်ထင်ရဲ့၊ သူတစ်ပါးနိုင်ငံမှာ လာအလုပ်လုပ်တယ် လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ် ဒါဟာ ဒုတိယ အချက်၊ ဦးစားပေးတယ် တကယ့်ကို ချစ်ခင်လှိုက်လှဲစွာဖြင့် သူ့ မေတ္တာတွေကို ရယူစေတယ် ဒါဟာ တတိယ အချက်၊ နောက်ဆုံးသူဟာ နှစ်လိုဖွယ်အပြုံးနဲ့ ရုပ်ရည်ချောမော သူဖြစ်နေ တယ် အဲဒါဟာလည်း...။ 

အို.....ငါဦးနှောက်နဲ့ဆုံးဖြတ်နေမိတာများလား။

ဒီလိုနဲ့ပဲ ရာသီစက်ဝန်းလည်ပတ်နေသလို လောကသဘာဝ အလုပ်သဘာဝတွေအတိုင်း သူ့အလုပ်ဟာ စာချုပ်သက်တမ်း စေ့လာသလို ကျွန်တော်သိနေတာက ကျွန်တော်တို့ ချစ်စာချုပ်သက်တမ်းလည်း သက်တမ်းစေ့ဖို့နီးစပ်လာပြီပေါ့။ အဲဒီအ ကြောင်းလေးကို သိဖူးမြင်ဖူး နှင်းစက်တွေနှင့်ပြန်လည်ထိတွေ့ ရတဲ့ နှစ်တစ်နှစ်ရဲ့အဆုံးမှာ ကျွန်တော်တိတိကျကျ သိခဲ့ရတာ ကြောင့် ရင်ထဲ အသည်းထဲ ပူလောင် တဲ့ချောကလက်ရည်တွေ လောင်းထည့်လိုက်သလို ခံစားရတာများ အခုပဲ နွေရာသီ ရောက်နေတဲ့အတိုင်းပါပဲဗျာ။

'ကိုယ်မင်းကို ပြန်လာခေါ်မယ် မင်းစောင့်နေရမယ်နော်'

'မင်းကို ကိုယ်တကယ်ချစ်ပါတယ် အမြဲတမ်းအတွက်'

လေထဲမှာလွင့်မျောနေတဲ့တိမ်တိုက်တစ်ခု ကျွန်တော်ဖြစ်ခဲ့ပါတယ်။ မျောချင်ရာမျော ဖမ်းဆုပ်ထားမယ့်သူမရှိ လေအလာ အတိုင်းမျော ရသူပေါ့။လေဆိပ်ကပြန်လာတဲ့လမ်းတစ်လျှောက် ကျွန်တော်...ကျွန်တော် တစ်ယောက်တည်းဆိုတာ တွေးမိတာသာမဟုတ် လက်တွေ့ ခံစားရပြီပေါ့လေ။

'ဒီဇင်ဘာရယ် အလွမ်းမိုးစက်တွေ ငါ့ရင်ထဲသည်းစေတယ်'တဲ့ သီချင်းသံလေးက ဆောင်းဘောက်စ်က တစ်ဆင့်နားထဲဝင် ရောက်လာ ရပေါ့။ လူတကာအားကျတဲ့ ကျွန်တော့်ချစ်ဇာတ်လမ်း ဆောင်းနှင်းစက်တွေနဲ့ အတူခေါင်မိုးပေါ် တဖျောက် ဖျောက်....။

'အဆင်ပြေချောမွေ့စွာနဲ့ လိုရာခရီးကိုရောက်ရှိပါစေ ချစ်သူရေ'

စောင့်နေဖို့ဆိုတာထက် သူတကယ်ရောပြန်လာမှာလား... .ပြန်လာမှာလားဗျာ။

ပြူတင်းပေါက်က လှမ်းအကြည့် ခြံဝင်းထဲမှာ သူ့အကြိုက် တရုတ်စကားဖြူပန်းပွင့်တွေ မွှေးကြူနေပြီ...။

x           x           x

တိတ်ဆိတ်နေသောအခန်းအတွင်း ကျွန်တော်၏ အသက်ရှူ သံမှလွဲ၍ ဘာသံကိုမှမကြားရ။ပွင့်နေသော ကုတင်ဘေးမှ ပြူတင်းပေါက်က လေတဟူးဟူးဝင်နေသည်။ ကျွန်တော်က နံရံပေါ်မှ မီးခလုတ်များကို လက်ဖြင့်စမ်းရင်း ဖွင့်လိုက်၏။ ထိုစဉ် ကျွန်တော်၏ ဘယ်ဘက် အင်္ကျီအိပ်ကပ်အောက်မှာ နှလုံးခုန်သံက တဒုတ်ဒုတ်ဖြင့် လှုပ်ခါသွားသည်ကို သတိ ပြုမိလိုက်သည်။

ရေချိုးခန်းနံရံပေါ်က မှန်ချပ်ရှိရာဆီ ခပ်သွက်သွက် သွားပြီး ကြည့်လိုက်တော့ ကျွန်တော့်မျက်နှာဟာ ပန်းသွေးရောင် ထနေပြီး မျက်ဝန်း များဟာ မအေးစက်တော့တာကို အံ့အားသင့်ဖွယ်မြင်လိုက်ရသည်။
 
'မင်းမမှတ်သေးဘူးလား.....နောက်တစ်ခါမင်းကျန်ခဲ့မှာကို မစဉ်းစားမိဘူးလား ကောင်လေး'လို့ မှန်တဲ့ကပုံရိပ်ကို တိုးတိုး သက်သာ ကျွန်တော်ပြောမိရသည်။

တစ်ယောက်တည်းတိတ်ဆိတ်နေတတ်သည့် ကျွန်တော့် အတွက် သူငယ်ချင်းတစ်ယောက်က 'ခင်မင်ဖို့ကောင်းသည့် အစ်ကိုကြီး တစ်ယောက်ရှိတယ် သူနဲ့စကားပြောကြည့်'ဆိုကာ ဂျီမေးလ်အကောင့်တစ်ခုကိုပေးပြီးနောက်ပိုင်းမှာ ကျွန် တော့်ငြိမ်သက်နှလုံးသားဟာ တဆတ်ဆတ်ပြန်လည်ခုန်လာတာ သိပ် တော့မထူးဆန်းဘူးလို့ပြောရင်ရမလားဘဲ။

ရေပန်းအောက်ကိုအသာဝင် ရေတွေတဖွားဖွားကျလာအောင် ဖွင့်လိုက်မိရင်း ရုတ်တရက်ပိတ်လိုက်မိသည်။

'ညီရေကို မလိုအပ်ရင်ပိတ်ထား၊ လိုအပ်သလောက်သာသုံး' ဆို တဲ့ သူ့စကားကိုကြားယောင်မိလိုက်လို့ပဲ ဖြစ်ပါသည်။ 
သူဟာ ပြင်သစ် ရေနံကုမ္ပဏီတစ်ခုရဲ့ ကမ်းရိုးတန်းလုပ်ငန်းခွင်မှာ ပညာရှင်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။ ရုပ်ရည်ကမြန်မာမဆန်ဘဲ အနောက်တိုင်းရုပ်ပေါက်နေသည်။ စတင်တွေ့ဆုံမိတဲ့နေ့တန်းကဆို လူကြားထဲ ထင်းနေသည့်သူ့ ရုပ်ရည်နဲ့ အရပ်အမြင့်ကြောင့် ဟုတ်ပါ့ ဟုတ်ပါ့မလား လို့ သံသယ၀င်မိသေးသည်။

'ဒါ သူပြောပိုင်ခွင့်ရှိလို့သာပြောနေတာလေ တကယ်ယုတ္တိ မရှိဘူး'

'ဒါအမှန်ဘဲ ဗုဒ္ဓမြတ်စွာက ကာလာမသုတ်ထဲမှာ ဟောကြားခဲ့တဲ့အကြောင်းအရာတွေကို ညီသိတယ်မလား'

ကျွန်တော့်ပတ်ဝန်းကျင်မှာကြုံဆုံရတဲ့အကြောင်းအရာများကို ပြန်လည်ပြောဆိုတိုင်ပင်ဖြစ်တဲ့အခါ ရှင်းလင်းသွား အောင် အဓိပ္ပာယ ကျယ်ကျယ်ဝန်းဝန်းနဲ့ရှင်းပြနိုင်သူဖြစ်ပါတယ်။ ဘာ သာရေးနဲ့ပတ်သက်လို့ အဘိဓမ္မာစာမေးပွဲ ကိုလည်း ဖြေဆို အောင်မြင်ထားသူ ဆိုတော့ အမြင်မကြည်တာတွေကို လင်းသွားအောင်ထွန်းညှိပေးနိုင်သူပါ။

တစ်စစနဲ့ ကျွန်တော်သူ့ကိုတွယ်ညှိလာတာများ မယုံနိုင်စရာပါ။ သူနဲ့ခွဲရမှာကြောက်လို့ သူ့ရင်ခွင်ထဲ သည်းသည်းလှုပ်ငိုရှိုက်မိရတာ သုံးကြိမ်လောက်ရှိမလားဘဲ။ အစ်ကိုလို အဖေလို ပြီးတော့ချစ်သူတစ်ယောက်လို အရာရာ ပြည့်စုံ အောင် မေတ္တာ ဖြည့်ပေးနိုင်တဲ့ 'အစ်ကို' ပါ။

လောကဆိုတာဘာတွေများလည်း အထူးသဖြင့် ကျွန်တော်တို့လိုလူမျိုးတွေမှာ အချစ်ဆိုတာ တကယ်အသုံးဝင် ရဲ့လား။ 'ရင်ထဲစူး စူးနစ်နစ် ခံစားမိတာပဲဖြစ်ဖြစ် မခံစားရတာဘဲဖြစ်ဖြစ် ယုံကြည်နိုင်တယ်လို့ မယူဆကြဘူးလား' ဆိုတာတွေးမိရပါပြီ။ လက်ထပ် လို့လည်းမရ၊ ကိုယ့်ကိုသာချစ်ပါလို့ ပြောဆိုပိုင်ခွင့် လည်း မရှိ...အို.....ဘာမှပိုင်ဆိုင်ခွင့် မရှိ အရိပ်နဲ့အငွေ့ကိုသာ ဖမ်းဆုပ်တွယ်ငြိ နေမိသူ သက်သက်ပါဆိုတာ ကျွန်တော် ဟော ဒီလိုဆောင်းတွင်းညချမ်းတစ်ခုမှာ သိလိုက်ရ ပြန်ပါသည်။

'နောက်တစ်ပတ်ထဲမှာ ကိုယ့်ညီ မလေးရှားကပြန်လာမယ်၊ ကိုယ်နဲ့အတူနေမယ်ကွ၊ သူအပြင်သွားတဲ့ရက်တွေမှာ တွေ့ရအောင်နော်'

'သူကသာ ငါ့ရည်းစား ငါ့ချစ်သူပဲ ၊ မင်းကိုပြောပြပြီးခဲ့ပြီလေ ကိုယ်တို့ဇာတ်လမ်း ကိုယ်တို့အကြောင်း'

'ဘယ်သူကမေးမေးသူသာ ငါ့ချစ်သူပဲလေ'

'ဒီ့ထက်ပိုပြီး ငါ့အချစ်ကိုမပေးနိုင်ဘူး၊ မင်းလည်းမနစ်နာအောင် ငါလည်း တစ်ကိုယ်ကောင်းဆန်ရာမကျအောင် လမ်းခွဲကြစို့ညီ'

မီးကိုအမှောင်ချ အေးစက်နေတဲ့အခန်းတွင်းမှာ ကျွန်တော်လှဲ အိပ်နေမိသည်။ ကျွန်တော့်စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်မှု များစွာဖြင့် ချာချာ လည်နေရသည့်အဖြစ်က ဘယ်သူမပြုမိမိမှုသာလို့ ပြော ရင်ရသလို အချစ်ကိုငံ့လင့်မိသည့် မိမိ နှလုံးသားကိုလည်း သော့ခတ်မထား ဖြစ်သည့်အကြောင်းများကြောင့်လို့ ဆိုရမလို ပင်ဖြစ်ပါသည်။

သတိရခြင်းများစွာ ပြီးတော့ တမ်းတမိတဲ့ အနမ်းများစွာကြောင့် မတွေ့ရသည့်ရက်တွေများမှာကျွန်တော် တစ်ယောက် တည်း ဖြစ်နေမိ သည်။ အလုပ်များမှာစိတ်မပါလက်မပါဖြစ် နေမိတော့ သည်။ ဖုန်းဆက်ကြည့်မယ်ဆိုပြီး ဖုန်းခွက်ကို ကောက်ကိုင် နံပါတ်တွေကို တစ်ခု ချင်းနှိပ်ကာခေါ်မိရစဉ်မှာတော့
'ကိုကြီးမရှိပါဘူးခင်ဗျာ သင်တန်းသွားပါတယ်၊ ဘယ်သူလို့ပြောလိုက်ရမလဲဗျ'

'ကိုကြီး'တဲ့လား.....ကျွန်တော်ကတော့ အစ်ကိုလို့ပဲခေါ်မိခဲ့ သည်။ သူ့ကောင်လေးရဲ့ခေါ်သံတွေမှာ နွေးထွေးရင်ခုန်မှု သံစဉ် တွေပါနေသည်။ အို....စုံစမ်းမိသည် ခိုးကြည့်မိသည် သူတို့လှုပ်ရှားသွားလာမှုတွေကိုပေါ့။ အရမ်းကို Romantic ဖြစ်ကြသည် ကြည်နူးကြသည် ပျော်ရွှင်ကြသည်။

ကျွန်တော်...ကျွန်တော်ဟာ အစ်ကို့အတွက်ဘာများလဲ ဘာဖြစ် ခဲ့သလဲဟင်...။

ပျော်ရွှင်ပါစေ အစ်ကို......။

အချစ်ဆိုတာ နှင်းဆီဖြူတစ်ပွင့် လား......ဆုပ်ကိုင်ဖို့ဆိုတော့ လည်း ဆူးတွေနှင့်အပြည့် ကျွန်တော့်လက်ဖြူဖြူမှာ ဆွေးဆွေးနီ သွေးတွေရဲရပြီပေါ့။

x              x              x

'မင်းနဲ့ကိုယ်ကစကားပြောရတာ တော်တော်အဆင်ပြေတယ် ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် ဆွေးနွေးလို့ ရတယ်၊ မင်းက အတော်စကားပြောကောင်းသူပဲ'

'မင်းက စာလည်းဖတ်တယ် ဘလော့ခ်တွေလည်းရေးတယ် ဆိုတော့ ဒီစာအုပ်လေးဖတ်ဖို့ယူသွားလေ'

တော်တော်ခင်မင်ဖို့ကောင်းသည့် သူငယ်ချင်းပါပဲ။ ဒါပေမဲ့သူ နဲ့ကျွန်တော်ဟာ သူငယ်ချင်းဆိုသည့် စည်းထက်တော့ ကျော် နေသည်မှာအမှန်ပဲဖြစ်ပါသည်။ 

အွန်လိုင်းသူငယ်ချင်းများစွာထဲမှ တွေ့ဆုံဖြစ်သည့် သူငယ်ချင်းလေးဖြစ်သည်။ နယ်ကတက်လာသည့် သူချင်းအတူတူ သူ့ကို ကျွန်တော်သဘောအတော်ကျမိရတာ သူ့စိတ်နေသဘောထား၊ အလုပ်အပေါ်အာရုံ ထားမှုနှင့် ပညာတော်သူ ဖြစ်နေခြင်း ကြောင့်ဖြစ်မည်။ဘာပဲဖြစ်ဖြစ် သူသည်နှစ်လိုဖွယ်ကောင်းသူ တစ်ဦး။ 

အို....လူများစွာနှင့် အံဝင်ခွင်ကျစကားပြောတတ်နေတတ်ထိုင်တတ်အောင် သူကပြသပေးခဲ့သည်။ သင်ကြားပေးသည်မဟုတ် သူလုပ်ဆောင်နေထိုင်ပြခြင်းတွေမှ ကျွန်တော် ရယူ မိခြင်းဖြစ်ပါသည်။ 

သူ့အလုပ်မှ သူငယ်ချင်းတွေကို သူအတော်အလေးပေးသလို အတော်ပင်ခင်တွယ်သူတစ်ဦးဖြစ်သည်။ အလုပ်ကနား ချိန်မှာ တရုတ်တန်း ကိုသွား စားကြသောက်ကြ၊ ကန်တော်ကြီးမျှော်စင် ကျွန်းကိုသွား လွတ်လွတ်လပ်လပ်။ ကျွန်တော် တို့ နှစ်ယောက် ဟာ ဘာဆိုတာ သူ့ သူငယ်ချင်းတွေက သိနေသလို အထင် သေးဟန်လည်းမပေါ်။ ဟုတ်တယ်လေ ကျွန်တော်တို့ဟာ ချစ်သူတွေပဲ။

'ငါ့ အမေရယ်၊ ညီတွေရယ် လာနေတော့မယ် ဒီအခန်းမှာ၊ ဒါကြောင့်ငါတို့အတူလွတ်လွတ်လပ်လပ် နေလို့မဖြစ် တော့ဘူး'

'ငါ့ဘ၀မှာအမေကအရေးအကြီးဆုံးပဲ၊ အမေ့ကိုလုပ်ကျွေးခွင့် ရတာကိုလည်း ဂုဏ်ယူတယ်'

ရယ်ရယ်မောမောနှင့် အမြဲတစေဖော်ရွေသူ၊ဘယ်သူ့ကိုမေး မေးသူဟာ တော်တော်ခင်မင်ဖို့ကောင်းသူ တစ်ဦးပဲ ဖြစ်ပါသည်။ အော်...... ကျွန်တော်ကြောက်လန့်မိခဲ့သည့်တွယ်ငြိရမှုသည် နောက်တစ်ခါပျက်ပြယ် ရပြန်တော့မည်ဖြစ်သည်။

ဟင့်အင်....ငါချစ်တာမဟုတ်ဘူးလို့ငြင်းဆန်ရမည်ဆိုတော့လည်း မဟုတ်ပြန်သေးပါ။ သူ့အရည်အချင်းကို အားကျသည်လား မဟုတ် သေးပါ။ ဘာကိုစွဲလမ်းမိသည် လည်း...အထိ အတွေ့လား မဟုတ်သေးပြန်ပါဘူး။

အချစ်ဆိုတာဘာလဲလို့ ဒီအချိန်မေးလာလျှင် အပေးအယူမျှတမှု လည်းမဟုတ်၊ ရယူမှုပိုင်ဆိုင်မှုလည်းမဟုတ် 'ပေးဆပ်မှု' သက် သက် သာဖြစ်နေရသည်ပဲလေ။ ဘာလဲ....ဘာလဲ.....ဘာလဲ ကျွန်တော့်အတွက် အချစ်ဆိုတာ.။

'အချစ်ဆိုတာ ငါ့ဘ၀မှာသေဆုံးသွားပြီ၊ မင်းကိုမှမဟုတ်ဘူး ငါ ဘယ်သူ့ကိုမှမချစ်တော့ဘူး၊ ဟုတ်တယ် အဲဒါအမှန် တရားပဲ'

'ငါတို့က လက်ထပ်လို့ရသလား၊ ငါဟာ မင်းအတွက် မိန်းမ မဖြစ်နိုင်သလို လင်ယောက်ျားအဖြစ်လည်း ဖြစ်မလာနိုင်ဘူး'

'တစ်ယောက်ယောက်ကို ပိုင်ဆိုင်ချင်နေတယ်ဆိုရင်မင်းအရူးပဲ၊ ငါတို့က သဘာဝကိုဆန့်ကျင်နေတဲ့အချစ်ဆိုတာ မင်း သတိထားဦးလေ'

ရွှေတိဂုံဘုရားကိုရောက်တိုင်း ရွှေသင်္ကန်းအတူကပ်ခဲ့တာ ကို သတိရမိသည်။ ပြည်သူ့ရင်ပြင်ကို တစ်ပတ် ပတ်လမ်း လျှောက် ခဲ့ကြ သည်ကို တမ်းတသည်။ အထူးသဖြင့် သူ့ရဲ့ဖက်တွယ်တတ်သောလက်တစ်စုံနဲ့ ကိုယ်သင်းနံ့ကိုတွယ် တာမိသည်။

သဘာဝမဟုတ်ဘူးတဲ့လား...ကျွန်တော်သည် သဘာဝမကျ တဲ့ဘ၀တစ်ခုကိုဖက်တွယ်ထားသည်ဟု ဘယ်တုန်းကမှ မယူဆမိသလို ဘယ်တုန်းကမှလည်း အားငယ်စိတ်ဝင်ခဲ့သူ မဟုတ် ပြန်ပါ။ သဘာဝထဲက သဘာဝလူသားတစ်ဦး အဖြစ်သာ ခံစား ချစ်ခင်နေထိုင်ခဲ့ သည်ပဲ။ ဒါပေမဲ့ လူ့လောကသည် တစ်ဦးတည်း နေထိုင်သည်မဟုတ်သလို စိတ်သ ဘောထားသည်လည်း တိုက်ဆိုင်သည်ဆိုတာ ထပ်တူမဖြစ်နိုင်ခဲ့ပြန်ပါ။

တို့တွေ သူငယ်ချင်းအဖြစ် ဆက်လက်ခင်မင်ကြတာဟာ အကောင်းဆုံးပါ။ အမုန်းနဲ့လမ်းခွဲခြင်းမျိုး မလိုလားဘူး။ ပြီးတော့ မင်းနဲ့ ခွဲသွားဖို့ဆိုတာ မဖြစ်ပါဘူး ကိုယ့်အတွက်။ ဒီတော့ 'သူငယ်ချင်း'ဆိုတာလေးအဖြစ် ပတ်သက်ခွင့်ရ တာကိုပဲ ကျေနပ်ရမည် .....ကျေနပ်ပါသည်။

အဆောင်ရဲ့ခေါင်းရင်းဘက် စံပယ်ခြုံက စံပယ်လေးတွေအရမ်းမွှေးသည်ပဲ.......
ရွှေတိဂုံဘုရားက အင်္ဂါနံထောင့်မှာ ကိုယ်စံပယ် ပန်းလှူ နေတယ်ကွာ သိလား....။

x              x              x

'မင်းနဲ့ဆုံဆည်းရတာ အစ်ကို့ဘ၀မှာ ကံကောင်းခြင်းပဲ၊ ဘယ်သူနဲ့မှမင်းမတူဘူးနော် '

'မင်းကိုပဲစွဲလမ်းသွားပြီကွာ'

'အစ်ကိုအကြံပေးလိုက်တဲ့အတိုင်း ကျွန်တော့်ညီကိုဆုံးမလိုက်တယ်၊ အစ်ကိုကျွန်တော့်ဆရာကြီးပါပဲ၊ လေးစားချစ်ခင်သွား မိပြီဗျ'

'ညီနဲ့ခင်မင်ချင်လို့ပါ၊ ကိုယ်မြန်မာပြည်ပြန်လာရင် ကြိုမှာလားကွ'

'ဘော်ဒါတွေပဲ ကြိုရမှာပေါ့ဗျာ'

'ဘော်ဒါထက်ပိုလို့မရဘူးလား နည်းနည်းဖြစ်ဖြစ်ပေါ့'

'အစ်ကိုကတော်တော်ချစ်ဖို့ကောင်းတယ်နော် အစ်ကိုသာ ကျွန်တော့်ချစ်သူအဖြစ်ရှိရင် ကျွန်တော့်အတွက် ကံအကောင်း ဆုံးဆိုတာ ဖြစ်လာမှာပဲ'

'သူက တခြားသူရဲ့ပိုင်ဆိုင်သူဖြစ်နေပြီလေ မင်းမချစ်သင့်ဘူး မကြိုက်သင့်တော့ဘူးကွ'

'ကိုယ်တို့တွေ့ဆုံကြတာ နောက်ကျသွားတယ်နော်'

'ဟုတ်တယ်'

'ညီမှာချစ်သူရှိလား၊ ချစ်သူမရှိဘူးဆိုရင် အစ်ကို့အချစ်ကိုလက်ခံ ပါလားကွာ ညီ့စာတွေဖတ် ညီ့အသံတွေမကြားရရင် မနေနိုင် တော့ဘူး၊ အပြင်မှာတကယ်ချစ်ချင် မိပြီကွ..ကိုယ်မြန်မာပြည် ပြန်လာတော့မယ်....'

'ဒီဇင်ဘာမှာ အစ်ကိုပြန်လာမယ်'

'ဒီဇင်ဘာမှာ ညီပြန်လာမယ်'

'ဒီဇင်ဘာမှာ .......'

'မင်းမှာ ရင်ခုန်သံတွေတော်တော်ပေါတာပဲနော်၊ပြီးတော့ ပျော် စရာကြီး ငါ့မှာချစ်သူတစ်ယောက်မှမရှိဘူး အထီးကျန် သလိုပဲ၊ မင်းက တော့ အထီးကျန်တယ်ဆိုတာ ဘာမှန်းသိမှာမဟုတ် ပါဘူး။'

အထီးကျန်ဆိုတာ တစ်ယောက်တည်းနေထိုင်ရမှုကိုဆိုလိုသလား။ ကျွန်တော်...ကျွန်တော်ဟာ အမှန်တကယ်တော့ အထီးကျန်သူပါ။ 

စိတ်ထဲကမပါပဲ ပြုံးရယ်တတ်ပါပြီ။ ချစ်ခင်နှစ်သက်မှုမပါဘဲ ရင်ခုန်ပြတတ်ပါပြီ။ သဘာဝကျကျ လှိုက်လှိုက်လှဲလှဲ ပေါင်း သင်းဆက်ဆံ တတ်ပါပြီ။

 ကြုံဆုံရတဲ့လောကကြီးကြောင့်ရော အတွေ့အကြုံအရပါ မိမိမဟုတ်သည့် မိမိဆိုသည့် သဏ္ဌာန်တစ်ခုကို ဖန်းဆင်း လိုက်ပါ၏။
ပျော်စရာကောင်းမှာပါ။ 

'ဟူး..'.လေရူးသုန်သုန်တိုက်ခတ်လာတဲ့ အေးစက်စက်လေတွေ ပြူတင်းပေါက်ကနေ တိုးဝှေ့လာသလို ရင်ဘတ်ထဲက အသည်း တွေဟာ အေးခဲလာပြီ။ နှင်းမှုန်ဝေတဲ့ဆောင်းညတွေဟာ ကျွန်တော့်အတွက် ပူလောင်မှုအပြည့်ပါပဲ။ 

စိုစွတ်သွားသည့်လက်ခုံပေါ်ကို ဖျောက်ကနဲကျသည့် ရေတစ် ပေါက်သည် နှင်းမိုးစက်မဟုတ်ခဲ့။ ကျွန်တော့်မျက်ဝန်းမှ ကြွေ သည့် မျက်ရည်တစ်ပွင့်သာဖြစ်ခဲ့သည်။

ကျွန်တော်...ကျွန်တော်ဟာ......

တစ်ကိုယ်ရေ.....ဘာကိုမှန်းမသိ လွမ်းဆွတ်နေသလို အထီး ကျန်နေသည်..အထီးကျန်ဆန်နေရသည်ပဲ အခန်းကျဉ်းလေးထဲမှာ။

ဇာနည် @ Alex Aung
(4 December 2009)
စာကြွင်း။     ။ ဘာရယ်မဟုတ် ဒီဇင်ဘာလတွေရောက်တိုင်း ဒီစာလေးကိုပြန်ပြန်ဖတ်မိပြီး ပြန်တင်မိခြင်းဖြစ်ပါတယ်။ ကျွန်တော့်ခံစားချက် အစစ်အမှန်များဖြစ်ပြီး အဲ့သည့်စာရေးချိန်က မိနစ်၂၅လောက်သာကြာခဲ့ပါတယ်။ အခုအချိန်ပြန်ရေးခိုင်းရင် ရေးတတ်တော့မည်မဟုတ်ပါ။